The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 308

6.5K 1.2K 58
By Sailor_Moon_94


Zawgyi ver...





ၿပိဳင္ပြဲစရန္ ဆယ့္ငါးမိနစ္အလိုမွသာ ထန္မုန္႔ခ်န္ႏွင့္ ေနာက္လိုက္ေနာက္ပါမ်ား ေရာက္႐ွိလာၾကေတာ့သည္ ။

ထိုအထဲတြင္ ခ်ိဳင္က်န္းေတာ့ ပါမလာေခ်၊ ၎သည္ က်င့္ၾကံေရးခန္းမထဲဝင္သြားသည္မွာ တစ္လေက်ာ္ၾကာေနသည့္တိုင္ ယခုထိ ထြက္မလာေသးဟု သိရသည္၊ အခ်ိဳ႕လူမ်ားကေတာ့ ခ်ိဳင္က်န္းတစ္ေယာက္ ယူေ႐ွာင္မိုႏွင့္ ထန္းဇီ႐ွင္းတို႔ ေက်ာ္တက္သြားသည္အား လက္မခံႏိုင္သျဖင့္ အ႐ိုးေၾကေၾက အရည္ခမ္းခမ္း က်င့္ၾကံအားထုတ္ေနသည္ဟု ဆိုၾကသည္ ။

ထန္မုန္႔ခ်န္သည္ လူအမ်ား၏အၾကည့္တို႔အား ဖမ္းစားႏိုင္ေသာ ပံုရိပ္တစ္ခုျဖစ္သည္၊ ၎သည္ ေခ်ာေမာေသာ လူငယ္တစ္ေယာက္ျဖစ္ၿပီး အဖိုးတန္အဝတ္အစားမ်ားအား တင့္တယ္စြာ ဆင္ယင္ထားကာ မာနဝင့္လႊားေသာ အၾကည့္မ်ားထဲ၌ လူအေပါင္းအား အထင္ေသးစက္ဆုပ္သည့္ဟန္တို႔လည္း ပါဝင္လ်က္႐ွိသည္၊ ထံုယြယ္ရႊီသာ သူတို႔အား အႏွီထန္မုန္႔ခ်န္အေၾကာင္း လာေရာက္မေျပာျပထားပါက တမင္ ဟိတ္ဟန္ထုတ္ေနမွန္း ရိပ္မိလိမ့္မည္မဟုတ္ေပ ။

၎တို႔သည္ တစ္ဖက္ႏွင့္တစ္ဖက္ အေတာ္ေဝးေဝးမွ လွမ္းၾကည့္ေနကာ အၾကည့္တိုက္ပြဲ ဆင္ႏႊဲလ်က္႐ွိသည္၊ ၎တို႔ၾကား႐ွိေလထုသည္ မီးပြားမ်ား ထေတာက္လာေတာ့မလိုပင္ ထင္ရ၏ ။

ထို႔ေနာက္ ထန္မုန္႔ခ်န္သည္ ၿပိဳင္ပြဲစင္ျမင့္ဆီ တိုက္႐ိုက္တက္သြားကာ အားလံုးအား အေပၚစီးမွၾကည့္ရင္း ဆိုလိုက္သည္ ။

" ငါ့အခ်ိန္ေတြက အရမ္းတန္ဖိုး႐ွိတယ္၊ စ စရာ႐ွိတာ ျမန္ျမန္ စေတာ့ "

သူ၏အသံေနအသံထားသည္ ေပါ့ပါးကာ ဘာကိုမွ ဂ႐ုမစိုက္၊ ၎တို႔အား အထင္ေသးသည္မွာ သိသာလွေပသည္ ။

သာမန္လူမ်ားသည္ ထိုသို႔ အထက္စီးမွ ဆက္ဆံခံရပါက ေသခ်ာေပါက္ စိတ္ဖိစီးသြားေလာက္မည္ျဖစ္ေသာ္လည္း ယူေ႐ွာင္မိုတို႔မွာ သာမန္လူမ်ားမဟုတ္ၾကေပ ။

ယူေ႐ွာင္မိုသည္ လင္းေ႐ွာင္နားကပ္ကာ ေျပာလိုက္သည္ ။

" သူ႔ၾကည့္ရတာ အရမ္းယံုၾကည္မႈ႐ွိေနပံုပဲေနာ္ "

လင္းေ႐ွာင္မွ ျပံဳးကာ ျပန္ေျဖ၏ ။

" အဆင့္ငါးဆယ့္တစ္က အဆင့္ဆယ့္ငါးကိုစိန္ေခၚတာေလ၊ ဒါမွ ယံုၾကည္မႈမ႐ွိရင္ ေသဖို႔ပဲေကာင္းေတာ့တယ္မဟုတ္လား "

ယူေ႐ွာင္မို မည္သို႔တံု႔ျပန္ရမည္မွန္း မသိေတာ့ေပ ။

" အင္းပါ.. ကံေကာင္းပါေစေနာ္၊ ခင္ဗ်ားစြမ္းအားေတြေတာ့ အရမ္းႀကီး ထုတ္မျပမိေစနဲ႔ဦး "

" ဟုတ္ပါၿပီ စိတ္မပူပါနဲ႔၊ ကိုယ္လက္႐ွိ ေဖာ္ျပထားတဲ့အဆင့္က စိတ္ဝိဥာဥ္အဆင့္ ၾကယ္တစ္ပြင့္ေလ၊ အာကာသ ၾကယ္ေျခာက္ပြင့္က ဘယ္လိုလုပ္ ကိုယ့္ၿပိဳင္ဘက္ ျဖစ္ႏိုင္မွာလဲ "

{ လူသား< ေျမကမ႓ာ< ေကာင္းကင္< ေန< လ< ၾကယ္< အာကာသ< စိတ္ဝိဥာဥ္< အင္ပါယာ< ဧကရာဇ္< နတ္ေဒဝါ< နတ္ဘုရား }

" အခု ကြၽန္ေတာ္တို႔က စည္းကမ္းလိုက္နာတဲ့ ေက်ာင္းသားေတြေနာ္၊ သူ႔ကို သိပ္အခက္ေတြ႔ေအာင္ မလုပ္ခဲ့နဲ႔ "

လင္းေ႐ွာင္ မ်က္ခံုးတစ္ဖက္ပင့္လိုက္သည္ ။

" ဘယ္ေလာက္အခက္အခဲဆိုရင္ အရမ္းခက္ျပီလဲ "

" အင္း.. အသက္မေသဘူးဆို ရၿပီ "

ၿပိဳင္ပြဲစင္ျမင့္ထက္၌ စည္းမ်ဥ္းမ်ား႐ွိေပသည္၊ စင္ျမင့္ထက္၌ မေတာ္တဆေသဆံုးမႈမ်ား မျဖစ္ေစရ၊ ထို႔ေၾကာင့္ ၿပိဳင္ဘက္အား ဒုကၡိတျဖစ္ေအာင္လုပ္၍ရသည္၊ သို႔ေသာ္ သတ္္ျဖတ္ပိုင္ခြင့္ေတာ့ မ႐ွိ ။

လင္းေ႐ွာင္ ယူေ႐ွာင္မိုအားၾကည့္ကာ မေကာင္းဆိုးရြားဆန္ဆန္ ျပံဳးလိုက္သည္ ။

" မင္း ေနာက္ဆံုးေတာ့ ကိုယ္ သေဘာတူေပးႏိုင္မယ့္ဟာတစ္ခုခု ေျပာၿပီပဲ "

ယူေ႐ွာင္မိုမွ ေခါင္းေလးေမာ့ကာ ျပန္ေျဖသည္ ။

" . . . ကြၽန္ေတာ္က အရမ္း ၾကင္နာတတ္တဲ့သူပါေနာ္.. "

ထို႔ေနာက္ ၾကင္နာတတ္သည့္ႏွလံုးသား႐ွိသူ ယူေ႐ွာင္မိုထံမွ က႐ုဏာထားကာယွဥ္ၿပိဳင္ရန္ အမိန္႔ေပးခံထားရေသာ လင္းေ႐ွာင္သည္ ၿပိဳင္ပြဲစင္ျမင့္ထက္သို႔ ေလ်ွာက္လွမ္းလာခဲ့သည္၊ ေစာင့္ၾကည့္ေနၾကေသာ မ်က္လံုးအစံုေ႐ွ႕ေမွာက္တြင္ ထန္မုန္႔ခ်န္အေ႐ွ႕တည့္တည့္ ငါးမီတာခန္႔အကြာ၌ ရပ္လိုက္ေလ၏ ။

တကယ္တမ္းေတာ့ ဤတိုက္ပြဲအား သိပ္စိတ္ဝင္စားသူ သိပ္မ႐ွိေပ၊ အမ်ားစု၏မ်က္လံုးထဲ၌ ေက်ာင္းသားသစ္တစ္ေယာက္မွ အဆင့္တစ္ဆယ့္ငါး ထန္မုန္႔ခ်န္အား အႏိုင္ယူလိမ့္မည္မွာ လံုးဝမျဖစ္ႏိုင္၊ အလြန္ရယ္စရာေကာင္းေပသည္ ။

ထန္မုန္႔ခ်န္မွ လင္းေ႐ွာင္အား ေအးစက္စြာၾကည့္ကာ အထင္ေသးေသာေလသံျဖင့္ စကားဆို၏ ။

" စိတ္မပူပါနဲ႔.. ငါမင္းကိုခဏေလးနဲ႔ အဆံုးမသတ္ပါဘူး၊ ေက်ာက္တံခါးကိုလာစရဲတဲ့သူတိုင္းကို ေဟာဒီကငါက ေကာင္းေကာင္းႀကီး ဂ႐ုစိုက္ေပးဦးမွာပါ "

လင္းေ႐ွာင္မွ ႏႈတ္ခမ္းတစ္ဖက္တြန္႔ ျပံဳးလိုက္ၿပီး အေရးမစိုက္ဟန္ျဖင့္ ျပန္ေျဖလိဳက္သည္ ။

" အဲ့ဒါဆိုလည္း ေက်းဇူးအထူး တင္ေပးရေတာ့မွာေပါ့ "

ထိုအရာသည္ ထန္မုန္႔ခ်န္ေမ်ွာ္လင့္ထားခဲ့သည္ တံု႔ျပန္ပုံမ်ိဳးမဟုတ္ ။

ခ်ိဳင္က်န္းသည္ ယူေ႐ွာင္မိုအား အနည္းငယ္ ေၾကာက္ေနခဲ့ေပလိမ့္မည္၊ သို႔ေသာ္ အျခားသူမ်ားကိုလည္း ေက်ာက္တံခါးအဖြဲ႔အား အားနည္းသည္ဟု မထင္ေစလို၊ ထို႔ေၾကာင့္ လက္ေအာက္ငယ္သားမ်ားအား သြားေႏွာင့္ယွက္ခိုင္းမည့္အစား ဤအခြင့္အေရးအားသံုး၍ ယူေ႐ွာင္မိုႏွင့္ လင္းေ႐ွာင္တို႔အား အျပစ္ေပးခ်င္ခဲ့ပံုရသည္ ။

ထန္မုန္႔ခ်န္လည္း စိတ္တိုသြားၿပီး အနက္ေရာင္အရိပ္အသြင္ျဖင့္ လင္းေ႐ွာင္ဆီသို႔ တည့္တည့္ေျပးဝင္သြားေတာ့သည္၊ တခဏအတြင္းမွာပင္ လင္းေ႐ွာင္အေနာက္သို႔ ေရာက္႐ွိသြားကာ သူ၏လက္ေခ်ာင္းမ်ားမွလည္း အဆိပ္႐ွိေသာ အစိမ္းေရာင္လက္သည္းမ်ား ႐ွည္ထြက္လာၿပီး လင္းေ႐ွာင္လည္ပင္းထက္သို႔ ခ်ိန္ရြယ္လိုက္ေပသည္ ။

ထိုလႈပ္႐ွားမႈသည္ ေလကဲ့သို႔ေပါ့ပါးေသာ္လည္း လင္းေ႐ွာင္မ်က္လံုးထဲတြင္ေတာ့ ခ႐ုေျပးေနသေလာက္သာ႐ွိေပ၏၊ လက္သည္းမ်ား နီးကပ္လာေသာ္လည္း ၎တို႔၏ပစ္မွတ္မွာ ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားေလသည္ ။

ထန္မုန္႔ခ်န္ သူ႔အေ႐ွ႕႐ွိ ဗလာက်င္းေနေသာ ေလထုအားၾကည့္ရင္း ၿပိဳင္ဘက္၏အျမန္ႏႈန္းေၾကာင့္ မွင္သက္ေနမိသည္၊ သို႔ေသာ္ အလြန္အမင္း ထိပ္လန့္မသြားေပ၊ သူ႔ခႏၶာကိုယ္ေပၚ႐ွိ ဝိဥာဥ္စြမ္းအားသည္ သူ႔အေနာက္၌ ထြက္ေပၚေနဆဲျဖစ္ၿပီး အႏၲရာယ္ျပဳမည့္ အ႐ွိန္အဝါမ်ား ထုတ္လႊတ္ေနဆဲျဖစ္၏ ။

" မင္း ေလကိုတိုက္ေနတာလား "

သူ႔ေနာက္နားမွ ထြက္ေပၚလာေသာ ေပါ့ေပါ့ပါးပါးစကားသံသည္ ေလွာင္ေျပာင္ရိပ္တို႔ ျပည့္လ်က္႐ွိသည္၊ ထန္မုန္႔ခ်န္ ေတာင့္ခဲသြားကာ မ်က္ဝန္းမ်ားထဲတြင္လည္း ထိတ္လန္႔ဟန္တို႔ျပည့္ႏွက္သြား၏၊ ထို႔ေနာက္ တိုက္ခိုက္ရန္ ျပင္ထားသည့္ လက္သည္းမ်ားအား ျပန္႐ုတ္လိုက္ကာ အသံၾကားရာဘက္ႏွင့္ ေဝးရာဆီ ျပန္လည္ဆုတ္ခြာေတာ့သည္ ။

စိတ္ခ်ေလာက္ၿပီဟု ခံစားရေသာအကြာအေဝးထိ ျပန္လည္ဆုတ္ခြာၿပီး အသံၾကားရာဘက္ဆီ ျပန္လွည့္ၾကည့္လိုက္ေသာအခါ လင္းေ႐ွာင္အား မူလေနရာတြင္ပင္ မလႈပ္မယွက္ ျပံဳးလ်က္႐ွိေနေၾကာင္း ေတြ႔လိုက္ရေလသည္ ။

၎တို႔၏ ပထမဆံုးဖလွယ္မႈ၊ မဟုတ္..၊ ၎မွာ ထန္မုန္႔ခ်န္၏ တစ္ဖက္သက္ တိုက္ကြက္အခ်ိဳ႔သာျဖစ္သည္၊ လင္းေ႐ွာင္ဘက္မွ ဘာမွ မလႈပ္႐ွားရေသးေသာ္လည္း ထန္မုန္႔ခ်န္မွာ အျပတ္အသတ္ အေရးနိမ့္ခဲ့ေပသည္ ။

ထိုအေျခအေနေၾကာင့္ ပရိတ္သတ္မ်ားထံမွ အံ့ျသမႈအရိပ္အေယာင္မ်ား ထြက္ေပၚလာေတာ့သည္၊ ပထမတစ္ခ်ီတည္းႏွင့္ အႏိုင္အ႐ွံုးအား ေကာက္ခ်က္မခ်ႏိုင္ေသာ္လည္း ဤတိုက္ပြဲ၏ အေျခအေနသည္ ၎တို႔ယံုၾကည္ထားသည္ႏွင့္ ေသြဖယ္သြားဟန္တူသည္ ။

ထန္မုန္႔ခ်န္၏မ်က္ႏွာသည္ ျဖဴေဖ်ာ့လ်က္႐ွိ၏၊ လင္းေ႐ွာင္၏ သ႐ုပ္ျပမႈသည္ သူ႔အား ေအာင္ျမင္စြာ ေျခာက္လွန္႔ႏိုင္ခဲ့သျဖင့္ သူ႔ဘက္မွ မေတာင့္ခံႏိုင္ေတာ့ေပ၊ ထို႔ေၾကာင့္ ထန္မုန္႔ခ်န္ သူ၏ လက္နက္အား ခ်က္ခ်င္းထုတ္ယူလိုက္သည္၊ ၎မွာ မည္သည့္အထူးကုန္ၾကမ္းႏွင့္မွ ျပဳလုပ္ထားဟန္မတူသည့္ သာမန္ အနက္ေရာင္လွံတံတစ္ေခ်ာင္း ျဖစ္သည္ ။

၎၏ပံုရိပ္သည္ မႈန္ဝါးသြားၿပီး လင္းေ႐ွာင္ထံသို႔ ယခင္ကထက္ ပိုျမန္ဆန္ေသာ အ႐ွိန္ျဖင့္ ဦးတည္လာသည္၊ သူ၏လွံတံအား ေလထုကိုၿဖိဳခြင္းေစလိုက္ၿပီး စက္ဝိုင္းျခမ္းပံုလြဲယမ္းလိုက္သည္၊ ဝိဥာဥ္စြမ္းအားမ်ားသည္ လွံတံတစ္ေလ်ွာက္ ဖံုးအုပ္သြားၿပီး နဂိုအနက္ေရာင္မဟုတ္ေတာ့ပဲ စြမ္းအင္မ်ားျဖင့္ ျပည့္ႏွက္ေနသည့္ မီးခိုးေရာင္အေဖ်ာ့သို႔ ေျပာင္းလဲသြားေလသည္ ။

ျမန္ဆန္ေသာလႈပ္႐ွားဟန္မ်ားေၾကာင့္ ပရိတ္သတ္အေပါင္းမွ ေနာက္ခ်န္ပံုရိပ္မ်ားကိုသာ ျမင္ေတြ့လိုက္ၾကရသည္၊ ထန္မုန္႔ခ်န္သည္ လင္းေ႐ွာင္ေ႐ွ႕သို႔ မ်က္ေတာင္တစ္ခပ္အတြင္း ေရာက္႐ွိသြားသည္၊ လွံတံသည္ အသြားႏွစ္ဖက္စလံုး ျပတ္႐ွေသာေၾကာင့္ ပတ္ဝန္းက်င္ေလထုအား တိတိပပ ၿဖိဳခြင္းလ်က္႐ွိသည္၊ ရင္သပ္႐ႈေမာဖြယ္႐ႈေထာင့္မွ ေတြ႔ျမင္ေနရသည္မွာ စြမ္းအင္အေျမာက္အမ်ား ဖံုးလႊမ္းေနေသာ လွံတံသည္ အႏၲရာယ္ျပဳမည့္ အေငြ႔အသက္မ်ားစြာအား ထိပ္ဖ်ားမွ ထုတ္လႊတ္ေနလ်က္ လင္းေ႐ွာင္အေပၚ စုျပံဳဦးတည္ကာ တည့္တည့္မတ္မတ္ ခ်ိန္ရြယ္လိုက္ေပသည္ ။

ထန္မုန္႔ခ်န္ ေကာက္က်စ္စြာ ျပံဳးကာ ေရရြတ္လိုက္သည္ ။

" ခံစားျကည့္လိုက္စမ္း! ငါ့ရဲ့လမင္းၿဖိဳခြင္းလွံတံတိုက္ကြက္ကို! "

လင္းေ႐ွာင္ မ်က္ခံုးပင့္လိုက္သည္၊ ၎မွာ အရည္အေသြးနိမ့္ အဆင့္ျမင္႕တိုက္ကြက္တစ္မ်ိဳး ျဖစ္ဟန္တူသည္၊ တစ္ခ်က္ျကည့္ရံုျဖင့္ အင္အားျပည့္မွန္း သိသာလွသည္ ။

ထိုလမင္းၿဖိဳခြင္းတိုက္ကြက္မွာ ထန္မိသားစုအား ေအာင္ျမင္မႈတို႔ ယူေဆာင္ေပးနိုင္ခဲ့ေသာ တိုက္ကြက္ျဖစ္သည္၊ အဆင့္ျမင့္ အရည္အေသြးနိမ့္တိုက္ကြက္ျဖစ္ေသာ္လည္း ၎၏စြမ္းအားမွာ အရည္အေသြးအလတ္စားတိုက္ကြက္မ်ားႏွင့္ပင္ ယွဥ္ႏိုင္၏၊ ထန္မိသားစု ေ႐ွးလူႀကီးမ်ား၏ေက်းဇူးေၾကာင့္ ထန္မ်ိဳးဆက္အားလံုး ထိုတိုက္ကြက္အား သင္ယူခြင့္ရျကေလသည္၊ ၎တိုက္ကြက္အား အဆံုးစြန္ထူးျခားေျပာင္ေျမာက္ေသာ နည္းစနစ္တစ္ခုအျဖစ္ပင္ သတ္မွတ္၍ႏိုင္ေပ၏ ။

ထန္မုန္႔ခ်န္သည္ ဤတိုက္ပြဲအား ျမန္ႏိုင္သမ်ွ ျမန္ျမန္ အဆံုးသတ္လိုဟန္တူသည္၊ တိုက္ပြဲစတင္သည္မွာ မၾကာေသးေသာ္လည္း သူ၏ကြၽမ္းက်င္တိုက္ကြက္အား ထုတ္ေဖာ္လိုက္ၿပီျဖစ္သည္ ။

ပြဲၾကည့္ပရိတ္သတ္မ်ားအၾကားတြင္လည္း အံ့ျသမႈမ်ား ပ်ံ့ႏွံ႔လ်က္႐ွိသည္၊ ၾကည့္ရသည္မွာ ထန္မုန္႔ခ်န္သည္ ဤတစ္ႀကိမ္တြင္ မည္သည္ကိုမွ ထိန္ခ်န္မထားလိုေတာ့ဟန္ ေပၚသည္၊ ပရိတ္သတ္မ်ားသည္ ၎ ဤတိုက္ကြက္အား ပြဲစၿပီးသိပ္မၾကာခင္မွာတင္ ထုတ္သံုးလိမ့္မည္ဟု မေမ်ွာ္မွန္းထားခဲ့ၾကေပ ။

သ႐ုပ္ေဆာင္ပိုမိုပီျပင္ေစရန္အလို႔ငွာ လင္းေ႐ွာင္သည္ သူ၏လက္ေခ်ာင္းမ်ားအား လွည့္ဟန္ျပဳလုပ္လိုက္ၿပီး လက္ေခ်ာင္းမ်ားအျကား ယပ္ေတာင္တစ္ေခ်ာင္း ထြက္ေပၚလာေစလိုက္၏ ။

ထိုယပ္ေတာင္အားျမင္ေသာအခါ ယူေ႐ွာင္မို အ့ံအားသင့္ေနမိသည္ ။

ေျပာရလ်ွင္ လင္းေ႐ွာင္၏ယခင္ တိုက္ပြဲမ်ား၌ လက္နက္ပစၥည္း တစ္ခုခုသံုးသည္အား မျမင္ခဲ့ဖူးေပ၊ ယခုအႀကိမ္သည္ ပထမဆံုးျဖစ္ကာ ယပ္ေတာင္တစ္ေခ်ာင္းပင္ ျဖစ္ေနေသးသည္၊ ၎သည္ ထန္မုန္႔ခ်န္၏လွံတံအား ယွဥ္ၿပိဳင္ႏိုင္မည့္ အ႐ွိန္အဝါမ်ား ထုတ္လႊတ္ေနသည္ ။

" လ်ွပ္စီးဝိဇၨာတိုက္ကြက္! "

လင္းေ႐ွာင္ ယပ္ေတာင္အားဖြင့္လိုက္ေသာအခါ လက္ဖဝါးအလယ္မွ ဝိဥာဥ္စြမ္းအားမ်ား ထြက္ေပၚလာၿပီး ယပ္ေတာင္ဆီသို႔ စီးဆင္းဖံုးအုပ္သြားကာ ထိုယပ္ေတာင္မွတစ္ဆင့္ အနီေရာင္မီးပြားစေလးမ်ား ထြက္ေပၚလာသည္၊ ေငြမွင္ေရာင္ယပ္ေတာင္သည္ ထိုမီးစမ်ားေၾကာင့္ အလြန္အမင္းေတာက္ပသြား၏၊ လင္းေ႐ွာင္မွ ယပ္ေတာင္အား ေဝွ့ယမ္းလိုက္သည့္အခါ ဓားသြားကဲ့သို႔ထက္႐ွသည့္ စြမ္းအင္မ်ားထြက္ေပၚလာၿပီး ေလျပင္းတစ္ခ်က္ႏွင့္အတူ ပတ္ဝန္းက်င္ေလထုအား ၿဖိဳခြင္းလ်က္ အျဖဴႏွင့္အနီေရာင္တို႔ေရာစပ္ထားသည့္ မီးေတာက္တစ္စုမွ ထန္မုန္႔ခ်န္၏လွံတံအား တည့္တည့္ဝင္တိုက္ေလသည္ ။

၎ျမင္ကြင္းသည္ မီးေတာင္ေပါက္ကြဲမႈအား မ်က္ျမင္ၾကည့္ေနရသည္ႏွင့္ တူလွသည္၊ အင္အားျပည့္ စြမ္းအင္ႏွစ္ခု ထိခတ္ရာမွ ထြက္ေပၚလာေသာ စြမ္းအင္ငလ်င္လႈိင္းမ်ားသည္ ၿပိဳင္ပြဲစင္ျမင့္အား အဆက္မျပတ္ တုန္ခါေစကာ ေက်ာက္တံုးေက်ာက္စမ်ား ေပါက္ကြဲထြက္လာေစ၏၊ လြင့္ပ်ံလာေသာေက်ာက္တံုးမ်ားအား ေဝ့ဝဲေနေသာေလျပင္းမ်ားမွ ေကာင္းကင္ထက္သို႔လြင့္ပ်ံေစသျဖင့္ စင္ျမင့္တစ္ခုလံုးလည္း ႐ႈပ္ပြစုတ္ျပတ္လ်က္ ႐ွိေနေပသည္ ။

ထိုအခ်င္းအရာအား ျမင္ေသာအခါ ပြဲၾကည့္သူအေပါင္းတို႔လည္း ေဘးလြတ္ရာသို႔ေျပးၾကရေတာ့သည္၊ လြင့္ပ်ံေနေသာ ေက်ာက္တံုးအပိုင္းအစမ်ားပင္ ျဖစ္ေသာ္လည္း ထိမွန္ပါက ဒဏ္ရာရႏိုင္ေသးသည္ပင္ ။

ထိုသို႔ လူအမ်ား ႐ုတ္႐ုတ္သဲသဲ ေျပးေနစဥ္၌ ေငြေရာင္လႊမ္းေသာ အနီေရာင္မီးေတာက္မ်ား ထပ္မံထြက္ေပၚလာကာ ၾကက္ေသေသလ်က္႐ွိေသာ ထန္မုန္႔ခ်န္ထံသို႔ စက္ဝိုင္းျခမ္းပံုစံေကြးၫြတ္လ်က္ ၎၏ခႏၶာကိုယ္တည့္တည့္သို႔ ဦးတည္သြားၾကေလ၏ ။

ထန္မုန္႔ခ်န္သည္ ေၾကာက္လန္႔လြန္းသျဖင့္ ငယ္သံပါေအာင္ ေအာ္ဟစ္ေလသည္၊ သူ႔ကိုယ္ေပၚ၌ သံခ်ပ္ကာဝတ္စံု ဝတ္ဆင္ထားေသာ္လည္း လင္းေ႐ွာင္ပစ္လႊတ္လိုက္ေသာ မီးစမ်ားေၾကာင့္ အရည္ေပ်ာ္က်သြားရေလ၏၊ သူ႔ခႏၶာကိုယ္ႏွင့္ ထိမိသြားေသာမီးေတာက္မ်ားသည္ ထိစက္ရာေနရာတိုင္းအား ဆက္တိုက္စြဲေလာင္လ်က္႐ွိသည္၊ အႏွီမီးေတာက္မ်ားသည္ ထန္မုန္႔ခ်န္၏ ခႏၶာကိုယ္တစ္ခုလံုး တစ္ပိုင္းေသလုနီးနီး ျဖစ္ခါမွသာ အစအန႐ွာမရေအာင္ ေပ်ာက္ကြယ္သြားၾကေတာ့သည္ ။

စင္ျမင့္ေပၚ႐ွိ ႐ႈပ္ေထြးေနေသာဖုန္မႈန္႔မ်ား ၿငိမ္သက္ေပ်ာက္ကြယ္သြားခ်ိန္မွသာ ပြဲၾကည့္ပရိတ္သတ္မ်ား စင္ျမင့္ေပၚမွ အေျခအေနအား ျမင္ေတြ႔ၾကရေတာ့သည္ ။

ထန္မုန္႔ခ်န္အား ေတြ႔ေသာအခါ ၎၏အနာဂတ္အား ေတြးမၾကည့္ရေသးေသာ္လည္း ပရိတ္သတ္အေပါင္းမွ အားလံုးလိုလို ပင့္သက္႐ိႈက္ကာ အသက္႐ွဴေအာင့္လိုက္မိၾကသည္ ။

၎မွာ ယူေ႐ွာင္မို မွာလိုက္သည့္အတိုင္း အတိအက်၊ အသက္မေသရံု ။


ေက်ာက္တံခါးအဖြဲ႔မွ လူတို႔၏ မ်က္ႏွာမ်ားသည္ အစိမ္းေရာင္ေျပာင္းလ်က္႐ွိသည္၊ ေက်ာက္တံခါး႐ွိ အသန္မာဆံုးလူမွ အဆင့္ငါးဆယ့္တစ္အား ႐ွံုနိမ့္သြားရသည္အား မယံုၾကည္ႏိုင္ ျဖစ္ေနၾကေလသည္၊ လူအမ်ားေ႐ွ႕၌ မ်က္ႏွာ ျဖတ္အရိုက္ခံလိုက္ရသလိုပင္ ။





" အဲ့လူက မထင္ရဘူးပဲ "

အန္း႐ွင္းေရြ႔မွ သူမ၏လွပေသာမ်က္ဝန္းတစ္စံုျဖင့္ လင္းေ႐ွာင္အား အကဲခတ္သလိုၾကည့္ေနရင္း အံ့အားသင့္စြာဆိုသည္ ။

က်န္႔ယြီရႊမ္းလည္း ျပံဳးလိုက္သည္ ။

" အာကာသၾကယ္ေျခာက္ပြင့္က စိတ္ဝိဥာဥ္ၾကယ္တစ္ပြင့္ကို သြားတိုက္မွေတာ့ ရလဒ္က မထူးဆန္းေတာ့ပါဘူး၊ ထန္မုန္႔ခ်န္က သူ႔ကို ေက်ာင္းသားသစ္ဆိုၿပီး အထင္ေသးခဲ့တာေလ၊ အဲ့လိုလူမ်ိဳးက ဘယ္ေတာ့မွ မေအာင္ျမင္ႏိုင္ဘူး "

ယင္းေကာသည္ ယူေ႐ွာင္မိုႏွင့္ အေပါင္းအပါမ်ားအား ေအးစက္စြာၾကည့္ေနၿပီးေနာက္ ႏွစ္စကၠန္႔ခန္႔ၾကာေသာအခါ က်န္႔ယြီရႊမ္းထံသို႔ တည္ၿငိမ္စြာ ဆိုလိုက္သည္ ။

" သြားမယ္ "

က်န္႔ယြီရႊမ္းလည္း ႏူးညံ့စြာျပံဳးရင္း လိုက္သြားေလ၏၊ အန္း႐ွင္းေရြ႔မွာမူ သူမႏႈတ္ခမ္းသူမ စိတ္ပ်က္စြာ ဖိကိုက္ရင္းမွ ၎တို႔ႏွစ္ေယာက္ေနာက္သို႔ လိုက္သြားသည္၊ ယင္းေကာသည္ အျမဲတမ္း ဒီပံုစံျဖစ္သည္အား သူမသိသည္၊ သို႔ေသာ္ အခ်ိန္တိုင္းလည္း သူမနာက်င္ခံစားရစျမဲသာ ျဖစ္ေနသည္ ။



အျခားတစ္ဖက္တြင္မူ ယူေ႐ွာင္မိုသည္ လင္းေ႐ွာင္ စင္ေပၚမွဆင္းလာသည္အား စိတ္လႈပ္႐ွားစြာ လွမ္းျကည့္လ်က္႐ွိၿပီး ၎နားသို႔အလ်င္ ခ်ည္းကပ္သြားေလ၏ ။

" လင္းေ႐ွာင္.. ခင္ဗ်ားေစာေစာကသံုးသြားတဲ့ လ်ွပ္စီးဝိဇၨာတိုက္ကြက္က အရမ္းမိုက္တာပဲ သိလား "

လင္းေ႐ွာင္မွ ပ်င္းရိေလးတြဲစြာ ျပံဳးလိုက္သည္ ။

" ေအာ.. လ်ွပ္စီးဝိဇၨာတိုက္ကြက္လား "

ယူေ႐ွာင္မို ခ်က္ခ်င္းေခါင္းၿငိမ့္လိုက္၏ ။

" အဲ့ဒါက ကိုယ္ဒီအတိုင္း ေကာက္ထြင္လိုက္တာေလ "


ယူေ႐ွာင္မို: " . . . "


ေက်းဇူးျပဳၿပီး အမွန္အတိုင္း မေျပာပါနဲ႔လား!












# 16.9.2021
အပ္ပဒိတ္ေနာက္က်ေနတာ အားနာပါတယ္႐ွင္
စာလံုးေပါင္းအမွားေလးေတြေတြ႔ရင္ ေထာက္ျပေပးၾကပါဦးေနာ္❤

____________________








Unicode ver...





ပြိုင်ပွဲစရန် ဆယ့်ငါးမိနစ်အလိုမှသာ ထန်မုန့်ချန်နှင့် နောက်လိုက်နောက်ပါများ ရောက်ရှိလာကြတော့သည် ။

ထိုအထဲတွင် ချိုင်ကျန်းတော့ ပါမလာချေ၊ ၎င်းသည် ကျင့်ကြံရေးခန်းမထဲဝင်သွားသည်မှာ တစ်လကျော်ကြာနေသည့်တိုင် ယခုထိ ထွက်မလာသေးဟု သိရသည်၊ အချို့လူများကတော့ ချိုင်ကျန်းတစ်ယောက် ယူရှောင်မိုနှင့် ထန်းဇီရှင်းတို့ ကျော်တက်သွားသည်အား လက်မခံနိုင်သဖြင့် အရိုးကြေကြေ အရည်ခမ်းခမ်း ကျင့်ကြံအားထုတ်နေသည်ဟု ဆိုကြသည် ။

ထန်မုန့်ချန်သည် လူအများ၏အကြည့်တို့အား ဖမ်းစားနိုင်သော ပုံရိပ်တစ်ခုဖြစ်သည်၊ ၎င်းသည် ချောမောသော လူငယ်တစ်ယောက်ဖြစ်ပြီး အဖိုးတန်အဝတ်အစားများအား တင့်တယ်စွာ ဆင်ယင်ထားကာ မာနဝင့်လွှားသော အကြည့်များထဲ၌ လူအပေါင်းအား အထင်သေးစက်ဆုပ်သည့်ဟန်တို့လည်း ပါဝင်လျက်ရှိသည်၊ ထုံယွယ်ရွှီသာ သူတို့အား အနှီထန်မုန့်ချန်အကြောင်း လာရောက်မပြောပြထားပါက တမင် ဟိတ်ဟန်ထုတ်နေမှန်း ရိပ်မိလိမ့်မည်မဟုတ်ပေ ။

၎င်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အတော်ဝေးဝေးမှ လှမ်းကြည့်နေကာ အကြည့်တိုက်ပွဲ ဆင်နွှဲလျက်ရှိသည်၊ ၎င်းတို့ကြားရှိလေထုသည် မီးပွားများ ထတောက်လာတော့မလိုပင် ထင်ရ၏ ။

ထို့နောက် ထန်မုန့်ချန်သည် ပြိုင်ပွဲစင်မြင့်ဆီ တိုက်ရိုက်တက်သွားကာ အားလုံးအား အပေါ်စီးမှကြည့်ရင်း ဆိုလိုက်သည် ။

" ငါ့အချိန်တွေက အရမ်းတန်ဖိုးရှိတယ်၊ စ စရာရှိတာ မြန်မြန် စတော့ "

သူ၏အသံနေအသံထားသည် ပေါ့ပါးကာ ဘာကိုမှ ဂရုမစိုက်၊ ၎င်းတို့အား အထင်သေးသည်မှာ သိသာလှပေသည် ။

သာမန်လူများသည် ထိုသို့ အထက်စီးမှ ဆက်ဆံခံရပါက သေချာပေါက် စိတ်ဖိစီးသွားလောက်မည်ဖြစ်သော်လည်း ယူရှောင်မိုတို့မှာ သာမန်လူများမဟုတ်ကြပေ ။

ယူရှောင်မိုသည် လင်းရှောင်နားကပ်ကာ ပြောလိုက်သည် ။

" သူ့ကြည့်ရတာ အရမ်းယုံကြည်မှုရှိနေပုံပဲနော် "

လင်းရှောင်မှ ပြုံးကာ ပြန်ဖြေ၏ ။

" အဆင့်ငါးဆယ့်တစ်က အဆင့်ဆယ့်ငါးကိုစိန်ခေါ်တာလေ၊ ဒါမှ ယုံကြည်မှုမရှိရင် သေဖို့ပဲကောင်းတော့တယ်မဟုတ်လား "

ယူရှောင်မို မည်သို့တုံ့ပြန်ရမည်မှန်း မသိတော့ပေ ။

" အင်းပါ.. ကံကောင်းပါစေနော်၊ ခင်ဗျားစွမ်းအားတွေတော့ အရမ်းကြီး ထုတ်မပြမိစေနဲ့ဦး "

" ဟုတ်ပါပြီ စိတ်မပူပါနဲ့၊ ကိုယ်လက်ရှိ ဖော်ပြထားတဲ့အဆင့်က စိတ်ဝိဉာဉ်အဆင့် ကြယ်တစ်ပွင့်လေ၊ အာကာသ ကြယ်ခြောက်ပွင့်က ဘယ်လိုလုပ် ကိုယ့်ပြိုင်ဘက် ဖြစ်နိုင်မှာလဲ "

{ လူသား< မြေကမ်ဘာ< ကောင်းကင်< နေ< လ< ကြယ်< အာကာသ< စိတ်ဝိဉာဉ်< အင်ပါယာ< ဧကရာဇ်< နတ်ဒေဝါ< နတ်ဘုရား }

" အခု ကျွန်တော်တို့က စည်းကမ်းလိုက်နာတဲ့ ကျောင်းသားတွေနော်၊ သူ့ကို သိပ်အခက်တွေ့အောင် မလုပ်ခဲ့နဲ့ "

လင်းရှောင် မျက်ခုံးတစ်ဖက်ပင့်လိုက်သည် ။

" ဘယ်လောက်အခက်အခဲဆိုရင် အရမ်းခက်ပြီလဲ "

" အင်း.. အသက်မသေဘူးဆို ရပြီ "

ပြိုင်ပွဲစင်မြင့်ထက်၌ စည်းမျဉ်းများရှိပေသည်၊ စင်မြင့်ထက်၌ မတော်တဆသေဆုံးမှုများ မဖြစ်စေရ၊ ထို့ကြောင့် ပြိုင်ဘက်အား ဒုက္ခိတဖြစ်အောင်လုပ်၍ရသည်၊ သို့သော် သတ််ဖြတ်ပိုင်ခွင့်တော့ မရှိ ။

လင်းရှောင် ယူရှောင်မိုအားကြည့်ကာ မကောင်းဆိုးရွားဆန်ဆန် ပြုံးလိုက်သည် ။

" မင်း နောက်ဆုံးတော့ ကိုယ် သဘောတူပေးနိုင်မယ့်ဟာတစ်ခုခု ပြောပြီပဲ "

ယူရှောင်မိုမှ ခေါင်းလေးမော့ကာ ပြန်ဖြေသည် ။

" . . . ကျွန်တော်က အရမ်း ကြင်နာတတ်တဲ့သူပါနော်.. "

ထို့နောက် ကြင်နာတတ်သည့်နှလုံးသားရှိသူ ယူရှောင်မိုထံမှ ကရုဏာထားကာယှဉ်ပြိုင်ရန် အမိန့်ပေးခံထားရသော လင်းရှောင်သည် ပြိုင်ပွဲစင်မြင့်ထက်သို့ လျှောက်လှမ်းလာခဲ့သည်၊ စောင့်ကြည့်နေကြသော မျက်လုံးအစုံရှေ့မှောက်တွင် ထန်မုန့်ချန်အရှေ့တည့်တည့် ငါးမီတာခန့်အကွာ၌ ရပ်လိုက်လေ၏ ။

တကယ်တမ်းတော့ ဤတိုက်ပွဲအား သိပ်စိတ်ဝင်စားသူ သိပ်မရှိပေ၊ အများစု၏မျက်လုံးထဲ၌ ကျောင်းသားသစ်တစ်ယောက်မှ အဆင့်တစ်ဆယ့်ငါး ထန်မုန့်ချန်အား အနိုင်ယူလိမ့်မည်မှာ လုံးဝမဖြစ်နိုင်၊ အလွန်ရယ်စရာကောင်းပေသည် ။

ထန်မုန့်ချန်မှ လင်းရှောင်အား အေးစက်စွာကြည့်ကာ အထင်သေးသောလေသံဖြင့် စကားဆို၏ ။

" စိတ်မပူပါနဲ့.. ငါမင်းကိုခဏလေးနဲ့ အဆုံးမသတ်ပါဘူး၊ ကျောက်တံခါးကိုလာစရဲတဲ့သူတိုင်းကို ဟောဒီကငါက ကောင်းကောင်းကြီး ဂရုစိုက်ပေးဦးမှာပါ "

လင်းရှောင်မှ နှုတ်ခမ်းတစ်ဖက်တွန့် ပြုံးလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည် ။

" အဲ့ဒါဆိုလည်း ကျေးဇူးအထူး တင်ပေးရတော့မှာပေါ့ "

ထိုအရာသည် ထန်မုန့်ချန်မျှော်လင့်ထားခဲ့သည် တုံ့ပြန်ပုံမျိုးမဟုတ် ။

ချိုင်ကျန်းသည် ယူရှောင်မိုအား အနည်းငယ် ကြောက်နေခဲ့ပေလိမ့်မည်၊ သို့သော် အခြားသူများကိုလည်း ကျောက်တံခါးအဖွဲ့အား အားနည်းသည်ဟု မထင်စေလို၊ ထို့ကြောင့် လက်အောက်ငယ်သားများအား သွားနှောင့်ယှက်ခိုင်းမည့်အစား ဤအခွင့်အရေးအားသုံး၍ ယူရှောင်မိုနှင့် လင်းရှောင်တို့အား အပြစ်ပေးချင်ခဲ့ပုံရသည် ။

ထန်မုန့်ချန်လည်း စိတ်တိုသွားပြီး အနက်ရောင်အရိပ်အသွင်ဖြင့် လင်းရှောင်ဆီသို့ တည့်တည့်ပြေးဝင်သွားတော့သည်၊ တခဏအတွင်းမှာပင် လင်းရှောင်အနောက်သို့ ရောက်ရှိသွားကာ သူ၏လက်ချောင်းများမှလည်း အဆိပ်ရှိသော အစိမ်းရောင်လက်သည်းများ ရှည်ထွက်လာပြီး လင်းရှောင်လည်ပင်းထက်သို့ ချိန်ရွယ်လိုက်ပေသည် ။

ထိုလှုပ်ရှားမှုသည် လေကဲ့သို့ပေါ့ပါးသော်လည်း လင်းရှောင်မျက်လုံးထဲတွင်တော့ ခရုပြေးနေသလောက်သာရှိပေ၏၊ လက်သည်းများ နီးကပ်လာသော်လည်း ၎င်းတို့၏ပစ်မှတ်မှာ ရုတ်ချည်း ပျောက်ကွယ်သွားလေသည် ။

ထန်မုန့်ချန် သူ့အရှေ့ရှိ ဗလာကျင်းနေသော လေထုအားကြည့်ရင်း ပြိုင်ဘက်၏အမြန်နှုန်းကြောင့် မှင်သက်နေမိသည်၊ သို့သော် အလွန်အမင်း ထိပ်လန့်မသွားပေ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝိဉာဉ်စွမ်းအားသည် သူ့အနောက်၌ ထွက်ပေါ်နေဆဲဖြစ်ပြီး အန္တရာယ်ပြုမည့် အရှိန်အဝါများ ထုတ်လွှတ်နေဆဲဖြစ်၏ ။

" မင်း လေကိုတိုက်နေတာလား "

သူ့နောက်နားမှ ထွက်ပေါ်လာသော ပေါ့ပေါ့ပါးပါးစကားသံသည် လှောင်ပြောင်ရိပ်တို့ ပြည့်လျက်ရှိသည်၊ ထန်မုန့်ချန် တောင့်ခဲသွားကာ မျက်ဝန်းများထဲတွင်လည်း ထိတ်လန့်ဟန်တို့ပြည့်နှက်သွား၏၊ ထို့နောက် တိုက်ခိုက်ရန် ပြင်ထားသည့် လက်သည်းများအား ပြန်ရုတ်လိုက်ကာ အသံကြားရာဘက်နှင့် ဝေးရာဆီ ပြန်လည်ဆုတ်ခွာတော့သည် ။

စိတ်ချလောက်ပြီဟု ခံစားရသောအကွာအဝေးထိ ပြန်လည်ဆုတ်ခွာပြီး အသံကြားရာဘက်ဆီ ပြန်လှည့်ကြည့်လိုက်သောအခါ လင်းရှောင်အား မူလနေရာတွင်ပင် မလှုပ်မယှက် ပြုံးလျက်ရှိနေကြောင်း တွေ့လိုက်ရလေသည် ။

၎င်းတို့၏ ပထမဆုံးဖလှယ်မှု၊ မဟုတ်..၊ ၎င်းမှာ ထန်မုန့်ချန်၏ တစ်ဖက်သက် တိုက်ကွက်အချို့သာဖြစ်သည်၊ လင်းရှောင်ဘက်မှ ဘာမှ မလှုပ်ရှားရသေးသော်လည်း ထန်မုန့်ချန်မှာ အပြတ်အသတ် အရေးနိမ့်ခဲ့ပေသည် ။

ထိုအခြေအနေကြောင့် ပရိတ်သတ်များထံမှ အံ့သြမှုအရိပ်အယောင်များ ထွက်ပေါ်လာတော့သည်၊ ပထမတစ်ချီတည်းနှင့် အနိုင်အရှုံးအား ကောက်ချက်မချနိုင်သော်လည်း ဤတိုက်ပွဲ၏ အခြေအနေသည် ၎င်းတို့ယုံကြည်ထားသည်နှင့် သွေဖယ်သွားဟန်တူသည် ။

ထန်မုန့်ချန်၏မျက်နှာသည် ဖြူဖျော့လျက်ရှိ၏၊ လင်းရှောင်၏ သရုပ်ပြမှုသည် သူ့အား အောင်မြင်စွာ ခြောက်လှန့်နိုင်ခဲ့သဖြင့် သူ့ဘက်မှ မတောင့်ခံနိုင်တော့ပေ၊ ထို့ကြောင့် ထန်မုန့်ချန် သူ၏ လက်နက်အား ချက်ချင်းထုတ်ယူလိုက်သည်၊ ၎င်းမှာ မည်သည့်အထူးကုန်ကြမ်းနှင့်မှ ပြုလုပ်ထားဟန်မတူသည့် သာမန် အနက်ရောင်လှံတံတစ်ချောင်း ဖြစ်သည် ။

၎င်း၏ပုံရိပ်သည် မှုန်ဝါးသွားပြီး လင်းရှောင်ထံသို့ ယခင်ကထက် ပိုမြန်ဆန်သော အရှိန်ဖြင့် ဦးတည်လာသည်၊ သူ၏လှံတံအား လေထုကိုဖြိုခွင်းစေလိုက်ပြီး စက်ဝိုင်းခြမ်းပုံလွဲယမ်းလိုက်သည်၊ ဝိဉာဉ်စွမ်းအားများသည် လှံတံတစ်လျှောက် ဖုံးအုပ်သွားပြီး နဂိုအနက်ရောင်မဟုတ်တော့ပဲ စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် မီးခိုးရောင်အဖျော့သို့ ပြောင်းလဲသွားလေသည် ။

မြန်ဆန်သောလှုပ်ရှားဟန်များကြောင့် ပရိတ်သတ်အပေါင်းမှ နောက်ချန်ပုံရိပ်များကိုသာ မြင်တွေ့လိုက်ကြရသည်၊ ထန်မုန့်ချန်သည် လင်းရှောင်ရှေ့သို့ မျက်တောင်တစ်ခပ်အတွင်း ရောက်ရှိသွားသည်၊ လှံတံသည် အသွားနှစ်ဖက်စလုံး ပြတ်ရှသောကြောင့် ပတ်ဝန်းကျင်လေထုအား တိတိပပ ဖြိုခွင်းလျက်ရှိသည်၊ ရင်သပ်ရှုမောဖွယ်ရှုထောင့်မှ တွေ့မြင်နေရသည်မှာ စွမ်းအင်အမြောက်အများ ဖုံးလွှမ်းနေသော လှံတံသည် အန္တရာယ်ပြုမည့် အငွေ့အသက်များစွာအား ထိပ်ဖျားမှ ထုတ်လွှတ်နေလျက် လင်းရှောင်အပေါ် စုပြုံဦးတည်ကာ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်ပေသည် ။

ထန်မုန့်ချန် ကောက်ကျစ်စွာ ပြုံးကာ ရေရွတ်လိုက်သည် ။

" ခံစားကြည့်လိုက်စမ်း! ငါ့ရဲ့လမင်းဖြိုခွင်းလှံတံတိုက်ကွက်ကို! "

လင်းရှောင် မျက်ခုံးပင့်လိုက်သည်၊ ၎င်းမှာ အရည်အသွေးနိမ့် အဆင့်မြင့်တိုက်ကွက်တစ်မျိုး ဖြစ်ဟန်တူသည်၊ တစ်ချက်ကြည့်ရုံဖြင့် အင်အားပြည့်မှန်း သိသာလှသည် ။

ထိုလမင်းဖြိုခွင်းတိုက်ကွက်မှာ ထန်မိသားစုအား အောင်မြင်မှုတို့ ယူဆောင်ပေးနိုင်ခဲ့သော တိုက်ကွက်ဖြစ်သည်၊ အဆင့်မြင့် အရည်အသွေးနိမ့်တိုက်ကွက်ဖြစ်သော်လည်း ၎င်း၏စွမ်းအားမှာ အရည်အသွေးအလတ်စားတိုက်ကွက်များနှင့်ပင် ယှဉ်နိုင်၏၊ ထန်မိသားစု ရှေးလူကြီးများ၏ကျေးဇူးကြောင့် ထန်မျိုးဆက်အားလုံး ထိုတိုက်ကွက်အား သင်ယူခွင့်ရကြလေသည်၊ ၎င်းတိုက်ကွက်အား အဆုံးစွန်ထူးခြားပြောင်မြောက်သော နည်းစနစ်တစ်ခုအဖြစ်ပင် သတ်မှတ်၍နိုင်ပေ၏ ။

ထန်မုန့်ချန်သည် ဤတိုက်ပွဲအား မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်လိုဟန်တူသည်၊ တိုက်ပွဲစတင်သည်မှာ မကြာသေးသော်လည်း သူ၏ကျွမ်းကျင်တိုက်ကွက်အား ထုတ်ဖော်လိုက်ပြီဖြစ်သည် ။

ပွဲကြည့်ပရိတ်သတ်များအကြားတွင်လည်း အံ့သြမှုများ ပျံ့နှံ့လျက်ရှိသည်၊ ကြည့်ရသည်မှာ ထန်မုန့်ချန်သည် ဤတစ်ကြိမ်တွင် မည်သည်ကိုမှ ထိန်ချန်မထားလိုတော့ဟန် ပေါ်သည်၊ ပရိတ်သတ်များသည် ၎င်း ဤတိုက်ကွက်အား ပွဲစပြီးသိပ်မကြာခင်မှာတင် ထုတ်သုံးလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ကြပေ ။

သရုပ်ဆောင်ပိုမိုပီပြင်စေရန်အလို့ငှာ လင်းရှောင်သည် သူ၏လက်ချောင်းများအား လှည့်ဟန်ပြုလုပ်လိုက်ပြီး လက်ချောင်းများအကြား ယပ်တောင်တစ်ချောင်း ထွက်ပေါ်လာစေလိုက်၏ ။

ထိုယပ်တောင်အားမြင်သောအခါ ယူရှောင်မို အ့ံအားသင့်နေမိသည် ။

ပြောရလျှင် လင်းရှောင်၏ယခင် တိုက်ပွဲများ၌ လက်နက်ပစ္စည်း တစ်ခုခုသုံးသည်အား မမြင်ခဲ့ဖူးပေ၊ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကာ ယပ်တောင်တစ်ချောင်းပင် ဖြစ်နေသေးသည်၊ ၎င်းသည် ထန်မုန့်ချန်၏လှံတံအား ယှဉ်ပြိုင်နိုင်မည့် အရှိန်အဝါများ ထုတ်လွှတ်နေသည် ။

" လျှပ်စီးဝိဇ္ဇာတိုက်ကွက်! "

လင်းရှောင် ယပ်တောင်အားဖွင့်လိုက်သောအခါ လက်ဖဝါးအလယ်မှ ဝိဉာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး ယပ်တောင်ဆီသို့ စီးဆင်းဖုံးအုပ်သွားကာ ထိုယပ်တောင်မှတစ်ဆင့် အနီရောင်မီးပွားစလေးများ ထွက်ပေါ်လာသည်၊ ငွေမှင်ရောင်ယပ်တောင်သည် ထိုမီးစများကြောင့် အလွန်အမင်းတောက်ပသွား၏၊ လင်းရှောင်မှ ယပ်တောင်အား ဝှေ့ယမ်းလိုက်သည့်အခါ ဓားသွားကဲ့သို့ထက်ရှသည့် စွမ်းအင်များထွက်ပေါ်လာပြီး လေပြင်းတစ်ချက်နှင့်အတူ ပတ်ဝန်းကျင်လေထုအား ဖြိုခွင်းလျက် အဖြူနှင့်အနီရောင်တို့ရောစပ်ထားသည့် မီးတောက်တစ်စုမှ ထန်မုန့်ချန်၏လှံတံအား တည့်တည့်ဝင်တိုက်လေသည် ။

၎င်းမြင်ကွင်းသည် မီးတောင်ပေါက်ကွဲမှုအား မျက်မြင်ကြည့်နေရသည်နှင့် တူလှသည်၊ အင်အားပြည့် စွမ်းအင်နှစ်ခု ထိခတ်ရာမှ ထွက်ပေါ်လာသော စွမ်းအင်ငလျင်လှိုင်းများသည် ပြိုင်ပွဲစင်မြင့်အား အဆက်မပြတ် တုန်ခါစေကာ ကျောက်တုံးကျောက်စများ ပေါက်ကွဲထွက်လာစေ၏၊ လွင့်ပျံလာသောကျောက်တုံးများအား ဝေ့ဝဲနေသောလေပြင်းများမှ ကောင်းကင်ထက်သို့လွင့်ပျံစေသဖြင့် စင်မြင့်တစ်ခုလုံးလည်း ရှုပ်ပွစုတ်ပြတ်လျက် ရှိနေပေသည် ။

ထိုအချင်းအရာအား မြင်သောအခါ ပွဲကြည့်သူအပေါင်းတို့လည်း ဘေးလွတ်ရာသို့ပြေးကြရတော့သည်၊ လွင့်ပျံနေသော ကျောက်တုံးအပိုင်းအစများပင် ဖြစ်သော်လည်း ထိမှန်ပါက ဒဏ်ရာရနိုင်သေးသည်ပင် ။

ထိုသို့ လူအများ ရုတ်ရုတ်သဲသဲ ပြေးနေစဉ်၌ ငွေရောင်လွှမ်းသော အနီရောင်မီးတောက်များ ထပ်မံထွက်ပေါ်လာကာ ကြက်သေသေလျက်ရှိသော ထန်မုန့်ချန်ထံသို့ စက်ဝိုင်းခြမ်းပုံစံကွေးညွတ်လျက် ၎င်း၏ခန္ဓာကိုယ်တည့်တည့်သို့ ဦးတည်သွားကြလေ၏ ။

ထန်မုန့်ချန်သည် ကြောက်လန့်လွန်းသဖြင့် ငယ်သံပါအောင် အော်ဟစ်လေသည်၊ သူ့ကိုယ်ပေါ်၌ သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော်လည်း လင်းရှောင်ပစ်လွှတ်လိုက်သော မီးစများကြောင့် အရည်ပျော်ကျသွားရလေ၏၊ သူ့ခန္ဓာကိုယ်နှင့် ထိမိသွားသောမီးတောက်များသည် ထိစက်ရာနေရာတိုင်းအား ဆက်တိုက်စွဲလောင်လျက်ရှိသည်၊ အနှီမီးတောက်များသည် ထန်မုန့်ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်ပိုင်းသေလုနီးနီး ဖြစ်ခါမှသာ အစအနရှာမရအောင် ပျောက်ကွယ်သွားကြတော့သည် ။

စင်မြင့်ပေါ်ရှိ ရှုပ်ထွေးနေသောဖုန်မှုန့်များ ငြိမ်သက်ပျောက်ကွယ်သွားချိန်မှသာ ပွဲကြည့်ပရိတ်သတ်များ စင်မြင့်ပေါ်မှ အခြေအနေအား မြင်တွေ့ကြရတော့သည် ။

ထန်မုန့်ချန်အား တွေ့သောအခါ ၎င်း၏အနာဂတ်အား တွေးမကြည့်ရသေးသော်လည်း ပရိတ်သတ်အပေါင်းမှ အားလုံးလိုလို ပင့်သက်ရှိုက်ကာ အသက်ရှူအောင့်လိုက်မိကြသည် ။

၎င်းမှာ ယူရှောင်မို မှာလိုက်သည့်အတိုင်း အတိအကျ၊ အသက်မသေရုံ ။


ကျောက်တံခါးအဖွဲ့မှ လူတို့၏ မျက်နှာများသည် အစိမ်းရောင်ပြောင်းလျက်ရှိသည်၊ ကျောက်တံခါးရှိ အသန်မာဆုံးလူမှ အဆင့်ငါးဆယ့်တစ်အား ရှုံနိမ့်သွားရသည်အား မယုံကြည်နိုင် ဖြစ်နေကြလေသည်၊ လူအများရှေ့၌ မျက်နှာ ဖြတ်အရိုက်ခံလိုက်ရသလိုပင် ။





" အဲ့လူက မထင်ရဘူးပဲ "

အန်းရှင်းရွေ့မှ သူမ၏လှပသောမျက်ဝန်းတစ်စုံဖြင့် လင်းရှောင်အား အကဲခတ်သလိုကြည့်နေရင်း အံ့အားသင့်စွာဆိုသည် ။

ကျန့်ယွီရွှမ်းလည်း ပြုံးလိုက်သည် ။

" အာကာသကြယ်ခြောက်ပွင့်က စိတ်ဝိဉာဉ်ကြယ်တစ်ပွင့်ကို သွားတိုက်မှတော့ ရလဒ်က မထူးဆန်းတော့ပါဘူး၊ ထန်မုန့်ချန်က သူ့ကို ကျောင်းသားသစ်ဆိုပြီး အထင်သေးခဲ့တာလေ၊ အဲ့လိုလူမျိုးက ဘယ်တော့မှ မအောင်မြင်နိုင်ဘူး "

ယင်းကောသည် ယူရှောင်မိုနှင့် အပေါင်းအပါများအား အေးစက်စွာကြည့်နေပြီးနောက် နှစ်စက္ကန့်ခန့်ကြာသောအခါ ကျန့်ယွီရွှမ်းထံသို့ တည်ငြိမ်စွာ ဆိုလိုက်သည် ။

" သွားမယ် "

ကျန့်ယွီရွှမ်းလည်း နူးညံ့စွာပြုံးရင်း လိုက်သွားလေ၏၊ အန်းရှင်းရွေ့မှာမူ သူမနှုတ်ခမ်းသူမ စိတ်ပျက်စွာ ဖိကိုက်ရင်းမှ ၎င်းတို့နှစ်ယောက်နောက်သို့ လိုက်သွားသည်၊ ယင်းကောသည် အမြဲတမ်း ဒီပုံစံဖြစ်သည်အား သူမသိသည်၊ သို့သော် အချိန်တိုင်းလည်း သူမနာကျင်ခံစားရစမြဲသာ ဖြစ်နေသည် ။



အခြားတစ်ဖက်တွင်မူ ယူရှောင်မိုသည် လင်းရှောင် စင်ပေါ်မှဆင်းလာသည်အား စိတ်လှုပ်ရှားစွာ လှမ်းကြည့်လျက်ရှိပြီး ၎င်းနားသို့အလျင် ချည်းကပ်သွားလေ၏ ။

" လင်းရှောင်.. ခင်ဗျားစောစောကသုံးသွားတဲ့ လျှပ်စီးဝိဇ္ဇာတိုက်ကွက်က အရမ်းမိုက်တာပဲ သိလား "

လင်းရှောင်မှ ပျင်းရိလေးတွဲစွာ ပြုံးလိုက်သည် ။

" အော.. လျှပ်စီးဝိဇ္ဇာတိုက်ကွက်လား "

ယူရှောင်မို ချက်ချင်းခေါင်းငြိမ့်လိုက်၏ ။

" အဲ့ဒါက ကိုယ်ဒီအတိုင်း ကောက်ထွင်လိုက်တာလေ "


ယူရှောင်မို: " . . . "


ကျေးဇူးပြုပြီး အမှန်အတိုင်း မပြောပါနဲ့လား!












# 16.9.2021
အပ်ပဒိတ်နောက်ကျနေတာ အားနာပါတယ်ရှင်
စာလုံးပေါင်းအမှားလေးတွေတွေ့ရင် ထောက်ပြပေးကြပါဦးနော်❤

Continue Reading

You'll Also Like

409K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
654K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ