နွေဦးလေပြေ🤍

By Adira_thu

38.9K 1.8K 191

"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... More

‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း

နွေဦးလေပြေ🤍(အပိုင်း-၁၇)

735 33 0
By Adira_thu

Unicode

ညတွေကအတွေးတွေအပိုင်စားရသည့်နယ်မြေပဲ။ပြတင်းတံခါးလေးကိုအသာဖွင့်တော့ ခပ်နုနုလေပြေလေးကပြေးလွှားတိုက်ခတ်သွားလေသည်။
သူ့အတွေးတွေထဲ မနက်ကသူ့ကိုဆွေးဆွေးမြေ့မြေ့ကြည့်နေတဲ့မိုးသားပုံရိပ်ကနေရာယူလာသည်မို့ ခန့်ထည်စိတ်ရှုပ်စွာ သက်ပြင်းချလိုက်သည်။

ကိုယ့်ကိုမချစ်ပါနဲ့လားကလေးရယ်။ကိုယ်ကမင်းထင်သ‌လောက်ကောင်းတဲ့ကောင်မဟုတ်ဘူး။

သူချစ်ခဲ့တဲ့သူဟာမိုးသားမဟုတ်ဘဲ မိုးသားအချစ်ဆုံးသူငယ်ချင်းဆိုတာသိတဲ့တစ်နေ့ထိုကလေးခံစားရမှာသူမလိုလားပေ။ချစ်ပုံချစ်နည်းမတူပေမယ့်လည်း မိုးသားဆိုတာဟိန်းထက်နည်းတူသူချစ်ရတဲ့ကလေးငယ်ဖြစ်သည်။
မဟူတ်ဘူး....တကယ်ဆိုဟိန်းထက်,ထက်ပို၍ပင် သူနဲ့ရင်းနှီးခဲ့သူ။
သူ့ကိုစိတ်ပူခဲ့သူ။
အားငယ်တတ်သည့်ကလေးမို့သူကစိတ်ပူခဲ့ရသူဖြစ်သည်။

အမှန်အတိုင်းပြောရလျှင်ဟိန်းထက်နဲ့ကိစ္စကိုရှေ့မတိုးခဲ့သည်မှာမိုးသားကြောင့်လည်းအများကြီးပါသည်။နောက်တစ်ခုကတော့ခန့်ထည်မာနကြောင့်ပင်ဖြစ်သည်။

'ကိုယ်ကရှုံးမှာ‌သေချာနေတဲ့တိုက်ပွဲကိုမတိုက်ချင်ဘူးပိစိရဲ့'။

သူကိုယ်တိုင်လည်းသေချာသိနေတာတစ်ခုက
ပိစိကသူ့ကိုလုံးဝလက်ခံမှာမဟုတ်ခြင်းပင်ဖြစ်သည်။
ဖွင့်ပြောပြီးမှ လက်မခံရင်ခန့်ထည်ကိုယ့်ကိုယ်ကိုသိပ်ရှက်မိမှာပင်။ခန့်ထည်ဝါလိုလူမျိုးအတွက်ရည်းစားမရှားပေ။
အခု‌ထိသူ့ကိုမျှော်လင့်နေသူတွေကအများအပြားရှိသည်။
သူတွဲချင်လျှင် အခုကောက်တွဲလို့ရတဲ့အနေအထားဆိုပေမယ့် သူကိုယ်တိုင်မထားချင်သေး၍ငြိမ်နေခြင်းဖြစ်သည်။

အတွေးတွေကိုခဏရပ်၍ စာရေးခုံပေါ်ကဖုန်းဆီသို့လျှောက်သွားလိုက်ရင်း ခုတင်ပေါ်ပစ်လှဲချလိုက်သည်။
ပြီးသည်နှင့် ခပ်သွက်သွက်ရိုက်နှိပ်လိုက်သည့် စာလုံးလေးတွေက ရင်း‌နှီးနေကျဖုန်းနံပါတ်လေးဆီသို့ပို့လိုက်သည်။

ကိုယ်ပို့လိုက်တဲ့စာ‌လေးဖတ်ပြီး "ကောင်းကောင်းအိပ်စက်အနားယူနိုင်ပါစေကလေးငယ်"

________________💚________________

"မိုးသား ဒီမှာဘာထိုင်လုပ်နေတာလဲ"

အဆောင်တွင်းအရက်သေစာမသောက်စားရဘူးဟူသောစည်းကမ်းကြောင့်မီးအလင်းရောင်ဖျဖျသာရှိသည့် လူသိပ်မသုံးသည့်လှေကားတွင်ဆေးလိပ်သောက်ရန်လာခိုက် မိမိအရင်ရောက်နှင့်နေသောကလေးကြောင့် ခန့်ညီအံ့ဩသွားရသည်။
အဖြူရောင်overshirtကိုအစိမ်းပုပ်ရောင်ဘောင်းဘီတိုလေးနှင့်တွဲဝတ်ပြီး ခေါင်းလေးငုံကာထိုင်နေသည့်မိုးသားကသူ့ကိုတွေ့တော့ နှစ်လိုဖွယ်ပြုံးပြလေသည်။
ဒီလိုလူသိပ်မရှိသည့်နေရာမှာ ဒီကောင်လေးဘာထိုင်လုပ်နေတာပါလိမ့်။

"လာ ကိုညီ။ဆေးလိပ်လာခိုးသောက်တာလား"

ဘယ်လိုသိတာလဲဆိုသည့်အကြည့်ဖြင့်လှည့်ကြည့်လာသည့်ကိုညီ့ကြောင့် ဒီရက်ပိုင်းအတွင်းသူပထမဆုံးဟက်ဟက်ပက်ပက်ရယ်မောဖြစ်ခဲ့သည်။
သူရယ်တော့ ကိုညီပါလိုက်ရယ်သည်။ပြီးတာနဲ့ ဆံပင်ကိုထိုးဖွလျှက်ရှက်ဝဲဝဲဆိုသည်။

"ကလေးတွေတောင်သိကုန်ပြီပဲ"တဲ့။

သူအသာပြုံးပြလျှက် လက်ထဲကဖုန်းကိုသာ စိုက်ကြည့်နေမိသည်။
တကယ်တော့ဘုရားကပြန်လာပြီးသည့်နေ့ကတည်းကသူအကို့ကိုမဆက်သွယ်ခဲ့တာဖြစ်သည်။
သူမဆက်သွယ်သည်နှင့် အကိုကလည်းမဆက်သွယ်ခဲ့ပါချေ။
သူကသာဒီရက်တွေအတွင်းအကို့ဆီကိုဖုန်းဆက်ချင်တဲ့စိတ်ကိုအကြိမ်ကြိမ်ချိုးနှိမ်ခဲ့ရတာဖြစ်သည်။
မျက်နှာချင်းဆိုင်လမ်းမှာတွေ့ခဲ့ရင်တောင် မသိချင်ယောင်ဆောင်ခဲ့ရသည်။
တကယ်ဆို အကို့ဆီကအရင်ဆက်သွယ်လာဖို့ကိုသူဘယ်လောက်တိတ်တဆိတ်မျှော်လင့်နေခဲ့လဲဆိုတာသူသာသိသည် ။

"ကိုခန့်ထည်ဝါဆီကဖုန်းကိုမျှော်နေတာလားကလေး"

ကိုညီကအကို့ထက်အသက်ကြီးပေမယ့် အကိုကစီနီယာမလို့လေးစားသမှုနှင့်နာမည်ရှေ့တွင်'ကို'တပ်ခေါ်လေသည်။
ဒါကလည်းမိုးသားတို့သူနာပြုသင်တန်းကျောင်းတွေရဲ့ခေါက်ရိုးကျိုးနေသောအမူအကျင့်တွေပင်ဖြစ်သည်။

"သူကျွန်တော့ကိုမချစ်ဘူးကိုညီ။"

မငိုချင်ပါလျှက်နဲ့ကျလာတဲ့မျက်ရည်တွေကသစ္စာဖောက်သည်။သူတကယ်မငိုချင်ဘူး။

"ကျွန်တော်စနေနေ့ကဒါကိုသေချာသိလိုက်ရတယ်။အဲ့အတွက်ကျွန်တော်စိတ်မကောင်းဖြစ်ပြီး သူ့ဆီမဆက်သွယ်ဖြစ်ဘူး။
သူ့ဆီကဆက်သွယ်လာမှာကိုစောင့်နေခဲ့တာ။
ဒါပေမယ့် သူဆက်သွယ်မလာခဲ့ဘူး။
ကျွန်တော်ကသာ သူ့ဆီကအကြောင်းမရှိပဲအဆက်အသွယ်မရရင်ရူးလောက်အောင်စိတ်ပူခဲ့ရတာ။
သူကကျွန်တော်ဘာဖြစ်နေလဲစိတ်မဝင်စားဘူး"

မိမိနဘေးတွင်ဒူးလေးတုပ်ကာထိုင်၍ အသံတွေတုန်နေသည့် ကလေးစကားကိုငြိမ်သက်၍သာနားထောင်ပေးလိုက်သည်။ဒီကလေးရင်ဖွင့်ဖို့လိုနေသည်ပဲ။အဲ့မျက်ရည်တွေနဲ့အတူ ဝမ်းနည်းမှုတွေ၊စိတ်မချမ်းသာမှုတွေ၊နာကျင်မှုတွေရောပါသွားရင်ကောင်းမှာပဲ။

ကောင်လေးကငို၍မောသွားဟန်ဖြင့် စကားခဏရပ်သွားမှခေါင်းလုံးလုံးလေးကိုသူပုတ်ပေးမိသည်။

"ကိုယ်ကမင်းတို့အတန်းထဲမှာအသက်အကြီးဆုံးပဲမိုးသား။တစ်တန်းလုံးကကလေးတွေကကိုယ့်အတွက်တော့ညီ၊ညီမတွေပဲ။ကိုယ့်ကလေးတွေအကုန်ပျော်နေတာပဲကိုယ်မြင်ချင်တယ်။အထူးသဖြင့် မင်းပဲမိုးသား။ မင်းကပျော်ပျော်နေတတ်တဲ့ကလေးတစ်ယောက်ပါ။မင်းကိုအခုလိုပုံစံနဲ့မြင်ရတာတကယ်စိတ်မသက်သာဘူး။
ချစ်ရုံပဲချစ်ပါမိုးသားရယ်။မရူးပါနဲ့။
အချစ်ကိုရူးရူးမိုက်မိုက်မကိုးကွယ်လိုက်ပါနဲ့"

"ကျွန်တော်ကသူ့ကိုချစ်တယ်ကိုညီ။ရူးလောက်အောင်"

သူ့စကားအဆုံးထွက်လာတဲ့မိုးသားစကားကြောင့် သူမချင့်မရဲစွာဆံပင်တွေကိုထိုးဖွလိုက်သည်။
'ကိုယ်မင်းကိုဘယ်လိုဖြောင်းဖြရပါ့မလဲမိုးသားရယ်'

"ကဲပါ ထ။အများကြီးတွေးပြီးဝမ်းနည်းမနေနဲ့။ခေါက်ဆွဲသွားပြုတ်ရအောင်။အကိုဝယ်ကျွေးမယ်"

"တကယ်လား"
အစားဆိုတာနဲ့မျက်လုံးလေးလက်လာသည့်ကောင်လေးကြောင့် မနာအောင်လက်သီးနဲ့ဖွဖွထိုးလိုက်သည်။
တတ်လည်းတတ်နိုင်သည့်ကောင်။
ခုနကငိုနေတာသူမဟုတ်သည့်အတိုင်း ချက်ချင်းမျက်နှာအနေအထားကပြောင်းသွားလေသည်။ခန့်ညီခေါင်းကိုအသာခါရမ်း‌ရင်းရှေ့ကထွက်ခဲ့သည်။

ခေါက်ဆွဲပြုတ်ဆိုလို့ ကောင်းကောင်းကန်းကန်းမထင်စေလို။မိုးသားတို့ကျောင်းကမီးဘေးအန္တရာယ်ကြိုတင်ရှောင်ရှားသည့်အနေနဲ့အခန်းထဲတွင် ပလက်ပေါက်ပေးမသုံးချေ။
ဖုန်းအားသွင်းလိုလျှင် ဖုန်းအားသွင်းခန်းသို့သွားသွင်းရသည်။
ခေါက်ဆွဲပြုတ်သောက်ချင်လျှင် ခွက်တစ်ခုထဲခေါက်ဆွဲဖောက်ထည့်၍ အဆောင်မှူးအခန်းမှရေနွေးယူ၍ဖျောစားခြင်းပင်ဖြစ်သည်။

"ဟိတ်ကောင် ကိုယ့်ဟာကိုယ်စားကွာ"

ဟိန်းထက်သူ့ပန်းကန်ထဲကခေါက်ဆွဲကိုလှမ်းနှိုက်သည့်မိုးသားကြောင့်တူနဲ့လက်ကိုဖြတ်ရိုက်လိုက်သည်။ဒီကောင်ခေါက်ဆွဲပြုတ်မလားကြာဇံပြုတ်မလားမေးတိုင်းကြာဇံပြုတ်ကိုပဲရွေးချယ်သည်။ပြီးရင် နဲနဲမြည်းချင်လို့ဆိုသည့်အကြောင်းပြချက်နှင့် ဟိန်းထက်ပန်ကန်ထဲမှခေါက်ဆွဲဖတ်တွေကိုကြုံရင်ကြုံသလိုဝင်တွယ်လေ့ရှိသည်။
ဒီတစ်ခါတော့မရ။ စောင့်ပြီးကိုဦးအောင်ဆော်ပစ်လိုက်သည်။မှတ်ကရော။

"ထက်ထက်လေးကငါ့ကိုမကျွေးချင်ဘူးလား"

မိမိကို'ထက်ထက်လေး'ဟုခေါ်၍မျက်နှာကိုအစွမ်းကုန်ငယ်ကာ အော်ကလီဆန်အောင်လုပ်နေသောမိုးသားကြောင့် ဟိန်းထက်ကြက်သီးတွေဖြန်းခနဲထလာရသည်။shit...သောက်ခွေးကောင် _ိ့လိုတွေပြောနေတာလားဟ။စောက်ခွက်ဖြတ်ရိုက်လိုက်ရရင်တော့လား ငါနော်။

အတွေးထက်လက်ပိုမြန်ကာပဲ အနားရှိနေသည့်စာအုပ်ဖြင့် ထိုသောက်ခွေးခေါင်းအားအုန်းခနဲဖြတ်ရိုက်လိုက်တော့ မိုးသားအသံကနားထဲစူးခနဲဝင်‌ေရာက်လာသည်။အသံအောင်လှချည်လားမိုးသားရာ။

"ဟ သေမလို့အကျယ်ကြီးအော်နေတာလား။နားငြီးလိုက်တာ"

ခန့်ညီရှေ့ကကလေး‌နှစ်ကောင်ကိုကြည့်၍ ကြိတ်ရယ်နေရသည်။တကယ့်ကလေးတွေ။
မချစ်တာလည်းမဟုတ်ဘဲနဲ့တစ်ယောက်နဲ့တစ်ယောက်မခံနိုင်အောင်စနောက်နေကြသည်။
ခုနကမျက်ရည်ပေါက်ကြီးငယ်ကျခဲ့သော မိုးသားသည်ပင် နဂိုမှေးသောမျက်လုံးလေးတွေပိတ်အောင်ရယ်မောနေခြင်းကြောင့် သူပါစိတ်လွတ်ကိုယ်လွတ်လိုက်၍ရယ်မောမိလိုက်သည်။
အင်း......သူဒီလိုမရယ်ဖြစ်တာဘယ်လောက်ကြာခဲ့ပြီလဲ။

________________💚________________

Zawgyi

ညေတြကအေတြးေတြအပိုင္စားရသည့္နယ္ေျမပဲ။ျပတင္းတံခါးေလးကိုအသာဖြင့္ေတာ့ ခပ္ႏုႏုေလေျပေလးကေျပးလႊားတိုက္ခတ္သြားေလသည္။
သူ႕အေတြးေတြထဲ မနက္ကသူ႕ကိုေဆြးေဆြးေျမ့ေျမ့ၾကည့္ေနတဲ့မိုးသားပုံရိပ္ကေနရာယူလာသည္မို႔ ခန႔္ထည္စိတ္ရႈပ္စြာ သက္ျပင္းခ်လိဳက္သည္။

ကိုယ့္ကိုမခ်စ္ပါနဲ႕လားကေလးရယ္။ကိုယ္ကမင္းထင္သ‌ေလာက္ေကာင္းတဲ့ေကာင္မဟုတ္ဘူး။

သူခ်စ္ခဲ့တဲ့သူဟာမိုးသားမဟုတ္ဘဲ မိုးသားအခ်စ္ဆုံးသူငယ္ခ်င္းဆိုတာသိတဲ့တစ္ေန႕ထိုကေလးခံစားရမွာသူမလိုလားေပ။ခ်စ္ပုံခ်စ္နည္းမတူေပမယ့္လည္း မိုးသားဆိုတာဟိန္းထက္နည္းတူသူခ်စ္ရတဲ့ကေလးငယ္ျဖစ္သည္။
မဟူတ္ဘူး....တကယ္ဆိုဟိန္းထက္,ထက္ပို၍ပင္ သူနဲ႕ရင္းႏွီးခဲ့သူ။
သူ႕ကိုစိတ္ပူခဲ့သူ။
အားငယ္တတ္သည့္ကေလးမို႔သူကစိတ္ပူခဲ့ရသူျဖစ္သည္။

အမွန္အတိုင္းေျပာရလွ်င္ဟိန္းထက္နဲ႕ကိစၥကိုေရွ႕မတိုးခဲ့သည္မွာမိုးသားေၾကာင့္လည္းအမ်ားႀကီးပါသည္။ေနာက္တစ္ခုကေတာ့ခန႔္ထည္မာနေၾကာင့္ပင္ျဖစ္သည္။

'ကိုယ္ကရႈံးမွာ‌ေသခ်ာေနတဲ့တိုက္ပြဲကိုမတိုက္ခ်င္ဘူးပိစိရဲ႕'။

သူကိုယ္တိုင္လည္းေသခ်ာသိေနတာတစ္ခုက
ပိစိကသူ႕ကိုလုံးဝလက္ခံမွာမဟုတ္ျခင္းပင္ျဖစ္သည္။
ဖြင့္ေျပာၿပီးမွ လက္မခံရင္ခန႔္ထည္ကိုယ့္ကိုယ္ကိုသိပ္ရွက္မိမွာပင္။ခန႔္ထည္ဝါလိုလူမ်ိဳးအတြက္ရည္းစားမရွားေပ။
အခု‌ထိသူ႕ကိုေမွ်ာ္လင့္ေနသူေတြကအမ်ားအျပားရွိသည္။
သူတြဲခ်င္လွ်င္ အခုေကာက္တြဲလို႔ရတဲ့အေနအထားဆိုေပမယ့္ သူကိုယ္တိုင္မထားခ်င္ေသး၍ၿငိမ္ေနျခင္းျဖစ္သည္။

အေတြးေတြကိုခဏရပ္၍ စာေရးခုံေပၚကဖုန္းဆီသို႔ေလွ်ာက္သြားလိုက္ရင္း ခုတင္ေပၚပစ္လွဲခ်လိဳက္သည္။
ၿပီးသည္ႏွင့္ ခပ္သြက္သြက္ရိုက္ႏွိပ္လိုက္သည့္ စာလုံးေလးေတြက ရင္း‌ႏွီးေနက်ဖဳန္းနံပါတ္ေလးဆီသို႔ပို႔လိုက္သည္။

ကိုယ္ပို႔လိုက္တဲ့စာ‌ေလးဖတ္ၿပီး "ေကာင္းေကာင္းအိပ္စက္အနားယူနိုင္ပါေစကေလးငယ္"

________________💚________________

"မိုးသား ဒီမွာဘာထိုင္လုပ္ေနတာလဲ"

အေဆာင္တြင္းအရက္ေသစာမေသာက္စားရဘူးဟူေသာစည္းကမ္းေၾကာင့္မီးအလင္းေရာင္ဖ်ဖ်သာရွိသည့္ လူသိပ္မသုံးသည့္ေလွကားတြင္ေဆးလိပ္ေသာက္ရန္လာခိုက္ မိမိအရင္ေရာက္ႏွင့္ေနေသာကေလးေၾကာင့္ ခန႔္ညီအံ့ဩသြားရသည္။
အျဖဴေရာင္overshirtကိုအစိမ္းပုပ္ေရာင္ေဘာင္းဘီတိုေလးႏွင့္တြဲဝတ္ၿပီး ေခါင္းေလးငုံကာထိုင္ေနသည့္မိုးသားကသူ႕ကိုေတြ႕ေတာ့ ႏွစ္လိုဖြယ္ၿပဳံးျပေလသည္။
ဒီလိုလူသိပ္မရွိသည့္ေနရာမွာ ဒီေကာင္ေလးဘာထိုင္လုပ္ေနတာပါလိမ့္။

"လာ ကိုညီ။ေဆးလိပ္လာခိုးေသာက္တာလား"

ဘယ္လိုသိတာလဲဆိုသည့္အၾကည့္ျဖင့္လွည့္ၾကည့္လာသည့္ကိုညီ့ေၾကာင့္ ဒီရက္ပိုင္းအတြင္းသူပထမဆုံးဟက္ဟက္ပက္ပက္ရယ္ေမာျဖစ္ခဲ့သည္။
သူရယ္ေတာ့ ကိုညီပါလိုက္ရယ္သည္။ၿပီးတာနဲ႕ ဆံပင္ကိုထိုးဖြလွ်က္ရွက္ဝဲဝဲဆိုသည္။

"ကေလးေတြေတာင္သိကုန္ၿပီပဲ"တဲ့။

သူအသာၿပဳံးျပလွ်က္ လက္ထဲကဖုန္းကိုသာ စိုက္ၾကည့္ေနမိသည္။
တကယ္ေတာ့ဘုရားကျပန္လာၿပီးသည့္ေန႕ကတည္းကသူအကို႔ကိုမဆက္သြယ္ခဲ့တာျဖစ္သည္။
သူမဆက္သြယ္သည္ႏွင့္ အကိုကလည္းမဆက္သြယ္ခဲ့ပါေခ်။
သူကသာဒီရက္ေတြအတြင္းအကို႔ဆီကိုဖုန္းဆက္ခ်င္တဲ့စိတ္ကိုအႀကိမ္ႀကိမ္ခ်ိဳးႏွိမ္ခဲ့ရတာျဖစ္သည္။
မ်က္ႏွာခ်င္းဆိုင္လမ္းမွာေတြ႕ခဲ့ရင္ေတာင္ မသိခ်င္ေယာင္ေဆာင္ခဲ့ရသည္။
တကယ္ဆို အကို႔ဆီကအရင္ဆက္သြယ္လာဖို႔ကိုသူဘယ္ေလာက္တိတ္တဆိတ္ေမွ်ာ္လင့္ေနခဲ့လဲဆိုတာသူသာသိသည္ ။

"ကိုခန႔္ထည္ဝါဆီကဖုန္းကိုေမွ်ာ္ေနတာလားကေလး"

ကိုညီကအကို႔ထက္အသက္ႀကီးေပမယ့္ အကိုကစီနီယာမလို႔ေလးစားသမႈႏွင့္နာမည္ေရွ႕တြင္'ကို'တပ္ေခၚေလသည္။
ဒါကလည္းမိုးသားတို႔သူနာျပဳသင္တန္းေက်ာင္းေတြရဲ႕ေခါက္ရိုးက်ိဳးေနေသာအမူအက်င့္ေတြပင္ျဖစ္သည္။

"သူကြၽန္ေတာ့ကိုမခ်စ္ဘူးကိုညီ။"

မငိုခ်င္ပါလွ်က္နဲ႕က်လာတဲ့မ်က္ရည္ေတြကသစၥာေဖာက္သည္။သူတကယ္မငိုခ်င္ဘူး။

"ကြၽန္ေတာ္စေနေန႕ကဒါကိုေသခ်ာသိလိုက္ရတယ္။အဲ့အတြက္ကြၽန္ေတာ္စိတ္မေကာင္းျဖစ္ၿပီး သူ႕ဆီမဆက္သြယ္ျဖစ္ဘူး။
ဒါေပမယ့္ သူ႕ဆီကဆက္သြယ္လာမွာကိုေစာင့္ေနခဲ့တာ။
ဒါေပမယ့္ သူဆက္သြယ္မလာခဲ့ဘူး။
ကြၽန္ေတာ္ကသာ သူ႕ဆီကအေၾကာင္းမရွိပဲအဆက္အသြယ္မရရင္႐ူးေလာက္ေအာင္စိတ္ပူခဲ့ရတာ။
သူကကြၽန္ေတာ္ဘာျဖစ္ေနလဲစိတ္မဝင္စားဘူး"

မိမိနေဘးတြင္ဒူးေလးတုပ္ကာထိုင္၍ အသံေတြတုန္ေနသည့္ ကေလးစကားကိုၿငိမ္သက္၍သာနားေထာင္ေပးလိုက္သည္။ဒီကေလးရင္ဖြင့္ဖို႔လိုေနသည္ပဲ။အဲ့မ်က္ရည္ေတြနဲ႕အတူ ဝမ္းနည္းမႈေတြ၊စိတ္မခ်မ္းသာမႈေတြ၊နာက်င္မႈေတြေရာပါသြားရင္ေကာင္းမွာပဲ။

ေကာင္ေလးကငို၍ေမာသြားဟန္ျဖင့္ စကားခဏရပ္သြားမွေခါင္းလုံးလုံးေလးကိုသူပုတ္ေပးမိသည္။

"ကိုယ္ကမင္းတို႔အတန္းထဲမွာအသက္အႀကီးဆုံးပဲမိုးသား။တစ္တန္းလုံးကကေလးေတြကကိုယ့္အတြက္ေတာ့ညီ၊ညီမေတြပဲ။ကိုယ့္ကေလးေတြအကုန္ေပ်ာ္ေနတာပဲကိုယ္ျမင္ခ်င္တယ္။အထူးသျဖင့္ မင္းပဲမိုးသား။ မင္းကေပ်ာ္ေပ်ာ္ေနတတ္တဲ့ကေလးတစ္ေယာက္ပါ။မင္းကိုအခုလိုပုံစံနဲ႕ျမင္ရတာတကယ္စိတ္မသက္သာဘူး။
ခ်စ္႐ုံပဲခ်စ္ပါမိုးသားရယ္။မ႐ူးပါနဲ႕။
အခ်စ္ကို႐ူး႐ူးမိုက္မိုက္မကိုးကြယ္လိုက္ပါနဲ႕"

"ကြၽန္ေတာ္ကသူ႕ကိုခ်စ္တယ္ကိုညီ။႐ူးေလာက္ေအာင္"

သူ႕စကားအဆုံးထြက္လာတဲ့မိုးသားစကားေၾကာင့္ သူမခ်င့္မရဲစြာဆံပင္ေတြကိုထိုးဖြလိုက္သည္။
'ကိုယ္မင္းကိုဘယ္လိုေျဖာင္းျဖရပါ့မလဲမိုးသားရယ္'

"ကဲပါ ထ။အမ်ားႀကီးေတြးၿပီးဝမ္းနည္းမေနနဲ႕။ေခါက္ဆြဲသြားျပဳတ္ရေအာင္။အကိုဝယ္ေကြၽးမယ္"

"တကယ္လား"
အစားဆိုတာနဲ႕မ်က္လုံးေလးလက္လာသည့္ေကာင္ေလးေၾကာင့္ မနာေအာင္လက္သီးနဲ႕ဖြဖြထိုးလိုက္သည္။
တတ္လည္းတတ္နိုင္သည့္ေကာင္။
ခုနကငိုေနတာသူမဟုတ္သည့္အတိုင္း ခ်က္ခ်င္းမ်က္ႏွာအေနအထားကေျပာင္းသြားေလသည္။ခန႔္ညီေခါင္းကိုအသာခါရမ္း‌ရင္းေရွ႕ကထြက္ခဲ့သည္။

ေခါက္ဆြဲျပဳတ္ဆိုလို႔ ေကာင္းေကာင္းကန္းကန္းမထင္ေစလို။မိုးသားတို႔ေက်ာင္းကမီးေဘးအႏၲရာယ္ႀကိဳတင္ေရွာင္ရွားသည့္အေနနဲ႕အခန္းထဲတြင္ ပလက္ေပါက္ေပးမသုံးေခ်။
ဖုန္းအားသြင္းလိုလွ်င္ ဖုန္းအားသြင္းခန္းသို႔သြားသြင္းရသည္။
ေခါက္ဆြဲျပဳတ္ေသာက္ခ်င္လွ်င္ ခြက္တစ္ခုထဲေခါက္ဆြဲေဖာက္ထည့္၍ အေဆာင္မႉးအခန္းမွေရေႏြးယူ၍ေဖ်ာစားျခင္းပင္ျဖစ္သည္။

"ဟိတ္ေကာင္ ကိုယ့္ဟာကိုယ္စားကြာ"

ဟိန္းထက္သူ႕ပန္းကန္ထဲကေခါက္ဆြဲကိုလွမ္းႏွိုက္သည့္မိုးသားေၾကာင့္တူနဲ႕လက္ကိုျဖတ္ရိုက္လိုက္သည္။ဒီေကာင္ေခါက္ဆြဲျပဳတ္မလားၾကာဇံျပဳတ္မလားေမးတိုင္းၾကာဇံျပဳတ္ကိုပဲေ႐ြးခ်ယ္သည္။ၿပီးရင္ နဲနဲျမည္းခ်င္လို႔ဆိုသည့္အေၾကာင္းျပခ်က္ႏွင့္ ဟိန္းထက္ပန္ကန္ထဲမွေခါက္ဆြဲဖတ္ေတြကိုႀကဳံရင္ႀကဳံသလိုဝင္တြယ္ေလ့ရွိသည္။
ဒီတစ္ခါေတာ့မရ။ ေစာင့္ၿပီးကိုဦးေအာင္ေဆာ္ပစ္လိုက္သည္။မွတ္ကေရာ။

"ထက္ထက္ေလးကငါ့ကိုမေကြၽးခ်င္ဘူးလား"

မိမိကို'ထက္ထက္ေလး'ဟုေခၚ၍မ်က္ႏွာကိုအစြမ္းကုန္ငယ္ကာ ေအာ္ကလီဆန္ေအာင္လုပ္ေနေသာမိုးသားေၾကာင့္ ဟိန္းထက္ၾကက္သီးေတြျဖန္းခနဲထလာရသည္။shit...ေသာက္ေခြးေကာင္ _ိ့လိုေတြေျပာေနတာလားဟ။ေစာက္ခြက္ျဖတ္ရိုက္လိုက္ရရင္ေတာ့လား ငါေနာ္။

အေတြးထက္လက္ပိုျမန္ကာပဲ အနားရွိေနသည့္စာအုပ္ျဖင့္ ထိုေသာက္ေခြးေခါင္းအားအုန္းခနဲျဖတ္ရိုက္လိုက္ေတာ့ မိုးသားအသံကနားထဲစူးခနဲဝင္‌ေရာက္လာသည္။အသံေအာင္လွခ်ည္လားမိုးသားရာ။

"ဟ ေသမလို႔အက်ယ္ႀကီးေအာ္ေနတာလား။နားၿငီးလိုက္တာ"

ခန႔္ညီေရွ႕ကကေလး‌ႏွစ္ေကာင္ကိုၾကည့္၍ ႀကိတ္ရယ္ေနရသည္။တကယ့္ကေလးေတြ။
မခ်စ္တာလည္းမဟုတ္ဘဲနဲ႕တစ္ေယာက္နဲ႕တစ္ေယာက္မခံနိုင္ေအာင္စေနာက္ေနၾကသည္။
ခုနကမ်က္ရည္ေပါက္ႀကီးငယ္က်ခဲ့ေသာ မိုးသားသည္ပင္ နဂိုေမွးေသာမ်က္လုံးေလးေတြပိတ္ေအာင္ရယ္ေမာေနျခင္းေၾကာင့္ သူပါစိတ္လြတ္ကိုယ္လြတ္လိုက္၍ရယ္ေမာမိလိုက္သည္။
အင္း......သူဒီလိုမရယ္ျဖစ္တာဘယ္ေလာက္ၾကာခဲ့ၿပီလဲ။

________________💚________________

Continue Reading

You'll Also Like

14.2K 360 42
ကျား မ မခွဲခြားနိုင်လောက်အောင် အချစ်က လူကိုထွေပြားစေတာလား ? ခင်ဗျားရဲ့အလှတရားကပဲ ကျွန်တော့်ကို ရူးသွားစေတာလား ? -------------- လင်းည
Gentle touch By K

General Fiction

49.9K 1.1K 32
It had been mere months after her eighteen birthday, when she was pulled from the safe haven of her life and forced into the fantasy the women had cr...
464K 8.8K 55
Y/N L/N is a 15-year-old Super smash bros fan that's been playing the franchise since he was 4 years old, all the way back to super smash bros for th...
2.3K 161 60
*ကံကြမ္မာကပဲတွေ့ဆုံဖို့ ဖန်တီးပေးခဲ့သလို ကံကြမ္မာကပဲခွဲခွာစေခဲ့ပြန်တယ် အချစ်ရယ်*