แ€€แ€™แ€นแ€˜แ€ฌแ€€แ€ผแ€ฎแ€ธแ€กแ€ฝแ€”แ€บแ€œแ€ญแ€ฏแ€„แ€บแ€ธโ€‹แ€•แ€ฑแ€ซแ€บแ€แ€€แ€บแ€œแ€ฌ...

By greenlittlefrog

21.7K 3.9K 142

Original Title - The Earth Is Online. Original Author - Mo Chen Huan Year - 2017 Status In COO - 240chps+5ext... More

Description
//Chp-1// P-1
//Chp-1// P-2
//Chp-2// P-1
//Chp-3//P-1
//Chp-3//P-2
//Chp-4//P-1
//Chp-4//P-2
//Chp-5//P-1
//Chp-5//P-2
//Chp-6//P-1
All About Black Tower
//Chp-6//P-2
//Chp-7//P-1
//Chp-7//P-2
//Chp-8//P-full
//Chp-9//P-full
//Chp-10//P-1
//Chp-10//P-2
//Chp-11//P-1
//Chp-11//P-2
//Chp-12//P-1
//Chp-12//P-2
//Chp-13//P-1
//Chp-13//P-2
//Chp-14//P-1
//Chp-14//P-2
//Chp-15//P-1
//Chp-15//P-2
//Chp-16//full
//Chp-17//P-1
//Chp-17//P-2
//Chp-18//P-1
//Chp-18//P-2
//Chp-18//P-3
notice

//Chp-2//P-2

443 109 0
By greenlittlefrog


နောက်တစ်နေ့မနက်နိုးလာ​သောအခါတွင်မှ Victor၏ စာကိုဖတ်လိုက်ရသည်။
သူအလျင်စလိုစာပြန်ရန်လုပ်သော်ငြား
Victorကား လိုင်းပေါ်ကဆင်းသွားနှင့်ပြီဖြစ်သည်။
ထန်မော့သည် ကိုယ်လက်အကြောဆန့်လိုက်သည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်သွားပြီး​နောက်
အလွန်နေသာထိုင်သာရှိသွားသလိုခံစားရ၏။
သူ၏နှလုံးမှာအခုန်မြန်နေဆဲဆိုသော်ငြား
ပူပန်ကြောင့်ကြမှုများမှာတော့မရှိတော့ပြီ။

အနက်ရောင်မျှော်စင်၏ သတင်းကိုမူ အွန်လိုင်းပေါ်တွင် အကြီးအကျယ်ဆွေးနွေးနေကြဆဲပင်။

အာဏာပိုင်များမှ တိကျသောဖြေရှင်းချက်များ ထုတ်ပေးမလာသည့်အပြင်
အနက်ရောင်မျှော်စင်များအကြောင်း
လွတ်လပ်စွာဆွေးနွေးခွင့်ကို
တင်းကြပ်စွာပိတ်ပင်လိုက်သည်မို့
လူအများမှာ private gp များ၌သာ
တိတ်တဆိတ်ပြောဆိုကြရတော့သည်။
သို့သော်လည်း အနက်ရောင်မျှော်စင်နှင့်
ပါတ်သတ်သော
စကားလုံးအသုံးအနှုန်းများကိုလည်း
လျင်မြန်စွာဖြုတ်ချနေခြင်းကြောင့်
လူများမှာ ပုံမှန်message၌ပင်
အနက်ရောင်မျှော်စင်အကြောင်းကိုထည့်ရေး၍
မရတော့ပေ။

ထန်မော့သည် အနက်ရောင်မျှော်စင်နှင့်
ပါတ်သတ်ပြီး နောက်ဆုံးကျန်နေသော
ပို့စ်တချို့ကိုသာအမြန်ကြည့်လိုက်တော့သည်။
လူအများစုကမူ အနက်ရောင်မျှော်စင်များမှာ သုတေသနစခန်းတချို့၏ဘေးထွက်ဆိုးကျိုးဟု ကောက်ချက်ချကြသည်။

လူအနည်းစုကသာ ထိုမျှော်စင်များက
ကမ္ဘာပျက်ကပ်ကိုယူဆောင်လာသည့်
အရာဟုပြောဆိုကြသည်။ ၄င်းတို့၏ပို့စ်များမှာမူ
သာမာန်နောက်ပြောင်ထားသော ပျက်လုံးများဟု ယူဆခံရ၍လား အဓိပ္ပါယ်မရှိ၍လားမဆိုနိုင်
ဖျက်ချမခံရ​ပေ။

ညနေစောင်းတွင်မူ ဥက္ကဋ္ဌ၀မ်က စာကြည့်တိုက်၏
gp chatမှတဆင့် အကြောင်းကြားစာတစ်ခု ပေးပို့လာခဲ့သည်။

[Director Wang: အရေးပေါ်အသိပေးချက်ပါ။
သဘက်ခါကနေစပြီး ငါတို့စာကြည့်တိုက်ကို သုတေသနစင်တာအဖြစ်ယာယီသုံးဖို့
ကြေညာထားတယ်။
ငါသတိပေးလိုက်ဦးမယ်။ မင်းတို့ဒီနေ့ပဲဖြစ်ဖြစ် မနက်ဖြန်ပဲဖြစ်ဖြစ် Lockerနဲ့ စားပွဲပေါ်က ကိုယ်ပိုင်ပစ္စည်းတွေကိုလာသိမ်းနော်။ ထပ်ပြောမယ် သဘက်ခါလုံး၀ပိတ်လိုက်တော့မှာ။ မမေ့စေနဲ့]

gp chatကလုံး၀ပေါက်ကွဲတော့မတက်ပေ။

လုပ်သက်ရင့်၀န်ထမ်းတချို့က အဘယ်ကြောင့်စာကြည့်တိုက်ကို ယာယီပိတ်ရမည်နှင့် သူတို့ဘယ်မှာအလုပ်ဆက်လုပ်ရမည်ကို
အဆက်မပျက်မေးကြကုန်သည်။

ငယ်ရွယ်သော၀န်ထမ်းများကမူ ပြောင်စပ်စပ်ပင်
[ကမ္ဘာကဖြင့်ပျက်တော့မှာကို၊ ဘာအလုပ်လဲ?]

ထန်မော့သည်အ​ေ၀းမှအနက်ရောင်မျှော်စင်ကြီးကို မော့ကြည့်လိုက်မိသည်။
ထို့နောက်တွင်သူ၏လွယ်အိတ်ကို ကောက်လွယ်လျက် ဘတ်စ်ကားတားကာစာကြည့်တိုက်သို့ထွက်လာခဲ့​လေသည်။

တရုတ်ပြည်မှာ လူထုအုံကြွမှုကိုထိမ်းသိမ်းခြင်းတွင်
အမှန်တကယ် တော်သည်ဟုသူ၀န်ခံရမည်။
အနက်ရောင်မျှော်စင်နှင့် နီးကပ်သောနေရာတွင် နေထိုင်သောသူများမှာအပ အများစုမှာရှင်းလင်းလျက်။
မြို့တွင်းရှိအရာအားလုံးမှာ
ပုံမှန်အတိုင်းပင်လည်ပါတ်နေပြီဖြစ်သည်။

သို့သော် ထန်မော့ဘတ်စ်ကားပေါ်သို့
တက်လိုက်သည်တွင်မူ
ဒရိုင်ဘာနေရာမှ ဆေးလိပ်မီးခိုးငွေ့များ
မွှန်ထူနေသည်ကိုတွေ့လိုက်ရသည်။

သတ်လက်ပိုင်းအရွယ်အမျိုးသမီးကြီးက
မကျေမနပ်ဖြစ်စွာစောဒကတက်လိုက်သည်။

"ကားမောင်းနေတုန်း
ဘယ်လိုဆေးလိပ်သောက်နိုင်ရတာလဲ?"

"နားညီးတယ်! ငါဆေးလိပ်မသောက်ပဲနဲ့
ကားမမောင်းနိုင်ဘူး! မင်းမောင်းမလား ဟမ်?"

"ဟဲ့! ရိုင်းလှချည်လား၊
နင်စကားကိုဘယ်လိုပြောနေတာလဲ
ကားမောင်းရင်းဆေးလိပ်သောက်တာက ဘတ်စ်ကားယဉ်မောင်းတွေရဲ့စည်းကမ်းတွေနဲ့
မညီဘူးဆိုတာမသိဘူးလား?
နင်ဆေးလိပ်သောက်ချင်တိုင်းသောက်နေတာကို
ငါတို့ဘာမှမပြောနိုင်ဘူးလို့များထင်နေလား?"

ထိုနှစ်ဦးမှာ အချေအတင်ဖြစ်နေကြပြီး
ထန်မို၏အနီးတွင်ထိုင်နေကြသော
ကျောင်းသူနှစ်ဦးက
ထိုလူနှစ်ဦးကိုဖြန်ဖြေပေးရန်ရှေ့သို့
ထွက်သွားခဲ့သည်။
နောက်ဆုံးတွင်တော့ ရန်ပွဲကအဆုံးသတ်သွားပြီး ကျောင်းသူနှစ်ဦးမှာလည်း
သက်ပြင်းချကာ နေရာတွင် ပြန်လာထိုင်သည်။

"ဒီနေ့ကသုံးရက်မြောက်နေ့နော်?"

"အာ..နင်ပြောမှပဲ ၊
ဒီနေ့ကသုံးရက်မြောက်နေ့တောင်ရှိပြီပဲ"

ကျောင်းသူနှစ်ယောက်မှာဖုန်းကိုကြည့်နေရင်းပင်
တွတ်ထိုးနေကြသည်။

"ကစားသမားအချင်းချင်းရှင်းပစ်တာကို
ကန့်သတ်မထားဘူးဆိုတာဘာအဓိပ္ပာယ်လဲဟဲ့။
ဒီနေ့ဆိုသုံးရက်တောင်ရှိပြီကို
ဘာမှလည်းဖြစ်မလာပါလား?
ဂိမ်းကရောဘာဂိမ်းလဲ?
စက္ကူ ကတ်ကြေး ကျောက်တုံး ဂိမ်းလား?"

"ခ်ခ်, နင်စမ်းကြည့်ချင်လား?"

"ကျောက်တုံး စက္ကူ ကပ်ကြေး!"

"အာ..ငါရှုံးသွားပြီ၊ ဒါဆိုနင်ငါ့ကိုရှင်းလိုက်ပြီပေါ့
ခ်ခ်"

မိန်းကလေးနှစ်ဦးမှာအချင်းချင်းကြည့်ပြီး
ရယ်လိုက်ကြတော့သည်။

ထို့နောက်တွင်ဘတ်စ်ကားပေါ်မှ
မည်သူကမှ အနက်ရောင်မျှော်စင်အကြောင်းကို
ဂရုမစိုက်ကြတော့ပေ။
ထန်မော့စာကြည့်တိုက်သို့ရောက်သောအခါတွင်မူ
ဆိုင်းဘုတ်များကိုင်ထားသော
လူတစ်ထောင်ခန့်က
ရဲတပ်ဖွဲ့ဖြင့် ထိပ်တိုက်တွေ့နေကြသည်ကို
မြင်လိုက်ရသည်။
ထိုလူများမှာ အနက်ရောင်မျှော်စင်များသည်
ကမ္ဘာပျက်ကပ်ကိုယူဆောင်လာလိမ့်မည်ဟု
ယုံကြည်သူများဖြစ်ကြ၏။

ထန်မော့သည် အပြင်ဘက်မှပါတ်၍ စာကြည့်တိုက်၏အနောက်ဘက်၀င်ပေါက်ကို
သွားလိုက်သည်။

ကြည့်ရတာ ပစ္စည်းတွေကိုလာသိမ်းဖို့
စိတ်အားထက်သန်နေသည်မှာ
သူတစ်ယောက်တည်းသာဖြစ်ပုံရသည်။
တိတ်ဆိတ်နေသောစာကြည့်တိုက်ထဲတွင်
အခြားဘယ်သူမျှရှိမနေ။

အပြင်ဘက်မှ လူအုပ်၏အသံတို့က
စာကြည့်တိုက်ထဲတွင်
ပဲ့တင်ထပ်နေခဲ့သည်။
ထန်မော့သည် သူ၏ဗီဒိုကိုဖွင့်လိုက်ပြီး
စာအုပ်တချို့ကိုထုတ်ယူလိုက်သည်။

အရှေ့မြောက်ထောင့်ဘက်မှ
အသံတစ်ခုကိုမကြားခင်အထိ
ထန်မော့မှာထွက်သွားရန်ပြင်နေခဲ့ခြင်းပင်။

ထန်မော့ရပ်တန့်သွားကာ
ထိုနေရာကိုကြည့်လိုက်သည်။
တစ်မိနစ်ခန့်အကြာတွင်
ထန်မော့သည် securityဗီဒိုထဲမှ
အနက်ရောင် တုတ်တစ်ချောင်းကို
ဆွဲလျက် ထိုနေရာသို့ တဖြည်းဖြည်း
လျှောက်သွားလိုက်သည်။

"ဘယ်သူလဲ"

အဖြေပြန်မလာခဲ့ပေ။

လူတစ်ယောက်၏လှုပ်ရှားနေသော
အသံတိုးတိုးကိုသာ သူကြားလိုက်ရသည်။
အဆိုပါလူမှာစာအုပ်တစ်အုပ်ကို စင်ထဲသို့ပြန်ထိုးထည့်ကာ နောက်တစ်အုပ်ကို ဆွဲထုတ်နေပုံပင်။

ထန်မော့သည်ထောင့်ချိုးသို့လျှောက်သွားလိုက်ကာ
အသံမြှင့်၍အော်လိုက်သည်။

"ဘယ်သူလဲ?"

ဆံပင်ဘုတ်သိုက်ဖြင့် သာမာန်လူတစ်ဦးက ထန်မော့အားထိတ်လန့်နေသောအမူအယာဖြင့်ကြည့် လာခဲ့သည်။ သူ၏လက်ထဲတွင်မူ စာအုပ်တစ်အုပ်ကို ကိုင်ထားလျက်ပင်။

ထန်မော့သည် တုတ်ချောင်းကိုတင်းတင်းဆုပ်ထားသော သူ့လက်များကို ဖြေလျော့လိုက်လေသည်။

"ကိုငကြောင်? အဲ.. လူကြီးမင်းချန် ဒီမှာဘာလုပ်နေတာလဲ?"

ကိုငကြောင်မှာမူ ထန်မော့ကို ကြောင်တောင်တောင်ရယ်ပြလိုက်ပြီး စာအုပ်ကို စင်ထဲပြန်ထိုးထည့်လိုက်သည်။

ထန်မော့ကမျက်မှောင်ကျုံ့လျက်
"ခင်ဗျားအထဲကိုဘယ်လို၀င်လာတာလဲ?"

"ဟိုအရှေ့ဘက်မှာပြတင်းပေါက်ရှိတယ်လေ ၊
ပိတ်မထားဘူး၊
ငါဒီတိုင်း ၀င်လာပြီးကြည့်ကြည့်ရုံပါပဲ"

ထန်မော့သည် စာကြည့်တိုက်၏အရှေ့ဘက်တွင်ရှိသော ပြတင်းပေါက်ကို ပြန်စဉ်းစားလိုက်သည်။
ထိုပြတင်းပေါက်ငယ်မှာ မြေပြင်နှင့်ထိကပ်နေပြီး
စတိုခန်းသို့ဆက်သွယ်ထားသည်။ ၄င်းမှာ လေ၀င်လေထွက်ကောင်းစေရန် ရည်ရွယ်သော အပေါက်ငယ်သာဖြစ်သည်။ ကိုငကြောင်မှာ ထိုနေရာကဘယ်လို၀င်လာသနည်း။
တွား၀င်လာခဲ့ခြင်း​ပေ​လော?

ထန်မော့ သတိပေးလိုက်သည်။
"လူကြီးမင်းချန် ဒါအင်မတန်မသင့်တော်တဲ့
အပြုအမူပဲ၊
သူခိုးလို့တောင်ယူဆလို့ရတယ်"

"ငါဘာမှမခိုးဘူး!"

ကိုငကြောင်မှာ ပြာပြာသလဲငြင်းလာခဲ့သည်။

ထန်မော့သည် တုတ်ချောင်းကိုတင်းတင်းဆုပ်လျက် ကိုငကြောင်အားအပေါ်အောက် သေချာအကဲခတ်လိုက်သည်။
ထို့နောက်၄င်းရှေ့မှ စာအုပ်စင်ကိုလည်းသေချာစစ်ဆေးလိုက်၏။

လွန်ခဲ့သောသုံးရက်က စာကြည့်တိုက်မပိတ်ခင်အထိ သုမှတ်မိသောစာအုပ်အရေအတွက်အတိအကျပါပင်။
တစ်အုပ်မှမလျော့ပေ။

"ဒါဆို ခင်ဗျားဘာလို့၀င်လာတာလဲ"

"တင်းတောင်~~'ငါ့စာအုပ်ကိုဘယ်သူခိုးသွားတာလဲ'ဂိမ်းကို စတင်လိုက်ပါပြီ။ ၁၇နာရီ ၅၂မိနစ် နို၀င်ဘာ ၁၇ရက်၊ ၂၀၁ကခုနှစ်၊ ကစားသမားထန်မော့နဲ့ ချန်ဖန်ကျီးတို့ဟာ ဂိမ်းထဲကို၀င်ရောက်လာပါပြီ။
အချက်အလက်များစီစစ်နေပါသည်။
ဂိမ်း၏မြေပုံပြင်ဆင်နေပါသည်။
ဒေတာများစီစစ်နေပါသည်။"

အခိုက်အတန့်တွင် စာကြည့်တိုက်အပြင်ဘက်မှ ဆူညံသံများအကုန်လုံး တိတ်ဆိတ်သွားခဲ့သည်။

တိတ်ဆိတ်နေသောစာကြည့်တိုက်ထဲတွင် အလွန်ရှင်းလင်းစူးရှသော ကလေးငယ်၏အသံထွက်လာခဲ့ကာ
မရင်းနှီးသော ကလေးချော့သီချင်းတစ်ပုဒ်မှာလည်း စီးချက်ကျစွာမြည်လာသည်။

"လာ~~လာ~~လာ~~လာ~~လာ~~

မှော်တုတ်ချောင်းလေးကညင်ညင်သာသာလေး ​ေ၀့ယမ်းနေပါတယ်

ကစားသမားလေးနှစ်ယောက်က အိမ်ထဲ၀င်လာတယ်

သုံးရက်နဲ့ သုံးညစကားမပြောနဲ့ကွယ်

နတ်သားနဲ့ နတ်ဆိုးက အလိုရှိနေပါတယ်။

ငါ့စာအုပ်ကိုဘယ်သူခိုးသွားလဲကွယ်~~"




Continue Reading

You'll Also Like

The Whole Truth By jaxharlow

Mystery / Thriller

437K 20.2K 52
Adele knows she witnessed a murder - what she doesn't know is just how personal it is. ...