Saw Nay Say's Travel Blogger...

By moewathane

1.5M 140K 14.5K

#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော... More

Author Note 📌
Description
အပိုင်း { ၁ }
အပိုင်း { ၂ }
အပိုင်း { ၃ }
အပိုင်း { ၄ }
အပိုင်း { ၅ }
အပိုင်း { ၆ }
အပိုင်း { ၇ }
အပိုင်း { ၈ }
အပိုင်း { ၉ }
အပိုင်း { ၁၀ }
အပိုင်း { ၁၁ }
အပိုင်း { ၁၂ }
အပိုင်း { ၁၃ }
အပိုင်း { ၁၄ }
အပိုင်း { ၁၅ }
အပိုင်း { ၁၆ }
အပိုင်း { ၁၇ }
အပိုင်း { ၁၈ } 🌚🚫
အပိုင်း { ၂၀ }
အပိုင်း { ၂၁ }
အပိုင်း { ၂၂ } 🔞🚫
အပိုင်း { ၂၃ }
အပိုင်း { ၂၄ }
အပိုင်း { ၂၅ }
အပိုင်း { ၂၆ }
အပိုင်း { ၂၇ }
အပိုင်း { ၂၈ }
အပိုင်း { ၂၉ }
အပိုင်း { ၃၀ }
အပိုင်း { ၃၁ }
အပိုင်း { ၃၂ }
အပိုင်း { ၃၃ }
အပိုင်း { ၃၄ }
အပိုင်း { ၃၅ }
အပိုင်း { ၃၆ }
အပိုင်း { ၃၇ }
အပိုင်း { ၃၈ }
အပိုင်း { ၃၉ }
{ အပိုင်း ၄၀ } ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ💓
စာအုပ်ထပ်တိုးထုတ်ဝေခြင်း

အပိုင်း { ၁၉ }

38.8K 3.1K 398
By moewathane

                          [ Unicode ]

နောက်တစ်နေ့မနက်ရောက်တော့ ခွန်စိုင်းနိုးတဲ့အချိန်မှာ နံဘေးမှာနေစေးမရှိတော့ပေ။ မနေ့ညက နေစေးအခန်းပြင်ထွက်သွားပြီးနောက် ခွန်စိုင်းအိပ်ပျော်သွားတယ် သို့သော် သန်းခေါင်ယံအချိန်မှာ သူ့အားတင်းကျပ်စွာဖက်ထားတဲ့ နေစေးကြောင့်ခဏမျှတိုးလာပြီးနောက် ခွန်စိုင်းပြုံးကာပင် နေစေးရင်ခွင်ထဲပို၍တိုးဝင်အိပ်စက်ခဲ့သည်။

လင်းကြက်တွန်သံဆာဆာနှင့် အောက်ထပ်က ဒေါ်လေးတို့ရဲ့စကားပြောသံကို ​ခေါင်းရင်းပြတင်းပေါက်ဆီကအသံသဲ့သဲ့ကြားနေရတာကြောင့် ခွန်စိုင်းအိပ်ယာဆီမှထထိုင်လိုက်သည်။ ကုတင်ခြေရင်းဆီခြေထောက်ချလိုက်တော့ မနေ့ညကခြေမထိပ်မှာဂဲလုံးစူးထားတဲ့နေရာလေးကိုညဆေးလိမ်းထားတာတွေ့လိုက်ရသည်။ ကြည့်ရတာ ဒေါသအိုးကလိမ်းပေးခဲ့ပုံပဲ။

နေစေး ဟာ ဒေါသပေါက်ကွဲလွယ်သူမဟုတ်သော် ခွန်စိုင်းနဲ့ပက်သတ်ပြီးသဝန်တိုစိတ်နဲ့ပေါက်ကွဲလာတိုင်းမှာ သူ့ဒေါသတွေဟာအဆုံးမရှိပေ။ လက်တွေ့မူ မနေ့ညက ခမ်းကျောက်ရဲ့အဖြစ်အပျက်ကသက်သေပင် ။

" မဖြစ်ပါဘူး..နောက်ဆို သူ့ကိုပြောထားဦးမှပါ "

တီရှပ်လက်တိုနှင့်ပုဆိုးအနီစင်းဝတ်ထားတဲ့ ခွန်စိုင်းဟာ ကိုယ်လက်သန့်စင်ရန်အခန်းပြင်ထွက်လာခဲ့သည်။ ခွန်စိုင်း စရောက်တုန်းက တစ်ကိုယ်ရည်သုံးပစ္စည်းနဲ့ရေခွက်ကိုယူသွားရလေ့ရှိပေမယ့် နေစေး ရေချိုးစည်နေရာကိုထရံအကာလုပ်ပေးတဲ့နေ့က ခွန်စိုင်းအတွက်တစ်ကိုယ်ရည်သုံးပစ္စည်းထားဖို့နေရာလေးလုပ်ပေးခဲ့တာကြောင့် ခွန်စိုင်းအတွက်အဆင်ပြေလှသည်။

အခန်းအပြင်ဆီရောက်တော့ တဖက်အခန်းကိုလှမ်းကြည့်ရာ တိတ်ဆိတ်နေတဲ့အခန်းကထွက်လာသူမရှိတာကြောင့် ဧည့်ခန်း ဒါမှမဟုတ် အိမ်ရှေ့စားပွဲမှာ နေစေး ရှိနေလောက်ပြီတွေးလိုက်သည်။ ခွန်စိုင်းလည်းသွက်လက်စွာပင် လှေကားဆီကနေဆင်းလာခဲ့သည်။

" ကျုပ်ကဒီနေ့ပြန်ရောက်မယ်တောင် မထင်မိဘူးရော်.. "

" အိမ်း.. ကိစ္စတွေမ​ပြတ်သေးတော့ စော်ဘွားကြီးကျုပ်ကိုဆက်နေခိုင်းသေးတယ်ရော် ၊ ရောက်တာကြာနေတော့ ကျုပ်မယ်မနေချင်ဘူးပဲ "

ဒီနေ့မနက်မှခရီးကပြန်ရောက်တဲ့ ဘဘကြီး နဲ့အတူ နေစေးသည် အိမ်ရှေ့စားပွဲမှာဆင်းထိုင်ပြီး စကားစမြည်ပြောနေသည်။

စားပွဲတွင် ခြေထောက်နှစ်ဖက်ချထားလျှက် ခါးကိုမတ်မတ်ထားပြီး ရေနွေးကြမ်းခွက်ကိုင်ထားရင်း တည်ငြိမ်တဲ့အသွင်ရှိတဲ့ နေစေးသည် မျိုးရိုးမြင့်ပင်နီအကျီလက်ရှည်အနက်ရောင် နှင့် ပြောက်ကျားဘောင်းဘီရှည်တို့ကိုဝတ်ဆင်ထားသည်။ နေစေးရဲ့အမှုအရာမရှိတဲ့မျက်နှာသွင်ပြင်ဟာ ဘယ်အချိန်ကြည့်လိုက်ပါစေ ပြောင်းလဲမှု့မရှိပေ။

သို့သော် တစ်စုံတစ်ယောက်နဲ့အတူရှိနေချိန်မှာတော့ ကွဲပြားလျှက်ရှိသည်။

ထို့အတူ စားပွဲမှာထိုင်နေတဲ့ ဘဘကြီးဟာ အဖြူနဲ့အနီရောင်စပ်ထားသော ခေါင်းပေါင်းစကိုပတ်ထား၍ နွမ်းပါးသယောင်ရှိနေတဲ့ ရိုးရာဝတ်စုံလက်ရှည် ခြေရှည်ဝတ်စုံတို့ကိုဝတ်ပြီး လေးစားကြည်ညိုထိုက်ဖွယ်ရာကောင်းလှသည်။ တစ်ချိန်က တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သော ဘဘကြီးမှာ ဒီအချိန်မှာအရာအားလုံး နေစေးလက်ထဲလွှဲထားသော်ငြား သန်မာဖျတ်လက်တဲ့သူ့အား အနောက်စော်ဘွားကြီးတို့ရဲ့ဖိတ်ကြားမှု့တွေ များစွာရရှိထားသည်။ ဖြတ်ထိုးဉာဏ်ကောင်းသော ဘဘကြီးဟာ သူ့ရဲ့ကျန်ရှိနေတဲ့အရှိန်အဝါတစ်ချို့ကို သူ့ရွာနှင့် ကာကွယ်ပေးလိုသူတွေအတွက်အသုံးချပေးရန် ခရီးတို၊ ခရီးရှည်တွေထွက်ရင်း လုံဝမ်ရွာတပ်ရင်းကို အထောက်အကူပြုပေးသည်။

လုံဝမ်ရွာမှာ သာမာန်အဖိုးကြီးတစ်ယောက်အသွင်ရှိတဲ့ ဘဘကြီးဟာ တခြားတစ်နေရာ တစ်ဒေသမှာတော့ အမှားလုပ်လို့မရတဲ့ထိပ်မှာ တစ်ချို့သော ခေါင်းဆောင်တွေနဲ့တန်းတူရှိသည်။
ဘဘကြီးဟာ သူခရီးသွားစဥ်မှာကြုံခဲ့ရတာတွေနဲ့ပက်သတ်ပြီး နေစေးကိုပြန်ပြောပြ၍ သူတို့တပ်စခန်းနဲ့ပက်သတ်တဲ့ အကြောင်းအရာတစ်ချို့ကိုပါ ဆွေးနွေးနေကြသည်။

" ဒီတစ်ခေါက် ကျုပ်ရှမ်းပြည်မှာ သူတို့ဆောက်ထားတဲ့အခြေခံအုပ်မြစ်ခိုင်မာမှု့နဲ့ပက်သတ်ပြီးအတော်လေးစေ့စပ်တာတွေ့ရတယ် "

" အင်း ပထမတစ်ခါကျုပ်သွားစဥ်က စော်ဘွားကြီးပေးတဲ့တည်ဆောက်ပုံကိုတွေ့ခဲ့တယ်၊ "

နေစေးပြောပြတာကိုနားထောင်ပြီး ဘဘကြီးကတစ်ချက်စဥ်းစားပြီးခေါင်းညှိမ့်သည်။

" ကြည့်ရတာ စော်ဘွားကြီးဘက်ကဒီအချက်ကိုအသုံးပြုပြီး မင့်ကိုသူတို့နဲ့အတူလက်တွဲဖို့မျှော်လင့်နေသေးပုံပဲ "

" ကျုပ်သိပါတယ် အဖ ၊ "

" မင်း ဘယ်လိုတွေးထားတုန်း "

" မဟာမိတ်အနေနဲ့ တိုးချဲ့တာကကောင်းတဲ့ကိစ္စပါ၊ နောင်မှာ မလိုအပ်ပဲတိုက်ပွဲဖြစ်စရာမလိုအပ်တော့ဘူးပေါ့၊ ဒါပေမယ့် အဲ့အတွက် ကျုပ်သေချာစဥ်းစားနေပါတယ်၊ "

" အဖ အနေနဲ့အကြံပေးချင်တာက လက်ရှိ ကျုပ်တို့မယ် စိုင်းလုံ အပြင် ဂျင်မီတပ်စုပါစောင့်ကြည့်ရမယ့်အနေအထားရောက်လာပြီရော်..အထူးသဖြင့် မြို့ကြီး မှာ အပျောက်အရှတွေများလာပြီး လူတွေဆို အပြင်သွားရမှာတောင်မရဲတော့ဘူးပဲရော်.. "

" ကျုပ် နားလည်ပါပြီ အဖ "

အဖ ပြောတာနေစေးနားလည်သည်။ အရင်ကစိတ်မျိုးနဲ့ဆို နေစေးက အင်အားထပ်ချဲ့ပြီးအလုပ်ပိုတွေအာရုံမနောက်ချင်သော်လည်း အခုဆိုရင် စိုင်းလုံနဲ့ဂျင်မီပူပေါင်းသွားပြီဆိုတဲ့သတင်းကြောင့် နေစေးမှာပိုသတိထားရတော့မည်။

" ကျုပ်ပြန်လာတုန်းက ဘွား အမှာပါးလိုက်သေးတယ်၊ မင်းဒီနေ့သွားရမယ်မလား "

" ဟုတ်တယ် အဖ ၊ ဒီနေ့ စိုင်းလုံတို့နယ်စပ်ဘက်မှာရှိတဲ့လူကုန်ကူးမိန်းကလေးတွေနဲ့ပက်သတ်ပြီး ကျုပ်တို့ဆွေးနွေးဖို့ရှိတယ်.."

" မြို့အပိုင်ကရော အဲ့ကိစ္စလိုက်မနေဘူးလား "

" သူလိုက်နေတယ် ဒါပေမယ့် ထိထိရောက်ရောက်မရှိဘူး၊ ပြီးတော့ ကျုပ်မယုံဘူး၊ "

နေစေးပြောတာကို ဘကြီးကရေနွေးတကျိုက်သောက်လျှက် ခေါင်းညှိမ့်သည်။ ဒီအချိန်မှာ မြို့ပေါ်ကလူတွေရဲ့အာဏာနဲ့လုပ်နိုင်စွမ်းကို ရွေငွေပတ္တမြားကထိန်းချုပ်သည်။

" ဒါ့နဲ့..မင်းသွားရင် လူလေးအိမ်မယ်ပျင်းနေရော့မှာ..၊ ချွန်းဖု တို့နဲ့ရွာအနီးပက်ဝန်းကျင်ဆီလိုက်လည်ခိုင်းပါဦး "

" ....ကျုပ်သူ့ကိုပါ ခေါ်သွားမှာ..၊ သူအိမ်မယ်ကျန်ခဲ့ရင် တစ်ခုမဟုတ်တစ်ခုဖြစ်တတ်လွန်းလို့ ကျုပ်နောက်ဆံတင်းတယ် အဖ "

" ဟေ....? "

ပွင့်လင်းစွာပြောလာတဲ့ နေစေးရဲ့စကားတွေကြောင့် ဘကြီးမှာ အံအားသင့်ရသည်။ နေစေးဟာ သူ့အဖေ တစ်ယောက်လုံးရှိနေရင်တောင် ဘယ်တုန်းကမှ နောက်ဆံတင်းတာမျိုးရှိခဲ့တဲ့လူမဟုတ်ဘူးလေ။

" နို့..သူ့ကိုခေါ်သွားတော့ ဟိုမယ် သူနေတတ်ပါ့မလားကွ "

" သူနေတတ်ပါတယ်၊ တပ်ဂိတ်ကလူတွေတောင် သူ့နဲ့ရင်းနှီးနေကြပြီရော်..၊ "

" အိုး.... ကောင်းပြီလေ၊ အဆင်ပြေတော့လည်းခေါ်သွားပေါ့၊ လူလေးကယောက်ကျားလေးပေမယ့် နုနယ်တော့ မင့်ပိုဂရုစိုက်ပေးလိုက်ပါ "

" ဟုတ်ကဲ့ အဖ "

ဒီရွာမှာ သူလျှိုရှိသည်..ဒါ့ကြောင့် တစ်ချိန်မှာ ခွန်စိုင်းဟာ နေစေးရဲ့အသည်းညှာ ဆိုတာသိသွားတဲ့တစ်ချိန်အတွက် နေစေးမှာကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သည်။

ရေနွေးကြမ်းသောက်နေတဲ့ ဘဘကြီး က အိမ်အပေါ်ထပ်ဆီတစ်ချက်တစ်ချက်ကြည့်ကာ..ခွန်စိုင်းနိုးဖို့စောင့်နေလေသည်။ ခွန်စိုင်း က ဒီရွာရဲ့ရွာသားတွေနဲ့မတူ ​သေးကွေးတဲ့ခန္ဓာကိုယ်လေးနဲ့ အသက်အရွယ်နဲ့မလိုက် ကလေးမျက်နှာနဲ့ချစ်ဖို့ကောင်းမှု့ကြောင့် ဘဘကြီးမှာ ခွန်စိုင်းအား မြေးလေးတစ်ယောက်လိုပင် ချစ်ခင်ရှာသည်။

" ဝေ့ အက်ဒွက်..လူလေးမနေ့ကအိပ်တာများနောက်ကျသလား? အခုထိမနိုးသေးပုံရရင် သွားကြည့်စမ်းပါဦး တော်ကြာနေဖျားနေမှဖြင့်.. "

" သူနိုးနေလောက်ပါပြီ ကျုပ်အခုသွားကြည့်လိုက်မယ်.."

" အေးအေး..အဆိုင်းကိုမနက်စာပြင်လိုက်ထားမယ်..မင့်လူလေးကိုခေါ်ခဲ့ချည် "

" ဟုတ်ကဲ့ အဖ "

ပြောပြီးတာနှင့် နေစေးက အိမ်အပေါ်ထပ်ဆီတတ်လာခဲ့သည်။ နေစေးတတ်လာတဲ့အချိန်မှာ ခွန်စိုင်းမျက်နှာသစ်ပြီးအပေါ်ပြန်တတ်လာချိန်နဲ့ကွက်တိဆုံသည်။

" ခင်ဗျားနိုးနေပြီလား? "

မျက်နှာသစ်ပြီးစမို့ ရေမသုတ်ရသေးတဲ့ ခွန်စိုင်းမျက်နှာလေးက ကလေးနီတာရဲလေးလို အသားဖြူဖွေးပြီး ပါးမို့နှစ်ဖက်ရဲရဲလေးဖြစ်နေတဲ့အပြင် မနေ့ညကငိုထားတာကြောင့် မျက်လုံးအောက်နားမှာလဲ နီလို့နေသည်။ နေစေးက ခွန်စိုင်းအနားသို့လျှောက်သွားပြီး မျက်နှာလေးအနှံ့ ရေသီးလေးတွေကျနေပုံအား လှပတဲ့ပန်းချီကားချပ်တစ်ခုလိုကြည့်နေမိသည်။ ခွန်စိုင်းက နေစေးကိုတွေ့တော့ ပြုံးပြသည်။

" ခုနကလေးတင်ပဲ ကိုယ်နိုးတာ၊ မင်းရော.. "

" ကျုပ်နိုးတာ ကြာပေါ့၊"

ထိုသို့ပြောရင်း နေစေးလက်တစ်ဖက်က ခွန်စိုင်းနှဖူးကရေစိုလက်စဆံပင်ကိုသပ်တင်ပေးကာ ကျန်လက်တစ်ဖက်ကအကျီအနားစလက်ရှည်နှင့် နှဖူးနားတစ်ဝှက်ဆီရေသုတ်ပေးသည်။ ခွန်စိုင်းကလဲ နေစေးရဲ့ထိုသို့အပြုအမှုကိုနေရခက်ခြင်းမရှိ ခံယူလျှက် ။

" အဝတ်စားလဲပြီးဆင်းခဲ့၊ အောက်မှာ အဖတောင်ပြန်ရောက်နေပြီ "

" ဘဘကြီးပြန်လာပြီလား? "

" အင်း"

ဘကြီး ပြန်ရောက်နေတာသိလိုက်တော့ ခွန်စိုင်းစိတ်ထဲနည်းနည်းစိုးရိမ်စိတ်ဝင်သွားမိသည်။ ဘကြီးက ခွန်စိုင်းနဲ့ နေစေးရဲ့ပက်သတ်မှု့ကိုသိသွားရင်ဘယ်လိုလုပ်မလဲ?။

တိတ်ဆိတ်သွားတဲ့ ခွန်စိုင်းကြောင့် နေစေးက ခွန်စိုင်းမျက်နှာလေးကိုကြည့်ပြီးနှဖူးလေးကိုဖွဖွနမ်းရှိုက်သည်။

" ဘာဖြစ်လို့လဲ? "

" ဟင်..ဘ ဘာမှမဖြစ်ပါဘူး "

" အများကြီးမတွေးနဲ့ အဆင်ပြေသွားလိမ့်မယ် "

" ဒါပေမယ့်..."

ဆက်ပြောမယ့် ခွန်စိုင်းနှုတ်ခမ်းပေါ် နေစေးလက်ညှိုးတစ်ချောင်းတင်ကာ ခေါင်းခါပြပြီး..။

" ကျုပ်ကိုယုံပါ အရာအားလုံးကျုပ်ဆီပဲလွှဲထားလိုက်၊ ကျုပ်ခင်ဗျားနဲ့အတူရှိဖို့ ကျုပ်အရာအားလုံးနဲ့ ရင်းရဲတယ် "

* ဒါက မင်းအပြောလေ..ကိုယ်ကမင်းခက်ခဲမှာကြည့်နေနိုင်မယ်ထင်လို့လား *

ထိုစကားကိုတော့ ခွန်စိုင်းအတွေးထဲကပင်ပြောမိပါ၏။ အပြင်ထုတ်ပြောဖို့ရာ နေစေး လက်မခံဘူးဆိုတာ ခွန်စိုင်းသိသည်လေ။

ထို့နောက် ခွန်စိုင်းအဝတ်အစားလဲကာ နေစေးနဲ့အတူ အောက်ထပ်ဆီဆင်းလာခဲ့သည်။ ဘာတွေပဲဖြစ်လာပါစေ နေစေးနဲ့ပက်သတ်ပြီး ခွန်စိုင်း အရာအားလုံးခံယူဖို့ဆန္ဒရှိသည်။ဒါ့ကြောင့် လက်ရှိမှာ အကောင်းဆုံးပျော်အောင်နေတော့မယ်လို့ ဆုံးဖြတ်ထားလိုက်သည်။

" ဘဘကြီး.. "

ခွန်စိုင်းက ဘဘကြီးကိုမြင်တာနှင့်ပြုံးကာ လှမ်းခေါ်လိုက်သည်။ ဘကြီး က ခွန်စိုင်း နွေးထွေးစွာပြန်ပြုံးပြလာသည်။

" ထိုင်..လူလေး၊ ဘကြီးကလူလေးမနိုးသေးဘူးထင်နေတာ "

အလုပ်ကိစ္စဆွေးနွေးတုန်းကမျက်နှာမျိုးနဲ့မတူအောင် ခွန်စိုင်းအား နွေးထွေးစွာပြုံးရာ်၍ဆက်ဆံနေတဲ့ ဘကြီးကို နေစေးကြည့်လိုက်မိသည်။

သူ့အဖေက လူကြီးလေးကိုတကယ်သဘောကျသည်၊ ဒါက ချွေးမတစ်ယောက်အနေနဲ့မဟုတ်ရင်တောင်ကိစ္စမရှိပါဘူး..နောင်မှာ နေစေးပိုကြိုးစားရမယ်လေ။

" ကျွန်တော်မနေ့ညက အိပ်ရာဝင်တာနောက်ကျသွားလို့ဗျ ၊ "

" ဟားဟား.. ရပါတယ်ကွာ၊ သူစိမ်းတွေလဲ မဟုတ်၊ ဘာမှမဖြစ်ဘူး..အဆင်ပြေသလိုသာနေနော့ "

" ဟုတ် ဘဘကြီး၊ ဒါနဲ့ ဘဘကြီးဘယ်တုန်းကပြန်ရောက်တာလဲ "

" ဒီနေ့မနက်ပဲပြန်ရောက်ပေါ့..၊ ဟော မေ့နေလိုက်တာ..ကျုပ်မယ် လူလေးအတွက်လက်ဆောင်ချန်ထားပါ့ "

" လက်ဆောင်?"

" ဘကြီး ရှမ်းပြည်ဘက်ရောက်တုန်းအိမ်သားတွေအတွက် လက်ဆောင်အပြန်သယ်ခဲ့တာရော်..ကျန်တဲ့လူတွေကတော့ ယူကုန်ပြီး၊ လူလေးပဲကျန်တော့တာ..၊ ကဲ ရော့ "

ကမ်းပေးလာတဲ့ အထုတ်လေးနှစ်ခုကို ခွန်စိုင်းလှမ်းယူလိုက်သည်။ ခွန်စိုင်းကြည့်လိုက်တော့ အထဲတွင် ရှမ်းပုဆိုးလေးတွေနှင့်အကျီလေးတွေဖြစ်တာမို့ ခွန်စိုင်းသဘောတကျပြုံးကာ ဘဘကြီးကိုကျေးဇူးတင်စကားပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ဘဘကြီး "

" ရပါတယ်လူလေးရယ်..၊ အက်ဒွက် တပ်စခန်းဘက်သွားဖို့ရှိတယ်ဆို ​ညိုကြီးကိုပြင်ခိုင်းလိုက်တော့လေ " "

" ငဒူးကို ခုနက ကျုပ်ပြောထားလိုက်တယ်အဖ..  ကျုပ်မြို့ကြီးဘက်ဆီတောင်ဆက်ရမယ်ထင် "

" မြို့ကြီးဘက်လှည့်မယ်ဆိုရင်တော့ မင်း အစောလေးသွားမှတန်ကာကြမယ်နော့် "

" ဟုတ်ကဲ့ အဖ "

ဘကြီး နဲ့ နေစေးပြောတာတွေ ခွန်စိုင်းနားထောင်ပြီး မျက်လုံးလေးတွေဝိုင်းလာသည်။ မြို့ကြီးဆီလျှောက်လည်ဖို့အခွင့်အရေးကို သူအမိအရဆုပ်ကိုင်ရမည်။ ခွန်စိုင်းစိတ်လှုပ်ရှားပြီးလိုက်ချင်နေတဲ့ပုံစံလေးနှင့်နေစေးကိုပြုံးပြတော့ နေစေးက ရယ်ချင်တာကိုအောင့်ထားကာ ပုံမှန်လေးပဲပြုံးပြလိုက်သည်။

"  ကဲ ကဲ မနက်စာစားကြရအောင်၊  "

ထို့နောက် ခွန်စိုင်း တို့အားလုံးမနက်စာအတူတူစားကြသည်။

စားပြီးတာနှင့် ခွန်စိုင်းနဲ့ နေစေးက ဘကြီးနဲ့စကားခဏပြောပြီး နေစေးက တပ်စခန်းဆီသွားရန် အပေါ်ထပ်သို့တတ်လာခဲ့သည်။ ခွန်စိုင်းက လက်ဆောင်ထုတ်သွားထားမယ်ဆိုပြီး ဘကြီးကိုခွင့်တောင်းကာ အပေါ်တတ်လာပြီး နေစေး အခန်းတံခါးကိုခေါက်လိုက်သည်။

" စိုင်းဟွမ်လား..ဝင်ခဲ့လေ "

နေစေးအသံကြားတော့ခွန်စိုင်းဝင်သွားလိုက်သည်။

" အက်ဒွက်.."

ခွန်စိုင်းအသံကြောင့် နောက်ကျောပေးပြီးအကျီကျယ်သီးချွတ်နေတဲ့ နေစေးက ခွန်စိုင်းကိုလှည့်ကြည့်လာသည်။

" အာ...အ အဝတ်စားလဲနေတာလား၊ "

အယောင်ယောင်အမှားမှားဖြစ်သွားတဲ့ ခွန်စိုင်းအနားသို့ နေစေးတစ်လှမ်းချင်းလျှောက်လာသည်။ အကျီကျယ်သီးကျွတ်နဲ့ ပေါင်မုန့်ခြောက်လုံးကြွက်သားအဖြိုင်းဖြိုင်းကသရေကျလောက်စရာဖြစ်နေပြီး ခွန်စိုင်းအားငြို့ငင်စွာကြည့်နေတဲ့ နေစေးပုံစံကမြန်မာဇာတ်ကားထဲကလူယုတ်မာလို့ပြုမှုနေတာကြောင့် ခွန်စိုင်းမျက်နှာ နီရဲတတ်လာပြီး မျက်နှာလွှဲထားလိုက်သည်။

" ဘ..ဘာလုပ်နေတာလဲ.. "

အရှက်သည်းကာ မျက်နှာလေးနီရဲကာပေါက်ထွက်မတတ်ဖြစ်နေတဲ့ ခွန်စိုင်းကိုကြည့်ပြီး နေစေးနှုတ်ခမ်းကော့တတ်ယုံမျှပြုံးကာ..၊

" ကျုပ်အဝတ်ချွတ်နေတဲ့အချိန်မှာ ရောက်လာတဲ့ ခင်ဗျားကိုကျုပ်ဘာလုပ်မယ်လို့ထင်နေတာလဲ "

မနေ့ညကဆင်ဆာမဲ့ကိစ္စတစ်ခုက ခွန်စိုင်းအသိအာရုံထဲဝင်လာချိန်မှာ ခွန်စိုင်းမျက်နှာတွေပူထူလျှက်မနေတတ်တော့ပေ ။

" ...ကိုယ်...ကိုယ်လဲမင်းအဝတ်စားလဲနေမယ်လို့ ဘယ်ထင်မလဲ၊ အဲ့.. အဲ့ဒါဆိုလဲ နောက်မှပြန်လာခဲ့တော့မယ်.."

ပြောပြီးတာနှင့်တံခါးပေါက်ဆီလှမ်းနေတဲ့ ခွန်စိုင်းလက်ကို နေစေးဆွဲယူပြီး ခွန်စိုင်းခန္ဓာကိုယ်လေးကိုညင်သာစွာပွေ့ဖက်ထားလိုက်သည်။

" ..... "

" ဘာလို့အဲ့လောက်ရှက်နေတာလဲ..ကျုပ်ခန္ဓာကိုယ်ပေါ်မှာတောင် ခင်ဗျားအနံ့အသက်မပျောက်သေးဘူးနော် "

" ဘ..ဘာတွေပြောနေတာလဲ! မရှက်ဘူးလား "

" အမှန်ပြောတာနေရော..ဘာရှင်စရာရှိတုန်း.. ရှက်ပေါင်.. "

" မင်း....! ဖယ်တော့..၊ မဖယ်ရင် ရိုက်မှာနော် "

" အင်း ၊ ခင်ဗျားကျေနပ်မယ်ဆိုရင်ပေါ့ "

ထိုသို့ပြောပြီး ခွန်စိုင်းကိုပိုလို့ဖက်ထားပြီး လည်တိုင်လေးဆီတစ်ချက်နမ်းလိုက်တဲ့ နေစေးကြောင့် ခွန်စိုင်းလည်တိုင်လေးနှင့်နားရွက်လေးပင် နီလျှက်။ ဖဲ့ကျသွားမှာစိုးရိမ်နေသလိုမျိုး ညင်သာတဲ့ထွေးပွေ့မှု့တွေကြောင့် ခွန်စိုင်းမှာ ရှက်သော်လည်း နေစေးကိုရိုက်ဖို့ရာစိတ်ကူးမရှိပေ။

နေစေးသည်လည်း သူ့ကိုမရိုက်ရက်တဲ့ ခွန်စိုင်းရဲ့စိတ်ကိုသိနေခြင်းကြောင့် နှုတ်ခမ်းတွေကတိတ်တခိုးပြုံးပြီး ဖက်ထားရင်းပင် ခဏလောက်နေလိုက်သည်။ ဒီနေ့ မြို့ကြီးက ကိုသီဟ ဆီသွားပြီး တစ်ချို့အကြောင်းအရာတွေအရာ နေစေး မေးရဦးမယ်။ ဒါမှ ခွန်စိုင်းဆိုတဲ့ လူကြီးလေးက စောနေစေးအပိုင်ဖြစ်လာမည်မဟုတ်လား။

" ကိုယ့်ကိုလဲ မြို့ကြီးခေါ်သွားမှာလားဟင်? "

" ....ခင်ဗျားလိုက်ချင်လို့လား "

" နေခဲ့ဆိုလဲရပါတယ်၊ ဒါပေမယ့် ခေါ်သွားရင်တော့ပိုကောင်းတာပေါ့ "

ခွန်စိုင်းကိုဖက်ထားရာကခွာပြီးကြည့်တော့ တောင်းဆိုတဲ့မျက်ဝန်းလေးတွေက ကြည်တောက်ကာ အ​ပြုံးနုနုတို့ကလှပလျှက် မျှော်လင့်တကြီးနဲ့ပင် ။ ခရီးသွားဧည့်သည်တွေတိုင်းက ဒီလူကြီးလေးလိုချစ်ဖို့ကောင်းသလား? ။ နေစေးက ညစ်ကျယ်ကျယ်လေးပြုံးကာ..။

" ကျုပ်ကိုနမ်း...အဲ့တာဆို ခေါ်သွားပေးမယ် "

" ဟမ်? "

" ဒီနေရာလေး..."

သူ့လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ ခါးအနည်းငယ်ကိုင်းပေးတော့ ခွန်စိုင်းအမြင်ကပ်စွာ မျက်လုံးထောင့်ကပ်ကြည့်ပြီး မသိမသာနှုတ်ခမ်းဆူလျှက်မသိချင်ယောင်ဆောင်နေသည်။

" အိုး...မနမ်းချင်ဘူးပေါ့၊ ကောင်းပြီလေ..အိမ်မှာ ကောင်းကောင်းနေခဲ့နော် "

" ......."

နေစေး စကားကြောင့် ခွန်စိုင်းစိတ်ပေါက်ပေါက်နဲ့ ချက်ချင်းပင် နေစေးပခုံးကနေဖိနပ်ပြီးခါးကိုင်းစေကာ နှုတ်ခမ်းတစ်စုံကို ပြွတ်ခနဲ မြည်အောင်စုပ်ယူနမ်းပြစ်လိုက်သည်။

" ကိုယ်နမ်းပြီးပြီနော်.. အဝတ်စားသွားလဲတော့မယ်.."

ခပ်သွက်သွက်ပြောပြီးအလျှင်စလိုထွက်သွားက တဖက်အခန်းဆီတောင်ပြန်ရောက်နေပြီ၊ နေစေးမှာတောင် ခွန်စိုင်းစုပ်နမ်းသွားတဲ့သူ့နှုတ်ခမ်းဆီကအနမ်းနွေးနွေးလေးကိုလက်နဲ့တို့ထိကာ နားဖျားတွေနီရဲ၍ သဘောကျနေတော့သည်။

* လူကြီးလေးကို ထပ်နမ်းချင်လိုက်တာ! *

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အနောက်ဘက်ရွာတွင်ဖြစ်သည်။

နော်အဲလာသည် မနေ့ညကသူတွေ့ခဲ့တဲ့ ခွန်စိုင်း နဲ့ နေစေး ရဲ့ပက်သတ်မှု့ကိုမျက်လုံးထဲမြင်ယောင်လာတိုင်းမှာ သူမအသွေးအသားထဲထိရွံ့ရှာမှု့ကိုခံစားနေရသည်။

သူမဟာ ဒီလုံဝမ်ရွာတွင်မွေးဖွားကြီးပြင်းခဲ့သော်လည်း တခြားသော မြို့ကြီးသူတွေထပ်နိမ့်ကျခဲ့ခြင်း မရှိခဲ့ပေ။ ဒါ့အပြင် ဇမ်မထီဟန်မြို့ပေါ်တွင် လုံဝမ်ရွာလူကြီးရဲ့သမီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တစ်ချို့​သောလူတွေဟာ သူမအားမျက်နှာသာအလေးပေးဆက်ဆံတတ်ခြင်းပင်ရှိသည်။ သို့သော် အချစ်ရေးရာမှာ သူမလက်ထက်ဖို့အထိရည်ရွယ်ထားသော ယောက်ကျားမှာ ဘာကြောင့်တခြားယောက်ကျားတစ်ဦးနဲ့ချစ်ကြိုက်နေရသလဲ သူမတွေးမရပေ။

ထိုလူဟာ သူမထက်ဘယ်နေရာများသာတာရှိလဲ? ၊ ဒါ့အပြင် သူမလိုမိန်းမပျိုတစ်ယောက်က ဘာမဟုတ်တဲ့လူတစ်ယောက်နဲ့ယှဥ်ပြိုင်နေရခြင်းကိုပို၍ဒေါသထွက်စရာကောင်းနေမိသည်။

ဧည့်ခန်းမှာထိုင်ပြီး တွေတွေဝေဝေနဲ့ မျက်နှာမကောင်းဖြစ်နေတဲ့ နော်အဲလာသည် သူမစိတ်ထဲမှာ နေစေးဟာ သူမအပိုင်ပဲမို့ အခုလို ခွန်စိုင်းနဲ့ကိစ္စကို မျက်စိနဲ့မြင်၊ နားနဲ့ကြားခဲ့ခြင်းကိုပင် လက်မခံနိုင်ဖြစ်နေဆဲပင် ။

* နင်က ဧည့်သည်တစ်ယောက်ပဲလေ..အဲ့တော့ ဒီနယ်မြေမှာ လူမသိသူမသိသေသွားတော့ရော ဘာဂရုစိုက်စရာရှိလဲ *

သူမရဲ့အမုန်းတရားတွေနဲ့အမျက်ဒေါသတွေက အမှားအမှန်ကိုဖုံးကွယ်နေခဲ့ပြီး..အရာအားလုံးကို သူမရှေ့ဆက်လုပ်ဆောင်ဖို့အကြံအစည်များပြည့်နေလျှက်ရှိသည်။

" နော်...သမီးငယ် ၊ ဝေ့ နော်အဲလာ "

" ရှင်!... ရှင် အဖေ "

" အို ဘယ့်နှယ့် ခေါ်လိုက်ရတာကွယ်၊ ဘာတွေတွေးနေတုန်း.. မျက်နှာလဲကောင်းမနေဘူးရော်"

ခုံမှာဝင်ထိုင်ရင်းမေးလာတဲ့ နော်အဲလာအဖေသည် သူ့ သမီးရဲ့မျက်နှာမကောင်းပုံကိုကြည့်ပြီး အလိုမကျဟန်။မိတဆိုးသမီးလေးမို့ နော်အဲလာကို သူ့အဖေကလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးပြီး မျက်နှာတစ်ချက်မညှိုးအောင်ထားသည်။

" ဘာမှမဖြစ်ပါဘူး အဖေ "

" ဘယ်လိုဘာမှမဖြစ်တုန်းလို့.. သမီးမျက်နှာဒီလောက်မကောင်းဖြစ်နေတာ၊ ပြောပါဦး..ငါ့သမီးကိုဘယ်အရာကအနှောက်ယှက်ပေးနေတာလဲ "

" ....... "

ထိုသို့ပြောလာတဲ့ အဖေဖြစ်သူစကားကြောင့် နော်အဲလာ မျက်လုံးလက်ခနဲဖြစ်သွားသည်။ ဟုတ်တာပဲ.. သူမအဖေကိုပြောလိုက်ရင် သူမကိုစိတ်အနှောက်ယှက်အောင်လုပ်နေတဲ့ အကောင်စုတ်ကို အဖေက ဖြေရှင်းပြစ်နိုင်တယ်မဟုတ်လား။ နောက်ပြီး....။

ထိုအခါ နော်အဲလာသည် သူမအဖေကိုကြည့်ပြီး မျက်နှာကိုစောနကထပ်ညှိုးစွာ ။

" အဖေ..သမီုး အကို့ ကိုမေတ္တာရှိပေမယ့် အကိုကသမီးကိုဂရုမစိုက်ဘူး၊ သမီးမှာဘာချို့ယွင်းချက်တွေရှိနေလို့လဲဟင် "

" အိုး..သမီးငယ်ရယ်.."

ရွာလူကြီးဟာ သူ့သမီးခံစားနေရတဲ့မျက်နှာလေးကိုကြည့်ပြီးရင်ထဲမကောင်းဖြစ်ရသည်။

ငယ်စဥ်အချိန်က သူ့သမီးနဲ့ စောနေစေး က အမြဲကစားဆော့ကစားပြီး နောင်တချိန်မှာ သူတို့နှစ်ယောက်ကို လက်ထက်ပွဲလုပ်ပေးဖို့အထိရည်မှန်းထားသော်လည်း ဖြစ်ပျက်သွားခဲ့တဲ့ကိစ္စတွေကြောင့် စောနေစေးတို့သားအဖဟာ သူ့အားခပ်ခွာခွာလုပ်လာပြီးနောက်ပိုင်း တစ်ရွာစီတစ်သီးတစ်သန့်ဖြစ်သွားခဲ့သည်။ အခုတော့ ကြားထဲက သူ့သမီးလေးက ခံစားနေရရှာပြီ။

ရွာလူကြီးက သက်ပြင်းရှည်တစ်ချက်ချကာ..။

" သမီး စောနေစေးအပေါ်ဘယ်လိုသံယောဇဥ်ကြီးလဲဆိုတာ အဖေသိပါတယ်၊ အင်း ..အဲ့အတွက်သမီးဘာမှစိတ်မညစ်နေနဲ့တော့ ၊ အဖေတစ်ခုခုစီစဥ်​ပေးမယ်ရော် "

" တကယ်လား အဖေ "

" စိတ်မပူနဲ့ ၊ စောနေစေးက ငါ့သမီးရဲ့လက်တွဲဖော်ဖြစ်လာစေမယ် "

သူမအဖေရဲ့အာမခံနေတဲ့စကားကြောင့် နော်အဲလာ ​မျက်နှာပြုံးရွင်လာပြီးနောက်..၊

" နောက်တစ်ခုရှိသေးတယ် "

" ဘာများလဲ "

" အရင်ကဆို အကိုက သမီးအပေါ်ဂရုစိုက်ပေးပေမယ့် အခုနောက်ပိုင်းမှာပိုစိမ်းကားလာတယ် အဖေ ၊ အဲ့တာတွေအားလုံးက သူ့အိမ်မှာရောက်နေတဲ့ဧည့်သည်ကြောင့်ပဲ၊"

" ဧည့်သည်? "

" ဟုတ်တယ်၊ အကို့အိမ်မှာရောက်နေတဲ့ ဧည့်သည်ကိုဂရုစိုက်နေရတာနဲ့ အကိုကသမီးနဲ့တွေ့ဆုံတိုင်းအမြဲဖျက်တယ်၊ သမီးအတွက်တော့ အဲ့ဧည့်သည်ကအနှောက်အယှက်ပဲ "

ပြောရင်းနဲ့ဒေါသထွက်လာတဲ့ နော်အဲလာသည် သူမမျက်ဝန်းတွေထဲမှာအလွန်စိတ်တိုနေတဲ့အသွင်နှင့်လက်သီးကျစ်ကျစ်ဆုတ်ထားရင်းပြောလာသည်။ ရွာလူကြီးသည်သူ့သမီးရဲ့ဒေါသထွက်နေတဲ့ပုံစံကိုမြင်တော့ မျက်မှောင်ကျုံ့ကာ..။

" အဲ့လိုလား.."

" အဖေ သမီးသူ့ကိုဒီရွာမှာမမြင်ချင်ဘူး၊ အကို့ ဆီက သမီးရမယ့် အရာတွေကို အဲ့ကောင်လုယူနေတာ..သမီးသူ့ကိုမုန်းတယ်!"

" ဘာမဟုတ်တဲ့ဧည့်သည်က ငါ့သမီးစိတ်အနှောက်ယှက်ဖြစ်အောင်လုပ်ရဲတယ်..၊ ဘာမှစိတ်ညစ်ခံမနေနဲ့ နော်အဲလား.. သမီးအတွက် အဖေ အဲ့အမှိုက်ကိုရှင်းပေးမယ်၊ ငါ့သမီးအတွက် ဘယ်အရာမှ အနှောက်ယှက်မဖြစ်စေရဘူး "

နော်အဲလာသည်သူ့အဖေရဲ့စကားကြောင့် ချက်ချင်းပင်မျက်နှာမှာကျေနပ်နေတဲ့အပြုံးမျိုးဖြစ်တည်လျှက် ထိုင်နေရာမှ သူ့အဖေပေါင်ပေါ်ခေါင်းတင်၍..။

" အဖေသမီးအတွက် လုပ်ပေးမယ်ဆိုတာ သမီးသိတယ်၊ "

ရွာလူကြီးက သူ့သမီးခေါင်းလေးကိုဖွဖွပွတ်ကာ..။

" ငါ့သမီးစိတ်ချမ်းသာဖို့အတွက်ဆို အဖေသေချာပေါက်ရှင်းထုတ်ပေးမယ် "

ဖြစ်ချင်တာဖြစ်ရတော့မှာမို့ စိတ်ကျေနပ်သွားတဲ့ နော်အဲလာဟာ သူ့အဖေပေါင်ပေါ်မှာခေါင်းမှီရင်း နှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာမဲ့ပြုံးပြုံးနေခဲ့သည်။

.......

နေစေးသည် ခွန်စိုင်းနဲ့အတူ မြင်းအတူတူစီးလျှက်ပင် အရှေ့ဘက်တပ်စောင်းဂိတ်ဆီရောက်လာခဲ့သည်။ ဂိတ်စောင့်တပ်တွင်းမှာရှိတဲ့ တပ်သားတွေဟာ ခွန်စိုင်းကို ပထမတစ်ခေါက်မြင်တွေ့ကတည်းက သဘောချိုတဲ့လူတစ်ယောက်ဆိုတာသိကြတာမို့ အခုခါမှာ ခွန်စိုင်းကိုမြင်တွေ့တဲ့အခါ မျက်နှာခက်ထန်ခြင်းမရှိကြပေ။

အယ်ထူးတို့အားလုံးက နေစေး ထိုင်နေရာဆီလျှောက်လာကြသည်။

" ဦးဆောင်သူ "

" အင်း.."

နေစေး က အယ်ထူး၊ ဗြောရယ် နဲ့ ခူးရယ် ကိုတစ်ချက်ကြည့်ကာ ခေါင်းညှိမ့်ပြလာသည်။ လက်ထဲတွင်တော့ ရေနွေးကြမ်းအခါးပူပူတစ်ခွက်ကိုင်ကာ လေမှုတ်နေသည်။

အယ်ထူးတို့အားလုံးက နေစေး နဲ့နည်းတူ ဘေးမှာထိုင်နေတဲ့ ခွန်စိုင်းကိုလဲ ရိုသေစွာနှုတ်ဆက်လာသည်။

" နောင်ကြီးခွန်စိုင်း "

" အားလုံးနေကောင်းကြတယ်မလားဗျ.."

" .. ဟုတ် ကျုပ်တို့နေကောင်းတယ်ရော် "

ဖော်ရွှေတဲ့အပြုံးနှင့်နွေးထွေးတဲ့စကားလေးကြောင့် အယ်ထူးတို့တခဏမျက်ခုံးပင့်တတ်တာ နေရခက်ခက်နဲ့ဖြေလာသည်။

" ကျုပ်တို့က ဦးဆောင်သူ နေစောင်းချိန်လောက်မှထွက်လာမယ်ထင်နေတာ "

" စောစောထွက်လာတာ.. "

ခူးရယ်ပြောတာကိုဖြေရင်းနဲ့ နေစေးလက်ထဲက ရေနွေးကြမ်းခွက်ကိုခွန်စိုင်းဆီလှမ်းပေးတော့ ရှေ့မှာရပ်နေတဲ့ အယ်ထူးတို့သုံးယောက်ကမျက်လုံးအပြူးသားနဲ့ကြည့်နေရှာသည်။ ကြမ်းတမ်းတဲ့ဦးဆောင်သူကသူ့ရဲ့ဧည့်သည်လေးကိုဆက်ဆံပုံဟာတမူထူးခြားနေသော်လည်း သူတို့ထုတ်မပြောရဲချေ။

" ဘယ်မလဲ.. ဘွား နဲ့ မော့..၊ သူတို့မရောက်သေးတာလား "

" သူတို့မ​နေ့ကတည်းကဒီမှာပဲရှိတယ် မပြန်ကြဘူးပဲ၊ ကျွန်​တော်တပ်သားကိုသွားခေါ်ခိုင်းထားတယ် "

ထိုသို့ပြောပြီးမကြာလိုက် ခွန်စိုင်းတို့ရောက်နေတယ်ကြားတာနှင့် လေ့ကျင့်ရေးကွင်းထဲမှာရောက်နေတဲ့ ဘွား နဲ့ မော့ ရောက်လာပြီး ခွန်စိုင်းကိုမြင်တာနဲ့ ​မော့ လက်လှမ်းပြ၍ ပြုံးပြလာသည်။

" ဝေ့ နောင်ကြီး "

ခွန်စိုင်းကလည်း မော့ကိုတွေ့တာနှင့်ပြုံးပြနှုတ်ဆက်သည်။ မော့ က အလုပ်အတည်အတန့်လုပ်နေချိန်ကလွဲပြီးကျန်တဲ့အချိန်များဆို ပျော်ပျော်နေတတ်ပြီး ဘွား ကိုလဲ အမြဲစနောက်နေတတ်တာမို့ မော့ အကြောင်းသိနေတဲ့ နေစေးတို့ကလက်လွတ်ထားရသည်။

" ဒီနေ့ နေစေး လာမယ်ဆိုတာသိပေမယ့် နောင်ကြီးပါမယ်မထင်မိဘူးရော်၊ ဘွား ကျုပ်ကိုလဲငှဲ့ပေးဦး "

ကွပ်ပျစ်မှာဝင်ထိုင်၍ ခွန်စိုင်းကိုပြောရင်း တဖက်ကဘွားကိုလဲ ရေနွေးငှဲ့ခိုင်းနေတဲ့ မော့ ။ ဘွားကတော့ မော့ပြောတဲ့အတိုင်း ရေနွေးငှဲ့ပေးရှာသည်။

" ကိုယ်လဲလိုက်လာဖြစ်မယ်မထင်ဘူး အက်ဒွက်ကမြို့ကြီးဘက်သွားမယ်ဆိုလို့လိုက်လာတာ "

" မြို့ကြီး? "

" ဟုတ်တယ် ကျုပ်ဒီနေ့ကိစ္စလေးရှိလို့မြို့ကြီးသွားမလို့.."

" အရေးကြီးလား နေစေး၊ ကျုပ်တို့ပါလိုက်ဖို့ လိုအပ်လား "

" အရေးကြီးကိစ္စတော့မရှိဘူး ၊ ဒီတိုင်း..စိုင်းဟွမ်လဲပါတော့အလည်သဘောပါပဲ "

" အေးပါ အဲ့လိုဆိုလဲကောင်းတာပဲ၊ နောင်ကြီးခွန်စိုင်းက မြို့ကြီးဘက်အလည်မရောက်ဖူးဘူးမဟုတ်လား "

" ကိုယ် ဒီလာတုန်းကတော့ ဖြတ်လာခဲ့ဖူးပေမယ့် လည်တာတော့မလည်ဖူးသေးဘူး၊ "

ထိုသို့စကားစမြည်ပြောပြီးနောက် ကိစ္စတစ်ချို့စီစဥ်စရာရှိသေးတာကြောင့် နေစေးက ခွန်စိုင်းကို မော့ နဲ့ ထားတာ ဘွား နဲ့ကျန်လူများကိုခေါ်၍ ကင်းတဲထဲသို့သွားပြီး အကြောင်းအရာဆွေးနွေးသည်။

အပြင်မှာကျန်ခဲ့တဲ့ ခွန်စိုင်းဟာ ကင်မရာကိုင်ထားသော်လည်း သူရိုက်သင့်တဲ့ပုံ နှင့် မရိုက်သင့်တဲ့ပုံကိုသိသည်။ ဒါ့ကြောင့် ခွန်စိုင်းက ဒီတပ်စခန်းပုံများကို တစ်ပုံတစ်လေမှရိုက်ပြုခြင်းမရှိပေ ။ မော့ နဲ့ရောက်တတ်ရာရာစကားတွေပြောရင် နေစေးကိုစောင့်နေသည်။

နေစေးတို့အစည်းအဝေးပြီးတာနှင့် နေစေး နဲ့ ခွန်စိုင်းသည် မြင်းနှင့်ပင် ဇမ်မထီဟန်မြို့ပေါ်သို့တတ်လာခဲ့သည်။ မြို့အဝင်လမ်းမရောက်ခင်တစ်နေရာမှာ နှစ်ယောက်သားမြင်းပေါ်ကဆင်းပြီးလမ်းလျှောက်၍ မြင်းကိုမြို့အဝင်ကအိမ်တစ်အိမ်မှာအပ်နှံကာ နေစေးတို့ မြို့ထဲသို့ဝင်လာခဲ့သည်။

များစွာစည်ကားလျှက်ရှိတဲ့ ဇမ်မထီဟန်မြို့ ဟာ ရန်ကုန်မြို့ပေါ်မှာလို ကားများရှုတ်ထွေးစွာမရှိသည်ကလွဲလို့ အတော်လေးလူစည်ကားလျှက်ရှိပြီး လူပေါင်းစုံလှသည်။ အိမ်ခြေတစ်ချို့ရှိသည်မှာ ထိုအိမ်ခြေတွေတိုင်း အုပ်ပတ်ကားများနှင့်သာဆောက်လုပ်ထားသည်။

နေစေးသည် သူ့အသိ ကိုသီဟဆိုတဲ့ကုန်သည်ဆီအရင်လာတာကြောင့် အခုခါမှ ခွန်စိုင်းနဲ့အတူတူလျှောက်လာသည်။ မြို့လမ်းဆိုရာတွင် လမ်းဘေးမှာ စျေးသည်တစ်ချို့ရှိနေသလို ဝယ်သူတစ်ချို့တစ်ချို့သည်လည်းရှိနေခြင်းကြောင့် ဝင်တိုးခံရတာလဲရှိသည်။

* ကျစ်! လူရှုတ်လိုက်တာ *

ခွန်စိုင်းသည် လမ်းသွားလူတွေကိုရှောင်နေရင်း သူ့အားခဏခဏဝင်တိုက်မိနေတာကြောင့် မနည်းကြည့်ရှောင်နေရသည်။ ဒါကို တွေ့တော့ နေစေးက ခွန်စိုင်းလက်ကိုဆွဲကာဆုတ်ကိုင်ထားရင်း..။

" ကျုပ်လက်ကိုကိုင်လျှောက်..၊ ရှေ့မှာဆို လူပိုများတယ် "

ပထမတော့ ခွန်စိုင်းအဲ့လိုလျှောက်ရမှာနည်းနည်းအနေခက်မိပေမယ့် တကယ်လည်းရှေ့ဘက်မှာ လူအုပ်ကသွားလာသူတွေများနေတာကြောင့် ခွန်စိုင်းက နေစေးလက်ကိုထပ်၍ကိုင်ကာ..လျှောက်လိုက်သည်။ ပြောစကားနားထောင်တဲ့ခွန်စိုင်းကြောင့် လမ်းလျှောက်ရင်းပင် နေစေးမှာ ကျေနပ်နေသောအပြုံးမျိုး ပြုံးလိုက်တာကိုတော့ ခွန်စိုင်းမသိလိုက်ချေ။

ဆိုင်ခန်းတစ်ခုသို့အရောက်တွင် နေစေးက ဆိုင်တံခါးကိုတွန်းဖွင့်၍ ကောင်တာမှာထိုင်​နေတဲ့လူတစ်ယောက်ကိုခေါ်လိုက်သည်။

" ကိုသီဟ..."

" ဟာ! ဦးဆောင်....အာ မှားလို့ ၊ ကိုနေစေး ဘယ်ကလှည့်လာတာလဲဗျ "

" ဒီကိုပဲ.."

ထိုသို့ပြောနေတဲ့အချိန်မှာ ကိုသီဟ က နေစေးနောက်မှာပါလာတဲ့ ခွန်စိုင်းကိုအံသြစွာကြည့်ပြီး နေစေးလက်ကိုကြည့်မိတော့ ခွန်စိုင်းကနေရခက်စွာ နေစေးလက်ကိုကုတ်သည်။ သို့သော် ကိုသီဟ ဘယ်လိုလူမျိုးလဲဆိုတာသိနေတဲ့ နေစေးက ခွန်စိုင်းသတိပေးနေတာကို ဂရုမစိုက်ပဲလစ်လျှုရှုကာ လက်ကိုဆုတ်ကိုင်ထားဆဲ ။

" ကြွပါ..ကိုနေစေး..ဒီကဧည့်သည်လေးလဲ ကြွပါဗျ "

ကိုသီဟသည် နေစေးနောက်မှပါလာတဲ့ လှပသောမျက်နှာပိုင်ဆိုင်ထားတဲ့အမျိုးသားလေးကိုကြည့်ပြီး မျက်ဝန်းတွေမှာသဘောကျခြင်းအပြည့်နှင့်ပြောလိုက်သော်လည်း.. မထင်မှတ်စွာ စောနေစေး က ထိုအမျိုးသားလေးကို သူ့ရှေ့မှာပင် ပခုံးကိုဖက်ပြီး ထိုင်ခုံနေရာဆီသွားသည်။

ခန့်မှန်းစရာပင်မလိုအောင် ဒီလောကသားပေမို့ အထှာပေါက်သွားတဲ့ ကိုသီဟ က နေစေးကိုအံသြသွားပေမယ့် ဒီနယ်မြေတကြောအပိုင်စိုးတဲ့ ဒီဘုရင်ကိုဘယ်လိုပြောရဲမည်လဲ ။

" ကိုနေစေး ဘာမှာစရာရှိလို့ကိုယ်တိုင်ရောက်လာတာလဲဗျ "

ခွန်စိုင်းလည်ပင်းက ကင်မရာကိုကြည့်ပြီး ကိုသီဟက ခွန်စိုင်းရဲ့လှပတဲ့မျက်နှာလေးအပေါ် သူ့စိတ်ဝင်စားမှု့အားလုံးကို နေစေး ဆီမှာသာ အာရုံစိုက်ထားလိုက်တော့သည်။ သူ့အနေနဲ့ ဒီမြို့မှာ ခေါင်းမြဲချင်သည်လေ။

" ကျုပ်အနေနဲ့ခင်ဗျားဆီကအကြံဉာဏ်အကူညီတောင်းစရာရှိလို့လာခဲ့တာ၊ ခင်ဗျားအဆင်ပြေမလား "

" ကျွန်တော်တတ်နိုင်တာဆိုရင် ဘယ်အရာမဆိုအဆင်ပြေပါတယ် "

နေစေး က ကိုသီဟနဲ့ပြောပြီး ခွန်စိုင်းဘက်ကိုကြည့်လိုက်တော့ ခွန်စိုင်းက နေစေးတို့စကားဝိုင်းထက် ဆိုင်အတွင်းထဲ​ပြင်ဆင်မှု့တွေကိုပို၍စိတ်ဝင်တစားဖြစ်နေတာကိုတွေ့လိုက်ရသည်။

ဒီဆိုင်ဟာ နိုင်ငံခြားစတိုင်ပုံဖော်ပြီးအလှဆင်ထားပုံကခေတ်မှီတယ်လို့ပြောလို့ရသော်လည်း လူကြီးလူငယ်မရွေးစိတ်အေးသဘောကျစေနိုင်တဲ့ပြင်ဆင်မှု့မျိုးပင် ။ ဆိုင်အတွင်းပိုင်းပတ်ပတ်လည်တစ်ခုလုံးတွင် သစ်ခွအလှပန်းအိုးလေးတွေအစီရီချိတ်ဆွဲထားပြီး စာအုပ်စဥ်တစ်ခုပါထားရှိပေးထားတဲ့အပြင် စားပွဲဝိုင်းအသေးလေးနှစ်ခုထားရှိပေးထားသည်။ ဒီဆိုင်ရဲ့အဓိက ရောင်းချတာဘာမှန်းမသိသေးသော်လည်း အခုနေခါမှာတော့ အမြင်နဲ့တင်နေချင်စဖွယ် ။

ခွန်စိုင်းရဲ့ ​တောက်ပတဲ့မျက်ဝန်းညိုလေးတွေဟာ စူးစမ်းချင်စိတ်နှင့်လှပလျှက်၊ ကော့ညွှတ်တဲ့မျက်တောင်ရှည်လေးတွေက ဆွဲဆောင်မှု့ရှိနေခြင်းကြောင့် ကိုသီဟ က ခွန်စိုင်းအပေါ်ကြည့်မိခြင်းပိုမရှောင်လွှဲနိုင်ပေ။ ကိုသီဟရဲ့အကြည့်တွေကိုလုံးဝမကြိုက်နှစ်သက်တဲ့ နေစေးသည် မျက်မှောင်ကျုံ့လျှက်။

" ဒီက.... "

ကိုသီဟမေးတော့ နေစေးက ခပ်တည်တည်နဲ့ပင် ခွန်စိုင်းလက်ကိုကိုင်ပြီး..။

" ဒါက ကျုပ်သက်ဆိုင်သူ..ခွန်စိုင်းဟွမ် "

" ...ဗျာ.. ! "

* သက်ဆိုင်သူ? *

လေးနက်စွာ ကိုသီဟ မျက်နှာကိုစိုက်​ကြည့်ကာပြောလာတာကြောင့် ကိုသီဟမှာ မအံသြပဲမနေနိုင်၊ နေစေးက သူ့ကိုဒဲ့တိုးပြောလာလိမ့်မယ်လို့မှမထင်တာ ။

နေစေးထိုသို့မိတ်ဆက်ပေးမယ့်မထင်လိုက်တဲ့ ခွန်စိုင်းလည်း နေစေးရဲ့စကားကြောင့် မျက်နှာပူပူနှင့်ရှက်၍ နေစေးကို အလန့်တကြားလှည့်ကြည့်လိုက်သည်။ သိူ့သော် နေစေး က မျက်နှာတစ်ချက်အမှုအရာမပျက်ပဲ ခွန်စိုင်းကိုပြုံးကြည့်လာတာကြောင့် ခွန်စိုင်းမှာစိတ်ဆိုးရခက်ခက်ပင်။

အံသြတကြီးဖြစ်နေတဲ့ကိုသီဟကိုကြည့်ပြီး ခွန်စိုင်းမျက်နှာရှက်ရှက်နဲ့ပင်..။

" အဟမ်း ကျွန်တော့်နာမည်ခွန်စိုင်းဟွမ်ပါ ကိုသီဟ "

" အာ..ဟုတ်..ကဲ့၊

" ကျွန်တော်ကဒီမြို့မှာကုန်သည်တစ်ယောက်ဆိုတော့ နောင်မှာ အကို လိုအပ်တာရှိရင်ပြောလို့ရပါတယ် "

" ဟုတ်ကဲ့ ကိုသီဟ "

ခွန်စိုင်းက ဆိုင်အပြင်အဆင်တွေကိုကြည့်နေတာတွေ့တော့ ကိုသီဟပြုံးကာ..။

" အကို ဆိုင်အပြင်အဆင်ကိုစိတ်ဝင်စားပုံပဲ "

ကိုသီဟပြောတော့ ခွန်စိုင်းက ကိုသီဟကိုကြည့်ပြီး ယဥ်ကျေးစွာပင်။

" ဒီဆိုင်ရဲ့ဒီဇိုင်းလေးက တကယ်အေးချမ်းပြီးနေချင်စရာကောင်းအောင်ဖန်တီးထားတာပဲ "

" ဟုတ်တယ်..ကျွန်တော်ဒီလို ဒီဇိုင်းကိုစဥ်းစားမိတုန်းက တော်တော်များများကသဘောမကျကြဘူး။ တော်သေးတာက ကျွန်တော်ပြင်ဆင်ပြီးမှ သဘောကျတဲ့လူနည်းနည်းရှိလာလို့ "

" ကျွန်တော့်အနေနဲ့ဆိုရင်တော့ ဒီဆိုင်လေးက တကယ်လှပပါတယ်၊"

" ကျေးဇူးတင်ပါတယ်ဗျာ.."

ခွန်စိုင်းကသူသဘောကျရာကိုသာပြောပြနေပေမယ့်..ခွန်စိုင်းကိုကြည့်ပြီးပြုံးနေတဲ့ ကိုသီဟရဲ့အကြည့်တွေကိုမကြိုက်တဲ့ နေစေး မျက်နှာမဲမှောင်လို့နေတော့သည်။

" ဒါနဲ့ ကျွန်တော်ဒီဆိုင်အပြင်အဆင်လေးသဘောကျလို့ ပုံရိုက်လို့ရမလားဗျ "

" ရတာပေါ့ဗျာ..ကျွန်တော့်ဆိုင်လေးကိုသဘောကျပေးလို့တောင် ကျေးဇူးတင်နေတာပါ"

နေစေးကဝင်ပြောသည်။

" စိုင်းဟွမ် ဟိုဘက်ကညာဘက်ကိုဘာလို့မသွားလဲ..အဲ့မှာခင်ဗျားစိတ်ဝင်စားလောက်မယ့်တစ်ခုခုတော့ရှိမှာ "

" အင်း အဲ့တာဆို ကိုယ်တစ်ချက်သွားကြည့်မယ်"

ပြောပြီးတာနှင့် ခွန်စိုင်းက ကင်မရာကိုင်ပြီး ဆိုင်ခန်းထောင့်ဆုံးဆီသွားသည်။ ကိုသီဟ က နေစေးခွန်စိုင်းကို ပ,ထုတ်လိုက်တာကိုသိလိုက်တာကြောင့် နည်းနည်းစိတ်ဝင်စားသွားသည်။

" ကျွန်တော်ဆီက ကိုနေစေးအနေနဲ့ဘာအကြံဉာဏ်များလိုချင်တာလဲခင်ဗျ "

" ကျုပ်လိုချင်တဲ့အကြံဉာဏ်က.............. "

နာရီဝက်ခန့်ကြာသော်အခါ..၊

နေစေး နဲ့ ကိုသီဟတို့စကားပြောဆိုပြီးနောက်မှာ ကိုသီဟ ကိုနှုတ်ဆက်ပြီး ခွန်စိုင်းတို့ပြန်ထွက်လာခဲ့ကြသည် ။

ဆိုင်ထဲမှာကျန်ခဲ့တဲ့ ကိုသီဟ သည် နေစေး တို့ကိုကြည့်ပြီး ခေါင်းအသာယမ်းနေမိတော့သည်။ တစ်ယောက်က သေးညှပ်တဲ့ခန္ဓာကိုယ်လေးနဲ့နုနုနယ်နယ်လေး၊ နောက်တစ်ယောက် တောဝက်နဲ့တောင်ယှဥ်သတ်ရဲတဲ့ကြမ်းကြမ်းတမ်းတမ်း.. ၊ အကယ်၍သာဆိုရင် ကိုခွန်စိုင်းဟွမ် ခံနိုင်ရည်ရှိပါ့မလား? ။

သီဟတစ်ယောက် သူ့ဘဝတစ်လျှောက်မှာ ​မြို့ရဲ့ဦးဆောင်သူတစ်ယောက်ကို ဒီလိုအကြောင်းအရာနဲ့ပက်သတ်ပြီး ခရေစေ့တွင်းကျ ပြောပြရလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့ဖူးပေ၊ ဒါ့အပြင် ဘယ်လိုလူက ဒီအကြောင်းကို ကျောင်းသားတစ်ယောက်စာနားမလည်သလို အထပ်ထပ်အခါခါမေးလို့လဲ?  ။ သူ့ကိုပြောပြရင်း မျက်နှာနှာတောင်ထားစရာနေရာမရှိဖြစ်ရတယ် ။

* နောက်များမှ ကျုပ်ခင်ဗျားအတွက် တကယ်ကောင်းတဲ့ပစ္စည်းလေးလက်ဆောင်ပေးပါဦးမယ် ကိုခွန်စိုင်းရေ *

°°°°

" အက်ဒွက်.."

" ဟင်.."

" ဘာဖြစ်လို့လဲ..နေမကောင်းဘူးလား "

" ကျုပ်...."

ကိုသီဟဆိုင်ထဲကထွက်လာကတည်းက မျက်နှာနဲ့နားရွက်ဖျားတွေနီရဲနေတဲ့ နေစေး ကို ခွန်စိုင်းသတိထားမိပြီးမေးလိုက်သည်။ ဒါပေမယ့် နေစေးရဲ့ဟာ ခွန်စိုင်းမေးသလို ဖျားနေတာမျိုးမဟုတ်ပဲ တခြားအကြောင်းရင်းတစ်ခုကြောင့်ဆိုတာ နေစေးဘယ်လိုပြောပြနိုင်ပါ့မလဲ.. ။

" ကျုပ်ဘာမှမဖြစ်ပါဘူး "

" သေချာလို့လား.."

" အင်း၊ လာ..ခင်ဗျားကို ဒီဘက်စျေးလမ်းလိုက်ပြပေးမယ် "

" ဒီဘက်ခြမ်းလား "

လူလည်လုပ်တဲ့နေစေးဟာ ခွန်စိုင်းမေးခွန်းတွေထပ်မေးလာမှာစိုးလို့ စကားလမ်းကြောင်းလွှဲကာ ခွန်စိုင်းလက်ကိုကိုင်၍ မြောက်ဘက်စျေးခင်းလမ်းဆီသို့လိုက်ပို့ပေးသည်။ မြောက်ဘက်စျေးလမ်းဟာ သူတို့ရိုးရာဝတ်စုံတွေနဲ့အဆင်တဆာတို့အပြင် တခြားသော လူကြီးသူမတွေအတွက် ဆေးတံနှင့် ချိုချိုချဥ်ချဥ်တို့ရောင်းချသည်။

Hoodie အကျီနီညိုရောင်နှင့် ဂျင်းဘောင်းဘီအနက်ရှည်တို့ဖြင့် ဘွတ်ဖိနပ်စီးထားတဲ့ ခွန်စိုင်းဟာ လည်တိုင်ထပ် ကင်မရာကိုချိတ်ဆွဲထားပြီး ပွဲခင်းနံဘေးက ထူးခြားတဲ့ဆိုင်ခန်းတို့နှင့်ပြင်ဆင်ထားပုံကိုကြည့်ပြီး သူ့ကြည့်ရတာ ပျော်ရွင်နေပုံပေါ်သည်။ တစ်ချက် တစ်ချက် နေစေး ဘက်ဆီလှည့်ကြည့်ပြီး ပြုံးပြလာပုံက နေစေးနှလုံးသားကိုကြည်နူးမှု့တို့ကူးစက်စေသည်။

ပြောက်ကျားဘောင်းဘီရှည်နှင့် အပေါ်ထပ်အကျီပြောက်ကျားလက်ရှည်ကို တံတောင်ဆစ်ထိလက်ခေါက်၍ဝတ်ထားတဲ့ နေစေးသည် ဒီမြို့သူမြို့သားတွေနဲ့ခန္ဓာကိုယ်အားဖြင့်အလွန်ကွာခြားတဲ့ ခွန်စိုင်းရဲ့ပုံစံလေးကြောင့် ခွန်စိုင်းကို လူတိုးတိုက်သွားပြီး ထိခိုက်ဒဏ်ရာရသွားမှာကို သူ့ခင်မျာစိုးတထိပ်ထိပ်နဲ့ပင် ဂရုစိုက်ရပါ၏။

ထို့ကြောင့်အတော်အတန်ကြာတဲ့အထိ ခွန်စိုင်းဟာ မြို့လည်ရင်း ပုံလေးတွေရိုက်ပြီးတာနှင့် ဘကြီးအတွက် အ​ကောင်းဆုံး​သောဆေးတံတစ်ဗူးဝယ်ယူကာ နှစ်ယောက်သား ရွာပြန်ရန် မြို့အဝင်မှာ အပ်နှံ့ထားတဲ့ မြင်းကိုဝင်ယူပြီး တောလမ်းတစ်လျှောက်ခရီးနှင်၍ပြန်လာခဲ့ကြသည်။

နေဝင်စပြုနေပြီမို့ တောလည်​ခေါင်လမ်းထူထူမှာအအေးဓာတ်ဝင်နေပြီမို့ ခွန်စိုင်းနည်းနည်းချမ်းစိမ့်စိမ့်ဖြစ်နေသည်။

" ချမ်းနေပြီလား "

" ဟင့်အင်း..နည်းနည်း "

ခွန်စိုင်းချမ်းနေမှန်းသိတော့ နေစေးက မြင်းခဏရပ်ပြီး သူအသင့်ယူလာတဲ့ စောင်ပါးလေးကိုယူပြီး ခွန်စိုင်းကိုခြုံပေးလာသည်။

" ဟင်? မင်းဒီစောင်ပါးကိုလမ်းခရီးသွားတိုင်းသယ်သွားတတ်တာလား? "

နေစေးက ခွန်စိုင်းရဲ့ကိုယ်မှာ စောင်ပါးလေးပတ်ပေးပြီး ပြုံးကာပြန်ဖြေသည်။

" အရင်ကတော့အဲ့လိုသယ်တတ်တဲ့အကျင့်မရှိဘူး "

" အခုကရော.."

" အခုတော့ကျုပ်မသယ်လို့မရဘူးရော်၊ ကျုပ်ရဲ့ခင်ဗျားလေးကနုနယ်တယ်လေ..အဲ့တော့ ကျုပ်ကြိုမပြင်ထားရင် ခင်ဗျားအေးနေတဲ့အချိန် ဘယ့်နှယ့်လုပ်ကြမလဲ "

" အာ... "

​စောင်ပါးလေးပတ်ပေးပြီးနောက် နေစေးသည် ခွန်စိုင်းကိုယ်လေးကိုပိုတိုးလို့ဖက်ထားပြီး ဆံပင်လေးကိုမွှေးကြူကာ..။

" နွေးသွားပြီလား? "

" နွေးသွားပြီဗျ..ဟီး ၊ ဒါနဲ့လေ အက်ဒွက် "

" အင်း "

" ကိုယ်ရွာလာတုန်းက ဒီဘက်မှာနယ်မြေကြမ်းပြီး မငြိမ်းချမ်းဘူးလို့ပြောကြတယ် အခုထိခက်ခဲနေတုန်းပဲလား "

" ခက်ခဲကြတယ်ဆိုပေမယ့် နေရာတိုင်းတော့မဟုတ်ပါဘူး၊ နယ်မြေကြမ်းတမ်းတယ်ဆိုတာတော့အမှန်ပဲ လူတော်တော်များများကဒီဘက်ကိုသိပ်မသွားလာရဲကြဘူး၊ "

ထိုသို့ပြောပြီး သူ့အားမော့ကြည့်နေတဲ့ ခွန်စိုင်း နှုတ်ခမ်းလေးကို​ခေါင်းငုံ့၍တစ်ချက်နမ်းပြီး ပြုံးကာ..။

" ခင်ဗျားတစ်ယောက်ပဲမကြောက်မရွံလာရဲတာ "

" ...စ စကားပြောတာ ကောင်းကောင်းမပြောဘူး"

ရုတ်တရက် သူ့ကိုနမ်းလိုက်တဲ့ နေစေးကြောင့် ခွန်စိုင်းရှက်ကာရှေ့တည့်တည့်ဆီလှည့်ထိုင်ပြီး လည်တိုင်လေးတွေနီရဲနေတော့သည်။ အရေပြားပါးတဲ့ခွန်စိုင်းအသားအရေက နေစေးနမ်းလိုက်တိုင်းရှက်ပြီးနီရဲသွားတတ်တာလေးကို နေစေးသဘောကျမိသည်။ နေစေးသည် ခွန်စိုင်းရဲ့ ရဲရဲနီနေတဲ့လည်တိုင်လေးပေါ်နှုတ်ခမ်းအပ်ကာနမ်းရှိုက်နေတော့သည်။

ထိုအခါ ခွန်စိုင်းကပြောလာသည်။

" ကိုယ်မကြောက်ဘူးလို့ဘယ်သူပြောလဲ..မင်းသိလား ကိုယ့်မှာဒီကိုလာတုန်းက လမ်းမှာတပ်သားတွေနဲ့တွေ့တော့ သူတို့ကကျူးကျော်သူထင်ပြီးသေနတ်တွေနဲ့ချိန်ထားကြတာ..ကိုယ့်မှာကြောက်လို့ လှုပ်တောင်မလှုပ်ရဲဘူး "

အားကြိုးမာန်တတ်နဲ့ နှုတ်ခမ်းလေးထော်ကာ သူကြုံခဲ့တာတွေကို ကလေး​​လေးလိုတိုင်တန်းနေတဲ့ ခွန်စိုင်းကြောင့် နေစေးမှာ အသည်းတယားယားနဲ့ ချစ်နေမိသည်။

" အဲ့လိုလား "

" ဟုတ်တယ်ဆို.. ဒီကြားထဲ ကိုယ်ခူးရယ်နဲ့တွေ့တော့ ခူးရယ် စစ်မေးနေတာတွေမှားမှာကြောက်နေရသေးတယ်၊ ဟူး ပြန်တွေးကြည့်ရင် အလာတုန်းက ကိုယ်မှာလန့်စရာတွေချည်းပဲ မင်းမသိလို့ "

ခွန်စိုင်းပြောလို့အပြီးမှာ နေစေးက ခွန်စိုင်းကိုတင်းတင်းပွေ့ဖက်လို့ ရင်ခုန်သံတွေမြန်ဆန်စွာ ။

" ကျေးဇူးတင်ပါတယ်၊ ကျုပ်အနားကိုရောက်လာခဲ့ပေးလို့၊ ပြီးတော့ ကျုပ်လိုလူကိုချစ်ပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ် ခင်ဗျားရယ် ၊ "

" ..... "

" ဒီတစ်ခေါက်ခက်ခက်ခဲခဲလာခဲ့တာကိုမှတ်ထားပြီး.. နောင်မှာ ကျုပ် စောနေစေးရှိရာအရပ်၊ ဘယ်ဒေသမဆို ခင်ဗျားတစ်ယောက်အတွက် တံခါးမရှိဓားမရှိ၊စစ်မေးရဲသူမရှိစေရဘူးလို့ကျုပ်ဂတိပေးတယ်။ "

" အမ်း., ဒါဆို ကိုယ်မှတ်ထားလိုက်ပြီနော် "

နေစေး ဖက်ထားတဲ့လက်ကိုအုပ်ကိုင်ပြီး နောက်လှည့်ကြည့်ကာ ပြုံး၍ပြောလာတဲ့ ခွန်စိုင်းမျက်နှာလေးကို နေစေး စေ့စေ့ကြည့်ရင်းအသည်းယားစေသည်။

" ကျုပ်ခင်ဗျားကိုမြတ်နိုးတယ် စိုင်းဟွမ်၊ တစ်သက်လုံးစာအတွက် ကျုပ်အနားမှာပဲနေပေးမယ်မလား "

" မင်းဆန္ဒရှိရင် ကိုယ်နေပေးနိုင်ပါတယ် "

ဒီတစ်ကြိမ်တော့ နေစေးသည် ခွန်စိုင်းနှုတ်ခမ်းလေးကို ခုနကလို ထိကပ်ယုံမျှနမ်းခြင်းမဟုတ်တော့ပဲ ခွန်စိုင်းမျက်နှာလေးကိုသူ့ဘက်သို့ကျနစွာဆွဲယူ၍ နှုတ်ခမ်းလွှာတစ်စုံကိုအပိုင်းသိမ်းကာနမ်းရှိုက်သည်။

အောက်နှုတ်ခမ်းနှင့်အပေါ်နှုတ်ခမ်းတို့ကို စီးချက်ညီညီ နဲ့ နူးညံ့ညင်သာစွာနမ်းရှိုက်နေတဲ့ နေစေးသည် ဘယ်လိုပင်နမ်းနေသော်လည်း သူ့အတွက်တော့ ခွန်စိုင်းရဲ့နှုတ်ခမ်းလွှာလေးက လုံလောက်ခြင်းမရှိပေ။ နေစေးလည်ပင်းသို့သိုင်းဖက်ကာ စီးမြော၍အနမ်းတို့တုန့်ပြန်နေတဲ့ ခွန်စိုင်းဟာ သူ့ခံတွင်းထဲသို့နေစေးလျှာတိုးဝင်ဖို့ခွင့်တောင်းလာချိန်မှာ ငြင်းဆန်ခြင်းအလျင်းမရှိ၊ သူ့ဘက်ကပင်ပြန်တုန့်ပြန်မိတော့..ပို၍စိတ်ပြင်းထန်လာတဲ့အနမ်းတို့မှာ သိမ့်သည်းလာခဲ့သည်။

ဘယ်အချိန်ရပ်ရမယ်မှန်းသိတဲ့ နေစေး ဟာ အချိန်တစ်ခုအထိနမ်းပြီးနောက်မှာ အနမ်းတို့ကိုလက်စသတ်လိုက်သည်။

နဂိုကတည်းက ခွန်စိုင်းအပေါ်ပို၍ပိုင်ဆိုင်လိုစိတ်မြင့်မားနေတဲ့ နေစေး ဟာ သူ့ဦးနှောက်ထဲမှာ ဒီနေ့ ကိုသီဟပြောလိုက်တဲ့အကြံဉာဏ်စကားတွေကိုပြန်လည်ကြားယောင်နေမိတာကြောင့် သူ့ဆက်နမ်းနေမယ်ဆိုရင် ခွန်စိုင်းအပေါ်ထိတွေ့ချင်လာမိလိမ့်မည်။

ထို့ကြောင့် နေစေးဟာ မျက်လုံးတွေကရီဝေလျှက် ခွန်စိုင်းနှုတ်ခမ်းထောင့်ကိုလက်မနဲ့သုတ်ပေးကာ..၊

" ပြန်ရအောင်မဟုတ်ရင်.. ကျုပ်ဒီနေရာမှာခင်ဗျားကိုအပိုင်သိမ်းမိလိမ့်မယ် "

" .... အမ်း.,....ပြန်မယ်လေ "

" အဟွန်း...ကျုပ်ခင်ဗျားကိုအပိုင်သိမ်းမှာအဲ့လောက်ကြောက်နေလား "

" မကြောက်..ပါဘူး "

" အော်..ဟုတ်လို့လား "

နောက်ကနေ ခွန်စိုင်း နား,အနားတိုးကပ်ကာမေးလာသည်။ နေစေးအသံကရွှတ်နောက်နောက်နဲ့ စ နောက်နေတာကြောင့် ခွန်စိုင်းပိုလို့ရှက်နေသည်။

" တော်ပြီ.. ၊ မိုးချုပ်တော့မယ် ပြန်ရအောင်နော် "

" ကောင်းပြီ "

နေစေး က ခွန်စိုင်းကိုဆက်မစတော့ပဲ ပြန်လာခဲ့သည်။ လမ်းမှာ တပ်စခန်းကိုရောက်ပေမယ့် မနားတော့ပဲ ရွာဆီသို့ ဆက်ထွက်လာခဲ့ကြသည်။

......

ထိုသို့နှင့် အိမ်ရောက်တော့ အိမ်ရှေ့ကွပ်ပျစ်မှာ ဘဘကြီးထိုင်နေတာကိုတွေ့လိုက်ရသည်။

" ဝေ့ လူလေးတို့ပြန်လာပြီလား "

" ဟုတ်ကဲ့ ဘဘကြီး "

မြင်းပေါ်ကဆင်းတာနဲ့ ခွန်စိုင်းက ဘဘကြီးအတွက်ဝယ်လာတဲ့ ဆေးတံဗူးကိုကိုင်ပြီးအရင်သွားလိုက်သည်။ နေစေးက မြင်း ကိုကြိုးချည်ပြီး နောက်နေလိုက်လာသည်။

" ကျွန်တော် ဘဘကြီးအတွက် ဆေးတံ ဝယ်ခဲ့တယ် "

" ဟေ.. ပြစမ်းပါဦးကွာ "

လက်ကနုတ်ပန်းဖော်ထားတဲ့ သစ်သားဗူးလေးကိုဖွင့်လိုက်တော့ အထဲတွင် ပြောင်လက်နေတဲ့ဆေးတံရှည်တစ်ခုကိုတွေ့တာကြောင့် ဘကြီးကလူကြီးပီပီသဘောကျသွားသည်။ ဒီရွာရဲ့အလေ့အထဟာ တစ်ဦးနဲ့တစ်ဦးလက်ဆောင်ပေးတာရှားသည်မို့ ဘကြီးက သူ့မြေးသားလိုသဘောထားတဲ့ခွန်စိုင်းဆီက လက်ဆောင်ကိုသဘောတွေ့သွားသည်။

" ဘဘကြီးသဘောကျလား?"

" သဘောကျပါတယ်ကွယ်၊ လူလေးကဝယ်တတ်တယ်ရော်..၊ "

" ကျွန်တော်လဲတစ်ခါမှတော့မဝယ်ဖူးဘူး..ဘဘကြီးသဘောကျလောက်မယ်တွေးမိလို့ "

" ကျေးဇူးပါနော့် လူလေး "

" ဟုတ် ရပါတယ်ဘဘကြီး "

လေအပေးအယူတည့်နေတဲ့ ခွန်စိုင်း နဲ့ ဘကြီးကိုကြည့်ပြီး နေစေးက ဘာစကားမှဝင်မပြောပဲ နှုတ်ခမ်းကော့တတ်ယုံမျှပြုံးပြီး ရေနွေးကြမ်းသောက်နေစဥ်...။

" အဖ.. ဒါဘယ်ကစာလဲ "

" အိုး မေ့နေတာရော်.."

အဲ့တော့မှတစ်စုံတစ်ခုသတိရသွားတဲ့ ဘကြီးက နံဘေးမှာချထားတဲ့ စာအိတ်အဖြူကိုယူပြီး ခွန်စိုင်းဆီကမ်းပေးလာ၏။

" ဒီနေ့ ကူးရယ်ဆီက စာရောက်လာတယ်၊ အဲ့တာ လူလေးမရှိလို့ ဘကြီးလက်ခံထားပေးတာရော် "

ခွန်စိုင်းက ဘကြီးပေးတဲ့စာကိုယူပြီး အပေါ်ယံတွင်ရေးထားတာကိုကြည့်လိုက်ပြီး နေစေးကိုတစ်ချက်ကြည့်လာပြီးမျက်နှာမကောင်းဖြစ်သွားမိသည်။

* အချိန်ကအဲ့လောက်တောင်ကြာသွားပြီလား *

ခွန်စိုင်းမျက်နှာမကောင်းတာကိုပြင်လိုက်ပြီး ဘကြီးကိုကျေးဇူးတင်စကားပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်ဘဘကြီး၊ "

နေစေးသည် ခွန်စိုင်းလက်ထဲကစာကိုကြည့်ပြီးမျက်မှောင်ကျုံ့ကာ စိတ်ထဲမှာ တစ်ခုခုစိုးရိမ်နေမိသည်။ ဒီစာဟာ နေစေး ထင်တာသာမလွှဲရင်.........?

* ခင်ဗျားကျုပ်ကိုထားသွားလို့မရဘူးနော် စိုင်းဟွမ်..မဟုတ်ရင် ကျုပ်ရူးသွားလိမ့်မယ်! *

ခွန်စိုင်းလက်ထဲကစာကိုကြည့်ပြီး နှစ်ဦးသားမျက်နှာမကောင်းဖြစ်နေခြင်းကို ဘကြီး အကဲခတ်နေတယ်ဆိုတာကိုတော့ နေစေး တို့သတိမထားမိပေ ။

________________________________________

မကြာမှီလာမည်ပေါ့နော် 🔞 ဟီး 😝

# VOTE & Cm Please 🤙
# 11 - September - 2021 - 6:50 PM
# MOEWATHAN 🌍💫

________________________________________

                          [ Zawgyi ]

ေနာက္တစ္ေန႕မနက္ေရာက္ေတာ့ ခြန္စိုင္းနိုးတဲ့အခ်ိန္မွာ နံေဘးမွာေနေစးမရွိေတာ့ေပ။ မေန႕ညက ေနေစးအခန္းျပင္ထြက္သြားၿပီးေနာက္ ခြန္စိုင္းအိပ္ေပ်ာ္သြားတယ္ သို႔ေသာ္ သန္းေခါင္ယံအခ်ိန္မွာ သူ႕အားတင္းက်ပ္စြာဖက္ထားတဲ့ ေနေစးေၾကာင့္ခဏမွ်တိုးလာၿပီးေနာက္ ခြန္စိုင္းၿပဳံးကာပင္ ေနေစးရင္ခြင္ထဲပို၍တိုးဝင္အိပ္စက္ခဲ့သည္။

လင္းၾကက္တြန္သံဆာဆာႏွင့္ ေအာက္ထပ္က ေဒၚေလးတို႔ရဲ႕စကားေျပာသံကို ​ေခါင္းရင္းျပတင္းေပါက္ဆီကအသံသဲ့သဲ့ၾကားေနရတာေၾကာင့္ ခြန္စိုင္းအိပ္ယာဆီမွထထိုင္လိုက္သည္။ ကုတင္ေျခရင္းဆီေျခေထာက္ခ်လိဳက္ေတာ့ မေန႕ညကေျခမထိပ္မွာဂဲလုံးစူးထားတဲ့ေနရာေလးကိုညေဆးလိမ္းထားတာေတြ႕လိုက္ရသည္။ ၾကည့္ရတာ ေဒါသအိုးကလိမ္းေပးခဲ့ပုံပဲ။

ေနေစး ဟာ ေဒါသေပါက္ကြဲလြယ္သူမဟုတ္ေသာ္ ခြန္စိုင္းနဲ႕ပက္သတ္ၿပီးသဝန္တိုစိတ္နဲ႕ေပါက္ကြဲလာတိုင္းမွာ သူ႕ေဒါသေတြဟာအဆုံးမရွိေပ။ လက္ေတြ႕မူ မေန႕ညက ခမ္းေက်ာက္ရဲ႕အျဖစ္အပ်က္ကသက္ေသပင္ ။

" မျဖစ္ပါဘူး..ေနာက္ဆို သူ႕ကိုေျပာထားဦးမွပါ "

တီရွပ္လက္တိုႏွင့္ပုဆိုးအနီစင္းဝတ္ထားတဲ့ ခြန္စိုင္းဟာ ကိုယ္လက္သန့္စင္ရန္အခန္းျပင္ထြက္လာခဲ့သည္။ ခြန္စိုင္း စေရာက္တုန္းက တစ္ကိုယ္ရည္သုံးပစၥည္းနဲ႕ေရခြက္ကိုယူသြားရေလ့ရွိေပမယ့္ ေနေစး ေရခ်ိဳးစည္ေနရာကိုထရံအကာလုပ္ေပးတဲ့ေန႕က ခြန္စိုင္းအတြက္တစ္ကိုယ္ရည္သုံးပစၥည္းထားဖို႔ေနရာေလးလုပ္ေပးခဲ့တာေၾကာင့္ ခြန္စိုင္းအတြက္အဆင္ေျပလွသည္။

အခန္းအျပင္ဆီေရာက္ေတာ့ တဖက္အခန္းကိုလွမ္းၾကည့္ရာ တိတ္ဆိတ္ေနတဲ့အခန္းကထြက္လာသူမရွိတာေၾကာင့္ ဧည့္ခန္း ဒါမွမဟုတ္ အိမ္ေရွ႕စားပြဲမွာ ေနေစး ရွိေနေလာက္ၿပီေတြးလိုက္သည္။ ခြန္စိုင္းလည္းသြက္လက္စြာပင္ ေလွကားဆီကေနဆင္းလာခဲ့သည္။

" က်ဳပ္ကဒီေန႕ျပန္ေရာက္မယ္ေတာင္ မထင္မိဘူးေရာ္.. "

" အိမ္း.. ကိစၥေတြမ​ျပတ္ေသးေတာ့ ေစာ္ဘြားႀကီးက်ဳပ္ကိုဆက္ေနခိုင္းေသးတယ္ေရာ္ ၊ ေရာက္တာၾကာေနေတာ့ က်ဳပ္မယ္မေနခ်င္ဘူးပဲ "

ဒီေန႕မနက္မွခရီးကျပန္ေရာက္တဲ့ ဘဘႀကီး နဲ႕အတူ ေနေစးသည္ အိမ္ေရွ႕စားပြဲမွာဆင္းထိုင္ၿပီး စကားစျမည္ေျပာေနသည္။

စားပြဲတြင္ ေျခေထာက္ႏွစ္ဖက္ခ်ထားလွ်က္ ခါးကိုမတ္မတ္ထားၿပီး ေရေႏြးၾကမ္းခြက္ကိုင္ထားရင္း တည္ၿငိမ္တဲ့အသြင္ရွိတဲ့ ေနေစးသည္ မ်ိဳးရိုးျမင့္ပင္နီအက်ီလက္ရွည္အနက္ေရာင္ ႏွင့္ ေျပာက္က်ားေဘာင္းဘီရွည္တို႔ကိုဝတ္ဆင္ထားသည္။ ေနေစးရဲ႕အမႈအရာမရွိတဲ့မ်က္ႏွာသြင္ျပင္ဟာ ဘယ္အခ်ိန္ၾကည့္လိုက္ပါေစ ေျပာင္းလဲမႈ႕မရွိေပ။

သို႔ေသာ္ တစ္စုံတစ္ေယာက္နဲ႕အတူရွိေနခ်ိန္မွာေတာ့ ကြဲျပားလွ်က္ရွိသည္။

ထို႔အတူ စားပြဲမွာထိုင္ေနတဲ့ ဘဘႀကီးဟာ အျဖဴနဲ႕အနီေရာင္စပ္ထားေသာ ေခါင္းေပါင္းစကိုပတ္ထား၍ ႏြမ္းပါးသေယာင္ရွိေနတဲ့ ရိုးရာဝတ္စုံလက္ရွည္ ေျခရွည္ဝတ္စုံတို႔ကိုဝတ္ၿပီး ေလးစားၾကည္ညိုထိုက္ဖြယ္ရာေကာင္းလွသည္။ တစ္ခ်ိန္က တပ္ဖြဲ႕ေခါင္းေဆာင္ျဖစ္ေသာ ဘဘႀကီးမွာ ဒီအခ်ိန္မွာအရာအားလုံး ေနေစးလက္ထဲလႊဲထားေသာ္ျငား သန္မာဖ်တ္လက္တဲ့သူ႕အား အေနာက္ေစာ္ဘြားႀကီးတို႔ရဲ႕ဖိတ္ၾကားမႈ႕ေတြ မ်ားစြာရရွိထားသည္။ ျဖတ္ထိုးဉာဏ္ေကာင္းေသာ ဘဘႀကီးဟာ သူ႕ရဲ႕က်န္ရွိေနတဲ့အရွိန္အဝါတစ္ခ်ိဳ႕ကို သူ႕႐ြာႏွင့္ ကာကြယ္ေပးလိုသူေတြအတြက္အသုံးခ်ေပးရန္ ခရီးတို၊ ခရီးရွည္ေတြထြက္ရင္း လုံဝမ္႐ြာတပ္ရင္းကို အေထာက္အကူျပဳေပးသည္။

လုံဝမ္႐ြာမွာ သာမာန္အဖိုးႀကီးတစ္ေယာက္အသြင္ရွိတဲ့ ဘဘႀကီးဟာ တျခားတစ္ေနရာ တစ္ေဒသမွာေတာ့ အမွားလုပ္လို႔မရတဲ့ထိပ္မွာ တစ္ခ်ိဳ႕ေသာ ေခါင္းေဆာင္ေတြနဲ႕တန္းတူရွိသည္။
ဘဘႀကီးဟာ သူခရီးသြားစဥ္မွာႀကဳံခဲ့ရတာေတြနဲ႕ပက္သတ္ၿပီး ေနေစးကိုျပန္ေျပာျပ၍ သူတို႔တပ္စခန္းနဲ႕ပက္သတ္တဲ့ အေၾကာင္းအရာတစ္ခ်ိဳ႕ကိုပါ ေဆြးေႏြးေနၾကသည္။

" ဒီတစ္ေခါက္ က်ဳပ္ရွမ္းျပည္မွာ သူတို႔ေဆာက္ထားတဲ့အေျခခံအုပ္ျမစ္ခိုင္မာမႈ႕နဲ႕ပက္သတ္ၿပီးအေတာ္ေလးေစ့စပ္တာေတြ႕ရတယ္ "

" အင္း ပထမတစ္ခါက်ဳပ္သြားစဥ္က ေစာ္ဘြားႀကီးေပးတဲ့တည္ေဆာက္ပုံကိုေတြ႕ခဲ့တယ္၊ "

ေနေစးေျပာျပတာကိုနားေထာင္ၿပီး ဘဘႀကီးကတစ္ခ်က္စဥ္းစားၿပီးေခါင္းညွိမ့္သည္။

" ၾကည့္ရတာ ေစာ္ဘြားႀကီးဘက္ကဒီအခ်က္ကိုအသုံးျပဳၿပီး မင့္ကိုသူတို႔နဲ႕အတူလက္တြဲဖို႔ေမွ်ာ္လင့္ေနေသးပုံပဲ "

" က်ဳပ္သိပါတယ္ အဖ ၊ "

" မင္း ဘယ္လိုေတြးထားတုန္း "

" မဟာမိတ္အေနနဲ႕ တိုးခ်ဲ့တာကေကာင္းတဲ့ကိစၥပါ၊ ေနာင္မွာ မလိုအပ္ပဲတိုက္ပြဲျဖစ္စရာမလိုအပ္ေတာ့ဘူးေပါ့၊ ဒါေပမယ့္ အဲ့အတြက္ က်ဳပ္ေသခ်ာစဥ္းစားေနပါတယ္၊ "

" အဖ အေနနဲ႕အႀကံေပးခ်င္တာက လက္ရွိ က်ဳပ္တို႔မယ္ စိုင္းလုံ အျပင္ ဂ်င္မီတပ္စုပါေစာင့္ၾကည့္ရမယ့္အေနအထားေရာက္လာၿပီေရာ္..အထူးသျဖင့္ ၿမိဳ႕ႀကီး မွာ အေပ်ာက္အရွေတြမ်ားလာၿပီး လူေတြဆို အျပင္သြားရမွာေတာင္မရဲေတာ့ဘူးပဲေရာ္.. "

" က်ဳပ္ နားလည္ပါၿပီ အဖ "

အဖ ေျပာတာေနေစးနားလည္သည္။ အရင္ကစိတ္မ်ိဳးနဲ႕ဆို ေနေစးက အင္အားထပ္ခ်ဲ့ၿပီးအလုပ္ပိုေတြအာ႐ုံမေနာက္ခ်င္ေသာ္လည္း အခုဆိုရင္ စိုင္းလုံနဲ႕ဂ်င္မီပူေပါင္းသြားၿပီဆိုတဲ့သတင္းေၾကာင့္ ေနေစးမွာပိုသတိထားရေတာ့မည္။

" က်ဳပ္ျပန္လာတုန္းက ဘြား အမွာပါးလိုက္ေသးတယ္၊ မင္းဒီေန႕သြားရမယ္မလား "

" ဟုတ္တယ္ အဖ ၊ ဒီေန႕ စိုင္းလုံတို႔နယ္စပ္ဘက္မွာရွိတဲ့လူကုန္ကူးမိန္းကေလးေတြနဲ႕ပက္သတ္ၿပီး က်ဳပ္တို႔ေဆြးေႏြးဖို႔ရွိတယ္.."

" ၿမိဳ႕အပိုင္ကေရာ အဲ့ကိစၥလိုက္မေနဘူးလား "

" သူလိုက္ေနတယ္ ဒါေပမယ့္ ထိထိေရာက္ေရာက္မရွိဘူး၊ ၿပီးေတာ့ က်ဳပ္မယုံဘူး၊ "

ေနေစးေျပာတာကို ဘႀကီးကေရေႏြးတက်ိဳက္ေသာက္လွ်က္ ေခါင္းညွိမ့္သည္။ ဒီအခ်ိန္မွာ ၿမိဳ႕ေပၚကလူေတြရဲ႕အာဏာနဲ႕လုပ္နိုင္စြမ္းကို ေ႐ြေငြပတၱျမားကထိန္းခ်ဳပ္သည္။

" ဒါ့နဲ႕..မင္းသြားရင္ လူေလးအိမ္မယ္ပ်င္းေနေရာ့မွာ..၊ ခြၽန္းဖု တို႔နဲ႕႐ြာအနီးပက္ဝန္းက်င္ဆီလိုက္လည္ခိုင္းပါဦး "

" ....က်ဳပ္သူ႕ကိုပါ ေခၚသြားမွာ..၊ သူအိမ္မယ္က်န္ခဲ့ရင္ တစ္ခုမဟုတ္တစ္ခုျဖစ္တတ္လြန္းလို႔ က်ဳပ္ေနာက္ဆံတင္းတယ္ အဖ "

" ေဟ....? "

ပြင့္လင္းစြာေျပာလာတဲ့ ေနေစးရဲ႕စကားေတြေၾကာင့္ ဘႀကီးမွာ အံအားသင့္ရသည္။ ေနေစးဟာ သူ႕အေဖ တစ္ေယာက္လုံးရွိေနရင္ေတာင္ ဘယ္တုန္းကမွ ေနာက္ဆံတင္းတာမ်ိဳးရွိခဲ့တဲ့လူမဟုတ္ဘူးေလ။

" နို႔..သူ႕ကိုေခၚသြားေတာ့ ဟိုမယ္ သူေနတတ္ပါ့မလားကြ "

" သူေနတတ္ပါတယ္၊ တပ္ဂိတ္ကလူေတြေတာင္ သူ႕နဲ႕ရင္းႏွီးေနၾကၿပီေရာ္..၊ "

" အိုး.... ေကာင္းၿပီေလ၊ အဆင္ေျပေတာ့လည္းေခၚသြားေပါ့၊ လူေလးကေယာက္က်ားေလးေပမယ့္ ႏုနယ္ေတာ့ မင့္ပိုဂ႐ုစိုက္ေပးလိုက္ပါ "

" ဟုတ္ကဲ့ အဖ "

ဒီ႐ြာမွာ သူလွ်ိုရွိသည္..ဒါ့ေၾကာင့္ တစ္ခ်ိန္မွာ ခြန္စိုင္းဟာ ေနေစးရဲ႕အသည္းညွာ ဆိုတာသိသြားတဲ့တစ္ခ်ိန္အတြက္ ေနေစးမွာႀကိဳတင္ျပင္ဆင္ထားဖို႔လိုအပ္သည္။

ေရေႏြးၾကမ္းေသာက္ေနတဲ့ ဘဘႀကီး က အိမ္အေပၚထပ္ဆီတစ္ခ်က္တစ္ခ်က္ၾကည့္ကာ..ခြန္စိုင္းနိုးဖို႔ေစာင့္ေနေလသည္။ ခြန္စိုင္း က ဒီ႐ြာရဲ႕႐ြာသားေတြနဲ႕မတူ ​ေသးေကြးတဲ့ခႏၶာကိုယ္ေလးနဲ႕ အသက္အ႐ြယ္နဲ႕မလိုက္ ကေလးမ်က္ႏွာနဲ႕ခ်စ္ဖို႔ေကာင္းမႈ႕ေၾကာင့္ ဘဘႀကီးမွာ ခြန္စိုင္းအား ေျမးေလးတစ္ေယာက္လိုပင္ ခ်စ္ခင္ရွာသည္။

" ေဝ့ အက္ဒြက္..လူေလးမေန႕ကအိပ္တာမ်ားေနာက္က်သလား? အခုထိမနိုးေသးပုံရရင္ သြားၾကည့္စမ္းပါဦး ေတာ္ၾကာေနဖ်ားေနမွျဖင့္.. "

" သူနိုးေနေလာက္ပါၿပီ က်ဳပ္အခုသြားၾကည့္လိုက္မယ္.."

" ေအးေအး..အဆိုင္းကိုမနက္စာျပင္လိုက္ထားမယ္..မင့္လူေလးကိုေခၚခဲ့ခ်ည္ "

" ဟုတ္ကဲ့ အဖ "

ေျပာၿပီးတာႏွင့္ ေနေစးက အိမ္အေပၚထပ္ဆီတတ္လာခဲ့သည္။ ေနေစးတတ္လာတဲ့အခ်ိန္မွာ ခြန္စိုင္းမ်က္ႏွာသစ္ၿပီးအေပၚျပန္တတ္လာခ်ိန္နဲ႕ကြက္တိဆုံသည္။

" ခင္ဗ်ားနိုးေနၿပီလား? "

မ်က္ႏွာသစ္ၿပီးစမို႔ ေရမသုတ္ရေသးတဲ့ ခြန္စိုင္းမ်က္ႏွာေလးက ကေလးနီတာရဲေလးလို အသားျဖဴေဖြးၿပီး ပါးမို႔ႏွစ္ဖက္ရဲရဲေလးျဖစ္ေနတဲ့အျပင္ မေန႕ညကငိုထားတာေၾကာင့္ မ်က္လုံးေအာက္နားမွာလဲ နီလို႔ေနသည္။ ေနေစးက ခြန္စိုင္းအနားသို႔ေလွ်ာက္သြားၿပီး မ်က္ႏွာေလးအႏွံ႕ ေရသီးေလးေတြက်ေနပုံအား လွပတဲ့ပန္းခ်ီကားခ်ပ္တစ္ခုလိုၾကည့္ေနမိသည္။ ခြန္စိုင္းက ေနေစးကိုေတြ႕ေတာ့ ၿပဳံးျပသည္။

" ခုနကေလးတင္ပဲ ကိုယ္နိုးတာ၊ မင္းေရာ.. "

" က်ဳပ္နိုးတာ ၾကာေပါ့၊"

ထိုသို႔ေျပာရင္း ေနေစးလက္တစ္ဖက္က ခြန္စိုင္းႏွဖူးကေရစိုလက္စဆံပင္ကိုသပ္တင္ေပးကာ က်န္လက္တစ္ဖက္ကအက်ီအနားစလက္ရွည္ႏွင့္ ႏွဖူးနားတစ္ဝွက္ဆီေရသုတ္ေပးသည္။ ခြန္စိုင္းကလဲ ေနေစးရဲ႕ထိုသို႔အျပဳအမႈကိုေနရခက္ျခင္းမရွိ ခံယူလွ်က္ ။

" အဝတ္စားလဲၿပီးဆင္းခဲ့၊ ေအာက္မွာ အဖေတာင္ျပန္ေရာက္ေနၿပီ "

" ဘဘႀကီးျပန္လာၿပီလား? "

" အင္း"

ဘႀကီး ျပန္ေရာက္ေနတာသိလိုက္ေတာ့ ခြန္စိုင္းစိတ္ထဲနည္းနည္းစိုးရိမ္စိတ္ဝင္သြားမိသည္။ ဘႀကီးက ခြန္စိုင္းနဲ႕ ေနေစးရဲ႕ပက္သတ္မႈ႕ကိုသိသြားရင္ဘယ္လိုလုပ္မလဲ?။

တိတ္ဆိတ္သြားတဲ့ ခြန္စိုင္းေၾကာင့္ ေနေစးက ခြန္စိုင္းမ်က္ႏွာေလးကိုၾကည့္ၿပီးႏွဖူးေလးကိုဖြဖြနမ္းရွိုက္သည္။

" ဘာျဖစ္လို႔လဲ? "

" ဟင္..ဘ ဘာမွမျဖစ္ပါဘူး "

" အမ်ားႀကီးမေတြးနဲ႕ အဆင္ေျပသြားလိမ့္မယ္ "

" ဒါေပမယ့္..."

ဆက္ေျပာမယ့္ ခြန္စိုင္းႏႈတ္ခမ္းေပၚ ေနေစးလက္ညွိုးတစ္ေခ်ာင္းတင္ကာ ေခါင္းခါျပၿပီး..။

" က်ဳပ္ကိုယုံပါ အရာအားလုံးက်ဳပ္ဆီပဲလႊဲထားလိုက္၊ က်ဳပ္ခင္ဗ်ားနဲ႕အတူရွိဖို႔ က်ဳပ္အရာအားလုံးနဲ႕ ရင္းရဲတယ္ "

* ဒါက မင္းအေျပာေလ..ကိုယ္ကမင္းခက္ခဲမွာၾကည့္ေနနိုင္မယ္ထင္လို႔လား *

ထိုစကားကိုေတာ့ ခြန္စိုင္းအေတြးထဲကပင္ေျပာမိပါ၏။ အျပင္ထုတ္ေျပာဖို႔ရာ ေနေစး လက္မခံဘူးဆိုတာ ခြန္စိုင္းသိသည္ေလ။

ထို႔ေနာက္ ခြန္စိုင္းအဝတ္အစားလဲကာ ေနေစးနဲ႕အတူ ေအာက္ထပ္ဆီဆင္းလာခဲ့သည္။ ဘာေတြပဲျဖစ္လာပါေစ ေနေစးနဲ႕ပက္သတ္ၿပီး ခြန္စိုင္း အရာအားလုံးခံယူဖို႔ဆႏၵရွိသည္။ဒါ့ေၾကာင့္ လက္ရွိမွာ အေကာင္းဆုံးေပ်ာ္ေအာင္ေနေတာ့မယ္လို႔ ဆုံးျဖတ္ထားလိုက္သည္။

" ဘဘႀကီး.. "

ခြန္စိုင္းက ဘဘႀကီးကိုျမင္တာႏွင့္ၿပဳံးကာ လွမ္းေခၚလိုက္သည္။ ဘႀကီး က ခြန္စိုင္း ေႏြးေထြးစြာျပန္ၿပဳံးျပလာသည္။

" ထိုင္..လူေလး၊ ဘႀကီးကလူေလးမနိုးေသးဘူးထင္ေနတာ "

အလုပ္ကိစၥေဆြးေႏြးတုန္းကမ်က္ႏွာမ်ိဳးနဲ႕မတူေအာင္ ခြန္စိုင္းအား ေႏြးေထြးစြာၿပဳံးရာ္၍ဆက္ဆံေနတဲ့ ဘႀကီးကို ေနေစးၾကည့္လိုက္မိသည္။

သူ႕အေဖက လူႀကီးေလးကိုတကယ္သေဘာက်သည္၊ ဒါက ေခြၽးမတစ္ေယာက္အေနနဲ႕မဟုတ္ရင္ေတာင္ကိစၥမရွိပါဘူး..ေနာင္မွာ ေနေစးပိုႀကိဳးစားရမယ္ေလ။

" ကြၽန္ေတာ္မေန႕ညက အိပ္ရာဝင္တာေနာက္က်သြားလို႔ဗ် ၊ "

" ဟားဟား.. ရပါတယ္ကြာ၊ သူစိမ္းေတြလဲ မဟုတ္၊ ဘာမွမျဖစ္ဘူး..အဆင္ေျပသလိုသာေနေနာ့ "

" ဟုတ္ ဘဘႀကီး၊ ဒါနဲ႕ ဘဘႀကီးဘယ္တုန္းကျပန္ေရာက္တာလဲ "

" ဒီေန႕မနက္ပဲျပန္ေရာက္ေပါ့..၊ ေဟာ ေမ့ေနလိုက္တာ..က်ဳပ္မယ္ လူေလးအတြက္လက္ေဆာင္ခ်န္ထားပါ့ "

" လက္ေဆာင္?"

" ဘႀကီး ရွမ္းျပည္ဘက္ေရာက္တုန္းအိမ္သားေတြအတြက္ လက္ေဆာင္အျပန္သယ္ခဲ့တာေရာ္..က်န္တဲ့လူေတြကေတာ့ ယူကုန္ၿပီး၊ လူေလးပဲက်န္ေတာ့တာ..၊ ကဲ ေရာ့ "

ကမ္းေပးလာတဲ့ အထုတ္ေလးႏွစ္ခုကို ခြန္စိုင္းလွမ္းယူလိုက္သည္။ ခြန္စိုင္းၾကည့္လိုက္ေတာ့ အထဲတြင္ ရွမ္းပုဆိုးေလးေတြႏွင့္အက်ီေလးေတြျဖစ္တာမို႔ ခြန္စိုင္းသေဘာတက်ၿပဳံးကာ ဘဘႀကီးကိုေက်းဇူးတင္စကားေျပာလိုက္သည္။

" ေက်းဇူးတင္ပါတယ္ ဘဘႀကီး "

" ရပါတယ္လူေလးရယ္..၊ အက္ဒြက္ တပ္စခန္းဘက္သြားဖို႔ရွိတယ္ဆို ​ညိုႀကီးကိုျပင္ခိုင္းလိုက္ေတာ့ေလ " "

" ငဒူးကို ခုနက က်ဳပ္ေျပာထားလိုက္တယ္အဖ..  က်ဳပ္ၿမိဳ႕ႀကီးဘက္ဆီေတာင္ဆက္ရမယ္ထင္ "

" ၿမိဳ႕ႀကီးဘက္လွည့္မယ္ဆိုရင္ေတာ့ မင္း အေစာေလးသြားမွတန္ကာၾကမယ္ေနာ့္ "

" ဟုတ္ကဲ့ အဖ "

ဘႀကီး နဲ႕ ေနေစးေျပာတာေတြ ခြန္စိုင္းနားေထာင္ၿပီး မ်က္လုံးေလးေတြဝိုင္းလာသည္။ ၿမိဳ႕ႀကီးဆီေလွ်ာက္လည္ဖို႔အခြင့္အေရးကို သူအမိအရဆုပ္ကိုင္ရမည္။ ခြန္စိုင္းစိတ္လႈပ္ရွားၿပီးလိုက္ခ်င္ေနတဲ့ပုံစံေလးႏွင့္ေနေစးကိုၿပဳံးျပေတာ့ ေနေစးက ရယ္ခ်င္တာကိုေအာင့္ထားကာ ပုံမွန္ေလးပဲၿပဳံးျပလိုက္သည္။

"  ကဲ ကဲ မနက္စာစားၾကရေအာင္၊  "

ထို႔ေနာက္ ခြန္စိုင္း တို႔အားလုံးမနက္စာအတူတူစားၾကသည္။

စားၿပီးတာႏွင့္ ခြန္စိုင္းနဲ႕ ေနေစးက ဘႀကီးနဲ႕စကားခဏေျပာၿပီး ေနေစးက တပ္စခန္းဆီသြားရန္ အေပၚထပ္သို႔တတ္လာခဲ့သည္။ ခြန္စိုင္းက လက္ေဆာင္ထုတ္သြားထားမယ္ဆိုၿပီး ဘႀကီးကိုခြင့္ေတာင္းကာ အေပၚတတ္လာၿပီး ေနေစး အခန္းတံခါးကိုေခါက္လိုက္သည္။

" စိုင္းဟြမ္လား..ဝင္ခဲ့ေလ "

ေနေစးအသံၾကားေတာ့ခြန္စိုင္းဝင္သြားလိုက္သည္။

" အက္ဒြက္.."

ခြန္စိုင္းအသံေၾကာင့္ ေနာက္ေက်ာေပးၿပီးအက်ီက်ယ္သီးခြၽတ္ေနတဲ့ ေနေစးက ခြန္စိုင္းကိုလွည့္ၾကည့္လာသည္။

" အာ...အ အဝတ္စားလဲေနတာလား၊ "

အေယာင္ေယာင္အမွားမွားျဖစ္သြားတဲ့ ခြန္စိုင္းအနားသို႔ ေနေစးတစ္လွမ္းခ်င္းေလွ်ာက္လာသည္။ အက်ီက်ယ္သီးကြၽတ္နဲ႕ ေပါင္မုန့္ေျခာက္လုံးႂကြက္သားအၿဖိဳင္းၿဖိဳင္းကသေရက်ေလာက္စရာျဖစ္ေနၿပီး ခြန္စိုင္းအားၿငိဳ႕ငင္စြာၾကည့္ေနတဲ့ ေနေစးပုံစံကျမန္မာဇာတ္ကားထဲကလူယုတ္မာလို႔ျပဳမႈေနတာေၾကာင့္ ခြန္စိုင္းမ်က္ႏွာ နီရဲတတ္လာၿပီး မ်က္ႏွာလႊဲထားလိုက္သည္။

" ဘ..ဘာလုပ္ေနတာလဲ.. "

အရွက္သည္းကာ မ်က္ႏွာေလးနီရဲကာေပါက္ထြက္မတတ္ျဖစ္ေနတဲ့ ခြန္စိုင္းကိုၾကည့္ၿပီး ေနေစးႏႈတ္ခမ္းေကာ့တတ္ယုံမွ်ၿပဳံးကာ..၊

" က်ဳပ္အဝတ္ခြၽတ္ေနတဲ့အခ်ိန္မွာ ေရာက္လာတဲ့ ခင္ဗ်ားကိုက်ဳပ္ဘာလုပ္မယ္လို႔ထင္ေနတာလဲ "

မေန႕ညကဆင္ဆာမဲ့ကိစၥတစ္ခုက ခြန္စိုင္းအသိအာ႐ုံထဲဝင္လာခ်ိန္မွာ ခြန္စိုင္းမ်က္ႏွာေတြပူထူလွ်က္မေနတတ္ေတာ့ေပ ။

" ...ကိုယ္...ကိုယ္လဲမင္းအဝတ္စားလဲေနမယ္လို႔ ဘယ္ထင္မလဲ၊ အဲ့.. အဲ့ဒါဆိုလဲ ေနာက္မွျပန္လာခဲ့ေတာ့မယ္.."

ေျပာၿပီးတာႏွင့္တံခါးေပါက္ဆီလွမ္းေနတဲ့ ခြန္စိုင္းလက္ကို ေနေစးဆြဲယူၿပီး ခြန္စိုင္းခႏၶာကိုယ္ေလးကိုညင္သာစြာေပြ႕ဖက္ထားလိုက္သည္။

" ..... "

" ဘာလို႔အဲ့ေလာက္ရွက္ေနတာလဲ..က်ဳပ္ခႏၶာကိုယ္ေပၚမွာေတာင္ ခင္ဗ်ားအနံ႕အသက္မေပ်ာက္ေသးဘူးေနာ္ "

" ဘ..ဘာေတြေျပာေနတာလဲ! မရွက္ဘူးလား "

" အမွန္ေျပာတာေနေရာ..ဘာရွင္စရာရွိတုန္း.. ရွက္ေပါင္.. "

" မင္း....! ဖယ္ေတာ့..၊ မဖယ္ရင္ ရိုက္မွာေနာ္ "

" အင္း ၊ ခင္ဗ်ားေက်နပ္မယ္ဆိုရင္ေပါ့ "

ထိုသို႔ေျပာၿပီး ခြန္စိုင္းကိုပိုလို႔ဖက္ထားၿပီး လည္တိုင္ေလးဆီတစ္ခ်က္နမ္းလိုက္တဲ့ ေနေစးေၾကာင့္ ခြန္စိုင္းလည္တိုင္ေလးႏွင့္နား႐ြက္ေလးပင္ နီလွ်က္။ ဖဲ့က်သြားမွာစိုးရိမ္ေနသလိုမ်ိဳး ညင္သာတဲ့ေထြးေပြ႕မႈ႕ေတြေၾကာင့္ ခြန္စိုင္းမွာ ရွက္ေသာ္လည္း ေနေစးကိုရိုက္ဖို႔ရာစိတ္ကူးမရွိေပ။

ေနေစးသည္လည္း သူ႕ကိုမရိုက္ရက္တဲ့ ခြန္စိုင္းရဲ႕စိတ္ကိုသိေနျခင္းေၾကာင့္ ႏႈတ္ခမ္းေတြကတိတ္တခိုးၿပဳံးၿပီး ဖက္ထားရင္းပင္ ခဏေလာက္ေနလိုက္သည္။ ဒီေန႕ ၿမိဳ႕ႀကီးက ကိုသီဟ ဆီသြားၿပီး တစ္ခ်ိဳ႕အေၾကာင္းအရာေတြအရာ ေနေစး ေမးရဦးမယ္။ ဒါမွ ခြန္စိုင္းဆိုတဲ့ လူႀကီးေလးက ေစာေနေစးအပိုင္ျဖစ္လာမည္မဟုတ္လား။

" ကိုယ့္ကိုလဲ ၿမိဳ႕ႀကီးေခၚသြားမွာလားဟင္? "

" ....ခင္ဗ်ားလိုက္ခ်င္လို႔လား "

" ေနခဲ့ဆိုလဲရပါတယ္၊ ဒါေပမယ့္ ေခၚသြားရင္ေတာ့ပိုေကာင္းတာေပါ့ "

ခြန္စိုင္းကိုဖက္ထားရာကခြာၿပီးၾကည့္ေတာ့ ေတာင္းဆိုတဲ့မ်က္ဝန္းေလးေတြက ၾကည္ေတာက္ကာ အ​ၿပဳံးႏုႏုတို႔ကလွပလွ်က္ ေမွ်ာ္လင့္တႀကီးနဲ႕ပင္ ။ ခရီးသြားဧည့္သည္ေတြတိုင္းက ဒီလူႀကီးေလးလိုခ်စ္ဖို႔ေကာင္းသလား? ။ ေနေစးက ညစ္က်ယ္က်ယ္ေလးၿပဳံးကာ..။

" က်ဳပ္ကိုနမ္း...အဲ့တာဆို ေခၚသြားေပးမယ္ "

" ဟမ္? "

" ဒီေနရာေလး..."

သူ႕လက္ညွိုးကို ႏႈတ္ခမ္းေပၚတင္ကာ ခါးအနည္းငယ္ကိုင္းေပးေတာ့ ခြန္စိုင္းအျမင္ကပ္စြာ မ်က္လုံးေထာင့္ကပ္ၾကည့္ၿပီး မသိမသာႏႈတ္ခမ္းဆူလွ်က္မသိခ်င္ေယာင္ေဆာင္ေနသည္။

" အိုး...မနမ္းခ်င္ဘူးေပါ့၊ ေကာင္းၿပီေလ..အိမ္မွာ ေကာင္းေကာင္းေနခဲ့ေနာ္ "

" ......."

ေနေစး စကားေၾကာင့္ ခြန္စိုင္းစိတ္ေပါက္ေပါက္နဲ႕ ခ်က္ခ်င္းပင္ ေနေစးပခုံးကေနဖိနပ္ၿပီးခါးကိုင္းေစကာ ႏႈတ္ခမ္းတစ္စုံကို ႁပြတ္ခနဲ ျမည္ေအာင္စုပ္ယူနမ္းျပစ္လိုက္သည္။

" ကိုယ္နမ္းၿပီးၿပီေနာ္.. အဝတ္စားသြားလဲေတာ့မယ္.."

ခပ္သြက္သြက္ေျပာၿပီးအလွ်င္စလိုထြက္သြားက တဖက္အခန္းဆီေတာင္ျပန္ေရာက္ေနၿပီ၊ ေနေစးမွာေတာင္ ခြန္စိုင္းစုပ္နမ္းသြားတဲ့သူ႕ႏႈတ္ခမ္းဆီကအနမ္းေႏြးေႏြးေလးကိုလက္နဲ႕တို႔ထိကာ နားဖ်ားေတြနီရဲ၍ သေဘာက်ေနေတာ့သည္။

* လူႀကီးေလးကို ထပ္နမ္းခ်င္လိုက္တာ! *

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အေနာက္ဘက္႐ြာတြင္ျဖစ္သည္။

ေနာ္အဲလာသည္ မေန႕ညကသူေတြ႕ခဲ့တဲ့ ခြန္စိုင္း နဲ႕ ေနေစး ရဲ႕ပက္သတ္မႈ႕ကိုမ်က္လုံးထဲျမင္ေယာင္လာတိုင္းမွာ သူမအေသြးအသားထဲထိ႐ြံ႕ရွာမႈ႕ကိုခံစားေနရသည္။

သူမဟာ ဒီလုံဝမ္႐ြာတြင္ေမြးဖြားႀကီးျပင္းခဲ့ေသာ္လည္း တျခားေသာ ၿမိဳ႕ႀကီးသူေတြထပ္နိမ့္က်ခဲ့ျခင္း မရွိခဲ့ေပ။ ဒါ့အျပင္ ဇမ္မထီဟန္ၿမိဳ႕ေပၚတြင္ လုံဝမ္႐ြာလူႀကီးရဲ႕သမီးဆိုတဲ့ ဂုဏ္ပုဒ္နဲ႕ တစ္ခ်ိဳ႕​ေသာလူေတြဟာ သူမအားမ်က္ႏွာသာအေလးေပးဆက္ဆံတတ္ျခင္းပင္ရွိသည္။ သို႔ေသာ္ အခ်စ္ေရးရာမွာ သူမလက္ထက္ဖို႔အထိရည္႐ြယ္ထားေသာ ေယာက္က်ားမွာ ဘာေၾကာင့္တျခားေယာက္က်ားတစ္ဦးနဲ႕ခ်စ္ႀကိဳက္ေနရသလဲ သူမေတြးမရေပ။

ထိုလူဟာ သူမထက္ဘယ္ေနရာမ်ားသာတာရွိလဲ? ၊ ဒါ့အျပင္ သူမလိုမိန္းမပ်ိဳတစ္ေယာက္က ဘာမဟုတ္တဲ့လူတစ္ေယာက္နဲ႕ယွဥ္ၿပိဳင္ေနရျခင္းကိုပို၍ေဒါသထြက္စရာေကာင္းေနမိသည္။

ဧည့္ခန္းမွာထိုင္ၿပီး ေတြေတြေဝေဝနဲ႕ မ်က္ႏွာမေကာင္းျဖစ္ေနတဲ့ ေနာ္အဲလာသည္ သူမစိတ္ထဲမွာ ေနေစးဟာ သူမအပိုင္ပဲမို႔ အခုလို ခြန္စိုင္းနဲ႕ကိစၥကို မ်က္စိနဲ႕ျမင္၊ နားနဲ႕ၾကားခဲ့ျခင္းကိုပင္ လက္မခံနိုင္ျဖစ္ေနဆဲပင္ ။

* နင္က ဧည့္သည္တစ္ေယာက္ပဲေလ..အဲ့ေတာ့ ဒီနယ္ေျမမွာ လူမသိသူမသိေသသြားေတာ့ေရာ ဘာဂ႐ုစိုက္စရာရွိလဲ *

သူမရဲ႕အမုန္းတရားေတြနဲ႕အမ်က္ေဒါသေတြက အမွားအမွန္ကိုဖုံးကြယ္ေနခဲ့ၿပီး..အရာအားလုံးကို သူမေရွ႕ဆက္လုပ္ေဆာင္ဖို႔အႀကံအစည္မ်ားျပည့္ေနလွ်က္ရွိသည္။

" ေနာ္...သမီးငယ္ ၊ ေဝ့ ေနာ္အဲလာ "

" ရွင္!... ရွင္ အေဖ "

" အို ဘယ့္ႏွယ့္ ေခၚလိုက္ရတာကြယ္၊ ဘာေတြေတြးေနတုန္း.. မ်က္ႏွာလဲေကာင္းမေနဘူးေရာ္"

ခုံမွာဝင္ထိုင္ရင္းေမးလာတဲ့ ေနာ္အဲလာအေဖသည္ သူ႕ သမီးရဲ႕မ်က္ႏွာမေကာင္းပုံကိုၾကည့္ၿပီး အလိုမက်ဟန္။မိတဆိုးသမီးေလးမို႔ ေနာ္အဲလာကို သူ႕အေဖကလိုအပ္တာမွန္သမွ်ျဖည့္ဆည္းေပးၿပီး မ်က္ႏွာတစ္ခ်က္မညွိုးေအာင္ထားသည္။

" ဘာမွမျဖစ္ပါဘူး အေဖ "

" ဘယ္လိုဘာမွမျဖစ္တုန္းလို႔.. သမီးမ်က္ႏွာဒီေလာက္မေကာင္းျဖစ္ေနတာ၊ ေျပာပါဦး..ငါ့သမီးကိုဘယ္အရာကအေႏွာက္ယွက္ေပးေနတာလဲ "

" ....... "

ထိုသို႔ေျပာလာတဲ့ အေဖျဖစ္သူစကားေၾကာင့္ ေနာ္အဲလာ မ်က္လုံးလက္ခနဲျဖစ္သြားသည္။ ဟုတ္တာပဲ.. သူမအေဖကိုေျပာလိုက္ရင္ သူမကိုစိတ္အေႏွာက္ယွက္ေအာင္လုပ္ေနတဲ့ အေကာင္စုတ္ကို အေဖက ေျဖရွင္းျပစ္နိုင္တယ္မဟုတ္လား။ ေနာက္ၿပီး....။

ထိုအခါ ေနာ္အဲလာသည္ သူမအေဖကိုၾကည့္ၿပီး မ်က္ႏွာကိုေစာနကထပ္ညွိုးစြာ ။

" အေဖ..သမီုး အကို႔ ကိုေမတၱာရွိေပမယ့္ အကိုကသမီးကိုဂ႐ုမစိုက္ဘူး၊ သမီးမွာဘာခ်ိဳ႕ယြင္းခ်က္ေတြရွိေနလို႔လဲဟင္ "

" အိုး..သမီးငယ္ရယ္.."

႐ြာလူႀကီးဟာ သူ႕သမီးခံစားေနရတဲ့မ်က္ႏွာေလးကိုၾကည့္ၿပီးရင္ထဲမေကာင္းျဖစ္ရသည္။

ငယ္စဥ္အခ်ိန္က သူ႕သမီးနဲ႕ ေစာေနေစး က အၿမဲကစားေဆာ့ကစားၿပီး ေနာင္တခ်ိန္မွာ သူတို႔ႏွစ္ေယာက္ကို လက္ထက္ပြဲလုပ္ေပးဖို႔အထိရည္မွန္းထားေသာ္လည္း ျဖစ္ပ်က္သြားခဲ့တဲ့ကိစၥေတြေၾကာင့္ ေစာေနေစးတို႔သားအဖဟာ သူ႕အားခပ္ခြာခြာလုပ္လာၿပီးေနာက္ပိုင္း တစ္႐ြာစီတစ္သီးတစ္သန့္ျဖစ္သြားခဲ့သည္။ အခုေတာ့ ၾကားထဲက သူ႕သမီးေလးက ခံစားေနရရွာၿပီ။

႐ြာလူႀကီးက သက္ျပင္းရွည္တစ္ခ်က္ခ်ကာ..။

" သမီး ေစာေနေစးအေပၚဘယ္လိုသံေယာဇဥ္ႀကီးလဲဆိုတာ အေဖသိပါတယ္၊ အင္း ..အဲ့အတြက္သမီးဘာမွစိတ္မညစ္ေနနဲ႕ေတာ့ ၊ အေဖတစ္ခုခုစီစဥ္​ေပးမယ္ေရာ္ "

" တကယ္လား အေဖ "

" စိတ္မပူနဲ႕ ၊ ေစာေနေစးက ငါ့သမီးရဲ႕လက္တြဲေဖာ္ျဖစ္လာေစမယ္ "

သူမအေဖရဲ႕အာမခံေနတဲ့စကားေၾကာင့္ ေနာ္အဲလာ ​မ်က္ႏွာၿပဳံး႐ြင္လာၿပီးေနာက္..၊

" ေနာက္တစ္ခုရွိေသးတယ္ "

" ဘာမ်ားလဲ "

" အရင္ကဆို အကိုက သမီးအေပၚဂ႐ုစိုက္ေပးေပမယ့္ အခုေနာက္ပိုင္းမွာပိုစိမ္းကားလာတယ္ အေဖ ၊ အဲ့တာေတြအားလုံးက သူ႕အိမ္မွာေရာက္ေနတဲ့ဧည့္သည္ေၾကာင့္ပဲ၊"

" ဧည့္သည္? "

" ဟုတ္တယ္၊ အကို႔အိမ္မွာေရာက္ေနတဲ့ ဧည့္သည္ကိုဂ႐ုစိုက္ေနရတာနဲ႕ အကိုကသမီးနဲ႕ေတြ႕ဆုံတိုင္းအၿမဲဖ်က္တယ္၊ သမီးအတြက္ေတာ့ အဲ့ဧည့္သည္ကအေႏွာက္အယွက္ပဲ "

ေျပာရင္းနဲ႕ေဒါသထြက္လာတဲ့ ေနာ္အဲလာသည္ သူမမ်က္ဝန္းေတြထဲမွာအလြန္စိတ္တိုေနတဲ့အသြင္ႏွင့္လက္သီးက်စ္က်စ္ဆုတ္ထားရင္းေျပာလာသည္။ ႐ြာလူႀကီးသည္သူ႕သမီးရဲ႕ေဒါသထြက္ေနတဲ့ပုံစံကိုျမင္ေတာ့ မ်က္ေမွာင္က်ဳံ႕ကာ..။

" အဲ့လိုလား.."

" အေဖ သမီးသူ႕ကိုဒီ႐ြာမွာမျမင္ခ်င္ဘူး၊ အကို႔ ဆီက သမီးရမယ့္ အရာေတြကို အဲ့ေကာင္လုယူေနတာ..သမီးသူ႕ကိုမုန္းတယ္!"

" ဘာမဟုတ္တဲ့ဧည့္သည္က ငါ့သမီးစိတ္အေႏွာက္ယွက္ျဖစ္ေအာင္လုပ္ရဲတယ္..၊ ဘာမွစိတ္ညစ္ခံမေနနဲ႕ ေနာ္အဲလား.. သမီးအတြက္ အေဖ အဲ့အမွိုက္ကိုရွင္းေပးမယ္၊ ငါ့သမီးအတြက္ ဘယ္အရာမွ အေႏွာက္ယွက္မျဖစ္ေစရဘူး "

ေနာ္အဲလာသည္သူ႕အေဖရဲ႕စကားေၾကာင့္ ခ်က္ခ်င္းပင္မ်က္ႏွာမွာေက်နပ္ေနတဲ့အၿပဳံးမ်ိဳးျဖစ္တည္လွ်က္ ထိုင္ေနရာမွ သူ႕အေဖေပါင္ေပၚေခါင္းတင္၍..။

" အေဖသမီးအတြက္ လုပ္ေပးမယ္ဆိုတာ သမီးသိတယ္၊ "

႐ြာလူႀကီးက သူ႕သမီးေခါင္းေလးကိုဖြဖြပြတ္ကာ..။

" ငါ့သမီးစိတ္ခ်မ္းသာဖို႔အတြက္ဆို အေဖေသခ်ာေပါက္ရွင္းထုတ္ေပးမယ္ "

ျဖစ္ခ်င္တာျဖစ္ရေတာ့မွာမို႔ စိတ္ေက်နပ္သြားတဲ့ ေနာ္အဲလာဟာ သူ႕အေဖေပါင္ေပၚမွာေခါင္းမွီရင္း ႏႈတ္ခမ္းတစ္ဖက္တြန့္ေကြးကာမဲ့ၿပဳံးၿပဳံးေနခဲ့သည္။

.......

ေနေစးသည္ ခြန္စိုင္းနဲ႕အတူ ျမင္းအတူတူစီးလွ်က္ပင္ အေရွ႕ဘက္တပ္ေစာင္းဂိတ္ဆီေရာက္လာခဲ့သည္။ ဂိတ္ေစာင့္တပ္တြင္းမွာရွိတဲ့ တပ္သားေတြဟာ ခြန္စိုင္းကို ပထမတစ္ေခါက္ျမင္ေတြ႕ကတည္းက သေဘာခ်ိဳတဲ့လူတစ္ေယာက္ဆိုတာသိၾကတာမို႔ အခုခါမွာ ခြန္စိုင္းကိုျမင္ေတြ႕တဲ့အခါ မ်က္ႏွာခက္ထန္ျခင္းမရွိၾကေပ။

အယ္ထူးတို႔အားလုံးက ေနေစး ထိုင္ေနရာဆီေလွ်ာက္လာၾကသည္။

" ဦးေဆာင္သူ "

" အင္း.."

ေနေစး က အယ္ထူး၊ ေျဗာရယ္ နဲ႕ ခူးရယ္ ကိုတစ္ခ်က္ၾကည့္ကာ ေခါင္းညွိမ့္ျပလာသည္။ လက္ထဲတြင္ေတာ့ ေရေႏြးၾကမ္းအခါးပူပူတစ္ခြက္ကိုင္ကာ ေလမႈတ္ေနသည္။

အယ္ထူးတို႔အားလုံးက ေနေစး နဲ႕နည္းတူ ေဘးမွာထိုင္ေနတဲ့ ခြန္စိုင္းကိုလဲ ရိုေသစြာႏႈတ္ဆက္လာသည္။

" ေနာင္ႀကီးခြန္စိုင္း "

" အားလုံးေနေကာင္းၾကတယ္မလားဗ်.."

" .. ဟုတ္ က်ဳပ္တို႔ေနေကာင္းတယ္ေရာ္ "

ေဖာ္ေ႐ႊတဲ့အၿပဳံးႏွင့္ေႏြးေထြးတဲ့စကားေလးေၾကာင့္ အယ္ထူးတို႔တခဏမ်က္ခုံးပင့္တတ္တာ ေနရခက္ခက္နဲ႕ေျဖလာသည္။

" က်ဳပ္တို႔က ဦးေဆာင္သူ ေနေစာင္းခ်ိန္ေလာက္မွထြက္လာမယ္ထင္ေနတာ "

" ေစာေစာထြက္လာတာ.. "

ခူးရယ္ေျပာတာကိုေျဖရင္းနဲ႕ ေနေစးလက္ထဲက ေရေႏြးၾကမ္းခြက္ကိုခြန္စိုင္းဆီလွမ္းေပးေတာ့ ေရွ႕မွာရပ္ေနတဲ့ အယ္ထူးတို႔သုံးေယာက္ကမ်က္လုံးအျပဴးသားနဲ႕ၾကည့္ေနရွာသည္။ ၾကမ္းတမ္းတဲ့ဦးေဆာင္သူကသူ႕ရဲ႕ဧည့္သည္ေလးကိုဆက္ဆံပုံဟာတမူထူးျခားေနေသာ္လည္း သူတို႔ထုတ္မေျပာရဲေခ်။

" ဘယ္မလဲ.. ဘြား နဲ႕ ေမာ့..၊ သူတို႔မေရာက္ေသးတာလား "

" သူတို႔မ​ေန႕ကတည္းကဒီမွာပဲရွိတယ္ မျပန္ၾကဘူးပဲ၊ ကြၽန္​ေတာ္တပ္သားကိုသြားေခၚခိုင္းထားတယ္ "

ထိုသို႔ေျပာၿပီးမၾကာလိုက္ ခြန္စိုင္းတို႔ေရာက္ေနတယ္ၾကားတာႏွင့္ ေလ့က်င့္ေရးကြင္းထဲမွာေရာက္ေနတဲ့ ဘြား နဲ႕ ေမာ့ ေရာက္လာၿပီး ခြန္စိုင္းကိုျမင္တာနဲ႕ ​ေမာ့ လက္လွမ္းျပ၍ ၿပဳံးျပလာသည္။

" ေဝ့ ေနာင္ႀကီး "

ခြန္စိုင္းကလည္း ေမာ့ကိုေတြ႕တာႏွင့္ၿပဳံးျပႏႈတ္ဆက္သည္။ ေမာ့ က အလုပ္အတည္အတန့္လုပ္ေနခ်ိန္ကလြဲၿပီးက်န္တဲ့အခ်ိန္မ်ားဆို ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဘြား ကိုလဲ အၿမဲစေနာက္ေနတတ္တာမို႔ ေမာ့ အေၾကာင္းသိေနတဲ့ ေနေစးတို႔ကလက္လြတ္ထားရသည္။

" ဒီေန႕ ေနေစး လာမယ္ဆိုတာသိေပမယ့္ ေနာင္ႀကီးပါမယ္မထင္မိဘူးေရာ္၊ ဘြား က်ဳပ္ကိုလဲငွဲ႕ေပးဦး "

ကြပ္ပ်စ္မွာဝင္ထိုင္၍ ခြန္စိုင္းကိုေျပာရင္း တဖက္ကဘြားကိုလဲ ေရေႏြးငွဲ႕ခိုင္းေနတဲ့ ေမာ့ ။ ဘြားကေတာ့ ေမာ့ေျပာတဲ့အတိုင္း ေရေႏြးငွဲ႕ေပးရွာသည္။

" ကိုယ္လဲလိုက္လာျဖစ္မယ္မထင္ဘူး အက္ဒြက္ကၿမိဳ႕ႀကီးဘက္သြားမယ္ဆိုလို႔လိုက္လာတာ "

" ၿမိဳ႕ႀကီး? "

" ဟုတ္တယ္ က်ဳပ္ဒီေန႕ကိစၥေလးရွိလို႔ၿမိဳ႕ႀကီးသြားမလို႔.."

" အေရးႀကီးလား ေနေစး၊ က်ဳပ္တို႔ပါလိုက္ဖို႔ လိုအပ္လား "

" အေရးႀကီးကိစၥေတာ့မရွိဘူး ၊ ဒီတိုင္း..စိုင္းဟြမ္လဲပါေတာ့အလည္သေဘာပါပဲ "

" ေအးပါ အဲ့လိုဆိုလဲေကာင္းတာပဲ၊ ေနာင္ႀကီးခြန္စိုင္းက ၿမိဳ႕ႀကီးဘက္အလည္မေရာက္ဖူးဘူးမဟုတ္လား "

" ကိုယ္ ဒီလာတုန္းကေတာ့ ျဖတ္လာခဲ့ဖူးေပမယ့္ လည္တာေတာ့မလည္ဖူးေသးဘူး၊ "

ထိုသို႔စကားစျမည္ေျပာၿပီးေနာက္ ကိစၥတစ္ခ်ိဳ႕စီစဥ္စရာရွိေသးတာေၾကာင့္ ေနေစးက ခြန္စိုင္းကို ေမာ့ နဲ႕ ထားတာ ဘြား နဲ႕က်န္လူမ်ားကိုေခၚ၍ ကင္းတဲထဲသို႔သြားၿပီး အေၾကာင္းအရာေဆြးေႏြးသည္။

အျပင္မွာက်န္ခဲ့တဲ့ ခြန္စိုင္းဟာ ကင္မရာကိုင္ထားေသာ္လည္း သူရိုက္သင့္တဲ့ပုံ ႏွင့္ မရိုက္သင့္တဲ့ပုံကိုသိသည္။ ဒါ့ေၾကာင့္ ခြန္စိုင္းက ဒီတပ္စခန္းပုံမ်ားကို တစ္ပုံတစ္ေလမွရိုက္ျပဳျခင္းမရွိေပ ။ ေမာ့ နဲ႕ေရာက္တတ္ရာရာစကားေတြေျပာရင္ ေနေစးကိုေစာင့္ေနသည္။

ေနေစးတို႔အစည္းအေဝးၿပီးတာႏွင့္ ေနေစး နဲ႕ ခြန္စိုင္းသည္ ျမင္းႏွင့္ပင္ ဇမ္မထီဟန္ၿမိဳ႕ေပၚသို႔တတ္လာခဲ့သည္။ ၿမိဳ႕အဝင္လမ္းမေရာက္ခင္တစ္ေနရာမွာ ႏွစ္ေယာက္သားျမင္းေပၚကဆင္းၿပီးလမ္းေလွ်ာက္၍ ျမင္းကိုၿမိဳ႕အဝင္ကအိမ္တစ္အိမ္မွာအပ္ႏွံကာ ေနေစးတို႔ ၿမိဳ႕ထဲသို႔ဝင္လာခဲ့သည္။

မ်ားစြာစည္ကားလွ်က္ရွိတဲ့ ဇမ္မထီဟန္ၿမိဳ႕ ဟာ ရန္ကုန္ၿမိဳ႕ေပၚမွာလို ကားမ်ားရႈတ္ေထြးစြာမရွိသည္ကလြဲလို႔ အေတာ္ေလးလူစည္ကားလွ်က္ရွိၿပီး လူေပါင္းစုံလွသည္။ အိမ္ေျခတစ္ခ်ိဳ႕ရွိသည္မွာ ထိုအိမ္ေျခေတြတိုင္း အုပ္ပတ္ကားမ်ားႏွင့္သာေဆာက္လုပ္ထားသည္။

ေနေစးသည္ သူ႕အသိ ကိုသီဟဆိုတဲ့ကုန္သည္ဆီအရင္လာတာေၾကာင့္ အခုခါမွ ခြန္စိုင္းနဲ႕အတူတူေလွ်ာက္လာသည္။ ၿမိဳ႕လမ္းဆိုရာတြင္ လမ္းေဘးမွာ ေစ်းသည္တစ္ခ်ိဳ႕ရွိေနသလို ဝယ္သူတစ္ခ်ိဳ႕တစ္ခ်ိဳ႕သည္လည္းရွိေနျခင္းေၾကာင့္ ဝင္တိုးခံရတာလဲရွိသည္။

* က်စ္! လူရႈတ္လိုက္တာ *

ခြန္စိုင္းသည္ လမ္းသြားလူေတြကိုေရွာင္ေနရင္း သူ႕အားခဏခဏဝင္တိုက္မိေနတာေၾကာင့္ မနည္းၾကည့္ေရွာင္ေနရသည္။ ဒါကို ေတြ႕ေတာ့ ေနေစးက ခြန္စိုင္းလက္ကိုဆြဲကာဆုတ္ကိုင္ထားရင္း..။

" က်ဳပ္လက္ကိုကိုင္ေလွ်ာက္..၊ ေရွ႕မွာဆို လူပိုမ်ားတယ္ "

ပထမေတာ့ ခြန္စိုင္းအဲ့လိုေလွ်ာက္ရမွာနည္းနည္းအေနခက္မိေပမယ့္ တကယ္လည္းေရွ႕ဘက္မွာ လူအုပ္ကသြားလာသူေတြမ်ားေနတာေၾကာင့္ ခြန္စိုင္းက ေနေစးလက္ကိုထပ္၍ကိုင္ကာ..ေလွ်ာက္လိုက္သည္။ ေျပာစကားနားေထာင္တဲ့ခြန္စိုင္းေၾကာင့္ လမ္းေလွ်ာက္ရင္းပင္ ေနေစးမွာ ေက်နပ္ေနေသာအၿပဳံးမ်ိဳး ၿပဳံးလိုက္တာကိုေတာ့ ခြန္စိုင္းမသိလိုက္ေခ်။

ဆိုင္ခန္းတစ္ခုသို႔အေရာက္တြင္ ေနေစးက ဆိုင္တံခါးကိုတြန္းဖြင့္၍ ေကာင္တာမွာထိုင္​ေနတဲ့လူတစ္ေယာက္ကိုေခၚလိုက္သည္။

" ကိုသီဟ..."

" ဟာ! ဦးေဆာင္....အာ မွားလို႔ ၊ ကိုေနေစး ဘယ္ကလွည့္လာတာလဲဗ် "

" ဒီကိုပဲ.."

ထိုသို႔ေျပာေနတဲ့အခ်ိန္မွာ ကိုသီဟ က ေနေစးေနာက္မွာပါလာတဲ့ ခြန္စိုင္းကိုအံၾသစြာၾကည့္ၿပီး ေနေစးလက္ကိုၾကည့္မိေတာ့ ခြန္စိုင္းကေနရခက္စြာ ေနေစးလက္ကိုကုတ္သည္။ သို႔ေသာ္ ကိုသီဟ ဘယ္လိုလူမ်ိဳးလဲဆိုတာသိေနတဲ့ ေနေစးက ခြန္စိုင္းသတိေပးေနတာကို ဂ႐ုမစိုက္ပဲလစ္လ်ႈရႈကာ လက္ကိုဆုတ္ကိုင္ထားဆဲ ။

" ႂကြပါ..ကိုေနေစး..ဒီကဧည့္သည္ေလးလဲ ႂကြပါဗ် "

ကိုသီဟသည္ ေနေစးေနာက္မွပါလာတဲ့ လွပေသာမ်က္ႏွာပိုင္ဆိုင္ထားတဲ့အမ်ိဳးသားေလးကိုၾကည့္ၿပီး မ်က္ဝန္းေတြမွာသေဘာက်ျခင္းအျပည့္ႏွင့္ေျပာလိုက္ေသာ္လည္း.. မထင္မွတ္စြာ ေစာေနေစး က ထိုအမ်ိဳးသားေလးကို သူ႕ေရွ႕မွာပင္ ပခုံးကိုဖက္ၿပီး ထိုင္ခုံေနရာဆီသြားသည္။

ခန့္မွန္းစရာပင္မလိုေအာင္ ဒီေလာကသားေပမို႔ အထွာေပါက္သြားတဲ့ ကိုသီဟ က ေနေစးကိုအံၾသသြားေပမယ့္ ဒီနယ္ေျမတေၾကာအပိုင္စိုးတဲ့ ဒီဘုရင္ကိုဘယ္လိုေျပာရဲမည္လဲ ။

" ကိုေနေစး ဘာမွာစရာရွိလို႔ကိုယ္တိုင္ေရာက္လာတာလဲဗ် "

ခြန္စိုင္းလည္ပင္းက ကင္မရာကိုၾကည့္ၿပီး ကိုသီဟက ခြန္စိုင္းရဲ႕လွပတဲ့မ်က္ႏွာေလးအေပၚ သူ႕စိတ္ဝင္စားမႈ႕အားလုံးကို ေနေစး ဆီမွာသာ အာ႐ုံစိုက္ထားလိုက္ေတာ့သည္။ သူ႕အေနနဲ႕ ဒီၿမိဳ႕မွာ ေခါင္းၿမဲခ်င္သည္ေလ။

" က်ဳပ္အေနနဲ႕ခင္ဗ်ားဆီကအႀကံဉာဏ္အကူညီေတာင္းစရာရွိလို႔လာခဲ့တာ၊ ခင္ဗ်ားအဆင္ေျပမလား "

" ကြၽန္ေတာ္တတ္နိုင္တာဆိုရင္ ဘယ္အရာမဆိုအဆင္ေျပပါတယ္ "

ေနေစး က ကိုသီဟနဲ႕ေျပာၿပီး ခြန္စိုင္းဘက္ကိုၾကည့္လိုက္ေတာ့ ခြန္စိုင္းက ေနေစးတို႔စကားဝိုင္းထက္ ဆိုင္အတြင္းထဲ​ျပင္ဆင္မႈ႕ေတြကိုပို၍စိတ္ဝင္တစားျဖစ္ေနတာကိုေတြ႕လိုက္ရသည္။

ဒီဆိုင္ဟာ နိုင္ငံျခားစတိုင္ပုံေဖာ္ၿပီးအလွဆင္ထားပုံကေခတ္မွီတယ္လို႔ေျပာလို႔ရေသာ္လည္း လူႀကီးလူငယ္မေ႐ြးစိတ္ေအးသေဘာက်ေစနိုင္တဲ့ျပင္ဆင္မႈ႕မ်ိဳးပင္ ။ ဆိုင္အတြင္းပိုင္းပတ္ပတ္လည္တစ္ခုလုံးတြင္ သစ္ခြအလွပန္းအိုးေလးေတြအစီရီခ်ိတ္ဆြဲထားၿပီး စာအုပ္စဥ္တစ္ခုပါထားရွိေပးထားတဲ့အျပင္ စားပြဲဝိုင္းအေသးေလးႏွစ္ခုထားရွိေပးထားသည္။ ဒီဆိုင္ရဲ႕အဓိက ေရာင္းခ်တာဘာမွန္းမသိေသးေသာ္လည္း အခုေနခါမွာေတာ့ အျမင္နဲ႕တင္ေနခ်င္စဖြယ္ ။

ခြန္စိုင္းရဲ႕ ​ေတာက္ပတဲ့မ်က္ဝန္းညိုေလးေတြဟာ စူးစမ္းခ်င္စိတ္ႏွင့္လွပလွ်က္၊ ေကာ့ၫႊတ္တဲ့မ်က္ေတာင္ရွည္ေလးေတြက ဆြဲေဆာင္မႈ႕ရွိေနျခင္းေၾကာင့္ ကိုသီဟ က ခြန္စိုင္းအေပၚၾကည့္မိျခင္းပိုမေရွာင္လႊဲနိုင္ေပ။ ကိုသီဟရဲ႕အၾကည့္ေတြကိုလုံးဝမႀကိဳက္ႏွစ္သက္တဲ့ ေနေစးသည္ မ်က္ေမွာင္က်ဳံ႕လွ်က္။

" ဒီက.... "

ကိုသီဟေမးေတာ့ ေနေစးက ခပ္တည္တည္နဲ႕ပင္ ခြန္စိုင္းလက္ကိုကိုင္ၿပီး..။

" ဒါက က်ဳပ္သက္ဆိုင္သူ..ခြန္စိုင္းဟြမ္ "

" ...ဗ်ာ.. ! "

* သက္ဆိုင္သူ? *

ေလးနက္စြာ ကိုသီဟ မ်က္ႏွာကိုစိုက္​ၾကည့္ကာေျပာလာတာေၾကာင့္ ကိုသီဟမွာ မအံၾသပဲမေနနိုင္၊ ေနေစးက သူ႕ကိုဒဲ့တိုးေျပာလာလိမ့္မယ္လို႔မွမထင္တာ ။

ေနေစးထိုသို႔မိတ္ဆက္ေပးမယ့္မထင္လိုက္တဲ့ ခြန္စိုင္းလည္း ေနေစးရဲ႕စကားေၾကာင့္ မ်က္ႏွာပူပူႏွင့္ရွက္၍ ေနေစးကို အလန့္တၾကားလွည့္ၾကည့္လိုက္သည္။ သိူ႕ေသာ္ ေနေစး က မ်က္ႏွာတစ္ခ်က္အမႈအရာမပ်က္ပဲ ခြန္စိုင္းကိုၿပဳံးၾကည့္လာတာေၾကာင့္ ခြန္စိုင္းမွာစိတ္ဆိုးရခက္ခက္ပင္။

အံၾသတႀကီးျဖစ္ေနတဲ့ကိုသီဟကိုၾကည့္ၿပီး ခြန္စိုင္းမ်က္ႏွာရွက္ရွက္နဲ႕ပင္..။

" အဟမ္း ကြၽန္ေတာ့္နာမည္ခြန္စိုင္းဟြမ္ပါ ကိုသီဟ "

" အာ..ဟုတ္..ကဲ့၊

" ကြၽန္ေတာ္ကဒီၿမိဳ႕မွာကုန္သည္တစ္ေယာက္ဆိုေတာ့ ေနာင္မွာ အကို လိုအပ္တာရွိရင္ေျပာလို႔ရပါတယ္ "

" ဟုတ္ကဲ့ ကိုသီဟ "

ခြန္စိုင္းက ဆိုင္အျပင္အဆင္ေတြကိုၾကည့္ေနတာေတြ႕ေတာ့ ကိုသီဟၿပဳံးကာ..။

" အကို ဆိုင္အျပင္အဆင္ကိုစိတ္ဝင္စားပုံပဲ "

ကိုသီဟေျပာေတာ့ ခြန္စိုင္းက ကိုသီဟကိုၾကည့္ၿပီး ယဥ္ေက်းစြာပင္။

" ဒီဆိုင္ရဲ႕ဒီဇိုင္းေလးက တကယ္ေအးခ်မ္းၿပီးေနခ်င္စရာေကာင္းေအာင္ဖန္တီးထားတာပဲ "

" ဟုတ္တယ္..ကြၽန္ေတာ္ဒီလို ဒီဇိုင္းကိုစဥ္းစားမိတုန္းက ေတာ္ေတာ္မ်ားမ်ားကသေဘာမက်ၾကဘူး။ ေတာ္ေသးတာက ကြၽန္ေတာ္ျပင္ဆင္ၿပီးမွ သေဘာက်တဲ့လူနည္းနည္းရွိလာလို႔ "

" ကြၽန္ေတာ့္အေနနဲ႕ဆိုရင္ေတာ့ ဒီဆိုင္ေလးက တကယ္လွပပါတယ္၊"

" ေက်းဇူးတင္ပါတယ္ဗ်ာ.."

ခြန္စိုင္းကသူသေဘာက်ရာကိုသာေျပာျပေနေပမယ့္..ခြန္စိုင္းကိုၾကည့္ၿပီးၿပဳံးေနတဲ့ ကိုသီဟရဲ႕အၾကည့္ေတြကိုမႀကိဳက္တဲ့ ေနေစး မ်က္ႏွာမဲေမွာင္လို႔ေနေတာ့သည္။

" ဒါနဲ႕ ကြၽန္ေတာ္ဒီဆိုင္အျပင္အဆင္ေလးသေဘာက်လိဳ႕ ပုံရိုက္လို႔ရမလားဗ် "

" ရတာေပါ့ဗ်ာ..ကြၽန္ေတာ့္ဆိုင္ေလးကိုသေဘာက်ေပးလို႔ေတာင္ ေက်းဇူးတင္ေနတာပါ"

ေနေစးကဝင္ေျပာသည္။

" စိုင္းဟြမ္ ဟိုဘက္ကညာဘက္ကိုဘာလို႔မသြားလဲ..အဲ့မွာခင္ဗ်ားစိတ္ဝင္စားေလာက္မယ့္တစ္ခုခုေတာ့ရွိမွာ "

" အင္း အဲ့တာဆို ကိုယ္တစ္ခ်က္သြားၾကည့္မယ္"

ေျပာၿပီးတာႏွင့္ ခြန္စိုင္းက ကင္မရာကိုင္ၿပီး ဆိုင္ခန္းေထာင့္ဆုံးဆီသြားသည္။ ကိုသီဟ က ေနေစးခြန္စိုင္းကို ပ,ထုတ္လိုက္တာကိုသိလိုက္တာေၾကာင့္ နည္းနည္းစိတ္ဝင္စားသြားသည္။

" ကြၽန္ေတာ္ဆီက ကိုေနေစးအေနနဲ႕ဘာအႀကံဉာဏ္မ်ားလိုခ်င္တာလဲခင္ဗ် "

" က်ဳပ္လိုခ်င္တဲ့အႀကံဉာဏ္က.............. "

နာရီဝက္ခန့္ၾကာေသာ္အခါ..၊

ေနေစး နဲ႕ ကိုသီဟတို႔စကားေျပာဆိုၿပီးေနာက္မွာ ကိုသီဟ ကိုႏႈတ္ဆက္ၿပီး ခြန္စိုင္းတို႔ျပန္ထြက္လာခဲ့ၾကသည္ ။

ဆိုင္ထဲမွာက်န္ခဲ့တဲ့ ကိုသီဟ သည္ ေနေစး တို႔ကိုၾကည့္ၿပီး ေခါင္းအသာယမ္းေနမိေတာ့သည္။ တစ္ေယာက္က ေသးညွပ္တဲ့ခႏၶာကိုယ္ေလးနဲ႕ႏုႏုနယ္နယ္ေလး၊ ေနာက္တစ္ေယာက္ ေတာဝက္နဲ႕ေတာင္ယွဥ္သတ္ရဲတဲ့ၾကမ္းၾကမ္းတမ္းတမ္း.. ၊ အကယ္၍သာဆိုရင္ ကိုခြန္စိုင္းဟြမ္ ခံနိုင္ရည္ရွိပါ့မလား? ။

သီဟတစ္ေယာက္ သူ႕ဘဝတစ္ေလွ်ာက္မွာ ​ၿမိဳ႕ရဲ႕ဦးေဆာင္သူတစ္ေယာက္ကို ဒီလိုအေၾကာင္းအရာနဲ႕ပက္သတ္ၿပီး ခေရေစ့တြင္းက် ေျပာျပရလိမ့္မယ္လို႔တစ္ခါမွမေတြးခဲ့ဖူးေပ၊ ဒါ့အျပင္ ဘယ္လိုလူက ဒီအေၾကာင္းကို ေက်ာင္းသားတစ္ေယာက္စာနားမလည္သလို အထပ္ထပ္အခါခါေမးလို႔လဲ?  ။ သူ႕ကိုေျပာျပရင္း မ်က္ႏွာႏွာေတာင္ထားစရာေနရာမရွိျဖစ္ရတယ္ ။

* ေနာက္မ်ားမွ က်ဳပ္ခင္ဗ်ားအတြက္ တကယ္ေကာင္းတဲ့ပစၥည္းေလးလက္ေဆာင္ေပးပါဦးမယ္ ကိုခြန္စိုင္းေရ *

°°°°

" အက္ဒြက္.."

" ဟင္.."

" ဘာျဖစ္လို႔လဲ..ေနမေကာင္းဘူးလား "

" က်ဳပ္...."

ကိုသီဟဆိုင္ထဲကထြက္လာကတည္းက မ်က္ႏွာနဲ႕နား႐ြက္ဖ်ားေတြနီရဲေနတဲ့ ေနေစး ကို ခြန္စိုင္းသတိထားမိၿပီးေမးလိုက္သည္။ ဒါေပမယ့္ ေနေစးရဲ႕ဟာ ခြန္စိုင္းေမးသလို ဖ်ားေနတာမ်ိဳးမဟုတ္ပဲ တျခားအေၾကာင္းရင္းတစ္ခုေၾကာင့္ဆိုတာ ေနေစးဘယ္လိုေျပာျပနိုင္ပါ့မလဲ.. ။

" က်ဳပ္ဘာမွမျဖစ္ပါဘူး "

" ေသခ်ာလို႔လား.."

" အင္း၊ လာ..ခင္ဗ်ားကို ဒီဘက္ေစ်းလမ္းလိုက္ျပေပးမယ္ "

" ဒီဘက္ျခမ္းလား "

လူလည္လုပ္တဲ့ေနေစးဟာ ခြန္စိုင္းေမးခြန္းေတြထပ္ေမးလာမွာစိုးလို႔ စကားလမ္းေၾကာင္းလႊဲကာ ခြန္စိုင္းလက္ကိုကိုင္၍ ေျမာက္ဘက္ေစ်းခင္းလမ္းဆီသို႔လိုက္ပို႔ေပးသည္။ ေျမာက္ဘက္ေစ်းလမ္းဟာ သူတို႔ရိုးရာဝတ္စုံေတြနဲ႕အဆင္တဆာတို႔အျပင္ တျခားေသာ လူႀကီးသူမေတြအတြက္ ေဆးတံႏွင့္ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္တို႔ေရာင္းခ်သည္။

Hoodie အက်ီနီညိုေရာင္ႏွင့္ ဂ်င္းေဘာင္းဘီအနက္ရွည္တို႔ျဖင့္ ဘြတ္ဖိနပ္စီးထားတဲ့ ခြန္စိုင္းဟာ လည္တိုင္ထပ္ ကင္မရာကိုခ်ိတ္ဆြဲထားၿပီး ပြဲခင္းနံေဘးက ထူးျခားတဲ့ဆိုင္ခန္းတို႔ႏွင့္ျပင္ဆင္ထားပုံကိုၾကည့္ၿပီး သူ႕ၾကည့္ရတာ ေပ်ာ္႐ြင္ေနပုံေပၚသည္။ တစ္ခ်က္ တစ္ခ်က္ ေနေစး ဘက္ဆီလွည့္ၾကည့္ၿပီး ၿပဳံးျပလာပုံက ေနေစးႏွလုံးသားကိုၾကည္ႏူးမႈ႕တို႔ကူးစက္ေစသည္။

ေျပာက္က်ားေဘာင္းဘီရွည္ႏွင့္ အေပၚထပ္အက်ီေျပာက္က်ားလက္ရွည္ကို တံေတာင္ဆစ္ထိလက္ေခါက္၍ဝတ္ထားတဲ့ ေနေစးသည္ ဒီၿမိဳ႕သူၿမိဳ႕သားေတြနဲ႕ခႏၶာကိုယ္အားျဖင့္အလြန္ကြာျခားတဲ့ ခြန္စိုင္းရဲ႕ပုံစံေလးေၾကာင့္ ခြန္စိုင္းကို လူတိုးတိုက္သြားၿပီး ထိခိုက္ဒဏ္ရာရသြားမွာကို သူ႕ခင္မ်ာစိုးတထိပ္ထိပ္နဲ႕ပင္ ဂ႐ုစိုက္ရပါ၏။

ထို႔ေၾကာင့္အေတာ္အတန္ၾကာတဲ့အထိ ခြန္စိုင္းဟာ ၿမိဳ႕လည္ရင္း ပုံေလးေတြရိုက္ၿပီးတာႏွင့္ ဘႀကီးအတြက္ အ​ေကာင္းဆုံး​ေသာေဆးတံတစ္ဗူးဝယ္ယူကာ ႏွစ္ေယာက္သား ႐ြာျပန္ရန္ ၿမိဳ႕အဝင္မွာ အပ္ႏွံ႕ထားတဲ့ ျမင္းကိုဝင္ယူၿပီး ေတာလမ္းတစ္ေလွ်ာက္ခရီးႏွင္၍ျပန္လာခဲ့ၾကသည္။

ေနဝင္စျပဳေနၿပီမို႔ ေတာလည္​ေခါင္လမ္းထူထူမွာအေအးဓာတ္ဝင္ေနၿပီမို႔ ခြန္စိုင္းနည္းနည္းခ်မ္းစိမ့္စိမ့္ျဖစ္ေနသည္။

" ခ်မ္းေနၿပီလား "

" ဟင့္အင္း..နည္းနည္း "

ခြန္စိုင္းခ်မ္းေနမွန္းသိေတာ့ ေနေစးက ျမင္းခဏရပ္ၿပီး သူအသင့္ယူလာတဲ့ ေစာင္ပါးေလးကိုယူၿပီး ခြန္စိုင္းကိုၿခဳံေပးလာသည္။

" ဟင္? မင္းဒီေစာင္ပါးကိုလမ္းခရီးသြားတိုင္းသယ္သြားတတ္တာလား? "

ေနေစးက ခြန္စိုင္းရဲ႕ကိုယ္မွာ ေစာင္ပါးေလးပတ္ေပးၿပီး ၿပဳံးကာျပန္ေျဖသည္။

" အရင္ကေတာ့အဲ့လိုသယ္တတ္တဲ့အက်င့္မရွိဘူး "

" အခုကေရာ.."

" အခုေတာ့က်ဳပ္မသယ္လို႔မရဘူးေရာ္၊ က်ဳပ္ရဲ႕ခင္ဗ်ားေလးကႏုနယ္တယ္ေလ..အဲ့ေတာ့ က်ဳပ္ႀကိဳမျပင္ထားရင္ ခင္ဗ်ားေအးေနတဲ့အခ်ိန္ ဘယ့္ႏွယ့္လုပ္ၾကမလဲ "

" အာ... "

​ေစာင္ပါးေလးပတ္ေပးၿပီးေနာက္ ေနေစးသည္ ခြန္စိုင္းကိုယ္ေလးကိုပိုတိုးလို႔ဖက္ထားၿပီး ဆံပင္ေလးကိုေမႊးၾကဴကာ..။

" ေႏြးသြားၿပီလား? "

" ေႏြးသြားၿပီဗ်..ဟီး ၊ ဒါနဲ႕ေလ အက္ဒြက္ "

" အင္း "

" ကိုယ္႐ြာလာတုန္းက ဒီဘက္မွာနယ္ေျမၾကမ္းၿပီး မၿငိမ္းခ်မ္းဘူးလို႔ေျပာၾကတယ္ အခုထိခက္ခဲေနတုန္းပဲလား "

" ခက္ခဲၾကတယ္ဆိုေပမယ့္ ေနရာတိုင္းေတာ့မဟုတ္ပါဘူး၊ နယ္ေျမၾကမ္းတမ္းတယ္ဆိုတာေတာ့အမွန္ပဲ လူေတာ္ေတာ္မ်ားမ်ားကဒီဘက္ကိုသိပ္မသြားလာရဲၾကဘူး၊ "

ထိုသို႔ေျပာၿပီး သူ႕အားေမာ့ၾကည့္ေနတဲ့ ခြန္စိုင္း ႏႈတ္ခမ္းေလးကို​ေခါင္းငုံ႕၍တစ္ခ်က္နမ္းၿပီး ၿပဳံးကာ..။

" ခင္ဗ်ားတစ္ေယာက္ပဲမေၾကာက္မ႐ြံလာရဲတာ "

" ...စ စကားေျပာတာ ေကာင္းေကာင္းမေျပာဘူး"

႐ုတ္တရက္ သူ႕ကိုနမ္းလိုက္တဲ့ ေနေစးေၾကာင့္ ခြန္စိုင္းရွက္ကာေရွ႕တည့္တည့္ဆီလွည့္ထိုင္ၿပီး လည္တိုင္ေလးေတြနီရဲေနေတာ့သည္။ အေရျပားပါးတဲ့ခြန္စိုင္းအသားအေရက ေနေစးနမ္းလိုက္တိုင္းရွက္ၿပီးနီရဲသြားတတ္တာေလးကို ေနေစးသေဘာက်မိသည္။ ေနေစးသည္ ခြန္စိုင္းရဲ႕ ရဲရဲနီေနတဲ့လည္တိုင္ေလးေပၚႏႈတ္ခမ္းအပ္ကာနမ္းရွိုက္ေနေတာ့သည္။

ထိုအခါ ခြန္စိုင္းကေျပာလာသည္။

" ကိုယ္မေၾကာက္ဘူးလို႔ဘယ္သူေျပာလဲ..မင္းသိလား ကိုယ့္မွာဒီကိုလာတုန္းက လမ္းမွာတပ္သားေတြနဲ႕ေတြ႕ေတာ့ သူတို႔ကက်ဴးေက်ာ္သူထင္ၿပီးေသနတ္ေတြနဲ႕ခ်ိန္ထားၾကတာ..ကိုယ့္မွာေၾကာက္လို႔ လႈပ္ေတာင္မလႈပ္ရဲဘူး "

အားႀကိဳးမာန္တတ္နဲ႕ ႏႈတ္ခမ္းေလးေထာ္ကာ သူႀကဳံခဲ့တာေတြကို ကေလး​​ေလးလိုတိုင္တန္းေနတဲ့ ခြန္စိုင္းေၾကာင့္ ေနေစးမွာ အသည္းတယားယားနဲ႕ ခ်စ္ေနမိသည္။

" အဲ့လိုလား "

" ဟုတ္တယ္ဆို.. ဒီၾကားထဲ ကိုယ္ခူးရယ္နဲ႕ေတြ႕ေတာ့ ခူးရယ္ စစ္ေမးေနတာေတြမွားမွာေၾကာက္ေနရေသးတယ္၊ ဟူး ျပန္ေတြးၾကည့္ရင္ အလာတုန္းက ကိုယ္မွာလန့္စရာေတြခ်ည္းပဲ မင္းမသိလို႔ "

ခြန္စိုင္းေျပာလို႔အၿပီးမွာ ေနေစးက ခြန္စိုင္းကိုတင္းတင္းေပြ႕ဖက္လို႔ ရင္ခုန္သံေတြျမန္ဆန္စြာ ။

" ေက်းဇူးတင္ပါတယ္၊ က်ဳပ္အနားကိုေရာက္လာခဲ့ေပးလို႔၊ ၿပီးေတာ့ က်ဳပ္လိုလူကိုခ်စ္ေပးတဲ့အတြက္လဲေက်းဇူးတင္ပါတယ္ ခင္ဗ်ားရယ္ ၊ "

" ..... "

" ဒီတစ္ေခါက္ခက္ခက္ခဲခဲလာခဲ့တာကိုမွတ္ထားၿပီး.. ေနာင္မွာ က်ဳပ္ ေစာေနေစးရွိရာအရပ္၊ ဘယ္ေဒသမဆို ခင္ဗ်ားတစ္ေယာက္အတြက္ တံခါးမရွိဓားမရွိ၊စစ္ေမးရဲသူမရွိေစရဘူးလို႔က်ဳပ္ဂတိေပးတယ္။ "

" အမ္း., ဒါဆို ကိုယ္မွတ္ထားလိုက္ၿပီေနာ္ "

ေနေစး ဖက္ထားတဲ့လက္ကိုအုပ္ကိုင္ၿပီး ေနာက္လွည့္ၾကည့္ကာ ၿပဳံး၍ေျပာလာတဲ့ ခြန္စိုင္းမ်က္ႏွာေလးကို ေနေစး ေစ့ေစ့ၾကည့္ရင္းအသည္းယားေစသည္။

" က်ဳပ္ခင္ဗ်ားကိုျမတ္နိုးတယ္ စိုင္းဟြမ္၊ တစ္သက္လုံးစာအတြက္ က်ဳပ္အနားမွာပဲေနေပးမယ္မလား "

" မင္းဆႏၵရွိရင္ ကိုယ္ေနေပးနိုင္ပါတယ္ "

ဒီတစ္ႀကိမ္ေတာ့ ေနေစးသည္ ခြန္စိုင္းႏႈတ္ခမ္းေလးကို ခုနကလို ထိကပ္ယုံမွ်နမ္းျခင္းမဟုတ္ေတာ့ပဲ ခြန္စိုင္းမ်က္ႏွာေလးကိုသူ႕ဘက္သို႔က်နစြာဆြဲယူ၍ ႏႈတ္ခမ္းလႊာတစ္စုံကိုအပိုင္းသိမ္းကာနမ္းရွိုက္သည္။

ေအာက္ႏႈတ္ခမ္းႏွင့္အေပၚႏႈတ္ခမ္းတို႔ကို စီးခ်က္ညီညီ နဲ႕ ႏူးညံ့ညင္သာစြာနမ္းရွိုက္ေနတဲ့ ေနေစးသည္ ဘယ္လိုပင္နမ္းေနေသာ္လည္း သူ႕အတြက္ေတာ့ ခြန္စိုင္းရဲ႕ႏႈတ္ခမ္းလႊာေလးက လုံေလာက္ျခင္းမရွိေပ။ ေနေစးလည္ပင္းသို႔သိုင္းဖက္ကာ စီးေျမာ၍အနမ္းတို႔တုန့္ျပန္ေနတဲ့ ခြန္စိုင္းဟာ သူ႕ခံတြင္းထဲသို႔ေနေစးလွ်ာတိုးဝင္ဖို႔ခြင့္ေတာင္းလာခ်ိန္မွာ ျငင္းဆန္ျခင္းအလ်င္းမရွိ၊ သူ႕ဘက္ကပင္ျပန္တုန့္ျပန္မိေတာ့..ပို၍စိတ္ျပင္းထန္လာတဲ့အနမ္းတို႔မွာ သိမ့္သည္းလာခဲ့သည္။

ဘယ္အခ်ိန္ရပ္ရမယ္မွန္းသိတဲ့ ေနေစး ဟာ အခ်ိန္တစ္ခုအထိနမ္းၿပီးေနာက္မွာ အနမ္းတို႔ကိုလက္စသတ္လိုက္သည္။

နဂိုကတည္းက ခြန္စိုင္းအေပၚပို၍ပိုင္ဆိုင္လိုစိတ္ျမင့္မားေနတဲ့ ေနေစး ဟာ သူ႕ဦးေႏွာက္ထဲမွာ ဒီေန႕ ကိုသီဟေျပာလိုက္တဲ့အႀကံဉာဏ္စကားေတြကိုျပန္လည္ၾကားေယာင္ေနမိတာေၾကာင့္ သူ႕ဆက္နမ္းေနမယ္ဆိုရင္ ခြန္စိုင္းအေပၚထိေတြ႕ခ်င္လာမိလိမ့္မည္။

ထို႔ေၾကာင့္ ေနေစးဟာ မ်က္လုံးေတြကရီေဝလွ်က္ ခြန္စိုင္းႏႈတ္ခမ္းေထာင့္ကိုလက္မနဲ႕သုတ္ေပးကာ..၊

" ျပန္ရေအာင္မဟုတ္ရင္.. က်ဳပ္ဒီေနရာမွာခင္ဗ်ားကိုအပိုင္သိမ္းမိလိမ့္မယ္ "

" .... အမ္း.,....ျပန္မယ္ေလ "

" အဟြန္း...က်ဳပ္ခင္ဗ်ားကိုအပိုင္သိမ္းမွာအဲ့ေလာက္ေၾကာက္ေနလား "

" မေၾကာက္..ပါဘူး "

" ေအာ္..ဟုတ္လို႔လား "

ေနာက္ကေန ခြန္စိုင္း နား,အနားတိုးကပ္ကာေမးလာသည္။ ေနေစးအသံက႐ႊတ္ေနာက္ေနာက္နဲ႕ စ ေနာက္ေနတာေၾကာင့္ ခြန္စိုင္းပိုလို႔ရွက္ေနသည္။

" ေတာ္ၿပီ.. ၊ မိုးခ်ဳပ္ေတာ့မယ္ ျပန္ရေအာင္ေနာ္ "

" ေကာင္းၿပီ "

ေနေစး က ခြန္စိုင္းကိုဆက္မစေတာ့ပဲ ျပန္လာခဲ့သည္။ လမ္းမွာ တပ္စခန္းကိုေရာက္ေပမယ့္ မနားေတာ့ပဲ ႐ြာဆီသို႔ ဆက္ထြက္လာခဲ့ၾကသည္။

......

ထိုသို႔ႏွင့္ အိမ္ေရာက္ေတာ့ အိမ္ေရွ႕ကြပ္ပ်စ္မွာ ဘဘႀကီးထိုင္ေနတာကိုေတြ႕လိုက္ရသည္။

" ေဝ့ လူေလးတို႔ျပန္လာၿပီလား "

" ဟုတ္ကဲ့ ဘဘႀကီး "

ျမင္းေပၚကဆင္းတာနဲ႕ ခြန္စိုင္းက ဘဘႀကီးအတြက္ဝယ္လာတဲ့ ေဆးတံဗူးကိုကိုင္ၿပီးအရင္သြားလိုက္သည္။ ေနေစးက ျမင္း ကိုႀကိဳးခ်ည္ၿပီး ေနာက္ေနလိုက္လာသည္။

" ကြၽန္ေတာ္ ဘဘႀကီးအတြက္ ေဆးတံ ဝယ္ခဲ့တယ္ "

" ေဟ.. ျပစမ္းပါဦးကြာ "

လက္ကႏုတ္ပန္းေဖာ္ထားတဲ့ သစ္သားဗူးေလးကိုဖြင့္လိုက္ေတာ့ အထဲတြင္ ေျပာင္လက္ေနတဲ့ေဆးတံရွည္တစ္ခုကိုေတြ႕တာေၾကာင့္ ဘႀကီးကလူႀကီးပီပီသေဘာက်သြားသည္။ ဒီ႐ြာရဲ႕အေလ့အထဟာ တစ္ဦးနဲ႕တစ္ဦးလက္ေဆာင္ေပးတာရွားသည္မို႔ ဘႀကီးက သူ႕ေျမးသားလိုသေဘာထားတဲ့ခြန္စိုင္းဆီက လက္ေဆာင္ကိုသေဘာေတြ႕သြားသည္။

" ဘဘႀကီးသေဘာက်လား?"

" သေဘာက်ပါတယ္ကြယ္၊ လူေလးကဝယ္တတ္တယ္ေရာ္..၊ "

" ကြၽန္ေတာ္လဲတစ္ခါမွေတာ့မဝယ္ဖူးဘူး..ဘဘႀကီးသေဘာက်ေလာက္မယ္ေတြးမိလို႔ "

" ေက်းဇူးပါေနာ့္ လူေလး "

" ဟုတ္ ရပါတယ္ဘဘႀကီး "

ေလအေပးအယူတည့္ေနတဲ့ ခြန္စိုင္း နဲ႕ ဘႀကီးကိုၾကည့္ၿပီး ေနေစးက ဘာစကားမွဝင္မေျပာပဲ ႏႈတ္ခမ္းေကာ့တတ္ယုံမွ်ၿပဳံးၿပီး ေရေႏြးၾကမ္းေသာက္ေနစဥ္...။

" အဖ.. ဒါဘယ္ကစာလဲ "

" အိုး ေမ့ေနတာေရာ္.."

အဲ့ေတာ့မွတစ္စုံတစ္ခုသတိရသြားတဲ့ ဘႀကီးက နံေဘးမွာခ်ထားတဲ့ စာအိတ္အျဖဴကိုယူၿပီး ခြန္စိုင္းဆီကမ္းေပးလာ၏။

" ဒီေန႕ ကူးရယ္ဆီက စာေရာက္လာတယ္၊ အဲ့တာ လူေလးမရွိလို႔ ဘႀကီးလက္ခံထားေပးတာေရာ္ "

ခြန္စိုင္းက ဘႀကီးေပးတဲ့စာကိုယူၿပီး အေပၚယံတြင္ေရးထားတာကိုၾကည့္လိုက္ၿပီး ေနေစးကိုတစ္ခ်က္ၾကည့္လာၿပီးမ်က္ႏွာမေကာင္းျဖစ္သြားမိသည္။

* အခ်ိန္ကအဲ့ေလာက္ေတာင္ၾကာသြားၿပီလား *

ခြန္စိုင္းမ်က္ႏွာမေကာင္းတာကိုျပင္လိုက္ၿပီး ဘႀကီးကိုေက်းဇူးတင္စကားေျပာလိုက္သည္။

" ေက်းဇူးတင္ပါတယ္ဘဘႀကီး၊ "

ေနေစးသည္ ခြန္စိုင္းလက္ထဲကစာကိုၾကည့္ၿပီးမ်က္ေမွာင္က်ဳံ႕ကာ စိတ္ထဲမွာ တစ္ခုခုစိုးရိမ္ေနမိသည္။ ဒီစာဟာ ေနေစး ထင္တာသာမလႊဲရင္.........?

* ခင္ဗ်ားက်ဳပ္ကိုထားသြားလို႔မရဘူးေနာ္ စိုင္းဟြမ္..မဟုတ္ရင္ က်ဳပ္႐ူးသြားလိမ့္မယ္! *

ခြန္စိုင္းလက္ထဲကစာကိုၾကည့္ၿပီး ႏွစ္ဦးသားမ်က္ႏွာမေကာင္းျဖစ္ေနျခင္းကို ဘႀကီး အကဲခတ္ေနတယ္ဆိုတာကိုေတာ့ ေနေစး တို႔သတိမထားမိေပ ။

________________________________________

မၾကာမွီလာမည္ေပါ့ေနာ္ 🔞 ဟီး 😝

# VOTE & Cm Please 🤙
# 11 - September - 2021 - 6:50 PM
# MOEWATHAN 🌍💫

________________________________________

Continue Reading

You'll Also Like

1.2M 103K 43
Myanmar × BL 24.7.21 - 6.7.22
1M 44.2K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
4M 415K 41
Myanmar BL