မုန့်ရန် အခုတလော ကျောင်းစာတစ်ဖက်၊နိုင်ငံတကာအငယ်တန်းပြိင်ပွဲအတွက် လေ့ကျင့်ရတာတစ်ဖက်နဲ့ အတော်လေး အလုပ်ရှုပ်နေတယ်။အဲ့အပြင် တရားဝင်ရနံ့ကုထုံးပညာရှင် လိုင်စင်အတွက်စာမေးပွဲလည်းဝင်ဖြေရသေးတယ်။တစ်ခါတစ်လေဉီးနှောက်ဆေးတဲ့အနေနဲ့ လုံလင်းတောင်တစ်ခွင်ကို မြင်းစီးထွက်လေ့ရှိတယ်။
လော်ရှို့ ရဲ့ညီငယ်လေး လော်ကျီရဲ့ ဖိတ်ကြားမှုကြောင့် အခုချိန်မှာ ဘရက်ဒလီက စံအိမ်ရဲ့ ဂိတ်တံခါးကိုရောက်နေခဲ့ပြီ။ကျက်သရေရှိပြီးတော်ဝင်ဆန်တဲ့ ရွှေရောင်မြင်းပေါ်က ကောင်လေးကိုတွေ့လိုက်ရချိန်မှာ ဘရက်ဒလီတစ်ယောက် တစ်ကိုယ်လုံး လှုပ်မရအောင်တောင့်ခဲသွားခဲ့တယ်။ဒါက ပုံရိပ်ယောင်တစ်ခုလိုမျိုးအရမ်းလှပဆန်းကြယ်ပါတယ်။တောက်ပတဲ့နေရောင်ခြည်အောက်မှာ နတ်သမီးပုံပြင်ထဲကနတ်သားလှလှလေးတစ်ပါးက သူ့ဆီကို မြင်းစီးပြီးဒုန်းဆိုင်းပြေးလာနေသလိုပဲ။ဒီနတ်သားလေးက မြင်းပေါ်ကနေ သူ့ရဲ့ရင်ခွင်ထဲကိုပြေးဆင်းလာဖို့ကို ဘရက်ဒလီ ဘယ်လောက်ထိတောင်မျှော်လင့်နေသလဲဆိုတာ နတ်ဘုရားတွေပဲသိလိမ့်မယ်။
[TN: ကဲ...ဘရက်ဒလီ အတွက်အမွှေးတိုင်ကြိုထွန်းပေးလိုက်ကြပါတော့]
တခြားအရာတွေဆီစိတ်ရောက်နေတဲ့ မုန့်ရန်ကတော့ ဘရက်ဒလီကိုမမြင်ဘဲ မြင်းကိုဝေးရာအရပ်ဆီစီးနင်းသွားခဲ့တယ်။ဘရက်ဒလီရဲ့အကြည့်တွေက မုန့်ရန်ဆီမှာပဲ ကပ်တွယ်နေပြီး မုန့်ရန်သူ့ရဲ့မြင်ကွင်းထဲကနေပျောက်ကွယ်သွားတဲ့ အထိ သတိပြန်မကပ်နိူင်သေးဘူး။
"အထဲဝင်မယ်လေ Mr.ဘရက်ဒလီ "
သူ့ဆီကိုအာရုံမရောက်နိူင်သေးတဲ့ ဘရက်ဒလီကို လော်ကျီနောက်တစ်ခါထပ်ပြီးအသံပြုလိုက်ရတယ်။
"Mr.ဘရက်ဒလီ "
ဘရက်ဒလီ အတွေးစကိုမနည်းဖြတ်ပြီး လော်ကျီကိုလှည့်ကြည့်လိုက်တယ်။
"အထဲဝင်ကြမယ်လေ"
"Mr.လော် အဲ့ဒါကလေ....."
လမ်းလျှောက်နေရင်းနဲ့ ဘရက်ဒလီက လော်ကျီကို မသိမသာမေးကြည့်လိုက်တယ်။သူ မုန့်ရန်ကို မသိသလိုပုံစံမျိုးနဲ့ မုန့်ရန်အကြောင်းသိချင်တာလေးတွေကို စုံစမ်းရမယ်လေ။
"အဲ့တာ ကျွန်တော့်အစ်ကိုကြီးရဲ့ ယောက်ကျားလေ။သူတို့လက်ထပ်ထားတာမကြာသေးဘူး"
"အော် အဲ့လိုလား?ကောင်လေးကြည့်ရတာ အရမ်းငယ်တယ်နော်"
"အင်း သူက အရမ်းငယ်သေးတယ်၊အစ်ကိုကြီးရဲ့ သားနဲ့ရွယ်တူပဲလေ"
"အိုးးး သူတို့တွေဘယ်လိုတွေ့ဖြစ်ပြီး လက်ထပ်သွားကြတာလဲ?"
ဘရက်ဒလီ အံ့သြချင်ယောင်ဆောင်ပြီးထပ်မေးလိုက်တယ်။
"ဒါတော့ ကျွန်တော်လဲ မသိဘူး။ကျွန်တော်တို့ အစ်ကိုကြီးက ရုတ်တကြီး သူ လက်ထပ်တော့မယ်ဆိုပြီးကြေငြာတယ်လေ၊ပြီးတော့လဲ သူလက်ထပ်မှာက သူ့သားရဲ့ရည်းစားဟောင်းနဲ့တဲ့"
"သူ့သားရဲ့ရည်းစားဟောင်း????ဘယ်လိုဖြစ်နိူင်မှာလဲ?"
ဒီတစ်ခါတော့ ဘရက်ဒလီ တကယ်အံ့သြနေပြီ။
"လာ..လာ..လာ..အထဲရောက်မှ ဆက်ပြောကြတာပေါ့"
..... ............ ......
သိပ်မကြာခင်မှာ ပြည်ပပြိုင်ပွဲကျင်းပမယ့်နေ့ရက်တွေကိုရောက်လာခဲ့ပြီ။အချိန်ဇယားတွေကို အတတ်နိူင်ဆုံးညှိပြီး မုန့်ရန်နဲ့ အတူလိုက်ပေးမယ်လို့ လော်ရှို့ ကတိပေးထားပေမယ့် ဘယ်လိုမှ ညှိမရတဲ့ အချိန်ဇယားတွေကြောင့် မုန့်ရန်နောက်ကို နှစ်ရက်လောက်နောက်ကျပြီးမှပဲလိုက်နိုင်တော့မယ်။မုန့်ရန်တို့အဖွဲ့ကလဲ ရောက်ရောက်ချင်းပြိုင်ပွဲဝင်ရမှာမဟုတ်သေးတဲ့အတွက် လော်ရှို့ နှစ်ရက်လောက် နောက်ကျတာ ဘာမှမဖြစ်ဘူးလေ။
"အလုပ်တွေပြီးတာနဲ့ ကျွန်တော့်ဆီချက်ချင်းလိုက်လာရမယ်နော်၊ကျွန်တော့် ပြိုင်ပွဲကို လွတ်သွားလို့မဖြစ်ဘူးနော်။ ဟုတ်ပြီလား"
မုန့်ရန်က လော်ရှို့ ရဲ့ခါးကိုဖက်ထားပြီး တတွတ်တွတ်နဲ့မှာနေတယ်။
"မပူနဲ့နော်၊ကိုယ် မင်းရဲ့ပြိုင်ပွဲကိုအလွတ်မခံပါဘူး"
မုန့်ရန်တို့ နိုင်ငံခြားကို ရောက်ပြီးတာတောင်မှ ပြိုင်ပွဲစဖို့ လေးငါးရက်အချိန်ရသေးတယ်လေ။အဲ့တော့ လော်ရှို့မှာလဲ အချိန်ရပါသေးတယ်။
မုန့်ရန် လော်ရှို့ရဲ့လည်ပင်းကိုသိုင်းဖက်လိုက်ပြီး လော်ရှို့ရဲ့နှုတ်ခမ်းတွေကို ခြေဖျားထောက်ပြီးနမ်းလိုက်တယ်။လော်ရှို့ကလဲ မုန့်ရန်ရဲ့ခါးကို လက်တစ်ဖက်နဲ့ဖက်ပြီး ကျန်တဲ့လက်တစ်ဖက်က မုန့်ရန်ရဲ့မေးစေ့ကိုကိုင်ပြီး အနမ်းတွေကိုတုံ့ပြန်တယ်။
လော်ရှို့ က မုန့်ရန်ကို သူကိုယ်တိုင် လေဆိပ်လိုက်ပို့တယ်။မုန့်ရန်ကတော့ တွန့်ဆုတ် ၊တွန့်ဆုတ်နဲ့ နှုတ်ဆက်လိုက်ပြီး စီနီယာအစ်ကိုတွေနဲ့ ပူးပေါင်းလိုက်တယ်။
သူတို့တွေက တစ်ဉီးချင်းစီပြိုင်ပွဲအတွက်ရော၊ကျောင်းကိုယ်စားပြုပြိုင်ပွဲတွေအတွက်ရော လူစုံရောနေတဲ့အတွက် ဆရာတွေကပါ ကြီးကြပ်ပေးဖို့လိုက်လာကြတယ်။ဆရာတစ်ယောက်ဖြစ်ရတဲ့ကောင်းကွက်က ကိုယ်တိုင်ပြိုင်ပွဲမဝင်နိုင်ပေမယ့် ကျောင်းသားတွေပြိုင်ပွဲဝင်တာကို ကြီးကြပ်သူအဖြစ်နဲ့ လိုက်ပါပြီး ပြိုင်ပွဲတွေကနေ အတွေ့အကြုံဗဟုသုတတွေကိုလေ့လာနိုင်တယ်။
ရေမွှေးဉယျာဉ်တွေဆီမှာလေ့လာရေးဆင်းဖို့နဲ့ စိုက်ပျိုးရေးဉယျာဉ်တွေဆီမှာ ကုန်ကြမ်းတွေဝယ်ယူဖို့အတွက် ပြိုင်ပွဲမစခင် လေးငါးရက်လောက်စောပြီး ထွက်လာကြတာဖြစ်တယ်။
သူတို့တွေလေယာဉ်ပေါ်က ဆင်းတဲ့အချိန်မှာ သူတို့ကို ဘရက်ဒလီ ကိုယ်တိုင်လာကြိုမယ်မှန်းဘယ်သူမှ ထင်မထားမိခဲ့ဘူး။
"အားလုံးကို ကြိုဆိုပါတယ်ဗျာ"
ဘရက်ဒလီ က ဆရာတွေကို လက်ဆွဲနှုတ်ဆက်နေတယ်။
"ဒီတစ်ခေါက် အတွက် ကြိုဆိုဧည့်ခံရေးကို ကျွန်တော် တာဝန်ယူထားတာပါ။ဆရာတို့ ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါခင်ဗျ"
ဘရက်ဒလီ လို နာမည်ကြီးတစ်ယောက်က ကြိုဆိုဧည့်ခံရေးတာဝန်ကို ယူထားတယ်ဆိုတော့ အကုန်လုံးအံ့သြနေတာပေါ့။
ဆရာတွေအတွက် သီးသန့်ပြင်ဆင်ပေးထားတဲ့ကား ထွက်သွားတာနဲ့ ဘရက်ဒလီ က ကျောင်းသားတွေဘက်ကိုလှည့်ပြောလိုက်တယ်။
"အားလုံးပဲ ကားပေါ်တက်လို့ ရပါပြီ"
ဆရာတွေမရှိတော့တဲ့အတွက် ကျောင်းသားတွေကလဲ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ဖုံးဖိနေစရာမလိုတော့ဘူးလေ။အဲ့တော့ ဘရက်ဒလီ နားမှာ ဝိုင်းအုံပြီး ဓာတ်ပုံတွဲရိုက်နေကြတယ်။
"နောက်ထပ် ရက်တွေအများကြီးကျန်ပါသေးတယ်။နေ့တိုင်းတွေ့နေရမှာပဲလေ။အဖွဲ့လိုက် ဓာတ်ပုံရိုက်ဖို့ အခွင့်ရေးတွေအများကြီးရှိပါသေးတယ်။အခုချိန်မှာ ဒါကိုစိတ်ပူမနေနဲ့။အရင်ဆုံး Hotel ကိုသွားပြီး အနားယူလိုက်ကြဉီး"
ကျောင်းသားအများစုက ဘရက်ဒလီ ကိုနူးညံ့သိမ်မွေ့ပြီးယဉ်ကျေးတဲ့အပြုအမူတွေကြောင့် သဘောကျစွဲလန်းနေကြတာပါ။ပြီးတော့ လိင်တူလက်ထပ်တာကို ခွင့်ပြုပေးထားတဲ့ ဒီလောကမှာ ဘရက်ဒလီလိုလူမျိုးကို ကျား၊မ မရွေး နှစ်သက်ကြတာသိပ်တော့မဆန်းဘူးလေ။
အနက်ရောင်ကား ၁၂ စီးလောက်ရပ်ထားတယ်။ကျောင်းသားတွေက ကိုယ့်အဖွဲ့နဲ့ကိုယ် ကားပေါ်တက်နေတဲ့အချိန်မှာ ဘရက်ဒလီက မုန့်ရန်ကို လာမေးတယ်။
"မင်း ကိုယ့်ကားနဲ့ လိုက်ခဲ့မလား?"
"ဟင့်အင်း၊ကျွန်တော် စီနီယာတို့နဲ့ပဲအတူနေမယ်"
ဘရက်ဒလီ က မုန့်ရန်တစ်ယောက်တည်း ကိုသီးသန့်ဖိတ်တဲ့အတွက် အားလုံးကလဲ အံ့သြနေတယ်။
ဘရက်ဒလီ က မုန့်ရန်ကို ပြုံးပြီးခေါင်းညိတ်ပြတယ်။ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်ကားပေါ်တက်သွားခဲ့တယ်။
Hotel ကိုရောက်တဲ့အခါ ကျောင်းသားတွေအတွက် တစ်ခန်းကို နှစ်ယောက်နှုန်းနဲ့စီစဉ်ပေးထားတယ်။
ဘရက်ဒလီရဲ့လက်ထောက်က အခန်းသော့တွေကိုဝေပေးနေတယ်။
ကျောင်းသားဉီးရေက မဂဏန်းဖြစ်နေတဲ့အတွက် မုန့်ရန် တစ်ယောက်တည်း သီးသန့်တစ်ခန်းနေခွင့်ရတယ်။တခြားသူတွေနဲ့ အခန်းမျှမသုံးတတ်တဲ့ မုန့်ရန်ကတော့ ကံကောင်းတယ်လို့ပဲတွေးလိုက်တယ်။
သူတို့တွေရဲ့အခန်းတွေရှိတဲ့အထပ်ကိုရောက်တဲ့အခါ
မုန့်ရန်သူ့ရဲ့အခန်းကိုဖွင့်လိုက်တယ်။အခန်းအပြင်အဆင်ကိုမြင်လိုက်တာနဲ့ မုန့်ရန် ကြောင်အသွားတယ်။ပြီးတာနဲ့ ဝူဖန်နဲ့ ချင်းဟုန် တို့ရဲ့အခန်းတံခါးကိုသွားခေါက်လိုက်တယ်။
ချင်းဟုန်တို့အခန်းကိုလှည့်ပတ်ပြီး တစ်ချက်အကဲခတ်ကြည့်လိုက်တယ်။
"စီနီယာ ကျွန်တော်တစ်ယောက်ထဲမအိပ်ချင်ဘူး။စီနီယာနဲ့ အခန်းမျှသုံးလို့ရမလားဟင်?"
"ရတာပေါ့"
ဝူဖန် ဘာတစ်ခွန်းမှထပ်မမေးဘဲ ချက်ချင်းသဘောတူလိုက်တယ်။အဲ့နောက် ချင်းဟုန်ဘက်ကိုလှည့်ပြောလိုက်တယ်။
"မုန့်ရန်ရဲ့အခန်းမှာ သွားအိပ်လိုက်"
သူ့ကိုနည်းနည်းလေးတောင် နောက်မတွန့်ဘဲမောင်းထုတ်နေတဲ့ ဝူဖန်ကို ချင်းဟုန် ကြောင်တောင်တောင်နဲ့ကြည့်နေတယ်။
ဝူဖန်က ချင်းဟုန်ကို အသည်းအသန်းသွားခိုင်းနေတယ်။
"ဘာကြောင်ကြည့်နေတာလဲ သွားတော့လေ။မုန့်ရန် သူ့ကို အခန်းသော့ပေးလိုက်"
"Sorry ပါ စီနီယာချင်း ရယ်....."
မုန့်ရန် တောင်းပန်လိုက်ပြီး အခန်းသော့ပေးလိုက်တယ်။
"ရပါတယ်ကွာ.."
ချင်းဟုန်ကတော့ အခန်းသော့လေးယူပြီးထွက်သွားရပြီ။
ပစ္စည်းတွေ နေရာချပြီးတာနဲ့ မုန့်ရန်က ဝူဖန်ကိုတစ်ခုပြောလိုက်တယ်။
"စီနီယာ ကျွန်တော် ဖုန်းခေါ်လိုက်ဉီးမယ်"
"ရတယ် ရတယ်"
မုန့်ရန့်ဖုန်းကို ရေချိုးခန်းထဲယူသွားတယ်။မုန့်ရန်က သူ Hotelကို ရောက်တာနဲ့ ဖုန်းဆက်မယ်လို့ပြောထားတဲ့အတွက် လော်ရှို့အကြာကြီးစောင့်နေမှာစိုးလို့ ဖုန်းဆက်ရမယ်လေ။သူတို့အဖြစ်က အရမ်းချစ်ကြတဲ့စုံတွဲတွေနဲ့ တူမနေဘူးလား?သိပ်အရေးမပါတဲ့အကြောင်းတွေပဲပြောနေရရင်တောင် ဖုန်းချလိုက်ဖို့ကို နှမြောတုံ့ဆိုင်းနေတယ်လေ။တစ်ယောက်ရဲ့အသံကိုတစ်ယောက်ကြားနေရသ၍ စိတ်ချမ်းသာပျော်ရွှင်ရပါတယ်။
မုန့်ရန် ဖုန်းမချချင်သေးပေမယ့် လော်ရှို့က ညနေကျရင်ဖုန်းထပ်ဆက်မယ်လို့ကတိပေးထားတယ်လေ၊အဲ့တော့ လော်ရှို့ ကိုအနှောက်အယှက်မပေးတော့ပါဘူးလေ......
"ယောက်ကျားဆီကို ဖုန်းဆက်တာမလား?"
ရေချိုးခန်းထဲကထွက်လာတဲ့ မုန့်ရန်ကို ဝူဖန် လှမ်းမေးလိုက်တယ်။
"အင်း"
မုန့်ရန် ပြုံးပြုံးလေးနဲ့ ဆိုဖာပေါ်ထိုင်ချလိုက်တယ်။
"မင်း ဉက္ကဌလော် ကိုအရမ်းသဘောကျတာပဲလား?ဖုန်းလေးတစ်ခါခေါ်တာကိုများ ပြုံးဖြီးနေတာပဲနော်"
မုန့်ရန်ရဲ့ သကာရည်လောင်းထားလို ချိုမြ ပြုံးဖြီးနေတဲ့ မျက်နှာကိုကြည့်ပြီး ဝူဖန်မေးလိုက်တယ်။
မုန့်ရန်ဘာမှ ပြန်မဖြေဘဲ ပြုံးနေလိုက်တယ်။လော်ရှို့နဲ့သူကအခုဆို အပြန်အလှန်ချစ်ကြတဲ့ချစ်သူတွေဖြစ်နေကြပြီလေ။လော်ရှို့က အပြင်ပန်းမှာ မချစ်လိုဟန်ဆောင်နေခဲ့ပေမယ့် မကြာသေးခင်က လော်ရှို့ရဲ့ တုံ့ပြန်မှုတွေထဲက ချစ်ခြင်းမေတ္တာတွေကို မုန့်ရန်ခံစားမိနေတယ်။
"ထမင်းစားဖို့ အချိန်ရောက်ပြီ"
ချင်းဟုန် ဝင်လာပြီးပြောလိုက်တယ်။
မုန့်ရန်နဲ့ ဝူဖန်တို့နှစ်ယောက်စလုံး မတ်တပ်ထရပ်ပြီး အခန်းထဲက ထွက်ဖို့လုပ်လိုက်တဲ့အချိန်မှာ ချင်းဟုန်က မုန့်ရန်ကိုကြည့်ပြီးတစ်ခုပြောလိုက်တယ်။
"အခုလေးတင် ဘရက်ဒလီ က အခန်းတံခါးခေါက်ပြီး ထမင်းဆင်းစားဖို့လာပြောသွားတာ။တံခါးဖွင့်လိုက်တဲ့သူက ငါမှန်းသိတော့ သူတော်တော်အံ့သြသွားတဲ့ပုံပဲ။ပြီးတော့ မင်းအတွက်ပေးထားတဲ့အခန်းက အထက်တန်းစား luxury room ကြီးကွ"
"ဘာတွေဖြစ်ကုန်တာလဲ?"
ဝူဖန်က သံယဖြစ်နေတဲ့ပုံနဲ့မုန့်ရန်ကိုမေးလိုက်တယ်။
"အကူအညီလိုသေးလား?"
ချင်းဟန်ကလဲ မုန့်ရန်ကို မေးလိုက်တယ်။
မုန့်ရန် ခဏလောက်စဉ်းစားပြီးမှ သူ့အစ်ကိုတွေကိုဖွင့်ပြောလိုက်တယ်။
"သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ကျွန်တော်မသိသေးဘူး။ကျွန်တော် ခန့်မှန်းကြည့်ရသလောက်တော့ သူက ကျွန်တော့်ကို လေလံပွဲတွေမှာ စျေးနှုန်းခန့်မှန်းပေးခိုင်းချင်လို့ ကောင်းကောင်းမွန်မွန်ဆက်ဆံနေတယ်လို့ထင်တာပဲ။ဒီလို အထူးသီးသန့်ပြုမူတာမျိုးကြီးကိုကျွန်တော်မလိုချင်ဘူး။အဲ့တာကြောင့် စီနီယာချင်းကို အဲ့အခန်းပေးလိုက်တာ"
"ငါကတော့ ဒီလိုမထင်ဘူးနော်၊ သူမင်းကိုကြိုက်နေတာတော့မဟုတ်လောက်ဘူးမလား?"
မုန့်ရန် ခဏလောက်တော့ Shockရသွားတယ်။
"အခုလုပ်နေတာတွေရဲ့ ရည်ရွယ်ချက်ကိုအခုထိတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ဒါပေမယ့် ကျွန်တော်သူ့ကို အခွင့်ရေးရရင်သေချာမေးလိုက်ပါ့မယ်။အဲ့မတိုင်ခင်စပ်ကြားမှာ သူ့ဘက်ကနေ မသင့်တော်တာတွေပြုမူလာရင် စီနီယာတို့ကပဲ အခြေနေအချိန်ခါအလိုက် ကာကွယ်ပေးကြပါဉီးနော်"
"ငါသဘောပေါက်ပါတယ်ကွာ၊ သွားကြမယ်လေ၊ထမင်းတော့စားရမယ်ကွ"
သူတို့တွေ စားသောက်ခန်းရှိတဲ့အထပ်ဆီဆင်းလာခဲ့ပေမယ့် ဘရက်ဒလီ ကတော့ မထင်မှတ်ထားတဲ့ မတော်ဆလေးတွေကြောင့် ရောက်မလာနိူင်ခဲ့ပေ။
နောက်တစ်နေ့မနက်.....
ဆရာတွေက နိုင်ငံတကာ ကွန်းဖရင့်တစ်ခုကိုသွားတက်နေကြတယ်။အစပိုင်းတုန်းက ကျောင်းသားတွေသက်သက်စုပြီး စိုက်ခင်းတွေဆီသွားပြီး ဆေးပင်တွေအကြောင်းကိုသေချာလေ့လာဖို့စီစဉ်ထားတယ်။
ဒါပေမယ့်ဘရက်ဒလီ ရုတ်တရက်ကြီး ရောက်လာပြီး သူရဲ့ကိုယ်ပိုင်ကျွန်းပေါ်က ရေမွှေးဉယျာဉ်ဆီကိုသွားရောက်လည်ပတ်ဖို့ ကျောင်းသားအားလုံးကို ခေါ်သွားမယ့်အကြောင်းပြောလာတယ်။
ဒါကိုကြားတော့ ကျောင်းသားတွေက မမျှော်လင့်ဘဲကောင်းချီးအပေးခံရသလို ဝမ်းပန်းတသာဖြစ်ကုန်ကြတယ်။သွားရမယ့်အချိန်ကို မျှော်လင့်တကြီးနဲ့စောင့်နေကြတယ်။
မုန့်ရန်ခေါင်းငုံ့ပြီးတွေးနေခဲ့တယ်။ဒါက ဘရက်ဒလီ သူ့အတွက်လုပ်ပေးတာပါဆိုပြီး ဒရမ်မာဆန်ဆန်တွေမပြောချင်ပေမယ့် ဘရက်ဒလီက ဒါကိုအကြောင်းအရင်းမရှိဘဲလုပ်တာလုံးဝမဖြစ်နိူင်ဘူးလေ။ဘာအကြောင်းပြချက်တွေပဲရှိနေပါစေ၊ သူကတော့ ဘရက်ဒလီ ရဲ့ထောင်ချောက်ထဲကိုကျမသွားဖို့ သတိကြီးကြီးထားရတော့မှာပဲ.....
သူတို့တွေ Hotel ကနေ ဆိပ်ကမ်းကိုသွားခဲ့ကြတယ်။ဆိပ်ကမ်းကနေ ဘရက်ဒလီ ရဲ့ကိုယ်ပိုင်ကျွန်းဆီကို သင်္ဘောစီးပြီးသွားခဲ့တယ်။မုန့်ရန်ကတော့ တစ်ချိန်လုံး ဝူဖန်နဲ့ချင်းဟုန်တို့နားမှာပဲကပ်နေခဲ့တယ်။
သင်္ဘောပေါ်မှာတုန်းကတည်းက ဘရက်ဒလီ က မုန့်ရန်ကိုတစ်ချိန်လုံးငေးကြည့်နေတယ်။မုန့်ရန်ပြန်ကြည့်လိုက်တိုင်း ဘရက်ဒလီ က အကြည့်မလွှဲသွားတဲ့အပြင် ပြန်ပြီးတောင် တည့်တည့်ကြည့်နေလိုက်သေးတယ်။
ကိုယ်ပိုင်ကျွန်းဆီကိုရောက်တာနဲ့ ကျန်တဲ့ကျောင်းသားတွေကတော့ ကျွန်းတစ်ခုလုံးကိုလေ့လာစူးစမ်းဖို့ မစောင့်နိူင်တော့လောက်အောင် စိတ်လှုပ်ရှားနေကြပြီ။
"မပူနဲ့၊ အခုလောလောဆယ် တစ်ခုခုစားပြီး အနားယူလိုက်ကြဉီး၊ခဏနေရင် ကျွန်းတစ်ခုလုံးကို လိုက်ပြပေးဖို့စီစဉ်ပေးမယ်"
ဘရက်ဒလီ က ပြုံးနေရင်းတစ်ခုထပ်ပြောတယ်။
"တကယ်တော့ ကျွန်တော် မုန့်ရန်ကိုအကူညီတောင်းချင်တာလေးတစ်ခုရှိတဲ့အတွက် အခုလို ဒီကျွန်းပေါ်ကိုဖိတ်ကြားခဲ့တာပါ။သူတစ်ယောက်တည်းကို သီးသန့်ဖိတ်ကြားမယ်ဆိုရင် သေချာပေါက်လက်ခံမှာမဟုတ်တဲ့အတွက် မူလရည်ရွယ်ချက်ကိုနည်းနည်းပြောင်းလိုက်တာပါ။အားလုံး ကျွန်တော့်ကို စိတ်မရှိပါနဲ့နော်"
ကျောင်းသားတွေအကုန်လုံး မုန့်ရန်ကိုကြည့်နေကြတယ်။မုန့်ရန်ကြောင့်သူတို့တွေဆင်ဖြူတော်မှီပြီးကြံစုပ်ခွင့်ရတာလေ။ဒီလိုဆိုရင်တောင် ဒီကျွန်းပေါ်လည်ပတ်ခွင့်ရတဲ့အတွက် သူတို့တွေပျော်ပါတယ်။
ဝမ်ယွမ်ရဲ့မျက်နှာကတော့ ချက်ချင်း လက်ငင်းကိုမည်းသည်းနေပြီ။မုန့်ရန်ကိုဖိတ်ချင်တဲ့အတွက် မတတ်သာလို့သူတို့ကိုပါခေါ်လာရတယ်ဆိုတာကို ကြိုသိလို့ကတော့ လိုက်လာမှာမဟုတ်ဘူး။ခေါင်းငုံ့ထားတဲ့ ယွီကျွင်းချန် ရဲ့မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိတဲ့အတွက် သူဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိလိုက်ကြဘူး။
"ကျွန်တော် ဒီကျွန်းအကြောင်းကို အချိန်ခဏယူပြီး ရှင်းပြပေးမယ်နော်။ ဒီကျွန်းရဲ့နာမည်က Sirisတဲ့။အဓိပ္ပါယ်ကတော့ "ချစ်ရသူ" တဲ့။ဒီကျွန်းကနာမည်နဲ့လိုက်အောင် ချစ်စရာကောင်းပြီး စွဲမက်နှစ်လိုဖွယ်ကောင်းတယ်ဆိုတာ ခဏနေ ခင်ဗျားတို့ ကျွန်းပေါ်မှာ လေ့လာကြည့်တဲ့အခါ သိရပါလိမ့်မယ်"
ဘရက်ဒလီက မုန့်ရန်ဘက်ကိုလှည့်လိုက်ပြီး..
"အရှေ့တိုင်းရဲ့ရနံ့ကုထုံးတွေအကြောင်းကိုလေ့လာနေတာ၂ နှစ်ရှိပြီ။မင်းရဲ့ကောင်းမွန်လှတဲ့ အနံ့ခံအာရုံကိုသုံးပြီး ပါဝင်ပစ္စည်းတွေရဲ့အရည်အသွေးကိုအကဲဖြတ်ပေးနိုင်မလား?ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် Collection တွေသီးသန့်ထားထားတဲ့ ရေမွှေး Studio ကိုခေါ်သွားပေးပါ့မယ်"
တချို့ကျောင်းသားတွေက မုန့်ရန်ကို မနာလိုတဲ့အကြည့်တွေနဲ့ကြည့်နေကြတယ်။
"Sorry ပဲ Mr.ဘရက်ဒလီ ။ကျွန်တော်က အခုမှကျောင်းသားပဲရှိသေးတာ။အဲ့တော့ကျွန်တော့်မှာ အကဲဖြတ်ပေးနိုင်တဲ့အရည်အချင်းမရှိသေးပါဘူး။ကျွန်တော့် ထက်ပိုပြီး ကျွမ်းကျင်တဲ့ Professional တွေကိုပဲ အကူညီတောင်းလိုက်ပါ"
ဘရက်ဒလီ အခုပေးနေတဲ့အကြောင်းပြချက်က ဆင်ခြေတစ်ခုပဲဆိုတာ မုန့်ရန်သိပြီးသားလေ။
"မင်းက နှိမ့်ချလွန်းနေတာပဲ။မင်းရဲ့အရည်အချင်းက Professional အဆင့်ရောက်နေပြီဆိုတာ ကိုယ်သိပြီးသားပါ"
ဘရက်ဒလီ က မုန့်ရန် တစ်ကိုယ်လုံးကို နင့်နင့်သီးသီးကြည့်နေခဲ့တယ်။
ဒီလူရဲ့အကြည့်တွေထဲက အဓိပ္ပါယ် ကိုနားမလည်သေးဘူးဆိုရင်တော့ မုန့်ရန်လောက် မိုက်မဲတာရှိပါဉီးမလား?ဘရက်ဒလီ မုန့်ရန်ကို ကြိုက်နေတာ ယွီကျွင်းချန် တောင် သိနေတယ်လေ။
ဘရက်ဒလီ တခြားဘာမှဆက်မပြောတော့ဘဲ ကျောင်းသားတွေကိုကားပေါ်တက်ခိုင်းပြီး ကျွန်းရဲ့အလယ်ပိုင်းမှာရှိတဲ့ ရှေးဟောင်းရဲတိုက်ကြီးဆီကိုခေါ်သွားခဲ့တယ်။
ဘရက်ဒလီ ကမုန့်ရန်အတွက် ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးပြီး စောင့်နေတယ်။မုန့်ရန် ဒါကိုမြင်တော့ ကားပေါ်မတက်သေးဘဲရပ်နေလိုက်တယ်။ဝူဖန်က မုန့်ရန်ထက်အရင်ကားပေါ်တင်လိုက်ပြီး ဘရက်ဒလီ ကိုကျေးဇူးတင်စကားပြောလိုက်တယ်။ပြီးတော့ ချင်းဟုန်ကလဲ ဝူဖန်လိုပဲ ကျေးဇူးတင်စကားပြောပြီး ကားပေါ်တက်သွားတယ်။မုန့်ရန်ကတော့ နောက်ဆုံးမှကားပေါ်ကိုတက်လိုက်တယ်။
ဒီလိုအခြေနေမျိုးနဲ့ကြုံရတဲ့အတွက် ဘရက်ဒလီ ပြုံးနေရုံအပြင်ဘာများတတ်နိုင်မှာလဲ?
ကျောင်းသားတွေက ဆီဆေးပန်းချီကားတစ်ချပ်လိုလှပတဲ့ရှုခင်းတွေကို လမ်းတစ်လျှေက်လုံးငေးမောနေကြတယ်။သူတို့တွေ မုန့်ရန်ကို ကျေးဇူးတင်နေတယ်။
"မုန့်ရန်ကြောင့် ငါတို့ဒီကိုလာခွင့်ရမယ်လို့ ထင်မထားမိဘူး"
"ဒါက အံ့သြစရာတော့မဟုတ်ဘူး။ဟုတ်တယ်မလား? မုန့်ရန်က အခုချိန်မှာနေရာကောင်းကောင်းရသင့်နေပြီလို့ ဒီကိုမလာခင်တုန်းက ဆရာပြောခဲ့ဖူးတယ်လေ။မုန့်ရန်လို Genius တစ်ယောက်ကို နိုင်ငံတကာက ဆရာတွေတန်ဖိုးထားကြတယ်ဆိုတာ ပုံမှန်ပဲကွ"
"ဟုတ်တယ်၊သူ့ရဲ့အရည်အချင်းကြောင့် ဒီလိုအကျိုးအမြတ်တွေရတာပေါ့။ငါ သူ့ကိုလေးစားတယ်"
"ဆရာရွှီနဲ့ဆရာလင် တို့ရဲ့တပည့်တွေထဲမှာ ယွီကျွင်းချန် တစ်ယောက်ပဲ အားလုံးရဲ့ ဂရုစိုက်မှုကိုသိမ်းပိုက်နိူင်မယ်လို့ငါထင်ထားတာကွ၊အခုလို မုန့်ရန် ရောက်လာတာနဲ့ ယွီကျွင်းချန် ဘက်က မုန့်ရန်ကို မယှဉ်နိုင်တော့ဘူးလေ"
"လက်ရှိမှာ မုန့်ရန် က ယွီကျွင်းချန်ထက်ပိုတော်
တယ်ဆိုတာသိသာထင်ရှားနေပြီ၊ ဒါပေမယ့်နောက်ပိုင်းမှာဘာဖြစ်မယ်ဆိုတာကိုဘယ်သူမှအတိအကျမပြောနိုင်ဘူး။ယွီကျွင်းချန်ကလဲ မုန့်ရန်ကို နောက်တစ်ခါ အနိူင်ယူသွားနိုင်တာပဲလေ"
ကားပေါ်မှာထိုင်နေတဲ့ ဝမ်ယွမ် ရဲ့အေးစက်စက်စကားသံထွက်ပေါ်လာတယ်။
"ဘရက်ဒလီ က မုန့်ရန်ကြောင့် ငါတို့ကိုဒီကိုခေါ်လာတာမှန်းသိရင်၊ငါတို့တွေလိုက်မလာသင့်ဘူး။မသိရင်ပဲငါတို့က သူ့ကိုမှီပြီးအမြတ်ရသွားတဲ့ပုံနဲ့။ဘယ်သူက ဒါကဂရုစိုက်နေလို့လဲ?!!"
"အကုန်လုံးက ဒီကိုလာချင်နေကြတာလေ။အဲ့တော့ ငြင်းနေလို့လဲ ဘာထူးမှာမို့လို့လဲ?ငါတို့တွေကြီးပဲ သီးသန့်ခွဲထွက်နေလို့မှမရတာကွ"
ချောင်ကျီက ဝမ်ယွမ် ကိုပြောလိုက်တယ်။
ဘရက်ဒလီ သူတို့ကို ဒီကျွန်းပေါ်ဖိတ်ကြားတဲ့အတွက် သင်္ဘောပေါ်မှာကတည်းက ဝမ်ယွမ်အတော်ပျော်နေခဲ့တာ။အခုလို အကြောင်းအရင်းအမှန်ကိုသိလိုက်ရတော့ မပျော်နိူင်တော့ဘူးလေ။
ဘရက်ဒလီ မုန့်ရန်ကိုကြည့်တဲ့အကြည့်တွေအကြောင်းကို ယွီကျွင်းချန် စိတ်လွတ်နေတဲ့သူတစ်ယောက်လိုအပြင်ဘက်ကိုငေးရင်း စဉ်းစားနေခဲ့တယ်။ဘရက်ဒလီ မုန့်ရန်ကိုကြိုက်နေတယ်ဆိုတာ သူသေချာသိတယ်။ဒါပေမယ့် အရင်တစ်ခေါက်က ရခဲ့ဖူးတဲ့ သင်ခန်းစာကြောင့် ထင်ရာမြင်ရာမလုပ်ရဲတော့ဘူးလေ။သူတကယ်အမှားလုပ်မိတယ်လို့ခံစားနေရတယ်။အကယ်၍ မုန့်ရန်ရဲ့အခန်းထဲကို သူစိမ်းယောက်ကျားတစ်ယောက်ဝင်သွားတယ်ဆိုတဲ့ အချက်ကိုသုံးပြီး မုန့်ရန်ကို မဆန့်ကျင်ခဲ့ရင် အခုနေဆို အခြေနေတွေတမျိုးတဖုံပြောင်းသွားနေလောက်ပြီ။
ရဲတိုက်ထဲမှာ စားသောက်ပြီးတဲ့အခါ ကျွန်းပေါ်ကိုလှည့်ပတ်ကြည့်ကြဖို့ တာဆူနေကြပြီ။ဘရက်ဒလီ ပြောသလိုပဲ ဒီကျွန်းက လှပပြီး နှစ်လိုဖွယ်ကောင်းလွန်းတယ်။
ပါဝင်ပစ္စည်း အကဲဖြတ်ပေးဖို့ကိုငြင်းပြီးတာတောင် ဘရက်ဒလီကတော့ မလျှော့သောဇွဲနဲ့ သူ့ရဲ့ Studio ဆီကို မုန့်ရန်ကို ဖိတ်လိုက်သေးတယ်။မုန့်ရန်ကလဲ ထပ်ငြင်းလိုက်ပါတယ်။
ညနေရောက်တဲ့အခါ ဘရက်ဒလီ က မုန့်ရန်ရဲ့အခန်းဆီကိုရောက်ချလာပြီး မုန့်ရန်နဲ့စကားပြောချင်ကြောင်းလာပြောခဲ့တယ်။ခဏလောက်စဉ်းစားကြည့်လိုက်တော့ စကားပြောလိုက်တာပိုကောင်းမယ်လို့ မုန့်ရန်တွေးလိုက်တယ်။မုန့်ရန်က ဝူဖန်ကို ချင်းဟုန်ရဲ့အခန်းထဲမှာ ဆယ်မိနစ်လောက် သွားနေဖို့ပြောလိုက်တယ်။
"ခင်ဗျား ပြောချင်တာဘာများလဲ?"
"ကိုယ် မင်းအပေါ်မှာ ဘယ်လိုခံစားချက်တွေရှိတယ်ဆိုတာမင်းသိသင့်တယ်။ဒါကြောင့်လဲ မင်း ကိုယ့်ကိုရှောင်နေတာမလား?"
ဘရက်ဒလီ ကတော့ ဘွင်းဘွင်းကြီးပြောချလိုက်ပြီ။
"ကျွန်တော် ခင်များကို တစ်ခုသတိပေးလိုက်မယ်။ကျွန်တော်က အိမ်ထောင်သည်နော်။ကျွန်တော်နဲ့ သင့်တော်တဲ့အကွာအဝေးမှာနေပေးခြင်းက ကျွန်တော်အပေါ်ရော ခင်ဗျားကိုယ်ခင်ဗျားပါ လေးစားရာရောက်လိမ့်မယ်"
မုန့်ရန် ကလေးနက်တည်ကြည်စွာပြောလိုက်တယ်။
"မင်းကိုယ့်အပေါ်ဒီလောက်အထိ သတိကြီးကြီးထားပြီးငြင်းဆန်မနေပါနဲ့။မင်း မကွာရှင်းရသေးခင်အထိ ကိုယ်ဘာမှ လုပ်မှာမဟုတ်ဘူး။ကိုယ်အခု မင်းနဲ့သူငယ်ချင်းဖြစ်ချင်ရုံလေးပါကွာ။ဒါပေမယ့် မင်းရဲ့အခုလက်ရှိ ခင်ပွန်းနဲ့ကွာရှင်းပြီးသွားရင် ကိုယ်မင်းကို ပိုးပန်းဖို့အခွင့်ရေးလေး ပေးဖို့ပဲ မျှော်လင့်ပါတယ်"
"ကျွန်တော်ကွာရှင်းလိမ့်မယ်လို့ ခင်ဗျားဘာလို့ ထင်နေတာလဲ"
မုန့်ရန် စိတ်မကောင်းဖြစ်နေပြီလေ....
"မင်းက ရည်းစားဟောင်းနဲ့လမ်းခွဲပြီးသိပ်မကြာလိုက်ဘူး၊အခုလက်ရှိ ခင်ပွန်းနဲ့ကောက်ကာငင်ကာလက်ထပ်လိုက််တယ်။ပြီးတော့ မင်းရဲ့ခင်ပွန်းနဲ့မင်းက တစ်ခါမှမတွေ့ဖူးကြဘူးမလား?အဲ့တော့ မင်းတို့တွေ ချစ်လို့လက်ထပ်လိုက်တာ ဘယ်နည်းနဲ့မှမဖြစ်နိူင်ဘူး။မင်းသူနဲ့လက်ထပ်တာကမင်းအတွက်ဘာအကျိုးကျေးဇူးတွေရလဲဆိုတာ ကိုယ် စဉ်းစားလို့မရဘူး။ဒါက အကျိုးတူပူးပေါင်းထားတဲ့ အမည်ခံလက်ထပ်ပွဲပဲလေ"
"ခင်ဗျား ရဲ့ထင်မြင်ယူဆချက်တွေကိုတုံ့ပြန်ဖို့ ကျွန်တော့မှာ ဘာတာဝန်မှမရှိဘူး။ခင်ဗျားဘာသာထင်ချင်ရာထင်လို့ရတယ်။ခင်ဗျား သိထားရမှာက ကျွန်တော့် ခင်ပွန်းကို ကျွန်တော် အရမ်းချစ်တယ်။ကျွန်တော်တို့နှစ်ယောက်တစ်သက်လုံးအတူတူနေသွားကြမှာ။အဲ့တော့ ဘယ်တော့မှ ကွာရှင်းမှာမဟုတ်တဲ့အတွက် ခင်ဗျားကိုပေးစရာဘာအခွင့်ရေးမှလဲ ရှိမနေဘူး။မဖြစ်နိုင်တာကိုမျှော်လင့်မနေနဲ့"
"မင်းသူ့ကိုချစ်ပေမယ့်၊ သူ့ဘက်ကမင်းကိုမချစ်တာလုံးဝသေချာတယ်။သူကရော မင်းကိုသူ့ရဲ့အိမ်ထောင်ဖက်အဖြစ်နဲ့ပွဲထုတ်ဖူးလို့လား?မင်းရဲ့တဖက်သက်စိတ်ကူးယဉ်အတွေးတွေပြည့််နေတဲ့ အိမ်ထောင်ရေးကဘယ်လောက်ရေရှည်နိူင်မှာလဲ?"
"Mr.ဘရက်ဒလီ! !!ခင်ဗျားစကားတွေကစည်းကျော်လွန်းနေပြီ။ခင်ဗျားမှာ ဘာအရည်အချင်းရှိလို့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးအကြောင်းကိုမှတ်ချက်ပေးနေရတာလဲ?ကျွန်တော့်မှာခင်ဗျားကိုပြောစရာတခြားဘာမှမရှိတော့ဘူး။ကျေးဇူးပြုပြီး ထွက်သွားပါတော့!!"
ဘရက်ဒလီ ရုတ်တကြီး ထရယ်နေတယ်။ပြီးတော့အရမ်းပျော်နေသလိုပဲ.....
"မင်း ဘက်ကချက်ချင်း ငြင်းချက်မထုတ်ဘူးဆိုတော့၊ကိုယ်ပြောတာမှန်နေတယ်မလား?မင်းနဲ့ မင်းခင်ပွန်းက လင်မယားအရာတောင် မမြောက်သေးဘူးမလား?"
မုန့်ရန်ဒေါသတကြီးနဲ့ လျှောက်သွားလိုက်ပြီး သူ့ကိုဒီကနေလာခေါ်ဖို့ တစ်ယောက်ယောက်လွှတ်ပေးဖို့လော်ရှို့ဆီကိုဖုန်းခေါ်လိုက်တယ်။
"Hello Mr.လော် ကျွန်တော်အခု Sirisကျွန်းပေါ်ရောက်နေတယ်။အခုချက်ချင်းလူလွှတ်ပြီး ..."
ဘရက်ဒလီ ဖုန်းကိုလုယူလိုက်တဲ့အတွက် မုန့်ရန်စကားဆုံးအောင်ပြောခွင့်မရလိုက်ဘူး။
"ပြန်ပေးစမ်း!!"
မု့န်ရန် ဒေါသတကြီးနဲ့တောင်းဆိုလိုက်တယ်။
"မုန့်ရန်? ?"
လော်ရှို့ရဲ့အသံကိုဖုန်းထဲကနေကြားနေရတယ်။
ဘရက်ဒလီ လက်ထဲမှာကိုင်ထားတဲ့မုန့်ရန်ရဲ့ဖုန်းကိုကြည့်လိုက်တယ်။
"မင်းတို့နှစ်ယောက်က အမည်ခံသက်သက်လက်ထပ်ထားတယ်ဆိုမှတော့ ဖြစ်နိူင်ရင် အမြန်ဆုံးကွာရှင်းလိုက်တာပိုမကောင်းသွားဘူးလား?"
မုန့်ရန် ရုတ်တကြီး ထပြီး သူ့ရဲ့ဖုန်းကို ပြန်လုလိုက်တယ်။
Zawgyi
မုန္႔ရန္ အခုတေလာ ေက်ာင္းစာတစ္ဖက္၊ႏိုင္ငံတကာအငယ္တန္းၿပိင္ပြဲအတြက္ ေလ့က်င့္ရတာတစ္ဖက္နဲ႔ အေတာ္ေလး အလုပ္႐ႈပ္ေနတယ္။အဲ့အျပင္ တရားဝင္ရနံ႔ကုထုံးပညာ႐ွင္ လိုင္စင္အတြက္စာေမးပြဲလည္းဝင္ေျဖရေသးတယ္။တစ္ခါတစ္ေလဉီးေႏွာက္ေဆးတဲ့အေနနဲ႔ လုံလင္းေတာင္တစ္ခြင္ကို ျမင္းစီးထြက္ေလ့႐ွိတယ္။
ေလာ္႐ိႈ႕ ရဲ႕ညီငယ္ေလး ေလာ္က်ီရဲ႕ ဖိတ္ၾကားမႈေၾကာင့္ အခုခ်ိန္မွာ ဘရက္ဒလီက စံအိမ္ရဲ႕ ဂိတ္တံခါးကိုေရာက္ေနခဲ့ၿပီ။က်က္သေရ႐ွိၿပီးေတာ္ဝင္ဆန္တဲ့ ေ႐ႊေရာင္ျမင္းေပၚက ေကာင္ေလးကိုေတြ႕လိုက္ရခ်ိန္မွာ ဘရက္ဒလီတစ္ေယာက္ တစ္ကိုယ္လုံး လႈပ္မရေအာင္ေတာင့္ခဲသြားခဲ့တယ္။ဒါက ပုံရိပ္ေယာင္တစ္ခုလိုမ်ိဳးအရမ္းလွပဆန္းၾကယ္ပါတယ္။ေတာက္ပတဲ့ေနေရာင္ျခည္ေအာက္မွာ နတ္သမီးပုံျပင္ထဲကနတ္သားလွလွေလးတစ္ပါးက သူ႕ဆီကို ျမင္းစီးၿပီးဒုန္းဆိုင္းေျပးလာေနသလိုပဲ။ဒီနတ္သားေလးက ျမင္းေပၚကေန သူ႕ရဲ႕ရင္ခြင္ထဲကိုေျပးဆင္းလာဖို႔ကို ဘရက္ဒလီ ဘယ္ေလာက္ထိေတာင္ေမွ်ာ္လင့္ေနသလဲဆိုတာ နတ္ဘုရားေတြပဲသိလိမ့္မယ္။
[TN: ကဲ...ဘရက္ဒလီ အတြက္အေမႊးတိုင္ႀကိဳထြန္းေပးလိုက္ၾကပါေတာ့]
တျခားအရာေတြဆီစိတ္ေရာက္ေနတဲ့ မုန္႔ရန္ကေတာ့ ဘရက္ဒလီကိုမျမင္ဘဲ ျမင္းကိုေဝးရာအရပ္ဆီစီးနင္းသြားခဲ့တယ္။ဘရက္ဒလီရဲ႕အၾကည့္ေတြက မုန္႔ရန္ဆီမွာပဲ ကပ္တြယ္ေနၿပီး မုန္႔ရန္သူ႕ရဲ႕ျမင္ကြင္းထဲကေနေပ်ာက္ကြယ္သြားတဲ့ အထိ သတိျပန္မကပ္ႏိူင္ေသးဘူး။
"အထဲဝင္မယ္ေလ Mr.ဘရက္ဒလီ "
သူ႕ဆီကိုအာ႐ုံမေရာက္ႏိူင္ေသးတဲ့ ဘရက္ဒလီကို ေလာ္က်ီေနာက္တစ္ခါထပ္ၿပီးအသံျပဳလိုက္ရတယ္။
"Mr.ဘရက္ဒလီ "
ဘရက္ဒလီ အေတြးစကိုမနည္းျဖတ္ၿပီး ေလာ္က်ီကိုလွည့္ၾကည့္လိုက္တယ္။
"အထဲဝင္ၾကမယ္ေလ"
"Mr.ေလာ္ အဲ့ဒါကေလ....."
လမ္းေလွ်ာက္ေနရင္းနဲ႔ ဘရက္ဒလီက ေလာ္က်ီကို မသိမသာေမးၾကည့္လိုက္တယ္။သူ မုန္႔ရန္ကို မသိသလိုပုံစံမ်ိဳးနဲ႔ မုန္႔ရန္အေၾကာင္းသိခ်င္တာေလးေတြကို စုံစမ္းရမယ္ေလ။
"အဲ့တာ ကြၽန္ေတာ္႕အစ္ကိုႀကီးရဲ႕ ေယာက္က်ားေလ။သူတို႔လက္ထပ္ထားတာမၾကာေသးဘူး"
"ေအာ္ အဲ့လိုလား?ေကာင္ေလးၾကည့္ရတာ အရမ္းငယ္တယ္ေနာ္"
"အင္း သူက အရမ္းငယ္ေသးတယ္၊အစ္ကိုႀကီးရဲ႕ သားနဲ႔႐ြယ္တူပဲေလ"
"အိုးးး သူတို႔ေတြဘယ္လိုေတြ႕ျဖစ္ၿပီး လက္ထပ္သြားၾကတာလဲ?"
ဘရက္ဒလီ အံ့ၾသခ်င္ေယာင္ေဆာင္ၿပီးထပ္ေမးလိုက္တယ္။
"ဒါေတာ့ ကြၽန္ေတာ္လဲ မသိဘူး။ကြၽန္ေတာ္တို႔ အစ္ကိုႀကီးက ႐ုတ္တႀကီး သူ လက္ထပ္ေတာ့မယ္ဆိုၿပီးေၾကျငာတယ္ေလ၊ၿပီးေတာ့လဲ သူလက္ထပ္မွာက သူ႕သားရဲ႕ရည္းစားေဟာင္းနဲ႔တဲ့"
"သူ႕သားရဲ႕ရည္းစားေဟာင္း????ဘယ္လိုျဖစ္ႏိူင္မွာလဲ?"
ဒီတစ္ခါေတာ့ ဘရက္ဒလီ တကယ္အံ့ၾသေနၿပီ။
"လာ..လာ..လာ..အထဲေရာက္မွ ဆက္ေျပာၾကတာေပါ့"
..... ............ ......
သိပ္မၾကာခင္မွာ ျပည္ပၿပိဳင္ပြဲက်င္းပမယ့္ေန႔ရက္ေတြကိုေရာက္လာခဲ့ၿပီ။အခ်ိန္ဇယားေတြကို အတတ္ႏိူင္ဆုံးညႇိၿပီး မုန္႔ရန္နဲ႔ အတူလိုက္ေပးမယ္လို႔ ေလာ္႐ိႈ႕ ကတိေပးထားေပမယ့္ ဘယ္လိုမွ ညႇိမရတဲ့ အခ်ိန္ဇယားေတြေၾကာင့္ မုန္႔ရန္ေနာက္ကို ႏွစ္ရက္ေလာက္ေနာက္က်ၿပီးမွပဲလိုက္ႏိုင္ေတာ့မယ္။မုန္႔ရန္တို႔အဖြဲ႕ကလဲ ေရာက္ေရာက္ခ်င္းၿပိဳင္ပြဲဝင္ရမွာမဟုတ္ေသးတဲ့အတြက္ ေလာ္႐ိႈ႕ ႏွစ္ရက္ေလာက္ ေနာက္က်တာ ဘာမွမျဖစ္ဘူးေလ။
"အလုပ္ေတြၿပီးတာနဲ႔ ကြၽန္ေတာ္႕ဆီခ်က္ခ်င္းလိုက္လာရမယ္ေနာ္၊ကြၽန္ေတာ္႕ ၿပိဳင္ပြဲကို လြတ္သြားလို႔မျဖစ္ဘူးေနာ္။ ဟုတ္ၿပီလား"
မုန္႔ရန္က ေလာ္႐ိႈ႕ ရဲ႕ခါးကိုဖက္ထားၿပီး တတြတ္တြတ္နဲ႔မွာေနတယ္။
"မပူနဲ႔ေနာ္၊ကိုယ္ မင္းရဲ႕ၿပိဳင္ပြဲကိုအလြတ္မခံပါဘူး"
မုန္႔ရန္တို႔ ႏိုင္ငံျခားကို ေရာက္ၿပီးတာေတာင္မွ ၿပိဳင္ပြဲစဖို႔ ေလးငါးရက္အခ်ိန္ရေသးတယ္ေလ။အဲ့ေတာ့ ေလာ္႐ိႈ႕မွာလဲ အခ်ိန္ရပါေသးတယ္။
မုန္႔ရန္ ေလာ္႐ိႈ႕ရဲ႕လည္ပင္းကိုသိုင္းဖက္လိုက္ၿပီး ေလာ္႐ိႈ႕ရဲ႕ႏႈတ္ခမ္းေတြကို ေျခဖ်ားေထာက္ၿပီးနမ္းလိုက္တယ္။ေလာ္႐ိႈ႕ကလဲ မုန္႔ရန္ရဲ႕ခါးကို လက္တစ္ဖက္နဲ႔ဖက္ၿပီး က်န္တဲ့လက္တစ္ဖက္က မုန္႔ရန္ရဲ႕ေမးေစ့ကိုကိုင္ၿပီး အနမ္းေတြကိုတုံ႔ျပန္တယ္။
ေလာ္႐ိႈ႕ က မုန္႔ရန္ကို သူကိုယ္တိုင္ ေလဆိပ္လိုက္ပို႔တယ္။မုန္႔ရန္ကေတာ့ တြန္႔ဆုတ္ ၊တြန္႔ဆုတ္နဲ႔ ႏႈတ္ဆက္လိုက္ၿပီး စီနီယာအစ္ကိုေတြနဲ႔ ပူးေပါင္းလိုက္တယ္။
သူတို႔ေတြက တစ္ဉီးခ်င္းစီၿပိဳင္ပြဲအတြက္ေရာ၊ေက်ာင္းကိုယ္စားျပဳၿပိဳင္ပြဲေတြအတြက္ေရာ လူစုံေရာေနတဲ့အတြက္ ဆရာေတြကပါ ႀကီးၾကပ္ေပးဖို႔လိုက္လာၾကတယ္။ဆရာတစ္ေယာက္ျဖစ္ရတဲ့ေကာင္းကြက္က ကိုယ္တိုင္ၿပိဳင္ပြဲမဝင္ႏိုင္ေပမယ့္ ေက်ာင္းသားေတြၿပိဳင္ပြဲဝင္တာကို ႀကီးၾကပ္သူအျဖစ္နဲ႔ လိုက္ပါၿပီး ၿပိဳင္ပြဲေတြကေန အေတြ႕အၾကဳံဗဟုသုတေတြကိုေလ့လာႏိုင္တယ္။
ေရေမႊးဉယ်ာဥ္ေတြဆီမွာေလ့လာေရးဆင္းဖို႔နဲ႔ စိုက္ပ်ိဳးေရးဉယ်ာဥ္ေတြဆီမွာ ကုန္ၾကမ္းေတြဝယ္ယူဖို႔အတြက္ ၿပိဳင္ပြဲမစခင္ ေလးငါးရက္ေလာက္ေစာၿပီး ထြက္လာၾကတာျဖစ္တယ္။
သူတို႔ေတြေလယာဥ္ေပၚက ဆင္းတဲ့အခ်ိန္မွာ သူတို႔ကို ဘရက္ဒလီ ကိုယ္တိုင္လာႀကိဳမယ္မွန္းဘယ္သူမွ ထင္မထားမိခဲ့ဘူး။
"အားလုံးကို ႀကိဳဆိုပါတယ္ဗ်ာ"
ဘရက္ဒလီ က ဆရာေတြကို လက္ဆြဲႏႈတ္ဆက္ေနတယ္။
"ဒီတစ္ေခါက္ အတြက္ ႀကိဳဆိုဧည့္ခံေရးကို ကြၽန္ေတာ္ တာဝန္ယူထားတာပါ။ဆရာတို႔ ေက်းဇူးျပဳၿပီး ဒီဘက္ကိုႂကြပါခင္ဗ်"
ဘရက္ဒလီ လို နာမည္ႀကီးတစ္ေယာက္က ႀကိဳဆိုဧည့္ခံေရးတာဝန္ကို ယူထားတယ္ဆိုေတာ့ အကုန္လုံးအံ့ၾသေနတာေပါ့။
ဆရာေတြအတြက္ သီးသန္႔ျပင္ဆင္ေပးထားတဲ့ကား ထြက္သြားတာနဲ႔ ဘရက္ဒလီ က ေက်ာင္းသားေတြဘက္ကိုလွည့္ေျပာလိုက္တယ္။
"အားလုံးပဲ ကားေပၚတက္လို႔ ရပါၿပီ"
ဆရာေတြမ႐ွိေတာ့တဲ့အတြက္ ေက်ာင္းသားေတြကလဲ သူတို႔ရဲ႕ စိတ္လႈပ္႐ွားမႈေတြကို ဖုံးဖိေနစရာမလိုေတာ့ဘူးေလ။အဲ့ေတာ့ ဘရက္ဒလီ နားမွာ ဝိုင္းအုံၿပီး ဓာတ္ပုံတြဲ႐ိုက္ေနၾကတယ္။
"ေနာက္ထပ္ ရက္ေတြအမ်ားႀကီးက်န္ပါေသးတယ္။ေန႔တိုင္းေတြ႕ေနရမွာပဲေလ။အဖြဲ႕လိုက္ ဓာတ္ပုံ႐ိုက္ဖို႔ အခြင့္ေရးေတြအမ်ားႀကီး႐ွိပါေသးတယ္။အခုခ်ိန္မွာ ဒါကိုစိတ္ပူမေနနဲ႔။အရင္ဆုံး Hotel ကိုသြားၿပီး အနားယူလိုက္ၾကဉီး"
ေက်ာင္းသားအမ်ားစုက ဘရက္ဒလီ ကိုႏူးညံ့သိမ္ေမြ႕ၿပီးယဥ္ေက်းတဲ့အျပဳအမူေတြေၾကာင့္ သေဘာက်စြဲလန္းေနၾကတာပါ။ၿပီးေတာ့ လိင္တူလက္ထပ္တာကို ခြင့္ျပဳေပးထားတဲ့ ဒီေလာကမွာ ဘရက္ဒလီလိုလူမ်ိဳးကို က်ား၊မ မေ႐ြး ႏွစ္သက္ၾကတာသိပ္ေတာ့မဆန္းဘူးေလ။
အနက္ေရာင္ကား ၁၂ စီးေလာက္ရပ္ထားတယ္။ေက်ာင္းသားေတြက ကိုယ့္အဖြဲ႕နဲ႔ကိုယ္ ကားေပၚတက္ေနတဲ့အခ်ိန္မွာ ဘရက္ဒလီက မုန္႔ရန္ကို လာေမးတယ္။
"မင္း ကိုယ့္ကားနဲ႔ လိုက္ခဲ့မလား?"
"ဟင့္အင္း၊ကြၽန္ေတာ္ စီနီယာတို႔နဲ႔ပဲအတူေနမယ္"
ဘရက္ဒလီ က မုန္႔ရန္တစ္ေယာက္တည္း ကိုသီးသန္႔ဖိတ္တဲ့အတြက္ အားလုံးကလဲ အံ့ၾသေနတယ္။
ဘရက္ဒလီ က မုန္႔ရန္ကို ျပဳံးၿပီးေခါင္းညိတ္ျပတယ္။ၿပီးေတာ့ သူ႕ရဲ႕ကိုယ္ပိုင္ကားေပၚတက္သြားခဲ့တယ္။
Hotel ကိုေရာက္တဲ့အခါ ေက်ာင္းသားေတြအတြက္ တစ္ခန္းကို ႏွစ္ေယာက္ႏႈန္းနဲ႔စီစဥ္ေပးထားတယ္။
ဘရက္ဒလီရဲ႕လက္ေထာက္က အခန္းေသာ့ေတြကိုေဝေပးေနတယ္။
ေက်ာင္းသားဉီးေရက မဂဏန္းျဖစ္ေနတဲ့အတြက္ မုန္႔ရန္ တစ္ေယာက္တည္း သီးသန္႔တစ္ခန္းေနခြင့္ရတယ္။တျခားသူေတြနဲ႔ အခန္းမွ်မသုံးတတ္တဲ့ မုန္႔ရန္ကေတာ့ ကံေကာင္းတယ္လို႔ပဲေတြးလိုက္တယ္။
သူတို႔ေတြရဲ႕အခန္းေတြ႐ွိတဲ့အထပ္ကိုေရာက္တဲ့အခါ
မုန္႔ရန္သူ႕ရဲ႕အခန္းကိုဖြင့္လိုက္တယ္။အခန္းအျပင္အဆင္ကိုျမင္လိုက္တာနဲ႔ မုန္႔ရန္ ေၾကာင္အသြားတယ္။ၿပီးတာနဲ႔ ဝူဖန္နဲ႔ ခ်င္းဟုန္ တို႔ရဲ႕အခန္းတံခါးကိုသြားေခါက္လိုက္တယ္။
ခ်င္းဟုန္တို႔အခန္းကိုလွည့္ပတ္ၿပီး တစ္ခ်က္အကဲခတ္ၾကည့္လိုက္တယ္။
"စီနီယာ ကြၽန္ေတာ္တစ္ေယာက္ထဲမအိပ္ခ်င္ဘူး။စီနီယာနဲ႔ အခန္းမွ်သုံးလို႔ရမလားဟင္?"
"ရတာေပါ့"
ဝူဖန္ ဘာတစ္ခြန္းမွထပ္မေမးဘဲ ခ်က္ခ်င္းသေဘာတူလိုက္တယ္။အဲ့ေနာက္ ခ်င္းဟုန္ဘက္ကိုလွည့္ေျပာလိုက္တယ္။
"မုန္႔ရန္ရဲ႕အခန္းမွာ သြားအိပ္လိုက္"
သူ႕ကိုနည္းနည္းေလးေတာင္ ေနာက္မတြန္႔ဘဲေမာင္းထုတ္ေနတဲ့ ဝူဖန္ကို ခ်င္းဟုန္ ေၾကာင္ေတာင္ေတာင္နဲ႔ၾကည့္ေနတယ္။
ဝူဖန္က ခ်င္းဟုန္ကို အသည္းအသန္းသြားခိုင္းေနတယ္။
"ဘာေၾကာင္ၾကည့္ေနတာလဲ သြားေတာ့ေလ။မုန္႔ရန္ သူ႕ကို အခန္းေသာ့ေပးလိုက္"
"Sorry ပါ စီနီယာခ်င္း ရယ္....."
မုန္႔ရန္ ေတာင္းပန္လိုက္ၿပီး အခန္းေသာ့ေပးလိုက္တယ္။
"ရပါတယ္ကြာ.."
ခ်င္းဟုန္ကေတာ့ အခန္းေသာ့ေလးယူၿပီးထြက္သြားရၿပီ။
ပစၥည္းေတြ ေနရာခ်ၿပီးတာနဲ႔ မုန္႔ရန္က ဝူဖန္ကိုတစ္ခုေျပာလိုက္တယ္။
"စီနီယာ ကြၽန္ေတာ္ ဖုန္းေခၚလိုက္ဉီးမယ္"
"ရတယ္ ရတယ္"
မုန္႔ရန္႔ဖုန္းကို ေရခ်ိဳးခန္းထဲယူသြားတယ္။မုန္႔ရန္က သူ Hotelကို ေရာက္တာနဲ႔ ဖုန္းဆက္မယ္လို႔ေျပာထားတဲ့အတြက္ ေလာ္႐ိႈ႕အၾကာႀကီးေစာင့္ေနမွာစိုးလို႔ ဖုန္းဆက္ရမယ္ေလ။သူတို႔အျဖစ္က အရမ္းခ်စ္ၾကတဲ့စုံတြဲေတြနဲ႔ တူမေနဘူးလား?သိပ္အေရးမပါတဲ့အေၾကာင္းေတြပဲေျပာေနရရင္ေတာင္ ဖုန္းခ်လိုက္ဖို႔ကို ႏွေျမာတုံ႔ဆိုင္းေနတယ္ေလ။တစ္ေယာက္ရဲ႕အသံကိုတစ္ေယာက္ၾကားေနရသ၍ စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရပါတယ္။
မုန္႔ရန္ ဖုန္းမခ်ခ်င္ေသးေပမယ့္ ေလာ္႐ိႈ႕က ညေနက်ရင္ဖုန္းထပ္ဆက္မယ္လို႔ကတိေပးထားတယ္ေလ၊အဲ့ေတာ့ ေလာ္႐ိႈ႕ ကိုအေႏွာက္အယွက္မေပးေတာ့ပါဘူးေလ......
"ေယာက္က်ားဆီကို ဖုန္းဆက္တာမလား?"
ေရခ်ိဳးခန္းထဲကထြက္လာတဲ့ မုန္႔ရန္ကို ဝူဖန္ လွမ္းေမးလိုက္တယ္။
"အင္း"
မုန္႔ရန္ ျပဳံးျပဳံးေလးနဲ႔ ဆိုဖာေပၚထိုင္ခ်လိုက္တယ္။
"မင္း ဉကၠဌေလာ္ ကိုအရမ္းသေဘာက်တာပဲလား?ဖုန္းေလးတစ္ခါေခၚတာကိုမ်ား ျပဳံးၿဖီးေနတာပဲေနာ္"
မုန္႔ရန္ရဲ႕ သကာရည္ေလာင္းထားလို ခ်ိဳျမ ျပဳံးၿဖီးေနတဲ့ မ်က္ႏွာကိုၾကည့္ၿပီး ဝူဖန္ေမးလိုက္တယ္။
မုန္႔ရန္ဘာမွ ျပန္မေျဖဘဲ ျပဳံးေနလိုက္တယ္။ေလာ္႐ိႈ႕နဲ႔သူကအခုဆို အျပန္အလွန္ခ်စ္ၾကတဲ့ခ်စ္သူေတြျဖစ္ေနၾကၿပီေလ။ေလာ္႐ိႈ႕က အျပင္ပန္းမွာ မခ်စ္လိုဟန္ေဆာင္ေနခဲ့ေပမယ့္ မၾကာေသးခင္က ေလာ္႐ိႈ႕ရဲ႕ တုံ႔ျပန္မႈေတြထဲက ခ်စ္ျခင္းေမတၱာေတြကို မုန္႔ရန္ခံစားမိေနတယ္။
"ထမင္းစားဖို႔ အခ်ိန္ေရာက္ၿပီ"
ခ်င္းဟုန္ ဝင္လာၿပီးေျပာလိုက္တယ္။
မုန္႔ရန္နဲ႔ ဝူဖန္တို႔ႏွစ္ေယာက္စလုံး မတ္တပ္ထရပ္ၿပီး အခန္းထဲက ထြက္ဖို႔လုပ္လိုက္တဲ့အခ်ိန္မွာ ခ်င္းဟုန္က မုန္႔ရန္ကိုၾကည့္ၿပီးတစ္ခုေျပာလိုက္တယ္။
"အခုေလးတင္ ဘရက္ဒလီ က အခန္းတံခါးေခါက္ၿပီး ထမင္းဆင္းစားဖို႔လာေျပာသြားတာ။တံခါးဖြင့္လိုက္တဲ့သူက ငါမွန္းသိေတာ့ သူေတာ္ေတာ္အံ့ၾသသြားတဲ့ပုံပဲ။ၿပီးေတာ့ မင္းအတြက္ေပးထားတဲ့အခန္းက အထက္တန္းစား luxury room ႀကီးကြ"
"ဘာေတြျဖစ္ကုန္တာလဲ?"
ဝူဖန္က သံယျဖစ္ေနတဲ့ပုံနဲ႔မုန္႔ရန္ကိုေမးလိုက္တယ္။
"အကူအညီလိုေသးလား?"
ခ်င္းဟန္ကလဲ မုန္႔ရန္ကို ေမးလိုက္တယ္။
မုန္႔ရန္ ခဏေလာက္စဥ္းစားၿပီးမွ သူ႕အစ္ကိုေတြကိုဖြင့္ေျပာလိုက္တယ္။
"သူ႕ရဲ႕ရည္႐ြယ္ခ်က္က ဘာလဲဆိုတာေတာ့ကြၽန္ေတာ္မသိေသးဘူး။ကြၽန္ေတာ္ ခန္႔မွန္းၾကည့္ရသေလာက္ေတာ့ သူက ကြၽန္ေတာ္႕ကို ေလလံပြဲေတြမွာ ေစ်းႏႈန္းခန္႔မွန္းေပးခိုင္းခ်င္လို႔ ေကာင္းေကာင္းမြန္မြန္ဆက္ဆံေနတယ္လို႔ထင္တာပဲ။ဒီလို အထူးသီးသန္႔ျပဳမူတာမ်ိဳးႀကီးကိုကြၽန္ေတာ္မလိုခ်င္ဘူး။အဲ့တာေၾကာင့္ စီနီယာခ်င္းကို အဲ့အခန္းေပးလိုက္တာ"
"ငါကေတာ့ ဒီလိုမထင္ဘူးေနာ္၊ သူမင္းကိုႀကိဳက္ေနတာေတာ့မဟုတ္ေလာက္ဘူးမလား?"
မုန္႔ရန္ ခဏေလာက္ေတာ့ Shockရသြားတယ္။
"အခုလုပ္ေနတာေတြရဲ႕ ရည္႐ြယ္ခ်က္ကိုအခုထိေတာ့ ႐ွင္း႐ွင္းလင္းလင္း မသိရေသးဘူး။ဒါေပမယ့္ ကြၽန္ေတာ္သူ႕ကို အခြင့္ေရးရရင္ေသခ်ာေမးလိုက္ပါ့မယ္။အဲ့မတိုင္ခင္စပ္ၾကားမွာ သူ႕ဘက္ကေန မသင့္ေတာ္တာေတြျပဳမူလာရင္ စီနီယာတို႔ကပဲ အေျခေနအခ်ိန္ခါအလိုက္ ကာကြယ္ေပးၾကပါဉီးေနာ္"
"ငါသေဘာေပါက္ပါတယ္ကြာ၊ သြားၾကမယ္ေလ၊ထမင္းေတာ့စားရမယ္ကြ"
သူတို႔ေတြ စားေသာက္ခန္း႐ွိတဲ့အထပ္ဆီဆင္းလာခဲ့ေပမယ့္ ဘရက္ဒလီ ကေတာ့ မထင္မွတ္ထားတဲ့ မေတာ္ဆေလးေတြေၾကာင့္ ေရာက္မလာႏိူင္ခဲ့ေပ။
ေနာက္တစ္ေန႔မနက္.....
ဆရာေတြက ႏိုင္ငံတကာ ကြန္းဖရင့္တစ္ခုကိုသြားတက္ေနၾကတယ္။အစပိုင္းတုန္းက ေက်ာင္းသားေတြသက္သက္စုၿပီး စိုက္ခင္းေတြဆီသြားၿပီး ေဆးပင္ေတြအေၾကာင္းကိုေသခ်ာေလ့လာဖို႔စီစဥ္ထားတယ္။
ဒါေပမယ့္ဘရက္ဒလီ ႐ုတ္တရက္ႀကီး ေရာက္လာၿပီး သူရဲ႕ကိုယ္ပိုင္ကြၽန္းေပၚက ေရေမႊးဉယ်ာဥ္ဆီကိုသြားေရာက္လည္ပတ္ဖို႔ ေက်ာင္းသားအားလုံးကို ေခၚသြားမယ့္အေၾကာင္းေျပာလာတယ္။
ဒါကိုၾကားေတာ့ ေက်ာင္းသားေတြက မေမွ်ာ္လင့္ဘဲေကာင္းခ်ီးအေပးခံရသလို ဝမ္းပန္းတသာျဖစ္ကုန္ၾကတယ္။သြားရမယ့္အခ်ိန္ကို ေမွ်ာ္လင့္တႀကီးနဲ႔ေစာင့္ေနၾကတယ္။
မုန္႔ရန္ေခါင္းငုံ႔ၿပီးေတြးေနခဲ့တယ္။ဒါက ဘရက္ဒလီ သူ႕အတြက္လုပ္ေပးတာပါဆိုၿပီး ဒရမ္မာဆန္ဆန္ေတြမေျပာခ်င္ေပမယ့္ ဘရက္ဒလီက ဒါကိုအေၾကာင္းအရင္းမ႐ွိဘဲလုပ္တာလုံးဝမျဖစ္ႏိူင္ဘူးေလ။ဘာအေၾကာင္းျပခ်က္ေတြပဲ႐ွိေနပါေစ၊ သူကေတာ့ ဘရက္ဒလီ ရဲ႕ေထာင္ေခ်ာက္ထဲကိုက်မသြားဖို႔ သတိႀကီးႀကီးထားရေတာ့မွာပဲ.....
သူတို႔ေတြ Hotel ကေန ဆိပ္ကမ္းကိုသြားခဲ့ၾကတယ္။ဆိပ္ကမ္းကေန ဘရက္ဒလီ ရဲ႕ကိုယ္ပိုင္ကြၽန္းဆီကို သေဘၤာစီးၿပီးသြားခဲ့တယ္။မုန္႔ရန္ကေတာ့ တစ္ခ်ိန္လုံး ဝူဖန္နဲ႔ခ်င္းဟုန္တို႔နားမွာပဲကပ္ေနခဲ့တယ္။
သေဘၤာေပၚမွာတုန္းကတည္းက ဘရက္ဒလီ က မုန္႔ရန္ကိုတစ္ခ်ိန္လုံးေငးၾကည့္ေနတယ္။မုန္႔ရန္ျပန္ၾကည့္လိုက္တိုင္း ဘရက္ဒလီ က အၾကည့္မလႊဲသြားတဲ့အျပင္ ျပန္ၿပီးေတာင္ တည့္တည့္ၾကည့္ေနလိုက္ေသးတယ္။
ကိုယ္ပိုင္ကြၽန္းဆီကိုေရာက္တာနဲ႔ က်န္တဲ့ေက်ာင္းသားေတြကေတာ့ ကြၽန္းတစ္ခုလုံးကိုေလ့လာစူးစမ္းဖို႔ မေစာင့္ႏိူင္ေတာ့ေလာက္ေအာင္ စိတ္လႈပ္႐ွားေနၾကၿပီ။
"မပူနဲ႔၊ အခုေလာေလာဆယ္ တစ္ခုခုစားၿပီး အနားယူလိုက္ၾကဉီး၊ခဏေနရင္ ကြၽန္းတစ္ခုလုံးကို လိုက္ျပေပးဖို႔စီစဥ္ေပးမယ္"
ဘရက္ဒလီ က ျပဳံးေနရင္းတစ္ခုထပ္ေျပာတယ္။
"တကယ္ေတာ့ ကြၽန္ေတာ္ မုန္႔ရန္ကိုအကူညီေတာင္းခ်င္တာေလးတစ္ခု႐ွိတဲ့အတြက္ အခုလို ဒီကြၽန္းေပၚကိုဖိတ္ၾကားခဲ့တာပါ။သူတစ္ေယာက္တည္းကို သီးသန္႔ဖိတ္ၾကားမယ္ဆိုရင္ ေသခ်ာေပါက္လက္ခံမွာမဟုတ္တဲ့အတြက္ မူလရည္႐ြယ္ခ်က္ကိုနည္းနည္းေျပာင္းလိုက္တာပါ။အားလုံး ကြၽန္ေတာ္႕ကို စိတ္မ႐ွိပါနဲ႔ေနာ္"
ေက်ာင္းသားေတြအကုန္လုံး မုန္႔ရန္ကိုၾကည့္ေနၾကတယ္။မုန္႔ရန္ေၾကာင့္သူတို႔ေတြဆင္ျဖဴေတာ္မွီၿပီးၾကံစုပ္ခြင့္ရတာေလ။ဒီလိုဆိုရင္ေတာင္ ဒီကြၽန္းေပၚလည္ပတ္ခြင့္ရတဲ့အတြက္ သူတို႔ေတြေပ်ာ္ပါတယ္။
ဝမ္ယြမ္ရဲ႕မ်က္ႏွာကေတာ့ ခ်က္ခ်င္း လက္ငင္းကိုမည္းသည္းေနၿပီ။မုန္႔ရန္ကိုဖိတ္ခ်င္တဲ့အတြက္ မတတ္သာလို႔သူတို႔ကိုပါေခၚလာရတယ္ဆိုတာကို ႀကိဳသိလို႔ကေတာ့ လိုက္လာမွာမဟုတ္ဘူး။ေခါင္းငုံ႔ထားတဲ့ ယြီကြၽင္းခ်န္ ရဲ႕မ်က္ႏွာေပၚမွာ ဘာအမူအရာမွမ႐ွိတဲ့အတြက္ သူဘာေတြေတြးေနလဲဆိုတာ ဘယ္သူမွမသိလိုက္ၾကဘူး။
"ကြၽန္ေတာ္ ဒီကြၽန္းအေၾကာင္းကို အခ်ိန္ခဏယူၿပီး ႐ွင္းျပေပးမယ္ေနာ္။ ဒီကြၽန္းရဲ႕နာမည္က Sirisတဲ့။အဓိပၸါယ္ကေတာ့ "ခ်စ္ရသူ" တဲ့။ဒီကြၽန္းကနာမည္နဲ႔လိုက္ေအာင္ ခ်စ္စရာေကာင္းၿပီး စြဲမက္ႏွစ္လိုဖြယ္ေကာင္းတယ္ဆိုတာ ခဏေန ခင္ဗ်ားတို႔ ကြၽန္းေပၚမွာ ေလ့လာၾကည့္တဲ့အခါ သိရပါလိမ့္မယ္"
ဘရက္ဒလီက မုန္႔ရန္ဘက္ကိုလွည့္လိုက္ၿပီး..
"အေ႐ွ႕တိုင္းရဲ႕ရနံ႔ကုထုံးေတြအေၾကာင္းကိုေလ့လာေနတာ၂ ႏွစ္႐ွိၿပီ။မင္းရဲ႕ေကာင္းမြန္လွတဲ့ အနံ႔ခံအာ႐ုံကိုသုံးၿပီး ပါဝင္ပစၥည္းေတြရဲ႕အရည္အေသြးကိုအကဲျဖတ္ေပးႏိုင္မလား?ေက်းဇူးတုံ႔ျပန္တဲ့အေနနဲ႔ ကိုယ့္ရဲ႕ ကိုယ္ပိုင္ Collection ေတြသီးသန္႔ထားထားတဲ့ ေရေမႊး Studio ကိုေခၚသြားေပးပါ့မယ္"
တခ်ိဳ႕ေက်ာင္းသားေတြက မုန္႔ရန္ကို မနာလိုတဲ့အၾကည့္ေတြနဲ႔ၾကည့္ေနၾကတယ္။
"Sorry ပဲ Mr.ဘရက္ဒလီ ။ကြၽန္ေတာ္က အခုမွေက်ာင္းသားပဲ႐ွိေသးတာ။အဲ့ေတာ့ကြၽန္ေတာ့္မွာ အကဲျဖတ္ေပးႏိုင္တဲ့အရည္အခ်င္းမ႐ွိေသးပါဘူး။ကြၽန္ေတာ္႕ ထက္ပိုၿပီး ကြၽမ္းက်င္တဲ့ Professional ေတြကိုပဲ အကူညီေတာင္းလိုက္ပါ"
ဘရက္ဒလီ အခုေပးေနတဲ့အေၾကာင္းျပခ်က္က ဆင္ေျခတစ္ခုပဲဆိုတာ မုန္႔ရန္သိၿပီးသားေလ။
"မင္းက ႏွိမ့္ခ်လြန္းေနတာပဲ။မင္းရဲ႕အရည္အခ်င္းက Professional အဆင့္ေရာက္ေနၿပီဆိုတာ ကိုယ္သိၿပီးသားပါ"
ဘရက္ဒလီ က မုန္႔ရန္ တစ္ကိုယ္လုံးကို နင့္နင့္သီးသီးၾကည့္ေနခဲ့တယ္။
ဒီလူရဲ႕အၾကည့္ေတြထဲက အဓိပၸါယ္ ကိုနားမလည္ေသးဘူးဆိုရင္ေတာ့ မုန္႔ရန္ေလာက္ မိုက္မဲတာ႐ွိပါဉီးမလား?ဘရက္ဒလီ မုန္႔ရန္ကို ႀကိဳက္ေနတာ ယြီကြၽင္းခ်န္ ေတာင္ သိေနတယ္ေလ။
ဘရက္ဒလီ တျခားဘာမွဆက္မေျပာေတာ့ဘဲ ေက်ာင္းသားေတြကိုကားေပၚတက္ခိုင္းၿပီး ကြၽန္းရဲ႕အလယ္ပိုင္းမွာ႐ွိတဲ့ ေ႐ွးေဟာင္းရဲတိုက္ႀကီးဆီကိုေခၚသြားခဲ့တယ္။
ဘရက္ဒလီ ကမုန္႔ရန္အတြက္ ကားတံခါးကို ကိုယ္တိုင္ဖြင့္ေပးၿပီး ေစာင့္ေနတယ္။မုန္႔ရန္ ဒါကိုျမင္ေတာ့ ကားေပၚမတက္ေသးဘဲရပ္ေနလိုက္တယ္။ဝူဖန္က မုန္႔ရန္ထက္အရင္ကားေပၚတင္လိုက္ၿပီး ဘရက္ဒလီ ကိုေက်းဇူးတင္စကားေျပာလိုက္တယ္။ၿပီးေတာ့ ခ်င္းဟုန္ကလဲ ဝူဖန္လိုပဲ ေက်းဇူးတင္စကားေျပာၿပီး ကားေပၚတက္သြားတယ္။မုန္႔ရန္ကေတာ့ ေနာက္ဆုံးမွကားေပၚကိုတက္လိုက္တယ္။
ဒီလိုအေျခေနမ်ိဳးနဲ႔ၾကဳံရတဲ့အတြက္ ဘရက္ဒလီ ျပဳံးေန႐ုံအျပင္ဘာမ်ားတတ္ႏိုင္မွာလဲ?
ေက်ာင္းသားေတြက ဆီေဆးပန္းခ်ီကားတစ္ခ်ပ္လိုလွပတဲ့႐ႈခင္းေတြကို လမ္းတစ္ေလွ်က္လုံးေငးေမာေနၾကတယ္။သူတို႔ေတြ မုန္႔ရန္ကို ေက်းဇူးတင္ေနတယ္။
"မုန္႔ရန္ေၾကာင့္ ငါတို႔ဒီကိုလာခြင့္ရမယ္လို႔ ထင္မထားမိဘူး"
"ဒါက အံ့ၾသစရာေတာ့မဟုတ္ဘူး။ဟုတ္တယ္မလား? မုန္႔ရန္က အခုခ်ိန္မွာေနရာေကာင္းေကာင္းရသင့္ေနၿပီလို႔ ဒီကိုမလာခင္တုန္းက ဆရာေျပာခဲ့ဖူးတယ္ေလ။မုန္႔ရန္လို Genius တစ္ေယာက္ကို ႏိုင္ငံတကာက ဆရာေတြတန္ဖိုးထားၾကတယ္ဆိုတာ ပုံမွန္ပဲကြ"
"ဟုတ္တယ္၊သူ႕ရဲ႕အရည္အခ်င္းေၾကာင့္ ဒီလိုအက်ိဳးအျမတ္ေတြရတာေပါ့။ငါ သူ႕ကိုေလးစားတယ္"
"ဆရာ႐ႊီနဲ႔ဆရာလင္ တို႔ရဲ႕တပည့္ေတြထဲမွာ ယြီကြၽင္းခ်န္ တစ္ေယာက္ပဲ အားလုံးရဲ႕ ဂ႐ုစိုက္မႈကိုသိမ္းပိုက္ႏိူင္မယ္လို႔ငါထင္ထားတာကြ၊အခုလို မုန္႔ရန္ ေရာက္လာတာနဲ႔ ယြီကြၽင္းခ်န္ ဘက္က မုန္႔ရန္ကို မယွဥ္ႏိုင္ေတာ့ဘူးေလ"
"လက္႐ွိမွာ မုန္႔ရန္ က ယြီကြၽင္းခ်န္ထက္ပိုေတာ္
တယ္ဆိုတာသိသာထင္႐ွားေနၿပီ၊ ဒါေပမယ့္ေနာက္ပိုင္းမွာဘာျဖစ္မယ္ဆိုတာကိုဘယ္သူမွအတိအက်မေျပာႏိုင္ဘူး။ယြီကြၽင္းခ်န္ကလဲ မုန္႔ရန္ကို ေနာက္တစ္ခါ အႏိူင္ယူသြားႏိုင္တာပဲေလ"
ကားေပၚမွာထိုင္ေနတဲ့ ဝမ္ယြမ္ ရဲ႕ေအးစက္စက္စကားသံထြက္ေပၚလာတယ္။
"ဘရက္ဒလီ က မုန္႔ရန္ေၾကာင့္ ငါတို႔ကိုဒီကိုေခၚလာတာမွန္းသိရင္၊ငါတို႔ေတြလိုက္မလာသင့္ဘူး။မသိရင္ပဲငါတို႔က သူ႕ကိုမွီၿပီးအျမတ္ရသြားတဲ့ပုံနဲ႔။ဘယ္သူက ဒါကဂ႐ုစိုက္ေနလို႔လဲ?!!"
"အကုန္လုံးက ဒီကိုလာခ်င္ေနၾကတာေလ။အဲ့ေတာ့ ျငင္းေနလို႔လဲ ဘာထူးမွာမို႔လို႔လဲ?ငါတို႔ေတြႀကီးပဲ သီးသန္႔ခြဲထြက္ေနလို႔မွမရတာကြ"
ေခ်ာင္က်ီက ဝမ္ယြမ္ ကိုေျပာလိုက္တယ္။
ဘရက္ဒလီ သူတို႔ကို ဒီကြၽန္းေပၚဖိတ္ၾကားတဲ့အတြက္ သေဘၤာေပၚမွာကတည္းက ဝမ္ယြမ္အေတာ္ေပ်ာ္ေနခဲ့တာ။အခုလို အေၾကာင္းအရင္းအမွန္ကိုသိလိုက္ရေတာ့ မေပ်ာ္ႏိူင္ေတာ့ဘူးေလ။
ဘရက္ဒလီ မုန္႔ရန္ကိုၾကည့္တဲ့အၾကည့္ေတြအေၾကာင္းကို ယြီကြၽင္းခ်န္ စိတ္လြတ္ေနတဲ့သူတစ္ေယာက္လိုအျပင္ဘက္ကိုေငးရင္း စဥ္းစားေနခဲ့တယ္။ဘရက္ဒလီ မုန္႔ရန္ကိုႀကိဳက္ေနတယ္ဆိုတာ သူေသခ်ာသိတယ္။ဒါေပမယ့္ အရင္တစ္ေခါက္က ရခဲ့ဖူးတဲ့ သင္ခန္းစာေၾကာင့္ ထင္ရာျမင္ရာမလုပ္ရဲေတာ့ဘူးေလ။သူတကယ္အမွားလုပ္မိတယ္လို႔ခံစားေနရတယ္။အကယ္၍ မုန္႔ရန္ရဲ႕အခန္းထဲကို သူစိမ္းေယာက္က်ားတစ္ေယာက္ဝင္သြားတယ္ဆိုတဲ့ အခ်က္ကိုသုံးၿပီး မုန္႔ရန္ကို မဆန္႔က်င္ခဲ့ရင္ အခုေနဆို အေျခေနေတြတမ်ိဳးတဖုံေျပာင္းသြားေနေလာက္ၿပီ။
ရဲတိုက္ထဲမွာ စားေသာက္ၿပီးတဲ့အခါ ကြၽန္းေပၚကိုလွည့္ပတ္ၾကည့္ၾကဖို႔ တာဆူေနၾကၿပီ။ဘရက္ဒလီ ေျပာသလိုပဲ ဒီကြၽန္းက လွပၿပီး ႏွစ္လိုဖြယ္ေကာင္းလြန္းတယ္။
ပါဝင္ပစၥည္း အကဲျဖတ္ေပးဖို႔ကိုျငင္းၿပီးတာေတာင္ ဘရက္ဒလီကေတာ့ မေလွ်ာ့ေသာဇြဲနဲ႔ သူ႕ရဲ႕ Studio ဆီကို မုန္႔ရန္ကို ဖိတ္လိုက္ေသးတယ္။မုန္႔ရန္ကလဲ ထပ္ျငင္းလိုက္ပါတယ္။
ညေနေရာက္တဲ့အခါ ဘရက္ဒလီ က မုန္႔ရန္ရဲ႕အခန္းဆီကိုေရာက္ခ်လာၿပီး မုန္႔ရန္နဲ႔စကားေျပာခ်င္ေၾကာင္းလာေျပာခဲ့တယ္။ခဏေလာက္စဥ္းစားၾကည့္လိုက္ေတာ့ စကားေျပာလိုက္တာပိုေကာင္းမယ္လို႔ မုန္႔ရန္ေတြးလိုက္တယ္။မုန္႔ရန္က ဝူဖန္ကို ခ်င္းဟုန္ရဲ႕အခန္းထဲမွာ ဆယ္မိနစ္ေလာက္ သြားေနဖို႔ေျပာလိုက္တယ္။
"ခင္ဗ်ား ေျပာခ်င္တာဘာမ်ားလဲ?"
"ကိုယ္ မင္းအေပၚမွာ ဘယ္လိုခံစားခ်က္ေတြ႐ွိတယ္ဆိုတာမင္းသိသင့္တယ္။ဒါေၾကာင့္လဲ မင္း ကိုယ့္ကိုေ႐ွာင္ေနတာမလား?"
ဘရက္ဒလီ ကေတာ့ ဘြင္းဘြင္းႀကီးေျပာခ်လိုက္ၿပီ။
"ကြၽန္ေတာ္ ခင္မ်ားကို တစ္ခုသတိေပးလိုက္မယ္။ကြၽန္ေတာ္က အိမ္ေထာင္သည္ေနာ္။ကြၽန္ေတာ္နဲ႔ သင့္ေတာ္တဲ့အကြာအေဝးမွာေနေပးျခင္းက ကြၽန္ေတာ္အေပၚေရာ ခင္ဗ်ားကိုယ္ခင္ဗ်ားပါ ေလးစားရာေရာက္လိမ့္မယ္"
မုန္႔ရန္ ကေလးနက္တည္ၾကည္စြာေျပာလိုက္တယ္။
"မင္းကိုယ့္အေပၚဒီေလာက္အထိ သတိႀကီးႀကီးထားၿပီးျငင္းဆန္မေနပါနဲ႔။မင္း မကြာ႐ွင္းရေသးခင္အထိ ကိုယ္ဘာမွ လုပ္မွာမဟုတ္ဘူး။ကိုယ္အခု မင္းနဲ႔သူငယ္ခ်င္းျဖစ္ခ်င္႐ုံေလးပါကြာ။ဒါေပမယ့္ မင္းရဲ႕အခုလက္႐ွိ ခင္ပြန္းနဲ႔ကြာ႐ွင္းၿပီးသြားရင္ ကိုယ္မင္းကို ပိုးပန္းဖို႔အခြင့္ေရးေလး ေပးဖို႔ပဲ ေမွ်ာ္လင့္ပါတယ္"
"ကြၽန္ေတာ္ကြာ႐ွင္းလိမ့္မယ္လို႔ ခင္ဗ်ားဘာလို႔ ထင္ေနတာလဲ"
မုန္႔ရန္ စိတ္မေကာင္းျဖစ္ေနၿပီေလ....
"မင္းက ရည္းစားေဟာင္းနဲ႔လမ္းခြဲၿပီးသိပ္မၾကာလိုက္ဘူး၊အခုလက္႐ွိ ခင္ပြန္းနဲ႔ေကာက္ကာငင္ကာလက္ထပ္လိုက္္တယ္။ၿပီးေတာ့ မင္းရဲ႕ခင္ပြန္းနဲ႔မင္းက တစ္ခါမွမေတြ႕ဖူးၾကဘူးမလား?အဲ့ေတာ့ မင္းတို႔ေတြ ခ်စ္လို႔လက္ထပ္လိုက္တာ ဘယ္နည္းနဲ႔မွမျဖစ္ႏိူင္ဘူး။မင္းသူနဲ႔လက္ထပ္တာကမင္းအတြက္ဘာအက်ိဳးေက်းဇူးေတြရလဲဆိုတာ ကိုယ္ စဥ္းစားလို႔မရဘူး။ဒါက အက်ိဳးတူပူးေပါင္းထားတဲ့ အမည္ခံလက္ထပ္ပြဲပဲေလ"
"ခင္ဗ်ား ရဲ႕ထင္ျမင္ယူဆခ်က္ေတြကိုတုံ႔ျပန္ဖို႔ ကြၽန္ေတာ့မွာ ဘာတာဝန္မွမ႐ွိဘူး။ခင္ဗ်ားဘာသာထင္ခ်င္ရာထင္လို႔ရတယ္။ခင္ဗ်ား သိထားရမွာက ကြၽန္ေတာ္႕ ခင္ပြန္းကို ကြၽန္ေတာ္ အရမ္းခ်စ္တယ္။ကြၽန္ေတာ္တို႔ႏွစ္ေယာက္တစ္သက္လုံးအတူတူေနသြားၾကမွာ။အဲ့ေတာ့ ဘယ္ေတာ့မွ ကြာ႐ွင္းမွာမဟုတ္တဲ့အတြက္ ခင္ဗ်ားကိုေပးစရာဘာအခြင့္ေရးမွလဲ ႐ွိမေနဘူး။မျဖစ္ႏိုင္တာကိုေမွ်ာ္လင့္မေနနဲ႔"
"မင္းသူ႕ကိုခ်စ္ေပမယ့္၊ သူ႕ဘက္ကမင္းကိုမခ်စ္တာလုံးဝေသခ်ာတယ္။သူကေရာ မင္းကိုသူ႕ရဲ႕အိမ္ေထာင္ဖက္အျဖစ္နဲ႔ပြဲထုတ္ဖူးလို႔လား?မင္းရဲ႕တဖက္သက္စိတ္ကူးယဥ္အေတြးေတြျပည္္႕ေနတဲ့ အိမ္ေထာင္ေရးကဘယ္ေလာက္ေရ႐ွည္ႏိူင္မွာလဲ?"
"Mr.ဘရက္ဒလီ! !!ခင္ဗ်ားစကားေတြကစည္းေက်ာ္လြန္းေနၿပီ။ခင္ဗ်ားမွာ ဘာအရည္အခ်င္း႐ွိလို႔ ကြၽန္ေတာ္တို႔ရဲ႕ အိမ္ေထာင္ေရးအေၾကာင္းကိုမွတ္ခ်က္ေပးေနရတာလဲ?ကြၽန္ေတာ္႕မွာခင္ဗ်ားကိုေျပာစရာတျခားဘာမွမ႐ွိေတာ့ဘူး။ေက်းဇူးျပဳၿပီး ထြက္သြားပါေတာ့!!"
ဘရက္ဒလီ ႐ုတ္တႀကီး ထရယ္ေနတယ္။ၿပီးေတာ့အရမ္းေပ်ာ္ေနသလိုပဲ.....
"မင္း ဘက္ကခ်က္ခ်င္း ျငင္းခ်က္မထုတ္ဘူးဆိုေတာ့၊ကိုယ္ေျပာတာမွန္ေနတယ္မလား?မင္းနဲ႔ မင္းခင္ပြန္းက လင္မယားအရာေတာင္ မေျမာက္ေသးဘူးမလား?"
မုန္႔ရန္ေဒါသတႀကီးနဲ႔ ေလွ်ာက္သြားလိုက္ၿပီး သူ႕ကိုဒီကေနလာေခၚဖို႔ တစ္ေယာက္ေယာက္လႊတ္ေပးဖို႔ေလာ္႐ိႈ႕ဆီကိုဖုန္းေခၚလိုက္တယ္။
"Hello Mr.ေလာ္ ကြၽန္ေတာ္အခု Sirisကြၽန္းေပၚေရာက္ေနတယ္။အခုခ်က္ခ်င္းလူလႊတ္ၿပီး ..."
ဘရက္ဒလီ ဖုန္းကိုလုယူလိုက္တဲ့အတြက္ မုန္႔ရန္စကားဆုံးေအာင္ေျပာခြင့္မရလိုက္ဘူး။
"ျပန္ေပးစမ္း!!"
မု႔န္ရန္ ေဒါသတႀကီးနဲ႔ေတာင္းဆိုလိုက္တယ္။
"မုန္႔ရန္? ?"
ေလာ္႐ိႈ႕ရဲ႕အသံကိုဖုန္းထဲကေနၾကားေနရတယ္။
ဘရက္ဒလီ လက္ထဲမွာကိုင္ထားတဲ့မုန္႔ရန္ရဲ႕ဖုန္းကိုၾကည့္လိုက္တယ္။
"မင္းတို႔ႏွစ္ေယာက္က အမည္ခံသက္သက္လက္ထပ္ထားတယ္ဆိုမွေတာ့ ျဖစ္ႏိူင္ရင္ အျမန္ဆုံးကြာ႐ွင္းလိုက္တာပိုမေကာင္းသြားဘူးလား?"
မုန္႔ရန္ ႐ုတ္တႀကီး ထၿပီး သူ႕ရဲ႕ဖုန္းကို ျပန္လုလိုက္တယ္။