လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ...

By felicia_2992

369K 30K 1K

Myanmar BL Fic (Rebirth) More

1 (U)
1 (Z)
2 (U)
2 (Z)
3 (U)
4 (U)
4 (Z)
5 (U)
5 (Z)
6 (U)
6 (Z)
7 (U)
7 (Z)
8 (U)
8 (Z)
9 (U)
9 (Z)
10 (U)
10 (Z)
11 (U)
11 (Z)
12 (U)
12 (Z)
13 (U)
13 (Z)
14 (U)
14 (Z)
15 (U)
15 (Z)
16 (U)
16 (Z)
17 (U)
17 (Z)
18 (U)
18 (Z)
19 (U)
19 (Z)
Interview 1 (U+Z)
20 (U)
20 (Z)
21 (U)
21 (Z)
22 (U)
22 (Z)
23 (U)
23 (Z)
24 (U)
24 (Z)
25 (U)
25 (Z)
26 (U)
26 (Z)
27 (U)
27 (Z)
28 (U)
28 (Z)
29 (U) 18+ Sexual Content Warning 🚨
29 (Z) 18+ Sexual Content Warning 🚨
30 (U) 18+ Sexual Content Warning 🚨
30 (Z) 18+ Sexual Content Warning 🚨
Interview 2 (U+Z)
31 (U)
31 (Z)
32 (U)
32 (Z)
33 (U)
33 (Z)
34 (U)
34 (Z)
35 (U) Final
35 (Z) Final
💜
Extra 1 (U+Z)
Extra 2 (U+Z)
Extra 3 (U+Z)
Extra 4 (U+Z)
Extra 5 (U+Z)
Extra 6 (U+Z)
Extra 7 (U+Z)
Extra 8 (U+Z)
Extra 9 (U+Z)
Extra 10 (U+Z)
💜
💜
💜

3 (Z)

3.9K 177 0
By felicia_2992

အပိုင်း (၃)
အရင်လိုမဟုတ်တော့တဲ့ အရင်ကကောင်ပါ

Part 3

ဟိုအယုတ်မာ စိုင်းလွင်ကိစ္စဖြစ်ပြီးကတည်းက ကိုသတ္တနဲ့ ကိုဧကတို့လည်း သူ့ကို အရင်လို သိပ်အနိုင်မကျင့်ကြတော့ပေ။ အရင်က လက်ရဲဇက်ရဲ စွာစိစိန်မို့ ဝိုင်းကျဉ်ခဲ့ အခေါ်အပြောအလုပ်မခံခဲ့ရတဲ့ သူ့ကိုလည်း တကျောင်းလုံးက ဖေးဖေးမမ ဆက်ဆံလာကြတယ်။ ဒါတွေဟာ စတင် ပြောင်းလဲခြင်းတွေပါပဲ။

အတိတ်တုန်းကဆို ကိုးဟာ ရန်ဖြစ်ရင်ဖြစ်.. မဖြစ်ရင် ချောင်တချောင်မှာ ကပ်နေတတ်တဲ့ ပေစုတ်စုတ် ကောင်လေးတယောက်ရယ်။ အခုတော့ အကုန်လုံးက ဝိုင်းဂရုဏာသက်ရတဲ့ သနားစရာကလေးလေးကို ဖြစ်လို့။ သူ့ကို ပြုံးပြတဲ့လူတွေများလာတယ်။ စကားစမြည် လာပြောတဲ့သူတွေ များလာတယ်။

၂၆ နှစ်အရွယ် သူနဲ့ယှဉ်ရင်တော့ အကုန်လုံးက ကလေးတွေ ဖြစ်နေပေမယ့် သူငယ်ချင်းပေါင်း လာပေါင်းတော့လည်း လိုက်လိုက်လျောလျော ဆက်ဆံရတာပေါ့လေ။

ကျောင်းမှာရှိတဲ့ Sister တွေနဲ့ Father ကအစ သူ့ကို လိုတာထပ်ပိုပြီး ဂရုစိုက်ဖေးမလာကြတယ်။ ဒါဆို သူ လိုအပ်ခဲ့တဲ့ မေတ္တာဟာ ဒီလို စက်ဆုပ်စရာကောင်းတဲ့အဖြစ်ကြောင့် အလျှံတပယ် ရရှိခဲ့သည်လား။ ဒါဆို ကိုစိုင်းလွင်ကိုပဲ ကျေးဇူးတင်ရမည်လား။

အိုဘယ့်.. ဆန်းကျယ်လှတဲ့ လူ့လောကကြီးရယ်။

အတိတ်တုန်းက သူ့အဖြစ်နဲ့ အခုလက်ရှိ အဖြစ်တွေဟာ ကွာခြားလွန်းနေတော့ ကိုသော်တာနဲ့ တွေ့ဆုံခွင့်ရမယ့် ကံကြမ္မာလည်း ပြောင်းလဲသွားလေမလားလို့ တွေးရင်း ရင်ပူနေရလေတယ်။ တကယ်လို့သာ သူ အမွေးစားမခံရဘူးဆိုရင်တော့ သူကိုယ်တိုင် ဒီနေရာကနေ ရုန်းထွက်ပြီး ကိုသော်တာ့ဆီ ရောက်အောင်သွားဖို့လည်း ဆုံးဖြတ်နှင့်ပြီးသားရယ်ပါ။

“ က.. ကိုး..”

တယောက်တည်း တောင်တွေးမြောက်တွေး တွေးနေတုန်း ခေါ်သံကြောင့် ခေါင်းမော့ကြည့်လိုက်မိတော့.. သူ့ကို သနားနေတဲ့မျက်လုံး တွေနဲ့ ငုံ့ကြည့်နေတဲ့ သတ္တနဲ့ဧက။

“ ဘာလဲ..”

“ မင်း.. မင်းကို ဆရာ.. အဲ့.. ဟိုလူယုတ်မာကြီးက အဲ့လိုတွေလုပ်ခဲ့တာ မင်း ဘယ်လိုမှမခံစားရဘူးလား..”

၁၅ နှစ်အရွယ်သူနဲ့ ယှဉ်ရင် ဒင်းတို့နှစ်ယောက်က လူပျိုဖော်ဝင်ပြီးလို့ မိန်းကလေးတွေကိုတောင် မထိတထိ စနောက်နေကြပြီလေ။ အဲ့တော့ ဒီကိစ္စအကြောင်းကို တခြားကလေးတွေထက် ပိုနားလည်နေတာ ဖြစ်မယ်။

“ ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ သိချင်လို့ တမင်လာမေးတာလား..”

ခပ်ငေါ့ငေါ့ မေးလိုက်တော့.. နှစ်ယောက်သား ကပျာကယာနဲ့ သူ့ဘေးနားဝင်လာထိုင်ကြပြီး..

“ မဟုတ်ပါဘူးကွာ.. ငါတို့ Father မသိအောင် ခိုးကြည့်ဖူးတဲ့ ဗီဒီယိုကားတွေထဲမှာဆိုရင် မ..မိန်းကလေး.. ဟိုကွာ.. မိန်းမတွေကပဲ အဲလိုလုပ်ပေးကြတာဆိုတော့ကွာ.. မင်းက ယောကျာ်းလေးလေ.. ဟိုလူယုတ်မာကြီးက မင်းကို ဘာလို့..”

သြော်.. ဒီလူပျိုပေါက်နှစ်ကောင်က ဒီကိစ္စကို စိတ်ဝင်စားကြတာကိုး။

လိင်ကိစ္စဆိုလျှင် အထီးနဲ့အမလောက်ပဲ အပေါ်ယံသိကြတဲ့ အရွယ်တွေပဲမဟုတ်လား။ အခြောက်ဆိုတာကို စကားနှင့်သာ ကြားဖူးခဲ့ရုံ ဖြစ်လိမ့်မယ်။

“ ကိုသတ္တတို့က အခြောက်တို့ ယောကျာ်းချင်းကြိုက်တာတို့ကို မသိဘူးလား..”

“ သိတော့သိတာပေါ့ကွ.. ဒါဆို ကိုစိုင်းလွင်က အခြောက်ကြီးလား..”

ဧကရဲ့ ရွံရှာသလို မျက်နှာဘေးနဲ့ ထွီကနဲ တံထွေးထွေးလိုက်တဲ့ပုံစံကြောင့် ကိုးမှာ အခြောက်သည်လည်း လူသားပင်ဖြစ်ကြောင်း၊ လိင် သဘောသဘာဝကိစ္စတွေဟာ မျိုးတူတူ မျိုးမတူတူ ရှုံ့ချစရာမဟုတ်ကြောင်း၊ ကိုစိုင်းလွင်၏လုပ်ရပ်က အလိုမတူပဲ အဓမ္မမှုကြောင့်သာ ယုတ်ညံ့သည်ဖြစ်ကြောင်း၊ ထိုယုတ်ညံ့မှုမျိုးသည် ယောကျာ်းမိန်းမနှင့်မဆိုင်ကြောင်း ရှင်းပြလိုစိတ်များ ကုန်ခမ်းသွားရလေသည်။

“ မင်းတော်တော် စိတ်ညစ်နေမှာပဲ.. အဲ့အခြောက်ကြီးက မင်းကို လုပ်သွားတာဆိုတော့.. ငါ့ကိုသာ အခြောက်တယောက်က အဲ့လို လာလုပ်ရင် လူပါသတ်မိမလားမသိဘူး..”

သတ္တကပါ ဘုမသိဘမသိ ၀င်ကြုံးဝါးနေသောကြောင့် ကိုးတယောက် ထိုနေရာမှ ထွက်လာခဲ့လိုက်တယ်။ အရင်က ဒီနှစ်ကောင်ဟာ သူ့ကိုအနိုင်ကျင့်ရုံလောက်သာ.. အခုတော့ လူမသိသူမသိ ဖုံးကွယ်ထားတဲ့ သူ့ဖြစ်တည်မှုကိုပါ ရွံရှာပြနေပြန်တော့တာပဲ။

အတိတ်ဘ၀က ကိုးသာဆိုလျှင် ဒီနေရာတင် ချက်ချင်း တခြားယောကျာ်းတွေခေါ်ပြီး ဒီနှစ်ကောင်ကို မုဒိမ်းကျင့်ခိုင်းပစ်လောက်တယ်။ ကံကောင်းသွားသည်က သူက အရင်က ကိုး မဟုတ်တော့ခြင်းပင်။

အတိတ်ဘ၀တုန်းက ကိုးက သူ့ခံစားရသည့်ထက် ၂ဆ ၃ဆ ပြန်ပေးဆပ်ခိုင်းဖို့ ၀န်မလေးသည့် လူ့အရိုင်းအစိုင်းတယောက်လေ။ အနိုင်ကျင့်ခံ အနှိပ်စက်ခံ အရိုက်အနှက်ခံ အပယ်ခံဘ၀နဲ့ အလိုမတူပဲ လိင်အာသာဖြေခံခဲ့ရတဲ့ ဒီနေရာကြီးကို ကိုယ်တိုင် ဓာတ်ဆီလောင်းပြီး မီးရှို့ဖျက်စီးပစ်ခဲ့တာ။ မီးညွှန့်တွေ တလူလူ ဝါးမြိုနေတဲ့ ကျောင်းဝန်းကြီးကို ငုတ်တုတ်ထိုင်ကြည့်ရင်း ရင်ထဲက နာကျင်ခဲ့ရတာတွေ ပျောက်လို့ပျောက်ငြား စိတ်လွတ်လက်လွတ် ရယ်မောခဲ့တာ။ မီးလောင်နေတဲ့ ကျောင်းဆောင်ထဲကနေ အသည်းအသန်ထွက်ပြေးလာတဲ့ သတ္တနဲ့ ဧကကိုလည်း သူ့လူတွေနဲ့ ဖမ်းခိုင်းလိုက်ကာ သူ့အိမ် မြေအောက်ခန်းမှာ စိတ်ရှိလက်ရှိ သေအောင်ရိုက်နှိက်ပစ်ခဲ့တာ။

ပြာကျသွားတဲ့ St.Mary ဘုရားကျောင်းကြီးရယ်.. လူရုပ်တောင်မပေါ်တော့ပဲ သေနေတဲ့ သတ္တနဲ့ ဧကရယ်။ တစိမ့်စိမ့် ထိုင်ကြည့်လေ သူ့စိတ်တွေ ထိန်းချုပ်မရအောင် ရူးနမ်းလာလေလေ။ အလောင်းနှစ်လောင်းကို အိမ်နောက်ဖေးက မြေကွက်လပ်ထဲမှာ မြှုပ်လိုက်တဲ့ အထိ သူ့လုပ်ရပ်တွေကို ကျေနပ်အားရနေတုန်းပဲ။

သွေးတွေ မြေမှုန့်တွေနဲ့ ညစ်ပတ်ပေရေနေတဲ့ သူ့လက်ချောင်းတွေကို ရေနဲ့ဆေးချလိုက်ပြီးတဲ့နောက်..

“ ကိုး ရေ..”

Sister Monica ရဲ့ ခေါ်သံက အတိတ်အာရုံတွေကို မောင်းထုတ်သွားတယ်။

“ ကိုး.. မင်းကို Father က ခေါ်နေတယ်.. ဧည့်ခန်းမမှာ ဧည့်သည်တွေလည်းရောက်နေတယ်.. မင်းကို မွေးစားကြမယ့်မိဘတွေဆိုလား..”

နားနဲ့ဆတ်ဆတ် ကြားလိုက်ရတာကိုပင် မယုံနိုင်။ ကိုယ့်လက်မောင်းကို ခပ်နာနာ ဆွဲဆိတ်ကြည့်ပြီး တော်တော်နာသွားတာကို ခံစားလိုက်ရမှ အခုဘ၀ကို ပြန်ရောက်လာပြီးဆိုတာ ယုံမိတယ်။

လာပြောတဲ့ Sister Monica ကတော့ ကိုးတယောက် အမွေးစားခံရတော့မှာမို့ ပျော်နေတယ် ထင်သွားသည်။

အတိတ်ဇာတ်ကြောင်းနဲ့ မသွေဖီသွားပဲ မွေးစားခံရလို့ ပျော်တာမှန်ပေမယ့် အမွေးစားခံရတယ်ဆိုတာထက် သူ့ရဲ့ တစင်းတည်းသော ငွေလမင်းလေးနဲ့ ပြန်လည်တွေ့ဆုံရတော့မို့ ပျော်တယ်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။

ကိုသော်တာ့ကို သူ လွမ်းလှပြီလေ..

အရင်ဆုံး မှန်ပြေးကြည့်လိုက်မိသည်။ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ဆံပင်တွေကို လက်နဲ့အမြန်ဖိချလိုက်ပြီး အ၀တ်အစားတွေကိုပါ မတွန့်နေအောင် လက်နဲ့ သပ်ချနေမိတဲ့ ကိုယ့်ကိုယ်လည်း ရယ်ချင်ပါသည်။

အကိုနဲ့ပတ်သတ်လာရင် သူဟာ အသက်တွေ ဘယ်နှကျော့ ပြန်နေပါစေ.. အခုချိန်ထိ ကလေးလေးလိုပင်။

ပြန်လည်မွေးဖွားလာတဲ့ အသက်အရွယ်နဲ့ နှိုင်းယှဉ်ကြည့်ပါက သူ အခုဆို ၂၆ နှစ်ရှိနေပြီဖြစ်ပြီး အကို့ထက် ဆယ်နှစ်တောင် ပိုကြီးနေသည်ပဲ။ ဒါပေမယ့် ကိုးဟာ သော်တာနိုင်ရဲ့ ညီလေးပဲ ဖြစ်နေဦးမှာ။ ဘယ်တော့ဖြစ်ဖြစ် သူဟာ ထာဝရ အကို့ညီလေး။

“ အမလေး..ကိုယ်တော်ရယ် ဒီအတိုင်းလည်း ချောပါတယ်..လာပါ ဟိုမှာ ဧည့်သည်တွေစောင့်နေပြီ “

Sister Monica က လက်ကိုဆွဲပြီး ခေါ်တော့မှ သူ မှန်ရှေ့က ခွာတော့တာပဲ။ ရင်တွေခုန်ပြီး နှလုံးသားကလည်း တဒုတ်ဒုတ်နဲ့။ သွေးစွန်းနေတဲ့ လူ့အတ္တသမားကြီးဟာ ဖြစ်ခဲ့တဲ့အတိတ်တွေက သူ မဟုတ်သလို၊ သူနဲ့ မဆိုင်သလို၊ အရာအားလုံးကို တဖန် ပြန်လည် မေ့ပျောက်ထားမိပြန်တော့တယ်။

အကိုရှေ့မှာ လူပျိုဖြန်းလေးလို ရှက်နေရဦးမည်လား။ တည်တည်ငြိမ်ငြိမ်ပဲ အကို့မျက်နှာကို လှမ်းကြည့်ရမလား။ ဆုံးဖြတ်လို့မရသေးချိန်မှာပဲ.. ဧည့်ခန်းမထဲကို လှမ်းဝင်နှင့်လေပြီ။

“ ဒီကလေးလေးလား.. လူချောလေးပဲ..”

မွေးစားမိဘတွေရဲ့ မှတ်ချက်ချသံကို ကြားနေရတာတောင် ကိုးမှာ ခေါင်းမမော့ရဲသေး။

“ ညီလေး..မင်းနာမည်က ကိုး တဲ့လား..”

အသံချိုချိုကြည်ကြည်အေးအေးလေးက နားစည်ကနေတဆင့် နှလုံးအိမ်ထဲအထိ ရောက်အောင် တိုးဝင်လာသည်။ ပိုင်ရှင်ကို ပြန်တွေ့ခွင့် ရလိုက်တဲ့ ခွေးလေးတကောင်လို ကိုးတယောက် ပျော်ရွှင်မြူးတူးနေသည်မှာ ၁၅ နှစ် ၁၆ နှစ်အရွယ်သို့ တဖန်ပြန်ရောက်သွားသည့်နှယ်။ အတိတ်တုန်းကလည်း သူ ဒီလိုပဲ ပျော်ခဲ့ဖူးသည်လေ။ အခု အပျော်တွေကတော့ အဆထောင်သောင်းပေါင်းမက။

ရင်ဖိုစိတ်လှုပ်ရှားစွာ ဖြည်းဖြည်းချင်း ခေါင်းကိုမော့ကြည့်လိုက်တဲ့အခါ သူ နေရာမှာတင် အသက်ရှုရပ်တန့်သွားလေတော့သည်။ တည်ငြိမ်အေးချမ်းပြီး ပြုံးယောင်သန်းနေတဲ့ မျက်ဝန်းလေးတွေ၊ မျက်တောင်တိုတိုစိပ်စိပ်လေးနဲ့ မျက်ခုံးမွှေးကွေးကွေးလေးတွေ။ အကိုဟာ အရင်လို သူ့ရှေ့မှာ ရပ်နေပြန်တယ်။

အကိုသော်တာနိုင်.. တကယ်ကြီး ပြန်တွေ့ခွင့်ရပြီပေါ့နော်..

တနေ့ကပဲ သူ့ထိုးလိုက်တဲ့ ဓားဒဏ်ရာနဲ့ သေသွားခဲ့တဲ့လူ.. တနေ့ကပဲ သူ့ပါးကို ပစ်ထိုးပြီး သူ့ရှေ့ဒူးထောက် ငိုကြွေးခဲ့တဲ့လူ..

တနေ့ကပဲ.. အဲ့နေ့ကပဲ..

ခွပ်ကနဲ ကိုးရဲ့ ပါးပြင်ပေါ်ကို အရှိန်ပြင်းပြင်းကျရောက်လာတဲ့ လက်သီးတချက်။ ကိုသော်တာရဲ့မျက်ဝန်းတွေဟာ ရဲရဲတောက်လို့။ နာကျင်မုန်းတီးခြင်းတွေလား.. ရွံရှာစက်ဆုပ်ခြင်းတွေလား.. ၀မ်းနည်းကြေကွဲခြင်းတွေလား.. ဘယ်သူသိလိမ့်မလဲလေ။

“ ခင်ဗျား သိပ်တရားမလွန်လာနဲ့.. ကိုသော်တာ.. ခင်ဗျားမို့ ကျွန်တော် သည်းခံနေတာနော်..”

မိုးခြိမ်းသံနဲ့အပြိုင် လည်ပင်းအကြောတွေထောင်ထသွားတဲ့အထိ ကိုး တယောက် အော်ဟစ်ပစ်လိုက်ပေမယ့် ကိုသော်တာရဲ့မျက်နှာက အရင်လို ညှိုးနွမ်းမသွားတော့ပေ။

“ တရားလွန်နေတာ ဘယ်သူလဲ ကိုး.. မင်းကိုယ်မင်း ပြန်စဉ်းစားပါဦး.. မင်းဒုက္ခပေးချင်တိုင်း ပေးလို့ အားမရနိုင်သေးဘူးလား.. အဖေနဲ့ အမေလည်း သေသွားပြီ.. ဒီလောကကြီးထဲ မင်းနဲ့ငါပဲ ကျန်တော့တာ.. ငါ့ကို နည်းနည်းလေးတောင် မသနားတော့ဘူးလား..”

ပါးပြင်ဆီက စစ်ကနဲ ဖြစ်သွားလို့ လက်နဲ့တို့ယူကြည့်လိုက်တော့ သွေးစတချို့ပါလာတယ်။ ကိုသော်တာရဲ့ ညာဘက်လက် လက်သူကြွယ်က လက်စွပ်ငုတ်ကအစ ကိုးကို မုန်းတီးနေသယောင် ခြစ်ရာလေး ပေးသွားလေရဲ့။

လူမိုက်ပဲလေ.. သေလောက်တဲ့ဒဏ်ရာတွေလည်း ရဖူးတာပေါ့။ ဖူးယောင်စုတ်ပြတ်သတ်နေတဲ့အထိ အရိုက်လည်း ခံဖူးတာပေါ့။ သွေးတစက်စက်ကျနေရင်း အမှိုက်ပုံထဲ တိုးပုန်းခဲ့ရတဲ့အချိန်တွေလည်း ရှိဖူးတာပေါ့။ ဒါပေမယ့် ဒီအပေါ်ယံခြစ်ရာလေးကြောင့် သူ့အသည်းဟာ ဆတ်ဆတ်ခါအောင် နာနေတော့တာပဲ။

“ ခင်ဗျားက ခင်ဗျားရဲ့သတို့သမီးလောင်းလေးနဲ့ တကယ်ကြီး ပျော်ပျော်နေသွားရမယ်လို့ မျှော်လင့်နေတယ်ပေါ့.. ကျုပ် ရှိနေပါရဲ့လေ..”

ရှိုက်သံမပါအောင် ထိန်းပြောလိုက်ခြင်းဟာ ကိုသော်တာ့နားထဲမှာတော့ အံကြိတ်သံများ ဖြစ်သွားသလား မသိပါ။

“ မင်းကို ငါ ရှင်းအောင်ပြောပြီးပြီ ကိုး.. မင်းက ငါ့ညီလေး.. မင်း ငါ့အပေါ် ဘာတွေပဲ ကျူးလွန်ခဲ့ပါစေ.. ငါ နားလည်ခွင့်လွှတ်ပေးမယ်.. ဒါပေမယ့် အဲ့ဒါ မင်းလိုချင်တဲ့ အချစ်မဟုတ်ပါဘူးလို့ ငါ ဘယ်နှခါ ပြောရမလဲ..”

ကောင်းကင်ကပစ်လိုက်တဲ့ မိုးကြိုးဟာ သူ့ရင်ခွင်ကို တန်းကနဲ တည့်နေအောင် ၀င်မှန်တယ်။

“ ငါ့မှာ လက်ထပ်ရမယ့် အမျိုးသမီးရှိနေပြီ.. ဒီလောက်နဲ့ပဲ တော်လိုက်ပါတော့..”

မီးတောက်ကြီးလို ပေါက်ကွဲနေတဲ့သူ့ရင်ခွင်ထဲကို လေပြည်လေးလို ညင်သာစွာ တိုးဝှေ့တိုက်ခတ်ဖို့ ကြံစည်နေတဲ့ ကိုသော်တာဟာ တကယ်ကို သူ့အကြောင်း နားမလည်သေးမှန်း သိသာတယ်။ သူ့အချစ်တွေကိုရောပေါ့လေ။

သူ့အောက်မှာ ကျိတ်ငိုရင်း ညီးတွားခဲ့တဲ့ နှုတ်ခမ်းလွှာတွေက အခုတော့ စည်းတွေကန့်သတ်တော့မယ်တဲ့လား။ သူ့အမိန့်တွေကို လိုလိုလားလား နာခံရင်း စိတ်သာယာနောက် လိုက်ခဲ့တဲ့ အဲ့ခန္ဓာကိုယ်က တခြားတယောက်နဲ့ ကျွမ်းဝင်ကြတော့မယ်တဲ့လား။

“ အကို.. ကျွန်တော့်ကို ပစ်မသွားပါနဲ့..”                                                                                                            

နောက်ဆုံးအနေနဲ့ တိုးလျှိုးတောင်းပန်လိုက်တယ်။ ဒါဟာ ကိုးရဲ့တသက် ပထမဆုံးအကြိမ် တောင်းပန်ခယခြင်းပါပဲ။

“ ကိုး.. အကိုက မင်းကို ဘယ်တုန်းကမှ ပစ်မထားခဲ့တာ မင်း သိပါတယ်.. မင်းကို အကို အလိုလိုက်ခဲ့လို့ ဒီလိုတွေ ဆိုးသွမ်းလာခဲ့တာ အကို့အပြစ်တွေကြောင့်ပါ.. မင်းကို အကိုတတ်နိုင်သလောက် ဆုံးမပြုပြင်ခဲ့တယ်.. အဖေ့ကိုရော အမေ့ကိုရော အကို ဆန့်ကျင်ပြီး မင်းဘက်ကနေ ရပ်တည်ပေးခဲ့တယ်.. နောက်ဆုံး မင်း အကို့အပေါ် ကျူးလွန်စော်ကားတာတွေကိုလည်း အကို သည်းခံပေးခဲ့တယ်.. အကိုလည်း ပင်ပန်းလာပြီ ကိုး.. မင်း ဒီအတိုင်းကြီး ဆက်နေဦးမယ်ဆိုရင်..”

“ ကျွန်တော် လိမ္မာပါတော့မယ်.. အကို လက်မထပ်လိုက်ပါနဲ့..”

ကြိုးလေးတမျှင်ပဲ ဖြစ်ဖြစ်.. သူ ဆွဲငင်ထားချင်တယ်။ အရာအားလုံးကို ပြောင်းလဲပစ်လိုက်ရမယ်ဆိုရင်လည်း ဖြစ်တယ်.. အကို့ကိုမှ သူ အဆုံးရှုံးမခံနိုင်တာပဲလေ။ သူ့ဘက်က အစအဆုံး မှားနေခဲ့ရင်တောင် ကိုသော်တာကတော့ သူ့အမှန်တရားပါ။ အကို ဒါကိုသိဖို့လိုတယ်။

“ အကို ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော် နေပါ့မယ်.. အကိုသာ.. အကိုသာ အဲ့မိန်းမနောက် လိုက်မသွားပါနဲ့..”

“ မင်းလည်း အရွယ်မငယ်တော့ဘူး.. ကိုး.. အကို့သဘောက..”

နောက်ထပ် ဘာတွေပြောနေသလဲ.. သူ နားထဲမ၀င်တော့ပေ။ မိုးခြိမ်းသံ တဂျိန်းဂျိန်းနဲ့ ဝေါကနဲ ရွာချလာတဲ့ မိုးရေစက်သံတွေက သူ့အကြားအာရုံကို ကာဆီးထားသယောင်။ ပညာတတ်ပီပီ စာတတန် ပေတတန်ချီပြီး ပြောတဲ့ ဆုံးမသံတွေကို သူ သိပ်မုန်းတီးနေတာ ဖြစ်ပါလိမ့်မည်။

လက်ကျန်သံယောဇဉ်တွေနဲ့ ဆိုဆုံးမနေတဲ့ ကိုသော်တာ့ပုံစံကို ကြည့်နေရင်း သူ့စိတ်ထဲမှာ တဆ တဆတိုး နာကျင်လာရတယ်။ ဘာလို့ သူ့ကို နားမလည်ပေးခဲ့ရတာလဲ။ ဘာလို့ ဇွတ်တွေ လိမ္မာစေချင်ပြီး ဘာလို့ ဆိုးသွမ်းနေရသလဲဆိုတာကို တခါမှ စိတ်မ၀င်စားခဲ့ရတာလဲ။ ဘာလို့များ ခွင့်လွှတ်ပါတယ် နားလည်ပါတယ်ဆိုတာတွေ ထပ်ခါတလဲလဲ ပြောနေပြီး သူ့အကြောင်းကို တခုမှ မသိရတာလဲ။

“ အကို ပြောနေတာ ကြားလား ကိုး..”

“ အဲ့တော့ အကိုက တကယ်ကြီး အဲ့မိန်းမနဲ့ လက်ထပ်မယ်ပေါ့..”

“ ကိုးကို အကိုက ခွင့်လွှတ်သလို.. အကို့ကိုလည်း ကိုးက လက်လွှတ်ပေးလေနော်..”

မျှော်လင့်တကြီးနဲ့ ပြောလာတဲ့ အကို့ကို ကျောခိုင်းကာ မီးဖိုချောင်ထဲ ၀င်လာခဲ့လိုက်တယ်။ အလျင်မြန်ဆုံး ရှာတွေ့လာခဲ့တာကတော့ မီးဖိုချောင်သုံးဓားပေါ့။ ဘယ်နေရာကိုထိုးရင် ခပ်မြန်မြန် သေမလဲဆိုတာ သူ သိပါတယ်။ သိပ်မခက်ပါဘူး။

ဓားကိုင်ပြီး ထွက်လာတဲ့ သူ့ကို ကြောင်တောင်တောင် ငေးကြည့်နေရှာတဲ့ ကိုသော်တာက အသက်အန္တရာယ်ဆိုတာကို မေ့နေတယ် ထင်ပါရဲ့။ ဒါမှမဟုတ် သေလောက်အောင် လုပ်မယ်လို့လည်း မထင်ထားပုံရပါတယ်။ ထွက်လည်းမပြေး.. အော်ဟစ်ပြီး အကူအညီလည်း မတောင်း.. ဒီအတိုင်းလေး ရပ်ကြည့်နေတယ်။

အသားလွှာတွေကို ထိုးခွဲပြီး ဓားသွားက အဆုံးထိ ပြေးဝင်သွားတဲ့အချိန်.. ကိုသော်တာရဲ့ မျက်ဝန်းအိမ်လေးဟာ ဝိုင်းကနဲ။

မဲမှောင်နေတဲ့ ကောင်းကင်ပြင်ကြီးဆီမှာ ပြည့်ပြည့်၀၀နဲ့ ထိန်ထိန်သာနေတဲ့ လမင်းကြီးက အကိုပါ။ ကျွန်တော်က အကို့မျက်နှာတော် မော်ဖူးချင်နေရင်း အပိုင်လိုချင်ခဲ့တာ။ ထိုက်သည် မထိုက်သည် ဆိုတဲ့ ကန့်သတ်ချက်တွေ.. ဖြစ်သည် မဖြစ်သည်ဆိုတဲ့ ယူဆချက်တွေ.. လူတကာထိုးတဲ့ လက်ညှိုးပေါင်းသောင်းခြောက်နဲ့အတူ ငရဲဆိုတာကိုတောင် စောက်ဂရုမစိုက်ခဲ့မိတဲ့အထိ အကို့ကို ကျွန်တော် ချစ်တာ။

ရင်ထဲမှာသိမ်းထားတဲ့ စကားတွေကို ကျွန်တော် ထုတ်မပြောဖြစ်တာကလေ.. အကို ကျွန်တော့်ကို ပိုမုန်းသွားမှာစိုးလို့ပါ။

ဘယ်နှကြိမ် ဘယ်နှယောက်မှန်း မသိတော့တဲ့ သွေးစွန်းလက်တွေဟာလည်း ကတုန်ကယင်။ ကျွန်တော့်ရဲ့တခုတည်းသော ခြောက်ခြားမှုက ကျွန်တော့်အနားမှာ အကို ရှိမနေတော့ခြင်းပဲ။ ရှင်လျှက်ထွက်သွားမယ့်အစား သေသွားလိုက်တော့ ကိုသော်တာ။ ကျွန်တော့်ကို တကယ်နားလည်ပေးနိုင်တယ်ဆိုရင် သေလိုက်ပါ။

“ ဟေး.. အကို မေးနေတယ်လေ.. မင်း နာမည်က ကိုး.. လားလို့..”

ကျွန်တော့်အနားမှာနေပြီး အကို တခြားသူကို ရွေးချယ်သွားခဲ့တဲ့နောက်ပိုင်း ကျွန်တော် မနက်နိုးလာတိုင်း သေဆုံးခဲ့ရတယ်။ ၀ဋ်ကြွေးလို့ ပြောရအောင်လည်း ကျွန်တော် ဘယ်နှလုံးသားကိုမှ မခွဲဖူးဘူး။ ကျွန်တော့်ကျမှ တမင်ဇာတ်နာခဲ့တာ လာခြင်းမကောင်းခဲ့လို့လား အကို။

ဒီခံစားချက်တွေဟာ အတိတ်ဘဝရော အခုဘ၀မှာပါ တထပ်တည်းကျပါတယ်။ အတိတ်ကကိုးလား.. အခုအချိန်ကကိုးလား.. ကျွန်တော် မဝေခွဲတတ်တော့ဘူးဗျာ။ အကိုသာရှိနေရင် ကျွန်တော် ဒီဝဋ်ဒုက္ခတွေကို ထပ်ခါတလဲလဲ ပြန်ခံစားရမယ်ဆိုလည်း ဖြစ်တယ်။ အကိုသာ ကျွန်တော့် အနားမှာ ရှိနေပေးမယ်ဆိုရင်လေ..

“ အယ်..ဘာလို့ ငိုနေတာလဲ..”

ပါးပြင်ပေါ်ကို ခပ်ဖွဖွ လာထိတဲ့ လက်မလေးရဲ့ နူးညံ့နေမှုလေးကို လွမ်းဆွတ်တမ်းတစွာ ငြိမ်ငြိမ်သက်သက်လေး ခံယူလိုက်သည်။ အကိုက အဲ့လိုပဲ.. မြင်သမျှလူတိုင်းကို ကြင်နာတတ်သည်လေ။ အဲ့လူတွေထဲမှာ ကျွန်တော် ပါသွားခဲ့ရုံလေးတင်သာ။

“ အကို.. ကျွန်တော့်ကို လာခေါ်ပေးတာလား..”

အကိုကတော့ ထင်နေမှာပဲ.. ၁၅ နှစ်အရွယ် ကောင်လေးတယောက်က အမွေးစားခံရမှာမို့ အပျော်လွန်ပြီး ငိုနေတယ်လို့ပေါ့။ ကျွန်တော်က အကိုနဲ့ ပြန်တွေ့ဖို့ပဲ ရည်စူးပါတယ်။ အကိုမှမရှိရင် နတ်ပြည်လည်း ကျွန်တော် မတက်နိုင်ဘူး။ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတာက လည်း အကိုမှမရှိတဲ့အခါ ဗလာနတ္ထိသက်သက်နဲ့ အဓိပ္ပာယ်ကင်းမဲ့နေဦးမှာပါပဲ။

“ ဒါပေါ့.. ဒီနေ့ကစပြီး မင်းက အကို့ညီလေးဖြစ်သွားပြီ.. အကို့နာမည်က သော်တာနိုင်တဲ့.. မှတ်ထားနော်..”

“ ဟုတ်ကဲ့ အကို.. ကျွန်တော်ကလည်း အကို့ညီလေးပဲ ဖြစ်ချင်တာပါ..”

Thanks for reading,
To be continue..~

Continue Reading

You'll Also Like

128K 9.5K 64
ငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-
163K 13.9K 73
#Unicode လမ်းဆုံဆိုတဲ့နေရာကိုရောက်ရင် ရပ်တန့်ကြရမှာပဲ တူညီတဲ့အရပ်မျက်နှာကို ရွေးချယ်မိနိုင်သလို ဆန့်ကျင်ဘက်လည်းဖြစ်သွားနိုင်တယ် ... #Zawgyi လမ္းဆုံဆိ...
835K 148K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
54.7K 5.6K 50
"Welcome From No ALPHA Zone" 😎