လ
ွန်ခဲ့သော ခြောက်လခန့်မှစတင်၍
စုစုပေါင်းအရေအတွက်
တစ်သောင်းခန့်ပင်ရှိမည့် ပုံရိပ်လိုလိုပင်
ထိကိုင်မရသော အနက်ရောင်မျှော်စင်များသည်
ကမ္ဘာပေါ်မှနေရာအနှံ့အပြားရှိမြို့ကြီးများ၌
လေထဲတွင်တွဲလွဲခိုလျက် ပေါ်ပေါက်လာခဲ့သည်။
ဓာတုဗေဒပညာရှင်များ၊
ရူပဗေဒပညာရှင်များ သိပ္ပံပညာရှင်များသာမက
ဘာသာရေးခေါင်းဆောင်များပင်လျှင်
ထိုမျှော်စင်များနှင့်ပါတ်သတ်၍
မည်သည့်ဖြေရှင်းချက်ကိုမျှ
ထုတ်မပေးနိုင်ကြချေ။
ခြောက်လခန့်ကြာပြီးနောက်တွင်မူ၊
လူအများမှာထိုအနက်ရောင် မျှော်စင်များဖြင့်
တဖြည်းဖြည်းနေသားကျ လာကြပြီး
ရှိနေသည်ကိုပင်ဂရုပင်မစိုက်ကြတော့ချေ။
တစ်နေ့တွင်မူ ထန်မော့သည်
အင်းဆက်တစ်ကောင်မှ
မျှော်စင်ကြီးအား ဖောက်ပြီးပျံသွားရမည့်အစား
ထုထည်တစ်ခုသို့၀င်တိုက်မိသည့်နှယ်
ဖုတ်ခနဲပြုတ်ကျသွားသည်ကို တွေ့လိုက်ရလေသည်။
ထို့နောက်တွင် ကျယ်လောင်၍စူးရှသော
ကလေးငယ်တစ်ဦး၏အသံက
ကမ္ဘာပေါ်ရှိလူသားများအားလုံးထံ
ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တော့သည်။
"တင်းတောင်~ နို၀င်ဘာ ၁၅ရက်နေ့ ၊ ၂၀၁၇ခုနှစ်၊
ကမ္ဘာကြီး အွန်လိုင်းပေါ်တက်လာပါပြီ ။ "
အနက်ရောင်မျှော်စင်၏
သံမဏိစည်းကမ်းကြီးသုံးချက်။
1. ဖြစ်စဉ်များအားလုံးသည် အနက်ရောင်မျှော်စင်နှင့် သက်ဆိုင်သည်။
2.၆နာရီမှစ၍ ၁၈နာရီအထိကို ဂိမ်းကစားချိန်အဖြစ်သတ်မှတ်သည်။
3.ကစားသမားများအားလုံး အနက်ရောင်မျှော်စင်ကိုတိုက်ခိုက်ကြပါနော်
-------------------