လူစားထိုး

By Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 32

722 157 17
By Htoo-6

Unicode

TN/ သတင်းတွေလည်းကြားမှာပါ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ။ ကြားညပ်မသွားဖို့လည်းသတိပြုကြပါနော်။ ခဏတာအပန်းပြေစေဖို့ တင်ပေးလိုက်ပါတယ်။

__________________________

Chapter 32

I Like you the way you are
__________________________

Lan Kuang ၏မျက်ဝန်းများ ဆတ်ခနဲတွန့်သွားသည်။ သူက ချက်လက်မှတ်ကို ကောက်ကိုင်ပြီး ထက်ပိုင်းဖြဲလိုက်သည်။ ထို့နောက်
၄င်းကို နောက်တစ်ပိုင်းဖြဲပြန်၏။ စက္ကူစ အပိုင်းအပိုင်းကလေးများ ဖြစ်သည့်တိုင်အောင်ပင်။

"ခင်ဗျားမှာ ငွေနဲ့ပတ်သတ်ပြီး အာဃာတတွေများရှိလို့လား?"
Ran Feng Ge ကညည်းငြူသည်။
"ခင်ဗျား..မလိုချင်ရင်လည်း ပြန်ပေးလို့ရတာကို။ ဘာကြောင့်များ ဆွဲဖြဲပစ်ရတာလဲ?"

Lan Kuang ကသူ့ကိုမသိကျိုးကျွန်ပြုထားသည်။ လက်ကို တစ်ချက်ဝှေ့ကာ စက္ကူအစအနများကို ဝဲထုတ်လိုက်၏။ အချို့မှာ ရေချိုးကန်ထဲသို့ကျသွားသည်။ လေထုက တင်းကျပ်နေစေကာမူ..မြင်ကွင်းမှာ အနည်းငယ် ဆွတ်ပျံ့ဖွယ်ကောင်းနေသည်။

ငြင်းခုံရန် ပင်းပန်းသဖြင့် Ran Feng Ge ပြန်ဖို့ မတ်တပ်ရပ်လိုက်သည်။

Lan Kuang က သူ့ကို ချက်ချင်းဖမ်းဆွဲလာပြီး ပြုံးပြ၏။
"ပိုက်ဆံကို ပြန်ပေးရမယ်ဆိုတာက နောက်ပြောလိုက်တာပါ။ ဒါပေမဲ့ မင်းက တကယ်ကြီး အတည်ယူလိုက်တာလား။ ငွေက ကိုယ့်အတွက် ဘာမှအရေးမပါ ပါဘူး။ အရေးကြီးတာက မင်းနဲ့သိကျွမ်းရဖို့ပဲ"

Lan Kuang ဘက်က ကြင်ကြင်နာနာစကားဆိုသော်လည်း .. ထိုအမျိုးသားက သူ့ကို လုပ်ဇာတ်ခင်းနေခြင်းဟုသာ Ran Feng Ge သံသယရှိသည်။

Ran Feng Ge လွတ်အောင်ရုန်းပြီး ပြောလိုက်၏။
"ကျေးဇူးပြုပြီး...ခင်ဗျားရဲ့ ပရောပရည်နဲ့ညုတုတုစကားတွေကို အမျိုးသမီးတွေအတွက် ချန်ထားလိုက်ပါ"

"ဒါပေမဲ့ ကိုယ်က အမျိုးသမီးတွေကို စိတ်မဝင်စားဘူးလေ"
Lan Kuang က နောက်ဆက်တွဲခွန်းတုန့်ပြန်၍ Ran Feng Ge ကို နောက်တစ်ကြိမ် လက်ဆန့်ဖမ်းသည်။
သူက တင်းတင်းဆုပ်ထားရင်း မတ်တပ်ရပ်ကာ Ran Feng Ge အနားချဥ်းကပ်လာသည်။
"ကိုယ်က မင်းကို စိတ်ဝင်စားတယ်။ မင်းနဲ့ကိုယ်နဲ့ဆိုရင် ဘယ်လိုလဲ..သဘောတူလား?"

ရင်ထဲမှ တလိပ်လိပ်တက်လာသည့်ဒေါသကို ဖိနှိပ်ရင်း Ran Feng Ge ရယ်သည်။ သူ Lan Kuang ၏ ထက်မြက်ချောမောသည့် မျက်နှာကိုတစ်ချက်ကြည့်လိုက်သည်။
"ခင်ဗျားလို..တန်ဖိုးမြင့်လူပျို လူချမ်းသာတစ်ယောက်ရဲ့ ရင်ခွင်ထဲကို အတင်းပစ်ပြီး ဝင်ချင်နေ​တဲ့သူတွေ မနည်းမနော ရှိသင့်ပါတယ်။ ခင်ဗျား အမျိုးသမီးတွေကို စိတ်မဝင်စားဘူးဆိုရင်တောင်..သူ
တို့အထဲမှာ အမျိုးသားတွေ အများကြီး ကျန်ဦးမှာပါ"

"ပြတ်သားတဲ့ စကားလုံး..ထေ့ငေါ့တဲ့အပြောတွေနဲ့ မင်းကိုသဘောကျတာ။ ကိုယ်လား.. အဲဒီ မိန်းမ ဆန်တဲ့အမျိုးသားတွေနဲ့ အိပ်ဖို့ကို စိတ်ဝင်စားမှာ"
Lan Kuang က သူ့အနားကို ထပ်မံတိုးကပ်ပြီး မေးလာသည်။
"ဒါမှမဟုတ် အခုလိုပြောတယ်ဆိုတော့ လက်ခံလိုက်ပြီလား?"

'ရှင်းရှင်းလေး..ကျွန်တော်က ခင်ဗျားရဲ့အသင်းမှာ ဘတ်တံဝင်မရိုက်ဘူး..ဟုတ်ပြီလား?'

သို့သော် Ran Feng Ge မှ ဖြေချိန်မရသေး.. Lan Kuang က စတင်၍ တောင်စဥ်ရေမရ ပြောပြန်သည်။
"ကောင်းပါပြီ။ ဘာပဲဖြစ်ဖြစ်..အဲဒါက အရေးမကြီးပါဘူး။ ကိုယ်က
တခြားတစ်ယောက်ရဲ့သားကောင်ကို ခိုးရတဲ့စိန်ခေါ်ပွဲတွေ ကြိုက်ပါတယ်"

Ran Feng Ge သူ့ကို စိုက်ကြည့်လိုက်သည်။ Lan Kuang ဆိုသည်မှာ သူနည်းလမ်းနှင့်သူ ဆောင်ရွက်သူဖြစ်ပြီး အခြားသူများ၏ ထင်မြင်ချက်များက သူ့အပေါ်တွင် သက်ရောက်မှုတစ်စုံတရာမရှိသည်မှာ မြင်သာလှသည်။
အရာရာတိုင်းက သူ့အစီအစဥ်အတိုင်း သွားရမည်ဖြစ်ပြီး သူဆုံးဖြတ်ချက် တစ်ကြိမ်ချပြီးသည့် ကိစ္စများတွင်  တစ်စုံတစ်ဦးအနေဖြင့် သူတို့၏ မည်သည့်အမြင်ကို ဖြစ်စေ တင်ပြဆွေးနွေးရန် မဖြစ်နိုင်တော့ချေ။

'ပြီးတော့ ဘာကိစ္စနဲ့ ဒီမုန်းစရာလူကြီးက အရပ်တအားရှည်ရတာလဲ..သူ့ဘေးမှာ သွားရပ်ရုံနဲ့ ဖိအားတွေဖြစ်တယ်။ ချီးပဲ..သူ့ကို မော့ကြည့်ရတာ ငါ့လည်ပင်း​တောင်နာလာပြီ'

ပိုနိမ့်သော အမျိုးသား၏ တိတ်ဆိတ်နေမှုကို အခွင့်ကောင်းယူကာ Lan Kuang သူ့လက်ကို Ran Feng Ge ၏ ခါးဆီ လျှိုသွင်းလိုက်သည်။
သူက ကျန်လက်တစ်ဖက်ဖြင့် Ran Feng Ge ၏မေးစေ့ကို ပင့်ယူပြီး ကျီစားသလိုမေးသည်။
"မင်း နာမည်က ဘာတဲ့လဲ?"

"ကျွန်တော့်မှာ တစ်ယောက်မှမရှိဘူး"
Ran Feng Ge တစ်ယောက် Lan Kuang ၏လက်ကို ရှောင်လိုက်ကာ ထိုလူ၏ ရင်အုပ်ပိုင်းသို့ ချိန်ပြီး လက်သီးတစ်လုံးထိုးလိုက်သည်။
"ခင်ဗျားရဲ့ ပေါက်တက်ကရတွေအတွက်လည်း အချိန်မရှိဘူး"

Lan Kuang က ဘေးဘက်သို့ သွက်သွက်လက်လက် ရှောင်တိမ်းလိုက်ပြီး Ran Feng Ge ကိုလွှတ်ပေးလိုက်သည်။
သူက နောက်သို့ ခြေနှစ်လှမ်းဆု​တ်ကာ အရှုံးပေးသလို လက်မြှောက်ပြီး ဘာတစ်မျှလုပ်ရန် မကြံစည်ကြောင်း ပြသည်။
"ကိုယ်တို့ ဘာကြောင့် တစ်ခုခုကို မကြိုးစားကြည့်ရတာလဲ? ကိုယ့်နာမည်က Lan Kuang.. မင်းကရော?"

'သည်တော့..Lan Kuang အတွက် တစ်ခုခုဆိုတာ လက်ကိုဆန့်ပြီး ရှိတ်လုပ်ဖို့၊ သူ့ကိုယ်သူ ယဥ်ယဥ်ကျေးကျေး မိတ်ဆတ်၊ နောက်ပြီး သူများနာမည်ကို မေးဖို့လား?'

Ran Feng Ge ၏ နှုတ်ခမ်းထောင့်က တွန့်သွားပေမည့် Lan Kuang ၏ လက်ကို လျစ်လျှူရှုလိုက်သည်။
သူက ပြောရုံပြောလိုက်၏။
"Ran Feng Ge"

'Ran Feng Ge' ဟူသည့် အမည်ကို လူအများအပြားသိသော်လည်း ၄င်းကို Lan Kuang ယခင်က ကြားဖူးသလား သူ မပြောတတ်ပါ။ Lan Kuang လိုလူကို ​နာမည်အမှားတစ်ခု ပြောလိုက်လျှင်လည်း
ထိုသူက အလွယ်တကူ ရှာဖွေပြီး အမှန်ကိုဖော်ထုတ်နိုင်မည် ဖြစ်ရာ
အကြောင်းမထူးချေ။
ထို့ကြောင့် သူ့ဘက်က နာမည်အမှန်ကို ကောင်းကောင်းမွန်မွန်ပြောပြလိုက်ခြင်းဖြစ်ပြီး ထိုသို့ပြောပြလိုက်ခြင်းကမှ Lan Kuang အနေဖြင့် သူ့ကိုလိုက်ရန် အနည်းငယ် ဝန်လေးကောင်းလေးသွားဦးမည်။

အဆုံးတွင်ကား မျက်နှာတစ်ထောင်ရှိသည့် တစ်စုံတစ်ယောက်နှင့် ချစ်ဖို့ကြိုက်ဖို့ရန်မှာ အစကတည်းက ကံ​ဆိုးမိုးမှောင်ကျခြင်းဖြင့် အဆုံးသတ်သွားနိုင်ကြောင်း အသိသာကြီးပင်။

လူစားထိုးတစ်​ယောက်ဖြစ်သောကြောင့် Ran Feng Ge အနေဖြင့် သူဆန္ဒရှိပါက နေရာမရွေး အချိန်မရွေး ဇာတ်ကောင် အပြောင်းအလွှဲ လုပ်နိုင်သည်မဟုတ်လော...

မစပ်ဆက်သည့်နယ်ပယ်မှ လူတစ်ယောက်အတွက် လူစားထိုးတစ်ယောက်နှင့် ရည်းစားသနာဖြစ်ရန် တာစူနေပါလျှင် နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့တောင်ကြား၌ ကယ်ဆယ်မည့်သူမရှိ အဆုံးသတ်ရမည်မှာ သေချာသည်။

ယခင်၌လည်း Lan Kuang လို လူများကို Ran Feng Ge ဆုံဖူးပြီး...အရာအားလုံးအတွက် သူက အပြစ်ကင်းသည့်ဘက်တော်သားဖြစ်ကာ သူ့ကို ဖွင့်ပြောလာသည့် သူတိုင်းကို လက်သင့်ခံရန်မှာ မဖြစ်နိုင်ပါချေ။

'ကျွန်တော့ကို အနှောင့်အယှက်ပေးဖို့ မရမကတောင်းဆိုနေမှတော့ ခင်ဗျားအဆင်သင့်မဖြစ်သေးတဲ့ စိန်ခေါ်ပွဲအတွက် အချိန်ယူလိုက်ပါဦး..ပြီးရင်တော့ အသဲကွဲရတဲ့ နာကျင်မှုနဲ့ပတ်သတ်လို့ ပြင်ဆင်ထားလိုက်တော့။'

Lan Kuang ၏မျက်ဝန်းထဲတွင် တစ်စုံတရာ ဖြတ်ခနဲလှုပ်ရှားသွားသည်။ Ran Feng Ge .. Ran Feng Ge ဟု
သူ့ စိတ်ထဲတွင် အခါခါရေရွတ်နေမိ၏။

'စိတ်ဝင်စားစရာပဲ..ရွှေအဆင့်လူစားထိုး Ran Feng Ge ။ သူက အဲဒီတုန်းကသူများ ဖြစ်နေမလား?'

သူ ပျာယာခတ်သွားသည့်အခါ Ran Feng Ge ၏မျက်ဝန်းများ ဘယ်လိုမျိုး လဲ့သွားသည်ကို စဥ်းစားရင်း.. Lan Kuang သူ့နှလုံးသားနှင့်နီးစပ်ခဲ့သည့် ပုဂ္ဂိုလ်ကို ပို၍ပင်အမှတ်ရသွားသည်။

"နာမည်ကောင်းလေးပဲ"
Lan Kuang က ချီးမွမ်းလာ၏။
"ကိုယ့်ရင်ထဲက မှတ်ထားပါ့မယ်"

>>>>>>>>>><<<<<<<<<<<<

Zawgyi

TN/ သတင္းေတြလည္းၾကားမွာပါ၊ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ၾကပါ။ ၾကားညပ္မသြားဖို႔လည္းသတိျပဳၾကပါေနာ္။ ခဏတာအပန္းေျပေစဖို႔ တင္ေပးလိုက္ပါတယ္။

__________________________

Chapter 32

I Like you the way you are
__________________________

Lan Kuang ၏မ်က္ဝန္းမ်ား ဆတ္ခနဲတြန့္သြားသည္။ သူက ခ်က္လက္မွတ္ကို ေကာက္ကိုင္ၿပီး ထက္ပိုင္းၿဖဲလိုက္သည္။ ထို႔ေနာက္
၄င္းကို ေနာက္တစ္ပိုင္းၿဖဲျပန္၏။ စကၠဴစ အပိုင္းအပိုင္းကေလးမ်ား ျဖစ္သည့္တိုင္ေအာင္ပင္။

"ခင္ဗ်ားမွာ ေငြနဲ႕ပတ္သတ္ၿပီး အာဃာတေတြမ်ားရွိလို႔လား?"
Ran Feng Ge ကညည္းျငဴသည္။
"ခင္ဗ်ား..မလိုခ်င္ရင္လည္း ျပန္ေပးလို႔ရတာကို။ ဘာေၾကာင့္မ်ား ဆြဲၿဖဲပစ္ရတာလဲ?"

Lan Kuang ကသူ႕ကိုမသိက်ိဳးကြၽန္ျပဳထားသည္။ လက္ကို တစ္ခ်က္ေဝွ႕ကာ စကၠဴအစအနမ်ားကို ဝဲထုတ္လိုက္၏။ အခ်ိဳ႕မွာ ေရခ်ိဳးကန္ထဲသို႔က်သြားသည္။ ေလထုက တင္းက်ပ္ေနေစကာမူ..ျမင္ကြင္းမွာ အနည္းငယ္ ဆြတ္ပ်ံ့ဖြယ္ေကာင္းေနသည္။

ျငင္းခုံရန္ ပင္းပန္းသျဖင့္ Ran Feng Ge ျပန္ဖို႔ မတ္တပ္ရပ္လိုက္သည္။

Lan Kuang က သူ႕ကို ခ်က္ခ်င္းဖမ္းဆြဲလာၿပီး ၿပဳံးျပ၏။
"ပိုက္ဆံကို ျပန္ေပးရမယ္ဆိုတာက ေနာက္ေျပာလိုက္တာပါ။ ဒါေပမဲ့ မင္းက တကယ္ႀကီး အတည္ယူလိုက္တာလား။ ေငြက ကိုယ့္အတြက္ ဘာမွအေရးမပါ ပါဘူး။ အေရးႀကီးတာက မင္းနဲ႕သိကြၽမ္းရဖို႔ပဲ"

Lan Kuang ဘက္က ၾကင္ၾကင္နာနာစကားဆိုေသာ္လည္း .. ထိုအမ်ိဳးသားက သူ႕ကို လုပ္ဇာတ္ခင္းေနျခင္းဟုသာ Ran Feng Ge သံသယရွိသည္။

Ran Feng Ge လြတ္ေအာင္႐ုန္းၿပီး ေျပာလိုက္၏။
"ေက်းဇူးျပဳၿပီး...ခင္ဗ်ားရဲ႕ ပေရာပရည္နဲ႕ၫုတုတုစကားေတြကို အမ်ိဳးသမီးေတြအတြက္ ခ်န္ထားလိုက္ပါ"

"ဒါေပမဲ့ ကိုယ္က အမ်ိဳးသမီးေတြကို စိတ္မဝင္စားဘူးေလ"
Lan Kuang က ေနာက္ဆက္တြဲခြန္းတုန့္ျပန္၍ Ran Feng Ge ကို ေနာက္တစ္ႀကိမ္ လက္ဆန့္ဖမ္းသည္။
သူက တင္းတင္းဆုပ္ထားရင္း မတ္တပ္ရပ္ကာ Ran Feng Ge အနားခ်ဥ္းကပ္လာသည္။
"ကိုယ္က မင္းကို စိတ္ဝင္စားတယ္။ မင္းနဲ႕ကိုယ္နဲ႕ဆိုရင္ ဘယ္လိုလဲ..သေဘာတူလား?"

ရင္ထဲမွ တလိပ္လိပ္တက္လာသည့္ေဒါသကို ဖိႏွိပ္ရင္း Ran Feng Ge ရယ္သည္။ သူ Lan Kuang ၏ ထက္ျမက္ေခ်ာေမာသည့္ မ်က္ႏွာကိုတစ္ခ်က္ၾကည့္လိုက္သည္။
"ခင္ဗ်ားလို..တန္ဖိုးျမင့္လူပ်ိဳ လူခ်မ္းသာတစ္ေယာက္ရဲ႕ ရင္ခြင္ထဲကို အတင္းပစ္ၿပီး ဝင္ခ်င္ေန​တဲ့သူေတြ မနည္းမေနာ ရွိသင့္ပါတယ္။ ခင္ဗ်ား အမ်ိဳးသမီးေတြကို စိတ္မဝင္စားဘူးဆိုရင္ေတာင္..သူ
တို႔အထဲမွာ အမ်ိဳးသားေတြ အမ်ားႀကီး က်န္ဦးမွာပါ"

"ျပတ္သားတဲ့ စကားလုံး..ေထ့ေငါ့တဲ့အေျပာေတြနဲ႕ မင္းကိုသေဘာက်တာ။ ကိုယ္လား.. အဲဒီ မိန္းမ ဆန္တဲ့အမ်ိဳးသားေတြနဲ႕ အိပ္ဖို႔ကို စိတ္ဝင္စားမွာ"
Lan Kuang က သူ႕အနားကို ထပ္မံတိုးကပ္ၿပီး ေမးလာသည္။
"ဒါမွမဟုတ္ အခုလိုေျပာတယ္ဆိုေတာ့ လက္ခံလိုက္ၿပီလား?"

'ရွင္းရွင္းေလး..ကြၽန္ေတာ္က ခင္ဗ်ားရဲ႕အသင္းမွာ ဘတ္တံဝင္မရိုက္ဘူး..ဟုတ္ၿပီလား?'

သို႔ေသာ္ Ran Feng Ge မွ ေျဖခ်ိန္မရေသး.. Lan Kuang က စတင္၍ ေတာင္စဥ္ေရမရ ေျပာျပန္သည္။
"ေကာင္းပါၿပီ။ ဘာပဲျဖစ္ျဖစ္..အဲဒါက အေရးမႀကီးပါဘူး။ ကိုယ္က
တျခားတစ္ေယာက္ရဲ႕သားေကာင္ကို ခိုးရတဲ့စိန္ေခၚပြဲေတြ ႀကိဳက္ပါတယ္"

Ran Feng Ge သူ႕ကို စိုက္ၾကည့္လိုက္သည္။ Lan Kuang ဆိုသည္မွာ သူနည္းလမ္းႏွင့္သူ ေဆာင္႐ြက္သူျဖစ္ၿပီး အျခားသူမ်ား၏ ထင္ျမင္ခ်က္မ်ားက သူ႕အေပၚတြင္ သက္ေရာက္မႈတစ္စုံတရာမရွိသည္မွာ ျမင္သာလွသည္။
အရာရာတိုင္းက သူ႕အစီအစဥ္အတိုင္း သြားရမည္ျဖစ္ၿပီး သူဆုံးျဖတ္ခ်က္ တစ္ႀကိမ္ခ်ၿပီးသည့္ ကိစၥမ်ားတြင္  တစ္စုံတစ္ဦးအေနျဖင့္ သူတို႔၏ မည္သည့္အျမင္ကို ျဖစ္ေစ တင္ျပေဆြးႏြေးရန္ မျဖစ္နိုင္ေတာ့ေခ်။

'ၿပီးေတာ့ ဘာကိစၥနဲ႕ ဒီမုန္းစရာလူႀကီးက အရပ္တအားရွည္ရတာလဲ..သူ႕ေဘးမွာ သြားရပ္႐ုံနဲ႕ ဖိအားေတြျဖစ္တယ္။ ခ်ီးပဲ..သူ႕ကို ေမာ့ၾကည့္ရတာ ငါ့လည္ပင္း​ေတာင္နာလာၿပီ'

ပိုနိမ့္ေသာ အမ်ိဳးသား၏ တိတ္ဆိတ္ေနမႈကို အခြင့္ေကာင္းယူကာ Lan Kuang သူ႕လက္ကို Ran Feng Ge ၏ ခါးဆီ လွ်ိုသြင္းလိုက္သည္။
သူက က်န္လက္တစ္ဖက္ျဖင့္ Ran Feng Ge ၏ေမးေစ့ကို ပင့္ယူၿပီး က်ီစားသလိုေမးသည္။
"မင္း နာမည္က ဘာတဲ့လဲ?"

"ကြၽန္ေတာ့္မွာ တစ္ေယာက္မွမရွိဘူး"
Ran Feng Ge တစ္ေယာက္ Lan Kuang ၏လက္ကို ေရွာင္လိုက္ကာ ထိုလူ၏ ရင္အုပ္ပိုင္းသို႔ ခ်ိန္ၿပီး လက္သီးတစ္လုံးထိုးလိုက္သည္။
"ခင္ဗ်ားရဲ႕ ေပါက္တက္ကရေတြအတြက္လည္း အခ်ိန္မရွိဘူး"

Lan Kuang က ေဘးဘက္သို႔ သြက္သြက္လက္လက္ ေရွာင္တိမ္းလိုက္ၿပီး Ran Feng Ge ကိုလႊတ္ေပးလိုက္သည္။
သူက ေနာက္သို႔ ေျခႏွစ္လွမ္းဆု​တ္ကာ အရႈံးေပးသလို လက္ျမႇောက္ၿပီး ဘာတစ္မွ်လုပ္ရန္ မႀကံစည္ေၾကာင္း ျပသည္။
"ကိုယ္တို႔ ဘာေၾကာင့္ တစ္ခုခုကို မႀကိဳးစားၾကည့္ရတာလဲ? ကိုယ့္နာမည္က Lan Kuang.. မင္းကေရာ?"

'သည္ေတာ့..Lan Kuang အတြက္ တစ္ခုခုဆိုတာ လက္ကိုဆန့္ၿပီး ရွိတ္လုပ္ဖို႔၊ သူ႕ကိုယ္သူ ယဥ္ယဥ္ေက်းေက်း မိတ္ဆတ္၊ ေနာက္ၿပီး သူမ်ားနာမည္ကို ေမးဖို႔လား?'

Ran Feng Ge ၏ ႏႈတ္ခမ္းေထာင့္က တြန့္သြားေပမည့္ Lan Kuang ၏ လက္ကို လ်စ္လ်ႉရႈလိုက္သည္။
သူက ေျပာ႐ုံေျပာလိုက္၏။
"Ran Feng Ge"

'Ran Feng Ge' ဟူသည့္ အမည္ကို လူအမ်ားအျပားသိေသာ္လည္း ၄င္းကို Lan Kuang ယခင္က ၾကားဖူးသလား သူ မေျပာတတ္ပါ။ Lan Kuang လိုလူကို ​နာမည္အမွားတစ္ခု ေျပာလိုက္လွ်င္လည္း
ထိုသူက အလြယ္တကူ ရွာေဖြၿပီး အမွန္ကိုေဖာ္ထုတ္နိုင္မည္ ျဖစ္ရာ
အေၾကာင္းမထူးေခ်။
ထို႔ေၾကာင့္ သူ႕ဘက္က နာမည္အမွန္ကို ေကာင္းေကာင္းမြန္မြန္ေျပာျပလိုက္ျခင္းျဖစ္ၿပီး ထိုသို႔ေျပာျပလိုက္ျခင္းကမွ Lan Kuang အေနျဖင့္ သူ႕ကိုလိုက္ရန္ အနည္းငယ္ ဝန္ေလးေကာင္းေလးသြားဦးမည္။

အဆုံးတြင္ကား မ်က္ႏွာတစ္ေထာင္ရွိသည့္ တစ္စုံတစ္ေယာက္ႏွင့္ ခ်စ္ဖို႔ႀကိဳက္ဖို႔ရန္မွာ အစကတည္းက ကံ​ဆိုးမိုးေမွာင္က်ျခင္းျဖင့္ အဆုံးသတ္သြားနိုင္ေၾကာင္း အသိသာႀကီးပင္။

လူစားထိုးတစ္​ေယာက္ျဖစ္ေသာေၾကာင့္ Ran Feng Ge အေနျဖင့္ သူဆႏၵရွိပါက ေနရာမေ႐ြး အခ်ိန္မေ႐ြး ဇာတ္ေကာင္ အေျပာင္းအလႊဲ လုပ္နိုင္သည္မဟုတ္ေလာ...

မစပ္ဆက္သည့္နယ္ပယ္မွ လူတစ္ေယာက္အတြက္ လူစားထိုးတစ္ေယာက္ႏွင့္ ရည္းစားသနာျဖစ္ရန္ တာစူေနပါလွ်င္ ေနာက္ဆုံးတြင္ ေမွ်ာ္လင့္ခ်က္မဲ့ေတာင္ၾကား၌ ကယ္ဆယ္မည့္သူမရွိ အဆုံးသတ္ရမည္မွာ ေသခ်ာသည္။

ယခင္၌လည္း Lan Kuang လို လူမ်ားကို Ran Feng Ge ဆုံဖူးၿပီး...အရာအားလုံးအတြက္ သူက အျပစ္ကင္းသည့္ဘက္ေတာ္သားျဖစ္ကာ သူ႕ကို ဖြင့္ေျပာလာသည့္ သူတိုင္းကို လက္သင့္ခံရန္မွာ မျဖစ္နိုင္ပါေခ်။

'ကြၽန္ေတာ့ကို အႏွောင့္အယွက္ေပးဖို႔ မရမကေတာင္းဆိုေနမွေတာ့ ခင္ဗ်ားအဆင္သင့္မျဖစ္ေသးတဲ့ စိန္ေခၚပြဲအတြက္ အခ်ိန္ယူလိုက္ပါဦး..ၿပီးရင္ေတာ့ အသဲကြဲရတဲ့ နာက်င္မႈနဲ႕ပတ္သတ္လို႔ ျပင္ဆင္ထားလိုက္ေတာ့။'

Lan Kuang ၏မ်က္ဝန္းထဲတြင္ တစ္စုံတရာ ျဖတ္ခနဲလႈပ္ရွားသြားသည္။ Ran Feng Ge .. Ran Feng Ge ဟု
သူ႕ စိတ္ထဲတြင္ အခါခါေရ႐ြတ္ေနမိ၏။

'စိတ္ဝင္စားစရာပဲ..ေ႐ႊအဆင့္လူစားထိုး Ran Feng Ge ။ သူက အဲဒီတုန္းကသူမ်ား ျဖစ္ေနမလား?'

သူ ပ်ာယာခတ္သြားသည့္အခါ Ran Feng Ge ၏မ်က္ဝန္းမ်ား ဘယ္လိုမ်ိဳး လဲ့သြားသည္ကို စဥ္းစားရင္း.. Lan Kuang သူ႕ႏွလုံးသားႏွင့္နီးစပ္ခဲ့သည့္ ပုဂၢိုလ္ကို ပို၍ပင္အမွတ္ရသြားသည္။

"နာမည္ေကာင္းေလးပဲ"
Lan Kuang က ခ်ီးမြမ္းလာ၏။
"ကိုယ့္ရင္ထဲက မွတ္ထားပါ့မယ္"

>>>>>>>>>><<<<<<<<<<<<

Continue Reading

You'll Also Like

344K 43.2K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
123K 5.7K 174
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...
69.8K 9.8K 73
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...