ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

Від god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ Більше

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၆၁ (၁-၁၂)

3.3K 494 61
Від god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 61
Chapter. : 1 - 12
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၆၁၊ အခန္း ၁။ တန္တန္ကို အၿပင္ေခၚသြား

နန္လင္းလုံ နွင့္ စုိးရိမ္ၿခင္းကင္းေသာနန္တုိ့သည္ တစ္ေယာက္ကုိတစ္ေယာက္ လ်ိဳ့၀ွက္စြာ ၾကည့္လုိက္ၾက၏ ။

သခင္မၾကီး နန္ သည္ အခုနက အေတာ္ေလး ဘက္လုိက္ခဲ့ေလသည္ ။

သုိ့ေသာ္ ထိုသည္က ၿပသနာမရွိပါေခ် ။ ထုိမိန္းမသည္ နန္စံအိမ္တြင္ ထာ၀ရ ေနသြားမည့္သူ မဟုတ္ေလရကား သခင္မၾကီး နန္ နွင့္ တန္တန္ကုိ ထိုမိန္းမကို ဘ၀င္မက်ေတာ့ေအာင္ လုပ္ဖို့ရာ နည္းလမ္းေပါင္း ေၿမာက္မ်ားစြာ ရွိေနပါ၏ ။

မၾကာမီ သခင္မၾကီး နန္ သည္ အားလံုးကုိ စားဖုိ့ရာ ေၿပာလာသၿဖင့္ ေန့လည္စာ စားလုိက္ၾက၏ ။

စားပြဲ၀ုိင္းတြင္ တန္တန္သည္ ရီ၀မ္၀မ္အား နန္ မိသားစု၏ စားေသာက္ဖြယ္ရာမ်ားကို ေတာက္ေလ်ွာက္ မိတ္ဆက္ေပးေနေလ သည္ ။ သူသည္ ကုိယ္တုိင္က် နည္းနည္းသာ စားၿပီး စားၿမိန္သည့္စားဖြယ္ရာ မွန္သမ်ွနီးနီးကို ရီ၀မ္၀မ္၏ ပန္းကန္လံုးထဲခ်ည္း ထည့္ေပးေနသည္မွာ ဆက္တုိက္ ။

စုိးရိမ္ၿခင္းကင္းေသာ နွင့္ နန္လင္းလံု၏ မ်က္နွာမွာ ခ်က္ခ်င္း
မင္ကဲ့သုိ့ မည္းပုတ္သြားၾကေသာ္လည္း အခုခ်ိန္တြင္
ဘာမွေတာ့ ထပ္မေၿပာေတာ့ပါေခ် ။

ေန့လည္စာ စားၿပီးေနာက္တြင္ တန္တန္သည္ ရီ၀မ္၀မ္ သြားမွာကုိ စိုးရိမ္ကာ ရီ၀မ္၀မ္၏နံေဘးတြင္သာ ကပ္ေနေတာ့ၿပီး သူမလက္ကို ကိုင္ထားေတာ့သည္မွာလည္း မလႊတ္စတမ္း ။

"မာမီ .. ဒီမွာပဲ ေနပါလား"
တန္တန္သည္ သူမကုိ ေမာ့ၾကည့္လာရင္း အၾကံၿပဳလာသည္ ။

နန္လင္းလံုက ရီ၀မ္၀မ္ ၿပန္မေၿပာခင္ ထေၿပာလုိက္၏ ။

"တန္တန္ ၿပသနာမရွာနဲ့ ။ သားအန္တီမွာလည္း လုပ္စရာအလုပ္ေတြ ရွိမွာေပါ့"

ရီ၀မ္၀မ္သည္ ႏူးညံ့စြာၿဖင့္ ၿပံဳးကာ ေၿပာလုိက္၏ ။
"ဒီရက္ထဲမွာ လုပ္စရာကလည္း မ်ားမ်ားစားစား ရွိေနတာမွ မဟုတ္တာ။ အန္တီ နန္ ကသာ မကန့္ကြက္ဘူးဆုိရင္ မာမီ ဒီမွာ ေနၿပီး တန္တန္ ့ကို အေဖာ္ၿပဳေပးမွာေပါ့"

တန္တန္သည္ ခ်က္ခ်င္းပင္ သခင္မၾကီး နန္ ဘက္သုိ့ လွည့္လုိက္ၿပီး သနားကမားမ်က္နွာေလးၿဖင့္ ၾကည့္လုိက္ေလသည္။
"ဘြားဘြား ..."

"ေနလုိ့ ရပါတယ္ကြယ္"
သခင္မၾကီး နန္ က အၿပံဳးၿဖင့္ ၿပန္ေၿဖသည္ ။

"အိမ္ထဲမွာ အခန္းလြတ္ တစ္ခန္းမွ မရွိဘူး"
နန္လင္းလံုက မ်က္ေမွာင္ၾကီး ၾကဳတ္ကာ ေၿပာလာသည္ ။

"ကိစၥမရွိဘူး ၊ မာမီက က်ြန္ေတာ္နဲ့ အိပ္မွာ ။
က်ြန္ေတာ့္အခန္းေရာ ကုတင္ေရာက ၾကီးတယ္"
တန္တန္က ေအးစက္စြာၿဖင့္ ၿပန္ေၿပာသည္ ။

ထုိ့ေနာက္ ရီ၀မ္၀မ္ကို ၾကည့္လုိက္ၿပီး ...
"မာမီ တန္တန္နဲ့ အိပ္မယ္မလားဟင္"

"အိပ္မွာေပါ့" ရီ၀မ္၀မ္ ေခါင္းညိတ္လုိက္သည္ ။

ရီ၀မ္၀မ္ သေဘာတူေပးလုိက္ေတာ့မွသာလ်ွင္ တန္တန္၏ မ်က္နွာေလးမွာ အၿပံဳးေလးတစ္ပြင့္ ပြင့္လန္းလာေတာ့၏ ။

"၀မ္၀မ္ .. ဒီေန ့လည္ လုပ္စရာရွိေသးတယ္ မလား ။
သြားရေအာင္ ၊ ငါ လုိက္ပုိ့ေပးမယ္"
အမည္မရွိေသာနန္ သည္ ပါးစပ္ကုိ သုတ္သပ္လုိက္ကာ မတ္တပ္ထရပ္လုိက္၏ ။

ရီ၀မ္၀မ္ အံ့အားသင့္သြား၏ ။
ငါ့မွာ လုပ္စရာ ရွိလုိ့လား ။

အမည္မရွိေသာနန္ သည္ ရီ၀မ္၀မ္ဆီသုိ့ ေလ်ွာက္လာၿပီး တုိးတုိးေလး ေၿပာလုိက္၏ ။
"ဖိန့္ဖိန့္တုန္ ဂုိဏ္းကုိ ေမ့ေနၿပီလား ..."

ရီ၀မ္၀မ္ ထုိေတာ့မွ သူမသည္ ဖိန့္ဖိန့္တုန္ ဂုိဏ္းခ်ဳပ္ အၿဖစ္ ရွိေနေသးေၾကာင္းကို အမွတ္ရမိသြားၿခင္းပင္ ...
သူမသည္ နန္ စံအိမ္တြင္ ေနလုိသည္ဆုိလွွ်င္ေတာင္ လုပ္စရာရွိေနေသးသည့္ အလုပ္တုိ့ကို အရင္ဆံုး ရွင္းထားမွ ၿဖစ္ေပမည္ ...

"မာမီ ... ဘယ္အခ်ိန္ ၿပန္လာမွာလဲဟင္"

တန္တန္သည္ အလြမ္းမေၿပေသးသည့္ မ်က္နွာငယ္ေလးၿဖင့္ ေမးလုိက္ၿခင္း ။

"မင္းမ်က္နွာကလည္း ရင္ကြဲေနတာက်ေရာ ဘာလဲ
မင္းက ငါတုိ့နဲ့ မလုိက္ခဲ့ဘူးလား"
အမည္မရွိေသာနန္က တန္တန္ကို ၾကည့္ကာ ေၿပာလုိက္ရာ...

တန္တန္ ခ်က္ခ်င္းပင္ မ်က္လံုးတို့ ၀င္းပသြားၿပီး အၿမန္ထရပ္လုိက္ကာ ရီ၀မ္၀မ္၏လက္ကို ဆြဲလုိက္ေတာ့သည္ ။

"မလုိက္ရဘူး"
စုိးရိမ္ၿခင္းကင္းေသာနန္ က ခ်က္ခ်င္းပင္ မတ္တပ္ထရပ္လုိက္၏ ။ "ကုိကိုၾကီး .. တန္တန္ကို ဘာလုိ့ သူစိမ္းမိန္းမတစ္ေယာက္ေနာက္ လုိက္ခြင့္ေပးရတာလဲ"

အမည္မရွိေသာနန္ ၿပန္မေၿဖရေသးခင္ တန္တန္သည္ လွည့္လာၿပီး ေအးစက္စြာ ၾကည့္လာေလၿပီ ။

"စကားေၿပာ ဆင္ၿခင္ပါ ။ သူက သူစိမ္းမိန္းမ မဟုတ္ဘူး ၊ တရုတ္ၿပည္က က်ြန္ေတာ့္ရဲ့ မာမီ"

"တန္တန္...မာမီက သားကုိ စုိးရိမ္လုိ့ပါ"
စုိးရိမ္ၿခင္းကင္းေသာနန္ က ေၿပာလုိက္သည္ ။

"ဒါဆုိရင္ စုိးရိမ္ေနတာေတြက မလုိအပ္ဘူး" ဟု
တန္တန္ ၿပန္ေၿဖလုိက္၏ ။

"ေတာ္ေလာက္ၿပီ ။ တန္တန္က ငါနဲ့ သြားမွာ ၊
မင္းက ဘာေတြကို လုိက္ေၾကာက္ေနတာလဲ"

အမည္မရွိေသာနန္ မွာ စိတ္အလုိမက် ၿဖစ္လာဟန္ ။

"တန္တန္ ၊ သားက ၀မ္၀မ္ နဲ့ သားဦးေလးနားမွာပဲ ေနရမယ္ေနာ္ ၊ ေလွ်ာက္မေၿပးေနနဲ့ ။ နားလည္လား"
တခနအၾကာတြင္ သခင္မၾကီး နန္ က ထေၿပာလာသည္ ။

"ဟုတ္ကဲ့ ၊ နားလည္ပါၿပီ ဘြားဘြား ..."
တန္တန္က ခ်က္ခ်င္း ေခါင္းတဆတ္ဆတ္ ညိတ္ၿပလုိက္၏ ။

သခင္မၾကီး နန္ က ခြင့္ၿပဳေနၿပီၿဖစ္သၿဖင့္ နန္လင္းလံု နွင့္ စုိးရိမ္ၿခင္းကင္းေသာနန္တုိ့ ကန့္ကြက္ၿခင္း မၿပဳၾကေတာ့ေပ ။

မၾကာခင္ အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ နွင့္ တန္တန္ကို ေခၚကာ နန္စံအိမ္ကေန ထြက္သြားေတာ့ေလၿပီ ။

၀င္ေပါက္ဆီ ေလ်ွာက္လာၿပီးေနာက္တြင္ အမည္မရွိေသာနန္က ရီ၀မ္၀မ္ဘက္သုိ့ လွည့္ေၿပာလုိက္သည္ ။
"ေဘာ့စ္ ေက်ာ္ၾကားေသာ ... ငါ သရုပ္ေဆာင္တာ ေကာင္းတယ္မလား .. ငါ့မွာ လုပ္စရာေတြ ရွိေသးတယ္ ၊ ကိုယ့္ဟာကုိယ္ပဲ တန္တန္ ့ကို ေခၚသြားၿပီး ေပ်ာ္ေပ်ာ္ၾကီးသာ ေနေပေတာ့ ။ ၿပီးေတာ့ ဟဲဟဲ ... ဟုိေလ င့ါဆီမွာ ပုိက္ဆံလည္း သိပ္မရွိ္ေတာ့ဘူးဆိုေတာ့ ေဘာ့စ္ ေက်ာ္ၾကားေသာမ်ား ..."

ရီ၀မ္၀မ္ ။ "..."

..............................................................................

စာစဥ္ ၆၁၊ အခန္း ၂။ သူက ဂုိဏ္းခ်ဳပ္ရဲ့ တိတ္တိတ္ပုန္းသားလား

ရီ၀မ္၀မ္ အမည္မရွိေသာနန္ ကုိ ၾကည့္လုိက္၏ ။ ရွန္း မိသားစု၏ ထုိသူေဌးသား ေငြအိတ္ၾကီးသည္ သူ ့ကို ေရႊေခ်ာင္းတစ္ေခ်ာင္း ေပးသြားခဲ့ၿခင္းကုိ သူမ အမွတ္ရမိလုိက္ပါ၏ ...

"ရွင္ ေရႊေခ်ာင္းတစ္ေခ်ာင္း ရထားၿပီ မဟုတ္ဘူးလား ..."
ရီ၀မ္၀မ္ ေမးလုိက္၏ ။

အမည္မရွိေသာနန္ က ရယ္ေမာလာကာ ...
"ညီမေလး ေက်ာ္ၾကားေသာ ဘာေတြ ေၿပာေနတာလဲ ။
ေရႊေခ်ာင္းက ေရႊေခ်ာင္း ၊ ေငြက ေငြ ပဲဟာ ။ တူလုိ့လား ..."

"အာ ..." ရီ၀မ္၀မ္ ေခါင္းညိတ္ၿပီး ေၿပာလုိက္သည္ ။
"ဒါၿဖင့္ရင္ ရွင့္ေရႊေခ်ာင္း က်ြန္မကုိ ေပး ၊ က်ြန္မက ရွင့္ကုိ ပုိက္ဆံေပးမယ္"

"ညီမေလး ေက်ာ္ၾကားေသာ ..."

အမည္မရွိေသာနန္ သည္ တစ္ခုခုကို ေၿပာခ်င္ေနဟန္ပင္ ၊ သုိ့ေသာ္ အသံတိတ္သြားေလသည္ ။

တခနအၾကာတြင္ အမည္မရွိေသာနန္၏ အၾကည့္က တန္တန္ေပၚ က်ေရာက္သြားၿပီး အၿပံဳးၾကီး ၿပံဳးၿဖီးလာကာ ...
"ခ်စ္တံုးေလး ... အသည္းတံုးတူေလး ..."

"မရဘူး" တန္တန္က ထူးမၿခားနားစြာပင္ ၿပန္ေၿဖသည္ ။

"တန္တန္ ငါက မင္းရဲ့ဦးေလးပါေနာ္"
အမည္မရွိေသာနန္က မ်က္ေမွာင္ၾကီး ၾကဳတ္ကာ ေၿပာလုိက္၏ ။

သုိ့ေသာ္

"မရဘူး" ဟု တန္တန္က ထပ္ကာသာ ၿပန္ေၿဖသည္ ။

ရီ၀မ္၀မ္မွာ စိတ္ဓာတ္က်စြာၿဖင့္ အမည္မရွိေသာနန္အား ၾကည့္ေနမိ၏ ။

ဒီအရူးပဲ နန္ မိသားစုဆီကေန ပိုက္ဆံတစ္ၿပားေလာက္ ယူသံုးမိရင္ တစ္မိသားစုလံုး ေသပါေစဆုိၿပီး ေသြးသစၥာဆုိခဲ့တာ မဟုတ္ဘူးလား ... ။

သို့ေသာ္ ... ေယဘုယ်က်က် ေၿပာရမည္ဆုိလွ်င္
တန္တန္၏ မ်ိဳးရုိးမွာ နန္ မဟုတ္ေပ ။ ကံမေကာင္းစြာၿဖင့္ တန္တန္၏ဖခင္မွာ ဘယ္သူၿဖစ္ေၾကာင္းကုိလည္း မသိၾကေသးေပ ။

အဆံုးသတ္တြင္ ရီ၀မ္၀မ္မွာ ေရြးခ်ယ္စရာ မရွိေတာ့ဘဲ
ေဒၚလာ ၁၀၀ ကို ထုတ္ယူလုိက္ကာ အမည္မရွိေသာနန္ လက္ထဲ ထုိးထည့္ေပးလုိက္ရ၏ ။

"ညီမေလး ေက်ာ္ၾကားေသာ ၊ ကုိၾကီး သိသားပဲ ။ ကုိၾကီးတုိ့က ဒီေလာက္ ခင္တာ .. ကုိၾကီးေတာင္းရင္ ညီမေလး မေပးဘဲ မေနနုိင္ပါဘူးဆုိ"

အမည္မရွိေသာနန္ သည္ ေက်နပ္အားရစြာ ၿပံဳးလုိက္ရင္း ထုိပိုက္ဆံကုိ လက္ခံလုိက္ၿပီးေနာက္ ... အေနာက္သုိ့ ၿပန္လွည့္ၾကည့္ၿခင္း မရွိေတာ့ဘဲ ကားေမာင္းထြက္သြားသည္မွာ ၀ူးခနဲ ။

"မာမီ ... တန္တန္တုိ့ ဘယ္သြားၾကမွာလဲဟင္"
တန္တန္သည္ သူမအား တုိးတုိးေလး ေမးလုိက္သည္ ။

"မာမီ့မွာ လုပ္စရာအလုပ္ေတြ ရွိေသးတယ္ ။ သားက မာမီ့ေနာက္ကို လုိက္ခဲ့ေနာ္ ၊ ဒါေပမယ့္ .. တန္တန္ စကားကို မဆင္မၿခင္ေၿပာလုိက္လုိ့ မၿဖစ္ဘူးေနာ္" ရီ၀မ္၀မ္က ၿပန္ေၿဖသည္ ။

"ဘာကုိ ေၿပာတာလဲ မာမီ"

တန္တန္ စိတ္ရႈပ္ေထြးသြား၏ ။ စကားကို မဆင္မၿခင္ေၿပာလုိ့ မၿဖစ္ဘူး ဆုိသည္ကုိ နားမလည္ပါေခ် ။

ရီ၀မ္၀မ္သည္ တခနေလာက္ ေတြးၾကည့္လုိက္ၿပီး ၿပန္ေၿဖလုိက္သည္။
"တန္တန္ ဖိန့္ဖိန့္တုန္ဂုိဏ္းကုိ သိလား"

တန္တန္သည္ ေခါင္းကို အသာေလး ညိတ္ၿပလာသည္ ။
"သိတယ္ ၊ သူတုိ့က တစ္စက္ေလးမွ မေကာင္းၾကဘူး"

ရီ၀မ္၀မ္ ။ "..."

"ဟုိေလ တန္တန္ ... မာမီက အခုေလာေလာဆယ္ ဖိန့္ဖိန့္တုန္ဂုိဏ္း ရဲ့ ဂုိဏ္းခ်ဳပ္ လုပ္ေနတယ္"
ရီ၀မ္၀မ္ ကူကယ္ရာမဲ့စြာၿဖင့္ ရွင္းၿပလုိက္ရ၏ ။

"မာမီက ... ကိုၾကီး ဗိုလ္ လား"
တန္တန္ခမ်ာ အံ့အားသင့္သြားဟန္ပင္ ။

"အင္း ... မာမီ တန္တန္ ့ကို ဖိန့္ဖိန့္တုန္းဂုိဏ္းကို ေခၚသြားေပးမယ္ေနာ္ ၊ ဒါေပမယ့္ မာမီရဲ့ တရုတ္ၿပည္မွာ ေနခဲ့တုန္းက အေၾကာင္းေတြကို ထုတ္မေၿပာရဘူး ၊ နားလည္လား"
ရီ၀မ္၀မ္သည္ ၿပံဳးၿပံဳးေလးၿဖင့္ ၿပန္ေမးလုိက္သည္ ။

"ဟုတ္" တန္တန္သည္ သူ၏မေကာင္းဆုိး၀ါးဆန္သည့္ စရုိက္ လံုးလံုး ေပ်ာက္ကာ နာခံရုိက်ိဳးမႈကား အတိ ။

ရီ၀မ္၀မ္ တကၠစီတစ္စီးကုိ ငွားလုိက္ၿပီး တန္တန္နဲ့အတူ ကားထဲ ၀င္လုိက္ကာ ဖိန့္ဖိန့္တုန္ဂုိဏ္း၏ ရံုးခ်ဳပ္ရွိရာဆီ ေမာင္းခုိင္းလုိက္ေတာ့သည္ ။

....

ေန့လည္တြင္ ၊ ရီ၀မ္၀မ္ နွင့္ တန္တန္တုိ့ ဖိိန့္ဖိန့္တုန္ရံုးခ်ဳပ္ဆီ ေရာက္သြားၾကေလၿပီ ။

"ႏႈတ္ဆက္ပါတယ္ ၊ ဂုိဏ္းခ်ဳပ္"

မ်ားစြာေသာ ဖိန့္ဖိန့္တုန္ဂုိဏ္းသားမ်ားသည္ ရီ၀မ္၀မ္ကုိ
ေတြ ့လုိက္သည္ႏွ့င္ ခ်က္ခ်င္း ေၿပးၾကိဳကာ ႏႈတ္ဆက္လာၾကသည္ ။

ရီ၀မ္၀မ္ ၿပန္ေခါင္းညိတ္ေပးလုိက္ၿပီး တန္တန္နွင့္အတူ ဓာတ္ေလွကားထဲ အၿမန္၀င္လုိက္၏ ။

"ဂုိဏ္းခ်ဳပ္နဲ့ ပါလာတဲ့ကေလးက ဘယ္သူလဲ"

ဖိန့္ဖိန့္တုန္ဂုိဏ္းသားတစ္ေယာက္က သိလုိစိတ္ ထက္သန္စြာၿဖင့္ ေမးလာသည္ ။

"မဟုတ္မွလြဲေရာ ... ငါတုိ့ ဂုိဏ္းခ်ဳပ္ရဲ့ .. တိတ္တိတ္ပုန္း ရထားတဲ့ သားမ်ားလား ။ ဂုိဏ္းခ်ဳပ္နဲ့ ေတာ္ေတာ္ေလးေတာ့ ဆင္တယ္ေနာ္"

"ပါးစပ္မသရမ္းနဲ့ ။ ေတာ္ၾကာ ဂုိဏ္းခ်ဳပ္ ၾကားသြားလုိ့ မင္းအသက္ ေပ်ာက္ေနဦးမယ္"

"ဟုတ္တယ္ ဟုတ္တယ္ ။ ဂုိဏ္းခ်ဳပ္ရဲ့ တိတ္တိတ္ပုန္း သား ဆုိရင္ေတာင္မွ ငါတုိ့ လက္လြတ္စပယ္ ေၿပာလုိ့ မၿဖစ္ဘူး ..."

...

ရီ၀မ္၀မ္ ရံုးခန္းထဲသုိ့ ၀င္လုိက္သည္နွင့္
ဗုိင္းရပ္စ္ နွင့္ ၿဖဴေကာင္ၾကီးသည္ ခ်က္ခ်င္း ထလာကာ
သူမဆီ ေလ်ွာက္လာသည္ ။

သူတုိ့ကို ေတြ ့လုိက္ၿပီး ရီ၀မ္၀မ္ အံ့အားသင့္သြား၏ ။ သူမသည္ ထုိဘုိးဘိုးေလး ဗုိင္းရပ္စ္ ရံုးခန္းထဲ ရွိေနၿခင္းကုိ လံုးလံုးနီးနီး ေမ့ထားမိခဲ့ၿခင္းပင္ ။

ၿဖဴေကာင္ၾကီးနွင့္ တန္တန္သည္ ခင္မင္ရင္းနွီးေသာေၾကာင့္ ၿဖဴေကာင္ၾကီးကုိ စိတ္မပူရပါေသာ္လည္း ဗုိင္းရပ္စ္ကေတာ့ ...

.....................................................................................

စာစဥ္ ၆၁၊ အခန္း ၃။ မာမီ ပင္ပန္းေနမွာပဲ

သို့ေသာ္ ရီ၀မ္၀မ္ တန္တန့္ကို ၾကည့္လိုက္မိရာ တန္တန္သည္ ေၾကာက္ရြံ့ၿခင္း တစိုးတစေလးပင္ ရွိမေန ။ ၿဖဴေကာင္ၾကီးကုိ ၿမင္လုိက္ၿပီး ပုိလုိ့ပင္ ေပ်ာ္ရႊင္မႈၾကီးစြာၿဖစ္သြားသလို အံ့အားသင့္ၿခင္းၾကီးစြာလည္း ၿဖစ္သြားဟန္ပင္ ။

"ၿဖဴေကာင္ၾကီး"
တန္တန္သည္ ၿဖဴေကာင္ၾကီးဆီ လက္ကို ဆန့္ထုတ္ေပးလိုက္၏ ။

ၿဖဴေကာင္ၾကီးသည္ တန္တန္၏နံေဘးကို ၿဖည္းၿဖည္းခ်င္း ေလ်ွာက္လာကာ ထုိင္ခ်လုိက္ေလသည္ ။

ထိုသည္ကုိ ၿမင္လုိက္ၿပီး ဗုိင္းရပ္စ္သည္လည္း တန္တန္ ့ေဘး ေလ်ွာက္လာကာ ပြတ္သပ္နမ္းရႈံ့ေတာ့သည္ ။

ရီ၀မ္၀မ္ ဘာမွ မေၿပာနုိင္ေသးခင္ ရံုးခန္းတံခါးက တြန္းပြင့္လာၿပီး ခုနစ္စင္ၾကယ္ နွင့္ ၾကယ္ခုနစ္တုိ့ ၀င္လာၾကသည္ ။

"အစ္မ ဖန္း ၿပန္လာၿပီလား"

ခုနစ္စင္ၾကယ္သည္ ရံုးခန္းထဲ ၀င္လာကာ ေၿပာလုိက္ရင္း ရီ၀မ္၀မ္၏နံေဘးတြင္ ရပ္ေနသည့္ တန္တန္ကုိ တန္းၿမင္သြားကာ ။
"လခြမ္း .. အစ္မ ဖန္း ၊ ဒီကေလးက ဘယ္သူလဲ"
ခုနစစ္ၾကယ္မွာ အံ့အားသင့္ေန၏ ။

"မာမီ .. သူက အရမ္းဆူတယ္"
တန္တန္သည္ ရီ၀မ္၀မ္ကုိ ေၿပာလုိက္သည္ ။

တန္တန္၏ မာမီ ဟု ေၿပာလုိက္ခ်ိန္တြင္ ခုနစ္စင္ၾကယ္တင္ မကေတာ့ဘဲ ၾကယ္ခုနစ္ပါ အံ့အားသင့္သြားေတာ့၏ ။

"မာ .. မာမီ လား"
ခုနစ္စင္ၾကယ္ ေနရာတြင္ပင္ ၾကက္ေသေသသြား၏ ။

သူ ေရွာ့ရစရာေကာင္းတဲ့ လ်ိဳ့၀ွက္ခ်က္ၾကီးတစ္ခုကို သိလုိက္ရတာလား ။

သူတုိ့ရဲ့အစ္မ ဖန္း .. ဖိန့္ဖိန့္တုန္ဂုိဏ္းရဲ့ ဂုိဏ္းခ်ဳပ္ ၊ ကုိၾကီး ဗိုလ္ မွာ ဒီေလာက္အရြယ္ ရွိတဲ့ သားေတာင္ ရွိေနၿပီလား ။

"ၾကယ္ခုနစ္ ၊ မင္း ၾကားလုိက္လား ။ အဲ့ကေလးက အစ္မ ဖန္း ကုိ
မာမီ တဲ့ .. ေနဦး ၊ ငါမ်ား အၿမင္မွားေနတာလား ။ ငါ့အေမနဲ့ မေတြ ့ရ တာ ၾကာေနလုိ့ လြမ္းလြန္းၿပီး ထင္ေယာင္ထင္မွားေတြ ၿဖစ္ကုန္တာမ်ားလား"
ခုနစ္စင္ၾကယ္က ၾကယ္ခုနစ္ဘက္သို့ လွည့္ကာ ေၿပာသည္ ။

ၾကယ္ခုနစ္သည္ သူ ့အား ၾကည့္လာ၏ ။
"မင္း အဲ့ေလာက္ အေမကို ခ်စ္တာလည္း မဟုတ္ဘဲနဲ့"

ခုနစ္စင္ၾကယ္ ။ "..."

"မၿမင္မမွားဘူးလုိ့ ေၿပာတာ"
ၾကယ္ခုနစ္က ထပ္ေၿပာလုိက္သည္ ။

"ေသစမ္း ၊ အစ္မ ဖန္း ... အစ္မမွာ .. တကယ္ၾကီး ... တကယ္ၾကီး ဒီေလာက္အရြယ္ သား ရွိေနတာလား"

ခုနစ္စင္ၾကယ္သည္ တန္တန္ကုိ ၾကည့္လုိက္
ရီ၀မ္၀မ္ကုိ ၾကည့္လုိက္ၿဖင့္ အကဲခတ္ေနရာမွ ...
"ေတာ္ေတာ္ေလးေတာ့ ဆင္တယ္ ... အစ္မ ဖန္း ၊ ဘယ္သူနဲ့ ရထားတာလဲ"

ရီ၀မ္၀မ္ ၿပန္မေၿဖရေသးခင္ ခုနစ္စင္ၾကယ္မွာ မ်က္နွာအပ်က္ၾကီး ပ်က္ယြင္းသြားသည္ ။

"ဂ်ိဘုရင္ေတာ့ မဟုတ္ပါဘူးေနာ္"

"င့ါအၿမင္ေတာ့ အရွင္နတ္ဆုိးနဲ့ ပုိတူသလိုပဲ"
ၾကယ္ခုနစ္က ေတြးဆကာ ဆုိလာသည္ ။

"ဘာ ... အစ္မ ဖန္း နဲ့ အရွင္နတ္ဆုိးက တိတ္တိတ္ေလး သားတစ္ေယာက္ ရထားတာလား"
ခုနစ္စင္ၾကယ္က ေအာ္ေၿပာေလသည္ ။

"ဒါေၾကာင့္ကိုး .. ဒါေၾကာင့္ အစ္မ ဖန္း နဲ့ အရွင္နတ္ဆုိးတုိ့ ..." ခုနစ္စင္ၾကယ္ ခ်က္ခ်င္း ပါးစပ္ပိတ္သြား၏ ။

ရီ၀မ္၀မ္သည္ သူတုိ့ကုိ ဘာမွ ရွင္းမၿပေနေတာ့ဘဲ နဂါးမ်က္ေစာင္းတစ္ခုသာ ပစ္ခြင္းေပးလုိက္ေတာ့၏ ။

"ဟားဟားဟား" ခုနစ္စင္ၾကယ္သည္ တန္တန္ဆီကုိ ေလ်ွာက္သြားကာ ထုိကေလးေရွ့တြင္ ဒူးေထာက္ထုိင္ခ်လုိက္ၿပီးေနာက္ တန္တန္ကုိ ၾကည့္ကာ ၿပံဳးၿဖီးလုိက္ၿပီး ...
"ဒီကေလးေလးမွာ အရမ္းေခ်ာတဲ့ မ်က္နွာေလး ရွိေနတာပဲ ။
လာပါဦး ... ကုိၾကီးကုိ ဖက္ပါဦး"

တန္တန္သည္ ခုနစ္စင္ၾကယ္အား တစ္ခ်က္သာ ၾကည့္လုိက္ၿပီးေနာက္ ရီ၀မ္၀မ္ဘက္သို့ လွည့္လုိက္ကာ ၊
"မာမီ အရမ္းပင္ပန္းေနမွာပဲ"

ရီ၀မ္၀မ္ ေၾကာင္သြားၿပီး လႊတ္ခနဲ ေမးလုိက္မိ၏ ။
"ဘာကုိ ပင္ပန္းရမွာလဲ"

"မာမီက ဒီလိုငတံုးေတြနဲ့ ေန့တုိင္း အလုပ္အတူတူ တြဲလုပ္ေနရလုိ့"
တန္တန္က ခပ္တည္တည္ၿဖင့္ ၿပန္ေၿဖလုိက္၏ ။

ရီ၀မ္၀မ္ ။ "..."

ခုနစ္စင္ၾကယ္ ။ "..."

ၾကယ္ခုနစ္ ။ "..."

"အစ္မ ဖန္း ၊ အစ္မရဲ့သားက မေထာင္လႊားလြန္းဘူးလား ။ ၾကယ္ခုနစ္ကုိ ဘလုိင္းၾကီး ငတံုးလုိ့ သြားေခၚေနတယ္"

ခုနစ္စင္ၾကယ္က မသိနားမလည္စြာ ခ်က္ခ်င္း ေမးခြန္းထထုတ္ေလသည္ ။

ၾကယ္ခုနစ္သည္ ခုနစ္စင္ၾကယ္ကုိ ၾကည့္လုိက္ၿပီး ....
"သူက မင္းကို ေၿပာေနတာ"

"ငါ့သားက နဂုိကတည္းက ေထာင္လႊားေနက်"
ရီ၀မ္၀မ္သည္ ခုနစ္စင္ၾကယ္ကုိ ၾကည့္ေပးလုိက္၏ ။

ခုနစ္စင္ၾကယ္ မၿငင္းနုိင္ခင္ တံခါးေခါက္သံ တေဒါက္ေဒါက္ ထြက္လာသည္ ။

"၀င္ခဲ့" ရီ၀မ္၀မ္ လွမ္းေၿပာလုိက္၏ ။

တတိယအၾကီးအကဲ လီစီ သည္ တံခါးကို ဖြင့္ကာ ရံုးခန္းထဲ ၀င္ခ်လာေလၿပီ ။

"ဂုိဏ္းခ်ဳပ္"
လီစီသည္ တရုိတေသ တေလးတစားၿဖင့္ ရီ၀မ္၀မ္အား ႏႈတ္ဆက္လုိက္၏ ။

"ဘာကိစၥ ရွိလုိ့လဲ ၊ တတိယအၾကီးအကဲ" ရီ၀မ္၀မ္ ေမးလုိက္၏ ။

"ဟုိ ... ရွန္း မိသားစုရဲ့ အၾကီးဆံုးသခင္ေလးက ဂုိဏ္းခ်ဳပ္ကုိ
ေတြ ့ခ်င္လုိ့တဲ့" တတိယအၾကီးအကဲသည္ မကြယ္မ၀ွက္ဘဲ ရုိးသားစြာ ေၿဖလုိက္၏ ။

ရီ၀မ္၀မ္ အံ့အားသင့္သြားသည္ ။

သခင္ေလး ရွန္း က ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ကုိ ေတြ ့ခ်င္တာလား ။

ထူးဆန္းလုိက္တာ ။

ထုိေငြအိတ္သည္ နန္ စံအိမ္ကုိ သြားခဲ့ၿခင္းကို ရီ၀မ္၀မ္ နားလည္ေပးနုိင္ပါ၏ ၊ သုိ့ေသာ္ ဖိန့္ဖိန့္တုန္ဂုိ္ဏ္းသည္ကေတာ့ တစ္ခါက ရွန္း မိသားစုထံမွ ပိုက္ဆံမ်ားကုိ ခုိးယူထားခဲ့ဖူးသည္ မဟုတ္လား ။ ေၿပာရမည္ဆုိလ်ွင္
ဖိန့္ဖိန့္တုန္ဂုိဏ္း နွင့္ ရွန္း မိသားစုသည္ ရန္သူေတြသဖြယ္ ၿဖစ္ေနေလရာ .. ထုိေငြထုပ္ သခင္ေလး ရွန္းက အဘယ္ေၾကာင့္ သူမကုိ ေတြ ့ခ်င္ေနပါသနည္း ။

..................................................................................

စာစဥ္ ၆၁၊ အခန္း ၄။ သူေဌးသားငတံုးေကာင္ လာလည္ၿပန္ၿပီ

"အစ္မ ဖန္း ... ေရာက္လာၾကတဲ့သူေတြက သိပ္မရင္းနွီးေနဘူး ။
ရွန္း မိသားစု က ရန္လာရွာတာပဲ ၿဖစ္ရမယ္"
ခုနစ္စင္ၾကယ္က အၿမန္ေၿပာသည္ ။

"လူဘယ္နွေယာက္ ပါလာလဲ"
ရီ၀မ္၀မ္ တတိယအၾကီးအကဲကုိ ေမးလုိက္၏ ။

"သိပ္ေတာ့ မမ်ားဘူး ၊ ခုနစ္ေယာက္ ရွစ္ေယာက္ေလာက္ပဲ" တတိယအၾကီးအကဲက ၿပန္ေၿဖသည္ ။

ခုနစ္ေယာက္ ရွစ္ေယာက္ ... ဒါဆုိရင္ေတာ့ ရန္လာရွာတာ မဟုတ္ေလာက္ဘူး ။ ရန္လာရွာတာသာ ဆုိရင္ ေၿပာမေနဘဲ အထဲတန္း၀င္လာမွာပဲ ။

ၿပီးေတာ့ ထိုေငြထုပ္ ရွန္း မိသားစု သည္ ႏႈတ္ဆက္လက္ေဆာင္အၿဖစ္ သူမကုိ ေရႊေခ်ာင္းတစ္ေခ်ာင္းပါ ေပးသြားခဲ့ေလသည္ .. ထုိ့ေၾကာင့္ သူတုိ့ုသည္ အတိတ္က ဒဏ္ရာဒဏ္ခ်က္တုိ့ကုိ ၿပန္ေဖာ္မည့္ဟန္ မတူပါေခ် ။

"သိၿပီ" ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္သည္ ။
"သခင္ေလး ရွန္း ကုိ ငါးမိနစ္ေနရင္ ဒီရံုးခန္းထဲကို ေခၚလာခဲ့"

"နားလည္ပါၿပီ" လီစီ ေခါင္းညိတ္ကာ ထြက္သြားလုိက္၏ ။

ေနာက္ဆံုးတစ္ေခါက္က ရီ၀မ္၀မ္ ေသာက္မိခဲ့ကတည္းက လီစီသည္ ရီ၀မ္၀မ္အေပၚ ထားရွိေနသည့္ သံသယမ်ားအားလံုးကုိ ခြာခ်ပစ္လုိက္ၿပီး ဖိန့္ဖိန့္တုန္ ဂုိဏ္းခ်ဳပ္ ဟု နက္နက္ရိႈင္းရိႈင္း လက္ခံလာကာ သူမအား အတုိင္းထက္အလြန္ကို ယံုၾကည္လာေတာ့၏ ။

လီစီ ထြက္သြားၿပီးေနာက္ ရီ၀မ္၀မ္သည္ အနက္ေရာင္၀တ္စံုကို လဲ၀တ္လုိက္ကာ ၿပင္သစ္စတုိင္ အထက္တန္းလႊာ ဦးထုပ္ကုိ ေဆာင္းလုိက္ၿပီး မ်က္နွာတစ္၀က္ကုိ ဇာအနက္ေရာင္နွင့္ အုပ္ထားလုိက္၏ ။

ရွန္းသခင္ေလးသည္ အေစာနကပင္ သူမအား နန္ စံအိမ္ေတာ္တြင္ ေတြ ့ခဲ့သည္ ၿဖစ္သၿဖင့္ သူမ သူ ့ကို မွတ္မိမသြားေစလုိပါေပ ။ ထုိ့ေၾကာင့္ တန္တန္ကုိလည္း အထဲတြင္ ပုန္းခုိင္းထားလုိက္၏ ။

ငါးမိနစ္အၾကာတြင္ ၊ ရွန္း သခင္ေလးသည္ လူခုနစ္ေယာက္ ရွစ္ေယာက္ကို ဦးေဆာင္ကာ ရီ၀မ္၀မ္၏ရံုးခန္းထဲသုိ့ ၀င္ခ်လာေလၿပီ ။

"ဒီေတာ့ မင္းက ဖိန့္ဖိန့္တုန္ ဂုိဏ္းခ်ဳပ္ေပါ့"

သခင္ေလး ရွန္း သည္ သူ ့သုိင္းသမားမ်ား၏အေနာက္တြင္ ပုန္းေနကာ ေမာ့ၾကည့္ၿပီး ရီ၀မ္၀မ္ကုိ စကားေၿပာလာ၏ ။

"သခင္လး ရွန္းက ဒီေန ့ က်ြန္မဆီကုိ ဘာကိစၥန့ဲမ်ား လာတာလဲ မသိဘူး" ရီ၀မ္၀မ္၏အသံမွာ စိတ္မပါသေယာင္ေယာင္ ။

"ဟဲဟဲ ... ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ က ဟုိတုန္းက က်ြန္ေတာ္တုိ့
ရွန္း မိသားစုဆီကေန လာခုိးထားတာဆုိေတာ့ ေတာ္ေတာ္ေလးကုိ အၿပစ္ရိွသလုိ ခံစားေနရၿပီး က်ြန္ေတာ့္ကို ၿမင္တာနဲ့ အရမ္း ေၾကာက္ေနမွာပဲေနာ္"

အၾကီးဆံုး သခင္ေလး ရွန္း သည္ သူ ့ကုိယ္ရံေတာ္ေတြ ေနာက္ကေန ပုန္းေနရင္း အက်ယ္ၾကီး ေအာ္ေၿပာေလသည္ ။

"..."

ဘယ္သူက ဘယ္သူ ့ကို ေၾကာက္တာလဲ ။ ရွင္ကမွ ေၾကာက္ခ်ီးပန္းၿပီး ရွင့္ကုိ ကာကြယ္ေပးဖုိ့ ဒီဆရာၾကီးေတြကုိ ေခၚလာတာ မဟုတ္ဘူးလား ။ အဲ့လူေတြ ေနာက္မွာ ပုန္းေနၿပီးေတာ့ က်ြန္မကုိမ်ား ေၾကာက္တယ္ေလး ဘာေလးနဲ့ ။

"သခင္ေလး ရွန္း ဒီေန့ လာတာက က်ြန္မ ေၾကာက္မေၾကာက္ကုိ လာေမးဖုိ့အတြက္လား" ရီ၀မ္၀မ္ ေမးလုိက္သည္ ။

"ဟားဟား ဂုိဏ္းခ်ဳပ္ ပိုင္ ၊ အမွန္ေၿပာရရင္ဗ်ာ အရမ္းၾကီး ေၾကာက္ေနဖုိ့ မလုိပါဘူး ။ က်ြန္ေတာ္တုိ့ ရွန္း မိသားစုမွာ အေပါဆံုးက ပုိက္ဆံပဲ ။ ဂုိဏ္းခ်ဳပ္ ရွန္း မိသားစုကေန လာခိုးသြားတဲ့အေၾကာင္းကုိ ရွန္း မိသားစုက ဘယ္သူကမွေတာင္ မမွတ္မိၾကေတာ့ဘူး"
သခင္ေလး ရွန္းက ေၿပာသည္ ။

ခုနစ္စင္ၾကယ္ ၀င္ေၿပာေလၿပီ ။
"တစ္ေယာက္မွ မမွတ္မိေတာ့ဘူးဆုိရင္ မင္းက ဘာကိစၥ ေရာက္ေရာက္ခ်င္း ငါတုိ့ ခုိးတဲ့အေၾကာင္းခ်ည္းပဲ ေၿပာေနတာလဲ ။ တၿခားသူေတြထက္ မင္းက ေကာင္းေကာင္းၾကီး မွတ္မိေနတာကို ငါ ေလာင္းရဲတယ္"

"သခင္ေလး ရွန္း က ဘာလုိခ်င္လု့ိလဲ ။ သြယ္၀ုိက္မေနဘဲနဲ့ ပြင့္ပြင့္လင္းလင္းပဲ ေၿပာပါ"
ရီ၀မ္၀မ္သည္ အေတာ္ေလးကို စိတ္ခ်ဳံးခ်ံဳးက်ေနေလၿပီ ။

ဒီသူေဌးသားက ဘာလုိ့ ေရာက္လာရတာလဲ ။

သခင္ေလး ရွန္း သည္ လက္ေ၀ွ့ယမ္းၿပလုိက္ၿပီး သူ ့ကုိ ၀ုိင္းကာထားသည့္ သုိင္းပညာရွင္မ်ားကုိ ဖယ္ေပးဖုိ့ လက္ဟန္ ၿပလုိက္သည္ ။

"ဟဲဟဲ ... က်ြန္ေတာ္တုိ့ ရွန္း မိသားစုက ယဥ္ေက်းမႈကုိ အေလးအထားဆံုးပါ ။ ဖိန့္ဖိန့္တုန္ဂုိဏ္းကုိ ဒီေန့ အလည္လာတာက
ဒါ ပထမဆံုးအၾကိမ္ဆုိေတာ့ ႏႈတ္ဆက္လက္ေဆာင္ေတြ မပါလာလုိ့ ဘယ္ၿဖစ္ပါ့မလဲ"

ရွန္း သခင္ေလးသည္ ခ်က္ခ်င္း ေရႊေခ်ာင္းတစ္ေခ်ာင္းကို ထုတ္ယူလုိက္ၿပီး ၾကယ္ခုနစ္ကုိ ေပးလုိက္သည္ ။
"ေရာ့ .. ယူလုိက္ ၊ အားမနာနဲ့"

ၾကယ္ခုနစ္ ။ "..."

ၾကယ္ခုနစ္သည္ ရီ၀မ္၀မ္ဘက္ လွည့္ၾကည့္လုိက္၏ ။ ရီ၀မ္၀မ္ ေခါင္းညိတ္ၿပသည္ကို ၿမင္လုိက္ေတာ့မွသာ ထုိေရႊေခ်ာင္းကုိ လက္ခံလုိက္၏ ... "ေက်းဇူးတင္ပါတယ္ သခင္ေလး ရွန္း"

"ေရာ့ .. မင္းလည္း ယူ"

သခင္ေလး ရွန္း သည္ ေရႊေခ်ာင္းတစ္ေခ်ာင္းကုိ ခုနစ္စင္ၾကယ္၏ လက္ထဲ ထုိးထည့္ေပးလုိက္သည္ ။

"အစ္ကုိ ရွန္း..." ခုနစ္စင္ၾကယ္ သူ ့ကို ၾကည့္လုိက္၏ ။
"အစ္ကုိ ရွန္း ... အစ္ကုိကလည္း အားနာစရာေတြဗ်ာ ။ အခုကစၿပီးေတာ့ က်ြန္ေတာ္တုိ့က ညီအစ္ကိုေတြ ၿဖစ္သြားၿပီ ။ အစ္ကုိက အစ္ကုိၾကီး ၊ က်ြန္ေတာ္က ညီေလး ... အစ္ကုိၾကီး လုိတာရွိရင္ က်ြန္ေတာ့္ကို ေၿပာသာေၿပာလုိက္ ။ အစ္ကုိၾကီးရဲ့ ဖုန္းနံပတ္က ဘာလဲ ၊ အစ္ကုိ ရွန္း ။ ေရာ့ ဒါ က်ြန္ေတာ့္ နံပတ္ ..."

ရီ၀မ္၀မ္ခမ်ာ ခုနစ္စင္ၾကယ္ကုိ ၾကည့္ေနရင္း မ်က္နွာကို လက္ႏွင့္ အုပ္ထားမိေခ်ၿပီ ။

ရွက္စရာေကာင္းလုိက္တာေနာ္ ...

"ဂုိဏ္းခ်ဳပ္ ပုိင္ ေရာပဲ ေရာ့"

သခင္ေလး ရွန္းသည္ အေရွ့ကုိ ေလ်ွာက္သြားလုိက္ၿပီး ရီ၀မ္၀မ္ကုိ ေရႊေခ်ာင္းတစ္ေခ်ာင္း ေပးလုိက္ၿပန္၏ ။

.................................................................................

စာစဥ္ ၆၁၊ အခန္း ၅။ နာမည္ၾကီးၾကီး ဆရာၾကီးေတြခ်ည္း

ရီ၀မ္၀မ္သည္ ထုိေရႊေခ်ာင္းကုိ ၿပံဳးရႊင္စြာၿဖင့္ လက္ခံလုိက္ကာ .. "သခင္ေလး ရွန္း က ယဥ္ေက်းလြန္းေနပါၿပီ ။ ဟုတ္သားပဲ ၊
က်ြန္မရဲ့ သူငယ္ခ်င္းေကာင္း နွစ္ေယာက္လည္း ရွိေသးတယ္ ..."

သခင္ေလး ရွန္း အံ့ၿသသြား၏ ။
"ဘယ္မွာလဲ ၊ ေခၚသာေခၚလုိက္"

"ၿဖဴေကာင္ၾကီး ၊ နက္ေကာင္ေလး"
ရီ၀မ္၀မ္သည္ ခ်က္ခ်င္းပင္ ရံုးခန္းေထာင့္ဆီကုိ လွမ္းေခၚလုိက္၏ ။

ဗုိင္းရပ္စ္ နွင့္ ၿဖဴေကာင္ၾကီးသည္ သမ္းေ၀လုိက္ၿပီး သူတုိ့ဆီကုိ ပ်င္းတြဲတြဲၿဖင့္ ေလ်ွာက္လာေနၾကေလၿပီ ။

အၾကီးဆံုးသခင္ေလး ရွန္း ။ "..."

"အစ္မ ဖန္း ဒါေတာ့ မ်ားသြားၿပီ ။ ၿဖဴေကာင္ၾကီး နဲ့ ဗုိင္းရပ္စ္ကေရာ ဘာလုိ့ ႏႈတ္ဆက္လက္ေဆာင္ ရရမွာလဲ"

ခုနစ္စင္ၾကယ္သည္ ခ်က္ခ်င္းပင္ သခင္ေလးရွန္း ဘက္ကို လွည့္လုိက္ကာ ... "အစ္ကုိၾကီး ရွန္း ... က်ြန္ေတာ့္အေမ မၾကာခင္က ကားတုိက္ခံထားရလုိ့ ေဆးရံုတက္ေနရတယ္ ။ က်ြန္ေတ္ာ ေဆးရံုကုိ သြားၿပီး အေမ့ကို ေခၚလာေပးရမလား"

"ထြက္သြားစမ္း" ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္ကို ေငါက္ပစ္လုိက္၏ ။

ခုနစ္စင္ၾကယ္မွာ ရွက္သြားၿပီး ဘာကုိမွ ထပ္မေၿပာလာေတာ့ ။

"လီစီ ..." ရီ၀မ္္၀မ္ ေခၚလုိက္သည္ ။

တတိယအၾကီးအကဲ သည္ တံခါးကို တြန္းဖြင့္လာကာ ..
"ဘာမိန့္မလုိ့ပါလဲ ၊ ဂုိဏ္းခ်ဳပ္"

"သခင္ေလး ရွန္း က ရွင့္ကုိ ႏႈတ္ဆက္လက္ေဆာင္ ေပးခ်င္လုိ့တဲ့" ရီ၀မ္၀မ္ ေၿပာလုိက္သည္ ။

"ဗ်ာ"
လီစီ အံ့ၿသသြား၏ ။ သူသည္ သခင္ေလး ရွန္း နွင့္ ေၿပာဆုိဆက္ဆံၿခင္းပင္ မရွိခဲ့ဖူးေပ ။
ႏႈတ္ဆက္လက္ေဆာင္ ဆုိသည္က ဂုိဏ္းခ်ဳပ္ ဘာကို ဆုိလုိသနည္း။

လီစီ ေနာက္ထပ္ မေတြးေတာနုိင္ခင္ ေရႊေခ်ာင္းတစ္ေခ်ာင္းသည္
သူ ့အေရွ့ကုိ ဘြားကနဲ ေပၚခ်လာေလၿပီ ။

လီစီ အလုိက္တသိပင္ ထုိေရႊေခ်ာင္းကုိ လက္ခံလိုက္ၿပီး
လက္ထဲမွာ ကုိင္ထားမိ၏ ။

"ဟားဟား ၊ သခင္ေလး ရွန္း က အရမ္းယဥ္ေက်းလြန္းေနပါၿပီ... လာလည္တာကေတာ့ ထားပါဦး ၊ လက္ေဆာင္္ေတြက သက္သက္မဲ့ဗ်ာ အားနာစရာၾကီး ။ သခင္ေလး ရွန္း ဖိန့္ဖိန့္တုန္ ဂုိဏ္းထဲမွာလည္း ညီအစ္ကိုေတြ အမ်ားၾကီး ရွိေနေသးတယ္"
လီစီသည္ အၿပံဳးၾကီး ၿပံဳးကာ သခင္ေလး ရွန္း ကုိ ေၿပာလုိက္၏ ။

"တတိယအၾကီးအကဲ ခင္ဗ်ား ဘယ္လိုလုပ္ ဒီလုိလုပ္ရက္တာလဲ ။ က်ြန္ေတာ့္အစ္ကုိၾကီး ရွန္း က ခ်မ္းသာခ်င္ ခ်မ္းသာမယ္ ၊ ဒါေပမယ့္ ဒီလုိလုပ္တာၾကီးကေတာ့ ..."

ခုနစ္စင္ၾကယ္သည္ ထိုအံ့အားသင့္ေနသည့္ သခင္ေလး ရွန္း ဘက္သုိ့ လွည့္လုိက္ၿပီး ၿပံဳးၿပံဳးၾကီး ေၿပာေတာ့ေလသည္ ။
"အစ္ကုိၾကီး ရွန္း .. က်ြန္ေတာ့္အေမ ေဆးရံုမွာပဲ ရွိေသးတယ္ .."

"ေတာ္ေလာက္ၿပီ"
ရီ၀မ္၀မ္ စိတ္မရွည္ေတာ့ဘဲ လက္ေ၀ွ့ယမ္းၿပလုိက္၏ ။

ဒီသတင္းသာ အၿပင္ကုိ ေပါက္သြားခဲ့ပါလ်ွင္ ဖိန့္ဖိန့္တုန္ဂိုဏ္း ေတာ့ သူတို့မ်က္နွာကုိ ဘယ္သြားထားရေတာ့မည္နည္း ။

ဖိန့္ဖိန့္တုန္ဂိုဏ္းက မြဲေနလို့လား ။

အခုတေလာတြင္ ဖိန့္ဖိန့္တုန္ဂုိဏ္း၏ ေငြေရးေၾကးေရးသည္ က်ပ္တည္းေနသည္ ဆုိေသာ္လည္း ... သူတိ့ု၏ မ်က္နွာကိုေတာ့ ထိန္းထားရဦးမည္ မဟုတ္ေလာ ...

"သခင္ေလး ရွန္းကို အားနာလုိက္တာ ။ က်ြန္မတုိ့က ဒီတုိင္း ေလွ်ာက္စေနတာပါ ။ တကယ္ေတာ့ က်ြန္မတုိ့ ဖိန့္ဖိန့္တုန္ဂုိဏ္း က ေငြငမ္းငမ္းတက္ေနတဲ့သူ ေတြ မဟုတ္ပါဘူး ..."

ရီ၀မ္၀မ္ အၿပံဳးေလးၿဖင့္ က်သြားသည့္ သိကၡာတုိ့ကို အဖတ္ၿပန္ဆယ္လုိက္၏ ။

အၾကီးဆံုးသခင္ေလးသည္ကေတာ့ ခ်က္ခ်င္းပင္ ေဒါသကို ေထာင္းခနဲ ။
"ဂိုဏ္းခ်ဳပ္ ပိုင္ စကားက ဘာစကားလဲ ။ က်ြန္ေတာ္တုိ့ ရွန္း မိသားစု ကေရာ မြဲေနလုိ့လား ၊ က်ြန္ေတာ္ကေရာ မြဲေနလို့လား ။
ရွန္း မိသားစု မွာ အေပါဆံုးက ပုိက္ဆံပဲဗ် ပိုက္ဆံ ... ပိုင္ ဂုိဏ္းခ်ဳပ္ က်ြန္ေတာ့္ကုိ အထင္ေသးေနတာလား"

"ဒါၿဖင့္ရင္လည္း ေကာင္းၿပီေလ" ရီ၀မ္၀မ္သည္ စိတ္ဓာတ္က်သြားေလဟန္ၿဖင့္ လီစီဘက္သုိ့ လွည့္လုိက္ေလၿပီ ။ "ဖိန့္ဖိန့္တုန္ ဂုိဏ္းထဲက ညီအစ္ကုိေတြ ညီအစ္မေတြ အားလံုးကုိ သြားေခၚလာခဲ့ ။ သခင္ေလး ရွန္း က သူတုိ့ကို ႏႈတ္ဆက္လက္ေဆာင္ ေပးမယ္တဲ့ ..."

လီစီ ၿပန္မေၿဖနုိင္ခင္ ရွန္း သခင္ေလးက ရယ္ေမာကာ ေၿပာလာသည္ ။
"ဟဲဟဲ ... မလုပ္နဲ့ ၊ က်ြန္ေတာ့္မွာ ဒီတစ္ေခါက္ ေရႊေခ်ာင္းေတြ အမ်ားၾကီး ပါမလာဘူး ။ ေနာက္တစ္ေခါက္ .. ေနာက္တစ္ေခါက္ေပါ့ ဟဲဟဲ .."

"ေကာင္းပါၿပီ ၊ သခင္ေလး ရွန္း ဒီေန့ က်ြန္မတုိ့ဆီ လာတာ ႏႈတ္ဆက္လက္ေဆာင္ ေပးဖုိ့ပဲလား"
ရီ၀မ္၀မ္ ေမးၾကည့္လုိက္၏ ။

"ပုိင္ ဂုိဏ္းခ်ဳပ္ ၊ ရွန္း မိသားစုက သံုးရက္အတြင္း ပြဲေတာ္က်င္းပဖုိ့ ရွိတယ္ ။ အဲ့ဒီအခ်ိန္က်ရင္ လြတ္လပ္ေသာနယ္ေၿမရဲ့ နာမည္ၾကီးတဲ့သူ မွန္သမ်ွ လာတက္ၾကမွာ ၊ ဂုိဏ္းခ်ဳပ္ ပိုင္ လည္းပဲ လာတက္ေနာ္"
သခင္ေလး ရွန္း သည္ ဖိတ္ၾကားလႊာမ်ားကုိ ထုတ္ကာ ရီ၀မ္၀မ္နွင့္ တၿခားသူမ်ားအား ကမ္းေပးလုိက္၏ ။

"ႏႈတ္ဆက္လမ္းခြဲပြဲ ..."
ရီ၀မ္၀မ္၏ႏႈတ္ခမ္းတုိ့ တြန့္ခ်ိတ္သြားရသည္ ။

သခင္ေလး ရွန္းက ဒီတုိင္းလမ္းခြဲရံုေလးကုိလည္း လြတ္လပ္ေသာနယ္ေၿမ ၾကီး တစ္ခုလံုး သိေအာင္ လုပ္ေနတာလား ။ လမ္းခြဲတာကုိ ဂုဏ္ယူစရာလို့မ်ား ထင္ေနတာလား ။

"ရွန္း မိသားစုရဲ့ပြဲကုိ လာတက္တာနဲ့ တၿခားတန္ဖုိးၾကီး လက္ေဆာင္ေတြလည္း ရဦးမွာေနာ္"
သခင္ေလး ရွန္း က ေပ်ာ္ရႊင္စြာၿဖင့္ ေၿပာဆိုလုိက္သည္ ။

ခုနစ္စင္ၾကယ္၏မ်က္လံုးတုိ့ ခ်က္ခ်င္း ၀င္းပသြားၿပီး
သခင္ေလး ရွန္း ၏ လက္ကုိ ဆုပ္ကုိင္လုိက္ကာ ...
"အစ္ကုိၾကီး ရွန္း ၊ က်ြန္ေတာ့္ကုိလည္း ဖိတ္ၾကားလႊာ နွစ္ေစာင္ ေပးပါလား .. က်ြန္ေတာ္လည္း တက္ခ်င္တယ္"

"အာ .."

သခင္ေလး ရွန္းသည္ ခုနစ္စင္ၾကယ္အား အကဲခတ္ရင္း ၾကည့္ေနသည္ ။ သူသည္ လြတ္လပ္ေသာနယ္ေၿမထဲက နာမည္ၾကီးပုဂၢဳိလ္ၾကီးမ်ား ကုိသာ ဖိတ္ေခၚခ်င္ခဲ့ၿခင္းသာ ...

...............................................................................

စာစဥ္ ၆၁၊ အခန္း ၆။ မင္းအတြက္ တစ္ခု ၊ င့ါအတြက္ တစ္ခု

ခုနစ္စင္ၾကယ္၏ ေတာင္းပန္ေနေသာ သနားကမားရုပ္ေလးကို ေတာင့္ခံနုိိင္ၿခင္း မရွိေတာ့သည့္ သခင္ေလး ရွန္း ကူကယ္ရာမဲ့စြာၿဖင့္ ႏႈတ္ဆက္ပြဲ ဖိတ္ၾကားလႊာ နွစ္ေစာင္ကို ေပးလုိက္ေတာ့၏ ။

"အစ္ကုိၾကီး ရွန္း ... ဂရုစုိက္ၿပန္ပါ ။ တစ္ခုခုလုိရင္ ဒီညီေလးကုိသာ ေခၚလုိက္"

ခုနစ္စင္ၾကယ္သည္ တံခါးတြင္ ရပ္ေနရင္း သခင္ေလး ရွန္း အား လွမ္းေအာ္ေၿပာလုိက္သည္ ။

ရီ၀မ္၀မ္မွာ ခုနစ္စင္ၾကယ္၏ အၿပဳအမူေၾကာင့္ ဆြံ ့အေနမိ၏ ။
ခုနစ္စင္ၾကယ္က အမည္မရွိေသာနန္ ရဲ့ ေပ်ာက္ဆံုးေနတဲ့ ညီေလး မ်ားလား ...

"ေရာ့ မင္းအတြက္ တစ္ခု ၊ ငါ့အတြက္က တစ္ခု"

ခုနစ္စင္ၾကယ္သည္ ဖိတ္ၾကားလႊာတစ္ေစာင္ကုိ ၾကယ္ခုနစ္အား ေပးလုိက္၏ ။

ၾကယ္ခုနစ္ ။ "..."

"အစ္မ ဖန္း ၊ အဲ့ဒီသခင္ေလး ရွန္း က တကယ့္ကို ေငြအိတ္ၾကီးပဲ ။ အခုကစၿပီးေတာ့ က်ြန္ေတာ္တုိ့ေတြ အစ္ကုိၾကီး ရွန္း နဲ့ ရင္းရင္းနွီးနွီး ေနမွၿဖစ္မယ္" ခုနစ္စင္ၾကယ္က ရီ၀မ္၀မ္ကုိ ေၿပာလုိက္သည္ ။

ရီ၀မ္၀မ္သည္ ဘာမွ မေၿပာေနဘဲ သူ ့ကုိ ၾကည့္လုိက္၏ ။

"အစ္မ ဖန္း ၊ ရွန္း မိသားစုပြဲကုိ သြားမွာလား"
ၾကယ္ခုနစ္က ေမးလာသည္ ။

ရီ၀မ္၀မ္ တခနေလာက္ စဥ္းစားလုိက္ၿပီး ၿပန္ေၿဖသည္ ။
"ဖိတ္တဲ့သူက လာဖိတ္မွေတာ့ သြားေပးရမွာေပါ့"

"မဟုတ္တာေတြ ေလ်ွာက္ေမးေနတယ္ ... ရွန္း မိသားစုရဲ့ ပြဲကုိ သြားတက္ရင္ လက္ေဆာင္ေတြ ေဖာေဖာသီသီ ရဦးမွာ ။ လာတဲ့သူတုိင္းကုိ လက္ေဆာင္ေပးမယ္လို့ အစ္ကုိၾကီး ရွန္း ေၿပာသြားတာကို မၾကားဘူးလား ။ မင္း မသြားဘူးဆိုရင္ အဲ့ဒီဖိတ္ၾကားလႊာေတြ ငါ့ကုိ ေပးလုိက္"
ခုနစ္စင္ၾကယ္က အၿမန္၀င္ေၿပာေတာ့သည္ ။

ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္တုိ့ ထြက္သြားၿပီးေနာက္တြင္ တန္တန္သည္ ပုန္းေနရာမွ ထြက္လာကာ ရီ၀မ္၀မ္နံေဘးတြင္ နာခံရုိက်ိဳးစြာၿဖင့္ လာထုိင္သည္ ။

ရီ၀မ္၀မ္သည္ကေတာ့ ဖိန့္ဖိန့္တုန္ ဂုိဏ္း နွင့္ ပတ္သက္သည့္ စာရြက္စာတမ္းတုိ့ကို ကုိင္တြယ္ေၿဖရွင္းေန၏ ။

"မာမီ ..." တန္တန္သည္ သူမလက္ထဲက စာရြက္စာတမ္းတုိ့ကုိ ၾကည့္ရင္း တုိးတုိးေလး ေခၚလာသည္ ။

ရီ၀မ္၀မ္ ေမာ့ၾကည့္လုိက္၏ ။
"ဘာၿဖစ္လုိ့လဲ တန္တန္"

"မာမီ အခုနက ၿပီးသြားတဲ့ စာရြက္စာတမ္းထဲမွာ ၿပသနာ ရွိေနတယ္" တန္တန္က ၿပန္ေၿဖသည္ ။

"ဟမ္" ရီ၀မ္၀မ္ အံ့ၿသသြား၏ ။
ၿပသနာရွိေနတယ္လား .. ဘာၿပသနာမွ မရွိဘူးလားလုိ့ ...

တန္တန္သည္ ထိုစာရြက္စာတမ္းတစ္ခုကို ၿပန္ဆြဲယူလုိက္ၿပီး ေၿပာလာသည္ ။

"မာမီ ... လင္း မိသားစု က အေမွာင္ဂုိဏ္းၾကီးရဲ့ ပုိင္နက္ထဲမွာ ရွိေနတယ္ေလ ။ ဖိန့္ဖိန့္တုန္ဂုိဏ္းက လင္း မိသားစု ကို သြားတုိက္မယ္ဆုိရင္ အေမွာင္ဂုိဏ္းၾကီးပါ ပါလာၿပီး ၿပသနာအၾကီးၾကီး တက္လာလိမ့္မယ္"

ရီ၀မ္၀မ္ ။ "..."

"တန္တန္ေလးက အရမ္းေတာ္လိုက္တာ ... မာမီ အဲ့ဒါကို သတိမၿပဳမိလုိက္ဘူး"

ရီ၀မ္၀မ္သည္ တန္တန္၏ ၿဖဴေဖြးနုညက္ေနသည့္ ပါးေလးအား ဆိတ္ဆြဲမိေတာ့ေလၿပီ ။

ဖိန့္ဖိန့္တုန္ ဂိုဏ္း၏ ေန့စဥ္ကိစၥအမ်ားစုထဲတြင္ အမ်ားစုမွာ တၿခားဂုိဏ္းမ်ားကုိ သြားတုိုက္ဖုိ့တို့ ၿဖစ္ၾကေသာ္လည္း ရီ၀မ္၀မ္သည္ ထုိအပိုင္းကုိ သိပ္မက်ြမ္းက်င္ပါေခ် ။
တန္တန္၏ သတိေပးခ်က္ေၾကာင့္သာ မဟုတ္လ်ွင္ သူမသည္ ကပ္ေဘးၾကီးကုိ သြားရန္စမိသလို ၿဖစ္ေတာ့ေပမည္ ။

"မာမီ့ကုိ ၾကည့္ရတာ ဒါေတြ ကုိင္တြယ္တဲ့ေနရာမွာ သိပ္မေတာ္ေသးဘူး ။ ဒီေတာ့ ... အခုကစၿပီးေတာ့ တန္တန္ မာမီနဲ့ ဖိန့္ဖိန့္တုန္ဂုိဏ္းမွာပဲ ေနၿပီးေတာ့ ကူညီေပးမယ္ေနာ္"
တန္တန္သည္ ရီ၀မ္၀မ္ကုိ ၾကည့္ကာ ေမးလာသည္ ။

"အမ္ ..." ရီ၀မ္၀မ္ ဘယ္လုိ ၿပန္ေၿဖရမလဲ မသိေတာ့ ။
သူမသည္လည္း တန္တန္ကုိ ဖိန့္ဖိန့္တုန္ ဂုိဏ္းကုိ ေန့တိုင္း ေခၚလာလုိပါ၏ ။ သုိ့ေသာ္ နန္ မိသားစုက ေသခ်ာေပါက္ ခြင့္ၿပဳေပးမည္ မဟုတ္ေပ ...

အေရးကိစၥအားလံုးကုိ ကုိင္တြယ္ေၿဖရွင္းၿပီးသြားသည့္ေနာက္တြင္ တန္တန္ ့ကို နန္ နယ္ေၿမသို့ ၿပန္လုိက္ပုိ့ေပးလုိက္၏ ။

ထုိညတြင္ ရီ၀မ္၀မ္ တန္တန္၏အခန္းတြင္သာ အိပ္လုိက္သည္ ။

ေနာက္ရက္မ်ားတြင္ ရီ၀မ္၀မ္သည္ ေန့ဘက္၌ ဖိန့္ဖိန့္တုန္ဂုိဏ္းကုိ သြားၿပီး ညဘက္တြင္ နန္ စံအိမ္ကုိ ၿပန္လာကာ တန္တန္ကုိ အေဖာ္ၿပဳေပးေန၏ ။

သူမသည္ ခ်ီးထုပ္ ရိေရႊ ့ဟန္ ေတာင္းဆုိထားသည့္ ကိစၥကုိ မေမ့ပါေသာ္လည္း ထုိသည္ကုိ စံုစမ္းစစ္ေဆးဖုိ့ရာက အေတာ္ေလး ခက္ခဲေပသည္ ။

တကယ္ေတာ့ အရုိးရွင္းဆံုးနည္းလမ္းသည္ကား ဒီအန္ေအ စစ္ၾကည့္ၿခင္းသာ ၊ သုိ့ေသာ္ စုိးရိမ္ၿခင္းကင္းေသာနန္ သည္ ဒီအန္ေအ စစ္ထားၿပီးၿပီ ၿဖစ္ၿပီး သခင္မၾကီး နန္ နွင့္ သခင္ၾကီး နန္ တုိ့၏ ဒီအန္ေအ နွင့္ ကိုက္ညီေနသၿဖင့္ သူမသည္ တန္တန္၏မိခင္ရင္း ၿဖစ္ေၾကာင္း သက္ေသၿပခဲ့ၿခင္းကို ရီ၀မ္၀မ္ သိထားပါ၏ ။

ထုိဒီအန္ေအ စစ္ခ်က္ကုိသာ လက္ခံလုိက္လ်ွင္ ထုိစုိးရိမ္ၿခင္းကင္းေသာနန္ က အတု မဟုတ္ေတာ့ပါေခ် ။ သို့ေသာ္ ရိေရႊ ့ဟန္သည္လည္း ငတံုးမဟုတ္ေသာေၾကာင့္ သူတုိ့ ဒီအန္ေအ စစ္ထားၿပီးၿပီၿဖစ္ေၾကာင္းကို မသိဘဲေနမွာ မဟုတ္ေပ ။ သုိ့ၿဖစ္ရာ သူမအား အဘယ္ေၾကာင့္ ကူစံုစမ္းေပးခုိင္းေလသနည္း ။

................................................................................

စာစဥ္ ၆၁၊ အခန္း ၇။ အကူအညီေတာင္းမလို့

ညအခ်ိန္တြင္ ၀မ္၀မ္သည္ ကုတင္ေပၚတြင္ လွဲကာ တန္တန္ကုိ ဖက္ထားရင္းမွ ႏူးႏူးညံ့ညံ့ေလး ေခၚလုိက္၏ ။
"တန္တန္"

"မာမီ ၊ သား မအိပ္ေသးဘူး"
တန္တန္က ခ်က္ခ်င္းပင္ ၿပန္ေၿဖလာသည္ ။

"တန္တန္ ၊ သားရဲ့မာမီကုိ သေဘာမက်ဘူးလား"
ရီ၀မ္၀မ္ စိတ္ရႈပ္ေထြးစြာၿဖင့္ ေမးလုိက္မိ၏ ။

တန္တန္သည္ ရီ၀မ္၀မ္ကုိ တင္းတင္းက်ပ္က်ပ္ပင္ ဖက္လုိက္ကာ ...
"တန္တန္ မာမီ့ကို သေဘာက်တယ္ .."

"မာမီ့က သားရဲ့ အေမရင္းကုိ ေၿပာေနတာ"
ဟု ရီ၀မ္၀မ္ ေၿပာလုိက္ရာ ....

တန္တန္ တိတ္ဆိတ္သြာ၏ ။
တခနအၾကာတြင္ သူ ေၿပာလာသည္ ။
"မၾကိဳက္လုိ့ မဟုတ္ပါဘူး ၊ ဒီတုိင္း မာမီ့ကုိ ပိုၾကိဳက္လုိ့"

ရီ၀မ္၀မ္ တန္တန္၏ပါးၿပင္ေလးကုိ ေမႊးၾကဴေပးလုိက္မိ၏ ။

ခ်က္ခ်င္းပင္ တန္တန္သည္လည္း သူမပါးအား ၿပန္ေမႊးေမႊးေပးလာသည္ ။

"တန္တန္ ၊ သားရဲ့မာမီက အရင္က ဘယ္လုိမ်ိဳးလဲ"
ရီ၀မ္၀မ္ ေမးလုိက္ၿပန္သည္ ။

"မာမီက သား ေမြးၿပီးၿပီးခ်င္းပဲ ထြက္သြားတာ"
တန္တန္ ၿပန္ေၿဖလာသည္ ။

တန္တန္ ့ကို ၾကည့္ရင္း ရီ၀မ္၀မ္၏နွလံုးသားေလး တဆစ္ဆစ္ နာက်င္လာသလုိလုိ ။

သနားစရာ တန္တန္ေလး ...
ေမြးကတည္းက မိဘေတြ မရွိရွာဘူး ...
မိခင္အခ်စ္နဲ့ ဖခင္အခ်စ္ကုိ ငတ္ေနရွာမွာ ... ဟူး ...

ရီ၀မ္၀မ္၏ရင္ထဲတြင္ တန္တန့္အား သူမ ရွိသမ်ွအရာအားလံုးကို ပံုေအာၿပီး ေပးပစ္လုိက္ခ်င္စိတ္ ေပါက္ေနမိ၏ ။ သို့ေသာ္ ကံမေကာင္းခ်င္ေတာ့ သူမတြင္ ဘာမွ ရွိမေန ။

သူမသည္ ကုိယ့္ကိုယ္ကို တန္တန္၏ေမြးအေမ မဟုတ္မွန္း သိေနေသာ္လည္း တန္တန္ကို စေတြ ့ခ်ိန္ကတည္းက ေဖာ္ၿပမစြမ္းသာသည့္ ခံစားခ်က္တစ္ခုကို ရေနခဲ့၏ ။ ဘာေၾကာင့္လဲကုိ ရီ၀မ္၀မ္ကုိယ္တုိင္ပင္ မသိပါေသာ္လည္း
သူ ့အား သူမ၏သားအရင္းနွင့္မၿခား ဆက္ဆံမိခဲ့သည္ ။ ၾကိမ္္ဖန္မ်ားစြာပင္ တန္တန္သည္ သူမ၏သားေလး ၿဖစ္ခဲ့ရင္ ဘယ္ေလာက္ေကာင္းလုိက္မလဲ ဆုိုသည့္အေတြးတို့ ၀င္မိခဲ့သည္ ...

"တန္တန္ ၊ သားနဲ့ သားေမေမ ဒီအန္ေအ စစ္ၾကည့္ထားလား"
ရီ၀မ္၀မ္ ေမးလုိက္ၿပန္၏ ။

"သူ အိမ္ၿပန္မလာခင္ စစ္ၾကည့္တယ္၊ ဘာၿပသနာမွ မရွိဘူးတဲ့" တန္တန္က ၿပန္ေၿဖသည္ ။

ရီ၀မ္၀မ္ ေခါင္းညိတ္လိုက္မိ၏ ။

ဒါဆုိရင္ေတာ့ ထူးဆန္းေနၿပီ ...
စုိးရိမ္ၿခင္းကင္းေသာနန္ က အတုမဟုတ္ဘဲ
ရိေရႊ ့ဟန္ကသာ သတိၾကီးၾကီး ထားလြန္းေနတာမ်ားလား ။

စုိးရိမ္ၿခင္းကင္းေသာနန္၏ ဒီအန္ေအေတာင္ စစ္ၿပီးၿပီ ၿဖစ္ေလရာ သူမက ဘာကို သြားစစ္ရေတာ့မည္နည္း ။ အခုလုိ ထပ္စံုစမ္းေနၿခင္းက တစ္ဆိတ္ကို တစ္အိတ္ သြားလုပ္ၿခင္းနွင့္ မတူသြားေပဘူးလား ။

သို့ေသာ္...တစ္ေယာက္ေယာက္သည္ နန္ မိသားစု၏ သမီးေယာင္ ေဆာင္ရဲသည္ ဆုိရင္ေတာ့ ထုိသူတုိ့သည္ မတုိင္ခင္ကတည္းက ၾကိဳတင္ၿပင္ဆင္မႈေတြလည္း ၿပဳလုပ္ထားမည္သာ ။ ဒါဆုိ ဒီအန္ေအသည္လည္း မွားနုိင္သလုိ အတုလုပ္ထားၿခင္းလည္း ၿဖစ္နုိင္သည္ ။

ရီ၀မ္၀မ္ ကုိယ့္ဘာသာကိုယ္ ေတြးေနမိ၏ ။

သူမ၏ခန့္မွန္းခ်က္သာ မွန္ကန္ခဲ့ၿပီး
လြတ္လပ္ေသာနယ္ေၿမထဲက မ်ိဳးႏြယ္စုၾကီးတစ္စုၿဖစ္သည့္
နန္ မိသားစုသည္ပင္ အလိမ္ခံခဲ့ရသည္ဆုိလ်ွင္ ထုိကိစၥသည္ ေပါ့ေသးေသး မဟုတ္တန္ေတာ့ ...

စိုးရိမ္ၿခင္းကင္းေသာနန္ သည္ တကယ္ပင္ အေယာင္ေဆာင္ ၿဖစ္ေနခဲ့ၿပီး တကယ္ပင္ လိမ္ညာေနၿခင္းဆုိလ်ွင္
သူမ၏ဘ၀သည္လည္း အႏၱရာယ္ရွိလွေပသည္ ။

ရီ၀မ္၀မ္ တခနေလာက္ အေတြးထဲ နစ္ေနမိ၏ ။

အာ ... အခုခ်ိန္မွာ ငါက ဘယ္သူမုိ့လို့လဲ ။

ဖိန့္ဖိန့္တုန္ ဂုိဏ္းရဲ့ ဂုိဏ္းခ်ဳပ္ ။

လြတ္လပ္ေသာနယ္ေၿမထဲက နာမည္အေက်ာ္ေဇာဆံုး
ကုိၾကီး ဗိုလ္ ၊ ပုိင္ဖန္း ။ လူတုိင္းက ငါ့ကို ေၾကာက္ရတယ္ ၊
ငါက ဘာလုိ့ တၿခားသူကို ၿပန္ေၾကာက္ေနရမွာလဲ ။

ၿပီးေတာ့ ဖိန့္ဖိန့္တုန္ ဂုိဏ္းက အခုဆုိရင္ ငါ့လက္ထဲ လံုးလံုး ေရာက္ေနၿပီ ။ အဖြဲ ့ေတြ အကုန္လံုးကလည္း ငါ့ကို နာခံေနၾကၿပီ ။ ကုိၾကီး ဗုိလ္ အစစ္သာ ၿပန္မလာသေရြ ့ ငါက ပုိင္ ဖန္း ပဲ ။

ငါ ဒီကိစၥထဲ ၀င္ပါလုိက္မယ္ဆုိရင္ေတာင္ တစ္ဆိတ္ကို တစ္အိတ္လုပ္ၿပီး ဒီကိစၥကုိ ေၿပာင္ေၿပာင္တင္းတင္း စံုစမ္းဦးမယ္ ဆုိရင္ေတာင္ ဘယ္သူကမ်ား ငါ့ဖိန့္ဖိန့္တုန္ ဂုိဏ္းကုိ ၿပသနာလာရွာရဲမွာလဲ ။

"ဟုတ္သားပဲ တန္တန္ မာမီ တစ္ခု အကူအညီ ေတာင္းလုိ့ ရမလား"
ရီ၀မ္၀မ္ တန္တန္ကုိ ၾကည့္လုိက္ရင္း တိုးတိုးေလး ေမးလုိက္သည္ ။

"ရတယ္ မာမီ ၊ ေၿပာပါ" တန္တန္ ေခါင္းညိတ္လာသည္ ။

ရီ၀မ္၀မ္သည္ တန္တန္၏နားနားကို ကပ္ကာ ေၿပာလုိက္၏ ။

သူမ၏ ေၿပာစကားကုိ ၾကားလုိက္ၿပီး တန္တန္ အေတာ္ေလး အ့ံအားသင့္သြားဟန္ပင္ ။

"မာမီက .. အဲ့ဒါကုိ ... ဘာလုိ့ လုိခ်င္ရတာလဲဟင္"

"တန္တန္က လိမ္မာပါတယ္ ၊ မာမီ အဲ့ဒါကုိ ေၿပာၿပလုိ့ မရေသးဘူး .. ဒါေပမယ့္ တန္တန္ လုပ္ေပးမယ္မလား" ရီ၀မ္၀မ္ ၿပံဳးၿပလုိက္၏ ။

.....................................................................................

စာစဥ္ ၆၁၊ အခန္း ၈။ လူနွစ္ေယာက္ကုိ ေခၚသြားမယ္

တန္တန္သည္ တခနေလာက္ ေတြးၾကည့္လုိက္ၿပီး သေဘာတူလာသည္ ။
"ဟုတ္ ... လုပ္ေပးမယ္"

"တန္တန္ ဒါကုိ တန္တန္နဲ့ မာမီ့ၾကားက လ်ိဳ့၀ွက္ခ်က္ဆုိတာ မွတ္ထားေနာ္ ။ လူတိုင္းကို လုိက္မေၿပာရဘူး ၊ နားလည္လား"
ရီ၀မ္၀မ္ ေသေသခ်ာခ်ာ ထပ္မွာလိုက္၏ ။

"ဟုတ္ ၊ နားလည္ပါၿပီ" တန္တန္ ၿပန္ေၿဖသည္ ။

ထုိေတာ့မွ ရီ၀မ္၀မ္မွာ ထိုလိပ္ခဲတည္းလည္း ၿဖစ္ေနသည့္ ၿပသနာၾကီးကုိ ေၿဖရွင္းၿပီးသြားေလသည္ ။

ဘာၾကီးပဲ ၿဖစ္ေနပါေစ ၊ တန္တန္နွင့္ ပတ္သက္ေနသည့္ ဘယ္ကိစၥကုိမွ သူမ ေပါ့ေပါ့ေလး သေဘာမထားနုိင္ပါေခ် ။ ထုိစုိးရိမ္ၿခင္းကင္းေသာနန္ မွာ အစစ္ ၿဖစ္လ်ွင္ ရသည္ ။
သုိ့ေသာ္ အတုၿဖစ္ေနမည္ ဆုိလ်ွင္တာ့ ...
ေတြးၾကည့္ရံုနွင့္ပင္ ၾကက္သီးထစရာ ေကာင္းလွသည္တကား ။

တန္တန္သည္ သူမ ေၿပာသလုိ လုပ္သေရြ ့
အမွန္တရားက ဘြားဘြားၾကီး ေပၚလာမည္သာ ။
စုိးရိမ္ၿခင္းကင္းေသာနန္ သည္ အစစ္ ၿဖစ္သည္ ဆုိလွ်င္ေတာ့
သူမ ရိေရႊ ့ဟန္ကုိ ထုိအတုိင္းသာ ၿပန္ေၿဖေပးလုိက္မည္သာ ။

...

ေနာက္တစ္ေန့ ဖိန့္ဖိန့္တုန္ဂုိဏ္း၏ စာရြက္စာတမ္းတုိ့ကို ဖတ္ရႈကုိင္တြယ္ၿပီးေနာက္တြင္ ရီ၀မ္၀မ္ နန္ စံအိမ္သုိ့ မၿပန္ေတာ့ဘဲ
ရွန္း နယ္ေၿမဆီကုိ ေမာင္းသြားလုိက္ေတာ့၏ ။

ရွန္း နယ္ေၿမ - လြတ္လပ္ေသာနယ္ေၿမ၏ မ်ိဳးႏြယ္စုၾကီး ေလးစုထဲက တစ္ခုၿဖစ္သည့္ ရွန္း မိသားစု စံအိမ္ ။

ရီ၀မ္၀မ္ လက္ထဲက ဖိတ္ၾကားလႊာကုိ ၾကည့္လုိက္၏ ။ ထုိဖိတ္ၾကားလႊာတြင္ ေရးထားသည့္ လိပ္စာအတုိင္း သူမ ေမာင္းလာခဲ့ၿပီး ရွန္း စံအိမ္အနားတြင္ ကားထုိးရပ္လုိက္သည္ ။

ရီ၀မ္၀မ္ ကားထဲကေန ထြက္လုိက္သည္နွင့္
သံခ်ပ္ကာ၀တ္စံုမ်ား ၀တ္စားထားသည့္ ေယာက်ာ္းတစ္ဖြဲ ့သည္ ခ်က္ခ်င္း ေရွ့ထြက္လာၾကၿပီး လွမ္းေအာ္ေတာ့သည္ ။

"ရွန္း စံအိမ္နားမွာ ကားရပ္လုိ့ မရဘူး"

သုိ့ေသာ္ ရီ၀မ္၀မ္ ဘာမွ မေၿပာရေသးခင္ ထုိေယာက်ာ္းေတြထဲက တစ္ေယာက္သည္ ရီ၀မ္၀မ္၏ လက္ထဲက ဖိတ္ၾကားလႊာကို လွမ္းၿမင္သြား၏ ။

"ေတာင္းပန္ပါတယ္ ... မိန္းကေလး က ပြဲလာတက္တာပါလား"

ထုိေယာက်ာ္း၏မ်က္နွာထက္က ေထာင္လႊားမႈတုိ့ ခ်က္ခ်င္း လြင့္ၿပယ္သြားေလၿပီ ။

ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္၏ ။

"အၾကီးဆံုးသခင္ေလး ရွန္း ရဲ့ လမ္းခြဲႏႈတ္ဆက္ပြဲကုိ လာတာပါ"

"အိုး .. နားလည္မႈလြဲသြားတာပါ ၊ က်ြန္ေတာ့္ေနာက္ကေန လုိက္ခဲ့ေပးပါ"

ထုိေယာက်ာ္းသည္ ၿပံဳးခ်ိဳၾကည္သာစြာၿဖင့္ လက္နွင့္ ၾကြပါဆုိသည့္ အမူအရာ လုပ္ၿပလာသည္ ။

လြတ္လပ္ေသာနယ္ေၿမထဲက မိန္းမလွေလး မ်ားစြာသည္ အထူးသၿဖင့္ ပြဲေတာ္မ်ား ေရာက္လာၿပီ ဆုိလ်ွင္
ရွန္း စံအိမ္ နားတြင္ ရစ္သီေနတတ္ၾက၏ ။ ရွန္း မိသားစု၏ ပြဲေတာ္ကုိ လာတက္ၾကသူအားလံုးနီးနီးသည္ လြတ္လပ္ေသာနယ္ေၿမထဲက ၿသဇာၾကီးမားသည့္ နာမည္ၾကီး ပုဂၢိဳလ္မ်ားခ်ည္း ၿဖစ္ၾကသၿဖင့္ တစ္ေယာက္နွစ္ေယာက္ေလာက္ ကို အပိုင္ဖမ္းလုိက္နုိင္သည္နွင့္ ထုိမိန္းမတုိ့၏ ဘ၀တစ္သက္လံုး အစုိးရိမ္အပူပင္ကင္းစြာ ေနထုိင္သြားရနုိင္သည္ မဟုတ္ပါလား ။

သူတုိ့ ရွန္း ၿခံ၀င္းထဲ ၀င္လုိက္ၾကခ်ိန္ ထုိဧည့္ၾကိဳေယာက်ာ္း၏ ဖုန္း ၿမည္လာ၏ ။

"ေတာင္းပန္ပါတယ္ ..."

ထုိေယာက်ာ္းသည္ အားတံု့အားနာ အမူအရာၿဖင့္ ရီ၀မ္၀မ္ကုိ ၾကည့္လာသည္ ။

"ရပါတယ္" ရီ၀မ္၀မ္ ၿပန္ေၿဖလုိက္သည္ ။

"ဘာ .. ေၿပာေနတာလဲ ရွန္း သခင္ေလး ။ က်ြန္ေတ္ာ့ကို အရွင္နတ္ဆုိးကို သြားၾကိဳေပးေစခ်င္ေနတာလား ။ က်ြန္ေတာ္ အခု ဧည့္သည္အမ်ိဳးသမီးတစ္ေယာက္ကုိ လုိက္ပို့ေပးေနတုန္းပဲ ..." ထုိေယာက်ာ္း မ်က္နွာပ်က္သြား၏ ။

ရီ၀မ္၀မ္သည္ အရွင္နတ္ဆုိး ဆုိသည္ကို ၾကားလိုက္ၿပီး ခ်က္ခ်င္း စိတ္၀င္တစား ၿဖစ္လာသည္ ။

အၾကီးဆံုး သခင္ေလး ရွန္း က သူ ့ရဲ့လမ္းခြဲပြဲကုိ အရွင္နတ္ဆုိးကုိပါ ဖိတ္ထားနုိင္တာလား ။

"ခင္ဗ်ာ ... ဂ်ိဘုရင္ေကာပဲလား ။ ဂ်ိဘုရင္ကုိပါ သြားၾကိဳေပးေစခ်င္ တာလား"

ရီ၀မ္၀မ္ ။ "..."

ရီ၀မ္၀မ္၏ ႏႈတ္ခမ္းတုိ့ တြန္ ့ခ်ိတ္သြားရသည္ ။
သူမသည္ ထုိသူေဌးသားအား အထင္ေသးမိသြားၿခင္းပင္ ... ဖိန့္ဖိန့္တုန္ဂုိဏ္း၏ ဂုိဏ္းခ်ဳပ္ၿဖစ္သူ သူမကုိ လာဖိတ္ရံုတင္မက အရွင္နတ္ဆုိးကုိပါ သြားဖိတ္ထားခဲ့သလုိ ဂ်ိရိႈ ့ရန္ကုိလည္း ဖိတ္ထားနုိင္ခဲ့ေလသည္ ။ တကယ့္ကို အထင္ၾကီးစရာတည္း ..

"ဧည့္သည္ေတာ္ ... ေတာင္းပန္ပါတယ္ ။ က်ြန္ေတာ့္ကို ဒီမွာ ခနေလာက္ ေစာင့္ေပးလုိ့ ရမလား ။ ရွန္းသခင္ေလးက အေရးၾကီးဧည့္သည္ေတာ္ နွစ္ဦးကို အရင္သြားေခၚေပးခုိင္းေနလုိ့ ။ ရမလားခင္ဗ်ာ"

ထုိေယာက်ာ္းသည္ ဖုန္းခ်လုိက္ၿပီးေနာက္ သူမအား ေတာင္းဆုိဟန္ ၾကည့္လာသည္ ။

"ရပါတယ္ ၊ လုပ္စရာရွိတာ သြားလုပ္ပါ"
ရီ၀မ္၀မ္ ေခါင္းညိတ္ၿပီး သေဘာတူလုိက္သည္ ။

"ဧည့္သည္ေတာ္ .. ဘယ္မွ ေလ်ွာက္မသြားဘဲ ဒီမွာပဲ ေစာင့္ေနေပးေနာ္ ။ ၿပီးေတာ့ ရွန္း စံအိမ္ထဲကုိလည္း တစ္ေယာက္ထဲ ၀င္မသြားပါနဲ့ ။
ရွန္း စံအိမ္ က အက်ယ္ၾကီးပဲ ၊ တစ္ေယာက္ထဲ ေလွ်ာက္သြားရင္ လမ္းေပ်ာက္သြားလိမ့္မယ္"

ထုိ့ေနာက္တြင္ ထုိေယာက်ာ္းမွာ ၿပန္လွည့္ၾကည့္ၿခင္းမရွိဘဲ လွည့္ထြက္သြားေတာ့ေလၿပီ ။

ရီ၀မ္၀မ္ ။ "..."

ဒီအသံက ဘာလုိ့ ... ၾကြားေနသလိုလိုမ်ိဳးၾကီး ။
ရွန္း စံအိမ္က ၾကီးလြန္းလုိ့ လမ္းေပ်ာက္သြားနုိင္တယ္ဆုိပဲ ။
ၿဖစ္ရမယ္ .. ဘယ္လုိစကားၾကီးတုန္း ။

ဧည့္ၾကိဳေယာက်ာ္း ထြက္သြားသည့္ေနာက္တြင္ ရီ၀မ္၀မ္သည္ စိတ္ရွည္လက္ရွည္ၿဖင့္ ေစာင့္ေနလုိက္၏ ။

သူ အရွင္နတ္ဆုိး နဲ့ ဂ်ိဘုရင္ကုိ တၿပိဳင္တည္းေတာ့ ေခၚမခ်လာေလာက္ပါဘူးေနာ္ ...

...................................................................................

စာစဥ္ ၆၁၊ အခန္း ၉။ အရမ္းေပ်ာ္ေနတယ္နဲ့ တူတယ္

ရီ၀မ္၀မ္ ထပ္မစဥ္းစားၾကည့္နုိင္ခင္ အေနာက္ဘက္ကေန အသံထြက္လာ၏ ။

ရီ၀မ္၀မ္ လွည့္ၾကည့္လုိက္ရာ သူမအေရွ့တြင္ လွတပတေလး ၀တ္စားထားသည့္ မိန္းမငယ္ေလးမ်ားကုိ ေတြ ့လုိက္ရ၏ ။

"ဘာလဲဟ" ရီ၀မ္၀မ္ မ်က္ေမွာင္တုိ့ တြန့္ခ်ိဳးသြားသည္ ။ ထိုမိန္းကေလးမ်ားကုိ သူမ မမွတ္မိသလုိ သိလည္း မသိပါေခ် ။

"ေအာေဟာ .. နင္က စည္းကမ္းေတြကို မသိတာလား"

လွတပတရွိသည့္ မိန္းကေလးတစ္ေယာက္က ရီ၀မ္၀မ္အား ၾကည့္လာသည္ ။
"နင့္ကုိယ္နင္ အၿပစ္ကင္းစင္ၿပီး ခ်စ္စရာေကာင္းေအာင္ ၀တ္စားထားတယ္ဆုိေတာ့ နင္လည္းပဲ ရွန္း စံအိမ္နားက ေယာက်ာ္းေတြကုိ ၿဖားေယာင္းဖုိ့ ၾကံေနတာမလား"

"စိတ္ကုန္စရာပဲ ၊ ၾကီးစဥ္ငယ္လုိက္ဆုိတာကို နားမလည္ဘူးလား ။
နင့္ကို ဘယ္သူက ဒီမွာ ရပ္ခြင့္ ေပးထားလုိ့လဲ"

ရီ၀မ္၀မ္ ထုိသည္ကုိ ၾကားလုိက္ၿပီး ေတြးဆမိသြား၏ ။

ရွန္း အိမ္ေတာ္က ပြဲေတာ္က်င္းပလုိက္တုိင္း လွတပတမိန္းကေလးမ်ားသည္ ရွန္း စံအိမ္နား ၀ဲေနတတ္သည္ဟု အမည္မရွိေသာနန္ တစ္ခါက ေၿပာခဲ့ဖူးေလသည္ ။ သူတုိ့သည္ ကံအားေလ်ာ္စြာၿဖင့္ ခ်စ္သူေကာက္ဖမ္းလုိက္နုိင္မည္ ဆုိပါက သူတုိ့ဘ၀မွာ ထိုးတက္သြားမည္သာဟု ..

ထုိမိန္းကေလးေတြသည္ အမည္မရွိေသာနန္ ေၿပာသြားသည့္ မိန္းမလွေလးမ်ား ၿဖစ္ဟန္တူသည္ ။ သူတုိ့၏ ေၿပာဟန္ဆုိဟန္အရ သူမကုိ သူတုိ့လုိ ေတြးထင္ထားၾကဟန္ပင္ ။

ေခါင္းေဆာင္မိန္းကေလးတစ္ေယာက္သည္ ရီ၀မ္၀မ္ကုိ ၾကည့္ၿပီး မဲ့ရြဲ့ကာ ဆုိလာ၏ ။

"ေအာေဟာ ... နင္က ရုပ္ေလးကေတာ့ ေခ်ာပါရဲ့ ၊ ဒါေပမယ့္ ယဥ္ေက်းမႈေတာ့ မရွိဘူးပဲ ။ နင့္မ်က္နွာလွလွေလး ပ်က္စီးသြားေအာင္ ကုတ္ဖဲ့ပစ္လုိက္ရင္ မေကာင္းဘူးလား"

ရီ၀မ္၀မ္သည္ ထိုအဖြဲ ့ကုိ မ်က္လံုးေ၀့ၾကည့္လုိက္မိေသာ္လည္း သူတုိ့အား အဖက္လုပ္ၿပီး စကားေၿပာခ်င္စိတ္ေတာ့ ရွိမေနပါေပ ။

"ေခြးမ ၊ အစ္မ က်ိဳး က နင့္ကုိ စကားေၿပာေနတာ ၊
နင္ ကန္းေနတာလား ။ ယြင္ ၿမိဳ့ရဲ့ က်ိဳး မိသားစု ဆုိတာကို မၾကားဖူးဘူးလား ။ က်ိဳး မိသားစုရဲ့ အၾကီးဆံုးသခင္မေလးကိုေတာင္ မသိဘူးလား"

မိန္းကေလးတစ္ေယာက္က ရီ၀မ္၀မ္ကုိ ၾကည့္ကာ စူးစူး၀ါး၀ါး ။

ထုိမိန္းကေလးအားလံုးသည္ အထက္တန္းလႊာမိသားစုမွ ဆင္းသက္လာသူမ်ား ၿဖစ္သၿဖင့္ ဂုဏ္သေရရွိသမီးပ်ိဳမ်ားဟု ယူဆ၍ ရနုိင္ေသာ္လည္း တကယ့္ ဂုဏ္သေရရွိ အထက္တန္းလႊာ မိသားစုၾကီးမ်ားႏွင့္ေတာ့ ေန့နွင့္ညလို အၿခားနားၾကီး ၿခားနားေသာေၾကာင့္ အၿပင္ဘက္တြင္သာ ေ၀့သီေနရၿခင္း ၿဖစ္၏ ။

ထုိ့ၿပင္ ရွန္း သခင္ေလး၏ ၿပတ္စဲသြားၿပီၿဖစ္သည့္ ရည္းစားေဟာင္းသည္လည္း သူတုိ့လုိပင္ အၿပင္မွာ ေ၀့သီေနခ့ဲဖူးသည္ ဆုိသည့္ ေကာလဟလတုိ့ ရွိေလသည္ ။

"ညီမေလး ... နင္ အၾကီးဆံုးသခင္ေလး ရွန္း ကို ၾကံေနတာေတာ့ မဟုတ္ပါဘူးေနာ္"

ထုိေခါင္းေဆာင္မိန္းကေလးက ေအးစက္စြာ ေမးလုိက္၏ ။

သို့ေသာ္ ရီ၀မ္၀မ္သည္ သူတို့အား အဖက္လုပ္ၿခင္း မရွိဘဲ တိတ္ဆိတ္စြာ ရပ္ေနဆဲ ။

"အဟြန္ ့ ... သခင္ေလး ရွန္း ကုိ အပုိင္ဖမ္းဖုိ့ ၾကံေနတယ္ ဆုိရင္ေတာ့ အခုကတည္းက လက္ေလ်ွာ့လုိက္ေတာ့ ။
သခင္ေလး ရွန္း က ငါ့လူ .. နားလည္လား"
ထုိမိန္းကေလးက ရႈံ ့ကာမဲ့ကာ ။

ရီ၀မ္၀မ္သည္ ထိုမိန္းမမ်ား ေၿပာေနၾကသည္ကုိ လံုး၀ကုိ အာရံုမစိုက္ေနပါေခ် ။ သူမမ်က္လံုးတုိ့သည္ အေ၀းတစ္ေနရာဆီတြင္သာ ။

ဂ်ိရိႈ ့ရန္သည္ ခါတုိင္းလုိ ေပါ့ေပါ့ပါးပါး ၀တ္စံုကို ၀တ္ဆင္ထားၿပီး ႏႈတ္ခမ္းထက္တြင္ အၿပံဳးတစ္ပြင့္ တြဲလြဲခုိေနဆဲ ။ ထုိစဥ္ ဂ်ိရႈိ ့ရန္ ဘယ္ဘက္က ေယာက်ာ္းသည္ကား ရႈတည္တည္ ေအးစက္စက္ ။
သူ ့မ်က္၀န္းတုိ့သည္ အသေခၤ်ေအာင္ ေအးခဲေနသည့္ ေရခဲၿပင္ အလားနွယ္ ။

ထုိေယာက်ာ္းနွစ္ေယာက္ ေပၚလာသည္နွင့္တစ္ၿပိဳင္နက္ သူမနားတြင္ ရွိေနၾကသည့္ မိန္းကေလးမ်ားမွာ အံ့ၿသတုန္လႈပ္ကုန္ ၾက၏ ။

"ဂ်ိ ... ဂ်ိရိႈ ့ရန္ ... ဂ်ိ ဘုရင္ပါလား"

"ဂ်ိ ဘုရင္ရဲ့ေဘးက ဘယ္သူလဲ .. အရမ္းေခ်ာလုိက္တာ"

"အရွင္ နတ္ဆုိးလည္း ဒီည လာတက္မယ္လုိ့ ၾကားတယ္ .. ဂ်ိဘုရင္ေဘးကေန ေလ်ွာက္လာနုိင္တဲ့သူ ဆုိေတာ့ ...
အေက်ာ္ေဇယ် အရွင္နတ္ဆုိး မ်ားလား"

"အရွင္နတ္ဆုိးလား ။ အေမွာင္ဂုိဏ္းၾကီး သံုးဂုိဏ္းထဲက တစ္ဂုိဏ္းၿဖစ္တဲ့ အဇူရာဂုိဏ္းရဲ့ အရွင္ ၊ အရွင္နတ္ဆုိးလား"

"အစ္မ က်ိဳး .. ၾကည့္ပါဦး ။ ဂ်ိ ဘုရင္ နဲ့ အရွင္နတ္ဆုိး ညီမတုိ့ဆီ လာေနၿပီ"

"အစ္မ က်ိဳး ၊ ဂ်ိဘုရင္က အစ္မကုိ ၾကည့္ေနတယ္ ၊
ေအာင္မေလး ..."

ထုိေခါင္းေဆာင္မိန္းမသည္ ခပ္ေဖ်ာ့ေဖ်ာ့သာ ၿပံဳးကာ က်က္သေရကုိ ထိန္းထားလ်က္ ။
"ဂ်ိဘုရင္နဲ့သာ ဆုိရင္ေတာ့ ... ငါ သခင္ေလး ရွန္းကုိ မလုိခ်င္ေတာ့ဘူး"

"အစ္မ က်ိဳး ... ဂ်ိဘုရင္က အစ္မကို တကယ္ၾကည့္ေနတာ ...
အား သူ ညီမတုိ့ဘက္ကို ေလ်ွာက္လာေနၿပီ"

ထိုမိန္းကေလးမ်ားမွာ စိတ္လႈပ္ရွားရင္ခုန္လာၾကေလၿပီ ။

သုိ့ေသာ္ အားလံုးေရွာ့ရေနခ်ိန္ ထုိအဖြဲ ့သည္ စည္းေတြဘာေတြ မရွိတတ္သည့္ တစ္ေယာက္ေသာ မိန္းကေလးေရွ့တြင္ ရပ္လုိက္ေလၿပီ ။

"ဧည့္သည္ေတာ္ ၊ ေစာင့္ခုိင္းမိတာ ၾကာသြားလုိ့ ေတာင္းပန္ပါတယ္" ရွန္း မိသားစုက ဧည့္ၾကိဳေယာက်ာ္းသည္ ရီ၀မ္၀မ္ဆီ ေရာက္သည္နွင့္ ေတာင္းပန္စကား ဆုိလာသည္ ။

"ရပါတယ္" ရီ၀မ္၀မ္ ၿပန္ေၿဖလုိက္၏ ။

"ေရွာင္ဖန္းလည္း ေရာက္ေနၿပီပဲ"
ရီ၀မ္၀မ္ ကို ႏႈတ္ဆက္လုိက္သူကား ဂ်ိ ရိႈ ့ရန္ ။

သူတုိ့အနားက မိန္းမပ်ိဳေတြအားလံုး ေက်ာက္ရုပ္ၾကီးလုိ ေတာင့္တင္းကုန္ၾက၏ ။

"အင္း ..." ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္သည္ ။

ရီ၀မ္၀မ္၏မ်က္၀န္းတုိ့ စီရီဟန္ေပၚ က်ေရာက္သြား၏ ။

"အဟက္ ... အရွင္နတ္ဆုိးက ဒီေန့ ေတာ္ေတာ္စိတ္ေကာင္း၀င္ေနတဲ့ပံုပဲ ။ သခင္ေလး ရွန္း ရဲ့ လမ္းခြဲႏႈတ္ဆက္ပြဲကုိ လာတက္မယ္လို့ ထင္မထားမိဘူး"

စီရီဟန္က သူမကုိ ၾကည့္ကာ
"ဂုိဏ္းခ်ဳပ္ ပုိင္ဖန္းလည္း အရမ္းေပ်ာ္ေနတဲ့ပံုပါပဲ"

အရွင္နတ္ဆုိး၏ စကားကုိ ၾကားလုိက္ၾကခ်ိန္တြင္ ရီ၀မ္၀မ္၏အေနာက္က မိန္းမမ်ား ပါးစပ္အေဟာင္းသား ၿဖစ္ကုန္ၾကသည္ ။

အစ္မ က်ိဳး နွင့္ သူမအဖဲြ ့သည္ ရီ၀မ္၀မ္ဘက္သုိ့ တုန္လႈပ္စြာ လွည့္ၾကည့္လာၾက၏ ။

ပုိင္ ... ပုိင္ဖန္း လား ။

ဖိန့္ဖိန့္တုန္ ဂုိဏ္းရဲ့ ဂိုဏ္းခ်ဳပ္ .. ပုိင္ဖန္း လား ။

.......................................................................................

စာစဥ္ ၆၁၊ အခန္း ၁၀။ အရမ္းလွတယ္

ရီ၀မ္၀မ္အနားတြင္ ရွိေနၾကသည့္ မိန္းမမ်ားမွာ ေတာင့္တင္းကုန္ၾကၿပီး တအံ့တၿသၿဖင့္ ရီ၀မ္၀မ္ဘက္ လွည့္ၾကည့္လာၾကသည္ ။

ထုိမိန္းမသည္ သူတုိ့လုိဟု သူတုိ့ အစက ထင္မွတ္ထားခဲ့ၾကၿခင္းၿဖစ္၏။ သူမသည္ ရွန္း မိသားစုက ဖိတ္ၾကားထားသည့္ ဂုဏ္သေရရွိ ဧည့္သည္ေတာ္ ၿဖစ္ေနလိမ့္မည္ဟု ဘယ္သူ ထင္ပါ့မလဲ ။

ထုိ့ၿပင္ သူမသည္ ဂ်ိဘုရင္ကိုလည္း သိေနသည္ ၊ အရွင္နတ္ဆုိးကလည္း ဂုိဏ္းခ်ဳပ္ ပုိင္ဖန္းဟု ေခၚသြားေလသည္ ...

ပုိင္ဖန္း ... လြတ္လပ္ေသာနယ္ေၿမထဲက ဖိန့္ဖိန့္တုန္ဂိုဏ္း၏ ေခါင္းေဆာင္ ။

အစ္မ က်ိဳး အလြန္အမင္း ထိတ္လန့္သြားၿပီး ၿဖဴေရာ္သြား၏ ။
သူမ ဖိန့္ဖိန့္တုန္ ဂုိဏ္းရဲ့ ကိုၾကီး ဗိုလ္ကို ဘာလုပ္မိလုိက္တာလဲ ။

"ဂုိဏ္း ... ဂုိဏ္းခ်ဳပ္ ပုိင္ .. က်ြန္ .. က်ြန္မ အေစာနက ..."
အစ္မ က်ိဳး ၏ အသံမွာ ေၾကာက္ရြံ ့မႈ ၊ စိတ္ဖိစီးမႈတုိ့ အၿပည့္ ။

သုိ့ေသာ္ အစ္မ က်ိဳး စကားမဆံုးေသးခင္ ရီ၀မ္၀မ္သည္ သူမေၿပာသည္ကုိ မၾကားသည့္အလားနွယ္ အေနာက္သုိ့ တစ္ခ်က္ လွည့္ၾကည့္ၿခင္း မရွိေတာ့ဘဲ ရွန္းအဖြဲ ့နွင့္ ပါသြားေလၿပီ ။

ထိုအဖြဲ ့ အေ၀းကို ေရာက္သြားခ်ိန္တြင္ က်ြတ္က်ြတ္ညံလာသည္ ။

"ေအာင္မေလး .. အဲ့ဒီမိန္းမက ဖိန့္ဖိန့္တုန္ဂုိဏ္းကို ေထာင္တဲ့သူ ကုိၾကီး ဗုိလ္ ၊ ပုိင္ဖန္း လား"

"ကုိၾကီး ဗိုလ္ က မ်က္ေတာင္တစ္ခ်က္ မခတ္ဘဲနဲ့ လူေတြကုိ သတ္ပစ္တတ္တယ္လုိ့ ေကာလဟလေတြ ထြက္ေနတာေနာ္ ။
သူ ့ကို သြားရန္စရဲတဲ့ ဂုိဏ္းဆုိတာ မရွိသေလာက္ဘဲတဲ့ ..."

"ပုိင္ဖန္းက ဒီေလာက္ေတာင္ ငယ္မယ္လုိ့ မထင္ထားမိဘူး ။ ပုိင္ဖန္းကုိ ၾကြက္သားၾကီးေတြနဲ့ ၾကမ္းၾကမ္းတမ္း ၊ ရက္ရက္စက္စက္ ပံုၾကီး ေပါက္ေနမယ္လုိ့ ထင္ထားတာ .. အခုေတာ့ တၿခားစီပါလား"

အၿဖဴေရာင္၀တ္စုံနွင့္ ေဒါက္ၿမင့္ဖိနပ္ေလးကုိ
လုိက္ဖက္ပနံသင့္စြာ ၀တ္ဆင္ထားေသာ ၊
ပဒုမၼာပန္းေလး ပြင့္လန္းလာသလုိနွယ္ ေခ်ာေမာလွပလြန္းေသာ ထုိမိန္းကေလးသည္ တကယ္ပင္
ကုိၾကီး ဗုိလ္ တဲ့လား ...

အနားတြင္ ရွိေနသည့္ မိန္းမပ်ဳိတစ္ခ်ိဳ့သည္ အစ္မ က်ိဳးတုိ့ အဖြဲ ့ဘက္ လွည့္ကာ ရႈံ ့မဲ့ေၿပာဆုိလာေတာ့သည္ ။

"အစ္မ က်ိဳးက ဘာေတြမ်ား ေၾကာက္ေနတာလဲ ။ ဖိန့္ဖိန့္တုန္ ဂုိဏ္း ရဲ့ ဂုိဏ္းခ်ဳပ္ ပုိင္ဖန္းက ဘယ္လုိအဆင့္အတန္းမ်ိဳး မလုိ့လဲ ။ နင့္အၿပစ္ေလာက္ကုိ ေခါင္းထဲ ထည့္ေနမယ္ထင္လား ။ သူက နင့္ကုိ မရွိတဲ့ေလလုိပဲ တစ္ခ်ိန္လံုး သေဘာထားေနရင္ေနမွာ"

"ေအးေလဟယ္ ... သူမ်ားကုိ ဘယ္သူဆုိတာေတာင္ မသိဘဲနဲ့ ကိုယ့္ကိုယ္ကို ဘ၀င္ေတြ စြတ္ၿမင့္ေနလုိက္တာ ဆုိတာ .. ေသဖုိ့ပဲ ေကာင္းတယ္ ။ သူ ့ကုိယ္သူ ဘာၾကီးလိုလုိ ထင္ေနေပမယ့္ က်ိဳးမိသားစုတစ္ခုလံုးကေတာ့ ဖိန့္ဖိန့္တုန္ဂုိဏ္းသားကုိ ေတြ ့ရင္ေတာင္ ဦးက်ိဳးေနရတဲ့ဟာကုိ မိန္းကေလး က်ိဳးကေတာ့ ဖိန့္ဖိန့္တုန္ ရဲ့ ဂုိဏ္းခ်ဳပ္ၾကီးကိုမွ သြားမာန္မဲရဲေသးတယ္ ။ ေသခ်င္ေနတာကုိး"

"အဟက္ ... ပုိင္ဖန္း က က်ားလုိ ၾကမ္းတဲ့အေကာင္ၾကီးပါဟ ။ ဘာမဟုတ္တဲ့ ေခြးတစ္ေကာင္အေပၚမွာ အာရံုစိုက္ေနပါ့မလား ။ ဂုိဏ္းခ်ဳပ္ ပုိင္ဖန္း က နင့္ကို လက္စားလာေခ်လိမ့္မယ္လုိ့ ထင္ေယာင္ထင္မွားေတြ စြတ္ေတြးမေနနဲ့ ... ဟာသပဲ"

သူမအနားက မိန္းမပ်ိဳမ်ား၏ ေလွာင္ေၿပာင္ေထ့ေင့ါစကားတုိ့ကုိ နားေထာင္ေနရင္း အစ္မ က်ိဳး ၏ မ်က္နွာ မွာ ပ်က္ယြင္းသထက္ ပ်က္ယြင္းလာေသာ္လည္း တစ္ခြန္းမွ ၿပန္မလွန္နုိင္ေတာ့ေပ ။

....

တစ္ခ်ိန္တည္းမွာပင္ ရွန္း မိသားစု၏ ဧည့္ၾကိဳေယာက်ာ္းသည္
ရီ၀မ္၀မ္ ၊ ဂ်ိရိႈ့ရန္ နွင့္ အရွင္နတ္ဆုိးတုိ့ကုိ ရွန္း စံအိမ္ေတာ္ဆီသုိ့ ေခၚသြားေပးေနသည္ ။ သူတုိ့သည္ လမ္းတစ္ေလ်ွာက္တြင္ စကားမ်ားမ်ား ေၿပာဆုိၿခင္း မရွိၾကပါေခ် ။

သံုးေယာက္သားသည္ ေဘးခ်င္းယွဥ္ကာ ေလ်ွာက္သြားေနၾကၿခင္း ၿဖစ္ၿပီး ရီ၀မ္၀မ္သည္ ဘယ္သူက ရင္းနွီးသည့္သူ ၊
ဘယ္သူက မရင္းနွီးသည့္သူကုိ သိသိသာသာ ခြဲၿခားၿပကာ
ဂ်ိရိႈ ့ရန္၏နံေဘးကေန ေလ်ွာက္လုိက္လာ၏ ။

"ေရွာင္ဖန္း အားရင္ အိမ္မွာ ထမင္းလာစားပါဦး"
ဂ်ိရိႈ ့ရန္က ခပ္လြင္လြင္ရယ္သံ ၿပဳကာ ေၿပာလာသည္ ။

ရီ၀မ္၀မ္ တခနေလာက္ အံ့ၿသသြားၿပီး သေဘာတူေၾကာင္း ေခါင္းညိတ္ၿပလုိက္၏ ။

"အင္း"

အရွင္နတ္ဆုိး၏ မႈန္ကုတ္ေနၿပီၿဖစ္သည့္ မ်က္၀န္းတုိ့က ဂ်ိရိႈ ့ရန္ကို ေက်ာ္ကာ ၾကည့္လာေလၿပီ ။

ပင္လယ္ၿပင္တြင္ လိႈင္းၾကက္ခြပ္ေလးေတြ ထေနသလုိ
ဂ်ိရႈိ့ရန္၏ အေရာင္နည္းနည္းလက္ေနေသာ မ်က္၀န္းတုိ့က အရင္နွင့္ မတူ တမူကြဲထြက္စြာ ၀တ္ဆင္ထားေသာ မိန္းကေလးအား လွည့္လွည့္ၾကည့္ေနသည္ ။

ထိုအၾကည့္ကုိ သတိၿပဳမိလုိက္ၿပီး ရီ၀မ္၀မ္ သူ ့ဘက္ကုိ လွည့္ၾကည့္လုိက္မိ၏ ။

"ဘာၿဖစ္လုိ့လဲ"

ဂ်ိရိႈ ့ရန္သည္ ထုိမိန္းကေလးကုိ ၾကည့္ကာ ..
"မင္းရဲ့ ဒီေန့ ၀တ္စံု ..."

ရီ၀မ္၀မ္ မ်က္ခံုးတုိ့ ပင့္တက္သြား၏ ။
"ဘာၿဖစ္လို့လဲ အရမ္းေၾကာင္ေနလို့လား"

ဂ်ိရိႈ့ရန္ ၿပန္ေၿဖလာသည္ ။
"အရမ္း လွတယ္"

"တကယ္ၾကီးလား ၊ က်ြန္မလည္း အဲ့လုိပဲ ထင္တယ္"
ရီ၀မ္၀မ္ ေပ်ာ္ရႊင္ေက်နပ္သြားစြာၿဖင့္ ေခါင္းညိတ္လုိက္၏ ။

ႏူးညံ့ၿပီး ၿဖဴစင္လြန္းသည့္ ပန္းမ်ားကုိ မခံုမင္သည့္ေယာက်ာ္း မရွိဘူး မဟုတ္ပါလား ။ အနည္းဆံုးေတာ့ စီရီဟန္သည္လည္း ဒီေက်ာ့ကြင္းထဲ သက္ဆင္းလာနုိင္သည္ဟု သူမ ယံုၾကည္ထားမိပါ၏ ။ ဟုိအရင္တုန္းကဆို သူမသည္ ႏူးႏူးညံ့ည့ံေလးနွင့္ ေပ်ာ့ေပ်ာ့ႏြဲ့ႏြဲ ့ဟန္ ၿပဳၿပလုိက္သည္နွင့္
သူ ့အား ေခ်ာ့ၿမွဴၿခင္းမွာ နွစ္ဆထိေရာက္မႈ ရွိခဲ့သည္ခ်ည္းသာ ။

....................................................................................

စာစဥ္ ၆၁၊ အခန္း ၁၁။ မိန္းကေလးတစ္ေယာက္က သူ ့ကို ခ်စ္တဲ့ ေယာက်ာ္းအတြက္ ေၾကြရုပ္ေလးလုိ လွေနေအာင္ ၿခယ္မႈန္းတတ္

ဂ်ိရိႈ့ရန္ တုိးတုိးညင္းညင္း ရယ္ေမာလာသည္ ။
"မင္း ဒီလုိ ၀တ္စားတာမ်ဳိးကုိ တစ္ခါမွ မေတြ ့ဖူးေသးဘူး"

ရီ၀မ္၀မ္သည္ အရွင္နတ္ဆိုးအား တမင္ၾကည့္လုိက္ၿပီးေနာက္ ခ်က္က်လက္က် ေၿပာလုိက္၏ ။
"မိန္းကေလးတစ္ေယာက္က သူ ့ကုိ ခ်စ္တဲ့ ေယာက်ာ္းအတြက္ဆုိ ကုိယ့္ကိုယ္ကုိ ေၾကြရုပ္ေလးလုိ ၿဖစ္ေအာင္ ၿခယ္မႈန္းတတ္ၾကတာပဲေလ"

ဂ်ိရိႈ ့ရန္သည္ ဘာမွ မေၿပာဘဲ ၿပံဳးသာ ၿပံဳးေနေလသည္ ။

တစ္ေယာက္ေသာ သူၾကီးကေတာ့ မေတာ္တဆ တက္နင္းမိသည့္ သစ္ကိုင္းေၿခာက္ေတာင္ အမႈန့္ၿဖစ္သြားရေလၿပီ ။

ရီ၀မ္၀မ္သည္ ထိုမႈန္သုန္ေအးစက္ေနသည့္ မ်က္နွာရွိေသာ ေယာက်္ားကုိ တိတ္တိတ္ေလး ခုိးၾကည့္လုိက္၏ ။
ထိုေယာက်ာ္းသည္ အမူအရာကင္းမဲ့ေနသည္ ဆုိေသာ္လည္း
သူ ့ကုိယ္ေရာင္ကုိယ္၀ါတုိ့မွာ လံုး၀ကို ခက္ထန္တင္းမာေနေလၿပီ ။

ငါ ထင္ထားသလုိပဲ ...

သူမေလး၏ ဆဌမအာရံုသည္ မွန္ကန္ခဲ့ပါ၏ ။
ဂ်ိဘုရင္ၾကီး ရွိေနသေရြ ့ တစ္ေယာက္ေသာသူၾကီးသည္
ဟန္ေဆာင္ပန္ေဆာင္ ဆက္မထိန္းနုိင္ေတာ့သည္သာ ။

တခနအၾကာတြင္ ေဘးခ်င္းယွဥ္ကာ ေလ်ွာက္လာၾကသည့္
သူတို့အဖြဲ ့သည္ ရွန္းစံအိမ္အ၀င္၀သုိ့ ေရာက္ရွိသြားေလၿပီ ။

ထိုမ်က္စိမဆံုးနုိင္ေအာင္ က်ယ္ေၿပာလြန္းေသာ
ခမ္းနားသည့္ ရွန္း စံအိမ္ၾကီးကုိ ၿမင္လုိက္ရခ်ိန္
ရီ၀မ္၀မ္၏ႏႈတ္ခမ္းတုိ့ တြန္ ့ခ်ိတ္သြား၏ ။

ဒါက အိမ္လား ။ နန္းေတာ္ၾကီး မဟုတ္ဘူးလား ။

ရီ၀မ္၀မ္ ေနာက္ဆံုးေတာ့ ထုိဧည့္ၾကိဳေယာက်ာ္း ေၿပာသြားေသာ
ရွန္း စံအိမ္တြင္ လမ္းေပ်ာက္နုိင္သည္ဆုိၿခင္းကို နားလည္သြားေတာ့၏ ။ ရွန္း စံအိမ္ၾကီးကုိ ၿမင္လုိက္ရခ်ိန္တြင္ သူမ လံုး၀ဆြံ ့အမိသြားေလၿပီ ။

ရွန္းစံအိမ္ၾကီး၏ အေရွ့တြင္ မီတာ ၁၀၀ ေက်ာ္ေအာင္ ရွည္လ်ားၿပီး မီတာေပါင္းမ်ားစြာ ၿမင့္မားလွသည့္ ၊ ၾကီးမားလွသည့္ နဂါးရုပ္တုၾကီး နွစ္ခု ရွိေနသည္ ။ သူတုိ့သည္ တကယ့္နဂါးအစစ္ေတြနွင္နွင္ အေသးစိတ္ထြင္းထုထားသည္ ၊ ရုပ္လံုးၾကြလြန္းေနသည္ ။

ရီ၀မ္၀မ္ ထိုနဂါးရုပ္တုနွစ္ခုကုိ ေငးၾကည့္ေနမိခ်ိန္ အလြန္တရာ ၾကည္ညိဳဖြယ္ေကာင္းေသာ သက္လတ္ပုိင္းေယာက်ာ္းၾကီးသည္ စံအိမ္ၾကီးထဲကေန ထြက္လာၿပီး စီရီဟန္နွင့္ ဂ်ိရိႈ ့ရန္အား အၿပံဳးၿဖင့္ ဆီးၾကိဳႏႈတ္ဆက္လာေလသည္ ။

"ဟားဟားဟား ဧည့္သည္ေတာ္ၾကီး အရွင္ ဂ်ိ ၊ မေတြ ့ရတာ ၾကာပါပေကာလား ။ ရွန္း မိသားစုရဲ့ ပြဲကုိ လာတက္ေပးတဲ့အတြက္ ေက်းဇူးပါဗ်ာ ။ အရွင္ေရာက္လာတာက က်ြန္ေတာ့္ကို လင္းထင္းသြားေစသလုိပဲ"

"ဟားဟား ဦးေလး ရွန္းကေတာ့ ေၿပာေတာ့မယ္ ။
ရွန္း မိသားစုပြဲကုိ တက္ခြင့္ရတဲ့ က်ြန္ေတာ္ကမွ ဂုဏ္ယူရမွာပါ"
ဂ်ိရိႈ ့ရန္က ၿပံဳးစစၿဖင့္ ၿပန္ေၿပာသည္ ။

"ဟားဟား ၊ ဂ်ိဘုရင္က အရမ္းယဥ္ေက်းလြန္းေနပါၿပီ"

အၾကီးအကဲ ရွန္း သည္ နွစ္နွစ္ကာကာကုိ ၿပံဳးရႊင္ကာ အရွင္နတ္ဆုိးဘက္သို့ လွည့္လုိက္ၿပန္၏ ။

"အရွင္နတ္ဆုိး ၊ က်ြန္ေတာ္တုိ့ေတြ တစ္ေယာက္နဲ့တစ္ေယာက္
မေတြ ့ၿဖစ္တာ နွစ္ေတြအမ်ားၾကီး ရွိေနၿပီဆုိေတာ့ ဒီေန့ တ၀ၾကီး ေသာက္ၾကရေအာင္ ၊ ဘယ္လုိလဲ"

စီရီဟန္သည္ အၾကီးအကဲရွန္းအား ေခါင္းညိတ္ၿပၿပီး ေၿပာလုိက္သည္ ။
"ဦးေလး ရွန္းက ယဥ္ေက်းလြန္းေနပါၿပီ ။ ဦးေလး ရွန္း ေမးမွေတာ့ က်ြန္ေတ္ာလည္း ေသာက္ရမွာေပါ့"

လြတ္လပ္ေသာနယ္ေၿမထဲတြင္ ဂုိဏ္းၾကီးဂိုဏ္းငယ္မွန္သမ်ွသည္
ရွန္း မိသားစု နွင့္ စီးပြားေရးပတ္သက္မႈမ်ား ရွိၾကရသၿဖင့္ သုိင္းပညာအစည္းအရံုးကပင္ ရွန္း မိသားစုအေပၚ ေလးစားမႈ ၿပေပးရေပသည္ ။

ရီ၀မ္၀မ္သည္ ထိုလူၾကီးအား မခ်ီးက်ဴးဘဲ မေနနုိင္ေပ ။
အၾကီးအကဲ ရွန္း သည္ မာနေထာင္လႊားၿခင္း မရွိတတ္ဘဲ ဂုိဏ္းတုိင္းနွင့္ သင့္ၿမတ္ေအာင္ ေပါင္းသင္းဆက္ဆံတတ္ေပသည္ ။ သူသည္ လြတ္လပ္ေသာနယ္ေၿမ၏ စီးပြားမွန္သမ်ွကုိ ခ်ဳပ္ကုိင္ထားၿပီး လြတ္လပ္ေသာနယ္ေၿမ၏ေနရာတုိင္းကုိ လက္တံဆန့္ထားနုိင္သည္မွာ အံ့ၿသစရာ မရွိပါေခ် ...

"ဟားဟား ၊ အရွင္ ဂ်ိ ၊ အရွင္ နတ္ဆုိး က်ြန္ေတာ့္ေနာက္က ၿမန္ၿမန္ေလး လုိက္ခဲ့ၾက ။ အရွင္တုိ့နွစ္ေယာက္အတြက္ လက္ေဆာင္သီးသန့္ ၿပင္ေပးထားတယ္"

အၾကီးအကဲ ရွန္း သည္ ထုိသုိ့ ေၿပာလုိက္ၿပီးေနာက္
အရွင္ နတ္ဆုိး နွင့္ ဂ်ိရိႈ ့ရန္၏ လက္ကို တရင္းတနွီး ဆြဲကုိင္ကာ
ရွန္း အိမ္ေတာ္ထဲ ေခၚသြားေတာ့ေလသည္ ။

ရီ၀မ္၀မ္သည္ အၾကီးအကဲ ရွန္း ၏ အရွင္နတ္ဆုိးကုိ လက္တစ္ဖက္က ဆြဲေခၚကာ တၿခားတစ္ဖက္က ဂ်ိရိႈ ့ရန္ကုိ ဆြဲေခၚသြားပံုကုိ ၾကည့္ေနမိ၏ ။

သူတု့ိကို ဆြဲေခၚသြားတဲ့ပံုက ဘာလုိ့ .. တမ်ိဳးၾကီး ခံစားေနမိပါလိမ့္ ။

"ဧည့္သည္ေတာ္ ၊ ဖိတ္ၾကားလႊာေလး ၿပေပးပါလား"
ရွန္း မိသားစု၏ ဖိတ္ၾကားလႊာစိစစ္သူသည္ အၿပံဳးေလးၿဖင့္ ရီ၀မ္၀မ္ကုိ ေၿပာလာသည္ ။

ရီ၀မ္၀မ္သည္ သူမ၏ဖိတ္ၾကားလႊာကို ခ်က္ခ်င္း ေပးလုိက္၏ ။

ထိုမိန္းမက ဘာမွ မေၿပာရေသးခင္ သခင္ေလး ရွန္း သည္ သူတုိ့ဆီ ေရာက္ခ်လာကာ ၀င္းပေနသည့္ မ်က္၀န္းတုိ့ၿဖင့္ ရီ၀မ္၀မ္အား ေငးေမာၾကည့္ေနၿပီး ပါးစပ္ပိတ္ကာ ေခါင္းတခါခါ လုပ္လာ၏ ။

"နတ္မိမယ္ေလး ၊ က်ြန္ေတာ္တုိ့ ထပ္ေတြ ့ၾကၿပန္ၿပီေနာ္ .... မင္းကုိ ေတြ ့ရတာ အရမ္းေပ်ာ္တာပဲ ။ မင္းသာ ေရာက္မလာရင္ေလ က်ြန္ေတာ့္ရဲ့ပြဲက လံုး၀ကို အဓိပၸာယ္ရွိေတာ့မွာ မဟုတ္ဘူး"
သခင္ေလး ရွန္း သည္ အကဲပုိစြာၿဖင့္ ရီ၀မ္၀မ္ကုိ ေၿပာေလသည္ ။

"..." ရွင့္ဟာရွင္ လမ္းခြဲပြဲလုပ္တာ က်ြန္မ လာတာမလာတာနဲ့ ဘာမွ မဆုိင္ဘူး ၊ ဟုတ္ပီလား ။

"ေရာ့ .. ယူလုိက္"
သခင္ေလး ရွန္း သည္ ဘဏ္ကတ္တစ္ကတ္ကုိ ထုတ္ယူလုိက္ၿပီး ရီ၀မ္၀မ္ကုိ ေပးလာသည္ ။

"ဒါက ..." ရီ၀မ္၀မ္ သူမ လက္ထဲကို ေရာက္လာသည့္ ထုိဘဏ္ကတ္အား စုိက္ၾကည့္ရင္း ဇေ၀ဇ၀ါ ၿဖစ္ေနမိ၏ ။

....................................................................................

စာစဥ္ ၆၁၊ အခန္း ၁၂။ ေပ်ာ္ရႊင္စရာ လမ္းခြဲပြဲ ၿဖစ္ပါေစ

"သူ ့မွာ ပင္နံပတ္ေတြ မရွိဘူး" သခင္ေလး ရွန္း က ေၿပာသည္ ။

"မဟုတ္ဘူး ၊ က်ြန္မ ေၿပာတာက ..."

"မင္း ၾကိဳက္သေလာက္သာ သံုး" သူက ထပ္ၿဖည့္ေၿပာလာသည္ ။

ရီ၀မ္၀မ္ ။ "..."

"ဒါက ပြဲလာတက္လို့ ေပးတာလား"
ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္ကာ ေမးလုိက္၏ ။

"အင္း ၊ လူတုိင္း တစ္ခုစီ ရၾကတယ္ ။ တစ္ခ်ိဳ့ကက်ေတာ့ ေရႊတံုးေတြ ရတယ္ ၊ တခ်ိဳ့က ေက်ာက္မ်က္ရတနာေတြ ၊ အိမ္တစ္လံုး ၊ ဒါမွမဟုတ္ ကားတစ္စီးစီ ။ မင္းကေတာ့ ... အနက္ေရာင္ဘဏ္ကတ္တစ္ကတ္"
သခင္ေလး ရွန္း မွာ အလြန္တရာပင္ ဂုဏ္ယူေနေလဟန္ ။

"..." ေငြပေဒသာပင္ၾကီးရယ္ ၊ က်ြန္မ ရွင့္ကို ဒူးေထာက္ပါရေစ ။

"မိန္းမလွေလး လာ က်ြန္ေတာ့္ၿခံ၀င္းထဲ လုိက္ၿပေပးမယ္"

သခင္ေလး ရွန္းသည္ကား အၿမီးေလးတေၿမွာက္ေၿမွာက္ၿဖင့္ ဂုဏ္ယူ၀င့္ၾကြားစြာ ဟန္ေရးၿပေနသည့္ ေဒါင္းအလားနွယ္ပင္ ။ ရီ၀မ္၀မ္ေနာက္ကေန လုိက္ကာ ရွန္း စံအိမ္၏ အေရွ့တြင္ ရွိေနသည့္ ထိုအသက္၀င္လြန္းေသာ နဂါးရုပ္တုၾကီးနွစ္ခုအေၾကာင္းကုိ စိတ္အားထက္သန္စြာၿဖင့္ ရွင္းၿပေပးေနသည္ ။

သခင္ေလး ရွန္း သည္ သူ နွင့္ ရီ၀မ္၀မ္အား မၾကာခနဆုိသလုိ မသိမသာ လွမ္းလွမ္းၾကည့္ေနသည့္ မ်က္၀န္းနွစ္စံု ရွိေနသည္ကုိေတာ့ မသိလုိက္ပါေခ် ။ ဘာေၾကာင့္မွန္းမသိဘဲ သူ ့ေက်ာမွာ ေအးစိမ့္ေနသည္ကုိသာ သူ ခံစားေနမိေလသည္ ...

"ဟုိးနွစ္ေတြတုန္းက က်ြန္ေတာ့္အေဖဆီမွာ ဒီရုပ္တုနွစ္ခုကို ထုဆစ္ေပးမယ့္ နာမည္ေက်ာ္ ပညာရွင္ၾကီးတစ္ေယာက္ ရွိတယ္ ။ ဒီနဂါးတစ္ရုပ္ကို ဘယ္ေလာက္ေတာင္ က်လဲ သိလား"
သခင္ေလး ရွန္း က ရီ၀မ္၀မ္ကုိ ေမးလုိက္သည္ ။

"ဘယ္ေလာက္လဲ" ရီ၀မ္၀မ္ သိခ်င္မိပါ၏ ။ ဤနဂါးရုပ္သည္ အနည္းဆံုးေတာ့ ၂ သန္းေလာက္ ကုန္က်ေလာက္ေပသည္ ... သူတုိ့ေတြ အဲ့ေလာက္ၾကီးေတာင္ ခ်မ္းသာၾကတာလား ။

သခင္ေလး ရွန္းက လက္ငါးေခ်ာင္း ေထာင္ၿပလာ၏ ။

"ငါးသန္း လား" ရီ၀မ္၀မ္ အံ့အားသင့္သြား၏ ။
မမ်ားလြန္းဘူးလား ။

"၁၀ ထပ္ေပါင္းလုိက္"
သခင္ေလး ရွန္း က ရယ္ေမာကာ ေၿပာေလသည္ ။

"၅ ဒသမ ၁ သန္း လား" ရီ၀မ္၀မ္ မွန္းဆလိုက္ၿပန္သည္ ။

သခင္ေလး ရွန္းသည္ ေခါင္းကုိ ခါၿပလာကာ ...

"သန္း ငါးဆယ္"

"..." အဲ့ဒါက ၁၀ ထပ္ေပါင္းရမွာ မဟုတ္ဘူး ၊ ၁၀ ဆ တိုးလုိက္လုိ့ ေၿပာရမွာဟ ။

တစ္နည္းဆိုရလ်ွင္ ရွန္း အိမ္ေတာ္ အေရွ့က ထုိနဂါးနွစ္ေကာင္ ရုပ္တုသည္ သန္း ၁၀၀ တန္ေၾကး ရွိေလသည္ ...

"အဲ့ဒီရုပ္တုနွစ္ခုကုိ က်ြန္မကုိ ေပးလုိက္ရင္ေရာ ... ဘယ္လုိလဲ" ရီ၀မ္၀မ္ သခင္ေလး ရွန္း ဘက္သုိ့ လွည့္ကာ ေမးလုိက္သည္ ။

သခင္ေလး ရွန္း သည္ ရီ၀မ္၀မ္ ထုိသုိ့ ေၿပာလာမည္ကုိ မထင္ထားသၿဖင့္ အံ့အားသင့္သြား၏ ။
"လုိခ်င္တယ္ဆုိရင္ မင္းအတြက္ ထုဆစ္ေပးဖုိ့ နာမည္ေက်ာ္ ဆရာၾကီး တစ္ေယာက္ကို ငွားေပးမယ္ေလ ။ ဒါၾကီးေတြက အခုဆုိ အုိေနၿပီ .. အိုေနတာၾကီးကုိ က်ြန္ေတာ္ ေပးစရာလားဗ်ာ"

"မလုပ္နဲ့ ၊ က်ြန္မက ဒီတုိင္း စလုိက္တာ .. တကယ္မဟုတ္ဘူး"

ရီ၀မ္၀မ္ အၿမန္ပင္ ၿငင္းလိုက္ရ၏ ။ ထိုုသူေဌးသားငတံုးသည္ သူမအတြက္ တကယ္ၾကီး လုပ္ေပးလာလ်ွင္ေတာင္ သူမမွာ ထားစရာ ေနရာ မရွိပါေခ် ... ထုိ့ၿပင္ ကုန္က်စရိတ္ကလည္း ၾကီးလြန္းေပသည္ ၊ သူမအေနၿဖင့္ ဒါကုိ လက္မခံနုိင္ပါေခ် ။

"ဟားဟားဟား ၊ ရွန္းၾကီး" ရီ၀မ္၀မ္ ဆက္မေၿပာနုိင္ခင္ အမည္မရွိေသာနန္သည္ သူမအေနာက္ကေန ေပၚလာၿပီး
သခင္ေလး ရွန္းအား လက္သီးဆုပ္ကာ နႈတ္ဆက္လာသည္ ။

"အစ္ကုိ နန္ ၊ ေရာ့ အစ္ကုိ့အတြက္"
သခင္ေလး ရွန္း သည္ ေရႊတံုးတစ္တံုးကုိ ထုတ္ယူလုိက္ၿပီး အမည္မရွိေသာနန္ ကုိ ေပးလုိက္သည္ ။

"ၾကည့္ပါဦး ၊ ရွန္းၾကီး ရာ ငါတုိ့ ဒီေလာက္ေတာင္ ရင္းနွီးေနတာကုိ ဒီလုိေတြ လုပ္စရာလား"
အမည္မရွိေသာနန္ သည္ စိတ္မၾကည္မသာ သြားေလဟန္ၿဖင့္ ထုိေရႊတုံးကုိ သိမ္းလုိက္သည္ကား လွစ္ခနဲ ။

"ညီမေလး ေက်ာ္ၾကားေသာ လည္း ေရာက္ေနၿပီလား"
ေရႊတံုးကုိ သိမ္းလုိက္ၿပီးေတာ့မွသာ ရီ၀မ္၀မ္အား ၿမင္သြားေတာ့ၿခင္းပင္ ။

"ခုနကမွ ေရာက္တာ" ရီ၀မ္၀မ္ ၿပန္ေၿဖလုိက္သည္ ။

ရီ၀မ္၀မ္သည္ တန္တန္ အိမ္မွာ က်န္ခဲ့တာလား ဟု
ေမးၾကည့္ဖုိ့အလုပ္တြင္ လူငယ္အဖြဲ ့သံုးဖြဲ ့သည္ သူတုိ့ဆီ တန္းတန္းၾကီး ေလ်ွာက္လာၾကေလၿပီ ။

"မီးလ်ွံေက်ာင္းေတာ္ ..."

"ေနၾကယ္ေက်ာင္းေတာ္ ..."

"ဆည္းဆာတိမ္လႊာေက်ာင္းေတာ္ ..."

ထုိအဖြဲ ့ကုိ ေတြ ့လုိက္ၾကခ်ိန္ အားလံုး ပြက္ေလာညံကုန္၏ ။

ထုိသံုးဖြဲ ့မွာ မဟာေၾကးစားေက်ာင္းေတာ္ၾကီးမ်ားက
SS အဆင့္ ေၾကးစားေက်ာင္းသားမ်ား ၿဖစ္ၾကသည္ ။

တခ်ိဳ့ဆုိလ်ွင္ SSS-အဆင့္တုိ့ ၿဖစ္ၾက၏ ။

"စီနီယာ အစ္ကုိၾကီး ရွန္း ၊ က်ြန္မတုိ့ ေရာက္ပါၿပီ ။
ေပ်ာ္ .. ေပ်ာ္ရႊင္ ... ေပ်ာ္ရႊင္စရာ လမ္းခြဲပြဲ ၿဖစ္ပါေစ"

မီးလ်ွံေက်ာင္းေတာ္မွ SSS-အဆင့္ ေၾကးစားေက်ာင္းသားတစ္ေယာက္က ဂုဏ္ၿပဳစကားကုိ မနည္းဖ်စ္ညွစ္ေၿပာလုိက္ရၿပီး အေနရခက္ခက္ၿဖင့္ ခ်ီးက်ဴးေထာပနာ ၿပဳလိုက္ရ၏ ။

စီနီယာ အစ္ကုိၾကီး ရွန္း လား ။

ရီ၀မ္၀မ္ အံ့ၿသသြား၏ ။ သူမ တိတ္တိတ္ေလး အမည္မရွိေသာနန္ ကို ေမးၾကည့္လုိက္သည္ ။

"သခင္ေလး ရွန္း ကလည္းပဲ မီးလ်ွံေက်ာင္းသားပဲလား"

....................................................................................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 61
Chapter. : 1 - 12
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၁၊ အခန်း ၁။ တန်တန်ကို အပြင်ခေါ်သွား

နန်လင်းလုံ နှင့် စိုးရိမ်ခြင်းကင်းသောနန်တို့သည် တစ်ယောက်ကိုတစ်ယောက် လျို့ဝှက်စွာ ကြည့်လိုက်ကြ၏ ။

သခင်မကြီး နန် သည် အခုနက အတော်လေး ဘက်လိုက်ခဲ့လေသည် ။

သို့သော် ထိုသည်က ပြသနာမရှိပါချေ ။ ထိုမိန်းမသည် နန်စံအိမ်တွင် ထာဝရ နေသွားမည့်သူ မဟုတ်လေရကား သခင်မကြီး နန် နှင့် တန်တန်ကို ထိုမိန်းမကို ဘဝင်မကျတော့အောင် လုပ်ဖို့ရာ နည်းလမ်းပေါင်း မြောက်များစွာ ရှိနေပါ၏ ။

မကြာမီ သခင်မကြီး နန် သည် အားလုံးကို စားဖို့ရာ ပြောလာသဖြင့် နေ့လည်စာ စားလိုက်ကြ၏ ။

စားပွဲဝိုင်းတွင် တန်တန်သည် ရီဝမ်ဝမ်အား နန် မိသားစု၏ စားသောက်ဖွယ်ရာများကို တောက်လျှောက် မိတ်ဆက်ပေးနေလေ သည် ။ သူသည် ကိုယ်တိုင်ကျ နည်းနည်းသာ စားပြီး စားမြိန်သည့်စားဖွယ်ရာ မှန်သမျှနီးနီးကို ရီဝမ်ဝမ်၏ ပန်းကန်လုံးထဲချည်း ထည့်ပေးနေသည်မှာ ဆက်တိုက် ။

စိုးရိမ်ခြင်းကင်းသော နှင့် နန်လင်းလုံ၏ မျက်နှာမှာ ချက်ချင်း
မင်ကဲ့သို့ မည်းပုတ်သွားကြသော်လည်း အခုချိန်တွင်
ဘာမှတော့ ထပ်မပြောတော့ပါချေ ။

နေ့လည်စာ စားပြီးနောက်တွင် တန်တန်သည် ရီဝမ်ဝမ် သွားမှာကို စိုးရိမ်ကာ ရီဝမ်ဝမ်၏နံဘေးတွင်သာ ကပ်နေတော့ပြီး သူမလက်ကို ကိုင်ထားတော့သည်မှာလည်း မလွှတ်စတမ်း ။

"မာမီ .. ဒီမှာပဲ နေပါလား"
တန်တန်သည် သူမကို မော့ကြည့်လာရင်း အကြံပြုလာသည် ။

နန်လင်းလုံက ရီဝမ်ဝမ် ပြန်မပြောခင် ထပြောလိုက်၏ ။

"တန်တန် ပြသနာမရှာနဲ့ ။ သားအန်တီမှာလည်း လုပ်စရာအလုပ်တွေ ရှိမှာပေါ့"

ရီဝမ်ဝမ်သည် နူးညံ့စွာဖြင့် ပြုံးကာ ပြောလိုက်၏ ။
"ဒီရက်ထဲမှာ လုပ်စရာကလည်း များများစားစား ရှိနေတာမှ မဟုတ်တာ။ အန်တီ နန် ကသာ မကန့်ကွက်ဘူးဆိုရင် မာမီ ဒီမှာ နေပြီး တန်တန့်ကို အဖော်ပြုပေးမှာပေါ့"

တန်တန်သည် ချက်ချင်းပင် သခင်မကြီး နန် ဘက်သို့ လှည့်လိုက်ပြီး သနားကမားမျက်နှာလေးဖြင့် ကြည့်လိုက်လေသည်။
"ဘွားဘွား ..."

"နေလို့ ရပါတယ်ကွယ်"
သခင်မကြီး နန် က အပြုံးဖြင့် ပြန်ဖြေသည် ။

"အိမ်ထဲမှာ အခန်းလွတ် တစ်ခန်းမှ မရှိဘူး"
နန်လင်းလုံက မျက်မှောင်ကြီး ကြုတ်ကာ ပြောလာသည် ။

"ကိစ္စမရှိဘူး ၊ မာမီက ကျွန်တော်နဲ့ အိပ်မှာ ။
ကျွန်တော့်အခန်းရော ကုတင်ရောက ကြီးတယ်"
တန်တန်က အေးစက်စွာဖြင့် ပြန်ပြောသည် ။

ထို့နောက် ရီဝမ်ဝမ်ကို ကြည့်လိုက်ပြီး ...
"မာမီ တန်တန်နဲ့ အိပ်မယ်မလားဟင်"

"အိပ်မှာပေါ့" ရီဝမ်ဝမ် ခေါင်းညိတ်လိုက်သည် ။

ရီဝမ်ဝမ် သဘောတူပေးလိုက်တော့မှသာလျှင် တန်တန်၏ မျက်နှာလေးမှာ အပြုံးလေးတစ်ပွင့် ပွင့်လန်းလာတော့၏ ။

"ဝမ်ဝမ် .. ဒီနေ့လည် လုပ်စရာရှိသေးတယ် မလား ။
သွားရအောင် ၊ ငါ လိုက်ပို့ပေးမယ်"
အမည်မရှိသောနန် သည် ပါးစပ်ကို သုတ်သပ်လိုက်ကာ မတ်တပ်ထရပ်လိုက်၏ ။

ရီဝမ်ဝမ် အံ့အားသင့်သွား၏ ။
ငါ့မှာ လုပ်စရာ ရှိလို့လား ။

အမည်မရှိသောနန် သည် ရီဝမ်ဝမ်ဆီသို့ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်၏ ။
"ဖိန့်ဖိန့်တုန် ဂိုဏ်းကို မေ့နေပြီလား ..."

ရီဝမ်ဝမ် ထိုတော့မှ သူမသည် ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ် အဖြစ် ရှိနေသေးကြောင်းကို အမှတ်ရမိသွားခြင်းပင် ...
သူမသည် နန် စံအိမ်တွင် နေလိုသည်ဆိုလျှင်တောင် လုပ်စရာရှိနေသေးသည့် အလုပ်တို့ကို အရင်ဆုံး ရှင်းထားမှ ဖြစ်ပေမည် ...

"မာမီ ... ဘယ်အချိန် ပြန်လာမှာလဲဟင်"

တန်တန်သည် အလွမ်းမပြေသေးသည့် မျက်နှာငယ်လေးဖြင့် မေးလိုက်ခြင်း ။

"မင်းမျက်နှာကလည်း ရင်ကွဲနေတာကျရော ဘာလဲ
မင်းက ငါတို့နဲ့ မလိုက်ခဲ့ဘူးလား"
အမည်မရှိသောနန်က တန်တန်ကို ကြည့်ကာ ပြောလိုက်ရာ...

တန်တန် ချက်ချင်းပင် မျက်လုံးတို့ ဝင်းပသွားပြီး အမြန်ထရပ်လိုက်ကာ ရီဝမ်ဝမ်၏လက်ကို ဆွဲလိုက်တော့သည် ။

"မလိုက်ရဘူး"
စိုးရိမ်ခြင်းကင်းသောနန် က ချက်ချင်းပင် မတ်တပ်ထရပ်လိုက်၏ ။ "ကိုကိုကြီး .. တန်တန်ကို ဘာလို့ သူစိမ်းမိန်းမတစ်ယောက်နောက် လိုက်ခွင့်ပေးရတာလဲ"

အမည်မရှိသောနန် ပြန်မဖြေရသေးခင် တန်တန်သည် လှည့်လာပြီး အေးစက်စွာ ကြည့်လာလေပြီ ။

"စကားပြော ဆင်ခြင်ပါ ။ သူက သူစိမ်းမိန်းမ မဟုတ်ဘူး ၊ တရုတ်ပြည်က ကျွန်တော့်ရဲ့ မာမီ"

"တန်တန်...မာမီက သားကို စိုးရိမ်လို့ပါ"
စိုးရိမ်ခြင်းကင်းသောနန် က ပြောလိုက်သည် ။

"ဒါဆိုရင် စိုးရိမ်နေတာတွေက မလိုအပ်ဘူး" ဟု
တန်တန် ပြန်ဖြေလိုက်၏ ။

"တော်လောက်ပြီ ။ တန်တန်က ငါနဲ့ သွားမှာ ၊
မင်းက ဘာတွေကို လိုက်ကြောက်နေတာလဲ"

အမည်မရှိသောနန် မှာ စိတ်အလိုမကျ ဖြစ်လာဟန် ။

"တန်တန် ၊ သားက ဝမ်ဝမ် နဲ့ သားဦးလေးနားမှာပဲ နေရမယ်နော် ၊ လျှောက်မပြေးနေနဲ့ ။ နားလည်လား"
တခနအကြာတွင် သခင်မကြီး နန် က ထပြောလာသည် ။

"ဟုတ်ကဲ့ ၊ နားလည်ပါပြီ ဘွားဘွား ..."
တန်တန်က ချက်ချင်း ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်၏ ။

သခင်မကြီး နန် က ခွင့်ပြုနေပြီဖြစ်သဖြင့် နန်လင်းလုံ နှင့် စိုးရိမ်ခြင်းကင်းသောနန်တို့ ကန့်ကွက်ခြင်း မပြုကြတော့ပေ ။

မကြာခင် အမည်မရှိသောနန်သည် ရီဝမ်ဝမ် နှင့် တန်တန်ကို ခေါ်ကာ နန်စံအိမ်ကနေ ထွက်သွားတော့လေပြီ ။

ဝင်ပေါက်ဆီ လျှောက်လာပြီးနောက်တွင် အမည်မရှိသောနန်က ရီဝမ်ဝမ်ဘက်သို့ လှည့်ပြောလိုက်သည် ။
"ဘော့စ် ကျော်ကြားသော ... ငါ သရုပ်ဆောင်တာ ကောင်းတယ်မလား .. ငါ့မှာ လုပ်စရာတွေ ရှိသေးတယ် ၊ ကိုယ့်ဟာကိုယ်ပဲ တန်တန့်ကို ခေါ်သွားပြီး ပျော်ပျော်ကြီးသာ နေပေတော့ ။ ပြီးတော့ ဟဲဟဲ ... ဟိုလေ င့ါဆီမှာ ပိုက်ဆံလည်း သိပ်မရှိတော့ဘူးဆိုတော့ ဘော့စ် ကျော်ကြားသောများ ..."

ရီဝမ်ဝမ် ။ "..."

..............................................................................

စာစဉ် ၆၁၊ အခန်း ၂။ သူက ဂိုဏ်းချုပ်ရဲ့ တိတ်တိတ်ပုန်းသားလား

ရီဝမ်ဝမ် အမည်မရှိသောနန် ကို ကြည့်လိုက်၏ ။ ရှန်း မိသားစု၏ ထိုသူဌေးသား ငွေအိတ်ကြီးသည် သူ့ကို ရွှေချောင်းတစ်ချောင်း ပေးသွားခဲ့ခြင်းကို သူမ အမှတ်ရမိလိုက်ပါ၏ ...

"ရှင် ရွှေချောင်းတစ်ချောင်း ရထားပြီ မဟုတ်ဘူးလား ..."
ရီဝမ်ဝမ် မေးလိုက်၏ ။

အမည်မရှိသောနန် က ရယ်မောလာကာ ...
"ညီမလေး ကျော်ကြားသော ဘာတွေ ပြောနေတာလဲ ။
ရွှေချောင်းက ရွှေချောင်း ၊ ငွေက ငွေ ပဲဟာ ။ တူလို့လား ..."

"အာ ..." ရီဝမ်ဝမ် ခေါင်းညိတ်ပြီး ပြောလိုက်သည် ။
"ဒါဖြင့်ရင် ရှင့်ရွှေချောင်း ကျွန်မကို ပေး ၊ ကျွန်မက ရှင့်ကို ပိုက်ဆံပေးမယ်"

"ညီမလေး ကျော်ကြားသော ..."

အမည်မရှိသောနန် သည် တစ်ခုခုကို ပြောချင်နေဟန်ပင် ၊ သို့သော် အသံတိတ်သွားလေသည် ။

တခနအကြာတွင် အမည်မရှိသောနန်၏ အကြည့်က တန်တန်ပေါ် ကျရောက်သွားပြီး အပြုံးကြီး ပြုံးဖြီးလာကာ ...
"ချစ်တုံးလေး ... အသည်းတုံးတူလေး ..."

"မရဘူး" တန်တန်က ထူးမခြားနားစွာပင် ပြန်ဖြေသည် ။

"တန်တန် ငါက မင်းရဲ့ဦးလေးပါနော်"
အမည်မရှိသောနန်က မျက်မှောင်ကြီး ကြုတ်ကာ ပြောလိုက်၏ ။

သို့သော်

"မရဘူး" ဟု တန်တန်က ထပ်ကာသာ ပြန်ဖြေသည် ။

ရီဝမ်ဝမ်မှာ စိတ်ဓာတ်ကျစွာဖြင့် အမည်မရှိသောနန်အား ကြည့်နေမိ၏ ။

ဒီအရူးပဲ နန် မိသားစုဆီကနေ ပိုက်ဆံတစ်ပြားလောက် ယူသုံးမိရင် တစ်မိသားစုလုံး သေပါစေဆိုပြီး သွေးသစ္စာဆိုခဲ့တာ မဟုတ်ဘူးလား ... ။

သို့သော် ... ယေဘုယျကျကျ ပြောရမည်ဆိုလျှင်
တန်တန်၏ မျိုးရိုးမှာ နန် မဟုတ်ပေ ။ ကံမကောင်းစွာဖြင့် တန်တန်၏ဖခင်မှာ ဘယ်သူဖြစ်ကြောင်းကိုလည်း မသိကြသေးပေ ။

အဆုံးသတ်တွင် ရီဝမ်ဝမ်မှာ ရွေးချယ်စရာ မရှိတော့ဘဲ
ဒေါ်လာ ၁၀၀ ကို ထုတ်ယူလိုက်ကာ အမည်မရှိသောနန် လက်ထဲ ထိုးထည့်ပေးလိုက်ရ၏ ။

"ညီမလေး ကျော်ကြားသော ၊ ကိုကြီး သိသားပဲ ။ ကိုကြီးတို့က ဒီလောက် ခင်တာ .. ကိုကြီးတောင်းရင် ညီမလေး မပေးဘဲ မနေနိုင်ပါဘူးဆို"

အမည်မရှိသောနန် သည် ကျေနပ်အားရစွာ ပြုံးလိုက်ရင်း ထိုပိုက်ဆံကို လက်ခံလိုက်ပြီးနောက် ... အနောက်သို့ ပြန်လှည့်ကြည့်ခြင်း မရှိတော့ဘဲ ကားမောင်းထွက်သွားသည်မှာ ဝူးခနဲ ။

"မာမီ ... တန်တန်တို့ ဘယ်သွားကြမှာလဲဟင်"
တန်တန်သည် သူမအား တိုးတိုးလေး မေးလိုက်သည် ။

"မာမီ့မှာ လုပ်စရာအလုပ်တွေ ရှိသေးတယ် ။ သားက မာမီ့နောက်ကို လိုက်ခဲ့နော် ၊ ဒါပေမယ့် .. တန်တန် စကားကို မဆင်မခြင်ပြောလိုက်လို့ မဖြစ်ဘူးနော်" ရီဝမ်ဝမ်က ပြန်ဖြေသည် ။

"ဘာကို ပြောတာလဲ မာမီ"

တန်တန် စိတ်ရှုပ်ထွေးသွား၏ ။ စကားကို မဆင်မခြင်ပြောလို့ မဖြစ်ဘူး ဆိုသည်ကို နားမလည်ပါချေ ။

ရီဝမ်ဝမ်သည် တခနလောက် တွေးကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"တန်တန် ဖိန့်ဖိန့်တုန်ဂိုဏ်းကို သိလား"

တန်တန်သည် ခေါင်းကို အသာလေး ညိတ်ပြလာသည် ။
"သိတယ် ၊ သူတို့က တစ်စက်လေးမှ မကောင်းကြဘူး"

ရီဝမ်ဝမ် ။ "..."

"ဟိုလေ တန်တန် ... မာမီက အခုလောလောဆယ် ဖိန့်ဖိန့်တုန်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် လုပ်နေတယ်"
ရီဝမ်ဝမ် ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်ရ၏ ။

"မာမီက ... ကိုကြီး ဗိုလ် လား"
တန်တန်ခမျာ အံ့အားသင့်သွားဟန်ပင် ။

"အင်း ... မာမီ တန်တန့်ကို ဖိန့်ဖိန့်တုန်းဂိုဏ်းကို ခေါ်သွားပေးမယ်နော် ၊ ဒါပေမယ့် မာမီရဲ့ တရုတ်ပြည်မှာ နေခဲ့တုန်းက အကြောင်းတွေကို ထုတ်မပြောရဘူး ၊ နားလည်လား"
ရီဝမ်ဝမ်သည် ပြုံးပြုံးလေးဖြင့် ပြန်မေးလိုက်သည် ။

"ဟုတ်" တန်တန်သည် သူ၏မကောင်းဆိုးဝါးဆန်သည့် စရိုက် လုံးလုံး ပျောက်ကာ နာခံရိုကျိုးမှုကား အတိ ။

ရီဝမ်ဝမ် တက္ကစီတစ်စီးကို ငှားလိုက်ပြီး တန်တန်နဲ့အတူ ကားထဲ ဝင်လိုက်ကာ ဖိန့်ဖိန့်တုန်ဂိုဏ်း၏ ရုံးချုပ်ရှိရာဆီ မောင်းခိုင်းလိုက်တော့သည် ။

....

နေ့လည်တွင် ၊ ရီဝမ်ဝမ် နှင့် တန်တန်တို့ ဖိန့်ဖိန့်တုန်ရုံးချုပ်ဆီ ရောက်သွားကြလေပြီ ။

"နှုတ်ဆက်ပါတယ် ၊ ဂိုဏ်းချုပ်"

များစွာသော ဖိန့်ဖိန့်တုန်ဂိုဏ်းသားများသည် ရီဝမ်ဝမ်ကို
တွေ့လိုက်သည်နှ့င် ချက်ချင်း ပြေးကြိုကာ နှုတ်ဆက်လာကြသည် ။

ရီဝမ်ဝမ် ပြန်ခေါင်းညိတ်ပေးလိုက်ပြီး တန်တန်နှင့်အတူ ဓာတ်လှေကားထဲ အမြန်ဝင်လိုက်၏ ။

"ဂိုဏ်းချုပ်နဲ့ ပါလာတဲ့ကလေးက ဘယ်သူလဲ"

ဖိန့်ဖိန့်တုန်ဂိုဏ်းသားတစ်ယောက်က သိလိုစိတ် ထက်သန်စွာဖြင့် မေးလာသည် ။

"မဟုတ်မှလွဲရော ... ငါတို့ ဂိုဏ်းချုပ်ရဲ့ .. တိတ်တိတ်ပုန်း ရထားတဲ့ သားများလား ။ ဂိုဏ်းချုပ်နဲ့ တော်တော်လေးတော့ ဆင်တယ်နော်"

"ပါးစပ်မသရမ်းနဲ့ ။ တော်ကြာ ဂိုဏ်းချုပ် ကြားသွားလို့ မင်းအသက် ပျောက်နေဦးမယ်"

"ဟုတ်တယ် ဟုတ်တယ် ။ ဂိုဏ်းချုပ်ရဲ့ တိတ်တိတ်ပုန်း သား ဆိုရင်တောင်မှ ငါတို့ လက်လွတ်စပယ် ပြောလို့ မဖြစ်ဘူး ..."

...

ရီဝမ်ဝမ် ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့်
ဗိုင်းရပ်စ် နှင့် ဖြူကောင်ကြီးသည် ချက်ချင်း ထလာကာ
သူမဆီ လျှောက်လာသည် ။

သူတို့ကို တွေ့လိုက်ပြီး ရီဝမ်ဝမ် အံ့အားသင့်သွား၏ ။ သူမသည် ထိုဘိုးဘိုးလေး ဗိုင်းရပ်စ် ရုံးခန်းထဲ ရှိနေခြင်းကို လုံးလုံးနီးနီး မေ့ထားမိခဲ့ခြင်းပင် ။

ဖြူကောင်ကြီးနှင့် တန်တန်သည် ခင်မင်ရင်းနှီးသောကြောင့် ဖြူကောင်ကြီးကို စိတ်မပူရပါသော်လည်း ဗိုင်းရပ်စ်ကတော့ ...

.....................................................................................

စာစဉ် ၆၁၊ အခန်း ၃။ မာမီ ပင်ပန်းနေမှာပဲ

သို့သော် ရီဝမ်ဝမ် တန်တန့်ကို ကြည့်လိုက်မိရာ တန်တန်သည် ကြောက်ရွံ့ခြင်း တစိုးတစလေးပင် ရှိမနေ ။ ဖြူကောင်ကြီးကို မြင်လိုက်ပြီး ပိုလို့ပင် ပျော်ရွှင်မှုကြီးစွာဖြစ်သွားသလို အံ့အားသင့်ခြင်းကြီးစွာလည်း ဖြစ်သွားဟန်ပင် ။

"ဖြူကောင်ကြီး"
တန်တန်သည် ဖြူကောင်ကြီးဆီ လက်ကို ဆန့်ထုတ်ပေးလိုက်၏ ။

ဖြူကောင်ကြီးသည် တန်တန်၏နံဘေးကို ဖြည်းဖြည်းချင်း လျှောက်လာကာ ထိုင်ချလိုက်လေသည် ။

ထိုသည်ကို မြင်လိုက်ပြီး ဗိုင်းရပ်စ်သည်လည်း တန်တန့်ဘေး လျှောက်လာကာ ပွတ်သပ်နမ်းရှုံ့တော့သည် ။

ရီဝမ်ဝမ် ဘာမှ မပြောနိုင်သေးခင် ရုံးခန်းတံခါးက တွန်းပွင့်လာပြီး ခုနစ်စင်ကြယ် နှင့် ကြယ်ခုနစ်တို့ ဝင်လာကြသည် ။

"အစ်မ ဖန်း ပြန်လာပြီလား"

ခုနစ်စင်ကြယ်သည် ရုံးခန်းထဲ ဝင်လာကာ ပြောလိုက်ရင်း ရီဝမ်ဝမ်၏နံဘေးတွင် ရပ်နေသည့် တန်တန်ကို တန်းမြင်သွားကာ ။
"လခွမ်း .. အစ်မ ဖန်း ၊ ဒီကလေးက ဘယ်သူလဲ"
ခုနစစ်ကြယ်မှာ အံ့အားသင့်နေ၏ ။

"မာမီ .. သူက အရမ်းဆူတယ်"
တန်တန်သည် ရီဝမ်ဝမ်ကို ပြောလိုက်သည် ။

တန်တန်၏ မာမီ ဟု ပြောလိုက်ချိန်တွင် ခုနစ်စင်ကြယ်တင် မကတော့ဘဲ ကြယ်ခုနစ်ပါ အံ့အားသင့်သွားတော့၏ ။

"မာ .. မာမီ လား"
ခုနစ်စင်ကြယ် နေရာတွင်ပင် ကြက်သေသေသွား၏ ။

သူ ရှော့ရစရာကောင်းတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရတာလား ။

သူတို့ရဲ့အစ်မ ဖန်း .. ဖိန့်ဖိန့်တုန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ၊ ကိုကြီး ဗိုလ် မှာ ဒီလောက်အရွယ် ရှိတဲ့ သားတောင် ရှိနေပြီလား ။

"ကြယ်ခုနစ် ၊ မင်း ကြားလိုက်လား ။ အဲ့ကလေးက အစ်မ ဖန်း ကို
မာမီ တဲ့ .. နေဦး ၊ ငါများ အမြင်မှားနေတာလား ။ ငါ့အမေနဲ့ မတွေ့ရ တာ ကြာနေလို့ လွမ်းလွန်းပြီး ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်တာများလား"
ခုနစ်စင်ကြယ်က ကြယ်ခုနစ်ဘက်သို့ လှည့်ကာ ပြောသည် ။

ကြယ်ခုနစ်သည် သူ့အား ကြည့်လာ၏ ။
"မင်း အဲ့လောက် အမေကို ချစ်တာလည်း မဟုတ်ဘဲနဲ့"

ခုနစ်စင်ကြယ် ။ "..."

"မမြင်မမှားဘူးလို့ ပြောတာ"
ကြယ်ခုနစ်က ထပ်ပြောလိုက်သည် ။

"သေစမ်း ၊ အစ်မ ဖန်း ... အစ်မမှာ .. တကယ်ကြီး ... တကယ်ကြီး ဒီလောက်အရွယ် သား ရှိနေတာလား"

ခုနစ်စင်ကြယ်သည် တန်တန်ကို ကြည့်လိုက်
ရီဝမ်ဝမ်ကို ကြည့်လိုက်ဖြင့် အကဲခတ်နေရာမှ ...
"တော်တော်လေးတော့ ဆင်တယ် ... အစ်မ ဖန်း ၊ ဘယ်သူနဲ့ ရထားတာလဲ"

ရီဝမ်ဝမ် ပြန်မဖြေရသေးခင် ခုနစ်စင်ကြယ်မှာ မျက်နှာအပျက်ကြီး ပျက်ယွင်းသွားသည် ။

"ဂျိဘုရင်တော့ မဟုတ်ပါဘူးနော်"

"င့ါအမြင်တော့ အရှင်နတ်ဆိုးနဲ့ ပိုတူသလိုပဲ"
ကြယ်ခုနစ်က တွေးဆကာ ဆိုလာသည် ။

"ဘာ ... အစ်မ ဖန်း နဲ့ အရှင်နတ်ဆိုးက တိတ်တိတ်လေး သားတစ်ယောက် ရထားတာလား"
ခုနစ်စင်ကြယ်က အော်ပြောလေသည် ။

"ဒါကြောင့်ကိုး .. ဒါကြောင့် အစ်မ ဖန်း နဲ့ အရှင်နတ်ဆိုးတို့ ..." ခုနစ်စင်ကြယ် ချက်ချင်း ပါးစပ်ပိတ်သွား၏ ။

ရီဝမ်ဝမ်သည် သူတို့ကို ဘာမှ ရှင်းမပြနေတော့ဘဲ နဂါးမျက်စောင်းတစ်ခုသာ ပစ်ခွင်းပေးလိုက်တော့၏ ။

"ဟားဟားဟား" ခုနစ်စင်ကြယ်သည် တန်တန်ဆီကို လျှောက်သွားကာ ထိုကလေးရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီးနောက် တန်တန်ကို ကြည့်ကာ ပြုံးဖြီးလိုက်ပြီး ...
"ဒီကလေးလေးမှာ အရမ်းချောတဲ့ မျက်နှာလေး ရှိနေတာပဲ ။
လာပါဦး ... ကိုကြီးကို ဖက်ပါဦး"

တန်တန်သည် ခုနစ်စင်ကြယ်အား တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ရီဝမ်ဝမ်ဘက်သို့ လှည့်လိုက်ကာ ၊
"မာမီ အရမ်းပင်ပန်းနေမှာပဲ"

ရီဝမ်ဝမ် ကြောင်သွားပြီး လွှတ်ခနဲ မေးလိုက်မိ၏ ။
"ဘာကို ပင်ပန်းရမှာလဲ"

"မာမီက ဒီလိုငတုံးတွေနဲ့ နေ့တိုင်း အလုပ်အတူတူ တွဲလုပ်နေရလို့"
တန်တန်က ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်၏ ။

ရီဝမ်ဝမ် ။ "..."

ခုနစ်စင်ကြယ် ။ "..."

ကြယ်ခုနစ် ။ "..."

"အစ်မ ဖန်း ၊ အစ်မရဲ့သားက မထောင်လွှားလွန်းဘူးလား ။ ကြယ်ခုနစ်ကို ဘလိုင်းကြီး ငတုံးလို့ သွားခေါ်နေတယ်"

ခုနစ်စင်ကြယ်က မသိနားမလည်စွာ ချက်ချင်း မေးခွန်းထထုတ်လေသည် ။

ကြယ်ခုနစ်သည် ခုနစ်စင်ကြယ်ကို ကြည့်လိုက်ပြီး ....
"သူက မင်းကို ပြောနေတာ"

"ငါ့သားက နဂိုကတည်းက ထောင်လွှားနေကျ"
ရီဝမ်ဝမ်သည် ခုနစ်စင်ကြယ်ကို ကြည့်ပေးလိုက်၏ ။

ခုနစ်စင်ကြယ် မငြင်းနိုင်ခင် တံခါးခေါက်သံ တဒေါက်ဒေါက် ထွက်လာသည် ။

"ဝင်ခဲ့" ရီဝမ်ဝမ် လှမ်းပြောလိုက်၏ ။

တတိယအကြီးအကဲ လီစီ သည် တံခါးကို ဖွင့်ကာ ရုံးခန်းထဲ ဝင်ချလာလေပြီ ။

"ဂိုဏ်းချုပ်"
လီစီသည် တရိုတသေ တလေးတစားဖြင့် ရီဝမ်ဝမ်အား နှုတ်ဆက်လိုက်၏ ။

"ဘာကိစ္စ ရှိလို့လဲ ၊ တတိယအကြီးအကဲ" ရီဝမ်ဝမ် မေးလိုက်၏ ။

"ဟို ... ရှန်း မိသားစုရဲ့ အကြီးဆုံးသခင်လေးက ဂိုဏ်းချုပ်ကို
တွေ့ချင်လို့တဲ့" တတိယအကြီးအကဲသည် မကွယ်မဝှက်ဘဲ ရိုးသားစွာ ဖြေလိုက်၏ ။

ရီဝမ်ဝမ် အံ့အားသင့်သွားသည် ။

သခင်လေး ရှန်း က ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ်ကို တွေ့ချင်တာလား ။

ထူးဆန်းလိုက်တာ ။

ထိုငွေအိတ်သည် နန် စံအိမ်ကို သွားခဲ့ခြင်းကို ရီဝမ်ဝမ် နားလည်ပေးနိုင်ပါ၏ ၊ သို့သော် ဖိန့်ဖိန့်တုန်ဂိုဏ်းသည်ကတော့ တစ်ခါက ရှန်း မိသားစုထံမှ ပိုက်ဆံများကို ခိုးယူထားခဲ့ဖူးသည် မဟုတ်လား ။ ပြောရမည်ဆိုလျှင်
ဖိန့်ဖိန့်တုန်ဂိုဏ်း နှင့် ရှန်း မိသားစုသည် ရန်သူတွေသဖွယ် ဖြစ်နေလေရာ .. ထိုငွေထုပ် သခင်လေး ရှန်းက အဘယ်ကြောင့် သူမကို တွေ့ချင်နေပါသနည်း ။

..................................................................................

စာစဉ် ၆၁၊ အခန်း ၄။ သူဌေးသားငတုံးကောင် လာလည်ပြန်ပြီ

"အစ်မ ဖန်း ... ရောက်လာကြတဲ့သူတွေက သိပ်မရင်းနှီးနေဘူး ။
ရှန်း မိသားစု က ရန်လာရှာတာပဲ ဖြစ်ရမယ်"
ခုနစ်စင်ကြယ်က အမြန်ပြောသည် ။

"လူဘယ်နှယောက် ပါလာလဲ"
ရီဝမ်ဝမ် တတိယအကြီးအကဲကို မေးလိုက်၏ ။

"သိပ်တော့ မများဘူး ၊ ခုနစ်ယောက် ရှစ်ယောက်လောက်ပဲ" တတိယအကြီးအကဲက ပြန်ဖြေသည် ။

ခုနစ်ယောက် ရှစ်ယောက် ... ဒါဆိုရင်တော့ ရန်လာရှာတာ မဟုတ်လောက်ဘူး ။ ရန်လာရှာတာသာ ဆိုရင် ပြောမနေဘဲ အထဲတန်းဝင်လာမှာပဲ ။

ပြီးတော့ ထိုငွေထုပ် ရှန်း မိသားစု သည် နှုတ်ဆက်လက်ဆောင်အဖြစ် သူမကို ရွှေချောင်းတစ်ချောင်းပါ ပေးသွားခဲ့လေသည် .. ထို့ကြောင့် သူတို့ုသည် အတိတ်က ဒဏ်ရာဒဏ်ချက်တို့ကို ပြန်ဖော်မည့်ဟန် မတူပါချေ ။

"သိပြီ" ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်သည် ။
"သခင်လေး ရှန်း ကို ငါးမိနစ်နေရင် ဒီရုံးခန်းထဲကို ခေါ်လာခဲ့"

"နားလည်ပါပြီ" လီစီ ခေါင်းညိတ်ကာ ထွက်သွားလိုက်၏ ။

နောက်ဆုံးတစ်ခေါက်က ရီဝမ်ဝမ် သောက်မိခဲ့ကတည်းက လီစီသည် ရီဝမ်ဝမ်အပေါ် ထားရှိနေသည့် သံသယများအားလုံးကို ခွာချပစ်လိုက်ပြီး ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ် ဟု နက်နက်ရှိုင်းရှိုင်း လက်ခံလာကာ သူမအား အတိုင်းထက်အလွန်ကို ယုံကြည်လာတော့၏ ။

လီစီ ထွက်သွားပြီးနောက် ရီဝမ်ဝမ်သည် အနက်ရောင်ဝတ်စုံကို လဲဝတ်လိုက်ကာ ပြင်သစ်စတိုင် အထက်တန်းလွှာ ဦးထုပ်ကို ဆောင်းလိုက်ပြီး မျက်နှာတစ်ဝက်ကို ဇာအနက်ရောင်နှင့် အုပ်ထားလိုက်၏ ။

ရှန်းသခင်လေးသည် အစောနကပင် သူမအား နန် စံအိမ်တော်တွင် တွေ့ခဲ့သည် ဖြစ်သဖြင့် သူမ သူ့ကို မှတ်မိမသွားစေလိုပါပေ ။ ထို့ကြောင့် တန်တန်ကိုလည်း အထဲတွင် ပုန်းခိုင်းထားလိုက်၏ ။

ငါးမိနစ်အကြာတွင် ၊ ရှန်း သခင်လေးသည် လူခုနစ်ယောက် ရှစ်ယောက်ကို ဦးဆောင်ကာ ရီဝမ်ဝမ်၏ရုံးခန်းထဲသို့ ဝင်ချလာလေပြီ ။

"ဒီတော့ မင်းက ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ်ပေါ့"

သခင်လေး ရှန်း သည် သူ့သိုင်းသမားများ၏အနောက်တွင် ပုန်းနေကာ မော့ကြည့်ပြီး ရီဝမ်ဝမ်ကို စကားပြောလာ၏ ။

"သခင်လး ရှန်းက ဒီနေ့ ကျွန်မဆီကို ဘာကိစ္စနဲ့များ လာတာလဲ မသိဘူး" ရီဝမ်ဝမ်၏အသံမှာ စိတ်မပါသယောင်ယောင် ။

"ဟဲဟဲ ... ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် က ဟိုတုန်းက ကျွန်တော်တို့
ရှန်း မိသားစုဆီကနေ လာခိုးထားတာဆိုတော့ တော်တော်လေးကို အပြစ်ရှိသလို ခံစားနေရပြီး ကျွန်တော့်ကို မြင်တာနဲ့ အရမ်း ကြောက်နေမှာပဲနော်"

အကြီးဆုံး သခင်လေး ရှန်း သည် သူ့ကိုယ်ရံတော်တွေ နောက်ကနေ ပုန်းနေရင်း အကျယ်ကြီး အော်ပြောလေသည် ။

"..."

ဘယ်သူက ဘယ်သူ့ကို ကြောက်တာလဲ ။ ရှင်ကမှ ကြောက်ချီးပန်းပြီး ရှင့်ကို ကာကွယ်ပေးဖို့ ဒီဆရာကြီးတွေကို ခေါ်လာတာ မဟုတ်ဘူးလား ။ အဲ့လူတွေ နောက်မှာ ပုန်းနေပြီးတော့ ကျွန်မကိုများ ကြောက်တယ်လေး ဘာလေးနဲ့ ။

"သခင်လေး ရှန်း ဒီနေ့ လာတာက ကျွန်မ ကြောက်မကြောက်ကို လာမေးဖို့အတွက်လား" ရီဝမ်ဝမ် မေးလိုက်သည် ။

"ဟားဟား ဂိုဏ်းချုပ် ပိုင် ၊ အမှန်ပြောရရင်ဗျာ အရမ်းကြီး ကြောက်နေဖို့ မလိုပါဘူး ။ ကျွန်တော်တို့ ရှန်း မိသားစုမှာ အပေါဆုံးက ပိုက်ဆံပဲ ။ ဂိုဏ်းချုပ် ရှန်း မိသားစုကနေ လာခိုးသွားတဲ့အကြောင်းကို ရှန်း မိသားစုက ဘယ်သူကမှတောင် မမှတ်မိကြတော့ဘူး"
သခင်လေး ရှန်းက ပြောသည် ။

ခုနစ်စင်ကြယ် ဝင်ပြောလေပြီ ။
"တစ်ယောက်မှ မမှတ်မိတော့ဘူးဆိုရင် မင်းက ဘာကိစ္စ ရောက်ရောက်ချင်း ငါတို့ ခိုးတဲ့အကြောင်းချည်းပဲ ပြောနေတာလဲ ။ တခြားသူတွေထက် မင်းက ကောင်းကောင်းကြီး မှတ်မိနေတာကို ငါ လောင်းရဲတယ်"

"သခင်လေး ရှန်း က ဘာလိုချင်လု့ိလဲ ။ သွယ်ဝိုက်မနေဘဲနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ"
ရီဝမ်ဝမ်သည် အတော်လေးကို စိတ်ချုံးချုံးကျနေလေပြီ ။

ဒီသူဌေးသားက ဘာလို့ ရောက်လာရတာလဲ ။

သခင်လေး ရှန်း သည် လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ကို ဝိုင်းကာထားသည့် သိုင်းပညာရှင်များကို ဖယ်ပေးဖို့ လက်ဟန် ပြလိုက်သည် ။

"ဟဲဟဲ ... ကျွန်တော်တို့ ရှန်း မိသားစုက ယဉ်ကျေးမှုကို အလေးအထားဆုံးပါ ။ ဖိန့်ဖိန့်တုန်ဂိုဏ်းကို ဒီနေ့ အလည်လာတာက
ဒါ ပထမဆုံးအကြိမ်ဆိုတော့ နှုတ်ဆက်လက်ဆောင်တွေ မပါလာလို့ ဘယ်ဖြစ်ပါ့မလဲ"

ရှန်း သခင်လေးသည် ချက်ချင်း ရွှေချောင်းတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ကြယ်ခုနစ်ကို ပေးလိုက်သည် ။
"ရော့ .. ယူလိုက် ၊ အားမနာနဲ့"

ကြယ်ခုနစ် ။ "..."

ကြယ်ခုနစ်သည် ရီဝမ်ဝမ်ဘက် လှည့်ကြည့်လိုက်၏ ။ ရီဝမ်ဝမ် ခေါင်းညိတ်ပြသည်ကို မြင်လိုက်တော့မှသာ ထိုရွှေချောင်းကို လက်ခံလိုက်၏ ... "ကျေးဇူးတင်ပါတယ် သခင်လေး ရှန်း"

"ရော့ .. မင်းလည်း ယူ"

သခင်လေး ရှန်း သည် ရွှေချောင်းတစ်ချောင်းကို ခုနစ်စင်ကြယ်၏ လက်ထဲ ထိုးထည့်ပေးလိုက်သည် ။

"အစ်ကို ရှန်း..." ခုနစ်စင်ကြယ် သူ့ကို ကြည့်လိုက်၏ ။
"အစ်ကို ရှန်း ... အစ်ကိုကလည်း အားနာစရာတွေဗျာ ။ အခုကစပြီးတော့ ကျွန်တော်တို့က ညီအစ်ကိုတွေ ဖြစ်သွားပြီ ။ အစ်ကိုက အစ်ကိုကြီး ၊ ကျွန်တော်က ညီလေး ... အစ်ကိုကြီး လိုတာရှိရင် ကျွန်တော့်ကို ပြောသာပြောလိုက် ။ အစ်ကိုကြီးရဲ့ ဖုန်းနံပတ်က ဘာလဲ ၊ အစ်ကို ရှန်း ။ ရော့ ဒါ ကျွန်တော့် နံပတ် ..."

ရီဝမ်ဝမ်ခမျာ ခုနစ်စင်ကြယ်ကို ကြည့်နေရင်း မျက်နှာကို လက်နှင့် အုပ်ထားမိချေပြီ ။

ရှက်စရာကောင်းလိုက်တာနော် ...

"ဂိုဏ်းချုပ် ပိုင် ရောပဲ ရော့"

သခင်လေး ရှန်းသည် အရှေ့ကို လျှောက်သွားလိုက်ပြီး ရီဝမ်ဝမ်ကို ရွှေချောင်းတစ်ချောင်း ပေးလိုက်ပြန်၏ ။

.................................................................................

စာစဉ် ၆၁၊ အခန်း ၅။ နာမည်ကြီးကြီး ဆရာကြီးတွေချည်း

ရီဝမ်ဝမ်သည် ထိုရွှေချောင်းကို ပြုံးရွှင်စွာဖြင့် လက်ခံလိုက်ကာ .. "သခင်လေး ရှန်း က ယဉ်ကျေးလွန်းနေပါပြီ ။ ဟုတ်သားပဲ ၊
ကျွန်မရဲ့ သူငယ်ချင်းကောင်း နှစ်ယောက်လည်း ရှိသေးတယ် ..."

သခင်လေး ရှန်း အံ့သြသွား၏ ။
"ဘယ်မှာလဲ ၊ ခေါ်သာခေါ်လိုက်"

"ဖြူကောင်ကြီး ၊ နက်ကောင်လေး"
ရီဝမ်ဝမ်သည် ချက်ချင်းပင် ရုံးခန်းထောင့်ဆီကို လှမ်းခေါ်လိုက်၏ ။

ဗိုင်းရပ်စ် နှင့် ဖြူကောင်ကြီးသည် သမ်းဝေလိုက်ပြီး သူတို့ဆီကို ပျင်းတွဲတွဲဖြင့် လျှောက်လာနေကြလေပြီ ။

အကြီးဆုံးသခင်လေး ရှန်း ။ "..."

"အစ်မ ဖန်း ဒါတော့ များသွားပြီ ။ ဖြူကောင်ကြီး နဲ့ ဗိုင်းရပ်စ်ကရော ဘာလို့ နှုတ်ဆက်လက်ဆောင် ရရမှာလဲ"

ခုနစ်စင်ကြယ်သည် ချက်ချင်းပင် သခင်လေးရှန်း ဘက်ကို လှည့်လိုက်ကာ ... "အစ်ကိုကြီး ရှန်း ... ကျွန်တော့်အမေ မကြာခင်က ကားတိုက်ခံထားရလို့ ဆေးရုံတက်နေရတယ် ။ ကျွန်တေ်ာ ဆေးရုံကို သွားပြီး အမေ့ကို ခေါ်လာပေးရမလား"

"ထွက်သွားစမ်း" ရီဝမ်ဝမ် ခုနစ်စင်ကြယ်ကို ငေါက်ပစ်လိုက်၏ ။

ခုနစ်စင်ကြယ်မှာ ရှက်သွားပြီး ဘာကိုမှ ထပ်မပြောလာတော့ ။

"လီစီ ..." ရီဝမ်ဝမ် ခေါ်လိုက်သည် ။

တတိယအကြီးအကဲ သည် တံခါးကို တွန်းဖွင့်လာကာ ..
"ဘာမိန့်မလို့ပါလဲ ၊ ဂိုဏ်းချုပ်"

"သခင်လေး ရှန်း က ရှင့်ကို နှုတ်ဆက်လက်ဆောင် ပေးချင်လို့တဲ့" ရီဝမ်ဝမ် ပြောလိုက်သည် ။

"ဗျာ"
လီစီ အံ့သြသွား၏ ။ သူသည် သခင်လေး ရှန်း နှင့် ပြောဆိုဆက်ဆံခြင်းပင် မရှိခဲ့ဖူးပေ ။
နှုတ်ဆက်လက်ဆောင် ဆိုသည်က ဂိုဏ်းချုပ် ဘာကို ဆိုလိုသနည်း။

လီစီ နောက်ထပ် မတွေးတောနိုင်ခင် ရွှေချောင်းတစ်ချောင်းသည်
သူ့အရှေ့ကို ဘွားကနဲ ပေါ်ချလာလေပြီ ။

လီစီ အလိုက်တသိပင် ထိုရွှေချောင်းကို လက်ခံလိုက်ပြီး
လက်ထဲမှာ ကိုင်ထားမိ၏ ။

"ဟားဟား ၊ သခင်လေး ရှန်း က အရမ်းယဉ်ကျေးလွန်းနေပါပြီ... လာလည်တာကတော့ ထားပါဦး ၊ လက်ဆောင်တွေက သက်သက်မဲ့ဗျာ အားနာစရာကြီး ။ သခင်လေး ရှန်း ဖိန့်ဖိန့်တုန် ဂိုဏ်းထဲမှာလည်း ညီအစ်ကိုတွေ အများကြီး ရှိနေသေးတယ်"
လီစီသည် အပြုံးကြီး ပြုံးကာ သခင်လေး ရှန်း ကို ပြောလိုက်၏ ။

"တတိယအကြီးအကဲ ခင်ဗျား ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ ။ ကျွန်တော့်အစ်ကိုကြီး ရှန်း က ချမ်းသာချင် ချမ်းသာမယ် ၊ ဒါပေမယ့် ဒီလိုလုပ်တာကြီးကတော့ ..."

ခုနစ်စင်ကြယ်သည် ထိုအံ့အားသင့်နေသည့် သခင်လေး ရှန်း ဘက်သို့ လှည့်လိုက်ပြီး ပြုံးပြုံးကြီး ပြောတော့လေသည် ။
"အစ်ကိုကြီး ရှန်း .. ကျွန်တော့်အမေ ဆေးရုံမှာပဲ ရှိသေးတယ် .."

"တော်လောက်ပြီ"
ရီဝမ်ဝမ် စိတ်မရှည်တော့ဘဲ လက်ဝှေ့ယမ်းပြလိုက်၏ ။

ဒီသတင်းသာ အပြင်ကို ပေါက်သွားခဲ့ပါလျှင် ဖိန့်ဖိန့်တုန်ဂိုဏ်း တော့ သူတို့မျက်နှာကို ဘယ်သွားထားရတော့မည်နည်း ။

ဖိန့်ဖိန့်တုန်ဂိုဏ်းက မွဲနေလို့လား ။

အခုတလောတွင် ဖိန့်ဖိန့်တုန်ဂိုဏ်း၏ ငွေရေးကြေးရေးသည် ကျပ်တည်းနေသည် ဆိုသော်လည်း ... သူတိ့ု၏ မျက်နှာကိုတော့ ထိန်းထားရဦးမည် မဟုတ်လော ...

"သခင်လေး ရှန်းကို အားနာလိုက်တာ ။ ကျွန်မတို့က ဒီတိုင်း လျှောက်စနေတာပါ ။ တကယ်တော့ ကျွန်မတို့ ဖိန့်ဖိန့်တုန်ဂိုဏ်း က ငွေငမ်းငမ်းတက်နေတဲ့သူ တွေ မဟုတ်ပါဘူး ..."

ရီဝမ်ဝမ် အပြုံးလေးဖြင့် ကျသွားသည့် သိက္ခာတို့ကို အဖတ်ပြန်ဆယ်လိုက်၏ ။

အကြီးဆုံးသခင်လေးသည်ကတော့ ချက်ချင်းပင် ဒေါသကို ထောင်းခနဲ ။
"ဂိုဏ်းချုပ် ပိုင် စကားက ဘာစကားလဲ ။ ကျွန်တော်တို့ ရှန်း မိသားစု ကရော မွဲနေလို့လား ၊ ကျွန်တော်ကရော မွဲနေလို့လား ။
ရှန်း မိသားစု မှာ အပေါဆုံးက ပိုက်ဆံပဲဗျ ပိုက်ဆံ ... ပိုင် ဂိုဏ်းချုပ် ကျွန်တော့်ကို အထင်သေးနေတာလား"

"ဒါဖြင့်ရင်လည်း ကောင်းပြီလေ" ရီဝမ်ဝမ်သည် စိတ်ဓာတ်ကျသွားလေဟန်ဖြင့် လီစီဘက်သို့ လှည့်လိုက်လေပြီ ။ "ဖိန့်ဖိန့်တုန် ဂိုဏ်းထဲက ညီအစ်ကိုတွေ ညီအစ်မတွေ အားလုံးကို သွားခေါ်လာခဲ့ ။ သခင်လေး ရှန်း က သူတို့ကို နှုတ်ဆက်လက်ဆောင် ပေးမယ်တဲ့ ..."

လီစီ ပြန်မဖြေနိုင်ခင် ရှန်း သခင်လေးက ရယ်မောကာ ပြောလာသည် ။
"ဟဲဟဲ ... မလုပ်နဲ့ ၊ ကျွန်တော့်မှာ ဒီတစ်ခေါက် ရွှေချောင်းတွေ အများကြီး ပါမလာဘူး ။ နောက်တစ်ခေါက် .. နောက်တစ်ခေါက်ပေါ့ ဟဲဟဲ .."

"ကောင်းပါပြီ ၊ သခင်လေး ရှန်း ဒီနေ့ ကျွန်မတို့ဆီ လာတာ နှုတ်ဆက်လက်ဆောင် ပေးဖို့ပဲလား"
ရီဝမ်ဝမ် မေးကြည့်လိုက်၏ ။

"ပိုင် ဂိုဏ်းချုပ် ၊ ရှန်း မိသားစုက သုံးရက်အတွင်း ပွဲတော်ကျင်းပဖို့ ရှိတယ် ။ အဲ့ဒီအချိန်ကျရင် လွတ်လပ်သောနယ်မြေရဲ့ နာမည်ကြီးတဲ့သူ မှန်သမျှ လာတက်ကြမှာ ၊ ဂိုဏ်းချုပ် ပိုင် လည်းပဲ လာတက်နော်"
သခင်လေး ရှန်း သည် ဖိတ်ကြားလွှာများကို ထုတ်ကာ ရီဝမ်ဝမ်နှင့် တခြားသူများအား ကမ်းပေးလိုက်၏ ။

"နှုတ်ဆက်လမ်းခွဲပွဲ ..."
ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွားရသည် ။

သခင်လေး ရှန်းက ဒီတိုင်းလမ်းခွဲရုံလေးကိုလည်း လွတ်လပ်သောနယ်မြေ ကြီး တစ်ခုလုံး သိအောင် လုပ်နေတာလား ။ လမ်းခွဲတာကို ဂုဏ်ယူစရာလို့များ ထင်နေတာလား ။

"ရှန်း မိသားစုရဲ့ပွဲကို လာတက်တာနဲ့ တခြားတန်ဖိုးကြီး လက်ဆောင်တွေလည်း ရဦးမှာနော်"
သခင်လေး ရှန်း က ပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်သည် ။

ခုနစ်စင်ကြယ်၏မျက်လုံးတို့ ချက်ချင်း ဝင်းပသွားပြီး
သခင်လေး ရှန်း ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ...
"အစ်ကိုကြီး ရှန်း ၊ ကျွန်တော့်ကိုလည်း ဖိတ်ကြားလွှာ နှစ်စောင် ပေးပါလား .. ကျွန်တော်လည်း တက်ချင်တယ်"

"အာ .."

သခင်လေး ရှန်းသည် ခုနစ်စင်ကြယ်အား အကဲခတ်ရင်း ကြည့်နေသည် ။ သူသည် လွတ်လပ်သောနယ်မြေထဲက နာမည်ကြီးပုဂ္ဂိုလ်ကြီးများ ကိုသာ ဖိတ်ခေါ်ချင်ခဲ့ခြင်းသာ ...

...............................................................................

စာစဉ် ၆၁၊ အခန်း ၆။ မင်းအတွက် တစ်ခု ၊ င့ါအတွက် တစ်ခု

ခုနစ်စင်ကြယ်၏ တောင်းပန်နေသော သနားကမားရုပ်လေးကို တောင့်ခံနိုင်ခြင်း မရှိတော့သည့် သခင်လေး ရှန်း ကူကယ်ရာမဲ့စွာဖြင့် နှုတ်ဆက်ပွဲ ဖိတ်ကြားလွှာ နှစ်စောင်ကို ပေးလိုက်တော့၏ ။

"အစ်ကိုကြီး ရှန်း ... ဂရုစိုက်ပြန်ပါ ။ တစ်ခုခုလိုရင် ဒီညီလေးကိုသာ ခေါ်လိုက်"

ခုနစ်စင်ကြယ်သည် တံခါးတွင် ရပ်နေရင်း သခင်လေး ရှန်း အား လှမ်းအော်ပြောလိုက်သည် ။

ရီဝမ်ဝမ်မှာ ခုနစ်စင်ကြယ်၏ အပြုအမူကြောင့် ဆွံ့အနေမိ၏ ။
ခုနစ်စင်ကြယ်က အမည်မရှိသောနန် ရဲ့ ပျောက်ဆုံးနေတဲ့ ညီလေး များလား ...

"ရော့ မင်းအတွက် တစ်ခု ၊ ငါ့အတွက်က တစ်ခု"

ခုနစ်စင်ကြယ်သည် ဖိတ်ကြားလွှာတစ်စောင်ကို ကြယ်ခုနစ်အား ပေးလိုက်၏ ။

ကြယ်ခုနစ် ။ "..."

"အစ်မ ဖန်း ၊ အဲ့ဒီသခင်လေး ရှန်း က တကယ့်ကို ငွေအိတ်ကြီးပဲ ။ အခုကစပြီးတော့ ကျွန်တော်တို့တွေ အစ်ကိုကြီး ရှန်း နဲ့ ရင်းရင်းနှီးနှီး နေမှဖြစ်မယ်" ခုနစ်စင်ကြယ်က ရီဝမ်ဝမ်ကို ပြောလိုက်သည် ။

ရီဝမ်ဝမ်သည် ဘာမှ မပြောနေဘဲ သူ့ကို ကြည့်လိုက်၏ ။

"အစ်မ ဖန်း ၊ ရှန်း မိသားစုပွဲကို သွားမှာလား"
ကြယ်ခုနစ်က မေးလာသည် ။

ရီဝမ်ဝမ် တခနလောက် စဉ်းစားလိုက်ပြီး ပြန်ဖြေသည် ။
"ဖိတ်တဲ့သူက လာဖိတ်မှတော့ သွားပေးရမှာပေါ့"

"မဟုတ်တာတွေ လျှောက်မေးနေတယ် ... ရှန်း မိသားစုရဲ့ ပွဲကို သွားတက်ရင် လက်ဆောင်တွေ ဖောဖောသီသီ ရဦးမှာ ။ လာတဲ့သူတိုင်းကို လက်ဆောင်ပေးမယ်လို့ အစ်ကိုကြီး ရှန်း ပြောသွားတာကို မကြားဘူးလား ။ မင်း မသွားဘူးဆိုရင် အဲ့ဒီဖိတ်ကြားလွှာတွေ ငါ့ကို ပေးလိုက်"
ခုနစ်စင်ကြယ်က အမြန်ဝင်ပြောတော့သည် ။

ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်တို့ ထွက်သွားပြီးနောက်တွင် တန်တန်သည် ပုန်းနေရာမှ ထွက်လာကာ ရီဝမ်ဝမ်နံဘေးတွင် နာခံရိုကျိုးစွာဖြင့် လာထိုင်သည် ။

ရီဝမ်ဝမ်သည်ကတော့ ဖိန့်ဖိန့်တုန် ဂိုဏ်း နှင့် ပတ်သက်သည့် စာရွက်စာတမ်းတို့ကို ကိုင်တွယ်ဖြေရှင်းနေ၏ ။

"မာမီ ..." တန်တန်သည် သူမလက်ထဲက စာရွက်စာတမ်းတို့ကို ကြည့်ရင်း တိုးတိုးလေး ခေါ်လာသည် ။

ရီဝမ်ဝမ် မော့ကြည့်လိုက်၏ ။
"ဘာဖြစ်လို့လဲ တန်တန်"

"မာမီ အခုနက ပြီးသွားတဲ့ စာရွက်စာတမ်းထဲမှာ ပြသနာ ရှိနေတယ်" တန်တန်က ပြန်ဖြေသည် ။

"ဟမ်" ရီဝမ်ဝမ် အံ့သြသွား၏ ။
ပြသနာရှိနေတယ်လား .. ဘာပြသနာမှ မရှိဘူးလားလို့ ...

တန်တန်သည် ထိုစာရွက်စာတမ်းတစ်ခုကို ပြန်ဆွဲယူလိုက်ပြီး ပြောလာသည် ။

"မာမီ ... လင်း မိသားစု က အမှောင်ဂိုဏ်းကြီးရဲ့ ပိုင်နက်ထဲမှာ ရှိနေတယ်လေ ။ ဖိန့်ဖိန့်တုန်ဂိုဏ်းက လင်း မိသားစု ကို သွားတိုက်မယ်ဆိုရင် အမှောင်ဂိုဏ်းကြီးပါ ပါလာပြီး ပြသနာအကြီးကြီး တက်လာလိမ့်မယ်"

ရီဝမ်ဝမ် ။ "..."

"တန်တန်လေးက အရမ်းတော်လိုက်တာ ... မာမီ အဲ့ဒါကို သတိမပြုမိလိုက်ဘူး"

ရီဝမ်ဝမ်သည် တန်တန်၏ ဖြူဖွေးနုညက်နေသည့် ပါးလေးအား ဆိတ်ဆွဲမိတော့လေပြီ ။

ဖိန့်ဖိန့်တုန် ဂိုဏ်း၏ နေ့စဉ်ကိစ္စအများစုထဲတွင် အများစုမှာ တခြားဂိုဏ်းများကို သွားတိုက်ဖို့တို့ ဖြစ်ကြသော်လည်း ရီဝမ်ဝမ်သည် ထိုအပိုင်းကို သိပ်မကျွမ်းကျင်ပါချေ ။
တန်တန်၏ သတိပေးချက်ကြောင့်သာ မဟုတ်လျှင် သူမသည် ကပ်ဘေးကြီးကို သွားရန်စမိသလို ဖြစ်တော့ပေမည် ။

"မာမီ့ကို ကြည့်ရတာ ဒါတွေ ကိုင်တွယ်တဲ့နေရာမှာ သိပ်မတော်သေးဘူး ။ ဒီတော့ ... အခုကစပြီးတော့ တန်တန် မာမီနဲ့ ဖိန့်ဖိန့်တုန်ဂိုဏ်းမှာပဲ နေပြီးတော့ ကူညီပေးမယ်နော်"
တန်တန်သည် ရီဝမ်ဝမ်ကို ကြည့်ကာ မေးလာသည် ။

"အမ် ..." ရီဝမ်ဝမ် ဘယ်လို ပြန်ဖြေရမလဲ မသိတော့ ။
သူမသည်လည်း တန်တန်ကို ဖိန့်ဖိန့်တုန် ဂိုဏ်းကို နေ့တိုင်း ခေါ်လာလိုပါ၏ ။ သို့သော် နန် မိသားစုက သေချာပေါက် ခွင့်ပြုပေးမည် မဟုတ်ပေ ...

အရေးကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးသွားသည့်နောက်တွင် တန်တန့်ကို နန် နယ်မြေသို့ ပြန်လိုက်ပို့ပေးလိုက်၏ ။

ထိုညတွင် ရီဝမ်ဝမ် တန်တန်၏အခန်းတွင်သာ အိပ်လိုက်သည် ။

နောက်ရက်များတွင် ရီဝမ်ဝမ်သည် နေ့ဘက်၌ ဖိန့်ဖိန့်တုန်ဂိုဏ်းကို သွားပြီး ညဘက်တွင် နန် စံအိမ်ကို ပြန်လာကာ တန်တန်ကို အဖော်ပြုပေးနေ၏ ။

သူမသည် ချီးထုပ် ရိရွှေ့ဟန် တောင်းဆိုထားသည့် ကိစ္စကို မမေ့ပါသော်လည်း ထိုသည်ကို စုံစမ်းစစ်ဆေးဖို့ရာက အတော်လေး ခက်ခဲပေသည် ။

တကယ်တော့ အရိုးရှင်းဆုံးနည်းလမ်းသည်ကား ဒီအန်အေ စစ်ကြည့်ခြင်းသာ ၊ သို့သော် စိုးရိမ်ခြင်းကင်းသောနန် သည် ဒီအန်အေ စစ်ထားပြီးပြီ ဖြစ်ပြီး သခင်မကြီး နန် နှင့် သခင်ကြီး နန် တို့၏ ဒီအန်အေ နှင့် ကိုက်ညီနေသဖြင့် သူမသည် တန်တန်၏မိခင်ရင်း ဖြစ်ကြောင်း သက်သေပြခဲ့ခြင်းကို ရီဝမ်ဝမ် သိထားပါ၏ ။

ထိုဒီအန်အေ စစ်ချက်ကိုသာ လက်ခံလိုက်လျှင် ထိုစိုးရိမ်ခြင်းကင်းသောနန် က အတု မဟုတ်တော့ပါချေ ။ သို့သော် ရိရွှေ့ဟန်သည်လည်း ငတုံးမဟုတ်သောကြောင့် သူတို့ ဒီအန်အေ စစ်ထားပြီးပြီဖြစ်ကြောင်းကို မသိဘဲနေမှာ မဟုတ်ပေ ။ သို့ဖြစ်ရာ သူမအား အဘယ်ကြောင့် ကူစုံစမ်းပေးခိုင်းလေသနည်း ။

................................................................................

စာစဉ် ၆၁၊ အခန်း ၇။ အကူအညီတောင်းမလို့

ညအချိန်တွင် ဝမ်ဝမ်သည် ကုတင်ပေါ်တွင် လှဲကာ တန်တန်ကို ဖက်ထားရင်းမှ နူးနူးညံ့ညံ့လေး ခေါ်လိုက်၏ ။
"တန်တန်"

"မာမီ ၊ သား မအိပ်သေးဘူး"
တန်တန်က ချက်ချင်းပင် ပြန်ဖြေလာသည် ။

"တန်တန် ၊ သားရဲ့မာမီကို သဘောမကျဘူးလား"
ရီဝမ်ဝမ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်မိ၏ ။

တန်တန်သည် ရီဝမ်ဝမ်ကို တင်းတင်းကျပ်ကျပ်ပင် ဖက်လိုက်ကာ ...
"တန်တန် မာမီ့ကို သဘောကျတယ် .."

"မာမီ့က သားရဲ့ အမေရင်းကို ပြောနေတာ"
ဟု ရီဝမ်ဝမ် ပြောလိုက်ရာ ....

တန်တန် တိတ်ဆိတ်သွာ၏ ။
တခနအကြာတွင် သူ ပြောလာသည် ။
"မကြိုက်လို့ မဟုတ်ပါဘူး ၊ ဒီတိုင်း မာမီ့ကို ပိုကြိုက်လို့"

ရီဝမ်ဝမ် တန်တန်၏ပါးပြင်လေးကို မွှေးကြူပေးလိုက်မိ၏ ။

ချက်ချင်းပင် တန်တန်သည်လည်း သူမပါးအား ပြန်မွှေးမွှေးပေးလာသည် ။

"တန်တန် ၊ သားရဲ့မာမီက အရင်က ဘယ်လိုမျိုးလဲ"
ရီဝမ်ဝမ် မေးလိုက်ပြန်သည် ။

"မာမီက သား မွေးပြီးပြီးချင်းပဲ ထွက်သွားတာ"
တန်တန် ပြန်ဖြေလာသည် ။

တန်တန့်ကို ကြည့်ရင်း ရီဝမ်ဝမ်၏နှလုံးသားလေး တဆစ်ဆစ် နာကျင်လာသလိုလို ။

သနားစရာ တန်တန်လေး ...
မွေးကတည်းက မိဘတွေ မရှိရှာဘူး ...
မိခင်အချစ်နဲ့ ဖခင်အချစ်ကို ငတ်နေရှာမှာ ... ဟူး ...

ရီဝမ်ဝမ်၏ရင်ထဲတွင် တန်တန့်အား သူမ ရှိသမျှအရာအားလုံးကို ပုံအောပြီး ပေးပစ်လိုက်ချင်စိတ် ပေါက်နေမိ၏ ။ သို့သော် ကံမကောင်းချင်တော့ သူမတွင် ဘာမှ ရှိမနေ ။

သူမသည် ကိုယ့်ကိုယ်ကို တန်တန်၏မွေးအမေ မဟုတ်မှန်း သိနေသော်လည်း တန်တန်ကို စတွေ့ချိန်ကတည်းက ဖော်ပြမစွမ်းသာသည့် ခံစားချက်တစ်ခုကို ရနေခဲ့၏ ။ ဘာကြောင့်လဲကို ရီဝမ်ဝမ်ကိုယ်တိုင်ပင် မသိပါသော်လည်း
သူ့အား သူမ၏သားအရင်းနှင့်မခြား ဆက်ဆံမိခဲ့သည် ။ ကြိမ်ဖန်များစွာပင် တန်တန်သည် သူမ၏သားလေး ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ဆိုသည့်အတွေးတို့ ဝင်မိခဲ့သည် ...

"တန်တန် ၊ သားနဲ့ သားမေမေ ဒီအန်အေ စစ်ကြည့်ထားလား"
ရီဝမ်ဝမ် မေးလိုက်ပြန်၏ ။

"သူ အိမ်ပြန်မလာခင် စစ်ကြည့်တယ်၊ ဘာပြသနာမှ မရှိဘူးတဲ့" တန်တန်က ပြန်ဖြေသည် ။

ရီဝမ်ဝမ် ခေါင်းညိတ်လိုက်မိ၏ ။

ဒါဆိုရင်တော့ ထူးဆန်းနေပြီ ...
စိုးရိမ်ခြင်းကင်းသောနန် က အတုမဟုတ်ဘဲ
ရိရွှေ့ဟန်ကသာ သတိကြီးကြီး ထားလွန်းနေတာများလား ။

စိုးရိမ်ခြင်းကင်းသောနန်၏ ဒီအန်အေတောင် စစ်ပြီးပြီ ဖြစ်လေရာ သူမက ဘာကို သွားစစ်ရတော့မည်နည်း ။ အခုလို ထပ်စုံစမ်းနေခြင်းက တစ်ဆိတ်ကို တစ်အိတ် သွားလုပ်ခြင်းနှင့် မတူသွားပေဘူးလား ။

သို့သော်...တစ်ယောက်ယောက်သည် နန် မိသားစု၏ သမီးယောင် ဆောင်ရဲသည် ဆိုရင်တော့ ထိုသူတို့သည် မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားမည်သာ ။ ဒါဆို ဒီအန်အေသည်လည်း မှားနိုင်သလို အတုလုပ်ထားခြင်းလည်း ဖြစ်နိုင်သည် ။

ရီဝမ်ဝမ် ကိုယ့်ဘာသာကိုယ် တွေးနေမိ၏ ။

သူမ၏ခန့်မှန်းချက်သာ မှန်ကန်ခဲ့ပြီး
လွတ်လပ်သောနယ်မြေထဲက မျိုးနွယ်စုကြီးတစ်စုဖြစ်သည့်
နန် မိသားစုသည်ပင် အလိမ်ခံခဲ့ရသည်ဆိုလျှင် ထိုကိစ္စသည် ပေါ့သေးသေး မဟုတ်တန်တော့ ...

စိုးရိမ်ခြင်းကင်းသောနန် သည် တကယ်ပင် အယောင်ဆောင် ဖြစ်နေခဲ့ပြီး တကယ်ပင် လိမ်ညာနေခြင်းဆိုလျှင်
သူမ၏ဘဝသည်လည်း အန္တရာယ်ရှိလှပေသည် ။

ရီဝမ်ဝမ် တခနလောက် အတွေးထဲ နစ်နေမိ၏ ။

အာ ... အခုချိန်မှာ ငါက ဘယ်သူမို့လို့လဲ ။

ဖိန့်ဖိန့်တုန် ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ။

လွတ်လပ်သောနယ်မြေထဲက နာမည်အကျော်ဇောဆုံး
ကိုကြီး ဗိုလ် ၊ ပိုင်ဖန်း ။ လူတိုင်းက ငါ့ကို ကြောက်ရတယ် ၊
ငါက ဘာလို့ တခြားသူကို ပြန်ကြောက်နေရမှာလဲ ။

ပြီးတော့ ဖိန့်ဖိန့်တုန် ဂိုဏ်းက အခုဆိုရင် ငါ့လက်ထဲ လုံးလုံး ရောက်နေပြီ ။ အဖွဲ့တွေ အကုန်လုံးကလည်း ငါ့ကို နာခံနေကြပြီ ။ ကိုကြီး ဗိုလ် အစစ်သာ ပြန်မလာသရွေ့ ငါက ပိုင် ဖန်း ပဲ ။

ငါ ဒီကိစ္စထဲ ဝင်ပါလိုက်မယ်ဆိုရင်တောင် တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ဒီကိစ္စကို ပြောင်ပြောင်တင်းတင်း စုံစမ်းဦးမယ် ဆိုရင်တောင် ဘယ်သူကများ ငါ့ဖိန့်ဖိန့်တုန် ဂိုဏ်းကို ပြသနာလာရှာရဲမှာလဲ ။

"ဟုတ်သားပဲ တန်တန် မာမီ တစ်ခု အကူအညီ တောင်းလို့ ရမလား"
ရီဝမ်ဝမ် တန်တန်ကို ကြည့်လိုက်ရင်း တိုးတိုးလေး မေးလိုက်သည် ။

"ရတယ် မာမီ ၊ ပြောပါ" တန်တန် ခေါင်းညိတ်လာသည် ။

ရီဝမ်ဝမ်သည် တန်တန်၏နားနားကို ကပ်ကာ ပြောလိုက်၏ ။

သူမ၏ ပြောစကားကို ကြားလိုက်ပြီး တန်တန် အတော်လေး အံ့အားသင့်သွားဟန်ပင် ။

"မာမီက .. အဲ့ဒါကို ... ဘာလို့ လိုချင်ရတာလဲဟင်"

"တန်တန်က လိမ်မာပါတယ် ၊ မာမီ အဲ့ဒါကို ပြောပြလို့ မရသေးဘူး .. ဒါပေမယ့် တန်တန် လုပ်ပေးမယ်မလား" ရီဝမ်ဝမ် ပြုံးပြလိုက်၏ ။

.....................................................................................

စာစဉ် ၆၁၊ အခန်း ၈။ လူနှစ်ယောက်ကို ခေါ်သွားမယ်

တန်တန်သည် တခနလောက် တွေးကြည့်လိုက်ပြီး သဘောတူလာသည် ။
"ဟုတ် ... လုပ်ပေးမယ်"

"တန်တန် ဒါကို တန်တန်နဲ့ မာမီ့ကြားက လျို့ဝှက်ချက်ဆိုတာ မှတ်ထားနော် ။ လူတိုင်းကို လိုက်မပြောရဘူး ၊ နားလည်လား"
ရီဝမ်ဝမ် သေသေချာချာ ထပ်မှာလိုက်၏ ။

"ဟုတ် ၊ နားလည်ပါပြီ" တန်တန် ပြန်ဖြေသည် ။

ထိုတော့မှ ရီဝမ်ဝမ်မှာ ထိုလိပ်ခဲတည်းလည်း ဖြစ်နေသည့် ပြသနာကြီးကို ဖြေရှင်းပြီးသွားလေသည် ။

ဘာကြီးပဲ ဖြစ်နေပါစေ ၊ တန်တန်နှင့် ပတ်သက်နေသည့် ဘယ်ကိစ္စကိုမှ သူမ ပေါ့ပေါ့လေး သဘောမထားနိုင်ပါချေ ။ ထိုစိုးရိမ်ခြင်းကင်းသောနန် မှာ အစစ် ဖြစ်လျှင် ရသည် ။
သို့သော် အတုဖြစ်နေမည် ဆိုလျှင်တာ့ ...
တွေးကြည့်ရုံနှင့်ပင် ကြက်သီးထစရာ ကောင်းလှသည်တကား ။

တန်တန်သည် သူမ ပြောသလို လုပ်သရွေ့
အမှန်တရားက ဘွားဘွားကြီး ပေါ်လာမည်သာ ။
စိုးရိမ်ခြင်းကင်းသောနန် သည် အစစ် ဖြစ်သည် ဆိုလျှင်တော့
သူမ ရိရွှေ့ဟန်ကို ထိုအတိုင်းသာ ပြန်ဖြေပေးလိုက်မည်သာ ။

...

နောက်တစ်နေ့ ဖိန့်ဖိန့်တုန်ဂိုဏ်း၏ စာရွက်စာတမ်းတို့ကို ဖတ်ရှုကိုင်တွယ်ပြီးနောက်တွင် ရီဝမ်ဝမ် နန် စံအိမ်သို့ မပြန်တော့ဘဲ
ရှန်း နယ်မြေဆီကို မောင်းသွားလိုက်တော့၏ ။

ရှန်း နယ်မြေ - လွတ်လပ်သောနယ်မြေ၏ မျိုးနွယ်စုကြီး လေးစုထဲက တစ်ခုဖြစ်သည့် ရှန်း မိသားစု စံအိမ် ။

ရီဝမ်ဝမ် လက်ထဲက ဖိတ်ကြားလွှာကို ကြည့်လိုက်၏ ။ ထိုဖိတ်ကြားလွှာတွင် ရေးထားသည့် လိပ်စာအတိုင်း သူမ မောင်းလာခဲ့ပြီး ရှန်း စံအိမ်အနားတွင် ကားထိုးရပ်လိုက်သည် ။

ရီဝမ်ဝမ် ကားထဲကနေ ထွက်လိုက်သည်နှင့်
သံချပ်ကာဝတ်စုံများ ဝတ်စားထားသည့် ယောကျာ်းတစ်ဖွဲ့သည် ချက်ချင်း ရှေ့ထွက်လာကြပြီး လှမ်းအော်တော့သည် ။

"ရှန်း စံအိမ်နားမှာ ကားရပ်လို့ မရဘူး"

သို့သော် ရီဝမ်ဝမ် ဘာမှ မပြောရသေးခင် ထိုယောကျာ်းတွေထဲက တစ်ယောက်သည် ရီဝမ်ဝမ်၏ လက်ထဲက ဖိတ်ကြားလွှာကို လှမ်းမြင်သွား၏ ။

"တောင်းပန်ပါတယ် ... မိန်းကလေး က ပွဲလာတက်တာပါလား"

ထိုယောကျာ်း၏မျက်နှာထက်က ထောင်လွှားမှုတို့ ချက်ချင်း လွင့်ပြယ်သွားလေပြီ ။

ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်၏ ။

"အကြီးဆုံးသခင်လေး ရှန်း ရဲ့ လမ်းခွဲနှုတ်ဆက်ပွဲကို လာတာပါ"

"အိုး .. နားလည်မှုလွဲသွားတာပါ ၊ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပေးပါ"

ထိုယောကျာ်းသည် ပြုံးချိုကြည်သာစွာဖြင့် လက်နှင့် ကြွပါဆိုသည့် အမူအရာ လုပ်ပြလာသည် ။

လွတ်လပ်သောနယ်မြေထဲက မိန်းမလှလေး များစွာသည် အထူးသဖြင့် ပွဲတော်များ ရောက်လာပြီ ဆိုလျှင်
ရှန်း စံအိမ် နားတွင် ရစ်သီနေတတ်ကြ၏ ။ ရှန်း မိသားစု၏ ပွဲတော်ကို လာတက်ကြသူအားလုံးနီးနီးသည် လွတ်လပ်သောနယ်မြေထဲက သြဇာကြီးမားသည့် နာမည်ကြီး ပုဂ္ဂိုလ်များချည်း ဖြစ်ကြသဖြင့် တစ်ယောက်နှစ်ယောက်လောက် ကို အပိုင်ဖမ်းလိုက်နိုင်သည်နှင့် ထိုမိန်းမတို့၏ ဘဝတစ်သက်လုံး အစိုးရိမ်အပူပင်ကင်းစွာ နေထိုင်သွားရနိုင်သည် မဟုတ်ပါလား ။

သူတို့ ရှန်း ခြံဝင်းထဲ ဝင်လိုက်ကြချိန် ထိုဧည့်ကြိုယောကျာ်း၏ ဖုန်း မြည်လာ၏ ။

"တောင်းပန်ပါတယ် ..."

ထိုယောကျာ်းသည် အားတုံ့အားနာ အမူအရာဖြင့် ရီဝမ်ဝမ်ကို ကြည့်လာသည် ။

"ရပါတယ်" ရီဝမ်ဝမ် ပြန်ဖြေလိုက်သည် ။

"ဘာ .. ပြောနေတာလဲ ရှန်း သခင်လေး ။ ကျွန်တေ်ာ့ကို အရှင်နတ်ဆိုးကို သွားကြိုပေးစေချင်နေတာလား ။ ကျွန်တော် အခု ဧည့်သည်အမျိုးသမီးတစ်ယောက်ကို လိုက်ပို့ပေးနေတုန်းပဲ ..." ထိုယောကျာ်း မျက်နှာပျက်သွား၏ ။

ရီဝမ်ဝမ်သည် အရှင်နတ်ဆိုး ဆိုသည်ကို ကြားလိုက်ပြီး ချက်ချင်း စိတ်ဝင်တစား ဖြစ်လာသည် ။

အကြီးဆုံး သခင်လေး ရှန်း က သူ့ရဲ့လမ်းခွဲပွဲကို အရှင်နတ်ဆိုးကိုပါ ဖိတ်ထားနိုင်တာလား ။

"ခင်ဗျာ ... ဂျိဘုရင်ကောပဲလား ။ ဂျိဘုရင်ကိုပါ သွားကြိုပေးစေချင် တာလား"

ရီဝမ်ဝမ် ။ "..."

ရီဝမ်ဝမ်၏ နှုတ်ခမ်းတို့ တွန့်ချိတ်သွားရသည် ။
သူမသည် ထိုသူဌေးသားအား အထင်သေးမိသွားခြင်းပင် ... ဖိန့်ဖိန့်တုန်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ သူမကို လာဖိတ်ရုံတင်မက အရှင်နတ်ဆိုးကိုပါ သွားဖိတ်ထားခဲ့သလို ဂျိရှို့ရန်ကိုလည်း ဖိတ်ထားနိုင်ခဲ့လေသည် ။ တကယ့်ကို အထင်ကြီးစရာတည်း ..

"ဧည့်သည်တော် ... တောင်းပန်ပါတယ် ။ ကျွန်တော့်ကို ဒီမှာ ခနလောက် စောင့်ပေးလို့ ရမလား ။ ရှန်းသခင်လေးက အရေးကြီးဧည့်သည်တော် နှစ်ဦးကို အရင်သွားခေါ်ပေးခိုင်းနေလို့ ။ ရမလားခင်ဗျာ"

ထိုယောကျာ်းသည် ဖုန်းချလိုက်ပြီးနောက် သူမအား တောင်းဆိုဟန် ကြည့်လာသည် ။

"ရပါတယ် ၊ လုပ်စရာရှိတာ သွားလုပ်ပါ"
ရီဝမ်ဝမ် ခေါင်းညိတ်ပြီး သဘောတူလိုက်သည် ။

"ဧည့်သည်တော် .. ဘယ်မှ လျှောက်မသွားဘဲ ဒီမှာပဲ စောင့်နေပေးနော် ။ ပြီးတော့ ရှန်း စံအိမ်ထဲကိုလည်း တစ်ယောက်ထဲ ဝင်မသွားပါနဲ့ ။
ရှန်း စံအိမ် က အကျယ်ကြီးပဲ ၊ တစ်ယောက်ထဲ လျှောက်သွားရင် လမ်းပျောက်သွားလိမ့်မယ်"

ထို့နောက်တွင် ထိုယောကျာ်းမှာ ပြန်လှည့်ကြည့်ခြင်းမရှိဘဲ လှည့်ထွက်သွားတော့လေပြီ ။

ရီဝမ်ဝမ် ။ "..."

ဒီအသံက ဘာလို့ ... ကြွားနေသလိုလိုမျိုးကြီး ။
ရှန်း စံအိမ်က ကြီးလွန်းလို့ လမ်းပျောက်သွားနိုင်တယ်ဆိုပဲ ။
ဖြစ်ရမယ် .. ဘယ်လိုစကားကြီးတုန်း ။

ဧည့်ကြိုယောကျာ်း ထွက်သွားသည့်နောက်တွင် ရီဝမ်ဝမ်သည် စိတ်ရှည်လက်ရှည်ဖြင့် စောင့်နေလိုက်၏ ။

သူ အရှင်နတ်ဆိုး နဲ့ ဂျိဘုရင်ကို တပြိုင်တည်းတော့ ခေါ်မချလာလောက်ပါဘူးနော် ...

...................................................................................

စာစဉ် ၆၁၊ အခန်း ၉။ အရမ်းပျော်နေတယ်နဲ့ တူတယ်

ရီဝမ်ဝမ် ထပ်မစဉ်းစားကြည့်နိုင်ခင် အနောက်ဘက်ကနေ အသံထွက်လာ၏ ။

ရီဝမ်ဝမ် လှည့်ကြည့်လိုက်ရာ သူမအရှေ့တွင် လှတပတလေး ဝတ်စားထားသည့် မိန်းမငယ်လေးများကို တွေ့လိုက်ရ၏ ။

"ဘာလဲဟ" ရီဝမ်ဝမ် မျက်မှောင်တို့ တွန့်ချိုးသွားသည် ။ ထိုမိန်းကလေးများကို သူမ မမှတ်မိသလို သိလည်း မသိပါချေ ။

"အောဟော .. နင်က စည်းကမ်းတွေကို မသိတာလား"

လှတပတရှိသည့် မိန်းကလေးတစ်ယောက်က ရီဝမ်ဝမ်အား ကြည့်လာသည် ။
"နင့်ကိုယ်နင် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းအောင် ဝတ်စားထားတယ်ဆိုတော့ နင်လည်းပဲ ရှန်း စံအိမ်နားက ယောကျာ်းတွေကို ဖြားယောင်းဖို့ ကြံနေတာမလား"

"စိတ်ကုန်စရာပဲ ၊ ကြီးစဉ်ငယ်လိုက်ဆိုတာကို နားမလည်ဘူးလား ။
နင့်ကို ဘယ်သူက ဒီမှာ ရပ်ခွင့် ပေးထားလို့လဲ"

ရီဝမ်ဝမ် ထိုသည်ကို ကြားလိုက်ပြီး တွေးဆမိသွား၏ ။

ရှန်း အိမ်တော်က ပွဲတော်ကျင်းပလိုက်တိုင်း လှတပတမိန်းကလေးများသည် ရှန်း စံအိမ်နား ဝဲနေတတ်သည်ဟု အမည်မရှိသောနန် တစ်ခါက ပြောခဲ့ဖူးလေသည် ။ သူတို့သည် ကံအားလျော်စွာဖြင့် ချစ်သူကောက်ဖမ်းလိုက်နိုင်မည် ဆိုပါက သူတို့ဘဝမှာ ထိုးတက်သွားမည်သာဟု ..

ထိုမိန်းကလေးတွေသည် အမည်မရှိသောနန် ပြောသွားသည့် မိန်းမလှလေးများ ဖြစ်ဟန်တူသည် ။ သူတို့၏ ပြောဟန်ဆိုဟန်အရ သူမကို သူတို့လို တွေးထင်ထားကြဟန်ပင် ။

ခေါင်းဆောင်မိန်းကလေးတစ်ယောက်သည် ရီဝမ်ဝမ်ကို ကြည့်ပြီး မဲ့ရွဲ့ကာ ဆိုလာ၏ ။

"အောဟော ... နင်က ရုပ်လေးကတော့ ချောပါရဲ့ ၊ ဒါပေမယ့် ယဉ်ကျေးမှုတော့ မရှိဘူးပဲ ။ နင့်မျက်နှာလှလှလေး ပျက်စီးသွားအောင် ကုတ်ဖဲ့ပစ်လိုက်ရင် မကောင်းဘူးလား"

ရီဝမ်ဝမ်သည် ထိုအဖွဲ့ကို မျက်လုံးဝေ့ကြည့်လိုက်မိသော်လည်း သူတို့အား အဖက်လုပ်ပြီး စကားပြောချင်စိတ်တော့ ရှိမနေပါပေ ။

"ခွေးမ ၊ အစ်မ ကျိုး က နင့်ကို စကားပြောနေတာ ၊
နင် ကန်းနေတာလား ။ ယွင် မြို့ရဲ့ ကျိုး မိသားစု ဆိုတာကို မကြားဖူးဘူးလား ။ ကျိုး မိသားစုရဲ့ အကြီးဆုံးသခင်မလေးကိုတောင် မသိဘူးလား"

မိန်းကလေးတစ်ယောက်က ရီဝမ်ဝမ်ကို ကြည့်ကာ စူးစူးဝါးဝါး ။

ထိုမိန်းကလေးအားလုံးသည် အထက်တန်းလွှာမိသားစုမှ ဆင်းသက်လာသူများ ဖြစ်သဖြင့် ဂုဏ်သရေရှိသမီးပျိုများဟု ယူဆ၍ ရနိုင်သော်လည်း တကယ့် ဂုဏ်သရေရှိ အထက်တန်းလွှာ မိသားစုကြီးများနှင့်တော့ နေ့နှင့်ညလို အခြားနားကြီး ခြားနားသောကြောင့် အပြင်ဘက်တွင်သာ ဝေ့သီနေရခြင်း ဖြစ်၏ ။

ထို့ပြင် ရှန်း သခင်လေး၏ ပြတ်စဲသွားပြီဖြစ်သည့် ရည်းစားဟောင်းသည်လည်း သူတို့လိုပင် အပြင်မှာ ဝေ့သီနေခဲ့ဖူးသည် ဆိုသည့် ကောလဟလတို့ ရှိလေသည် ။

"ညီမလေး ... နင် အကြီးဆုံးသခင်လေး ရှန်း ကို ကြံနေတာတော့ မဟုတ်ပါဘူးနော်"

ထိုခေါင်းဆောင်မိန်းကလေးက အေးစက်စွာ မေးလိုက်၏ ။

သို့သော် ရီဝမ်ဝမ်သည် သူတို့အား အဖက်လုပ်ခြင်း မရှိဘဲ တိတ်ဆိတ်စွာ ရပ်နေဆဲ ။

"အဟွန့် ... သခင်လေး ရှန်း ကို အပိုင်ဖမ်းဖို့ ကြံနေတယ် ဆိုရင်တော့ အခုကတည်းက လက်လျှော့လိုက်တော့ ။
သခင်လေး ရှန်း က ငါ့လူ .. နားလည်လား"
ထိုမိန်းကလေးက ရှုံ့ကာမဲ့ကာ ။

ရီဝမ်ဝမ်သည် ထိုမိန်းမများ ပြောနေကြသည်ကို လုံးဝကို အာရုံမစိုက်နေပါချေ ။ သူမမျက်လုံးတို့သည် အဝေးတစ်နေရာဆီတွင်သာ ။

ဂျိရှို့ရန်သည် ခါတိုင်းလို ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် တွဲလွဲခိုနေဆဲ ။ ထိုစဉ် ဂျိရှို့ရန် ဘယ်ဘက်က ယောကျာ်းသည်ကား ရှုတည်တည် အေးစက်စက် ။
သူ့မျက်ဝန်းတို့သည် အသင်္ချေအောင် အေးခဲနေသည့် ရေခဲပြင် အလားနှယ် ။

ထိုယောကျာ်းနှစ်ယောက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမနားတွင် ရှိနေကြသည့် မိန်းကလေးများမှာ အံ့သြတုန်လှုပ်ကုန် ကြ၏ ။

"ဂျိ ... ဂျိရှို့ရန် ... ဂျိ ဘုရင်ပါလား"

"ဂျိ ဘုရင်ရဲ့ဘေးက ဘယ်သူလဲ .. အရမ်းချောလိုက်တာ"

"အရှင် နတ်ဆိုးလည်း ဒီည လာတက်မယ်လို့ ကြားတယ် .. ဂျိဘုရင်ဘေးကနေ လျှောက်လာနိုင်တဲ့သူ ဆိုတော့ ...
အကျော်ဇေယျ အရှင်နတ်ဆိုး များလား"

"အရှင်နတ်ဆိုးလား ။ အမှောင်ဂိုဏ်းကြီး သုံးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ အဇူရာဂိုဏ်းရဲ့ အရှင် ၊ အရှင်နတ်ဆိုးလား"

"အစ်မ ကျိုး .. ကြည့်ပါဦး ။ ဂျိ ဘုရင် နဲ့ အရှင်နတ်ဆိုး ညီမတို့ဆီ လာနေပြီ"

"အစ်မ ကျိုး ၊ ဂျိဘုရင်က အစ်မကို ကြည့်နေတယ် ၊
အောင်မလေး ..."

ထိုခေါင်းဆောင်မိန်းမသည် ခပ်ဖျော့ဖျော့သာ ပြုံးကာ ကျက်သရေကို ထိန်းထားလျက် ။
"ဂျိဘုရင်နဲ့သာ ဆိုရင်တော့ ... ငါ သခင်လေး ရှန်းကို မလိုချင်တော့ဘူး"

"အစ်မ ကျိုး ... ဂျိဘုရင်က အစ်မကို တကယ်ကြည့်နေတာ ...
အား သူ ညီမတို့ဘက်ကို လျှောက်လာနေပြီ"

ထိုမိန်းကလေးများမှာ စိတ်လှုပ်ရှားရင်ခုန်လာကြလေပြီ ။

သို့သော် အားလုံးရှော့ရနေချိန် ထိုအဖွဲ့သည် စည်းတွေဘာတွေ မရှိတတ်သည့် တစ်ယောက်သော မိန်းကလေးရှေ့တွင် ရပ်လိုက်လေပြီ ။

"ဧည့်သည်တော် ၊ စောင့်ခိုင်းမိတာ ကြာသွားလို့ တောင်းပန်ပါတယ်" ရှန်း မိသားစုက ဧည့်ကြိုယောကျာ်းသည် ရီဝမ်ဝမ်ဆီ ရောက်သည်နှင့် တောင်းပန်စကား ဆိုလာသည် ။

"ရပါတယ်" ရီဝမ်ဝမ် ပြန်ဖြေလိုက်၏ ။

"ရှောင်ဖန်းလည်း ရောက်နေပြီပဲ"
ရီဝမ်ဝမ် ကို နှုတ်ဆက်လိုက်သူကား ဂျိ ရှို့ရန် ။

သူတို့အနားက မိန်းမပျိုတွေအားလုံး ကျောက်ရုပ်ကြီးလို တောင့်တင်းကုန်ကြ၏ ။

"အင်း ..." ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်သည် ။

ရီဝမ်ဝမ်၏မျက်ဝန်းတို့ စီရီဟန်ပေါ် ကျရောက်သွား၏ ။

"အဟက် ... အရှင်နတ်ဆိုးက ဒီနေ့ တော်တော်စိတ်ကောင်းဝင်နေတဲ့ပုံပဲ ။ သခင်လေး ရှန်း ရဲ့ လမ်းခွဲနှုတ်ဆက်ပွဲကို လာတက်မယ်လို့ ထင်မထားမိဘူး"

စီရီဟန်က သူမကို ကြည့်ကာ
"ဂိုဏ်းချုပ် ပိုင်ဖန်းလည်း အရမ်းပျော်နေတဲ့ပုံပါပဲ"

အရှင်နတ်ဆိုး၏ စကားကို ကြားလိုက်ကြချိန်တွင် ရီဝမ်ဝမ်၏အနောက်က မိန်းမများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည် ။

အစ်မ ကျိုး နှင့် သူမအဖွဲ့သည် ရီဝမ်ဝမ်ဘက်သို့ တုန်လှုပ်စွာ လှည့်ကြည့်လာကြ၏ ။

ပိုင် ... ပိုင်ဖန်း လား ။

ဖိန့်ဖိန့်တုန် ဂိုဏ်းရဲ့ ဂိုဏ်းချုပ် .. ပိုင်ဖန်း လား ။

.......................................................................................

စာစဉ် ၆၁၊ အခန်း ၁၀။ အရမ်းလှတယ်

ရီဝမ်ဝမ်အနားတွင် ရှိနေကြသည့် မိန်းမများမှာ တောင့်တင်းကုန်ကြပြီး တအံ့တသြဖြင့် ရီဝမ်ဝမ်ဘက် လှည့်ကြည့်လာကြသည် ။

ထိုမိန်းမသည် သူတို့လိုဟု သူတို့ အစက ထင်မှတ်ထားခဲ့ကြခြင်းဖြစ်၏။ သူမသည် ရှန်း မိသားစုက ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ ဧည့်သည်တော် ဖြစ်နေလိမ့်မည်ဟု ဘယ်သူ ထင်ပါ့မလဲ ။

ထို့ပြင် သူမသည် ဂျိဘုရင်ကိုလည်း သိနေသည် ၊ အရှင်နတ်ဆိုးကလည်း ဂိုဏ်းချုပ် ပိုင်ဖန်းဟု ခေါ်သွားလေသည် ...

ပိုင်ဖန်း ... လွတ်လပ်သောနယ်မြေထဲက ဖိန့်ဖိန့်တုန်ဂိုဏ်း၏ ခေါင်းဆောင် ။

အစ်မ ကျိုး အလွန်အမင်း ထိတ်လန့်သွားပြီး ဖြူရော်သွား၏ ။
သူမ ဖိန့်ဖိန့်တုန် ဂိုဏ်းရဲ့ ကိုကြီး ဗိုလ်ကို ဘာလုပ်မိလိုက်တာလဲ ။

"ဂိုဏ်း ... ဂိုဏ်းချုပ် ပိုင် .. ကျွန် .. ကျွန်မ အစောနက ..."
အစ်မ ကျိုး ၏ အသံမှာ ကြောက်ရွံ့မှု ၊ စိတ်ဖိစီးမှုတို့ အပြည့် ။

သို့သော် အစ်မ ကျိုး စကားမဆုံးသေးခင် ရီဝမ်ဝမ်သည် သူမပြောသည်ကို မကြားသည့်အလားနှယ် အနောက်သို့ တစ်ချက် လှည့်ကြည့်ခြင်း မရှိတော့ဘဲ ရှန်းအဖွဲ့နှင့် ပါသွားလေပြီ ။

ထိုအဖွဲ့ အဝေးကို ရောက်သွားချိန်တွင် ကျွတ်ကျွတ်ညံလာသည် ။

"အောင်မလေး .. အဲ့ဒီမိန်းမက ဖိန့်ဖိန့်တုန်ဂိုဏ်းကို ထောင်တဲ့သူ ကိုကြီး ဗိုလ် ၊ ပိုင်ဖန်း လား"

"ကိုကြီး ဗိုလ် က မျက်တောင်တစ်ချက် မခတ်ဘဲနဲ့ လူတွေကို သတ်ပစ်တတ်တယ်လို့ ကောလဟလတွေ ထွက်နေတာနော် ။
သူ့ကို သွားရန်စရဲတဲ့ ဂိုဏ်းဆိုတာ မရှိသလောက်ဘဲတဲ့ ..."

"ပိုင်ဖန်းက ဒီလောက်တောင် ငယ်မယ်လို့ မထင်ထားမိဘူး ။ ပိုင်ဖန်းကို ကြွက်သားကြီးတွေနဲ့ ကြမ်းကြမ်းတမ်း ၊ ရက်ရက်စက်စက် ပုံကြီး ပေါက်နေမယ်လို့ ထင်ထားတာ .. အခုတော့ တခြားစီပါလား"

အဖြူရောင်ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ်လေးကို
လိုက်ဖက်ပနံသင့်စွာ ဝတ်ဆင်ထားသော ၊
ပဒုမ္မာပန်းလေး ပွင့်လန်းလာသလိုနှယ် ချောမောလှပလွန်းသော ထိုမိန်းကလေးသည် တကယ်ပင်
ကိုကြီး ဗိုလ် တဲ့လား ...

အနားတွင် ရှိနေသည့် မိန်းမပျိုတစ်ချို့သည် အစ်မ ကျိုးတို့ အဖွဲ့ဘက် လှည့်ကာ ရှုံ့မဲ့ပြောဆိုလာတော့သည် ။

"အစ်မ ကျိုးက ဘာတွေများ ကြောက်နေတာလဲ ။ ဖိန့်ဖိန့်တုန် ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ပိုင်ဖန်းက ဘယ်လိုအဆင့်အတန်းမျိုး မလို့လဲ ။ နင့်အပြစ်လောက်ကို ခေါင်းထဲ ထည့်နေမယ်ထင်လား ။ သူက နင့်ကို မရှိတဲ့လေလိုပဲ တစ်ချိန်လုံး သဘောထားနေရင်နေမှာ"

"အေးလေဟယ် ... သူများကို ဘယ်သူဆိုတာတောင် မသိဘဲနဲ့ ကိုယ့်ကိုယ်ကို ဘဝင်တွေ စွတ်မြင့်နေလိုက်တာ ဆိုတာ .. သေဖို့ပဲ ကောင်းတယ် ။ သူ့ကိုယ်သူ ဘာကြီးလိုလို ထင်နေပေမယ့် ကျိုးမိသားစုတစ်ခုလုံးကတော့ ဖိန့်ဖိန့်တုန်ဂိုဏ်းသားကို တွေ့ရင်တောင် ဦးကျိုးနေရတဲ့ဟာကို မိန်းကလေး ကျိုးကတော့ ဖိန့်ဖိန့်တုန် ရဲ့ ဂိုဏ်းချုပ်ကြီးကိုမှ သွားမာန်မဲရဲသေးတယ် ။ သေချင်နေတာကိုး"

"အဟက် ... ပိုင်ဖန်း က ကျားလို ကြမ်းတဲ့အကောင်ကြီးပါဟ ။ ဘာမဟုတ်တဲ့ ခွေးတစ်ကောင်အပေါ်မှာ အာရုံစိုက်နေပါ့မလား ။ ဂိုဏ်းချုပ် ပိုင်ဖန်း က နင့်ကို လက်စားလာချေလိမ့်မယ်လို့ ထင်ယောင်ထင်မှားတွေ စွတ်တွေးမနေနဲ့ ... ဟာသပဲ"

သူမအနားက မိန်းမပျိုများ၏ လှောင်ပြောင်ထေ့ငေ့ါစကားတို့ကို နားထောင်နေရင်း အစ်မ ကျိုး ၏ မျက်နှာ မှာ ပျက်ယွင်းသထက် ပျက်ယွင်းလာသော်လည်း တစ်ခွန်းမှ ပြန်မလှန်နိုင်တော့ပေ ။

....

တစ်ချိန်တည်းမှာပင် ရှန်း မိသားစု၏ ဧည့်ကြိုယောကျာ်းသည်
ရီဝမ်ဝမ် ၊ ဂျိရှို့ရန် နှင့် အရှင်နတ်ဆိုးတို့ကို ရှန်း စံအိမ်တော်ဆီသို့ ခေါ်သွားပေးနေသည် ။ သူတို့သည် လမ်းတစ်လျှောက်တွင် စကားများများ ပြောဆိုခြင်း မရှိကြပါချေ ။

သုံးယောက်သားသည် ဘေးချင်းယှဉ်ကာ လျှောက်သွားနေကြခြင်း ဖြစ်ပြီး ရီဝမ်ဝမ်သည် ဘယ်သူက ရင်းနှီးသည့်သူ ၊
ဘယ်သူက မရင်းနှီးသည့်သူကို သိသိသာသာ ခွဲခြားပြကာ
ဂျိရှို့ရန်၏နံဘေးကနေ လျှောက်လိုက်လာ၏ ။

"ရှောင်ဖန်း အားရင် အိမ်မှာ ထမင်းလာစားပါဦး"
ဂျိရှို့ရန်က ခပ်လွင်လွင်ရယ်သံ ပြုကာ ပြောလာသည် ။

ရီဝမ်ဝမ် တခနလောက် အံ့သြသွားပြီး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏ ။

"အင်း"

အရှင်နတ်ဆိုး၏ မှုန်ကုတ်နေပြီဖြစ်သည့် မျက်ဝန်းတို့က ဂျိရှို့ရန်ကို ကျော်ကာ ကြည့်လာလေပြီ ။

ပင်လယ်ပြင်တွင် လှိုင်းကြက်ခွပ်လေးတွေ ထနေသလို
ဂျိရှို့ရန်၏ အရောင်နည်းနည်းလက်နေသော မျက်ဝန်းတို့က အရင်နှင့် မတူ တမူကွဲထွက်စွာ ဝတ်ဆင်ထားသော မိန်းကလေးအား လှည့်လှည့်ကြည့်နေသည် ။

ထိုအကြည့်ကို သတိပြုမိလိုက်ပြီး ရီဝမ်ဝမ် သူ့ဘက်ကို လှည့်ကြည့်လိုက်မိ၏ ။

"ဘာဖြစ်လို့လဲ"

ဂျိရှို့ရန်သည် ထိုမိန်းကလေးကို ကြည့်ကာ ..
"မင်းရဲ့ ဒီနေ့ ဝတ်စုံ ..."

ရီဝမ်ဝမ် မျက်ခုံးတို့ ပင့်တက်သွား၏ ။
"ဘာဖြစ်လို့လဲ အရမ်းကြောင်နေလို့လား"

ဂျိရှို့ရန် ပြန်ဖြေလာသည် ။
"အရမ်း လှတယ်"

"တကယ်ကြီးလား ၊ ကျွန်မလည်း အဲ့လိုပဲ ထင်တယ်"
ရီဝမ်ဝမ် ပျော်ရွှင်ကျေနပ်သွားစွာဖြင့် ခေါင်းညိတ်လိုက်၏ ။

နူးညံ့ပြီး ဖြူစင်လွန်းသည့် ပန်းများကို မခုံမင်သည့်ယောကျာ်း မရှိဘူး မဟုတ်ပါလား ။ အနည်းဆုံးတော့ စီရီဟန်သည်လည်း ဒီကျော့ကွင်းထဲ သက်ဆင်းလာနိုင်သည်ဟု သူမ ယုံကြည်ထားမိပါ၏ ။ ဟိုအရင်တုန်းကဆို သူမသည် နူးနူးညံ့ညံ့လေးနှင့် ပျော့ပျော့နွဲ့နွဲ့ဟန် ပြုပြလိုက်သည်နှင့်
သူ့အား ချော့မြှူခြင်းမှာ နှစ်ဆထိရောက်မှု ရှိခဲ့သည်ချည်းသာ ။

....................................................................................

စာစဉ် ၆၁၊ အခန်း ၁၁။ မိန်းကလေးတစ်ယောက်က သူ့ကို ချစ်တဲ့ ယောကျာ်းအတွက် ကြွေရုပ်လေးလို လှနေအောင် ခြယ်မှုန်းတတ်

ဂျိရှို့ရန် တိုးတိုးညင်းညင်း ရယ်မောလာသည် ။
"မင်း ဒီလို ဝတ်စားတာမျိုးကို တစ်ခါမှ မတွေ့ဖူးသေးဘူး"

ရီဝမ်ဝမ်သည် အရှင်နတ်ဆိုးအား တမင်ကြည့်လိုက်ပြီးနောက် ချက်ကျလက်ကျ ပြောလိုက်၏ ။
"မိန်းကလေးတစ်ယောက်က သူ့ကို ချစ်တဲ့ ယောကျာ်းအတွက်ဆို ကိုယ့်ကိုယ်ကို ကြွေရုပ်လေးလို ဖြစ်အောင် ခြယ်မှုန်းတတ်ကြတာပဲလေ"

ဂျိရှို့ရန်သည် ဘာမှ မပြောဘဲ ပြုံးသာ ပြုံးနေလေသည် ။

တစ်ယောက်သော သူကြီးကတော့ မတော်တဆ တက်နင်းမိသည့် သစ်ကိုင်းခြောက်တောင် အမှုန့်ဖြစ်သွားရလေပြီ ။

ရီဝမ်ဝမ်သည် ထိုမှုန်သုန်အေးစက်နေသည့် မျက်နှာရှိသော ယောကျ်ားကို တိတ်တိတ်လေး ခိုးကြည့်လိုက်၏ ။
ထိုယောကျာ်းသည် အမူအရာကင်းမဲ့နေသည် ဆိုသော်လည်း
သူ့ကိုယ်ရောင်ကိုယ်ဝါတို့မှာ လုံးဝကို ခက်ထန်တင်းမာနေလေပြီ ။

ငါ ထင်ထားသလိုပဲ ...

သူမလေး၏ ဆဌမအာရုံသည် မှန်ကန်ခဲ့ပါ၏ ။
ဂျိဘုရင်ကြီး ရှိနေသရွေ့ တစ်ယောက်သောသူကြီးသည်
ဟန်ဆောင်ပန်ဆောင် ဆက်မထိန်းနိုင်တော့သည်သာ ။

တခနအကြာတွင် ဘေးချင်းယှဉ်ကာ လျှောက်လာကြသည့်
သူတို့အဖွဲ့သည် ရှန်းစံအိမ်အဝင်ဝသို့ ရောက်ရှိသွားလေပြီ ။

ထိုမျက်စိမဆုံးနိုင်အောင် ကျယ်ပြောလွန်းသော
ခမ်းနားသည့် ရှန်း စံအိမ်ကြီးကို မြင်လိုက်ရချိန်
ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွား၏ ။

ဒါက အိမ်လား ။ နန်းတော်ကြီး မဟုတ်ဘူးလား ။

ရီဝမ်ဝမ် နောက်ဆုံးတော့ ထိုဧည့်ကြိုယောကျာ်း ပြောသွားသော
ရှန်း စံအိမ်တွင် လမ်းပျောက်နိုင်သည်ဆိုခြင်းကို နားလည်သွားတော့၏ ။ ရှန်း စံအိမ်ကြီးကို မြင်လိုက်ရချိန်တွင် သူမ လုံးဝဆွံ့အမိသွားလေပြီ ။

ရှန်းစံအိမ်ကြီး၏ အရှေ့တွင် မီတာ ၁၀၀ ကျော်အောင် ရှည်လျားပြီး မီတာပေါင်းများစွာ မြင့်မားလှသည့် ၊ ကြီးမားလှသည့် နဂါးရုပ်တုကြီး နှစ်ခု ရှိနေသည် ။ သူတို့သည် တကယ့်နဂါးအစစ်တွေနှင်နှင် အသေးစိတ်ထွင်းထုထားသည် ၊ ရုပ်လုံးကြွလွန်းနေသည် ။

ရီဝမ်ဝမ် ထိုနဂါးရုပ်တုနှစ်ခုကို ငေးကြည့်နေမိချိန် အလွန်တရာ ကြည်ညိုဖွယ်ကောင်းသော သက်လတ်ပိုင်းယောကျာ်းကြီးသည် စံအိမ်ကြီးထဲကနေ ထွက်လာပြီး စီရီဟန်နှင့် ဂျိရှို့ရန်အား အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်လာလေသည် ။

"ဟားဟားဟား ဧည့်သည်တော်ကြီး အရှင် ဂျိ ၊ မတွေ့ရတာ ကြာပါပကောလား ။ ရှန်း မိသားစုရဲ့ ပွဲကို လာတက်ပေးတဲ့အတွက် ကျေးဇူးပါဗျာ ။ အရှင်ရောက်လာတာက ကျွန်တော့်ကို လင်းထင်းသွားစေသလိုပဲ"

"ဟားဟား ဦးလေး ရှန်းကတော့ ပြောတော့မယ် ။
ရှန်း မိသားစုပွဲကို တက်ခွင့်ရတဲ့ ကျွန်တော်ကမှ ဂုဏ်ယူရမှာပါ"
ဂျိရှို့ရန်က ပြုံးစစဖြင့် ပြန်ပြောသည် ။

"ဟားဟား ၊ ဂျိဘုရင်က အရမ်းယဉ်ကျေးလွန်းနေပါပြီ"

အကြီးအကဲ ရှန်း သည် နှစ်နှစ်ကာကာကို ပြုံးရွှင်ကာ အရှင်နတ်ဆိုးဘက်သို့ လှည့်လိုက်ပြန်၏ ။

"အရှင်နတ်ဆိုး ၊ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်
မတွေ့ဖြစ်တာ နှစ်တွေအများကြီး ရှိနေပြီဆိုတော့ ဒီနေ့ တဝကြီး သောက်ကြရအောင် ၊ ဘယ်လိုလဲ"

စီရီဟန်သည် အကြီးအကဲရှန်းအား ခေါင်းညိတ်ပြပြီး ပြောလိုက်သည် ။
"ဦးလေး ရှန်းက ယဉ်ကျေးလွန်းနေပါပြီ ။ ဦးလေး ရှန်း မေးမှတော့ ကျွန်တေ်ာလည်း သောက်ရမှာပေါ့"

လွတ်လပ်သောနယ်မြေထဲတွင် ဂိုဏ်းကြီးဂိုဏ်းငယ်မှန်သမျှသည်
ရှန်း မိသားစု နှင့် စီးပွားရေးပတ်သက်မှုများ ရှိကြရသဖြင့် သိုင်းပညာအစည်းအရုံးကပင် ရှန်း မိသားစုအပေါ် လေးစားမှု ပြပေးရပေသည် ။

ရီဝမ်ဝမ်သည် ထိုလူကြီးအား မချီးကျူးဘဲ မနေနိုင်ပေ ။
အကြီးအကဲ ရှန်း သည် မာနထောင်လွှားခြင်း မရှိတတ်ဘဲ ဂိုဏ်းတိုင်းနှင့် သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံတတ်ပေသည် ။ သူသည် လွတ်လပ်သောနယ်မြေ၏ စီးပွားမှန်သမျှကို ချုပ်ကိုင်ထားပြီး လွတ်လပ်သောနယ်မြေ၏နေရာတိုင်းကို လက်တံဆန့်ထားနိုင်သည်မှာ အံ့သြစရာ မရှိပါချေ ...

"ဟားဟား ၊ အရှင် ဂျိ ၊ အရှင် နတ်ဆိုး ကျွန်တော့်နောက်က မြန်မြန်လေး လိုက်ခဲ့ကြ ။ အရှင်တို့နှစ်ယောက်အတွက် လက်ဆောင်သီးသန့် ပြင်ပေးထားတယ်"

အကြီးအကဲ ရှန်း သည် ထိုသို့ ပြောလိုက်ပြီးနောက်
အရှင် နတ်ဆိုး နှင့် ဂျိရှို့ရန်၏ လက်ကို တရင်းတနှီး ဆွဲကိုင်ကာ
ရှန်း အိမ်တော်ထဲ ခေါ်သွားတော့လေသည် ။

ရီဝမ်ဝမ်သည် အကြီးအကဲ ရှန်း ၏ အရှင်နတ်ဆိုးကို လက်တစ်ဖက်က ဆွဲခေါ်ကာ တခြားတစ်ဖက်က ဂျိရှို့ရန်ကို ဆွဲခေါ်သွားပုံကို ကြည့်နေမိ၏ ။

သူတု့ိကို ဆွဲခေါ်သွားတဲ့ပုံက ဘာလို့ .. တမျိုးကြီး ခံစားနေမိပါလိမ့် ။

"ဧည့်သည်တော် ၊ ဖိတ်ကြားလွှာလေး ပြပေးပါလား"
ရှန်း မိသားစု၏ ဖိတ်ကြားလွှာစိစစ်သူသည် အပြုံးလေးဖြင့် ရီဝမ်ဝမ်ကို ပြောလာသည် ။

ရီဝမ်ဝမ်သည် သူမ၏ဖိတ်ကြားလွှာကို ချက်ချင်း ပေးလိုက်၏ ။

ထိုမိန်းမက ဘာမှ မပြောရသေးခင် သခင်လေး ရှန်း သည် သူတို့ဆီ ရောက်ချလာကာ ဝင်းပနေသည့် မျက်ဝန်းတို့ဖြင့် ရီဝမ်ဝမ်အား ငေးမောကြည့်နေပြီး ပါးစပ်ပိတ်ကာ ခေါင်းတခါခါ လုပ်လာ၏ ။

"နတ်မိမယ်လေး ၊ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော် .... မင်းကို တွေ့ရတာ အရမ်းပျော်တာပဲ ။ မင်းသာ ရောက်မလာရင်လေ ကျွန်တော့်ရဲ့ပွဲက လုံးဝကို အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး"
သခင်လေး ရှန်း သည် အကဲပိုစွာဖြင့် ရီဝမ်ဝမ်ကို ပြောလေသည် ။

"..." ရှင့်ဟာရှင် လမ်းခွဲပွဲလုပ်တာ ကျွန်မ လာတာမလာတာနဲ့ ဘာမှ မဆိုင်ဘူး ၊ ဟုတ်ပီလား ။

"ရော့ .. ယူလိုက်"
သခင်လေး ရှန်း သည် ဘဏ်ကတ်တစ်ကတ်ကို ထုတ်ယူလိုက်ပြီး ရီဝမ်ဝမ်ကို ပေးလာသည် ။

"ဒါက ..." ရီဝမ်ဝမ် သူမ လက်ထဲကို ရောက်လာသည့် ထိုဘဏ်ကတ်အား စိုက်ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေမိ၏ ။

....................................................................................

စာစဉ် ၆၁၊ အခန်း ၁၂။ ပျော်ရွှင်စရာ လမ်းခွဲပွဲ ဖြစ်ပါစေ

"သူ့မှာ ပင်နံပတ်တွေ မရှိဘူး" သခင်လေး ရှန်း က ပြောသည် ။

"မဟုတ်ဘူး ၊ ကျွန်မ ပြောတာက ..."

"မင်း ကြိုက်သလောက်သာ သုံး" သူက ထပ်ဖြည့်ပြောလာသည် ။

ရီဝမ်ဝမ် ။ "..."

"ဒါက ပွဲလာတက်လို့ ပေးတာလား"
ရီဝမ်ဝမ် မျက်မှောင်ကြုတ်ကာ မေးလိုက်၏ ။

"အင်း ၊ လူတိုင်း တစ်ခုစီ ရကြတယ် ။ တစ်ချို့ကကျတော့ ရွှေတုံးတွေ ရတယ် ၊ တချို့က ကျောက်မျက်ရတနာတွေ ၊ အိမ်တစ်လုံး ၊ ဒါမှမဟုတ် ကားတစ်စီးစီ ။ မင်းကတော့ ... အနက်ရောင်ဘဏ်ကတ်တစ်ကတ်"
သခင်လေး ရှန်း မှာ အလွန်တရာပင် ဂုဏ်ယူနေလေဟန် ။

"..." ငွေပဒေသာပင်ကြီးရယ် ၊ ကျွန်မ ရှင့်ကို ဒူးထောက်ပါရစေ ။

"မိန်းမလှလေး လာ ကျွန်တော့်ခြံဝင်းထဲ လိုက်ပြပေးမယ်"

သခင်လေး ရှန်းသည်ကား အမြီးလေးတမြှောက်မြှောက်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ဟန်ရေးပြနေသည့် ဒေါင်းအလားနှယ်ပင် ။ ရီဝမ်ဝမ်နောက်ကနေ လိုက်ကာ ရှန်း စံအိမ်၏ အရှေ့တွင် ရှိနေသည့် ထိုအသက်ဝင်လွန်းသော နဂါးရုပ်တုကြီးနှစ်ခုအကြောင်းကို စိတ်အားထက်သန်စွာဖြင့် ရှင်းပြပေးနေသည် ။

သခင်လေး ရှန်း သည် သူ နှင့် ရီဝမ်ဝမ်အား မကြာခနဆိုသလို မသိမသာ လှမ်းလှမ်းကြည့်နေသည့် မျက်ဝန်းနှစ်စုံ ရှိနေသည်ကိုတော့ မသိလိုက်ပါချေ ။ ဘာကြောင့်မှန်းမသိဘဲ သူ့ကျောမှာ အေးစိမ့်နေသည်ကိုသာ သူ ခံစားနေမိလေသည် ...

"ဟိုးနှစ်တွေတုန်းက ကျွန်တော့်အဖေဆီမှာ ဒီရုပ်တုနှစ်ခုကို ထုဆစ်ပေးမယ့် နာမည်ကျော် ပညာရှင်ကြီးတစ်ယောက် ရှိတယ် ။ ဒီနဂါးတစ်ရုပ်ကို ဘယ်လောက်တောင် ကျလဲ သိလား"
သခင်လေး ရှန်း က ရီဝမ်ဝမ်ကို မေးလိုက်သည် ။

"ဘယ်လောက်လဲ" ရီဝမ်ဝမ် သိချင်မိပါ၏ ။ ဤနဂါးရုပ်သည် အနည်းဆုံးတော့ ၂ သန်းလောက် ကုန်ကျလောက်ပေသည် ... သူတို့တွေ အဲ့လောက်ကြီးတောင် ချမ်းသာကြတာလား ။

သခင်လေး ရှန်းက လက်ငါးချောင်း ထောင်ပြလာ၏ ။

"ငါးသန်း လား" ရီဝမ်ဝမ် အံ့အားသင့်သွား၏ ။
မများလွန်းဘူးလား ။

"၁၀ ထပ်ပေါင်းလိုက်"
သခင်လေး ရှန်း က ရယ်မောကာ ပြောလေသည် ။

"၅ ဒသမ ၁ သန်း လား" ရီဝမ်ဝမ် မှန်းဆလိုက်ပြန်သည် ။

သခင်လေး ရှန်းသည် ခေါင်းကို ခါပြလာကာ ...

"သန်း ငါးဆယ်"

"..." အဲ့ဒါက ၁၀ ထပ်ပေါင်းရမှာ မဟုတ်ဘူး ၊ ၁၀ ဆ တိုးလိုက်လို့ ပြောရမှာဟ ။

တစ်နည်းဆိုရလျှင် ရှန်း အိမ်တော် အရှေ့က ထိုနဂါးနှစ်ကောင် ရုပ်တုသည် သန်း ၁၀၀ တန်ကြေး ရှိလေသည် ...

"အဲ့ဒီရုပ်တုနှစ်ခုကို ကျွန်မကို ပေးလိုက်ရင်ရော ... ဘယ်လိုလဲ" ရီဝမ်ဝမ် သခင်လေး ရှန်း ဘက်သို့ လှည့်ကာ မေးလိုက်သည် ။

သခင်လေး ရှန်း သည် ရီဝမ်ဝမ် ထိုသို့ ပြောလာမည်ကို မထင်ထားသဖြင့် အံ့အားသင့်သွား၏ ။
"လိုချင်တယ်ဆိုရင် မင်းအတွက် ထုဆစ်ပေးဖို့ နာမည်ကျော် ဆရာကြီး တစ်ယောက်ကို ငှားပေးမယ်လေ ။ ဒါကြီးတွေက အခုဆို အိုနေပြီ .. အိုနေတာကြီးကို ကျွန်တော် ပေးစရာလားဗျာ"

"မလုပ်နဲ့ ၊ ကျွန်မက ဒီတိုင်း စလိုက်တာ .. တကယ်မဟုတ်ဘူး"

ရီဝမ်ဝမ် အမြန်ပင် ငြင်းလိုက်ရ၏ ။ ထိုသူဌေးသားငတုံးသည် သူမအတွက် တကယ်ကြီး လုပ်ပေးလာလျှင်တောင် သူမမှာ ထားစရာ နေရာ မရှိပါချေ ... ထို့ပြင် ကုန်ကျစရိတ်ကလည်း ကြီးလွန်းပေသည် ၊ သူမအနေဖြင့် ဒါကို လက်မခံနိုင်ပါချေ ။

"ဟားဟားဟား ၊ ရှန်းကြီး" ရီဝမ်ဝမ် ဆက်မပြောနိုင်ခင် အမည်မရှိသောနန်သည် သူမအနောက်ကနေ ပေါ်လာပြီး
သခင်လေး ရှန်းအား လက်သီးဆုပ်ကာ နှုတ်ဆက်လာသည် ။

"အစ်ကို နန် ၊ ရော့ အစ်ကို့အတွက်"
သခင်လေး ရှန်း သည် ရွှေတုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး အမည်မရှိသောနန် ကို ပေးလိုက်သည် ။

"ကြည့်ပါဦး ၊ ရှန်းကြီး ရာ ငါတို့ ဒီလောက်တောင် ရင်းနှီးနေတာကို ဒီလိုတွေ လုပ်စရာလား"
အမည်မရှိသောနန် သည် စိတ်မကြည်မသာ သွားလေဟန်ဖြင့် ထိုရွှေတုံးကို သိမ်းလိုက်သည်ကား လှစ်ခနဲ ။

"ညီမလေး ကျော်ကြားသော လည်း ရောက်နေပြီလား"
ရွှေတုံးကို သိမ်းလိုက်ပြီးတော့မှသာ ရီဝမ်ဝမ်အား မြင်သွားတော့ခြင်းပင် ။

"ခုနကမှ ရောက်တာ" ရီဝမ်ဝမ် ပြန်ဖြေလိုက်သည် ။

ရီဝမ်ဝမ်သည် တန်တန် အိမ်မှာ ကျန်ခဲ့တာလား ဟု
မေးကြည့်ဖို့အလုပ်တွင် လူငယ်အဖွဲ့သုံးဖွဲ့သည် သူတို့ဆီ တန်းတန်းကြီး လျှောက်လာကြလေပြီ ။

"မီးလျှံကျောင်းတော် ..."

"နေကြယ်ကျောင်းတော် ..."

"ဆည်းဆာတိမ်လွှာကျောင်းတော် ..."

ထိုအဖွဲ့ကို တွေ့လိုက်ကြချိန် အားလုံး ပွက်လောညံကုန်၏ ။

ထိုသုံးဖွဲ့မှာ မဟာကြေးစားကျောင်းတော်ကြီးများက
SS အဆင့် ကြေးစားကျောင်းသားများ ဖြစ်ကြသည် ။

တချို့ဆိုလျှင် SSS-အဆင့်တို့ ဖြစ်ကြ၏ ။

"စီနီယာ အစ်ကိုကြီး ရှန်း ၊ ကျွန်မတို့ ရောက်ပါပြီ ။
ပျော် .. ပျော်ရွှင် ... ပျော်ရွှင်စရာ လမ်းခွဲပွဲ ဖြစ်ပါစေ"

မီးလျှံကျောင်းတော်မှ SSS-အဆင့် ကြေးစားကျောင်းသားတစ်ယောက်က ဂုဏ်ပြုစကားကို မနည်းဖျစ်ညှစ်ပြောလိုက်ရပြီး အနေရခက်ခက်ဖြင့် ချီးကျူးထောပနာ ပြုလိုက်ရ၏ ။

စီနီယာ အစ်ကိုကြီး ရှန်း လား ။

ရီဝမ်ဝမ် အံ့သြသွား၏ ။ သူမ တိတ်တိတ်လေး အမည်မရှိသောနန် ကို မေးကြည့်လိုက်သည် ။

"သခင်လေး ရှန်း ကလည်းပဲ မီးလျှံကျောင်းသားပဲလား"

....................................................................................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘

Продовжити читання

Вам також сподобається

1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
922K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...