လူစားထိုး

By Htoo-6

87.9K 10.3K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 31

737 145 11
By Htoo-6

Unicode

Chapter 31
Date with Lan Kuang
______________________

"နောက်တစ်ခါမှဆို ဘယ်လိုလဲ? ဒီနေ့ တော့ လုပ်စရာရှိလို့ ငါ အချိန်ကြာကြာဆွဲလို့မရဘူး။ တခြားနေ့ကျမှ သောက်ဖို့ မင်းကိုလာရှာမယ်။ Mi Le ကို ငါ့အစားနှုတ်ဆတ်ပေး"

Ran Feng Ge က Cheng Xi Ran လုပ်ပေးသည့် မြစိမ်းရောင်ကော့တေးကို ဆွဲယူ၍ တစ်ကြိုက်တည်းမော့ချပြီး ဖန်ခွက်ကို ချကာ ခေါင်းကို ဟန်ပါပါဆတ် ခါ သည်။ သူ
Cheng Xi Ran ကို လက်မထောင်ပြကာ ချီးမွန်း၏။
"ဝိုး...မင်းရဲ့ ကော့တေးစပ်တာက ပိုပိုကောင်းလာတာပဲ။ အဖျော်ဆရာဘဝနဲ့ အနာဂတ်မှာ အဆုံးမရှိဘူး"

"ကလေကချေလေး"
Ran Feng Ge ၏ တိမ်လိုလေလို အလာ၊အသွားကို Cheng Xi Ran ရင်းနှီးပြီးသားဖြစ်သည်။ သူက သူ့သူငယ်ချင်း သုံးပြီးသားခွက်ကို ကောက်မကာ သူသောက်ဖို့အတွက် ကော့တေး ထပ်ထည့်လိုက်သည်။

Mi Le က ဗန်းတစ်ခုကိုင်၍ လျှောက်လာသည်။ သူမက ကောင်တာပေါ် တံတောင်ဆစ်ထောက်၍ မေးသည်။
"Xiao Ge ဘယ်သွားလဲ?"

"သူ ပြန်သွားပြီ"

"ပြန်သွားပြီလား? ကျွန်မက အခုတင် ကျွန်မတို့ရဲ့ စပ်နည်းအသစ်နဲ့ကော့တေးတချို့ သူ့ကိုစမ်းကြည့်ခိုင်းဖို့ စိတ်ကူးနေတာ။ တကယ်ပဲ ဒီတစ်ကြိမ် သူဘယ်လိုအလုပ်မျိုးကို လက်ခံထားတာလဲ? သူ့ကိုတွေ့တဲ့ အချိန်တိုင်း အလုပ်ရှုပ်နေသလိုပဲ။ အဲဒါ အန္တရာယ်များတဲ့အလုပ်လို့ ရှင်ထင်လား?"

"ဟေး..တခြားယောက်ျားတစ်ယောက်အတွက် သိသိသာသာကြီး စိတ်ပူပြမနေနဲ့လေကွာ။ ကိုယ် မနာလိုမိတော့မယ်"
Cheng Xi Ran က ​မျက်နှာတည်တည်ထား၍ ဆိိုသည်။ သူက Mi Le လို ကောင်တာပေါ် တံတောင်ဆစ်ထောက်၊ အနားနီးအောင် ခေါင်းကိုငုံ့ပြီး သူမ မျက်ဝန်းကို နင့်နင့်နဲနဲကြည့်သည်။

သူမနှင့် လက်မအနည်းငယ်သာကွာသည့် မျက်နှာချောချောကိုကြည့်ပြီး Mi Le တစ်ယောက် Cheng Xi Ran ၏နှုတ်ခမ်းထက်သို့ ငုံ့၍ အနမ်းကြီးကြီးပေးရန် တုန့်ဆိုင်းမနေတော့ပါ။ ထို့နောက် ချော့မော့သည့်လေသံဖြင့် သူမ ပြောလာသည်။
"လိမ္မာစမ်းပါ။ ဘယ်ယောက်ျားက ရှင့်လောက် ဆွဲဆောင်မှုရှိမှာလဲ? ရှင့်ရဲ့ Mi Le လား.. ဒီလိုမျိုး အလစ်သုတ်ခံရမှာ။ စိတ်ချ​စမ်းပါရှင်။"

"ထပ်နမ်းဦး.."
Cheng Xi Ran ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်နေသော်လည်း ဆက်လက်ပြီး
မပျော်ရွှင်ဟန် ဆောင်၍
နောက်တစ်ခါ အနမ်းခံဖို့ကိုင်းလာသည်။

Mi Le က သူ၏ ရလေလိုလေ ဖြစ်ရပ်ကို လက်မြှောက်သလိုမျိုး ကြည့်နေသော်လည်း သူမ၏မျက်ဝန်းများထဲတွင် အပြုံးတို့ပြည့်နှက်နေသည်။
ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး သူမတို့ကို မည်သူကမျှ အာရုံစိုက်မနေကြောင်း တွေ့လျှင် Cheng Xi Ran ၏လည်တိုင်ကို မြဲမြဲသိုင်းဖက်ကာ အားရပါးရနမ်းလေသည်။

Ran Feng Ge က ပတ်ဝန်းကျင်ကို နည်းနည်းမျှဂရုမစိုက်ဘဲ စခန်းသွားနေသည့် သူ့သူငယ်ချင်းနှစ်ယောက်ကို တံခါးဘေးတွင်ရပ်ကာ လှမ်းကြည့်နေသည်။
သူ ယောင်​ယောင်လေးပြုံးကာ ဘားထဲမှ ထွက်ခဲ့ပါ၏။

'စင်စစ်..လူတွေဟာ မြတ်နိုးရမယ့်သူ ပေါ်လာတဲ့အခါ ပိုပြီးပျော်ရွှင်လာကြတာဖြစ်မယ်။ ဟုတ်တယ်မလား?"

Ran Feng Ge ကားကို An Ping ရုံးချုပ်သို့ မောင်းသွားလိုက်ပြီး လမ်းဘေးတစ်နေရာတွင် ရပ်လိုက်သည်။ ထို့နောက် ၁၅လွှာသို့ ဓာတ်လှေကားစီးပြီး တက်ခဲ့၏။

ဓာတ်လှေကားမှ ထွက်လျှင်ထွက်ချင်း ရေပူစမ်းနားက စားပွဲတစ်ခုမှာ ထိုင်နေသည့် Lan Kuang ကို တွေ့လိုက်ရသည်။ Lan Kuang သည် ခါးနားတွင် လျော့တိလျော့ရဲ ထုံးထားသည် အဖြူရောင် ရေချိုးခန်းဝတ်စုံကို ဝတ်ထားရာ သူ၏ စနစ်တကျလေ့ကျင့်​ထားသော ရင်အုံမှာ ပြူထွက်နေသည်။
ရှုပ်ထွေး စိုဖတ်နေသည့် ဆံသားများမှ ရေစက်များမှာ သူ့လည်တိုင်ပေါ် တပေါက်ပေါက်ကျနေဆဲပေ။ သူ့ကိုကြည့်ရသည်မှာ
ထိုနေရာတွင်ထိုင်ပြီး အတော်လေး သက်သောင့်သက်သာဖြစ်၊ အပန်းပြေအနားယူနေပုံပေါ်သည်။

Lan Kuang ကခြေချိတ်ထိုင်နေပြီး ခြေထောက်တွင် ကြိုးသိုင်းဖိနပ်တစ်ရံစီးထားသည်။ သူ့လက်ထဲမှာ ဝိုင်တစ်ခွက်ရှိနေ၏။ သူက Ran Feng Ge ဆီတစ်ချက်လှမ်းကြည့်လာပြီး Ran Feng Ge ကလည်း သူ့ဆီလျှောက်သွားလိုက်သည်။
အပြုံးယောင်ယောင်တစ်ခု Lan Kuang မျက်နှာတွင်​ပေါ်လာ၏။
"ငါတို့ ချိန်းထားတာကို မင်းမေ့သွားပြီပဲ ထင်နေတာ"

Lan Kuang က တမင်တကာ ရင်းရင်းနှီးနှီးစကားမျိုး ရွေးဆိုသည်။ သူ့စကားအပေါ် တုန့်ပြန်ချက်အဖြစ်ပေါ်လာသည့် Ran Feng Ge ၏နဖူးထက်က လှိုင်းတွန့်ကလေးများကိုလည်း မလွတ်လိုက်ပါ။

Ran Feng Ge က Lan Kuang နှင့် မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်သည်။ သူက ဝိုင်ပုလင်းကို ကောက်ကိုင်ပြီး သူ့အတွက် တစ်ခွက်လောင်းထည့်လိုက်သည်။
တစ်ငုံသောက်ရင်း တုန့်ပြန်ပြောလိုက်၏။
"ဘယ်လို မေ့နိုင်မှာလဲ..ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်ကယ်တင်ရှင် ဖြစ်နေတုန်းပဲလေ"

Lan Kuang က ရုတ်တရက် လက်ဆန့်ကာ Ran Feng Ge ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်သည်။ ဝိုင်နောက်တစ်ငုံ မသောက်နိုင်အောင် တားမြစ်၏။

Ran Feng Ge မျက်ခုံးတစ်ဖက်ပင့်ပြီး သူ့ကို ပဟေဠိဖြစ်သလို ကြည့်လိုက်သည်။
"ခင်ဗျား ဒီလောက် ကပ်စေးနည်းစရာလိုလို့လား? ကျွန်တော့်ကို ဝိုင်လေးတစ်​ခွက်တောင် သောက်ခွင့်မပြုနိုင်ဘူး..? စိတ်မပူပါနဲ့ ပြီးရင် ခင်ဗျားငွေ ပြန်ပေးမှာပါ"
Ran Feng Ge က ကြားထဲမှာရပ်ကာ သူ့ခွက်ကို Lan Kuang ဆီစောင်းပြပြီးမှ ဆက်ပြောသည်။
"ဒီဝိုင်တစ်ခွက်ဖိုး အပါအဝင်ပေါ့"

Lan Kuang မေးကြောကိုတင်းကာ တစ်ဖက်သူကိုကြည့်လိုက်၏။
Ran Feng Ge ငွေစကားပြောပြန်သည်။ယခုနှင့်ဆို သုံးကြိမ်ရှိပြီ။

"မင်းရဲ့ ဒဏ်ရာက သောက်လို့ရလောက်အောင် ပျောက်သေးလို့လား? ဒါက ဝိုင်နီဖြစ်​နေရင်တောင်
မင်း ဒဏ်ရာအတွက် မသင့်တော်သေးဘူး"
Lan Kuang ၏အသံတွင် စိတ်တိုင်းမကျမှုနှင့် ရှုသိုးသိုးဖြစ်မှုသဲလွန်စများ ပါနေသည်။

Ran Feng Ge တစ်ယောက် Lan Kuang ကို စက္ကန်အတော်ကြာ စိုက်ကြည့်ပြီးမှ ဖွဖွရယ်လိုက်သည်။
"အဲဒါက ခင်ဗျားနဲ့ဘာမှမပတ်သတ်ဘူးဆိုတာတော့ ကျွန်တော် တော်တော်လေးသေချာတယ်"

"မင်းကို ငါ့ရင်ခွင်ထဲမှာ ပွေ့သယ်ပြီး အရေးပေါ်ခန်းဆီ နောက်တစ်ကြိမ် မသွားချင်လို့ပေါ့။"
Lan Kuang က သူ​၏ စကားလုံးများကို ပို၍ပင်ကျွမ်းဝင်သယောင်ပြုပြောလာသည်။

"ဒါက ဝိုင်လေးတစ်ခွက်ပဲဟာ။ ကျွန်တော်က အဲ့သလောက်အားမနည်းပါဘူး"
Ran Feng Ge အကြောင်းအရာကို ချက်ချင်းပြောင်းလိုက်သည်။
"ခင်ဗျား ကျွန်တော်နဲ့ မသောက်ချင်ဘူးဆိုလည်း... ပိုက်ဆံပြန်ပေးပြီးရင် ကျွန်တော် သွားတော့မယ်"

Ran Feng Ge ဖန်ခွက်ကို စားပွဲပေါ်ချကာ သူ့အင်္ကျီထဲမှ ချက်လက်မှတ်တစ်စောင် ဆွဲထုတ်လိုက်သည်။
ထိုဟာကို Lan Kuang ဘက်တွန်းပို့ရင်း သူပြောလိုက်၏။
"ဒီမှာ... ခင်ဗျားရဲ့ပိုက်ဆံ"

>>>>>>>>>>><<<<<<<<<<<<




Zawgyi

Chapter 31
Date with Lan Kuang
______________________

"ေနာက္တစ္ခါမွဆို ဘယ္လိုလဲ? ဒီေန႕ ေတာ့ လုပ္စရာရွိလို႔ ငါ အခ်ိန္ၾကာၾကာဆြဲလို႔မရဘူး။ တျခားေန႕က်မွ ေသာက္ဖို႔ မင္းကိုလာရွာမယ္။ Mi Le ကို ငါ့အစားႏႈတ္ဆတ္ေပး"

Ran Feng Ge က Cheng Xi Ran လုပ္ေပးသည့္ ျမစိမ္းေရာင္ေကာ့ေတးကို ဆြဲယူ၍ တစ္ႀကိဳက္တည္းေမာ့ခ်ၿပီး ဖန္ခြက္ကို ခ်ကာ ေခါင္းကို ဟန္ပါပါဆတ္ ခါ သည္။ သူ
Cheng Xi Ran ကို လက္မေထာင္ျပကာ ခ်ီးမြန္း၏။
"ဝိုး...မင္းရဲ႕ ေကာ့ေတးစပ္တာက ပိုပိုေကာင္းလာတာပဲ။ အေဖ်ာ္ဆရာဘဝနဲ႕ အနာဂတ္မွာ အဆုံးမရွိဘူး"

"ကေလကေခ်ေလး"
Ran Feng Ge ၏ တိမ္လိုေလလို အလာ၊အသြားကို Cheng Xi Ran ရင္းႏွီးၿပီးသားျဖစ္သည္။ သူက သူ႕သူငယ္ခ်င္း သုံးၿပီးသားခြက္ကို ေကာက္မကာ သူေသာက္ဖို႔အတြက္ ေကာ့ေတး ထပ္ထည့္လိုက္သည္။

Mi Le က ဗန္းတစ္ခုကိုင္၍ ေလွ်ာက္လာသည္။ သူမက ေကာင္တာေပၚ တံေတာင္ဆစ္ေထာက္၍ ေမးသည္။
"Xiao Ge ဘယ္သြားလဲ?"

"သူ ျပန္သြားၿပီ"

"ျပန္သြားၿပီလား? ကြၽန္မက အခုတင္ ကြၽန္မတို႔ရဲ႕ စပ္နည္းအသစ္နဲ႕ေကာ့ေတးတခ်ိဳ႕ သူ႕ကိုစမ္းၾကည့္ခိုင္းဖို႔ စိတ္ကူးေနတာ။ တကယ္ပဲ ဒီတစ္ႀကိမ္ သူဘယ္လိုအလုပ္မ်ိဳးကို လက္ခံထားတာလဲ? သူ႕ကိုေတြ႕တဲ့ အခ်ိန္တိုင္း အလုပ္ရႈပ္ေနသလိုပဲ။ အဲဒါ အႏၱရာယ္မ်ားတဲ့အလုပ္လို႔ ရွင္ထင္လား?"

"ေဟး..တျခားေယာက္်ားတစ္ေယာက္အတြက္ သိသိသာသာႀကီး စိတ္ပူျပမေနနဲ႕ေလကြာ။ ကိုယ္ မနာလိုမိေတာ့မယ္"
Cheng Xi Ran က ​မ်က္ႏွာတည္တည္ထား၍ ဆိိုသည္။ သူက Mi Le လို ေကာင္တာေပၚ တံေတာင္ဆစ္ေထာက္၊ အနားနီးေအာင္ ေခါင္းကိုငုံ႕ၿပီး သူမ မ်က္ဝန္းကို နင့္နင့္နဲနဲၾကည့္သည္။

သူမႏွင့္ လက္မအနည္းငယ္သာကြာသည့္ မ်က္ႏွာေခ်ာေခ်ာကိုၾကည့္ၿပီး Mi Le တစ္ေယာက္ Cheng Xi Ran ၏ႏႈတ္ခမ္းထက္သို႔ ငုံ႕၍ အနမ္းႀကီးႀကီးေပးရန္ တုန့္ဆိုင္းမေနေတာ့ပါ။ ထို႔ေနာက္ ေခ်ာ့ေမာ့သည့္ေလသံျဖင့္ သူမ ေျပာလာသည္။
"လိမၼာစမ္းပါ။ ဘယ္ေယာက္်ားက ရွင့္ေလာက္ ဆြဲေဆာင္မႈရွိမွာလဲ? ရွင့္ရဲ႕ Mi Le လား.. ဒီလိုမ်ိဳး အလစ္သုတ္ခံရမွာ။ စိတ္ခ်​စမ္းပါရွင္။"

"ထပ္နမ္းဦး.."
Cheng Xi Ran ရယ္ခ်င္စိတ္ကို မထိန္းနိုင္ေအာင္ ျဖစ္ေနေသာ္လည္း ဆက္လက္ၿပီး
မေပ်ာ္႐ႊင္ဟန္ ေဆာင္၍
ေနာက္တစ္ခါ အနမ္းခံဖို႔ကိုင္းလာသည္။

Mi Le က သူ၏ ရေလလိုေလ ျဖစ္ရပ္ကို လက္ျမႇောက္သလိုမ်ိဳး ၾကည့္ေနေသာ္လည္း သူမ၏မ်က္ဝန္းမ်ားထဲတြင္ အၿပဳံးတို႔ျပည့္ႏွက္ေနသည္။
ေဘးဘီကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူမတို႔ကို မည္သူကမွ် အာ႐ုံစိုက္မေနေၾကာင္း ေတြ႕လွ်င္ Cheng Xi Ran ၏လည္တိုင္ကို ၿမဲၿမဲသိုင္းဖက္ကာ အားရပါးရနမ္းေလသည္။

Ran Feng Ge က ပတ္ဝန္းက်င္ကို နည္းနည္းမွ်ဂ႐ုမစိုက္ဘဲ စခန္းသြားေနသည့္ သူ႕သူငယ္ခ်င္းႏွစ္ေယာက္ကို တံခါးေဘးတြင္ရပ္ကာ လွမ္းၾကည့္ေနသည္။
သူ ေယာင္​ေယာင္ေလးၿပဳံးကာ ဘားထဲမွ ထြက္ခဲ့ပါ၏။

'စင္စစ္..လူေတြဟာ ျမတ္နိုးရမယ့္သူ ေပၚလာတဲ့အခါ ပိုၿပီးေပ်ာ္႐ႊင္လာၾကတာျဖစ္မယ္။ ဟုတ္တယ္မလား?"

Ran Feng Ge ကားကို An Ping ႐ုံးခ်ဳပ္သို႔ ေမာင္းသြားလိုက္ၿပီး လမ္းေဘးတစ္ေနရာတြင္ ရပ္လိုက္သည္။ ထို႔ေနာက္ ၁၅လႊာသို႔ ဓာတ္ေလွကားစီးၿပီး တက္ခဲ့၏။

ဓာတ္ေလွကားမွ ထြက္လွ်င္ထြက္ခ်င္း ေရပူစမ္းနားက စားပြဲတစ္ခုမွာ ထိုင္ေနသည့္ Lan Kuang ကို ေတြ႕လိုက္ရသည္။ Lan Kuang သည္ ခါးနားတြင္ ေလ်ာ့တိေလ်ာ့ရဲ ထုံးထားသည္ အျဖဴေရာင္ ေရခ်ိဳးခန္းဝတ္စုံကို ဝတ္ထားရာ သူ၏ စနစ္တက်ေလ့က်င့္​ထားေသာ ရင္အုံမွာ ျပဴထြက္ေနသည္။
ရႈပ္ေထြး စိုဖတ္ေနသည့္ ဆံသားမ်ားမွ ေရစက္မ်ားမွာ သူ႕လည္တိုင္ေပၚ တေပါက္ေပါက္က်ေနဆဲေပ။ သူ႕ကိုၾကည့္ရသည္မွာ
ထိုေနရာတြင္ထိုင္ၿပီး အေတာ္ေလး သက္ေသာင့္သက္သာျဖစ္၊ အပန္းေျပအနားယူေနပုံေပၚသည္။

Lan Kuang ကေျခခ်ိတ္ထိုင္ေနၿပီး ေျခေထာက္တြင္ ႀကိဳးသိုင္းဖိနပ္တစ္ရံစီးထားသည္။ သူ႕လက္ထဲမွာ ဝိုင္တစ္ခြက္ရွိေန၏။ သူက Ran Feng Ge ဆီတစ္ခ်က္လွမ္းၾကည့္လာၿပီး Ran Feng Ge ကလည္း သူ႕ဆီေလွ်ာက္သြားလိုက္သည္။
အၿပဳံးေယာင္ေယာင္တစ္ခု Lan Kuang မ်က္ႏွာတြင္​ေပၚလာ၏။
"ငါတို႔ ခ်ိန္းထားတာကို မင္းေမ့သြားၿပီပဲ ထင္ေနတာ"

Lan Kuang က တမင္တကာ ရင္းရင္းႏွီးႏွီးစကားမ်ိဳး ေ႐ြးဆိုသည္။ သူ႕စကားအေပၚ တုန့္ျပန္ခ်က္အျဖစ္ေပၚလာသည့္ Ran Feng Ge ၏နဖူးထက္က လွိုင္းတြန့္ကေလးမ်ားကိုလည္း မလြတ္လိုက္ပါ။

Ran Feng Ge က Lan Kuang ႏွင့္ မ်က္ႏွာခ်င္းဆိုင္ခုံမွာ ဝင္ထိုင္သည္။ သူက ဝိုင္ပုလင္းကို ေကာက္ကိုင္ၿပီး သူ႕အတြက္ တစ္ခြက္ေလာင္းထည့္လိုက္သည္။
တစ္ငုံေသာက္ရင္း တုန့္ျပန္ေျပာလိုက္၏။
"ဘယ္လို ေမ့နိုင္မွာလဲ..ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားက ကြၽန္ေတာ့္ကယ္တင္ရွင္ ျဖစ္ေနတုန္းပဲေလ"

Lan Kuang က ႐ုတ္တရက္ လက္ဆန့္ကာ Ran Feng Ge ၏ လက္ေကာက္ဝတ္ကို ဖမ္းကိုင္သည္။ ဝိုင္ေနာက္တစ္ငုံ မေသာက္နိုင္ေအာင္ တားျမစ္၏။

Ran Feng Ge မ်က္ခုံးတစ္ဖက္ပင့္ၿပီး သူ႕ကို ပေဟဠိျဖစ္သလို ၾကည့္လိုက္သည္။
"ခင္ဗ်ား ဒီေလာက္ ကပ္ေစးနည္းစရာလိုလို႔လား? ကြၽန္ေတာ့္ကို ဝိုင္ေလးတစ္​ခြက္ေတာင္ ေသာက္ခြင့္မျပဳနိုင္ဘူး..? စိတ္မပူပါနဲ႕ ၿပီးရင္ ခင္ဗ်ားေငြ ျပန္ေပးမွာပါ"
Ran Feng Ge က ၾကားထဲမွာရပ္ကာ သူ႕ခြက္ကို Lan Kuang ဆီေစာင္းျပၿပီးမွ ဆက္ေျပာသည္။
"ဒီဝိုင္တစ္ခြက္ဖိုး အပါအဝင္ေပါ့"

Lan Kuang ေမးေၾကာကိုတင္းကာ တစ္ဖက္သူကိုၾကည့္လိုက္၏။
Ran Feng Ge ေငြစကားေျပာျပန္သည္။ယခုႏွင့္ဆို သုံးႀကိမ္ရွိၿပီ။

"မင္းရဲ႕ ဒဏ္ရာက ေသာက္လို႔ရေလာက္ေအာင္ ေပ်ာက္ေသးလို႔လား? ဒါက ဝိုင္နီျဖစ္​ေနရင္ေတာင္
မင္း ဒဏ္ရာအတြက္ မသင့္ေတာ္ေသးဘူး"
Lan Kuang ၏အသံတြင္ စိတ္တိုင္းမက်မႈႏွင့္ ရႈသိုးသိုးျဖစ္မႈသဲလြန္စမ်ား ပါေနသည္။

Ran Feng Ge တစ္ေယာက္ Lan Kuang ကို စကၠန္အေတာ္ၾကာ စိုက္ၾကည့္ၿပီးမွ ဖြဖြရယ္လိုက္သည္။
"အဲဒါက ခင္ဗ်ားနဲ႕ဘာမွမပတ္သတ္ဘူးဆိုတာေတာ့ ကြၽန္ေတာ္ ေတာ္ေတာ္ေလးေသခ်ာတယ္"

"မင္းကို ငါ့ရင္ခြင္ထဲမွာ ေပြ႕သယ္ၿပီး အေရးေပၚခန္းဆီ ေနာက္တစ္ႀကိမ္ မသြားခ်င္လို႔ေပါ့။"
Lan Kuang က သူ​၏ စကားလုံးမ်ားကို ပို၍ပင္ကြၽမ္းဝင္သေယာင္ျပဳေျပာလာသည္။

"ဒါက ဝိုင္ေလးတစ္ခြက္ပဲဟာ။ ကြၽန္ေတာ္က အဲ့သေလာက္အားမနည္းပါဘူး"
Ran Feng Ge အေၾကာင္းအရာကို ခ်က္ခ်င္းေျပာင္းလိုက္သည္။
"ခင္ဗ်ား ကြၽန္ေတာ္နဲ႕ မေသာက္ခ်င္ဘူးဆိုလည္း... ပိုက္ဆံျပန္ေပးၿပီးရင္ ကြၽန္ေတာ္ သြားေတာ့မယ္"

Ran Feng Ge ဖန္ခြက္ကို စားပြဲေပၚခ်ကာ သူ႕အကၤ်ီထဲမွ ခ်က္လက္မွတ္တစ္ေစာင္ ဆြဲထုတ္လိုက္သည္။
ထိုဟာကို Lan Kuang ဘက္တြန္းပို႔ရင္း သူေျပာလိုက္၏။
"ဒီမွာ... ခင္ဗ်ားရဲ႕ပိုက္ဆံ"

>>>>>>>>>>><<<<<<<<<<<<

Continue Reading

You'll Also Like

1M 63.7K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
892K 100K 59
The contents of this fiction are purely the author's imagination.
366K 67.8K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
540K 63.5K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...