သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...
By OpalHawthorn28
2.3M 315K 17.7K
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More
Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ
Chapter (30)
29.2K 4K 201
By OpalHawthorn28
နံနက်စာ စားသောက်ပြီးတဲ့အခါ မုန့်ရန်တို့က စျေးနှုန်းခန့်မှန်းပြီးလေလံဆွဲရတဲ့ Rong City ရဲ့ အကြီးဆုံးရနံ့ဉယျာဉ်လေလံပွဲဆီကို သွားရောက်ခဲ့တယ်။ထိုလေလံပွဲကို ရာသီတိုင်းကျင်းပလေ့ရှိတယ်။
လင်စုန့်ထိုင် နဲ့ ရွှီဝမ်းယာအပြင် တခြားဆရာတွေကလဲ ထိုလေလံပွဲ ကျင်းပရာနေရာကို ကြိုရောက်နေကြပြီး လက်ဖက်ရည်ကြမ်းသောက်ရင်း စကားစမြည်ပြောဆိုနေကြတယ်။ယွီကျွင်းချန် နဲ့ တခြားလူတွေရောက်နှင့်နေပေမယ့် ရွှီဝမ်းယာရဲ့ အမူအရာကတော့ အဆင်ပြေနေပုံမရပေ။ရွှီဝမ်းယာရဲ့တပည့်တွေအာလုံး ခေါင်းငိုက်စိုက်ချပြီး တိတ်ဆိတ်နေကြတယ်။
မုန့်ရန်နဲ့ သူ့ရဲ့စီနီယာတွေက သူတို့ရဲ့ဆရာကို နှုတ်ဆက်နေကြတယ်။
"ထိုင်ကြလေ"
လင်စုန့်ထိုင် က အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။
"မနေ့က အမွှေးနံ့သာလေလံပွဲတစ်ခုလုံးကို မင်းတစ်ယောက်တည်း သိမ်းကြုံးပြီး လေလံဆွဲသွားတယ်လို့ ငါကြားထားတယ်"
"အကုန်လုံး မဟုတ်ပါဘူးဗျာ၊ကျွန်တော့်အတွက်အသုံးမလိုသေးတဲ့တစ်ချို့တစ်လေကိုတော့ မဝယ်ဖြစ်ခဲ့ပါဘူး။နောက်ပိုင်းကျတော့ အခုနေမသုံးဖြစ်သေးရင်တောင် ဝယ်စုထားတာလဲ မမှားလောက်ဖူးလို့တွေးဖြစ်လိုက်တော့ နောက်ဆုံးအသုတ်က ပစ္စည်းတွေအကုန်လုံးကို ဝယ်ဖြစ်သွားတာပါ"
လင်စုန့်ထိုင် နဲ့တစ်ဝိုင်းတည်းထိုင်နေတဲ့ဆရာတွေကတော့ မုန့်ရန်ကို ပြုံးပြီးကြည့်နေကြတယ်။အခြားဝိုင်းမှာ ရွှီဝမ်းယာနဲ့ထိုင်နေတဲ့ဆရာတွေကတော့ မျက်နှာသိပ်မကောင်းကြတော့ဘူး။
"ဆရာ..ကျွန်တော်အဲ့လိုတွေဝယ်လိုက်တာ တစ်ခုခုများပြသာနာဖြစ်လာနိူင်လားဟင်?"
မုန့်ရန်က သူ့ရဲ့ ကိုယ်ပိုင်ခွန်အားကို အလွယ်တကူထုတ်ပြနိုင်ပေမယ့် ဆရာဖြစ်သူကိုလေးစားသမှုနဲ့ မေးကြည့်ဖို့တော့လိုနေသေးတယ်။
"မင်းက အခုမှကျောင်းသားတစ်ယောက်ပဲရှိသေးတော့ မင်းရဲ့အရည်အချင်းတွေကို ချပြဖို့လိုနေသေးတယ်၊အကယ်၍မင်း နာမည်ကြီးလာရင်တော့ တခြားသူတွေကိုလဲ အရိုးအရင်းလောက်တော့ချန်ထားပေးလိုက်ပါဉီးကွာ"
"ဟုတ်ကဲ့ ကျွန်တော် မှတ်သားထားပါ့မယ်"
သူ့ဆရာပြောတာတွေကို မုန့်ရန်ယုံကြည်တယ်။ရှေ့လျှောက် နာမည်ကြီးလေလံပွဲတွေမှာ ဝင်ပါဖို့ဆိုရင် အခုထဲက ကောင်းသတင်းနဲ့ နာမည်ကြီးလာအောင်ကြိုးစားထားရမယ်။
"မင်း ခနနေရင် ငါနဲ့အတူစျေးနှုန်းတွေ ခန့်မှန်းကြည့်မလား?"
လင်စုန့်ထိုင် က မုန့်ရန်ကိုမေးလိုက်တယ်။
"အခွင့်ရေးပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။စျေးနှုန်းတွေကိုမှန်အောင် ခန့်မှန်းနိုင်ရင် ကျွန်တော့်ဘာသာဝယ်ယူခွင့်ရနိုင်မလား?"
"သေချာတာပေါ့ "
"တကယ်ကျေးဇူးတင်ပါတယ် ဆရာ"
မုန့်ရန် ပျော်ရွှင်စွာ နဲ့ ကျေးဇူးတင်စကားဆိုလိုက်တယ်။
မောင်းတီးသံကြားရတဲ့အခါ သစ်သားခေါက်တံခါးတစ်ချပ်ပွင့်လာခဲ့တယ်။အရည်အချင်းပြည့်မှီတဲ့ လေလံဆွဲသမားတွေကတော့ အထဲကို ဝင်သွားကြပြီး ကျန်တဲ့သူတွေကတော့ အပြင်ကနေပဲရပ်ကြည့်နေရတယ်။
ဝင်ခွင့်ရတဲ့သူတိုင်းက အကူတစ်ယောက်ဆီခေါ်ယူခွင့်ရှိတယ်။ထိုအကူ ကလဲ စျေးနှုန်းခန့်မှန်းတဲ့နေရာမှာထူးချွန်ဖို့တော့လိုတယ်။
လင်စုန့်ထိုင် လိုပဲ တပည့်တွေကို လက်တွေ့လောကရဲ့ အတွေ့အကြုံတွေသင်ယူစေဖို့ ရောက်လာကြတဲ့သူတွေလဲရှိတယ်။
ယွီကျွင်းချန် က ရွှီဝမ်းယာ ရဲ့တန်ဖိုးအထားရဆုံး
တပည့်ဖြစ်တာကြောင့် ရွှီဝမ်းယာကတော့ ယွီကျွင်းချန် ကို သူနဲ့အတူခေါ်လာခဲ့တယ်။ကျောင်းအသိုင်းအဝိုင်းနဲ့ အဖွဲ့စည်းတွေ ဘာတွေပဲပြောနေပါစေ၊ ရွှီဝမ်းယာကတော့ ယွီကျွင်းချန် ပိုပြီးအောင်မြင်လာဖို့ လေ့ကျင့်သင်ကြားပေးနေတယ်။အကယ်၍ ယွီကျွင်းချန် ကသာ မုန့်ရန်ကို မယှဉ်နိူင်ခဲ့ရင် လင်စုန့်ထိုင် က ဒီအခွင့်ရေးကိုသုံးပြီးသူ့ကို ဖိနှိပ်လိမ့်မယ်။
လေလံပထမအသုတ်ကို ပစ္စည်း ၂ မျိုးနဲ့ စတင်ဖွင့်လှစ်ခဲ့တယ်။လေလံပစ္စည်းရဲ့ အရည်အသွေးကို အကဲခတ်ဖို့ တစ်ဖွဲ့ကိုတစ်ယောက်နှုန်းနဲ့သာ ခွင့်ပြုပေးထားတယ်။
ပထမအသုတ်ရဲ့ လေလံပစ္စည်းတွေက ရွှီဝမ်းယာ လိုချင်နေတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် သူကိုယ်တိုင် အကဲခတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
မုန့်ရန်ရဲ့ရှေ့မှာ ထိုင်နေတဲ့ ဘရက်ဒလီ က မုန့်ရန်ကိုလှည့်ပြီးစကားပြောခဲ့တယ်။
"ကျေးဇူးပြုပြီး အရင်သွားနှင့်လိုက်ပါ"
မုန့်ရန် ဘာလုပ်ရမလဲမသိပေမယ့် ဒီလူနဲ့ အသုံးမဝင်တဲ့စကားတွေပြောချင်စိတ်မရှိဘူး။ဒါ့ကြောင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး အရည်အသွေးအကဲခတ်ဖို့ ရှေ့ကိုထွက်လာလိုက်တယ်။
မုန့်ရန်အတွက်က ဒီပစ္စည်းတွေကို ကြည့်နေစရာမလိုဘဲ အနံ့ခံကြည့်ရုံနဲ့တင် အဆင်ပြေနေပြီ။ဒါ့ကြောင့် နေရာမှာပြန်ထိုင်နေဖို့ဆုံဖြတ်လိုက်တယ်။နည်းနည်းလောက် စဉ်းစားပြီးတဲ့အခါ သစ်သားပြားလေးအပေါ်မှာ ခန့်မှန်းထားတဲ့ စျေးနှုန်းကို ချရေးလိုက်တယ်။
"ယုံကြည်ချက်ရှိလား?"
လင်စုန်ထိုင်က မုန့်ရန် ကိုမေးလိုက်တယ်။
"ဟုတ်ကဲ့"
မုန့်ရန်ကလဲ ခေါင်းညိတ်ပြလိုက်တယ်။
အဲ့နောက် လင်စုန့်ထိုင် ပြုံးပြုံးကြီးနဲ့ လက်ဖက်ရည်ကြမ်း ဆက်သောက်နေလိုက်တယ်။
သစ်သားပြားတွေကို သိမ်းပြီးတဲ့အခါ ဝန်ထမ်းလေးတစ်ယောက်က ရလဒ်ကို အသံကျယ်ကျယ်နဲ့ကြေငြာလိုက်တယ်။
"ကုန်ကြမ်း No.1 နဲ့ 2 ကို ခုံနံပါတ် 17 ကဧည့်သည့်ရရှိသွားပါတယ်"
လင်စုန့်ထိုင် ရဲ့အပြုံးတွေပိုမိုပြန့်ကားလာတယ်။ရွှီဝမ်းယာကတော့ လက်သီးတစ်ချက်ဆုပ်လိုက်ပြီး မုန့်ရန်ကိုလှည့်ကြည့်တယ်။ကုန်ကြမ်း No.1 ကို သူတကယ်လိုအပ်နေခဲ့တာ။
နောက်ထပ် လေလံနှစ်သုတ်စလုံးက ကုန်ကြမ်းတွေကိုလဲ မုန့်ရန်တစ်ယောက်တည်းကသာ လေလံအောင်သွားခဲ့တယ်။တခြားလေလံသမားတွေကတော့ အတော်လေးကိုဒေါသထွက်နေကြပြီ။အပြင်ကနေ ကြည့်နေတဲ့သူတွေကတော့ အံ့သြလွန်းလို့ ဒီအကြောင်းကို ဆွေးနွေးနေကြတယ်။
"ဒီကောင်လေးက ဘယ်ကမ္ဘာကနေရောက်လာတာလဲ?လုံးဝကို Amazing ပဲ"
"ဒီကောင်လေးက ဆရာလင်စုန့်ထိုင် ရဲ့ဘေးမှာထိုင်နေတာကို မင်းမမြင်ဘူးလား?ဆရာလင်စုန်ထိုင်လို ကမ္ဘာ့အဆင့်မှီ ဆရာတစ်ယောက်က ရွေးချယ်ထားတဲ့သူဆိုမှတော့ သာမာန်အရည်အချင်းလောက်ပဲရှိတာဖြစ်နိုင်ပါ့မလားကွ"
"တခြားနာမည်ကြီးစျေးနှုန်းခန့်မှန်းသူတွေနဲ့ ဆရာတွေရှိနေတာတောင် ဒီလို one man show လုပ်ပြီး အနိုင်ပိုင်းသွားနိူင်တယ်ဆို​တော့....."
"အခုက တတိယအသုတ်ရောက်ပြီ၊ခန့်မှန်းဖို့စောပါသေးတယ်"
စတုတ္ထအသုတ်နဲ့ ပဉ္စမသုတ်ကိုရောက်လာခဲ့ပြီ။ရွှီဝမ်းယာက အစပိုင်းမှာတုန်းက ယွီကျွင်းချန် ကို ခန့်မှန်းစေချင်ခဲ့တယ်။စျေးနှုန်းကိုမခန့်မှန်းနိူင်သေးရင်တောင် အတွေ့အကြုံဗဟုသုတလောက်တော့ ရသွားစေချင်တဲ့အတွက် သူ့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို စျေးနှုန်းခန့်မှန်းစေချင်ခဲ့တယ်။ဒါပေမယ့် အခုချိန်မှာ ယွီကျွင်းချန် ကို ရှေ့ထွက်ခိုင်းလို့မဖြစ်တော့ဘူး။
"ဆရာ ကျွန်တော် ဒီကုန်ကြမ်းတွေအကုန်လုံးကို ဝယ်လိုက်လို့ရမလား?"
မုန့်ရန် သူ့နေရာမှာသူပြန်ထိုင်ရင်း လင်စုန့်ကိုမေးလိုက်တယ်။
"ဘာလို့ မရရမှာလဲ?"
လင်စုန့်ထိုင် ကအပြုံးတစ်ခုနဲ့ပြန်ဖြေလိုက်တယ်။
မုန့်ရန်ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး စျေးနှုန်းတွေကိုသစ်သားပြားလေးပေါ်မှာ ချရေးလိုက်တယ်။
နောက်အဆုံးအသုတ်ထိတိုင်အောင် လေလံ ၆ပွဲစလုံးကို မုန့်ရန်တစ်ယောက်တည်း သိမ်းကြုံးပြီး လေလံအောင်သွားခဲ့တယ်။ကြည့်နေကြတဲ့သူတွေကတော့ Shock အကြီးကြီးရကုန်ကြပြီ။ဒီလူစွမ်းကောင်းလေးအကြောင်းကို ဆွေးနွေးနေတဲ့အသံတွေကလဲ တဖြည်းဖြည်းနဲ့ကျယ်လောင်လာတယ်။
ယွီကျွင်းချန် ကတော့ ရွှီဝမ်းယာရဲ့ မျက်နှာရိပ် မျက်နှာကဲကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငုံ့နေရတယ်။ဘယ်တုန်းကများ မုန့်ရန်ဒီလောက်ထိ အနံ့ခံအာရုံကောင်းသွားတာလဲဆိုတာကိုတွေးတောနေမိတယ်။
ရွှီဝမ်းယာ စိတ်ထဲကနေ သက်ပြင်းတွေကြိတ်ချနေရတာကြာပြီ။သူအတော်လေး စိတ်မရွှင်ဘူးဆိုရင်တောင်မုန့်ရန်ရဲ့ကောင်းမွန်သာလွန်လှတဲ့ အနံ့ခံအာရုံကိုတော့ သူ့အနေနဲ့ အသိအမှတ်ပြုရမှာပဲလေ။မုန့်ရန်က အနံ့ခံအာရုံစူးရှရုံတင်မကဘူး၊စျေးနှုန်းခန့်မှန်းတဲ့နေရာမှာလဲ အတော်လေးထူးချွန်တယ်လေ။
ဝန်ထမ်းတွေက ပစ္စည်း တွေကို မထုတ်ပိုးခင် မုန့်ရန်ကို စစ်ဆေးခိုင်းလိုက်သေးတယ်။မုန့်ရန် စစ်ဆေးပြီးတော့မှ ပစ္စည်းတွေကို သစ်သားသေတ္တာတွေထဲထည့်ပြီး သေချာထုပ်ပိုးပေးတယ်။
လင်စုန့်ထိုင် သစ်သားသေတ္တာတစ်ခုကို ယူပြီး အထဲကကုန်ကြမ်းတွေကို အနံ့ခံကြည့်လိုက်တဲ့အခါ လုံးဝ Shock ရသွားခဲ့တယ်။သူ​တောင်အထဲက ကုန်ကြမ်းတွေရဲ့ အရည်အသွေးကို အနံ့ခံကြည့်ရုံနဲ့မခန့်မှန်းနိုင်တာကို မုန့်ရန်ကတော့ စျေးနှုန်းကိုတောင် အတိအကျခန့်မှန်းနိုင်နေသေးတယ်လေ။တခြားလေလံသမားတွေရဲ့ခံစားချက်ကို လင်စုန့်ထိုင် အခုမှ ကိုယ်ချင်းစာနိုင်တော့တယ်။
မုန့်ရန် ပြေစာမှာလက်မှတ်ထိုးပြီးတာနဲ့ ပုရိတ်သတ်တွေပတ်လည်ဝိုင်းနေတဲ့ မုန့်ရန်ကို လင်စုန့်ထိုင် က အပြင်ဘက်ကို ခေါ်သွားပေးခဲ့တယ်။
"Mr.လင် ကတော့ ကမ္ဘာကျော် အမွှေးနံ့သာကျွမ်းကျင်သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်တဲ့အပြင် တကယ်တော်တဲ့ဆရာတစ်ယောက်ဆိုလဲ မမှားပေဘူးဗျို့"
"Congratulations ပါ Mr.လင်...ခင်ဗျားကတော့ Genius တပည့်တစ်ယောက် ထပ်ရလိုက်ပြန်ပြီပဲ"
"ကျေးဇူးပါဗျာ၊ ကျေးဇူးပါ "
လင်စုန့်ထိုင် က အပြုံးတစ်ပွင့်နဲ့ ကျေးဇူးတင်စကားဆိုရင် သူ့တပည့်တွေနဲ့အတူ လေလံပွဲကနေ ထွက်လာလိုက်တယ်။
"Mr.လင် ခင်ဗျားတပည့်က အနံ့ခံအာရုံအရမ်းကောင်းတယ်ဆို​တော့ သူ့ကို အမွှေးနံ့သာ ရာပြတ်တစ်ယောက်ဖြစ်အောင် ခင်ဗျား သေချာ Train တော့မှာလား?"
"ဒါတော့ဟုတ်တယ်၊ခင်ဗျား တပည့်ရဲ့အနံ့ခံစွမ်းရည်က လုံးဝကို အံ့ဖွယ်သုတပဲလေ။ဒီလိုစွမ်းရည်နဲ့ ခင်ဗျားရဲ့သင်ကြားပြသပေးမှုကိုသာပေါင်းလိုက်လို့ကတော့ ဒီကောင်လေး အနာဂတ် မှာ နိုင်ငံကျော် အမွှေးနံ့သာရာပြတ်ဖြစ်လာမှာအသေအချာပဲဗျို့"
"နောင်ခါလာနောင်ခါစျေးပေါ့ဗျာ၊ဒီလောက်လုပ်နိုင်တာလေးလောက်နဲ့တော့ ချီးကျုးမစောပါနဲ့ဉီး"
လင်စုန့်ထိုင်က စကားကို သေချာထိန်းထိန်းသိမ်းသိမ်းပြောလိုက်တယ်။
"Mr.လင် ကျွန်တော် ခင်ဗျားနဲ့ ခဏလောက် စကားပြောခွင့်လေးများရနိုင်မလား?"
အမွှေးနံ့သာစျေးကွက်တာဝန်ခံက လင်စုန့်ထိုင် ကို လုပ်အုပ်ကြီးကြားထဲကနေ ခက်ခက်ခဲခဲ တိုးဝှေ့ပြီးတောင်းဆိုနေရတယ်။
"မင်းတို့ ဆရာ့ကို မျက်နှာချင်းဆိုင်က လက်ဖက်ရည်ကြမ်းစံအိမ်မှာစောင့်နေနှင့်ကြဉီး"
တပည့်တွေကိုညွှန်ကြားပြီးတာနဲ့ လင်စုန့်ထိုင် က တာဝန်ခံနဲ့အတူ ထွက်ခွာသွားခဲ့တယ်။
ဘရက်ဒလီ က မုန့်ရန်ဘေးနားကိုရောက်လာပြီး.....
"Congratulations၊ ဒီတစ်ခေါက်တော့ အပြည့်အဝကိုအောင်ပွဲခံသွားနိူင်တာပဲ"
"ကျေးဇူးပါ "
မုန့်ရန် တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်လိုက်တယ်။
"မင်း..."
သူ့အပေါ်မှာ မုန့်ရန်ဘာလို့ အေးတိအေးစက်ဆက်ဆံနေလဲဆိုတာ ဘရက်ဒလီ မေးလိုက်ချင်တယ်။ဒါပေမယ့်ဒါက မုန့်ရန်ရဲ့ ပင်ကိုယ်အကျင့်စရိုက်များဖြစ်နေမလားဆိုတဲ့အတွေးကြောင့် မမေးဖြစ်လိုက်တော့ဘူး။အဲ့နောက် ဘရက်ဒလီ ကအပြုံးတစ်ခုနဲ့ မုန့်ရန်ကို စကားဆက်ပြောတယ်။
"ကိုယ် မင်းနဲ့ သူငယ်ချင်းမိတ်ဆွေအဖြစ်နဲ့ နောက်တစ်ကြိမ်ပြန်ဆုံဖို့ မျှော်လင့်ပါတယ်"
တဖက်လူက ကမ္ဘာကျော်ရေမွှေးပညာရှင်ဖြစ်တဲ့အပြင်၊ရေမွှေးကြေငြာ Model တစ်ယောက် ဖြစ်တာကြောင့် မရေမတွက်နိုင်တဲ့ Fan တွေလဲ ရှိနေသေးတယ်။ဒါပေမယ့် မုန့်ရန်ကတော့ သူနဲ့ မရင်းနှီးတဲ့သူတွေကို တုံ့ပြန်တဲ့အတိုင်းပဲ ထိုလူကို တုံ့ပြန်လိုက်တယ်။မုန့်ရန်ရဲ့စိတ်ထဲမှာတော့ ဘရက်ဒလီ က သူနဲ့ မရင်းနှီးတဲ့အပြင် ဘရက်ဒလီ ရဲ့ ဂုဏ်ပုဒ်တွေကိုထည့်တွက်လိုက်တဲ့အခါ အလွယ်တကူ မိတ်ဆွေဖွဲ့ဖို့ သင့်တော်တဲ့သူတစ်ယောက်မဟုတ်ပေ။
မုန့်ရန်နဲ့တခြားသူတွေက လမ်းဖြတ်ကူးပြီး လက်ဖက်ရည်ကြမ်းစံအိမ်ကိုသွားနေတဲ့အချိန်မှာ လူအုပ်ကြီးကတော့ မုန့်ရန် ဘယ်လောက် အံ့အားသင့်ဖွယ်ကောင်းတယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးနေကြဆဲပါ။ဒီတကယ်မှာ မုန့်ရန်ကြောင့် လင်စုန့်ထိုင် အတော်လေး မျက်နှာပန်းလှနေတယ်။တစ်နေ့မှာ မုန့်ရန်ရဲ့ နာမည်ကို အမွှေးနံ့သာစျေးကွက်တစ်ခုလုံးသိသွားကြလိမ့်​မယ်။အနာဂတ်မှာ ဒီလူတွေက ကုန်ကြမ်းအမျိုးမျိုးကို ရာပြတ်ဖြတ်ဖို့ မုန့်ရန်ကို ကြေးကြီးကြီးပေးပြီးတောင်းဆိုလာကြလိမ့်မယ်။ဒါက အခုမှ အစပဲရှိသေးတယ်.......
အမွှေးနံ့သာစျေးကွက်ကိုစီမံခန့်ခွဲရတဲ့အဖွဲ့အစည်းက ထိုညမှာ ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ချို့နဲ့ အမွှေးနံ့သာနဲ့ သက်ဆိုင်တဲ့ ဆရာ တွေအတွက် ပွဲတစ်ခုစီစဉ်ပေးခဲ့ကြတယ်။သူတို့က လင်စုန့်ထိုင်ကို ဒီနေ့ရဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့မုန့်ရန်ကိုပါ အတူခေါ်လာပြီးပွဲတက်ဖို့ မျှော်လင့်ထားကြတယ်။များစွာသော လုပ်ငန်းရှင်တွေကလဲ မုန့်ရန်ကိုတွေ့ချင်နေကြတယ်လေ။
လင်စုန့်ထိုင်က ထိုလူတွေကို မျက်နှာသာပေးတဲ့အနေနဲ့ မုန့်ရန် ကိုရော၊တခြားကျန်တဲ့တပည့်တွေကိုပါ အတူခေါ်လာပေးခဲ့တယ်။
မုန့်ရန် တည်းခိုဆောင် ကိုပြန်ရောက်တာတဲ့ ပွဲတက်ဖို့ ရေမိုးချိုး အဝတ်စားလဲထားလိုက်တယ်။ယွီကျွင်းချန်နဲ့ ကျန်တဲ့ကျောင်းသားတွေကတော့ အန်းလော့မြို့ကိုမပြန်ခင် နေဝင်ဆည်းဆာကြည့်ဖို့အတွက် Luggage ကိုယ်စီဆွဲပြီး Tour bus ဆီကို သွားနေကြတယ်။
ယွီကျွင်းချန် Tour bus ပေါ်တက်တော့မယ့်အချိန်မှာ ခမ်းခမ်းနားနား ဝတ်စားဆင်ယင်ထားတဲ့ မုန့်ရန်ကိုတွေ့လိုက်ရတယ်။မုန့်ရန်ကတော့ ယွီကျွင်းချန် တို့ကို ကိုယ်ပျောက်လူသားတွေသဖွယ်သဘောထားပြီး တစ်ချက်လေးတောင်လှည့်မကြည့်ဘဲ ဘေးနားကနေ ဖြတ်လျှောက်သွားလိုက်တယ်။
မုန့်ရန် လော်ရှို့ ဆီ Message ပို့လိုက်တဲ့အခါ လော်ရှို့ကလဲ ဒီညရဲ့ပါတီပွဲကို တက်ရောက်မယ်ဆိုတာသိလိုက်ရတယ်။မုန့်ရန် ဒီပါတီပွဲကို စိတ်မဝင်စားပေမယ့် လော်ရှို့နဲ့အတူပွဲတက်ပြီးတာနဲ့ အန်းလော့ကိုတန်းပြန်ဖို့ စဉ်းစားထားတယ်။
ခန်းမထဲကို ဝင်လိုက်တာနဲ့ လင်စုန့်ထိုင်ကို နံ့သာစျေးကွက်တာဝန်ခံအစိုးရပိုင်းက လူတွေနဲ့ မိတ်ဆက်ပေးဖို့ခေါ်သွားကြတယ်။ပြောရင်းဆိုရင်းနဲ့ ရင်းနှီးလာကြတဲ့အခါ နောက်တစ်ခါစျေးကွက်ကိုလာရောက်လေ့လာတဲ့ အခါ နာမည်ကဒ်တွေသုံးစရာမလိုလောက်တော့တဲ့အထိ လိုက်လျောပေးလာကြတယ်။
ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ချို့က မုန့်ရန်နဲ့အတူရင်းနှီးမြှုပ်နှံမှုတွေလုပ်ချင်တဲ့အကြောင်းကို လင်စုန့်ထိုင် ကိုပြောပြလိုက်ကြတယ်။လင်စုန့်ထိုင်က မုန့်ရန်ရဲ့နောက်ခံအသိုင်းအဝိုင်းကြောင်းပြောလိုက်တဲ့အခါ ထိုလုပ်ငန်းရှင်တွေအကုန်လုံး ပါးစပ်တွေပိတ်ကုန်ကြတယ်။သူတို့တွေ နည်းနည်းတော့ ရှက်သွားကြတယ်။
မုန့်ရန် လူအုပ်ကြီးထဲကနေ တိုးထွက်ပြီး လော်ရှို့ကို ရှာလိုက်တယ်။သိပ်မဝေးတဲ့နေရာမှာ လော်ရှို့က ဘရက်ဒလီ နဲ့အတူ စကားပြောနေကြတယ်။
ဘရက်ဒလီ နည်းနည်းလောက်စောင်းငဲ့ကြည့်လိုက်တဲ့အခါ သူတို့ဆီကို တည့်တည့်လျှောက်လာတဲ့ မုန့်ရန်ကိုမြင်လိုက်ရတယ်။မုန့်ရန် သူ့ကိုစကားလာပြောတယ်ထင်လိုက်တာကြောင့် မုန့်ရန်ဆီကနေ မျက်လုံးမလွှဲဘဲကြည့်နေလိုက်တယ်။
မုန့်ရန်သူတို့ဆီရောက်တာနဲ့ လော်ရှို့ ရဲ့လက်မောင်းကိုပြေးဖက်လိုက်တယ်။ဘရက်ဒလီကိုခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး လော်ရှို့ ဘက်ကို ပြန်လှည့်သွားတယ်။
"ဘယ်တုန်းကတည်းကရောက်နေတာလဲ?"
"သုံးမိနစ်လောက်ပဲရှိသေးတယ်"
လော်ရှို့ကလဲ မုန့်ရန်ကို ကြည့်ပြီးပြန်ဖြေတယ်။
"ဘယ်တော့လောက်ပြန်ကြမလဲ?ကျွန်တော် နည်းနည်းပင်ပန်းနေပြီ"
လော်ရှို့ အချိန် တွက်ကြည့်လိုက်တယ်။
"သူငယ်ချင်းတွေကို သွားနှုတ်ဆက်ပြီးရင်ဆို​တော့... ဆယ်မိနစ်လောက်နေရင် ပြန်လို့ရပြီ"
"အင်း"
သူ့ရှေ့က နှစ်ယောက် ပြောနေဆိုနေတာကိုကြည့်ပြီး
ဘရက်ဒလီ Shockရသွားတယ်။ခဏလောက်ကြာတော့မှာ ဘရက်ဒလီ မေးကြည့်လိုက်မိတယ်။
"ဉက္ကဌလော်..သူက...??"
"ဒါက ငါ့ချစ်သူ မုန့်ရန်လေ။ငါတို့တွေက လက်ထပ်ပြီးသွားပြီ"
"လက်ထပ်...လက်ထပ်ပြီးသွားပြီ??"
ဘရက်ဒလီ မုန့်ရန်ကိုကြည့်မိလိုက်တဲ့အခါ မဖော်ပြနိုင်တဲ့ ဆုံးရှုံးမှုတစ်ရပ်ကို ခံစားလိုက်ရတယ်။
"ဒါဆို ကျွန်တော် စီနီယာတို့ကို သွားပြောပြလိုက်ဉီးမယ်"
လော်ရှို့ ကခေါင်းညိတ်ပြတယ်။
မုန့်ရန်က ဘရက်ဒလီ ကို နောက်တစ်ကြိမ်ခေါင်းညိတ်ပြလိုက်ပြီး အနားကနေ ထွက်သွားခဲ့တယ်။
ဘရက်ဒလီ ရဲ့မျက်လုံးတွေက တလျှောက်လုံး မုန့်ရန်ဆီမှာပဲတွယ်ကပ်နေတယ်။ရင်ထဲမှာခံစားနေရတဲ့ဆုံးရှုံးမှုကြီးက သူ့မျက်နှာပေါ်မှာ အထင်းသားထင်ဟပ်နေတယ်ဆိုတာကိုတောင် ဘရက်ဒလီ သတိမထားမိလိုက်ပေ။
လော်ရှို့ တစ်ယောက် ဘရက်ဒလီ ရဲ့အမူအရာကို မြင်တဲ့အခါ မုန့်ရန်ရဲ့ကျောပြင်လေးကို ငေးကြည့်လိုက်မိတယ်။ဘာတွေဖြစ်နေသလဲဆိုတာ သဘောပေါက်သွားတဲ့အခါ စိတ်ထဲမှာ မပျော်တော့သလိုခံစားလိုက်ရတယ်။
"Mr.ဘရက်ဒလီ ငါလဲ သူငယ်ချင်းတွေကို သွားနှုတ်ဆက်လိုက်ဉီးမယ်၊နောက်တစ်ခါကြမှစကားအေးဆေးပြောကြတာပေါ့"
လော်ရှို့ မကျေနပ်ချက်တွေကို ဖုံးကွယ်ပြီး ဘရက်ဒလီ ကိုနှုတ်ဆက်လိုက်တယ်။
"ကောင်းပါပြီ"
ဘရက်ဒလီ ကြိုးစားပြီး အမူအရာပြင်လိုက်ပေးမယ့် စိတ်ထဲမှာတော့ လုံးဝအခြေနေမကောင်းတော့ဘူး။တကယ်ဆို သူ မုန့်ရန်ကို သဘောမကျသေးဘူး။ဒါပေမယ့် မုန့်ရန်လိုစိတ်ဝင်စားစရာကောင်းတဲ့သူမျိုးကိုတွေ့ဖို့ဆိုတာမလွယ်ကူလှပေ။သူ့ခံစားချက်ကိုသေချာတောင် မသိရသေးခင်၊ဘာမှတောင် မလှုပ်ရှားရသေးခင်မှာတင် အခွင့်ရေးကိုလက်လွှတ်ဆုံးရှုံးခဲ့ရပြီ။ဘရက်ဒလီ အရမ်းစိတ်ပျက်နေပြီ။
ဒီလိုပွဲမျိုးအတွက်ဆို လော်ရှို့ မျက်နှာလာပြတယ်ဆိုရုံနဲ့တင်လုံလောက်နေပြီ။ဆယ်မိနစ်လောက်ကြာတဲ့အခါ လော်ရှို့ မုန့်ရန်ကို လိုက်ရှာပြီး ပွဲကနေပြန်ခဲ့ကြတယ်။
ဘရက်ဒလီ အခုထိမုန့်ရန်ကိုကြည့်နေသေးတာကြောင့် ခန်းမထဲကနေထွက်တဲ့အခါ လော်ရှို့ က မုန့်ရန်ကို သေချာဖက်ထားပေးလိုက်တယ်။
"ဘာဖြစ်လို့လဲဟင်??"
လော်ရှို့ တစ်ခုခုတော့မှားနေတယ်လို့ မုန့်ရန်တွေးလိုက်မိတယ်။
"ဘာမှမဖြစ်ဘူး။အိပ်ချင်နေပြီလား?ကားထဲရောက်ရင်အိပ်လိုက်တော့"
လော်ရှို့ ခေါင်းကိုနိမ့်ပြီး မုန့်ရန်ရဲ့နားရွက်နားကိုကပ်ပြီးပြောလိုက်တယ်။အဲ့နောက် မုန့်ရန်ရဲ့ မျက်နှာကိုနမ်းလိုက်တယ်။
လော်ရှို့ ဘာဖြစ်လို့ ခေါင်းကိုငုံ့ပြီစကားပြောနေလဲဆိုတာ မုန့်ရန်သေချာမသိပေမယ့် ခေါင်းပြန်ညိတ်ပြလိုက်တယ်။
ဘရက်ဒလီ ရဲ့မျက်လုံးထဲမှာတော့ လော်ရှို့ ကမုန့်ရန်ကိုဖက်ထားတယ်၊ပြီးတော့ မုန့်ရန်ရဲ့ပါးကိုနမ်းလိုက်တယ်၊ပြီးတော့ သူတို့ ခန်းမထဲကနေ ထွက်သွားကြတယ်။
ကားပေါ်ရောက်တာနဲ့ မုန့်ရန် တစ်ချက်သမ်းဝေလိုက်ပြီး သူ့ကို တယုတယပွေ့ဖက်ပေးထားတဲ့ လော်ရှို့ရဲ့လက်မောင်းတွေပေါ်မှာ အိပ်ပျော်သွားခဲ့တယ်။
အိပ်ပျော်နေတဲ့ မုန့်ရန်ကို ကြည့်ရင်း လော်ရှို့အတွေးတွေယောက်ယက်ခတ်နေတယ်။
ဒီလူတွေက မုန့်ရန်ကိုသဘောကျတဲ့အတွက် ဆွဲဆောင်ဖို့ကြိုးစားကြလိမ့်မယ်ဆိုတာ လော်ရှို့ ရှင်းရှင်း လင်းလင်းသိထားတယ်။အနာဂတ်မှာလဲ ဒီလိုလူတွေအများကြီးရှိလာဉီးမှာ။တကယ်တော့ မုန့်ရန်က အရည်အချင်းရှိပြီးလှပရုံသာမက၊ ငယ်ရွယ်နုပျိုနေဆဲပဲလေ။မုန့်ရန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ဆွဲဆောင်မှုရှိတဲ့ နုပျိုနေတဲ့ အငွေ့အသက်တွေ ပြည့်လျှံနေတယ်။
ဘရက်ဒလီ က သူ့ထက် ဆယ်နှစ်လောက်ငယ်ရွယ်တဲ့အတွက် မုန့်ရန်နဲ့ပိုပြီးလိုက်ဖက်တယ်။ပြီးတော့ ဘရက်ဒလီ က ဘယ် ဘက်ကနေ ကြည့်ကြည့် ထူးချွန်ထက်မြတ်တဲ့သူတစ်ယောက်ပဲလေ။
မုန့်ရန်ကို ဘရက်ဒလီ သဘောကျနေတယ်ဆိုတာကိုတွေးလိုက်တာနဲ့ လော်ရှို့ ဒေါသထွက်လာတယ်။ဒီဒေါသက ဘရက်ဒလီ ကြောင့်လား ဒါမှမဟုတ်သူကိုယ်တိုင်က အသက်ဆယ်နှစ်လောက် ပြန်ငယ်မသွားတာကြောင့်လားဆိုတာ လော်ရှို့ သေချာမခွဲခြားနိူင်သေးဘူး။ခုနက ပြောခဲ့တဲ့ အချက် နှစ်ခုစလုံးကြောင့် သူ ဒေါသထွက်နေတယ်ဆိုတာလဲ ဖြစ်နိုင်တာပဲလေ။
လော်ရှို့ မုန့်ရန်ရဲ့နဖူးလေးကိုနမ်းလိုက်တယ်။ဒီကောင်လေးကိုဘယ့်သူကိုမှ မပေးနိူင်ဘူး။အကယ်၍ပိုပြီးသင့်တော်တဲ့သူတစ်ယောက် ပေါ်လာခဲ့ရင်တောင် ဒီကောင်လေးကို သူလက်မလွှတ်ပေးနိူင်ဘူး။မုန့်ရန် သူ့အနားမှာရှိနေမှ သူစိတ်အေးနိူင်မှာ.......
Zawgyi
"ထိုင်ကြလေ"
"ဆရာ..ကျွန်တော်အဲ့လိုတွေဝယ်လိုက်တာ တစ်ခုခုများပြသာနာဖြစ်လာနိုင်လားဟင်?"
"မင်း ခနနေရင် ငါနဲ့အတူဈေးနှုန်းတွေ ခန့်မှန်းကြည့်မလား?"
"သေချာတာပေါ့ "
"ယုံကြည်ချက်ရှိလား?"
"ဟုတ်ကဲ့"
"တခြားနာမည်ကြီးဈေးနှုန်းခန့်မှန်းသူတွေနဲ့ ဆရာတွေရှိနေတာတောင် ဒီလို one man show လုပ်ပြီး အနိုင်ပိုင်းသွားနိုင်တယ်ဆို​တော့....."
"ဘာလို့ မရရမှာလဲ?"
မုန့်ရန်ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ဈေးနှုန်းတွေကိုသစ်သားပြားလေးပေါ်မှာ ချရေးလိုက်တယ်။
"နောင်ခါလာနောင်ခါဈေးပေါ့ဗျာ၊ဒီလောက်လုပ်နိုင်တာလေးလောက်နဲ့တော့ ချီးကျုးမစောပါနဲ့ဉီး"
အမွှေးနံ့သာဈေးကွက်တာဝန်ခံက လင်စုန့်ထိုင် ကို လုပ်အုပ်ကြီးကြားထဲကနေ ခက်ခက်ခဲခဲ တိုးဝှေ့ပြီးတောင်းဆိုနေရတယ်။
"Congratulations၊ ဒီတစ်ခေါက်တော့ အပြည့်အဝကိုအောင်ပွဲခံသွားနိုင်တာပဲ"
"ကျေးဇူးပါ "
"မင်း..."
ခန်းမထဲကို ဝင်လိုက်တာနဲ့ လင်စုန့်ထိုင်ကို နံ့သာဈေးကွက်တာဝန်ခံအစိုးရပိုင်းက လူတွေနဲ့ မိတ်ဆက်ပေးဖို့ခေါ်သွားကြတယ်။ပြောရင်းဆိုရင်းနဲ့ ရင်းနှီးလာကြတဲ့အခါ နောက်တစ်ခါဈေးကွက်ကိုလာရောက်လေ့လာတဲ့ အခါ နာမည်ကဒ်တွေသုံးစရာမလိုလောက်တော့တဲ့အထိ လိုက်လျောပေးလာကြတယ်။
"အင်း"
"ဉက္ကဌလော်..သူက...??"
"ကောင်းပါပြီ"
"ဘာဖြစ်လို့လဲဟင်??"
Continue Reading
You'll Also Like
17.4K 1.7K 36
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
95.6K 9.6K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
390K 49.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
57.8K 5.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...