သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 315K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (28)

27.5K 3.9K 358
By OpalHawthorn28

မုန့်ရန် သူ့ကို မှတ်မိတယ်ဆိုတာမုန့်ရန်ရဲ့ အမူအရာကနေတဆင့် သိလိုက်တယ်။ဒါ့ကြောင့် သူက မုန့်ရန်ကို နူးညံ့နေတဲ့အကြည့်နဲ့ကြည့်လိုက်ပြီးမေးလိုက်တယ်။

"ညစာသွားစားကြမလို့လား?ကိုယ်နဲ့အတူ တစ်ခုခုလိုက်စားဖို့ မင်းကို  ဖိတ်လို့ရမလား?"    ""

ဝူဖန်နဲ့ တခြားကျန်တဲ့သူတွေကတစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်တယ်။ဒီလူက အတော်ကိုချောပေမယ့် ဒီလူ့ကို သူတို့တွေတစ်ယောက်မှ မသိဘူးလေ။ဒီလိုရုတ်တရက်ကြီး ထမင်းစားဖိတ်ရတဲ့နောက်ကွယ်က ရည်ရွယ်ချက်ကဘာများလဲ?

"ဟင့်အင်း ကျွန်တော်တို့က ညစာသွားမစားခင် စျေးဝယ်ထွက်ကြဉီးမှာ၊ပြီးတော့ ကျွန်တော်တို့တွေ Booking လုပ်ထားပြီးပြီ"

မုန့်ရန် တည်ငြိမ်စွာနဲ့ ငြင်းပယ်လိုက်တယ်။

မုန့်ရန် ရဲ့ ငြင်းဆိုမှုကို ဘရက်ဒလီ အရမ်းအံ့သြသွားတယ်။မုန့်ရန် သူ့ကို မှတ်မိမယ်လို့ ဘရက်ဒလီထင်ထားခဲ့တယ်။မှတ်မိတယ်ဆိုရင် ဘာလို့ ထမင်းစားဖိတ်တာကို ငြင်းရတာလဲ?

"သွားလိုက်ပါဉီးမယ်"

မုန့်ရန်ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး လှည့်ထွက်သွားလိုက်တယ်။

မုန့်ရန်ရဲ့ ငြင်းဆန်မှုကို ဘရက်ဒလီ အံ့အားသင့်နေတုန်းမှာပဲ မုန့်ရန်နဲ့ မုန့်ရန်ရဲ့သူငယ်ချင်းတွေက တဖြည်းဖြည်း နဲ့ အဝေးကို ရောက်သွားနေပြီ။

ယွီကျွင်းချန် ဘရက်ဒလီရဲ့ဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ ဘရက်ဒလီကို တကြိမ်ထက်မက လည်ပြန်ကြည့်နေမိတယ်။သူလဲ ဒီလူ့ကို မြင်ဖူးနေသလိုခံစားရတယ်။

"ခဏနေပါဉီး၊ငါမှတ်မိပြီ!!"

ဝူဖန် ရုတ်တရက်ကြီး ထအော်လိုက်တယ်။

"သူက ဟိုတစ်ယောက်မဟုတ်လား?နာမည်ဘယ်လိုခေါ်ပါလိမ့်!!!"

"သူက နိုင်ငံတကာမှာနာမည်ကြီးနေတဲ့ ပါဆာဗရာ ရေမွှေး Company ရဲ့ ဒုဉက္ကဌ ဘရက်ဒလီ၊ပြီးတော့သူက ကမ္ဘာကျော် performer model "

ဘရက်ဒလီ ကိုတစ်ချက်ကြည့်ရုံနဲ့မှတ်မိနေတဲ့ ချင်းဟုန်က ရှင်းပြပေးလိုက်တယ်။

"ဟုတ်တယ်၊ဟုတ်တယ်၊သူပဲ... ဒီလူကို မြင်ဖူးနေပါတယ်လို့ငါပြောသားပဲ။ငါသူ့ကို ရေမွှေးကြေငြာတွေထဲမှာတွေ့ဖူးတယ်။လုံးဝ amazing နော်"

ဝူဖန် အရမ်းကိုတက်ကြွနေတဲ့ ကြက်ဖတစ်ကောင်လို မနားတမ်းကိုပြောနေခဲ့တယ်။

"သူငါတို့ကို အခုလေးတင် ညစာစားဖို့ဖိတ်သွားတာပေါ့နော်။ဒါဆို ငါတို့တွေ ကြီးမားတဲ့အရာတစ်ခုကို ဒီလိုပဲ လက်လွှတ်လိုက်ရတာလား?!!"
ဒါကို သတိပြုမိသွားတဲ့သူတွေကလဲ ဒီအကြောင်းကိုပြောဆိုနေကြတယ်။

"တကယ်ပဲ ဘရက်ဒလီ ဖြစ်နေတာလား?ငါက ဒီအတိုင်း ရုပ်ချင်းဆင်တယ်လို့ပဲထင်နေတာ။ဘရက်ဒလီဆိုတာ perfume icon တစ်ယောက်ပဲလေ"

"ငါတို့တွေသူ့ကို ပြန်သွားရှာကြမလားဟင်?"

"ဟုတ်တယ်၊ငါတို့တွေ ကံကောင်းလို့ ဘရက်ဒလီ နဲ့တွေ့ခွင့်ရတာ၊ပြီးတော့ သူက ငါတို့နဲ့ ညစာအတူစားချင်တယ်တဲ့၊ ငါအိမ်မက်မက်နေတာတော့​မဟုတ်ပါဘူးနော်"

"နေစမ်းပါဉီး၊သူက ငါတို့ကို ဖိတ်သွားတာမှမဟုတ်တာ၊မုန့်ရန်တစ်ယောက်တည်းကိုပဲ ဖိတ်သွားတာလေ"

"မုန့်ရန် မင်းအခုနကတည်းကသူ့ကို မှတ်မိတယ်မလား၊အဲ့တာနဲ့များ ဘာလို့ ငြင်းလိုက်တာလဲကွာ"

ဝူဖန်က မုန့်ရန်ကိုမေးလိုက်တယ်။

"ကျွန်တော်သူ့ကို မှတ်မိတယ်၊ဒါပေမယ့် ကျွန်တော်မှ သူနဲ့မရင်းနှီးတာ။အဲ့တော့ သူ ဖိတ်တာကို ဘာလို့လက်ခံရမှာလဲ"

"ချက်ထားပြီးသားဖြစ်နေမှတော့ စားလိုက်ရုံပဲပေါ့။မင်းရဲ့အရည်အချင်းတွေကိုသိသွားလို့ မင်းနဲ့ မိတ်ဖွဲ့ချင်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။မင်းသာသူ့နဲ့ ခင်မင်ခွင့်ရသွားရင် နိူင်ငံတကာပြိုင်ပွဲတွေမှာ မင်းအတွက် အကျိုးအမြတ်တွေရနိုင်တယ်နော်။မင်းသာ သူနဲ့ သူငယ်ချင်းဖြစ်သွားမယ်ဆို ရှားပါးကုန်ကြမ်းတွေကို အလွယ်တကူဝယ်လို့ ရမှာကွ"

ဝူဖန်ရဲ့စကားတွေကြောင့် မုန့်ရန်ပြုံးလိုက်မိတယ်။

"ကျွန်တော် ဝမ်ချန်းတာဝါမှာ သီးသန့်အခန်းတစ်ခု Booking လုပ်ထားတယ်။စီနီယာ မလိုက်ချင်ဘူးလား?"

"ငါလိုက်ချင်ပါတယ်၊ဒါပေမယ့်..."

ဝူဖန်က​တော့ မုန့်ရန်ကို ဖြောင်းဖျချင်နေတုန်းပဲ။ဒါပေမယ့် ချင်းဟုန်က စကားဝင်ဖြတ်လိုက်တယ်။

"မုန့်ရန်ပြောတာမှန်တယ်။ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက်မရင်းနှီးကြဘဲနဲ့ ဘာလို့ ညစာအတူစားရမှာလဲ?"

ချင်းဟုန်ရဲ့ အသံအနေအထားရ ချင်းဟုန် Jelly နင်နေပြီဆိုတာ ဝူဖန် သသဘောပေါက်လိုက်ပြီလေ။ဝူဖန်က ချင်းဟုန်ကို တံတောင်နဲ့ တွတ်လိုက်ပြီး

"အချဉ်ဓာတ်လေးနည်းနည်းလျော့ဉီး။ငါအခုပြောနေတာတွေက မုန့်ရန် ကောင်းစားဖို့အတွက်တွေကြီးပဲ။အကယ်၍ မုန့်ရန် သာ ဘရက်ဒလီ နဲ့ သူငယ်ချင်းတွေဖြစ်ခွင့်ရရင် မုန့်ရန်အတွက် ရွှေခင်းထားတဲ့လမ်းတွေအများကြီးပွင့်သွားမှာကွ။မုန့်ရန် နိုင်ငံတကာပြိုင်ပွဲတွေဝင်ပြိုင်တဲ့အခါ ဒါတွေက အကူအညီဖြစ်လောက်တယ်လေ"

ယွီကျွင်းချန် က တမင်တကာ လမ်းကိုဖြည်းဖြည်းလျှောက်ပြီး မုန့်ရန်တို့ပြောနေတာတွေကို နားထောင်နေလိုက်တယ်။မုန့်ရန်တို့ စကားဝိုင်းကနေတဆင့် ဒီလူ က ဘရက်ဒလီ ဆိုတာကို သူမှတ်မိသွားခဲ့တယ်။ပြီးတော့ ဘရက်ဒလီ လို လူမျိုးက မုန့်ရန်ကို ညစာအတူစားဖို့ ဖိတ်တယ်။မုန့်ရန် ဘာလို့ ကံကောင်းနေရတာလဲ?

မုန့်ရန်တို့ အုပ်စုက တစ်မြို့လုံးကို လျှောက်ပတ်ပြီး အရည်သွေးမြင့်တဲ့ ကုန်ကြမ်းတစ်ချို့ကိုဝယ်ယူခဲ့တယ်။အဲ့နောက် ညစာစားဖို့ ဝမ်ချန်းတာဝါကို ပြန်ခဲ့ကြတယ်။

ညစာစားပြီးတာနဲ့ တည်းခိုရမယ့်နေရာကို ပြန်သွားခဲ့ကြတယ်။မြို့ထဲမှာရှိတဲ့ Hotel တွေထက်စာရင် မြို့ပြင်နားမှာရှိတဲ့ တည်းခိုဆောင်တွေက သိပ်တော့မကျယ်ဝန်းလှပေ။ဒါပေမယ့် မုန့်ရန်တို့ တည်းခိုနေတဲ့ တည်းခိုဆောင်​ကတော့ တစ်မြို့လုံးမှာ အကြီးဆုံးနဲ့ အကျယ်ဝန်းဆုံးတည်းခိုဆောင်ဖြစ်တယ်။

"တိုက်ဆိုင်လိုက်တာ၊မင်းလဲ ဒီမှာတည်းတာလား?"

ဘရက်ဒလီ က မုန့်ရန်ကို ကြင်နာစွာကြည့်ပြီးမေးလိုက်တယ်။

"တဆိတ်လောက်၊ ခင်ဗျားက Mr.ဘရက်ဒလီ များလား?"

ဝူဖန် က ဘရက်ဒလီ ကိုမေးလိုက်ခြင်းဖြစ်တယ်။

"ဟုတ်ပါတယ် "

ဘရက်ဒလီ က ဝူဖန့်ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး၊ မုန့်ရန်ကို ခွင့်တောင်းလိုက်တယ်။

"ကိုယ် မင်းနဲ့ သီးသန့် စကားပြောလို့ရနိုင်မလား?"

"ဟင့်အင်း၊ ခင်ဗျား ဘယ်ကုန်ကြမ်းကို လိုချင်တယ်ဆိုတာသာပြောပြလိုက်ပါ"

ဒီလူ သူ့ဆီကနေ ပြန်ဝယ်ချင်နေတဲ့ကုန်ကြမ်းတွေရှိနေတာကြောင့် တမင်သက်သက်လာစောင့်နေမှန်း မုန့်ရန်သိတယ်။

ဒီ နံပါတ် 28လေးက အရမ်းထက်မြက်တာပဲလို့ ဘရက်ဒလီ ပြုံးနေရင်းနဲ့တွေးလိုက်မိတယ်။ထက်မြက်တဲ့သူတွေနဲ့ အပေးအယူလုပ်ရတာကို ဘရက်ဒလီ သဘောကျတယ်။

"Jasper honey ရယ်  jade jasmine ball ရယ်ကို လိုချင်တယ်"

"မရဘူး"

မုန့်ရန် မစဉ်းစားဘဲ ချက်ချင်းငြင်းလိုက်တယ်။

"ကျွန်တော့် အဲ့နှစ်မျိုးကို အရေးတကြီး အသုံးလိုနေတယ်။အဲ့တော့ ခင်ဗျားကို မရောင်းနိုင်ဘူး"

"ပေါက်စျေးထက် ငါးဆပိုပေးမယ်"

"ကျွန်တော့်ကို ငွေကြေးချို့တဲ့နေတယ်လို့များထင်နေတာလား?"

"......"
ဘရက်ဒလီ ခဏလောက်စဉ်းစားလိုက်တယ်။

"တန်ဖိုးတူတဲ့ ပစ္စည်းတွေနဲ့ အလဲအထပ်လုပ်မယ်ဆိုရင်ရော?ကိုယ်မင်းအပေါ်အကြွေးတစ်ခုတင်သွားတယ်လို့ပဲ သတ်မှတ်လိုက်ပါ"

"ဟင့်အင်း။ကျွန်တော် ဒီပစ္စည်း နှစ်မျိုးကို မရောင်းချင်လို့မဟုတ်ဘူး။ဒီနှစ်မျိုးလုံးကကျွန်တော့်အတွက် မရှိမဖြစ်အရေးကြီးနေလို့ပါ။အဲ့တော့ ဘယ်နည်းနဲ့မှ ခင်ဗျားကိုမပေးနိူင်ဘူး။ဒီပစ္စည်းမျိုးနှစ်မျိုးက ရှားပါးပေမဲ့ တခြားပစ္စည်းတွေထဲက တချို့လို ရှားပါးတာတော့ မဟုတ်ဘူးလေ။တချို့ဆိုင်တွေ ဝယ်လို့ရနိုင်သေးတယ်။ခင်ဗျား ဒီပစ္စည်းနှစ်မျိုးကိုတကယ်လိုချင်နေတယ်ဆိုရင် မြန်မြန်ရှာပြီးသွားဝယ်သင့်နေပြီ"

မုန့်ရန် တည်းခိုဆောင်ထဲမဝင်ခင် ဘရက်ဒလီ ကို တဲ့တိုးဆန်ဆန်ပြောချပစ်လိုက်တယ်။တကယ်တော့ဒီပစ္စည်း နှစ်မျိုးက လော်ရှို့ ရဲ့ခေါင်းကိုက်ရောဂါကို ကုသပေးတဲ့နေရာမှာ အရမ်းအရေးကြီးတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တယ်။ဒီလိုမျိုး အရေးကြီးတဲ့ ပစ္စည်း ကို ဘရက်ဒလီ ကို ရောင်းလိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ။

"မုန့်ရန်...."

ဝူဖန်က ဘရက်ဒလီ ကိုတစ်ချက်ကြည့်လိုက်ပြီး မုန့်ရန် နောက်ကိုလိုက်သွားလိုက်တယ်။

မုန့်ရန်ရဲ့ ကျောပြင်လေးကို ကြည့်ပြီး ဘရက်ဒလီ သက်ပြင်းချလိုက်တယ်။ထက်မြက်တဲ့သူတွေနဲ့အပေးအယူလုပ်ရတာကိုသဘောကျပေမယ့် ခေါင်းမာတဲ့သူတွေနဲ့ အပေးယူလုပ်ရတာကိုတော့သူ သဘောမကျဘူးလေ။

"သူ​ဌေး အဲ့ကောင်လေးက တမင်တကာ ဈေးနှုန်းကို မြှင့်ချင်နေတာလား?ဒါမှမဟုတ် ကြီးကြီးမားမားတစ်ခုခုကိုတောင်းဆိုချင်နေတာများလား?"

ဘရက်ဒလီ ရဲ့လက်ထောက်က ဘရက်ဒလီ ကို အကြံပေးနေခြင်းဖြစ်တယ်။

"ဒီနိူင်ငံက ရှေးလူကြီးတွေပြောနေကျစကားတစ်ခွန်းကို ကျွန်တော်ကြားဖူးတယ်။ တစ်ခုခုကို ဖမ်းချင်ရင် အရင်လွှတ်ပေးရမယ်တဲ့"

"သူက ငါ့ကို တကယ်ရောင်းဖို့ ဆန္ဒမရှိတာကွ"

ဘရက်ဒလီ မုန့်ရန်ရဲ့ ကျောပြင်လေးကို ကြည့်ပြီးပြောလိုက်တယ်။

"သူ့အတွေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်"

ဘရက်ဒလီ ရဲ့မျက်နှာသာပေးမှုကိုရတယ်ဆိုတာကောင်းတဲ့အရာဖြစ်ကြောင်း မုန့်ရန် ကို ဝူဖန်ရှင်းပြချင်နေတယ်။ဒါပေမယ့် မုန့်ရန်ရဲ့အမူအရာကြောင့် ရှင်းပြနေလဲ ဘာမှထူးမှာမဟုတ်ဘူးဆိုတာသိလိုက်တယ်။အဲ့တာကြောင့် ဘာမှဆက်မပြောဘဲ ငြိမ်နေလိုက်တယ်။

ကျောင်းသားတွေအကုန်လုံး ကိုယ်စီ သက်ဆိုင်ရာအခန်းတွေဆီပြန်သွားကြပြီ။တစ်ချို့က အခန်းတစ်ခန်းကို နှစ်ယောက်၊သုံးယောက်မျှသုံးကြပေမယ့် မုန့်ရန်ကတော့ အကြီးဆုံးနဲ့ အကျယ်ဆုံးအခန်းမှာ တစ်ယောက်တည်းနေခွင့်ရတယ်။မုန့်ရန်က လွတ်လွတ်လပ်လပ်အိပ်တတ်တဲ့သူဖြစ်တဲ့အတွက် အခြားသူတွေနဲ့ အခန်းမျှသုံးတာမျိုးကို မလုပ်ချင်ခဲ့ပေ။

ယွီကျွင်းချန်က လော်ဆန်းနဲ့ တစ်ခန်းထဲအတူနေတယ်။လော်ဆန်းရေချိုးနေတဲ့အချိန်မှာ ယွီကျွင်းချန် ဆိုဖာပေါ်မှာခဏထိုင်စဉ်းစားနေပြီး အခန်းထဲက ထွက်သွားလိုက်တယ်။

အစက​တော့ ယွီကျွင်းချန်က မုန့်ရန်ဆီကိုသွားပြီးစကားပြောဖို့ စဉ်းစားနေခဲ့တာဖြစ်တယ်။ဒါပေမယ့် အခန်းထောင့်နားမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ချက်ချင်း အကွယ်တစ်ခုရှာပြီးပုန်းနေလိုက်တယ်။မုန့်ရန်ရဲ့အခန်းထဲကို ဝင်သွားတဲ့ အရပ်ရှည်တဲ့လူတစ်ယောက်ရဲ့ ကျောပြင်ကို သူ မြင်လိုက်ရတယ်လေ။

ထိုလူရဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ် အချိုးအစားကို ကြည့်ပြီး ရင်းနှီးနေတယ်လို့ ယွီကျွင်းချန် တွေးလိုက်မိတယ်။ဒီလူက သူနေ့လည်က မြင်လိုက်ရတဲ့ ဘရက်ဒလီ နဲ့အရမ်းတူနေတယ်။ယွီကျွင်းချန် ခေါင်းထုတ်ပြီးကြည့်လိုက်ချိန်မှာ မုန့်ရန်ရဲ့အခန်းတံခါးက ပိတ်သွားခဲ့လေပြီ။

နည်းနည်းလောက်တုံ့ဆိုင်းနေပြီးတဲ့အခါ လော်ဆန်းဆီကို ယွီကျွင်းချန် အမြန်ပြေးသွားလိုက်တယ်။

ရေချိုးနေတဲ့လော်ဆန်းက ရေချိုးခန်းတံခါးကို အဆက်မပြတ်ထုရိုက်နေသံကြားတာကြောင့် ချက်ချင်းတံခါးဖွင့်လိုက်ပြီး ယွီကျွင်းချန် ကိုမေးလိုက်တယ်။

"ဘာဖြစ်လို့လဲ?"

"ငါခုနက..မြင်လိုက်....."
ယွီကျွင်းချန် ကို ကြည့်ရတာတစ်ခုခုပြောချင်နေပုံရပေမယ့်စကားကိုဆက်မပြောဘဲရပ်ထားတယ်။အဲ့နောက် သူ့မျက်နှာထားကို  သိသိသာသာကို ထူးဆန်းနေဟန်ပြင်လိုက်ပြီးဆက်ပြောလိုက်တယ်။

"ငါအခုလေးတင် မုန့်ရန်နဲ့စကားပြောဖို့သွားတာ။ဒါပေမယ့် နေ့လည်က မုန့်ရန်ကို ထမင်းစားဖိတ်တဲ့သူကိုတွေ့လိုက်တယ်။အဲ့လူက မုန့်ရန်ရဲ့အခန်းထဲကိုဝင်သွားတယ်။မုန့်ရန်က အဲ့လူအထဲကို ဝင်တာနဲ့ တံခါးပိတ်လိုက်တယ်"

လော်ဆန်းက နားမလည်နိူင်တဲ့အကြည့်တွေနဲ့ ယွီကျွင်းချန် ကိုကြည့်နေတယ်။ဒီကိစ္စက ယွီကျွင်းချန် ကိုဘယ်လိုများ ပြာယာခတ်နေအောင်လုပ်နိုင်တာလဲဆိုတာ သူ နားမလည်ဘူး။နေ့လည်ခင်းတုန်းကအကြောင်းကို လော်ဆန်း နည်းနည်းတော့ သိထားတယ်။ကြည့်ရတာ ထိုလူက မုန့်ရန် ကိုတစ်ခုခုတောင်းဆိုနေပုံရတယ်။

လော်ဆန်း ပဟေဠိ ဖြစ်နေပုံကို ယွီကျွင်းချန် တစ်ချက်ကြည့်လိုက်တယ်။

"အရမ်းညဉ့်နက်နေပြီ၊အကုန်လုံးကလဲ ရေမိုးချိုးပြီးညအိပ်ရာဝင်ကုန်ကျလောက်ပြီ။အ​ခြေနေတွေကဘယ်လိုပဲ ဖြစ်ဖြစ် မုန့်ရန်က အိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီလေ။ဒီအချိန်မှာ မုန့်ရန်က တခြားယောက်ကျားတစ်ယောက်က်ို  အခန်းထဲပေးဝင်ထားတယ်။ဒါကိုသာ တခြားသူတွေသိသွားရင် အကျည်းတန်တဲ့ ကောလဟာလတွေပြန့်သွားနိူင်တယ်...."

လော်ဆန်းခဏလောက် တောင့်တင်းသွားတယ်။သူ့ရဲ့စိတ်တွေတုန်ခါနေတယ်။အဲ့နောက် ယွီကျွင်းချန်ကို မြန်မြန် ပြောလိုက်တယ်။

"သွားး တခြားကျန်တဲ့သူတွေကို ခေါ်လာခဲ့လိုက်။အရင်အခေါက်က ငါတို့ကို မုန့်ရန် လုပ်ခဲ့သလို သူ့ကိုလဲ လူတွေမြင်သွားအောင်ပြန်လုပ်ဖို့ အခွင့်ရေးရလာပြီ!!"

"မင်း...မင်းတကယ်အဲ့လိုလုပ်မလို့လား။ထားလိုက်ပါတော့။မနက်ဖြန်ကျမှ မုန့်ရန်ကို ရှေ့လျှောက်အနေအထိုင်ဆင်ခြင်ဖို့ သတိသွားပေးလိုက်မယ်"

ယွီကျွင်းချန် က လော်ဆန်း ကိုဖြောင်းဖြနေတယ်။

"ငါတို့အလှည့်တုန်းက လူတွေအများကြီး အကြည့်ခံခဲ့ရတာလေ။အဲ့တုန်းက သူကရောငါတို့အတွက် ထည့်စဉ်းစားပေးလို့လား။ဒီအခွင့်ရေးကို လက်လွှတ်မခံနိူင်ဘူး!!"

"ဒါပေမယ့် သူတို့ကိုကြည့်ရတာ တခြားဘာမှလုပ်လောက်မှာမဟုတ်ပါဘူး။ မုန့်ရန်ဆီကနေကုန်ကြမ်းပစ္စည်းတွေဝယ်မလို့ နေပါလိမ့်မယ်"

"သူတို့ တခြားဟာတွေ လုပ်မလုပ်ဆိုတာအရေးမကြီးဘူး။အဓိကက တခြားသူတွေအဲ့လိုထင်သွားဖို့ပဲအရေးကြီးတာ။ထားလိုက်ပါတော့ သူ့အတွက်ကြောင့်နဲ့ မင်းရဲ့လက်ကို အညစ်ပတ်ခံစရာမလိုဘူး။ငါ့ဘာသာစီစဉ်လိုက်မယ်"

လော်ဆန်း ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဖုန်း ၂ callခေါ်ဆိုလိုက်တယ်။အဲ့နောက် အဝတ်အစားဝတ်ပြီးအခန်းထဲကနေ ထွက်ခွာသွားခဲ့တယ်။

ဆယ်မိနစ်ကျော်လောက်ကြာတဲ့အခါ လော်ဆန်း ဖုန်းဆက်ပြီးခေါ်ထားတဲ့သူတွေရောက်လာကြတယ်။လော်ဆန်းက ယွီကျွင်းချန် ရဲ့စီနီယာအစ်ကိုတွေအပြင် မုန့်ရန်ရဲ့စီနီယာအစ်ကိုတွေကိုပါခေါ်ထားလိုက်သေးတယ်။ဒီလူတွေက ဘာမှန်းမသိညာမှန်းမသိ နဲ့ မုန့်ရန် ရဲ့အခန်းရှေ့မှာစုဝေးနေကြရတယ်။အဲ့အချိန်မှာ လော်ဆန်းက မုန့်ရန် ရဲ့အခန်းတံခါးကိုခေါက်လိုက်တယ်။

"ဘယ်သူလဲ??"

မုန့်ရန်လှမ်းအော်လိုက်တယ်။

လော်ဆန်း ဘာတစ်ခွန်းမှ မဖြေဘဲ တံခါးကို ဆက်တိုက်ခေါက်နေတယ်။

အနည်းငယ်ဇဝေဇဝါဖြစ်နေဟန်နဲ့ မုန့်ရန် တံခါးဆီကိုလျှောက်လာလိုက်ပြီး တံခါးကို နည်းနည်းဖွင့်ပြီးကြည့်လိုက်တယ်။လူတွေအများကြီး သူ့အခန်းရှေ့မှာရှိနေတာမြင်တော့ မုန့်ရန် အံ့သြသွားတယ်။

လော်ဆန်း က တံခါးကိုတွန်းဖွင့်လိုက်ချင်ပေမယ့် မုန့်ရန် က တံခါးလက်ကိုင်ကို မြဲမြဲကိုင်ထားပြီး အေးစက်နေတဲ့ လေသံနဲ့မေးလိုက်တယ်။

"မင်းဘာလုပ်မလို့လဲ?"

"ငါဘာလုပ်မလဲဆိုတာ မင်းမသိဘူးလား?"
လော်ဆန်းက လှောင်ပြောင်သရော်လိုက်ပြီး တံခါးကိုအားပြင်းပြင်းနဲ့တွန်းလိုက်တယ်။

"တံခါးဖွင့်စမ်း!!"

"ဒါက ငါ့အခန်း၊ မင်း ဖွင့်ခိုင်းတိုင်းဖွင့်ပေးစရာလားကွ!!!"

လော်ဆန်း ဘာလုပ်ဖို့ဒီကိုရောက်နေလဲဆိုတာ မုန့်ရန်သိတယ်။ လူအုပ်ကြီးရဲ့နောက်ဘက်နားမှာရှိနေတဲ့သက်တော်စောင့်တွေကို ဘာမှ မလုပ်ဖို့ အချက်ပြလိုက်တယ်။

"ဟေးးး ငါဆဲမိတော့မယ်နော်၊ငါတို့ကို ဒီအချိန်ကြီး ပြင်မှာ မတ်တပ်ရပ်ခိုင်းပြီး ဘာလုပ်မလို့လဲ? မင်းဘာဖြစ်နေတာလဲ??"

ဝူဖန်နဲ့ တခြားသူတွေက အရမ်းအိပ်ချင်နေကြ​ပြီ။သူတို့ခင်ဗျာ ဘုမသိဘမသိနဲ့ လော်ဆန်းခေါ်လို့လိုက်လာကြရတာဖြစ်တယ်။လော်ဆန်းက သူတို့ကို လျှောက်လမ်းမှာရပ်စောင့်နေခိုင်းပြီး မုန့်ရန့်ရဲ့အခန်းတံခါးကို ခေါက်နေတာကြောင့် မုန့်ရန် တစ်ခုခုများဖြစ်နေမလားဆိုပြီး စိတ်ပူနေကြတာဖြစ်တယ်။

"ဟုတ်တယ်၊ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ?"

"မုန့်ရန်ကို အနိုင်ကျင့်လို့ကတော့နော် ဒီမှာလူတွေအများကြီးရှိတယ်။တစ်ယောက်မှမင်းကိုမကြောက်ဘူးကွ!!"

"အဲ့လူတွေက ဘယ်သူတွေလဲ?"

ကင်မရာကိုင်ထားတဲ့ လူတွေကိုကြည့်ပြီးမုန့်ရန်မေးလိုက်တယ်။

"သတင်းထောက်တွေမလား?ဘာလဲ၊အိမ်ထောင်ရေးဖောက်ပြန်တဲ့သူကို အမိဖမ်းမလို့လား?မင်းနဲ့ယွီကျွင်းချန်ဖောက်ပြန်တုန်းက ငါကိုယ်တိုင်လက်ပူးလက်ကြပ်ဖမ်းခဲ့သလိုမျိုးလား?"

"ဟုတ်တယ်၊ ငါအခုဒီကိုလာတာ ဖောက်ပြန်နေတဲ့ကောင်ကိုဖမ်းမလို့"
လော်ဆန်းက အသံကျယ်ကျယ်နဲ့ဆက်ပြောတယ်။

"မင်း က ငါ့အဖေနဲ့ လက်ထပ်ထားပြီးသား​နော်။ဒါပေမယ့် ဒီလိုညကြီးသန်းခေါင်အချိန်မှာ မင်းက အခန်းထဲမှာ အခြားယောက်ကျားတစ်ယောက်ကိုဖွက်ထားတယ်။မင်းက ငါတို့ လော်မိသားစုကို အရှက်ကွဲပြီး မျက်နှာပျက်အောင်လုပ်ချင်နေတာလား?"

"အကယ်၍ ငါ့အခန်းထဲမှာ သူစိမ်းယောက်ကျားတစ်ယောက်ရှိမနေဘူးဆိုရင်ရော?မင်း ငါ့ကို ဘယ်လိုတောင်းပန်မှာလဲ?"

မုန့်ရန်က အေးစက်နေတဲ့ အမူအရာနဲ့ လော်ဆန်း ကိုမေးလိုက်တယ်။

"မဖြစ်နိူင်ဘူး။တံခါးဖွင့်ပြီး ငါတို့ကို ကြည့်ခွင့်ပေးလိုက်။ဖွက်ထားလို့ရမယ်လို့ ထင်နေတာလား?"

ဖုန်းတွေခေါ်ပြီးကတည်းက လော်ဆန်းတစ်ယောက် စကြန်လမ်းမှာထိုင်စောင့်နေခဲ့တာဖြစ်တယ်။ဘယ်သူမှ ထွက်လာတာ မတွေ့တဲ့အတွက် အဲ့လူ ဒီအခန်းထဲမှာ ရှိတယ်ဆိုတာ လောဆန်းအရမ်းသေချာနေခြင်းဖြစ်တယ်။

"ငါ မင်းကိုကြည့်ခွင့်ပေးမှာပါ။ဒါပေမယ့် အခန်းထဲမှာ သူစိမ်းယောက်ကျားမရှိဘူးဆိုရင် မင်းဘာလုပ်မှာလဲ?"

မုန့်ရန် နောက်တစ်ခေါက်ထပ်မေးလိုက်တယ်။

"ပေါက်ကရပြောနေတာကို ရပ်ပြီး ငါ့ရှေ့ကနေဖယ်စမ်း!!!"
လော်ဆန်း တံခါးကိုတွန်းဖွင့်လိုက်တယ်။တံခါးပွင့်သွားတာနဲ့ လော်ဆန်း အသင့်ခေါ်ထားတဲ့ လူတွေက အခန်းထဲကို ​တိုးဝင်လာကြတယ်။အဲ့အချိန်မှာရေချိုးခန်းတံခါးပွင့်လာပြီး Bathrobe ဝတ်ထားတဲ့ လူတစ်ယောက် က ရေချိုးခန်းထဲကနေထွက်လာတယ်။လော်ဆန်း အရမ်းစိတ်လှုပ်ရှားနေတယ်။ထိုလူက ခေါင်းကိုငုံ့ပြီး ခေါင်းသုတ်နေချိန်မှာလော်ဆန်းက သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခိုင်းပြီး မှတ်တမ်းယူခိုင်းနေတယ်။ထို့နောက် ထိုလူရဲ့မျက်နှာကို လော်ဆန်းရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။

"ဘာတွေလဲ?"
လူအုပ်ကြီးရဲ့ရှေ့မှာရပ်နေတဲ့ လော်ဆန်းကို မြင်လိုက်တာနဲ့ လော်ရှို့ချက်ချင်းမျက်မှောင်ကြုံ့သွားတယ်။

"Mr.လော်၊ကျွန်တော့်အခန်းထဲမှာ သူစိမ်းယောက်ကျားတစ်ယောက်ရှိနေတဲ့အတွက် ကျွန်တော် ခင်ဗျားအပေါ်ဖောက်ပြန်နေတယ်ဆိုတာကို လူတွေအများကြီး ခေါ်လာပြီး လာဖမ်းတာလို့ လော်ဆန်း ကပြောတယ်"

မုန့်ရန်က လော်ရှို့ ရဲ့လက်မောင်းကိုကိုင်လိုက်ပြီး မကျေနပ်ချက်တွေပြည့်နေတဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။

"သူ ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲချင်နေတယ်လို့ ကျွန်တော်ထင်တယ်။ဒါက ပထမဆုံး အကြိမ်မဟုတ်ဘူးနော်....."

"အဖေ....."

လော်ဆန်းက ကြောက်လန့်တုန်လှုပ်နေမှုကို မြိုသိပ်ပြီး ခက်ခက်ခဲခဲရှင်းပြနေတယ်။

"အဖေ ဒီမှာရှိနေမှန်းကျွန်တော်မသိဘူး။ကျွန်တော်ထင်တာက သူ...."

"မင်း ဘယ်လိုထင်လဲ?"

လော်ဆန်းရဲ့အနောက်မှာရပ်နေတဲ့ သတင်းထောက်တွေကိုကြည့်လိုက်ပြီး လော်ရှို့ပြောလိုက်တယ်။

"ဒီလူတွေက သတင်းထောက်တွေလား?မင်းက သတင်းထောက်တွေကို ခေါ်လာတယ်ဆိုမှတော့ ကောင်းပြီလေ၊ငါကလဲ သူတို့သတင်းရေးစရာရသွားအောင် ရှင်းရှင်းလင်းလင်း ကြေငြာပေးရမှာပေါ့။အနာဂတ်မှာ မင်းက လော်မိသားစုနဲ့ ဘာမှမသက်ဆိုင်တော့တဲ့အပြင် ငါ့ရဲ့ ပိုင်ဆိုင်မှုတွေထဲက ကြေးပြားတစ်ပြားလောက်ကိုတောင် မင်းအနေနဲ့ အမွေရမှာမဟုတ်တော့ဘူး။မနက်ဖြန်ကျရင် လူလွှတ်ပြီး သားအဖြစ်ကနေ အမွေပြတ်စွန့်လွှတ်ကြောင်း တရားဝင် စာရွက်စာတမ်းတွေပို့ပေးလိုက်မယ်။အဲတော့ လော်မိသားစုရဲ့ လုပ်ငန်းတွေကို အမွေဆက်ခံမယ့် စိတ်ကူးတွေကို လက်လျော့လိုက်တော့။အနာဂတ်မှာ ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စ၊လော်မိသားစုရဲ့အရေးကိစ္စ၊မုန့်ရန် ရဲ့အရေးကိစ္စတွေကို အပြင်လူတစ်ယောက်ဖြစ်တဲ့ မင်းမှာ ဝင်စွက်ဖက်ပိုင်ခွင့်လုံးဝမရှိတော့ဘူး!!"

ဉပဒေဆိုတာ သေးငယ်တဲ့အရာမဟုတ်သလို၊အလွယ်တကူ ပြုပြင်ပြောင်းလဲလို့ရတဲ့အရာတစ်ခုမဟုတ်ပေ။လော်ဆန်းနဲ့ လော်ရှို့တို့ကြားမှာရှိတဲ့ သားအဖ ဆက်ဆံရေးကို တရားဝင်လုပ်ထုံးလုပ်နည်းတွေအရဖြတ်တောက်လိုက်မယ်ဆိုရင် ဒီဆက်ဆံရေးကို ဆယ်စုနှစ်တွေကြာတဲ့အထိပြန်လည်ထူထောင်နိုင်တော့မှာမဟုတ်ပေ။လော်ရှို့က သူ့ကို အဆက်မပြတ်စိတ်ဒုက္ခပေးနေတဲ့ လော်မိသားစုရဲ့အမွေတွေကိုဆက်ခံချင်တဲ့လော်ဆန်းရဲ့စိတ်ကူးတွေကို ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်တယ်။လော်ဆန်းရဲ့ မဆင်မခြင်အပြုမူတွေကြောင့်သာမဟုတ်ရင် လော်ရှို့ကလဲ ဒီလောက်ထိလုပ်ဖို့ စိတ်မကူးထားချေ။

"အဖေ..."

လော်ဆန်းရဲ့ မျက်နှာက သိသိသာသာပြောင်းလဲသွားတယ်။သူတို့နှစ်ယောက်ကြားမှာရှိတဲ့ သားအဖဆက်ဆံရေးကို အမှန်တကယ်ဖြတ်တောက်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အရိပ်ယောင်တွေကိုလော်ရှို့ရဲ့မျက်ဝန်းတွေမှာ မြင်နေရတယ်။

"ငါ့ကို အဖေလို့မခေါ်နဲ့!!!ငါကံဆိုးလွန်းလို့ မင်းလိုသားမျိူးရထားတာ။ဒီသတင်းထောက်တွေကဒါကိုလူသိရှင်ကြားသတင်းမတင်ရင်၊ငါတခြားမီဒီယာတွေကနေတဆင့် ထပ်ကြေငြာလိုက်မယ်။အခုချိန်ကစပြီး ငါ့ရဲ့ပိုင်ဆိုင်မှုတွေကို အိမ်မက်ထပ် မမက်တော့ရင်ကောင်းမယ်!!"

လော်ရှို့ ခဏလောက်စဉ်းစားလိုက်ပြီး ဒီအကြောင်းကို သတိထပ်ပေးလိုက်တယ်။

"ကိုယ်ပိုင်ခြေထောက်နှစ်ဖက်ပေါ်မရပ်တည်နိူင်သေးသ၍ မင်း ဘယ်တော့မှ သန်မာလာမှာမဟုတ်ဘူး။မင်းရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ရှာဖွေထားတာမဟုတ်တာတွေက မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး!!"

"ကျွန်တော် တောင်းပန်ပါတယ်"

လော်ဆန်း လက်သီးကို တင်းအောင်ဆုပ်ထားတယ်။တကယ်တော့ လော်မိသားစုရဲ့ အမွေမျက်နှာကြောင့် အောင့်အီးသည်းခံနေဖို့တစ်ခုတည်းကိုသာတွေးနေတာကြောင့် လော်ရှို့ပြောနေတာတွေကို သူ အကုန်မကြားခဲ့ပါဘူး။လော်ဆန်း ခေါင်းကိုငုံ့ပြီးပြောလိုက်တယ်။

"ကျွန်တော် မုန့်ရန်ကို တောင်းပန်ပါ့မယ်။တောင်းပန်ဖို့အတွက် ဘာမဆိုလုပ်ပါ့မယ်"

"မင်း တောင်းပန်သင့်တယ်။ဒါပေမယ့် ခွင့်လွှတ်တာခွင့်မလွှတ်တာက မုန့်ရန်ရဲ့ ကိုယ်ပိုင်အခွင့်ရေးပဲ"

ဒါက လော်ရှို့ ပြောလိုက်တာဖြစ်တယ်။

လော်ဆန်း ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ပြီး ခါးကို ကိုးဆယ်ဒီဂရီအထိ ကိုင်းညွှတ်ပြီး မုန့်ရန်ကိုတောင်းပန်လိုက်တယ်။

"အရင်က ငါလုပ်ခဲ့တဲ့ အမှားတွေအကုန်လုံးအတွက်တောင်းပန်ပါတယ်။ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

"မင်းလုပ်ခဲ့သမျှအရာအားလုံးကို တောင်းပန်ပါတယ်ဆိုတဲ့စကားလုံးတွေလောက်နဲ့ မေ့ပစ်ပေးရမယ်ပေါ့။ဒါဆို ငါကလဲ မင်းကို ပြန်ပြောလိုက်မယ်၊မင်းတော်တော်နုံတာပဲနော်"

မုန့်ရန် သူ့ကိုပြုံးပြီးထပ်ပြောလိုက်တယ်။

"ဒါပေမယ့် မင်းငါ့ကိုတကယ်တောင်းပန်ချင်တယ်ဆိုရင် မင်းအနေနဲ့ စိတ်ရင်းအမှန်လောက်ကိုတော့ ပြပေးသင့်တယ်လေ"

"....မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ?"

လော်ဆန်းအံကြိတ်သံနဲ့မေးလိုက်တယ်။

"ငါတို့နိုင်ငံရဲ့ရိုးရာယဉ်ကျေးမူအရ ငါနဲ့ Mr.လော်လက်ထပ်ပြီးနောက်နေ့မှာ မင်းက ငါ့ကို လက်ဖက်ရည်တစ်ခွက် ကမ်းပြီး ဖေဖေလေးလို့ခေါ်ရမှာမဟုတ်ဘူးလား?ငါနဲ့ မင်းအဖေ လက်ထပ်ပြီးတာဒီလောက်ကြာနေတဲ့ အထိ မင်းက ရိုးရာဓလေ့ကို အခုထိမလိုက်နာသေးဘူးဘဲ"

မုန့်ရန်က လော်ဆန်း ကို ပြောနေရင်းနဲ့ သက်တော်စောင့်တွေကို တစ်ချက်ကြည့်လိုက်တယ်။

သက်တော်စောင့်တွေ ချက်ချင်းဝင်လာပြီး လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ငှဲ့ပြီးလော်ဆန်းကိုပေးလိုက်တယ်။

မုန့်ရန်က လော်ရှို့နဲ့အတူ ခုံတန်းပေါ်မှာထိုင်ရင်း လော်ဆန်းကို ကြည့်နေတယ်။မုန့်ရန်က လော်ဆန်းကို ဒူးထောက်ဖို့ ဖိအားမပေးခဲ့ဘူး။အကယ်၍လော်ဆန်းမှာသာ ကျောထောက်နောက်ခံ တကယ်ရှိတယ်ဆိုရင် အခုနေ လော်ဆန်းထပြန်သွားလောက်ပြီ။

ဒီမြင်ကွင်းကို အခန်းပြင်ဘက်ကနေ လူတွေအများကြီးဝိုင်းအုံကြည့်နေကြတယ်။လော်ဆန်း တစ်ယောက် ထပြန်သွားမလား ဒါမှမဟုတ်၊ လက်ဖက်ရည်ကြမ်းကမ်းပြီး မုန့်ရန်ကိုများ ဖေဖေလေးလို့ ခေါ်လိုက်မလားဆိုတာကို လူအုပ်ကြီးတစ်ခုလုံးဝေခွဲမရဖြစ်နေတယ်။

လော်ဆန်းလက်တွေကို တင်းနေအောင်ဆုပ်ထားတယ်။သူ့ရဲ့ အကျင့်စရိုက်အတိုင်းဆိုရင် ချက်ချင်းလှည့်ပြန်ပြီးနေပြီ။ဒါပေမယ့် သူ့အဖိုးဆုံးမထားတဲ့စကားသံတွေက သူ့အတွေးတွေထဲမှာ ရစ်ဝဲနေတယ်။အောင်မြင်ချင်တယ်ဆိုရင် တခြားသူတွေသည်းမခံနိုင်တဲ့အရာတွေကို သူ့အနေနဲ့ သည်းခံမှဖြစ်မယ်။သူ့အဖေတောင်သည်းခံနိုင်ခဲ့သေးတာပဲ၊ သူလဲ သည်းခံနိုင်မှ ဖြစ်မယ်ဆိုပြီး လော်ဆန်း သူ့ကိုယ်သူအားပေးနေတယ်။သူ ကျိန်ဆိုတယ်၊လော်မိသားစုကို ချုပ်ကိုင်နိူင်တဲ့တစ်နေ့မှာ မုန့်ရန် သူ့ကိုဒီနေ့လုပ်ခဲ့တာတွေအတွက် အဆထောင်ပေါင်းများ ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်။

သက်တော်စောင့်တွေလက်ထဲက လက်ဖက်ရည်ကြမ်းခွက်ကိုယူလိုက်ပြီး လော်ရှို့နဲ့ မုန့်ရန်တို့ရှေ့မှာ လော်ဆန်းဒူးထောက်လိုက်တယ်။

"ကျေးဇူးပြုပြီး လက်ဖက်ရည်ကြမ်းသုံးဆောင်ပါ၊ဖေဖေလေး..."

Zawgyi

မုန္႔ရန္ သူ႕ကို မွတ္မိတယ္ဆိုတာမုန္႔ရန္ရဲ႕ အမူအရာကေနတဆင့္ သိလိုက္တယ္။ဒါ့ေၾကာင့္ သူက မုန္႔ရန္ကို ႏူးညံ့ေနတဲ့အၾကည့္နဲ႔ၾကည့္လိုက္ၿပီးေမးလိုက္တယ္။

"ညစာသြားစားၾကမလို႔လား?ကိုယ္နဲ႔အတူ တစ္ခုခုလိုက္စားဖို႔ မင္းကို  ဖိတ္လို႔ရမလား?"    ""

ဝူဖန္နဲ႔ တျခားက်န္တဲ့သူေတြကတစ္ေယာက္ကိုတစ္ေယာက္လွမ္းၾကည့္လိုက္တယ္။ဒီလူက အေတာ္ကိုေခ်ာေပမယ့္ ဒီလူ႕ကို သူတို႔ေတြတစ္ေယာက္မွ မသိဘူးေလ။ဒီလို႐ုတ္တရက္ႀကီး ထမင္းစားဖိတ္ရတဲ့ေနာက္ကြယ္က ရည္႐ြယ္ခ်က္ကဘာမ်ားလဲ?

"ဟင့္အင္း ကြၽန္ေတာ္တို႔က ညစာသြားမစားခင္ ေစ်းဝယ္ထြက္ၾကဉီးမွာ၊ၿပီးေတာ့ ကြၽန္ေတာ္တို႔ေတြ Booking လုပ္ထားၿပီးၿပီ"

မုန္႔ရန္ တည္ၿငိမ္စြာနဲ႔ ျငင္းပယ္လိုက္တယ္။

မုန္႔ရန္ ရဲ႕ ျငင္းဆိုမႈကို ဘရက္ဒလီ အရမ္းအံ့ၾသသြားတယ္။မုန္႔ရန္ သူ႕ကို မွတ္မိမယ္လို႔ ဘရက္ဒလီထင္ထားခဲ့တယ္။မွတ္မိတယ္ဆိုရင္ ဘာလို႔ ထမင္းစားဖိတ္တာကို ျငင္းရတာလဲ?

"သြားလိုက္ပါဉီးမယ္"

မုန္႔ရန္ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး လွည့္ထြက္သြားလိုက္တယ္။

မုန္႔ရန္ရဲ႕ ျငင္းဆန္မႈကို ဘရက္ဒလီ အံ့အားသင့္ေနတုန္းမွာပဲ မုန္႔ရန္နဲ႔ မုန္႔ရန္ရဲ႕သူငယ္ခ်င္းေတြက တျဖည္းျဖည္း နဲ႔ အေဝးကို ေရာက္သြားေနၿပီ။

ယြီကြၽင္းခ်န္ ဘရက္ဒလီရဲ႕ေဘးကေန ျဖတ္သြားတဲ့အခ်ိန္မွာ ဘရက္ဒလီကို တႀကိမ္ထက္မက လည္ျပန္ၾကည့္ေနမိတယ္။သူလဲ ဒီလူ႕ကို ျမင္ဖူးေနသလိုခံစားရတယ္။

"ခဏေနပါဉီး၊ငါမွတ္မိၿပီ!!"

ဝူဖန္ ႐ုတ္တရက္ႀကီး ထေအာ္လိုက္တယ္။

"သူက ဟိုတစ္ေယာက္မဟုတ္လား?နာမည္ဘယ္လိုေခၚပါလိမ့္!!!"

"သူက ႏိုင္ငံတကာမွာနာမည္ႀကီးေနတဲ့ ပါဆာဗရာ ေရေမႊး Company ရဲ႕ ဒုဉကၠဌ ဘရက္ဒလီ၊ၿပီးေတာ့သူက ကမ႓ာေက်ာ္ performer model "

ဘရက္ဒလီ ကိုတစ္ခ်က္ၾကည့္႐ုံနဲ႔မွတ္မိေနတဲ့ ခ်င္းဟုန္က ႐ွင္းျပေပးလိုက္တယ္။

"ဟုတ္တယ္၊ဟုတ္တယ္၊သူပဲ... ဒီလူကို ျမင္ဖူးေနပါတယ္လို႔ငါေျပာသားပဲ။ငါသူ႕ကို ေရေမႊးေၾကျငာေတြထဲမွာေတြ႕ဖူးတယ္။လုံးဝ amazing ေနာ္"

ဝူဖန္ အရမ္းကိုတက္ႂကြေနတဲ့ ၾကက္ဖတစ္ေကာင္လို မနားတမ္းကိုေျပာေနခဲ့တယ္။

"သူငါတို႔ကို အခုေလးတင္ ညစာစားဖို႔ဖိတ္သြားတာေပါ့ေနာ္။ဒါဆို ငါတို႔ေတြ ႀကီးမားတဲ့အရာတစ္ခုကို ဒီလိုပဲ လက္လႊတ္လိုက္ရတာလား?!!"
ဒါကို သတိျပဳမိသြားတဲ့သူေတြကလဲ ဒီအေၾကာင္းကိုေျပာဆိုေနၾကတယ္။

"တကယ္ပဲ ဘရက္ဒလီ ျဖစ္ေနတာလား?ငါက ဒီအတိုင္း ႐ုပ္ခ်င္းဆင္တယ္လို႔ပဲထင္ေနတာ။ဘရက္ဒလီဆိုတာ perfume icon တစ္ေယာက္ပဲေလ"

"ငါတို႔ေတြသူ႕ကို ျပန္သြား႐ွာၾကမလားဟင္?"

"ဟုတ္တယ္၊ငါတို႔ေတြ ကံေကာင္းလို႔ ဘရက္ဒလီ နဲ႔ေတြ႕ခြင့္ရတာ၊ၿပီးေတာ့ သူက ငါတို႔နဲ႔ ညစာအတူစားခ်င္တယ္တဲ့၊ ငါအိမ္မက္မက္ေနတာေတာ့​မဟုတ္ပါဘူးေနာ္"

"ေနစမ္းပါဉီး၊သူက ငါတို႔ကို ဖိတ္သြားတာမွမဟုတ္တာ၊မုန္႔ရန္တစ္ေယာက္တည္းကိုပဲ ဖိတ္သြားတာေလ"

"မုန္႔ရန္ မင္းအခုနကတည္းကသူ႕ကို မွတ္မိတယ္မလား၊အဲ့တာနဲ႔မ်ား ဘာလို႔ ျငင္းလိုက္တာလဲကြာ"

ဝူဖန္က မုန္႔ရန္ကိုေမးလိုက္တယ္။

"ကြၽန္ေတာ္သူ႕ကို မွတ္မိတယ္၊ဒါေပမယ့္ ကြၽန္ေတာ္မွ သူနဲ႔မရင္းႏွီးတာ။အဲ့ေတာ့ သူ ဖိတ္တာကို ဘာလို႔လက္ခံရမွာလဲ"

"ခ်က္ထားၿပီးသားျဖစ္ေနမွေတာ့ စားလိုက္႐ုံပဲေပါ့။မင္းရဲ႕အရည္အခ်င္းေတြကိုသိသြားလို႔ မင္းနဲ႔ မိတ္ဖြဲ႕ခ်င္တာလဲ ျဖစ္ခ်င္ျဖစ္မွာေပါ့။မင္းသာသူ႕နဲ႔ ခင္မင္ခြင့္ရသြားရင္ ႏိူင္ငံတကာၿပိဳင္ပြဲေတြမွာ မင္းအတြက္ အက်ိဳးအျမတ္ေတြရႏိုင္တယ္ေနာ္။မင္းသာ သူနဲ႔ သူငယ္ခ်င္းျဖစ္သြားမယ္ဆို ႐ွားပါးကုန္ၾကမ္းေတြကို အလြယ္တကူဝယ္လို႔ ရမွာကြ"

ဝူဖန္ရဲ႕စကားေတြေၾကာင့္ မုန္႔ရန္ျပဳံးလိုက္မိတယ္။

"ကြၽန္ေတာ္ ဝမ္ခ်န္းတာဝါမွာ သီးသန္႔အခန္းတစ္ခု Booking လုပ္ထားတယ္။စီနီယာ မလိုက္ခ်င္ဘူးလား?"

"ငါလိုက္ခ်င္ပါတယ္၊ဒါေပမယ့္..."

ဝူဖန္က​ေတာ့ မုန္႔ရန္ကို ေျဖာင္းဖ်ခ်င္ေနတုန္းပဲ။ဒါေပမယ့္ ခ်င္းဟုန္က စကားဝင္ျဖတ္လိုက္တယ္။

"မုန္႔ရန္ေျပာတာမွန္တယ္။ငါတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္မရင္းႏွီးၾကဘဲနဲ႔ ဘာလို႔ ညစာအတူစားရမွာလဲ?"

ခ်င္းဟုန္ရဲ႕ အသံအေနအထားရ ခ်င္းဟုန္ Jelly နင္ေနၿပီဆိုတာ ဝူဖန္ သသေဘာေပါက္လိုက္ၿပီေလ။ဝူဖန္က ခ်င္းဟုန္ကို တံေတာင္နဲ႔ တြတ္လိုက္ၿပီး

"အခ်ဥ္ဓာတ္ေလးနည္းနည္းေလ်ာ့ဉီး။ငါအခုေျပာေနတာေတြက မုန္႔ရန္ ေကာင္းစားဖို႔အတြက္ေတြႀကီးပဲ။အကယ္၍ မုန္႔ရန္ သာ ဘရက္ဒလီ နဲ႔ သူငယ္ခ်င္းေတြျဖစ္ခြင့္ရရင္ မုန္႔ရန္အတြက္ ေ႐ႊခင္းထားတဲ့လမ္းေတြအမ်ားႀကီးပြင့္သြားမွာကြ။မုန္႔ရန္ ႏိုင္ငံတကာၿပိဳင္ပြဲေတြဝင္ၿပိဳင္တဲ့အခါ ဒါေတြက အကူအညီျဖစ္ေလာက္တယ္ေလ"

ယြီကြၽင္းခ်န္ က တမင္တကာ လမ္းကိုျဖည္းျဖည္းေလွ်ာက္ၿပီး မုန္႔ရန္တို႔ေျပာေနတာေတြကို နားေထာင္ေနလိုက္တယ္။မုန္႔ရန္တို႔ စကားဝိုင္းကေနတဆင့္ ဒီလူ က ဘရက္ဒလီ ဆိုတာကို သူမွတ္မိသြားခဲ့တယ္။ၿပီးေတာ့ ဘရက္ဒလီ လို လူမ်ိဳးက မုန္႔ရန္ကို ညစာအတူစားဖို႔ ဖိတ္တယ္။မုန္႔ရန္ ဘာလို႔ ကံေကာင္းေနရတာလဲ?

မုန္႔ရန္တို႔ အုပ္စုက တစ္ၿမိဳ႕လုံးကို ေလွ်ာက္ပတ္ၿပီး အရည္ေသြးျမင့္တဲ့ ကုန္ၾကမ္းတစ္ခ်ိဳ႕ကိုဝယ္ယူခဲ့တယ္။အဲ့ေနာက္ ညစာစားဖို႔ ဝမ္ခ်န္းတာဝါကို ျပန္ခဲ့ၾကတယ္။

ညစာစားၿပီးတာနဲ႔ တည္းခိုရမယ့္ေနရာကို ျပန္သြားခဲ့ၾကတယ္။ၿမိဳ႕ထဲမွာ႐ွိတဲ့ Hotel ေတြထက္စာရင္ ၿမိဳ႕ျပင္နားမွာ႐ွိတဲ့ တည္းခိုေဆာင္ေတြက သိပ္ေတာ့မက်ယ္ဝန္းလွေပ။ဒါေပမယ့္ မုန္႔ရန္တို႔ တည္းခိုေနတဲ့ တည္းခိုေဆာင္​ကေတာ့ တစ္ၿမိဳ႕လုံးမွာ အႀကီးဆုံးနဲ႔ အက်ယ္ဝန္းဆုံးတည္းခိုေဆာင္ျဖစ္တယ္။

"တိုက္ဆိုင္လိုက္တာ၊မင္းလဲ ဒီမွာတည္းတာလား?"

ဘရက္ဒလီ က မုန္႔ရန္ကို ၾကင္နာစြာၾကည့္ၿပီးေမးလိုက္တယ္။

"တဆိတ္ေလာက္၊ ခင္ဗ်ားက Mr.ဘရက္ဒလီ မ်ားလား?"

ဝူဖန္ က ဘရက္ဒလီ ကိုေမးလိုက္ျခင္းျဖစ္တယ္။

"ဟုတ္ပါတယ္ "

ဘရက္ဒလီ က ဝူဖန္႔ကို ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး၊ မုန္႔ရန္ကို ခြင့္ေတာင္းလိုက္တယ္။

"ကိုယ္ မင္းနဲ႔ သီးသန္႔ စကားေျပာလို႔ရႏိုင္မလား?"

"ဟင့္အင္း၊ ခင္ဗ်ား ဘယ္ကုန္ၾကမ္းကို လိုခ်င္တယ္ဆိုတာသာေျပာျပလိုက္ပါ"

ဒီလူ သူ႕ဆီကေန ျပန္ဝယ္ခ်င္ေနတဲ့ကုန္ၾကမ္းေတြ႐ွိေနတာေၾကာင့္ တမင္သက္သက္လာေစာင့္ေနမွန္း မုန္႔ရန္သိတယ္။

ဒီ နံပါတ္ 28ေလးက အရမ္းထက္ျမက္တာပဲလို႔ ဘရက္ဒလီ ျပဳံးေနရင္းနဲ႔ေတြးလိုက္မိတယ္။ထက္ျမက္တဲ့သူေတြနဲ႔ အေပးအယူလုပ္ရတာကို ဘရက္ဒလီ သေဘာက်တယ္။

"Jasper honey ရယ္  jade jasmine ball ရယ္ကို လိုခ်င္တယ္"

"မရဘူး"

မုန္႔ရန္ မစဥ္းစားဘဲ ခ်က္ခ်င္းျငင္းလိုက္တယ္။

"ကြၽန္ေတာ္႕ အဲ့ႏွစ္မ်ိဳးကို အေရးတႀကီး အသုံးလိုေနတယ္။အဲ့ေတာ့ ခင္ဗ်ားကို မေရာင္းႏိုင္ဘူး"

"ေပါက္ေစ်းထက္ ငါးဆပိုေပးမယ္"

"ကြၽန္ေတာ္႕ကို ေငြေၾကးခ်ိဳ႕တဲ့ေနတယ္လို႔မ်ားထင္ေနတာလား?"

"......"
ဘရက္ဒလီ ခဏေလာက္စဥ္းစားလိုက္တယ္။

"တန္ဖိုးတူတဲ့ ပစၥည္းေတြနဲ႔ အလဲအထပ္လုပ္မယ္ဆိုရင္ေရာ?ကိုယ္မင္းအေပၚအေႂကြးတစ္ခုတင္သြားတယ္လို႔ပဲ သတ္မွတ္လိုက္ပါ"

"ဟင့္အင္း။ကြၽန္ေတာ္ ဒီပစၥည္း ႏွစ္မ်ိဳးကို မေရာင္းခ်င္လို႔မဟုတ္ဘူး။ဒီႏွစ္မ်ိဳးလုံးကကြၽန္ေတာ္႕အတြက္ မ႐ွိမျဖစ္အေရးႀကီးေနလို႔ပါ။အဲ့ေတာ့ ဘယ္နည္းနဲ႔မွ ခင္ဗ်ားကိုမေပးႏိူင္ဘူး။ဒီပစၥည္းမ်ိဳးႏွစ္မ်ိဳးက ႐ွားပါးေပမဲ့ တျခားပစၥည္းေတြထဲက တခ်ိဳ႕လို ႐ွားပါးတာေတာ့ မဟုတ္ဘူးေလ။တခ်ိဳ႕ဆိုင္ေတြ ဝယ္လို႔ရႏိုင္ေသးတယ္။ခင္ဗ်ား ဒီပစၥည္းႏွစ္မ်ိဳးကိုတကယ္လိုခ်င္ေနတယ္ဆိုရင္ ျမန္ျမန္႐ွာၿပီးသြားဝယ္သင့္ေနၿပီ"

မုန္႔ရန္ တည္းခိုေဆာင္ထဲမဝင္ခင္ ဘရက္ဒလီ ကို တဲ့တိုးဆန္ဆန္ေျပာခ်ပစ္လိုက္တယ္။တကယ္ေတာ့ဒီပစၥည္း ႏွစ္မ်ိဳးက ေလာ္႐ိႈ႕ ရဲ႕ေခါင္းကိုက္ေရာဂါကို ကုသေပးတဲ့ေနရာမွာ အရမ္းအေရးႀကီးတဲ့ ပါဝင္ပစၥည္းေတြျဖစ္တယ္။ဒီလိုမ်ိဳး အေရးႀကီးတဲ့ ပစၥည္း ကို ဘရက္ဒလီ ကို ေရာင္းလိုက္ဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ဘူးေလ။

"မုန္႔ရန္...."

ဝူဖန္က ဘရက္ဒလီ ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး မုန္႔ရန္ ေနာက္ကိုလိုက္သြားလိုက္တယ္။

မုန္႔ရန္ရဲ႕ ေက်ာျပင္ေလးကို ၾကည့္ၿပီး ဘရက္ဒလီ သက္ျပင္းခ်လိုက္တယ္။ထက္ျမက္တဲ့သူေတြနဲ႔အေပးအယူလုပ္ရတာကိုသေဘာက်ေပမယ့္ ေခါင္းမာတဲ့သူေတြနဲ႔ အေပးယူလုပ္ရတာကိုေတာ့သူ သေဘာမက်ဘူးေလ။

"သူ​ေဌး အဲ့ေကာင္ေလးက တမင္တကာ ေဈးႏႈန္းကို ျမႇင့္ခ်င္ေနတာလား?ဒါမွမဟုတ္ ႀကီးႀကီးမားမားတစ္ခုခုကိုေတာင္းဆိုခ်င္ေနတာမ်ားလား?"

ဘရက္ဒလီ ရဲ႕လက္ေထာက္က ဘရက္ဒလီ ကို အၾကံေပးေနျခင္းျဖစ္တယ္။

"ဒီႏိူင္ငံက ေ႐ွးလူႀကီးေတြေျပာေနက်စကားတစ္ခြန္းကို ကြၽန္ေတာ္ၾကားဖူးတယ္။ တစ္ခုခုကို ဖမ္းခ်င္ရင္ အရင္လႊတ္ေပးရမယ္တဲ့"

"သူက ငါ့ကို တကယ္ေရာင္းဖို႔ ဆႏၵမ႐ွိတာကြ"

ဘရက္ဒလီ မုန္႔ရန္ရဲ႕ ေက်ာျပင္ေလးကို ၾကည့္ၿပီးေျပာလိုက္တယ္။

"သူ႕အေတြးေတြက စိတ္ဝင္စားဖို႔ေကာင္းတယ္"

ဘရက္ဒလီ ရဲ႕မ်က္ႏွာသာေပးမႈကိုရတယ္ဆိုတာေကာင္းတဲ့အရာျဖစ္ေၾကာင္း မုန္႔ရန္ ကို ဝူဖန္႐ွင္းျပခ်င္ေနတယ္။ဒါေပမယ့္ မုန္႔ရန္ရဲ႕အမူအရာေၾကာင့္ ႐ွင္းျပေနလဲ ဘာမွထူးမွာမဟုတ္ဘူးဆိုတာသိလိုက္တယ္။အဲ့တာေၾကာင့္ ဘာမွဆက္မေျပာဘဲ ၿငိမ္ေနလိုက္တယ္။

ေက်ာင္းသားေတြအကုန္လုံး ကိုယ္စီ သက္ဆိုင္ရာအခန္းေတြဆီျပန္သြားၾကၿပီ။တစ္ခ်ိဳ႕က အခန္းတစ္ခန္းကို ႏွစ္ေယာက္၊သုံးေယာက္မွ်သုံးၾကေပမယ့္ မုန္႔ရန္ကေတာ့ အႀကီးဆုံးနဲ႔ အက်ယ္ဆုံးအခန္းမွာ တစ္ေယာက္တည္းေနခြင့္ရတယ္။မုန္႔ရန္က လြတ္လြတ္လပ္လပ္အိပ္တတ္တဲ့သူျဖစ္တဲ့အတြက္ အျခားသူေတြနဲ႔ အခန္းမွ်သုံးတာမ်ိဳးကို မလုပ္ခ်င္ခဲ့ေပ။

ယြီကြၽင္းခ်န္က ေလာ္ဆန္းနဲ႔ တစ္ခန္းထဲအတူေနတယ္။ေလာ္ဆန္းေရခ်ိဳးေနတဲ့အခ်ိန္မွာ ယြီကြၽင္းခ်န္ ဆိုဖာေပၚမွာခဏထိုင္စဥ္းစားေနၿပီး အခန္းထဲက ထြက္သြားလိုက္တယ္။

အစက​ေတာ့ ယြီကြၽင္းခ်န္က မုန္႔ရန္ဆီကိုသြားၿပီးစကားေျပာဖို႔ စဥ္းစားေနခဲ့တာျဖစ္တယ္။ဒါေပမယ့္ အခန္းေထာင့္နားမွာ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ ခ်က္ခ်င္း အကြယ္တစ္ခု႐ွာၿပီးပုန္းေနလိုက္တယ္။မုန္႔ရန္ရဲ႕အခန္းထဲကို ဝင္သြားတဲ့ အရပ္႐ွည္တဲ့လူတစ္ေယာက္ရဲ႕ ေက်ာျပင္ကို သူ ျမင္လိုက္ရတယ္ေလ။

ထိုလူရဲ႕ အရပ္အေမာင္းနဲ႔ ခႏၶာကိုယ္ အခ်ိဳးအစားကို ၾကည့္ၿပီး ရင္းႏွီးေနတယ္လို႔ ယြီကြၽင္းခ်န္ ေတြးလိုက္မိတယ္။ဒီလူက သူေန႔လည္က ျမင္လိုက္ရတဲ့ ဘရက္ဒလီ နဲ႔အရမ္းတူေနတယ္။ယြီကြၽင္းခ်န္ ေခါင္းထုတ္ၿပီးၾကည့္လိုက္ခ်ိန္မွာ မုန္႔ရန္ရဲ႕အခန္းတံခါးက ပိတ္သြားခဲ့ေလၿပီ။

နည္းနည္းေလာက္တုံ႔ဆိုင္းေနၿပီးတဲ့အခါ ေလာ္ဆန္းဆီကို ယြီကြၽင္းခ်န္ အျမန္ေျပးသြားလိုက္တယ္။

ေရခ်ိဳးေနတဲ့ေလာ္ဆန္းက ေရခ်ိဳးခန္းတံခါးကို အဆက္မျပတ္ထု႐ိုက္ေနသံၾကားတာေၾကာင့္ ခ်က္ခ်င္းတံခါးဖြင့္လိုက္ၿပီး ယြီကြၽင္းခ်န္ ကိုေမးလိုက္တယ္။

"ဘာျဖစ္လို႔လဲ?"

"ငါခုနက..ျမင္လိုက္....."
ယြီကြၽင္းခ်န္ ကို ၾကည့္ရတာတစ္ခုခုေျပာခ်င္ေနပုံရေပမယ့္စကားကိုဆက္မေျပာဘဲရပ္ထားတယ္။အဲ့ေနာက္ သူ႕မ်က္ႏွာထားကို  သိသိသာသာကို ထူးဆန္းေနဟန္ျပင္လိုက္ၿပီးဆက္ေျပာလိုက္တယ္။

"ငါအခုေလးတင္ မုန္႔ရန္နဲ႔စကားေျပာဖို႔သြားတာ။ဒါေပမယ့္ ေန႔လည္က မုန္႔ရန္ကို ထမင္းစားဖိတ္တဲ့သူကိုေတြ႕လိုက္တယ္။အဲ့လူက မုန္႔ရန္ရဲ႕အခန္းထဲကိုဝင္သြားတယ္။မုန္႔ရန္က အဲ့လူအထဲကို ဝင္တာနဲ႔ တံခါးပိတ္လိုက္တယ္"

ေလာ္ဆန္းက နားမလည္ႏိူင္တဲ့အၾကည့္ေတြနဲ႔ ယြီကြၽင္းခ်န္ ကိုၾကည့္ေနတယ္။ဒီကိစၥက ယြီကြၽင္းခ်န္ ကိုဘယ္လိုမ်ား ျပာယာခတ္ေနေအာင္လုပ္ႏိုင္တာလဲဆိုတာ သူ နားမလည္ဘူး။ေန႔လည္ခင္းတုန္းကအေၾကာင္းကို ေလာ္ဆန္း နည္းနည္းေတာ့ သိထားတယ္။ၾကည့္ရတာ ထိုလူက မုန္႔ရန္ ကိုတစ္ခုခုေတာင္းဆိုေနပုံရတယ္။

ေလာ္ဆန္း ပေဟဠိ ျဖစ္ေနပုံကို ယြီကြၽင္းခ်န္ တစ္ခ်က္ၾကည့္လိုက္တယ္။

"အရမ္းညဥ့္နက္ေနၿပီ၊အကုန္လုံးကလဲ ေရမိုးခ်ိဳးၿပီးညအိပ္ရာဝင္ကုန္က်ေလာက္ၿပီ။အ​ေျခေနေတြကဘယ္လိုပဲ ျဖစ္ျဖစ္ မုန္႔ရန္က အိမ္ေထာင္သည္တစ္ေယာက္ျဖစ္ေနၿပီေလ။ဒီအခ်ိန္မွာ မုန္႔ရန္က တျခားေယာက္က်ားတစ္ေယာက္က္ိဳ  အခန္းထဲေပးဝင္ထားတယ္။ဒါကိုသာ တျခားသူေတြသိသြားရင္ အက်ည္းတန္တဲ့ ေကာလဟာလေတြျပန္႔သြားႏိူင္တယ္...."

ေလာ္ဆန္းခဏေလာက္ ေတာင့္တင္းသြားတယ္။သူ႕ရဲ႕စိတ္ေတြတုန္ခါေနတယ္။အဲ့ေနာက္ ယြီကြၽင္းခ်န္ကို ျမန္ျမန္ ေျပာလိုက္တယ္။

"သြားး တျခားက်န္တဲ့သူေတြကို ေခၚလာခဲ့လိုက္။အရင္အေခါက္က ငါတို႔ကို မုန္႔ရန္ လုပ္ခဲ့သလို သူ႕ကိုလဲ လူေတြျမင္သြားေအာင္ျပန္လုပ္ဖို႔ အခြင့္ေရးရလာၿပီ!!"

"မင္း...မင္းတကယ္အဲ့လိုလုပ္မလို႔လား။ထားလိုက္ပါေတာ့။မနက္ျဖန္က်မွ မုန္႔ရန္ကို ေ႐ွ႕ေလွ်ာက္အေနအထိုင္ဆင္ျခင္ဖို႔ သတိသြားေပးလိုက္မယ္"

ယြီကြၽင္းခ်န္ က ေလာ္ဆန္း ကိုေျဖာင္းျဖေနတယ္။

"ငါတို႔အလွည့္တုန္းက လူေတြအမ်ားႀကီး အၾကည့္ခံခဲ့ရတာေလ။အဲ့တုန္းက သူကေရာငါတို႔အတြက္ ထည့္စဥ္းစားေပးလို႔လား။ဒီအခြင့္ေရးကို လက္လႊတ္မခံႏိူင္ဘူး!!"

"ဒါေပမယ့္ သူတို႔ကိုၾကည့္ရတာ တျခားဘာမွလုပ္ေလာက္မွာမဟုတ္ပါဘူး။ မုန္႔ရန္ဆီကေနကုန္ၾကမ္းပစၥည္းေတြဝယ္မလို႔ ေနပါလိမ့္မယ္"

"သူတို႔ တျခားဟာေတြ လုပ္မလုပ္ဆိုတာအေရးမႀကီးဘူး။အဓိကက တျခားသူေတြအဲ့လိုထင္သြားဖို႔ပဲအေရးႀကီးတာ။ထားလိုက္ပါေတာ့ သူ႕အတြက္ေၾကာင့္နဲ႔ မင္းရဲ႕လက္ကို အညစ္ပတ္ခံစရာမလိုဘူး။ငါ့ဘာသာစီစဥ္လိုက္မယ္"

ေလာ္ဆန္း ဖုန္းကိုေကာက္ကိုင္လိုက္ၿပီး ဖုန္း ၂ callေခၚဆိုလိုက္တယ္။အဲ့ေနာက္ အဝတ္အစားဝတ္ၿပီးအခန္းထဲကေန ထြက္ခြာသြားခဲ့တယ္။

ဆယ္မိနစ္ေက်ာ္ေလာက္ၾကာတဲ့အခါ ေလာ္ဆန္း ဖုန္းဆက္ၿပီးေခၚထားတဲ့သူေတြေရာက္လာၾကတယ္။ေလာ္ဆန္းက ယြီကြၽင္းခ်န္ ရဲ႕စီနီယာအစ္ကိုေတြအျပင္ မုန္႔ရန္ရဲ႕စီနီယာအစ္ကိုေတြကိုပါေခၚထားလိုက္ေသးတယ္။ဒီလူေတြက ဘာမွန္းမသိညာမွန္းမသိ နဲ႔ မုန္႔ရန္ ရဲ႕အခန္းေ႐ွ႕မွာစုေဝးေနၾကရတယ္။အဲ့အခ်ိန္မွာ ေလာ္ဆန္းက မုန္႔ရန္ ရဲ႕အခန္းတံခါးကိုေခါက္လိုက္တယ္။

"ဘယ္သူလဲ??"

မုန္႔ရန္လွမ္းေအာ္လိုက္တယ္။

ေလာ္ဆန္း ဘာတစ္ခြန္းမွ မေျဖဘဲ တံခါးကို ဆက္တိုက္ေခါက္ေနတယ္။

အနည္းငယ္ဇေဝဇဝါျဖစ္ေနဟန္နဲ႔ မုန္႔ရန္ တံခါးဆီကိုေလွ်ာက္လာလိုက္ၿပီး တံခါးကို နည္းနည္းဖြင့္ၿပီးၾကည့္လိုက္တယ္။လူေတြအမ်ားႀကီး သူ႕အခန္းေ႐ွ႕မွာ႐ွိေနတာျမင္ေတာ့ မုန္႔ရန္ အံ့ၾသသြားတယ္။

ေလာ္ဆန္း က တံခါးကိုတြန္းဖြင့္လိုက္ခ်င္ေပမယ့္ မုန္႔ရန္ က တံခါးလက္ကိုင္ကို ၿမဲၿမဲကိုင္ထားၿပီး ေအးစက္ေနတဲ့ ေလသံနဲ႔ေမးလိုက္တယ္။

"မင္းဘာလုပ္မလို႔လဲ?"

"ငါဘာလုပ္မလဲဆိုတာ မင္းမသိဘူးလား?"
ေလာ္ဆန္းက ေလွာင္ေျပာင္သေရာ္လိုက္ၿပီး တံခါးကိုအားျပင္းျပင္းနဲ႔တြန္းလိုက္တယ္။

"တံခါးဖြင့္စမ္း!!"

"ဒါက ငါ့အခန္း၊ မင္း ဖြင့္ခိုင္းတိုင္းဖြင့္ေပးစရာလားကြ!!!"

ေလာ္ဆန္း ဘာလုပ္ဖို႔ဒီကိုေရာက္ေနလဲဆိုတာ မုန္႔ရန္သိတယ္။ လူအုပ္ႀကီးရဲ႕ေနာက္ဘက္နားမွာ႐ွိေနတဲ့သက္ေတာ္ေစာင့္ေတြကို ဘာမွ မလုပ္ဖို႔ အခ်က္ျပလိုက္တယ္။

"ေဟးးး ငါဆဲမိေတာ့မယ္ေနာ္၊ငါတို႔ကို ဒီအခ်ိန္ႀကီး ျပင္မွာ မတ္တပ္ရပ္ခိုင္းၿပီး ဘာလုပ္မလို႔လဲ? မင္းဘာျဖစ္ေနတာလဲ??"

ဝူဖန္နဲ႔ တျခားသူေတြက အရမ္းအိပ္ခ်င္ေနၾက​ၿပီ။သူတို႔ခင္ဗ်ာ ဘုမသိဘမသိနဲ႔ ေလာ္ဆန္းေခၚလို႔လိုက္လာၾကရတာျဖစ္တယ္။ေလာ္ဆန္းက သူတို႔ကို ေလွ်ာက္လမ္းမွာရပ္ေစာင့္ေနခိုင္းၿပီး မုန္႔ရန္႔ရဲ႕အခန္းတံခါးကို ေခါက္ေနတာေၾကာင့္ မုန္႔ရန္ တစ္ခုခုမ်ားျဖစ္ေနမလားဆိုၿပီး စိတ္ပူေနၾကတာျဖစ္တယ္။

"ဟုတ္တယ္၊ မင္းဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ?"

"မုန္႔ရန္ကို အႏိုင္က်င့္လို႔ကေတာ့ေနာ္ ဒီမွာလူေတြအမ်ားႀကီး႐ွိတယ္။တစ္ေယာက္မွမင္းကိုမေၾကာက္ဘူးကြ!!"

"အဲ့လူေတြက ဘယ္သူေတြလဲ?"

ကင္မရာကိုင္ထားတဲ့ လူေတြကိုၾကည့္ၿပီးမုန္႔ရန္ေမးလိုက္တယ္။

"သတင္းေထာက္ေတြမလား?ဘာလဲ၊အိမ္ေထာင္ေရးေဖာက္ျပန္တဲ့သူကို အမိဖမ္းမလို႔လား?မင္းနဲ႔ယြီကြၽင္းခ်န္ေဖာက္ျပန္တုန္းက ငါကိုယ္တိုင္လက္ပူးလက္ၾကပ္ဖမ္းခဲ့သလိုမ်ိဳးလား?"

"ဟုတ္တယ္၊ ငါအခုဒီကိုလာတာ ေဖာက္ျပန္ေနတဲ့ေကာင္ကိုဖမ္းမလို႔"
ေလာ္ဆန္းက အသံက်ယ္က်ယ္နဲ႔ဆက္ေျပာတယ္။

"မင္း က ငါ့အေဖနဲ႔ လက္ထပ္ထားၿပီးသား​ေနာ္။ဒါေပမယ့္ ဒီလိုညႀကီးသန္းေခါင္အခ်ိန္မွာ မင္းက အခန္းထဲမွာ အျခားေယာက္က်ားတစ္ေယာက္ကိုဖြက္ထားတယ္။မင္းက ငါတို႔ ေလာ္မိသားစုကို အ႐ွက္ကြဲၿပီး မ်က္ႏွာပ်က္ေအာင္လုပ္ခ်င္ေနတာလား?"

"အကယ္၍ ငါ့အခန္းထဲမွာ သူစိမ္းေယာက္က်ားတစ္ေယာက္႐ွိမေနဘူးဆိုရင္ေရာ?မင္း ငါ့ကို ဘယ္လိုေတာင္းပန္မွာလဲ?"

မုန္႔ရန္က ေအးစက္ေနတဲ့ အမူအရာနဲ႔ ေလာ္ဆန္း ကိုေမးလိုက္တယ္။

"မျဖစ္ႏိူင္ဘူး။တံခါးဖြင့္ၿပီး ငါတို႔ကို ၾကည့္ခြင့္ေပးလိုက္။ဖြက္ထားလို႔ရမယ္လို႔ ထင္ေနတာလား?"

ဖုန္းေတြေခၚၿပီးကတည္းက ေလာ္ဆန္းတစ္ေယာက္ စၾကန္လမ္းမွာထိုင္ေစာင့္ေနခဲ့တာျဖစ္တယ္။ဘယ္သူမွ ထြက္လာတာ မေတြ႕တဲ့အတြက္ အဲ့လူ ဒီအခန္းထဲမွာ ႐ွိတယ္ဆိုတာ ေလာဆန္းအရမ္းေသခ်ာေနျခင္းျဖစ္တယ္။

"ငါ မင္းကိုၾကည့္ခြင့္ေပးမွာပါ။ဒါေပမယ့္ အခန္းထဲမွာ သူစိမ္းေယာက္က်ားမ႐ွိဘူးဆိုရင္ မင္းဘာလုပ္မွာလဲ?"

မုန္႔ရန္ ေနာက္တစ္ေခါက္ထပ္ေမးလိုက္တယ္။

"ေပါက္ကရေျပာေနတာကို ရပ္ၿပီး ငါ့ေ႐ွ႕ကေနဖယ္စမ္း!!!"
ေလာ္ဆန္း တံခါးကိုတြန္းဖြင့္လိုက္တယ္။တံခါးပြင့္သြားတာနဲ႔ ေလာ္ဆန္း အသင့္ေခၚထားတဲ့ လူေတြက အခန္းထဲကို ​တိုးဝင္လာၾကတယ္။အဲ့အခ်ိန္မွာေရခ်ိဳးခန္းတံခါးပြင့္လာၿပီး Bathrobe ဝတ္ထားတဲ့ လူတစ္ေယာက္ က ေရခ်ိဳးခန္းထဲကေနထြက္လာတယ္။ေလာ္ဆန္း အရမ္းစိတ္လႈပ္႐ွားေနတယ္။ထိုလူက ေခါင္းကိုငုံ႔ၿပီး ေခါင္းသုတ္ေနခ်ိန္မွာေလာ္ဆန္းက သတင္းေထာက္ေတြကို ဓာတ္ပုံ႐ိုက္ခိုင္းၿပီး မွတ္တမ္းယူခိုင္းေနတယ္။ထို႔ေနာက္ ထိုလူရဲ႕မ်က္ႏွာကို ေလာ္ဆန္း႐ွင္း႐ွင္းလင္းလင္းျမင္လိုက္ရတယ္။

"ဘာေတြလဲ?"
လူအုပ္ႀကီးရဲ႕ေ႐ွ႕မွာရပ္ေနတဲ့ ေလာ္ဆန္းကို ျမင္လိုက္တာနဲ႔ ေလာ္႐ိႈ႕ခ်က္ခ်င္းမ်က္ေမွာင္ၾကဳံ႕သြားတယ္။

"Mr.ေလာ္၊ကြၽန္ေတာ္႕အခန္းထဲမွာ သူစိမ္းေယာက္က်ားတစ္ေယာက္႐ွိေနတဲ့အတြက္ ကြၽန္ေတာ္ ခင္ဗ်ားအေပၚေဖာက္ျပန္ေနတယ္ဆိုတာကို လူေတြအမ်ားႀကီး ေခၚလာၿပီး လာဖမ္းတာလို႔ ေလာ္ဆန္း ကေျပာတယ္"

မုန္႔ရန္က ေလာ္႐ိႈ႕ ရဲ႕လက္ေမာင္းကိုကိုင္လိုက္ၿပီး မေက်နပ္ခ်က္ေတြျပည့္ေနတဲ့ မ်က္ႏွာထားနဲ႔ ေျပာလိုက္တယ္။

"သူ ကြၽန္ေတာ့္ကို ရည္႐ြယ္ခ်က္႐ွိ႐ွိ အ႐ွက္ခြဲခ်င္ေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ဒါက ပထမဆုံး အႀကိမ္မဟုတ္ဘူးေနာ္....."

"အေဖ....."

ေလာ္ဆန္းက ေၾကာက္လန္႔တုန္လႈပ္ေနမႈကို ၿမိဳသိပ္ၿပီး ခက္ခက္ခဲခဲ႐ွင္းျပေနတယ္။

"အေဖ ဒီမွာ႐ွိေနမွန္းကြၽန္ေတာ္မသိဘူး။ကြၽန္ေတာ္ထင္တာက သူ...."

"မင္း ဘယ္လိုထင္လဲ?"

ေလာ္ဆန္းရဲ႕အေနာက္မွာရပ္ေနတဲ့ သတင္းေထာက္ေတြကိုၾကည့္လိုက္ၿပီး ေလာ္႐ိႈ႕ေျပာလိုက္တယ္။

"ဒီလူေတြက သတင္းေထာက္ေတြလား?မင္းက သတင္းေထာက္ေတြကို ေခၚလာတယ္ဆိုမွေတာ့ ေကာင္းၿပီေလ၊ငါကလဲ သူတို႔သတင္းေရးစရာရသြားေအာင္ ႐ွင္း႐ွင္းလင္းလင္း ေၾကျငာေပးရမွာေပါ့။အနာဂတ္မွာ မင္းက ေလာ္မိသားစုနဲ႔ ဘာမွမသက္ဆိုင္ေတာ့တဲ့အျပင္ ငါ့ရဲ႕ ပိုင္ဆိုင္မႈေတြထဲက ေၾကးျပားတစ္ျပားေလာက္ကိုေတာင္ မင္းအေနနဲ႔ အေမြရမွာမဟုတ္ေတာ့ဘူး။မနက္ျဖန္က်ရင္ လူလႊတ္ၿပီး သားအျဖစ္ကေန အေမြျပတ္စြန္႔လႊတ္ေၾကာင္း တရားဝင္ စာ႐ြက္စာတမ္းေတြပို႔ေပးလိုက္မယ္။အဲေတာ့ ေလာ္မိသားစုရဲ႕ လုပ္ငန္းေတြကို အေမြဆက္ခံမယ့္ စိတ္ကူးေတြကို လက္ေလ်ာ့လိုက္ေတာ့။အနာဂတ္မွာ ငါ့ရဲ႕ကိုယ္ေရးကိုယ္တာကိစၥ၊ေလာ္မိသားစုရဲ႕အေရးကိစၥ၊မုန္႔ရန္ ရဲ႕အေရးကိစၥေတြကို အျပင္လူတစ္ေယာက္ျဖစ္တဲ့ မင္းမွာ ဝင္စြက္ဖက္ပိုင္ခြင့္လုံးဝမ႐ွိေတာ့ဘူး!!"

ဉပေဒဆိုတာ ေသးငယ္တဲ့အရာမဟုတ္သလို၊အလြယ္တကူ ျပဳျပင္ေျပာင္းလဲလို႔ရတဲ့အရာတစ္ခုမဟုတ္ေပ။ေလာ္ဆန္းနဲ႔ ေလာ္႐ိႈ႕တို႔ၾကားမွာ႐ွိတဲ့ သားအဖ ဆက္ဆံေရးကို တရားဝင္လုပ္ထုံးလုပ္နည္းေတြအရျဖတ္ေတာက္လိုက္မယ္ဆိုရင္ ဒီဆက္ဆံေရးကို ဆယ္စုႏွစ္ေတြၾကာတဲ့အထိျပန္လည္ထူေထာင္ႏိုင္ေတာ့မွာမဟုတ္ေပ။ေလာ္႐ိႈ႕က သူ႕ကို အဆက္မျပတ္စိတ္ဒုကၡေပးေနတဲ့ ေလာ္မိသားစုရဲ႕အေမြေတြကိုဆက္ခံခ်င္တဲ့ေလာ္ဆန္းရဲ႕စိတ္ကူးေတြကို ျဖတ္ေတာက္ပစ္လိုက္ျခင္းျဖစ္တယ္။ေလာ္ဆန္းရဲ႕ မဆင္မျခင္အျပဳမူေတြေၾကာင့္သာမဟုတ္ရင္ ေလာ္႐ိႈ႕ကလဲ ဒီေလာက္ထိလုပ္ဖို႔ စိတ္မကူးထားေခ်။

"အေဖ..."

ေလာ္ဆန္းရဲ႕ မ်က္ႏွာက သိသိသာသာေျပာင္းလဲသြားတယ္။သူတို႔ႏွစ္ေယာက္ၾကားမွာ႐ွိတဲ့ သားအဖဆက္ဆံေရးကို အမွန္တကယ္ျဖတ္ေတာက္ပစ္ဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့ အရိပ္ေယာင္ေတြကိုေလာ္႐ိႈ႕ရဲ႕မ်က္ဝန္းေတြမွာ ျမင္ေနရတယ္။

"ငါ့ကို အေဖလို႔မေခၚနဲ႔!!!ငါကံဆိုးလြန္းလို႔ မင္းလိုသားမ်ိဴးရထားတာ။ဒီသတင္းေထာက္ေတြကဒါကိုလူသိ႐ွင္ၾကားသတင္းမတင္ရင္၊ငါတျခားမီဒီယာေတြကေနတဆင့္ ထပ္ေၾကျငာလိုက္မယ္။အခုခ်ိန္ကစၿပီး ငါ့ရဲ႕ပိုင္ဆိုင္မႈေတြကို အိမ္မက္ထပ္ မမက္ေတာ့ရင္ေကာင္းမယ္!!"

ေလာ္႐ိႈ႕ ခဏေလာက္စဥ္းစားလိုက္ၿပီး ဒီအေၾကာင္းကို သတိထပ္ေပးလိုက္တယ္။

"ကိုယ္ပိုင္ေျခေထာက္ႏွစ္ဖက္ေပၚမရပ္တည္ႏိူင္ေသးသ၍ မင္း ဘယ္ေတာ့မွ သန္မာလာမွာမဟုတ္ဘူး။မင္းရဲ႕ ကိုယ္ပိုင္အစြမ္းအစနဲ႔ ႐ွာေဖြထားတာမဟုတ္တာေတြက မင္းနဲ႔ ဘာမွမသက္ဆိုင္ဘူး!!"

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"

ေလာ္ဆန္း လက္သီးကို တင္းေအာင္ဆုပ္ထားတယ္။တကယ္ေတာ့ ေလာ္မိသားစုရဲ႕ အေမြမ်က္ႏွာေၾကာင့္ ေအာင့္အီးသည္းခံေနဖို႔တစ္ခုတည္းကိုသာေတြးေနတာေၾကာင့္ ေလာ္႐ိႈ႕ေျပာေနတာေတြကို သူ အကုန္မၾကားခဲ့ပါဘူး။ေလာ္ဆန္း ေခါင္းကိုငုံ႔ၿပီးေျပာလိုက္တယ္။

"ကြၽန္ေတာ္ မုန္႔ရန္ကို ေတာင္းပန္ပါ့မယ္။ေတာင္းပန္ဖို႔အတြက္ ဘာမဆိုလုပ္ပါ့မယ္"

"မင္း ေတာင္းပန္သင့္တယ္။ဒါေပမယ့္ ခြင့္လႊတ္တာခြင့္မလႊတ္တာက မုန္႔ရန္ရဲ႕ ကိုယ္ပိုင္အခြင့္ေရးပဲ"

ဒါက ေလာ္႐ိႈ႕ ေျပာလိုက္တာျဖစ္တယ္။

ေလာ္ဆန္း ေျခႏွစ္လွမ္းေနာက္ဆုတ္လိုက္ၿပီး ခါးကို ကိုးဆယ္ဒီဂရီအထိ ကိုင္းၫႊတ္ၿပီး မုန္႔ရန္ကိုေတာင္းပန္လိုက္တယ္။

"အရင္က ငါလုပ္ခဲ့တဲ့ အမွားေတြအကုန္လုံးအတြက္ေတာင္းပန္ပါတယ္။ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ"

"မင္းလုပ္ခဲ့သမွ်အရာအားလုံးကို ေတာင္းပန္ပါတယ္ဆိုတဲ့စကားလုံးေတြေလာက္နဲ႔ ေမ့ပစ္ေပးရမယ္ေပါ့။ဒါဆို ငါကလဲ မင္းကို ျပန္ေျပာလိုက္မယ္၊မင္းေတာ္ေတာ္ႏုံတာပဲေနာ္"

မုန္႔ရန္ သူ႕ကိုျပဳံးၿပီးထပ္ေျပာလိုက္တယ္။

"ဒါေပမယ့္ မင္းငါ့ကိုတကယ္ေတာင္းပန္ခ်င္တယ္ဆိုရင္ မင္းအေနနဲ႔ စိတ္ရင္းအမွန္ေလာက္ကိုေတာ့ ျပေပးသင့္တယ္ေလ"

"....မင္း ငါ့ကို ဘာလုပ္ေစခ်င္တာလဲ?"

ေလာ္ဆန္းအံႀကိတ္သံနဲ႔ေမးလိုက္တယ္။

"ငါတို႔ႏိုင္ငံရဲ႕႐ိုးရာယဥ္ေက်းမူအရ ငါနဲ႔ Mr.ေလာ္လက္ထပ္ၿပီးေနာက္ေန႔မွာ မင္းက ငါ့ကို လက္ဖက္ရည္တစ္ခြက္ ကမ္းၿပီး ေဖေဖေလးလို႔ေခၚရမွာမဟုတ္ဘူးလား?ငါနဲ႔ မင္းအေဖ လက္ထပ္ၿပီးတာဒီေလာက္ၾကာေနတဲ့ အထိ မင္းက ႐ိုးရာဓေလ့ကို အခုထိမလိုက္နာေသးဘူးဘဲ"

မုန္႔ရန္က ေလာ္ဆန္း ကို ေျပာေနရင္းနဲ႔ သက္ေတာ္ေစာင့္ေတြကို တစ္ခ်က္ၾကည့္လိုက္တယ္။

သက္ေတာ္ေစာင့္ေတြ ခ်က္ခ်င္းဝင္လာၿပီး လက္ဖက္ရည္ၾကမ္းတစ္ခြက္ကို ငွဲ႔ၿပီးေလာ္ဆန္းကိုေပးလိုက္တယ္။

မုန္႔ရန္က ေလာ္႐ိႈ႕နဲ႔အတူ ခုံတန္းေပၚမွာထိုင္ရင္း ေလာ္ဆန္းကို ၾကည့္ေနတယ္။မုန္႔ရန္က ေလာ္ဆန္းကို ဒူးေထာက္ဖို႔ ဖိအားမေပးခဲ့ဘူး။အကယ္၍ေလာ္ဆန္းမွာသာ ေက်ာေထာက္ေနာက္ခံ တကယ္႐ွိတယ္ဆိုရင္ အခုေန ေလာ္ဆန္းထျပန္သြားေလာက္ၿပီ။

ဒီျမင္ကြင္းကို အခန္းျပင္ဘက္ကေန လူေတြအမ်ားႀကီးဝိုင္းအုံၾကည့္ေနၾကတယ္။ေလာ္ဆန္း တစ္ေယာက္ ထျပန္သြားမလား ဒါမွမဟုတ္၊ လက္ဖက္ရည္ၾကမ္းကမ္းၿပီး မုန္႔ရန္ကိုမ်ား ေဖေဖေလးလို႔ ေခၚလိုက္မလားဆိုတာကို လူအုပ္ႀကီးတစ္ခုလုံးေဝခြဲမရျဖစ္ေနတယ္။

ေလာ္ဆန္းလက္ေတြကို တင္းေနေအာင္ဆုပ္ထားတယ္။သူ႕ရဲ႕ အက်င့္စ႐ိုက္အတိုင္းဆိုရင္ ခ်က္ခ်င္းလွည့္ျပန္ၿပီးေနၿပီ။ဒါေပမယ့္ သူ႕အဖိုးဆုံးမထားတဲ့စကားသံေတြက သူ႕အေတြးေတြထဲမွာ ရစ္ဝဲေနတယ္။ေအာင္ျမင္ခ်င္တယ္ဆိုရင္ တျခားသူေတြသည္းမခံႏိုင္တဲ့အရာေတြကို သူ႕အေနနဲ႔ သည္းခံမွျဖစ္မယ္။သူ႕အေဖေတာင္သည္းခံႏိုင္ခဲ့ေသးတာပဲ၊ သူလဲ သည္းခံႏိုင္မွ ျဖစ္မယ္ဆိုၿပီး ေလာ္ဆန္း သူ႕ကိုယ္သူအားေပးေနတယ္။သူ က်ိန္ဆိုတယ္၊ေလာ္မိသားစုကို ခ်ဳပ္ကိုင္ႏိူင္တဲ့တစ္ေန႔မွာ မုန္႔ရန္ သူ႕ကိုဒီေန႔လုပ္ခဲ့တာေတြအတြက္ အဆေထာင္ေပါင္းမ်ား ျပန္ေပးဆပ္ရေအာင္ လုပ္ပစ္မယ္။

သက္ေတာ္ေစာင့္ေတြလက္ထဲက လက္ဖက္ရည္ၾကမ္းခြက္ကိုယူလိုက္ၿပီး ေလာ္႐ိႈ႕နဲ႔ မုန္႔ရန္တို႔ေ႐ွ႕မွာ ေလာ္ဆန္းဒူးေထာက္လိုက္တယ္။

"ေက်းဇူးျပဳၿပီး လက္ဖက္ရည္ၾကမ္းသုံးေဆာင္ပါ၊ေဖေဖေလး..."

Continue Reading

You'll Also Like

2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
98.1K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
180K 29K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
20.1K 2K 37
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...