သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 315K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (27)

28.7K 3.9K 434
By OpalHawthorn28

မုန့်ရန် လပတ်စာမေးပွဲမှာ ပထမရတာကြောင့် သူ့ရဲ့စီနီယာအစ်ကို၊အစ်မတွေအပြင် လုယွင်ကျင့်ကပါ မုန့်ရန်အတွက် ဂုဏ်ပြုပွဲစီစဉ်ပေးဖို့ စိုင်းပြင်းနေကြတယ်။ဒါ့ကြောင့် လူစုံတက်စုံ ပွဲတက်နိုင်အောင် ဉယျာဉ်နဲ့ရေကူးကန်ပါတဲ့ Hotel တစ်ခုမှာ Booking လုပ်ထားပေးလိုက်တယ်။ရှောင်ခယ့်ကိုလဲ မုန့်ရန် ပွဲတက်ဖို့ ဖိတ်ထားသေးတယ်။Bar မှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကြောင့် ရှောင်ခယ့်ကို တရားဝင်သူငယ်ချင်းအဖြစ်လူသိရှင်ကြားခင်မင်ခွင့်ရသွားပြီလေ။

မုန့်ရန် စီနီယာအစ်ကို၊အစ်မတွေနဲ့ စကားပြောနေတုန်းမှာ ရှောင်ခယ်ရောက်လာတယ်။ရှောင်ခယ်က ကိုယ်ပိုင်စုဆောင်းထားတဲ့ ဝိုင်အကောင်းစားတွေကို မုန့်ရန်ပထမရတဲ့အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် လက်ဆောင်ပေးလိုက်တယ်။မုန့်ရန် က ရှောင်ခယ်နဲ့ သီးသန့်စကားပြောချင်တာကြောင့် လူနည်းနည်းရှင်းတဲ့ဆီကို ဆွဲခေါ်လာလိုက်တယ်။

ရှောင်ခယ် ယူလာတဲ့ ဝိုင်ပုလင်းကို ဖောက်ပြီး မုန့်ရန်မြည်းစမ်းကြည့်လိုက်တဲ့အခါ အ​တော်အရသာကောင်းတယ်ဆိုတာ မုန့်ရန် လက်ခံလိုက်ရတယ်။ရှောင်ခယ်နဲ့အတူ စကားစမြည်ပြောရင်း မုန့်ရန် တစ်ခွက်ပြီးတစ်ခွက်သောက်နေမိတယ်။

"စုတိ အခြေနေဘယ်လိုနေလဲ?"

မုန့်ရန် မေးလိုက်တယ်။

"ဘယ်လိုနေရမှာလဲကွာ၊နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပေါ့"

စုတိရဲ့နာမည်ကို ကြားလိုက်တာနဲ့ ရှောင်ခယ့်ရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေဖြတ်ပြေးသွားတယ်။ရှောင်ခယ် ခါးသက်ခက်နဲ့ပြုံးလိုက်ပြီးဆက်ပြောတယ်။

"အရင်တုန်းက သူ့မှာနာကျင်စရာတွေများခဲ့တယ်ထင်တယ်။ဒါ့ကြောင့် အခုထိ ပြန်နိုးထမလာချင်သေးတာထင်တယ်"

"အရမ်းပင်ပန်းထားတာကြောင့် အနားယူတဲ့အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာနေမှာပါ။သူ အိပ်ရေးဝတဲ့အခါ ကြရင် နိုးလာမှာပါ"

ရှောင်ခယ့်ကို မုန့်ရန် နှစ်သိမ့်ပေးနေတယ်။အတိတ်ဘဝမှာတုန်းက စုတိဘယ်တော့မှ သတိပြန်မလည်လာခဲ့တော့ဘူး။ဒါပေမယ့် မုန့်ရန်ရဲ့ဘိုးဘေးတွေချန်ထားခဲ့တဲ့စာအုပ်ထဲမှာ သတိမေ့​မြောနေတဲ့ သူတွေကို ကုသပေးနိုင်တဲ့ နည်းလမ်းတွေရှိနေတယ်။ဒီကုသနည်းတွေကို သေချာ မလေ့လာရသေးသ၍ ရှောင်ခယ့်ကို ဒီအကြောင်းတွေ မုန့်ရန် ပြောပြမှာမဟုတ်သေးဘူး။

ရှောက်ခယ်နဲ့ စကားခဏပြောပြီးတာနဲ့ စီနီယာအစ်ကို၊အစ်မတွေနဲ့ စကားပြောဖို့ မုန့်ရန်ထသွားလိုက်တယ်။မုန့်ရန် မူးနေမှန်းသိနေတဲ့ လုယွင်ကျင့်က မုန့်ရန်ကို အိမ်ပြန်ပို့ပေးဖို့ ပြင်လိုက်တယ်။

ဒါပေမယ့် မုန့်ရန်က လုယွင်ကျင့် ကို လက်ခါပြလိုက်ပြီး လော်ရှို့ ကိုဖုန်းဆက်ပြီးလာခေါ်ဖို့ တောင်းဆိုလိုက်တယ်။

မုန့်ရန်ရဲ့ ချွဲပျစ်နေတဲ့စကားသံကြောင့် လော်ရှို့ မျက်မှောင်ကြုံ့သွားတယ်။ဒီအသံကိုကြားကတည်းက မုန့်ရန်မူးနေမှန်း လော်ရှို့ သိလိုက်ပြီ၊မုန့်ရန်ကို စောင့်ရှောက်ဖို့ သက်တော်စောင့်တွေလွှတ်ထားပေးမယ့် လော်ရှို့ စိတ်မချနိုင်သေးဘူး။မုန့်ရန် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာကြောင့် လော်ရှိ့ ချက်ချင်းသွားခေါ်ဖို့ ပြင်လိုက်တယ်။

လော်Group ရဲ့ ဌာနခွဲကနေ online အစည်းအဝေးတက်နေကြတဲ့ ဝန်ထမ်းတွေကတော့ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့ကြရှာတယ်။အစည်းဝေးပွဲတွေကို မပျက်မကွက် တက်ရောက်တတ်တဲ့ သူတို့သူဌေးက အစည်းအဝေးပွဲကနေ မပြောမဆိုနဲ့ ထပြန်သွားတာ ဒါနဲ့ဆို ၂ ခါရှိနေပြီ။

...... .....

မုန့်ရန်တို့ ဌားထားတဲ့ Hotel ခန်းမတံခါး ရုတ်တရက်ပွင့်သွားတာကြောင့် ခန်းမထဲက လူတိုင်း လှည့်ကြည့်လိုက်ကြတယ်။တံခါးဝကနေ ဝင်လာတဲ့ ပုဂ္ဂိုလ် ကိုမြင်တာနဲ့ စကားသံတွေအကုန် တိတ်ဆိတ်သွားကြတယ်။သူတို့တွေရဲ့ အကြည့်တွေက အရပ်ရှည်ပြီး ခန့်ညားလွန်းလှတဲ့ ထိုပုဂ္ဂိုလ် ဆီမှာပဲ တွယ်ကပ်နေပြီး တစ်ယောက်မှ စကားမပြောရဲကြရှာပေ။

လော်ရှို့ အထဲကို မဝင်ခင်ကတည်းကနေ တစ်စုံတစ်ယောက်ကို ရှာဖွေနေခဲ့တာဖြစ်တယ်။လော်ရှို့ရဲ့အရှိန်အဝါက သိပ်ပြင်းလွန်းတာကြောင့် ဘယ်သူမှသူ့ကိုမတားရဲကြတဲ့ အပြင် ဘယ်သူ့ကိုရှာနေလဲဆိုတာကိုလဲ မမေးရဲကြဘူး။လော်ရှို့အကြောင်းကို သိနေတဲ့သူတွေကတော့ တစ်ယောက်နဲ့ တစ်ယောက်စကားပြောရမှာကိုတောင် ကြောက်နေကြတယ်။လုယွင်ကျင့် တောင် လော်ရှို့ကို မြင်တာနဲ့ တိတ်တိတ်လေးနောက်ဆုတ်နေလိုက်တယ်။

ဆိုဖာပေါ်မှာ အိပ်နေတဲ့ မုန့်ရန်ကို တွေ့လိုက်တာနဲ့ လော်ရှို့ ဆိုဖာနားကို ပြေးသွားလိုက်တယ်။မုန့်ရန်ရဲ့ လက်ရှိအခြေနေက အရက်တွေအလွန်အကျွံသောက်ထားလိုက်တာများ၊ ငါးတစ်ကောင်လို ပါးစပ်ကနေ ပူစီဖောင်းတွေတောင် ထွက်နေသေးတယ်။

လော်ရှို့ မုန့်ရန်ကို ပွေ့ချီလိုက်ပြီး ခန်းမထဲကနေ တိုက်ရိုက်ထွက်သွားဖို့ပြင်လိုက်တယ်။ကျန်တဲ့သူတွေကလဲ အခုမှသတိပြန်ကပ်လာကြတော့တယ်။တချို့တွေဆို အမူးလွန်ပြီး ထင်ယောင်ထင်မှားတွေမြင်နေတယ်လို့တောင်ထင်နေကြတာ။

"အဲ့ဘဲကြီးက လော်ဆန်း ရဲ့အဖေလား?"

ရှောင်ခယ်က လုယွင်ကျင့် ကို တိုးတိုးလေးကပ်မေးတယ်။

"ဉက္ကဌလော် ကို မင်းမမြင်ဖူးဘူးလား?"

လုယွင်ကျင့် သံသယအချို့နဲ့ ရှောင်ခယ့်ကို ကြည့်လိုက်တယ်။ရှောင်ခယ့်လို သခင်လေးတစ်ယောက်က လော်ရှို့ကို မမြင်ဖူးစရာမှမရှိတာ။

"မြင်တော့မြင်ဖူးတာပေါ့ကွ၊ အခုလို အနီးကပ်ကြီးမြင်ဖူးတာ ဒါ ပထမဆုံးပဲ။အခုကြည့်ရတာ အရမ်းခန့်ညားတာပဲကွ"

ရှောင်ခယ် သူ့မျက်နှာ သူထိလိုက်ပြီးဆက်ပြောတယ်။

"ပြီးတော့ သူ့ရဲ့တည်ရှိမှုကြီးက ထင်ရှားလွန်းတယ်ကွာ။မျက်နှာရော၊ Body ရောပဲ"

"သူရဲ့တကယ့်အစစ်အမှန် အသွင်သဏ္ဍာန်အစစ်က သူ့ရဲ့နောက်ကွယ်က ခွန်အားပဲကွ"

နားမလည်နိုင်လောက်တဲ့ ပေါက်ကရလေးဆယ်တွေရေရွတ်နေတဲ့ မုန့်ရန်ကို လော်ရှို့ ကားထဲသွင်းလိုက်တယ်။

"မလှုပ်နဲ့လေ Mr.လော်...."

လော်ရှို့ ရဲ့မျက်နှာကို မုန့်ရန် ကိုင်ထားတယ်။လော်ရှို့ ငြိမ်​ငြိမ်မနေဘဲ လှုပ်နေတာကြောင့် သူ မူးဝေနေတာလို့ထင်နေတာလေ။တကယ်က မုန့်ရန် ကအရက်မူးလွန်နေတာဖြစ်ပြီး လော်ရှို့က တစ်ချက်လေးမှ လှုပ်နေတာမဟုတ်ပေ။

မုန့်ရန်ရဲ့ နှုတ်ခမ်းတွေက လော်ရှို့ ရဲ့မျက်နှာအနှံ့ပေါ်မှာ ဖြတ်ပြေးနေတယ်။လော်ရှို့ရဲ့ နှုတ်ခမ်းကို မုန့်ရန်ရှာမတွေ့သေးတာကြောင့် လော်ရှို့ ရဲ့မျက်နှာတစ်ခုလုံး မုန့်ရန်ရဲ့သားရည်တွေနဲ့ ရွှဲစိုနေပြီ။

သူ့မျက်နှာအနှံ့ကို နူးညံ့ပြီး ဝိုင်နံ့သင်းနေတဲ့ နှုတ်ခမ်းတစ်စုံနဲ့ လိုက်နမ်းနေတဲ့ အကောင်ပေါက်လေးကို လော်ရှို့ စိတ်မချနိုင် ဖြစ်နေရတယ်။ ဒီအကောင်ပေါက်လေးတစ်ယောက်တည်း အပြင်မှာအနိုင်ကျင့်ခံနေရမလား၊မတော်တဆများ ထိခိုက်ဒဏ်ရာရသွားမလား၊ငယ်ရွယ်သေးတဲ့ ကလေးသာသာအရွယ်ဖြစ်တဲ့အတွက် တစ်ချို့သူတွေရဲ့ လှည့်ဖြားမှုတွေကို သတိရှိရှိရှောင်နိူင်ပါ့မလား၊အရမ်းကိုလှပတဲ့ မုန့်ရန်အနားကို တခြားသူတွေက ညစ်ပတ်တဲ့အကြံစည်တွေနဲ့ အမြတ်ထုတ်ဖို့ ချဉ်းကပ်လာလေမလား၊ သူနဲ့ လက်ထပ်လိုက်တဲ့အတွက် စိတ်သဘောထားမပြည့်ဝသူတွေကများ မုန့်ရန်ကို ထိခိုက်အောင်လုပ်လေမလား....စတဲ့ ၊စတဲ့ အတွေးပေါင်းများစွာကြောင့် မုန့်ရန်နောက်ကနေ သက်တော်စောင့်တွေတောက်လျှောက်လိုက်နေတာတောင် လော်ရှို့ခင်မျာစိတ်မချနိုင် ဖြစ်နေရရှာတယ်။

မုန့်ရန်ရဲ့ ဆံပင်လေးတွေကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ရင် သက်ပြင်းချမိနေတယ်။သူ့ရဲ့အတွေးတွေစတင်ပြောင်းလဲနေပြီဆိုတာ သူသတိမထားမိလိုက်ဘူး။ဒီကလေးအတွက် စိုးရိမ်ပူပန်နေရတယ်ဆိုပေမယ့် ဒါတွေကို ဝန်ထုတ်ဝန်ပိုးတစ်ခုအဖြစ်တစ်ခါမှ မသတ်မှတ်ထားဖူးဘူး။အကယ်၍ ဒါက ဝန်ထုတ်ဝန်ပိုးတစ်ခုဆိုရင်တောင် သူ့ကို ပျော်ရွှင်စေတဲ့ ဝန်ထုတ်ဝန်ပိုးလေးပဲဖြစ်မှာပါ။

ပျော်ရွှင်မှုအစစ်အမှန်.....

ဒီစကားလုံးရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို သူနားလည်လာတော့မယ်ဆိုတာ လော်ရှို့ယုံကြည်တယ်။

လော်ရှို့ ရဲ့ နှုတ်ခမ်းကို နမ်းဖို့ ရှာနေတာ အခုထိနေရာမမှန်သေးတဲ့အတွက် မုန့်ရန် ဆူပုတ်နေတယ်။သူတကယ်ပင်ပန်းနေပြီ၊ဒါ့ကြောင့် လော်ရှို့ရဲ့ပုခုံးပေါ်မှာ မျက်နှာအပ်ပြီး အနားယူနေလိုက်တယ်။မုန့်ရန် သူကိုယ်သူ ငါးတစ်ကောင်အဖြစ်တွေးလိုက်ပြီး လေတွေကို မှုတ်ထုတ်နေတယ်။

လော်ရှို့ သူတို့ရဲ့ ကိုယ်ပိုင်အခန်းကိုရောက်တဲ့အထိ မုန့်ရန်ကိုပွေ့ချီထားတယ်။မုန့်ရန်တစ်ယောက် အမူးလွန်နေတာကြောင့် သူ့ဘာသာရေချိုးဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ဒါ့ကြောင့် အိမ်အကူဝန်ထမ်းတွေကို အမူးပြေလက်ဖက်ရည်ကြမ်းနဲ့ ရေပတ်တိုက်ဖို့ ရေနွေးစိမ်ထားတဲ့ သဘက်တွေကို ယူလာခိုင်းလိုက်ပြီး မုန့်ရန်ရဲ့ လည်ပင်းနဲ့ မျက်နှာတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ပေးလိုက်တယ်။

အိမ်တော်ထိန်းယွမ်ကတော့ ဘေးနားမှာ အသင့်စောင့်နေရင်းနဲ့ လော်ရှို့ရဲ့အပြုအမူတွေကို ကြည့်နေတယ်။သူအရမ်းအံ့သြမိတယ်။လော်ရှို့နားမှာ အချိန်အကြာကြီးနေခဲ့တာတောင် လော်ရှို့ လူတစ်ယောက် ကို အခုလို ဂရုစိုက်ပေးနေတာမျိုးကို တစ်ခါမှမမြင်ဖူးဘူး။သခင်ကြီးအတွက် သခင်လေးမုန့်ရန်က အရမ်းအရေးပါတယ်။သခင်ကြီးက သခင်လေးမုန့်ရန်ကို လက်ထပ်လိုက်ရုံသာမကဘူး၊စိတ်လိုလက်ရနဲ့ပါ ဂရုစိုက်ပေးနေသေးတယ်။ဒါလဲတစ်မျိုးတော့ကောင်းပါတယ်လေ။ဒီလောက်နှစ်တွေကြာပြီးတဲ့အချိန်မှာ သခင်ကြီးတစ်ယောက်တည်းမဟုတ်တော့တဲ့အပြင်၊နှလုံးသားတံခါးကိုဖွင့်ထားပေးလိုက်ပြီပဲ......

ဝန်ထမ်းတွေထွက်သွားတာနဲ့ လော်ရှို့က မုန့်ရန်ကို ညဝတ်အင်္ကျီဝတ်ပေးလိုက်ပြီး သေချာစောင်ခြုံပေးလိုက်တယ်။ သူကိုယ်တိုင်ကတော့ ရေချိုးသန့်စင်ဖို့ ရေချိုးခန်းထဲကို ဝင်သွားလိုက်တယ်။

လော်ရှို့ ရေချိုးခန်းထဲက ပြန်ထွက်လာချိန်မှာ မုန့်ရန်အဝတ်တွေအကုန်လုံးကို ချွတ်ထားပြီး ကုတင်အောက်ကိုပစ်ချထားတယ်။လော်ရှို့ မသက်မသာဖြစ်နေပုံနဲ့ ကုတင်နားကိုသွားလိုက်တယ်။

လော်ရှိ့ မုန့်ရန်ကို စောင်ခြုံပေးနေပေးမယ့် တစ်ကိုယ်လုံးပူခြစ်နေတဲ့ မုန့်ရန်ကတော့ စောင်တွေကိုပါကန်ထုတ်နေတယ်။

မုန့်ရန် သူ့တစ်ကိုယ်လုံးမီးတောက်နေသလိုခံစားရတာကြောင့် အတော်လေးကို မသက်မသာခံစားနေရတယ်။ခက်ခက်ခဲခဲအသက်ရှုပြီး မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်တဲ့အခါ မှုန်ဝါးဝါးအမြင်အာရုံကနေ တဆင့် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ လော်ရှို့ရဲ့ မျက်နှာကို မြင်လိုက်ရတယ်။သူ ရုတ်တရက်ထထိုင်လိုက်ပြီး လော်ရှို့ ရဲ့လည်ပင်းကိုဖက်လိုက်တယ်။

"Mr.လော်..Mr.လော်...ကျွန်တော်ခင်ဗျားကို အကြာကြီးစောင့်နေခဲ့တာလေ၊ဘာလို့ ကျွန်တော့်ကို လာမခေါ်တာလဲ?"

မုန့်ရန် မျက်ရည်တွေနဲ့ မေးခွန်းထုတ်နေတယ်။

"ခင်ဗျား ကျွန်တော့်ဆီကို ဘာဖြစ်လို့ မလာနိုင်တာလဲ?"

"ငါမင်းကို အိမ်ပြန်ခေါ်လာပြီးပြီ၊ ကောင်းကောင်းအိပ်လိုက်တော့နော်"

လော်ရှို့က မုန့်ရန်ရဲ့ ကျောပြင်လေးကို ပုတ်ပေးရင်းပြောလိုက်တယ်။

"ကျွန်တော် အကြိမ်ကြိမ် လက်လျော့လိုက်ဖို့ ကြိုးစားခဲ့တယ်။ဒါပေမယ့် ကျွန်တော် လက်မလျော့နိုင်ခဲ့ဘူး။ကျွန်တော် ခင်ဗျားကို အမြဲတမ်းစောင့်နေခဲ့တယ်၊အမြဲတမ်းစောင့်နေခဲ့တယ်။ကျွန်တော်ခင်ဗျားကို မစောင့်တော့ဘူး......"

အစပိုင်းမှာ မှာတော့ မုန့်ရန် သူ့ကို ချက်ချင်းလာမခေါ်လို့ ပြောနေတယ်လို့ပဲ လော်ရှို့ ထင်နေခဲ့တာ။​နောက်ပိုင်းမုန့်ရန်ဆက်ပြောနေတဲ့ စကားတွေကို လော်ရှိ့ နားမလည်တော့ဘူးဖြစ်နေတယ်။ဘာပဲဖြစ်ဖြစ်ပါလေ၊ မူးနေတဲ့သူတွေပြောတဲ့စကားဆိုမှတော့
ကျိုးကြောင်းဆီလျော်ပါ့မလား?ဒါ့​ကြောင့် မုန့်ရန်ကို ပွေ့ဖက်ပြီး စိတ်ပြေအောင်နှစ်သိမ့်ပေးလိုက်တယ်။

"မင်းစောင့်နေခဲ့ပါတယ်။ဒါပေမယ့် အခု ငါ မင်းအရှေ့မှာရောက်နေပြီလေ"

"ခင်ဗျား လူလိမ်၊ခင်ဗျား ဘယ်တုန်းကမှ ကျွန်တော့်ဆီရောက်မလာခဲ့ဘူး......"

မုန့်ရန် နှလုံးသားတစ်ခုလုံးကိုက်ခဲနာကျင်နေရတဲ့အပြင် ခန္ဓာကိုယ်ကပါ ပူလောင်နေတာကြောင့် လော်ရှို့ရဲ့ လက်မောင်းတွေထဲမှာ တွန့်လိမ်နေတယ်။

မုန့်ရန်ရဲ့အသားအရည်က နူးညံ့ချောမွတ်လွန်းတာကြောင့် လော်ရှို့ကတော့ ခဏခဏချော်ထွက်နေတဲ့
အဖြူရောင်ငါးလေးတစ်ကောင်ကို ကိုင်တွယ်နေရသလိုခံစားနေရတယ်။သူ့ရဲ့လက်မောင်းတွေထဲမှာ လှုပ်ရှားနေတဲ့ မုန့်ရန်ကြောင့် လော်ရှို့ ချွေးပြန်နေလေပြီ။

လော်ရှို့ရဲ့ဝတ်ရုံကိုလဲ မုန့်ရန်က ဆုတ်ဖြဲထားတယ်။ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာကြံခိုင်တဲ့ယောက်ကျားသားတစ်ယောက်အနေနဲ့ လော်ရှို့ရဲ့ ခန္ဓာကိုယ် ကလဲ တုံ့ပြန်မှု လက္ခဏာတွေပြသနေလေပြီ။ဒါပေမယ့် ဒီလိုဖြစ်နေတာတွေကြောင့် လော်ရှို့အပြစ်ရှိသလိုခံစားနေရတယ်။လော်ရှို့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမြင့်မားတယ်လို့ ခံယူထားတယ်။ဒါကလဲ တစ်စုံတစ်ယောက်နဲ့ အခုလို မထိတွေ့ဖြစ်တာကြာနေတာကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒီနေ့ကျမှ သူ့ခန္ဓာကိုယ်က ဘာ့ကြောင့်များ လွယ်လွယ်ကူကူတုံ့ပြန်နေရတာလဲ?

မုန့်ရန် ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် လော်ရှို့ ကမုန့်ရန်ကို တင်းတင်းကြပ်ကြပ်ဖက်ထားပေးပြီး နှစ်ယောက်စလုံးစောင်ခြုံနေလိုက်ရတယ်။မုန့်ရန်ရဲ့ ခြေထောက်တွေက လော်ရှို့ ဖိထားတာခံရတဲ့အတွက် နည်းနည်းလေးတောင် မလှုပ်နိုင်တော့ပေ။နောက်ဆုံးမှာတော့ ပင်ပန်းနွမ်းနယ်မှုကြောင့် မုန့်ရန်အိပ်ပျော်သွားခဲ့တယ်။

မုန့်ရန်အိပ်ပျော်နေပေမယ့်၊လော်ရှို့ကတော့ အခုထက်ထိအိပ်လို့ မရဘူးဖြစ်နေတယ်။ဝိုင်သောက်ထားတဲ့အတွက် မုန့်ရန်ရဲ့ ကိုယ်သင်းနံ့က တခြားနေ့တွေထက်ပိုပြီး ဆွဲဆောင်အားကောင်းနေတယ်။အပူတစ်ချို့ကြောင့် ချွေးပြန်နေတဲ့ လော်ရှို့ ကတော့ တစ်ညတည်းနဲ့ ရေကို ၈ ခေါက်လောက်ချိုးလိုက်ရတယ်။

[TN: ငမုန့်ကြော်မူးနေလို့ မှောင်တော့မယ် ထင်နေတဲ့ပုရိသတ်တို့ရေ လော်ရှို့လိုပဲ ရေ ၈ခေါက် ချိုးလိုက်ကြပါတော့😂😂😂]

နောက်တစ်နေ့မိုးလင်းလာတဲ့အခါမှာ ဘယ်လိုလုပ်အိမ်ပြန်ရောက်လာတယ်ဆိုတာမမှတ်မိတဲ့အတွက် မုန့်ရန်မှင်တက်နေမိတယ်။စဉ်းစားလို့ မရတဲ့အဆုံး ရေချိုးဖို့ စောင်လှန်လိုက်တဲ့အခါ အဝတ်ဗလာဖြစ်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြောင့် မျက်လုံးတွေပြူးကျယ်ကုန်တယ်။

"နိုးပြီလား?"

လော်ရှို့ ရေချိုးခန်းထဲကနေ ထွက်လာတယ်။

မုန့်ရန် သူ့ကိုယ်သူ စောင်နဲ့ မြန်မြန်ဖုံးလိုက်ပြီး

"Mr.လော်...ကျွန်တော် မနေ့က ညက...."

"မင်း အမူးလွန်နေလို့၊ငါကိုယ်တိုင် ပြန်ခေါ်လာပေးခဲ့တာ"

"ဒါဆို ကျွန်တော်က ဘာလို့ အဝတ်ဗလာဖြစ်နေတာလဲ၊အတွင်းခံလေးတောင် မဝတ်ထား....."

မုန့်ရန် တိုးတိုးလေးရေရွတ်နေတယ်။

"မင်းကိုယ်တိုင် ချွတ်ထားတာလေ၊အသောက်လွန်ပြီး ပူနေတာကြောင့် အကုန်လုံးကို ချွတ်ထားပစ်တာနေမှာပေါ့"

"ဒါဆို ခင်ဗျားလုပ်လိုက်သေးလား...?"

"စိတ်မပူနဲ့ ငါမင်းကို ဘာမှမလုပ်ထားဘူး။မင်းအိပ်ပျော်အောင် ဖက်ရုံပဲဖက်ထားပေးတာ"

လော်ရှို့ ကုတင်ပေါ်မှာထိုင်လိုက်ပြီး ထပ်မေးတယ်။

"ငါမင်းကိုအခွင့်ကောင်းယူပြီးတစ်ခုခုလုပ်မယ်လို့မင်းထင်နေတာလား?"

"ကျွန်တော်ပြောတာအဲ့သဘောမဟုတ်ပါဘူး"

မုန့်ရန် ဒူးနှစ်ဖက်ကို လက်နဲ့ပိုက်လိုက်ပြီးခေါင်းငုံ့ထားတယ်။

"ကျွန်တော် ခင်ဗျား ကိုတစ်ခုလောက်မေးလို့ ရမလား?ကျွန်တော် ညက အဝတ်တွေချွတ်နေတုန်း ခင်ဗျား ဘာမှ မခံစားရဘူးလား?"

လော်ရှို့က မုန့်ရန်ရဲ့ အကြည့်တွေကို ရှောင်တိမ်းပြီခဏလောက်နေမှ ပြန်​ဖြေတယ်။

"စိတ်မပူပါနဲ့ ၊ငါ့စိတ်ထဲမှာ မင်းက ကလေးပဲရှိသေးတာ၊ အဲ့တော့မင်းရဲ့ ခန္ဓာကိုယ် ကို မြင်တော့လဲ ငါမှာဘာအတွေးမှ ရှိမနေဘူး"

မုန့်ရန် ဆံပင်တွေကို လက်နဲ့ဆုပ်ပြီး ရူးကြောင်ကြောင်တွေးလိုက်မိတယ်။

//အကြံဉာဏ်လေးပေးကြစမ်းပါ၊ မြင်စေချင်လို့ တစ်ကိုယ်လုံးချွတ်ပြတာပေါ့၊လူကို ဒီလိုနည်းနဲ့ နာကျင်အောင်လုပ်ရသလား??//

"ဘာလက်ဆောင်လိုချင်လဲ?"

"ဘာ?ဘာလက်ဆောင်လဲ?"

မုန့်ရန် အူလည်လည်ဖြစ်နေပြီ။

"အဆင့်တစ်ရတယ်ဆို​တော့ ဆုချရမှာပေါ့"

"ဒါက လပတ်စာမေးပွဲလေးတစ်ခုပါပဲ၊ဆုချဖို့ မလိုပါဘူး"

မုန့်ရန် ခဏလောက်စဉ်းစားပြီး ထပ်ပြောလိုက်တယ်။

"ဒီလိုဆိုရင်ရော၊ မကြာခင် အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်မလို့၊အဲ့ပြိုင်ပွဲမှာ ပထမရရင် ကျွန်တော် တောင်းဆိုတာ တစ်ခုကို လိုက်လျောပေးရမယ်။ဘယ်လိုလဲ အဆင်ပြေလား?"

"ကောင်းပြီ၊ငါ့ကိုအရှက်ရစေမယ့်အရာမဟုတ်ရင် ပြီးတာပဲ"

"မပူနဲ့၊မပူနဲ့... အများကြီးမတောင်းဆိုပါဘူး"

မုန့်ရန် ပြာပြာသလဲ ပြောလိုက်တယ်။

လော်ရှို့ တခြားအခန်းမှာ အဝတ်သွားလဲတာနဲ့ မုန့်ရန်ကလဲ ညဝတ်အင်းကျီကိုကောက်ဝတ်လိုက်ပြီး ရေချိုးခန်းထဲပြေးဝင်လိုက်တယ်။

မုန့်ရန်တို့လို ကျောင်းသားတွေအတွက် နံ့သာဖော်စပ်နည်းလေ့ကျင့်ဖို့အတွက် ကုန်ကြမ်းတွေအများအပြားလိုအပ်တယ်။တချို့သောကုန်ကြမ်းတွေက အလွယ်တကူရနိုင်ပေမယ့် အရည်အသွေးမြင့်ပစ္စည်းတချို့ရနိူင်ဖို့ဆိုတာငွေကြေးအရင်းအမြစ်ရယ်၊ အသိအမှတ်ပြုနိုင်စွမ်းရယ်နဲ့ ကံတရားပေါ်မှာ မူတည်နေသေးတယ်။

အိမ်နီးချင်း မြို့တော်Rong City မှာတရုတ်ပြည်ရဲ့အကြီးမားဆုံး အမွှေးနံ့သာဈေးကွက်တစ်ခုတည်ရှိတယ်။ဒါ့ကြောင့် ကျောင်းတွေက ကျောင်းသားတွေကို အမွှေးနံ့သာကုန်ကြမ်းလေလံပွဲတွေမှာ စျေးနှုန်းစုံစမ်းဖို့နဲ့ ဗဟုသုတ ရှာဖွေဖို့အတွက် ဆရာတွေနဲ့အတူ
စေလွှတ်လေ့ရှိတယ်။မုန့်ရန်က Rong city ကိုတစ်ရက်ကြိုရောက်နေတာဖြစ်ပြီး၊ဆရာတွေက နောက်တစ်နေ့မှရောက်လာကြတာဖြစ်တယ်။မုန့်ရန်နဲ့တခြားသူတွေအပြင် ယွီကျွင်းချန် နဲ့သူ့ရဲ့စီနီယာအစ်ကိုတွေပါရောက်လာကြတယ်။အဲ့အပြင် လော်ဆန်းပါ အဆစ်ပါလာသေးတယ်။

လော်ဆန်း လိုက်လာရတဲ့ ရည်ရွယ်ချက်က ယွီကျွင်းချန် နဲ့ ဝန်းယွမ်ကို စိတ်မချတာကြောင့်ဖြစ်တယ်။ဝန်းယွမ်က ယွီကျွင်းချန် ကို ကြိုက်နေတယ်ဆိုတာ လော်ဆန်းသိတယ်။ဒါ​ကြောင့်လဲ ယွီကျွင်းချန် နဲ့သူနဲ့ နှစ်ခါလောက်စကားများထားပြီးပြီ။ယွီကျွင်းချန်ဘက်က ဝန်းယွမ် ကို ပြန်မကြိုက်ဘူးဆိုတာသိပေမယ့် ဝန်းယွမ် ကိုတော့ အခွင့်ရေးနည်းနည်းလောက်တောင် ပေးလို့ မဖြစ်ဘူးလေ။

ဒီအမွှေးနံ့သာကုန်ကြမ်းစျေးကွက်ကို မုန့်ရန်အရင်ကတည်းကလာချင်နေခဲ့တာ။လေ့ကျင့်ရေးမှာသုံးဖို့ကုန်ကြမ်းတွေအပြင်၊လော်ရှို့ရဲ့ ခေါင်းကိုက်ရောဂါကို ကုသပေးဖို့ ကုန်ကြမ်းတွေကို ဝယ်ယူဖို့ စဉ်းစားထားတယ်။ဒီတစ်ခေါက်က တစ်ညအိပ် ၊နှစ်ရက်ခရီးစဉ်ဖြစ်တာကြောင့် လော်ရှို့က မုန့်ရန်နဲ့အတူသွားဖို့ တစ်စုံတစ်ယောက်ကို အထူးစီစဉ်အနေနဲ့ထည့်ပေးလိုက်တယ်။

Rong City ရဲ့ အမွှေးနံ့သာစျေးကွက်က ရှေးဟောင်းသမိုင်းဝင်စျေးကွက်ဖြစ်တာကြောင့် အဆောက်အအုံတွေကအစ Classic ဆန်ဆန်လှပတင့်တယ်နေတယ်။

စျေးထဲကို ခြေချလိုက်တာနဲ့ ရှေးခေါတ်မှာလမ်းလျှောက်နေရသလို ခံစားရပြီး ကမ္ဘာတစ်ဝှမ်းက ကုန်သည်တွေနဲ့၊ခရီးသွားဧည့်သည်တွေကိုလဲ နေရာအနှံ့မှာမြင်တွေ့နိုင်တယ်။မြို့တော်တစ်ခုလုံးကို အမွှေးရနံ့တွေနဲ့ ရစ်သိုင်းထားတယ်။ဆိုင်တွေကလဲ ဝယ်သူတွေကိုဆွဲဆောင်ဖို့ သူတို့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် နံ့သာတွေကို ထွန်းညှိထားကြတယ်။ကိုယ်ပိုင်အိမ်တစ်လုံးနဲ့တူတဲ့ ဆိုင်တစ်ခုရှေ့ကိုရောက်တဲ့အခါ မုန့်ရန်က လင်စုန့်ထိုင် ရဲ့နာမည်ရေးထိုးထားတဲ့ Cardကို စားပွဲပေါ်တင်ပေးလိုက်တယ်။ဝန်းယွမ်ကလဲ ရွှီဝမ်းယာနာမည်ပါတဲ့ card ကို စားပွဲပေါ်တင်လိုက်တယ်။

Card တွေကိုစားပွဲပေါ်တင်လိုက်တာနဲ့ ဝန်ထမ်းလေးတစ်ယောက်က အရေးကြီးဧည့်သည်တွေရှိတဲ့ဉယျာဉ်တစ်ခုဆီကို မုန့်ရန်တို့ကို ခေါ်ဆောင်သွားခဲ့တယ်။

ဉယျာဉ်က သိပ်မကြီးပေမယ့် ၊အ​တော်အသင့်ကျယ်ဝန်းပြီး ကျက်သရေရှိလှတယ်။မုန့်ရန် နာမည်စာရင်းသွင်းပြီးတာနဲ့ စျေးနှုန်းတွေချရေးရမယ့်
သစ်သားပြားလေးတွေကို ရရှိလိုက်တယ်။အဲ့နောက် ထိုင်စရာနေရာရှာလိုက်ပြီး လေလံပွဲစတင်မယ့် အချိန်ကိုစောင့်ဆိုင်းနေလိုက်တယ်။

အချိန်ကျလာတဲ့အခါဉယျာဉ်လေးရဲ့သစ်သားတံခါးကိုပိတ်လိုက်ပြီး ရှေးဟောင်းရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ ဝန်ထမ်းငါးယောက်က သစ်သားစင်လေးတွေကိုသယ်ဆောင်လာကြတယ်။သူတို့က ပစ္စည်းတွေကို သီးခြားပြသဖို့အတွက် စင်မြင့်ပေါ်မှာ သစ်သားစင်ကလေးတွေကို ခင်းကျင်းလိုက်တယ်။

ဒီကုန်ကြမ်းတွေက အတော်လေးကို ရှားပါးလွန်းတဲ့အပြင် စျေးလဲကြီးတယ်။ထိုကုန်ကြမ်းတွေကို
အနံ့ခံကြည့်ရုံနဲ့ အမြင်နဲ့အာရုံနဲ့ဆုံးဖြတ်ရုံသာတတ်နိုင်ပြီး ထိတွေ့ကိုင်တွယ်ခွင့်မပေးထားပေ။လူအချို့က ဒါတွေကို သေချာစစ်ဆေးဖို့ မှန်ဘီလူးတွေယူလာကြတယ်။

လေလံပထမအသုတ်မှာ ကုန်ကြမ်းငါးမျိုးကို ရောင်းချမှာဖြစ်တယ်။သေချာအကဲခတ်ပြီးသွားတာနဲ့ ကိုယ့်နေရာကိုယ်ပြန်ထိုင်ပြီး အလေးအနက်တွေးတောနေကြ
ပြီး၊ခန့်မှန်းထားတဲ့စျေးနှုန်းတွေကို သစ်သားပြားလေးတွေပေါ်မှာ ချရေးနေကြတယ်။

ဒီပစ္စည်းငါးမျိုးမှာ မုန့်ရန်လိုအပ်နေတဲ့ ပစ္စည်း ၂မျိုးပါဝင်နေတယ်။ဒါ့ကြောင့် ဒီပစ္စည်းနှစ်မျိုးအတွက် သူပေးနိုင်မယ့် စျေးနှုန်းတွေကို သစ်သားပြားနှစ်ခုပေါ်ချရေးပြီး ဝန်ထမ်းတွေကို ပေးလိုက်တယ်။

အချိန်ပြည့်တာနဲ့ တခြား သစ်သားပြားတွေကို ဝန်ထမ်းတွေက လက်မခံတော့ဘဲ ပိတ်စျေးကို ကြေငြာလိုက်တယ်။

"ကုန်ကြမ်း နံပါတ် ၁ နဲ့ ၃ ကို ခုံနံပါတ် ၂၈က ဧည့်သည်ရရှိသွားပါတယ်"

"ကုန်ကြမ်း နံပါတ် ၂ ကို ခုံနံပါတ် ၃၀ ...."

"ကုန်ကြမ်းနံပါတ် ၄နဲ့ ကို ခုံနံပါတ် ၃၅...."

ဝန်ထမ်းတွေက သစ်သားပြားမှာရေးထားတဲ့ စျေးနှုန်းကို လူတိုင်းမြင်အောင် ပြလိုက်ပြီး မူရင်းစျေးနှုန်းနဲ့
အနီးစပ်ဆုံးစျေးတူပေးနိုင်တဲ့ သူကိုရွေးချယ်ခဲ့တာဖြစ်တယ်။

မုန့်ရန် ရဲ့ခုံနံပါတ်က ၂၈ ဖြစ််တယ်။မုန့်ရန်ရေးပေးလိုက်တဲ့စျေးနှုန်းတွေက မူရင်းစျေးနှုန်းတွေနဲ့ အတူတူလာက်နီးနီးတွေဖြစ်နေတာကြောင့် ဝူဖန် shock ရသွားတယ်။

"စျေးနှုန်းခန့်မှန်းတဲ့နေရာမှာ ဆရာကျလှချည်လား?မူရင်းစျေးနှုန်းနဲ့ ကွာခြားချက်မရှိလောက်အောင်ခန့်မှန်းနိူင်တာပဲ"

"ဒီပစ္စည်းတွေရဲ့စျေးနှုန်း​က ခန့်မှန်းရမခက်ပါဘူး။ဒါ့ကြောင့် တိတိကျကျခန့်မှန်းနိူင်လိုက်တာပါ"

မုန့်ရန် ရေနွေးတစ်ငုံသောက်ရင်း ဝူဖန့်ကို ရှင်းပြလိုက်တယ်။

"ငါ နံပါတ်၁ အတွက်ခန့်မှန်းလိုက်သေးတယ်။ဒါပေမယ့်အတော်ကွာသွားတယ်ကွ"

ဝူဖန် မေးစေ့ကိုလက်နဲ့ပွတ်ရင်းပြောလိုက်တယ်။

လေလံတင်ရာမှာ အသုံးပြုတဲ့ နံ့သာအားလုံးမှာ တင်းကျပ်တဲ့ စံနှုန်းကိုယ်စီရှိကြတယ်။ကုန်ကြမ်းတွေရဲ့အရေအသွေးကို ခွဲခြမ်းသုံးသပ်နိူင်ရမယ့်အပြင် ပြင်ပစျေးကွက်ရဲ့ ပေါက်စျေးတွေကိုပါလေ့လာထားနိူင်မှဖြစ်မှာပါ။သာမာန်ပေါက်စျေးထက်နိမ့်နေရင်  ဝယ်မယ့်သူမရှိဖြစ်သွားပါလိမ့်မယ်။(မကောင်းတဲ့ပစ္စည်းမို့ လျှော့စျေးနဲ့ရောင်းတယ်ဆိုတာကိုပြောချင်တာ)သာမာန်ပေါက်စျေးထက်မြင့်နေမှသာ ဝယ်ယူချင်ကြတာလေ။

ဒုတိယအလှည့်အတွက် ကုန်ကြမ်းတွေသယ်လာပြီးတာနဲ့ မုန့်ရန် နောက်တစ်ခေါက် ခန့်မှန်းလိုက်ပြန်တယ်။အားလုံးကို အနံ့ခံကြည့်ပြီးတာနဲ့ ခုံမှာထိုင်ပြီးသေချာစဉ်းစားလိုက်တယ်။ဒုတိယအလှည့်ရဲ့ ကုန်ကြမ်းငါးမျိုးလုံးကို မုန့်ရန်လိုချင်နေတယ်။လက်ရှိမှာ ဒီပစ္စည်းတွေကို မြင်တွေ့နိုင်ပေမယ့် အပြင်မှာဆို ရှာမရအောင်ရှားပါးလွန်းလှတယ်။တွေ့တုန်းကြုံတုန်းဝယ်ပြီးသိမ်းထားလိုက်တာကလဲ မကောင်းတာတော့မဟုတ်ဘူးလေ။

"ကုန်ကြမ်းနံပါတ် ၁.၂.၃.၄. ၅ အကုန်လုံးကို ခုံနံပါတ် ၂၈ ကဧည့်သည် တစ်ဉီးတည်းရရှိသွားပါတယ်"

ဝန်ထမ်းတွေက​ကြေငြာပြီးတာနဲ့ ကုန်ကြမ်းတွေထည့်ထားတဲ့ စင်ပေါ်မှာ မုန့်ရန် စျေးနှုန်းရေးထားတဲ့ သစ်သားပြားလေးတွေကို တင်ထားလိုက်ကြတယ်။

တတိယ၊စတုတ္ထနဲ့ ပဉ္ဓမအလှည့်က ကုန်ကြမ်းတွေအကုန်လုံးကို မုန့်ရန် တစ်ယောက်တည်း အကုန််ဝယ်ပစ်လိုက်တယ်။မုန့်ရန်ကို ကြည့်နေတဲ့ လူတွေရဲ့မျက်လုံးတွေကလဲ ပြူးသထက်ပြူးလာနေတယ်။မုန့်ရန်က ငယ်ရွယ်လွန်းတာကြောင့် တစ်ချက်ကြည့်ရုံနဲ့ကျောင်းသားမှန်းအရမ်းသိသာတယ်။ရောက်လာတဲ့သူတွေထဲမှာ သက်ဆိုင်ရာ ရနံ့နယ်ပယ်မှာ နာမည်ရှိပြီးသားလူတွေအပြင် ဆရာနှစ်ယောက်တောင်ပါနေသေးတယ်။ဒါပေမယ့် သူတို့တွေက ကျောင်းသားလေးတစ်ယောက်ကိုတောင်မယှဉ်နိူင်တဲ့အတွက် အတော် Shock ရနေကြတယ်။

အကယ်၍ မုန့်ရန် သာ လော်ရှို့နဲ့ လက်မထပ်ဖြစ်ခဲ့ရင် သင့်တော်တဲ့ ကျောထောက်နောက်ခံကို ရှာမတွေ့မချင်း ငွေကြေးချို့တဲ့ နေဉီးမှာဖြစ်တယ်။အခု သူ့​နောက်မှာ လော်ရှို့တစ်ယောက်လုံးရှိနေမှာတော့ သူ့ကိုယ်သူနှိမ့်ချနေစရာ ဘာအကြောင်းမှမရှိဘူးလေ။

သူလိုချင်တဲ့ ကုန်ကြမ်း တွေကို မုန့်ရန်ရသွားတာကြောင့် ယွီကျွင်းချန် သောကရောက်နေတယ်။ယွီကျွင်းချန်ရဲ့သောက ကို နားလည်တဲ့ လော်ဆန်းက ယွီကျွင်းချန်ရဲ့လက်ကိုခပ်ဖွဖွဖုတ်ပေးပြီး နှစ်သိမ့်နေတယ်။

မုန့်ရန် ကုန်ကြမ်းတွေကို သိမ်းကြုံးဝယ်သွားတာအပြင် လော်ဆန်းရဲ့ အပြုအမူတွေကို မြင်လိုက်တာကြောင့် ဝန်းယွမ်ရဲ့စိတ်အခြေနေက အဝီစိထိရောက်တော့မတတ်ကျဆင်းနေပြီ။အဲ့တော့ရော သူ ဘာလုပ်နိုင်မှာမို့လို့လဲ၊ ရေနွေးကြမ်းတွေတစ်ခွက်ပြီးတစ်ခွက်သောက်ရင်း ဒေါသကိုမြိုချနေရတယ်လေ။

ငါးချီစလုံးမှာ မုန့်ရန်ကတော့ စျေးနှုန်းကိုအောင်အောင်မြင်မြင်ခန့်မှန်းပြီး သူလိုချင်သမျှကိုရအောင်ယူထားနိုင်နေပြီ။လေလံရုံပိုင်ရှင်တောင် Shock ရနေပြီ။စာရင်းသွင်းပေးရတဲ့ဝန်ထမ်းကိုခေါ်ပြီး မုန့်ရန်အကြောင်း စုံစမ်းလိုက်တဲ့အခါ လင်စုန့်ထိုင်ရဲ့ တပည့်အဖြစ် စာရင်းသွင်းထားတာကို တွေ့ရတယ်။လေလံရုံပိုင်ရှင် အတွေးထဲမှာ နစ်မြောနေတယ်။

ဒီကုန်ကြမ်းတွေရဲ့စျေးနှုန်းက ခပ်ပေါပေါမဟုတ်ဘူးလေ။ဒါပေမယ့် မုန့်ရန်ကတော့ မျက်တောင်တချက်မခတ်ဘဲ တစ်ထိုင်တည်းနဲ့ငွေအကြေ၊ချေလိုက်တယ်။ဒါက အများရဲ့အမြင်မှာ မုန့်ရန်ရဲ့ identity ကို သာမာန်မဟုတ်ဘူးလို့ ထင်သွားစေတယ်။

တခြားသူတွေပြန်သွားကြပေမယ့်၊တချို့ကတော့ စကားစမြည်ပြောဆိုဖို့ကျန်နေခဲ့ကြတယ်။

"ဒီကောင်လေးကဘယ်သူတုန်းကွ?ဒီကောင်လေးက ငယ်သေးပေးမယ့် လွှမ်းမိုးနိူင်စွမ်းကတော့မသေးဘူးကွ၊အရင်ကသူ့ကို မမြင်ဖူးပါဘူး"

"ဟုတ်တယ်၊ကျောင်းသားတစ်ယောက်ဆိုတာသေချာတယ်။ဒီကောင်လေးဘယ်ကနေလာတာလဲ?"

"ကြည့်ရတာ Genius တစ်ယောက်တော့ ထွက်လာပြီဟေ့"

"မဟုတ်သေးဘူး။Genius ဆိုရင်တောင် ရုပ်တရုတ်ကြီး Genius ထဖြစ်လာပါ့မလားကွ၊ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးထားမှာပဲ၊ဒါပေမယ့် ဒီကောင်လေးကို ငါအခုထိ အထင်မကြီးနိုင်သေးဘူး"

"ဒါက ထူးဆန်းမနေဘူးလား၊ဒီကောင်လေးရဲ့မူလအစကိုသိတဲ့တစ်ယောက်ယောက်ကို သွားရှာကြရအောင်"

ယွီကျွင်းချန် ၊ဝန်းယွမ်နဲ့ တခြားသော ယွီကျွင်ရဲ့စီနီယာတွေက မုန့်ရန်ကို ချီးကျူးနေတဲ့စကားသံတွေကိုကြားနေရတာကြောင့် အတော်လေးမသက်မသာခံစားနေရတယ်။သူတို့တွေခင်မျာမှာ ကုန်ကြမ်းလေးတစ်ခု၊နှစ်ခုတောင် မရလိုက်တဲ့အတွက် သူတို့ဆရာကိုဘယ်လိုမျက်နှာပြရမလဲမသိအောင်ဖြစ်နေကြပြီ။သူတို့တွေဘာတစ်ခုမှမရခဲ့တဲ့အပြင်၊မုန့်ရန်ကတော့ အကုန်လုံးနီးပါးကိုရသွားတယ်ဆိုတာကိုသာ သူတို့ဆရာသိလို့ကတော့ သေချာပေါက် ဒေါသထွက်လိုက်မယ့် ဖြစ်ခြင်းပဲ...

လော်ဆန်း လဲ ပျော်မနေတော့ဘူး။မုန့်ရန်ပိုက်ဆံတွေသုံးနေတာမြင်တိုင်း၊သူ့ပိုက်ဆံတွေ အသုံးခံနေရတယ်လို့ပဲခံစားနေရတယ်။

သူတို့တွေလမ်းထဲကနေပြန်ထွက်ဖို့လုပ်နေချိန်မှာ တစ်စုံတစ်ယောက်က မုန့်ရန်ကိုတားလိုက်တယ်။

"ကျောင်းသားနံပါတ် ၂၈ရေ...ခဏလောက်နေပါဉီး"

"တစ်ခုခုမှားနေလို့လား?"

မုန့်ရန် ထိုလူကိုမေးလိုက်တယ်။

ဒီလူကြီးကို ကြည့်ရတာ ရင်းနှီးနေပုံရတယ်။မုန့်ရန်သေချာစဉ်းစားကြည့်လိုက်တဲ့အခါ ဘယ်သူလဲဆိုတာကို မှတ်မိသွားပြီ......

Zawgyi

မုန္႔ရန္ လပတ္စာေမးပြဲမွာ ပထမရတာေၾကာင့္ သူ႕ရဲ႕စီနီယာအစ္ကို၊အစ္မေတြအျပင္ လုယြင္က်င့္ကပါ မုန္႔ရန္အတြက္ ဂုဏ္ျပဳပြဲစီစဥ္ေပးဖို႔ စိုင္းျပင္းေနၾကတယ္။ဒါ့ေၾကာင့္ လူစုံတက္စုံ ပြဲတက္ႏိုင္ေအာင္ ဉယ်ာဥ္နဲ႔ေရကူးကန္ပါတဲ့ Hotel တစ္ခုမွာ Booking လုပ္ထားေပးလိုက္တယ္။ေ႐ွာင္ခယ့္ကိုလဲ မုန္႔ရန္ ပြဲတက္ဖို႔ ဖိတ္ထားေသးတယ္။Bar မွာ ျဖစ္ခဲ့တဲ့ ရန္ပြဲေၾကာင့္ ေ႐ွာင္ခယ့္ကို တရားဝင္သူငယ္ခ်င္းအျဖစ္လူသိ႐ွင္ၾကားခင္မင္ခြင့္ရသြားၿပီေလ။

မုန္႔ရန္ စီနီယာအစ္ကို၊အစ္မေတြနဲ႔ စကားေျပာေနတုန္းမွာ ေ႐ွာင္ခယ္ေရာက္လာတယ္။ေ႐ွာင္ခယ္က ကိုယ္ပိုင္စုေဆာင္းထားတဲ့ ဝိုင္အေကာင္းစားေတြကို မုန္႔ရန္ပထမရတဲ့အတြက္ ဂုဏ္ျပဳလက္ေဆာင္အျဖစ္ လက္ေဆာင္ေပးလိုက္တယ္။မုန္႔ရန္ က ေ႐ွာင္ခယ္နဲ႔ သီးသန္႔စကားေျပာခ်င္တာေၾကာင့္ လူနည္းနည္း႐ွင္းတဲ့ဆီကို ဆြဲေခၚလာလိုက္တယ္။

ေ႐ွာင္ခယ္ ယူလာတဲ့ ဝိုင္ပုလင္းကို ေဖာက္ၿပီး မုန္႔ရန္ျမည္းစမ္းၾကည့္လိုက္တဲ့အခါ အ​ေတာ္အရသာေကာင္းတယ္ဆိုတာ မုန္႔ရန္ လက္ခံလိုက္ရတယ္။ေ႐ွာင္ခယ္နဲ႔အတူ စကားစျမည္ေျပာရင္း မုန္႔ရန္ တစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနမိတယ္။

"စုတိ အေျခေနဘယ္လိုေနလဲ?"

မုန္႔ရန္ ေမးလိုက္တယ္။

"ဘယ္လိုေနရမွာလဲကြာ၊ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာေပါ့"

စုတိရဲ႕နာမည္ကို ၾကားလိုက္တာနဲ႔ ေ႐ွာင္ခယ့္ရဲ႕ မ်က္ဝန္းေတြထဲမွာ ဝမ္းနည္းေနတဲ့ အရိပ္အေယာင္ေတြျဖတ္ေျပးသြားတယ္။ေ႐ွာင္ခယ္ ခါးသက္ခက္နဲ႔ျပဳံးလိုက္ၿပီးဆက္ေျပာတယ္။

"အရင္တုန္းက သူ႕မွာနာက်င္စရာေတြမ်ားခဲ့တယ္ထင္တယ္။ဒါ့ေၾကာင့္ အခုထိ ျပန္ႏိုးထမလာခ်င္ေသးတာထင္တယ္"

"အရမ္းပင္ပန္းထားတာေၾကာင့္ အနားယူတဲ့အေနနဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာေနမွာပါ။သူ အိပ္ေရးဝတဲ့အခါ ၾကရင္ ႏိုးလာမွာပါ"

ေ႐ွာင္ခယ့္ကို မုန္႔ရန္ ႏွစ္သိမ့္ေပးေနတယ္။အတိတ္ဘဝမွာတုန္းက စုတိဘယ္ေတာ့မွ သတိျပန္မလည္လာခဲ့ေတာ့ဘူး။ဒါေပမယ့္ မုန္႔ရန္ရဲ႕ဘိုးေဘးေတြခ်န္ထားခဲ့တဲ့စာအုပ္ထဲမွာ သတိေမ့​ေျမာေနတဲ့ သူေတြကို ကုသေပးႏိုင္တဲ့ နည္းလမ္းေတြ႐ွိေနတယ္။ဒီကုသနည္းေတြကို ေသခ်ာ မေလ့လာရေသးသ၍ ေ႐ွာင္ခယ့္ကို ဒီအေၾကာင္းေတြ မုန္႔ရန္ ေျပာျပမွာမဟုတ္ေသးဘူး။

ေ႐ွာက္ခယ္နဲ႔ စကားခဏေျပာၿပီးတာနဲ႔ စီနီယာအစ္ကို၊အစ္မေတြနဲ႔ စကားေျပာဖို႔ မုန္႔ရန္ထသြားလိုက္တယ္။မုန္႔ရန္ မူးေနမွန္းသိေနတဲ့ လုယြင္က်င့္က မုန္႔ရန္ကို အိမ္ျပန္ပို႔ေပးဖို႔ ျပင္လိုက္တယ္။

ဒါေပမယ့္ မုန္႔ရန္က လုယြင္က်င့္ ကို လက္ခါျပလိုက္ၿပီး ေလာ္႐ိႈ႕ ကိုဖုန္းဆက္ၿပီးလာေခၚဖို႔ ေတာင္းဆိုလိုက္တယ္။

မုန္႔ရန္ရဲ႕ ခြၽဲပ်စ္ေနတဲ့စကားသံေၾကာင့္ ေလာ္႐ိႈ႕ မ်က္ေမွာင္ၾကဳံ႕သြားတယ္။ဒီအသံကိုၾကားကတည္းက မုန္႔ရန္မူးေနမွန္း ေလာ္႐ိႈ႕ သိလိုက္ၿပီ၊မုန္႔ရန္ကို ေစာင့္ေ႐ွာက္ဖို႔ သက္ေတာ္ေစာင့္ေတြလႊတ္ထားေပးမယ့္ ေလာ္႐ိႈ႕ စိတ္မခ်ႏိုင္ေသးဘူး။မုန္႔ရန္ တစ္ခုခုျဖစ္သြားမွာကို စိုးရိမ္တာေၾကာင့္ ေလာ္႐ွိ႕ ခ်က္ခ်င္းသြားေခၚဖို႔ ျပင္လိုက္တယ္။

ေလာ္Group ရဲ႕ ဌာနခြဲကေန online အစည္းအေဝးတက္ေနၾကတဲ့ ဝန္ထမ္းေတြကေတာ့ ေၾကာင္ေတာင္ေတာင္နဲ႔ က်န္ခဲ့ၾက႐ွာတယ္။အစည္းေဝးပြဲေတြကို မပ်က္မကြက္ တက္ေရာက္တတ္တဲ့ သူတို႔သူေဌးက အစည္းအေဝးပြဲကေန မေျပာမဆိုနဲ႔ ထျပန္သြားတာ ဒါနဲ႔ဆို ၂ ခါ႐ွိေနၿပီ။

...... .....

မုန္႔ရန္တို႔ ဌားထားတဲ့ Hotel ခန္းမတံခါး ႐ုတ္တရက္ပြင့္သြားတာေၾကာင့္ ခန္းမထဲက လူတိုင္း လွည့္ၾကည့္လိုက္ၾကတယ္။တံခါးဝကေန ဝင္လာတဲ့ ပုဂၢိဳလ္ ကိုျမင္တာနဲ႔ စကားသံေတြအကုန္ တိတ္ဆိတ္သြားၾကတယ္။သူတို႔ေတြရဲ႕ အၾကည့္ေတြက အရပ္႐ွည္ၿပီး ခန္႔ညားလြန္းလွတဲ့ ထိုပုဂၢိဳလ္ ဆီမွာပဲ တြယ္ကပ္ေနၿပီး တစ္ေယာက္မွ စကားမေျပာရဲၾက႐ွာေပ။

ေလာ္႐ိႈ႕ အထဲကို မဝင္ခင္ကတည္းကေန တစ္စုံတစ္ေယာက္ကို ႐ွာေဖြေနခဲ့တာျဖစ္တယ္။ေလာ္႐ိႈ႕ရဲ႕အ႐ွိန္အဝါက သိပ္ျပင္းလြန္းတာေၾကာင့္ ဘယ္သူမွသူ႕ကိုမတားရဲၾကတဲ့ အျပင္ ဘယ္သူ႕ကို႐ွာေနလဲဆိုတာကိုလဲ မေမးရဲၾကဘူး။ေလာ္႐ိႈ႕အေၾကာင္းကို သိေနတဲ့သူေတြကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္စကားေျပာရမွာကိုေတာင္ ေၾကာက္ေနၾကတယ္။လုယြင္က်င့္ ေတာင္ ေလာ္႐ိႈ႕ကို ျမင္တာနဲ႔ တိတ္တိတ္ေလးေနာက္ဆုတ္ေနလိုက္တယ္။

ဆိုဖာေပၚမွာ အိပ္ေနတဲ့ မုန္႔ရန္ကို ေတြ႕လိုက္တာနဲ႔ ေလာ္႐ိႈ႕ ဆိုဖာနားကို ေျပးသြားလိုက္တယ္။မုန္႔ရန္ရဲ႕ လက္႐ွိအေျခေနက အရက္ေတြအလြန္အကြၽံေသာက္ထားလိုက္တာမ်ား၊ ငါးတစ္ေကာင္လို ပါးစပ္ကေန ပူစီေဖာင္းေတြေတာင္ ထြက္ေနေသးတယ္။

ေလာ္႐ိႈ႕ မုန္႔ရန္ကို ေပြ႕ခ်ီလိုက္ၿပီး ခန္းမထဲကေန တိုက္႐ိုက္ထြက္သြားဖို႔ျပင္လိုက္တယ္။က်န္တဲ့သူေတြကလဲ အခုမွသတိျပန္ကပ္လာၾကေတာ့တယ္။တခ်ိဳ႕ေတြဆို အမူးလြန္ၿပီး ထင္ေယာင္ထင္မွားေတြျမင္ေနတယ္လို႔ေတာင္ထင္ေနၾကတာ။

"အဲ့ဘဲႀကီးက ေလာ္ဆန္း ရဲ႕အေဖလား?"

ေ႐ွာင္ခယ္က လုယြင္က်င့္ ကို တိုးတိုးေလးကပ္ေမးတယ္။

"ဉကၠဌေလာ္ ကို မင္းမျမင္ဖူးဘူးလား?"

လုယြင္က်င့္ သံသယအခ်ိဳ႕နဲ႔ ေ႐ွာင္ခယ့္ကို ၾကည့္လိုက္တယ္။ေ႐ွာင္ခယ့္လို သခင္ေလးတစ္ေယာက္က ေလာ္႐ိႈ႕ကို မျမင္ဖူးစရာမွမ႐ွိတာ။

"ျမင္ေတာ့ျမင္ဖူးတာေပါ့ကြ၊ အခုလို အနီးကပ္ႀကီးျမင္ဖူးတာ ဒါ ပထမဆုံးပဲ။အခုၾကည့္ရတာ အရမ္းခန္႔ညားတာပဲကြ"

ေ႐ွာင္ခယ္ သူ႕မ်က္ႏွာ သူထိလိုက္ၿပီးဆက္ေျပာတယ္။

"ၿပီးေတာ့ သူ႕ရဲ႕တည္႐ွိမႈႀကီးက ထင္႐ွားလြန္းတယ္ကြာ။မ်က္ႏွာေရာ၊ Body ေရာပဲ"

"သူရဲ႕တကယ့္အစစ္အမွန္ အသြင္သ႑ာန္အစစ္က သူ႕ရဲ႕ေနာက္ကြယ္က ခြန္အားပဲကြ"

နားမလည္ႏိုင္ေလာက္တဲ့ ေပါက္ကရေလးဆယ္ေတြေရ႐ြတ္ေနတဲ့ မုန္႔ရန္ကို ေလာ္႐ိႈ႕ ကားထဲသြင္းလိုက္တယ္။

"မလႈပ္နဲ႔ေလ Mr.ေလာ္...."

ေလာ္႐ိႈ႕ ရဲ႕မ်က္ႏွာကို မုန္႔ရန္ ကိုင္ထားတယ္။ေလာ္႐ိႈ႕ ၿငိမ္​ၿငိမ္မေနဘဲ လႈပ္ေနတာေၾကာင့္ သူ မူးေဝေနတာလို႔ထင္ေနတာေလ။တကယ္က မုန္႔ရန္ ကအရက္မူးလြန္ေနတာျဖစ္ၿပီး ေလာ္႐ိႈ႕က တစ္ခ်က္ေလးမွ လႈပ္ေနတာမဟုတ္ေပ။

မုန္႔ရန္ရဲ႕ ႏႈတ္ခမ္းေတြက ေလာ္႐ိႈ႕ ရဲ႕မ်က္ႏွာအႏွံ႔ေပၚမွာ ျဖတ္ေျပးေနတယ္။ေလာ္႐ိႈ႕ရဲ႕ ႏႈတ္ခမ္းကို မုန္႔ရန္႐ွာမေတြ႕ေသးတာေၾကာင့္ ေလာ္႐ိႈ႕ ရဲ႕မ်က္ႏွာတစ္ခုလုံး မုန္႔ရန္ရဲ႕သားရည္ေတြနဲ႔ ႐ႊဲစိုေနၿပီ။

သူ႕မ်က္ႏွာအႏွံ႔ကို ႏူးညံ့ၿပီး ဝိုင္နံ႔သင္းေနတဲ့ ႏႈတ္ခမ္းတစ္စုံနဲ႔ လိုက္နမ္းေနတဲ့ အေကာင္ေပါက္ေလးကို ေလာ္႐ိႈ႕ စိတ္မခ်ႏိုင္ ျဖစ္ေနရတယ္။ ဒီအေကာင္ေပါက္ေလးတစ္ေယာက္တည္း အျပင္မွာအႏိုင္က်င့္ခံေနရမလား၊မေတာ္တဆမ်ား ထိခိုက္ဒဏ္ရာရသြားမလား၊ငယ္႐ြယ္ေသးတဲ့ ကေလးသာသာအ႐ြယ္ျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕သူေတြရဲ႕ လွည့္ျဖားမႈေတြကို သတိ႐ွိ႐ွိေ႐ွာင္ႏိူင္ပါ့မလား၊အရမ္းကိုလွပတဲ့ မုန္႔ရန္အနားကို တျခားသူေတြက ညစ္ပတ္တဲ့အၾကံစည္ေတြနဲ႔ အျမတ္ထုတ္ဖို႔ ခ်ဥ္းကပ္လာေလမလား၊ သူနဲ႔ လက္ထပ္လိုက္တဲ့အတြက္ စိတ္သေဘာထားမျပည့္ဝသူေတြကမ်ား မုန္႔ရန္ကို ထိခိုက္ေအာင္လုပ္ေလမလား....စတဲ့ ၊စတဲ့ အေတြးေပါင္းမ်ားစြာေၾကာင့္ မုန္႔ရန္ေနာက္ကေန သက္ေတာ္ေစာင့္ေတြေတာက္ေလွ်ာက္လိုက္ေနတာေတာင္ ေလာ္႐ိႈ႕ခင္မ်ာစိတ္မခ်ႏိုင္ ျဖစ္ေနရ႐ွာတယ္။

မုန္႔ရန္ရဲ႕ ဆံပင္ေလးေတြကို ခပ္ဖြဖြပြတ္သပ္ေပးလိုက္ရင္ သက္ျပင္းခ်မိေနတယ္။သူ႕ရဲ႕အေတြးေတြစတင္ေျပာင္းလဲေနၿပီဆိုတာ သူသတိမထားမိလိုက္ဘူး။ဒီကေလးအတြက္ စိုးရိမ္ပူပန္ေနရတယ္ဆိုေပမယ့္ ဒါေတြကို ဝန္ထုတ္ဝန္ပိုးတစ္ခုအျဖစ္တစ္ခါမွ မသတ္မွတ္ထားဖူးဘူး။အကယ္၍ ဒါက ဝန္ထုတ္ဝန္ပိုးတစ္ခုဆိုရင္ေတာင္ သူ႕ကို ေပ်ာ္႐ႊင္ေစတဲ့ ဝန္ထုတ္ဝန္ပိုးေလးပဲျဖစ္မွာပါ။

ေပ်ာ္႐ႊင္မႈအစစ္အမွန္.....

ဒီစကားလုံးရဲ႕ အဓိပၸာယ္အစစ္အမွန္ကို သူနားလည္လာေတာ့မယ္ဆိုတာ ေလာ္႐ိႈ႕ယုံၾကည္တယ္။

ေလာ္႐ိႈ႕ ရဲ႕ ႏႈတ္ခမ္းကို နမ္းဖို႔ ႐ွာေနတာ အခုထိေနရာမမွန္ေသးတဲ့အတြက္ မုန္႔ရန္ ဆူပုတ္ေနတယ္။သူတကယ္ပင္ပန္းေနၿပီ၊ဒါ့ေၾကာင့္ ေလာ္႐ိႈ႕ရဲ႕ပုခုံးေပၚမွာ မ်က္ႏွာအပ္ၿပီး အနားယူေနလိုက္တယ္။မုန္႔ရန္ သူကိုယ္သူ ငါးတစ္ေကာင္အျဖစ္ေတြးလိုက္ၿပီး ေလေတြကို မႈတ္ထုတ္ေနတယ္။

ေလာ္႐ိႈ႕ သူတို႔ရဲ႕ ကိုယ္ပိုင္အခန္းကိုေရာက္တဲ့အထိ မုန္႔ရန္ကိုေပြ႕ခ်ီထားတယ္။မုန္႔ရန္တစ္ေယာက္ အမူးလြန္ေနတာေၾကာင့္ သူ႕ဘာသာေရခ်ိဳးဖို႔ဆိုတာမျဖစ္ႏိုင္ဘူးေလ။ဒါ့ေၾကာင့္ အိမ္အကူဝန္ထမ္းေတြကို အမူးေျပလက္ဖက္ရည္ၾကမ္းနဲ႔ ေရပတ္တိုက္ဖို႔ ေရေႏြးစိမ္ထားတဲ့ သဘက္ေတြကို ယူလာခိုင္းလိုက္ၿပီး မုန္႔ရန္ရဲ႕ လည္ပင္းနဲ႔ မ်က္ႏွာတစ္ဝိုက္ကို သန္႔႐ွင္းေရးလုပ္ေပးလိုက္တယ္။

အိမ္ေတာ္ထိန္းယြမ္ကေတာ့ ေဘးနားမွာ အသင့္ေစာင့္ေနရင္းနဲ႔ ေလာ္႐ိႈ႕ရဲ႕အျပဳအမူေတြကို ၾကည့္ေနတယ္။သူအရမ္းအံ့ၾသမိတယ္။ေလာ္႐ိႈ႕နားမွာ အခ်ိန္အၾကာႀကီးေနခဲ့တာေတာင္ ေလာ္႐ိႈ႕ လူတစ္ေယာက္ ကို အခုလို ဂ႐ုစိုက္ေပးေနတာမ်ိဳးကို တစ္ခါမွမျမင္ဖူးဘူး။သခင္ႀကီးအတြက္ သခင္ေလးမုန္႔ရန္က အရမ္းအေရးပါတယ္။သခင္ႀကီးက သခင္ေလးမုန္႔ရန္ကို လက္ထပ္လိုက္႐ုံသာမကဘူး၊စိတ္လိုလက္ရနဲ႔ပါ ဂ႐ုစိုက္ေပးေနေသးတယ္။ဒါလဲတစ္မ်ိဳးေတာ့ေကာင္းပါတယ္ေလ။ဒီေလာက္ႏွစ္ေတြၾကာၿပီးတဲ့အခ်ိန္မွာ သခင္ႀကီးတစ္ေယာက္တည္းမဟုတ္ေတာ့တဲ့အျပင္၊ႏွလုံးသားတံခါးကိုဖြင့္ထားေပးလိုက္ၿပီပဲ......

ဝန္ထမ္းေတြထြက္သြားတာနဲ႔ ေလာ္႐ိႈ႕က မုန္႔ရန္ကို ညဝတ္အက်ႌဝတ္ေပးလိုက္ၿပီး ေသခ်ာေစာင္ျခဳံေပးလိုက္တယ္။ သူကိုယ္တိုင္ကေတာ့ ေရခ်ိဳးသန္႔စင္ဖို႔ ေရခ်ိဳးခန္းထဲကို ဝင္သြားလိုက္တယ္။

ေလာ္႐ိႈ႕ ေရခ်ိဳးခန္းထဲက ျပန္ထြက္လာခ်ိန္မွာ မုန္႔ရန္အဝတ္ေတြအကုန္လုံးကို ခြၽတ္ထားၿပီး ကုတင္ေအာက္ကိုပစ္ခ်ထားတယ္။ေလာ္႐ိႈ႕ မသက္မသာျဖစ္ေနပုံနဲ႔ ကုတင္နားကိုသြားလိုက္တယ္။

ေလာ္႐ွိ႕ မုန္႔ရန္ကို ေစာင္ျခဳံေပးေနေပးမယ့္ တစ္ကိုယ္လုံးပူျခစ္ေနတဲ့ မုန္႔ရန္ကေတာ့ ေစာင္ေတြကိုပါကန္ထုတ္ေနတယ္။

မုန္႔ရန္ သူ႕တစ္ကိုယ္လုံးမီးေတာက္ေနသလိုခံစားရတာေၾကာင့္ အေတာ္ေလးကို မသက္မသာခံစားေနရတယ္။ခက္ခက္ခဲခဲအသက္႐ႈၿပီး မ်က္ဝန္းေတြကို ဖြင့္ၾကည့္လိုက္တဲ့အခါ မႈန္ဝါးဝါးအျမင္အာ႐ုံကေန တဆင့္ ရင္သပ္႐ႈေမာဖြယ္ေကာင္းတဲ့ ေလာ္႐ိႈ႕ရဲ႕ မ်က္ႏွာကို ျမင္လိုက္ရတယ္။သူ ႐ုတ္တရက္ထထိုင္လိုက္ၿပီး ေလာ္႐ိႈ႕ ရဲ႕လည္ပင္းကိုဖက္လိုက္တယ္။

"Mr.ေလာ္..Mr.ေလာ္...ကြၽန္ေတာ္ခင္ဗ်ားကို အၾကာႀကီးေစာင့္ေနခဲ့တာေလ၊ဘာလို႔ ကြၽန္ေတာ္႕ကို လာမေခၚတာလဲ?"

မုန္႔ရန္ မ်က္ရည္ေတြနဲ႔ ေမးခြန္းထုတ္ေနတယ္။

"ခင္ဗ်ား ကြၽန္ေတာ္႕ဆီကို ဘာျဖစ္လို႔ မလာႏိုင္တာလဲ?"

"ငါမင္းကို အိမ္ျပန္ေခၚလာၿပီးၿပီ၊ ေကာင္းေကာင္းအိပ္လိုက္ေတာ့ေနာ္"

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ ေက်ာျပင္ေလးကို ပုတ္ေပးရင္းေျပာလိုက္တယ္။

"ကြၽန္ေတာ္ အႀကိမ္ႀကိမ္ လက္ေလ်ာ့လိုက္ဖို႔ ႀကိဳးစားခဲ့တယ္။ဒါေပမယ့္ ကြၽန္ေတာ္ လက္မေလ်ာ့ႏိုင္ခဲ့ဘူး။ကြၽန္ေတာ္ ခင္ဗ်ားကို အၿမဲတမ္းေစာင့္ေနခဲ့တယ္၊အၿမဲတမ္းေစာင့္ေနခဲ့တယ္။ကြၽန္ေတာ္ခင္ဗ်ားကို မေစာင့္ေတာ့ဘူး......"

အစပိုင္းမွာ မွာေတာ့ မုန္႔ရန္ သူ႕ကို ခ်က္ခ်င္းလာမေခၚလို႔ ေျပာေနတယ္လို႔ပဲ ေလာ္႐ိႈ႕ ထင္ေနခဲ့တာ။​ေနာက္ပိုင္းမုန္႔ရန္ဆက္ေျပာေနတဲ့ စကားေတြကို ေလာ္႐ွိ႕ နားမလည္ေတာ့ဘူးျဖစ္ေနတယ္။ဘာပဲျဖစ္ျဖစ္ပါေလ၊ မူးေနတဲ့သူေတြေျပာတဲ့စကားဆိုမွေတာ့
က်ိဳးေၾကာင္းဆီေလ်ာ္ပါ့မလား?ဒါ့​ေၾကာင့္ မုန္႔ရန္ကို ေပြ႕ဖက္ၿပီး စိတ္ေျပေအာင္ႏွစ္သိမ့္ေပးလိုက္တယ္။

"မင္းေစာင့္ေနခဲ့ပါတယ္။ဒါေပမယ့္ အခု ငါ မင္းအေ႐ွ႕မွာေရာက္ေနၿပီေလ"

"ခင္ဗ်ား လူလိမ္၊ခင္ဗ်ား ဘယ္တုန္းကမွ ကြၽန္ေတာ္႕ဆီေရာက္မလာခဲ့ဘူး......"

မုန္႔ရန္ ႏွလုံးသားတစ္ခုလုံးကိုက္ခဲနာက်င္ေနရတဲ့အျပင္ ခႏၶာကိုယ္ကပါ ပူေလာင္ေနတာေၾကာင့္ ေလာ္႐ိႈ႕ရဲ႕ လက္ေမာင္းေတြထဲမွာ တြန္႔လိမ္ေနတယ္။

မုန္႔ရန္ရဲ႕အသားအရည္က ႏူးညံ့ေခ်ာမြတ္လြန္းတာေၾကာင့္ ေလာ္႐ိႈ႕ကေတာ့ ခဏခဏေခ်ာ္ထြက္ေနတဲ့
အျဖဴေရာင္ငါးေလးတစ္ေကာင္ကို ကိုင္တြယ္ေနရသလိုခံစားေနရတယ္။သူ႕ရဲ႕လက္ေမာင္းေတြထဲမွာ လႈပ္႐ွားေနတဲ့ မုန္႔ရန္ေၾကာင့္ ေလာ္႐ိႈ႕ ေခြၽးျပန္ေနေလၿပီ။

ေလာ္႐ိႈ႕ရဲ႕ဝတ္႐ုံကိုလဲ မုန္႔ရန္က ဆုတ္ၿဖဲထားတယ္။႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာမွာပါ က်န္းမာၾကံခိုင္တဲ့ေယာက္က်ားသားတစ္ေယာက္အေနနဲ႔ ေလာ္႐ိႈ႕ရဲ႕ ခႏၶာကိုယ္ ကလဲ တုံ႔ျပန္မႈ လကၡဏာေတြျပသေနေလၿပီ။ဒါေပမယ့္ ဒီလိုျဖစ္ေနတာေတြေၾကာင့္ ေလာ္႐ိႈ႕အျပစ္႐ွိသလိုခံစားေနရတယ္။ေလာ္႐ိႈ႕ သူ႕ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္စြမ္းျမင့္မားတယ္လို႔ ခံယူထားတယ္။ဒါကလဲ တစ္စုံတစ္ေယာက္နဲ႔ အခုလို မထိေတြ႕ျဖစ္တာၾကာေနတာေၾကာင့္လဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္ ဒီေန႔က်မွ သူ႕ခႏၶာကိုယ္က ဘာ့ေၾကာင့္မ်ား လြယ္လြယ္ကူကူတုံ႔ျပန္ေနရတာလဲ?

မုန္႔ရန္ ေကာင္းေကာင္းအိပ္ေပ်ာ္ေစဖို႔အတြက္ ေလာ္႐ိႈ႕ ကမုန္႔ရန္ကို တင္းတင္းၾကပ္ၾကပ္ဖက္ထားေပးၿပီး ႏွစ္ေယာက္စလုံးေစာင္ျခဳံေနလိုက္ရတယ္။မုန္႔ရန္ရဲ႕ ေျခေထာက္ေတြက ေလာ္႐ိႈ႕ ဖိထားတာခံရတဲ့အတြက္ နည္းနည္းေလးေတာင္ မလႈပ္ႏိုင္ေတာ့ေပ။ေနာက္ဆုံးမွာေတာ့ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ မုန္႔ရန္အိပ္ေပ်ာ္သြားခဲ့တယ္။

မုန္႔ရန္အိပ္ေပ်ာ္ေနေပမယ့္၊ေလာ္႐ိႈ႕ကေတာ့ အခုထက္ထိအိပ္လို႔ မရဘူးျဖစ္ေနတယ္။ဝိုင္ေသာက္ထားတဲ့အတြက္ မုန္႔ရန္ရဲ႕ ကိုယ္သင္းနံ႔က တျခားေန႔ေတြထက္ပိုၿပီး ဆြဲေဆာင္အားေကာင္းေနတယ္။အပူတစ္ခ်ိဳ႕ေၾကာင့္ ေခြၽးျပန္ေနတဲ့ ေလာ္႐ိႈ႕ ကေတာ့ တစ္ညတည္းနဲ႔ ေရကို ၈ ေခါက္ေလာက္ခ်ိဳးလိုက္ရတယ္။

[TN: ငမုန္႔ေၾကာ္မူးေနလို႔ ေမွာင္ေတာ့မယ္ ထင္ေနတဲ့ပုရိသတ္တို႔ေရ ေလာ္႐ိႈ႕လိုပဲ ေရ ၈ေခါက္ ခ်ိဳးလိုက္ၾကပါေတာ့😂😂😂]

ေနာက္တစ္ေန႔မိုးလင္းလာတဲ့အခါမွာ ဘယ္လိုလုပ္အိမ္ျပန္ေရာက္လာတယ္ဆိုတာမမွတ္မိတဲ့အတြက္ မုန္႔ရန္မွင္တက္ေနမိတယ္။စဥ္းစားလို႔ မရတဲ့အဆုံး ေရခ်ိဳးဖို႔ ေစာင္လွန္လိုက္တဲ့အခါ အဝတ္ဗလာျဖစ္ေနတဲ့ သူ႕ရဲ႕ခႏၶာကိုယ္ေၾကာင့္ မ်က္လုံးေတြျပဴးက်ယ္ကုန္တယ္။

"ႏိုးၿပီလား?"

ေလာ္႐ိႈ႕ ေရခ်ိဳးခန္းထဲကေန ထြက္လာတယ္။

မုန္႔ရန္ သူ႕ကိုယ္သူ ေစာင္နဲ႔ ျမန္ျမန္ဖုံးလိုက္ၿပီး

"Mr.ေလာ္...ကြၽန္ေတာ္ မေန႔က ညက...."

"မင္း အမူးလြန္ေနလို႔၊ငါကိုယ္တိုင္ ျပန္ေခၚလာေပးခဲ့တာ"

"ဒါဆို ကြၽန္ေတာ္က ဘာလို႔ အဝတ္ဗလာျဖစ္ေနတာလဲ၊အတြင္းခံေလးေတာင္ မဝတ္ထား....."

မုန္႔ရန္ တိုးတိုးေလးေရ႐ြတ္ေနတယ္။

"မင္းကိုယ္တိုင္ ခြၽတ္ထားတာေလ၊အေသာက္လြန္ၿပီး ပူေနတာေၾကာင့္ အကုန္လုံးကို ခြၽတ္ထားပစ္တာေနမွာေပါ့"

"ဒါဆို ခင္ဗ်ားလုပ္လိုက္ေသးလား...?"

"စိတ္မပူနဲ႔ ငါမင္းကို ဘာမွမလုပ္ထားဘူး။မင္းအိပ္ေပ်ာ္ေအာင္ ဖက္႐ုံပဲဖက္ထားေပးတာ"

ေလာ္႐ိႈ႕ ကုတင္ေပၚမွာထိုင္လိုက္ၿပီး ထပ္ေမးတယ္။

"ငါမင္းကိုအခြင့္ေကာင္းယူၿပီးတစ္ခုခုလုပ္မယ္လို႔မင္းထင္ေနတာလား?"

"ကြၽန္ေတာ္ေျပာတာအဲ့သေဘာမဟုတ္ပါဘူး"

မုန္႔ရန္ ဒူးႏွစ္ဖက္ကို လက္နဲ႔ပိုက္လိုက္ၿပီးေခါင္းငုံ႔ထားတယ္။

"ကြၽန္ေတာ္ ခင္ဗ်ား ကိုတစ္ခုေလာက္ေမးလို႔ ရမလား?ကြၽန္ေတာ္ ညက အဝတ္ေတြခြၽတ္ေနတုန္း ခင္ဗ်ား ဘာမွ မခံစားရဘူးလား?"

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ အၾကည့္ေတြကို ေ႐ွာင္တိမ္းၿပီခဏေလာက္ေနမွ ျပန္​ေျဖတယ္။

"စိတ္မပူပါနဲ႔ ၊ငါ့စိတ္ထဲမွာ မင္းက ကေလးပဲ႐ွိေသးတာ၊ အဲ့ေတာ့မင္းရဲ႕ ခႏၶာကိုယ္ ကို ျမင္ေတာ့လဲ ငါမွာဘာအေတြးမွ ႐ွိမေနဘူး"

မုန္႔ရန္ ဆံပင္ေတြကို လက္နဲ႔ဆုပ္ၿပီး ႐ူးေၾကာင္ေၾကာင္ေတြးလိုက္မိတယ္။

//အၾကံဉာဏ္ေလးေပးၾကစမ္းပါ၊ ျမင္ေစခ်င္လို႔ တစ္ကိုယ္လုံးခြၽတ္ျပတာေပါ့၊လူကို ဒီလိုနည္းနဲ႔ နာက်င္ေအာင္လုပ္ရသလား??//

"ဘာလက္ေဆာင္လိုခ်င္လဲ?"

"ဘာ?ဘာလက္ေဆာင္လဲ?"

မုန္႔ရန္ အူလည္လည္ျဖစ္ေနၿပီ။

"အဆင့္တစ္ရတယ္ဆို​ေတာ့ ဆုခ်ရမွာေပါ့"

"ဒါက လပတ္စာေမးပြဲေလးတစ္ခုပါပဲ၊ဆုခ်ဖို႔ မလိုပါဘူး"

မုန္႔ရန္ ခဏေလာက္စဥ္းစားၿပီး ထပ္ေျပာလိုက္တယ္။

"ဒီလိုဆိုရင္ေရာ၊ မၾကာခင္ အေရးႀကီးတဲ့ၿပိဳင္ပြဲတစ္ခုကို ဝင္ၿပိဳင္မလို႔၊အဲ့ၿပိဳင္ပြဲမွာ ပထမရရင္ ကြၽန္ေတာ္ ေတာင္းဆိုတာ တစ္ခုကို လိုက္ေလ်ာေပးရမယ္။ဘယ္လိုလဲ အဆင္ေျပလား?"

"ေကာင္းၿပီ၊ငါ့ကိုအ႐ွက္ရေစမယ့္အရာမဟုတ္ရင္ ၿပီးတာပဲ"

"မပူနဲ႔၊မပူနဲ႔... အမ်ားႀကီးမေတာင္းဆိုပါဘူး"

မုန္႔ရန္ ျပာျပာသလဲ ေျပာလိုက္တယ္။

ေလာ္႐ိႈ႕ တျခားအခန္းမွာ အဝတ္သြားလဲတာနဲ႔ မုန္႔ရန္ကလဲ ညဝတ္အင္းက်ီကိုေကာက္ဝတ္လိုက္ၿပီး ေရခ်ိဳးခန္းထဲေျပးဝင္လိုက္တယ္။

မုန္႔ရန္တို႔လို ေက်ာင္းသားေတြအတြက္ နံ႔သာေဖာ္စပ္နည္းေလ့က်င့္ဖို႔အတြက္ ကုန္ၾကမ္းေတြအမ်ားအျပားလိုအပ္တယ္။တခ်ိဳ႕ေသာကုန္ၾကမ္းေတြက အလြယ္တကူရႏိုင္ေပမယ့္ အရည္အေသြးျမင့္ပစၥည္းတခ်ိဳ႕ရႏိူင္ဖို႔ဆိုတာေငြေၾကးအရင္းအျမစ္ရယ္၊ အသိအမွတ္ျပဳႏိုင္စြမ္းရယ္နဲ႔ ကံတရားေပၚမွာ မူတည္ေနေသးတယ္။

အိမ္နီးခ်င္း ၿမိဳ႕ေတာ္Rong City မွာတ႐ုတ္ျပည္ရဲ႕အႀကီးမားဆုံး အေမႊးနံ႔သာေဈးကြက္တစ္ခုတည္႐ွိတယ္။ဒါ့ေၾကာင့္ ေက်ာင္းေတြက ေက်ာင္းသားေတြကို အေမႊးနံ႔သာကုန္ၾကမ္းေလလံပြဲေတြမွာ ေစ်းႏႈန္းစုံစမ္းဖို႔နဲ႔ ဗဟုသုတ ႐ွာေဖြဖို႔အတြက္ ဆရာေတြနဲ႔အတူ
ေစလႊတ္ေလ့႐ွိတယ္။မုန္႔ရန္က Rong city ကိုတစ္ရက္ႀကိဳေရာက္ေနတာျဖစ္ၿပီး၊ဆရာေတြက ေနာက္တစ္ေန႔မွေရာက္လာၾကတာျဖစ္တယ္။မုန္႔ရန္နဲ႔တျခားသူေတြအျပင္ ယြီကြၽင္းခ်န္ နဲ႔သူ႕ရဲ႕စီနီယာအစ္ကိုေတြပါေရာက္လာၾကတယ္။အဲ့အျပင္ ေလာ္ဆန္းပါ အဆစ္ပါလာေသးတယ္။

ေလာ္ဆန္း လိုက္လာရတဲ့ ရည္႐ြယ္ခ်က္က ယြီကြၽင္းခ်န္ နဲ႔ ဝန္းယြမ္ကို စိတ္မခ်တာေၾကာင့္ျဖစ္တယ္။ဝန္းယြမ္က ယြီကြၽင္းခ်န္ ကို ႀကိဳက္ေနတယ္ဆိုတာ ေလာ္ဆန္းသိတယ္။ဒါ​ေၾကာင့္လဲ ယြီကြၽင္းခ်န္ နဲ႔သူနဲ႔ ႏွစ္ခါေလာက္စကားမ်ားထားၿပီးၿပီ။ယြီကြၽင္းခ်န္ဘက္က ဝန္းယြမ္ ကို ျပန္မႀကိဳက္ဘူးဆိုတာသိေပမယ့္ ဝန္းယြမ္ ကိုေတာ့ အခြင့္ေရးနည္းနည္းေလာက္ေတာင္ ေပးလို႔ မျဖစ္ဘူးေလ။

ဒီအေမႊးနံ႔သာကုန္ၾကမ္းေစ်းကြက္ကို မုန္႔ရန္အရင္ကတည္းကလာခ်င္ေနခဲ့တာ။ေလ့က်င့္ေရးမွာသုံးဖို႔ကုန္ၾကမ္းေတြအျပင္၊ေလာ္႐ိႈ႕ရဲ႕ ေခါင္းကိုက္ေရာဂါကို ကုသေပးဖို႔ ကုန္ၾကမ္းေတြကို ဝယ္ယူဖို႔ စဥ္းစားထားတယ္။ဒီတစ္ေခါက္က တစ္ညအိပ္ ၊ႏွစ္ရက္ခရီးစဥ္ျဖစ္တာေၾကာင့္ ေလာ္႐ိႈ႕က မုန္႔ရန္နဲ႔အတူသြားဖို႔ တစ္စုံတစ္ေယာက္ကို အထူးစီစဥ္အေနနဲ႔ထည့္ေပးလိုက္တယ္။

Rong City ရဲ႕ အေမႊးနံ႔သာေစ်းကြက္က ေ႐ွးေဟာင္းသမိုင္းဝင္ေစ်းကြက္ျဖစ္တာေၾကာင့္ အေဆာက္အအုံေတြကအစ Classic ဆန္ဆန္လွပတင့္တယ္ေနတယ္။

ေစ်းထဲကို ေျခခ်လိုက္တာနဲ႔ ေ႐ွးေခါတ္မွာလမ္းေလွ်ာက္ေနရသလို ခံစားရၿပီး ကမ႓ာတစ္ဝွမ္းက ကုန္သည္ေတြနဲ႔၊ခရီးသြားဧည့္သည္ေတြကိုလဲ ေနရာအႏွံ႔မွာျမင္ေတြ႕ႏိုင္တယ္။ၿမိဳ႕ေတာ္တစ္ခုလုံးကို အေမႊးရနံ႔ေတြနဲ႔ ရစ္သိုင္းထားတယ္။ဆိုင္ေတြကလဲ ဝယ္သူေတြကိုဆြဲေဆာင္ဖို႔ သူတို႔ရဲ႕ ကိုယ္ပိုင္ အမွတ္တံဆိပ္ နံ႔သာေတြကို ထြန္းညႇိထားၾကတယ္။ကိုယ္ပိုင္အိမ္တစ္လုံးနဲ႔တူတဲ့ ဆိုင္တစ္ခုေ႐ွ႕ကိုေရာက္တဲ့အခါ မုန္႔ရန္က လင္စုန္႔ထိုင္ ရဲ႕နာမည္ေရးထိုးထားတဲ့ Cardကို စားပြဲေပၚတင္ေပးလိုက္တယ္။ဝန္းယြမ္ကလဲ ႐ႊီဝမ္းယာနာမည္ပါတဲ့ card ကို စားပြဲေပၚတင္လိုက္တယ္။

Card ေတြကိုစားပြဲေပၚတင္လိုက္တာနဲ႔ ဝန္ထမ္းေလးတစ္ေယာက္က အေရးႀကီးဧည့္သည္ေတြ႐ွိတဲ့ဉယ်ာဥ္တစ္ခုဆီကို မုန္႔ရန္တို႔ကို ေခၚေဆာင္သြားခဲ့တယ္။

ဉယ်ာဥ္က သိပ္မႀကီးေပမယ့္ ၊အ​ေတာ္အသင့္က်ယ္ဝန္းၿပီး က်က္သေရ႐ွိလွတယ္။မုန္႔ရန္ နာမည္စာရင္းသြင္းၿပီးတာနဲ႔ ေစ်းႏႈန္းေတြခ်ေရးရမယ့္
သစ္သားျပားေလးေတြကို ရ႐ွိလိုက္တယ္။အဲ့ေနာက္ ထိုင္စရာေနရာ႐ွာလိုက္ၿပီး ေလလံပြဲစတင္မယ့္ အခ်ိန္ကိုေစာင့္ဆိုင္းေနလိုက္တယ္။

အခ်ိန္က်လာတဲ့အခါဉယ်ာဥ္ေလးရဲ႕သစ္သားတံခါးကိုပိတ္လိုက္ၿပီး ေ႐ွးေဟာင္း႐ိုးရာဝတ္စုံဝတ္ဆင္ထားတဲ့ ဝန္ထမ္းငါးေယာက္က သစ္သားစင္ေလးေတြကိုသယ္ေဆာင္လာၾကတယ္။သူတို႔က ပစၥည္းေတြကို သီးျခားျပသဖို႔အတြက္ စင္ျမင့္ေပၚမွာ သစ္သားစင္ကေလးေတြကို ခင္းက်င္းလိုက္တယ္။

ဒီကုန္ၾကမ္းေတြက အေတာ္ေလးကို ႐ွားပါးလြန္းတဲ့အျပင္ ေစ်းလဲႀကီးတယ္။ထိုကုန္ၾကမ္းေတြကို
အနံ႔ခံၾကည့္႐ုံနဲ႔ အျမင္နဲ႔အာ႐ုံနဲ႔ဆုံးျဖတ္႐ုံသာတတ္ႏိုင္ၿပီး ထိေတြ႕ကိုင္တြယ္ခြင့္မေပးထားေပ။လူအခ်ိဳ႕က ဒါေတြကို ေသခ်ာစစ္ေဆးဖို႔ မွန္ဘီလူးေတြယူလာၾကတယ္။

ေလလံပထမအသုတ္မွာ ကုန္ၾကမ္းငါးမ်ိဳးကို ေရာင္းခ်မွာျဖစ္တယ္။ေသခ်ာအကဲခတ္ၿပီးသြားတာနဲ႔ ကိုယ့္ေနရာကိုယ္ျပန္ထိုင္ၿပီး အေလးအနက္ေတြးေတာေနၾက
ၿပီး၊ခန္႔မွန္းထားတဲ့ေစ်းႏႈန္းေတြကို သစ္သားျပားေလးေတြေပၚမွာ ခ်ေရးေနၾကတယ္။

ဒီပစၥည္းငါးမ်ိဳးမွာ မုန္႔ရန္လိုအပ္ေနတဲ့ ပစၥည္း ၂မ်ိဳးပါဝင္ေနတယ္။ဒါ့ေၾကာင့္ ဒီပစၥည္းႏွစ္မ်ိဳးအတြက္ သူေပးႏိုင္မယ့္ ေစ်းႏႈန္းေတြကို သစ္သားျပားႏွစ္ခုေပၚခ်ေရးၿပီး ဝန္ထမ္းေတြကို ေပးလိုက္တယ္။

အခ်ိန္ျပည့္တာနဲ႔ တျခား သစ္သားျပားေတြကို ဝန္ထမ္းေတြက လက္မခံေတာ့ဘဲ ပိတ္ေစ်းကို ေၾကျငာလိုက္တယ္။

"ကုန္ၾကမ္း နံပါတ္ ၁ နဲ႔ ၃ ကို ခုံနံပါတ္ ၂၈က ဧည့္သည္ရ႐ွိသြားပါတယ္"

"ကုန္ၾကမ္း နံပါတ္ ၂ ကို ခုံနံပါတ္ ၃၀ ...."

"ကုန္ၾကမ္းနံပါတ္ ၄နဲ႔ ကို ခုံနံပါတ္ ၃၅...."

ဝန္ထမ္းေတြက သစ္သားျပားမွာေရးထားတဲ့ ေစ်းႏႈန္းကို လူတိုင္းျမင္ေအာင္ ျပလိုက္ၿပီး မူရင္းေစ်းႏႈန္းနဲ႔
အနီးစပ္ဆုံးေစ်းတူေပးႏိုင္တဲ့ သူကိုေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။

မုန္႔ရန္ ရဲ႕ခုံနံပါတ္က ၂၈ ျဖစ္္တယ္။မုန္႔ရန္ေရးေပးလိုက္တဲ့ေစ်းႏႈန္းေတြက မူရင္းေစ်းႏႈန္းေတြနဲ႔ အတူတူလာက္နီးနီးေတြျဖစ္ေနတာေၾကာင့္ ဝူဖန္ shock ရသြားတယ္။

"ေစ်းႏႈန္းခန္႔မွန္းတဲ့ေနရာမွာ ဆရာက်လွခ်ည္လား?မူရင္းေစ်းႏႈန္းနဲ႔ ကြာျခားခ်က္မ႐ွိေလာက္ေအာင္ခန္႔မွန္းႏိူင္တာပဲ"

"ဒီပစၥည္းေတြရဲ႕ေစ်းႏႈန္း​က ခန္႔မွန္းရမခက္ပါဘူး။ဒါ့ေၾကာင့္ တိတိက်က်ခန္႔မွန္းႏိူင္လိုက္တာပါ"

မုန္႔ရန္ ေရေႏြးတစ္ငုံေသာက္ရင္း ဝူဖန္႔ကို ႐ွင္းျပလိုက္တယ္။

"ငါ နံပါတ္၁ အတြက္ခန္႔မွန္းလိုက္ေသးတယ္။ဒါေပမယ့္အေတာ္ကြာသြားတယ္ကြ"

ဝူဖန္ ေမးေစ့ကိုလက္နဲ႔ပြတ္ရင္းေျပာလိုက္တယ္။

ေလလံတင္ရာမွာ အသုံးျပဳတဲ့ နံ႔သာအားလုံးမွာ တင္းက်ပ္တဲ့ စံႏႈန္းကိုယ္စီ႐ွိၾကတယ္။ကုန္ၾကမ္းေတြရဲ႕အေရအေသြးကို ခြဲျခမ္းသုံးသပ္ႏိူင္ရမယ့္အျပင္ ျပင္ပေစ်းကြက္ရဲ႕ ေပါက္ေစ်းေတြကိုပါေလ့လာထားႏိူင္မွျဖစ္မွာပါ။သာမာန္ေပါက္ေစ်းထက္နိမ့္ေနရင္  ဝယ္မယ့္သူမ႐ွိျဖစ္သြားပါလိမ့္မယ္။(မေကာင္းတဲ့ပစၥည္းမို႔ ေလွ်ာ့ေစ်းနဲ႔ေရာင္းတယ္ဆိုတာကိုေျပာခ်င္တာ)သာမာန္ေပါက္ေစ်းထက္ျမင့္ေနမွသာ ဝယ္ယူခ်င္ၾကတာေလ။

ဒုတိယအလွည့္အတြက္ ကုန္ၾကမ္းေတြသယ္လာၿပီးတာနဲ႔ မုန္႔ရန္ ေနာက္တစ္ေခါက္ ခန္႔မွန္းလိုက္ျပန္တယ္။အားလုံးကို အနံ႔ခံၾကည့္ၿပီးတာနဲ႔ ခုံမွာထိုင္ၿပီးေသခ်ာစဥ္းစားလိုက္တယ္။ဒုတိယအလွည့္ရဲ႕ ကုန္ၾကမ္းငါးမ်ိဳးလုံးကို မုန္႔ရန္လိုခ်င္ေနတယ္။လက္႐ွိမွာ ဒီပစၥည္းေတြကို ျမင္ေတြ႕ႏိုင္ေပမယ့္ အျပင္မွာဆို ႐ွာမရေအာင္႐ွားပါးလြန္းလွတယ္။ေတြ႕တုန္းၾကဳံတုန္းဝယ္ၿပီးသိမ္းထားလိုက္တာကလဲ မေကာင္းတာေတာ့မဟုတ္ဘူးေလ။

"ကုန္ၾကမ္းနံပါတ္ ၁.၂.၃.၄. ၅ အကုန္လုံးကို ခုံနံပါတ္ ၂၈ ကဧည့္သည္ တစ္ဉီးတည္းရ႐ွိသြားပါတယ္"

ဝန္ထမ္းေတြက​ေၾကျငာၿပီးတာနဲ႔ ကုန္ၾကမ္းေတြထည့္ထားတဲ့ စင္ေပၚမွာ မုန္႔ရန္ ေစ်းႏႈန္းေရးထားတဲ့ သစ္သားျပားေလးေတြကို တင္ထားလိုက္ၾကတယ္။

တတိယ၊စတုတၳနဲ႔ ပၪၶမအလွည့္က ကုန္ၾကမ္းေတြအကုန္လုံးကို မုန္႔ရန္ တစ္ေယာက္တည္း အကုန္္ဝယ္ပစ္လိုက္တယ္။မုန္႔ရန္ကို ၾကည့္ေနတဲ့ လူေတြရဲ႕မ်က္လုံးေတြကလဲ ျပဴးသထက္ျပဴးလာေနတယ္။မုန္႔ရန္က ငယ္႐ြယ္လြန္းတာေၾကာင့္ တစ္ခ်က္ၾကည့္႐ုံနဲ႔ေက်ာင္းသားမွန္းအရမ္းသိသာတယ္။ေရာက္လာတဲ့သူေတြထဲမွာ သက္ဆိုင္ရာ ရနံ႔နယ္ပယ္မွာ နာမည္႐ွိၿပီးသားလူေတြအျပင္ ဆရာႏွစ္ေယာက္ေတာင္ပါေနေသးတယ္။ဒါေပမယ့္ သူတို႔ေတြက ေက်ာင္းသားေလးတစ္ေယာက္ကိုေတာင္မယွဥ္ႏိူင္တဲ့အတြက္ အေတာ္ Shock ရေနၾကတယ္။

အကယ္၍ မုန္႔ရန္ သာ ေလာ္႐ိႈ႕နဲ႔ လက္မထပ္ျဖစ္ခဲ့ရင္ သင့္ေတာ္တဲ့ ေက်ာေထာက္ေနာက္ခံကို ႐ွာမေတြ႕မခ်င္း ေငြေၾကးခ်ိဳ႕တဲ့ ေနဉီးမွာျဖစ္တယ္။အခု သူ႕​ေနာက္မွာ ေလာ္႐ိႈ႕တစ္ေယာက္လုံး႐ွိေနမွာေတာ့ သူ႕ကိုယ္သူႏွိမ့္ခ်ေနစရာ ဘာအေၾကာင္းမွမ႐ွိဘူးေလ။

သူလိုခ်င္တဲ့ ကုန္ၾကမ္း ေတြကို မုန္႔ရန္ရသြားတာေၾကာင့္ ယြီကြၽင္းခ်န္ ေသာကေရာက္ေနတယ္။ယြီကြၽင္းခ်န္ရဲ႕ေသာက ကို နားလည္တဲ့ ေလာ္ဆန္းက ယြီကြၽင္းခ်န္ရဲ႕လက္ကိုခပ္ဖြဖြဖုတ္ေပးၿပီး ႏွစ္သိမ့္ေနတယ္။

မုန္႔ရန္ ကုန္ၾကမ္းေတြကို သိမ္းၾကဳံးဝယ္သြားတာအျပင္ ေလာ္ဆန္းရဲ႕ အျပဳအမူေတြကို ျမင္လိုက္တာေၾကာင့္ ဝန္းယြမ္ရဲ႕စိတ္အေျခေနက အဝီစိထိေရာက္ေတာ့မတတ္က်ဆင္းေနၿပီ။အဲ့ေတာ့ေရာ သူ ဘာလုပ္ႏိုင္မွာမို႔လို႔လဲ၊ ေရေႏြးၾကမ္းေတြတစ္ခြက္ၿပီးတစ္ခြက္ေသာက္ရင္း ေဒါသကိုၿမိဳခ်ေနရတယ္ေလ။

ငါးခ်ီစလုံးမွာ မုန္႔ရန္ကေတာ့ ေစ်းႏႈန္းကိုေအာင္ေအာင္ျမင္ျမင္ခန္႔မွန္းၿပီး သူလိုခ်င္သမွ်ကိုရေအာင္ယူထားႏိုင္ေနၿပီ။ေလလံ႐ုံပိုင္႐ွင္ေတာင္ Shock ရေနၿပီ။စာရင္းသြင္းေပးရတဲ့ဝန္ထမ္းကိုေခၚၿပီး မုန္႔ရန္အေၾကာင္း စုံစမ္းလိုက္တဲ့အခါ လင္စုန္႔ထိုင္ရဲ႕ တပည့္အျဖစ္ စာရင္းသြင္းထားတာကို ေတြ႕ရတယ္။ေလလံ႐ုံပိုင္႐ွင္ အေတြးထဲမွာ နစ္ေျမာေနတယ္။

ဒီကုန္ၾကမ္းေတြရဲ႕ေစ်းႏႈန္းက ခပ္ေပါေပါမဟုတ္ဘူးေလ။ဒါေပမယ့္ မုန္႔ရန္ကေတာ့ မ်က္ေတာင္တခ်က္မခတ္ဘဲ တစ္ထိုင္တည္းနဲ႔ေငြအေၾက၊ေခ်လိုက္တယ္။ဒါက အမ်ားရဲ႕အျမင္မွာ မုန္႔ရန္ရဲ႕ identity ကို သာမာန္မဟုတ္ဘူးလို႔ ထင္သြားေစတယ္။

တျခားသူေတြျပန္သြားၾကေပမယ့္၊တခ်ိဳ႕ကေတာ့ စကားစျမည္ေျပာဆိုဖို႔က်န္ေနခဲ့ၾကတယ္။

"ဒီေကာင္ေလးကဘယ္သူတုန္းကြ?ဒီေကာင္ေလးက ငယ္ေသးေပးမယ့္ လႊမ္းမိုးႏိူင္စြမ္းကေတာ့မေသးဘူးကြ၊အရင္ကသူ႕ကို မျမင္ဖူးပါဘူး"

"ဟုတ္တယ္၊ေက်ာင္းသားတစ္ေယာက္ဆိုတာေသခ်ာတယ္။ဒီေကာင္ေလးဘယ္ကေနလာတာလဲ?"

"ၾကည့္ရတာ Genius တစ္ေယာက္ေတာ့ ထြက္လာၿပီေဟ့"

"မဟုတ္ေသးဘူး။Genius ဆိုရင္ေတာင္ ႐ုပ္တ႐ုတ္ႀကီး Genius ထျဖစ္လာပါ့မလားကြ၊ၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ဖူးထားမွာပဲ၊ဒါေပမယ့္ ဒီေကာင္ေလးကို ငါအခုထိ အထင္မႀကီးႏိုင္ေသးဘူး"

"ဒါက ထူးဆန္းမေနဘူးလား၊ဒီေကာင္ေလးရဲ႕မူလအစကိုသိတဲ့တစ္ေယာက္ေယာက္ကို သြား႐ွာၾကရေအာင္"

ယြီကြၽင္းခ်န္ ၊ဝန္းယြမ္နဲ႔ တျခားေသာ ယြီကြၽင္ရဲ႕စီနီယာေတြက မုန္႔ရန္ကို ခ်ီးက်ဴးေနတဲ့စကားသံေတြကိုၾကားေနရတာေၾကာင့္ အေတာ္ေလးမသက္မသာခံစားေနရတယ္။သူတို႔ေတြခင္မ်ာမွာ ကုန္ၾကမ္းေလးတစ္ခု၊ႏွစ္ခုေတာင္ မရလိုက္တဲ့အတြက္ သူတို႔ဆရာကိုဘယ္လိုမ်က္ႏွာျပရမလဲမသိေအာင္ျဖစ္ေနၾကၿပီ။သူတို႔ေတြဘာတစ္ခုမွမရခဲ့တဲ့အျပင္၊မုန္႔ရန္ကေတာ့ အကုန္လုံးနီးပါးကိုရသြားတယ္ဆိုတာကိုသာ သူတို႔ဆရာသိလို႔ကေတာ့ ေသခ်ာေပါက္ ေဒါသထြက္လိုက္မယ့္ ျဖစ္ျခင္းပဲ...

ေလာ္ဆန္း လဲ ေပ်ာ္မေနေတာ့ဘူး။မုန္႔ရန္ပိုက္ဆံေတြသုံးေနတာျမင္တိုင္း၊သူ႕ပိုက္ဆံေတြ အသုံးခံေနရတယ္လို႔ပဲခံစားေနရတယ္။

သူတို႔ေတြလမ္းထဲကေနျပန္ထြက္ဖို႔လုပ္ေနခ်ိန္မွာ တစ္စုံတစ္ေယာက္က မုန္႔ရန္ကိုတားလိုက္တယ္။

"ေက်ာင္းသားနံပါတ္ ၂၈ေရ...ခဏေလာက္ေနပါဉီး"

"တစ္ခုခုမွားေနလို႔လား?"

မုန္႔ရန္ ထိုလူကိုေမးလိုက္တယ္။

ဒီလူႀကီးကို ၾကည့္ရတာ ရင္းႏွီးေနပုံရတယ္။မုန္႔ရန္ေသခ်ာစဥ္းစားၾကည့္လိုက္တဲ့အခါ ဘယ္သူလဲဆိုတာကို မွတ္မိသြားၿပီ......

Continue Reading

You'll Also Like

541K 75.3K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဥ္ရႈေသဆံုးခဲ့သည္။ သို႔ေသာ္ သူမ၏ကံေကာင္းမႈအနည္းငယ္ေၾကာင့္ သနားစရ...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
58.4K 5.7K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
34.3K 2.6K 104
ဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်...