ချစ်သောဗီလိန်လေး 2 (Ongoing)

By eett97

27.5K 3.1K 754

#DZ ၂၁ရာစုသမီးပျိုလေး ကားမတော်တဆဖြစ်ရာနေ system 1005နှင့်တွေ့ဆုံပြီးနောက် ............ ဒီဇာတ်လမ်းကတော့ ပါဝါရိ... More

In Space
ကူးပြောင်းခြင်းမိတ်ဆက်
ဇာတ်ကောင်မိတ်ဆက်
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
please 🙏❤
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
Note 📌
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပ်ပုဒိတ် မဟုတ်သေးပါ
အပိုင်း ၂၁
🙇🏻
အပိုင်း ၂၂

အပိုင်း ၆

1K 145 21
By eett97

Unicode

နှစ်ရက်အချိန်အတွင်း ပိုင်ဝေ့ရှင်း အဝတ်အစားဝယ်တာ၊ စတိုင်အသစ်ပြောင်းတာကြောင့် သူမ အလုပ်ရှုပ်နေခဲ့သည်။ သူမရဲ့ကိုယ်ပိုင်အခန်းထဲတွင် တိုက်ခိုက်ရေးကျွမ်းကျင်မှုများကို ပြန်လည်လေ့ကျင့်နေလိုက်တယ်။ ပြီးတော့ သူမရဲ့အစွမ်းဖြစ်တဲ့စိတ်ညှို့စွမ်းရည်ကိုလဲ တိုးတက်အောင်လုပ်ရမယ် ။ စမ်းသပ်စရာတွေကတော့ ငှက်ကလေးတွေနဲ့အစေခံကောင်မလေးတွေကိုပေါ့။
သူမလိုချင်ရာကို စိတ်ညှို့စေခိုင်းရင် စွမ်းရည်ကိုသွေးနေလိုက်တယ်။ ဇာတ်လိုက်ကိုလဲသွားမစသလိုဆက်လဲမဆက်သွယ်ခဲ့ဘူး။ လူတွေ့ဖြေရမဲ့နေ့ကျ သူရှိမှာလို့ သူမလုံးဝယုံကြည်တယ် ။ ဇာတ်လိုက်မလဲ အခန်းအောင်းနေတယ်လို့ကြားတယ်။ သူ စိတ်မဝင်စားတာမို့မသိချင်ယောင်ပဲဆောင်နေလိုက်တယ်။

ပိုင်မီရာလဲ သူမရဲ့ကွန်ပျူတာကျွမ်းကျင်မှုကို ပိုမိုကောင်းမွန်စေရန်လေ့ကျင့်မှုများကို တိတ်တဆိတ်လုပ်နေသည်။ သူ ဒီကိစ္စကို ပိုင်ဝေ့ရှင်းမသိစေရန် သတိထားပြီး လုပ်နေတာဖြစ်တယ်။ သူမ သူ့ထက်ပိုပြီး ကာတာရှီနဲ့အနေနီးကပ်စေရန်အကြံဉာဏ်များလဲ စဉ်းစားနေရသေးတယ်။ ပိုင်ဝေ့ရှင်းကိုမှာထားပေမဲ့ ဒီကောင်မလေးလဲ ငြိမ်နေတာကိုသတိထားမိတယ်။ ဒါကြောင့် သူမလဲ သူမ့ရဲ့စီမံကိန်းကို ပိုင်ဝေ့ရှင်းမရှုပ်စေရန် စီစဥ်ရဦးမည်။
လူတွေ့စစ်ရင် သူမရဲ့အရည်အချင်းတွေကို တွေ့ပြီး ကာတာရှီက လေးစားတန်ဖိုးထားပြီး ချစ်သွားမယ်။ ဒါဆို သူမက Kingdom groupရဲ့ချွေးမအဖြစ်နဲ့ ဒီနိုင်ငံမှာ အချမ်းသာဆုံးမိန်းမ ကံအကောင်းဆုံးမိန်းမဖြစ်မယ်။ လူတိုင်းကအားကျကြမယ်။ အင်း တချို့မိန်းမတွေကိုတော့ သတိထားရမယ်။ တော်ကြာ သူ့ခင်ပွန်းကို လောဘလာတက်ပြီး မြူဆွယ်နေကြဦးမယ်။ (အောင်မလေးအမရယ် ဇာတ်လိုက်မအတွေးတွေကြောင့် ငါသွေးတက်😑)
ဇာတ်လိုက်မမီရာကသာ ဇာတ်လိုက်ကာတာရှီနဲ့ဘဝရှေ့ရေး အတွေးတွေဆယ်ဘဝလောက် လွန်မြောက်နေပေမဲ့ ပိုင်ဝေ့ရှင်းကတော့ ဇာတ်လိုက်ကို စိတ်ကူးထဲတောင်မထည့်ချေ။

ဒီလိုနဲ့ ပြိုင်ပွဲကျင်းပမဲ့နေ့ရောက်ရှိလာခဲ့ပြီး ပိုင်ဝေ့ရှင်း အချိန်မနီးခင် သူမနိုးလာခဲ့တယ်။ မနိုးလို့ကလဲမရဘူးလေ.. ဖြူလုံးက တောက်လျောက်နှောက်ယှက်နေတာကို။

" hostရေ ထပါဟ.. စောစောထပြီး နည်းနည်းပါးပါးပြင်ဆင်ဖို့လုပ်ပါဦးဟ..ဇာတ်လိုက်မက အစောကြီးက ပြင်ဆင်ပြီးထွက်သွားပြီ.. ဇာတ်လိုက်နဲ့ အရင်တွေ့ပြီး ကြိုက်သွားကြရင် ဘယ်လိုလုပ်မလဲ.. hostရေ အိပ်ပုတ်ရေ ထပါတော့ဟ နေလဲဖင်ခေါင်းထဲဝင်နေပါပြီ.. ''

" ဟာ ဖြူလုံးရာ နင် အရမ်းနားငြီးတာပဲဟာ.. ငါ အေးအေးဆေးဆေးအိပ်ပါရစေဟ.. သူသွားတာဘာဖြစ်လဲ... ငါနဲ့သူနဲ့က နယ်ပယ်ပိုင်းခြင်းမှမတူတာ သူနဲ့ဇာတ်လိုက်တွေ့စရာအ​ကြောင်းမရှိဘူး...နင်စိတ်မပူနဲ့ နော် ငါးမိနစ်လောက်နားအေးပါးအေးအိပ်ပါရစေ.. ''

" hostရေ ပြိုင်ပွဲစဖို့က သုံးနာရီပဲလိုတော့တယ်ဟ... ''

" ဘာ!!!!!! ချီးပဲ နင် ဒါကိုအခုမှ​ပြောရသလား.. သွားပါပြီ.. အချိန်နီးနေပြီဟ... အားးးးးး...''

" hostဘာသာအိပ်နေတာလေ. Systemပြောစကားကိုလဲနားမထောင်ပဲနဲ့ကို.. အခုမှ သူများအပြစ်လာမပြောနဲ့. "

ပိုင်ဝေ့ရှင်း အိပ်ရာကနေ ကမန်းကတန်းထပြီး ရေချိုးခန်းထဲသို့ အပြေးဝင်လေသည်။ ရေသံတဗြန်းဗြန်းနဲ့ ငါးမိနစ်ခန့်ကြားလိုက်ရပြီး ဆံပင်ရေစိုကြီးဖြင့် ဝုန်းဒိုင်းခတ်ထွက်လာသော hostကြောင့် ဖြူလုံးခမျာမှာ စိတ်ကိုအကြီးအကျယ်ကိုလေသွားရသည်။ ဒီလိုပုံစံနဲ့ ဇာတ်လိုက်ကိုဘယ်လိုမြူဆွယ်မှာလဲ.. system ဆူဆိုက်လုပ်တော့မယ်. ဗြဲ😭။ တနာရီနီးပါးအကြာတွင် ပြင်ဆင်လို့ပြီးဆုံးသွားတယ်။ ပိုင်ဝေ့ရှင်း ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ သူမကိုယ်သူမ လှည့်ပတ်ကြည့်လိုက်သည်။ ဒီလိုပုံစံဆို အရင်လောက်တော့ ပုံမဆိုးတော့ပါဘူး။ သာမန်မိန်းကလေးပုံစံဖြစ်လောက်ပါပြီ။ ဒီရက်အတွင်း သူမရဲ့ဆံပင်ဆေးဆိုးစွမ်းရည်ကိုလဲစမ်းသပ်ထားသောကြောင့် အနက်ရောင်ပြောင်းနေပြီး အရင်လို မျက်နှာတခုလုံးဖုံးထားတဲ့အထိမဟုတ်တော့ဘဲ ရှေ့ဆံပင်ကို အနည်းငယ်တိတိလေးညှပ်ထားသည်။ (ချောသွားပြီမတ်မတ်က)

" ဒီလောက်ဆို ငါအရမ်းချောသွားလောက်ပြီ..'' ဟု ယုံကြည်ချက်ရှိရှိပြောချလိုက်ရာ ဖြူလုံးတယောက် မျက်ဖြူလန်ပြလိုက်တယ်။

" hostရေ အချိန်နီးနေပြီနော်... နောက်မှ အမွှန်းတင်တော့.. ''

" နင်ကလဲ ငါ့ရဲ့ကားမောင်းစွမ်းရည်ကို အထင်သေးလိုက်တာနော်.. အေးဆေးပါ ဆယ်မိနစ်လောက်နဲ့ သွားလို့ရတယ်.. ''

အားလုံးပြင်ဆင်ပြီးနောက် လှေကားအတိုင်း အောက်ထပ်သို့ မြူးတူးစွာ ပြေးဆင်းလိုက်သည်။ သူမ လှေကားခြေရင်းအရောက် အစေခံအားလုံးက သူမအား အံ့သြစွာဖြင့် ဝိုင်းကြည့်နေတာကိုတွေ့လိုက်ရတယ်။ သူမကို မတွေ့ရတဲ့နှစ်ရက်အတွင်း အတော်ပြောင်းလဲသွားတာပဲ။ အစေခံအားလုံးရဲ့စိတ်ထဲမှာ ပြိုင်တူတွေးလိုက်မိတာတခုက '' မမလေး..အရမ်းလှတာပဲ... '' ။ ပိုင်ဝေ့ရှင်း အားလုံးကို အလှဆုံးပြုံးပြပြီး ......

" အားလုံး မင်္ဂလာနံနက်ခင်းပါ.. '' ဟုဆိုကာ ပြုံးပြုံးလေးပြောလိုက်တယ်။
အစေခံများအားလုံးအတွေးတွင် '' အားးးးး မမလေးပြုံးလိုက်တာ အရမ်းချစ်ဖို့ကောင်းတာပဲ.. ''။ ပိုင်ဝေ့ရှင်း သူမအား ပါပီမျက်လုံးများဖြင့် ဝိုင်းကြည့်နေသော ကောင်မလေးတွေကို ကျော်ကာ ဧည့်ခန်းမဆီသို့သွားလိုက်တယ်။ ဒီအချိန်ဆို ပိုင်ဘွားဘွားက သတင်းစာဖတ်ရင်း လက်ဖက်ရည်ကြမ်းသောက်နေလောက်ပြီ။

" မင်္ဂလာပါ ဘွားဘွား.. ဝေ့ဝေ့ နည်းနည်းနောက်ကျသွားတယ်.. အလုပ်ကိစ္စချိန်းထားတာလဲမေ့နေလို့ အမြန်သွားရဦးမယ်.. ညနေကျမှတွေ့မယ်နော် ဘွားဘွားး.. အာဘွားးးး ''

" ဖြေးဖြေးသွားပါ မြေးရယ် ဂရုစိုက်ဦးနော်.... ''

ပိုင်ဘွားဘွားရဲ့ စိုးရိမ်တကြီးမှာကြားသံဟာ အနီရောင်ပြိုင်ကားလေးရဲ့ကားမောင်းသွားသံအောက်မှာ ပျောက်ဆုံးသွားရသည်။ ပိုင်ဘွားဘွားကတော့ ခပ်ပြုံးပြုံးဖြင့် ခေါင်းကိုအနည်းငယ်ခါရမ်းလိုက်တယ်။
ပိုင်ဝေ့ရှင်း ကားမောင်းရင် ဖြူလုံးကိုခေါ်လိုက်တယ်။ ဘေးထိုင်ခုံပေါ်တွင်အဖြူရောင် အမွှေးပွပွလုံးလေးဟာ ဖြတ်ခနဲပေါ်လာခဲ့သည်။ နှစ်လက်မခန့်သာရှိသောလက်တိုတိုလေးဖြင့် သူရဲ့အမွှေးတွေကို အသာအယာသပ်နေလိုက်သည်။

" ဖြူလုံး​လေးရေ ဇာတ်လိုက်မနဲ့ဇာတ်လိုက်ကောင် တွေ့နေပြီလား.. ဘာတွေဖြစ်နေပြီလဲ နည်းနည်းပါးပါးပြောပြဦးလေ ..''

" ဟွန့် အကူအညီလိုမှ ဖြူလုံးလေး ဖြူလုံး​လေးနဲ့ ... လာမဖားနဲ့ ..ပြောပြမယ်..မတွေ့ရသေးဘူး.. ပြိုင်ပွဲအချိန်က လိုနေသေးတော့ အခုထိလူတွေ့မစစ်ရသေးဘူးလေ.. ပြီးတော့ ဇာတ်လိုက်က တိုက်ခိုက်ရေးကိုပဲစစ်မှာ.. နည်းပညာပိုင်းမပါဘူး.. ဒါပေမဲ့ hostကိုတော့ သူလာကြည့်မှာသေချာတယ်.. အကူအညီလိုရင်ခေါ်လိုက်ပါ host ...''

ပိုင်ဝေ့ရှင်း ခေါင်းငြိမ့်ပြရင်း ပြိုင်ပွဲကျင်းပမဲ့အဆောက်အဦးဝင်းထဲသို့ ကားကို ချိုးကွေ့လိုက်တယ်။ ဘောလုံးကွင်းတခုစာကျယ်ပြန့်သောမြေနေရာပေါ်တွင် သက်ဆိုင်ရာဌာနအလိုက် အဆောက်အအုံများကို တည်ဆောက်ထားတယ်။ သင်တန်းသားများ တပ်သားများ နေထိုင်ရန်အတွက် အထပ်၄၀ ကျော်အဆောက်အဦးတခုနှင့် ဝါသနာပါရာအားကစားလိုက်စားရန် ၅ထပ်အဆောက်အဦးတခု၊ ကျန်သည့်အဆောက်အဦးများတွင်လဲ စီစဥ်တကျ ပြင်ဆင်ထားသည်။ အလယ်ခေါင်ရှိအဆောက်အအုံအမြင့်တခုတွင် လူရွေးပွဲကျင်းပရန် ပြင်ဆင်ထားတာတွေ့လိုက်ရသည်။
ပိုင်ဝေ့ရှင်း ကားကို နေရာတကျပါကင်ထိုးပြီးနောက် ကျောပိုးအိတ်ကိုလွယ်ကာ ခပ်သွက်သွက်သွားသည်။ ခန်းမထဲသို့ ဝင်လာသော hoodieခေါင်းစွပ်ကို ခပ်စိုက်စိုက်စွပ်ထားကာ ဂါဝန်အတိုလေးဖြင့် ချစ်စရာကောင်မလေးတယောက်ကို အားလုံးက သတိထားမိပြီး ဝိုင်းကြည့်နေကြတယ်။ ပိုင်ဝေ့ရှင်းကတော့ အာရုံမထားပဲ ဧည့်ကြိုကောင်တာဆီသို့ တန်းသွားကာ လူရွေးပြိုင်ပွဲ ကျင်းပမည့်အခန်းကိုမေးမြန်းလိုက်သည်။ ပျူငှာသောဝန်ထမ်းကောင်မလေးရဲ့ပြောပြချက်အရ ပိုင်ဝေ့ရှင်းလဲ ပြိုင်ပွဲရှိရာသို့ တန်းတန်းမတ်မတ်ရောက်ရှိသွားလေတယ်။ ပြိုင်ပွဲစာရင်းအားကိုင်ရပ်နေသော အသက်ကြီးကြီး လူကြီးထံသို့သွားကာ..

" မင်္ဂလာပါရှင့် ကျမက ပိုင်ဝေ့ရှင်းပါ.. လူတွေ့လာဖြေတယပါရှင့်.. ''

" မင်းက လူကောင်သေးသေးလေးနဲ့ပါလား.. ဘယ်လိုလုပ်ပြိုင်နိူင်မှာလဲ အားလုံးက အားကောင်းမောင်းသန် အမျိုးသားတွေချည်းပဲ.. မင်းလို မိန်းကလေးမျိုးက ခံနိုင်ရည်ရှိပါ့မလား.. ''

" အဲ့ဒါက ဦးလေး ဆုံးဖြတ်ရမဲ့ကိစ္စမဟုတ်ပါဘူး ဒိုင်လူကြီးတွေကိစ္စပါ..''

" ရော့ ရော့ ဒီဝတ်စုံသွားလဲချေ.. ဒါက ဒီမှာရှိတဲ့အသေးဆုံးဝတ်စုံပဲ.. မင်းအတွက်တော့ အကြီးဆုံးဖြစ်ရင်ဖြစ်နေမှာ..အဝတ်လဲခန်းသွားပြီး ကြည့်ကျပ်ဝတ်လာခဲ့လိုက်.. ''

ကမ်းလာသောဝတ်စုံကိုယူကာ ဘာမှမပြောပဲ အဝတ်လဲခန်းဘက်သို့သွားလိုက်သည်။ အမျိိုးသား၊ အမျိုးသမီး ခွဲခြားထားပေးတဲ့အတွက် သူမလဲ တဖက်အခန်းထဲသို့ဝင်လာတယ်။ အခန်းအတွင်း သူမအရင် တစုံတယောက်ကရောက်နှင့်နေသည်။ ခေတ်ဆန်ဆန်ဝတ်စားထားပြီး ကျောလယ်ခန့်ရှိသောအနက်ရောင်ဆံနွယ်တို့ကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး အရမ်းချောတဲ့ကောင်မလေးတယောက်ကိုတွေ့ရတယ်။ အနောက်တိုင်းဆန်သောသူမရဲ့မျက်နှာပေါက်ကြောင့်
ဥရောပသူဟုတ်တွေးမိပြီး သူမဘက်ကအရင် မိတ်ဆက်စကားပြောဖို့ကျန်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် စကားပြောဖော်ရလဲမဆိုးဘူးဟူသောအတွေးဖြင့်...

" hi ငါ့နာမည်ပိုင်ဝေ့ရှင်း.. တွေ့ရတာဝမ်းသာပါတယ်.. ''

" hi ငါ့နာမည်က ရိုစလီ.. ရိုစလီ ကော်နာ.. တွေ့ရတာဝမ်းသာပါတယ်.. '' ဟု ဖော်ရွေမှုအနည်းငယ်ပါပြီးချိုတဝက်ခါးတဝက်အသံနှုန်းဖြင့် သူမကို ပြုံးပြကာ ပြန်နှုတ်ဆက်လာတယ်။ ဒီလောက်ဆိုမဆိုးဘူးမလား.. ။

## ကဲ တင်ပေးလိုက်ပြီနော် ဘေဘီလေးတို့တာဝန်ဖြစ်သွားပြီ..
ဇာတ်ကောင်အသစ်ပါလာပြီနော်. ဒါလေးက ကိုယ့်အပိုင်မို့ လာမလုရ....
အိုင်လပ်ပြူးပါကွာ 😘😘😘💖

အများကြီးကြိုးစားရဦးမည့်
#DZ
6:19pm
3.9.2021(Friday)

ပိုင်ဝေ့ရှင်းရဲ့ပုံစံအသစ်လေး

ပိုင္ေဝ့ရွင္းရဲ႕ပုံစံအသစ္ေလး

ရိုစလီ ကော်နာ ( age 22

)

ရိုစလီေကာ္နာ (age 22)

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Zawgyi

ႏွစ္ရက္အခ်ိန္အတြင္း ပိုင္ေဝ့ရွင္း အဝတ္အစားဝယ္တာ၊ စတိုင္အသစ္ေျပာင္းတာေၾကာင့္ သူမ အလုပ္ရႈပ္ေနခဲ့သည္။ သူမရဲ႕ကိုယ္ပိုင္အခန္းထဲတြင္ တိုက္ခိုက္ေရးကြၽမ္းက်င္မႈမ်ားကို ျပန္လည္ေလ့က်င့္ေနလိုက္တယ္။ ၿပီးေတာ့ သူမရဲ႕အစြမ္းျဖစ္တဲ့စိတ္ညွို႔စြမ္းရည္ကိုလဲ တိုးတက္ေအာင္လုပ္ရမယ္ ။ စမ္းသပ္စရာေတြကေတာ့ ငွက္ကေလးေတြနဲ႕အေစခံေကာင္မေလးေတြကိုေပါ့။
သူမလိုခ်င္ရာကို စိတ္ညွို႔ေစခိုင္းရင္ စြမ္းရည္ကိုေသြးေနလိုက္တယ္။ ဇာတ္လိုက္ကိုလဲသြားမစသလိုဆက္လဲမဆက္သြယ္ခဲ့ဘူး။ လူေတြ႕ေျဖရမဲ့ေန႕က် သူရွိမွာလို႔ သူမလုံးဝယုံၾကည္တယ္ ။ ဇာတ္လိုက္မလဲ အခန္းေအာင္းေနတယ္လို႔ၾကားတယ္။ သူ စိတ္မဝင္စားတာမို႔မသိခ်င္ေယာင္ပဲေဆာင္ေနလိုက္တယ္။

ပိုင္မီရာလဲ သူမရဲ႕ကြန္ပ်ဴတာကြၽမ္းက်င္မႈကို ပိုမိုေကာင္းမြန္ေစရန္ေလ့က်င့္မႈမ်ားကို တိတ္တဆိတ္လုပ္ေနသည္။ သူ ဒီကိစၥကို ပိုင္ေဝ့ရွင္းမသိေစရန္ သတိထားၿပီး လုပ္ေနတာျဖစ္တယ္။ သူမ သူ႕ထက္ပိုၿပီး ကာတာရွီနဲ႕အေနနီးကပ္ေစရန္အႀကံဉာဏ္မ်ားလဲ စဥ္းစားေနရေသးတယ္။ ပိုင္ေဝ့ရွင္းကိုမွာထားေပမဲ့ ဒီေကာင္မေလးလဲ ၿငိမ္ေနတာကိုသတိထားမိတယ္။ ဒါေၾကာင့္ သူမလဲ သူမ့ရဲ႕စီမံကိန္းကို ပိုင္ေဝ့ရွင္းမရႈပ္ေစရန္ စီစဥ္ရဦးမည္။
လူေတြ႕စစ္ရင္ သူမရဲ႕အရည္အခ်င္းေတြကို ေတြ႕ၿပီး ကာတာရွီက ေလးစားတန္ဖိုးထားၿပီး ခ်စ္သြားမယ္။ ဒါဆို သူမက Kingdom groupရဲ႕ေခြၽးမအျဖစ္နဲ႕ ဒီနိုင္ငံမွာ အခ်မ္းသာဆုံးမိန္းမ ကံအေကာင္းဆုံးမိန္းမျဖစ္မယ္။ လူတိုင္းကအားက်ၾကမယ္။ အင္း တခ်ိဳ႕မိန္းမေတြကိုေတာ့ သတိထားရမယ္။ ေတာ္ၾကာ သူ႕ခင္ပြန္းကို ေလာဘလာတက္ၿပီး ျမဴဆြယ္ေနၾကဦးမယ္။ (ေအာင္မေလးအမရယ္ ဇာတ္လိုက္မအေတြးေတြေၾကာင့္ ငါေသြးတက္😑)
ဇာတ္လိုက္မမီရာကသာ ဇာတ္လိုက္ကာတာရွီနဲ႕ဘဝေရွ႕ေရး အေတြးေတြဆယ္ဘဝေလာက္ လြန္ေျမာက္ေနေပမဲ့ ပိုင္ေဝ့ရွင္းကေတာ့ ဇာတ္လိုက္ကို စိတ္ကူးထဲေတာင္မထည့္ေခ်။

ဒီလိုနဲ႕ ၿပိဳင္ပြဲက်င္းပမဲ့ေန႕ေရာက္ရွိလာခဲ့ၿပီး ပိုင္ေဝ့ရွင္း အခ်ိန္မနီးခင္ သူမနိုးလာခဲ့တယ္။ မနိုးလို႔ကလဲမရဘူးေလ.. ျဖဴလုံးက ေတာက္ေလ်ာက္ေႏွာက္ယွက္ေနတာကို။

" hostေရ ထပါဟ.. ေစာေစာထၿပီး နည္းနည္းပါးပါးျပင္ဆင္ဖို႔လုပ္ပါဦးဟ..ဇာတ္လိုက္မက အေစာႀကီးက ျပင္ဆင္ၿပီးထြက္သြားၿပီ.. ဇာတ္လိုက္နဲ႕ အရင္ေတြ႕ၿပီး ႀကိဳက္သြားၾကရင္ ဘယ္လိုလုပ္မလဲ.. hostေရ အိပ္ပုတ္ေရ ထပါေတာ့ဟ ေနလဲဖင္ေခါင္းထဲဝင္ေနပါၿပီ.. ''

" ဟာ ျဖဴလုံးရာ နင္ အရမ္းနားၿငီးတာပဲဟာ.. ငါ ေအးေအးေဆးေဆးအိပ္ပါရေစဟ.. သူသြားတာဘာျဖစ္လဲ... ငါနဲ႕သူနဲ႕က နယ္ပယ္ပိုင္းျခင္းမွမတူတာ သူနဲ႕ဇာတ္လိုက္ေတြ႕စရာအ​ေၾကာင္းမရွိဘူး...နင္စိတ္မပူနဲ႕ ေနာ္ ငါးမိနစ္ေလာက္နားေအးပါးေအးအိပ္ပါရေစ.. ''

" hostေရ ၿပိဳင္ပြဲစဖို႔က သုံးနာရီပဲလိုေတာ့တယ္ဟ... ''

" ဘာ!!!!!! ခ်ီးပဲ နင္ ဒါကိုအခုမွ​ေျပာရသလား.. သြားပါၿပီ.. အခ်ိန္နီးေနၿပီဟ... အားးးးးး...''

" hostဘာသာအိပ္ေနတာေလ. Systemေျပာစကားကိုလဲနားမေထာင္ပဲနဲ႕ကို.. အခုမွ သူမ်ားအျပစ္လာမေျပာနဲ႕. "

ပိုင္ေဝ့ရွင္း အိပ္ရာကေန ကမန္းကတန္းထၿပီး ေရခ်ိဳးခန္းထဲသို႔ အေျပးဝင္ေလသည္။ ေရသံတျဗန္းျဗန္းနဲ႕ ငါးမိနစ္ခန့္ၾကားလိုက္ရၿပီး ဆံပင္ေရစိုႀကီးျဖင့္ ဝုန္းဒိုင္းခတ္ထြက္လာေသာ hostေၾကာင့္ ျဖဴလုံးခမ်ာမွာ စိတ္ကိုအႀကီးအက်ယ္ကိုေလသြားရသည္။ ဒီလိုပုံစံနဲ႕ ဇာတ္လိုက္ကိုဘယ္လိုျမဴဆြယ္မွာလဲ.. system ဆူဆိုက္လုပ္ေတာ့မယ္. ၿဗဲ😭။ တနာရီနီးပါးအၾကာတြင္ ျပင္ဆင္လို႔ၿပီးဆုံးသြားတယ္။ ပိုင္ေဝ့ရွင္း ကိုယ္လုံးေပၚမွန္ေရွ႕ရပ္ကာ သူမကိုယ္သူမ လွည့္ပတ္ၾကည့္လိုက္သည္။ ဒီလိုပုံစံဆို အရင္ေလာက္ေတာ့ ပုံမဆိုးေတာ့ပါဘူး။ သာမန္မိန္းကေလးပုံစံျဖစ္ေလာက္ပါၿပီ။ ဒီရက္အတြင္း သူမရဲ႕ဆံပင္ေဆးဆိုးစြမ္းရည္ကိုလဲစမ္းသပ္ထားေသာေၾကာင့္ အနက္ေရာင္ေျပာင္းေနၿပီး အရင္လို မ်က္ႏွာတခုလုံးဖုံးထားတဲ့အထိမဟုတ္ေတာ့ဘဲ ေရွ႕ဆံပင္ကို အနည္းငယ္တိတိေလးညွပ္ထားသည္။ (ေခ်ာသြားၿပီမတ္မတ္က)

" ဒီေလာက္ဆို ငါအရမ္းေခ်ာသြားေလာက္ၿပီ..'' ဟု ယုံၾကည္ခ်က္ရွိရွိေျပာခ်လိဳက္ရာ ျဖဴလုံးတေယာက္ မ်က္ျဖဴလန္ျပလိုက္တယ္။

" hostေရ အခ်ိန္နီးေနၿပီေနာ္... ေနာက္မွ အမႊန္းတင္ေတာ့.. ''

" နင္ကလဲ ငါ့ရဲ႕ကားေမာင္းစြမ္းရည္ကို အထင္ေသးလိုက္တာေနာ္.. ေအးေဆးပါ ဆယ္မိနစ္ေလာက္နဲ႕ သြားလို႔ရတယ္.. ''

အားလုံးျပင္ဆင္ၿပီးေနာက္ ေလွကားအတိုင္း ေအာက္ထပ္သို႔ ျမဴးတူးစြာ ေျပးဆင္းလိုက္သည္။ သူမ ေလွကားေျခရင္းအေရာက္ အေစခံအားလုံးက သူမအား အံ့ၾသစြာျဖင့္ ဝိုင္းၾကည့္ေနတာကိုေတြ႕လိုက္ရတယ္။ သူမကို မေတြ႕ရတဲ့ႏွစ္ရက္အတြင္း အေတာ္ေျပာင္းလဲသြားတာပဲ။ အေစခံအားလုံးရဲ႕စိတ္ထဲမွာ ၿပိဳင္တူေတြးလိုက္မိတာတခုက '' မမေလး..အရမ္းလွတာပဲ... '' ။ ပိုင္ေဝ့ရွင္း အားလုံးကို အလွဆုံးၿပဳံးျပၿပီး ......

" အားလုံး မဂၤလာနံနက္ခင္းပါ.. '' ဟုဆိုကာ ၿပဳံးၿပဳံးေလးေျပာလိုက္တယ္။
အေစခံမ်ားအားလုံးအေတြးတြင္ '' အားးးးး မမေလးၿပဳံးလိုက္တာ အရမ္းခ်စ္ဖို႔ေကာင္းတာပဲ.. ''။ ပိုင္ေဝ့ရွင္း သူမအား ပါပီမ်က္လုံးမ်ားျဖင့္ ဝိုင္းၾကည့္ေနေသာ ေကာင္မေလးေတြကို ေက်ာ္ကာ ဧည့္ခန္းမဆီသို႔သြားလိုက္တယ္။ ဒီအခ်ိန္ဆို ပိုင္ဘြားဘြားက သတင္းစာဖတ္ရင္း လက္ဖက္ရည္ၾကမ္းေသာက္ေနေလာက္ၿပီ။

" မဂၤလာပါ ဘြားဘြား.. ေဝ့ေဝ့ နည္းနည္းေနာက္က်သြားတယ္.. အလုပ္ကိစၥခ်ိန္းထားတာလဲေမ့ေနလို႔ အျမန္သြားရဦးမယ္.. ညေနက်မွေတြ႕မယ္ေနာ္ ဘြားဘြားး.. အာဘြားးးး ''

" ေျဖးေျဖးသြားပါ ေျမးရယ္ ဂ႐ုစိုက္ဦးေနာ္.... ''

ပိုင္ဘြားဘြားရဲ႕ စိုးရိမ္တႀကီးမွာၾကားသံဟာ အနီေရာင္ၿပိဳင္ကားေလးရဲ႕ကားေမာင္းသြားသံေအာက္မွာ ေပ်ာက္ဆုံးသြားရသည္။ ပိုင္ဘြားဘြားကေတာ့ ခပ္ၿပဳံးၿပဳံးျဖင့္ ေခါင္းကိုအနည္းငယ္ခါရမ္းလိုက္တယ္။
ပိုင္ေဝ့ရွင္း ကားေမာင္းရင္ ျဖဴလုံးကိုေခၚလိုက္တယ္။ ေဘးထိုင္ခုံေပၚတြင္အျဖဴေရာင္ အေမႊးပြပြလုံးေလးဟာ ျဖတ္ခနဲေပၚလာခဲ့သည္။ ႏွစ္လက္မခန့္သာရွိေသာလက္တိုတိုေလးျဖင့္ သူရဲ႕အေမႊးေတြကို အသာအယာသပ္ေနလိုက္သည္။

" ျဖဴလုံး​ေလးေရ ဇာတ္လိုက္မနဲ႕ဇာတ္လိုက္ေကာင္ ေတြ႕ေနၿပီလား.. ဘာေတြျဖစ္ေနၿပီလဲ နည္းနည္းပါးပါးေျပာျပဦးေလ ..''

" ဟြန့္ အကူအညီလိုမွ ျဖဴလုံးေလး ျဖဴလုံး​ေလးနဲ႕ ... လာမဖားနဲ႕ ..ေျပာျပမယ္..မေတြ႕ရေသးဘူး.. ၿပိဳင္ပြဲအခ်ိန္က လိုေနေသးေတာ့ အခုထိလူေတြ႕မစစ္ရေသးဘူးေလ.. ၿပီးေတာ့ ဇာတ္လိုက္က တိုက္ခိုက္ေရးကိုပဲစစ္မွာ.. နည္းပညာပိုင္းမပါဘူး.. ဒါေပမဲ့ hostကိုေတာ့ သူလာၾကည့္မွာေသခ်ာတယ္.. အကူအညီလိုရင္ေခၚလိုက္ပါ host ...''

ပိုင္ေဝ့ရွင္း ေခါင္းၿငိမ့္ျပရင္း ၿပိဳင္ပြဲက်င္းပမဲ့အေဆာက္အဦးဝင္းထဲသို႔ ကားကို ခ်ိဳးေကြ႕လိုက္တယ္။ ေဘာလုံးကြင္းတခုစာက်ယ္ျပန့္ေသာေျမေနရာေပၚတြင္ သက္ဆိုင္ရာဌာနအလိုက္ အေဆာက္အအုံမ်ားကို တည္ေဆာက္ထားတယ္။ သင္တန္းသားမ်ား တပ္သားမ်ား ေနထိုင္ရန္အတြက္ အထပ္၄၀ ေက်ာ္အေဆာက္အဦးတခုႏွင့္ ဝါသနာပါရာအားကစားလိုက္စားရန္ ၅ထပ္အေဆာက္အဦးတခု၊ က်န္သည့္အေဆာက္အဦးမ်ားတြင္လဲ စီစဥ္တက် ျပင္ဆင္ထားသည္။ အလယ္ေခါင္ရွိအေဆာက္အအုံအျမင့္တခုတြင္ လူေ႐ြးပြဲက်င္းပရန္ ျပင္ဆင္ထားတာေတြ႕လိုက္ရသည္။
ပိုင္ေဝ့ရွင္း ကားကို ေနရာတက်ပါကင္ထိုးၿပီးေနာက္ ေက်ာပိုးအိတ္ကိုလြယ္ကာ ခပ္သြက္သြက္သြားသည္။ ခန္းမထဲသို႔ ဝင္လာေသာ hoodieေခါင္းစြပ္ကို ခပ္စိုက္စိုက္စြပ္ထားကာ ဂါဝန္အတိုေလးျဖင့္ ခ်စ္စရာေကာင္မေလးတေယာက္ကို အားလုံးက သတိထားမိၿပီး ဝိုင္းၾကည့္ေနၾကတယ္။ ပိုင္ေဝ့ရွင္းကေတာ့ အာ႐ုံမထားပဲ ဧည့္ႀကိဳေကာင္တာဆီသို႔ တန္းသြားကာ လူေ႐ြးၿပိဳင္ပြဲ က်င္းပမည့္အခန္းကိုေမးျမန္းလိုက္သည္။ ပ်ဴငွာေသာဝန္ထမ္းေကာင္မေလးရဲ႕ေျပာျပခ်က္အရ ပိုင္ေဝ့ရွင္းလဲ ၿပိဳင္ပြဲရွိရာသို႔ တန္းတန္းမတ္မတ္ေရာက္ရွိသြားေလတယ္။ ၿပိဳင္ပြဲစာရင္းအားကိုင္ရပ္ေနေသာ အသက္ႀကီးႀကီး လူႀကီးထံသို႔သြားကာ..

" မဂၤလာပါရွင့္ က်မက ပိုင္ေဝ့ရွင္းပါ.. လူေတြ႕လာေျဖတယပါရွင့္.. ''

" မင္းက လူေကာင္ေသးေသးေလးနဲ႕ပါလား.. ဘယ္လိုလုပ္ၿပိဳင္နိူင္မွာလဲ အားလုံးက အားေကာင္းေမာင္းသန္ အမ်ိဳးသားေတြခ်ည္းပဲ.. မင္းလို မိန္းကေလးမ်ိဳးက ခံနိုင္ရည္ရွိပါ့မလား.. ''

" အဲ့ဒါက ဦးေလး ဆုံးျဖတ္ရမဲ့ကိစၥမဟုတ္ပါဘူး ဒိုင္လူႀကီးေတြကိစၥပါ..''

" ေရာ့ ေရာ့ ဒီဝတ္စုံသြားလဲေခ်.. ဒါက ဒီမွာရွိတဲ့အေသးဆုံးဝတ္စုံပဲ.. မင္းအတြက္ေတာ့ အႀကီးဆုံးျဖစ္ရင္ျဖစ္ေနမွာ..အဝတ္လဲခန္းသြားၿပီး ၾကည့္က်ပ္ဝတ္လာခဲ့လိုက္.. ''

ကမ္းလာေသာဝတ္စုံကိုယူကာ ဘာမွမေျပာပဲ အဝတ္လဲခန္းဘက္သို႔သြားလိုက္သည္။ အမ်ိိုးသား၊ အမ်ိဳးသမီး ခြဲျခားထားေပးတဲ့အတြက္ သူမလဲ တဖက္အခန္းထဲသို႔ဝင္လာတယ္။ အခန္းအတြင္း သူမအရင္ တစုံတေယာက္ကေရာက္ႏွင့္ေနသည္။ ေခတ္ဆန္ဆန္ဝတ္စားထားၿပီး ေက်ာလယ္ခန့္ရွိေသာအနက္ေရာင္ဆံႏြယ္တို႔ကို ခပ္ျမင့္ျမင့္စည္းေႏွာင္ထားၿပီး အရမ္းေခ်ာတဲ့ေကာင္မေလးတေယာက္ကိုေတြ႕ရတယ္။ အေနာက္တိုင္းဆန္ေသာသူမရဲ႕မ်က္ႏွာေပါက္ေၾကာင့္
ဥေရာပသူဟုတ္ေတြးမိၿပီး သူမဘက္ကအရင္ မိတ္ဆက္စကားေျပာဖို႔က်န္လိုက္တယ္။ ဘာပဲျဖစ္ျဖစ္ စကားေျပာေဖာ္ရလဲမဆိုးဘူးဟူေသာအေတြးျဖင့္...

" hi ငါ့နာမည္ပိုင္ေဝ့ရွင္း.. ေတြ႕ရတာဝမ္းသာပါတယ္.. ''

" hi ငါ့နာမည္က ရိုစလီ.. ရိုစလီ ေကာ္နာ.. ေတြ႕ရတာဝမ္းသာပါတယ္.. '' ဟု ေဖာ္ေ႐ြမႈအနည္းငယ္ပါၿပီးခ်ိဳတဝက္ခါးတဝက္အသံႏႈန္းျဖင့္ သူမကို ၿပဳံးျပကာ ျပန္ႏႈတ္ဆက္လာတယ္။ ဒီေလာက္ဆိုမဆိုးဘူးမလား.. ။

## ကဲ တင္ေပးလိုက္ၿပီေနာ္ ေဘဘီေလးတို႔တာဝန္ျဖစ္သြားၿပီ..
ဇာတ္ေကာင္အသစ္ပါလာၿပီေနာ္.... ဒါ ကိုယ့္ေကာင္မေလးမို႔ လာမလာပါႏွင့္
အိုင္လပ္ျပဴးပါကြာ 😘😘😘💖

အမ်ားႀကီးႀကိဳးစားရဦးမည့္
#DZ
6:19pm
3.9.2021(Friday)

Continue Reading

You'll Also Like

93.2K 4.9K 32
Pluto thai gl novel မြန်မာဘာသာပြန်
35.7K 643 24
Ben Tennyson was once a Quirkless boy who had a dream to become a hero, but was denied by an unfortunate genetic trait. Although in his last year of...
23.5K 590 20
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
13.9K 329 19
"Yᴏᴜᴠᴇ ʙᴇᴇɴ ᴍɪɴᴇs"