လူစားထိုး

By Htoo-6

87.8K 10.3K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 29

786 154 11
By Htoo-6

Unicode

Chapter 29
Professionals Just Aren't the Same
____________________________

Ran Feng Ge ၏ ဒဏ်ရာက ကျက်စပြုလာပြီ။ အားသွန်ခွန်စိုက် လုပ်ရသော လေ့ကျင့်ခန်း တစ်စုံတရာမပြုသ၍ သူ့ကို ဒုက္ခသိပ်မပေးတော့ပါ။

လွန်ခဲ့သည် ရက်ပိုင်းက Ran Feng Ge ၏ အခြေအနေကို မြင်ခဲ့ရစဥ် ယနေ့ပြုလုပ်မည့် သတင်းစားရှင်းလင်းပွဲကို Su Yi Mo ဖျက်သိမ်းချင်ခဲ့သည်။ ထိုအမျိုးသားအတွက် ကြီးထွားလာခဲ့သော သူ၏ စိတ်ဝင်စားမှုအညွန့်အညှောက်ကလေးကို ချိုးယူပြီးနောက်မှာမူ စီစဥ်ထားသည့်အတိုင်းသာ ဆက်သွားရန် Su Yi Mo ဆုံးဖြတ်လိုက်သည်။

သူ့တွင် Ran Feng Ge ကို အထူးအာရုံစိုက်ပေးစရာ၊ ထည့်သွင်းစဥ်းစားပေးစရာ အကြောင်းပြချက်မရှိချေ။

Ran Feng Ge က ယနေ့နံနက်စောစောထပြီး ရေချိုးခန်းထဲတွင် ပြင်ဆင်အလုပ်များနေသည်။

ဗန်နတီပေါ်တွင် အရောင်တောက်တောက် ဘူးနှင့်ပုလင်း တစ်ပုံတပင် နေရာယူထားသည်။ Ran Feng Ge ၏သွက်လက်သော လက်ချောင်းများက ၄င်းတို့ထဲသို့ သွပ်လိုက်ထုတ်လိုက်ဖြင့် ယနေ့ရှင်းလင်းပွဲအတွက် လိုအပ်သည့် မျက်နှာဖုံးပြုလုပ်ရမည့်အရာများကို ပေါင်းစပ်နေသည်။
သူ့တာဝန်ကို အာရုံစိုက်ထားသ​ဖြင့်
လေးလေးနက်နက်အမူအရာက မျက်နှာမှာလာပေါ်ပြီး သူ့ကို အလွန်အမင်းဆွဲဆောင်မှုရှိစေသည်။

Ran Feng Ge ကို စစ်ဆေးရန် ရေချိုးခန်းထဲသို့ Su Yi Mo ခြေချစဥ် ဤဖြစ်ရပ်ကို ကွက်တိရင်ဆိုင်လိုက်ရသည်။
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် မငေးမောမိစေရန် သူ့ကိုယ်သူ ထိန်းချုပ်လိုက်နိုင်သည်။
သူက မျက်နှာအမြန်လွှဲလိုက်ပြီး အကြောင်းရှာမေးလိုက်သည်။
"မင်း အဆင်သင့်ဖြစ်ပြီလား?"

Ran Feng Ge သူ အခုတင်လုပ်ပြီးသွားသည့် ပါးလွှာသောမျက်နှာဖုံးကို ကောက်ကိုင်၍ မျက်နှာတွင်ကပ်ရင်း မှန်ထဲသို့ကြည့်လိုက်သည်။
"ပြီးခါနီးပါပြီ။ အချိန်ခဏပဲပေး"

"အဲဒါကို ကပ်ထားရုံပဲလား? ချွေးထွက်လာပါပြီတဲ့..တစ်ယောက်ယောက်နဲ့ တိုက်မိပါပြီတဲ့..ကွာမကျနိုင်ဘူးလား?"
Su Yi Mo က တံခါးကျည်းပေါင်ကို မှီရင်း သိချင်သလိုမေးသည်။

Ran Feng Ge က သူ၏ ပါးသိုင်းတစ်ဝိုက် တစ်စုံတရာလိမ်းရင်းက ဖြေသည်။
"မကွာဘူး။ မျက်နှာဖုံးက တစ်ယောက်ယောက် လက်သီးနဲ့ထိုးရင်တောင် ကွာကျမှာမဟုတ်ဘူး။ ကျွန်တော်က ပညာရှင်တစ်ယောက်ဆိုတာ သတိရစမ်းပါ"

Su Yi Mo ကမတုန့်ပြန်​တော့ပဲ ရေချိုးခန်းထဲမှ ထွက်လာသည့်
မတူညီသည့်မျက်နှာနှင့်  Ran Feng Geကို ကြည့်သာနေတော့သည်။
ထိုသူ့ပတ်ဝန်းကျင် လေထုကပင် Jing Qiu Han လိုမျိုးပြောင်းလဲသွားသည်။
'သူက တကယ့်ပညာရှင်ပဲ'
လေးစားသွားသည်ကို ဖုံးကွယ်ရင်း Su Yi Mo ဘာသာတွေးမိသည်။

Su Yi Mo တိတ်ဆိတ်သွားသည်ကို သတိပြုမိပြီး Ran Feng Ge ကလျှောက်လာကာ မရိုးမသားပြုံးသည်။
"ခင်ဗျား မယုံဘူးဆိုရင် စမ်းကြည့်ချင်လား? ဘာကြောင့် ဒီမျက်နှာကို မထိုးသေးတာလဲ..မျက်နှာဖုံး ကွာကျ မကျသိရတာပေါ့"

သူ့ချစ်သူ၏ မျက်နှာကို တပ်ဆင်ထားသူအား Su Yi Mo ထိုးမည်မဟုတ်မှန်း Ran Feng Ge သိသည်။
သူ လုပ်ခဲ့လျှင်မှ ထူးဆန်း​ဦးမည်။

မျှော်လင့်ထားသည့်အတိုင်း Su Yi Mo ၏မျက်နှာက အမ်းသွားပြီး လှည့်ထွက်သွားသည်။
"မင်းပြီးရင် ငါတို့သွားကြမယ်"

တစ်ဖက်သူ၏ တုန့်ပြန်မှုတွင် Ran Feng Ge ၏အပြုံးက ပို၍ပင် ပီပြင်လာသည်။
သူ Su Yi Mo နောက်ကလိုက်ခဲ့၏။
ပြန်လည်သက်သာဆဲသာ ဖြစ်သောကြောင့် သူ့လှုပ်ရှားမှုများက အနည်းငယ် လေးကန်နေသည်။
နောက်ဆုံး သူ အိမ်အပြင်သို့ရောက်ချိန် Su Yi Mo က ကားကိုဂိုဒေါင်မှ ထုတ်ခဲ့နှင့်ပြီးပြီ။

ထိုအချိန် Ran Feng Ge က စပ်စပ်စုစုမေးသည်။
"ကျွန်တော့်ကားရော ဘယ်မှာလဲ?"

Jing Qiu Han က ကျော်ကြားသည့်သရုပ်ဆောင်တစ်ယောက်ဖြစ်ကာ ကုမ္ပဏီဥက္ကဋ္ဌ၏ ချစ်သူဖြစ်သည်။ သူ့မှာ မည်သို့ ကားမရှိဘဲနေမည်နည်း? Ran Feng Ge ကားမမောင်းရသည်မှာ အတော်ကြာပြီ။ သို့ဖြစ်၍ စတီယာရင်ပေါ် လက်တင်ရန် အလွန်ယားနေပြီ။

"မင်းရဲ့ကားက ကုမ္ပဏီမှာပဲရှိသေးလို့ ငါမင်းကို အဲ့ဒီဆီခေါ်သွားမယ်။ သတင်းစာရှင်းလင်းပွဲ ပြီးသွားရင် မင်းဆန္ဒရှိရင် ကိုယ့်ဘာသာပြန်လာနိုင်တယ်။"
Su Yi Mo ပြန်မပြောခင် တစ်ဖက်သူကို ခဏကြာအောင် ကြောင်တောင်ကြည့်နေမိသည်။
Ran Feng Ge ၏ ရုတ်တရက်အသံပြောင်းသည့်အကျင့်နှင့် သူ နေသားမကျသေး။

"ကောင်းပြီလေ ကျွန်တော် ခင်ဗျားပြောတဲ့အတိုင်းလုပ်မယ်"
Ran Feng Ge ခရီးသည်ထိုင်ခုံဘက်ခြမ်းတံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်သည်။

Ran Feng Ge ကို ဘာကြောင့် အနောက်ခုံတွင် မထိုင်သည်လဲ မေးဖို့ Su Yi Mo ပါးစပ်ဟလိုက်ပြီးမှ ထုတ်မပြောခင် သူ့ဘာသာရပ်လိုက်သည်။
ဒုတိယအတွေးမှာ Ran Feng Ge က Jing Qiu Han အဖြစ်ဟန်ဆောင်ထားရာ ခရီးသည်ခုံတွင်ထိုင်ရန် ပို၍သင့်တော်သည်မှာ အသိသာကြီးပင်။

နှစ်ယောက်စလုံး ကားထဲတွင် ထိုင်နေကြပြီဖြစ်သော်လည်း Su Yi Mo က မောင်းမထွက်သေး။

Ran Feng Ge လှည့်ကြည့်သည်။
"ဘာလို့ မမောင်းသေးတာလဲ?"

"မင်းရဲ့ထိုင်ခုံခါးပတ်"
Su Yi Mo က ခပ်ပြတ်ပြတ်အမူအရာဖြင့် သတိပေးလိုက်သည်။

သတိပေးပြီးတာတောင်မှ Ran Feng Ge ကမလှုပ်။ သူက အမူပိုပိုပင် ပြောလိုက်သေးသည်။
"Ah Mo.. ငါ့ကို ကူမတပ်ပေးဘူးလား?"

Su Yi Mo မျက်နှာထားက မည်းမှောင်သွားပြီး Ran Feng Ge ကို ကြွပ်ဆတ်ဆတ်လှည့်ကြည့်လိုက်သည်။ ထိုအစားသူမြင်လိုက်ရသည်က Jing Qiu Han ၏ နာလန်ထူခါစ ဖြူလွလွမျက်နှာ။ သူ တော်တော်ကြီး သဘောမကျဖြစ်နေသော်ငြား နောက်ဆုံး သက်ပြင်းသာချလိုက်သည်။

Ran Feng Ge က Jing Qiu Han အဖြစ် သရုပ်ဆောင်နေသည်ဖြစ်ပြီး သူတို့ သည်အတိုင်း တစ်နှစ်လောက်ဆက်သွားရမည်ကို Su Yi Mo မေ့လုနီးဖြစ်သွားသည်။

မှန်းဆထားသလိုမျိုး..Ran Feng Ge သည် ပညာရှင်လူစားထိုးတစ်ယောက်ဖြစ်ရုံသာမကသေး ဇာတ်ကောင်စရိုက်ကိုလည်း နေရာမရွေး အချိန်မရွေး အဝင်အထွက်လုပ်နိုင်သည်။ သူသာ ထိုသို့မလုပ်နိုင်ခြင်းဖြစ်၏။

Su Yi Mo ဘေးဘက်ကို ယိမ်း၍ ထိုင်ခုံခါးပတ်ကိုဆွဲကာ ခါးပတ်ခေါင်းတွင် တပ်လိုက်သည်။ ထိုသို့လုပ်ရင်း Ran Feng Ge ၏သွယ်လျသည့် ခါးပိုင်းမြင်ကွင်းနှင့်ဆုံမိသည်။
သူ မေးမကြည့်ဘဲ မနေနိုင်ပါ။
"ဒဏ်ရာက နာနေသေးလား?"

ဤမေးခွန်းက Jing Qiu Han ကိုရည်ညွှန်းခြင်းလော..Ran Feng Ge ကိုလော..

နှစ်ဦးစလုံး အဖြေကို မသိပါ။

သို့သော်လည်း Ran Feng Ge ပြုံး၍ဖြေလိုက်ပါသည်။
"အများကြီး ပိုကောင်းလာပါပြီ"

ထိုသို့ ခွန်းတုံ့ဖလှယ်ပြီးနောက် ကျန်လမ်းတစ်လျှောက် သူတို့ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားကြသည်။

Su Yi Mo က ကားကိုအာရုံစိုက်မောင်းနေစဥ် Ran Feng Fe က အိပ်ချင်ယောင်ဆောင်ပြီး ခုံကိုကျောမှီထားခဲ့သည်။

မကြာခင်
ဟန်ဆောင်ပန်ဆောင်မှ အမှန်အကန်အဖြစ်ပြောင်းလဲသွားသည်။
နောက်ဆုံး သူတို့ Huanyu အဆောက်အဦးသို့ ရောက်သောအခါ Ran Feng Ge က ထိုင်ခုံတွင်ခွေခေါက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။

"Qiu Han ငါတို့ရောက်ပြီ"
Su Yi Mo သူ့ပုခုံး ဖွဖွတွန်း၍ နှိုးလိုက်သည်။

Ran Feng Ge သမ်းပြီး မျက်လုံးကိုပွတ်သည်။
သူ ထိုသို့လုပ်နေစဥ် Su Yi Mo က ကုန်း၍ ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးသည်။
ထို့နောက် အပြင်ထွက် ပတ်လျှောက်ကာ ခရီးသည်ခုံတံခါးကို ဖွင့်ပေးသည်။
သူက Ran Feng Ge ​ကို စိုက်ကြည့်ပြီးဆိုသည်။
"သွားရအောင်"

Ran Feng Ge ကားထဲကထွက်ပြီးနောက် အလုပ်သမားတစ်ယောက်ရောက်လာပြီး Su Yi Mo ၏ကားကို မြေညီထပ်ကားရပ်နားကွင်းသို့ မောင်းသွားသည်။
Su Yi Mo ၏ဘေးတွင်ရပ်၍ Ran Feng Ge သူ့အရှေ့က ထည်ထည်ဝါဝါမိုးမျှော်တိုက်ကြီးကို မော့၍ကြည့်လိုက်သည်။ ဖြည်းဖြည်းချင်း အသက်ရှည်ရှည်ရှုထုတ်လိုက်၏။

ကံကောင်း၍ သူပြင်ဆင်ပြီးချေပြီ။ ကံအားလျော်စွာ သူက ပြင်ဆင်ပြီးဖြစ်သော်လည်း ထိုကဲ့သို့ ကြီးမားသောပွဲတစ်ခုနှင့် ရင်ဆိုင်ရန်မှာ အနည်းငယ် အံဝင်ခွင်ကျမဖြစ်သေးသလိုပင်။

အဆောက်အဦး၏ တံခါးမှလမ်းတစ်လျှောက် ဖြန့်ခင်းထားသည့် ကော်ဇောနီမှာ သူတို့ရပ်သည့်နေရာအထိရောက်သည်။ အဆောက်အဦးအတွင်းသို့ လှေကားမှတဆင့် တက်သွားပြီးနောက် ခမ်းနားထည်ဝါသည့် ခန်းမတစ်ခုကို Ran Feng Ge တွေ့လိုက်ရသည်။
ဆယ်လွှာရှိ ဇာတ်ရုံတစ်ခုသို့ ဦးတည်သည့် ​ဗီအိုင်ပီဓာတ်လှေကားတစ်ခုမှာ အသင့်ဖွင့်လျက် သူတို့ကိုစောင့်နေသည်။
တစ်ချိန်တည်းမှာပင် ရောက်ရှိပြီးသား သတင်းသမားများက သတင်းစာရှင်းလင်းပွဲအပြီးတွင် သူတို့အလိုရှိသည့် ပုံမှန်သမျှကို ရိုက်ယူနိုင်သေးသော်လည်း
မစောင့်နိုင်ဘဲ သူတို့၏ကင်မရာများကိုဆွဲထုတ်ကာ နှစ်ယောက်သား၏ လှုပ်ရှားမှုတစ်ခုချင်းစီကို အမိအရရိုက်ယူကြသည်။

ဓာတ်လှေကားထဲသို့ဝင်ပြီးမှ နောက်ဆုံး သူတို့ငြိမ်းချမ်းသည့်အခိုက်အတန့်ကိုရသည်။

သတင်းသမားအမြောက်အမြားကြောင့် တုန်လှုပ်မှုရှိပုံမရသည့် Ran Feng Ge ကို Su Yi Mo တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း လှုပ်ရှား၍ လူစားထိုးလေး၏ရှေ့သို့ ရောက်သွားသည်။

Ran Feng Ge မသိစိတ်က နောက်တစ်လှမ်းဆုတ်လိုက်သည်။ Su Yi Mo က သူ၏လည်စည်းအတွက်ရောက်လာတာဖြစ်ကြောင်း တွေ့ရလျှင် ပြုံး၍ပြောလိုက်သည်။
"ကျေးဇူး"

Su Yi Mo တရင်းတနှီးဟန်ဆောင်၍ တစ်ဖက်သူ၏ ရွဲ့နေသော လည်စည်းကို ပြုပြင်ပေးသည်။ အသံတိုးတိုးဖြင့် အလိုလိုက်သလိုမေး၏။
"ဒီအတွက် အစဥ်သင့်ဖြစ်ပြီလား?"

"အင်း..ကျွန်တော့်ဘက်က ပြဿနာမရှိပါဘူး"

Ran Feng Ge မှာ သင်ခန်းစာရော၊ လက်တွေ့ပါ အပြည့်ရှိပြီးသားဖြစ်သည်။ သူလုပ်နိုင်သောအရာမှန်သမျှကို ပြီးပြည့်စုံသောအတိုင်းအတာသို့ အမြဲရောက်စေခဲ့သည်။

ထို့ကြောင့် ပြဿနာတစ်စုံတရာ ရှိမှာမဟုတ်ဟု သူကြေညာရဲပြီး Su Yi Mo ဘက်မှ သူ၏စကားလုံးများကို ရုတ်သိမ်းသင့်သည်။

သတင်းစာရှင်းလင်းပွဲတစ်လျှောက်လုံး Ran Feng Ge က ပြီးပြည့်စုံသော အပြုံးနှင့် သဘာဝကျကျမျက်နှာပေးကို ထိန်းသိမ်းထားသည်။
သူ၏ အသံတိုးတိုးက ဒဏ်ရာကြောင့်ဖြစ်သော အားနည်းမှု၏သဲလွန်စကို ပြသည်။
သူ၏ အဖြေများက ဒွိဟဖြစ်စရာပါသော်လည်း ဇဝနဉာဏ်ရင့်သန်ပြီး ဖန်အဖွဲ့ဝင်များ သူ့ကို ဆက်လက်ပံ့ပိုးလိုစိတ် ပြင်းပြစေမည့် အခွင့်အရေးကို လက်လွတ်မခံပေ။
သည့်အပြင်..
သူ၏ဒဏ်ရာကြောင့် ရိုက်ကူးရေးရပ်နားထားရသည့် ရှိုးပွဲအမျိုးမျိုးအတွက် စိတ်ရင်းဖြင့် တောင်းပန်သည်။
ထို့နောက် သူနှင့် Su Yi Mo ၏သမီးရည်းစားဆက်ဆံရေး
ကို ပွင့်ပွင့်လင်းလင်းဝန်ခံပြီး သူ၏ လိင်စိတ်ခံယူချက်က သူ၏ သရုပ်ဆောင်ပိုင်းကို နှောင့်ယှက်မှာမဟုတ်ကြောင်း ဦးစားပေးပြောသည်။
သူ၏ သမီးရည်းစားသတင်းကြောင့် အမျိုးသမီးဖန်များအနေဖြင့်
သူတို့၏ အိပ်မက်များ အစိတ်စိတ်အမွှာမွှာပျက်စီးသွားခဲ့လျှင် သူက တာဝန်ယူပြီး သူတို့အတွက် အိပ်မက်အသစ်ကူညီရက်လုပ်ပေးမည်ဟု ထပ်ပေါင်းပြောသည်။

မမျှော်လင့်ဘဲ သူ၏အရေးကြီး တွက်ဆချက်များက သတင်းစာရှင်းလင်းပွဲအတွင်း ဖန်များ၏ အသိအမှတ်ပြုမှုကို ရနိုင်ခဲ့သည်။ ဖန်များအားလုံးကို ကိုယ်စားပြုသည့် သူ၏ ဖန်ကလပ်ဥက္ကဋ္ဌကပင် သူတို့အနေဖြင့် Jing Qiu Han ပျော်ရွှင်ပါစေရန် သူတို့၏ နှလုံးသားအခြေမှလာသော စိတ်ရင်းဖြင့်ဆုတောင်းပါကြောင်း၊
သူသည် ရှေ့ဆက်၍ လက်ရာကောင်းများကို သယ်ဆောင်လာပြီး ကမ္ဘာကြီးနှင့် သူတို့ကို မျှဝေမည်ဟု မျှော်လင့်ကြောင်း မိန့်ခွန်းပြောသည်။
ထို့နောက် ဖန်ကလပ်ဥက္ကဋ္ဌက Su Yi Mo အနေဖြင့် သူတို့၏အိုက်ဒေါအား ကောင်းကောင်းမွန်မွန် ဆက်ဆံရမည်ဟု ရွတ်နောက်နောက်သတိပေးသည်။

ထို့နောက် Su Yi Mo က သတင်းစာရှင်းလင်းပွဲကို လက်လွှဲယူပြီး ကုမ္ပဏီ၏ အနာဂတ်အစီအစဥ်များနှင့် များစွာမျှော်လင့်ထားသော တီဗီဒရာမာနှင့် ရုပ်ရှင်အမျိုးမျိုး၏ ရိုက်ကူးရေးတိုးတက်မှုအခြေအနေများကို ပြောကြားသည်။

နောက်ဆုံး Ran Feng Ge အအားရသွားပြီး ထိုင်ခုံကို ပျင်းပျင်းရိရိမှီလိုက်သည်။ သူ​၏မျက်နှာက တိုး၍ဖြူဖျော့လာပြီး နုံးခွေခွေစတင်ခံစားလာရသည်။ တည်ငြိမ်စွာဖြင့်
သူက ဝမ်းဗိုက်ရှိ
ဒဏ်ရာကို အုပ်ရန်
ညာလက်ကို ရွှေ့လိုက်သည်။
သူ၏ရှေ့မှ စားပွဲက အကာအကွယ်ဖြစ်နေရာ သတင်းသမားများနှင့် ဖန်များမှာ သူ့အခြေအနေကို ရှာမတွေ့ကြသေးချေ။

သို့သော်လည်း Su Yi Mo က သူနှင့်ကပ်လျက် ထိုင်နေသူဖြစ်၍ ချက်ချင်းသတိပြုလိုက်မိသည်။Ran Feng Ge ပင်ပန်းနေပြီကို သူသိသည်။ အနားယူသည့်ဆယ်ရက်က မလုံလောက်သည်မှာ ရှင်းသည်။ ဒဏ်ရာက မနက်သည်မှာ မှန်စေကာမူ ထိုမျှကာလတိုလေးအတွင်း အပြည့်အဝပျောက်ကင်းသက်သာရန် မဖြစ်နိုင်ပေ။

ကံကောင်းသဖြင့် ယခုနေ Jing Qiu Han သည်လည်း အများသိအရ သူ့ဒဏ်ရာများမှ နာလန်ထူနေဆဲကာလ ဖြစ်သည်။ ထို့ကြောင့်
အခြားသူများအနေဖြင့် သတိပြုမိခဲ့လျှင်ပင် Ran Feng Ge ၏လေးတိလေးကန် လှုပ်ရှားမှုနှင့် သူ၏ဝမ်းဗိုက်ကို လက်ဖြင့်အုပ်ထားခြင်းက များစွာအတွေးပွားစရာ ဖြစ်မည်မဟုတ်ချေ။

ထိုသို့တွေးသော်လည်း သတင်းစာရှင်းလင်းပွဲကို မြန်မြန်ပြီးရန်ရည်သန်ပြီး Su Yi Mo သူ့စကားကို အရှိန်တင်လိုက်သည်။

ထိုအခိုက်..အိပ်ကပ်ထဲရှိ Ran Feng Ge ၏ဖုန်းက တုန်ခါလာခဲ့သည်။ သူက ဖုန်းကိုဆွဲထုတ်ပြီး စခရင်တွင်ထင်နေသည့် အမည်မသိနံပါတ်ကိုကြည့်​၏။ တုန့်ဆိုင်းခြင်းမရှိဘဲ ခေါ်ဆိုမှုငြင်းပယ်လိုက်သည်။

မကြာလိုက်..စာသားမက်ဆေ့ချ်၏  နိုတီဝင်လာသည်။

__ ငါ မင်းအ​ကောင့်ထဲကို ငွေလွှဲပြီးသွားပြီ။

Ran Feng Ge ဇဝေဇဝါဖြင့် မျက်ခုံးချီလိုက်သည်။
ရှည်သွယ်သည့် လက်ချောင်းများဖြင့် စခရင်ကိုတောက်လိုက်ပြီး ပြန်စာပို့လိုက်၏။

__ ဘာငွေလဲ?

ပြန်စာချက်ချင်းမရ..တစ်ဖက်က မည်သို့တုန့်ပြန်ရမည်ကို စဥ်းစားနေပုံရသည်။ ခဏကြာပြီးမှ စာနောက်ထပ်ရောက်လာသည်။

__ ကုသစရိတ်

ကုသစရိတ်လား?
ဦးစွာ Ran Feng Ge တွေးလိုက်သည်မှာ ထိခိုက်မှုနစ်နာကြေးပေးရန်မှာ Su Yi Mo ၏အလုပ်ဖြစ်သည်ဟု။
သို့ရာတွင် အဆိုပါပုဂ္ဂိုလ်မှာ လောလောဆယ် သူ့ဘေး၌ ထိုင်နေသည်။ ထို့ကြောင့် အကယ်တန္နု သူ မဖြစ်နိုင်ပေ။
သို့ဖြစ်ပါက မည်သူပေနည်း။

အတန်ငယ်တွေးတောပြီး​နောက်
Ran Feng Ge ပြုံးသွားပြီး တွန့်ထားသည့် နဖူးကြောများကို ဖြေလျှော့လိုက်သည်။

__ An Chen လား?

သူ့နာမည်ကို မြင်လျှင် An Chen ပြုံးသည်။ ဤတစ်ကြိမ်မှာ Ran Feng Ge ကိုယ်တိုင် သူ့ကိုစာပြန်ခြင်းဖြစ်သည်။ သူက ပြန်စာတစ်စောင် ချက်ချင်းတောက်ပို့သည်။

__ တော်လိုက်တာ။ တစ်ခါလောက်ထွက်စားကြမလား..ငါကြွေးမယ်။

Ran Feng Ge က ပို၍ ပျင်းရိသည့်
အနေအထားသို့ပြောင်းလိုက်ပြီး
ကီးဘုတ်ကိုရိုက်သည်။

__ ကုသစရိတ်ကို လက်ခံလိုက်မယ်။ ထွက်စားဖို့ကတော့ ငါ စိတ်မဝင်စားဘူး။

တစ်ဖက်သူ၏ ပြန်ပြောစကားကို An Chen မအံ့သြပေ။ သို့သော် သူက လက်မလျှော့။

__ အဲလိုမလုပ်စမ်း​ပါနဲ့။ ငါ မင်းကို တောင်းပန်ပြီးပြီလေ။ ဒါမှမဟုတ် မင်းမှာ လိုအပ်တဲ့အခြေအနေတွေရှိရင် ပြောလိုက်။ မင်းလုပ်ချင်တာ ဘာမဆို ငါလုပ်ပေးမယ်။

Ran Feng Ge မတ်မတ်ထိုင်လိုက်ပြီး သူ့ဖုန်းကို ငုံ့ကြည့်လိုက်သည်။

__ ဒါဆို လိုအပ်တဲ့အခြေအနေတချို့ ငါစဥ်းစားမိတဲ့အထိ မင်းစောင့်နိုင်ပါတယ်။

ထိုပြန်ကြားချက်တွင် အားရပြီး An Chen ၏နှုတ်ခမ်းက အပြုံးအသွင်ကော့သွားသည်။

__ ကောင်းပြီလေ..ဒီလိုဆို မကြာခင် မင်းဖော်ပြလာမယ်လို့ ငါမျှော်လင့်ပါတယ်။ သတင်းကောင်းစောင့်နေမယ်။

Ran Feng Ge မဖြေ။ ဖုန်းကိုကြည့်ရုံမျှကြည့်ပြီး အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။
သိပ်မကြာလိုက်..ထိုဟာက နောက်တစ်ကြိမ်တုန်ခါလာပြန်၏။
သူ ဆွဲထုတ်ပြီး ကြည့်လိုက်သည်။

__ ကောင်းပြီ။ ငါမင်းကို ပြောပြစရာတစ်ခုရှိတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါမင်း​ကို​ဖုန်းခေါ်သေးတယ်။ ဒါပေမဲ့ ဖုန်းကိုင်တာက တစ်ယောက်။
မင်း ဂရုစိုက်ရမယ်။ မင်းရဲ့ အဲဒီအလုပ်ရှင်က မင်းကို အပြည့်အဝ ယုံကြည်ပုံမရဘူး။ သူက မင်းရဲ့ ဖုန်းကောလ်တွေကို ကိုင်နေတယ်ဆိုတာ မင်းကို သတိထားစောင့်ကြည့်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ သူက
မင်း ထိခိုက်နေတုန်းမှာ အခွင့်အရေးယူရလောက်အောင် အောက်တန်းကျပါလား။

Su Yi Mo က သူ့ဖုန်းကောလ်တွေကို ခိုးကိုင်ခဲ့သည်လား?

Ran Feng Ge တစ်ယောက် Su Yi Mo ကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် တစ်ဖက်သူကလည်း သူ့ကိုကြည့်လာ၏။
တစ်ခုတည်းသော ကွာခြားချက်မှာ အမူအရာမဲ့ ဖြစ်နေရမည့်အစား Su Yi Mo ၏မျက်ဝန်းများထဲတွင် ချစ်မြတ်နိုးမှုတို့ဖြင့် ပြည့်လျှံနေသည်။

ဖုန်းကို ကြည့်နေသော်လည်း Ran Feng Ge ၏မျက်ဝန်းများက အနည်းငယ်မှောင်မိုက်နေသည်ကို သူသတိပြုမိသောအခါ...

'သေစမ်း' လွန်ခဲ့သည့် ရက်အနည်းငယ်က ထိုသူ၏ဖုန်းကောလ်ကို သူလက်ခံခဲ့စဥ် မှတ်တမ်းကိုဖျက်ရန် Su Yi Mo သတိမေ့ခဲ့သည်။

သေချာ​တာပေါ့။ သူ၏ဖုန်းမှတ်တမ်းကို Ran Feng Ge သွားကြည့်သောအခါ..လွန်ခဲ့သည့်ဆယ်ရက်က
An Chen ၏နံပါတ်မှ ခေါ်ဆိုမှုတစ်ခုကို လက်ခံထားကြောင်း တွေ့လိုက်ရပါသည်။

>>>>>>>>><<<<<<<<<<<


Zawgyi

Chapter 29
Professionals Just Aren't the Same
____________________________

Ran Feng Ge ၏ ဒဏ္ရာက က်က္စျပဳလာၿပီ။ အားသြန္ခြန္စိုက္ လုပ္ရေသာ ေလ့က်င့္ခန္း တစ္စုံတရာမျပဳသ၍ သူ႕ကို ဒုကၡသိပ္မေပးေတာ့ပါ။

လြန္ခဲ့သည္ ရက္ပိုင္းက Ran Feng Ge ၏ အေျခအေနကို ျမင္ခဲ့ရစဥ္ ယေန႕ျပဳလုပ္မည့္ သတင္းစားရွင္းလင္းပြဲကို Su Yi Mo ဖ်က္သိမ္းခ်င္ခဲ့သည္။ ထိုအမ်ိဳးသားအတြက္ ႀကီးထြားလာခဲ့ေသာ သူ၏ စိတ္ဝင္စားမႈအၫြန့္အေညွာက္ကေလးကို ခ်ိဳးယူၿပီးေနာက္မွာမူ စီစဥ္ထားသည့္အတိုင္းသာ ဆက္သြားရန္ Su Yi Mo ဆုံးျဖတ္လိုက္သည္။

သူ႕တြင္ Ran Feng Ge ကို အထူးအာ႐ုံစိုက္ေပးစရာ၊ ထည့္သြင္းစဥ္းစားေပးစရာ အေၾကာင္းျပခ်က္မရွိေခ်။

Ran Feng Ge က ယေန႕နံနက္ေစာေစာထၿပီး ေရခ်ိဳးခန္းထဲတြင္ ျပင္ဆင္အလုပ္မ်ားေနသည္။

ဗန္နတီေပၚတြင္ အေရာင္ေတာက္ေတာက္ ဘူးႏွင့္ပုလင္း တစ္ပုံတပင္ ေနရာယူထားသည္။ Ran Feng Ge ၏သြက္လက္ေသာ လက္ေခ်ာင္းမ်ားက ၄င္းတို႔ထဲသို႔ သြပ္လိုက္ထုတ္လိုက္ျဖင့္ ယေန႕ရွင္းလင္းပြဲအတြက္ လိုအပ္သည့္ မ်က္ႏွာဖုံးျပဳလုပ္ရမည့္အရာမ်ားကို ေပါင္းစပ္ေနသည္။
သူ႕တာဝန္ကို အာ႐ုံစိုက္ထားသ​ျဖင့္
ေလးေလးနက္နက္အမူအရာက မ်က္ႏွာမွာလာေပၚၿပီး သူ႕ကို အလြန္အမင္းဆြဲေဆာင္မႈရွိေစသည္။

Ran Feng Ge ကို စစ္ေဆးရန္ ေရခ်ိဳးခန္းထဲသို႔ Su Yi Mo ေျခခ်စဥ္ ဤျဖစ္ရပ္ကို ကြက္တိရင္ဆိုင္လိုက္ရသည္။
စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ၿပီးျဖစ္ေသာေၾကာင့္ ဤတစ္ႀကိမ္တြင္ မေငးေမာမိေစရန္ သူ႕ကိုယ္သူ ထိန္းခ်ဳပ္လိုက္နိုင္သည္။
သူက မ်က္ႏွာအျမန္လႊဲလိုက္ၿပီး အေၾကာင္းရွာေမးလိုက္သည္။
"မင္း အဆင္သင့္ျဖစ္ၿပီလား?"

Ran Feng Ge သူ အခုတင္လုပ္ၿပီးသြားသည့္ ပါးလႊာေသာမ်က္ႏွာဖုံးကို ေကာက္ကိုင္၍ မ်က္ႏွာတြင္ကပ္ရင္း မွန္ထဲသို႔ၾကည့္လိုက္သည္။
"ၿပီးခါနီးပါၿပီ။ အခ်ိန္ခဏပဲေပး"

"အဲဒါကို ကပ္ထား႐ုံပဲလား? ေခြၽးထြက္လာပါၿပီတဲ့..တစ္ေယာက္ေယာက္နဲ႕ တိုက္မိပါၿပီတဲ့..ကြာမက်နိဳင္ဘူးလား?"
Su Yi Mo က တံခါးက်ည္းေပါင္ကို မွီရင္း သိခ်င္သလိုေမးသည္။

Ran Feng Ge က သူ၏ ပါးသိုင္းတစ္ဝိုက္ တစ္စုံတရာလိမ္းရင္းက ေျဖသည္။
"မကြာဘူး။ မ်က္ႏွာဖုံးက တစ္ေယာက္ေယာက္ လက္သီးနဲ႕ထိုးရင္ေတာင္ ကြာက်မွာမဟုတ္ဘူး။ ကြၽန္ေတာ္က ပညာရွင္တစ္ေယာက္ဆိုတာ သတိရစမ္းပါ"

Su Yi Mo ကမတုန့္ျပန္​ေတာ့ပဲ ေရခ်ိဳးခန္းထဲမွ ထြက္လာသည့္
မတူညီသည့္မ်က္ႏွာႏွင့္  Ran Feng Geကို ၾကည့္သာေနေတာ့သည္။
ထိုသူ႕ပတ္ဝန္းက်င္ ေလထုကပင္ Jing Qiu Han လိုမ်ိဳးေျပာင္းလဲသြားသည္။
'သူက တကယ့္ပညာရွင္ပဲ'
ေလးစားသြားသည္ကို ဖုံးကြယ္ရင္း Su Yi Mo ဘာသာေတြးမိသည္။

Su Yi Mo တိတ္ဆိတ္သြားသည္ကို သတိျပဳမိၿပီး Ran Feng Ge ကေလွ်ာက္လာကာ မရိုးမသားၿပဳံးသည္။
"ခင္ဗ်ား မယုံဘူးဆိုရင္ စမ္းၾကည့္ခ်င္လား? ဘာေၾကာင့္ ဒီမ်က္ႏွာကို မထိုးေသးတာလဲ..မ်က္ႏွာဖုံး ကြာက် မက်သိရတာေပါ့"

သူ႕ခ်စ္သူ၏ မ်က္ႏွာကို တပ္ဆင္ထားသူအား Su Yi Mo ထိုးမည္မဟုတ္မွန္း Ran Feng Ge သိသည္။
သူ လုပ္ခဲ့လွ်င္မွ ထူးဆန္း​ဦးမည္။

ေမွ်ာ္လင့္ထားသည့္အတိုင္း Su Yi Mo ၏မ်က္ႏွာက အမ္းသြားၿပီး လွည့္ထြက္သြားသည္။
"မင္းၿပီးရင္ ငါတို႔သြားၾကမယ္"

တစ္ဖက္သူ၏ တုန့္ျပန္မႈတြင္ Ran Feng Ge ၏အၿပဳံးက ပို၍ပင္ ပီျပင္လာသည္။
သူ Su Yi Mo ေနာက္ကလိုက္ခဲ့၏။
ျပန္လည္သက္သာဆဲသာ ျဖစ္ေသာေၾကာင့္ သူ႕လႈပ္ရွားမႈမ်ားက အနည္းငယ္ ေလးကန္ေနသည္။
ေနာက္ဆုံး သူ အိမ္အျပင္သို႔ေရာက္ခ်ိန္ Su Yi Mo က ကားကိုဂိုေဒါင္မွ ထုတ္ခဲ့ႏွင့္ၿပီးၿပီ။

ထိုအခ်ိန္ Ran Feng Ge က စပ္စပ္စုစုေမးသည္။
"ကြၽန္ေတာ့္ကားေရာ ဘယ္မွာလဲ?"

Jing Qiu Han က ေက်ာ္ၾကားသည့္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ကာ ကုမၸဏီဥကၠ႒၏ ခ်စ္သူျဖစ္သည္။ သူ႕မွာ မည္သို႔ ကားမရွိဘဲေနမည္နည္း? Ran Feng Ge ကားမေမာင္းရသည္မွာ အေတာ္ၾကာၿပီ။ သို႔ျဖစ္၍ စတီယာရင္ေပၚ လက္တင္ရန္ အလြန္ယားေနၿပီ။

"မင္းရဲ႕ကားက ကုမၸဏီမွာပဲရွိေသးလို႔ ငါမင္းကို အဲ့ဒီဆီေခၚသြားမယ္။ သတင္းစာရွင္းလင္းပြဲ ၿပီးသြားရင္ မင္းဆႏၵရွိရင္ ကိုယ့္ဘာသာျပန္လာနိုင္တယ္။"
Su Yi Mo ျပန္မေျပာခင္ တစ္ဖက္သူကို ခဏၾကာေအာင္ ေၾကာင္ေတာင္ၾကည့္ေနမိသည္။
Ran Feng Ge ၏ ႐ုတ္တရက္အသံေျပာင္းသည့္အက်င့္ႏွင့္ သူ ေနသားမက်ေသး။

"ေကာင္းၿပီေလ ကြၽန္ေတာ္ ခင္ဗ်ားေျပာတဲ့အတိုင္းလုပ္မယ္"
Ran Feng Ge ခရီးသည္ထိုင္ခုံဘက္ျခမ္းတံခါးကိုဖြင့္ၿပီး ဝင္ထိုင္လိုက္သည္။

Ran Feng Ge ကို ဘာေၾကာင့္ အေနာက္ခုံတြင္ မထိုင္သည္လဲ ေမးဖို႔ Su Yi Mo ပါးစပ္ဟလိုက္ၿပီးမွ ထုတ္မေျပာခင္ သူ႕ဘာသာရပ္လိုက္သည္။
ဒုတိယအေတြးမွာ Ran Feng Ge က Jing Qiu Han အျဖစ္ဟန္ေဆာင္ထားရာ ခရီးသည္ခုံတြင္ထိုင္ရန္ ပို၍သင့္ေတာ္သည္မွာ အသိသာႀကီးပင္။

ႏွစ္ေယာက္စလုံး ကားထဲတြင္ ထိုင္ေနၾကၿပီျဖစ္ေသာ္လည္း Su Yi Mo က ေမာင္းမထြက္ေသး။

Ran Feng Ge လွည့္ၾကည့္သည္။
"ဘာလို႔ မေမာင္းေသးတာလဲ?"

"မင္းရဲ႕ထိုင္ခုံခါးပတ္"
Su Yi Mo က ခပ္ျပတ္ျပတ္အမူအရာျဖင့္ သတိေပးလိုက္သည္။

သတိေပးၿပီးတာေတာင္မွ Ran Feng Ge ကမလႈပ္။ သူက အမူပိုပိုပင္ ေျပာလိုက္ေသးသည္။
"Ah Mo.. ငါ့ကို ကူမတပ္ေပးဘူးလား?"

Su Yi Mo မ်က္ႏွာထားက မည္းေမွာင္သြားၿပီး Ran Feng Ge ကို ႂကြပ္ဆတ္ဆတ္လွည့္ၾကည့္လိုက္သည္။ ထိုအစားသူျမင္လိုက္ရသည္က Jing Qiu Han ၏ နာလန္ထူခါစ ျဖဴလြလြမ်က္ႏွာ။ သူ ေတာ္ေတာ္ႀကီး သေဘာမက်ျဖစ္ေနေသာ္ျငား ေနာက္ဆုံး သက္ျပင္းသာခ်လိဳက္သည္။

Ran Feng Ge က Jing Qiu Han အျဖစ္ သ႐ုပ္ေဆာင္ေနသည္ျဖစ္ၿပီး သူတို႔ သည္အတိုင္း တစ္ႏွစ္ေလာက္ဆက္သြားရမည္ကို Su Yi Mo ေမ့လုနီးျဖစ္သြားသည္။

မွန္းဆထားသလိုမ်ိဳး..Ran Feng Ge သည္ ပညာရွင္လူစားထိုးတစ္ေယာက္ျဖစ္႐ုံသာမကေသး ဇာတ္ေကာင္စရိုက္ကိုလည္း ေနရာမေ႐ြး အခ်ိန္မေ႐ြး အဝင္အထြက္လုပ္နိုင္သည္။ သူသာ ထိုသို႔မလုပ္နိုင္ျခင္းျဖစ္၏။

Su Yi Mo ေဘးဘက္ကို ယိမ္း၍ ထိုင္ခုံခါးပတ္ကိုဆြဲကာ ခါးပတ္ေခါင္းတြင္ တပ္လိုက္သည္။ ထိုသို႔လုပ္ရင္း Ran Feng Ge ၏သြယ္လ်သည့္ ခါးပိုင္းျမင္ကြင္းႏွင့္ဆုံမိသည္။
သူ ေမးမၾကည့္ဘဲ မေနနိုင္ပါ။
"ဒဏ္ရာက နာေနေသးလား?"

ဤေမးခြန္းက Jing Qiu Han ကိုရည္ၫႊန္းျခင္းေလာ..Ran Feng Ge ကိုေလာ..

ႏွစ္ဦးစလုံး အေျဖကို မသိပါ။

သို႔ေသာ္လည္း Ran Feng Ge ၿပဳံး၍ေျဖလိုက္ပါသည္။
"အမ်ားႀကီး ပိုေကာင္းလာပါၿပီ"

ထိုသို႔ ခြန္းတုံ႕ဖလွယ္ၿပီးေနာက္ က်န္လမ္းတစ္ေလွ်ာက္ သူတို႔ တိတ္တိတ္ဆိတ္ဆိတ္ျဖစ္သြားၾကသည္။

Su Yi Mo က ကားကိုအာ႐ုံစိုက္ေမာင္းေနစဥ္ Ran Feng Fe က အိပ္ခ်င္ေယာင္ေဆာင္ၿပီး ခုံကိုေက်ာမွီထားခဲ့သည္။

မၾကာခင္
ဟန္ေဆာင္ပန္ေဆာင္မွ အမွန္အကန္အျဖစ္ေျပာင္းလဲသြားသည္။
ေနာက္ဆုံး သူတို႔ Huanyu အေဆာက္အဦးသို႔ ေရာက္ေသာအခါ Ran Feng Ge က ထိုင္ခုံတြင္ေခြေခါက္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနခဲ့သည္။

"Qiu Han ငါတို႔ေရာက္ၿပီ"
Su Yi Mo သူ႕ပုခုံး ဖြဖြတြန္း၍ ႏွိုးလိုက္သည္။

Ran Feng Ge သမ္းၿပီး မ်က္လုံးကိုပြတ္သည္။
သူ ထိုသို႔လုပ္ေနစဥ္ Su Yi Mo က ကုန္း၍ ထိုင္ခုံခါးပတ္ကို ျဖဳတ္ေပးသည္။
ထို႔ေနာက္ အျပင္ထြက္ ပတ္ေလွ်ာက္ကာ ခရီးသည္ခုံတံခါးကို ဖြင့္ေပးသည္။
သူက Ran Feng Ge ​ကို စိုက္ၾကည့္ၿပီးဆိုသည္။
"သြားရေအာင္"

Ran Feng Ge ကားထဲကထြက္ၿပီးေနာက္ အလုပ္သမားတစ္ေယာက္ေရာက္လာၿပီး Su Yi Mo ၏ကားကို ေျမညီထပ္ကားရပ္နားကြင္းသို႔ ေမာင္းသြားသည္။
Su Yi Mo ၏ေဘးတြင္ရပ္၍ Ran Feng Ge သူ႕အေရွ႕က ထည္ထည္ဝါဝါမိုးေမွ်ာ္တိုက္ႀကီးကို ေမာ့၍ၾကည့္လိုက္သည္။ ျဖည္းျဖည္းခ်င္း အသက္ရွည္ရွည္ရႈထုတ္လိုက္၏။

ကံေကာင္း၍ သူျပင္ဆင္ၿပီးေခ်ၿပီ။ ကံအားေလ်ာ္စြာ သူက ျပင္ဆင္ၿပီးျဖစ္ေသာ္လည္း ထိုကဲ့သို႔ ႀကီးမားေသာပြဲတစ္ခုႏွင့္ ရင္ဆိုင္ရန္မွာ အနည္းငယ္ အံဝင္ခြင္က်မျဖစ္ေသးသလိုပင္။

အေဆာက္အဦး၏ တံခါးမွလမ္းတစ္ေလွ်ာက္ ျဖန့္ခင္းထားသည့္ ေကာ္ေဇာနီမွာ သူတို႔ရပ္သည့္ေနရာအထိေရာက္သည္။ အေဆာက္အဦးအတြင္းသို႔ ေလွကားမွတဆင့္ တက္သြားၿပီးေနာက္ ခမ္းနားထည္ဝါသည့္ ခန္းမတစ္ခုကို Ran Feng Ge ေတြ႕လိုက္ရသည္။
ဆယ္လႊာရွိ ဇာတ္႐ုံတစ္ခုသို႔ ဦးတည္သည့္ ​ဗီအိုင္ပီဓာတ္ေလွကားတစ္ခုမွာ အသင့္ဖြင့္လ်က္ သူတို႔ကိုေစာင့္ေနသည္။
တစ္ခ်ိန္တည္းမွာပင္ ေရာက္ရွိၿပီးသား သတင္းသမားမ်ားက သတင္းစာရွင္းလင္းပြဲအၿပီးတြင္ သူတို႔အလိုရွိသည့္ ပုံမွန္သမွ်ကို ရိုက္ယူနိုင္ေသးေသာ္လည္း
မေစာင့္နိုင္ဘဲ သူတို႔၏ကင္မရာမ်ားကိုဆြဲထုတ္ကာ ႏွစ္ေယာက္သား၏ လႈပ္ရွားမႈတစ္ခုခ်င္းစီကို အမိအရရိုက္ယူၾကသည္။

ဓာတ္ေလွကားထဲသို႔ဝင္ၿပီးမွ ေနာက္ဆုံး သူတို႔ၿငိမ္းခ်မ္းသည့္အခိုက္အတန့္ကိုရသည္။

သတင္းသမားအေျမာက္အျမားေၾကာင့္ တုန္လႈပ္မႈရွိပုံမရသည့္ Ran Feng Ge ကို Su Yi Mo တစ္ခ်က္ၾကည့္လိုက္ၿပီး ခ်က္ခ်င္း လႈပ္ရွား၍ လူစားထိုးေလး၏ေရွ႕သို႔ ေရာက္သြားသည္။

Ran Feng Ge မသိစိတ္က ေနာက္တစ္လွမ္းဆုတ္လိုက္သည္။ Su Yi Mo က သူ၏လည္စည္းအတြက္ေရာက္လာတာျဖစ္ေၾကာင္း ေတြ႕ရလွ်င္ ၿပဳံး၍ေျပာလိုက္သည္။
"ေက်းဇူး"

Su Yi Mo တရင္းတႏွီးဟန္ေဆာင္၍ တစ္ဖက္သူ၏ ႐ြဲ႕ေနေသာ လည္စည္းကို ျပဳျပင္ေပးသည္။ အသံတိုးတိုးျဖင့္ အလိုလိုက္သလိုေမး၏။
"ဒီအတြက္ အစဥ္သင့္ျဖစ္ၿပီလား?"

"အင္း..ကြၽန္ေတာ့္ဘက္က ျပႆနာမရွိပါဘူး"

Ran Feng Ge မွာ သင္ခန္းစာေရာ၊ လက္ေတြ႕ပါ အျပည့္ရွိၿပီးသားျဖစ္သည္။ သူလုပ္နိုင္ေသာအရာမွန္သမွ်ကို ၿပီးျပည့္စုံေသာအတိုင္းအတာသို႔ အၿမဲေရာက္ေစခဲ့သည္။

ထို႔ေၾကာင့္ ျပႆနာတစ္စုံတရာ ရွိမွာမဟုတ္ဟု သူေၾကညာရဲၿပီး Su Yi Mo ဘက္မွ သူ၏စကားလုံးမ်ားကို ႐ုတ္သိမ္းသင့္သည္။

သတင္းစာရွင္းလင္းပြဲတစ္ေလွ်ာက္လုံး Ran Feng Ge က ၿပီးျပည့္စုံေသာ အၿပဳံးႏွင့္ သဘာဝက်က်မ်က္ႏွာေပးကို ထိန္းသိမ္းထားသည္။
သူ၏ အသံတိုးတိုးက ဒဏ္ရာေၾကာင့္ျဖစ္ေသာ အားနည္းမႈ၏သဲလြန္စကို ျပသည္။
သူ၏ အေျဖမ်ားက ဒြိဟျဖစ္စရာပါေသာ္လည္း ဇဝနဉာဏ္ရင့္သန္ၿပီး ဖန္အဖြဲ႕ဝင္မ်ား သူ႕ကို ဆက္လက္ပံ့ပိုးလိုစိတ္ ျပင္းျပေစမည့္ အခြင့္အေရးကို လက္လြတ္မခံေပ။
သည့္အျပင္..
သူ၏ဒဏ္ရာေၾကာင့္ ရိုက္ကူးေရးရပ္နားထားရသည့္ ရွိုးပြဲအမ်ိဳးမ်ိဳးအတြက္ စိတ္ရင္းျဖင့္ ေတာင္းပန္သည္။
ထို႔ေနာက္ သူႏွင့္ Su Yi Mo ၏သမီးရည္းစားဆက္ဆံေရး
ကို ပြင့္ပြင့္လင္းလင္းဝန္ခံၿပီး သူ၏ လိင္စိတ္ခံယူခ်က္က သူ၏ သ႐ုပ္ေဆာင္ပိုင္းကို ႏွောင့္ယွက္မွာမဟုတ္ေၾကာင္း ဦးစားေပးေျပာသည္။
သူ၏ သမီးရည္းစားသတင္းေၾကာင့္ အမ်ိဳးသမီးဖန္မ်ားအေနျဖင့္
သူတို႔၏ အိပ္မက္မ်ား အစိတ္စိတ္အမႊာမႊာပ်က္စီးသြားခဲ့လွ်င္ သူက တာဝန္ယူၿပီး သူတို႔အတြက္ အိပ္မက္အသစ္ကူညီရက္လုပ္ေပးမည္ဟု ထပ္ေပါင္းေျပာသည္။

မေမွ်ာ္လင့္ဘဲ သူ၏အေရးႀကီး တြက္ဆခ်က္မ်ားက သတင္းစာရွင္းလင္းပြဲအတြင္း ဖန္မ်ား၏ အသိအမွတ္ျပဳမႈကို ရနိုင္ခဲ့သည္။ ဖန္မ်ားအားလုံးကို ကိုယ္စားျပဳသည့္ သူ၏ ဖန္ကလပ္ဥကၠ႒ကပင္ သူတို႔အေနျဖင့္ Jing Qiu Han ေပ်ာ္႐ႊင္ပါေစရန္ သူတို႔၏ ႏွလုံးသားအေျခမွလာေသာ စိတ္ရင္းျဖင့္ဆုေတာင္းပါေၾကာင္း၊
သူသည္ ေရွ႕ဆက္၍ လက္ရာေကာင္းမ်ားကို သယ္ေဆာင္လာၿပီး ကမၻာႀကီးႏွင့္ သူတို႔ကို မွ်ေဝမည္ဟု ေမွ်ာ္လင့္ေၾကာင္း မိန့္ခြန္းေျပာသည္။
ထို႔ေနာက္ ဖန္ကလပ္ဥကၠ႒က Su Yi Mo အေနျဖင့္ သူတို႔၏အိုက္ေဒါအား ေကာင္းေကာင္းမြန္မြန္ ဆက္ဆံရမည္ဟု ႐ြတ္ေနာက္ေနာက္သတိေပးသည္။

ထို႔ေနာက္ Su Yi Mo က သတင္းစာရွင္းလင္းပြဲကို လက္လႊဲယူၿပီး ကုမၸဏီ၏ အနာဂတ္အစီအစဥ္မ်ားႏွင့္ မ်ားစြာေမွ်ာ္လင့္ထားေသာ တီဗီဒရာမာႏွင့္ ႐ုပ္ရွင္အမ်ိဳးမ်ိဳး၏ ရိုက္ကူးေရးတိုးတက္မႈအေျခအေနမ်ားကို ေျပာၾကားသည္။

ေနာက္ဆုံး Ran Feng Ge အအားရသြားၿပီး ထိုင္ခုံကို ပ်င္းပ်င္းရိရိမွီလိုက္သည္။ သူ​၏မ်က္ႏွာက တိုး၍ျဖဴေဖ်ာ့လာၿပီး ႏုံးေခြေခြစတင္ခံစားလာရသည္။ တည္ၿငိမ္စြာျဖင့္
သူက ဝမ္းဗိုက္ရွိ
ဒဏ္ရာကို အုပ္ရန္
ညာလက္ကို ေ႐ႊ႕လိုက္သည္။
သူ၏ေရွ႕မွ စားပြဲက အကာအကြယ္ျဖစ္ေနရာ သတင္းသမားမ်ားႏွင့္ ဖန္မ်ားမွာ သူ႕အေျခအေနကို ရွာမေတြ႕ၾကေသးေခ်။

သို႔ေသာ္လည္း Su Yi Mo က သူႏွင့္ကပ္လ်က္ ထိုင္ေနသူျဖစ္၍ ခ်က္ခ်င္းသတိျပဳလိုက္မိသည္။Ran Feng Ge ပင္ပန္းေနၿပီကို သူသိသည္။ အနားယူသည့္ဆယ္ရက္က မလုံေလာက္သည္မွာ ရွင္းသည္။ ဒဏ္ရာက မနက္သည္မွာ မွန္ေစကာမူ ထိုမွ်ကာလတိုေလးအတြင္း အျပည့္အဝေပ်ာက္ကင္းသက္သာရန္ မျဖစ္နိုင္ေပ။

ကံေကာင္းသျဖင့္ ယခုေန Jing Qiu Han သည္လည္း အမ်ားသိအရ သူ႕ဒဏ္ရာမ်ားမွ နာလန္ထူေနဆဲကာလ ျဖစ္သည္။ ထို႔ေၾကာင့္
အျခားသူမ်ားအေနျဖင့္ သတိျပဳမိခဲ့လွ်င္ပင္ Ran Feng Ge ၏ေလးတိေလးကန္ လႈပ္ရွားမႈႏွင့္ သူ၏ဝမ္းဗိုက္ကို လက္ျဖင့္အုပ္ထားျခင္းက မ်ားစြာအေတြးပြားစရာ ျဖစ္မည္မဟုတ္ေခ်။

ထိုသို႔ေတြးေသာ္လည္း သတင္းစာရွင္းလင္းပြဲကို ျမန္ျမန္ၿပီးရန္ရည္သန္ၿပီး Su Yi Mo သူ႕စကားကို အရွိန္တင္လိုက္သည္။

ထိုအခိုက္..အိပ္ကပ္ထဲရွိ Ran Feng Ge ၏ဖုန္းက တုန္ခါလာခဲ့သည္။ သူက ဖုန္းကိုဆြဲထုတ္ၿပီး စခရင္တြင္ထင္ေနသည့္ အမည္မသိနံပါတ္ကိုၾကည့္​၏။ တုန့္ဆိုင္းျခင္းမရွိဘဲ ေခၚဆိုမႈျငင္းပယ္လိုက္သည္။

မၾကာလိုက္..စာသားမက္ေဆ့ခ်္၏  နိုတီဝင္လာသည္။

__ ငါ မင္းအ​ေကာင့္ထဲကို ေငြလႊဲၿပီးသြားၿပီ။

Ran Feng Ge ဇေဝဇဝါျဖင့္ မ်က္ခုံးခ်ီလိုက္သည္။
ရွည္သြယ္သည့္ လက္ေခ်ာင္းမ်ားျဖင့္ စခရင္ကိုေတာက္လိုက္ၿပီး ျပန္စာပို႔လိုက္၏။

__ ဘာေငြလဲ?

ျပန္စာခ်က္ခ်င္းမရ..တစ္ဖက္က မည္သို႔တုန့္ျပန္ရမည္ကို စဥ္းစားေနပုံရသည္။ ခဏၾကာၿပီးမွ စာေနာက္ထပ္ေရာက္လာသည္။

__ ကုသစရိတ္

ကုသစရိတ္လား?
ဦးစြာ Ran Feng Ge ေတြးလိုက္သည္မွာ ထိခိုက္မႈနစ္နာေၾကးေပးရန္မွာ Su Yi Mo ၏အလုပ္ျဖစ္သည္ဟု။
သို႔ရာတြင္ အဆိုပါပုဂၢိုလ္မွာ ေလာေလာဆယ္ သူ႕ေဘး၌ ထိုင္ေနသည္။ ထို႔ေၾကာင့္ အကယ္တႏ္ႏု သူ မျဖစ္နိုင္ေပ။
သို႔ျဖစ္ပါက မည္သူေပနည္း။

အတန္ငယ္ေတြးေတာၿပီး​ေနာက္
Ran Feng Ge ၿပဳံးသြားၿပီး တြန့္ထားသည့္ နဖူးေၾကာမ်ားကို ေျဖေလွ်ာ့လိုက္သည္။

__ An Chen လား?

သူ႕နာမည္ကို ျမင္လွ်င္ An Chen ၿပဳံးသည္။ ဤတစ္ႀကိမ္မွာ Ran Feng Ge ကိုယ္တိုင္ သူ႕ကိုစာျပန္ျခင္းျဖစ္သည္။ သူက ျပန္စာတစ္ေစာင္ ခ်က္ခ်င္းေတာက္ပို႔သည္။

__ ေတာ္လိုက္တာ။ တစ္ခါေလာက္ထြက္စားၾကမလား..ငါေႂကြးမယ္။

Ran Feng Ge က ပို၍ ပ်င္းရိသည့္
အေနအထားသို႔ေျပာင္းလိုက္ၿပီး
ကီးဘုတ္ကိုရိုက္သည္။

__ ကုသစရိတ္ကို လက္ခံလိုက္မယ္။ ထြက္စားဖို႔ကေတာ့ ငါ စိတ္မဝင္စားဘူး။

တစ္ဖက္သူ၏ ျပန္ေျပာစကားကို An Chen မအံ့ၾသေပ။ သို႔ေသာ္ သူက လက္မေလွ်ာ့။

__ အဲလိုမလုပ္စမ္း​ပါနဲ႕။ ငါ မင္းကို ေတာင္းပန္ၿပီးၿပီေလ။ ဒါမွမဟုတ္ မင္းမွာ လိုအပ္တဲ့အေျခအေနေတြရွိရင္ ေျပာလိုက္။ မင္းလုပ္ခ်င္တာ ဘာမဆို ငါလုပ္ေပးမယ္။

Ran Feng Ge မတ္မတ္ထိုင္လိုက္ၿပီး သူ႕ဖုန္းကို ငုံ႕ၾကည့္လိုက္သည္။

__ ဒါဆို လိုအပ္တဲ့အေျခအေနတခ်ိဳ႕ ငါစဥ္းစားမိတဲ့အထိ မင္းေစာင့္နိုင္ပါတယ္။

ထိုျပန္ၾကားခ်က္တြင္ အားရၿပီး An Chen ၏ႏႈတ္ခမ္းက အၿပဳံးအသြင္ေကာ့သြားသည္။

__ ေကာင္းၿပီေလ..ဒီလိုဆို မၾကာခင္ မင္းေဖာ္ျပလာမယ္လို႔ ငါေမွ်ာ္လင့္ပါတယ္။ သတင္းေကာင္းေစာင့္ေနမယ္။

Ran Feng Ge မေျဖ။ ဖုန္းကိုၾကည့္႐ုံမွ်ၾကည့္ၿပီး အိတ္ကပ္ထဲ ျပန္ထည့္လိုက္သည္။
သိပ္မၾကာလိုက္..ထိုဟာက ေနာက္တစ္ႀကိမ္တုန္ခါလာျပန္၏။
သူ ဆြဲထုတ္ၿပီး ၾကည့္လိုက္သည္။

__ ေကာင္းၿပီ။ ငါမင္းကို ေျပာျပစရာတစ္ခုရွိတယ္။ လြန္ခဲ့တဲ့ရက္အနည္းငယ္က ငါမင္း​ကို​ဖုန္းေခၚေသးတယ္။ ဒါေပမဲ့ ဖုန္းကိုင္တာက တစ္ေယာက္။
မင္း ဂ႐ုစိုက္ရမယ္။ မင္းရဲ႕ အဲဒီအလုပ္ရွင္က မင္းကို အျပည့္အဝ ယုံၾကည္ပုံမရဘူး။ သူက မင္းရဲ႕ ဖုန္းေကာလ္ေတြကို ကိုင္ေနတယ္ဆိုတာ မင္းကို သတိထားေစာင့္ၾကည့္ေနတယ္ဆိုတဲ့ အဓိပၸါယ္ပဲ။ သူက
မင္း ထိခိုက္ေနတုန္းမွာ အခြင့္အေရးယူရေလာက္ေအာင္ ေအာက္တန္းက်ပါလား။

Su Yi Mo က သူ႕ဖုန္းေကာလ္ေတြကို ခိုးကိုင္ခဲ့သည္လား?

Ran Feng Ge တစ္ေယာက္ Su Yi Mo ကိုၾကည့္ရန္ ေခါင္းလွည့္လိုက္သည္။
တိုက္တိုက္ဆိုင္ဆိုင္ တစ္ဖက္သူကလည္း သူ႕ကိုၾကည့္လာ၏။
တစ္ခုတည္းေသာ ကြာျခားခ်က္မွာ အမူအရာမဲ့ ျဖစ္ေနရမည့္အစား Su Yi Mo ၏မ်က္ဝန္းမ်ားထဲတြင္ ခ်စ္ျမတ္နိုးမႈတို႔ျဖင့္ ျပည့္လွ်ံေနသည္။

ဖုန္းကို ၾကည့္ေနေသာ္လည္း Ran Feng Ge ၏မ်က္ဝန္းမ်ားက အနည္းငယ္ေမွာင္မိုက္ေနသည္ကို သူသတိျပဳမိေသာအခါ...

'ေသစမ္း' လြန္ခဲ့သည့္ ရက္အနည္းငယ္က ထိုသူ၏ဖုန္းေကာလ္ကို သူလက္ခံခဲ့စဥ္ မွတ္တမ္းကိုဖ်က္ရန္ Su Yi Mo သတိေမ့ခဲ့သည္။

ေသခ်ာ​တာေပါ့။ သူ၏ဖုန္းမွတ္တမ္းကို Ran Feng Ge သြားၾကည့္ေသာအခါ..လြန္ခဲ့သည့္ဆယ္ရက္က
An Chen ၏နံပါတ္မွ ေခၚဆိုမႈတစ္ခုကို လက္ခံထားေၾကာင္း ေတြ႕လိုက္ရပါသည္။

>>>>>>>>><<<<<<<<<<<

Continue Reading

You'll Also Like

245K 24.2K 187
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
278K 5.9K 36
18+ ကိုမွဇတ္အိမ္ေလးနဲ႔သြားမွာ ukeက ဒြိလိင္ ပါ ႀကိဳက္မွဖက္ပါ မီးနီခန္းေတြပါတာမို႔ ေထြေထြထူးထူးမေျပာေတာ့ပါဘူး
321K 19K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
539K 63.5K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...