သရဲအိမ္ထဲမွ ဖူးစာရွင္

By MayKingMK119

179K 36.3K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy More

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်

707 179 4
By MayKingMK119

Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်



"မင်း တကယ်ပြောတာလား၊ ဒါ က ခြိမ်းခြောက်မှု တစ်ခုလိုဖြစ်နေသလားလို့"

လျှိုတောက်က ချန်ကော နောက်နေသလားဟု ထင်ခဲ့မိပေမယ့် ချန်ကောက အတည်ပြောနေသည်ကိုတွေ့လိုက်ရသည်။

   သူက ချန်ကော ကိုကောင်းကောင်းမသိခဲ့ပေမယ့် သူကသာမန်လူနဲ့ နည်းနည်းကွာခြားတယ်ဆိုတာတော့ သိခဲ့တယ်။

" ဟင့်အင်း..ကျွန်တော် အတည်ပြောနေတာ...ကျွန်တော်ပြောတဲ့အတိုင်း ချင်ကွမ်းကိုသာ ပြောလိုက်ပါ။   "

ချန်ကော ၏အသံက တည်ငြိမ်နေသည်။ သူက ဘယ်လောက်ကြင်နာတတ်တဲ့ သူလဲလို့ သူ့ကိုယ်သူချီးကျူးကာ ဆက်ပြောလိုက်သည်။

 "အဆုံးသတ်မှာတော့ ကျွန်တော်တို့က ပြိုင်ဘက်တွေပဲ။ သူက အရှက်မရှိဘူးဆိုပေမယ့် သူက သေလမ်းကို လျှောက်နေတာကိုတော့ ကျွန်တော် မမြင်ချင်ဘူး။ ဒါ့အပြင်သူ့ livestream မှာ ဒီလောက်ကြီးမားတဲ့အဖွဲ့သားတွေ ပါဝင်နေတာပဲ၊ သူတို့ က အပြစ်မဲ့တဲ့ လူ့အသက်တွေပါ။ သူတို့ အသက်တွေကို ထည့်သွင်း စဉ်းစားပါလို့ ပြောပေးပါ။ "

ပြိုင်ဘက်လား? သေခြင်းလား? အပြစ်မဲ့တဲ့ အသက်တွေလား။ ငါတို့ကေ ခါင်းစဉ်တစ်ခုတည်းပြောနေတာ မဟုတ်လား။ လျှိုတောက်က သူတို့ထဲက တစ်ယောက်ယောက်က အရက်မူးနေသလို ခံစားလိုက်ရတယ်။ ချန်ကောက ချင်ကွမ်းကို ပြောခိုင်းလိုက်တဲ့စကားက - သူ့ကို အတုခိုးပြီ းဆက်လုပ်ရင် သေမယ်... ဒီစကားတွေကို သူက ဘယ်လို တဆင့်ပြောပြပေးရဲမလဲ..

 "ချန်ကော... မင်း ဒေါသထွက်နေတာကို ငါ သိပါတယ်၊ ဒါပေမယ့် စိတ်အေးအေးထားပါ။ ငါတို့က သူ့ကိုကျော်ဖြတ်ဖို့ ငါတို့ရဲ့ တင်ဆက်မယ့် အကြောင်းအရာတွေကိုသုံးနိုင်တယ်လေကွာ၊ ခြိမ်းခြောက်တာတွေကို  လုပ်ဖို့ မလိုဘူး။ တစ်ခုခု အရေးကြောင်း ရှိရင် ချင်ကွမ်းက အဲ့ဒါကို ကိုင်ထားပြီး ငါတို့ကို တရားစွဲနိုင်တယ်။ "

လျှိုတောက်က ချန်ကောကို အကြံပေးဖို့ကြိုးစားနေတယ်။ နောက်ဆုံးတော့ သူတို့က အလုပ်တွဲလုပ်ဖို့ စာချုပ်ကိုလက်မှတ်ထိုးပြီးပြီ၊ သူတို့ရဲ့ပထမဆုံး တရားဝင်ပူးပေါင်းဆောင်ရွက်မှုက မနက်ဖြန်မှာ စမှာဖြစ်တယ်။  ဒါကြောင့် ချန်ကောကို ဒီလိုအရေးကြီးတဲ့အချိန်မှာ မိုက်မဲတဲ့အရာကို သူ မလုပ်စေချင်ဘူး။

"ကျွန်တော် ရှင်းပြရင်လည်း ခင်ဗျား နားလည်မှာမဟုတ်ဘူး။ "

ချန်ကာသည်သူ၏သရဲအိမ်ဆီသို့ လမ်းလျှောက်သွားကာ ဖုန်းထဲကနေ ဖြေလိုက်သည်။

"တခြားဘာမှ မရှိရင် မနက်ဖြန်နေ့လည်မှ တွေ့မယ်"

"စောစောလာဖို့ သတိရပါ။ ငါတို့ မင်းနဲ့ဆွေးနွေးချင်တဲ့ အသေးစိတ်အချက်လက်တွေ အများကြီးရှိတယ်။ "

"သိပြီ။ "

ဖုန်းချလိုက်ပြီးနောက် ချန်ကော ကအား လျော့သွားသည်။ သူက livestream က ဒီလောက်အရေးကြီးတယ်လို့ သူ မထင်ခဲ့ဘူး။ ချင်ကွမ်း ဒါမှမဟုတ် ကျော်ကြားမှုဆိုတာ သူ့အတွက် အပိုဆုသက်သက်သာဖြစ်သည်။ တကယ်တော့ သူက

  သူသည် သရဲအိမ် ဆက်လက်လည်ပတ်နိုင်ရန် နှင့် သူ့မိဘများကျန်ရစ်ခဲ့သော သဲလွန်စများကိုရှာဖွေရန်ကိုသာ ဂရုစိုက်ခဲ့သည်။ ချန်ကောသည် သရဲအိမ် ဘေးရှိ သစ်ပင်ထိပ်ကို မော့ကြည့်လိုက်ပေမယ့် ကြောင်ဖြူကို  မတွေ့ရပေ။

နောက်ဆုံးတော့ သူက ထွက်ခွာသွားပြီလား။ ချန်ကော သည်ထိုကြောင်နှင့်အတော်လေးရင်းနှီးလာသည်။ အရောင်အသွေးစုံသော မျက်လုံးများသည်လမ်းလွဲနေသူများအတွက် ကြောက်စရာဖြစ်နေသော်လည်း သူက သက်ရှိဖြစ်လိုက သူ မနေချင်ရင် အတင်းနေခိုင်းလို့မဖြစ်ပေ။
 

ကြောင်ဖြူ ထွက်ခွာသွားသည်ကို သတိပြုမိသည့်အခါ ချန်ကောက အတော်လေးစိတ်မကောင်းဖြစ်ခဲ့သည်။ သူသည်သရဲအိမ်ထဲသို့ ၀ င်သွားပြီး ရှည်လျားသောစင်္ကြံ၌ သူ တစ်ယောက်တည်းရှိသည်ကို တွေ့ရတော့ သည်။ သရဲအိမ်က ညမှာတော်တော်အသက်မဲ့ဆိုတာ သတိထားလိုက်မိသည်။

  သူသည်စင်္ကြံလမ်းမီးများကို ဖွင့်လိုက်သောအခါ သူ၏အထီးကျန်ဆန်သော အရိပ်သည်စင်္ကြံပေါ်သို့ကျ ဆင်းလာသည်။ ဒါဟာ တော်တော်လေး အထီးကျန်ဆန်ပုံရပေမယ့်သူက ဒါကို ကျင့်သားရနေပါပြီ။

 
သူသည်သန့်ရှင်းရေး လုပ်ရန် ၀ န်ထမ်းခန်းသို့ မသွားမီ မျက်နှာကိုသုတ်ရန် ရေချိုးခန်းထဲသို့ ၀ င်သွားသည်။ မဝင်ခင်မှာ သူက ထူးဆန်းတဲ့အရာတစ်ခုကို သတိထားမိလိုက်တယ်။ ရေချိုးခန်းတံခါးက ဘာကြောင့်ဖွင့်ထားတာလဲ။


ရေချိုးခန်းသို့ ဝင်ရန် သော့နှစ်စုံရှိပြီး   တစ်ခုကို သူက သိမ်းထားကာ ကျန်တစ်ခုကို  တံခါးဘောင်အထက်မှာ ဝှက်ထားတယ်။ ဒီဟာက အခြား သရဲအိမ်ဝန်ထမ်းများ အသုံးပြုရ အဆင်ပြေစေရန်ဖြစ်သည်။ ဒီပုန်းလျှိုးကွယ်လျှိုးရာ နေရာကို အရင်တုန်းက သရဲအိမ်မှာ အလုပ်လုပ်ခဲ့တဲ့သူတွေပဲ သိခဲ့တယ်။

ရွှီဝမ်သာဆိုလျှင် သူမ ထွက်မသွားခင်တံခါးကို သော့ခတ်ထားခဲ့လိမ့်မည်။ အပြင်လူ တစ်ယောက်သည် အိမ်သာ ရေချိုးခန်းထဲသို့ ဝင်သွားပုံရသည်။ ချန်ကော သည်   Doctor အရိုးကိုင်လေ့ရှိသည့် သွေးစွန်းနေသည့် သံတူကို ယူကာ ထွက်လာခဲ့သည်။
 
သူက ရေချိုးခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ အခန်းက မှိန်နေပြီး ဘယ်သူ့ကိုမှ မမြင်ရပေ။

သော့သည်တံခါးဘောင်ပေါ်တွင်မရှိခဲ့တော့ပေ။  သူခိုးကသော့ကို ယူသွားပြီလား။ ချန်ကောသည်    အခန်းတစ်ဝိုက်ကို လှည့်ကြည့်လိုက်ပြီး ခြားနားချက်မှာ စားပွဲပေါ်တွင် မလျှော်ရသေးသည့် အ ၀ တ်တစ်ထည်သာ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။

ဒီမနက်ငါ ဒါကို ဒီကုတင်ဘေးမှာ ချိတ်ဆွဲထားတာပါ... အခု ဘာလို့စားပွဲပေါ်မှာရှိနေရတာလဲ။ သူက မီးကိုဖွင့်လိုက်ပြီး ဂျာကင်ကိုပြန်ယူဖို့ တူကို အသုံးပြုလိုက်တယ်။

ညစ်ပတ်နေသော အင်္ကျီအောက်တွင်ဖြူစင်သောကြောင်တစ်ကောင် ရှိနေခဲ့သည်။ ကြောင်ဖြူမလေးသည် စိတ်မရှည်မှုဖြင့် ဦး ခေါင်းကိုရွှေ့လိုက်ပြီး သူ၏မတူညီသော အရောင်နှစ်မျိုးရှိသည့် မျက်လုံးတစ်စုံက မကျေနပ်မှုများဖြင့်တောက်ပနေသည်။ ချန်ကောကသူ့နောက်ကို ကြည့်လိုက်တော့ ညစ်ပတ်တဲ့ လက်ချုပ်အရုပ်မလေးတစ်ခုက ကြောင်လေးရဲ့   အမြီးပေါ်မှာအိပ်နေတာကိုတွေ့လိုက်ရသည်။  ကြောင်ဖြူ၏အမြီးကိုဖမ်းရန်ကြိုးစားနေဟန်တူသော သေးငယ်သော အရုပ်မလေးတစ်ကောင်သည်ပေါ်လာသော်လည်း ချန်ကော ရုတ်တရက်ကြီးဝင်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမ၏ခန္ဓာကိုယ်သည် ကြောက်ရွံ့ခြင်းကြောင့် အေးခဲသွားပြီး အလိုလိုပင်သူမက သေချင်ယောင်ဆောင်နေခဲ့သည်။

"ရှောင်းရှောင်းလား?"

 ဒီမြင်ကွင်းက သူ့ကိုအံ့သြသွားစေသည်။ ဒီကြောင်နဲ့ အရုပ်က တစ်ယောက်နဲ့တစ်ယောက် အတူတူရှိနေလို့ မရဘူး မဟုတ်လား။

အဖြူရောင်ကြောင်၊ ဂျာကင်အင်္ကျီအဟောင်း ... ဒါက ဘာကိုဆိုလိုတာလဲ..

ချန်ကော သည်ဂျာကင်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ သတိရလိုက်သည်။ အဲဒီညမှာကြောင်ကို ဆရာဝန်ဆီခေါ်သွားတဲ့အခါ သူကကြောင်အမေကြီး နဲ့ကြောင်လေးတွေကို ဖုံးဖို့ သူ့ကိုယ်ပိုင်ဂျာကင်အင်္ကျီကို သုံးခဲ့တယ်။

ဂျာကင်အင်္ကျီပေါ်တွင်ကြောင်လေးကောင် ၏အနံ့လည်း ရှိနေတာ ဖြစ်နိုင်သည်။ ကြောင်နှင့် အင်္ကျီများပါသောတောင်းနှင့်ဂျာကင်များအားလုံးသည် ရေချိုးခန်းတွင်ရှိသော်လည်း အခန်းကိုပိတ်ထားသည်။

တံခါးဘောင်အထက်မှ ဝှက်ထားသောသော့သည်လူအများစုအတွက်လျှို့ဝှက်ချက်ဖြစ်သော်လည်း၊ သရဲအိမ်ကိုေ နေ့စဉ်လှည့်လည်နေသော ရှောင်းရှောင်းအတွက်သူမကို သော့ဘယ်မှာထားတယ်ဆိုတာ လျှို့ဝှက်ထားလို့မရပေ။

  တစ်ခုခုဆိုလျှင် ရှောင်းရှောင်း သည် သရဲအိမ် အကြောင်းကို ချန်ကောထက်ပင် ပိုသိနေလိမ့်မည်။

ချန်ကောသည် ရှောင်းရှောင်း အား သူမ၏ခြေထောက်မှ ဆွဲကာ သူမကိုလေထဲမှာနှစ်ကြိမ်လောက် ခါယမ်းလိုက်သည်။ ထို့နောက် သူမ၏အိတ်ကပ်ထဲမှ ကြေးနီသော့တစ်ချောင်းကျသွားသည်။

"မင်းက သရဲအိမ်ရဲ့မန်နေဂျာဖြစ်ဖို့ကြိုးစားနေတာလား။ "

ချန်ကောက ရယ်ရမလား ငိုရမလား မသိတော့ပေ။

  သူက ရှောင်းရှောင်းကိုကြောင်ဖြူအနားမှာထားခဲ့ပြီး တံခါးဘောင်ပေါ်မှာ သော့ကို ပြန်ထားလိုက်တယ်။ ချမ်းအေးသောစင်္ကြံ၌ရပ်နေသော ချန်ကော၏ အဆောင်ခန်းသည်ထူး ဆန်းစွာတောက်ပပြီးနွေးထွေးနေသည်ကို ခံစားမိလိုက်သည်။

ရှောင်းရှောင်းကတိတ်တိတ်လေးနေလိုက်သည်။ စားပွဲပေါ်ကကြောင်ဖြူ  သူမအား အေးစက်စက် ကြည့်နေပေမယ့် သူမက ရှောင်းရှောင်းကို ဘေးဘက်သို့ တွန်းမပစ်ခဲ့ပေ။ ကြောင်လေးက  စားပွဲပေါ်တွင်ပျင်းရိစွာ ဝပ်နေပြီး မည်သည့်အရာကိုမှ ထိခိုက်အောင် လုပ်ထားပုံမပေါ်ပေ။

ဒါကိုကြည့်ပြီးချန်ကော ၏နှုတ်ခမ်းများသည် ကော့တက်သွားသည်။ ငါ ဒီမှာတစ်ယောက်တည်း နေခဲ့ဖူးပေမယ့ ်အခုတော်တော် စည်ကားလာခဲ့ပြီပဲ ဟုတွေးနေသည်။

 

တံခါးပိတ်ပြီးနောက် ချန်ကောက ထိုင်ခုံပေါ်ထိုင်လိုက်သည်။ သူက အနက်ရောင်ဖုန်းကိုထုတ်ပြီး သူ့ရဲ့နေ့စဉ်မစ်ရှင်တွေကို စတင်စစ်ဆေးခဲ့တယ်။ မစ်ရှင်သုံးခုစလုံးသည် အလုပ်သမားများပိုမိုငှားရမ်းရန်၊ လုံခြုံရေးစစ်ဆေးမှုလုပ်ဆောင်ရန်နှင့် မုယန် အထက်တန်းကျောင်းအတွက်ခိုင်မာသော တံခါးတပ်ဆင်ရန်ဖြစ်သည်။

အားလုံးသော မစ်ရှင်များသည် သရဲအိမ်ထဲ မှဖြေရှင်းရန်လိုအပ်သောပြသနာများဖြစ်သည်။ ချန်ကော သည် သရဲအိမ်၏သတင်းအချက်အလက်ကို  အသစ်ကိုမိတ်ဆက်ခြင်းနှင့် ဆက်တင်အသစ်ကို စမ်းသပ်သူများအတွက် ဆုငွေများနှင့်ပတ်သတ်သည့် အချက်အလက်များထည့်ခြင်းဖြင့် အင်တာနက်ပေါ်က သူ့ page မှာ update လုပ်ခဲ့သည်။ ထို့နောက် ချန်ကော သည် လူသစ် စုဆောင်းရေး အတွက် အလုပ်ကိုင်၊ ရာထူးကို အွန်လိုင်း၌တင်ခဲ့သည်။ သူ့ဝန်ထမ်းအသစ်အတွက် လိုအပ်ချက်တစ်ခုမှ  ထိုလူသည်သတ္တိရှိရန်သာ လိုအပ်သည်။

ငါ လူသစ်ရှာမှဖြစ်မယ်။ မဟုတ်ရင်အန်ကယ်ရွှီက ငါ့ကို လက်မှတ်ရောင်းကူလို့ရပေမယ့်  သူတို့လုပ်ငန်းက ဆက်လက်ကြီးထွားလာဦးမယ်ဖြစ်လို့ အခုကတည်းက လူရှာပြီး သူ့ဖာသာစီမံနိုင်အောင် လုပ်ရမည် ဖြစ်သည်။    ဒါပေမယ့်သရဲအိမ်ကကြီးလာတာနဲ့အမျှ လုံခြုံရေးကိစ္စကိုလျစ်လျူရှုလို့မရဘူး။ ကျွန်ုပ်၏နေ့စဉ်တာဝန်အဖြစ်လုံခြုံရေး ရွေးချယ်မှုကို ဦးစားပေးသင့်သည်။

ချန်ကောက ထရပ်လိုက်သည်။ သူသည် သရဲအိမ် ရှိလုံခြုံရေးအန္တရာယ်အားလုံးကို စစ်ဆေးပြီး စည်းမျဉ်းသစ်များ ချမှတ်ခဲ့သည်၊ သို့သော် ဖုန်းအနက်က မစ်ရှင် ကမပြီးဟုပြောခဲ့သည်။

ပြဿနာက ဘာလဲ? အခြေအနေအားလုံးကို ငါ စစ်ဆေးပြီးပြီ၊ ဘာကြောင့် မစ်ရှင်မပြီးသေးတာလဲ။ ချန်ကော သည်အနက်ရောင်ဖုန်းနှင့် အတူရပ်လိုက်သည်။ သူသည်မနက်ဖြန်တွင် ကြယ်သုံးပွင့်ဆိုင်စမ်းသပ်မှုမစ်ရှင်ကို ပြုလုပ်ရန်လိုအပ်ပေမည်၊ ထို့ကြောင့်ပြင်ဆင်ရန် အချိန်လိုအပ်သည်။ သူသည် နေ့စဉ်မစ်ရှင်အတွက် အချိန် ဖြုန်းတီးလို့ မရပေ။

 ခဏနေဦး...လုံခြုံရေးအတွက် လိုအပ်နေသေးတာက ရေချိုးခန်းထဲက မှန် ဖြစ်နိုင်မလား။


**-***













Chapter (147) _ ေၾကာင္ျဖဴေလး၏ေထာက္ခံခ်က္

"မင္း တကယ္ေျပာတာလား၊ ဒါ က ၿခိမ္းေျခာက္မႈ တစ္ခုလိုျဖစ္ေနသလားလို႔"

လွ်ိဳေတာက္က ခ်န္ေကာ ေနာက္ေနသလားဟု ထင္ခဲ့မိေပမယ့္ ခ်န္ေကာက အတည္ေျပာေနသည္ကိုေတြ႕လိုက္ရသည္။

   သူက ခ်န္ေကာ ကိုေကာင္းေကာင္းမသိခဲ့ေပမယ့္ သူကသာမန္လူနဲ႔ နည္းနည္းကြာျခားတယ္ဆိုတာေတာ့ သိခဲ့တယ္။

" ဟင့္အင္း..ကြၽန္ေတာ္ အတည္ေျပာေနတာ...ကြၽန္ေတာ္ေျပာတဲ့အတိုင္း ခ်င္ကြမ္းကိုသာ ေျပာလိုက္ပါ။   "

ခ်န္ေကာ ၏အသံက တည္ၿငိမ္ေနသည္။ သူက ဘယ္ေလာက္ၾကင္နာတတ္တဲ့ သူလဲလို႔ သူ႔ကိုယ္သူခ်ီးက်ဴးကာ ဆက္ေျပာလိုက္သည္။

 "အဆုံးသတ္မွာေတာ့ ကြၽန္ေတာ္တို႔က ၿပိဳင္ဘက္ေတြပဲ။ သူက အရွက္မရွိဘူးဆိုေပမယ့္ သူက ေသလမ္းကို ေလွ်ာက္ေနတာကိုေတာ့ ကြၽန္ေတာ္ မျမင္ခ်င္ဘူး။ ဒါ့အျပင္သူ႔ livestream မွာ ဒီေလာက္ႀကီးမားတဲ့အဖြဲ႕သားေတြ ပါဝင္ေနတာပဲ၊ သူတို႔ က အျပစ္မဲ့တဲ့ လူ႔အသက္ေတြပါ။ သူတို႔ အသက္ေတြကို ထည့္သြင္း စဥ္းစားပါလို႔ ေျပာေပးပါ။ "

ၿပိဳင္ဘက္လား? ေသျခင္းလား? အျပစ္မဲ့တဲ့ အသက္ေတြလား။ ငါတို႔ေက ခါင္းစဥ္တစ္ခုတည္းေျပာေနတာ မဟုတ္လား။ လွ်ိဳေတာက္က သူတို႔ထဲက တစ္ေယာက္ေယာက္က အရက္မူးေနသလို ခံစားလိုက္ရတယ္။ ခ်န္ေကာက ခ်င္ကြမ္းကို ေျပာခိုင္းလိုက္တဲ့စကားက - သူ႔ကို အတုခိုးၿပီ းဆက္လုပ္ရင္ ေသမယ္... ဒီစကားေတြကို သူက ဘယ္လို တဆင့္ေျပာျပေပးရဲမလဲ..

 "ခ်န္ေကာ... မင္း ေဒါသထြက္ေနတာကို ငါ သိပါတယ္၊ ဒါေပမယ့္ စိတ္ေအးေအးထားပါ။ ငါတို႔က သူ႔ကိုေက်ာ္ျဖတ္ဖို႔ ငါတို႔ရဲ႕ တင္ဆက္မယ့္ အေၾကာင္းအရာေတြကိုသုံးႏိုင္တယ္ေလကြာ၊ ၿခိမ္းေျခာက္တာေတြကို  လုပ္ဖို႔ မလိုဘူး။ တစ္ခုခု အေရးေၾကာင္း ရွိရင္ ခ်င္ကြမ္းက အဲ့ဒါကို ကိုင္ထားၿပီး ငါတို႔ကို တရားစြဲႏိုင္တယ္။ "

လွ်ိဳေတာက္က ခ်န္ေကာကို အႀကံေပးဖို႔ႀကိဳးစားေနတယ္။ ေနာက္ဆုံးေတာ့ သူတို႔က အလုပ္တြဲလုပ္ဖို႔ စာခ်ဳပ္ကိုလက္မွတ္ထိုးၿပီးၿပီ၊ သူတို႔ရဲ႕ပထမဆုံး တရားဝင္ပူးေပါင္းေဆာင္႐ြက္မႈက မနက္ျဖန္မွာ စမွာျဖစ္တယ္။  ဒါေၾကာင့္ ခ်န္ေကာကို ဒီလိုအေရးႀကီးတဲ့အခ်ိန္မွာ မိုက္မဲတဲ့အရာကို သူ မလုပ္ေစခ်င္ဘူး။

"ကြၽန္ေတာ္ ရွင္းျပရင္လည္း ခင္ဗ်ား နားလည္မွာမဟုတ္ဘူး။ "

ခ်န္ကာသည္သူ၏သရဲအိမ္ဆီသို႔ လမ္းေလွ်ာက္သြားကာ ဖုန္းထဲကေန ေျဖလိုက္သည္။

"တျခားဘာမွ မရွိရင္ မနက္ျဖန္ေန႔လည္မွ ေတြ႕မယ္"

"ေစာေစာလာဖို႔ သတိရပါ။ ငါတို႔ မင္းနဲ႔ေဆြးေႏြးခ်င္တဲ့ အေသးစိတ္အခ်က္လက္ေတြ အမ်ားႀကီးရွိတယ္။ "

"သိၿပီ။ "

ဖုန္းခ်လိုက္ၿပီးေနာက္ ခ်န္ေကာ ကအား ေလ်ာ့သြားသည္။ သူက livestream က ဒီေလာက္အေရးႀကီးတယ္လို႔ သူ မထင္ခဲ့ဘူး။ ခ်င္ကြမ္း ဒါမွမဟုတ္ ေက်ာ္ၾကားမႈဆိုတာ သူ႔အတြက္ အပိုဆုသက္သက္သာျဖစ္သည္။ တကယ္ေတာ့ သူက

  သူသည္ သရဲအိမ္ ဆက္လက္လည္ပတ္ႏိုင္ရန္ ႏွင့္ သူ႔မိဘမ်ားက်န္ရစ္ခဲ့ေသာ သဲလြန္စမ်ားကိုရွာေဖြရန္ကိုသာ ဂ႐ုစိုက္ခဲ့သည္။ ခ်န္ေကာသည္ သရဲအိမ္ ေဘးရွိ သစ္ပင္ထိပ္ကို ေမာ့ၾကည့္လိုက္ေပမယ့္ ေၾကာင္ျဖဴကို  မေတြ႕ရေပ။

ေနာက္ဆုံးေတာ့ သူက ထြက္ခြာသြားၿပီလား။ ခ်န္ေကာ သည္ထိုေၾကာင္ႏွင့္အေတာ္ေလးရင္းႏွီးလာသည္။ အေရာင္အေသြးစုံေသာ မ်က္လုံးမ်ားသည္လမ္းလြဲေနသူမ်ားအတြက္ ေၾကာက္စရာျဖစ္ေနေသာ္လည္း သူက သက္ရွိျဖစ္လိုက သူ မေနခ်င္ရင္ အတင္းေနခိုင္းလို႔မျဖစ္ေပ။
 

ေၾကာင္ျဖဴ ထြက္ခြာသြားသည္ကို သတိျပဳမိသည့္အခါ ခ်န္ေကာက အေတာ္ေလးစိတ္မေကာင္းျဖစ္ခဲ့သည္။ သူသည္သရဲအိမ္ထဲသို႔ ၀ င္သြားၿပီး ရွည္လ်ားေသာစႀကႍ၌ သူ တစ္ေယာက္တည္းရွိသည္ကို ေတြ႕ရေတာ့ သည္။ သရဲအိမ္က ညမွာေတာ္ေတာ္အသက္မဲ့ဆိုတာ သတိထားလိုက္မိသည္။

  သူသည္စႀကႍလမ္းမီးမ်ားကို ဖြင့္လိုက္ေသာအခါ သူ၏အထီးက်န္ဆန္ေသာ အရိပ္သည္စႀကႍေပၚသို႔က် ဆင္းလာသည္။ ဒါဟာ ေတာ္ေတာ္ေလး အထီးက်န္ဆန္ပုံရေပမယ့္သူက ဒါကို က်င့္သားရေနပါၿပီ။

 
သူသည္သန႔္ရွင္းေရး လုပ္ရန္ ၀ န္ထမ္းခန္းသို႔ မသြားမီ မ်က္ႏွာကိုသုတ္ရန္ ေရခ်ိဳးခန္းထဲသို႔ ၀ င္သြားသည္။ မဝင္ခင္မွာ သူက ထူးဆန္းတဲ့အရာတစ္ခုကို သတိထားမိလိုက္တယ္။ ေရခ်ိဳးခန္းတံခါးက ဘာေၾကာင့္ဖြင့္ထားတာလဲ။


ေရခ်ိဳးခန္းသို႔ ဝင္ရန္ ေသာ့ႏွစ္စုံရွိၿပီး   တစ္ခုကို သူက သိမ္းထားကာ က်န္တစ္ခုကို  တံခါးေဘာင္အထက္မွာ ဝွက္ထားတယ္။ ဒီဟာက အျခား သရဲအိမ္ဝန္ထမ္းမ်ား အသုံးျပဳရ အဆင္ေျပေစရန္ျဖစ္သည္။ ဒီပုန္းလွ်ိဳးကြယ္လွ်ိဳးရာ ေနရာကို အရင္တုန္းက သရဲအိမ္မွာ အလုပ္လုပ္ခဲ့တဲ့သူေတြပဲ သိခဲ့တယ္။

႐ႊီဝမ္သာဆိုလွ်င္ သူမ ထြက္မသြားခင္တံခါးကို ေသာ့ခတ္ထားခဲ့လိမ့္မည္။ အျပင္လူ တစ္ေယာက္သည္ အိမ္သာ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားပုံရသည္။ ခ်န္ေကာ သည္   Doctor အ႐ိုးကိုင္ေလ့ရွိသည့္ ေသြးစြန္းေနသည့္ သံတူကို ယူကာ ထြက္လာခဲ့သည္။
 
သူက ေရခ်ိဳးခန္းတံခါးကိုတြန္းဖြင့္လိုက္သည္။ အခန္းက မွိန္ေနၿပီး ဘယ္သူ႔ကိုမွ မျမင္ရေပ။

ေသာ့သည္တံခါးေဘာင္ေပၚတြင္မရွိခဲ့ေတာ့ေပ။  သူခိုးကေသာ့ကို ယူသြားၿပီလား။ ခ်န္ေကာသည္    အခန္းတစ္ဝိုက္ကို လွည့္ၾကည့္လိုက္ၿပီး ျခားနားခ်က္မွာ စားပြဲေပၚတြင္ မေလွ်ာ္ရေသးသည့္ အ ၀ တ္တစ္ထည္သာ ရွိေနသည္ကို သူ ေတြ႕လိုက္ရသည္။

ဒီမနက္ငါ ဒါကို ဒီကုတင္ေဘးမွာ ခ်ိတ္ဆြဲထားတာပါ... အခု ဘာလို႔စားပြဲေပၚမွာရွိေနရတာလဲ။ သူက မီးကိုဖြင့္လိုက္ၿပီး ဂ်ာကင္ကိုျပန္ယူဖို႔ တူကို အသုံးျပဳလိုက္တယ္။

ညစ္ပတ္ေနေသာ အက်ႌေအာက္တြင္ျဖဴစင္ေသာေၾကာင္တစ္ေကာင္ ရွိေနခဲ့သည္။ ေၾကာင္ျဖဴမေလးသည္ စိတ္မရွည္မႈျဖင့္ ဦး ေခါင္းကိုေ႐ႊ႕လိုက္ၿပီး သူ၏မတူညီေသာ အေရာင္ႏွစ္မ်ိဳးရွိသည့္ မ်က္လုံးတစ္စုံက မေက်နပ္မႈမ်ားျဖင့္ေတာက္ပေနသည္။ ခ်န္ေကာကသူ႔ေနာက္ကို ၾကည့္လိုက္ေတာ့ ညစ္ပတ္တဲ့ လက္ခ်ဳပ္အ႐ုပ္မေလးတစ္ခုက ေၾကာင္ေလးရဲ႕   အၿမီးေပၚမွာအိပ္ေနတာကိုေတြ႕လိုက္ရသည္။  ေၾကာင္ျဖဴ၏အၿမီးကိုဖမ္းရန္ႀကိဳးစားေနဟန္တူေသာ ေသးငယ္ေသာ အ႐ုပ္မေလးတစ္ေကာင္သည္ေပၚလာေသာ္လည္း ခ်န္ေကာ ႐ုတ္တရက္ႀကီးဝင္လာလိမ့္မည္ဟု သူမ မေမွ်ာ္လင့္ခဲ့ေပ။ သူမ၏ခႏၶာကိုယ္သည္ ေၾကာက္႐ြံ႕ျခင္းေၾကာင့္ ေအးခဲသြားၿပီး အလိုလိုပင္သူမက ေသခ်င္ေယာင္ေဆာင္ေနခဲ့သည္။

"ေရွာင္းေရွာင္းလား?"

 ဒီျမင္ကြင္းက သူ႔ကိုအံ့ၾသသြားေစသည္။ ဒီေၾကာင္နဲ႔ အ႐ုပ္က တစ္ေယာက္နဲ႔တစ္ေယာက္ အတူတူရွိေနလို႔ မရဘူး မဟုတ္လား။

အျဖဴေရာင္ေၾကာင္၊ ဂ်ာကင္အက်ႌအေဟာင္း ... ဒါက ဘာကိုဆိုလိုတာလဲ..

ခ်န္ေကာ သည္ဂ်ာကင္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး သူ သတိရလိုက္သည္။ အဲဒီညမွာေၾကာင္ကို ဆရာဝန္ဆီေခၚသြားတဲ့အခါ သူကေၾကာင္အေမႀကီး နဲ႔ေၾကာင္ေလးေတြကို ဖုံးဖို႔ သူ႔ကိုယ္ပိုင္ဂ်ာကင္အက်ႌကို သုံးခဲ့တယ္။

ဂ်ာကင္အက်ႌေပၚတြင္ေၾကာင္ေလးေကာင္ ၏အနံ႔လည္း ရွိေနတာ ျဖစ္ႏိုင္သည္။ ေၾကာင္ႏွင့္ အက်ႌမ်ားပါေသာေတာင္းႏွင့္ဂ်ာကင္မ်ားအားလုံးသည္ ေရခ်ိဳးခန္းတြင္ရွိေသာ္လည္း အခန္းကိုပိတ္ထားသည္။

တံခါးေဘာင္အထက္မွ ဝွက္ထားေသာေသာ့သည္လူအမ်ားစုအတြက္လွ်ိဳ႕ဝွက္ခ်က္ျဖစ္ေသာ္လည္း၊ သရဲအိမ္ကိုေ ေန႔စဥ္လွည့္လည္ေနေသာ ေရွာင္းေရွာင္းအတြက္သူမကို ေသာ့ဘယ္မွာထားတယ္ဆိုတာ လွ်ိဳ႕ဝွက္ထားလို႔မရေပ။

  တစ္ခုခုဆိုလွ်င္ ေရွာင္းေရွာင္း သည္ သရဲအိမ္ အေၾကာင္းကို ခ်န္ေကာထက္ပင္ ပိုသိေနလိမ့္မည္။

ခ်န္ေကာသည္ ေရွာင္းေရွာင္း အား သူမ၏ေျခေထာက္မွ ဆြဲကာ သူမကိုေလထဲမွာႏွစ္ႀကိမ္ေလာက္ ခါယမ္းလိုက္သည္။ ထို႔ေနာက္ သူမ၏အိတ္ကပ္ထဲမွ ေၾကးနီေသာ့တစ္ေခ်ာင္းက်သြားသည္။

"မင္းက သရဲအိမ္ရဲ႕မန္ေနဂ်ာျဖစ္ဖို႔ႀကိဳးစားေနတာလား။ "

ခ်န္ေကာက ရယ္ရမလား ငိုရမလား မသိေတာ့ေပ။

  သူက ေရွာင္းေရွာင္းကိုေၾကာင္ျဖဴအနားမွာထားခဲ့ၿပီး တံခါးေဘာင္ေပၚမွာ ေသာ့ကို ျပန္ထားလိုက္တယ္။ ခ်မ္းေအးေသာစႀကႍ၌ရပ္ေနေသာ ခ်န္ေကာ၏ အေဆာင္ခန္းသည္ထူး ဆန္းစြာေတာက္ပၿပီးေႏြးေထြးေနသည္ကို ခံစားမိလိုက္သည္။

ေရွာင္းေရွာင္းကတိတ္တိတ္ေလးေနလိုက္သည္။ စားပြဲေပၚကေၾကာင္ျဖဴ  သူမအား ေအးစက္စက္ ၾကည့္ေနေပမယ့္ သူမက ေရွာင္းေရွာင္းကို ေဘးဘက္သို႔ တြန္းမပစ္ခဲ့ေပ။ ေၾကာင္ေလးက  စားပြဲေပၚတြင္ပ်င္းရိစြာ ဝပ္ေနၿပီး မည္သည့္အရာကိုမွ ထိခိုက္ေအာင္ လုပ္ထားပုံမေပၚေပ။

ဒါကိုၾကည့္ၿပီးခ်န္ေကာ ၏ႏႈတ္ခမ္းမ်ားသည္ ေကာ့တက္သြားသည္။ ငါ ဒီမွာတစ္ေယာက္တည္း ေနခဲ့ဖူးေပမယ့ ္အခုေတာ္ေတာ္ စည္ကားလာခဲ့ၿပီပဲ ဟုေတြးေနသည္။

 

တံခါးပိတ္ၿပီးေနာက္ ခ်န္ေကာက ထိုင္ခုံေပၚထိုင္လိုက္သည္။ သူက အနက္ေရာင္ဖုန္းကိုထုတ္ၿပီး သူ႔ရဲ႕ေန႔စဥ္မစ္ရွင္ေတြကို စတင္စစ္ေဆးခဲ့တယ္။ မစ္ရွင္သုံးခုစလုံးသည္ အလုပ္သမားမ်ားပိုမိုငွားရမ္းရန္၊ လုံၿခဳံေရးစစ္ေဆးမႈလုပ္ေဆာင္ရန္ႏွင့္ မုယန္ အထက္တန္းေက်ာင္းအတြက္ခိုင္မာေသာ တံခါးတပ္ဆင္ရန္ျဖစ္သည္။

အားလုံးေသာ မစ္ရွင္မ်ားသည္ သရဲအိမ္ထဲ မွေျဖရွင္းရန္လိုအပ္ေသာျပသနာမ်ားျဖစ္သည္။ ခ်န္ေကာ သည္ သရဲအိမ္၏သတင္းအခ်က္အလက္ကို  အသစ္ကိုမိတ္ဆက္ျခင္းႏွင့္ ဆက္တင္အသစ္ကို စမ္းသပ္သူမ်ားအတြက္ ဆုေငြမ်ားႏွင့္ပတ္သတ္သည့္ အခ်က္အလက္မ်ားထည့္ျခင္းျဖင့္ အင္တာနက္ေပၚက သူ႔ page မွာ update လုပ္ခဲ့သည္။ ထို႔ေနာက္ ခ်န္ေကာ သည္ လူသစ္ စုေဆာင္းေရး အတြက္ အလုပ္ကိုင္၊ ရာထူးကို အြန္လိုင္း၌တင္ခဲ့သည္။ သူ႔ဝန္ထမ္းအသစ္အတြက္ လိုအပ္ခ်က္တစ္ခုမွ  ထိုလူသည္သတၱိရွိရန္သာ လိုအပ္သည္။

ငါ လူသစ္ရွာမွျဖစ္မယ္။ မဟုတ္ရင္အန္ကယ္႐ႊီက ငါ့ကို လက္မွတ္ေရာင္းကူလို႔ရေပမယ့္  သူတို႔လုပ္ငန္းက ဆက္လက္ႀကီးထြားလာဦးမယ္ျဖစ္လို႔ အခုကတည္းက လူရွာၿပီး သူ႔ဖာသာစီမံႏိုင္ေအာင္ လုပ္ရမည္ ျဖစ္သည္။    ဒါေပမယ့္သရဲအိမ္ကႀကီးလာတာနဲ႔အမွ် လုံၿခဳံေရးကိစၥကိုလ်စ္လ်ဴရႈလို႔မရဘူး။ ကြၽႏ္ုပ္၏ေန႔စဥ္တာဝန္အျဖစ္လုံၿခဳံေရး ေ႐ြးခ်ယ္မႈကို ဦးစားေပးသင့္သည္။

ခ်န္ေကာက ထရပ္လိုက္သည္။ သူသည္ သရဲအိမ္ ရွိလုံၿခဳံေရးအႏၲရာယ္အားလုံးကို စစ္ေဆးၿပီး စည္းမ်ဥ္းသစ္မ်ား ခ်မွတ္ခဲ့သည္၊ သို႔ေသာ္ ဖုန္းအနက္က မစ္ရွင္ ကမၿပီးဟုေျပာခဲ့သည္။

ျပႆနာက ဘာလဲ? အေျခအေနအားလုံးကို ငါ စစ္ေဆးၿပီးၿပီ၊ ဘာေၾကာင့္ မစ္ရွင္မၿပီးေသးတာလဲ။ ခ်န္ေကာ သည္အနက္ေရာင္ဖုန္းႏွင့္ အတူရပ္လိုက္သည္။ သူသည္မနက္ျဖန္တြင္ ၾကယ္သုံးပြင့္ဆိုင္စမ္းသပ္မႈမစ္ရွင္ကို ျပဳလုပ္ရန္လိုအပ္ေပမည္၊ ထို႔ေၾကာင့္ျပင္ဆင္ရန္ အခ်ိန္လိုအပ္သည္။ သူသည္ ေန႔စဥ္မစ္ရွင္အတြက္ အခ်ိန္ ျဖဳန္းတီးလို႔ မရေပ။

 ခဏေနဦး...လုံၿခဳံေရးအတြက္ လိုအပ္ေနေသးတာက ေရခ်ိဳးခန္းထဲက မွန္ ျဖစ္ႏိုင္မလား။


**-***
















Continue Reading

You'll Also Like

283K 54.9K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
20.2K 1.7K 53
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
53.2K 5.4K 72
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
53.2K 5.3K 52
#ဘာသာပြန် မဟုတ်ပါ# ရေးသားဖန်တီးသူ - စွဲညို့ ဟယ်ရီပေါ်တာ၊ Halo..၊ Underworld..၊ ပြီးတော့ Marlin.. နောက်ထပ်.. Twilight စသဖြင့် အင်္ဂလိပ်မှော်ကားတွေကို...