နွေဦးလေပြေ🤍

由 Adira_thu

38.9K 1.8K 191

"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... 更多

‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း

နွေဦးလေပြေ🤍(အပိုင်း_၁၂)

738 44 2
由 Adira_thu

Unicode

ဒီနေ့တော့လကုန်ရက်မို့ ကျောင်းသူကျောင်းသားတော်တော်များများကတက်တက်ကြွကြွဖြင့်။မိုးသားတို့ကျောင်းက လတစ်လရဲ့နောက်ဆုံးရက်ရောက်ရင် special dietအနေဖြင့် ကြက်ကြော်၊ဒံပေါက်၊ကြက်ဆီထမင်းတမျိုးမျိုးကျွေးလေ့ရှိသည်။

lectureဝင်မယ့်တီချယ်မလာသဖြင့် အတန်းထဲတွင်စကားပြောသံ၊ရယ်မောသံတို့ဖြင့်ဆူညံ၍နေသည်။
မိုးသားတို့အုပ်စုကတော့ထုံးစံအတိုင်းlecture roomရှေ့ကခုံတွင်သာထိုင်၍ စကားပြောနေကြသည်။
လေနုအေးလေးကတဖြူးဖြူးမို့ ဒီနေ့ကနေရတာတော်တော်လေး အေးချမ်းသည်။

“ခွေးသား ကိုခန့်ထည်နဲ့အဆင်ပြေသွားပြီလား"

"အဟွတ် ဟွတ်"

ဟိန်းထက်ခေါ်သလိုပင်လိုက်ခေါ်သောဆုမြတ်ကြောင့် မိုးသားသောက်လက်စ ရေပင်သီးသွားသည်။
လက်ကလည်းဖြတ်ရိုက်လိုက်ဖို့မမေ့။
အဲ့ဒီဆုမြတ်ဟာလေ မိုးသားကိုဆိုအမြဲအဲ့လိုပဲ။

"ငါ့မှာနာမည်ရှိတယ် နာမည်ခေါ်စမ်း။
ဘယ်လိုကြောင့်သူ့လင်ခေါ်သလိုလိုက်ခေါ်နေလဲမသိဘူး"

"ဟိတ်ကောင် ငါ့လာလွှဲမချနဲ့။ဒီပေါက်ကျော်မတော့ငါမယူနိုင်ဘူး။အားနေ လင်ပဲပေးစားချင်နေတာ"

မိုးသားစကားကို အတင်းထငြင်းသောဟိန်းထက်ကြောင့် အကုန်လုံးသဘောတကျရယ်လိုက်မိသည်။
ဆုမြတ်ကတော့ ပါးစပ်ကပွစိပွစိပြော၍ မျက်စောင်းထိုးလေသည်။
ဘယ်လောက်ပဲခက်ခဲတဲ့ကိစ္စတွေရှိပါစေ သူတို့နဲ့ရှိနေတဲ့အချိန်ဆို မိုးသားတကယ်ပျော်ရသည်။

“အကိုက ညကငါ့ကိုသီချင်းဆိုပြတယ်”

“ဝါး....မိုက်လိုက်တာ”

မျက်လွှာလေးအောက်ချ၍ ရှက်ဝဲဝဲနဲ့မိုးသားဆိုတော့ အကုန်လုံးကတဝိုးဝိုး တဝါးဝါး။

“အဲ့တော့ နင်ကချော့စရာမလိုပဲ အော်တိုပျော့သွားတယ်ပေါ့”

တစ်ချိန်လုံးငြိမ်နေသည့် နှင်းဦးဝေဆီမှအငေါ်တူးသည့်စကားကြောင့် မိုးသားရှိသမျှသွားအကုန်ဖြီးကာ ရယ်ပြလိုက်လေသည်။

“ငါမှအကို့ကို စကားမပြောပဲမနေနိုင်တာဟ။
ပြီးတော့ နင်မသိလို့နော် အကို့အသံအရမ်းကောင်းတာ။ငါ့မှာညကအိမ်မက်တောင်မက်တယ်”

လက်ထဲကရေဗူးကို အသာအယာလှုပ်ခါရင်း မိုးသားပြုံးစိစိနဲ့ဖြေလိုက်မိသည်။
အိမ်မက်ထဲမှာ အကိုကသူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်း ညကဆိုပြတဲ့သီချင်းကိုပဲထပ်ဆိုပြခဲ့တာ။

“Gp chatထဲပို့ပေး။ငါတို့လည်းနားထောင်ကြည့်ချင်တယ်

ဆုမြတ်စကားကိုမိုးသားအသာအယာခေါင်းညိမ့်ရင်းလက်ခံခဲ့မိသည်။

ထိုနေ့က သူငယ်ချင်းတွေဆီ အကိုသီချင်းဆိုထားတဲ့voice clipပို့မိတာမှားမှန်းကြိုသိခဲ့မယ်ဆိုရင်မိုးသားပို့မိမှာမဟုတ်သလို အကိုနဲ့လည်းဆက်ဆံရေးကအေးခဲသွားမှာမဟုတ်ခဲ့ဘူး။
ကျွန်တော်ကပြဿနာတွေကိုမုန်းတယ်အကို။
အကိုနဲ့ဝေးကွာစေမယ့် ပြဿနာမျိုးကိုပိုလို့မုန်းတယ်။

________________💚________________

၆နာရီဘုရားရှိခိုးချိန်ပြီးတာနဲ့ Night Studyအတွက်lectureခန်းထဲသို့ဆင်းရန်ကျောင်းသူ‌ကျောင်းသားအားလုံးတာဆူနေကြသည်။

“အန်တီကြီး ထုံးစံအတိုင်းကော်ဖီအေးနှစ်ခွက်။
ငါးမုန့်ကြော်လည်းယူမယ်နော်”

၇နာရီမထိုးသေးသည်မို့ အန်တီကြီးဆိုင်ကကော်ဖီနှင့်‌မုန့်အရင်လာဝယ်ကြသည်။Night study‌ဆိုတော့ ဆရာတွေကတစ်ခေါက်တစ်လေပဲလာကြည့်တတ်သည်မို့ မုန့်တွေဝယ်ထားပြီးခိုးစားကြရတာကNight studyချိန်‌တွေရဲ့အနှစ်ပဲ။

“ဟိန်းထက် Bed Making Procedureငါ့ကိုပြန်ရှင်းပြပေးဦး။ ငါနေ့လည်ကအိပ်ငိုက်နေလို့”

သွားလေးဖြီး၍ဟိန်းထက်ကိုပြောတော့ ဟိန်းထက်ကမျက်စောင်းထိုးသည်။

“အဲ့ဒါဆိုလည်းဒီညစာမကျက်တော့ဘူး။ အဲ့procedureကိုပဲpracticeလုပ်ကြတာပေါ့။
Demonstration Roomထဲသွားကြရအောင်”

“အဲ့မှာလူမရှိဘူး ငါဟိုနှစ်ယောက်ကိုပါခေါ်ခဲ့မယ်”

Demonstration Roomထဲရောက်သည်နှင့် လိုအပ်တဲ့ပစ္စည်းတွေယူပြီး  ဟိန်းထက်ကprocedureစလုပ်ပြသည်။
မုန့်လေးစားလိုက် စကားများလိုက် မေ့သွားတဲ့stepအတွက် စာအုပ်ထဲစာပြန်ရှာလိုက်နှင့် အားလုံးပြီးစီးသွားတော့ ရှစ်နာရီခွဲကျော်နေပြီဖြစ်သည်။
၉နာရီမှ တန်းဖြုတ်ရမှာသိပေမယ့်လည်း စာဆက်မကျက်ချင်တော့၍ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ မိုးသားချက်ချင်းမျက်နှာပျက်သွားသည်။
Message Boxထဲကစာကမျှော်လင့်နေမိသူဆီကဆိုပေမယ့်လည်း မျှော်လင့်ထားတဲ့အခြေအနေတော့မဟုတ်ခဲ့ဘူး။
ဖုန်းကိုကြည့်ပြီး မျက်နှာပျက်နေတဲ့မိုးသားကိုသူငယ်ချင်းတွေက စိုးရိမ်တကြီးကြည့်နေကြတယ်။

“အကိုမနေ့ကညီလေးကိုသီချင်း‌ဆိုပြတဲ့voice clipဘယ်သူ့ကိုပို့မိသေးလဲညီလေး။
အကို့သူငယ်ချင်းတေဇာက အဲ့voice clipကိုသူငယ်ချင်းတွေကြားမှာဖွင့်ပြပြီး ခန့်ထည်ကfirst yearကကောင်လေးကိုကြောင်နေတယ်လို့ပြောတယ်။
အကိုက မင်းကိုကိုယ့်ညီလိုပဲသဘောထားခဲ့တာ။
အခုလိုတွေဖြစ်လာတော့ အကိုလည်းစိတ်ထဲမကောင်းဘူး”

“အကို့သူငယ်ချင်းကိုဘယ်သူသွားပို့တာလဲ”

မျက်ရည်တွေဝဲလျှက် အံကိုတင်းနေအောင်ကြိတ်ကာ ရှေ့ကသူငယ်ချင်းသုံးယောက်ကိုမေးလိုက်သည်။

“တောင်းပန်ပါတယ်။ငါတကယ်ဒီလိုဖြစ်လာမယ်မှန်းမသိခဲ့လို့ပါ။
ကိုတေဇာနဲ့ငါနဲ့တွဲနေတာ တစ်ပတ်လောက်ရှိပြီ။
ကိုခန့်ထည်သီချင်းဆိုပြတဲ့voice clipကိုသူ့ကိုပို့ပြီး သူရောငါ့ကိုအဲ့လိုမဆိုပြဘူးလားဆိုပြီး မေးလိုက်မိတာ။
ငါတကယ်တောင်းပန်ပါတယ်မိုးသားရယ်”

နှင်းဦးစကားအဆုံးမိုးသား ကြမ်းပြင်ပေါ်ထိုင်ချပြီး မျက်ရည်တွေကျလာခဲ့သည်။

“ဘာလို့လဲ။ဘာလို့လဲ!!
ငါကနင်တို့မို့ ယုံကြည်ပြီးပို့လိုက်တာလေ။
ကိုတေဇာက အကို့သူငယ်ချင်းဆိုတာသိရဲ့သားနဲ့နင်ဘာလို့ မတွေးခဲ့ရတာလဲ”

အကိုကသူ့ဂုဏ်သိက္ခာကိုဘယ်လောက်အလေးထားလဲ မိုးသားအသိ။
တခြားဂျူနီယာတွေမလေးစားမှာစိုးလို့ဆိုပြီး တခြားသူ‌တွေရှိရင် မိုးသားတို့ကိုအပြင်မှာပြုံး၍တောင်နှုတ်ဆက်တတ်သူမဟုတ်။
‌ယောကျာ်းတစ်ယောက်က တခြားယောက်ျားတစ်ယောက်ကိုကြိုက်နေတာလားဆိုတဲ့အမေးမျိုးကို သူ့သူငယ်ချင်းတွေဆီကအမေးခံရတဲ့အကိုကသေချာပေါက်ရှက်နေလိမ့်မှာ။
ပြီးတော့.....
ပြီးတော့မိုးသားကိုစိတ်ဆိုးနေလိမ့်မှာ။

‘ဟင့်အင်း.....အဲ့လိုဖြစ်လို့မရဘူး။’

မိုးသားမျက်ရည်တွေဆွဲသုတ်၍ စာအုပ်တွေကိုဆွဲယူကာ အပြင်သို့ပြေးထွက်လာခဲ့လိုက်သည်။
သူဒီနေရာမှာ ဆက်မနေချင်တော့ဘူး။
ဆက်နေရင် နှင်းဦးကိုဒီ့ထက်ပိုဆိုးတာတွေပြောမိတော့မယ်။
နောက်ကနေ လှမ်းခေါ်နေတဲ့သူငယ်ချင်းတွေခေါ်သံကိုလျစ်လျှူရှုထားလိုက်သည်။
သူအခုအကိုနဲ့စကားပြောရမှဖြစ်မည်။

________________💚________________

တတူတူမြည်၍‌ခေါ်နေသော ဖုန်းသံနှင့်အတူ မိုးသားရင်ဘတ်က တဒိတ်ဒိတ်။
အကိုဖုန်းကိုင်ရင် ပြောရမည့်စကားတွေကိုသာ ရွေရွတ်ရင်း သူစောင့်နေမိသည်။

“ဟဲလို”ဆိုသော အသံကြည်ကြည်လေးနှင့်အတူအကိုကသူ့စတိုင်အတိုင်း စိတ်ဆိုးနေတာတောင်သိပ်မသိသာချေ။

“ကျွန်တော်တောင်းပန်ပါတယ်အကို။နေ့လည်က နှင်းဦးကကျွန်တော့ဆီက ဇာတ်ကားကူးစရာရှိတယ်ဆိုလို့ ဖုန်းပေးထားမိတာ။
သူက အဲ့clipကိုတွေ့ပြီး ကိုတေဇာ့ကိုသူလည်းသီချင်းဆိုခိုင်းမယ်ဆိုပြီး အဲ့clipကိုယူပြီး သူ့ရည်းစားကိုပို့မိတာတဲ့။
သူလည်းအဲ့လိုဖြစ်မယ်မထင်လို့ပါတဲ့။
ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်အကိုရယ်”

ကျွန်တော်ကမရပ်မနားရှင်းပြနေမိပေမယ့် အကို့ဘက်ကတည်ငြိမ်စွာပဲ “အင်း”ဆိုတဲ့စကားတစ်လုံးပဲထွက်လာခဲ့တယ်။

ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်အကိုရယ်။အကို့အပေါ်မရိုးသားမိလို့။
ကျွန်တော် အမှန်အတိုင်းမိပြောရင် အကိုကျွန်တော့်အပေါ် စိတ်ကွက်သွားမှာ ကျွန်တော်မခံစားနိုင်ဘူး။

“စိတ်ဆိုးသွားလားကျွန်တော့်အကိုရယ်.....
ကျွန်တော်တောင်းပန်ပါတယ်။အဲ့လိုကြီးမနေပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်”

“ကိုယ်အိပ်တော့မယ်ညီ”

အလိမ်မာနည်းနဲ့အကိုက ကျွန်တော့်ဖုန်းကိုချသွားသည်။
တံခါးဖွင့်သံခပ်တိုးတိုးနှင့်အတူဟိန်းထက်ကအနားရောက်လာသည်။

“အီးဟီး......အကိုကငါ့ကိုစိတ်ဆိုးသွားပြီ”

ဟိန်းထက်ကိုတွေ့သည်နှင့် 'အီးခနဲ' ငိုချကာတိုင်တန်းနေသော သူငယ်ချင်းကြောင့် ဟိန်းထက်လည်းစိတ်မကောင်းချေ။
တရွှတ်ရွှတ်နဲ့ငိုနေသော သူငယ်ချင်းလေးကျောကိုသာအသာပုတ်၍နှစ်သိမ့်ပေးနေလိုက်သည်။

‘ပျော်ပျော်လေးနေတာပဲမြင်ချင်တာပါမိုးသားရယ်။ငါ့သူငယ်ချင်းလေး အပူတွေကင်းပြီးအေးချမ်းနေရင် သိပ်ကောင်းမှာပဲ’

________________💚________________

ဟီး.....ဒီနေ့တော့ အများကြီးတင်ပေးလိုက်တယ်😂
အသူ့ကို feekbackလေးပြန်ပေးကြပါဦး🥺

Zawgyi

ဒီေန႕ေတာ့လကုန္ရက္မို႔ ေက်ာင္းသူေက်ာင္းသားေတာ္ေတာ္မ်ားမ်ားကတက္တက္ႂကြႂကြျဖင့္။မိုးသားတို႔ေက်ာင္းက လတစ္လရဲ႕ေနာက္ဆုံးရက္ေရာက္ရင္ special dietအေနျဖင့္ ၾကက္ေၾကာ္၊ဒံေပါက္၊ၾကက္ဆီထမင္းတမ်ိဳးမ်ိဳးေကြၽးေလ့ရွိသည္။

lectureဝင္မယ့္တီခ်ယ္မလာသျဖင့္ အတန္းထဲတြင္စကားေျပာသံ၊ရယ္ေမာသံတို႔ျဖင့္ဆူညံ၍ေနသည္။
မိုးသားတို႔အုပ္စုကေတာ့ထုံးစံအတိုင္းlecture roomေရွ႕ကခုံတြင္သာထိုင္၍ စကားေျပာေနၾကသည္။
ေလႏုေအးေလးကတျဖဴးျဖဴးမို႔ ဒီေန႕ကေနရတာေတာ္ေတာ္ေလး ေအးခ်မ္းသည္။

“ေခြးသား ကိုခန့္ထည္နဲ႕အဆင္ေျပသြားၿပီလား"

"အဟြတ္ ဟြတ္"

ဟိန္းထက္ေခၚသလိုပင္လိုက္ေခၚေသာဆုျမတ္ေၾကာင့္ မိုးသားေသာက္လက္စ ေရပင္သီးသြားသည္။
လက္ကလည္းျဖတ္ရိုက္လိုက္ဖို႔မေမ့။
အဲ့ဒီဆုျမတ္ဟာေလ မိုးသားကိုဆိုအၿမဲအဲ့လိုပဲ။

"ငါ့မွာနာမည္ရွိတယ္ နာမည္ေခၚစမ္း။
ဘယ္လိုေၾကာင့္သူ႕လင္ေခၚသလိုလိုက္ေခၚေနလဲမသိဘူး"

"ဟိတ္ေကာင္ ငါ့လာလႊဲမခ်နဲ႕။ဒီေပါက္ေက်ာ္မေတာ့ငါမယူနိုင္ဘူး။အားေန လင္ပဲေပးစားခ်င္ေနတာ"

မိုးသားစကားကို အတင္းထျငင္းေသာဟိန္းထက္ေၾကာင့္ အကုန္လုံးသေဘာတက်ရယ္လိုက္မိသည္။
ဆုျမတ္ကေတာ့ ပါးစပ္ကပြစိပြစိေျပာ၍ မ်က္ေစာင္းထိုးေလသည္။
ဘယ္ေလာက္ပဲခက္ခဲတဲ့ကိစၥေတြရွိပါေစ သူတို႔နဲ႕ရွိေနတဲ့အခ်ိန္ဆို မိုးသားတကယ္ေပ်ာ္ရသည္။

“အကိုက ညကငါ့ကိုသီခ်င္းဆိုျပတယ္”

“ဝါး....မိုက္လိုက္တာ”

မ်က္လႊာေလးေအာက္ခ်၍ ရွက္ဝဲဝဲနဲ႕မိုးသားဆိုေတာ့ အကုန္လုံးကတဝိုးဝိုး တဝါးဝါး။

“အဲ့ေတာ့ နင္ကေခ်ာ့စရာမလိုပဲ ေအာ္တိုေပ်ာ့သြားတယ္ေပါ့”

တစ္ခ်ိန္လုံးၿငိမ္ေနသည့္ ႏွင္းဦးေဝဆီမွအေငၚတူးသည့္စကားေၾကာင့္ မိုးသားရွိသမွ်သြားအကုန္ၿဖီးကာ ရယ္ျပလိုက္ေလသည္။

“ငါမွအကို႔ကို စကားမေျပာပဲမေနနိုင္တာဟ။
ၿပီးေတာ့ နင္မသိလို႔ေနာ္ အကို႔အသံအရမ္းေကာင္းတာ။ငါ့မွာညကအိမ္မက္ေတာင္မက္တယ္”

လက္ထဲကေရဗူးကို အသာအယာလႈပ္ခါရင္း မိုးသားၿပဳံးစိစိနဲ႕ေျဖလိုက္မိသည္။
အိမ္မက္ထဲမွာ အကိုကသူ႕မ်က္ႏွာကိုတစိမ့္စိမ့္ၾကည့္ရင္း ညကဆိုျပတဲ့သီခ်င္းကိုပဲထပ္ဆိုျပခဲ့တာ။

“Gp chatထဲပို႔ေပး။ငါတို႔လည္းနားေထာင္ၾကည့္ခ်င္တယ္

ဆုျမတ္စကားကိုမိုးသားအသာအယာေခါင္းညိမ့္ရင္းလက္ခံခဲ့မိသည္။

ထိုေန႕က သူငယ္ခ်င္းေတြဆီ အကိုသီခ်င္းဆိုထားတဲ့voice clipပို႔မိတာမွားမွန္းႀကိဳသိခဲ့မယ္ဆိုရင္မိုးသားပို႔မိမွာမဟုတ္သလို အကိုနဲ႕လည္းဆက္ဆံေရးကေအးခဲသြားမွာမဟုတ္ခဲ့ဘူး။
ကြၽန္ေတာ္ကျပႆနာေတြကိုမုန္းတယ္အကို။
အကိုနဲ႕ေဝးကြာေစမယ့္ ျပႆနာမ်ိဳးကိုပိုလို႔မုန္းတယ္။

________________💚________________

၆နာရီဘုရားရွိခိုးခ်ိန္ၿပီးတာနဲ႕ Night Studyအတြက္lectureခန္းထဲသို႔ဆင္းရန္ေက်ာင္းသူ‌ေက်ာင္းသားအားလုံးတာဆူေနၾကသည္။

“အန္တီႀကီး ထုံးစံအတိုင္းေကာ္ဖီေအးႏွစ္ခြက္။
ငါးမုန႔္ေၾကာ္လည္းယူမယ္ေနာ္”

၇နာရီမထိုးေသးသည္မို႔ အန္တီႀကီးဆိုင္ကေကာ္ဖီႏွင့္‌မုန႔္အရင္လာဝယ္ၾကသည္။Night study‌ဆိုေတာ့ ဆရာေတြကတစ္ေခါက္တစ္ေလပဲလာၾကည့္တတ္သည္မို႔ မုန႔္ေတြဝယ္ထားၿပီးခိုးစားၾကရတာကNight studyခ်ိန္‌ေတြရဲ႕အႏွစ္ပဲ။

“ဟိန္းထက္ Bed Making Procedureငါ့ကိုျပန္ရွင္းျပေပးဦး။ ငါေန႕လည္ကအိပ္ငိုက္ေနလို႔”

သြားေလးၿဖီး၍ဟိန္းထက္ကိုေျပာေတာ့ ဟိန္းထက္ကမ်က္ေစာင္းထိုးသည္။

“အဲ့ဒါဆိုလည္းဒီညစာမက်က္ေတာ့ဘူး။ အဲ့procedureကိုပဲpracticeလုပ္ၾကတာေပါ့။
Demonstration Roomထဲသြားၾကရေအာင္”

“အဲ့မွာလူမရွိဘူး ငါဟိုႏွစ္ေယာက္ကိုပါေခၚခဲ့မယ္”

Demonstration Roomထဲေရာက္သည္ႏွင့္ လိုအပ္တဲ့ပစၥည္းေတြယူၿပီး  ဟိန္းထက္ကprocedureစလုပ္ျပသည္။
မုန႔္ေလးစားလိုက္ စကားမ်ားလိုက္ ေမ့သြားတဲ့stepအတြက္ စာအုပ္ထဲစာျပန္ရွာလိုက္ႏွင့္ အားလုံးၿပီးစီးသြားေတာ့ ရွစ္နာရီခြဲေက်ာ္ေနၿပီျဖစ္သည္။
၉နာရီမွ တန္းျဖဳတ္ရမွာသိေပမယ့္လည္း စာဆက္မက်က္ခ်င္ေတာ့၍ ဖုန္းကိုဖြင့္ၾကည့္လိုက္ေတာ့ မိုးသားခ်က္ခ်င္းမ်က္ႏွာပ်က္သြားသည္။
Message Boxထဲကစာကေမွ်ာ္လင့္ေနမိသူဆီကဆိုေပမယ့္လည္း ေမွ်ာ္လင့္ထားတဲ့အေျခအေနေတာ့မဟုတ္ခဲ့ဘူး။
ဖုန္းကိုၾကည့္ၿပီး မ်က္ႏွာပ်က္ေနတဲ့မိုးသားကိုသူငယ္ခ်င္းေတြက စိုးရိမ္တႀကီးၾကည့္ေနၾကတယ္။

“အကိုမေန႕ကညီေလးကိုသီခ်င္း‌ဆိုျပတဲ့voice clipဘယ္သူ႕ကိုပို႔မိေသးလဲညီေလး။
အကို႔သူငယ္ခ်င္းေတဇာက အဲ့voice clipကိုသူငယ္ခ်င္းေတြၾကားမွာဖြင့္ျပၿပီး ခန႔္ထည္ကfirst yearကေကာင္ေလးကိုေၾကာင္ေနတယ္လို႔ေျပာတယ္။
အကိုက မင္းကိုကိုယ့္ညီလိုပဲသေဘာထားခဲ့တာ။
အခုလိုေတြျဖစ္လာေတာ့ အကိုလည္းစိတ္ထဲမေကာင္းဘူး”

“အကို႔သူငယ္ခ်င္းကိုဘယ္သူသြားပို႔တာလဲ”

မ်က္ရည္ေတြဝဲလွ်က္ အံကိုတင္းေနေအာင္ႀကိတ္ကာ ေရွ႕ကသူငယ္ခ်င္းသုံးေယာက္ကိုေမးလိုက္သည္။

“ေတာင္းပန္ပါတယ္။ငါတကယ္ဒီလိုျဖစ္လာမယ္မွန္းမသိခဲ့လို႔ပါ။
ကိုေတဇာနဲ႕ငါနဲ႕တြဲေနတာ တစ္ပတ္ေလာက္ရွိၿပီ။
ကိုခန႔္ထည္သီခ်င္းဆိုျပတဲ့voice clipကိုသူ႕ကိုပို႔ၿပီး သူေရာငါ့ကိုအဲ့လိုမဆိုျပဘူးလားဆိုၿပီး ေမးလိုက္မိတာ။
ငါတကယ္ေတာင္းပန္ပါတယ္မိုးသားရယ္”

ႏွင္းဦးစကားအဆုံးမိုးသား ၾကမ္းျပင္ေပၚထိုင္ခ်ၿပီး မ်က္ရည္ေတြက်လာခဲ့သည္။

“ဘာလို႔လဲ။ဘာလို႔လဲ!!
ငါကနင္တို႔မို႔ ယုံၾကည္ၿပီးပို႔လိုက္တာေလ။
ကိုေတဇာက အကို႔သူငယ္ခ်င္းဆိုတာသိရဲ႕သားနဲ႕နင္ဘာလို႔ မေတြးခဲ့ရတာလဲ”

အကိုကသူ႕ဂုဏ္သိကၡာကိုဘယ္ေလာက္အေလးထားလဲ မိုးသားအသိ။
တျခားဂ်ဴနီယာေတြမေလးစားမွာစိုးလို႔ဆိုၿပီး တျခားသူ‌ေတြရွိရင္ မိုးသားတို႔ကိုအျပင္မွာၿပဳံး၍ေတာင္ႏႈတ္ဆက္တတ္သူမဟုတ္။
‌ေယာက်ာ္းတစ္ေယာက္က တျခားေယာက္်ားတစ္ေယာက္ကိုႀကိဳက္ေနတာလားဆိုတဲ့အေမးမ်ိဳးကို သူ႕သူငယ္ခ်င္းေတြဆီကအေမးခံရတဲ့အကိုကေသခ်ာေပါက္ရွက္ေနလိမ့္မွာ။
ၿပီးေတာ့.....
ၿပီးေတာ့မိုးသားကိုစိတ္ဆိုးေနလိမ့္မွာ။

‘ဟင့္အင္း.....အဲ့လိုျဖစ္လို႔မရဘူး။’

မိုးသားမ်က္ရည္ေတြဆြဲသုတ္၍ စာအုပ္ေတြကိုဆြဲယူကာ အျပင္သို႔ေျပးထြက္လာခဲ့လိုက္သည္။
သူဒီေနရာမွာ ဆက္မေနခ်င္ေတာ့ဘူး။
ဆက္ေနရင္ ႏွင္းဦးကိုဒီ့ထက္ပိုဆိုးတာေတြေျပာမိေတာ့မယ္။
ေနာက္ကေန လွမ္းေခၚေနတဲ့သူငယ္ခ်င္းေတြေခၚသံကိုလ်စ္လ်ႉရႈထားလိုက္သည္။
သူအခုအကိုနဲ႕စကားေျပာရမွျဖစ္မည္။

________________💚________________

တတူတူျမည္၍‌ေခၚေနေသာ ဖုန္းသံႏွင့္အတူ မိုးသားရင္ဘတ္က တဒိတ္ဒိတ္။
အကိုဖုန္းကိုင္ရင္ ေျပာရမည့္စကားေတြကိုသာ ေ႐ြ႐ြတ္ရင္း သူေစာင့္ေနမိသည္။

“ဟဲလို”ဆိုေသာ အသံၾကည္ၾကည္ေလးႏွင့္အတူအကိုကသူ႕စတိုင္အတိုင္း စိတ္ဆိုးေနတာေတာင္သိပ္မသိသာေခ်။

“ကြၽန္ေတာ္ေတာင္းပန္ပါတယ္အကို။ေန႕လည္က ႏွင္းဦးကကြၽန္ေတာ့ဆီက ဇာတ္ကားကူးစရာရွိတယ္ဆိုလို႔ ဖုန္းေပးထားမိတာ။
သူက အဲ့clipကိုေတြ႕ၿပီး ကိုေတဇာ့ကိုသူလည္းသီခ်င္းဆိုခိုင္းမယ္ဆိုၿပီး အဲ့clipကိုယူၿပီး သူ႕ရည္းစားကိုပို႔မိတာတဲ့။
သူလည္းအဲ့လိုျဖစ္မယ္မထင္လို႔ပါတဲ့။
ကြၽန္ေတာ္ထပ္ၿပီးေတာင္းပန္ပါတယ္အကိုရယ္”

ကြၽန္ေတာ္ကမရပ္မနားရွင္းျပေနမိေပမယ့္ အကို႔ဘက္ကတည္ၿငိမ္စြာပဲ “အင္း”ဆိုတဲ့စကားတစ္လုံးပဲထြက္လာခဲ့တယ္။

ကြၽန္ေတာ္ထပ္ၿပီးေတာင္းပန္ပါတယ္အကိုရယ္။အကို႔အေပၚမရိုးသားမိလို႔။
ကြၽန္ေတာ္ အမွန္အတိုင္းမိေျပာရင္ အကိုကြၽန္ေတာ့္အေပၚ စိတ္ကြက္သြားမွာ ကြၽန္ေတာ္မခံစားနိုင္ဘူး။

“စိတ္ဆိုးသြားလားကြၽန္ေတာ့္အကိုရယ္.....
ကြၽန္ေတာ္ေတာင္းပန္ပါတယ္။အဲ့လိုႀကီးမေနပါနဲ႕ ကြၽန္ေတာ္ေတာင္းပန္ပါတယ္”

“ကိုယ္အိပ္ေတာ့မယ္ညီ”

အလိမ္မာနည္းနဲ႕အကိုက ကြၽန္ေတာ့္ဖုန္းကိုခ်သြားသည္။
တံခါးဖြင့္သံခပ္တိုးတိုးႏွင့္အတူဟိန္းထက္ကအနားေရာက္လာသည္။

“အီးဟီး......အကိုကငါ့ကိုစိတ္ဆိုးသြားၿပီ”

ဟိန္းထက္ကိုေတြ႕သည္ႏွင့္ 'အီးခနဲ' ငိုခ်ကာတိုင္တန္းေနေသာ သူငယ္ခ်င္းေၾကာင့္ ဟိန္းထက္လည္းစိတ္မေကာင္းေခ်။
တ႐ႊတ္႐ႊတ္နဲ႕ငိုေနေသာ သူငယ္ခ်င္းေလးေက်ာကိုသာအသာပုတ္၍ႏွစ္သိမ့္ေပးေနလိုက္သည္။

‘ေပ်ာ္ေပ်ာ္ေလးေနတာပဲျမင္ခ်င္တာပါမိုးသားရယ္။ငါ့သူငယ္ခ်င္းေလး အပူေတြကင္းၿပီးေအးခ်မ္းေနရင္ သိပ္ေကာင္းမွာပဲ’

________________💚________________

ဟီး.....ဒီေန႕ေတာ့ အမ်ားႀကီးတင္ေပးလိုက္တယ္😂
အသူ႕ကို feekbackေလးျပန္ေပးၾကပါဦး🥺

继续阅读

You'll Also Like

374K 14.5K 39
This book is a collection of short stories like college, crush, revenge, innocence, and many more. so stay tuned to fell in love with these heart-m...
587K 27K 42
Needs editing [ the destiny series #1] 𝑻𝒉𝒆 𝒇𝒂𝒕𝒆 𝒑𝒖𝒔𝒉𝒆𝒅 𝒕𝒉𝒆𝒎 𝒂𝒑𝒂𝒓𝒕 𝒃𝒖𝒕 𝒅𝒆𝒔𝒕𝒊𝒏𝒚 𝒂𝒈𝒂𝒊𝒏 𝒑𝒖𝒍𝒍𝒆𝒅 𝒕𝒉𝒆𝒎 𝒕𝒐𝒈...
268K 18.6K 66
The new girl declares war against the five most powerful seniors in school. ⋆☆⋆ Sophie Olsen had a simple plan after moving across the entire country...
4K 91 14
Sequel to Oiche Shamhna. It's been 5 years since Sonic and his hedgehog friends played a dangerous board game and won in the end, Sonic ends up findi...