သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

Door OpalHawthorn28

2.3M 316K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... Meer

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (23)

26.9K 3.9K 231
Door OpalHawthorn28

နောက်တစ်နေ့မှာ လော်ရှို့က မုန့်ရန်ကို တောင်ခြေနားက မြင်းခြံတစ်ခုကို  မြင်းစီးလေ့ကျင့်ဖို့ခေါ်သွားပေးတယ်။

လော်ရှို့ကိုယ်တိုင် မုန့်ရန်အတွက် မြင်းရွေးပေးဖို့ လိုက်လာတယ်ဆိုတာကို မြင်းခြံရဲ့တာဝန်ခံ သိနေတယ်။မြင်းထိန်းတွေကို မျိုးကောင်းမျိုးသန့် နဲ့ စျေးကြီးကြီး မြင်းတွေ ခေါ်လာဖို့ ညွှန်ကြားလိုက်တယ်။

လော်ရှို့ တို့ မြင်းခြံကို စရောက်ကတည်းက မန်နေဂျာကိုယ်တိုင် တရိုတသေနဲ့ ဧည့်ခံနေတာဖြစ်တယ်။လော်ရှို့တို့ မြင်းစီးဖို့ဝတ်စုံလဲနေတဲ့ အချိန်မှာတောင် အလိုရှိတဲ့အချိန်အကူအညီပေးနိူင်အောင် မန်နေဂျာကိုယ်တိုင် စောင့်ကြည့်ပေးနေတယ်။

ရာသီဉတုက နေသာပေမယ့် တိုက်ခတ်နေတဲ့ လေညှင်းသွဲ့သွဲ့ကြောင့်နေရထိုင်ရတာ သက်တောင့်သက်သာရှိတယ်။နတ်ဘုရားတွေတောင် အဆုံးသတ်ကို မသိနိုင်လောက်အောင် ကျယ်ဝန်းတဲ့ မြင်းစီးလေ့ကျင့်ရေးကွင်းရယ်၊စိမ်းစိုနေတဲ့ စားကျက်မြေတွေရယ်ကို မုန့်ရန် နေကာမျက်မှန်ချွတ်ပြီး ငေးကြည့်နေမိတယ်။

မြင်းထိန်းတွေက သူတို့ထိန်းကျောင်းပေးရတဲ့ မြင်းတွေနဲ့အတူ မုန့်ရန် တို့ကို စောင့်ဆိုင်းနေတယ်။လော်ရှို့ မြင်းဝယ်ဖို့ရောက်လာတယ်လို့ ကြားလိုက်ကတည်းက သူတို့တွေ အရမ်းစိတ်လှုပ်ရှားနေကြတာပါ။လော်ရှို့ပိုင်ဆိုင်တဲ့မြင်းကိုသာထိန်းကျောင်းခွင့်ရမယ်ဆို သူတို့ရဲ့ဘဝက နှစ်အနည်းငယ်လောက်အထိ ဖူလုံကြွယ်ဝနိုင်တယ်ဆိုတာ လူတိုင်းသိတယ်လေ။တခြားစကားနဲ့ပြော
ရရင်တော့ သူတို့ရဲ့ဘဝတွေကို ဒီမြင်းတွေအပေါ်မှာပုံအပ်ထားရသလိုပါပဲ။

"ကြည့်ရတာ ကျွန်တော်တို့ ကျောင်းရဲ့ မြင်းစီးလေ့ကျင့်ရေးကိုလဲ ဒီနေရာက လေ့ကျင့်ကွင်းမှာပဲလုပ်လောက်မယ်ထင်တယ်"

လော်ရှို့ ခေါင်းညိတ်ပြလိုက်တယ်။

"ကျွန်တော်တို့ဆီက မြင်းဇောင်ထဲမှာ St.james Uni ရဲ့ မြင်းစီးလေ့ကျင့်ရေး မြင်းတွေရှိတယ်။လေ့ကျင့်ရေးကွင်းရဲ့ ဧရိယာ B5မှာ သင်ကြားရေးနဲ့ လေ့ကျင့်ရေးလုပ်ကြတယ်"

မန်နေဂျာက မုန့်ရန်ကို ပြုံးပြီးရှင်းပြတယ်။

VIP အတွက် သတ်မှတ်ထားတဲ့နေရာကို ရောက်တဲ့အခါ မန်နေဂျာ ကိုယ်တိုင် လော်ရှို့နဲ့ မုန့်ရန်ကို ကားတံခါးဖွင့်ပေးတယ်။လော်ရှို့တို့က စမှတ်မျဉ်းနားမှာရှိတဲ့ အမိုးတစ်ခုအောက်မှာ ထိုင်လိုက်တယ်။ကြိုဆိုဧည့်ခံရေးဝန်ထမ်းတွေကအသီးအနှံနဲ့ လက်ဘက်ရည် တည်ခင်းပေးတယ်။လော်ရှို့တို့ကို အချိန်မရွေးဝန်ဆောင်မှုပေးနိူင်အောင် လော်ရှို့ရဲ့သက်တော်စောင့်တွေနဲ့အတူမတ်တပ်ရပ်ပြီး စောင့်ဆိုင်းနေကြတယ်။

သိပ်မကြာခင်မှာ မြင်းထိန်းတွေကသူတို့ထိန်းကျောင်းပေးရတဲ့ မြင်းတွေကိုစီးပြီးရောက်လာခဲ့တယ်။မြင်းတွေကို သေချာ တန်းစီခိုင်းလိုက်ပြီး မန်နေဂျာက လော်ရှို့ကိုရှင်းပြတယ်။

"ဉက္ကဌလော် ဒီမြင်းတွေအကုန်လုံးက မျိုးသန့်တဲ့အပြင် အရောင်အသွေးလဲ ကြည့်ကောင်းပါတယ်။သန္ဓေကောင်းကြတာကြောင့် အခုမှ မြင်းစီးသင်မယ့်သူတွေအတွက် ပိုအဆင်ပြေတယ်"

"သွားကြည့်လိုက်ဉီး"

လော်ရှို့က မုန့်ရန်ကို ကိုယ်တိုင်ရွေးခိုင်းလိုက်တယ်။

မုန့်ရန် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး တန်းစီနေတဲ့ မြင်းတွေဆီကိုသွားလိုက်တယ်။

တကယ်တော့ မုန့်ရန် မြင်းအကြောင်းနဲ့ပတ်သတ်ရင် ဘာမှနားမလည်ဘူး။လော်ရှို့ ကို လာပြတဲ့ မြင်းတွေဆိုမှတော့ သေချာပေါက် တန်ဖိုးကြီးပြီး မျိုးသန့်တဲ့မြင်းတွေဖြစ်မယ်ဆိုတာတော့ မုန့်ရန်သိတယ်။မြင်းအကြောင်း ဘာမှ မသိပေမယ့် ဒီမြင်းတွေအကုန် လှတယ်ဆိုတာတော့ သူသိပါသေးတယ်။

အတိတ်ဘဝမှာတုန်းက မုန့်ရန် ငယ်ငယ်ကတည်းက တိုက်ခိုက်ရေးပညာရပ်တွေကို သင်ယူခဲ့တယ်။ဒီဘဝမှာတော့ အရင်ဘဝမှာ မသင်ဖူးတဲ့ အရာတွေကိုပဲ သင်ယူဖို့ စဉ်းစားထားတယ်။အတိတ်ဘဝတုန်းက အသုံးမဝင်ဘူးဆိုပြီး မသင်ဖြစ်ခဲ့တဲ့ မြင်းစီးတာကို အခုဘဝမှာ သင်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။

မြင်းတွေကို သေချာကြည့်နေရင်းကနေ၊ ရွှေရောင်ဖျော့ဖျော့သန်းနေတဲ့ မြင်းကို တွေ့တဲ့အခါ မုန့်ရန် ကျေနပ်သွားတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"ကျွန်တော် ထိကြည့်လို့ရမလား?"

မုန့်ရန် မြင်းထိန်းကိုမေးကြည့်လိုက်တယ်။

"ရပါတယ်"

မုန့်ရန် မြင်းရဲ့လည်ဆံမွှေးတွေကို ပွတ်သပ်ပေးရင်းပြုံးနေမိတယ်။

"ဒီမြင်းကို သဘောကျလား?"

လော်ရှို့ က မုန့်ရန် နားကို ကပ်လာပြီးမေးလိုက်တယ်။

"သူက အရမ်းလှတယ်"

မုန့်ရန် မြင်းတွေအကြောင်းကောင်းကောင်းမသိတာကြောင့် အပြင်ပန်းအရောင်ကိုပဲကြည့်ပြီးရွေးချယ်လိုက်တယ်။

"သခင်လေးမုန့်က တော်တော်အမြင်ရှိတာပဲ၊တစ်ကမ္ဘာလုံးမှာ Golden Snow မြင်းမျိုးစိတ်က အကောင်ရေ သိပ်မရှိတော့ဘူးဗျ၊ကျွန်တော်တို့တောင် ဒီကောင်ကြီးကို ရဖို့ နိုင်ငံခြားလေလံပွဲတစ်ခုကနေ စျေးပြိုင်ပေးပြီးလေလံဆွဲခဲ့ရတာ။Golden Snow တွေက သန္ဓေကောင်းကြတယ်၊ပြေးနေတဲ့အချိန်မှာလဲ အတော်ကျက်သရေရှိတယ်၊ပြီးတော့ သူတို့က အရမ်းဉာဏ်ကောင်းကြတာဆိုတော့ ထိန်းကျောင်းရတာလဲ လွယ်တယ်။အခုမှ စပြီး မြင်းစီးသင်မယ့် သူတွေအတွက်တော့ အသင့်တော်ဆုံးပဲဗျို့"

"ဒီလိုအရည်အသွေးမြင့်တယ်ဆိုမှတော့ စျေးလဲကြီးမှာပဲမဟုတ်လား?"

မုန့်ရန် မန်နေဂျာကိုမေးကြည့်လိုက်တယ်။

"တကယ်တော့ ဒီတစ်ကောင်က ဉက္ကဌလော်ရဲ့မြင်းထက် စျေးပိုကြီးတယ်။ရှားပါးလေ၊တန်ဖိုးမြင့်လေပဲလေ။ပြီးတော့ Golden Snow တွေက သားဖောက်ရခက်တယ်။ဒါ့ကြောင့် စျေးကြီးနေတာ"

ဒီမြင်းကို ဝယ်ရမလား၊မဝယ်ရဘူးလားဆိုတာကို မုန့်ရန်စိတ်ထဲကနေ တွက်ချက်နေတယ်။ကြည့်ကောင်းတာမှန်ပေမယ့် စျေးကလဲ မိုးထိအောင်မြင့်လောက်တယ်။သူကရော ဒီမြင်းကို ဘယ်လောက်ကြာကြာစီးနိုင်မှာမို့လို့လဲ?

"ကွင်းတစ်ပတ်လောက် စမ်းစီးကြည့်လိုက်။သဘောကျတယ်ဆိုရင် ဒီမြင်းကို ဝယ်ပြီး အိမ်ခေါ်သွားကြမယ်"

လော်ရှို့က မုန့်ရန်ကို တိုက်တွန်းလိုက်တယ်။

"ကျွန်တော်သူ့ကို အိမ်ခေါ်သွားပြီး မွေးလို့ရလား?"

မုန့်ရန် မျှော်လင့်တကြီးနဲ့ လော်ရှို့ကို မေးလိုက်တယ်။

"အဓိကစံအိမ်မှာ သူတို့ကိုထားဖို့နေရာရှိတယ်။နေပူစာလှုံဖို့နဲ့ ကျန်းမာရေးစစ်ဆေးဖို့လောက်ပဲ မြင်းခြံကို ပြန်ပို့ရမှာ"

"ခင်ဗျား အရင်ဝယ်ထားတဲ့ မြင်းကိုရော အိမ်ကိုခေါ်သွားလို့ရမလား?ဒါဆို သူတို့နှစ်ကောင် အတူနေလို့ရပြီ။ကျွန်တော်သူ့ကို အချိန်မပေးနိူင်ရင်တောင် သူ အထီးကျန်မနေတော့ဘူးပေါ့"

မုန့်ရန် သူရွေးထားတဲ့ မြင်းကို ခပ်ဖွဖွပွတ်သတ်ပေးနေရင်း ပြုံးနေခဲ့တယ်။

မန်နေဂျာကတော့ အတော်လေးပျော်ရွှင်နေပါတယ်။မုန့်ရန်အတွက် လော်ရှို့က မြင်းဝယ်ပေးတော့မယ်လေ။ တခြားသူဌေးတွေကို ရောင်းရတာထက် လော်ရှို့ကို ရောင်းရတာ ပိုအဆင်ပြေတယ်။လော်ရှို့က ရက်ရောတတ်တဲ့သူတစ်ယောက်ဆိုတာလူတိုင်းသိတယ်။ပြီးတော့ ဒီမြင်းတွေကို ထိန်းသမ်းစောင့်ရှောက်ရမယ့်စရိတ်ကလဲ ပေါ့သေးသေးမဟုတ်ဘူးလေ။

လော်ရှို့ က မုန့်ရန်ကို မြင်းပေါ်တင်ပေးလိုက်ပြီး သူကိုယ်တိုင်လဲ မုန့်ရန်ရဲ့နောက်မှာထိုင်လိုက်တယ်။အဲ့​နာက်မှာ မြင်းရဲ့ဇက်ကြိုးကို ထိန်းပြီး တဖြည်းဖြည်းချင်းအရှိန်မြှင့် စီးနင်းလိုက်တယ်။

ပေါ့ပေါ့ပါးပါးပြေးလွှားနေတဲ့ ခံစားချက်က တကယ်ကို ပျော်ဖို့ကောင်းလွန်းတယ်။လေကိုခွင်းပြီး ပြေးလွှားနေတဲ့ ခံစားချက်က အပျော်တမ်းပြိုင်ကားမောင်းရတဲ့ခံစားချက်ထက် ပိုမိုက်တယ်။လူချမ်းသာတွေက ခေါတ်မှီနည်းပညာတွေကိုဘေးချိတ်ပြီး ဘာ့ကြောင့် မြင်းစီးလေ့ကျင့်ကြသလဲဆိုတာကို အခုမှပဲ မုန့်ရန်နားလည်နိုင်တော့တယ်။မြင်းစီးရတာက ခလုတ်ကန်သင်းတွေများပြီး ကြမ်းတမ်းဆိုပေမယ့် ချောမွေ့နေတဲ့ ကတ္တရာလမ်းပေါ်မှာ ကားမောင်းရတာထက် ပိုပြီး လုပ်လို့ရတဲ့အရာများကြီးရှိသေးတယ်ဆိုတာ မုန့်ရန်သဘောပေါက်စပြုလာပြီ။

သူ့အနောက်ဘက်မှာ ထိုင်နေတဲ့လော်ရှို့ရဲ့ ရင်အုပ်အကျယ်ကြီးကို မှီလိုက်ရတိုင်း လုံခြုံတယ်၊ကျေနပ်ဝမ်းမြောက်တယ်၊ပျော်ရွှင်တယ်။ကွင်းကို တစ်ပတ်လောက်ပြေးပြီးတဲ့ အခါ မြင်းကို စမှတ်ရှိရာဆီကို ပြန်မောင်းလာခဲ့တယ်။

လော်ရှို့က မုန့်ရန်ကို မြင်းပေါ်ကနေ အောက်ချပေးလိုက်ပြီးထပ်မေးတယ်။

"တခြားမြင်းတွေကိုရော ​ကြည့် ကြည့်ဉီးမလား? "

"မလိုတော့ဘူး၊ သူ့ကိုပဲ အိမ်ခေါ်သွားကြမယ်နော်"

မုန့်ရန် အပြုံးတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။

မုန့်ရန်ပျော်နေတာကို မြင်တာကြောင့် လော်ရှို့ အ​တော်ကိုကျေနပ်နေတယ်။တကယ်တော့ လော်ရှို့က ပိုက်ဆံရှာရတာကို ကြိုက်တယ်၊ပိုက်ဆံရှိတာပျော်ဖို့ကောင်းတယ်လို့တွေးခဲ့ဖူးတယ်။ငွေကြေးချမ်းသာမှုက သူ့ကိုပိုပြီး သန်မာစေတယ်၊ဒါ့ကြောင့် လော်ရှို့ မရပ်မနား ပိုက်ဆံရှာခဲ့တယ်။ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူပိုက်ဆံတွေအများကြီး သုံးခဲ့ပေမယ့် ပျော်ရွှင်မှုဆိုတာကို မခံစားခဲ့ရဘူး။ဒီနေ့ မုန့်ရန်ရဲ့အပြုံးကို မြင်လိုက်ရတဲ့အချိန်မှာ ပိုက်ဆံသုံးရခြင်းရဲ့အစစ်အမှန်ပျော်ရွှင်ခြင်းကို သူ့ဘဝမှာ ပထမဆုံးအကြိမ် ရှာတွေ့ခဲ့ပြီ။

ဝမ်းသာလုံးဆို့နေတဲ့ မန်နေဂျာက အီလက်ထရောနစ် ငွေပေးချေရေး စာချုပ်တစ်ခုကို သယ်လာတယ်။လော်ရှို့ ထိုစာချုပ်ပေါ်မှာ ပျော်ပျော်ကြီး လက်မှတ်ထိုးပေးလိုက်တယ်။မန်နေဂျာကတော့ ချက်ချင်းအိမ်ပြန်ပြီး သူ့မိသားစုနဲ့အတူ အောင်ပွဲခံဖို့ စိတ်လောနေပြီ။

မန်နေဂျာ က တခြားမြင်းထိန်းတွေကို လက်ဟန်ခြေဟန်ပြလိုက်တယ်။ အရွေးမခံရတဲ့ မြင်းထိန်းတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားကြတယ်။

လော်ရှို့ က မုန့်ရန် ကို မြင်းစီးတတ်အောင် သင်ပေးနေတယ်။ပြန်လည်မွေးဖွားလာပြီးကတည်းက မုန့်ရန်ဉာဏ်အရမ်းကောင်းလာတယ်။တစ်ခါသင်ပေးရုံနဲ့ အကုန်မှတ်မိတတ်တဲ့ ဉာဏ်ရည်က အခုချိန်မှာ အလုပ်လုပ်ပုံမရဘူး။ဒါ့ကြောင့် လော်ရှို့ကပဲ ခုနလို နောက်မှာထိုင်ပြီး အတူတူ စီးနင်းပေးရပြန်တယ်။တခါတခါဆို မုန့်ရန်ရဲ့လည်တိုင်နားကို ကပ်ကပ်ပြီး လော်ရှို့က ခန္ဓာကိုယ်ကို ဘယ်လိုထားရမယ်၊ဇက်ကြိုးကိုဘယ်လို ထိန်းရမယ်ဆိုတာတွေပြောပြတယ်။ဒါ့ကြောင့် မုန့်ရန် အ​တော်နားလည်နေပြီ။မြင်းပေါ်က ခန္ဓာကိုယ် နှစ်ခုက ကြားလေမသွေးနိုင်အောင် ပူးကပ်နေတယ်။ခလုတ်ကန်သင်းတွေကြောင့် မုန့်ရန် ကိုယ်ဟန်ပျက်သွားတိုင်း လော်ရှို့က မုန့်ရန်ရဲ့ခါးကို လက်တစ်ဖက် ထိန်းပြီး ဖက်ထားပေးတယ်။

နှစ်ယောက် အနားယူနေချိန်မှာ မုန့်ရန်က လော်ရှို့ရဲ့ပုခုံးနှစ်ဖက်ပေါ် လက်တင်ပြီး လော်ရှို့ကိုနမ်းလိုက်တယ်။

" ကျေးဇူးတင်ပါတယ် Mr.လော်၊ကျွန်တော်ဒီနေ့အရမ်းပျော်တယ်"

ပြုံးနေတဲ့ မုန့်ရန်ကို ကြည့်ရင်း မုန့်ရန်ရဲ့ဆံပင်လေးတွေကို ထိတွေ့နေတဲ့ လော်ရှို့ ကလဲ ထပ်တူထပ်မျှ ပျော်ရွှင်နေပါတယ်။

မုန့်ရန် နဲ့လော်ရှို့က ဝယ်ထားတဲ့ မြင်းတွေကို သယ်ပြီး အဓိကစံအိမ်ကို ပြန်လာခဲ့တယ်။မုန့်ရန်က သူ့ရဲ့ မြင်းကို နေရောင်ခြည်လို့ အဓိပ္ပါယ် ရတဲ့ လိန့်ရန်ဆိုတဲ့ နာမည်ပေးလိုက်တယ်။

လိန့်ရန်ကို အဓိကစံအိမ်ဝန်းထဲခေါ်လာပြီးတဲ့ အခါ မုန့်ရန်က လော်ရှို့ ကို အချိန်ရရင် စံအိမ်ဝန်းအပြင်ဘက်ကိုမြင်းစီးထွက်မယ့်အကြာင်းခွင့်တောင်းလိုက်တယ်။အခုသူမြင်းစီးတတ်ပြီး ဆို​တော့ လုံလင်းတောင်တစ်ခွင်မြင်းစီးထွက်မယ်၊ တောအုပ်ထဲမှာ မြင်းစီးရတာ အရမ်းမိုက်တယ်။တစ်ခါတစ်လေဆို တောင်ရဲ့အနောက်ဘက်မှာ ရှိတဲ့ ပင်လယ်ကမ်းစပ်မှာ လေညှင်းခံဖို့ မြင်းစီးထွက်လေ့ရှိတယ်။

Uni တွေရဲ့ မြင်းစီးလေ့ကျင့်ရေးတွေစတင်တော့မယ်။မုန့်ရန်တို့ Uni နဲ့ စီးပွားရေးတက္ကသိုလ်နဲ့က လေ့ကျင့်ရေးဆင်းတဲ့အချိန်တူကြတယ်။ဒါက လော်ဆန်းနဲ့ အတူတူတက်ခွင့်ရမယ့် လေ့ကျင့်ရေးအချိန်ဖြစ်တာကြောင့် ယွီကျွင်းချန် မြင်းစီးကလပ်အသင်းကို ဝင်ဖြစ်ခဲ့တာဖြစ်တယ်။

မုန့်ရန်တို့ မြင်းဝယ်ခဲ့တဲ့ မြင်းခြံက တက္ကသိုလ်ကျောင်းသားတွေအတွက် မြင်းတွေ စပွန်ဆာပေးထားတယ်။အကယ်၍ မင်းရဲ့ကိုယ်ပိုင်မြင်းက ဒီမြင်းခြံမှာ ရှိနေတယ်ဆို ကိုယ်ပိုင် မြင်းနဲ့လေ့ကျင့်လို့ရတယ်။တစ်ချို့ကျောင်းသားတွေ ကိုယ်ပိုင်မြင်း ရှိတာကြောင့် မြင်းစီးကလပ်မှာ ပါဝင်ကြတာဖြစ်တယ်။

ယွီကျွင်းချန် မှာ ကိုယ်ပိုင်မြင်းမရှိသေးဘူး။ဒါပေမယ့် လော်ဆန်းက သူ့အတွက် မြင်းတစ်ကောင်ဝယ်ပေးထားတယ်လို့ ပြောတယ်။အဲ့မြင်းကို သူမမြင်ဖူးသေးဘူး။

ကျောင်းသားတွေအကုန်လုံး မြင်းပြိုင်ကွင်း
ကို ရောက်နေကြပြီ။သူတို့တွေအကုန်လုံး မြင်းစီးဝတ်စုံတွေဝတ်ပြီး B5 ဧရိယာရှိရာဆီကို Tour bus စီးပြီးသွားနေကြတယ်။B5 ဧရိယာရဲ့ ဘေးကပ်ရပ်မှာစီးပွားရေးတက္ကသိုလ်ရဲ့ မြင်းစီးလေ့ကျင့်ကွင်းရှိတယ်။

ကျောင်းသားတွေက Tour bus ပေါ်ကနေ ဆင်းပြီး နားနေဆောင်မှာ ထိုင်နေကြတယ်။နည်းပြက ကိုယ်ပိုင်မြင်းမရှိတဲ့သူတွေကို လက်ထောင်ပြခိုင်းတယ်။လူအရေအတွက် မှတ်ပြီးတာ နဲ့ မြင်းတွေကို ခေါ်လာဖို့ မြင်းဇောင်းကို သတင်းပို့လိုက်တယ်။

နားနေဆောင်မှာရှိတဲ့ ကျောင်းသားတွေက ထွေရာလေးပါးပြောဆိုရင်း စောင့်ဆိုင်းနေကြတယ်။

St.James Uni မှာ မုန့်ရန်နဲ့ ယွီကျွင်းချန် တို့က မသိသူမရှိသလောက်နာမည်ကြီးကြတယ်။တစ်ယောက်က ဉက္ကဌလော်ရဲ့အိမ်ထောင်ဖက်၊တစ်ယောက်က လော်ဆန်းနဲ့ စေ့စပ်ထားတဲ့သူ။အဲ့လိုပဲ တစ်ယောက်က Master ရွှီဝမ်းယာရဲ့တပည့်၊တစ်ယောက်က Master လင်စုန့်ထိုင် ရဲ့တပည့်။

"ကျွင်းချန် မင်းရောကိုယ်ပိုင်မြင်းနဲ့လေ့ကျင့်မှာလား?ဘာအမျိုးအစားလဲပြောပြပါဉီး"

"လော်ဆန်းက ငါ့အတွက် တစ်ကောင်ဝယ်ပေးထားပေမယ့် ငါလဲ မမြင်ဖူးသေးဘူး။သူပြောတာတော့ ငါကြိုက်မှာပါတဲ့"

"ဒီလိုတစ်ဝက်တစ်ပျက် Suprise လေးက Romantic ဆန်လိုက်တာကွာ၊ငါတောင် သိချင်လာပြီ"

"ငါဒီကို လေ့ကျင့်ဖို့လာတုန်းက လော်ဆန်းရဲ့ အုန်းခွံရောင်မြင်းကြီးကို မြင်ဖူးတယ်။မြင်းက ဒေါင်မြင့်မြင့်ကြီးနဲ့ ခန့်ညားလိုက်တာများကွာ"

" လော်ဆန်း ကဒီကို လာပြီး သူကိုယ်တိုင် မင်းကို သင်ပေးမှာလား?"

"သူ လေ့ကျင့်ရေးအားလပ်တဲ့အချိန်လာခဲ့မယ်လို့ ပြောတယ်"

"ဝိုးးးး မင်းရဲ့သတို့သားလောင်းက မင်းကိုကိုယ်တိုင်သင်ပေးမယ်ပေါ့၊ဒါက လုံးဝကို နှစ်ဆ Ro တာနော်၊တွေးကြည့်ရင် မနာလိုချင်စရာကောင်းလိုက်တာကွာ"

"ကြည့်!!ကြည့် ရှေ့ဆုံးကမြင်းက ငါ့ကိုယ်ပိုင်မြင်းကွ!!"

ပိုင်ရှင်ရှိပြီးသားမြင်းတွေကို အရင်ဆုံးသယ်ထုတ်လာတာဖြစ်တယ်။ကျောင်းသားတစ်ယောက်က ယွီကျွင်းချန် ကိုမေးလိုက်တယ်။

"လော်ဆန်း မင်းအတွက် ဝယ်ပေးတဲ့ မြင်းကို  မြန်မြန်ခန့်မှန်းကြည့်လိုက်စမ်းပါ။မင်းတို့နှစ်ယောက် ဘယ်လောက်တောင် စိတ်ချင်းဆက်နေမလဲဆိုတာ ငါတို့ သိချင်လို့"

ရောက်လာတဲ့ မြင်းတွေထဲမှာ သူ့အကြိုက်နဲ့ တူတဲ့ မြင်းကို ယွီကျွင်းချန် သေချာခန့်မှန်းလိုက်တယ်။

အနက်၊အဖြူ၊အုန်းခွံရောင် အစရှိတဲ့ အရောင်အသွေးစုံတဲ့ မြင်းတွေထဲမှာမှ ရွှေရောင်ဖျော့ဖျော့သန်းနေတဲ့ မြင်းတစ်ကောင်က ကျောင်းသားတွေရဲ့ အမြင်အာရုံကိုဖမ်းစားသွားခဲ့တယ်။

"ငါ ကယောင်​ခြောက်ခြားများဖြစ်နေတာလားကွာ?ရွှေရောင်သန်းနေတဲ့ မြင်းကို ငါမြင်နေရတယ်၊မင်းတို့တွေရော မြင်ရလား?"

"ငါလဲ မြင်နေရတယ်ကွ၊ အ​နောက်တိုင်း Fantasy movie တွေထဲက Pegasus ကို မြင်နေရတဲ့ အတိုင်းပဲ"

[TN: Pegasus =Demigodပါးစီးရပ်စ် စီးတဲ့ ဒဏ္ဍာရီနတ်မြင်းပျံ၊ရေနတ်ဘုရားပိုဆိုက်ဒွန်နဲ့ ငရဲဘုရင်မ ပါစီဖုန်းတို့ရဲ့အမေတို့ ကနေဖွားမြင်တယ်လို့လဲဆိုကြတယ်၊အသေစးစိတ်သိချင်ရင် CB ကိုသာလာခဲ့ကြပါ😌]

"အဲ့မြင်းကို ငါသေချာသိတာပေါ့၊ တစ်ကမ္ဘာလုံးမှာ အဲ့လိုမြင်းမျိုးက အကောင်ရေ ၂၀ကနေ ၆၀ကြားပဲကျန်တော့တာ၊စျေးကလဲ မယုံနိုင်လောက်အောင် ကို မြင့်တာကွ၊ဘယ်သူကများ ဒီမြင်းကို ဝယ်လိုက်တာပါလိမ့်?"

"ငါ့အဖေနဲ့ အတူလိုက်လာတုန်းက ဒီမြင်းကို မြင်ဖူးတယ်။မန်နေဂျာပြောတာတော့ ဒီမြင်းကို နိုင်ငံခြားလေလံပွဲကနေ ကြေးကြီးကြီးပေးပြီးလေလံဆွဲလာခဲ့တာတဲ့။ဒီမြင်းကို ဝယ်နိုင်မယ့်သူဆိုတာ မရှိသလောက်ရှားတယ်၊ ထိန်းသိမ်းရေးစရိတ်ကလဲ မနည်းဘူးလို့ ငါ့အဖေပြောတာကြားဖူးတယ်"

"ဒီမြင်းက လော်ဆန်း ကျွင်းချန် အတွက်ဝယ်ပေးတဲ့မြင်းများဖြစ်နေမလား?"

ယွီကျွင်းချန် ခန့်ညားလှပတဲ့ မြင်းကို မျက်လုံးအပြူးသားနဲ့ ကြည့်နေမိတယ်။ဒီမြင်းက လော်ဆန်းသူ့အတွက် ဝယ်ပေးထားတဲ့မြင်းဆိုတာ ကြားလိုက်တာနဲ့ အတော်လေး Suprise ဖြစ်သွားတယ်။သူ မြင်းအကြောင်းနားမလည်ပေမယ့် သူ့အတန်းဖော်တွေပြောနေတဲ့ စကားတွေအရ ဒီမြင်းရဲ့တန်ဖိုးကို ခန့်မှန်းလို့ရနေပြီ။

"သခင်လေးလော် က​တော့ကွာ၊ချမ်းသာချက်ပဲ"

မြင်းတွေသေချာတန်းစီပြီးတဲ့ အခါ ရွှေရောင်သန်းနေတဲ့ မြင်းကို သေချာကြည့်ချင်ကြတဲ့ ကျောင်းသားတွေစုပြုံအုံခဲလာတယ်။အခုလို စုပြုံနေတာက မြင်းတွေကို ထိတ်လန့်စေတာကြောင့် နည်းပြကပဲ တစ်ယောက်ချင်းစီနာမည်ခေါ်ပေးနေရတယ်။

ရွှေရောင်သန်းနေတဲ့ မြင်းကို ယွီကျွင်းချန် မျှော်လင့်တကြီးနဲ့ငေးကြည့်နေတယ်။သူ့စိတ်ထဲမှာ သူ ဒီမြင်းကိုစီးနင်းနေတဲ့ ပုံကို ပုံဖော်ကြည့်မိနေပြီ။


Zawgyi code

ေနာက္တစ္ေန႔မွာ ေလာ္႐ိႈ႕က မုန္႔ရန္ကို ေတာင္ေျခနားက ျမင္းျခံတစ္ခုကို  ျမင္းစီးေလ့က်င့္ဖို႔ေခၚသြားေပးတယ္။

ေလာ္႐ိႈ႕ကိုယ္တိုင္ မုန္႔ရန္အတြက္ ျမင္းေ႐ြးေပးဖို႔ လိုက္လာတယ္ဆိုတာကို ျမင္းျခံရဲ႕တာဝန္ခံ သိေနတယ္။ျမင္းထိန္းေတြကို မ်ိဳးေကာင္းမ်ိဳးသန္႔ နဲ႔ ေစ်းႀကီးႀကီး ျမင္းေတြ ေခၚလာဖို႔ ၫႊန္ၾကားလိုက္တယ္။

ေလာ္႐ိႈ႕ တို႔ ျမင္းျခံကို စေရာက္ကတည္းက မန္ေနဂ်ာကိုယ္တိုင္ တ႐ိုတေသနဲ႔ ဧည့္ခံေနတာျဖစ္တယ္။ေလာ္႐ိႈ႕တို႔ ျမင္းစီးဖို႔ဝတ္စုံလဲေနတဲ့ အခ်ိန္မွာေတာင္ အလို႐ွိတဲ့အခ်ိန္အကူအညီေပးႏိူင္ေအာင္ မန္ေနဂ်ာကိုယ္တိုင္ ေစာင့္ၾကည့္ေပးေနတယ္။

ရာသီဉတုက ေနသာေပမယ့္ တိုက္ခတ္ေနတဲ့ ေလညႇင္းသြဲ႕သြဲ႕ေၾကာင့္ေနရထိုင္ရတာ သက္ေတာင့္သက္သာ႐ွိတယ္။နတ္ဘုရားေတြေတာင္ အဆုံးသတ္ကို မသိႏိုင္ေလာက္ေအာင္ က်ယ္ဝန္းတဲ့ ျမင္းစီးေလ့က်င့္ေရးကြင္းရယ္၊စိမ္းစိုေနတဲ့ စားက်က္ေျမေတြရယ္ကို မုန္႔ရန္ ေနကာမ်က္မွန္ခြၽတ္ၿပီး ေငးၾကည့္ေနမိတယ္။

ျမင္းထိန္းေတြက သူတို႔ထိန္းေက်ာင္းေပးရတဲ့ ျမင္းေတြနဲ႔အတူ မုန္႔ရန္ တို႔ကို ေစာင့္ဆိုင္းေနတယ္။ေလာ္႐ိႈ႕ ျမင္းဝယ္ဖို႔ေရာက္လာတယ္လို႔ ၾကားလိုက္ကတည္းက သူတို႔ေတြ အရမ္းစိတ္လႈပ္႐ွားေနၾကတာပါ။ေလာ္႐ိႈ႕ပိုင္ဆိုင္တဲ့ျမင္းကိုသာထိန္းေက်ာင္းခြင့္ရမယ္ဆို သူတို႔ရဲ႕ဘဝက ႏွစ္အနည္းငယ္ေလာက္အထိ ဖူလုံႂကြယ္ဝႏိုင္တယ္ဆိုတာ လူတိုင္းသိတယ္ေလ။တျခားစကားနဲ႔ေျပာ
ရရင္ေတာ့ သူတို႔ရဲ႕ဘဝေတြကို ဒီျမင္းေတြအေပၚမွာပုံအပ္ထားရသလိုပါပဲ။

"ၾကည့္ရတာ ကြၽန္ေတာ္တို႔ ေက်ာင္းရဲ႕ ျမင္းစီးေလ့က်င့္ေရးကိုလဲ ဒီေနရာက ေလ့က်င့္ကြင္းမွာပဲလုပ္ေလာက္မယ္ထင္တယ္"

ေလာ္႐ိႈ႕ ေခါင္းညိတ္ျပလိုက္တယ္။

"ကြၽန္ေတာ္တို႔ဆီက ျမင္းေဇာင္ထဲမွာ St.james Uni ရဲ႕ ျမင္းစီးေလ့က်င့္ေရး ျမင္းေတြ႐ွိတယ္။ေလ့က်င့္ေရးကြင္းရဲ႕ ဧရိယာ B5မွာ သင္ၾကားေရးနဲ႔ ေလ့က်င့္ေရးလုပ္ၾကတယ္"

မန္ေနဂ်ာက မုန္႔ရန္ကို ျပဳံးၿပီး႐ွင္းျပတယ္။

VIP အတြက္ သတ္မွတ္ထားတဲ့ေနရာကို ေရာက္တဲ့အခါ မန္ေနဂ်ာ ကိုယ္တိုင္ ေလာ္႐ိႈ႕နဲ႔ မုန္႔ရန္ကို ကားတံခါးဖြင့္ေပးတယ္။ေလာ္႐ိႈ႕တို႔က စမွတ္မ်ဥ္းနားမွာ႐ွိတဲ့ အမိုးတစ္ခုေအာက္မွာ ထိုင္လိုက္တယ္။ႀကိဳဆိုဧည့္ခံေရးဝန္ထမ္းေတြကအသီးအႏွံနဲ႔ လက္ဘက္ရည္ တည္ခင္းေပးတယ္။ေလာ္႐ိႈ႕တို႔ကို အခ်ိန္မေ႐ြးဝန္ေဆာင္မႈေပးႏိူင္ေအာင္ ေလာ္႐ိႈ႕ရဲ႕သက္ေတာ္ေစာင့္ေတြနဲ႔အတူမတ္တပ္ရပ္ၿပီး ေစာင့္ဆိုင္းေနၾကတယ္။

သိပ္မၾကာခင္မွာ ျမင္းထိန္းေတြကသူတို႔ထိန္းေက်ာင္းေပးရတဲ့ ျမင္းေတြကိုစီးၿပီးေရာက္လာခဲ့တယ္။ျမင္းေတြကို ေသခ်ာ တန္းစီခိုင္းလိုက္ၿပီး မန္ေနဂ်ာက ေလာ္႐ိႈ႕ကို႐ွင္းျပတယ္။

"ဉကၠဌေလာ္ ဒီျမင္းေတြအကုန္လုံးက မ်ိဳးသန္႔တဲ့အျပင္ အေရာင္အေသြးလဲ ၾကည့္ေကာင္းပါတယ္။သေႏၶေကာင္းၾကတာေၾကာင့္ အခုမွ ျမင္းစီးသင္မယ့္သူေတြအတြက္ ပိုအဆင္ေျပတယ္"

"သြားၾကည့္လိုက္ဉီး"

ေလာ္႐ိႈ႕က မုန္႔ရန္ကို ကိုယ္တိုင္ေ႐ြးခိုင္းလိုက္တယ္။

မုန္႔ရန္ ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး တန္းစီေနတဲ့ ျမင္းေတြဆီကိုသြားလိုက္တယ္။

တကယ္ေတာ့ မုန္႔ရန္ ျမင္းအေၾကာင္းနဲ႔ပတ္သတ္ရင္ ဘာမွနားမလည္ဘူး။ေလာ္႐ိႈ႕ ကို လာျပတဲ့ ျမင္းေတြဆိုမွေတာ့ ေသခ်ာေပါက္ တန္ဖိုးႀကီးၿပီး မ်ိဳးသန္႔တဲ့ျမင္းေတြျဖစ္မယ္ဆိုတာေတာ့ မုန္႔ရန္သိတယ္။ျမင္းအေၾကာင္း ဘာမွ မသိေပမယ့္ ဒီျမင္းေတြအကုန္ လွတယ္ဆိုတာေတာ့ သူသိပါေသးတယ္။

အတိတ္ဘဝမွာတုန္းက မုန္႔ရန္ ငယ္ငယ္ကတည္းက တိုက္ခိုက္ေရးပညာရပ္ေတြကို သင္ယူခဲ့တယ္။ဒီဘဝမွာေတာ့ အရင္ဘဝမွာ မသင္ဖူးတဲ့ အရာေတြကိုပဲ သင္ယူဖို႔ စဥ္းစားထားတယ္။အတိတ္ဘဝတုန္းက အသုံးမဝင္ဘူးဆိုၿပီး မသင္ျဖစ္ခဲ့တဲ့ ျမင္းစီးတာကို အခုဘဝမွာ သင္ယူဖို႔ ဆုံးျဖတ္ခဲ့တယ္။

ျမင္းေတြကို ေသခ်ာၾကည့္ေနရင္းကေန၊ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့သန္းေနတဲ့ ျမင္းကို ေတြ႕တဲ့အခါ မုန္႔ရန္ ေက်နပ္သြားတဲ့ အမူအရာနဲ႔ ေခါင္းညိတ္ျပလိုက္တယ္။

"ကြၽန္ေတာ္ ထိၾကည့္လို႔ရမလား?"

မုန္႔ရန္ ျမင္းထိန္းကိုေမးၾကည့္လိုက္တယ္။

"ရပါတယ္"

မုန္႔ရန္ ျမင္းရဲ႕လည္ဆံေမႊးေတြကို ပြတ္သပ္ေပးရင္းျပဳံးေနမိတယ္။

"ဒီျမင္းကို သေဘာက်လား?"

ေလာ္႐ိႈ႕ က မုန္႔ရန္ နားကို ကပ္လာၿပီးေမးလိုက္တယ္။

"သူက အရမ္းလွတယ္"

မုန္႔ရန္ ျမင္းေတြအေၾကာင္းေကာင္းေကာင္းမသိတာေၾကာင့္ အျပင္ပန္းအေရာင္ကိုပဲၾကည့္ၿပီးေ႐ြးခ်ယ္လိုက္တယ္။

"သခင္ေလးမုန္႔က ေတာ္ေတာ္အျမင္႐ွိတာပဲ၊တစ္ကမ႓ာလုံးမွာ Golden Snow ျမင္းမ်ိဳးစိတ္က အေကာင္ေရ သိပ္မ႐ွိေတာ့ဘူးဗ်၊ကြၽန္ေတာ္တို႔ေတာင္ ဒီေကာင္ႀကီးကို ရဖို႔ ႏိုင္ငံျခားေလလံပြဲတစ္ခုကေန ေစ်းၿပိဳင္ေပးၿပီးေလလံဆြဲခဲ့ရတာ။Golden Snow ေတြက သေႏၶေကာင္းၾကတယ္၊ေျပးေနတဲ့အခ်ိန္မွာလဲ အေတာ္က်က္သေရ႐ွိတယ္၊ၿပီးေတာ့ သူတို႔က အရမ္းဉာဏ္ေကာင္းၾကတာဆိုေတာ့ ထိန္းေက်ာင္းရတာလဲ လြယ္တယ္။အခုမွ စၿပီး ျမင္းစီးသင္မယ့္ သူေတြအတြက္ေတာ့ အသင့္ေတာ္ဆုံးပဲဗ်ိဳ႕"

"ဒီလိုအရည္အေသြးျမင့္တယ္ဆိုမွေတာ့ ေစ်းလဲႀကီးမွာပဲမဟုတ္လား?"

မုန္႔ရန္ မန္ေနဂ်ာကိုေမးၾကည့္လိုက္တယ္။

"တကယ္ေတာ့ ဒီတစ္ေကာင္က ဉကၠဌေလာ္ရဲ႕ျမင္းထက္ ေစ်းပိုႀကီးတယ္။႐ွားပါးေလ၊တန္ဖိုးျမင့္ေလပဲေလ။ၿပီးေတာ့ Golden Snow ေတြက သားေဖာက္ရခက္တယ္။ဒါ့ေၾကာင့္ ေစ်းႀကီးေနတာ"

ဒီျမင္းကို ဝယ္ရမလား၊မဝယ္ရဘူးလားဆိုတာကို မုန္႔ရန္စိတ္ထဲကေန တြက္ခ်က္ေနတယ္။ၾကည့္ေကာင္းတာမွန္ေပမယ့္ ေစ်းကလဲ မိုးထိေအာင္ျမင့္ေလာက္တယ္။သူကေရာ ဒီျမင္းကို ဘယ္ေလာက္ၾကာၾကာစီးႏိုင္မွာမို႔လို႔လဲ?

"ကြင္းတစ္ပတ္ေလာက္ စမ္းစီးၾကည့္လိုက္။သေဘာက်တယ္ဆိုရင္ ဒီျမင္းကို ဝယ္ၿပီး အိမ္ေခၚသြားၾကမယ္"

ေလာ္႐ိႈ႕က မုန္႔ရန္ကို တိုက္တြန္းလိုက္တယ္။

"ကြၽန္ေတာ္သူ႕ကို အိမ္ေခၚသြားၿပီး ေမြးလို႔ရလား?"

မုန္႔ရန္ ေမွ်ာ္လင့္တႀကီးနဲ႔ ေလာ္႐ိႈ႕ကို ေမးလိုက္တယ္။

"အဓိကစံအိမ္မွာ သူတို႔ကိုထားဖို႔ေနရာ႐ွိတယ္။ေနပူစာလႈံဖို႔နဲ႔ က်န္းမာေရးစစ္ေဆးဖို႔ေလာက္ပဲ ျမင္းျခံကို ျပန္ပို႔ရမွာ"

"ခင္ဗ်ား အရင္ဝယ္ထားတဲ့ ျမင္းကိုေရာ အိမ္ကိုေခၚသြားလို႔ရမလား?ဒါဆို သူတို႔ႏွစ္ေကာင္ အတူေနလို႔ရၿပီ။ကြၽန္ေတာ္သူ႕ကို အခ်ိန္မေပးႏိူင္ရင္ေတာင္ သူ အထီးက်န္မေနေတာ့ဘူးေပါ့"

မုန္႔ရန္ သူေ႐ြးထားတဲ့ ျမင္းကို ခပ္ဖြဖြပြတ္သတ္ေပးေနရင္း ျပဳံးေနခဲ့တယ္။

မန္ေနဂ်ာကေတာ့ အေတာ္ေလးေပ်ာ္႐ႊင္ေနပါတယ္။မုန္႔ရန္အတြက္ ေလာ္႐ိႈ႕က ျမင္းဝယ္ေပးေတာ့မယ္ေလ။ တျခားသူေဌးေတြကို ေရာင္းရတာထက္ ေလာ္႐ိႈ႕ကို ေရာင္းရတာ ပိုအဆင္ေျပတယ္။ေလာ္႐ိႈ႕က ရက္ေရာတတ္တဲ့သူတစ္ေယာက္ဆိုတာလူတိုင္းသိတယ္။ၿပီးေတာ့ ဒီျမင္းေတြကို ထိန္းသမ္းေစာင့္ေ႐ွာက္ရမယ့္စရိတ္ကလဲ ေပါ့ေသးေသးမဟုတ္ဘူးေလ။

ေလာ္႐ိႈ႕ က မုန္႔ရန္ကို ျမင္းေပၚတင္ေပးလိုက္ၿပီး သူကိုယ္တိုင္လဲ မုန္႔ရန္ရဲ႕ေနာက္မွာထိုင္လိုက္တယ္။အဲ့​နာက္မွာ ျမင္းရဲ႕ဇက္ႀကိဳးကို ထိန္းၿပီး တျဖည္းျဖည္းခ်င္းအ႐ွိန္ျမႇင့္ စီးနင္းလိုက္တယ္။

ေပါ့ေပါ့ပါးပါးေျပးလႊားေနတဲ့ ခံစားခ်က္က တကယ္ကို ေပ်ာ္ဖို႔ေကာင္းလြန္းတယ္။ေလကိုခြင္းၿပီး ေျပးလႊားေနတဲ့ ခံစားခ်က္က အေပ်ာ္တမ္းၿပိဳင္ကားေမာင္းရတဲ့ခံစားခ်က္ထက္ ပိုမိုက္တယ္။လူခ်မ္းသာေတြက ေခါတ္မွီနည္းပညာေတြကိုေဘးခ်ိတ္ၿပီး ဘာ့ေၾကာင့္ ျမင္းစီးေလ့က်င့္ၾကသလဲဆိုတာကို အခုမွပဲ မုန္႔ရန္နားလည္ႏိုင္ေတာ့တယ္။ျမင္းစီးရတာက ခလုတ္ကန္သင္းေတြမ်ားၿပီး ၾကမ္းတမ္းဆိုေပမယ့္ ေခ်ာေမြ႕ေနတဲ့ ကတၱရာလမ္းေပၚမွာ ကားေမာင္းရတာထက္ ပိုၿပီး လုပ္လို႔ရတဲ့အရာမ်ားႀကီး႐ွိေသးတယ္ဆိုတာ မုန္႔ရန္သေဘာေပါက္စျပဳလာၿပီ။

သူ႕အေနာက္ဘက္မွာ ထိုင္ေနတဲ့ေလာ္႐ိႈ႕ရဲ႕ ရင္အုပ္အက်ယ္ႀကီးကို မွီလိုက္ရတိုင္း လုံျခဳံတယ္၊ေက်နပ္ဝမ္းေျမာက္တယ္၊ေပ်ာ္႐ႊင္တယ္။ကြင္းကို တစ္ပတ္ေလာက္ေျပးၿပီးတဲ့ အခါ ျမင္းကို စမွတ္႐ွိရာဆီကို ျပန္ေမာင္းလာခဲ့တယ္။

ေလာ္႐ိႈ႕က မုန္႔ရန္ကို ျမင္းေပၚကေန ေအာက္ခ်ေပးလိုက္ၿပီးထပ္ေမးတယ္။

"တျခားျမင္းေတြကိုေရာ ​ၾကည့္ ၾကည့္ဉီးမလား? "

"မလိုေတာ့ဘူး၊ သူ႕ကိုပဲ အိမ္ေခၚသြားၾကမယ္ေနာ္"

မုန္႔ရန္ အျပဳံးတစ္ခုနဲ႔ ျပန္ေျဖလိုက္တယ္။

မုန္႔ရန္ေပ်ာ္ေနတာကို ျမင္တာေၾကာင့္ ေလာ္႐ိႈ႕ အ​ေတာ္ကိုေက်နပ္ေနတယ္။တကယ္ေတာ့ ေလာ္႐ိႈ႕က ပိုက္ဆံ႐ွာရတာကို ႀကိဳက္တယ္၊ပိုက္ဆံ႐ွိတာေပ်ာ္ဖို႔ေကာင္းတယ္လို႔ေတြးခဲ့ဖူးတယ္။ေငြေၾကးခ်မ္းသာမႈက သူ႕ကိုပိုၿပီး သန္မာေစတယ္၊ဒါ့ေၾကာင့္ ေလာ္႐ိႈ႕ မရပ္မနား ပိုက္ဆံ႐ွာခဲ့တယ္။ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက သူပိုက္ဆံေတြအမ်ားႀကီး သုံးခဲ့ေပမယ့္ ေပ်ာ္႐ႊင္မႈဆိုတာကို မခံစားခဲ့ရဘူး။ဒီေန႔ မုန္႔ရန္ရဲ႕အျပဳံးကို ျမင္လိုက္ရတဲ့အခ်ိန္မွာ ပိုက္ဆံသုံးရျခင္းရဲ႕အစစ္အမွန္ေပ်ာ္႐ႊင္ျခင္းကို သူ႕ဘဝမွာ ပထမဆုံးအႀကိမ္ ႐ွာေတြ႕ခဲ့ၿပီ။

ဝမ္းသာလုံးဆို႔ေနတဲ့ မန္ေနဂ်ာက အီလက္ထေရာနစ္ ေငြေပးေခ်ေရး စာခ်ဳပ္တစ္ခုကို သယ္လာတယ္။ေလာ္႐ိႈ႕ ထိုစာခ်ဳပ္ေပၚမွာ ေပ်ာ္ေပ်ာ္ႀကီး လက္မွတ္ထိုးေပးလိုက္တယ္။မန္ေနဂ်ာကေတာ့ ခ်က္ခ်င္းအိမ္ျပန္ၿပီး သူ႕မိသားစုနဲ႔အတူ ေအာင္ပြဲခံဖို႔ စိတ္ေလာေနၿပီ။

မန္ေနဂ်ာ က တျခားျမင္းထိန္းေတြကို လက္ဟန္ေျခဟန္ျပလိုက္တယ္။ အေ႐ြးမခံရတဲ့ ျမင္းထိန္းေတြကေတာ့ စိတ္ပ်က္လက္ပ်က္နဲ႔ ျပန္သြားၾကတယ္။

ေလာ္႐ိႈ႕ က မုန္႔ရန္ ကို ျမင္းစီးတတ္ေအာင္ သင္ေပးေနတယ္။ျပန္လည္ေမြးဖြားလာၿပီးကတည္းက မုန္႔ရန္ဉာဏ္အရမ္းေကာင္းလာတယ္။တစ္ခါသင္ေပး႐ုံနဲ႔ အကုန္မွတ္မိတတ္တဲ့ ဉာဏ္ရည္က အခုခ်ိန္မွာ အလုပ္လုပ္ပုံမရဘူး။ဒါ့ေၾကာင့္ ေလာ္႐ိႈ႕ကပဲ ခုနလို ေနာက္မွာထိုင္ၿပီး အတူတူ စီးနင္းေပးရျပန္တယ္။တခါတခါဆို မုန္႔ရန္ရဲ႕လည္တိုင္နားကို ကပ္ကပ္ၿပီး ေလာ္႐ိႈ႕က ခႏၶာကိုယ္ကို ဘယ္လိုထားရမယ္၊ဇက္ႀကိဳးကိုဘယ္လို ထိန္းရမယ္ဆိုတာေတြေျပာျပတယ္။ဒါ့ေၾကာင့္ မုန္႔ရန္ အ​ေတာ္နားလည္ေနၿပီ။ျမင္းေပၚက ခႏၶာကိုယ္ ႏွစ္ခုက ၾကားေလမေသြးႏိုင္ေအာင္ ပူးကပ္ေနတယ္။ခလုတ္ကန္သင္းေတြေၾကာင့္ မုန္႔ရန္ ကိုယ္ဟန္ပ်က္သြားတိုင္း ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ခါးကို လက္တစ္ဖက္ ထိန္းၿပီး ဖက္ထားေပးတယ္။

ႏွစ္ေယာက္ အနားယူေနခ်ိန္မွာ မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕ပုခုံးႏွစ္ဖက္ေပၚ လက္တင္ၿပီး ေလာ္႐ိႈ႕ကိုနမ္းလိုက္တယ္။

" ေက်းဇူးတင္ပါတယ္ Mr.ေလာ္၊ကြၽန္ေတာ္ဒီေန႔အရမ္းေပ်ာ္တယ္"

ျပဳံးေနတဲ့ မုန္႔ရန္ကို ၾကည့္ရင္း မုန္႔ရန္ရဲ႕ဆံပင္ေလးေတြကို ထိေတြ႕ေနတဲ့ ေလာ္႐ိႈ႕ ကလဲ ထပ္တူထပ္မွ် ေပ်ာ္႐ႊင္ေနပါတယ္။

မုန္႔ရန္ နဲ႔ေလာ္႐ိႈ႕က ဝယ္ထားတဲ့ ျမင္းေတြကို သယ္ၿပီး အဓိကစံအိမ္ကို ျပန္လာခဲ့တယ္။မုန္႔ရန္က သူ႕ရဲ႕ ျမင္းကို ေနေရာင္ျခည္လို႔ အဓိပၸါယ္ ရတဲ့ လိန္႔ရန္ဆိုတဲ့ နာမည္ေပးလိုက္တယ္။

လိန္႔ရန္ကို အဓိကစံအိမ္ဝန္းထဲေခၚလာၿပီးတဲ့ အခါ မုန္႔ရန္က ေလာ္႐ိႈ႕ ကို အခ်ိန္ရရင္ စံအိမ္ဝန္းအျပင္ဘက္ကိုျမင္းစီးထြက္မယ့္အၾကာင္းခြင့္ေတာင္းလိုက္တယ္။အခုသူျမင္းစီးတတ္ၿပီး ဆို​ေတာ့ လုံလင္းေတာင္တစ္ခြင္ျမင္းစီးထြက္မယ္၊ ေတာအုပ္ထဲမွာ ျမင္းစီးရတာ အရမ္းမိုက္တယ္။တစ္ခါတစ္ေလဆို ေတာင္ရဲ႕အေနာက္ဘက္မွာ ႐ွိတဲ့ ပင္လယ္ကမ္းစပ္မွာ ေလညႇင္းခံဖို႔ ျမင္းစီးထြက္ေလ့႐ွိတယ္။

Uni ေတြရဲ႕ ျမင္းစီးေလ့က်င့္ေရးေတြစတင္ေတာ့မယ္။မုန္႔ရန္တို႔ Uni နဲ႔ စီးပြားေရးတကၠသိုလ္နဲ႔က ေလ့က်င့္ေရးဆင္းတဲ့အခ်ိန္တူၾကတယ္။ဒါက ေလာ္ဆန္းနဲ႔ အတူတူတက္ခြင့္ရမယ့္ ေလ့က်င့္ေရးအခ်ိန္ျဖစ္တာေၾကာင့္ ယြီကြၽင္းခ်န္ ျမင္းစီးကလပ္အသင္းကို ဝင္ျဖစ္ခဲ့တာျဖစ္တယ္။

မုန္႔ရန္တို႔ ျမင္းဝယ္ခဲ့တဲ့ ျမင္းျခံက တကၠသိုလ္ေက်ာင္းသားေတြအတြက္ ျမင္းေတြ စပြန္ဆာေပးထားတယ္။အကယ္၍ မင္းရဲ႕ကိုယ္ပိုင္ျမင္းက ဒီျမင္းျခံမွာ ႐ွိေနတယ္ဆို ကိုယ္ပိုင္ ျမင္းနဲ႔ေလ့က်င့္လို႔ရတယ္။တစ္ခ်ိဳ႕ေက်ာင္းသားေတြ ကိုယ္ပိုင္ျမင္း ႐ွိတာေၾကာင့္ ျမင္းစီးကလပ္မွာ ပါဝင္ၾကတာျဖစ္တယ္။

ယြီကြၽင္းခ်န္ မွာ ကိုယ္ပိုင္ျမင္းမ႐ွိေသးဘူး။ဒါေပမယ့္ ေလာ္ဆန္းက သူ႕အတြက္ ျမင္းတစ္ေကာင္ဝယ္ေပးထားတယ္လို႔ ေျပာတယ္။အဲ့ျမင္းကို သူမျမင္ဖူးေသးဘူး။

ေက်ာင္းသားေတြအကုန္လုံး ျမင္းၿပိဳင္ကြင္း
ကို ေရာက္ေနၾကၿပီ။သူတို႔ေတြအကုန္လုံး ျမင္းစီးဝတ္စုံေတြဝတ္ၿပီး B5 ဧရိယာ႐ွိရာဆီကို Tour bus စီးၿပီးသြားေနၾကတယ္။B5 ဧရိယာရဲ႕ ေဘးကပ္ရပ္မွာစီးပြားေရးတကၠသိုလ္ရဲ႕ ျမင္းစီးေလ့က်င့္ကြင္း႐ွိတယ္။

ေက်ာင္းသားေတြက Tour bus ေပၚကေန ဆင္းၿပီး နားေနေဆာင္မွာ ထိုင္ေနၾကတယ္။နည္းျပက ကိုယ္ပိုင္ျမင္းမ႐ွိတဲ့သူေတြကို လက္ေထာင္ျပခိုင္းတယ္။လူအေရအတြက္ မွတ္ၿပီးတာ နဲ႔ ျမင္းေတြကို ေခၚလာဖို႔ ျမင္းေဇာင္းကို သတင္းပို႔လိုက္တယ္။

နားေနေဆာင္မွာ႐ွိတဲ့ ေက်ာင္းသားေတြက ေထြရာေလးပါးေျပာဆိုရင္း ေစာင့္ဆိုင္းေနၾကတယ္။

St.James Uni မွာ မုန္႔ရန္နဲ႔ ယြီကြၽင္းခ်န္ တို႔က မသိသူမ႐ွိသေလာက္နာမည္ႀကီးၾကတယ္။တစ္ေယာက္က ဉကၠဌေလာ္ရဲ႕အိမ္ေထာင္ဖက္၊တစ္ေယာက္က ေလာ္ဆန္းနဲ႔ ေစ့စပ္ထားတဲ့သူ။အဲ့လိုပဲ တစ္ေယာက္က Master ႐ႊီဝမ္းယာရဲ႕တပည့္၊တစ္ေယာက္က Master လင္စုန္႔ထိုင္ ရဲ႕တပည့္။

"ကြၽင္းခ်န္ မင္းေရာကိုယ္ပိုင္ျမင္းနဲ႔ေလ့က်င့္မွာလား?ဘာအမ်ိဳးအစားလဲေျပာျပပါဉီး"

"ေလာ္ဆန္းက ငါ့အတြက္ တစ္ေကာင္ဝယ္ေပးထားေပမယ့္ ငါလဲ မျမင္ဖူးေသးဘူး။သူေျပာတာေတာ့ ငါႀကိဳက္မွာပါတဲ့"

"ဒီလိုတစ္ဝက္တစ္ပ်က္ Suprise ေလးက Romantic ဆန္လိုက္တာကြာ၊ငါေတာင္ သိခ်င္လာၿပီ"

"ငါဒီကို ေလ့က်င့္ဖို႔လာတုန္းက ေလာ္ဆန္းရဲ႕ အုန္းခြံေရာင္ျမင္းႀကီးကို ျမင္ဖူးတယ္။ျမင္းက ေဒါင္ျမင့္ျမင့္ႀကီးနဲ႔ ခန္႔ညားလိုက္တာမ်ားကြာ"

" ေလာ္ဆန္း ကဒီကို လာၿပီး သူကိုယ္တိုင္ မင္းကို သင္ေပးမွာလား?"

"သူ ေလ့က်င့္ေရးအားလပ္တဲ့အခ်ိန္လာခဲ့မယ္လို႔ ေျပာတယ္"

"ဝိုးးးး မင္းရဲ႕သတို႔သားေလာင္းက မင္းကိုကိုယ္တိုင္သင္ေပးမယ္ေပါ့၊ဒါက လုံးဝကို ႏွစ္ဆ Ro တာေနာ္၊ေတြးၾကည့္ရင္ မနာလိုခ်င္စရာေကာင္းလိုက္တာကြာ"

"ၾကည့္!!ၾကည့္ ေ႐ွ႕ဆုံးကျမင္းက ငါ့ကိုယ္ပိုင္ျမင္းကြ!!"

ပိုင္႐ွင္႐ွိၿပီးသားျမင္းေတြကို အရင္ဆုံးသယ္ထုတ္လာတာျဖစ္တယ္။ေက်ာင္းသားတစ္ေယာက္က ယြီကြၽင္းခ်န္ ကိုေမးလိုက္တယ္။

"ေလာ္ဆန္း မင္းအတြက္ ဝယ္ေပးတဲ့ ျမင္းကို  ျမန္ျမန္ခန္႔မွန္းၾကည့္လိုက္စမ္းပါ။မင္းတို႔ႏွစ္ေယာက္ ဘယ္ေလာက္ေတာင္ စိတ္ခ်င္းဆက္ေနမလဲဆိုတာ ငါတို႔ သိခ်င္လို႔"

ေရာက္လာတဲ့ ျမင္းေတြထဲမွာ သူ႕အႀကိဳက္နဲ႔ တူတဲ့ ျမင္းကို ယြီကြၽင္းခ်န္ ေသခ်ာခန္႔မွန္းလိုက္တယ္။

အနက္၊အျဖဴ၊အုန္းခြံေရာင္ အစ႐ွိတဲ့ အေရာင္အေသြးစုံတဲ့ ျမင္းေတြထဲမွာမွ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့သန္းေနတဲ့ ျမင္းတစ္ေကာင္က ေက်ာင္းသားေတြရဲ႕ အျမင္အာ႐ုံကိုဖမ္းစားသြားခဲ့တယ္။

"ငါ ကေယာင္​ေျခာက္ျခားမ်ားျဖစ္ေနတာလားကြာ?ေ႐ႊေရာင္သန္းေနတဲ့ ျမင္းကို ငါျမင္ေနရတယ္၊မင္းတို႔ေတြေရာ ျမင္ရလား?"

"ငါလဲ ျမင္ေနရတယ္ကြ၊ အ​ေနာက္တိုင္း Fantasy movie ေတြထဲက Pegasus ကို ျမင္ေနရတဲ့ အတိုင္းပဲ"

[TN: Pegasus =Demigodပါးစီးရပ္စ္ စီးတဲ့ ဒ႑ာရီနတ္ျမင္းပ်ံ၊ေရနတ္ဘုရားပိုဆိုက္ဒြန္နဲ႔ ငရဲဘုရင္မ ပါစီဖုန္းတို႔ရဲ႕အေမတို႔ ကေနဖြားျမင္တယ္လို႔လဲဆိုၾကတယ္၊အေသစးစိတ္သိခ်င္ရင္ CB ကိုသာလာခဲ့ၾကပါ😌]

"အဲ့ျမင္းကို ငါေသခ်ာသိတာေပါ့၊ တစ္ကမ႓ာလုံးမွာ အဲ့လိုျမင္းမ်ိဳးက အေကာင္ေရ ၂၀ကေန ၆၀ၾကားပဲက်န္ေတာ့တာ၊ေစ်းကလဲ မယုံႏိုင္ေလာက္ေအာင္ ကို ျမင့္တာကြ၊ဘယ္သူကမ်ား ဒီျမင္းကို ဝယ္လိုက္တာပါလိမ့္?"

"ငါ့အေဖနဲ႔ အတူလိုက္လာတုန္းက ဒီျမင္းကို ျမင္ဖူးတယ္။မန္ေနဂ်ာေျပာတာေတာ့ ဒီျမင္းကို ႏိုင္ငံျခားေလလံပြဲကေန ေၾကးႀကီးႀကီးေပးၿပီးေလလံဆြဲလာခဲ့တာတဲ့။ဒီျမင္းကို ဝယ္ႏိုင္မယ့္သူဆိုတာ မ႐ွိသေလာက္႐ွားတယ္၊ ထိန္းသိမ္းေရးစရိတ္ကလဲ မနည္းဘူးလို႔ ငါ့အေဖေျပာတာၾကားဖူးတယ္"

"ဒီျမင္းက ေလာ္ဆန္း ကြၽင္းခ်န္ အတြက္ဝယ္ေပးတဲ့ျမင္းမ်ားျဖစ္ေနမလား?"

ယြီကြၽင္းခ်န္ ခန္႔ညားလွပတဲ့ ျမင္းကို မ်က္လုံးအျပဴးသားနဲ႔ ၾကည့္ေနမိတယ္။ဒီျမင္းက ေလာ္ဆန္းသူ႕အတြက္ ဝယ္ေပးထားတဲ့ျမင္းဆိုတာ ၾကားလိုက္တာနဲ႔ အေတာ္ေလး Suprise ျဖစ္သြားတယ္။သူ ျမင္းအေၾကာင္းနားမလည္ေပမယ့္ သူ႕အတန္းေဖာ္ေတြေျပာေနတဲ့ စကားေတြအရ ဒီျမင္းရဲ႕တန္ဖိုးကို ခန္႔မွန္းလို႔ရေနၿပီ။

"သခင္ေလးေလာ္ က​ေတာ့ကြာ၊ခ်မ္းသာခ်က္ပဲ"

ျမင္းေတြေသခ်ာတန္းစီၿပီးတဲ့ အခါ ေ႐ႊေရာင္သန္းေနတဲ့ ျမင္းကို ေသခ်ာၾကည့္ခ်င္ၾကတဲ့ ေက်ာင္းသားေတြစုျပဳံအုံခဲလာတယ္။အခုလို စုျပဳံေနတာက ျမင္းေတြကို ထိတ္လန္႔ေစတာေၾကာင့္ နည္းျပကပဲ တစ္ေယာက္ခ်င္းစီနာမည္ေခၚေပးေနရတယ္။

ေ႐ႊေရာင္သန္းေနတဲ့ ျမင္းကို ယြီကြၽင္းခ်န္ ေမွ်ာ္လင့္တႀကီးနဲ႔ေငးၾကည့္ေနတယ္။သူ႕စိတ္ထဲမွာ သူ ဒီျမင္းကိုစီးနင္းေနတဲ့ ပုံကို ပုံေဖာ္ၾကည့္မိေနၿပီ။



Ga verder met lezen

Dit interesseert je vast

101K 9.9K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
63.5K 5.8K 200
မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟ...
18.8K 2.8K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...
79.2K 4.7K 107
သရဲဆရာဝန္ (part _2)