" ဝုန်းးးးဒုန်းးးးအားးး "
" ဟာ.. "
" ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ "
" မီးဆိုင်းပြုတ်ကျတာ "
" ဟာ ဘယ်သူထိသွားလဲ "
" ချိန်း ပေါ်ပြုတ်ကျတာ "
" လွှား လွှား ထိတာ "
ကျယ်လောင်သော အသံကြီးတစ်ခု
ဝုန်းခနဲ ဟိန်းထွက်လာပြီးနောက် အမှောင်အတိကျသွားတဲ့ ပတ်ဝန်းကျင်။ ပါတီတစ်ခုလုံး ရုတ်ရုတ်သဲသဲ ။ ဘာမှ ရေရေရာရာ မရှိဘဲတစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေသော လူအုပ်ကြီး ။ ထိုအချိန်တွင် မီးဆိုင်း အောက်မှာ ပိနေသော လူသား တစ်ဦး ။
စကားပြောနေရင်းကပင် တစ်စုံတစ်ယောက်ရဲ့ တွန်းထုတ်ခြင်း ခံလိုက်ရတာကြောင့် ဝန်း အရှိန်မထိန်းနိုင်စွာ လဲကျသွားသည်။ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ သိပေမယ့် နားတွေ အူကာ ဘာမှ မကြားရ ။ နေရာကနေ ပတ်ဝန်းကျင်ကိုကြောင်အစွာ ကြည့်မိတော့
" လွှား ! လွှား ! "
မီးဆိုင်းအောက်ကနေ လွှားကို ဆွဲထုတ်နေကြသည်။ လွှား တစ်ကိုယ်လုံး သွေးတွေနဲ့ နီကျင်နေသည် ။ ယောကျာ်းသား တစ်ချို့ရဲ့"မကြည့်ကြနဲ့ မကြည့်ကြနဲ့ " ဆိုတဲ့ အသံက တလောက လုံးကို ဖုံးလွှမ်းနေသည်။
" ကို....ကို "
" လွှား ဘာဖြစ်လို့ ဟာ ကိုယ် "
" ကို...ကို "
" ကိုယ်... ကိုယ် ... တို့ဆေးရုံသွားမယ် ခန ... ခန ..လေးနော် လွှား "
လွှား ကို ချီမကာ ပြေးလိုက်သည် ဘယ်ကို ပြေးနေမှန်းတော့ ဝန်း မသိ ။ တစ်ယောက်ယောက်က ဝန်း ကို ဆွဲကာ ကားတစ်စီးထဲ တွန်းထဲ့ လိုက်မှန်းတော့ ဝန်း သိသည်။
" ချစ်...တယ် "
ဝန်း မျက်နှာကို လက်သွယ်သွယ်လေးတွေနဲ့ လာထိကာ အားတင်းကာ ဆိုတဲ့စကား က ချစ်တယ် တဲ့ ။ ရူးမိုက်လိုက်တာ လွှားရယ်။
ပြေလျော့သွားတဲ့ လက်တွေ ၊ မှိတ်ကျသွားတဲ့ မျက်ဝန်း တစ်စုံ ၊ တဖြည်းဖြည်း နှေးသထက် နှေးလာတဲ့ နှလုံးခုန်သံ ။
" လွှား ! သတိထားပါဦး... လွှား ! ကိုယ်တို့ ဆေးရုံရောက်တော့မှာလေ... သတိထားပါဦး... လွှား! လွှား ! "
ရင်ခွင်ထဲ မလှုပ်မယှက် နဲ့ နေနေသော လွှားရဲ့ ပါးပြင်လေးကို ဖွဖွပုပ်ရင်း ဝန်း နှိုးနေမိသည်။ လွှား အိပ်ပျော်သွားလို့ မရဘူး ။ လွှား ဘာမှမဖြစ်ရဘူး ။
ဘယ်လို မိုက်မဲမှုမျိုးကို ကျူးလွန်လိုက်တာလဲကွာ ။ ကိုယ့်ကို ချစ်တယ်တဲ့လား ။ ကိုယ့်ကို ကယ်လိုက်လို့ ကိုယ်က ကျေးဇူးမတင်ဘူးနော် ။ လွှား ကို ကိုယ် စိတ်ဆိုးတယ် ။ လွှား မအိပ်လိုက်ပါနဲ့။
.
မျက်လုံးကပြာဝေပြီး ခေါင်းတစ်ခုလုံး ချာချာလည်ကာ အသက်ရှူရတာ မောပန်း ခက်ခဲလာသည်။ တစ်ကိုယ်လုံး နာကျင်နေကျင်နေပြီး အသိစိတ်က ရ တစ်ချက် လွတ်တစ်ချက် ။ အားတင်းကာ တုန်ရီနေသောလက်ဖြင့် ဖုန်း ကို ယူပြီး နံပါတ် 1 ဆိုတဲ့ ဂဏန်းကို နှိပ်လိုက်သည်။
" တီ....တီ...တီ....လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းမှာ သတ်မှတ်ချိန်အတွင်း...."
ဦးခေါင်းထက်ကနေ လိမ့်ဆင်းလာတဲ့ နီပျစ်ပျစ် အရည်တွေ ...
" ဝ... ဝန်း...ငယ် "
သူ နောက်ဆုံး ရွတ်ဆိုလိုက်တဲ့ အမည်နာမလေး က ဝန်း ငယ် ။ ပြီးနောက် အသိစိတ်မဲ့စွာ အမှောင်အတိကျသွားတော့သည်။
တဖက်ထံကနေ တုံ့ပြန်မှု မရတဲ့ ဖုန်း ကို ခေါ်နေတဲ့ ဖုန်း ပိုင်ရှင်လေးက ဖုန်း ရဲ့ ဘေးမှာ ငြိမ်သက်စွာ...။
.
ခွဲစိတ်ခန်းရှေ့တွင် စိုးရိမ်ပူပန်မှုအပြည့်နဲ့ မငြိမ်မသက်ဖြစ်နေသော ကောင်လေးတစ်ယောက်ရဲ့ ခြေထောက်တွေက ယိုင်နဲ့နဲ့။ ရှပ်အင်္ကျီ အဖြူရောင်မှာ သွေးတွေ စွန်းနေတာမလို့ အနည်းငယ်အကျည်းတန်နေသည်။
" ဘာလို့လဲ.. ဘာလို့.. လွှား.. က... "
" လွှား... ဘာမှဖြစ်လို့မရဘူးနော်... တစ်ခုခု လွဲချော်သွားခဲ့ရင်.. ကိုယ်... ကိုယ်.. "
" ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီးတော့... "
ဝန်း ရဲ့ စိတ်တွေက ကယောက်ဂယက်။ အခုချိန်မှာ ဝန်း ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိ ဘယ်ကို တလို့ တ ရမယ်မှန်းလည်း မသိ ။ ခေါင်းထဲမှာ ဗလာနတ္ထိ ။ ဘဝ မှာ ပထမဦးဆုံးအကြိမ် စိတ်ဝိဥာဥ် နဲ့ လူခန္ဓာ ကွဲပြားနေသည်။ သူ အခု သိနေတာက လွှား သူ့ကြောင့် ဒဏ်ရာ ရသွား တယ် ။
" လွှား.... ဘာ မှ မ ဖြစ် ရဘူးနော် "
" လူနာရှင် "
ခွဲစိတ်ခန်း တံခါးပွင့်လာကာ ထွက်လာတဲ့ သူနာပြုဆရာမလေးထံ ဝန်း ကရောသောပါး အပြေးသွားလိုက်သည်။
" ကျွန်တော်ပါ "
ဝန်း ရဲ့ အသံမှာ မောဟိုက်မှုတွေ စိုးရိမ်မှုတွေ သိလိုမှုတွေ ပါနေသည်။
" လူနာသွေးထွက်လွန်နေလို့ သွေးလိုနေတယ် "
" ဗျာ! ဘယ် ဘယ် လို လုပ်ရမလဲ "
" လူနာမိသားစုထဲမှာ သွေးတူတဲ့ရှိလား "
" မိသားစုက နိုင်ငံခြားမှာ "
ဝန်း ကြောင့် လွှား ထိခိုက်တာ လွှားဖေဖေတွေ သိရင် ဘယ်လောက်စိတ်ထိခိုက်ကြမလဲ ။ ခက်ခက်ခဲခဲ မွေးဖွားထားရတဲ့ အဖိုးတန် ရင်သွေးလေး မဟုတ်လား ။ ဝန်း စိတ်တွေ ပိုတင်းကြပ်လာသည် ။ အကုန်လုံးက ဝန်းကြောင့် ၊ ဝန်း ရဲ့ အပြစ်တွေ လို့ ခံစားလာရသည်။
" လူနာသွေးက A- ပါ... သွေးလှူဋ္ဌာနက သွေးတွေ ကုန်သွားလို့ အလှူရှင် ပြန်ရှာနေပါတယ်.. လူနာရှင်တွေ ဘက်ကလည်း ရှာကြည့်ပါဦး.. အလျင်လိုတယ်.. တစ်နာရီအတွင်း ရှာလို့ရမှ ဖြစ်မယ် "
သူနာပြုဆရာမလေးက ပြောပြီးတာနဲ့ ခွဲခန်းထဲ ပြန်ပြေးဝင်သွားသည်။
A- ။ သွေးက ရှားတယ် မလား ။
" ခဗျား ဘာသွေးလဲ "
ဘေးနားမှာ အူတူတူနဲ့ ရပ်နေတဲ့ လွှား မန်နေဂျာက တာဝန်အရ ဝတ်ကျေတမ်းကျေ လိုက်လာတဲ့ ပုံ။
" ကျွန်တော်က B "
" အေဂျင်စီကို မေးကြည့် လိုင်း လိုင်း ပေါ်တင် "
ပြောချင်တာပြောပြီး ကတိုက်ကရိုက် ပြေးထွက်သွားတဲ့ နိုင်ငံကျော် မင်းသား ချိန်းကို ကြည့်ကာ ဘေးက လူတွေတောင် မောဟိုက်လာသည်။ ခွဲခန်းထဲက လွှား ထက် ချိန်းက ပို စိုးရိမ်စရာ ကောင်းနေသည်။ အခုလည်း ဘယ်ကို သွားတာပါလိမ့် ။
" အစ်ကို ဟုတ်တယ် A- အစ်ကို့သွေး "
ဒီနေ့ရဲ့ပထမဦးဆုံးအကြိမ် အစ်ကို့ကို တ မိသည် ။ လွှား က ဝန်း ကြောင့် ထိခိုက်သွားတာမလို့ အစ်ကို သွေးလှူပေးမှာပါ ။ ဘယ်သူပဲဖြစ်ဖြစ် လိုအပ်နေတယ်ဆိုရင် အစ်ကိုက သူ့သွေးကို ထုတ်ပေးမှာပဲ ။ အစ်ကိုရှိနေတယ်ဆိုတာ သတိရလိုက်တော့ ခန္ဓာကိုယ်ကို တင်းကြပ်အောင် ရစ်ပတ်ထားတဲ့ ကြိုးတစ်ချောင်း လျော့သွားသလို ။
အစ်ကို့ကို ဖုန်း ဆက် ဖို့ ဖုန်းဖွင့်လိုက်တော့ အစ်ကို ခေါ်ထားတဲ့ အဝင် call လေး တစ်ကြိမ် ။
" တီ...တီ...တီ "
အစ်ကို့ကို ဖုန်းတောက်လျှောက်ခေါ်နေပေမယ့် အစ်ကို့က မကိုင် ။
" ကျစ်! ကိုင်ပါ အစ်ကိုရာ .. အလျင်လိုနေလို့ပါ "
အချိန်ကား...ည (၇) နာရီ ။ ဆိုင် မပိတ်သေးတာလား ။ ဧည့်သည်တွေ ကျနေလို့လား ။ လောလောဆယ် အစ်ကို့ကို သွားခေါ်ရမယ် ။ အချိန်က တစ်နာရီထဲ ရတယ် ။
ဓာတ်လှေကား အတွင်း ထဲ ဝင်လိုက်တော့ သူနာပြုဆရာမလေး နှစ်ယောက် ရှိနေသည်။ ချိန်းကို မြင်တော့ နှုတ်ဆက်ချင်ကြသည်လားမသိ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည် ။ ဒါတွေကို ချိန်း စိတ်မဝင်စား ချိန်း လိုအပ်နေတာ လွှားအတွက်သွေး ၊ အစ်ကို့ရဲ့သွေး ။
" ဒီနေ့ ငါတို့ ဆေးရုံကို နာမည်ကြီးတွေ ရောက်လာတာပဲ "
" ချိန်း လွှားကို ပွေ့ပြီး ဝင်လာတာ တွေ့လိုက်လား လုံးဝ မိုက်တယ် ငါစစချင်းတုန်းက ဇာတ်ကား ရိုက်နေတာ ထင်တယ် "
တိုးတိုး တိုးတိုး နဲ့ နှစ်ကိုယ်ကြား ကြားအောင် ပြောနေကြသော်လည်း ဒီကျဥ်းမြောင်းလွန်းတဲ့ ဓာတ်လှေကားအတွင်းထဲမှာ ထိုဆရာမလေးတွေရဲ့အသံကို ပီပီသသ ကြားနေရသည်။
" အဲ့လို အမိုက်စား ကောင်လေးက
ချီပြီး ရောက်လာတဲ့ နောက်ထပ် တစ်ယောက်ရှိသေးတယ် "
" ဟင် ဘယ်သူလဲ ငါ မသိလိုက်ဘူး "
ဒီဆေးရုံရဲ့ သူနာပြု တွေက ဆေးရုံကို ဘယ်သူတွေ လာလဲဆိုတာကို လိုက်ကြည့်ရတာလား ။ ဒါမှမဟုတ် ဆေးရုံမှာ သူတို့လုပ်စရာ အလုပ်မရှိလို့ လူတကာကို လိုက်ကြည့်နေတာလား ။ စိတ်ပျက်စရာ ကောင်းလိုက်တာ။
မြန်ချင်လို့ စီးကာမှ ဓာတ်လှေကားက တော်တော်နဲ့ ပွင့်မလာ ။ ပြောတော့လည်း မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ဆေးရုံတဲ့ ။
" ဟဲ့ ဘယ်သူလဲလို့ "
"ရှေးဆက်ရန်း သိတယ်မလား ရှင်သန်ခြင်း မိတ်ဆွေ အစီအစဥ်က "
အစ်ကို့ နာမည် ။ သေချာပေါက် အစ်ကို့ နာမည်ကို ပြောလိုက်တာ ။
" ဘယ်သူလို့ ပြောလိုက်တာ "
" ရှင် "
" ခန က ဘယ်သူ့နာမည်ပြောလိုက်တာလဲ ! "
အစ်ကိုနဲ့ပတ်သက်ရင် ထိမခံနိုင်တဲ့ ဝန်း က အခုလည်း သူနာပြုဆရာမလေး ပခုံးကို ကိုင်ဆောင့်ကာ အော်ဟစ်မေးနေမိသည်။ အနုပညာရှင်တစ်ယောက်ရဲ့ စံနှုန်းတွေ ပုံရိပ်တွေကို ဝန်း မသိတော့ဘူး ။
" ရှေး ဆက်ရန်း "
" သူ ဘာဖြစ်တာလဲ အခု ဘယ်မှာလဲ "
သူ့ကို လူထူးလူဆန်း တစ်ယောက်လို အံ့သြစွာ ကြည့်နေတာကိုလည်း သူမမြင်တော့ ။
" သူဘယ်မှာလဲလို့! "
မွန်းကြပ်နေတဲ့ စိတ်တွေ တင်းကြပ်နေတဲ့ စိတ်တွေက တစစ ကြီးမားလာကာ ပေါက်ကွဲချင်လာသည်။
အစ်ကို့နာမည်ကြားလိုက်တာနဲ့ ငိုဖို့မေ့နေတဲ့ မျက်ရည်က တာကျိုးသလို ကျလာသည်။
" အ အမြင့်က ပြုတ်ကျလာတာလို့ ပြောတယ် သေချာတော့ မသိရသေးဘူး သတိမေ့လာတာ V.I.P အခန်းမှာပါ "
" ဟာ့ "
တိုက်တိုက်ဆိုင်ဆိုင် ဓာတ်လှေကားက ပွင့်သွားတာကြောင့် သူနာပြုဆရာမလေးနှစ်ယောက်က နောက်ပင်လှည့်မကြည့်တော့ဘဲ ပြေးထွက်သွားသည်။
ဝန်း ခြေတွေ မခိုင်တော့ ။ ခြေထောက်တွေက မတ်တပ်ရပ်ဖို့ရာ မစွမ်းနိုင်တော့ဘဲ ပျော့ခွေ ကျလာသည်။
သူဘာလုပ်ရမလဲ ။ သူ့ကြောင့် ထိခိုက်သွားတဲ့ လွှားက ခွဲစိတ်ခန်းထဲမှာ အသက်လုနေရတယ် ။ ချစ်ရတဲ့ အသည်းအသက် က သတိမေ့နေတယ် ။
" ဟာ့ "
" အဆင်ပြေလား ဘယ်နား နေမကောင်းလို့လဲ "
မာထန်နေတဲ့ အသံမျိုးမဟုတ်ပေမယ့်ခပ်ပြတ်ပြတ် အသံကြောင့် သူမော့ကြည့်လိုက်တော့ ခပ်တည်တည်မျက်နှာထားနဲ့ ဆရာဝန် တစ်ယောက် ။ ဘေးဘီကြည့်လိုက်တော့ မှန် နံရံတွေ
သူအခုထိ ဓာတ်လှေကားထဲမှာပဲ ရှိသေးတာလား ။ မှန်ထဲက သူ့ပုံရိပ်တွေက အတော်ကို ပုံပျက်ပန်းပျက် ဆိုးဝါးနေသည်။
" သွေး လွှား သွေးလိုတယ် A- "
မှန်ထဲက ကိုယ့်ကိုယ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ လွှား အတွက်သွေးရှာနေတာပဲ။
" လူနာ သွေးလိုနေလို့လား A- ဆို ကျွန်တော် လှူပေးမယ် "
ထိုဆရာဝန်ရဲ့ စကားကြောင့် ဝန်း ချက်ချင်း ထရပ်လိုက်သည်။
" တကယ်လား ဆရာ ဆရာက A- လား ကျေးဇူးပါဆရာ တစ်နာရီ အတွင်း "
" စိတ်အေးအေးထား အားလုံး အဆင်ပြေသွားလိမ့်မယ် "
လက်တစ်ဖက် ထောင်ပြလာကာ အေးအေးဆေးဆေးပြောလာတဲ့ ထိုဆရာဝန်ကို ဝန်းသဘောမကျပေမယ့် လွှား အသက်ကို ကယ်ဖို့က အရေးကြီးတယ်။
" ဟုတ် ကျေးဇူးပါ ဆရာ ကျေးဇူးပါ "
ဝန်း သွေးလှူဋ္ဌာနကို အမြန်ပြေးနေပေမယ့် အလှူရှင် ဆရာဝန်က အေးအေးလူလူ လမ်းလျှောက်နေတာကြောင့် စိတ်တိုလာသည်။ လွှားနေရာမှာ သူ့အမျိုးဆို ဒီလို နေနိုင်မှာလား။ထို ဆရာဝန်ကို ဆွဲကာ ပြေးတော့ ထိုဆရာဝန်က မျက်မှောင်ကုတ်ကာ ရုန်းသည်။ လွှား က သေမလားရှင်မလား မသိတဲ့ အချိန်မှာ သွေးရ ဖို့ အတွက် ဝန်း စိတ်လောနေသည် ။ ရုန်း နေတဲ့ ဆရာဝန် ကို အတင်းပြန်ဆွဲကာ သွေးလှူဋ္ဌာနကို ဆွဲခေါ်လာခဲ့သည်။
" ဘယ်လိုဖြစ်လို့ လူကို အတင်းဆွဲ နေတာလဲ "
သွေးလှူတဲ့ နေရာရောက်မှ တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတဲ့ ဆရာဝန် ကြောင့် ဝန်း စိုးရိမ်လာသည်။ သူ စိတ်ကူး ပြောင်းသွားရင် ဘယ်လို လုပ်မလဲ။
" ဆရာပဲ လှူမှာဆို ကျွန်တော့်မှာ အချိန်မရဘူး "
ထိုဆရာဝန်ရှေ့မှာ ပိတ်ရပ်ကာ ထွက်မပြေးစေဖို့အတွက် လက်နှစ်ကို ဆန့်တန်းလိုက်သည်။
" လှူ လှူမှာလေ ငါ မင်းကို သနားလို့ ငါက အပ်ကြောက်တယ် အဟမ်း "
ဆရာဝန် ဖြစ်ပြီး အပ်ကြောက်နေတယ်။
အပ်ဖျားလေး အသားထဲဝင်တာကို မျက်လုံး တွေ အတင်းမှိတ်ပြီး တုန်နေသေးတယ် ။ ထိုအပ်ကြောက်တတ်တဲ့
ဆရာဝန် ရဲ့ ရင်ဘတ်က နာမည်ကဒ်ကို ကြည့်လိုက်တော့
" ဒေါက်တာ စေတနာရုံ
ဆေးရုံအုပ် " တဲ့ ။
.
" ခွဲစိတ်မှုတော့ အောင်မြင်ပါတယ် "
ဝန်း အခုမှ အသက် ဝ ဝ ရှူ နိုင်တော့သည်။
" ဒါပေမယ့်... "
ဝန်း အကြည့်ညှိုးညှိုးတွေက ခွဲစိတ်ဆရာဝန်ကြီးထံ ပြန်ရောက်သွားပြန်သည်။
" ဒါပေမယ့် စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး ....ကျွန်တော်တို့ စောင့်ကြည့်ရဦးမယ်... အခုလောလောဆယ် အထူးကြပ်မတ်ဆောင်မှာ ထားရဦးမယ်.... မြန်မြန်သတိရလာဖို့ ဆုတောင်းကျတာပေါ့ "
" ဟုတ်ကဲ့ ဆရာ သတိတော့ရလာမှာပေါ့နော် "
ဝန်း ကြောက်သည်။ လွှား သတိရမလာခဲ့ရင် ဆိုတာကြီးကို ဝန်း ကြောက်သည်။
" အချိန်မှီ သွေးသွင်းနိုင်လို့ အဆင်ပြေသွားတယ် "
" ဒီက ဆရာတစ်ယောက် ကူညီပေးတာပါ ကျေးဇူးတင်စကားတောင် ကောင်းကောင်း မပြောရသေးဘူး "
သွေးရတာနဲ့ နှုတ်တောင် မဆက်ဘဲ ဒီကို တန်းလာခဲ့တာ ။ နောက်မှ သေချာ ကျေးဇူးတင်ရမည်။
" ဆေးရုံအုပ်ကြီးက သွေးလှူထားတော့ အားနည်းနေမှာ စိုးလို့ဆိုပြီး သက်ဆိုင်သူက ချက်ချင်း လာခေါ်သွားပြီ "
သွေးလှူဋ္ဌာနက ဆရာမလေးက ပြုံးပြုံး ပြုံးပြုံး နဲ့ ဝင်ပြောလာသည်။
" ဆေးရုံအုပ် လှူတာလား.. ဒါဆိုရင် သူက ငါ့ညီကို ပိုကျေးဇူးတင်ဦးမယ်..သူ အိမ်မြန်မြန်ပြန်ရလို့.. ဆေးရုံကိုလာချင်တာ မဟုတ်ဘူး သူ့ ယောကျာ်း နားပဲ အမြဲကပ်ချင်နေတာ ... မပြောတော့ဘူး "
" ဒါကို အကြောင်းပြုပြီး တစ်လလောက် လာတော့မှာ မဟုတ်ဘူး "
ခေါင်းတခါခါနဲ့ ငြီးငြူစွာ ပြောသွားတဲ့
ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ မင်းနေခ ဆိုသူ ပြောနေတာတွေကို ဝန်း နားမလည် ။ အခု ဝန်း နားလည်တာက အစ်ကို့ ဆီ သွားရမယ် ။
.
မျက်လုံး ဖွင့်လိုက်တော့ စူးရှတဲ့ အလင်းတန်းကြောင့် မျက်လွှာပြန်ချလိုက်သည်။ တဆစ်ဆစ်ထိုးကိုက်နေတဲ့ တဲ့ ခေါင်း နဲ့ အတူ ခန္ဓာကိုယ်ရဲ့ ညာဘက်တခြမ်းလုံးက လှုပ်လို့မရ ။
" ကျွတ် "
ရန်း စိတ်ပျက်စွာ ကျွတ်သပ်လိုက်သည်။
" သတိရလာပြီလား "
အမျိုးသမီးတစ်ဦးရဲ့ အသံကြောင့် ဝန်း အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူနာပြု ဆရာမ တစ်ယောက် ထင်သည်။ သူဆေးရုံ ရောက်နေတာလား ။
" ကျွန်တော် ဒီကို ဘယ်လိုရောက်လာတာလဲ "
" ကျွန်မလည်း သေချာမသိဘူး အခန်းခ သွင်းသွားတာတော့ အသက်၅၀ အရွယ်လောက် အမျိုးသမီး တစ်ဦးပဲ "
" ဗျာ ဟို ဘယ်လိုပုံစံလဲ ဗျ "
အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး က ဘယ်သူလဲ ။
" ခပ်ပိန်ပိန် ချောချောပဲ ငွေသွင်းပြီးတာနဲ့ ချက်ချင်းပြန်သွားတော့ သေချာတောင် မမြင်လိုက်ရဘူး "
ဘယ်သူလဲ ။ ဘယ်သူက ရန်းကို ဆေးရုံ ခေါ်လာတာလဲ ။ ပြီးတော့ အခန်းခ ပါ သွင်းသွားပေးတယ်တဲ့ ။ ရိုးရိုးအခန်းတောင် မဟုတ်ဘူး V.I.P အခန်း ။
" အ "
" အရမ်း မလှုပ်နဲ့ဦး "
" ကျွန်တော် ဘာဖြစ်သွားလဲ "
" ခေါင်း ကွဲလာလို့ ၃ ချက် ချုပ်ထားရတယ် ညာလက်က အရိုးအက်သွားတယ် ညာခြေက အဆစ်လွဲသွားတယ် ရှင် လှုပ်လို့မရသေးဘူး ငြိမ်ငြိမ်ပဲနေရဦးမယ် ခနနေ ဆရာဝန် လာလိမ့်မယ် "
တစ်ကိုယ်လုံး ရစရာမရှိပါလား ။ ဒါနဲ့ ဝန်းငယ်ရော။
" ဟုတ် ဟို ကျွန်တော့်ဖုန်းလေးတွေ့မိလားဗျ "
" မတွေ့မိဘူး ပါမလာဘူးထင်တယ် "
" အော် ဟုတ် "
" ခနနေ ဆရာဝန် လာလိမ့်မယ်နော် အခု ငြိမ်ငြိမ်လေးနေပေးဦး "
" ဟုတ် "
သူနာပြုဆရာမလေးက မှာစရာရှိတာ
မှာပြီး ထွက်သွားသည်။ ဒီနေရာကြီးက ရန်း နဲ့ လုံးဝ အစိမ်းသက်သက် ။ ဒီလိုအချိန်မျိုးမှာ အားကိုးစရာ မိသားစုဆွေမျိုး မရှိတာကြောင့် စိတ်အားငယ်မိသည်။ ဘာလို့များ နမော်နမဲ့ နိုင်ရတာလဲ ရှေးဆက်ရန်း။
.
ဒီ အခန်းရှေ့မှာ ဝန်း ရပ်နေတာ ကြာပြီ ။ ဝင်သွားဖို့ကို တွန့်ဆုတ်နေမိသည်။ သူ အစ်ကို့ကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ ။ ဝန်း လိုအပ်တဲ့ အချိန်တိုင်း အစ်ကိုက အမြဲတမ်း ဘေးမှာရှိခဲ့ပေမယ့် အစ်ကို လိုအပ်တဲ့အခါတိုင်းမှာ ဝန်း က ဘယ်တော့မှ အဆင်သင့်မဖြစ်ခဲ့။
အခန်းတံခါးကို အနည်းငယ် ဖွင့်ဟ ကြည့်တော့ တစ်ကိုယ်လုံး ပတ်တီးအပြည့်နဲ့ ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ အစ်ကို့ပုံဟာ ဝန်း ကို ရှော့ခ် အကြီးကြီး ရစေသည်။
" အစ်ကို "
အခန်းထဲ ဝင်လာတဲ့ အသံတိုးဖွဖွလေးကြောင့် မျက်လုံးဖွင့်လိုက်တော့ သွေးပျက်စရာ မြင်ကွင်း။ ဝန်းငယ် သွေးတွေနဲ့ ဝန်းငယ် ။
" ဝန်း ဘာဖြစ်လာတာလဲ ဝန်း ငယ် "
ထ လိုက်ပေမယ့်လည်း သောက်သုံးမကျတဲ့ ခန္ဓာကိုယ်က ပါမလာ ။ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျနေတဲ့ ကလေးငယ်က ဘာဖြစ်လာတာလဲ ။ ကား အက်စီးဒန့် များ ဖြစ်လာတာလား ။ ရန်း စိုးရိမ်ကြီးစွာ အတင်းကုန်းရုန်းထနေမိသည်။
" အစ်ကို မလှုပ်နဲ့လေ "
" ဘာ ဘာ ဖြစ်လာတာလဲ ဝန်း "
"ဟင် "
ဟုတ်ပေသားပဲ။ သွေးတွေ ပေနေတာ မလဲပဲ အစ်ကို့ကို စိတ်ပူအောင် လုပ်မိပြန်ပြီ ။ ဘယ်အရာမှာမှ အဖြစ်မရှိလိုက်တာ။
" ဟင့်အင်း ပေနေတာ "
အစ်ကို ယုံအောင် အင်္ကျီကို လှန်ပြတော့ အစ်ကိုက မျက်နှာလွှဲသွားသည်။
" အစ်ကို "
ပတ်တီးအဖွေးသားနဲ့ အစ်ကို့ပုံက ဝန်း ရင်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေသည်။ အစ်ကို့အတွက်ဆို ဝန်းက အသုံးမကျတဲ့ အမှိုက်ကောင် ။ အရှုပ်ထုတ်ကောင် ။ အပိုကောင် ။
" အစ်ကို ဟင့် "
" အစ်ကို အီး ဟီး ဟီး အစ်ကို ဟင့် အစ်ကို အီး ဟီး "
ဒူးထောက်ထိုင်ကာ ကုတင်ပေါ် ခေါင်းမှောက်ပြီး ထိန်းမရသိမ်းမရ ငိုနေတဲ့ ဝန်း ငယ်။ မသိရင် ရန်း ပဲ ဘဝကူးသွားသလို။
" ဘာဖြစ်တာတုန်း ငါ ဘာမှမဖြစ်ဘူး မငိုနဲ့ "
" ဟင့် အီး ဟီးး ဟီး တောင်း အင့်
ပန် ပါ တယ် အီး ဟီး ဟီး "
" ငါ ဘာမှ မဖြစ်ဘူးလို့ "
" တစ်ကိုယ်လုံး ပတ်တီးတွေနဲ့ကို ဘာမှ မဖြစ်တာလား ဟင့် "
ငိုနေတဲ့ကြားက လှမ်းအော်သေးတယ် ။အကြီးကို ။
" ဘယ်လိုသိပြီးရောက်လာတာလဲ "
အကောင်းအတိုင်း ရှိနေတဲ့ ဘယ်လက်နဲ့ ခေါင်းလေးကို ပွတ်သပ်ပေးရင်း မေးတော့ မစဲနိုင်သေးတဲ့ မျက်ရည်ကြားထဲကနေ ရှိုက်ငင်ကာ ဖြေလာသည်။
" သူနာပြုဆရာမ ပြောလို့ ဟင့် တောင်း အင့် ပန် ပါတယ် ဖုန်း မကိုင် မိလို့ အင့် "
သူ ဖုန်းမကိုင်မိတာကို ကလေးက ဝမ်းနည်းနေတာပဲ ။
"ဘာမှမဖြစ်ဘူး ကောင်းသွားမှာ သူနာပြုက မင်းနဲ့သိတဲ့သူရှိလို့လား "
" ဟို "
" ပါတီမှာ ကျွန်တော့်ပေါ် မီးဆိုင်းပြုတ်ကြတာ "
" ဟမ် ဘာဖြစ်သွားသေးလဲ သွေးတွေကရော ဝန်း "
ရန်း စိုးရိမ်မှုက ငယ်ထိပ်ထက်လရောက်လာပြန်သည်။ မီးဆိုင်းပြုတ်ကျတယ်တဲ့လား။
" လွှား "
" သူ ဘာဖြစ်လဲ "
" လွှား က ကျွန်တော့်အစား ခံလိုက်တယ် "
ကြားလိုက်ရတဲ့ စကားကြောင့် ရန်း ဆွံ့အသွားသည်။ သစ်ခက်လွှား က ဝန်း အစား ခံလိုက်တယ်တဲ့ ။ ဝန်း အပေါ်ထားတဲ့စိတ်က အဲ့လောက်ထိတောင်တဲ့လား ။
" သူ အခု ICU ထဲမှာ စိတ်ချလို့မရသေးဘူး "
သနားစရာကောင်းလိုက်တဲ့ ဝန်းငယ် ။ သူ့အပြစ်တစ်ခုလို ခံစားနေမှာကို ရန်း သိတာပေါ့။
" ဖက်ချင်လား "
ရန်း ဘယ်လက်ကို ဆန့်ကာ ခေါ်တော့ ရန်း ရင်ခွင်လေးထဲ ခေါင်းလေး တိုးဝင်ကာ ညာဘက်လက်ကို မထိမိအောင် ဖွဖွလေးလာဖက်တွယ်သည်။
" အဆင်ပြေသွားမှာ ဝန်း အပြစ်မဟုတ်ဘူး အဆင်ပြေသွားမှာ "
" အီး ဟီး ဟီး တောင်း ဟင့် ပန် ပါတယ် "
" ဘာကို တောင်းပန်တာလဲ တောင်း ပန် စရာမှ မလိုဘဲ ဝန်းက လုပ်သင့်တာတွေပဲ လုပ်နေတာ ငါ သိတယ် ဝန်းငယ်မှာ ဘာ အပြစ်မှ မရှိဘူး အဆင်ပြေသွားမှာပါ "
အခုချိန်မှာ ဝန်းငယ်က စိတ်အပင်ပန်းဆုံး ဖြစ်နေရှာမှာပေါ့။
.
.
.
(Zawgyi)
" ဝုန္းးးးဒုန္းးးးအားးး "
" ဟာ.. "
" ဘာျဖစ္တာလဲ ဘာျဖစ္တာလဲ "
" မီးဆိုင္းျပဳတ္က်တာ "
" ဟာ ဘယ္သူထိသြားလဲ "
" ခ်ိန္း ေပၚျပဳတ္က်တာ "
" လႊား လႊား ထိတာ "
က်ယ္ေလာင္ေသာ အသံႀကီးတစ္ခု
ဝုန္းခနဲ ဟိန္းထြက္လာၿပီးေနာက္ အေမွာင္အတိက်သြားတဲ့ ပတ္ဝန္းက်င္။ ပါတီတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲ ။ ဘာမွ ေရေရရာရာ မရွိဘဲတစ္ေယာက္တစ္ေပါက္နဲ႕ ဆူညံေနေသာ လူအုပ္ႀကီး ။ ထိုအခ်ိန္တြင္ မီးဆိုင္း ေအာက္မွာ ပိေနေသာ လူသား တစ္ဦး ။
စကားေျပာေနရင္းကပင္ တစ္စုံတစ္ေယာက္ရဲ႕ တြန္းထုတ္ျခင္း ခံလိုက္ရတာေၾကာင့္ ဝန္း အရွိန္မထိန္းနိုင္စြာ လဲက်သြားသည္။ ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနတာ သိေပမယ့္ နားေတြ အူကာ ဘာမွ မၾကားရ ။ ေနရာကေန ပတ္ဝန္းက်င္ကိုေၾကာင္အစြာ ၾကည့္မိေတာ့
" လႊား ! လႊား ! "
မီးဆိုင္းေအာက္ကေန လႊားကို ဆြဲထုတ္ေနၾကသည္။ လႊား တစ္ကိုယ္လုံး ေသြးေတြနဲ႕ နီက်င္ေနသည္ ။ ေယာက်ာ္းသား တစ္ခ်ိဳ႕ရဲ႕"မၾကည့္ၾကနဲ႕ မၾကည့္ၾကနဲ႕ " ဆိုတဲ့ အသံက တေလာက လုံးကို ဖုံးလႊမ္းေနသည္။
" ကို....ကို "
" လႊား ဘာျဖစ္လို႔ ဟာ ကိုယ္ "
" ကို...ကို "
" ကိုယ္... ကိုယ္ ... တို႔ေဆး႐ုံသြားမယ္ ခန ... ခန ..ေလးေနာ္ လႊား "
လႊား ကို ခ်ီမကာ ေျပးလိုက္သည္ ဘယ္ကို ေျပးေနမွန္းေတာ့ ဝန္း မသိ ။ တစ္ေယာက္ေယာက္က ဝန္း ကို ဆြဲကာ ကားတစ္စီးထဲ တြန္းထဲ့ လိုက္မွန္းေတာ့ ဝန္း သိသည္။
" ခ်စ္...တယ္ "
ဝန္း မ်က္ႏွာကို လက္သြယ္သြယ္ေလးေတြနဲ႕ လာထိကာ အားတင္းကာ ဆိုတဲ့စကား က ခ်စ္တယ္ တဲ့ ။ ႐ူးမိုက္လိုက္တာ လႊားရယ္။
ေျပေလ်ာ့သြားတဲ့ လက္ေတြ ၊ မွိတ္က်သြားတဲ့ မ်က္ဝန္း တစ္စုံ ၊ တျဖည္းျဖည္း ႏွေးသထက္ ႏွေးလာတဲ့ ႏွလုံးခုန္သံ ။
" လႊား ! သတိထားပါဦး... လႊား ! ကိုယ္တို႔ ေဆး႐ုံေရာက္ေတာ့မွာေလ... သတိထားပါဦး... လႊား! လႊား ! "
ရင္ခြင္ထဲ မလႈပ္မယွက္ နဲ႕ ေနေနေသာ လႊားရဲ႕ ပါးျပင္ေလးကို ဖြဖြပုပ္ရင္း ဝန္း ႏွိုးေနမိသည္။ လႊား အိပ္ေပ်ာ္သြားလို႔ မရဘူး ။ လႊား ဘာမွမျဖစ္ရဘူး ။
ဘယ္လို မိုက္မဲမႈမ်ိဳးကို က်ဴးလြန္လိုက္တာလဲကြာ ။ ကိုယ့္ကို ခ်စ္တယ္တဲ့လား ။ ကိုယ့္ကို ကယ္လိုက္လို႔ ကိုယ္က ေက်းဇူးမတင္ဘူးေနာ္ ။ လႊား ကို ကိုယ္ စိတ္ဆိုးတယ္ ။ လႊား မအိပ္လိုက္ပါနဲ႕။
.
မ်က္လုံးကျပာေဝၿပီး ေခါင္းတစ္ခုလုံး ခ်ာခ်ာလည္ကာ အသက္ရႉရတာ ေမာပန္း ခက္ခဲလာသည္။ တစ္ကိုယ္လုံး နာက်င္ေနက်င္ေနၿပီး အသိစိတ္က ရ တစ္ခ်က္ လြတ္တစ္ခ်က္ ။ အားတင္းကာ တုန္ရီေနေသာလက္ျဖင့္ ဖုန္း ကို ယူၿပီး နံပါတ္ 1 ဆိုတဲ့ ဂဏန္းကို ႏွိပ္လိုက္သည္။
" တီ....တီ...တီ....လူႀကီးမင္း ေခၚဆိုေနေသာ ဖုန္းမွာ သတ္မွတ္ခ်ိန္အတြင္း...."
ဦးေခါင္းထက္ကေန လိမ့္ဆင္းလာတဲ့ နီပ်စ္ပ်စ္ အရည္ေတြ ...
" ဝ... ဝန္း...ငယ္ "
သူ ေနာက္ဆုံး ႐ြတ္ဆိုလိုက္တဲ့ အမည္နာမေလး က ဝန္း ငယ္ ။ ၿပီးေနာက္ အသိစိတ္မဲ့စြာ အေမွာင္အတိက်သြားေတာ့သည္။
တဖက္ထံကေန တုံ႕ျပန္မႈ မရတဲ့ ဖုန္း ကို ေခၚေနတဲ့ ဖုန္း ပိုင္ရွင္ေလးက ဖုန္း ရဲ႕ ေဘးမွာ ၿငိမ္သက္စြာ...။
.
ခြဲစိတ္ခန္းေရွ႕တြင္ စိုးရိမ္ပူပန္မႈအျပည့္နဲ႕ မၿငိမ္မသက္ျဖစ္ေနေသာ ေကာင္ေလးတစ္ေယာက္ရဲ႕ ေျခေထာက္ေတြက ယိုင္နဲ႕နဲ႕။ ရွပ္အကၤ်ီ အျဖဴေရာင္မွာ ေသြးေတြ စြန္းေနတာမလို႔ အနည္းငယ္အက်ည္းတန္ေနသည္။
" ဘာလို႔လဲ.. ဘာလို႔.. လႊား.. က... "
" လႊား... ဘာမွျဖစ္လို႔မရဘူးေနာ္... တစ္ခုခု လြဲေခ်ာ္သြားခဲ့ရင္.. ကိုယ္... ကိုယ္.. "
" ေက်းဇူးျပဳၿပီး... ေက်းဇူးျပဳၿပီးေတာ့... "
ဝန္း ရဲ႕ စိတ္ေတြက ကေယာက္ဂယက္။ အခုခ်ိန္မွာ ဝန္း ဘာလုပ္လို႔ ဘာကိုင္ရမယ္မွန္း မသိ ဘယ္ကို တလို႔ တ ရမယ္မွန္းလည္း မသိ ။ ေခါင္းထဲမွာ ဗလာနတၳိ ။ ဘဝ မွာ ပထမဦးဆုံးအႀကိမ္ စိတ္ဝိဥာဥ္ နဲ႕ လူခႏၶာ ကြဲျပားေနသည္။ သူ အခု သိေနတာက လႊား သူ႕ေၾကာင့္ ဒဏ္ရာ ရသြား တယ္ ။
" လႊား.... ဘာ မွ မ ျဖစ္ ရဘူးေနာ္ "
" လူနာရွင္ "
ခြဲစိတ္ခန္း တံခါးပြင့္လာကာ ထြက္လာတဲ့ သူနာျပဳဆရာမေလးထံ ဝန္း ကေရာေသာပါး အေျပးသြားလိုက္သည္။
" ကြၽန္ေတာ္ပါ "
ဝန္း ရဲ႕ အသံမွာ ေမာဟိုက္မႈေတြ စိုးရိမ္မႈေတြ သိလိုမႈေတြ ပါေနသည္။
" လူနာေသြးထြက္လြန္ေနလို႔ ေသြးလိုေနတယ္ "
" ဗ်ာ! ဘယ္ ဘယ္ လို လုပ္ရမလဲ "
" လူနာမိသားစုထဲမွာ ေသြးတူတဲ့ရွိလား "
" မိသားစုက နိုင္ငံျခားမွာ "
ဝန္း ေၾကာင့္ လႊား ထိခိုက္တာ လႊားေဖေဖေတြ သိရင္ ဘယ္ေလာက္စိတ္ထိခိုက္ၾကမလဲ ။ ခက္ခက္ခဲခဲ ေမြးဖြားထားရတဲ့ အဖိုးတန္ ရင္ေသြးေလး မဟုတ္လား ။ ဝန္း စိတ္ေတြ ပိုတင္းၾကပ္လာသည္ ။ အကုန္လုံးက ဝန္းေၾကာင့္ ၊ ဝန္း ရဲ႕ အျပစ္ေတြ လို႔ ခံစားလာရသည္။
" လူနာေသြးက A- ပါ... ေသြးလႉ႒ာနက ေသြးေတြ ကုန္သြားလို႔ အလႉရွင္ ျပန္ရွာေနပါတယ္.. လူနာရွင္ေတြ ဘက္ကလည္း ရွာၾကည့္ပါဦး.. အလ်င္လိုတယ္.. တစ္နာရီအတြင္း ရွာလို႔ရမွ ျဖစ္မယ္ "
သူနာျပဳဆရာမေလးက ေျပာၿပီးတာနဲ႕ ခြဲခန္းထဲ ျပန္ေျပးဝင္သြားသည္။
A- ။ ေသြးက ရွားတယ္ မလား ။
" ခဗ်ား ဘာေသြးလဲ "
ေဘးနားမွာ အူတူတူနဲ႕ ရပ္ေနတဲ့ လႊား မန္ေနဂ်ာက တာဝန္အရ ဝတ္ေက်တမ္းေက် လိုက္လာတဲ့ ပုံ။
" ကြၽန္ေတာ္က B "
" ေအဂ်င္စီကို ေမးၾကည့္ လိုင္း လိုင္း ေပၚတင္ "
ေျပာခ်င္တာေျပာၿပီး ကတိုက္ကရိုက္ ေျပးထြက္သြားတဲ့ နိုင္ငံေက်ာ္ မင္းသား ခ်ိန္းကို ၾကည့္ကာ ေဘးက လူေတြေတာင္ ေမာဟိုက္လာသည္။ ခြဲခန္းထဲက လႊား ထက္ ခ်ိန္းက ပို စိုးရိမ္စရာ ေကာင္းေနသည္။ အခုလည္း ဘယ္ကို သြားတာပါလိမ့္ ။
" အစ္ကို ဟုတ္တယ္ A- အစ္ကို႔ေသြး "
ဒီေန႕ရဲ႕ပထမဦးဆုံးအႀကိမ္ အစ္ကို႔ကို တ မိသည္ ။ လႊား က ဝန္း ေၾကာင့္ ထိခိုက္သြားတာမလို႔ အစ္ကို ေသြးလႉေပးမွာပါ ။ ဘယ္သူပဲျဖစ္ျဖစ္ လိုအပ္ေနတယ္ဆိုရင္ အစ္ကိုက သူ႕ေသြးကို ထုတ္ေပးမွာပဲ ။ အစ္ကိုရွိေနတယ္ဆိုတာ သတိရလိုက္ေတာ့ ခႏၶာကိုယ္ကို တင္းၾကပ္ေအာင္ ရစ္ပတ္ထားတဲ့ ႀကိဳးတစ္ေခ်ာင္း ေလ်ာ့သြားသလို ။
အစ္ကို႔ကို ဖုန္း ဆက္ ဖို႔ ဖုန္းဖြင့္လိုက္ေတာ့ အစ္ကို ေခၚထားတဲ့ အဝင္ call ေလး တစ္ႀကိမ္ ။
" တီ...တီ...တီ "
အစ္ကို႔ကို ဖုန္းေတာက္ေလွ်ာက္ေခၚေနေပမယ့္ အစ္ကို႔က မကိုင္ ။
" က်စ္! ကိုင္ပါ အစ္ကိုရာ .. အလ်င္လိုေနလို႔ပါ "
အခ်ိန္ကား...ည (၇) နာရီ ။ ဆိုင္ မပိတ္ေသးတာလား ။ ဧည့္သည္ေတြ က်ေနလို႔လား ။ ေလာေလာဆယ္ အစ္ကို႔ကို သြားေခၚရမယ္ ။ အခ်ိန္က တစ္နာရီထဲ ရတယ္ ။
ဓာတ္ေလွကား အတြင္း ထဲ ဝင္လိုက္ေတာ့ သူနာျပဳဆရာမေလး ႏွစ္ေယာက္ ရွိေနသည္။ ခ်ိန္းကို ျမင္ေတာ့ ႏႈတ္ဆက္ခ်င္ၾကသည္လားမသိ လႈပ္လႈပ္႐ြ႐ြ ျဖစ္ေနၾကသည္ ။ ဒါေတြကို ခ်ိန္း စိတ္မဝင္စား ခ်ိန္း လိုအပ္ေနတာ လႊားအတြက္ေသြး ၊ အစ္ကို႔ရဲ႕ေသြး ။
" ဒီေန႕ ငါတို႔ ေဆး႐ုံကို နာမည္ႀကီးေတြ ေရာက္လာတာပဲ "
" ခ်ိန္း လႊားကို ေပြ႕ၿပီး ဝင္လာတာ ေတြ႕လိုက္လား လုံးဝ မိုက္တယ္ ငါစစခ်င္းတုန္းက ဇာတ္ကား ရိုက္ေနတာ ထင္တယ္ "
တိုးတိုး တိုးတိုး နဲ႕ ႏွစ္ကိုယ္ၾကား ၾကားေအာင္ ေျပာေနၾကေသာ္လည္း ဒီက်ဥ္းေျမာင္းလြန္းတဲ့ ဓာတ္ေလွကားအတြင္းထဲမွာ ထိုဆရာမေလးေတြရဲ႕အသံကို ပီပီသသ ၾကားေနရသည္။
" အဲ့လို အမိုက္စား ေကာင္ေလးက
ခ်ီၿပီး ေရာက္လာတဲ့ ေနာက္ထပ္ တစ္ေယာက္ရွိေသးတယ္ "
" ဟင္ ဘယ္သူလဲ ငါ မသိလိုက္ဘူး "
ဒီေဆး႐ုံရဲ႕ သူနာျပဳ ေတြက ေဆး႐ုံကို ဘယ္သူေတြ လာလဲဆိုတာကို လိုက္ၾကည့္ရတာလား ။ ဒါမွမဟုတ္ ေဆး႐ုံမွာ သူတို႔လုပ္စရာ အလုပ္မရွိလို႔ လူတကာကို လိုက္ၾကည့္ေနတာလား ။ စိတ္ပ်က္စရာ ေကာင္းလိုက္တာ။
ျမန္ခ်င္လို႔ စီးကာမွ ဓာတ္ေလွကားက ေတာ္ေတာ္နဲ႕ ပြင့္မလာ ။ ေျပာေတာ့လည္း ျမန္မာနိုင္ငံရဲ႕ အေကာင္းဆုံး ေဆး႐ုံတဲ့ ။
" ဟဲ့ ဘယ္သူလဲလို႔ "
"ေရွးဆက္ရန္း သိတယ္မလား ရွင္သန္ျခင္း မိတ္ေဆြ အစီအစဥ္က "
အစ္ကို႔ နာမည္ ။ ေသခ်ာေပါက္ အစ္ကို႔ နာမည္ကို ေျပာလိုက္တာ ။
" ဘယ္သူလို႔ ေျပာလိုက္တာ "
" ရွင္ "
" ခန က ဘယ္သူ႕နာမည္ေျပာလိုက္တာလဲ ! "
အစ္ကိုနဲ႕ပတ္သက္ရင္ ထိမခံနိုင္တဲ့ ဝန္း က အခုလည္း သူနာျပဳဆရာမေလး ပခုံးကို ကိုင္ေဆာင့္ကာ ေအာ္ဟစ္ေမးေနမိသည္။ အႏုပညာရွင္တစ္ေယာက္ရဲ႕ စံႏႈန္းေတြ ပုံရိပ္ေတြကို ဝန္း မသိေတာ့ဘူး ။
" ေရွး ဆက္ရန္း "
" သူ ဘာျဖစ္တာလဲ အခု ဘယ္မွာလဲ "
သူ႕ကို လူထူးလူဆန္း တစ္ေယာက္လို အံ့ၾသစြာ ၾကည့္ေနတာကိုလည္း သူမျမင္ေတာ့ ။
" သူဘယ္မွာလဲလို႔! "
မြန္းၾကပ္ေနတဲ့ စိတ္ေတြ တင္းၾကပ္ေနတဲ့ စိတ္ေတြက တစစ ႀကီးမားလာကာ ေပါက္ကြဲခ်င္လာသည္။
အစ္ကို႔နာမည္ၾကားလိုက္တာနဲ႕ ငိုဖို႔ေမ့ေနတဲ့ မ်က္ရည္က တာက်ိဳးသလို က်လာသည္။
" အ အျမင့္က ျပဳတ္က်လာတာလို႔ ေျပာတယ္ ေသခ်ာေတာ့ မသိရေသးဘူး သတိေမ့လာတာ V.I.P အခန္းမွာပါ "
" ဟာ့ "
တိုက္တိုက္ဆိုင္ဆိုင္ ဓာတ္ေလွကားက ပြင့္သြားတာေၾကာင့္ သူနာျပဳဆရာမေလးႏွစ္ေယာက္က ေနာက္ပင္လွည့္မၾကည့္ေတာ့ဘဲ ေျပးထြက္သြားသည္။
ဝန္း ေျခေတြ မခိုင္ေတာ့ ။ ေျခေထာက္ေတြက မတ္တပ္ရပ္ဖို႔ရာ မစြမ္းနိုင္ေတာ့ဘဲ ေပ်ာ့ေခြ က်လာသည္။
သူဘာလုပ္ရမလဲ ။ သူ႕ေၾကာင့္ ထိခိုက္သြားတဲ့ လႊားက ခြဲစိတ္ခန္းထဲမွာ အသက္လုေနရတယ္ ။ ခ်စ္ရတဲ့ အသည္းအသက္ က သတိေမ့ေနတယ္ ။
" ဟာ့ "
" အဆင္ေျပလား ဘယ္နား ေနမေကာင္းလို႔လဲ "
မာထန္ေနတဲ့ အသံမ်ိဳးမဟုတ္ေပမယ့္ခပ္ျပတ္ျပတ္ အသံေၾကာင့္ သူေမာ့ၾကည့္လိုက္ေတာ့ ခပ္တည္တည္မ်က္ႏွာထားနဲ႕ ဆရာဝန္ တစ္ေယာက္ ။ ေဘးဘီၾကည့္လိုက္ေတာ့ မွန္ နံရံေတြ
သူအခုထိ ဓာတ္ေလွကားထဲမွာပဲ ရွိေသးတာလား ။ မွန္ထဲက သူ႕ပုံရိပ္ေတြက အေတာ္ကို ပုံပ်က္ပန္းပ်က္ ဆိုးဝါးေနသည္။
" ေသြး လႊား ေသြးလိုတယ္ A- "
မွန္ထဲက ကိုယ့္ကိုယ္ကို ၾကည့္ရင္း ေရ႐ြတ္လိုက္သည္။ သူ လႊား အတြက္ေသြးရွာေနတာပဲ။
" လူနာ ေသြးလိုေနလို႔လား A- ဆို ကြၽန္ေတာ္ လႉေပးမယ္ "
ထိုဆရာဝန္ရဲ႕ စကားေၾကာင့္ ဝန္း ခ်က္ခ်င္း ထရပ္လိုက္သည္။
" တကယ္လား ဆရာ ဆရာက A- လား ေက်းဇူးပါဆရာ တစ္နာရီ အတြင္း "
" စိတ္ေအးေအးထား အားလုံး အဆင္ေျပသြားလိမ့္မယ္ "
လက္တစ္ဖက္ ေထာင္ျပလာကာ ေအးေအးေဆးေဆးေျပာလာတဲ့ ထိုဆရာဝန္ကို ဝန္းသေဘာမက်ေပမယ့္ လႊား အသက္ကို ကယ္ဖို႔က အေရးႀကီးတယ္။
" ဟုတ္ ေက်းဇူးပါ ဆရာ ေက်းဇူးပါ "
ဝန္း ေသြးလႉ႒ာနကို အျမန္ေျပးေနေပမယ့္ အလႉရွင္ ဆရာဝန္က ေအးေအးလူလူ လမ္းေလွ်ာက္ေနတာေၾကာင့္ စိတ္တိုလာသည္။ လႊားေနရာမွာ သူ႕အမ်ိဳးဆို ဒီလို ေနနိုင္မွာလား။ထို ဆရာဝန္ကို ဆြဲကာ ေျပးေတာ့ ထိုဆရာဝန္က မ်က္ေမွာင္ကုတ္ကာ ႐ုန္းသည္။ လႊား က ေသမလားရွင္မလား မသိတဲ့ အခ်ိန္မွာ ေသြးရ ဖို႔ အတြက္ ဝန္း စိတ္ေလာေနသည္ ။ ႐ုန္း ေနတဲ့ ဆရာဝန္ ကို အတင္းျပန္ဆြဲကာ ေသြးလႉ႒ာနကို ဆြဲေခၚလာခဲ့သည္။
" ဘယ္လိုျဖစ္လို႔ လူကို အတင္းဆြဲ ေနတာလဲ "
ေသြးလႉတဲ့ ေနရာေရာက္မွ တြန့္ဆုတ္ တြန့္ဆုတ္လုပ္ေနတဲ့ ဆရာဝန္ ေၾကာင့္ ဝန္း စိုးရိမ္လာသည္။ သူ စိတ္ကူး ေျပာင္းသြားရင္ ဘယ္လို လုပ္မလဲ။
" ဆရာပဲ လႉမွာဆို ကြၽန္ေတာ့္မွာ အခ်ိန္မရဘူး "
ထိုဆရာဝန္ေရွ႕မွာ ပိတ္ရပ္ကာ ထြက္မေျပးေစဖို႔အတြက္ လက္ႏွစ္ကို ဆန့္တန္းလိုက္သည္။
" လႉ လႉမွာေလ ငါ မင္းကို သနားလို႔ ငါက အပ္ေၾကာက္တယ္ အဟမ္း "
ဆရာဝန္ ျဖစ္ၿပီး အပ္ေၾကာက္ေနတယ္။
အပ္ဖ်ားေလး အသားထဲဝင္တာကို မ်က္လုံး ေတြ အတင္းမွိတ္ၿပီး တုန္ေနေသးတယ္ ။ ထိုအပ္ေၾကာက္တတ္တဲ့
ဆရာဝန္ ရဲ႕ ရင္ဘတ္က နာမည္ကဒ္ကို ၾကည့္လိုက္ေတာ့
" ေဒါက္တာ ေစတနာ႐ုံ
ေဆး႐ုံအုပ္ " တဲ့ ။
.
" ခြဲစိတ္မႈေတာ့ ေအာင္ျမင္ပါတယ္ "
ဝန္း အခုမွ အသက္ ဝ ဝ ရႉ နိုင္ေတာ့သည္။
" ဒါေပမယ့္... "
ဝန္း အၾကည့္ညွိုးညွိုးေတြက ခြဲစိတ္ဆရာဝန္ႀကီးထံ ျပန္ေရာက္သြားျပန္သည္။
" ဒါေပမယ့္ စိတ္ခ်ရတဲ့ အေျခအေနေတာ့ မဟုတ္ေသးဘူး ....ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရဦးမယ္... အခုေလာေလာဆယ္ အထူးၾကပ္မတ္ေဆာင္မွာ ထားရဦးမယ္.... ျမန္ျမန္သတိရလာဖို႔ ဆုေတာင္းက်တာေပါ့ "
" ဟုတ္ကဲ့ ဆရာ သတိေတာ့ရလာမွာေပါ့ေနာ္ "
ဝန္း ေၾကာက္သည္။ လႊား သတိရမလာခဲ့ရင္ ဆိုတာႀကီးကို ဝန္း ေၾကာက္သည္။
" အခ်ိန္မွီ ေသြးသြင္းနိုင္လို႔ အဆင္ေျပသြားတယ္ "
" ဒီက ဆရာတစ္ေယာက္ ကူညီေပးတာပါ ေက်းဇူးတင္စကားေတာင္ ေကာင္းေကာင္း မေျပာရေသးဘူး "
ေသြးရတာနဲ႕ ႏႈတ္ေတာင္ မဆက္ဘဲ ဒီကို တန္းလာခဲ့တာ ။ ေနာက္မွ ေသခ်ာ ေက်းဇူးတင္ရမည္။
" ေဆး႐ုံအုပ္ႀကီးက ေသြးလႉထားေတာ့ အားနည္းေနမွာ စိုးလို႔ဆိုၿပီး သက္ဆိုင္သူက ခ်က္ခ်င္း လာေခၚသြားၿပီ "
ေသြးလႉ႒ာနက ဆရာမေလးက ၿပဳံးၿပဳံး ၿပဳံးၿပဳံး နဲ႕ ဝင္ေျပာလာသည္။
" ေဆး႐ုံအုပ္ လႉတာလား.. ဒါဆိုရင္ သူက ငါ့ညီကို ပိုေက်းဇူးတင္ဦးမယ္..သူ အိမ္ျမန္ျမန္ျပန္ရလို႔.. ေဆး႐ုံကိုလာခ်င္တာ မဟုတ္ဘူး သူ႕ ေယာက်ာ္း နားပဲ အၿမဲကပ္ခ်င္ေနတာ ... မေျပာေတာ့ဘူး "
" ဒါကို အေၾကာင္းျပဳၿပီး တစ္လေလာက္ လာေတာ့မွာ မဟုတ္ဘူး "
ေခါင္းတခါခါနဲ႕ ၿငီးျငဴစြာ ေျပာသြားတဲ့
ခြဲစိတ္ဆရာဝန္ႀကီး ေဒါက္တာ မင္းေနခ ဆိုသူ ေျပာေနတာေတြကို ဝန္း နားမလည္ ။ အခု ဝန္း နားလည္တာက အစ္ကို႔ ဆီ သြားရမယ္ ။
.
မ်က္လုံး ဖြင့္လိုက္ေတာ့ စူးရွတဲ့ အလင္းတန္းေၾကာင့္ မ်က္လႊာျပန္ခ်လိဳက္သည္။ တဆစ္ဆစ္ထိုးကိုက္ေနတဲ့ တဲ့ ေခါင္း နဲ႕ အတူ ခႏၶာကိုယ္ရဲ႕ ညာဘက္တျခမ္းလုံးက လႈပ္လို႔မရ ။
" ကြၽတ္ "
ရန္း စိတ္ပ်က္စြာ ကြၽတ္သပ္လိုက္သည္။
" သတိရလာၿပီလား "
အမ်ိဳးသမီးတစ္ဦးရဲ႕ အသံေၾကာင့္ ဝန္း အားယူကာ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူနာျပဳ ဆရာမ တစ္ေယာက္ ထင္သည္။ သူေဆး႐ုံ ေရာက္ေနတာလား ။
" ကြၽန္ေတာ္ ဒီကို ဘယ္လိုေရာက္လာတာလဲ "
" ကြၽန္မလည္း ေသခ်ာမသိဘူး အခန္းခ သြင္းသြားတာေတာ့ အသက္၅၀ အ႐ြယ္ေလာက္ အမ်ိဳးသမီး တစ္ဦးပဲ "
" ဗ်ာ ဟို ဘယ္လိုပုံစံလဲ ဗ် "
အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး က ဘယ္သူလဲ ။
" ခပ္ပိန္ပိန္ ေခ်ာေခ်ာပဲ ေငြသြင္းၿပီးတာနဲ႕ ခ်က္ခ်င္းျပန္သြားေတာ့ ေသခ်ာေတာင္ မျမင္လိုက္ရဘူး "
ဘယ္သူလဲ ။ ဘယ္သူက ရန္းကို ေဆး႐ုံ ေခၚလာတာလဲ ။ ၿပီးေတာ့ အခန္းခ ပါ သြင္းသြားေပးတယ္တဲ့ ။ ရိုးရိုးအခန္းေတာင္ မဟုတ္ဘူး V.I.P အခန္း ။
" အ "
" အရမ္း မလႈပ္နဲ႕ဦး "
" ကြၽန္ေတာ္ ဘာျဖစ္သြားလဲ "
" ေခါင္း ကြဲလာလို႔ ၃ ခ်က္ ခ်ဳပ္ထားရတယ္ ညာလက္က အရိုးအက္သြားတယ္ ညာေျခက အဆစ္လြဲသြားတယ္ ရွင္ လႈပ္လို႔မရေသးဘူး ၿငိမ္ၿငိမ္ပဲေနရဦးမယ္ ခနေန ဆရာဝန္ လာလိမ့္မယ္ "
တစ္ကိုယ္လုံး ရစရာမရွိပါလား ။ ဒါနဲ႕ ဝန္းငယ္ေရာ။
" ဟုတ္ ဟို ကြၽန္ေတာ့္ဖုန္းေလးေတြ႕မိလားဗ် "
" မေတြ႕မိဘူး ပါမလာဘူးထင္တယ္ "
" ေအာ္ ဟုတ္ "
" ခနေန ဆရာဝန္ လာလိမ့္မယ္ေနာ္ အခု ၿငိမ္ၿငိမ္ေလးေနေပးဦး "
" ဟုတ္ "
သူနာျပဳဆရာမေလးက မွာစရာရွိတာ
မွာၿပီး ထြက္သြားသည္။ ဒီေနရာႀကီးက ရန္း နဲ႕ လုံးဝ အစိမ္းသက္သက္ ။ ဒီလိုအခ်ိန္မ်ိဳးမွာ အားကိုးစရာ မိသားစုေဆြမ်ိဳး မရွိတာေၾကာင့္ စိတ္အားငယ္မိသည္။ ဘာလို႔မ်ား နေမာ္နမဲ့ နိုင္ရတာလဲ ေရွးဆက္ရန္း။
.
ဒီ အခန္းေရွ႕မွာ ဝန္း ရပ္ေနတာ ၾကာၿပီ ။ ဝင္သြားဖို႔ကို တြန့္ဆုတ္ေနမိသည္။ သူ အစ္ကို႔ကို ဘယ္လို မ်က္ႏွာခ်င္းဆိုင္ရမလဲ ။ ဝန္း လိုအပ္တဲ့ အခ်ိန္တိုင္း အစ္ကိုက အၿမဲတမ္း ေဘးမွာရွိခဲ့ေပမယ့္ အစ္ကို လိုအပ္တဲ့အခါတိုင္းမွာ ဝန္း က ဘယ္ေတာ့မွ အဆင္သင့္မျဖစ္ခဲ့။
အခန္းတံခါးကို အနည္းငယ္ ဖြင့္ဟ ၾကည့္ေတာ့ တစ္ကိုယ္လုံး ပတ္တီးအျပည့္နဲ႕ ကုတင္ေပၚမွာ လွဲေလ်ာင္းေနတဲ့ အစ္ကို႔ပုံဟာ ဝန္း ကို ေရွာ့ခ္ အႀကီးႀကီး ရေစသည္။
" အစ္ကို "
အခန္းထဲ ဝင္လာတဲ့ အသံတိုးဖြဖြေလးေၾကာင့္ မ်က္လုံးဖြင့္လိုက္ေတာ့ ေသြးပ်က္စရာ ျမင္ကြင္း။ ဝန္းငယ္ ေသြးေတြနဲ႕ ဝန္းငယ္ ။
" ဝန္း ဘာျဖစ္လာတာလဲ ဝန္း ငယ္ "
ထ လိုက္ေပမယ့္လည္း ေသာက္သုံးမက်တဲ့ ခႏၶာကိုယ္က ပါမလာ ။ မ်က္ရည္ ပိုးပိုးေပါက္ေပါက္ က်ေနတဲ့ ကေလးငယ္က ဘာျဖစ္လာတာလဲ ။ ကား အက္စီးဒန့္ မ်ား ျဖစ္လာတာလား ။ ရန္း စိုးရိမ္ႀကီးစြာ အတင္းကုန္း႐ုန္းထေနမိသည္။
" အစ္ကို မလႈပ္နဲ႕ေလ "
" ဘာ ဘာ ျဖစ္လာတာလဲ ဝန္း "
"ဟင္ "
ဟုတ္ေပသားပဲ။ ေသြးေတြ ေပေနတာ မလဲပဲ အစ္ကို႔ကို စိတ္ပူေအာင္ လုပ္မိျပန္ၿပီ ။ ဘယ္အရာမွာမွ အျဖစ္မရွိလိုက္တာ။
" ဟင့္အင္း ေပေနတာ "
အစ္ကို ယုံေအာင္ အကၤ်ီကို လွန္ျပေတာ့ အစ္ကိုက မ်က္ႏွာလႊဲသြားသည္။
" အစ္ကို "
ပတ္တီးအေဖြးသားနဲ႕ အစ္ကို႔ပုံက ဝန္း ရင္ကို အစိတ္စိတ္အမႊာမႊာ ကြဲေၾကေစသည္။ အစ္ကို႔အတြက္ဆို ဝန္းက အသုံးမက်တဲ့ အမွိုက္ေကာင္ ။ အရႈပ္ထုတ္ေကာင္ ။ အပိုေကာင္ ။
" အစ္ကို ဟင့္ "
" အစ္ကို အီး ဟီး ဟီး အစ္ကို ဟင့္ အစ္ကို အီး ဟီး "
ဒူးေထာက္ထိုင္ကာ ကုတင္ေပၚ ေခါင္းေမွာက္ၿပီး ထိန္းမရသိမ္းမရ ငိုေနတဲ့ ဝန္း ငယ္။ မသိရင္ ရန္း ပဲ ဘဝကူးသြားသလို။
" ဘာျဖစ္တာတုန္း ငါ ဘာမွမျဖစ္ဘူး မငိုနဲ႕ "
" ဟင့္ အီး ဟီးး ဟီး ေတာင္း အင့္
ပန္ ပါ တယ္ အီး ဟီး ဟီး "
" ငါ ဘာမွ မျဖစ္ဘူးလို႔ "
" တစ္ကိုယ္လုံး ပတ္တီးေတြနဲ႕ကို ဘာမွ မျဖစ္တာလား ဟင့္ "
ငိုေနတဲ့ၾကားက လွမ္းေအာ္ေသးတယ္ ။အႀကီးကို ။
" ဘယ္လိုသိၿပီးေရာက္လာတာလဲ "
အေကာင္းအတိုင္း ရွိေနတဲ့ ဘယ္လက္နဲ႕ ေခါင္းေလးကို ပြတ္သပ္ေပးရင္း ေမးေတာ့ မစဲနိုင္ေသးတဲ့ မ်က္ရည္ၾကားထဲကေန ရွိုက္ငင္ကာ ေျဖလာသည္။
" သူနာျပဳဆရာမ ေျပာလို႔ ဟင့္ ေတာင္း အင့္ ပန္ ပါတယ္ ဖုန္း မကိုင္ မိလို႔ အင့္ "
သူ ဖုန္းမကိုင္မိတာကို ကေလးက ဝမ္းနည္းေနတာပဲ ။
"ဘာမွမျဖစ္ဘူး ေကာင္းသြားမွာ သူနာျပဳက မင္းနဲ႕သိတဲ့သူရွိလို႔လား "
" ဟို "
" ပါတီမွာ ကြၽန္ေတာ့္ေပၚ မီးဆိုင္းျပဳတ္ၾကတာ "
" ဟမ္ ဘာျဖစ္သြားေသးလဲ ေသြးေတြကေရာ ဝန္း "
ရန္း စိုးရိမ္မႈက ငယ္ထိပ္ထက္လေရာက္လာျပန္သည္။ မီးဆိုင္းျပဳတ္က်တယ္တဲ့လား။
" လႊား "
" သူ ဘာျဖစ္လဲ "
" လႊား က ကြၽန္ေတာ့္အစား ခံလိုက္တယ္ "
ၾကားလိုက္ရတဲ့ စကားေၾကာင့္ ရန္း ဆြံ႕အသြားသည္။ သစ္ခက္လႊား က ဝန္း အစား ခံလိုက္တယ္တဲ့ ။ ဝန္း အေပၚထားတဲ့စိတ္က အဲ့ေလာက္ထိေတာင္တဲ့လား ။
" သူ အခု ICU ထဲမွာ စိတ္ခ်လိဳ႕မရေသးဘူး "
သနားစရာေကာင္းလိုက္တဲ့ ဝန္းငယ္ ။ သူ႕အျပစ္တစ္ခုလို ခံစားေနမွာကို ရန္း သိတာေပါ့။
" ဖက္ခ်င္လား "
ရန္း ဘယ္လက္ကို ဆန့္ကာ ေခၚေတာ့ ရန္း ရင္ခြင္ေလးထဲ ေခါင္းေလး တိုးဝင္ကာ ညာဘက္လက္ကို မထိမိေအာင္ ဖြဖြေလးလာဖက္တြယ္သည္။
" အဆင္ေျပသြားမွာ ဝန္း အျပစ္မဟုတ္ဘူး အဆင္ေျပသြားမွာ "
" အီး ဟီး ဟီး ေတာင္း ဟင့္ ပန္ ပါတယ္ "
" ဘာကို ေတာင္းပန္တာလဲ ေတာင္း ပန္ စရာမွ မလိုဘဲ ဝန္းက လုပ္သင့္တာေတြပဲ လုပ္ေနတာ ငါ သိတယ္ ဝန္းငယ္မွာ ဘာ အျပစ္မွ မရွိဘူး အဆင္ေျပသြားမွာပါ "
အခုခ်ိန္မွာ ဝန္းငယ္က စိတ္အပင္ပန္းဆုံး ျဖစ္ေနရွာမွာေပါ့။