(Zawgyi)🍀🍀🍀🍀
(ခ်ိဳၿမိန္ေသာ ခ်စ္ျခင္းအားစတင္ထိေတြ႔မိျခင္း..)
Part-78
(ကိုယ္..ခ်စ္ေသာ clover..!!..)
သူခ်စ္ေသာေကာင္ေလး၏ ရင္ခုန္သံကသူေၾကာင့္
ျဖစ္တည္သည္။ သစ္မိုးအိမ္ ႏွလံုးသားတစ္စံုလံုး
သည္ ပ်ားရည္အိုးထဲစိမ္ခံလိုက္ရသလိုခ်ိဴၿမိန္ျခင္း
မ်ားျဖင့္ ျပည့္သြားကာ တစ္ခ်ိန္လံုးျပံဳးေနမိေတာ့
သည္။
သစ္မိုးအိမ္က သူ႔ကိုေမာ့ၾကည့္ေနသာၾကည္ေတာက္
ေနသည့္မ်က္ဝန္းဝိုင္းႀကီးမ်ားကို မွိတ္က်သြားသည္
အထိ ႏႈတ္ခမ္းအစံုျဖင့္ထိကပ္ကာနမ္းမိေတာ့သည္။
ေကာင္ေလးကိုသူကအရာအားလံုးအပ္ႏွင္းထားသ
လို ေကာင္ေလး၏အရာရာကိုလည္း ေလာဘႀကီး
ေသာ တေစၦတစ္ေကာင္လို သူတစ္ဦးတည္းသာ
ပိုင္ခ်င္သည္။
ထိုသည္က ေသးငယ္ေသာအၾကည့္ေလးတစ္ခ်က္
မွစကာ စိတ္လႈပ္႐ွားခ်ိန္တိုင္းကုတ္ေကြးသြားတတ္
ေသာ ေျခေခ်ာင္းရဲရဲေလးမ်ားႏွင့္ထိုေျခေခ်ာင္းေလး
မ်ားပိုင္႐ွင္၏ စိတ္ဝိညာဥ္ထိတိုင္ပိုင္ဆိုင္လိုသည္ဟု
ဆိုလိုျခင္းျဖစ္သည္။
သူသန္မာေသာ သူ႔လက္ေမာင္းမ်ားကိုသံုးကာ..
ေကာင္ေလး၏ကိုယ္ေလးကို ေဘာင္ခတ္ၿပီးရင္ခြင္
ထဲနစ္ဝင္သည္အထိ ဖက္ထားလိုက္သည္။ ေက်းဇူး
တင္ပါတယ္ဆိုေသာ စကားကိုသာအႀကိမ္ႀကိမ္ေျပာ
ရင္း ပုခံုးက်ဥ္းက်ဥ္းေလးႏွင့္ႏူးည့ံေသာကိတ္သား
ေလးႏွင့္တူေသာ လည္တိုင္ျဖဴျဖဴေလး၏ေဘးဘက္
ျခမ္းေလးကိုျမတ္ႏိုးစြာျဖင့္အႀကိမ္ႀကိမ္ထိကပ္ကာ..
အနမ္းေခြၽလိုက္သည္။
ေက်နပ္သည္အထိအနမ္းေျခရာမ်ားခ်ၿပီးမွ မ်က္လံုး
ဝိုင္းႀကီးမ်ားျပဴးက်ယ္ကာ ေတာင့္ေတာင့္ေလးျဖစ္
ေနေသာ ေကာင္ေလး၏လက္ကေလးကို အသာ
ဆုပ္ကိုင္ၿပီး အိပ္ခန္းထဲ႐ွိတစ္ကိုယ္လံုးျမင္ႏိုင္ေသာ
မွန္ႀကီးေ႐ွ႕တြင္ရပ္ေစလိုက္သည္။
ေကာင္ေလးရြက္စိမ္းကေနလိုေႏြးေထြးေသာ ဆံပင္
အေရာင္ေလးျဖင့္ျဖစ္ၿပီး မ်က္လံုးဝိုင္းၾကီးမ်ားက ၾကည္
ေတာက္ကာေန၏။ အဝါေရာင္ထက္ေအာက္ဆင္တူ
အက်ႌေလးေပၚတြင္ ဒိုးနတ္ပံုမုန္႔ေလးမ်ားပါေသာ..
ဝတ္စံုေလးကိုဝတ္ဆင္ထားျခင္းျဖစ္သည္။ သစ္မိုးအိမ္
ကေတာ့ ေငြမွင္ေရာင္ဆံပင္မ်ားျဖင့္ျဖစ္ၿပီး ေပါ့ပါးေသာ
ေခါင္းစြပ္အက်ႌႏွင့္ေဘာင္းဘီကိုဝတ္ဆင္ထားသည္။
သူ၏ထူးျခားကာလွပေသာ မ်က္လံုးမ်ားထဲတြင္ေတာ့
ေကာင္ေလးအေပၚခ်စ္ျခင္းမ်ားျဖင့္ျပည့္ေနေလသည္။
ပံုရိပ္အႀကီးအေသးႏွစ္ခုသည္မွန္ထဲတြင္လိုက္ဖက္
စြာ ထင္ဟပ္ေနၿပီးသူတို႔ႏွစ္ဦး၏အရိပ္မ်ားသည္..
တစ္ခုတည္းျဖစ္မတတ္ နီးကပ္စြာတည္႐ွိေနသည္။
သစ္မိုးအိမ္က ရြက္စိမ္း၏ေနာက္တြင္ရပ္ၿပီးျမတ္ႏိုး
ရေသာေကာင္ေလးကိုမွန္ထဲမွတစ္ဆင့္ ေငးစိုက္
ၾကည့္ေနသည္။
သစ္ရြက္စိမ္းဆိုေသာေကာင္ေလးက သစ္မိုးအိမ္၏
ႏွလံုးသားထဲတြင္ ကဗ်ည္းေရးထိုးထားေသာမွတ္တမ္း
ႏွင့္တူၿပီး သူအသက္႐ွဴေနသ၍ဘယ္ေသာအခါမွ..
ပ်က္ျပယ္သြားမည္မဟုတ္ေပ..။
သစ္မိုးအိမ္ ေဘာင္းဘီေဘးအိတ္ကပ္ထဲတြင္ထည့္
ထားေသာ ပစၥည္းေလးကိုထုတ္လိုက္သည္။ ေငြ
ေရာင္လက္ေနေသာ ပလက္တီနမ္ႀကိဳးမ်ွင္မ်ွင္ေလး
ျဖင့္လုပ္ထားေသာ ဆြဲႀကိဳးေလးက သစ္မိုးအိမ္၏
လက္ေခ်ာင္း႐ွည္မ်ားတြင္လွပစြာ႐ွိေနသည္။
ပလက္တီနမ္ႀကိဳးႏွင့္တြယ္ခ်ိတ္ထားေသာ အသဲ
ပံုပြင့္ဖတ္မ်ား႐ွိသည့္ ေလးရြက္ဆိုင္ clover ရြက္
ေလးက ပနံသင့္ေနသည္။ ထိုအရာေလးကိုျမင္
လိုက္ေသာအခါ ေကာင္ေလး၏မ်က္ဝန္းဝိုင္းႀကီး
မ်ားသည္ ေတာက္ပသြားရသည္။ ထိုဆြဲႀကိဳးေလး
က ရြက္စိမ္းငယ္ငယ္ထဲကဝတ္ထားေသာ ဆြဲႀကိဳး
ေလးျဖစ္ေသာေၾကာင့္ပင္..။
"ဘယ္လိုလုပ္ၿပီး ကိုကို႔ဆီမွာ႐ွိေနတာလဲဟင္..
ဟိုမမဆီမွာ မဟုတ္ဘူးလား.."
သစ္မိုးအိမ္ ျပံဳးလိုက္ၿပီး ဆြဲႀကိဳးေလးကိုဝတ္ေပး
လိုက္ၿပီး လည္ပင္းေထာင့္ေလးကိုအသာအယာ
ငံု႔နမ္းလိုက္သည္။ တစ္ေရြ႔ေရြ႔တက္လာေသာ...
ႏႈတ္ခမ္းတစ္စံုက ေနရာလြတ္မ႐ွိေစရဘဲ နား
သလယ္စပ္နားအထိခစား၏။ ၿပီးသည္ႏွင့္သူ႔လက္
ႀကီးမ်ားျဖင့္ ရြက္စိမ္းပုခံုးကိုကိုင္ကာမ်က္ႏွာခ်င္း
ဆိုင္ေစလိုက္သည္။ ေမာ့ၾကည့္လာေသာ မ်က္ႏွာ
ေသးေသးေလးေၾကာင့္ အသည္းယားကာ ႏွာေခါင္း
လံုးလံုးေလး၏ထိပ္ကေလးကို ခပ္ဖြဖြကိုက္ျပစ္လိုက္
၏။
"ငတံုးေလး ဒီဆြဲႀကိဳးေလးက ကိုကို႔ေကာင္ေလး
တစ္ေယာက္ထဲပိုင္တာေလ clover.."
"တစ္ကယ္လား..?"
"အဟြန္း..တစ္ကယ္ေပါ့ ကိုကို္ဘယ္တုန္းက ညာဖူး
လို႔လဲ။ မ်က္ႏွာေလးေမာ့ပါဦး..ႏႈတ္ခမ္းေသးေသး
ေလးကို အနမ္းေခြၽခ်င္လို႔ပါ.."
"အင့္.."
ကေလးမ်ားေပ်ာ္ေသာအခါ သူတို ့၏မုန္႔ေလးမ်ားကို
ေဝငွသည့္အေနျဖင့္ အင့္ဆိုကာေပးတတ္ၾကသည္။
ထိုနည္းတူစြာပင္ ပါးခ်ိဳင့္ႀကီးမ်ားထင္းေနေသာ..
ရြက္စိမ္းက 'အင့္'ဆိုကာ ေခါင္းေလးေမာ့ေပး
ၿပီး ႏႈတ္ခမ္းေလးကိုပါေထာ္ထားေပးေသး၏။
အလြန္တရားအသည္းယားစရာေကာင္းေနၿပီ..
အစ္ကိုႀကီး၏ႏွလံုးသားတစ္စံုသည္ေၾကာင္လက္
သည္းေလးျဖင့္ကုတ္ျခစ္ခံလိုက္သလိုခံစားလိုက္
ရသည္။ အစ္ကိုႀကီးလည္း အခြင့္အေရးကိုလက္
လြတ္မခံဘဲ ေခါင္းကိုငံု႔ခ်ကာႏႈတ္ခမ္းေသးေသး
ေလးကိုငံုေထြးလိုက္ေတာ့သည္။
ရြက္စိမ္း၏လက္ေလးႏွစ္ဖက္ကိုသူ႔ပုခံုးမ်ားတြင္
တြယ္ခ်ိတ္ေစလိုက္ၿပီး သူကေတာ့ရြက္စိမ္း၏..
ခါးေလးကို သူ႔လက္ေမာင္းမ်ားၾကားေပြ႔ပိုက္ကာ
ထားလိုက္၏။
တုန္႔ျပန္လာေသာ ႏႈတ္ခမ္းေသးေသးေလးက
အူေၾကာင္ေၾကာင္ေလးျဖင့္ကြၽမ္းက်င္မႈမ႐ွိ..။
သို႔ေသာ္ သစ္မိုးအိမ္ကိုေတာ့ အ႐ူးအမူးျဖစ္ေစ
သည္။ သူအနမ္းမ်ားကိုပိုကာသိပ္သည္းေစလိုက္
ၿပီး ေက်ာျပင္ငယ္ေလးကိုလက္ဖဝါးႀကီးမ်ားျဖင့္..
ပြတ္သပ္ေနမိသည္။
ႏႈတ္ခမ္းေသးေသးေလး နီျမန္းလြန္းေသာပန္းသီး
ေလးႏွင့္တူေသာအခ်ိန္တြင္မွ လြတ္ေျမာက္ခြင့္ေပး
လိုက္ၿပီး ေအာက္ႏႈတ္ခမ္းေထာင့္ေလးကိုပါ ခပ္ဖြ
ဖြကိုက္ဆြဲလိုက္သည္။
"ရြက္စိမ္းေလး ႏႈတ္ခမ္းနာသြားၿပီ.."
သစ္မိုးအိမ္ ညီညာျဖဴေဖြးေသာသြားေလးမ်ား
ေပၚသည္အထိျပံဳးလိုက္ကာေအာက္ႏႈတ္ခမ္းေထာင့္
ေလး႐ွိဒဏ္ရာေလးကို လိပ္ျပာေလးတစ္ေကာင္ နား
ခိုလာသလို ထိေထြ႔ကာအနမ္းခ်ိဳခ်ိဳျဖင့္ေခ်ာ့ျမဴလိုက္
၏။
သစ္မိုးအိမ္..ရြက္စိမ္း၏လက္ေလးတစ္ဖက္ကိုယူ
ကာ သူ၏ႏွလံုးသား႐ွိရာက်ယ္ျပန္႔သည့္ဝဲဘက္
ရင္အံုေပၚတြင္ တင္ေပးလိုက္သည္။ သူ႔လက္ႀကီး
မ်ားကိုေတာ့မဖယ္ေသးဘဲ လက္ကေလးေပၚမွ
အုပ္ကိုင္ထားလိုက္သည္။
"ခံစားမိလား..ကိုကို႔ႏွလံုးခုန္သံေတြ အရမ္းျမန္
ေနတာေလ.."
ျမင္း႐ိုင္းတစ္ေကာင္လို ျပင္းထန္ေသာႏွလံုးခုန္ႏႈန္း
က သိသိသာသာပင္။ လက္ေသးေသးေလးသည္
ထိုႏွလံုးခုန္သံကိုခံစားမိေသာအခါ အ့ံဩေနေသာ
အမူအရာေလးျဖင့္ သစ္မိုးအိမ္ကိုေမာ့ၾကည့္လာ၏။
ထို႔ေနာက္လက္ပိစိေလးႏွစ္ဖက္သည္ သစ္မိုးအိမ္
၏မ်က္ႏွာေခ်ာေခ်ာကို အုပ္ကိုင္ၿပီး စိုးရိမ္တႀကီး
ျဖင့္ေမးလာ၏။
"ကိုကို..ကိုကိုေရာ ရြက္စိမ္းေလးလို ေနမေကာင္း
ျဖစ္ေနတာလား.."
"အဟြန္း.."
သစ္မိုးအိမ္ သေဘာက်စြာရယ္သြမ္းေသြးလိုက္ရင္း
သူ႔မ်က္ႏွာေခ်ာေခ်ာကို ထိကိုင္ထားေသာ လက္က
ေလးကို ျပန္ဆြဲယူကာ စည္းခ်က္ညီေနေသာ..
ဝဲဘက္ရင္အံုေပၚသို႔ျပန္တင္ေပးလိုက္သည္။ သူက
စိတ္႐ွည္ကာအစြမ္းကုန္အလိုလိုက္ေတာ့မည့္ အမူ
အရာအျပည့္ျဖင့္ျဖစ္သည္။ သူကကိုယ္ကိုအနည္း
ငယ္ငံု႔ကိုင္းလိုက္ကာ ေကာင္ေလး၏နားရြက္ေလး
နားသို႔တိုးကပ္သြားလိုက္၏။
ၿပီးမွ ခပ္တိုးတိုးေျပာလိုက္သည္။
"ဒါက ေရာဂါမဟုတ္ဘူး clover.. ဘာေၾကာင့္
လည္းဆိုတာ သိခ်င္လား.."
သူကအေျပာတင္မက နားရြက္ဖ်ားေလးကိုပါ..
ခပ္ဖြဖြကိုက္ခဲမႈျပဳကာ က်ဴးေက်ာ္လိုက္ေသးသည္။
သူ႔လက္ခ်က္ေၾကာင့္ နီျမန္းသြားေသာ နားရြက္ေလး
ကို သစ္မိုးအိမ္ တစ္ကယ္ကို သေဘာက်ေနမိသည္။
"အေျဖကို သိခ်င္ရင္ ကိုကို႔ကိုခ်စ္တယ္လို႔ ေျပာ
ၾကည့္.."
"ဟင္?.."
"အေၾကာင္းအရင္းကို သိခ်င္တယ္မလား..
ျမန္ျမန္ေလးေျပာၾကည့္ေလ ကိုကို႔ကိုခ်စ္တယ္လို႔"
ထိုစကားစုေလးသည္ ရြက္စိမ္းအတြက္ေတာ့..
မၾကာခဏေျပာေနၾကစကားေလးပင္ျဖစ္သည္။
သို႔ေသာ္ သစ္မိုးအိမ္၏ထူးျခားကာလွပေသာ..
မ်က္ဝန္မ်ားျဖင့္ေငးၾကည့္ခံရမႈေအာက္တြင္ဆို
ေသာအခါ ႏို႔ကိတ္လိုပါးေလးႏွစ္ဖက္သည္
စေတာ္ဘယ္ရီခရင္ဆမ္းခံလိုက္ရသလိုျဖစ္သြား
ေတာ့၏။
ၾကည္ေတာက္ေနေသာ မ်က္ဝန္းဝိုင္းႀကီးမ်ားက
ဟိုသည္ေရြ႔လ်ားကာ ပိုင္စိုးလိုမႈအျပည့္ျဖင့္...
အၾကည့္မ်ားမွေ႐ွာင္ဖယ္ေန၏။ ေ႐ွာင္ဖယ္ေနရင္း
ပင္ မ်က္ဝန္းဝိုင္းႀကီးမ်ားသည္ တစ္ဖက္သူကိုမသိ
မသာျဖင့္ခိုးၾကည့္လိုက္သည္။ မူလအတိုင္းညိဳ႕မိႈင္း
ေနေသာ မ်က္ဝန္မ်ားကသူ႔ကိုၾကည့္ေနတုန္းပင္။
ကိုယ္ငယ္ေလးသည္ အပူ႐ွိန္ပိုတိုးလာသလိုခံစား
လိုက္ရၿပီး တြင္းေလးတစ္တြင္းတူးၿပီးသာ ပုန္းေန
ခ်င္မိေတာ့၏။ ေနာက္ဆံုးတြင္ သည္းမခံႏိုင္ေတာ့
ေသာ ေကာင္ေလးသည္ သူ႔လက္ကေလးျဖင့္..
သစ္မိုးအိမ္၏မ်က္ဝန္းမ်ားကိုဖံုးကြယ္ကာရံလိုက္
ေတာ့၏..။
"ရြက္စိမ္းေလးကို မၾကည့္န႔ဲ..ထူးဆန္းတယ္~.."
သူ၏မ်က္လံုးမ်ားကို ဖံုးကြယ္ထားခံရေသာ အမ်ိဳးသား
က ဆြဲေဆာင္မႈ႐ွိစြာျပံဳးကာ ျမင္ရခဲေသာ သြားတန္း..
ညီညီမ်ားကို လွစ္ဟကာျပသည္။ သူပံုစံက ပိုတိုးကာ
ဆြဲေဆာင္မႈ႐ွိေနေတာ့၏။
သူကအလြန္နာခံမႈ႐ွိစြာပင္ ေကာင္ေလး၏လက္ေလး
မ်ားကိုမဖယ္ျပစ္ဘဲ ၿငိမ္ေနေပးကာ ျပံဳးေန၏။ ထိုစဥ္
မွာပင္ ေကာင္ေလးဆီမွ အသံေသးေသးေလးကထြက္ လာသည္။
"ကိုကို႔ကိုခ်စ္တယ္"
~ဒုတ္..ဒုတ္...ဒုတ္..!!..~
သခင္ငယ္ပိုင္ေသာ ႏွလံုးသားတစ္စံုက စိတ္မပ်က္
ေစခ့ဲေပ။ သခင္ငယ္ေလးႏႈတ္မွတိုးလ်လ် စကားသံ
ေလးႏွင့္ထြက္လာသည္ႏွင့္ စည္းခ်က္မွန္စြာ ခုန္ေပါက္
ေပ်ာ္ျမဴးေနသည္မွာ သန္မာကာထိန္းရခက္ေသာ..
သားရဲတစ္ေကာင္လိုပင္။
သခင္ငယ္ေလးက သူ႔လက္ေခ်ာင္းေလးမ်ားမွ
တစ္ဆင့္ ခံစားမိေသာ စည္းခ်က္ျပင္းျပင္းေၾကာင့္
အလြန္တရာ အ့ံဩသင့္သြားကာ ႏႈတ္ခမ္းေလးမ်ား
ပင္ အနည္းငယ္ဟသြားရသည္။.
သစ္မိုးအိမ္က မ်က္လံုးမ်ားမွိတ္ထားခံရေသာ္လည္း
အရာအားလံုးကို ထိုးထြင္းသိျမင္ေနေသာ သူတစ္ဦး
လိုျပံဳးသည္။ ထို႔ေနာက္သူ၏ ႏႈတ္ခမ္းမ်ားကိုအနည္း
ငယ္ ေကာ့တက္သြားေစၿပီး သူ၏အက္႐ွေသာအသံ
ျဖင့္ ေျပာလာသည္။
"ခ်စ္မိသြားလို႔ေလ ကိုကိုက ဒီတည္႐ွိမႈေလးကို
ခ်စ္မိသြားလို႔.."
သူဆက္ေျပာလိုက္သည္။
"ညီအစ္ကိုႏွစ္ေယာက္ၾကားက ျဖဴစင္တ့ဲခ်စ္ျခင္း
မ်ိဳးေတာ့မဟုတ္ဘူး clover..။ ပိုင္ဆိုင္ခ်င္တယ္
ျမတ္ႏိုးတန္ဖိုးထားတယ္..တစ္ခ်ိန္ထဲမွာဘဲ ဒီကေလး
ေလးကို လက္လႊတ္လိုက္ရမွာေၾကာက္တယ္"
သူထပ္ေျပာလိုက္သည္။
"ကိုကိုက clover ကို ခ်စ္သူတစ္ေယာက္လို
ခ်စ္တာ.."
သစ္မိုးအိမ္ ဆက္မေျပာေသးဘဲ သူ႔မ်က္လံုးမ်ားကို
အုပ္ကိုင္ထားေသာ လက္ကေလးကိုဖယ္လိုက္သည္။
ၿပီးမွေကာင္ေလး၏ မ်က္လံုးဝိုင္းႀကီးမ်ားထဲကိုစိုက္
ကာၾကည့္ရင္း ေျပာလိုက္သည္။
"သစ္ရြက္စိမ္း ကိုယ္မင္းကိုခ်စ္တယ္.."
သူ႔စကားအဆံုး အနက္ေရာင္မ်က္စံေလးမ်ားသည္
အနည္းငယ္က်ယ္ျပန္႔သြားကာ လံုးဝန္းေသာမ်က္ဝန္း
အိမ္ႀကီးမ်ားသည္လည္းက်ယ္သြား၏။ အေရာင္ရင့္
ေသာ ပါးေလးႏွစ္ဖက္ျဖင့္ေကာင္ေလးသည္ ဘာမွ
ျပန္မေျပာေသာ္လည္း ေခါင္းေလးကိုေတာ့ ေယာင္နန
ေလးျဖင့္ၿငိမ့္ျပလာသည္။
သစ္မိုးအိမ္ ေကာင္ေလး၏အမူအရာေၾကာင့္...
သေဘာက်စြာ ရီသြမ္းေသြးမိေတာ့သည္။ သူက
ရြက္စိမ္း၏ အျပဳအမူေလးမ်ားကိုခ်စ္သည္။ ထို
အျပဳအမူေလးမ်ားက သူအခ်ိန္အေတာ္ၾကာ..
ပ်ိဳးေထာင္ထားေပးခ့ဲတာျဖစ္ၿပီး သူအရမ္းကို
သေဘာက်သည္။
ရြက္စိမ္းေလးကေတာ့ စိတ္ညစ္ေနမိသည္။ မ်က္ႏွာ
တစ္ခုလံုးပူေလာင္ကာ တဒိန္းဒိန္းျမည္ေနေသာ...
ရင္ဘတ္ေၾကာင့္ ဘာလုပ္ရမွန္းမသိေတာ့ေပ..။
မ်က္ႏွာေသးေသးေလးသည္ အကူအညီမ့ဲစြာျဖင့္
မ်က္ႏွာငယ္ေလးျဖစ္ေနေတာ့သည္။
ရြက္စိမ္းေလးအတြက္ အခ်ိန္လိုသည္။ တစ္ေန႔ထဲ
သိလိုက္ရေသာ အေၾကာင္းအရာမ်ားမွာ မ်ားျပား
လြန္းေသာေၾကာင့္ ေခါင္းေသးေသးေလးမွာ မူး
ေနာက္ေနၿပီျဖစ္သည္။
အခုခ်ိန္တြင္ ရြက္စိမ္းအတြက္လိုအပ္သည္က..
ဖရဲသီးျဖစ္ၿပီး ေခ်ာင္ေလးတစ္ခုတြင္ထိုင္ကာ..
ဖရဲသီးေလးစားရင္း အေတြးမ်ားကိုစုစည္းခ်င္
သည္။ ရြက္စိမ္းေလးသည္ ဖရဲသီးေလး ဖရဲသီး
ေလးကိုသာ လိုခ်င္ပါသည္။
ဆယ္ေက်ာ္သက္ေလးသည္ အေတြးေလးမ်ား
ႏွင့္အတူ ႐ုတ္ရက္ခတ္ေနစဥ္ သူ႔ကိုကိုသစ္မိုးအိမ္
ကေျပာလာသည္။
"ကိုကို႔ေကာင္ေလးက အသည္းယားစရာေကာင္း
တယ္"
အေတြးမ်ားေနေသာေကာင္ေလးသည္
အလ်င္အျမန္ျပန္ေျဖလိုက္သည္။
"ရြက္စိမ္းေလးက အသည္းယားစရာမေကာင္း
ပါဘူးေရာ..ဒီ..ဒီအတိုင္း ရြက္စိမ္းက ဖရဲသီးစား
ခ်င္တာ.."
"အဟား..ေကာင္းၿပီ ေကာင္းၿပီ..ကိုကို ဖရဲသီး
ႀကိဳဝယ္ခိုင္းထားပါတယ္ဗ်ာ..."
အခန္းေလးထဲတြင္ေတာ့ ရယ္သံခပ္႐ွ႐ွက ပ့်ံလြင့္
ေနေတာ့၏။ သစ္မိုးအိမ္ဆိုေသာ အၾကင္သူ၏
ႏွလုံးသားတစ္စုံကေတာ့ သခင္ငယ္ေလးေစလိုရာ
သာ 'က'ေတာ့မည္ဆိုသည္မွာ အေသအခ်ာပင္။
............
(A/N-Melon dream babe ya~🍉🍀)
JM(210902)
Next>>>>>
(Unicode)🍀🍀🍀🍀
(ချိုမြိန်သော ချစ်ခြင်းအားစတင်ထိတွေ့မိခြင်း..)
Part-78
(ကိုယ်..ချစ်သော clover..!!..)
သူချစ်သောကောင်လေး၏ ရင်ခုန်သံကသူကြောင့်
ဖြစ်တည်သည်။ သစ်မိုးအိမ် နှလုံးသားတစ်စုံလုံး
သည် ပျားရည်အိုးထဲစိမ်ခံလိုက်ရသလိုချိူမြိန်ခြင်း
များဖြင့် ပြည့်သွားကာ တစ်ချိန်လုံးပြုံးနေမိတော့
သည်။
သစ်မိုးအိမ်က သူ့ကိုမော့ကြည့်နေသာကြည်တောက်
နေသည့်မျက်ဝန်းဝိုင်းကြီးများကို မှိတ်ကျသွားသည်
အထိ နှုတ်ခမ်းအစုံဖြင့်ထိကပ်ကာနမ်းမိတော့သည်။
ကောင်လေးကိုသူကအရာအားလုံးအပ်နှင်းထားသ
လို ကောင်လေး၏အရာရာကိုလည်း လောဘကြီး
သော တစ္ဆေတစ်ကောင်လို သူတစ်ဦးတည်းသာ
ပိုင်ချင်သည်။
ထိုသည်က သေးငယ်သောအကြည့်လေးတစ်ချက်
မှစကာ စိတ်လှုပ်ရှားချိန်တိုင်းကုတ်ကွေးသွားတတ်
သော ခြေချောင်းရဲရဲလေးများနှင့်ထိုခြေချောင်းလေး
များပိုင်ရှင်၏ စိတ်ဝိညာဉ်ထိတိုင်ပိုင်ဆိုင်လိုသည်ဟု
ဆိုလိုခြင်းဖြစ်သည်။
သူသန်မာသော သူ့လက်မောင်းများကိုသုံးကာ..
ကောင်လေး၏ကိုယ်လေးကို ဘောင်ခတ်ပြီးရင်ခွင်
ထဲနစ်ဝင်သည်အထိ ဖက်ထားလိုက်သည်။ ကျေးဇူး
တင်ပါတယ်ဆိုသော စကားကိုသာအကြိမ်ကြိမ်ပြော
ရင်း ပုခုံးကျဉ်းကျဉ်းလေးနှင့်နူးညံ့သောကိတ်သား
လေးနှင့်တူသော လည်တိုင်ဖြူဖြူလေး၏ဘေးဘက်
ခြမ်းလေးကိုမြတ်နိုးစွာဖြင့်အကြိမ်ကြိမ်ထိကပ်ကာ..
အနမ်းချွေလိုက်သည်။
ကျေနပ်သည်အထိအနမ်းခြေရာများချပြီးမှ မျက်လုံး
ဝိုင်းကြီးများပြူးကျယ်ကာ တောင့်တောင့်လေးဖြစ်
နေသော ကောင်လေး၏လက်ကလေးကို အသာ
ဆုပ်ကိုင်ပြီး အိပ်ခန်းထဲရှိတစ်ကိုယ်လုံးမြင်နိုင်သော
မှန်ကြီးရှေ့တွင်ရပ်စေလိုက်သည်။
ကောင်လေးရွက်စိမ်းကနေလိုနွေးထွေးသော ဆံပင်
အရောင်လေးဖြင့်ဖြစ်ပြီး မျက်လုံးဝိုင်းကြီးများက ကြည်
တောက်ကာနေ၏။ အဝါရောင်ထက်အောက်ဆင်တူ
အကျႌလေးပေါ်တွင် ဒိုးနတ်ပုံမုန့်လေးများပါသော..
ဝတ်စုံလေးကိုဝတ်ဆင်ထားခြင်းဖြစ်သည်။ သစ်မိုးအိမ်
ကတော့ ငွေမှင်ရောင်ဆံပင်များဖြင့်ဖြစ်ပြီး ပေါ့ပါးသော
ခေါင်းစွပ်အကျႌနှင့်ဘောင်းဘီကိုဝတ်ဆင်ထားသည်။
သူ၏ထူးခြားကာလှပသော မျက်လုံးများထဲတွင်တော့
ကောင်လေးအပေါ်ချစ်ခြင်းများဖြင့်ပြည့်နေလေသည်။
ပုံရိပ်အကြီးအသေးနှစ်ခုသည်မှန်ထဲတွင်လိုက်ဖက်
စွာ ထင်ဟပ်နေပြီးသူတို့နှစ်ဦး၏အရိပ်များသည်..
တစ်ခုတည်းဖြစ်မတတ် နီးကပ်စွာတည်ရှိနေသည်။
သစ်မိုးအိမ်က ရွက်စိမ်း၏နောက်တွင်ရပ်ပြီးမြတ်နိုး
ရသောကောင်လေးကိုမှန်ထဲမှတစ်ဆင့် ငေးစိုက်
ကြည့်နေသည်။
သစ်ရွက်စိမ်းဆိုသောကောင်လေးက သစ်မိုးအိမ်၏
နှလုံးသားထဲတွင် ကဗျည်းရေးထိုးထားသောမှတ်တမ်း
နှင့်တူပြီး သူအသက်ရှူနေသ၍ဘယ်သောအခါမှ..
ပျက်ပြယ်သွားမည်မဟုတ်ပေ..။
သစ်မိုးအိမ် ဘောင်းဘီဘေးအိတ်ကပ်ထဲတွင်ထည့်
ထားသော ပစ္စည်းလေးကိုထုတ်လိုက်သည်။ ငွေ
ရောင်လက်နေသော ပလက်တီနမ်ကြိုးမျှင်မျှင်လေး
ဖြင့်လုပ်ထားသော ဆွဲကြိုးလေးက သစ်မိုးအိမ်၏
လက်ချောင်းရှည်များတွင်လှပစွာရှိနေသည်။
ပလက်တီနမ်ကြိုးနှင့်တွယ်ချိတ်ထားသော အသဲ
ပုံပွင့်ဖတ်များရှိသည့် လေးရွက်ဆိုင် clover ရွက်
လေးက ပနံသင့်နေသည်။ ထိုအရာလေးကိုမြင်
လိုက်သောအခါ ကောင်လေး၏မျက်ဝန်းဝိုင်းကြီး
များသည် တောက်ပသွားရသည်။ ထိုဆွဲကြိုးလေး
က ရွက်စိမ်းငယ်ငယ်ထဲကဝတ်ထားသော ဆွဲကြိုး
လေးဖြစ်သောကြောင့်ပင်..။
"ဘယ်လိုလုပ်ပြီး ကိုကို့ဆီမှာရှိနေတာလဲဟင်..
ဟိုမမဆီမှာ မဟုတ်ဘူးလား.."
သစ်မိုးအိမ် ပြုံးလိုက်ပြီး ဆွဲကြိုးလေးကိုဝတ်ပေး
လိုက်ပြီး လည်ပင်းထောင့်လေးကိုအသာအယာ
ငုံ့နမ်းလိုက်သည်။ တစ်ရွေ့ရွေ့တက်လာသော...
နှုတ်ခမ်းတစ်စုံက နေရာလွတ်မရှိစေရဘဲ နား
သလယ်စပ်နားအထိခစား၏။ ပြီးသည်နှင့်သူ့လက်
ကြီးများဖြင့် ရွက်စိမ်းပုခုံးကိုကိုင်ကာမျက်နှာချင်း
ဆိုင်စေလိုက်သည်။ မော့ကြည့်လာသော မျက်နှာ
သေးသေးလေးကြောင့် အသည်းယားကာ နှာခေါင်း
လုံးလုံးလေး၏ထိပ်ကလေးကို ခပ်ဖွဖွကိုက်ပြစ်လိုက်
၏။
"ငတုံးလေး ဒီဆွဲကြိုးလေးက ကိုကို့ကောင်လေး
တစ်ယောက်ထဲပိုင်တာလေ clover.."
"တစ်ကယ်လား..?"
"အဟွန်း..တစ်ကယ်ပေါ့ ကိုကိုဘယ်တုန်းက ညာဖူး
လို့လဲ။ မျက်နှာလေးမော့ပါဦး..နှုတ်ခမ်းသေးသေး
လေးကို အနမ်းချွေချင်လို့ပါ.."
"အင့်.."
ကလေးများပျော်သောအခါ သူတို့၏မုန့်လေးများကို
ဝေငှသည့်အနေဖြင့် အင့်ဆိုကာပေးတတ်ကြသည်။
ထိုနည်းတူစွာပင် ပါးချိုင့်ကြီးများထင်းနေသော..
ရွက်စိမ်းက 'အင့်'ဆိုကာ ခေါင်းလေးမော့ပေး
ပြီး နှုတ်ခမ်းလေးကိုပါထော်ထားပေးသေး၏။
အလွန်တရားအသည်းယားစရာကောင်းနေပြီ..
အစ်ကိုကြီး၏နှလုံးသားတစ်စုံသည်ကြောင်လက်
သည်းလေးဖြင့်ကုတ်ခြစ်ခံလိုက်သလိုခံစားလိုက်
ရသည်။ အစ်ကိုကြီးလည်း အခွင့်အရေးကိုလက်
လွတ်မခံဘဲ ခေါင်းကိုငုံ့ချကာနှုတ်ခမ်းသေးသေး
လေးကိုငုံထွေးလိုက်တော့သည်။
ရွက်စိမ်း၏လက်လေးနှစ်ဖက်ကိုသူ့ပုခုံးများတွင်
တွယ်ချိတ်စေလိုက်ပြီး သူကတော့ရွက်စိမ်း၏..
ခါးလေးကို သူ့လက်မောင်းများကြားပွေ့ပိုက်ကာ
ထားလိုက်၏။
တုန့်ပြန်လာသော နှုတ်ခမ်းသေးသေးလေးက
အူကြောင်ကြောင်လေးဖြင့်ကျွမ်းကျင်မှုမရှိ..။
သို့သော် သစ်မိုးအိမ်ကိုတော့ အရူးအမူးဖြစ်စေ
သည်။ သူအနမ်းများကိုပိုကာသိပ်သည်းစေလိုက်
ပြီး ကျောပြင်ငယ်လေးကိုလက်ဖဝါးကြီးများဖြင့်..
ပွတ်သပ်နေမိသည်။
နှုတ်ခမ်းသေးသေးလေး နီမြန်းလွန်းသောပန်းသီး
လေးနှင့်တူသောအချိန်တွင်မှ လွတ်မြောက်ခွင့်ပေး
လိုက်ပြီး အောက်နှုတ်ခမ်းထောင့်လေးကိုပါ ခပ်ဖွ
ဖွကိုက်ဆွဲလိုက်သည်။
"ရွက်စိမ်းလေး နှုတ်ခမ်းနာသွားပြီ.."
သစ်မိုးအိမ် ညီညာဖြူဖွေးသောသွားလေးများ
ပေါ်သည်အထိပြုံးလိုက်ကာအောက်နှုတ်ခမ်းထောင့်
လေးရှိဒဏ်ရာလေးကို လိပ်ပြာလေးတစ်ကောင် နား
ခိုလာသလို ထိထွေ့ကာအနမ်းချိုချိုဖြင့်ချော့မြူလိုက်
၏။
သစ်မိုးအိမ်..ရွက်စိမ်း၏လက်လေးတစ်ဖက်ကိုယူ
ကာ သူ၏နှလုံးသားရှိရာကျယ်ပြန့်သည့်ဝဲဘက်
ရင်အုံပေါ်တွင် တင်ပေးလိုက်သည်။ သူ့လက်ကြီး
များကိုတော့မဖယ်သေးဘဲ လက်ကလေးပေါ်မှ
အုပ်ကိုင်ထားလိုက်သည်။
"ခံစားမိလား..ကိုကို့နှလုံးခုန်သံတွေ အရမ်းမြန်
နေတာလေ.."
မြင်းရိုင်းတစ်ကောင်လို ပြင်းထန်သောနှလုံးခုန်နှုန်း
က သိသိသာသာပင်။ လက်သေးသေးလေးသည်
ထိုနှလုံးခုန်သံကိုခံစားမိသောအခါ အံ့ဩနေသော
အမူအရာလေးဖြင့် သစ်မိုးအိမ်ကိုမော့ကြည့်လာ၏။
ထို့နောက်လက်ပိစိလေးနှစ်ဖက်သည် သစ်မိုးအိမ်
၏မျက်နှာချောချောကို အုပ်ကိုင်ပြီး စိုးရိမ်တကြီး
ဖြင့်မေးလာ၏။
"ကိုကို..ကိုကိုရော ရွက်စိမ်းလေးလို နေမကောင်း
ဖြစ်နေတာလား.."
"အဟွန်း.."
သစ်မိုးအိမ် သဘောကျစွာရယ်သွမ်းသွေးလိုက်ရင်း
သူ့မျက်နှာချောချောကို ထိကိုင်ထားသော လက်က
လေးကို ပြန်ဆွဲယူကာ စည်းချက်ညီနေသော..
ဝဲဘက်ရင်အုံပေါ်သို့ပြန်တင်ပေးလိုက်သည်။ သူက
စိတ်ရှည်ကာအစွမ်းကုန်အလိုလိုက်တော့မည့် အမူ
အရာအပြည့်ဖြင့်ဖြစ်သည်။ သူကကိုယ်ကိုအနည်း
ငယ်ငုံ့ကိုင်းလိုက်ကာ ကောင်လေး၏နားရွက်လေး
နားသို့တိုးကပ်သွားလိုက်၏။
ပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။
"ဒါက ရောဂါမဟုတ်ဘူး clover.. ဘာကြောင့်
လည်းဆိုတာ သိချင်လား.."
သူကအပြောတင်မက နားရွက်ဖျားလေးကိုပါ..
ခပ်ဖွဖွကိုက်ခဲမှုပြုကာ ကျူးကျော်လိုက်သေးသည်။
သူ့လက်ချက်ကြောင့် နီမြန်းသွားသော နားရွက်လေး
ကို သစ်မိုးအိမ် တစ်ကယ်ကို သဘောကျနေမိသည်။
"အဖြေကို သိချင်ရင် ကိုကို့ကိုချစ်တယ်လို့ ပြော
ကြည့်.."
"ဟင်?.."
"အကြောင်းအရင်းကို သိချင်တယ်မလား..
မြန်မြန်လေးပြောကြည့်လေ ကိုကို့ကိုချစ်တယ်လို့"
ထိုစကားစုလေးသည် ရွက်စိမ်းအတွက်တော့..
မကြာခဏပြောနေကြစကားလေးပင်ဖြစ်သည်။
သို့သော် သစ်မိုးအိမ်၏ထူးခြားကာလှပသော..
မျက်ဝန်များဖြင့်ငေးကြည့်ခံရမှုအောက်တွင်ဆို
သောအခါ နို့ကိတ်လိုပါးလေးနှစ်ဖက်သည်
စတော်ဘယ်ရီခရင်ဆမ်းခံလိုက်ရသလိုဖြစ်သွား
တော့၏။
ကြည်တောက်နေသော မျက်ဝန်းဝိုင်းကြီးများက
ဟိုသည်ရွေ့လျားကာ ပိုင်စိုးလိုမှုအပြည့်ဖြင့်...
အကြည့်များမှရှောင်ဖယ်နေ၏။ ရှောင်ဖယ်နေရင်း
ပင် မျက်ဝန်းဝိုင်းကြီးများသည် တစ်ဖက်သူကိုမသိ
မသာဖြင့်ခိုးကြည့်လိုက်သည်။ မူလအတိုင်းညို့မှိုင်း
နေသော မျက်ဝန်များကသူ့ကိုကြည့်နေတုန်းပင်။
ကိုယ်ငယ်လေးသည် အပူရှိန်ပိုတိုးလာသလိုခံစား
လိုက်ရပြီး တွင်းလေးတစ်တွင်းတူးပြီးသာ ပုန်းနေ
ချင်မိတော့၏။ နောက်ဆုံးတွင် သည်းမခံနိုင်တော့
သော ကောင်လေးသည် သူ့လက်ကလေးဖြင့်..
သစ်မိုးအိမ်၏မျက်ဝန်းများကိုဖုံးကွယ်ကာရံလိုက်
တော့၏..။
"ရွက်စိမ်းလေးကို မကြည့်နဲ့..ထူးဆန်းတယ်~.."
သူ၏မျက်လုံးများကို ဖုံးကွယ်ထားခံရသော အမျိုးသား
က ဆွဲဆောင်မှုရှိစွာပြုံးကာ မြင်ရခဲသော သွားတန်း..
ညီညီများကို လှစ်ဟကာပြသည်။ သူပုံစံက ပိုတိုးကာ
ဆွဲဆောင်မှုရှိနေတော့၏။
သူကအလွန်နာခံမှုရှိစွာပင် ကောင်လေး၏လက်လေး
များကိုမဖယ်ပြစ်ဘဲ ငြိမ်နေပေးကာ ပြုံးနေ၏။ ထိုစဉ်
မှာပင် ကောင်လေးဆီမှ အသံသေးသေးလေးကထွက် လာသည်။
"ကိုကို့ကိုချစ်တယ်"
~ဒုတ်..ဒုတ်...ဒုတ်..!!..~
သခင်ငယ်ပိုင်သော နှလုံးသားတစ်စုံက စိတ်မပျက်
စေခဲ့ပေ။ သခင်ငယ်လေးနှုတ်မှတိုးလျလျ စကားသံ
လေးနှင့်ထွက်လာသည်နှင့် စည်းချက်မှန်စွာ ခုန်ပေါက်
ပျော်မြူးနေသည်မှာ သန်မာကာထိန်းရခက်သော..
သားရဲတစ်ကောင်လိုပင်။
သခင်ငယ်လေးက သူ့လက်ချောင်းလေးများမှ
တစ်ဆင့် ခံစားမိသော စည်းချက်ပြင်းပြင်းကြောင့်
အလွန်တရာ အံ့ဩသင့်သွားကာ နှုတ်ခမ်းလေးများ
ပင် အနည်းငယ်ဟသွားရသည်။.
သစ်မိုးအိမ်က မျက်လုံးများမှိတ်ထားခံရသော်လည်း
အရာအားလုံးကို ထိုးထွင်းသိမြင်နေသော သူတစ်ဦး
လိုပြုံးသည်။ ထို့နောက်သူ၏ နှုတ်ခမ်းများကိုအနည်း
ငယ် ကော့တက်သွားစေပြီး သူ၏အက်ရှသောအသံ
ဖြင့် ပြောလာသည်။
"ချစ်မိသွားလို့လေ ကိုကိုက ဒီတည်ရှိမှုလေးကို
ချစ်မိသွားလို့.."
သူဆက်ပြောလိုက်သည်။
"ညီအစ်ကိုနှစ်ယောက်ကြားက ဖြူစင်တဲ့ချစ်ခြင်း
မျိုးတော့မဟုတ်ဘူး clover..။ ပိုင်ဆိုင်ချင်တယ်
မြတ်နိုးတန်ဖိုးထားတယ်..တစ်ချိန်ထဲမှာဘဲ ဒီကလေး
လေးကို လက်လွှတ်လိုက်ရမှာကြောက်တယ်"
သူထပ်ပြောလိုက်သည်။
"ကိုကိုက clover ကို ချစ်သူတစ်ယောက်လို
ချစ်တာ.."
သစ်မိုးအိမ် ဆက်မပြောသေးဘဲ သူ့မျက်လုံးများကို
အုပ်ကိုင်ထားသော လက်ကလေးကိုဖယ်လိုက်သည်။
ပြီးမှကောင်လေး၏ မျက်လုံးဝိုင်းကြီးများထဲကိုစိုက်
ကာကြည့်ရင်း ပြောလိုက်သည်။
"သစ်ရွက်စိမ်း ကိုယ်မင်းကိုချစ်တယ်.."
သူ့စကားအဆုံး အနက်ရောင်မျက်စံလေးများသည်
အနည်းငယ်ကျယ်ပြန့်သွားကာ လုံးဝန်းသောမျက်ဝန်း
အိမ်ကြီးများသည်လည်းကျယ်သွား၏။ အရောင်ရင့်
သော ပါးလေးနှစ်ဖက်ဖြင့်ကောင်လေးသည် ဘာမှ
ပြန်မပြောသော်လည်း ခေါင်းလေးကိုတော့ ယောင်နန
လေးဖြင့်ငြိမ့်ပြလာသည်။
သစ်မိုးအိမ် ကောင်လေး၏အမူအရာကြောင့်...
သဘောကျစွာ ရီသွမ်းသွေးမိတော့သည်။ သူက
ရွက်စိမ်း၏ အပြုအမူလေးများကိုချစ်သည်။ ထို
အပြုအမူလေးများက သူအချိန်အတော်ကြာ..
ပျိုးထောင်ထားပေးခဲ့တာဖြစ်ပြီး သူအရမ်းကို
သဘောကျသည်။
ရွက်စိမ်းလေးကတော့ စိတ်ညစ်နေမိသည်။ မျက်နှာ
တစ်ခုလုံးပူလောင်ကာ တဒိန်းဒိန်းမြည်နေသော...
ရင်ဘတ်ကြောင့် ဘာလုပ်ရမှန်းမသိတော့ပေ..။
မျက်နှာသေးသေးလေးသည် အကူအညီမဲ့စွာဖြင့်
မျက်နှာငယ်လေးဖြစ်နေတော့သည်။
ရွက်စိမ်းလေးအတွက် အချိန်လိုသည်။ တစ်နေ့ထဲ
သိလိုက်ရသော အကြောင်းအရာများမှာ များပြား
လွန်းသောကြောင့် ခေါင်းသေးသေးလေးမှာ မူး
နောက်နေပြီဖြစ်သည်။
အခုချိန်တွင် ရွက်စိမ်းအတွက်လိုအပ်သည်က..
ဖရဲသီးဖြစ်ပြီး ချောင်လေးတစ်ခုတွင်ထိုင်ကာ..
ဖရဲသီးလေးစားရင်း အတွေးများကိုစုစည်းချင်
သည်။ ရွက်စိမ်းလေးသည် ဖရဲသီးလေး ဖရဲသီး
လေးကိုသာ လိုချင်ပါသည်။
ဆယ်ကျော်သက်လေးသည် အတွေးလေးများ
နှင့်အတူ ရုတ်ရက်ခတ်နေစဉ် သူ့ကိုကိုသစ်မိုးအိမ်
ကပြောလာသည်။
"ကိုကို့ကောင်လေးက အသည်းယားစရာကောင်း
တယ်"
အတွေးများနေသောကောင်လေးသည်
အလျင်အမြန်ပြန်ဖြေလိုက်သည်။
"ရွက်စိမ်းလေးက အသည်းယားစရာမကောင်း
ပါဘူးရော..ဒီ..ဒီအတိုင်း ရွက်စိမ်းက ဖရဲသီးစား
ချင်တာ.."
"အဟား..ကောင်းပြီ ကောင်းပြီ..ကိုကို ဖရဲသီး
ကြိုဝယ်ခိုင်းထားပါတယ်ဗျာ..."
အခန်းလေးထဲတွင်တော့ ရယ်သံခပ်ရှရှက ပျံ့လွင့်
နေတော့၏။ သစ်မိုးအိမ်ဆိုသော အကြင်သူ၏
နှလုံးသားတစ်စုံကတော့ သခင်ငယ်လေးစေလိုရာ
သာ 'က'တော့မည်ဆိုသည်မှာ အသေအချာပင်။
............
(A/N-Melon dream babe ya~🍉🍀)
JM(210902)
Next>>>>>