[ Unicode-Final]
[Media က အချစ်ဘယ်ကစ သီချင်းကိုဖွင့်ပေးဖို့မေတ္တာရပ်ခံပါတယ်]
••••••
၃၂ နှစ်ခန့်ကြာသော်....
၂၀၅၃ ခုနှစ်၊ ဖေဖော်ဝါရီ၁၄ရက်၊ ကြာသပတေးနေ့။
"မေတ္တာလွှမ်းထုံ မိဘမဲ့ဂေဟာ"
"ဒါဆို ဖိုးဖိုးကြီးနဲ့ ဖိုးဖိုးလေးက အသက်တွေကြီးတဲ့ထိ အများကြီး ချစ်သွားကြတာပေါ့နော်"
"ဝါး မိုက်လိုက်တာ"
"ငါလည်းတစ်နေ့ကျဖိုးဖိုးကြီးလိုလူနဲ့လက်ထပ်မှာ"
တစ်ယောက်တစ်ပေါက်ဖြစ်နေသည့် ကလေးရွယ်စုံ ဘုစုခရုတွေကိုကြည့်၍ ကလေးအုပ်အလယ်မှာ သစ်သားခုံပုလေးချကာထိုင်နေသည့် အမျိုးသားလေးက ပြုံးကာခေါင်းခါလိုက်သည်။ ထိုအမျိုးသားလေး ပြုံးလိုက်တော့ ဘယ်ဘက်ထောင့်မှာကွယ်နေသည့် သွားတက်ချွန်ချွန်လေးက လှစ်ခနဲထွက်လာသည်။
ရှပ်အင်္ကျီအဖြူနဲ့ ယောပုဆိုးအကွက်အညိုကိုသေသပ်စွာဝတ်ဆင်ထားသူမှာ ငယ်ငယ်ကလို ပါးဖောင်းဖောင်းတွေမရှိတော့ပေမယ့် ထူထဲသောမျက်ခုံးတွေနဲ့ ရှည်ကော့သောမျက်တောင်တွေရှိနေဆဲ။ မထူမပါး နှုတ်ခမ်းတွေက ရယ်မောနေပြီး နဖူးအထက်ထိ သပ်တင်ထားသည့်ဆံပင်တို့က နတ်ဘုရားတစ်ပါးလိုမျိုး ထိုအမျိုးသားကိုချောမောစေသည်။
ကလေးတွေစားဖို့ ထမင်းပန်းကန်တွေချနေသည့် လုပ်အားပေးလိုက်လာသော ဝန်ထမ်းကောင်မလေးတွေပင် ပြုံးရယ်နေသည့်သူကို ပေါ်တင်တမျိုး၊မသိသာအောင်တမျိုး မျက်စိအစာကျွေးနေကြသည်။
Loon Zam ကုမ္ပဏီရဲ့ CEO ဇာမ်မင်းမာန်က အသက်၃၇နှစ်ရှိပြီဖြစ်သည့်တိုင် ဂုဏ်သတင်းတင်မက၊ ချောမောခန့်ညားမှုမှာပါ ပြစ်ချက်မရှိ ပြောစမှတ်တွင်ဆဲ။
စီးပွားရေးနယ်ပယ်မှာ ကျွမ်းကျင်ခြင်းထိပ်ဆုံးအဖြစ် ရာဇဝင်ရှိခဲ့သည့် ဦးဇာမ်မင်းထည်ယံနဲ့ ခွဲစိတ်ပါရဂူ ဒေါက်တာလွန်းစေတမာန်တို့ရဲ့ သားကြီးဖြစ်သူက ထက်မြက်နေတာ အဆန်းတော့မဟုတ်။
သို့ပေမယ့် အခုချိန်အထိ ဘယ်မိန်းကလေးနဲ့မှသတင်းမထွက်ဖူးသလို ယောကျာ်းလေးတွေနဲ့လည်း နီးကပ်မနေ။ အများသိကြသည်က ဇာမ်မင်းမာန်က သူ့ရဲ့တစ်ဦးတည်းသောညီ လွှမ်းမင်းမာန်ကိုပဲ အချစ်တွေအကုန်ပုံပေးထားကြောင်း။
"ဦးဦးကိုကိုနဲ့ ဦးဦးခခနဲ့ကရော ဘာဆက်ဖြစ်သွားလဲဟင်၊ မင်္ဂလာဆောင်လိုက်ကြတာလား"
" သူတို့နှစ်ယောက်လား"
စပ်စုနေသည့်ကလေးတွေကို သူမပြောမှီ သူတို့ဘက်ကိုလျှောက်လာနေသည့် အတွဲတစ်တွဲကြောင့် ခပ်ရေးရေးပြုံးလိုက်သည်။
"ကလေးတို့သိချင်ရင် အဲ့ဖိုးဖိုးနှစ်ယောက်ကိုမေးကြည့်၊ သူတို့ထက်ပိုပြီးဘယ်သူမှမသိဘူး"
သူ့စကားအဆုံးမှာ ကလေးအစုက ပုံပြင်နားထောင်ရမယ့်သူတွေလို ဟေးခနဲအော်ကာ ထိုအတွဲဆီ ပြေးသွားကြသည်။ ပြုံးကြည့်နေမိစဉ် နားထဲကို အားပါလှသည့်ဆဲရေးတိုင်းထွာသံက ဝင်လာသည်။
" ခွေးသားလေးတွေ၊ တိုက်ကုန်မယ်ဟ၊ ငါ့ကိုကို,ကိုတိုက်ရင် အကုန်ဖြတ်ရိုက်မှာနော်၊ ဒီမှာမြင်လား တမာရိုး၊ အကြောင်းသိလို့ ကြိုချိုးလာတာ"
အသက်၆၀အရွယ် အဖိုးကြီးထက် လေးနှစ်ငယ်တဲ့ အဖိုးလေးက သူကောက်လာသည့် တမာတုတ်ကိုပင် ဝှေ့ပြနေသေးသည်။ အပြောအဆိုဆိုးလှတာမို့ ကလေးတွေက နောက်ကိုအနည်းငယ်ရှဲသွားကြသည်။
"ကဲပါ ခ,ရယ်၊ ကလေးတွေကိုမခြောက်စမ်းပါနဲ့၊ သွား ကူးကူးနားလေးသွားထိုင်နေချေ"
"အေး၊ ငါ့ကိုကိုပြောလို့နော်၊ ဟိုမှာထိုင်ရင်းကြည့်နေမယ်၊ I'm watching you the whole babies"
Grammer မမှန်မကန်ရွတ်ကာ လဲကျရင်ထောက်ဖို့ စိုင်းနောင်လက်ထဲကို တုတ်ကောက်ထည့်ပေးသွားသည့် သူကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။ တဇွတ်ထိုးခ,ဟာ အခုထိတဇွတ်ထိုးဆန်နေတုန်း။ ခြောက်ဆယ်တင်းတင်းပြည့်သွားသည့် စိုင်းနောင်က အရိုးတွေမသန်တော့သလို ခါးတွေချိလာပြီ။ မှုန်လာသည့်အမြင်အာရုံကြောင့် ရေချိုးခန်းကြမ်းပြင်ပေါ်ကျသွားသည့် ဆပ်ပြာကိုကုန်းကောက်ရင်း ချော်လဲထားတာမို့ ခြေသလုံးမှာကျောက်ပတ်တီးနှင့်။
'ငါ သန်မာသေးတယ်'ဟု အားတင်းပြိီး တစ်သက်လုံးကမကိုင်ခဲ့သည့် တုတ်ကောက်ကို 'မကိုင်ချင်ရင် အိမ်ပေါ်ကဆင်း' ဟူသည့် ခ,အမိန့်ကြောင့် ယခုပြန်ကိုင်နေရသည်။ ကူးကူးနားလေးမှာ ငြိမ်ငြိမ်လေးထိုင်နေသည့် ခ,ကိုကြည့်ပြီးမှ ချောင်းတစ်ချက်ဟမ့်ကာ လျှာရိုးကျိုးနေပြီဖြစ်သည့် ပုံပြင်တစ်ပုဒ်ကို ပြောဖို့အစချီလိုက်သည်။
တတိယနှစ်မှာအခါခါထပ်ကျပြီး စာမေးပွဲဘယ်လိုမှမအောင်သည့်ကောင်လေးကြောင့် ဘွဲ့ရတာစောင့်ရင် အိုတော့မှာပဲဟူသည့်စိတ်နှင့် ယောက္ခထီးဖြစ်သူ စိန်ရတု သူ့အခေါ် စိန်ဂျပုထံမှ တိုက်အုတ်တံတိုင်းကျော်ပြီး သွားခိုးခဲ့ရတဲ့အကြောင်း.....။
•••••
"ဦးစိုင်းခြေထောက်က ပတ်တီးဘယ်နေ့ဖြည်ရမှာလဲ"
"မသိပါဘူးကွာ၊ ဆရာဝန်စီးပေးလိုက်တာကတော့ သုံးလပဲ၊ ဒါပေမယ့်ကိုကိုက အငြိမ်မနေဘူး၊ အငြိမ်နေခိုင်းလို့လည်းမရဘူး၊ တလှုပ်လှုပ်ဖြစ်နေမှတော့ သူ့ပတ်တီးကြီး ဒီတစ်သက်ဖြည်ရပါတော့မလားမသ်ိ၊ ငါတော့စိတ်ညစ်တာပါပဲ"
ဦးခခက ပါးစပ်ကသာစိတ်ညစ်တယ်ရွတ်နေသည်။ မျက်လုံးတွေက ကလေးအုပ်ထဲက ဦးစိုင်းကိုငေးရင်း ပြုံးရွှင်လို့။
"ကျွန်တော်လည်းလာဦးမယ်လာဦးမယ်နဲ့ မရောက်ဖြစ်ဘူး၊ သဘက်ခါပိတ်ရက်တော့ ညီညီ့ကိုခေါ်ပြီးလာခဲ့ဦးမယ်"
"ရပါတယ်၊ ပြောစရာလိုတဲ့သူတွေမှမဟုတ်တာ၊ နေပါဦး မင်းဖေဖေတို့သတင်းရော..."
ဦးခ,က စကားကိုမဆက်ဘဲ သူ့ကို အားနာစွာကြည့်လိုက်သည်။ အာခံတွင်းထဲရေခြောက်သလို ရင်ဘတ်ထဲကလှိုက်မောသွားပေမယ့် ပြောနေကျစကားတစ်ခွန်းကိုတော့ သူလေးနက်စွာဆိုနိုင်ခဲ့၏။
"ဖေဖေရော....ပါပါးရော...ပြန်လာတော့မှာပါ..."
မျက်လုံးတွေက ညှို့ညှို့မှိုင်းမှိုင်း။ အဖေဖြစ်သူထံကအမွေရတဲ့ မျက်ဝန်းပြာတွေထဲမှာ လွမ်းဆွတ်ခြင်းအရိပ်တွေက တပွေ့တပိုက်။ မိသားစုမှာ လူနှစ်ဦးလျော့ကျသွားခြင်းဟာ သေဆုံးပျောက်ကွယ်သွားတာကြောင့်မဟုတ်။
'လိုက်မရှာနဲ့'ဟူသည့် ပါပါး၏တစ်ချက်လွှတ်အမိန့်နှင့် ပါပါးဆုံးဖြတ်ချက်အတိုင်း အမြဲတဝေမသိမ်း နားထောင်တတ်သည့် ဖေ့ရဲ့ အိမ်ထောင်ဦးစီး အာဏာစက်ကြောင့်။
တစ်နှစ်ဟူသည့်အချိန်သည် လူနှစ်ဦးကိုမေ့ပစ်ဖို့ လုံလောက်သည်ဟုဆိုကြပေမယ့် သူ့အတွက်က ပြန်လာမည့် လူနှစ်ယောက်ကို စောင့်မျှော်ရင်း၊ ညီညီ့ကို စောင့်ရှောက်ရင်း အချိန်ကုန်ခဲ့သည်။
ညီညီဟာ ကလေးလေးမဟုတ်။ သူ့ထက်ငါးနှစ်ကျော်ပဲငယ်တဲ့ ၃၁ နှစ်အရွယ် လူငယ်တစ်ယောက်။ ဒါကိုပဲ သူ့မှာ ပါပါးရယ်၊သူရယ်၊ဖေရယ် အပြိုင်အဆိုင်ချော့ခဲ့ရသည့် ကလေးပေါက်စလေးထင်နေမိတုန်း။
"ကိုကိုကြီး"
ကောင်းကင်ကြီးကိုမော့ကြည့်ပြီး အတွေးများနေသည့် သူ အတွေးစတွေပြတ်သွားသလ်ို သူ့စိတ်ကူးနဲ့သူ တွေးနေသည့် ခ,ကလည်း ထိုအသံကြောင့် မော့ကြည့်သည်။
"ညီညီ နောက်ကျလိုက်တာ"
ဂျူတီကုတ်အဖြူနဲ့ လက်မှာလက်ပတ်နာရီတစ်လုံးသာ ပတ်ထားသည့်အမျိုးသားလေးက ဆံပင်ခပ်အုပ်အုပ်တွေကိုဖွကာ ပြုံးရယ်ပြပြီး
"အရေးပေါ်လူနာရောက်လာလို့ ကိုကိုကြီးရဲ့၊ ပြီးပြီးချင်းအပြေးလာခဲ့တာပဲ၊ ဒီမှာကြည့်ပါလား၊ အိမ်သာကိုဒရောသောပါးသွားလာတာ ညီညီ လက်တောင်မဆေးခဲ့ရဘူး"
"ဟာ ဒီကောင်လေး၊ တောက်တီးတောက်တဲ့"
"ဟားဟား ကိုကိုကြီးကရွံတာလား ပြောပြော"
"ညီညီငယ်ငယ်တုန်းက ပါပါးဆေးရုံdutyရှိရင် ကိုကိုကြီးနဲ့ဖေပဲ ဖင်ဆေးပေးခဲ့တာပါနော်"
ပြောလို့ပြောတာမဟုတ်။ ပါပါး duty ဝင်ရင် ဖေနဲ့သူပဲ ညီညီ့ကိုမြှူလာရတာ။ သူ့တုန်းကလိုပဲ ငါးနှစ်အရွယ်ထိ ညီညီ့ကို အင်အင်းကုန်းပေးရတုန်း။ သားဖနှစ်ယောက် ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်ရင် ပါပါးကို ဖုန်းလှမ်းဆက်မေးရသည်။ ထိုအခါမျိုးဆို ပါပါးက ဖုန်းထဲကနေ (lecture) လက်ချာရိုက်တတ်သေးသည်။
ဖေနဲ့သူက ပါပါးများ တစ်ခုခုပြောပြီဆို ပုတ်သင်ညိုလေးတွေလို ခေါင်းတညိတ်ညိတ်။
ဟွန်းခနဲအသံနှင့်အတူ ပိုးဟပ်ဖြူလေးက အသံတိတ်သွားသည်။ ဂျူတီကုတ်က်ိုချွတ်ကာ သူ့အစ်ကိုရဲ့ပုခုံးပေါ်ပစ်တင်ပြီး ပါးစပ်ဟောင်းလောင်းလေးတွေဖြစ်နေသည့် ကလေးအုပ်ထဲကို စပ်စုဖို့ တိုးသွားသည်။
"ညီညီ၊ အောက်ထိုင်ရင်ဖိနပ်ခုပြီးထိုင်နော်၊ မြေကြီးကပူကျစ်နေတာ"
"ဟုတ် ကိုကိုကြီး"
သူ့ညီကိုလှမ်းအော်ပြီး ဂျူတီကုတ်ကိုသပ်သပ်ရပ်ရပ်ခေါက်ကာ ထမင်းတွေဟင်းတွေချနေသည့်အနား ကူဖို့သွားသည့် ကူးကူးကိုငေးရင်း ရတုသက်ပြင်းတစ်ချက် မသိမသာချလိုက်မိပါသည်။
ဒီကောင်လေးနှစ်ယောက်တောင် သူ့အဖေတွေမှာထားခဲ့တဲ့အတိုင်း တစ်ချက်ကလေးမှ မငိုမပြုဘဲ ပြန်လာမယ်ဆိုတဲ့ ကတိက်ို ယုံကြည်ပြီးစောင့်နေကြတာ....
သူတို့ယုံကြည်ထားတဲ့ အဲ့ဒီသူတွေကရော??
ဘယ်အရပ်ဆီမှာ ဘယ်လိုပုံစံနဲ့ စိတ္တဇဆန်ဆန် လွင့်မြောနေကြလေမလဲ??
>>>>High Boss's Husband<<<<
ရှမ်းပြည်တောင်ပိုင်း,ရွာငံ။
မြောက်ဖျားပိုင်းဆီကို အလည်သွားချင်တယ်ဆိုသည့် ချစ်ရသူဆန္ဒကို လိုက်လျောပေးလို့ ထပ်မဖြစ်တော့တာမို့ တိတ်ဆိတ်အေးချမ်းသည့် အရပ်က်ို ပြောင်းရွှေ့ခဲ့ရသည်။ စိမ်းစိမ်းစိုစိုတောင်ကုန်းတွေက မျက်စိတဆုံး။ ဒီနေရာကကြည့်ရင်မိုးကုပ်စက်ဝိုင်းအလွန်က ဖြူလွလွလွင့်နေသည့် တိမ်ဆိုင်တွေကို အဆုပ်လိုက်အဆုပ်လ်ိုက်မြင်နေရသည်။
"ပူတာအိုက သိပ်အေးလို့ပါ လွန်းရယ်...."
အအေးသက်သာသည့် ဒေသကို ရောက်နေသည့်တိုင် လေတိုက်တာနဲ့လဲတော့မည့်ဟန် ခန္ဓာကိုယ်လေးကြောင့် စောင်ပါးတစ်ထည်ကို လွှားပေးရင်းနောက်ကျောကနေသိုင်းဖက်၍ ထွေးပွေ့မိသည်။ ပါးလှပ်သောကိုယ်လေးက လျော့ရဲရဲဖြစ်နေပေမယ့် ဇာမ်ဖက်လိုက်တော့ တစ်ချက်မတ်သွားသည်။ ရင်ဘတ်ထဲမှာ ဆူးတစ်ချောင်းအရှိန်ပြင်းပြင်းဝင်စိုက်သွားသလိို ဆစ်ခနဲ။
လွန်း မောင့်ကို ညာဖို့အတွက် သန်မာပြနေဖို့မလိုအပ်ပါဘူးကွယ်......
"မောင်.."
အမြင်အေးဖွယ်အပင်တွေကို ငေးကြည့်နေရင်း ထွက်လာသည့် ခေါ်သံတိုးတိုးလေး။
"အင်း၊ ပြောလေ လွန်း၊ မောင် နားထောင်နေတယ်"
"စီးကရက်သောက်လို့ အသက်တစ်ရက် ပိုတိုတယ်လို့သာ စောစောသိခဲ့ရင် မောင်နဲ့ကြာကြာနေနိုင်ဖို့အတွက် ငါစီးကရက်တွေ လျှော့သောက်ခဲ့မှာပါ..."
နောင်တကြီးစွာထွက်ဆိုလာသည့် နှုတ်ထွက်စကားမှာ အသည်းနှလုံးတစ်ခုလုံး ဆုတ်ချေဖျက်စီးခံလိုက်ရသလိုကြေမွသွားပေမယ့် ရှိုက်သံတစ်ချက်ဖြင့် နှလုံးခုန်နှုန်းကိုထိန်းလျှော့ပစ်လိုက်သည်။
ငိုလို့မရဘူး။ သူငိုလို့မရဘူး။ သူ့လက်ကိုသံသရာအဆုံးထိဆွဲကိုင်ထားချင်ပါတယ်ဆိုတဲ့ ချစ်သူ့ဆန္ဒကိုလိုက်လျောဖို့ သူငိုလို့မရခဲ့ဘူး။
ဒီလိုပါပဲ။ သည်းခံခြင်းတွေ၊တင်းခံခြင်းတွေဟာ အိုယွင်းလာတာတဲ့ဇရာနောက်မှာမကပ်ပါဘဲ ချစ်ရသူ အမျိုးသားလေးရဲ့ ဆန္ဒနောက်မှာတွဲခိုလာတယ်။
အဆုတ်ကင်ဆာ အဆင့်၄ဆ်ိုတဲ့စကားကို ကြားရပြီးကတည်းက သူ့ဝိဉာဉ်နဲ့သူ့ခန္ဓာဟာ လွန်းတစ်ယောက်တည်းအတွက် ပုံအပ်ခဲ့ပြိီးပြီမို့။
အရင်လိုမသွယ်တော့သည့် လက်ချောင်းလေးတွေကို ဆွဲယူကိုင်တွယ်မိသည်။ ထိလိုက်ရင် ပဲ့ကြွေသွားမှာစိုးတဲ့အလား တယုတယ၊ တမြတ်တနိုးနဲ့ ...
"ငါ သားသားတို့ကိုလွမ်းတယ် မောင်..."
"မောင်တို့ ပြန်ကြမလား ဟင်"
ခေါင်းကိုယမ်းခါပြလာတာမို့ တိုက်တွန်းစကားဆက်မဆိုမိတော့။
"အင်း။ လွန်းမပြန်ချင်မပြန်နဲ့။ သားတို့ဆီမပြန်သလို မောင့်ဆီကလည်း လွန်းပြန်သွားလို့မရဘူး၊ ချင်းပြည်မှာ မောင်နဲ့အတူတောင်ဇလပ်ပန်းတွေသွားကြည့်ကြမယ်၊ အသက်ကြီးလာရင် ခရီးတွေအတူသွားမယ်လို့ မောင်တို့ပြောတာမှတ်မိသေးတယ်မလား"
"မောင်.."
ပိန်လှီသည့်လက်မလေးတစ်ဖက်က သူ့ရဲ့မောင့်ကို မျက်ရည်သုတ်ပေးလာသည်။
လက်ကောက်ဝတ်တွေမှာက ဆေးထိုးအပ်ရာဗလပွနှင့်။ Systemic therapy (ရောဂါကုထုံး) တွေကို ကောက်ရိုးမျှင်တစ်ခုလ်ို ဆွဲထားခဲ့ပေမယ့် လွန်းသွေးကြောကို ဖောက်ထွင်းပြီး တစ်ကိုယ်လုံးကို ဆေးပိုက်တွေသွင်းတိုင်း သေလူတစ်ယောက်လို ခံစားချက်ထုံမဲ့ရင်း မျက်ရည်သာတွင်တွင်ကျနေသည့် မောင့်ကြောင့် အကုန်လုံးကိုလက်လွှတ်ချခဲ့ပါသည်။
လွန်းဆွဲထားရမည့် ကောက်ရိုးမျှင်လေးက မောင်တစ်ယောက်တည်းပါပဲ.....
"မိုးတွေရွာလာပြီ..မိုးရေထဲဆင်းကြမလား"
လွန်းစကားမဆုံးသေးခင် ကပျာကယာထသွားပြီး ထီးတစ်လက်နဲ့ပြန်ရောက်လာသည်။
မောင်ဟာလေ.... မိုးရေထဲဆင်းပါမယ်ဆို....
"မောင့်လက်ကိုတွဲထား လွန်း"
"ထီးတစ်ခုအောက်မှာရပ်နေတာကို မပျောက်ပါဘူးမောင်ရယ်"
"လွန်းမတွဲရင် မောင်တွဲထားမယ်"
အကြောစိမ်းတွေသေချာမပေါ်တော့သည့်လက်ဖဝါးက လွန်းကိုဆုပ်ကိုင်လာရဲ့။
ခါတိုင်းလိုပါပဲ....
လွန်းလက်ချောင်းတွေဟာ မောင့်လက်ဖဝါးအောက်မှာမြုပ်သွားဆဲ။
ထီးအောက်မှာမဟုတ်ဘဲ ရင်ခွင်ထဲထည့်ထားရမယ်ဆိုရင်တောင် မောင်စိတ်မချတယ်ဆိုတာသိနေတာမို့ ဘာမှထပ်မပြောမိတော့။
အကြည်ရောင်ခေါက်ထီးလေးပေါ် ခုန်ဆင်းလာတဲ့ မိုးရေပေါက်လေးတွေကို မော့ကြည့်ရင်း ပြုံးနေမိသည်။
အထီးကျန်ဘဝထဲကိုမဖိတ်ခေါ်ဘဲရောက်လာခဲ့သော တစ်စုံတစ်ယောက်။
'ကျွန်တော်နဲ့သူငယ်ချင်းလုပ်ရအောင်၊ လွန်းလို့ပဲခေါ်မယ်နော်၊ ရတယ်မလား လွန်း၊ ဟင်'
'လွန်းကိုချစ်တယ်....ကျွန်တော်လွန်းကို သိပ်ချစ်တယ်..'
ကမ်းခဲ့ဖူးသောထိုလက်တစ်စုံ။
'ငရဲကြီးရင်ဘယ်လိုလုပ်မလဲ'
'လွန်းကျတဲ့ငရဲကို မောင်ကိုယ်တိုင်လိုက်ခဲ့ပေးမှာမလို့ စိုးရိမ်စရာမလိုဘူး'
'မောင်ပါတော့ရော ငရဲကလွတ်မှာတဲ့လား'
'အနည်းဆုံးတော့ လွန်းအပူဒဏ်မမိအောင် မောင်ကာကွယ်ပေးနိုင်တယ်လေ'
စကားလုံးတွေတကယ်လက်တွေ့ကျလာတဲ့အခါ ငါသွားရာနောက် မောင်မလိုက်ခဲ့ဖို့အနူးအညွတ်တောင်းဆိုချင်တယ်။
ကျေးဇူးပြုပြီး အဲ့ကတိလေးကို မောင်ဖျက်ပေးလို့ရမလား.....
"လွန်း မောင့်ကိုချစ်လား"
"မေးစရာလိုနေသေးလား"
"ဖြေပါ၊ မောင်ကြားချင်လို့"
အတူရှိနေမှာ မသေချာတော့တဲ့ ကာလလေးအတွင်းမှာ မောင်တစ်ယောက် ပိုဂျစ်လာသည်ထင်ပါရဲ့။
"ချစ်တာပေါ့ ၊ငါကမောင့်ကို အများကြီးချစ်တယ်"
"အင်း၊ မောင်လည်း လွန်းကို အများကြီးအများကြီးချစ်တယ်"
"ဒါဆိုမိုးရေချိုးကြမယ်နော်"
"ဟော..ခင်ဗျားလေးက အနိုင်ကျင့်တာလား ပြော"
"အနိုင်မကျင့်ရပါဘူး၊ ချစ်တယ်ဆိိုလို့တောင်းဆိုမိတာပါ"
အဖိုးအိုရဲ့လက်မောင်းကိုတွဲခိုပြီး ချွဲနွဲ့စွာတောင်းဆိုနေတဲ့ အဖိုးအိုလေး။
"လွန်းကတော့ဗျာ၊ မောင့်ကိုအမြဲအနိုင်ယူနေလိုက်"
တဟားဟားရယ်သံတွေနဲ့အတူ တောင်ကုန်းအောက်ကို လွင့်ကျသွားတဲ့ ထီးဖြူလေး။
'ရင်ခုန်သံတွေလည်း လွန်းနဲ့ပတ်သတ်တဲ့နောက် ပျော်ရွှင်တာတွေလည်း...
အချစ်လည်းလွန်းပိုင်တယ်၊ အမုန်းလည်းလွန်းဆိုင်တယ်၊
အရာရာဆုံးဖြတ်နိုင်တယ် ချစ်သူလေး...'
နူးညံ့စွာ ပွေ့ဖက်ခြင်းတွေကြားထဲက ပျံ့လွင့်လာတဲ့ချစ်ခြင်းမေတ္တာတရားတွေ။
တရှိုက်မတ်မတ်ပူးကပ်သွားသည့် နှုတ်ခမ်းပါးတွေ။
သွေးသားရင်းနှစ်ယောက်ရဲ့ကတိစကားစာလွှာကို သယ်ယူလာတဲ့ လေပြည်ညှင်းလေးက အဖိုးအိုနှစ်ဦးကို ဖြတ်လို့တိုက်ခတ်သွားတယ်။
အို.... အသင်သံသရာခရီးသွားသူ
ချင်းပြည်ရဲ့တောင်ဇလပ်ပန်းတွေအလယ်မှာ
ရှမ်းပြည်ရဲ့ မြူပန်းခင်းတွေအလယ်မှာ
မိုးရေစက်တွေကြားက ကော်ဖီဆိုင်ရဲ့တံစက်မြိတ်လေးအောက်မှာ
ကချင်ပြည်ရဲ့ ရေခဲတောင်တွေထက်မှာ
'စောရအိုင်' ဆိုတာမိကျောင်းပြေး ဂါထာပါလို့ ပြောနေငြင်းခုန်နေတဲ့ လူနှစ်ယောက်ကိုများတွေ့လို့ရှိရင် ကျွန်တော့်စကားလေးကို သူတို့ကိုပြန်ပြောပေးပါ။
""အတိုင်းအဆမဲ့နက်ရှိုင်းစွာချစ်ခြင်းဆိုတာ တကယ်ရှိကြောင်း သင်ကြားပေးခဲ့တဲ့အတွက် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်""
>>>High Boss's Husband ပြီးပါပြီ<<<
ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်
ပန်းတွေကို ဘယ်သူရနံ့လေး မွှေးစေတယ်
ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ်တွေးမရဘူးကွယ် တွေးမရဘူး မောင်ရယ်
အချစ်ဆိုတာ ဘယ်ကမ္ဘာက စလေတယ်
အတွေးအခေါ်ပညာရှင်များ မိန့်ဆိုတယ်
တေးလင်္ကာဒီပနီ အချစ်ကျမ်းတွေမယ်
ဖွင့်ဆိုခဲ့တာ ကြားနာဖူးပါတယ်။
>>>High Boss's Husband<<<
Pub-29August2021
ကောင်း၏ဆိုး၏ Feedback လေးတွေကို မက်မက်မောမော စောင့်နေပါတယ် :P
[ Zawgyi]
[Media က အခ်စ္ဘယ္ကစ သီခ်င္းကိုဖြင့္ေပးဖို႔ေမတၱာရပ္ခံပါတယ္]
••••••
၃၂ ႏွစ္ခန္႔ၾကာေသာ္....
၂၀၅၃ ခုႏွစ္၊ ေဖေဖာ္ဝါရီ၁၄ရက္၊ ၾကာသပေတးေန႔။
"ေမတၱာလႊမ္းထုံ မိဘမဲ့ေဂဟာ"
"ဒါဆို ဖိုးဖိုးႀကီးနဲ႔ ဖိုးဖိုးေလးက အသက္ေတြႀကီးတဲ့ထိ အမ်ားႀကီး ခ်စ္သြားၾကတာေပါ့ေနာ္"
"ဝါး မိုက္လိုက္တာ"
"ငါလည္းတစ္ေန႔က်ဖိုးဖိုးႀကီးလိုလူနဲ႔လက္ထပ္မွာ"
တစ္ေယာက္တစ္ေပါက္ျဖစ္ေနသည့္ ကေလး႐ြယ္စုံ ဘုစုခ႐ုေတြကိုၾကည့္၍ ကေလးအုပ္အလယ္မွာ သစ္သားခုံပုေလးခ်ကာထိုင္ေနသည့္ အမ်ိဳးသားေလးက ၿပဳံးကာေခါင္းခါလိုက္သည္။ ထိုအမ်ိဳးသားေလး ၿပဳံးလိုက္ေတာ့ ဘယ္ဘက္ေထာင့္မွာကြယ္ေနသည့္ သြားတက္ခြၽန္ခြၽန္ေလးက လွစ္ခနဲထြက္လာသည္။
ရွပ္အက်ႌအျဖဴနဲ႔ ေယာပုဆိုးအကြက္အညိဳကိုေသသပ္စြာဝတ္ဆင္ထားသူမွာ ငယ္ငယ္ကလို ပါးေဖာင္းေဖာင္းေတြမရွိေတာ့ေပမယ့္ ထူထဲေသာမ်က္ခုံးေတြနဲ႔ ရွည္ေကာ့ေသာမ်က္ေတာင္ေတြရွိေနဆဲ။ မထူမပါး ႏႈတ္ခမ္းေတြက ရယ္ေမာေနၿပီး နဖူးအထက္ထိ သပ္တင္ထားသည့္ဆံပင္တို႔က နတ္ဘုရားတစ္ပါးလိုမ်ိဳး ထိုအမ်ိဳးသားကိုေခ်ာေမာေစသည္။
ကေလးေတြစားဖို႔ ထမင္းပန္းကန္ေတြခ်ေနသည့္ လုပ္အားေပးလိုက္လာေသာ ဝန္ထမ္းေကာင္မေလးေတြပင္ ၿပဳံးရယ္ေနသည့္သူကို ေပၚတင္တမ်ိဳး၊မသိသာေအာင္တမ်ိဳး မ်က္စိအစာေကြၽးေနၾကသည္။
Loon Zam ကုမၸဏီရဲ႕ CEO ဇာမ္မင္းမာန္က အသက္၃၇ႏွစ္ရွိၿပီျဖစ္သည့္တိုင္ ဂုဏ္သတင္းတင္မက၊ ေခ်ာေမာခန္႔ညားမႈမွာပါ ျပစ္ခ်က္မရွိ ေျပာစမွတ္တြင္ဆဲ။
စီးပြားေရးနယ္ပယ္မွာ ကြၽမ္းက်င္ျခင္းထိပ္ဆုံးအျဖစ္ ရာဇဝင္ရွိခဲ့သည့္ ဦးဇာမ္မင္းထည္ယံနဲ႔ ခြဲစိတ္ပါရဂူ ေဒါက္တာလြန္းေစတမာန္တို႔ရဲ႕ သားႀကီးျဖစ္သူက ထက္ျမက္ေနတာ အဆန္းေတာ့မဟုတ္။
သို႔ေပမယ့္ အခုခ်ိန္အထိ ဘယ္မိန္းကေလးနဲ႔မွသတင္းမထြက္ဖူးသလို ေယာက်ာ္းေလးေတြနဲ႔လည္း နီးကပ္မေန။ အမ်ားသိၾကသည္က ဇာမ္မင္းမာန္က သူ႔ရဲ႕တစ္ဦးတည္းေသာညီ လႊမ္းမင္းမာန္ကိုပဲ အခ်စ္ေတြအကုန္ပုံေပးထားေၾကာင္း။
"ဦးဦးကိုကိုနဲ႔ ဦးဦးခခနဲ႔ကေရာ ဘာဆက္ျဖစ္သြားလဲဟင္၊ မဂၤလာေဆာင္လိုက္ၾကတာလား"
" သူတို႔ႏွစ္ေယာက္လား"
စပ္စုေနသည့္ကေလးေတြကို သူမေျပာမွီ သူတို႔ဘက္ကိုေလွ်ာက္လာေနသည့္ အတြဲတစ္တြဲေၾကာင့္ ခပ္ေရးေရးၿပဳံးလိုက္သည္။
"ကေလးတို႔သိခ်င္ရင္ အဲ့ဖိုးဖိုးႏွစ္ေယာက္ကိုေမးၾကည့္၊ သူတို႔ထက္ပိုၿပီးဘယ္သူမွမသိဘူး"
သူ႔စကားအဆုံးမွာ ကေလးအစုက ပုံျပင္နားေထာင္ရမယ့္သူေတြလို ေဟးခနဲေအာ္ကာ ထိုအတြဲဆီ ေျပးသြားၾကသည္။ ၿပဳံးၾကည့္ေနမိစဥ္ နားထဲကို အားပါလွသည့္ဆဲေရးတိုင္းထြာသံက ဝင္လာသည္။
" ေခြးသားေလးေတြ၊ တိုက္ကုန္မယ္ဟ၊ ငါ့ကိုကို,ကိုတိုက္ရင္ အကုန္ျဖတ္႐ိုက္မွာေနာ္၊ ဒီမွာျမင္လား တမာ႐ိုး၊ အေၾကာင္းသိလို႔ ႀကိဳခ်ိဳးလာတာ"
အသက္၆၀အ႐ြယ္ အဖိုးႀကီးထက္ ေလးႏွစ္ငယ္တဲ့ အဖိုးေလးက သူေကာက္လာသည့္ တမာတုတ္ကိုပင္ ေဝွ႔ျပေနေသးသည္။ အေျပာအဆိုဆိုးလွတာမို႔ ကေလးေတြက ေနာက္ကိုအနည္းငယ္ရွဲသြားၾကသည္။
"ကဲပါ ခ,ရယ္၊ ကေလးေတြကိုမေျခာက္စမ္းပါနဲ႔၊ သြား ကူးကူးနားေလးသြားထိုင္ေနေခ်"
"ေအး၊ ငါ့ကိုကိုေျပာလို႔ေနာ္၊ ဟိုမွာထိုင္ရင္းၾကည့္ေနမယ္၊ I'm watching you the whole babies"
Grammer မမွန္မကန္႐ြတ္ကာ လဲက်ရင္ေထာက္ဖို႔ စိုင္းေနာင္လက္ထဲကို တုတ္ေကာက္ထည့္ေပးသြားသည့္ သူကို ၾကည့္၍ ေခါင္းယမ္းလိုက္သည္။ တဇြတ္ထိုးခ,ဟာ အခုထိတဇြတ္ထိုးဆန္ေနတုန္း။ ေျခာက္ဆယ္တင္းတင္းျပည့္သြားသည့္ စိုင္းေနာင္က အ႐ိုးေတြမသန္ေတာ့သလို ခါးေတြခ်ိလာၿပီ။ မႈန္လာသည့္အျမင္အာ႐ုံေၾကာင့္ ေရခ်ိဳးခန္းၾကမ္းျပင္ေပၚက်သြားသည့္ ဆပ္ျပာကိုကုန္းေကာက္ရင္း ေခ်ာ္လဲထားတာမို႔ ေျခသလုံးမွာေက်ာက္ပတ္တီးႏွင့္။
'ငါ သန္မာေသးတယ္'ဟု အားတင္းၿပိီး တစ္သက္လုံးကမကိုင္ခဲ့သည့္ တုတ္ေကာက္ကို 'မကိုင္ခ်င္ရင္ အိမ္ေပၚကဆင္း' ဟူသည့္ ခ,အမိန္႔ေၾကာင့္ ယခုျပန္ကိုင္ေနရသည္။ ကူးကူးနားေလးမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနသည့္ ခ,ကိုၾကည့္ၿပီးမွ ေခ်ာင္းတစ္ခ်က္ဟမ့္ကာ လွ်ာ႐ိုးက်ိဳးေနၿပီျဖစ္သည့္ ပုံျပင္တစ္ပုဒ္ကို ေျပာဖို႔အစခ်ီလိုက္သည္။
တတိယႏွစ္မွာအခါခါထပ္က်ၿပီး စာေမးပြဲဘယ္လိုမွမေအာင္သည့္ေကာင္ေလးေၾကာင့္ ဘြဲ႕ရတာေစာင့္ရင္ အိုေတာ့မွာပဲဟူသည့္စိတ္ႏွင့္ ေယာကၡထီးျဖစ္သူ စိန္ရတု သူ႔အေခၚ စိန္ဂ်ပုထံမွ တိုက္အုတ္တံတိုင္းေက်ာ္ၿပီး သြားခိုးခဲ့ရတဲ့အေၾကာင္း.....။
•••••
"ဦးစိုင္းေျခေထာက္က ပတ္တီးဘယ္ေန႔ျဖည္ရမွာလဲ"
"မသိပါဘူးကြာ၊ ဆရာဝန္စီးေပးလိုက္တာကေတာ့ သုံးလပဲ၊ ဒါေပမယ့္ကိုကိုက အၿငိမ္မေနဘူး၊ အၿငိမ္ေနခိုင္းလို႔လည္းမရဘူး၊ တလႈပ္လႈပ္ျဖစ္ေနမွေတာ့ သူ႔ပတ္တီးႀကီး ဒီတစ္သက္ျဖည္ရပါေတာ့မလားမသ္ိ၊ ငါေတာ့စိတ္ညစ္တာပါပဲ"
ဦးခခက ပါးစပ္ကသာစိတ္ညစ္တယ္႐ြတ္ေနသည္။ မ်က္လုံးေတြက ကေလးအုပ္ထဲက ဦးစိုင္းကိုေငးရင္း ၿပဳံး႐ႊင္လို႔။
"ကြၽန္ေတာ္လည္းလာဦးမယ္လာဦးမယ္နဲ႔ မေရာက္ျဖစ္ဘူး၊ သဘက္ခါပိတ္ရက္ေတာ့ ညီညီ့ကိုေခၚၿပီးလာခဲ့ဦးမယ္"
"ရပါတယ္၊ ေျပာစရာလိုတဲ့သူေတြမွမဟုတ္တာ၊ ေနပါဦး မင္းေဖေဖတို႔သတင္းေရာ..."
ဦးခ,က စကားကိုမဆက္ဘဲ သူ႔ကို အားနာစြာၾကည့္လိုက္သည္။ အာခံတြင္းထဲေရေျခာက္သလို ရင္ဘတ္ထဲကလႈိက္ေမာသြားေပမယ့္ ေျပာေနက်စကားတစ္ခြန္းကိုေတာ့ သူေလးနက္စြာဆိုႏိုင္ခဲ့၏။
"ေဖေဖေရာ....ပါပါးေရာ...ျပန္လာေတာ့မွာပါ..."
မ်က္လုံးေတြက ညႇိဳ႕ညႇိဳ႕မႈိင္းမႈိင္း။ အေဖျဖစ္သူထံကအေမြရတဲ့ မ်က္ဝန္းျပာေတြထဲမွာ လြမ္းဆြတ္ျခင္းအရိပ္ေတြက တေပြ႕တပိုက္။ မိသားစုမွာ လူႏွစ္ဦးေလ်ာ့က်သြားျခင္းဟာ ေသဆုံးေပ်ာက္ကြယ္သြားတာေၾကာင့္မဟုတ္။
'လိုက္မရွာနဲ႔'ဟူသည့္ ပါပါး၏တစ္ခ်က္လႊတ္အမိန္႔ႏွင့္ ပါပါးဆုံးျဖတ္ခ်က္အတိုင္း အၿမဲတေဝမသိမ္း နားေထာင္တတ္သည့္ ေဖ့ရဲ႕ အိမ္ေထာင္ဦးစီး အာဏာစက္ေၾကာင့္။
တစ္ႏွစ္ဟူသည့္အခ်ိန္သည္ လူႏွစ္ဦးကိုေမ့ပစ္ဖို႔ လုံေလာက္သည္ဟုဆိုၾကေပမယ့္ သူ႔အတြက္က ျပန္လာမည့္ လူႏွစ္ေယာက္ကို ေစာင့္ေမွ်ာ္ရင္း၊ ညီညီ့ကို ေစာင့္ေရွာက္ရင္း အခ်ိန္ကုန္ခဲ့သည္။
ညီညီဟာ ကေလးေလးမဟုတ္။ သူ႔ထက္ငါးႏွစ္ေက်ာ္ပဲငယ္တဲ့ ၃၁ ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္။ ဒါကိုပဲ သူ႔မွာ ပါပါးရယ္၊သူရယ္၊ေဖရယ္ အၿပိဳင္အဆိုင္ေခ်ာ့ခဲ့ရသည့္ ကေလးေပါက္စေလးထင္ေနမိတုန္း။
"ကိုကိုႀကီး"
ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ၿပီး အေတြးမ်ားေနသည့္ သူ အေတြးစေတြျပတ္သြားသလ္ို သူ႔စိတ္ကူးနဲ႔သူ ေတြးေနသည့္ ခ,ကလည္း ထိုအသံေၾကာင့္ ေမာ့ၾကည့္သည္။
"ညီညီ ေနာက္က်လိုက္တာ"
ဂ်ဴတီကုတ္အျဖဴနဲ႔ လက္မွာလက္ပတ္နာရီတစ္လုံးသာ ပတ္ထားသည့္အမ်ိဳးသားေလးက ဆံပင္ခပ္အုပ္အုပ္ေတြကိုဖြကာ ၿပဳံးရယ္ျပၿပီး
"အေရးေပၚလူနာေရာက္လာလို႔ ကိုကိုႀကီးရဲ႕၊ ၿပီးၿပီးခ်င္းအေျပးလာခဲ့တာပဲ၊ ဒီမွာၾကည့္ပါလား၊ အိမ္သာကိုဒေရာေသာပါးသြားလာတာ ညီညီ လက္ေတာင္မေဆးခဲ့ရဘူး"
"ဟာ ဒီေကာင္ေလး၊ ေတာက္တီးေတာက္တဲ့"
"ဟားဟား ကိုကိုႀကီးက႐ြံတာလား ေျပာေျပာ"
"ညီညီငယ္ငယ္တုန္းက ပါပါးေဆး႐ုံdutyရွိရင္ ကိုကိုႀကီးနဲ႔ေဖပဲ ဖင္ေဆးေပးခဲ့တာပါေနာ္"
ေျပာလို႔ေျပာတာမဟုတ္။ ပါပါး duty ဝင္ရင္ ေဖနဲ႔သူပဲ ညီညီ့ကိုျမႇဴလာရတာ။ သူ႔တုန္းကလိုပဲ ငါးႏွစ္အ႐ြယ္ထိ ညီညီ့ကို အင္အင္းကုန္းေပးရတုန္း။ သားဖႏွစ္ေယာက္ ဘာမွမလုပ္တတ္မကိုင္တတ္ျဖစ္ရင္ ပါပါးကို ဖုန္းလွမ္းဆက္ေမးရသည္။ ထိုအခါမ်ိဳးဆို ပါပါးက ဖုန္းထဲကေန (lecture) လက္ခ်ာ႐ိုက္တတ္ေသးသည္။
ေဖနဲ႔သူက ပါပါးမ်ား တစ္ခုခုေျပာၿပီဆို ပုတ္သင္ညိဳေလးေတြလို ေခါင္းတညိတ္ညိတ္။
ဟြန္းခနဲအသံႏွင့္အတူ ပိုးဟပ္ျဖဴေလးက အသံတိတ္သြားသည္။ ဂ်ဴတီကုတ္က္ိုခြၽတ္ကာ သူ႔အစ္ကိုရဲ႕ပုခုံးေပၚပစ္တင္ၿပီး ပါးစပ္ေဟာင္းေလာင္းေလးေတြျဖစ္ေနသည့္ ကေလးအုပ္ထဲကို စပ္စုဖို႔ တိုးသြားသည္။
"ညီညီ၊ ေအာက္ထိုင္ရင္ဖိနပ္ခုၿပီးထိုင္ေနာ္၊ ေျမႀကီးကပူက်စ္ေနတာ"
"ဟုတ္ ကိုကိုႀကီး"
သူ႔ညီကိုလွမ္းေအာ္ၿပီး ဂ်ဴတီကုတ္ကိုသပ္သပ္ရပ္ရပ္ေခါက္ကာ ထမင္းေတြဟင္းေတြခ်ေနသည့္အနား ကူဖို႔သြားသည့္ ကူးကူးကိုေငးရင္း ရတုသက္ျပင္းတစ္ခ်က္ မသိမသာခ်လိုက္မိပါသည္။
ဒီေကာင္ေလးႏွစ္ေယာက္ေတာင္ သူ႔အေဖေတြမွာထားခဲ့တဲ့အတိုင္း တစ္ခ်က္ကေလးမွ မငိုမျပဳဘဲ ျပန္လာမယ္ဆိုတဲ့ ကတိက္ို ယုံၾကည္ၿပီးေစာင့္ေနၾကတာ....
သူတို႔ယုံၾကည္ထားတဲ့ အဲ့ဒီသူေတြကေရာ??
ဘယ္အရပ္ဆီမွာ ဘယ္လိုပုံစံနဲ႔ စိတၱဇဆန္ဆန္ လြင့္ေျမာေနၾကေလမလဲ??
>>>>High Boss's Husband<<<<
ရွမ္းျပည္ေတာင္ပိုင္း,႐ြာငံ။
ေျမာက္ဖ်ားပိုင္းဆီကို အလည္သြားခ်င္တယ္ဆိုသည့္ ခ်စ္ရသူဆႏၵကို လိုက္ေလ်ာေပးလို႔ ထပ္မျဖစ္ေတာ့တာမို႔ တိတ္ဆိတ္ေအးခ်မ္းသည့္ အရပ္က္ို ေျပာင္းေ႐ႊ႕ခဲ့ရသည္။ စိမ္းစိမ္းစိုစိုေတာင္ကုန္းေတြက မ်က္စိတဆုံး။ ဒီေနရာကၾကည့္ရင္မိုးကုပ္စက္ဝိုင္းအလြန္က ျဖဴလြလြလြင့္ေနသည့္ တိမ္ဆိုင္ေတြကို အဆုပ္လိုက္အဆုပ္လ္ိုက္ျမင္ေနရသည္။
"ပူတာအိုက သိပ္ေအးလို႔ပါ လြန္းရယ္...."
အေအးသက္သာသည့္ ေဒသကို ေရာက္ေနသည့္တိုင္ ေလတိုက္တာနဲ႔လဲေတာ့မည့္ဟန္ ခႏၶာကိုယ္ေလးေၾကာင့္ ေစာင္ပါးတစ္ထည္ကို လႊားေပးရင္းေနာက္ေက်ာကေနသိုင္းဖက္၍ ေထြးေပြ႕မိသည္။ ပါးလွပ္ေသာကိုယ္ေလးက ေလ်ာ့ရဲရဲျဖစ္ေနေပမယ့္ ဇာမ္ဖက္လိုက္ေတာ့ တစ္ခ်က္မတ္သြားသည္။ ရင္ဘတ္ထဲမွာ ဆူးတစ္ေခ်ာင္းအရွိန္ျပင္းျပင္းဝင္စိုက္သြားသလိို ဆစ္ခနဲ။
လြန္း ေမာင့္ကို ညာဖို႔အတြက္ သန္မာျပေနဖို႔မလိုအပ္ပါဘူးကြယ္......
"ေမာင္.."
အျမင္ေအးဖြယ္အပင္ေတြကို ေငးၾကည့္ေနရင္း ထြက္လာသည့္ ေခၚသံတိုးတိုးေလး။
"အင္း၊ ေျပာေလ လြန္း၊ ေမာင္ နားေထာင္ေနတယ္"
"စီးကရက္ေသာက္လို႔ အသက္တစ္ရက္ ပိုတိုတယ္လို႔သာ ေစာေစာသိခဲ့ရင္ ေမာင္နဲ႔ၾကာၾကာေနႏိုင္ဖို႔အတြက္ ငါစီးကရက္ေတြ ေလွ်ာ့ေသာက္ခဲ့မွာပါ..."
ေနာင္တႀကီးစြာထြက္ဆိုလာသည့္ ႏႈတ္ထြက္စကားမွာ အသည္းႏွလုံးတစ္ခုလုံး ဆုတ္ေခ်ဖ်က္စီးခံလိုက္ရသလိုေၾကမြသြားေပမယ့္ ရႈိက္သံတစ္ခ်က္ျဖင့္ ႏွလုံးခုန္ႏႈန္းကိုထိန္းေလွ်ာ့ပစ္လိုက္သည္။
ငိုလို႔မရဘူး။ သူငိုလို႔မရဘူး။ သူ႔လက္ကိုသံသရာအဆုံးထိဆြဲကိုင္ထားခ်င္ပါတယ္ဆိုတဲ့ ခ်စ္သူ႔ဆႏၵကိုလိုက္ေလ်ာဖို႔ သူငိုလို႔မရခဲ့ဘူး။
ဒီလိုပါပဲ။ သည္းခံျခင္းေတြ၊တင္းခံျခင္းေတြဟာ အိုယြင္းလာတာတဲ့ဇရာေနာက္မွာမကပ္ပါဘဲ ခ်စ္ရသူ အမ်ိဳးသားေလးရဲ႕ ဆႏၵေနာက္မွာတြဲခိုလာတယ္။
အဆုတ္ကင္ဆာ အဆင့္၄ဆ္ိုတဲ့စကားကို ၾကားရၿပီးကတည္းက သူ႔ဝိဉာဥ္နဲ႔သူ႔ခႏၶာဟာ လြန္းတစ္ေယာက္တည္းအတြက္ ပုံအပ္ခဲ့ၿပိီးၿပီမို႔။
အရင္လိုမသြယ္ေတာ့သည့္ လက္ေခ်ာင္းေလးေတြကို ဆြဲယူကိုင္တြယ္မိသည္။ ထိလိုက္ရင္ ပဲ့ေႂကြသြားမွာစိုးတဲ့အလား တယုတယ၊ တျမတ္တႏိုးနဲ႔ ...
"ငါ သားသားတို႔ကိုလြမ္းတယ္ ေမာင္..."
"ေမာင္တို႔ ျပန္ၾကမလား ဟင္"
ေခါင္းကိုယမ္းခါျပလာတာမို႔ တိုက္တြန္းစကားဆက္မဆိုမိေတာ့။
"အင္း။ လြန္းမျပန္ခ်င္မျပန္နဲ႔။ သားတို႔ဆီမျပန္သလို ေမာင့္ဆီကလည္း လြန္းျပန္သြားလို႔မရဘူး၊ ခ်င္းျပည္မွာ ေမာင္နဲ႔အတူေတာင္ဇလပ္ပန္းေတြသြားၾကည့္ၾကမယ္၊ အသက္ႀကီးလာရင္ ခရီးေတြအတူသြားမယ္လို႔ ေမာင္တို႔ေျပာတာမွတ္မိေသးတယ္မလား"
"ေမာင္.."
ပိန္လွီသည့္လက္မေလးတစ္ဖက္က သူ႔ရဲ႕ေမာင့္ကို မ်က္ရည္သုတ္ေပးလာသည္။
လက္ေကာက္ဝတ္ေတြမွာက ေဆးထိုးအပ္ရာဗလပြႏွင့္။ Systemic therapy (ေရာဂါကုထုံး) ေတြကို ေကာက္႐ိုးမွ်င္တစ္ခုလ္ို ဆြဲထားခဲ့ေပမယ့္ လြန္းေသြးေၾကာကို ေဖာက္ထြင္းၿပီး တစ္ကိုယ္လုံးကို ေဆးပိုက္ေတြသြင္းတိုင္း ေသလူတစ္ေယာက္လို ခံစားခ်က္ထုံမဲ့ရင္း မ်က္ရည္သာတြင္တြင္က်ေနသည့္ ေမာင့္ေၾကာင့္ အကုန္လုံးကိုလက္လႊတ္ခ်ခဲ့ပါသည္။
လြန္းဆြဲထားရမည့္ ေကာက္႐ိုးမွ်င္ေလးက ေမာင္တစ္ေယာက္တည္းပါပဲ.....
"မိုးေတြ႐ြာလာၿပီ..မိုးေရထဲဆင္းၾကမလား"
လြန္းစကားမဆုံးေသးခင္ ကပ်ာကယာထသြားၿပီး ထီးတစ္လက္နဲ႔ျပန္ေရာက္လာသည္။
ေမာင္ဟာေလ.... မိုးေရထဲဆင္းပါမယ္ဆို....
"ေမာင့္လက္ကိုတြဲထား လြန္း"
"ထီးတစ္ခုေအာက္မွာရပ္ေနတာကို မေပ်ာက္ပါဘူးေမာင္ရယ္"
"လြန္းမတြဲရင္ ေမာင္တြဲထားမယ္"
အေၾကာစိမ္းေတြေသခ်ာမေပၚေတာ့သည့္လက္ဖဝါးက လြန္းကိုဆုပ္ကိုင္လာရဲ႕။
ခါတိုင္းလိုပါပဲ....
လြန္းလက္ေခ်ာင္းေတြဟာ ေမာင့္လက္ဖဝါးေအာက္မွာျမဳပ္သြားဆဲ။
ထီးေအာက္မွာမဟုတ္ဘဲ ရင္ခြင္ထဲထည့္ထားရမယ္ဆိုရင္ေတာင္ ေမာင္စိတ္မခ်တယ္ဆိုတာသိေနတာမို႔ ဘာမွထပ္မေျပာမိေတာ့။
အၾကည္ေရာင္ေခါက္ထီးေလးေပၚ ခုန္ဆင္းလာတဲ့ မိုးေရေပါက္ေလးေတြကို ေမာ့ၾကည့္ရင္း ၿပဳံးေနမိသည္။
အထီးက်န္ဘဝထဲကိုမဖိတ္ေခၚဘဲေရာက္လာခဲ့ေသာ တစ္စုံတစ္ေယာက္။
'ကြၽန္ေတာ္နဲ႔သူငယ္ခ်င္းလုပ္ရေအာင္၊ လြန္းလို႔ပဲေခၚမယ္ေနာ္၊ ရတယ္မလား လြန္း၊ ဟင္'
'လြန္းကိုခ်စ္တယ္....ကြၽန္ေတာ္လြန္းကို သိပ္ခ်စ္တယ္..'
ကမ္းခဲ့ဖူးေသာထိုလက္တစ္စုံ။
'ငရဲႀကီးရင္ဘယ္လိုလုပ္မလဲ'
'လြန္းက်တဲ့ငရဲကို ေမာင္ကိုယ္တိုင္လိုက္ခဲ့ေပးမွာမလို႔ စိုးရိမ္စရာမလိုဘူး'
'ေမာင္ပါေတာ့ေရာ ငရဲကလြတ္မွာတဲ့လား'
'အနည္းဆုံးေတာ့ လြန္းအပူဒဏ္မမိေအာင္ ေမာင္ကာကြယ္ေပးႏိုင္တယ္ေလ'
စကားလုံးေတြတကယ္လက္ေတြ႕က်လာတဲ့အခါ ငါသြားရာေနာက္ ေမာင္မလိုက္ခဲ့ဖို႔အႏူးအၫြတ္ေတာင္းဆိုခ်င္တယ္။
ေက်းဇူးျပဳၿပီး အဲ့ကတိေလးကို ေမာင္ဖ်က္ေပးလို႔ရမလား.....
"လြန္း ေမာင့္ကိုခ်စ္လား"
"ေမးစရာလိုေနေသးလား"
"ေျဖပါ၊ ေမာင္ၾကားခ်င္လို႔"
အတူရွိေနမွာ မေသခ်ာေတာ့တဲ့ ကာလေလးအတြင္းမွာ ေမာင္တစ္ေယာက္ ပိုဂ်စ္လာသည္ထင္ပါရဲ႕။
"ခ်စ္တာေပါ့ ၊ငါကေမာင့္ကို အမ်ားႀကီးခ်စ္တယ္"
"အင္း၊ ေမာင္လည္း လြန္းကို အမ်ားႀကီးအမ်ားႀကီးခ်စ္တယ္"
"ဒါဆိုမိုးေရခ်ိဳးၾကမယ္ေနာ္"
"ေဟာ..ခင္ဗ်ားေလးက အႏိုင္က်င့္တာလား ေျပာ"
"အႏိုင္မက်င့္ရပါဘူး၊ ခ်စ္တယ္ဆိိုလို႔ေတာင္းဆိုမိတာပါ"
အဖိုးအိုရဲ႕လက္ေမာင္းကိုတြဲခိုၿပီး ခြၽဲႏြဲ႕စြာေတာင္းဆိုေနတဲ့ အဖိုးအိုေလး။
"လြန္းကေတာ့ဗ်ာ၊ ေမာင့္ကိုအၿမဲအႏိုင္ယူေနလိုက္"
တဟားဟားရယ္သံေတြနဲ႔အတူ ေတာင္ကုန္းေအာက္ကို လြင့္က်သြားတဲ့ ထီးျဖဴေလး။
'ရင္ခုန္သံေတြလည္း လြန္းနဲ႔ပတ္သတ္တဲ့ေနာက္ ေပ်ာ္႐ႊင္တာေတြလည္း...
အခ်စ္လည္းလြန္းပိုင္တယ္၊ အမုန္းလည္းလြန္းဆိုင္တယ္၊
အရာရာဆုံးျဖတ္ႏိုင္တယ္ ခ်စ္သူေလး...'
ႏူးညံ့စြာ ေပြ႕ဖက္ျခင္းေတြၾကားထဲက ပ်ံ႕လြင့္လာတဲ့ခ်စ္ျခင္းေမတၱာတရားေတြ။
တရႈိက္မတ္မတ္ပူးကပ္သြားသည့္ ႏႈတ္ခမ္းပါးေတြ။
ေသြးသားရင္းႏွစ္ေယာက္ရဲ႕ကတိစကားစာလႊာကို သယ္ယူလာတဲ့ ေလျပည္ညႇင္းေလးက အဖိုးအိုႏွစ္ဦးကို ျဖတ္လို႔တိုက္ခတ္သြားတယ္။
အို.... အသင္သံသရာခရီးသြားသူ
ခ်င္းျပည္ရဲ႕ေတာင္ဇလပ္ပန္းေတြအလယ္မွာ
ရွမ္းျပည္ရဲ႕ ျမဴပန္းခင္းေတြအလယ္မွာ
မိုးေရစက္ေတြၾကားက ေကာ္ဖီဆိုင္ရဲ႕တံစက္ၿမိတ္ေလးေအာက္မွာ
ကခ်င္ျပည္ရဲ႕ ေရခဲေတာင္ေတြထက္မွာ
'ေစာရအိုင္' ဆိုတာမိေက်ာင္းေျပး ဂါထာပါလို႔ ေျပာေနျငင္းခုန္ေနတဲ့ လူႏွစ္ေယာက္ကိုမ်ားေတြ႕လို႔ရွိရင္ ကြၽန္ေတာ့္စကားေလးကို သူတို႔ကိုျပန္ေျပာေပးပါ။
""အတိုင္းအဆမဲ့နက္ရႈိင္းစြာခ်စ္ျခင္းဆိုတာ တကယ္ရွိေၾကာင္း သင္ၾကားေပးခဲ့တဲ့အတြက္ ခင္ဗ်ားတို႔ကို ေက်းဇူးတင္ပါတယ္""
>>>High Boss's Husband ၿပီးပါၿပီ<<<
ေကာင္းကင္ျပာကို ဘယ္သူမ်ား ေဆးေရာင္ျခယ္
ပန္းေတြကို ဘယ္သူရနံ႔ေလး ေမႊးေစတယ္
ငွက္ေတြကိုကြယ္ ဘယ္သူေတြ ေတးဆိုသင္တယ္ေတြးမရဘူးကြယ္ ေတြးမရဘူး ေမာင္ရယ္
အခ်စ္ဆိုတာ ဘယ္ကမာၻက စေလတယ္
အေတြးအေခၚပညာရွင္မ်ား မိန္႔ဆိုတယ္
ေတးလကၤာဒီပနီ အခ်စ္က်မ္းေတြမယ္
ဖြင့္ဆိုခဲ့တာ ၾကားနာဖူးပါတယ္။
>>>High Boss's Husband<<<
Pub-29August2021
ေကာင္း၏ဆိုး၏ Feedback ေလးေတြကို မက္မက္ေမာေမာ ေစာင့္ေနပါတယ္ :P