[ Unicode ]
[Recommend song- ဝမ်းနည်းတတ်တဲ့ချစ်သူ (Raymond)]
~မင်းမျက်လုံးများအားဖျော့ခိုက်
ငါ့ရဲ့ပုခုံးထက်မှေးစက်လိုက်
အခက်အခဲများအတွက် ငါရှေ့ကရှိတာပဲ~
•••••
"ကြီးနု ငရုပ်သီးမထည့်နဲ့နော်"
"သိပါတယ် အစ်ကိုလေးလွန်းရယ်၊ ရှေ့သွားပြီး ငြိမ်ငြိမ်လေးထိုင်နေပါ၊ မပေါ့မပါးနဲ့ကို မှောက်ခုံလဲမှာ ရင်မောလွန်းလို့"
"ကြီးနုကလည်း၊ အခုလည်း ကျွန်တော်က ငြိမ်ငြိမ်လေးရပ်နေတာပါ"
ပြောမရဆိုမရသည့် လွန်းကို ကြီးနုကချစ်စနိုးကြည့်၍ ဘာမှထပ်မပြောတော့။ ဟင်းချက်တာကိုဘယ်တုန်းကမှစိတ်မဝင်စားတဲ့သူက မနက်ကတည်းက မီးဖိုခန်းထဲလာပြီး လက်ညှိုးတထိုးထိုးနဲ့ ဟိုစပ်စပ်ဒီစပ်စပ်လုပ်နေသည်။
ထမင်းအိုးတည်မယ်လို့ ရွတ်လာသည်ကြောင့် ဘာလို့ဒီလိုဖြစ်နေတာလဲသိနေတာမို့ စိတ်ကျေနပ်ပါစေသဘော ပေးလုပ်လိုက်တော့ ဆန်ဆေးသည့်အဆင့်အပြင် ပိုမလုပ်တတ်။ "ကြီးနု" ဟု တိုးတိုးလေးခေါ်ကာ သွားတက်လေးပေါ်အောင် ပြုံးရင်း နောက်တစ်ဆင့်တက်ဖို့ စစ်ကူတောင်းလာသည်။
အခုလည်း သူတည်ထားသည့် ချဉ်ရည်အိုးကို ကြည့်ကာ အိုးဖုံးကိုလှပ်ရင်း လက်နှီးစုတ်တစ်ခု၊ ယောက်ချိုတစ်ချောင်းနဲ့ တိုင်ပတ်နေသည်။
"ကဲ အဲ့အိုးကြီးကဒီတိုင်းထားထားလို့ရပါတယ်ကွယ်၊ နည်းနည်းပွက်ရင် ချလိုက်ရုံပဲ"
"ရုံးပတီသီးရောထပ်မထည့်တော့ဘူးလား"
အိုးထဲမှာက ချဉ်ပေါင်ရွက်၊မျှစ်၊ကန်စွန်းရွက်အပြင် ရုံးပတီသီးတွေက လုံလုံလောက်လောက်ရှိနေပြီ။ ချဉ်ရည်ဟင်းလား ၊ ဟင်းရွက်စုံလားမသဲကွဲတော့။ ပြောပြောဆိုဆိုနဲ့ စိတ်မြန်လက်မြန်ပင် ရုံးပတီသီးတွေကို ရေဆေးကာ အလွယ်သုံးလို့ရသည့်ကတ်ကြေးနှင့် အိုးထဲထည့်နေသူကိုကြည့်ရင်း ပြုံးသာနေလိုက်တော့သည်။
ဟင်းရည်ပန်းကန်ကိုတွေ့တာနဲ့ ဇွန်းနဲ့မွှေပြီး ရုံးပတီသီးဖတ်ကို အရင်ရှာစားတတ်သည့်လူက ဒီအိမ်မှာ တစ်ယောက်တည်းသာရှိသည်။
"ပါပါး၊ ကူးကူးအင်အင်း"
"ဟင်"
လွန်းအင်္ကျီခါးစကိုဆွဲ၍ ပြောလာသည့်သားကို ငုံ့ကြည့်တော့ ဘောင်းဘီလေးကိုချွတ်ကာ သေးခံလေးနဲ့ဖြစ်သည်။ ရှေ့ရောနောက်ရောကို သူ့လက်ဖဝါးတစ်ဖက်စီနဲ့ လှမ်းအုပ်ထားပြီး မျက်နှာဖောင်းဖောင်းက ရှုံ့မဲ့နေသည်။ နှုတ်ခမ်းပိစိက စကားတစ်လုံးထွက်ဖို့ မနည်းအားယူနေရသလို။
"အင်အင်းပါချင်တာလား၊ လာ လာ ၊ ပါပါးလိုက်ပို့မယ်"
"ဟင့်အင်း"
ဆွေ့ခနဲကောက်ချီဖို့ပြင်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို မြွေလိမ်မြွေကောက်လို တွန့်ချိုးပစ်ရင်း
"ကူးကူးရတော့ဘူး အင့်!"
သေချာပြောမပြနိုင်သည့် သူ့ကိုယ်သူ အားမလိုအားမရနေဟန်ဖြင့် မျက်ဝန်းအိမ်ထဲမျက်ရည်တွေပြည့်လျှံတက်လာပြီး ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်ချလိုက်၍ အားရပါးရငိုပါတော့သည်။ အရိပ်ပြရုံနဲ့အကောင်မမြင်သည့် လွန်းကလည်း ထိုအခါမှသဘောပေါက်သည်။
လက်ကိုအမြန်ဆေးကာ
"ကြီးနု၊ ကြီးနုအခန်း Toilet သုံးမယ်နော်"
"သြော် အေးအေး သွားသွား"
"ကူးကူး လာလာ၊ နုနုအခန်းထဲသွားမယ်"
ပုခုံးကနေတို့၍ လွန်းက မီးဖိုခန်းထဲကထွက်၍ ကြီးနုအခန်းဆီခပ်သွက်သွက်လျှောက်သွားတော့ အောင့်အီးထားရတာမို့ ငိုနေသူက အသည်းအသန်ကုန်းရုန်းထလာ၍ လိမ်ဖယ်လိမ်ဖယ်နှင့် လွန်းနောက်ကလိုက်သွားသည်။
"အယ် ပါပါးသေးခံချွတ်ပေး"
လွန်း စကားမဆုံးသေးခင်ထပ်ထွက်လာသည့် အင့်ဟူသော ရှိုက်သံလေးနဲ့အတူ ချွတ်ချလိုက်သည့် သေးခံဖြူဖြူလေးက ကြမ်းပြင်ပေါ်ပုံလျက်သား။ အရေးပေါ်အခြေအနေမှာဆိုရင် ဘယ်အရာမဆို မတုန့်ဆိုင်းဘဲလုပ်နိုင်တယ်ဆိုတဲ့ စကားက တကယ်မှန်တယ်ထင်သည်။
ဘောင်းဘီကိုပင် အချိန်တော်တော်ကြာကြာယူပြီးမှ ချွတ်တတ်သူက တင်ပါးဖောင်းဖောင်းနဲ့ အံကိုက်ကပ်ထားသည့် diaper ကို စက္ကန့်ပိုင်းလေးအတွင်းရအောင်ချွတ်သွားသည်။
အိမ်သာတံခါးဖွင့်ပေးရင်း ရယ်မိတော့ မျက်စောင်းသေးသေးလေးတစ်ခု ရအောင်ထိုးသွားသေးသည်။ ရှုံ့မဲ့နေသည့်မျက်နှာက အီးမှန်နေသည့်ရုပ်။
"နောက်ခါကျ အင်အင်းပါချင်ပြီဆိုတာနဲ့ ပါပါးကိုပြောမှပေါ့ ကူးကူးရဲ့၊ အဲ့ဒါမှ ချွတ်ဟယ်ပြုဟယ်လုပ်ပေးလို့ရမှာ၊ ပါခါနီးမှပြေးလာတော့ ဘယ်လိုလုပ်မလဲ"
တင်ပါးဖောင်းဖောင်းကိုရေလောင်းရင်းပြောတော့ သူ့အင်္ကျီကလေးကိုမ,ပြီး ဖင်လေးနောက်ပစ် ထိုင်နေရင်းက ဆူပုတ်ပုတ်နဲ့မော့ကြည့်သည်။ စောဏက မက်မန်းသီးလို နီရဲတင်းမာနေသည့်မျက်နှာက ကိစ္စရှင်းပြီး အခုမှ မက်မွန်သီးလိုအရောင်ဖျော့လာသည်။
"ကဲ၊ ပြီးပြီ၊ အပေါ်သွားမယ်၊ ပေါင်ဒါမှုန့်ထည့်ရအောင်"
"ဟုတ်"
"လွန်းရေ! လွန်း ကူးကူး"
"ဖေ့! ဖေဖေ့!"
အခန်းထဲကအထွက်အိမ်ရှေ့ပေါ်တီကိုကအသံကြောင့် ဘောင်းဘီမဝတ်ရသေးသည့် ကူးကူးက သူ့အဖေကိုအော်ရင်း တင်ပါးတုံးလုံးနှင့်ပင် ရှေ့ကိုပြေးထွက်သွားသည်။ လွန်းမှာ မောင်ပြန်လာလို့ပျော်ရမလား၊ ထိုပေါက်စကြောင့်ရယ်ရမလားအတွေးခက်စွာ။
လွန်းထွက်လာတော့ တံခါးမ,ရှေ့တည့်တည့်ရပ်ထားသည့် ကားတံခါးကိုပင်မပိတ်ရသေး။ ကုတ်အင်္ကျီအနက်ဝတ်ထားသည့် မောင့်လက်မောင်းကြားမှာ ကူးကူးတစ်ယောက်အလွမ်းသယ်နေသည်။ချီထားသည့်မောင်ကလည်း သူ့သား ဘောင်းဘီမဝတ်ထားတာကို မြင်ပုံသိပုံမပေါ်။ လက်ဖဝါးနဲ့ပင် ချော့မြှူပုတ်နေသေးသည်။ တတ်လည်းတတ်နိုင်ကြပါတယ်။
"ကြည့်ပါဦး၊ နေနိုင်သူတွေက ချက်ချင်းတောင်ထွက်မလာဘူးနော်၊ မနေနိုင်တဲ့သူကပဲ အသံတွေပေးနေရတာ"
ချွဲချွဲပျစ်ပျစ်အသံက ရုံးပတီသီးမစားရသေးဘဲနဲ့ကို ရွဲ့တဲ့တဲ့ထွက်လာတာ။
"ပြေးလာလို့မှမရတာ၊ ဒီဗိုက်ကို မောင်သယ်ပေးထားမှာလား"
"ဗိုက်ကယ်လို့ချောင်သွားတယ်"
"အထုပ်တွေချပြီးပြီလား"
ကားကိုမှီချထားသည့် လက်ဆွဲအိတ်တစ်အိတ်ကလွဲ ဘာမှမတွေ့တာမို့ တံခါးဖွင့်မည်လုပ်တော့ လက်ကိုအုပ်ကာတားလာသည်။ ဖျတ်ခနဲကြည့်မိသည့် မောင့်မျက်နှာက တစ်စုံတစ်ခုကိုပြောချင်နေသလို။ အားယူနေသကဲ့သို့။ ကားတံခါးကိုဖွင့်လုဆဲဆဲ လွန်းလက်ချောင်းရှည်သွယ်သွယ်တွေက ပြန်လျော့ကျသွားသည်။
"မောင်"
"ဟင် အင်း"
"ဘာလုပ်လာတာလဲ"
အာဏာပါးကွက်သားကိုစစ်မေးနေသည့်အသံမဟုတ်ဘဲ ကိုယ်တိုင်ပြောချင်တာကို ကြားချင်သည့် အေးဆေးတည်ငြိမ်သည့် လေသံဖျော့ဖျော့။ အကုန်ရင်ဆိုင်ဖို့ပြင်ဆင်လာသည့် ဇာမ်က မျက်ဝန်းပြာတွေရဲ့ညှို့ဓာတ်မှာ လေးနက်စွာဖြင့်ပင် စကားတစ်လုံးချင်းရွတ်လာသည်။
"ဦးမာန်နိုင် ပါလာတယ်.... လွန်း လွန်း!"
ရွှင်မြူးနေသည့်မျက်နှာထက် အေးစက်မှုလား၊ ထိတ်လန့်အံ့အားသင့်သွားမှုလား နားလည်ရခက်သည့် အရိပ်တစ်ခုဖြတ်ပြေးပြီး ရုတ်တရပ် ဘာမှမမြင်မကြားတော့တဲ့လူတစ်ယောက်လို တုန်လှုပ်သွား၍ နောက်ကိုခြေနှစ်လှမ်းဆုတ်သွားတာမို့ သားကိုအောက်ချကာ အမြန်ပြေးထိန်းရသည်။
ထိန်းပွေ့လိုက်ပါသော်လည်း ရင်ခွင်ထဲပြိုလဲကျမလာသလို မှီလာခြင်းလည်းမပြု။
"သား..."
ဦးမာန်နိုင်၏ ခေါ်သံက လျော့ရဲရဲ။ ခံစားချက်တွေကွယ်ပျောက်သွားသည့် မျက်ဝန်းပြာတွေက ဦးမာန်နိုင်ထံရောက်သွားသည်။
"ဒယ်ဒီတောင်းပန်..."
"ဟင့်အင်း"
နှုတ်ခမ်းပါးကိုတင်းတင်းစေ့ကာ၊ လက်သီးကိုကျစ်ကျစ်ဆုပ်ကာ၊ နောက်ကိုထပ်၍ ဆုတ်သွားသည့်ခြေလှမ်းတွေ။ ဖြူလွလွခန္ဓာကိုယ်လေးက ထွေးပွေ့ထားသူရဲ့ လက်မောင်းတွေကို ရှည်သွယ်လျတဲ့ လက်တစ်ဖက်နဲ့ အားကိုးစရာတစ်ခုလိုဆုပ်ကိုင်လာသည်။
ငိုချလိုက်စမ်းပါ လွန်းရယ်..ခင်ဗျားလေးစိတ်ထဲရှိတဲ့အတိုင်း ငိုချလိုက်စမ်းပါ..
ဘယ်အထိအောင်မြိုသိပ်ပြီးတစ်ယောက်တည်းကြိတ်ငိုနေဦးမလို့လဲ..
"ဒါက မြေးလေး-"
"ကူးကူး အထဲဝင်!"
အပေါက်ဝမှာရပ်၍ အပေါ်ပိုင်းအင်္ကျီစွပ်ကျယ်အဖြူ ပုခုံးလေးတစ်ဖက်လျှောကျနေသည့်ကူးကူးက သူ့ကိုလက်ကမ်းလာတဲ့ ဦးမာန်နိုင်ကို မျက်လုံးလေးဝိုင်းကာကြည့်နေရင်း လွန်းအော်သံကြောင့် လွတ်နေသည့် ပုခုံးသားလေးတုန်တက်သွားသည်။
သို့ပေမယ့် သွေးကစကားပြောလာတော့ အခုမှတွေ့သည့် သူစိမ်းတစ်ယောက်ကို ရင်းနှီးနေသူကဲ့သို့ မျက်တောင်လေးခတ်၍ နှုတ်ခမ်းလေးဝိုင်းကာ ကြည့်နေဆဲ။
"မြေးလေး...မြေး...အဖိုးဆီလာပါဦး"
"ဇာမ်မင်းမာန်! အထဲဝင်လို့ ငါပြောနေတယ်မလား!"
"အင့် အီး!! ပါပါး ကူးကိုအော်! အီးဟီး!!"
"လွန်းစေတမာန်! မင်း!"
မာကြောလျက်ရှိသည့် လွန်းရဲ့ ခါးခါးသီးသီးပုံစံကြောင့် ဦးမာန်နိုင်က တောက်တစ်ချက်ခေါက်ကာ ငိုနေသည့်ကူးကူးကို ပွေ့ချီ၍ချော့သည်။ နောက်က လိုက်ဖို့ပြင်သည့် လွန်းကို လက်ကောက်ဝတ်ကနေ ဖျော့ဖျော့လှမ်းဆွဲလိုက်သူက ဇာမ်....
"လွန်း..."
အသိစိတ်မကပ်တဲ့ နတ်ဆိုးတစ်ကောင်လိုပြုမူနေသည့်သူက ချက်ချင်းပင်တုန့်ဆိုင်းသွားပြီး ဇာမ့်ကိုလှည့်ကြည့်လာတော့
"တော်လောက်ပြီလေ လွန်းရဲ့၊ တော်လောက်ပြီလေနော်"
လှိုင်းပုတ်ခံလိုက်ရတဲ့ရေပြင်လို သက်ရှိလူသားတစ်ယောက်ရဲ့ခံစားချက်တွေ နိုးထလာတာ အိပ်မက်ဆိုးတစ်ခုလို။ မျက်လုံးကိုဖွင့်မိတော့ အလင်းစူးစူးအစား နွေးထွေးသည့် အပြုံးနုနုတစ်ခုက ဆီးကြိုသည်။ လုံခြုံတယ်ဆိုတဲ့ စိတ်ကြောင့် ပင်ပန်းမှုတွေကို ပိတ်ချကာ ရှိရှိသမျှ လေးပင်ခြင်းတွေ လွှတ်ပစ်လိုက်လျှင် လူတစ်ကိုယ်လုံး လွတ်လပ်နယ်မြေထဲ လွင့်မြောသွားရတော့သည်။
ပါးပြင်ထက်ထိတွေ့လာသည့် တပ်မက်ခြင်းကင်းသည့် ထိုနှုတ်ခမ်းတစ်စုံ၊ နွေးထွေးသည့် ထိုရင်ခွင်....
အင်း။ ဆယ်စုနှစ်ကြာ နာကျင်မှုတွေကို ရှင်းထုတ်လို့ သူစိတ်ချလက်ချ တမှေးအိပ်ဖို့သင့်ပြီထင်ပါရဲ့။
နွမ်းလျလျပြုံး၍ ပြိုလဲကျသွားသည့် ခန္ဓာကိုယ်လေးကို မြေပြင်ပေါ်မကျခင်မှာပင် ဒူးခေါက်ကွေးက ဇာမ် ပွေ့ချီလိုက်တော့ ပေါ့ပါးစွာပင်ပါလာသည်။ ကူးကူးကိုလှမ်းကြည့်တော့ ပိတောက်ပင်ရိပ်မှာ သူ့အဖိုးပေါင်ပေါ်တက်ထိုင်ပြီး စကားတွေတတွတ်တွတ်ပေါလို့။
အဖြူကောင်လေးကိုပွေ့ချီပြီး အပေါ်ထပ်ကိုတက်ခဲ့သည်။ မှိတ်ချထားသည့် မျက်တောင်ရှည်တွေကြားကနေ၍ သွေးရောင်လွှမ်းတဲ့ပါးပြင်ထက် မျက်ရည်တစ်စက်ခုန်ကာဆင်းတော့ နှုတ်ခမ်းညိုတွေနဲ့ ထိကပ်လိုက်ပြီး ဖယ်ရှားပေးမိသည်။
"မောင့်အမျိုးသားလေး ပင်ပန်းသွားပြီ..."
••••
တစ်ယောက်ယောက်ရဲ့နာကျင်မှုက ကိုယ့်ရဲ့နာကျင်မှုဖြစ်နေမယ်လို့တွေးဖူးလား။
ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာစီမှာ လူတစ်ယောက်တိုင်းဟာ ဘာအကြောင်းပြချက်ကြောင့်များ အသက်ရှင်သန်နေထိုင်နေကြသလဲ။
တစ်စုံတစ်ယောက်ကိို အသည်းနင့်အောင်ချစ်မိရင် ကိုယ့်ရဲ့ရှင်သန်ခြင်းအကြောင်းပြချက်က သူဖြစ်လာပြီး သူ့ရဲ့နာကျင်မှုကလည်း ကိုယ့်နာကျင်မှု ဖြစ်လာပါသတဲ့။
ဒီစကားစုကို ရိုးရိုးလေးသတ်မှတ်ပေးမယ်။
' မြတ်နိုးငြိတွယ် သူ့ထံပါးခြယ်
အတ္တကင်းကင်း ဖက်တွယ်လိုခြင်း ' တဲ့။
>>>>High Boss's Husband<<<<
အကြာကြီးအိပ်ပျော်သွားတဲ့သူလို နိုးထလာတော့ ခေါင်းကိုက်ခေါင်းအုံမဖြစ်ဘဲ လွတ်လပ်ပေါ့ပါးနေသည်။
တံတောင်ကိုအားပြုကာ ထထိုင်တော့ လက်တစ်ဖက်ကိုဆုပ်ကိုင်ထားခံရတယ်လို့ခံစားမိတာမို့ ကြည့်မိတော့ လွန်းဘေးမှာ ခွေခွေလေးအိပ်ပျော်နေသည့် မောင်။ အဝတ်အစားက လေဆိပ်ကပြန်လာတဲ့ပုံစံအတိုင်းဖြစ်ကာ မလဲမပြုဘဲ လက်တစ်ဖက်က လွန်းလက်ကို ကလေးတစ်ယောက်လို ဆွဲထား၍ ခြေတံလက်တံရှည်တွေကို ကွေးကာအိပ်နေသည်က သူတိုက်မိလျှင် လွန်းနိုးသွားမှာလည်းစိုး၊ အိပ်နေတုန်း လွန်းပျောက်သွားမှာလည်းစိုးနေသည့်နှယ်။
ခရီးပန်းလာမှာကိုလေ....နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါလေရော့လား....
အိပ်နေရင်းပင် စုကျုတ်စုကျုတ်ဖြစ်နေသည့် မောင့်မျက်ခုံးတွေကြောင့် အနှောင့်အယှက်ပြုနေတဲ့ မျက်ခွံပေါ်စူးနေသည့် ဆံပင်ကို အသာဖယ်ပေးလိုက်ပေမယ့် ဖျတ်ခနဲပွင့်လာသည့် မျက်လုံးတွေကြောင့် လက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။ သို့ပါသော်ငြား အအိပ်ဆတ်သူက နိုးသွားလေပြီ။
"အိပ်လို့ဝပြီလား"
"အင်း"
"မောင် ငါ့ကိုတစ်ခုခုပြောစရာရှိမနေဘူးလား"
"အင်း"
ကိုးလိုးကန့်လန့်ခန္ဓာကိုယ်ကြီးက လွန်းရင်ခွင်ထဲ ပစ်ဝင်ကာ ခါးကိုဖက်၍ မျက်နှာအပ်လာသည်။ ပြီးမှ အထဲက ကလေးကိုသတိရသွားဟန်။ အတင်းဖက်ထားရာကနေ ပြန်ခွာ၍ ဖွဖွဖက်ပြီး နဖူးကို လာနမ်းသည်။
"မောင်ပြောစရာရှိတာပြော၊ ငါနားထောင်ဖို့ စောင့်နေတယ်"
"မောင့်ကိုစိတ်ဆိုးလား"
"ဘာလို့ ငါ့ကိုညာရတာလဲ"
"မောင်မညာချင်ခဲ့ပါဘူး"
"အဲ့လူကိုငါဘယ်လောက်မုန်းလဲသိလား၊ ငွေလိုသေးလားဆိုတဲ့မေးခွန်းကလွဲပြီး မမေးတတ်တဲ့အဲ့လူကို ငါဘယ်လောက်ရွံလဲ၊ မေမေသေတာ..မေမေသေခဲ့တာက"
တိမ်ဝင်သွားသည့်အသံတွေကိုလျစ်လျူရှု၍ ဆွဲဖက်လိုက်တော့ မောလျသွားသလိုငြိမ်ငြိမ်သက်သက်လေး။
"လိမ်ရတာမပင်ပန်းဘူးလား အချစ်ရယ်...ငိုချဖို့အတွက် မောင့်ပုခုံးတွေရှိနေတယ်လေ"
"လွန်းကိုယ်လွန်းထက်ပိုပြီး မောင်က လွန်းအကြောင်းကိုပိုသိတယ်ဆိုတာ ယုံလား"
ပြန်ဖြေသံကိုမျှော်လင့်မိပေမယ့် ခေါင်းကိုသာငြိမ့်ပြလာသည်။
"အင်း။ မောင်ကမောင်ဖြစ်သလို မောင်ကိုယ်တိုင်ကလည်း လွန်းအတွက်ဖြစ်ပေးနေတယ်
အဲ့ဒါက မောင့်ဖြေရှင်းချက်ပဲ၊ ထပ်ပြောပြဖို့လိုသေးလား"
ခေါင်းငြိမ့်ခေါင်းခါပြုနေသည့် လွန်းက ဖြေရှင်းချက်အဆုံးမှာ ဇာမ့်ပုခုံးထက်မေးတင်လာသည်။
အသက်ရှူသံတစ်ချက်ချင်း...တစ်ချက်ချင်း...တသိမ့်သိမ့်တုန်လာသည့် ခန္ဓာကိုယ်လေးနှင့် ဇာမ့်အင်္ကျီထက်က စိုစွတ်ခြင်းတွေက အသားထိအောင်ခိုက်တဲ့အပူစ,လို။
ဆံပင်အဖြူကိုဆေးဆိုးခိုင်းလို့ သူ့ရဲ့မောင့်ကိုစိတ်ဆိုးပြီး ခေါင်းအုံးပေါ်မျက်နှာအပ်ပြီး ငိုနေခဲ့သူက ဒီတစ်ခါတော့ သူမျက်နှာအပ်ထားတဲ့ပုခုံးကျယ်ရဲ့ ပိုင်ရှင်ဖြစ်သူမောင့်ကို စိတ်ဆိုးမနေခဲ့ပါဘူး။
နှစ်တွေအကြာကြီးထမ်းထားရခဲ့ရတဲ့ဝန်ထုပ်အလေးကြီးကို သူနောက်ဆုံးတော့ စိတ်သန့်စွာ၊ လိပ်ပြာသန့်စွာနဲ့ လွှတ်ချပစ်န်ိုင်ခဲ့ပြီမို့။
"လွန်း တော်တယ်၊ မောင့်ရဲ့လွန်း တော်တယ်..."
စကားတွေအများကြီးပြောဖို့မလိုအပ်ဘဲ အချင်းချင်းနားလည်နေတဲ့အခါ....ကျောပြင်ကိုဖွဖွပုတ်ရင်း ချီးကျူးစကားကို မပျက်မကွက်ဆိုမိသည်။
ငိုလို့အားရမှမော့ကြည့်လာသည့် မျက်နှာက အပြ ည့်အဝကြည်လင်နေခဲ့ပြီ။ မျက်လုံးထောင့်စွန်းက မျက်ဝတ်ကိုဖယ်ပေးတော့ ရယ်ပြလာသည်။
"ငါက ဟင်းတွေချက်ထားတာကို"
ခပ်ငြီးငြီးပြောလာမှ နာရီကိုကြည့်မိတော့ ညနေလေးနာရီထိုးနေပြီမို့ ဇာမ်ပင် အံ့သြသွားရသည်။ အိပ်နေသူလန့်နိုးမှာစိုးလို့စောင့်ကြည့်ရင်း မှေးခနဲအိပ်ပျော်သွားသည်က ဒီလောက်ကြာမယ်လို့ထင်မထား။
"အဲ လွန်း နေ့လည်စာစားပြီးပြီလား"
"မောင်နဲ့ စားဖို့စောင့်နေတာ"
"ထမင်းမဟုတ်ဘဲ တစ်ခုခုစားမထားဘူးလား"
လူလန်းသွားအောင်ရေချိုးဖို့ပြင်နေသည့်လွန်းကအင်္ကျီချွတ်နေရင်းနဲ့ အမောတကောမေးနေသည့် ဇာမ့်ကိုခေါင်းခါပြသည်။ ဇာမ့်မျက်လုံးက လွန်းရဲ့ဗိုက်ဆီအကြည့်ရောက်လာသည်။ လနုသေးတာမို့ ဘာမှမပေါ်သေးတာမို့ အနည်းငယ်ချပ်နေဆဲပင်ဖြစ်သည့် ထိုဗိုက်ကို ပြုံးစိစိကြည့်၍ မျက်နှာလွှဲသွားသည်။
သဘောတကျဖြစ်နေသည့်သူကို မျက်လုံးစု၍ လွန်းကြည့်နေစဉ်မှာပင် အဆက်အစပ်မရှိစွာ အမြှီးအမောက်မတည့် ထအော်လာသည်။
"အာ...ကလေးလေးဗိုက်ဆာတော့မှာပဲ၊ နေဦး...ကူးကူး ကူးကူးရောစားပြီဲးပြီလားမသိဘူး၊ ကူးကူးရေ ကူး"
သူ့ဘာသာတစ်ယောက်တည်းရွတ်ပြီး ကူးကူးအခန်းကိုသွားဖွင့်နေသည့်မောင့်ကိုငေးကာ ခေါင်းယမ်းမိသည်။ ဗိုက်ထဲက ကလေးကို သားသားလေးဆိုပြီးသည်းသည်းလှုပ်ကာ ကူးကူးကို သားသားကြီးဆိုပြီး ဖူးဖူးမှုတ်သည်။
မနက်က စိတ်လွတ်ပြီး အော်လိုက်မိသည့် သားကို ဘယ်လိုပြန်ချော့ရမလဲတွေး၍ လွန်းတစ်ယောက်ရေချိုးခန်းထဲဝင်သွားချိန် ကူးကူးကိုမတွေ့တာမို့ အောက်ထပ်မီးဖိုခန်းထဲက ကြီးနုကိုသွားမေးနေသည့် ဇာမ့်ထံမှ သြရှခြင်းစွက်သည့် ကြိမ်နှုန်းမြင့်စကားသံထွက်လာခဲ့၏။
"ကူးကူးက အဲ့ကြွက်တောကြီးထဲ ဘာကိစ္စလိုက်သွားတာလဲ!"
>>>>>High Boss's Husband<<<<<
Note-reply တွေသေချာမပြန်ဖြစ်ခဲ့ရင် update လေးနဲ့ ကျေလည်ပေးပါ >•< no more drama.
[ Zawgyi]
[Recommend song- ဝမ္းနည္းတတ္တဲ့ခ်စ္သူ (Raymond)]
~မင္းမ်က္လုံးမ်ားအားေဖ်ာ့ခိုက္
ငါ့ရဲ႕ပုခုံးထက္ေမွးစက္လိုက္
အခက္အခဲမ်ားအတြက္ ငါေရွ႕ကရွိတာပဲ~
•••••
"ႀကီးႏု င႐ုပ္သီးမထည့္နဲ႔ေနာ္"
"သိပါတယ္ အစ္ကိုေလးလြန္းရယ္၊ ေရွ႕သြားၿပီး ၿငိမ္ၿငိမ္ေလးထိုင္ေနပါ၊ မေပါ့မပါးနဲ႔ကို ေမွာက္ခုံလဲမွာ ရင္ေမာလြန္းလို႔"
"ႀကီးႏုကလည္း၊ အခုလည္း ကြၽန္ေတာ္က ၿငိမ္ၿငိမ္ေလးရပ္ေနတာပါ"
ေျပာမရဆိုမရသည့္ လြန္းကို ႀကီးႏုကခ်စ္စႏိုးၾကည့္၍ ဘာမွထပ္မေျပာေတာ့။ ဟင္းခ်က္တာကိုဘယ္တုန္းကမွစိတ္မဝင္စားတဲ့သူက မနက္ကတည္းက မီးဖိုခန္းထဲလာၿပီး လက္ညႇိဳးတထိုးထိုးနဲ႔ ဟိုစပ္စပ္ဒီစပ္စပ္လုပ္ေနသည္။
ထမင္းအိုးတည္မယ္လို႔ ႐ြတ္လာသည္ေၾကာင့္ ဘာလို႔ဒီလိုျဖစ္ေနတာလဲသိေနတာမို႔ စိတ္ေက်နပ္ပါေစသေဘာ ေပးလုပ္လိုက္ေတာ့ ဆန္ေဆးသည့္အဆင့္အျပင္ ပိုမလုပ္တတ္။ "ႀကီးႏု" ဟု တိုးတိုးေလးေခၚကာ သြားတက္ေလးေပၚေအာင္ ၿပဳံးရင္း ေနာက္တစ္ဆင့္တက္ဖို႔ စစ္ကူေတာင္းလာသည္။
အခုလည္း သူတည္ထားသည့္ ခ်ဥ္ရည္အိုးကို ၾကည့္ကာ အိုးဖုံးကိုလွပ္ရင္း လက္ႏွီးစုတ္တစ္ခု၊ ေယာက္ခ်ိဳတစ္ေခ်ာင္းနဲ႔ တိုင္ပတ္ေနသည္။
"ကဲ အဲ့အိုးႀကီးကဒီတိုင္းထားထားလို႔ရပါတယ္ကြယ္၊ နည္းနည္းပြက္ရင္ ခ်လိုက္႐ုံပဲ"
"႐ုံးပတီသီးေရာထပ္မထည့္ေတာ့ဘူးလား"
အိုးထဲမွာက ခ်ဥ္ေပါင္႐ြက္၊မွ်စ္၊ကန္စြန္း႐ြက္အျပင္ ႐ုံးပတီသီးေတြက လုံလုံေလာက္ေလာက္ရွိေနၿပီ။ ခ်ဥ္ရည္ဟင္းလား ၊ ဟင္း႐ြက္စုံလားမသဲကြဲေတာ့။ ေျပာေျပာဆိုဆိုနဲ႔ စိတ္ျမန္လက္ျမန္ပင္ ႐ုံးပတီသီးေတြကို ေရေဆးကာ အလြယ္သုံးလို႔ရသည့္ကတ္ေၾကးႏွင့္ အိုးထဲထည့္ေနသူကိုၾကည့္ရင္း ၿပဳံးသာေနလိုက္ေတာ့သည္။
ဟင္းရည္ပန္းကန္ကိုေတြ႕တာနဲ႔ ဇြန္းနဲ႔ေမႊၿပီး ႐ုံးပတီသီးဖတ္ကို အရင္ရွာစားတတ္သည့္လူက ဒီအိမ္မွာ တစ္ေယာက္တည္းသာရွိသည္။
"ပါပါး၊ ကူးကူးအင္အင္း"
"ဟင္"
လြန္းအက်ႌခါးစကိုဆြဲ၍ ေျပာလာသည့္သားကို ငုံ႔ၾကည့္ေတာ့ ေဘာင္းဘီေလးကိုခြၽတ္ကာ ေသးခံေလးနဲ႔ျဖစ္သည္။ ေရွ႕ေရာေနာက္ေရာကို သူ႔လက္ဖဝါးတစ္ဖက္စီနဲ႔ လွမ္းအုပ္ထားၿပီး မ်က္ႏွာေဖာင္းေဖာင္းက ရႈံ႕မဲ့ေနသည္။ ႏႈတ္ခမ္းပိစိက စကားတစ္လုံးထြက္ဖို႔ မနည္းအားယူေနရသလို။
"အင္အင္းပါခ်င္တာလား၊ လာ လာ ၊ ပါပါးလိုက္ပို႔မယ္"
"ဟင့္အင္း"
ေဆြ႕ခနဲေကာက္ခ်ီဖို႔ျပင္ေတာ့ ခႏၶာကိုယ္တစ္ခုလုံးကို ေႁမြလိမ္ေႁမြေကာက္လို တြန္႔ခ်ိဳးပစ္ရင္း
"ကူးကူးရေတာ့ဘူး အင့္!"
ေသခ်ာေျပာမျပႏိုင္သည့္ သူ႔ကိုယ္သူ အားမလိုအားမရေနဟန္ျဖင့္ မ်က္ဝန္းအိမ္ထဲမ်က္ရည္ေတြျပည့္လွ်ံတက္လာၿပီး ၾကမ္းျပင္ေပၚငုတ္တုတ္ထိုင္ခ်လိုက္၍ အားရပါးရငိုပါေတာ့သည္။ အရိပ္ျပ႐ုံနဲ႔အေကာင္မျမင္သည့္ လြန္းကလည္း ထိုအခါမွသေဘာေပါက္သည္။
လက္ကိုအျမန္ေဆးကာ
"ႀကီးႏု၊ ႀကီးႏုအခန္း Toilet သုံးမယ္ေနာ္"
"ေၾသာ္ ေအးေအး သြားသြား"
"ကူးကူး လာလာ၊ ႏုႏုအခန္းထဲသြားမယ္"
ပုခုံးကေနတို႔၍ လြန္းက မီးဖိုခန္းထဲကထြက္၍ ႀကီးႏုအခန္းဆီခပ္သြက္သြက္ေလွ်ာက္သြားေတာ့ ေအာင့္အီးထားရတာမို႔ ငိုေနသူက အသည္းအသန္ကုန္း႐ုန္းထလာ၍ လိမ္ဖယ္လိမ္ဖယ္ႏွင့္ လြန္းေနာက္ကလိုက္သြားသည္။
"အယ္ ပါပါးေသးခံခြၽတ္ေပး"
လြန္း စကားမဆုံးေသးခင္ထပ္ထြက္လာသည့္ အင့္ဟူေသာ ရႈိက္သံေလးနဲ႔အတူ ခြၽတ္ခ်လိုက္သည့္ ေသးခံျဖဴျဖဴေလးက ၾကမ္းျပင္ေပၚပုံလ်က္သား။ အေရးေပၚအေျခအေနမွာဆိုရင္ ဘယ္အရာမဆို မတုန္႔ဆိုင္းဘဲလုပ္ႏိုင္တယ္ဆိုတဲ့ စကားက တကယ္မွန္တယ္ထင္သည္။
ေဘာင္းဘီကိုပင္ အခ်ိန္ေတာ္ေတာ္ၾကာၾကာယူၿပီးမွ ခြၽတ္တတ္သူက တင္ပါးေဖာင္းေဖာင္းနဲ႔ အံကိုက္ကပ္ထားသည့္ diaper ကို စကၠန္႔ပိုင္းေလးအတြင္းရေအာင္ခြၽတ္သြားသည္။
အိမ္သာတံခါးဖြင့္ေပးရင္း ရယ္မိေတာ့ မ်က္ေစာင္းေသးေသးေလးတစ္ခု ရေအာင္ထိုးသြားေသးသည္။ ရႈံ႕မဲ့ေနသည့္မ်က္ႏွာက အီးမွန္ေနသည့္႐ုပ္။
"ေနာက္ခါက် အင္အင္းပါခ်င္ၿပီဆိုတာနဲ႔ ပါပါးကိုေျပာမွေပါ့ ကူးကူးရဲ႕၊ အဲ့ဒါမွ ခြၽတ္ဟယ္ျပဳဟယ္လုပ္ေပးလို႔ရမွာ၊ ပါခါနီးမွေျပးလာေတာ့ ဘယ္လိုလုပ္မလဲ"
တင္ပါးေဖာင္းေဖာင္းကိုေရေလာင္းရင္းေျပာေတာ့ သူ႔အက်ႌကေလးကိုမ,ၿပီး ဖင္ေလးေနာက္ပစ္ ထိုင္ေနရင္းက ဆူပုတ္ပုတ္နဲ႔ေမာ့ၾကည့္သည္။ ေစာဏက မက္မန္းသီးလို နီရဲတင္းမာေနသည့္မ်က္ႏွာက ကိစၥရွင္းၿပီး အခုမွ မက္မြန္သီးလိုအေရာင္ေဖ်ာ့လာသည္။
"ကဲ၊ ၿပီးၿပီ၊ အေပၚသြားမယ္၊ ေပါင္ဒါမႈန္႔ထည့္ရေအာင္"
"ဟုတ္"
"လြန္းေရ! လြန္း ကူးကူး"
"ေဖ့! ေဖေဖ့!"
အခန္းထဲကအထြက္အိမ္ေရွ႕ေပၚတီကိုကအသံေၾကာင့္ ေဘာင္းဘီမဝတ္ရေသးသည့္ ကူးကူးက သူ႔အေဖကိုေအာ္ရင္း တင္ပါးတုံးလုံးႏွင့္ပင္ ေရွ႕ကိုေျပးထြက္သြားသည္။ လြန္းမွာ ေမာင္ျပန္လာလို႔ေပ်ာ္ရမလား၊ ထိုေပါက္စေၾကာင့္ရယ္ရမလားအေတြးခက္စြာ။
လြန္းထြက္လာေတာ့ တံခါးမ,ေရွ႕တည့္တည့္ရပ္ထားသည့္ ကားတံခါးကိုပင္မပိတ္ရေသး။ ကုတ္အက်ႌအနက္ဝတ္ထားသည့္ ေမာင့္လက္ေမာင္းၾကားမွာ ကူးကူးတစ္ေယာက္အလြမ္းသယ္ေနသည္။ခ်ီထားသည့္ေမာင္ကလည္း သူ႔သား ေဘာင္းဘီမဝတ္ထားတာကို ျမင္ပုံသိပုံမေပၚ။ လက္ဖဝါးနဲ႔ပင္ ေခ်ာ့ျမႇဴပုတ္ေနေသးသည္။ တတ္လည္းတတ္ႏိုင္ၾကပါတယ္။
"ၾကည့္ပါဦး၊ ေနႏိုင္သူေတြက ခ်က္ခ်င္းေတာင္ထြက္မလာဘူးေနာ္၊ မေနႏိုင္တဲ့သူကပဲ အသံေတြေပးေနရတာ"
ခြၽဲခြၽဲပ်စ္ပ်စ္အသံက ႐ုံးပတီသီးမစားရေသးဘဲနဲ႔ကို ႐ြဲ႕တဲ့တဲ့ထြက္လာတာ။
"ေျပးလာလို႔မွမရတာ၊ ဒီဗိုက္ကို ေမာင္သယ္ေပးထားမွာလား"
"ဗိုက္ကယ္လို႔ေခ်ာင္သြားတယ္"
"အထုပ္ေတြခ်ၿပီးၿပီလား"
ကားကိုမွီခ်ထားသည့္ လက္ဆြဲအိတ္တစ္အိတ္ကလြဲ ဘာမွမေတြ႕တာမို႔ တံခါးဖြင့္မည္လုပ္ေတာ့ လက္ကိုအုပ္ကာတားလာသည္။ ဖ်တ္ခနဲၾကည့္မိသည့္ ေမာင့္မ်က္ႏွာက တစ္စုံတစ္ခုကိုေျပာခ်င္ေနသလို။ အားယူေနသကဲ့သို႔။ ကားတံခါးကိုဖြင့္လုဆဲဆဲ လြန္းလက္ေခ်ာင္းရွည္သြယ္သြယ္ေတြက ျပန္ေလ်ာ့က်သြားသည္။
"ေမာင္"
"ဟင္ အင္း"
"ဘာလုပ္လာတာလဲ"
အာဏာပါးကြက္သားကိုစစ္ေမးေနသည့္အသံမဟုတ္ဘဲ ကိုယ္တိုင္ေျပာခ်င္တာကို ၾကားခ်င္သည့္ ေအးေဆးတည္ၿငိမ္သည့္ ေလသံေဖ်ာ့ေဖ်ာ့။ အကုန္ရင္ဆိုင္ဖို႔ျပင္ဆင္လာသည့္ ဇာမ္က မ်က္ဝန္းျပာေတြရဲ႕ညႇိဳ႕ဓာတ္မွာ ေလးနက္စြာျဖင့္ပင္ စကားတစ္လုံးခ်င္း႐ြတ္လာသည္။
"ဦးမာန္ႏိုင္ ပါလာတယ္.... လြန္း လြန္း!"
႐ႊင္ျမဴးေနသည့္မ်က္ႏွာထက္ ေအးစက္မႈလား၊ ထိတ္လန္႔အံ့အားသင့္သြားမႈလား နားလည္ရခက္သည့္ အရိပ္တစ္ခုျဖတ္ေျပးၿပီး ႐ုတ္တရပ္ ဘာမွမျမင္မၾကားေတာ့တဲ့လူတစ္ေယာက္လို တုန္လႈပ္သြား၍ ေနာက္ကိုေျခႏွစ္လွမ္းဆုတ္သြားတာမို႔ သားကိုေအာက္ခ်ကာ အျမန္ေျပးထိန္းရသည္။
ထိန္းေပြ႕လိုက္ပါေသာ္လည္း ရင္ခြင္ထဲၿပိဳလဲက်မလာသလို မွီလာျခင္းလည္းမျပဳ။
"သား..."
ဦးမာန္ႏိုင္၏ ေခၚသံက ေလ်ာ့ရဲရဲ။ ခံစားခ်က္ေတြကြယ္ေပ်ာက္သြားသည့္ မ်က္ဝန္းျပာေတြက ဦးမာန္ႏိုင္ထံေရာက္သြားသည္။
"ဒယ္ဒီေတာင္းပန္..."
"ဟင့္အင္း"
ႏႈတ္ခမ္းပါးကိုတင္းတင္းေစ့ကာ၊ လက္သီးကိုက်စ္က်စ္ဆုပ္ကာ၊ ေနာက္ကိုထပ္၍ ဆုတ္သြားသည့္ေျခလွမ္းေတြ။ ျဖဴလြလြခႏၶာကိုယ္ေလးက ေထြးေပြ႕ထားသူရဲ႕ လက္ေမာင္းေတြကို ရွည္သြယ္လ်တဲ့ လက္တစ္ဖက္နဲ႔ အားကိုးစရာတစ္ခုလိုဆုပ္ကိုင္လာသည္။
ငိုခ်လိုက္စမ္းပါ လြန္းရယ္..ခင္ဗ်ားေလးစိတ္ထဲရွိတဲ့အတိုင္း ငိုခ်လိုက္စမ္းပါ..
ဘယ္အထိေအာင္ၿမိဳသိပ္ၿပီးတစ္ေယာက္တည္းႀကိတ္ငိုေနဦးမလို႔လဲ..
"ဒါက ေျမးေလး-"
"ကူးကူး အထဲဝင္!"
အေပါက္ဝမွာရပ္၍ အေပၚပိုင္းအက်ႌစြပ္က်ယ္အျဖဴ ပုခုံးေလးတစ္ဖက္ေလွ်ာက်ေနသည့္ကူးကူးက သူ႔ကိုလက္ကမ္းလာတဲ့ ဦးမာန္ႏိုင္ကို မ်က္လုံးေလးဝိုင္းကာၾကည့္ေနရင္း လြန္းေအာ္သံေၾကာင့္ လြတ္ေနသည့္ ပုခုံးသားေလးတုန္တက္သြားသည္။
သို႔ေပမယ့္ ေသြးကစကားေျပာလာေတာ့ အခုမွေတြ႕သည့္ သူစိမ္းတစ္ေယာက္ကို ရင္းႏွီးေနသူကဲ့သို႔ မ်က္ေတာင္ေလးခတ္၍ ႏႈတ္ခမ္းေလးဝိုင္းကာ ၾကည့္ေနဆဲ။
"ေျမးေလး...ေျမး...အဖိုးဆီလာပါဦး"
"ဇာမ္မင္းမာန္! အထဲဝင္လို႔ ငါေျပာေနတယ္မလား!"
"အင့္ အီး!! ပါပါး ကူးကိုေအာ္! အီးဟီး!!"
"လြန္းေစတမာန္! မင္း!"
မာေၾကာလ်က္ရွိသည့္ လြန္းရဲ႕ ခါးခါးသီးသီးပုံစံေၾကာင့္ ဦးမာန္ႏိုင္က ေတာက္တစ္ခ်က္ေခါက္ကာ ငိုေနသည့္ကူးကူးကို ေပြ႕ခ်ီ၍ေခ်ာ့သည္။ ေနာက္က လိုက္ဖို႔ျပင္သည့္ လြန္းကို လက္ေကာက္ဝတ္ကေန ေဖ်ာ့ေဖ်ာ့လွမ္းဆြဲလိုက္သူက ဇာမ္....
"လြန္း..."
အသိစိတ္မကပ္တဲ့ နတ္ဆိုးတစ္ေကာင္လိုျပဳမူေနသည့္သူက ခ်က္ခ်င္းပင္တုန္႔ဆိုင္းသြားၿပီး ဇာမ့္ကိုလွည့္ၾကည့္လာေတာ့
"ေတာ္ေလာက္ၿပီေလ လြန္းရဲ႕၊ ေတာ္ေလာက္ၿပီေလေနာ္"
လႈိင္းပုတ္ခံလိုက္ရတဲ့ေရျပင္လို သက္ရွိလူသားတစ္ေယာက္ရဲ႕ခံစားခ်က္ေတြ ႏိုးထလာတာ အိပ္မက္ဆိုးတစ္ခုလို။ မ်က္လုံးကိုဖြင့္မိေတာ့ အလင္းစူးစူးအစား ေႏြးေထြးသည့္ အၿပဳံးႏုႏုတစ္ခုက ဆီးႀကိဳသည္။ လုံၿခဳံတယ္ဆိုတဲ့ စိတ္ေၾကာင့္ ပင္ပန္းမႈေတြကို ပိတ္ခ်ကာ ရွိရွိသမွ် ေလးပင္ျခင္းေတြ လႊတ္ပစ္လိုက္လွ်င္ လူတစ္ကိုယ္လုံး လြတ္လပ္နယ္ေျမထဲ လြင့္ေျမာသြားရေတာ့သည္။
ပါးျပင္ထက္ထိေတြ႕လာသည့္ တပ္မက္ျခင္းကင္းသည့္ ထိုႏႈတ္ခမ္းတစ္စုံ၊ ေႏြးေထြးသည့္ ထိုရင္ခြင္....
အင္း။ ဆယ္စုႏွစ္ၾကာ နာက်င္မႈေတြကို ရွင္းထုတ္လို႔ သူစိတ္ခ်လက္ခ် တေမွးအိပ္ဖို႔သင့္ၿပီထင္ပါရဲ႕။
ႏြမ္းလ်လ်ၿပဳံး၍ ၿပိဳလဲက်သြားသည့္ ခႏၶာကိုယ္ေလးကို ေျမျပင္ေပၚမက်ခင္မွာပင္ ဒူးေခါက္ေကြးက ဇာမ္ ေပြ႕ခ်ီလိုက္ေတာ့ ေပါ့ပါးစြာပင္ပါလာသည္။ ကူးကူးကိုလွမ္းၾကည့္ေတာ့ ပိေတာက္ပင္ရိပ္မွာ သူ႔အဖိုးေပါင္ေပၚတက္ထိုင္ၿပီး စကားေတြတတြတ္တြတ္ေပါလို႔။
အျဖဴေကာင္ေလးကိုေပြ႕ခ်ီၿပီး အေပၚထပ္ကိုတက္ခဲ့သည္။ မွိတ္ခ်ထားသည့္ မ်က္ေတာင္ရွည္ေတြၾကားကေန၍ ေသြးေရာင္လႊမ္းတဲ့ပါးျပင္ထက္ မ်က္ရည္တစ္စက္ခုန္ကာဆင္းေတာ့ ႏႈတ္ခမ္းညိဳေတြနဲ႔ ထိကပ္လိုက္ၿပီး ဖယ္ရွားေပးမိသည္။
"ေမာင့္အမ်ိဳးသားေလး ပင္ပန္းသြားၿပီ..."
••••
တစ္ေယာက္ေယာက္ရဲ႕နာက်င္မႈက ကိုယ့္ရဲ႕နာက်င္မႈျဖစ္ေနမယ္လို႔ေတြးဖူးလား။
ကမာၻႀကီးရဲ႕တစ္ေထာင့္တစ္ေနရာစီမွာ လူတစ္ေယာက္တိုင္းဟာ ဘာအေၾကာင္းျပခ်က္ေၾကာင့္မ်ား အသက္ရွင္သန္ေနထိုင္ေနၾကသလဲ။
တစ္စုံတစ္ေယာက္ကိို အသည္းနင့္ေအာင္ခ်စ္မိရင္ ကိုယ့္ရဲ႕ရွင္သန္ျခင္းအေၾကာင္းျပခ်က္က သူျဖစ္လာၿပီး သူ႔ရဲ႕နာက်င္မႈကလည္း ကိုယ့္နာက်င္မႈ ျဖစ္လာပါသတဲ့။
ဒီစကားစုကို ႐ိုး႐ိုးေလးသတ္မွတ္ေပးမယ္။
' ျမတ္ႏိုးၿငိတြယ္ သူ႔ထံပါးျခယ္
အတၱကင္းကင္း ဖက္တြယ္လိုျခင္း ' တဲ့။
>>>>High Boss's Husband<<<<
အၾကာႀကီးအိပ္ေပ်ာ္သြားတဲ့သူလို ႏိုးထလာေတာ့ ေခါင္းကိုက္ေခါင္းအုံမျဖစ္ဘဲ လြတ္လပ္ေပါ့ပါးေနသည္။
တံေတာင္ကိုအားျပဳကာ ထထိုင္ေတာ့ လက္တစ္ဖက္ကိုဆုပ္ကိုင္ထားခံရတယ္လို႔ခံစားမိတာမို႔ ၾကည့္မိေတာ့ လြန္းေဘးမွာ ေခြေခြေလးအိပ္ေပ်ာ္ေနသည့္ ေမာင္။ အဝတ္အစားက ေလဆိပ္ကျပန္လာတဲ့ပုံစံအတိုင္းျဖစ္ကာ မလဲမျပဳဘဲ လက္တစ္ဖက္က လြန္းလက္ကို ကေလးတစ္ေယာက္လို ဆြဲထား၍ ေျခတံလက္တံရွည္ေတြကို ေကြးကာအိပ္ေနသည္က သူတိုက္မိလွ်င္ လြန္းႏိုးသြားမွာလည္းစိုး၊ အိပ္ေနတုန္း လြန္းေပ်ာက္သြားမွာလည္းစိုးေနသည့္ႏွယ္။
ခရီးပန္းလာမွာကိုေလ....ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ပါေလေရာ့လား....
အိပ္ေနရင္းပင္ စုက်ဳတ္စုက်ဳတ္ျဖစ္ေနသည့္ ေမာင့္မ်က္ခုံးေတြေၾကာင့္ အေႏွာင့္အယွက္ျပဳေနတဲ့ မ်က္ခြံေပၚစူးေနသည့္ ဆံပင္ကို အသာဖယ္ေပးလိုက္ေပမယ့္ ဖ်တ္ခနဲပြင့္လာသည့္ မ်က္လုံးေတြေၾကာင့္ လက္ကိုခ်က္ခ်င္းျပန္႐ုတ္လိုက္သည္။ သို႔ပါေသာ္ျငား အအိပ္ဆတ္သူက ႏိုးသြားေလၿပီ။
"အိပ္လို႔ဝၿပီလား"
"အင္း"
"ေမာင္ ငါ့ကိုတစ္ခုခုေျပာစရာရွိမေနဘူးလား"
"အင္း"
ကိုးလိုးကန္႔လန္႔ခႏၶာကိုယ္ႀကီးက လြန္းရင္ခြင္ထဲ ပစ္ဝင္ကာ ခါးကိုဖက္၍ မ်က္ႏွာအပ္လာသည္။ ၿပီးမွ အထဲက ကေလးကိုသတိရသြားဟန္။ အတင္းဖက္ထားရာကေန ျပန္ခြာ၍ ဖြဖြဖက္ၿပီး နဖူးကို လာနမ္းသည္။
"ေမာင္ေျပာစရာရွိတာေျပာ၊ ငါနားေထာင္ဖို႔ ေစာင့္ေနတယ္"
"ေမာင့္ကိုစိတ္ဆိုးလား"
"ဘာလို႔ ငါ့ကိုညာရတာလဲ"
"ေမာင္မညာခ်င္ခဲ့ပါဘူး"
"အဲ့လူကိုငါဘယ္ေလာက္မုန္းလဲသိလား၊ ေငြလိုေသးလားဆိုတဲ့ေမးခြန္းကလြဲၿပီး မေမးတတ္တဲ့အဲ့လူကို ငါဘယ္ေလာက္႐ြံလဲ၊ ေမေမေသတာ..ေမေမေသခဲ့တာက"
တိမ္ဝင္သြားသည့္အသံေတြကိုလ်စ္လ်ဴရႈ၍ ဆြဲဖက္လိုက္ေတာ့ ေမာလ်သြားသလိုၿငိမ္ၿငိမ္သက္သက္ေလး။
"လိမ္ရတာမပင္ပန္းဘူးလား အခ်စ္ရယ္...ငိုခ်ဖို႔အတြက္ ေမာင့္ပုခုံးေတြရွိေနတယ္ေလ"
"လြန္းကိုယ္လြန္းထက္ပိုၿပီး ေမာင္က လြန္းအေၾကာင္းကိုပိုသိတယ္ဆိုတာ ယုံလား"
ျပန္ေျဖသံကိုေမွ်ာ္လင့္မိေပမယ့္ ေခါင္းကိုသာၿငိမ့္ျပလာသည္။
"အင္း။ ေမာင္ကေမာင္ျဖစ္သလို ေမာင္ကိုယ္တိုင္ကလည္း လြန္းအတြက္ျဖစ္ေပးေနတယ္
အဲ့ဒါက ေမာင့္ေျဖရွင္းခ်က္ပဲ၊ ထပ္ေျပာျပဖို႔လိုေသးလား"
ေခါင္းၿငိမ့္ေခါင္းခါျပဳေနသည့္ လြန္းက ေျဖရွင္းခ်က္အဆုံးမွာ ဇာမ့္ပုခုံးထက္ေမးတင္လာသည္။
အသက္ရႉသံတစ္ခ်က္ခ်င္း...တစ္ခ်က္ခ်င္း...တသိမ့္သိမ့္တုန္လာသည့္ ခႏၶာကိုယ္ေလးႏွင့္ ဇာမ့္အက်ႌထက္က စိုစြတ္ျခင္းေတြက အသားထိေအာင္ခိုက္တဲ့အပူစ,လို။
ဆံပင္အျဖဴကိုေဆးဆိုးခိုင္းလို႔ သူ႔ရဲ႕ေမာင့္ကိုစိတ္ဆိုးၿပီး ေခါင္းအုံးေပၚမ်က္ႏွာအပ္ၿပီး ငိုေနခဲ့သူက ဒီတစ္ခါေတာ့ သူမ်က္ႏွာအပ္ထားတဲ့ပုခုံးက်ယ္ရဲ႕ ပိုင္ရွင္ျဖစ္သူေမာင့္ကို စိတ္ဆိုးမေနခဲ့ပါဘူး။
ႏွစ္ေတြအၾကာႀကီးထမ္းထားရခဲ့ရတဲ့ဝန္ထုပ္အေလးႀကီးကို သူေနာက္ဆုံးေတာ့ စိတ္သန္႔စြာ၊ လိပ္ျပာသန္႔စြာနဲ႔ လႊတ္ခ်ပစ္န္ိုင္ခဲ့ၿပီမို႔။
"လြန္း ေတာ္တယ္၊ ေမာင့္ရဲ႕လြန္း ေတာ္တယ္..."
စကားေတြအမ်ားႀကီးေျပာဖို႔မလိုအပ္ဘဲ အခ်င္းခ်င္းနားလည္ေနတဲ့အခါ....ေက်ာျပင္ကိုဖြဖြပုတ္ရင္း ခ်ီးက်ဴးစကားကို မပ်က္မကြက္ဆိုမိသည္။
ငိုလို႔အားရမွေမာ့ၾကည့္လာသည့္ မ်က္ႏွာက အျပ ည့္အဝၾကည္လင္ေနခဲ့ၿပီ။ မ်က္လုံးေထာင့္စြန္းက မ်က္ဝတ္ကိုဖယ္ေပးေတာ့ ရယ္ျပလာသည္။
"ငါက ဟင္းေတြခ်က္ထားတာကို"
ခပ္ၿငီးၿငီးေျပာလာမွ နာရီကိုၾကည့္မိေတာ့ ညေနေလးနာရီထိုးေနၿပီမို႔ ဇာမ္ပင္ အံ့ၾသသြားရသည္။ အိပ္ေနသူလန္႔ႏိုးမွာစိုးလို႔ေစာင့္ၾကည့္ရင္း ေမွးခနဲအိပ္ေပ်ာ္သြားသည္က ဒီေလာက္ၾကာမယ္လို႔ထင္မထား။
"အဲ လြန္း ေန႔လည္စာစားၿပီးၿပီလား"
"ေမာင္နဲ႔ စားဖို႔ေစာင့္ေနတာ"
"ထမင္းမဟုတ္ဘဲ တစ္ခုခုစားမထားဘူးလား"
လူလန္းသြားေအာင္ေရခ်ိဳးဖို႔ျပင္ေနသည့္လြန္းကအက်ႌခြၽတ္ေနရင္းနဲ႔ အေမာတေကာေမးေနသည့္ ဇာမ့္ကိုေခါင္းခါျပသည္။ ဇာမ့္မ်က္လုံးက လြန္းရဲ႕ဗိုက္ဆီအၾကည့္ေရာက္လာသည္။ လႏုေသးတာမို႔ ဘာမွမေပၚေသးတာမို႔ အနည္းငယ္ခ်ပ္ေနဆဲပင္ျဖစ္သည့္ ထိုဗိုက္ကို ၿပဳံးစိစိၾကည့္၍ မ်က္ႏွာလႊဲသြားသည္။
သေဘာတက်ျဖစ္ေနသည့္သူကို မ်က္လုံးစု၍ လြန္းၾကည့္ေနစဥ္မွာပင္ အဆက္အစပ္မရွိစြာ အျမႇီးအေမာက္မတည့္ ထေအာ္လာသည္။
"အာ...ကေလးေလးဗိုက္ဆာေတာ့မွာပဲ၊ ေနဦး...ကူးကူး ကူးကူးေရာစားၿပီဲးၿပီလားမသိဘူး၊ ကူးကူးေရ ကူး"
သူ႔ဘာသာတစ္ေယာက္တည္း႐ြတ္ၿပီး ကူးကူးအခန္းကိုသြားဖြင့္ေနသည့္ေမာင့္ကိုေငးကာ ေခါင္းယမ္းမိသည္။ ဗိုက္ထဲက ကေလးကို သားသားေလးဆိုၿပီးသည္းသည္းလႈပ္ကာ ကူးကူးကို သားသားႀကီးဆိုၿပီး ဖူးဖူးမႈတ္သည္။
မနက္က စိတ္လြတ္ၿပီး ေအာ္လိုက္မိသည့္ သားကို ဘယ္လိုျပန္ေခ်ာ့ရမလဲေတြး၍ လြန္းတစ္ေယာက္ေရခ်ိဳးခန္းထဲဝင္သြားခ်ိန္ ကူးကူးကိုမေတြ႕တာမို႔ ေအာက္ထပ္မီးဖိုခန္းထဲက ႀကီးႏုကိုသြားေမးေနသည့္ ဇာမ့္ထံမွ ၾသရွျခင္းစြက္သည့္ ႀကိမ္ႏႈန္းျမင့္စကားသံထြက္လာခဲ့၏။
"ကူးကူးက အဲ့ႂကြက္ေတာႀကီးထဲ ဘာကိစၥလိုက္သြားတာလဲ!"
>>>>>High Boss's Husband<<<<<
Note-reply ေတြေသခ်ာမျပန္ျဖစ္ခဲ့ရင္ update ေလးနဲ႔ ေက်လည္ေပးပါ >•< no more drama.