နွေဦးလေပြေ🤍
By Adira_thu
38.9K 1.8K 191
"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... More
‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း
နွေဦးလေပြေ🤍(အပိုင်း_၁၁)
765 42 4
By Adira_thu
Unicode
"အဲ့တော့ နင်ကကိုခန့်ထည်ကိုမချစ်တော့ဘူးပေါ့ဟုတ်လား"
စာကြည့်စားပွဲတွင်ထိုင်၍ စာအုပ်ကိုလျှောက်ခြစ်နေသော‌မိုးသားကိုကြည့်၍ ဟိန်းထက်မေးလိုက်သည်။စာကြည့်တိုက်ကပြန်ရောက်ပြီးသည့်အချိန်ကတည်းက
'အကို့ကို-ိ့တောင်မချစ်တော့ဘူး'ဟု ကြွေးကြော်နေသည့် ကောင်းကျိုးမပေးသည့်သူငယ်ချင်းကိုကြည့်၍ ဟိန်းထက်ခေါင်းခါလိုက်မိသည်။
ဟိုတစ်ခါကိုခန့်ထည်က သူ့ကိုတွေ့သည်ကိုမသိချင်ယောင်ဆောင်သွားတုန်းကလည်း ထို့ကဲ့သို့ပဒီးပဒါးတွေပြောခဲ့ဖူးတာပဲ။
နောက်ပြီးဟိုကစကားလာပြန်ပြောရင် အမြှီးတနှံ့နှံ့နဲ့ "အကို" "အကို"ပြန်ဖြစ်သွားတာပဲ။
"မင်းမယုံရင်စောင့်ကြည့်နေ ငါတကယ်လုံးဝမကြိုက်တော့ဘူး"
"အေးလေ အရင်ကမင်းကြိုက်တယ်ဆိုလို့‌ငါကနောက်ဆုတ်ပေးထားတာ။အခုမင်းမှမကြိုက်တော့တာ ငါအကို့ကိုလိုက်လို့ရပြီမလား"
"မင်း.. မင်းဘာဘာလိုက်ချင်လိုက်ပေါ့
ငါမကြိုက်တော့ဘူး"
နှုတ်ခမ်းကြီးဆူ၍ အထစ်ထစ်အငေါ့ငေါ့ပြောနေသော မိုးသားကိုကြည့်၍ ရယ်ချယ်စိတ်ကိုမနည်းထိန်းထားရသည်။
ဒီကောင်မချစ်တာလဲ မဟုတ်ဘူး။
ဟိုကမချော့မှန်းသိရက်နဲ့ သက်သက်လာကောက်ပြနေတယ်။
နေဦး ဒီလောက်ဖြစ်လှတာ အချွန်နဲ့မပေးလိုက်ဦးမယ်။
"ကြာပါတယ်ကွာ အခုပဲစကားသွားပြောလိုက်မယ်။ငါဘယ်လိုစပြောရင်ကောင်းမလဲသားကြီး"
"မသိဘူးကွာ မင်းဘာသာပြောချင်ရာပြော"
စာအုပ်ကြီးကိုဆွဲခြစ်၍ထဖြေသောမိုးသားကိုကြည့်၍ တစ်ဖက်လှည့်ပြီးကျိတ်ရယ်လိုက်သည်။
ပြီးတာနဲ့ ကိုခန့်ထည်ကိုစာပို့လိုက်သည်။ပြောသာပြောသာ ကိုခန့်ထည်နှင့်messengerမှာတစ်ခါမှစကားမပြောဖူး၍ ဟိန်းထက်နဲနဲတော့လန့်မိသည်။
"အကို ကျွန်တော်မေးစရာရှိလို့။ဒီရက်ပိုင်းကျွန်တော်ခဏခဏဗိုက်ဆာလာလို့။စားပြီးလဲပြန်ဆာတာပဲ။
အဲ့ဒါလေ အစာအိမ်ကကြီးလာတာမျိုးရှိလားဟင်"
"ဟိတ်ကောင် နားငြီးတယ်အသံထွက်ပြီးစာပို့ချင်ရင် ကိုယ့်အခန်းကိုယ်သွား။
ပြီးတော့ ဘာတွေလျောက်မေးနေတာလဲ။မင်းကိုဟိုကရူးနေတယ်လို့မထင်ရင်ကံကောင်း"
မိုးသားရှေ့မို့ တမင်အသံထွက်၍စာရိုက်နေသော ဟိန်းထက်ကိုဂျိုကြည့်ကြည့်ပေးလိုက်သည်။
"မင်းနဲ့ဘာဆိုင်လဲ ဟားဟား
မင်းပဲမကြိုက်တော့ဘူးဆို ဝေးဝေးဒိုးလိုက်"
ခန့်ထည်တစ်ယောက် မိမိဆီရောက်လာသောပိစိရဲ့စာကိုဖတ်ပြီး ဟက်ဟက်ပက်ပက်ရယ်မော‌လိုက်မိသည်။
အစကတော့ ပိစိဆီကပထမဦးဆုံးရောက်လာသောmessageဖြစ်၍ အံ့ဩနေမိသည်။
စာကိုဖတ်မိတော့ မနေနိုင်စွာထရယ်မိတော့ အခန်းထဲရောက်နေသော သူငယ်ချင်းတွေတောင်ဝိုင်းကြည့်ကြသည်။
အိုက်ရား.....ဘယ်လိုတွေတောင် တွေးပစ်လိုက်ရတာလဲပိစိရာ။
အစာအိမ်ကကြီးလာရတယ်လို့။
ဒီကောင်လေး ပေါတောတောလေးဆိုတာတော့သိပေမယ့် ကိုယ်နဲ့သိပ်မရင်းနှီးတဲ့သူကို ဒီလိုပေါက်ပေါက်ရှာရှာလာမေးရဲလိမ့်မယ်လို့မထင်ထား။
"အစာအိမ်ကကြီးလာတယ်ရယ်လို့တော့မဟုတ်ပါဘူး။ညီကနဂိုထဲကအစားကြီးလို့ဖြစ်မှာပါ"
အနည်ငယ်ရယ်ချင်နေသေးသည့်စိတ်ကိုကျိတ်မှိတ်၍ပိစိဆီစာပြန်ပို့တော့
"ဟုတ်ကဲ့ခင်ဗျ"တဲ့။
ပိစိနဲ့စကားပြောနေရင်းနဲ့ခန့်ထည်မိုးသားကိုသတိရသွားသည်။ထိုကလေးသူ့ကိုစိတ်ကောက်နေသည်ထင်ပါ့။အရင်လိုဟက်ဟက်ပက်ပက်မရှိတော့ချေ။ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေသည်မို့ သူ့ကိုဂရုမထားမိ။
'အင်း ဒီညတော့အကောက်ကလေးကိုသွားချော့ဦးမှပဲ'
________________💚________________
"ဟိန်းထက်ပြန်သွားထဲကမိုးသားအခန်းထဲဝယ် ငြိမ်ငြိမ်လေးကျန်ခဲ့သည်။
အကိုကဟိန်းထက်နဲ့စကားတွေပြောနေတယ် သူ့ကိုကျစကားလာမပြောဘူး။
အကိုကဆိုးလိုက်တာ.............။
သူတကယ်အကိုနဲ့စကားတွေပြောချင်နေမိသည်။ဟိုနေ့ကကိစ္စပြီးထဲက အကိုနဲ့စကားမပြောဖြစ်ကြတာကြာပြီမလား။
အကိုကတော့ သူ့ကိုသတိရဟန်တောင်မတူဘူး။
အကိုတို့lectureခန်းရှေ့ကဖြတ်သွားတိုင်းသူ့သူငယ်ချင်းမိန်းကလေးတွေနဲ့ အမြဲတရုန်းရုန်းဖြစ်နေသည့်အကိုကိုတွေ့သည်။
အကို့ကိုမုန်းသည်။
အကိုပေါ်ပြူလာဖြစ်နေတာကိုလည်းမုန်းသည်။
ဖြစ်နိုင်ရင် ရင်ခွင်ထဲဆွဲသွင်း၍အလုံထုတ်ထားလိုက်ချင်သည်။
"အိပ်တော့ကလေး။အရင်ကအကိုသီချင်းဆိုပြတာ နားထောင်ချင်တယ်ဆိုလို့အခုပို့လိုက်တယ်နော်"
Message Notiသံနှင့်အတူဖုန်းစခရင်ပေါ်သို့ရောက်လာတဲ့ စာကြောင်းလေးက လူတစ်ယောက်ကို အဘယ်မျှထိရူးသွပ်စေနိုင်ပါသလဲ။
အကိုကတကယ်ပဲကျွန်တော့်ကိုသွက်သွက်ခါရူးစေချင်နေတာလား။
'ဒင်းကို-ိ့တောင်မချစ်တော့ပါဘူး'ဆိုပြီး တစ်ပတ်‌ေလာက်အသဲအသန်ဒေါကန်ခဲ့တဲ့ကျွန်တော်က အကို့ရဲ့'က‌လေးလေး'ဆိုတဲ့စကားသံအောက်မှာ အလံဖြူထောင်လိုက်ရသည်။
🎵🎶ကမ္ဘာလောကကြီးရပ်တန့်သွားသလိုပဲ...ငါထင်တယ်မင်းနဲ့ဆုံတိုင်းလည်း အကြည့်တွေရင်ဖိုလှိုက်မောလို့နေ🎶
"ကလေးလေး"ဆိုတဲ့နာမ်စားဟာရူးသွပ်စေမယ့်အကြောင်းအရင်းဆိုရင်
အကိုအသံလေးက ကျွန်တော့အတွက်တော့ လူသတ်လက်နက်ပဲ။ ဘယ်အတိုင်းအတာထိ ကျွန်တော့်ကို အကို့ဆီမှာနစ်မျောနေစေချင်တာလဲချစ်သောရေ.......။
🎶သာယာတဲ့မင်းရဲ့ရယ်သံလေး......ရင်ခွင်ထဲအထပ်ထပ်ကြားယောင်ရင်းနဲ့ ဘဝကိုအသာယာရစ်မူးလို့နေ......🎵🎶
🎶အသက်ထက်ဆုံးပေါ့အနားမှာအမြဲရှိချင်တယ်။ရင်ခွင်ထဲမှေးစက်နားခိုရင်းနဲ့
မငြိုငြင်ဘူးအဆိုးများတွေ့ပါစေ.....
ဘဝကိုအတူခရီးဆက်မယ်🎵🎶🎵
🎵🎶မင်း....နင်ဟာငါ့ဘဝရဲ့ကောင်းကင်ပဲ...မှောင်မိုက်သောညမှာငါ့အတွက်ငွေလမင်းငယ်🎵🎶
🎵🎶မင်း....ဘယ်အရာမှအစားထိုးမရနိုင်ဘူး အခိုင်မာဆုံးဘဝရဲ့ကျောက်ဆောင်မင်းပဲ ငါ့ခြိလှုံရာကလည်းမင်းပဲ......
သေချာတယ်ငါ့ရဲ့ဘဝဟာမင်းပဲ......🎶🎵
နားထောင်လို့ကိုမဝဘူး......။ဖြစ်နိုင်ရင်ဒီအသံချိုချိုလေးကိုမပြီးဆုံးစေချင်ဘူး။
ဒီလိုကြည်နူးစရာညတွေလည်းမကုန်ဆုံးစေချင်‌ေသးဘူး။
ကျွန်တော်ကအကို့ကိုဘယ်လိုမှ လက်လွှတ်လို့မရနိုင်တော့ဘူးထင်ပါရဲ့ခင်ဗျားရယ်......။
"ကျွန်တော်ကအတိအကျကို အကို့ကိုချစ်နေမိတယ်"
________________💚________________
Zawgyi
ငါမကြိုက်တော့ဘူး"
"ဟုတ်ကဲ့ခင်ဗျ"တဲ့။
________________💚________________
အကိုကဆိုးလိုက်တာ.............။
အကို့ကိုမုန်းသည်။
'ဒင်းကို-ိ့တောင်မချစ်တော့ပါဘူး'ဆိုပြီး တစ်ပတ်‌လောက်အသဲအသန်ဒေါကန်ခဲ့တဲ့ကျွန်တော်က အကို့ရဲ့'က‌လေးလေး'ဆိုတဲ့စကားသံအောက်မှာ အလံဖြူထောင်လိုက်ရသည်။
ဘဝကိုအတူခရီးဆက်မယ်🎵🎶🎵
ဒီလိုကြည်နူးစရာညတွေလည်းမကုန်ဆုံးစေချင်‌သေးဘူး။
________________💚________________
Continue Reading
You'll Also Like
4K 91 14
Sequel to Oiche Shamhna. It's been 5 years since Sonic and his hedgehog friends played a dangerous board game and won in the end, Sonic ends up findi...
592K 27.1K 42
Needs editing [ the destiny series #1] 𝑻𝒉𝒆 𝒇𝒂𝒕𝒆 𝒑𝒖𝒔𝒉𝒆𝒅 𝒕𝒉𝒆𝒎 𝒂𝒑𝒂𝒓𝒕 𝒃𝒖𝒕 𝒅𝒆𝒔𝒕𝒊𝒏𝒚 𝒂𝒈𝒂𝒊𝒏 𝒑𝒖𝒍𝒍𝒆𝒅 𝒕𝒉𝒆𝒎 𝒕𝒐𝒈...
KASHI By stuckinatale
General Fiction
396K 19.8K 42
"So, Mrs. Kashi Abhay Pratap Singh..chalte hai. Goodbye..". Saying this, he left her broken in this world of betrayal. ~~~~~~~~~~ Kashi, a simple gir...
128K 4.4K 26
စိတ်ကူးယဉ်သက်သက်တစ်ခုသာဖြစ်ပါတယ်ဗျ။ဖတ်မယ်မဖတ်ဖူးက ငယ်လေးတို့သဘောပါဗျ Yu Ya Chi