ဝန်း အပြင်ထွက်လာတော့ ကားပါကင်မှာ ကိုနေဦး နဲ့ လွှားရဲ့မန်နေဂျာ နဲ့ စကားပြောနေကြသည်။
" လွှား ရော "
မြင်ကွင်းထဲမှာ မတွေ့တဲ့ ကလေးပေါက်ကို ရှာကြည့်တော့ မန်နေဂျာဆိုသူက အဖြေပေးလာသည်။
" ဟို ပြန်သွားပြီဗျ "
မန်နေဂျာကို ချန်ခဲ့ပြီး တစ်ယောက်ထဲ ပြန်သွားတာလား။ ကားမောင်းလိုင်စင်ရှိလို့လား။ မဟုတ်သေးပါဘူး ကားလည်းဒီမှာ ရှိနေပါတယ်။
" ဘယ်လိုပြန်တာလဲ ဒါ လွှား သုံးတဲ့ ကား မဟုတ်ဘူးလား "
" တစ်ယောက်ထဲပြန်ချင်လို့ ဆိုပြီး တက္ကစီ စီးပြီးပြန်သွားတာ "
တစ်ယောက်ထဲ တက္ကစီနဲ့ ပြန်သွားတယ် ဆိုတာ ကြားလိုက်ရတော့ ဝန်း ရင် ထဲ ထိတ် ခနဲ။
" ခင်ဗျားကရော "
လွှား ရဲ့ အစစအရာရာကို တာဝန်ယူပေးရမယ့် သူက လွှားနောက်မလိုက်သွားဘဲ အလာပသလာပ ပြောနေတာကြောင့် မျက်ခုံးပင့်ကာ မေးလိုက်သည်။ ကလေးတစ်ယောက်ထဲ တက္ကစီ စီးပြီး ပြန်သွားတာကို အေးဆေးနေနိုင်နေတာက ဝန်း အတွက် ကန့်လန့်ဆန်နေသည်။
"ဗျာ ကျွန်တော်တောင် ဘာမှ မပြောလိုက်ရဘူး ဘာဖြစ်လဲ မသိဘူး မျက်နှာက တစ်မျိုးပဲ "
ဝန်း ၈၈ ကြိမ်မြောက် သက်ပြင်းချမိပြန်သည်။ ဒီတစ်ကြိမ်က လွှား ကြောင့် မဟုတ်ဘူး လွှား အတွက် ဆို ပိုမှန်မလား ။
ဘယ်လိုစိတ်နဲ့များ တက္ကစီ စီးပြန်သွားတယ် ။ တစ်ခါမှ စီးဖူးတာလည်း မဟုတ်ဘူး ။တက္ကစီသမားတွေ ညာစားသွားရင် ဒုက္ခ။ သူနေတဲ့နေရာကို တော့ ပြောပြတတ်ပါ့မလား ။
" အဟား "
တမင် စဥ်းစားတာမဟုတ်ဘဲ ဝင်လာတဲ့ အတွေးပေါင်းစုံကြောင့် ဝန်း ခေါင်းကို ခါရမ်းလိုက်ပြီး ခပ်ဟဟ ရယ်လိုက်သည်။
သူ လွှားကို စိုးရိမ်နေတာလား ။ လွှားကို ကလေးတစ်ယောက်လို မြင်ပြီး စိုးရိမ်မိသွားတာ နေမည် ။
လွှားက ကလေးမှ မဟုတ်ဘဲ ။ အဆင်ပြေမှာပါ။
.
ကိုရှေးဆက်ရန်းက ကိုကို့ကောင်လေး လို့ အသိပေးခံလိုက်ရတဲ့အချိန်မှာ အံ့အားသင့်မှု တွေနဲ့ လွှား တစ်ကိုယ်လုံးထူပူနေခဲ့သည်။ ပြီးတော့ လွှား ရှက်သည်။
ကိုကိုချစ်သူရှေ့မှာ ကိုကို့အပေါ်ပြုမူခဲ့တဲ့ လွှား အပြုအမူတွေက ရှက်ဖို့သိပ်ကောင်းသည် ။ ကိုရှေးဆက်ရန်းသာ ကိုကို့ချစ်သူမှန်း သိခဲ့ရင် လွှား ဆင်ခြင်ခဲ့မှာ အမှန်ပင် ။ ကိုရှေးဆက်ရန်း ရဲ့ အမြင်မှာ လွှား က စည်းမရှိတဲ့သူလို့ထင်သွားမလား။ လွှား သိပ်ရှက်သည်။ ကိုကို့ချစ်သူ မျက်နှာကို စေ့စေ့ကြည့်ဖို့ လွှားကြောက်သည်။ ကိုကို့ချစ်သူကို လွှား မကြည့်ရဲဘူး ။ ရင်မဆိုင်ရဲဘူး ။ ကိုကို့ကိုရောပဲ ။
" ဘယ်ပို့ပေးရမလဲ ငါ့ညီ "
ကားဆရာရဲ့အသံကို လွှားကြားနေရပေမယ့် လွှား အာရုံတွေကို စုစည်းလို့ မရ။
" ညီလေး! ဘယ်ပို့ရမလဲ "
" ဟင် .. ရန် ... ကုန် "
" ငါ့ညီရယ် မနောက်ပါနဲ့ "
လွှား ကားအပြင်ဘက်ကို ကြည့်လိုက်တော့ ရှုပ်ယှက်ခတ်နေတဲ့ ဓာတ်ကြိုးတွေပေါ်မှာ ငှက်လေးတွေ အများကြီး နားနေကြသည်။ တစ်ချို့ငှက်လေးတွေက အတောင်ဖြန့်ပြီး အထက်ကို ပျံတက်သွားပြီး ကောင်းကင်ယံထဲမှာ ကွယ်ပျောက်သွားသည်။
လွှားလည်း ပျံသန်းချင်လိုက်တာ။ ပျောက်ကွယ်သွားချင်သည်။
" ငါ့ညီ အကိုလည်း အခုမှ စဆွဲရတာ အချိန်က သိပ်မကျန်တော့ သွားစရာမရှိရင်လည်း ဆင်းပေးပါလား "
" မြို့... မြို့ပတ်ပေးပါ ကျသလောက်
ရှင်းပါ့မယ် "
ကိုကိုရဲ့မွေးဖွား ရန်ကုန်မြို့လေးကို လိုက်ကြည့်ပြီး မွန်းကြပ်မှုတွေ ပပျောက်သွားရင် ကောင်းမယ် ။ ကိုကို နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ဒီနိုင်ငံ ဒီမြို့ ကို လွှား တသက်လုံး အမှတ်ရနေမယ် ။ ဖေကြီးစိတ်ကို လွှား နားလည်နေပြီထင်တယ် ။ လွှားလည်း ဖေဖေ့လို ဒီနိုင်ငံကို သိပ်ချစ်ပေမယ့် ဖေကြီးလို ဒီနိုင်ငံကို နောက်တစ်ခေါက် ထပ်မလာချင်တော့ဘူး ထင်ပါရဲ့။
" ငါ့ညီက သစ်ခက်လွှားဆိုတဲ့ မင်းသားမလား ဟုတ်တယ်မလား "
လွှားကိုသိနေတဲ့ ကားဆရာဦးလေးကြောင့် လွှား ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
" ဒါကြောင့် မြင်ဖူးနေတာ အကို့မိန်းမက ငါ့ညီတို့ ဇာတ်ကားကိုကွာ မျှော်နေတာဟေး တအားအား နဲ့ ဟားဟား "
တဟားဟား နဲ့ ပြောနေတဲ့ ကားဆရာဟာ လွှားတို့ဇာတ်ကားကို စိတ်ဝင်စားတာထက် သူ့အမျိုးသမီးကို သဘောကျနေတာပဲ။
" ငါ့ညီက ကြိုက်လည်းကြိုက်ချင်စရာပဲ ချောတယ်ကွ ချိန်း နဲ့ အတူ သရုပ်ဆောင်ရတာမလား "
ကိုကို့နာမည်ပါလာတာနဲ့ ရင်ဘတ်ထဲက ဆစ်ခနဲ ။ အခုချိန်မှာ ကိုကိုနဲ့ပတ်သက်ပြီး ဘာကိုမှ မကြားဝံ့ဘူး ။ လွှား ရည်ရွယ်ချက်မရှိ ကားအပြင်ဘက်ကိုသာ ငေးနေမိသည်။
" ငါ့ညီတို့ခေတ်ကလည်း အဆန်းတွေပဲကွ..... ဒါပေမယ့် လ်ိုက်ဖက်ပါတယ်..... အစ်ကို့မိန်းမဆို ချိန်းလွှား ချိန်းလွှားနဲ့ကို နေတာပဲ "
" Please! "
လွှား ရဲ့ အော်သံက တကားလုံးဟိန်းထွက်သွားသလို ကားဆရာ၏ပါးစပ်သည်လည်း ဟ လျက်သား ။ အဝေးကိုပြေးထွက်လာကာမှ တုတ်နဲ့လာဆွနေသလိုပင် ။
" တိတ်တိတ်လေးနေပေးလို့ရမလား "
အခုချိန်မှာ လွှားအတွက် ဆိတ်ငြိမ်မှုကို လိုအပ်သည်။
.
ဟိုတယ် ပြန်ရောက်တော့ ည ၇ နာရီ ။
အသိစိတ်ပျောက်နေသည့် လူတစ်ဦးပမာဖြစ်နေတဲ့ လွှားကို မြင်တဲ့သူတိုင်းက စိုးရိမ်စွာကြည့်သည်။
အခန်းထဲရောက်သည်နှင့် တင်းထားသမျှ စိတ်တွေ လျှော့ချလိုက်သည်။
" အင့် ဟာ့ အင့် ဟင့် "
ရင်ဘတ်ထဲက စို့နစ်နေတဲ့ အလုံးကြီး ကျသွားလေမလား ဆိုတဲ့ စိတ်နှင့် ရင်ဘတ်ကို ထုကာ ရိုက်နေမိသည်။
" အင့် တောင်း အင့် ပန် ပါသည် ဟာ့ လွှား ဟင့် အစကထဲကသိခဲ့ရင် အင့် ကိုကို့မှာ အင့် ချစ်သူရှိတာသိရဲ့နဲ့ ဟင့် လွှား စိတ်ကို မထိန်း နိုင် ခဲ့ အင့် "
" တောင်း အင့် ပန် ပါတယ် "
ရင်ဘတ်တွေ နာကျင်လာသည့်တိုင် ထုရိုက်တာ မရပ်ဘဲ တောင်းပန်စကား အထပ်ထပ်ပြောကာ ရှိုက်ကြီးတငင်ငိုချနေသော သနားစရာ ကလေးငယ်။
" တီ...တီ...တီ..."
ထမြည်လာသော ဖုန်းကြောင့် လွှား မျက်ရည်တွေ အမြန်သုတ်လိုက်သည်။
မသိစိတ်က ကိုယ့်ကိုနှစ်သိမ့်ဖို့ရာအတွက် တစ်စုံတစ်ဦးကို မျှော်လင့်နေသည်ထင် ။
ဖုန်းကိုကြည့်လိုက်ပြီး ခေါ်သူနာမည်လေးကို မြင်လိုက်ရတော့ ပြုံးလိုက်သည်။ လွှား တစ်ခုခုလိုအပ်နေတာကို သိတာဆိုလို့ သူပဲရှိသည်။
" အဟမ်း အဟမ်း "
အရင်ဆုံး ငိုသံပေါ်လွင် မနေစေရန် လည်ချောင်းရှင်းလိုက်သည်။
" ဟယ်လို ဖေဖေ "
သေချာပေါက် ဖေဖေပေါ့ ။ သူ့ကို ဖုန်းဆက်မယ့်သူက ဖေဖေ ကလွဲ ပြီး ဘယ့သူရှိပါဦးမလဲ။
" လွှား နေကောင်းလား "
" ဟုတ် "
" တကယ်ကောင်းလား အသံက မကြည်ဘူး "
ဖေဖေက လွှား ကိုများ လှမ်းတွေ့နေရလေသလား။ အကြားအမြင်ပညာကိုများ တတ်ထားသလား ။
" ကောင်းပါတယ် ဖေဖေရဲ့ "
" တစ်ခုခုဖြစ်နေတာလား "
ဖေဖေက လွှားကိုများ မြင်နေရလေသလား ဆိုပြီး သံသယပင်ဖြစ်လာသည်။
" ပင်ပန်းနေလို့ "
" ဖေဖေ အိပ်မက်မကောင်းလို့ အိပ်မက်ထဲမှာ လွှား က ငိုနေတယ် "
လွှားက တော်တော်ဆိုးပဲ။ ဖေဖေ့အိပ်မက်ထဲထိ သွားငိုနေရတယ်လို့။
" ဟား ဟား ဖေဖေကလည်း အိပ်မက်ကြီးကို... ဒီမှာ လွှား က ပျော်လို့.. အိမ်တောင်ပြန်မလာချင်သေးဘူး ဟီး "
" အဆင်ပြေရင် ပြီးတာပါပဲ အိမ်ပြန်မလာချင်လို့မရဘူး ဖေကြီးက မျှော်နေတာ တဂျီဂျီ "
လွှား မျက်ရည်တွေးကြားထဲကနေ ပြုံးလိုက်သည်။ ဖေကြီး နဲ့ ဖေဖေ ရှိသေးတာပဲ။ လွှားက အချိန်တန် အိမ်ပြန်ရမယ့်သူဆိုတာ ဘာလို့ ခနခန မေ့သွားရလဲ။
" ဖေကြီးရော "
" အိပ်နေတုန်း ဖေဖေက အိပ်မက်ကြောင့် လန့်နိုးလာတာ လွှား တကယ် အဆင်ပြေရဲ့လား "
လွှား အဆင်ပြေပါတယ်ဆိုတာကို ဖေဖေကို မယုံနိုင်ဘဲ ထပ်ခါထပ်ခါမေးနေသည်။
" ပြေပါတယ်ဆို ဖေဖေကလည်း.. စိတ်မပူနဲ့ "
" လွှား.... အစစအရာရာ ဂရုစိုက်နော် တစ်ခုခုဆို ဖေဖေ့တို့ကို လှမ်းပြောနော် "
ဖေကြီးသာကြားရင် မင်းသားကလေးမဟုတ်တော့ဘူးဆိုပြီး ဘေးကနေ မဲ့ကာရွဲ့ကာ ပြောဦးမှာ ။
" ဖေဖေ "
" ပြော ကလေးလေး "
"......."
" ဖေဖေ့ကလေးလေး ဘာပြောမလို့လဲ ပြောလေ ဖေဖေ နားထောင်နေတယ် "
ဖေကြီး ပြောသလို လွှားက ကလေး မှ မဟုတ်တော့ဘဲ ။ ကြံ့ခိုင်နေပါပြီ ။
" ပြန်အိပ်လိုက်ဦးနော် လွှားကို စိတ်မပူနဲ့ လွှား နေကောင်းတယ် "
" လွှား အဆင်ပြေတယ်ဆို ရပါပြီ "
" ဖေကြီးရော ဖေဖေ့ကိုရော ချစ်တယ် "
" ဖေတို့ကလည်း လွှားကို အရမ်းချစ်တယ် "
ဖေဖေရဲ့ ဖုန်းပြောတာ ပြီးသွားတဲ့နောက်မှာ အလိုက်မသိကျဆင်းနေတဲ့ မျက်ရည်တွေကို သုတ်လိုက်သည်။ မငိုရဘူး ။ လွှား မငိုရဘူး ။ လွှား က ဘာအမှားကြီး လုပ်မိလို့လဲ ။ လွှား ပြန်သွားရင် အားလုံးပြီးသွားပြီ။
ကြမ်းပြင်မှာ ကျနေတဲ့ စာရွက်လေးက တင်းတင်းဆုပ်ကိုင်ခဲ့တာကြောင့် တွန့်ကြေနေလေသည်။
" ဖေဖေ့ကိုတောင် မပြောလိုက်ရဘူး "
Sign ထိုးထားတဲ့ စာရွက်လေးကို ကောက်ကာ အသင့်ပြင်ထားတဲ့ ခရီးဆောင် အိတ်လေးထဲ ထဲ့လိုက်သည်။
" တီ...တီ...တီ "
မြည်လာတဲ့ ဖုန်းကြောင့် ကြည့်လိုက်တော့ မန်နေဂျာ ။ ဖုန်းဆက်ဖို့ သတိရသေးတာပဲ။
" ဟယ်လို "
" လွှား နှုတ်ဆက်ပါတီက မနက်ဖြန် ညနေ၅နာရီ စမယ်နော် "
လွှားတို့ ဇာတ်ကား က နောက်အပတ်မှာ စပြတော့မှာ ဖြစ်သည်။ လွှား တို့ လုပ်ရမယ့် အလုပ်တွေ ပြီးသွားသွားပြီဖြစ်လို့ နှုတ်ဆက်ပါတီ လုပ်ပေးတာ ဖြစ်မည်။
" ဟို လွှား မလာလို့ရမလား "
မနှုတ်ဆက်ချင်ဘူး ။ တွေ့လည်းမတွေ့ရဲဘူး။
" ဘယ်နှယ့်ပြောလိုက်တာလဲ လွှားရယ် အဓိက လူက မသွားလို့ မရဘူးလေ "
ဟုတ်သားပဲ ။ လွှားက ဇာတ်လမ်းတွဲထဲမှာတော့ အဓိကလူပဲ ။ မသွားလို့မဖြစ်တာကြောင့် လွှား ခေါင်းငြိမ့်လ်ိုက်ရသည်။
" ဟုတ် မနက်ဖြန် လွှား ကို လာခေါ်ပေးပါ "
တကယ်ပဲ နှုတ်ဆက်ရတော့မှာပါလား။
.
" ရေဝဝသောက်ပြီးမှ ရေချိုးနော် ဝန်းငယ် "
" ဟုတ် "
" ဟိုကောင်လေးရော အဆင်ပြေရဲ့လားမသိဘူး "
ရုပ်မမြင်ရပေမယ့် ကြားရတဲ့အသံလေးမှာ စိုးရိမ်မှုတွေ ပါနေကြောင်း ဖုန်းထဲကနေ တဆင့် ဝန်း နားလည်သည်။
" လွှားလား "
" အင်း "
" ဘာမပြေစရာရှိလို့လဲ "
ကိုယ်နဲ့တွဲပြီးအလုပ်လုပ်နေတဲ့ ပါတနာနဲ့ ကိုယ်ချစ်သူကို မိတ်ဆက်ပေးလိုက်ခြင်းက ဘာများ မှားယွင်းသွားတာလဲ။
" သူ မင်းကို သဘောကျနေတာထင်တယ် "
အစ်ကို့ ရဲ့ ထင်မြင်ယူဆချက်က မှန်နေမလား။
" မင်း လည်း သိနေတယ်မလား "
အစ်ကိုမေးမြန်းခြင်း သိလိုစိတ်ရှိတဲ့ မေးမြန်းမှုမျိုးမဟုတ် ငါသိပြီးသား ဆိုတဲ့ အဖြေပါတဲ့ မေးခွန်းမျိုး။
" အနေနီးသွားလို့နေမှာ အဆင်ပြေသွားမှာပါ "
အကုန်လုံး အဆင်ပြေသွားမှာပါ ။ အစ်ကိုရော လွှားရော ဝန်းရော ။
" ဘာလို့အဲ့လိုကြီးမိတ်ဆက်ပေးရတာလဲ ! ငါမရှိတဲ့ချိန်မှ သူ့ကိုပြောပြလေ! အခု ငါရှေ့မှာကြီး... ဝန်း က ဆိုးတယ် "
ဇာတ်လမ်းတွဲ ရိုက်နေတဲ့ တောက်လျှောက် စိတ်ဖိစီးမှုတွေ များခဲ့တဲ့ အစ်ကို က ချစ်သူအဖြစ် မိတ်ဆက်ပေးတော့လည်း ဝန်း ကို ဆူပြန်တယ်။
" အစ်ကို့ကြောင့် "
" လွှဲချပြန်ပြီ "
မလွှဲချပါဘူး ။ တကယ် အစ်ကို့ကြောင့်ပဲကို ။
" မနက်ဖြန် နှုတ်ဆက်ပါတီရှိတယ် မနက်ဖြန် ပြီးတာနဲ့ ပြီးပြီ အားလုံးပြီးပြီ "
နောက်ဆုံး တွေ့ဆုံခြင်းပဲ ။ အားလုံး ပြီးဆုံးသွားတော့မယ်။
" ပုံမှန်အတိုင်း နွေးနွေးထွေးထွေး ဆက်ဆံပေးနော် "
အစ်ကို့အပြောကြောင့် ဝန်း မခို့တရို့လေးပြုံးလိုက်သည်။
"ဝန်းကောင်လေးက သဘောထားကြီးနေတယ်ပေါ့ "
" ဘာလဲ ငါက ဘယ်တုန်း အကျင့်ယုတ်နေလို့လဲ "
အသံလေးစူးစူးက ဘွားခနဲ ထွက်လာတာကြောင့် ဝန်း ရယ်လိုက်သည်။
" အမလေး စွာလိုက်တာ "
" ဝန်းငယ်နော် "
" ဗျာ~~~ချစ်လား "
" ဘာမှမဆိုင်ဘူး "
" ချစ်လားလို့ "
ချစ်လားမေးတာကို ချက်ချင်းမဖြေလို့ ဆူဆောင့်နေတဲ့ ဝန်းငယ် ။ မျက်နှာလေး ဆူပုတ်နေမှာ မြင်ယောင်သေး။
" ဝန်းငယ်လေးကို အများကြီး ချစ်တာပေါ့လို့ "
" ဟားဟား "
" မင်္ဂလာဆောင်ရအောင် "
လာပြန်ပြီ။ တစ်လမှာ ၃၂ ရက်လောက်ကို ဒီစကားပြောနေတာ။
" အိပ်ကြစို့ ဘေဘီလေး မနက်ဖြန် ဆိုင်ဖွင့်ရမှာ နည်းနည်း ပင်ပန်းနေလို့ "
" မင်္ဂလာဆောင်ပြီးရင် နေ့တိုင်းနှိပ်ပေးမှာ ညတိုင်း ရင်ခွင်ထဲ့ပြီး သိပ်မှာ ယူကြစို့ "
ချစ်တတ်တဲ့ မြတ်နိုးစရာ ခင်ပွန်းကောင်းလေးပါပေါ့လေ ဟ ဟ ။
" ပေါက်ကရတွေ "
" အတည်ပြောနေတာ "
" စောပါသေးတယ် ကလေးလေးရဲ့ ဖြေးဖြေးပေါ့ "
" အဖိုးကြီး ဖြစ်သွားတော့မှာပဲ "
အမယ် သက်ပြင်းအရှည်ကြီးတွေတောင် ချလို့။
" အဖိုးကြီးဖြစ်သွားလည်း ချစ်မှာပဲ "
" ချစ်တယ် ဟောဒီလောက်ကြီးရဲ့နှစ်ဆ "
ဟောဒီလောက်ကြီးဆိုတာ ဘယ်လောက်ကိုပြောတာပါလိမ့်။
.
" ချိန်း လာပြီ "
ချိန်း ဆိုတဲ့ အသံကြောင့် စုရုံး စုရုံး ဖြစ်သွားကာ အော်ဟစ်ကြသည်။ ဒီနေ့က ဒီအလုပ် နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ဆုံးခြင်းမလား ။ ချိန်း အားလုံးကို နှုတ်ဆက်လိုက်ပြီး နောက်ဆုံး ချောင်ကျကျနေရာလေးမှာ ကုပ်ကုပ်လေး ထိုင်နေတဲ့ အဓိက ဇာတ်ဆောင်လေးကို တွေ့လိုက်ရသည်။
" လွှား ရောက်နေပြီလား "
" ဟုတ် "
ကိုယ်က နှုတ်ဆက်သည့်တိုင် ကိုယ့်ကို တစ်ချက်မှ လှည့်မကြည့် ခေါင်းလေးငုံ့ကာ အသံတိုးတိုးလေးနဲ့ ဖြေလာသည်။
" ဟောဗျာ ... ဘာလဲ အခုထဲက ကိုယ့်ကို မမြင်ချင်တော့တာလား "
ခေါင်းဖော်မလာတဲ့ လွှားပေါက်ကို စချင်လာတာကြောင့် ရွှတ်နောက်နောက်ပြောတော့ မျက်နှာလေး မော့လာသည်။
" လွှား တောင်းပန်ပါတယ် "
ထပ်ပြီး ခေါင်းငုံ့သွားတဲ့ ကောင်လေး။
" ဟင် ဘာကိုတုန်း လွှားရဲ့ "
" အကုန်လုံးကို လွှားတောင်းပန်ပါတယ် ကိုကို့ချစ်သူကိုရော "
အစ်ကို့ကို နာမည်မသုံးဘဲ ကိုကို့ချစ်သူဆိုပြီး သုံးနှုန်းလာတဲ့ ကောင်လေး ။ သူ့မှာ အပြစ်ရှိနေသလို ပြောနေသည်။
" ဘာတွေတောင်းပန်စရာလိုနေလို့လဲ လွှား ရဲ့ ကိုယ်တို့က လွှားကို ခင်ပြီးသား ကိုယ့်ကောင်လေးကလည်း လွှားကို ခင်တာမလို့ ဘာမှ စိတ်ထဲမထားနဲ့ "
ကိုယ့်ကောင်လေး ဆိုတဲ့ အသုံးအနှုန်းလေးကို လွှား သဘောကျသည်။ ကိုယ့်အတွက်မဟုတ်ပေမယ့်လည်း သဘောကျမိသည်။
" ဟို လွှား က မနက်ဖြန် ပြန်မှာမလို့ ကိုကို့ချစ်သူဆီ မသွားနိုင်တော့လို့ "
" လွှား က မနက်ဖြန် ပြန်တော့မှာလား "
" ဟုတ် ဖေဖေတို့က လွမ်းနေပြီမလို့ "
အင်းပေါ့ ။ မိသားစုတွေ တကွဲတပြား ဖြစ်နေတော့ လွမ်းနေရှာပြီပေါ့လေ ။ အဟင်း။
" သတိရနေတော့မှာပဲ အဆက်အသွယ်လုပ်ဦးနော် "
" တကယ် သတိရနေမှာလား ကိုကို ... အဆက်အသွယ်တော့ မလုပ်ဖြစ်လောက်တော့ပါဘူး .. လွှား ကို မမေ့ပါနဲ့ "
စိတ်ထဲက ပြောနေမိတဲ့ စကားလုံးတွေအပြင်ဘက်မှာတော့ လွှား ရဲ့ တုန့်ပြန်မှုက ခေါင်းတစ်ချက်ငြိမ့်ပြခြင်းသာ။
" ချိန်း "
" အမှတ်တရလေးတွေ လာပြောပေးဦး "
နှုတ်ဆက်ပါတီ ဖြစ်တာကြောင့် အလုပ်လုပ်ခဲ့တဲ့ ကာလတလျှောက် ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်စဥ်းစားပြီး လွမ်းကျပြန်သည်။
အားလုံးရှေ့ကို ထွက်လိုက်တော့ ကင်မရာတွေက ချိန်းဆီ လှည့်လာသည်။ ဒီပါတီရဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေကို ချပြမှာ ဖြစ်တာကြောင့် မှတ်တမ်းတင်နေခြင်း ဖြစ်သည်။
ချိန်း ပြောတာကို နားထောင်ချင်ကြတာကြောင့် အားလုံးကို ငြိမ်သက်ကာ နားထောင်နေကြသည်။ မီးတွေက ချိန်းကို ပေါ်လွင်စေရန် ထိုးထားကြသည်။ ချိန်း ရဲ့ ဦးခေါင်းထက်က မီးဆိုင်းကြီးက ထည်ဝါစွာ တလက်လက်နဲ့ တောက်ပနေသည်။ ဒါတင်မက လှုပ်လီလှုပ်လဲ့။
.
" Close "
ဆိုင်လေးကိုပိတ်ရင်း ညနေခင်းရဲ့သန့်ရှင်းလတ်ဆတ်တဲ့လေကောင်းလေသန့်ကို တစ်ဝကြီးရှုရှိုက်လိုက်သည် ။
အိတ်ကပ်လေးထဲက ဖုန်းကိုဖွင့်တော့ screen ပေါ်မှာ ပေါ်လာတဲ့ ရန်းတို့နှစ်ယောက် ပုံလေးကို ကြည်ကြည်နူးနူးကြည့်ပြီး ပင်ပန်းခဲ့တဲ့ တနေ့တာအတွက် အားဖြည့်ယူလိုက်သည်။
ဆိုင်ပိတ်လိုက်ပေမယ့် ရန်း အလုပ်က မပြီးသေးပေ။ Apron ကို ဝတ်ဆင်လိုက်ပြီး အပင်လေးတွေကို ဆေးထည့်ဖို့အတွက် လက်အိတ်စွပ်လိုက်သည်။
" ပိုးသတ်ဆေးကို ဘယ်တုန်းက အဲ့အပေါ်သွားတင်ထားလိုက်တာလဲ "
ဆေးတွေထားတဲ့ စင် ရဲ့ အမြင့်ဆုံး အထပ်မှာ ရှိနေတဲ့ ပိုးသတ်ဆေးဘူးကို ယူဖို့ရန်အတွက် သုံးနေကျထောက်လှေကားထောင်လိုက်သည်။
" ကျွီ "
ရန်း တစ်ဆင့်တိုင်း လှေကားဆီက တကျွီကျွီ အသံက ထွက်လာသည်။ ပိုးသတ်ဆေး ဘူး ကို လှမ်းယူလိုက်စဥ်
" ဝုန်းးးးး ဒုန်းးးး အားးးး "
.
/
(Zawgyi)
ဝန္း အျပင္ထြက္လာေတာ့ ကားပါကင္မွာ ကိုေနဦး နဲ႕ လႊားရဲ႕မန္ေနဂ်ာ နဲ႕ စကားေျပာေနၾကသည္။
" လႊား ေရာ "
ျမင္ကြင္းထဲမွာ မေတြ႕တဲ့ ကေလးေပါက္ကို ရွာၾကည့္ေတာ့ မန္ေနဂ်ာဆိုသူက အေျဖေပးလာသည္။
" ဟို ျပန္သြားၿပီဗ် "
မန္ေနဂ်ာကို ခ်န္ခဲ့ၿပီး တစ္ေယာက္ထဲ ျပန္သြားတာလား။ ကားေမာင္းလိုင္စင္ရွိလို႔လား။ မဟုတ္ေသးပါဘူး ကားလည္းဒီမွာ ရွိေနပါတယ္။
" ဘယ္လိုျပန္တာလဲ ဒါ လႊား သုံးတဲ့ ကား မဟုတ္ဘူးလား "
" တစ္ေယာက္ထဲျပန္ခ်င္လို႔ ဆိုၿပီး တကၠစီ စီးၿပီးျပန္သြားတာ "
တစ္ေယာက္ထဲ တကၠစီနဲ႕ ျပန္သြားတယ္ ဆိုတာ ၾကားလိုက္ရေတာ့ ဝန္း ရင္ ထဲ ထိတ္ ခနဲ။
" ခင္ဗ်ားကေရာ "
လႊား ရဲ႕ အစစအရာရာကို တာဝန္ယူေပးရမယ့္ သူက လႊားေနာက္မလိုက္သြားဘဲ အလာပသလာပ ေျပာေနတာေၾကာင့္ မ်က္ခုံးပင့္ကာ ေမးလိုက္သည္။ ကေလးတစ္ေယာက္ထဲ တကၠစီ စီးၿပီး ျပန္သြားတာကို ေအးေဆးေနနိုင္ေနတာက ဝန္း အတြက္ ကန့္လန့္ဆန္ေနသည္။
"ဗ်ာ ကြၽန္ေတာ္ေတာင္ ဘာမွ မေျပာလိုက္ရဘူး ဘာျဖစ္လဲ မသိဘူး မ်က္ႏွာက တစ္မ်ိဳးပဲ "
ဝန္း ၈၈ ႀကိမ္ေျမာက္ သက္ျပင္းခ်မိျပန္သည္။ ဒီတစ္ႀကိမ္က လႊား ေၾကာင့္ မဟုတ္ဘူး လႊား အတြက္ ဆို ပိုမွန္မလား ။
ဘယ္လိုစိတ္နဲ႕မ်ား တကၠစီ စီးျပန္သြားတယ္ ။ တစ္ခါမွ စီးဖူးတာလည္း မဟုတ္ဘူး ။တကၠစီသမားေတြ ညာစားသြားရင္ ဒုကၡ။ သူေနတဲ့ေနရာကို ေတာ့ ေျပာျပတတ္ပါ့မလား ။
" အဟား "
တမင္ စဥ္းစားတာမဟုတ္ဘဲ ဝင္လာတဲ့ အေတြးေပါင္းစုံေၾကာင့္ ဝန္း ေခါင္းကို ခါရမ္းလိုက္ၿပီး ခပ္ဟဟ ရယ္လိုက္သည္။
သူ လႊားကို စိုးရိမ္ေနတာလား ။ လႊားကို ကေလးတစ္ေယာက္လို ျမင္ၿပီး စိုးရိမ္မိသြားတာ ေနမည္ ။
လႊားက ကေလးမွ မဟုတ္ဘဲ ။ အဆင္ေျပမွာပါ။
.
ကိုေရွးဆက္ရန္းက ကိုကို႔ေကာင္ေလး လို႔ အသိေပးခံလိုက္ရတဲ့အခ်ိန္မွာ အံ့အားသင့္မႈ ေတြနဲ႕ လႊား တစ္ကိုယ္လုံးထူပူေနခဲ့သည္။ ၿပီးေတာ့ လႊား ရွက္သည္။
ကိုကိုခ်စ္သူေရွ႕မွာ ကိုကို႔အေပၚျပဳမူခဲ့တဲ့ လႊား အျပဳအမူေတြက ရွက္ဖို႔သိပ္ေကာင္းသည္ ။ ကိုေရွးဆက္ရန္းသာ ကိုကို႔ခ်စ္သူမွန္း သိခဲ့ရင္ လႊား ဆင္ျခင္ခဲ့မွာ အမွန္ပင္ ။ ကိုေရွးဆက္ရန္း ရဲ႕ အျမင္မွာ လႊား က စည္းမရွိတဲ့သူလို႔ထင္သြားမလား။ လႊား သိပ္ရွက္သည္။ ကိုကို႔ခ်စ္သူ မ်က္ႏွာကို ေစ့ေစ့ၾကည့္ဖို႔ လႊားေၾကာက္သည္။ ကိုကို႔ခ်စ္သူကို လႊား မၾကည့္ရဲဘူး ။ ရင္မဆိုင္ရဲဘူး ။ ကိုကို႔ကိုေရာပဲ ။
" ဘယ္ပို႔ေပးရမလဲ ငါ့ညီ "
ကားဆရာရဲ႕အသံကို လႊားၾကားေနရေပမယ့္ လႊား အာ႐ုံေတြကို စုစည္းလို႔ မရ။
" ညီေလး! ဘယ္ပို႔ရမလဲ "
" ဟင္ .. ရန္ ... ကုန္ "
" ငါ့ညီရယ္ မေနာက္ပါနဲ႕ "
လႊား ကားအျပင္ဘက္ကို ၾကည့္လိုက္ေတာ့ ရႈပ္ယွက္ခတ္ေနတဲ့ ဓာတ္ႀကိဳးေတြေပၚမွာ ငွက္ေလးေတြ အမ်ားႀကီး နားေနၾကသည္။ တစ္ခ်ိဳ႕ငွက္ေလးေတြက အေတာင္ျဖန့္ၿပီး အထက္ကို ပ်ံတက္သြားၿပီး ေကာင္းကင္ယံထဲမွာ ကြယ္ေပ်ာက္သြားသည္။
လႊားလည္း ပ်ံသန္းခ်င္လိုက္တာ။ ေပ်ာက္ကြယ္သြားခ်င္သည္။
" ငါ့ညီ အကိုလည္း အခုမွ စဆြဲရတာ အခ်ိန္က သိပ္မက်န္ေတာ့ သြားစရာမရွိရင္လည္း ဆင္းေပးပါလား "
" ၿမိဳ႕... ၿမိဳ႕ပတ္ေပးပါ က်သေလာက္
ရွင္းပါ့မယ္ "
ကိုကိုရဲ႕ေမြးဖြား ရန္ကုန္ၿမိဳ႕ေလးကို လိုက္ၾကည့္ၿပီး မြန္းၾကပ္မႈေတြ ပေပ်ာက္သြားရင္ ေကာင္းမယ္ ။ ကိုကို နဲ႕ ေတြ႕ဆုံခြင့္ရခဲ့တဲ့ ဒီနိုင္ငံ ဒီၿမိဳ႕ ကို လႊား တသက္လုံး အမွတ္ရေနမယ္ ။ ေဖႀကီးစိတ္ကို လႊား နားလည္ေနၿပီထင္တယ္ ။ လႊားလည္း ေဖေဖ့လို ဒီနိုင္ငံကို သိပ္ခ်စ္ေပမယ့္ ေဖႀကီးလို ဒီနိုင္ငံကို ေနာက္တစ္ေခါက္ ထပ္မလာခ်င္ေတာ့ဘူး ထင္ပါရဲ႕။
" ငါ့ညီက သစ္ခက္လႊားဆိုတဲ့ မင္းသားမလား ဟုတ္တယ္မလား "
လႊားကိုသိေနတဲ့ ကားဆရာဦးေလးေၾကာင့္ လႊား ၿပဳံးကာ ေခါင္းၿငိမ့္ျပလိုက္သည္။
" ဒါေၾကာင့္ ျမင္ဖူးေနတာ အကို႔မိန္းမက ငါ့ညီတို႔ ဇာတ္ကားကိုကြာ ေမွ်ာ္ေနတာေဟး တအားအား နဲ႕ ဟားဟား "
တဟားဟား နဲ႕ ေျပာေနတဲ့ ကားဆရာဟာ လႊားတို႔ဇာတ္ကားကို စိတ္ဝင္စားတာထက္ သူ႕အမ်ိဳးသမီးကို သေဘာက်ေနတာပဲ။
" ငါ့ညီက ႀကိဳက္လည္းႀကိဳက္ခ်င္စရာပဲ ေခ်ာတယ္ကြ ခ်ိန္း နဲ႕ အတူ သ႐ုပ္ေဆာင္ရတာမလား "
ကိုကို႔နာမည္ပါလာတာနဲ႕ ရင္ဘတ္ထဲက ဆစ္ခနဲ ။ အခုခ်ိန္မွာ ကိုကိုနဲ႕ပတ္သက္ၿပီး ဘာကိုမွ မၾကားဝံ့ဘူး ။ လႊား ရည္႐ြယ္ခ်က္မရွိ ကားအျပင္ဘက္ကိုသာ ေငးေနမိသည္။
" ငါ့ညီတို႔ေခတ္ကလည္း အဆန္းေတြပဲကြ..... ဒါေပမယ့္ လ်ိဳက်ဖက်ပါတယ်..... အစ္ကို႔မိန္းမဆို ခ်ိန္းလႊား ခ်ိန္းလႊားနဲ႕ကို ေနတာပဲ "
" Please! "
လႊား ရဲ႕ ေအာ္သံက တကားလုံးဟိန္းထြက္သြားသလို ကားဆရာ၏ပါးစပ္သည္လည္း ဟ လ်က္သား ။ အေဝးကိုေျပးထြက္လာကာမွ တုတ္နဲ႕လာဆြေနသလိုပင္ ။
" တိတ္တိတ္ေလးေနေပးလို႔ရမလား "
အခုခ်ိန္မွာ လႊားအတြက္ ဆိတ္ၿငိမ္မႈကို လိုအပ္သည္။
.
ဟိုတယ္ ျပန္ေရာက္ေတာ့ ည ၇ နာရီ ။
အသိစိတ္ေပ်ာက္ေနသည့္ လူတစ္ဦးပမာျဖစ္ေနတဲ့ လႊားကို ျမင္တဲ့သူတိုင္းက စိုးရိမ္စြာၾကည့္သည္။
အခန္းထဲေရာက္သည္ႏွင့္ တင္းထားသမွ် စိတ္ေတြ ေလွ်ာ့ခ်လိဳက္သည္။
" အင့္ ဟာ့ အင့္ ဟင့္ "
ရင္ဘတ္ထဲက စို႔နစ္ေနတဲ့ အလုံးႀကီး က်သြားေလမလား ဆိုတဲ့ စိတ္ႏွင့္ ရင္ဘတ္ကို ထုကာ ရိုက္ေနမိသည္။
" အင့္ ေတာင္း အင့္ ပန္ ပါသည္ ဟာ့ လႊား ဟင့္ အစကထဲကသိခဲ့ရင္ အင့္ ကိုကို႔မွာ အင့္ ခ်စ္သူရွိတာသိရဲ႕နဲ႕ ဟင့္ လႊား စိတ္ကို မထိန္း နိုင္ ခဲ့ အင့္ "
" ေတာင္း အင့္ ပန္ ပါတယ္ "
ရင္ဘတ္ေတြ နာက်င္လာသည့္တိုင္ ထုရိုက္တာ မရပ္ဘဲ ေတာင္းပန္စကား အထပ္ထပ္ေျပာကာ ရွိုက္ႀကီးတငင္ငိုခ်ေနေသာ သနားစရာ ကေလးငယ္။
" တီ...တီ...တီ..."
ထျမည္လာေသာ ဖုန္းေၾကာင့္ လႊား မ်က္ရည္ေတြ အျမန္သုတ္လိုက္သည္။
မသိစိတ္က ကိုယ့္ကိုႏွစ္သိမ့္ဖို႔ရာအတြက္ တစ္စုံတစ္ဦးကို ေမွ်ာ္လင့္ေနသည္ထင္ ။
ဖုန္းကိုၾကည့္လိုက္ၿပီး ေခၚသူနာမည္ေလးကို ျမင္လိုက္ရေတာ့ ၿပဳံးလိုက္သည္။ လႊား တစ္ခုခုလိုအပ္ေနတာကို သိတာဆိုလို႔ သူပဲရွိသည္။
" အဟမ္း အဟမ္း "
အရင္ဆုံး ငိုသံေပၚလြင္ မေနေစရန္ လည္ေခ်ာင္းရွင္းလိုက္သည္။
" ဟယ္လို ေဖေဖ "
ေသခ်ာေပါက္ ေဖေဖေပါ့ ။ သူ႕ကို ဖုန္းဆက္မယ့္သူက ေဖေဖ ကလြဲ ၿပီး ဘယ့သူရွိပါဦးမလဲ။
" လႊား ေနေကာင္းလား "
" ဟုတ္ "
" တကယ္ေကာင္းလား အသံက မၾကည္ဘူး "
ေဖေဖက လႊား ကိုမ်ား လွမ္းေတြ႕ေနရေလသလား။ အၾကားအျမင္ပညာကိုမ်ား တတ္ထားသလား ။
" ေကာင္းပါတယ္ ေဖေဖရဲ႕ "
" တစ္ခုခုျဖစ္ေနတာလား "
ေဖေဖက လႊားကိုမ်ား ျမင္ေနရေလသလား ဆိုၿပီး သံသယပင္ျဖစ္လာသည္။
" ပင္ပန္းေနလို႔ "
" ေဖေဖ အိပ္မက္မေကာင္းလို႔ အိပ္မက္ထဲမွာ လႊား က ငိုေနတယ္ "
လႊားက ေတာ္ေတာ္ဆိုးပဲ။ ေဖေဖ့အိပ္မက္ထဲထိ သြားငိုေနရတယ္လို႔။
" ဟား ဟား ေဖေဖကလည္း အိပ္မက္ႀကီးကို... ဒီမွာ လႊား က ေပ်ာ္လို႔.. အိမ္ေတာင္ျပန္မလာခ်င္ေသးဘူး ဟီး "
" အဆင္ေျပရင္ ၿပီးတာပါပဲ အိမ္ျပန္မလာခ်င္လို႔မရဘူး ေဖႀကီးက ေမွ်ာ္ေနတာ တဂ်ီဂ်ီ "
လႊား မ်က္ရည္ေတြးၾကားထဲကေန ၿပဳံးလိုက္သည္။ ေဖႀကီး နဲ႕ ေဖေဖ ရွိေသးတာပဲ။ လႊားက အခ်ိန္တန္ အိမ္ျပန္ရမယ့္သူဆိုတာ ဘာလို႔ ခနခန ေမ့သြားရလဲ။
" ေဖႀကီးေရာ "
" အိပ္ေနတုန္း ေဖေဖက အိပ္မက္ေၾကာင့္ လန့္နိုးလာတာ လႊား တကယ္ အဆင္ေျပရဲ႕လား "
လႊား အဆင္ေျပပါတယ္ဆိုတာကို ေဖေဖကို မယုံနိုင္ဘဲ ထပ္ခါထပ္ခါေမးေနသည္။
" ေျပပါတယ္ဆို ေဖေဖကလည္း.. စိတ္မပူနဲ႕ "
" လႊား.... အစစအရာရာ ဂ႐ုစိုက္ေနာ္ တစ္ခုခုဆို ေဖေဖ့တို႔ကို လွမ္းေျပာေနာ္ "
ေဖႀကီးသာၾကားရင္ မင္းသားကေလးမဟုတ္ေတာ့ဘူးဆိုၿပီး ေဘးကေန မဲ့ကာ႐ြဲ႕ကာ ေျပာဦးမွာ ။
" ေဖေဖ "
" ေျပာ ကေလးေလး "
"......."
" ေဖေဖ့ကေလးေလး ဘာေျပာမလို႔လဲ ေျပာေလ ေဖေဖ နားေထာင္ေနတယ္ "
ေဖႀကီး ေျပာသလို လႊားက ကေလး မွ မဟုတ္ေတာ့ဘဲ ။ ႀကံ့ခိုင္ေနပါၿပီ ။
" ျပန္အိပ္လိုက္ဦးေနာ္ လႊားကို စိတ္မပူနဲ႕ လႊား ေနေကာင္းတယ္ "
" လႊား အဆင္ေျပတယ္ဆို ရပါၿပီ "
" ေဖႀကီးေရာ ေဖေဖ့ကိုေရာ ခ်စ္တယ္ "
" ေဖတို႔ကလည္း လႊားကို အရမ္းခ်စ္တယ္ "
ေဖေဖရဲ႕ ဖုန္းေျပာတာ ၿပီးသြားတဲ့ေနာက္မွာ အလိုက္မသိက်ဆင္းေနတဲ့ မ်က္ရည္ေတြကို သုတ္လိုက္သည္။ မငိုရဘူး ။ လႊား မငိုရဘူး ။ လႊား က ဘာအမွားႀကီး လုပ္မိလို႔လဲ ။ လႊား ျပန္သြားရင္ အားလုံးၿပီးသြားၿပီ။
ၾကမ္းျပင္မွာ က်ေနတဲ့ စာ႐ြက္ေလးက တင္းတင္းဆုပ္ကိုင္ခဲ့တာေၾကာင့္ တြန့္ေၾကေနေလသည္။
" ေဖေဖ့ကိုေတာင္ မေျပာလိုက္ရဘူး "
Sign ထိုးထားတဲ့ စာ႐ြက္ေလးကို ေကာက္ကာ အသင့္ျပင္ထားတဲ့ ခရီးေဆာင္ အိတ္ေလးထဲ ထဲ့လိုက္သည္။
" တီ...တီ...တီ "
ျမည္လာတဲ့ ဖုန္းေၾကာင့္ ၾကည့္လိုက္ေတာ့ မန္ေနဂ်ာ ။ ဖုန္းဆက္ဖို႔ သတိရေသးတာပဲ။
" ဟယ္လို "
" လႊား ႏႈတ္ဆက္ပါတီက မနက္ျဖန္ ညေန၅နာရီ စမယ္ေနာ္ "
လႊားတို႔ ဇာတ္ကား က ေနာက္အပတ္မွာ စျပေတာ့မွာ ျဖစ္သည္။ လႊား တို႔ လုပ္ရမယ့္ အလုပ္ေတြ ၿပီးသြားသြားၿပီျဖစ္လို႔ ႏႈတ္ဆက္ပါတီ လုပ္ေပးတာ ျဖစ္မည္။
" ဟို လႊား မလာလို႔ရမလား "
မႏႈတ္ဆက္ခ်င္ဘူး ။ ေတြ႕လည္းမေတြ႕ရဲဘူး။
" ဘယ္ႏွယ့္ေျပာလိုက္တာလဲ လႊားရယ္ အဓိက လူက မသြားလို႔ မရဘူးေလ "
ဟုတ္သားပဲ ။ လႊားက ဇာတ္လမ္းတြဲထဲမွာေတာ့ အဓိကလူပဲ ။ မသြားလို႔မျဖစ္တာေၾကာင့္ လႊား ေခါင်းငြိမ့်လ်ိဳက်ရသည်။
" ဟုတ္ မနက္ျဖန္ လႊား ကို လာေခၚေပးပါ "
တကယ္ပဲ ႏႈတ္ဆက္ရေတာ့မွာပါလား။
.
" ေရဝဝေသာက္ၿပီးမွ ေရခ်ိဳးေနာ္ ဝန္းငယ္ "
" ဟုတ္ "
" ဟိုေကာင္ေလးေရာ အဆင္ေျပရဲ႕လားမသိဘူး "
႐ုပ္မျမင္ရေပမယ့္ ၾကားရတဲ့အသံေလးမွာ စိုးရိမ္မႈေတြ ပါေနေၾကာင္း ဖုန္းထဲကေန တဆင့္ ဝန္း နားလည္သည္။
" လႊားလား "
" အင္း "
" ဘာမေျပစရာရွိလို႔လဲ "
ကိုယ္နဲ႕တြဲၿပီးအလုပ္လုပ္ေနတဲ့ ပါတနာနဲ႕ ကိုယ္ခ်စ္သူကို မိတ္ဆက္ေပးလိုက္ျခင္းက ဘာမ်ား မွားယြင္းသြားတာလဲ။
" သူ မင္းကို သေဘာက်ေနတာထင္တယ္ "
အစ္ကို႔ ရဲ႕ ထင္ျမင္ယူဆခ်က္က မွန္ေနမလား။
" မင္း လည္း သိေနတယ္မလား "
အစ္ကိုေမးျမန္းျခင္း သိလိုစိတ္ရွိတဲ့ ေမးျမန္းမႈမ်ိဳးမဟုတ္ ငါသိၿပီးသား ဆိုတဲ့ အေျဖပါတဲ့ ေမးခြန္းမ်ိဳး။
" အေနနီးသြားလို႔ေနမွာ အဆင္ေျပသြားမွာပါ "
အကုန္လုံး အဆင္ေျပသြားမွာပါ ။ အစ္ကိုေရာ လႊားေရာ ဝန္းေရာ ။
" ဘာလို႔အဲ့လိုႀကီးမိတ္ဆက္ေပးရတာလဲ ! ငါမရွိတဲ့ခ်ိန္မွ သူ႕ကိုေျပာျပေလ! အခု ငါေရွ႕မွာႀကီး... ဝန္း က ဆိုးတယ္ "
ဇာတ္လမ္းတြဲ ရိုက္ေနတဲ့ ေတာက္ေလွ်ာက္ စိတ္ဖိစီးမႈေတြ မ်ားခဲ့တဲ့ အစ္ကို က ခ်စ္သူအျဖစ္ မိတ္ဆက္ေပးေတာ့လည္း ဝန္း ကို ဆူျပန္တယ္။
" အစ္ကို႔ေၾကာင့္ "
" လႊဲခ်ျပန္ၿပီ "
မလႊဲခ်ပါဘူး ။ တကယ္ အစ္ကို႔ေၾကာင့္ပဲကို ။
" မနက္ျဖန္ ႏႈတ္ဆက္ပါတီရွိတယ္ မနက္ျဖန္ ၿပီးတာနဲ႕ ၿပီးၿပီ အားလုံးၿပီးၿပီ "
ေနာက္ဆုံး ေတြ႕ဆုံျခင္းပဲ ။ အားလုံး ၿပီးဆုံးသြားေတာ့မယ္။
" ပုံမွန္အတိုင္း ႏြေးႏြေးေထြးေထြး ဆက္ဆံေပးေနာ္ "
အစ္ကို႔အေျပာေၾကာင့္ ဝန္း မခို႔တရို႔ေလးၿပဳံးလိုက္သည္။
"ဝန္းေကာင္ေလးက သေဘာထားႀကီးေနတယ္ေပါ့ "
" ဘာလဲ ငါက ဘယ္တုန္း အက်င့္ယုတ္ေနလို႔လဲ "
အသံေလးစူးစူးက ဘြားခနဲ ထြက္လာတာေၾကာင့္ ဝန္း ရယ္လိုက္သည္။
" အမေလး စြာလိုက္တာ "
" ဝန္းငယ္ေနာ္ "
" ဗ်ာ~~~ခ်စ္လား "
" ဘာမွမဆိုင္ဘူး "
" ခ်စ္လားလို႔ "
ခ်စ္လားေမးတာကို ခ်က္ခ်င္းမေျဖလို႔ ဆူေဆာင့္ေနတဲ့ ဝန္းငယ္ ။ မ်က္ႏွာေလး ဆူပုတ္ေနမွာ ျမင္ေယာင္ေသး။
" ဝန္းငယ္ေလးကို အမ်ားႀကီး ခ်စ္တာေပါ့လို႔ "
" ဟားဟား "
" မဂၤလာေဆာင္ရေအာင္ "
လာျပန္ၿပီ။ တစ္လမွာ ၃၂ ရက္ေလာက္ကို ဒီစကားေျပာေနတာ။
" အိပ္ၾကစို႔ ေဘဘီေလး မနက္ျဖန္ ဆိုင္ဖြင့္ရမွာ နည္းနည္း ပင္ပန္းေနလို႔ "
" မဂၤလာေဆာင္ၿပီးရင္ ေန႕တိုင္းႏွိပ္ေပးမွာ ညတိုင္း ရင္ခြင္ထဲ့ၿပီး သိပ္မွာ ယူၾကစို႔ "
ခ်စ္တတ္တဲ့ ျမတ္နိုးစရာ ခင္ပြန္းေကာင္းေလးပါေပါ့ေလ ဟ ဟ ။
" ေပါက္ကရေတြ "
" အတည္ေျပာေနတာ "
" ေစာပါေသးတယ္ ကေလးေလးရဲ႕ ေျဖးေျဖးေပါ့ "
" အဖိုးႀကီး ျဖစ္သြားေတာ့မွာပဲ "
အမယ္ သက္ျပင္းအရွည္ႀကီးေတြေတာင္ ခ်လိဳ႕။
" အဖိုးႀကီးျဖစ္သြားလည္း ခ်စ္မွာပဲ "
" ခ်စ္တယ္ ေဟာဒီေလာက္ႀကီးရဲ႕ႏွစ္ဆ "
ေဟာဒီေလာက္ႀကီးဆိုတာ ဘယ္ေလာက္ကိုေျပာတာပါလိမ့္။
.
" ခ်ိန္း လာၿပီ "
ခ်ိန္း ဆိုတဲ့ အသံေၾကာင့္ စု႐ုံး စု႐ုံး ျဖစ္သြားကာ ေအာ္ဟစ္ၾကသည္။ ဒီေန႕က ဒီအလုပ္ နဲ႕ ပတ္သက္ၿပီး ေနာက္ဆုံးေတြ႕ဆုံးျခင္းမလား ။ ခ်ိန္း အားလုံးကို ႏႈတ္ဆက္လိုက္ၿပီး ေနာက္ဆုံး ေခ်ာင္က်က်ေနရာေလးမွာ ကုပ္ကုပ္ေလး ထိုင္ေနတဲ့ အဓိက ဇာတ္ေဆာင္ေလးကို ေတြ႕လိုက္ရသည္။
" လႊား ေရာက္ေနၿပီလား "
" ဟုတ္ "
ကိုယ္က ႏႈတ္ဆက္သည့္တိုင္ ကိုယ့္ကို တစ္ခ်က္မွ လွည့္မၾကည့္ ေခါင္းေလးငုံ႕ကာ အသံတိုးတိုးေလးနဲ႕ ေျဖလာသည္။
" ေဟာဗ်ာ ... ဘာလဲ အခုထဲက ကိုယ့္ကို မျမင္ခ်င္ေတာ့တာလား "
ေခါင္းေဖာ္မလာတဲ့ လႊားေပါက္ကို စခ်င္လာတာေၾကာင့္ ႐ႊတ္ေနာက္ေနာက္ေျပာေတာ့ မ်က္ႏွာေလး ေမာ့လာသည္။
" လႊား ေတာင္းပန္ပါတယ္ "
ထပ္ၿပီး ေခါင္းငုံ႕သြားတဲ့ ေကာင္ေလး။
" ဟင္ ဘာကိုတုန္း လႊားရဲ႕ "
" အကုန္လုံးကို လႊားေတာင္းပန္ပါတယ္ ကိုကို႔ခ်စ္သူကိုေရာ "
အစ္ကို႔ကို နာမည္မသုံးဘဲ ကိုကို႔ခ်စ္သူဆိုၿပီး သုံးႏႈန္းလာတဲ့ ေကာင္ေလး ။ သူ႕မွာ အျပစ္ရွိေနသလို ေျပာေနသည္။
" ဘာေတြေတာင္းပန္စရာလိုေနလို႔လဲ လႊား ရဲ႕ ကိုယ္တို႔က လႊားကို ခင္ၿပီးသား ကိုယ့္ေကာင္ေလးကလည္း လႊားကို ခင္တာမလို႔ ဘာမွ စိတ္ထဲမထားနဲ႕ "
ကိုယ့္ေကာင္ေလး ဆိုတဲ့ အသုံးအႏႈန္းေလးကို လႊား သေဘာက်သည္။ ကိုယ့္အတြက္မဟုတ္ေပမယ့္လည္း သေဘာက်မိသည္။
" ဟို လႊား က မနက္ျဖန္ ျပန္မွာမလို႔ ကိုကို႔ခ်စ္သူဆီ မသြားနိုင္ေတာ့လို႔ "
" လႊား က မနက္ျဖန္ ျပန္ေတာ့မွာလား "
" ဟုတ္ ေဖေဖတို႔က လြမ္းေနၿပီမလို႔ "
အင္းေပါ့ ။ မိသားစုေတြ တကြဲတျပား ျဖစ္ေနေတာ့ လြမ္းေနရွာၿပီေပါ့ေလ ။ အဟင္း။
" သတိရေနေတာ့မွာပဲ အဆက္အသြယ္လုပ္ဦးေနာ္ "
" တကယ္ သတိရေနမွာလား ကိုကို ... အဆက္အသြယ္ေတာ့ မလုပ္ျဖစ္ေလာက္ေတာ့ပါဘူး .. လႊား ကို မေမ့ပါနဲ႕ "
စိတ္ထဲက ေျပာေနမိတဲ့ စကားလုံးေတြအျပင္ဘက္မွာေတာ့ လႊား ရဲ႕ တုန့္ျပန္မႈက ေခါင္းတစ္ခ်က္ၿငိမ့္ျပျခင္းသာ။
" ခ်ိန္း "
" အမွတ္တရေလးေတြ လာေျပာေပးဦး "
ႏႈတ္ဆက္ပါတီ ျဖစ္တာေၾကာင့္ အလုပ္လုပ္ခဲ့တဲ့ ကာလတေလွ်ာက္ ျဖတ္သန္းခဲ့တဲ့ အခ်ိန္ေတြကို ျပန္စဥ္းစားၿပီး လြမ္းက်ျပန္သည္။
အားလုံးေရွ႕ကို ထြက္လိုက္ေတာ့ ကင္မရာေတြက ခ်ိန္းဆီ လွည့္လာသည္။ ဒီပါတီရဲ႕ပုံရိပ္ေတြကိုလည္း ပရိသတ္ေတြကို ခ်ျပမွာ ျဖစ္တာေၾကာင့္ မွတ္တမ္းတင္ေနျခင္း ျဖစ္သည္။
ခ်ိန္း ေျပာတာကို နားေထာင္ခ်င္ၾကတာေၾကာင့္ အားလုံးကို ၿငိမ္သက္ကာ နားေထာင္ေနၾကသည္။ မီးေတြက ခ်ိန္းကို ေပၚလြင္ေစရန္ ထိုးထားၾကသည္။ ခ်ိန္း ရဲ႕ ဦးေခါင္းထက္က မီးဆိုင္းႀကီးက ထည္ဝါစြာ တလက္လက္နဲ႕ ေတာက္ပေနသည္။ ဒါတင္မက လႈပ္လီလႈပ္လဲ့။
.
" Close "
ဆိုင္ေလးကိုပိတ္ရင္း ညေနခင္းရဲ႕သန့္ရွင္းလတ္ဆတ္တဲ့ေလေကာင္းေလသန့္ကို တစ္ဝႀကီးရႈရွိုက္လိုက္သည္ ။
အိတ္ကပ္ေလးထဲက ဖုန္းကိုဖြင့္ေတာ့ screen ေပၚမွာ ေပၚလာတဲ့ ရန္းတို႔ႏွစ္ေယာက္ ပုံေလးကို ၾကည္ၾကည္ႏူးႏူးၾကည့္ၿပီး ပင္ပန္းခဲ့တဲ့ တေန႕တာအတြက္ အားျဖည့္ယူလိုက္သည္။
ဆိုင္ပိတ္လိုက္ေပမယ့္ ရန္း အလုပ္က မၿပီးေသးေပ။ Apron ကို ဝတ္ဆင္လိုက္ၿပီး အပင္ေလးေတြကို ေဆးထည့္ဖို႔အတြက္ လက္အိတ္စြပ္လိုက္သည္။
" ပိုးသတ္ေဆးကို ဘယ္တုန္းက အဲ့အေပၚသြားတင္ထားလိုက္တာလဲ "
ေဆးေတြထားတဲ့ စင္ ရဲ႕ အျမင့္ဆုံး အထပ္မွာ ရွိေနတဲ့ ပိုးသတ္ေဆးဘူးကို ယူဖို႔ရန္အတြက္ သုံးေနက်ေထာက္ေလွကားေထာင္လိုက္သည္။
" ကြၽီ "
ရန္း တစ္ဆင့္တိုင္း ေလွကားဆီက တကြၽီကြၽီ အသံက ထြက္လာသည္။ ပိုးသတ္ေဆး ဘူး ကို လွမ္းယူလိုက္စဥ္
" ဝုန္းးးးး ဒုန္းးးး အားးးး "
.