နွေဦးလေပြေ🤍

By Adira_thu

38.9K 1.8K 191

"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... More

‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း

နွေဦးလေပြေ🤍(အပိုင်း_၁၀)

816 48 3
By Adira_thu

Unicode

ညနေtutorialရှိသည်မို့ lectureခန်းရှေ့တွင် စာကျက်သံများဆူညံလို့နေလေသည်။
ခန့်ထည်ကCQ(choice questions)ကြည့်မှာမို့ အေးအေးဆေးဆေးစာဖတ်လို့ရမည့်libraryသို့သာထွက်လာခဲ့သည်။
Libraryခန်းရှေ့ရောက်သည်နှင့် မြင်လိုက်‌ရသောမြင်ကွင်းကြောင့် ခန့်ထည်ပါးစပ်ကိုလက်ဝါးနဲ့အုပ်၍အသံကျိတ်ရယ်လိုက်မိသည်။

🎶🎵အလကားပဲ မင်းချစ်တယ်ပြော‌ေနလည်း အစကတည်းကသိသင့်တယ်.....
မုန်းလို့မရတဲ့အမှတ်တရတချို့မင်း‌ေပးထားခဲ့တယ်....
အလကားပဲ🎶🎵

ခုံပေါ်တွင် မိုးသားကမတ်တပ်ရပ်၍တံမျက်စည်းကိုမိုက်လုပ်ကာ သီချင်းဆိုနေသည်။
ပိစိက ပန်းအိုးထဲကပန်းတွေယူ၍ဆုချသည်။
ဆုမြတ်က အောက်တွင်ထိုင်၍ လက်ကိုမြှောက်ကာဘယ်ညာရမ်းနေသည်။

'တကယ့်ဟာလေးတွေပဲကွာ'

"အဟမ်း ကိုယ်ဝင်လာလို့ရမလား"

ပြုံးစိစိနဲ့အခန်းဝတွင်ပေါ်လာသော မျက်နှာကြောင့် မိုးသားထိုနေရာတွင် အငွေ့ပျံချင်စိတ်ပေါက်သွားသည်။အကိုကဒီကိုဘာလာလုပ်တာလဲ။
ကျောင်းlibraryခန်းက presentationအတွက်လိုအပ်တဲ့အချက်အလက်‌တွေလိုမှပဲလာကြသည်ဖြစ်၍ ထိုအခန်းကအမြဲလူရှင်းနေတတ်သည်။ဒီနေ့ကျမှတိုက်တိုက်ဆိုင်ဆိုင်မိုးသားရာ။
'အိုက်ရား.....ရှက်ဖို့ကောင်းလိုက်တာ'

"ရပါတယ်အကို ကျွန်တော်တို့ပြန်တော့မှာ"

တကယ်တော့ ဟိုနေ့ကကိစ္စပြီးထဲက မိုးသားမှိုင်နေ၍ ဆုမြတ်နှင့်ဟိန်းထက်က အတင်းဒီကိုခေါ်လာခြင်းဖြစ်သည်။အဲ့နေ့ညနေပိုင်း မိုးသားတို့ထမင်းစားရန်အောက်ဆင်းလာတော့ မွေး‌နေ့ကိတ်ကိုင်၍Dinning Roomသို့ဝင်လာသောအကို့ကိုတွေ့သည်။
အကိုနဲ့ရင်းနှီးသည့် စီနီယာအကိုတစ်ယောက်ရဲ့မွေးနေ့အတွက်ဖြစ်ဟန်တူသည်။
တကယ်ဆို Bd cakeကJunction Cityမှာမိုးသားနှင့်ကြက်ကြော်စားပြီးအပြန်ဝင်ဝယ်လို့ရသည်မဟုတ်ဘူးလား။
မာမီခိုင်းထားတာရှိတယ်ဆိုတာကရော အကိုလိမ်ခဲ့တာပေါ့။
အကိုကသူနဲ့အပြင်မသွားချင်လို့ မာမီ့ကိုဆင်ခြေအနေနဲ့သုံးသွားတယ်ဆိုတာ သိလိုက်ရတော့ မျက်ရည်ကအလိုလိုဝဲတက်လာတယ်။
နောက်နေ့ကျဆုမြတ်က အကို့မှာရည်းစားရှိတယ်ဆိုတဲ့အကြောင်းပြောပြခဲ့တယ်။
ကြိုတွေးပြီးသားအကြောင်းအရာဆိုပေမယ့် တကယ်တကယ်သိလိုက်ရတော့ သူဘယ်လိုမှဖြေမဆည်နိုင်ချေ။မိုးသားအရာရာကိုပေါ့ပြက်ပြက်နေခဲ့ပေမယ့် အကို့ကိုတော့တကယ်ချစ်ခဲ့မိသည်။

"မပြန်ပါနဲ့ အေးဆေးနေလို့ရတယ်။အကိုSQ(Short question)အတွက်ကပြီးပြီ။ CQအတွက်ပဲစာဖတ်ရတော့မှာ။
ညီလေးတို့အေးဆေးဆက်ဆိုနေလို့ရတယ်"

ခန့်ထည်စလိုက်‌တော့ သုံးယောက်လုံးမျက်နှာကြီးတွေရဲ၍ မျက်လုံးတွေဟိုကြည့်ဒီကြည့်ဖြစ်ကုန်ကြတာကြောင့် ခန့်ထည်အသံထွက်၍ပင်သဘောတကျရယ်လိုက်မိသည်။

"ဟိန်းထက် ညီ့သူငယ်ချင်းက သီချင်းကိုmoodအပြည့်နဲ့ဆိုသွားတာနော် performanceကလည်းရှယ်မိုက်တယ်"

"အကိုကလည်း ကျွန်‌တော်တို့သုံးယောက်လုံးကအသံသာမကောင်းတာ ဝါသနာတော့မသေးဘူးဗျ"

"ဟိန်းထက်က,ကတာတော့ တကယ်ကောင်းတယ်နော်။ fresher welcomeတုန်းကအကိုကြည့်ရပါတယ်"

ခန့်ထည်ဆီကချီးကျူးစကားကြားတော့ လယ်ပင်းကိုလက်နဲ့ပွတ်၍ထိုကောင်လေးကရှက်ဝဲဝဲပြုံးသည်။
'ကိုယ်တော့ရူးတော့မှာပဲ ပိစိရယ်'

ရှေ့တွင်စကားတွေဖောင်ဖွဲ့နေသောအကို့ကိုကြည့်၍မိုးသားအလိုက်သင့်ပြုံးနေရသော်လည်း ရင်ထဲတွင်တော့ပူလောင်နေရသည်။
တကယ်ဆို သောကြာနေ့ကကိစ္စအတွက်အကိုတစ်ခုခုတော့ပြောသင့်တယ်မထင်ဘူးလား။
အနည်းဆုံးတော့ "အားနာပါတယ်"ဆိုတဲ့စကားတောင်အကို့ဆီကမထွက်ခဲ့။
သူ့ကိုအထွေအထူးရှင်းပြးရာမလိုဘူးဟု အကိုသတ်မှတ်ခဲ့လေသလား။
တကယ်ဆို ထိနေ့ညနေကကိတ်မုန့်ဘူးကိုင်၍ဝင်လာသောအကို့ကိုမိုးသားကြည့်နေတာကို အကိုလည်းမြင်ခဲ့သည်ပဲ။

'အကိုကနားလည်ရခက်လိုက်တာ'

________________💚________________

ဟီး.....မနက်မှအများကြီးရေးပေးမယ်။
ဒီနေ့အရမ်းအိပ်ချင်လာလို့ အပိုင်းတိုသွားတယ်😂
                                              25.8.2021
                                                    Thu.

Zawgyi


🎶🎵အလကားပဲ မင်းချစ်တယ်ပြော‌နေလည်း အစကတည်းကသိသင့်တယ်.....
မုန်းလို့မရတဲ့အမှတ်တရတချို့မင်း‌ပေးထားခဲ့တယ်....
အလကားပဲ🎶🎵


'တကယ့်ဟာလေးတွေပဲကွာ'













________________💚________________

                                              25.8.2021
                                                    Thu.

Continue Reading

You'll Also Like

356K 14.5K 67
အဆိပ်တကာ့အဆိပ်ထဲမှာအပြင်းဆုံးအဆိပ်ကအချစ်ဆိပ်ပဲ
14.2K 360 42
ကျား မ မခွဲခြားနိုင်လောက်အောင် အချစ်က လူကိုထွေပြားစေတာလား ? ခင်ဗျားရဲ့အလှတရားကပဲ ကျွန်တော့်ကို ရူးသွားစေတာလား ? -------------- လင်းည
381K 18.1K 30
ပထမဆုံး ရင်ခုန်သံ..... ပထမဆုံး အချစ်....... အရာအားလုံးပေးဆပ်ပြီးချစ်ခဲ့ရသူ သိပ်ချစ်ရပါသည် သိပ်လည်းနာကြည်းမိပါသည်.......... ...
589K 27K 42
Needs editing [ the destiny series #1] 𝑻𝒉𝒆 𝒇𝒂𝒕𝒆 𝒑𝒖𝒔𝒉𝒆𝒅 𝒕𝒉𝒆𝒎 𝒂𝒑𝒂𝒓𝒕 𝒃𝒖𝒕 𝒅𝒆𝒔𝒕𝒊𝒏𝒚 𝒂𝒈𝒂𝒊𝒏 𝒑𝒖𝒍𝒍𝒆𝒅 𝒕𝒉𝒆𝒎 𝒕𝒐𝒈...