Unicode
Chapter 27
Not Allowed to Bother Him Anymore
___________________________
"ဟိုင်း..အချစ်။ သေတော့မသေသေးပါဘူးနော်"
ဖုန်းကောလ်ချိတ်မိသည့် တဒင်္ဂတွင် ရက်စက်ပြီးညှို့တတ်သောအသံဖြင့် သူ့ကို မေးလာသည့် ထိုမေးခွန်းကိုကြားလိုက်ရသည်။
တုန့်ပြန်မှုအနေဖြင့် သူ့မျက်ခုံးများ အလိုလိုတွန့်သွားသော်လည်း သူ တိတ်နေဆဲပင်။
သူ့ကို ပြန်ဖြေလေ့မရှိသည်ကို သတိပြုမိပြီး တစ်ဖက်သူက ဆက်ပြောသည်။
"ငါ ကမ်းလှမ်းတဲ့အလုပ်ကို ပြန်စဥ်းစားပေးမလား?"
Su Yi Mo က သူ့အကြည့်ကို လောလောဆယ်အိပ်ပျော်နေသည့် Ran Feng Ge အပေါ်အာရုံစိုက်ထားသည်။
သူ့ကို ငှားရမ်းချင်သည့် အခြားသူများ ရှိနေသည်လား?
'ဤသည်မှာ နားလည်လို့ရသည်။ နောက်ဆုံးတွင် သူကား ရွှေအဆင့်လူစားထိုးဖြစ်သည်။ သူ့တွင် ထိုသို့သော မြင့်မားသည့်ဂုဏ်သတင်းရှိနေရာ လူအများ
မျှော်လင့်သည့် သူ့စွမ်းရည်ပမာဏကလည်း သေးမည်မဟုတ်။ သို့သော် ကြည့်ရသည်မှာ ယခုဖုန်းဆက်သူက သူ့ကို အလုပ်လက်ခံအောင် မစွမ်းဆောင်နိုင်ခဲ့ပုံပင်။'
"မင်းကို ဒဏ်ရာရစေတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီအလုပ်အတွက် မင်းကို တကယ်လိုချင်တာပါ။ ခြုံကြည့်ရရင် ငါတို့ နှစ်နှစ်တောင် မိတ်ဆွေဖြစ်ခဲ့ကြတာပဲလေ။ အဲ့တော့ ငါ့ကို ချက်ချင်းကြီးမငြင်းပါနဲ့ ဟုတ်ပြီလား? ဘာပဲဖြစ်ဖြစ် မင်းက ရွှေအဆင့်လူစားထိုးမဟုတ်ဘူးလား?
မတူညီတဲ့ ဇာတ်ကောင်နှစ်ခုကို တစ်ပြိုင်တည်း သရုပ်ဆောင်ဖို့ မင်းအတွက် လွယ်ကူသင့်တာပေါ့။
ငါတို့ သေချာအောင်လုပ်ရမဲ့ တစ်ခုတည်းသောအရာက မင်းရဲ့အခြားအလုပ်နဲ့ အချိန်ပဋိပက္ခ
တစ်စုံတရာ မဖြစ်စေဖို့ပဲလေ။
မင်းက တစ်ချိန်မှာ အလုပ်တစ်ခုပဲလုပ်မှာဆိုပြီး မရမကဖြစ်နေရင်လည်း အခုအလုပ်ကို ဘာလို့မဖျက်လိုက်တာလဲ? လျှော်ကြေးပေးဖို့ ငါကူညီမှာပါ။ ကတိပေးတယ်။ ပိုက်ဆံက ငါ့အတွက် ပြဿနာမဟုတ်ဘူး။"
ခေါ်ဆိုမှု၏ အခြားတစ်ဖက်တွင်
An Chen သည် လောလောဆယ် ဂေါက်ကွင်း၏ ကျောမှီတစ်ခုတွင် အပန်းဖြေနေ၏။
သူက မျက်လုံးကို အနည်းငယ်ကျဥ်း၍ အနီးတွင် တစ်ပွဲကစားနေသည့် ခပ်မြင့်မြင့်ပုံရိပ်တစ်ခုကို လှမ်းကြည့်နေသည်။
သူ့မျက်ဝန်းများထဲတွင် ဖုံးကွယ်မရသည့် အမူအရာတစ်ခုရှိနေပြီး ပြောမပြတတ်အောင် ပိုင်စိုးလိုမှုနှင့် အန္တရာယ်ရှိသော အနက်တစ်ခုကို ပေးစွမ်းနေ၏။
"မင်း ဘာလို့ ပြန်မပြောတာလဲ?"
An Chen သူ့ဖုန်းမှ ကြားရသည့်တစ်ခုတည်းသောအရာမှာ အသက်ရှူသံပဲဖြစ်သည်။ အချိန်အတော်ကြာသည့်တိုင်အောင် တစ်ဖက်က တိတ်ဆိတ်နေဆဲ။ An Chen မတ်မတ်ထိုင်၍ မရေမရာမေးလိုက်သည်။
"မင်း ငါ့ကို တကယ်စိတ်ဆိုးနေတာလား? အဲဒီတုန်းက ငါမင်းကို သက်ညှာခဲ့သားပဲ။ရှင်းရှင်းပြောရရင် မင်းရဲ့ တုန့်ပြန်မှုက သိပ်နှေးနေတာ။
နောက်ပြီး ဒဏ်ရာကလည်း တအားမနက်ပါဘူး"
တစ်ဖက်သူ၏ ရှည်လျားသောပြောစကားမှတဆင့် မကြာမီ Su Yi Mo ကောက်ချက်တချို့ ချလိုက်နိုင်သည်။
တစ်- Ran Feng Ge ၏ စွမ်းရည်ကို တောင်းခံနေသည့် အလုပ်ရှင်များရှိသည်။
နှစ်- Ran Feng Ge က ဤအလုပ်ရှင်၏ ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့သည်။
သုံး- Ran Feng Ge ၏ဒဏ်ရာက ဤအလုပ်ရှင်ကြောင့် ဖြစ်သည်။
လေး- နှစ်ယောက်က အချင်းချင်းသိပြီးသားဖြစ်၍ Ran Feng Ge က တိုက်ခိုက်မှုကိုတန်ပြန်ကာကွယ်ရန် မပြင်ဆင်ခဲ့ရ။
"ကောင်းပါပြီ။ မင်းရဲ့ ဆေးကုသစရိတ်ကိုလည်း ငါပေးမယ်။ ငါ အခုပဲ တစ်ယောက်ယောက်ကို မင်းရဲ့ အကောင့်ထဲ ငွေလွှဲခိုင်းလိုက်မယ်။ အရင်အကောင့်ကိုပဲ သုံးနေတာမဟုတ်လား? တစ်သိန်းဆိုရင် လုံလောက်ပြီလား?
ထားလိုက်ပါတော့..နှစ်သိန်းပေးမယ်။ ဒီအလုပ်အတွက် ငါ့ရဲ့စရန် လို့ ယူဆလိုက်။ ကျေးဇူးပြုပြီး ငါ့ကမ်းလှမ်းမှုကို လက်ခံစမ်းပါ။ မင်းရဲ့ အခုအလုပ်ရှင်က ဘယ်သူလဲ? သူ့ကိုဆက်သွယ်ဖို့ အချက်အလက်ပြော။ ငါ သူနဲ့ ကိုယ်တိုင်ပြောလိုက်မယ်"
"Feng Ge..? Feng Ge..?"
An Chen သူ့ဖုန်းကို မျက်နှာရှေ့ယူ၍ ကြည့်လိုက်သည်။ သူ ဖုန်းမှားမခေါ်လိုက်ပါဘူးနော်။ Ran Feng Ge ဒီတစ်ခုကို သုံးတာအတိအကျပါပဲ။ ဘာကိစ္စ တစ်ခုမှ ပြန်မပြောရတာလဲ။
သူ ဖုန်းချ၍ နောက်တစ်ကြိမ်ပြန်ခေါ်ရန်အပြု တစ်ဖက်က နောက်ဆုံးတွင် ပြန်လည်တုန့်ပြန်လာသည်။ သို့သော် ပြောလိုက်သူမှာ Ran Feng Ge မဟုတ်။
"ငွေနဲ့ ကမ္ဘာပေါ်က အရာရာတိုင်းကို ဝယ်လို့မရဘူး။ ဒါတင်မက မင်းက သူ့ကိုဒဏ်ရာရအောင် လုပ်လိုက်သေးတယ်။"
ခန့်ညားသည့်အသံက အေးစက်မှု အရိပ်အငွေ့ကို သယ်ဆောင်ထား၏။ ၄င်း၏ အထက်စီးဆန်မှုက အထင်သေးသည့်လက္ခဏာကိုပါ ဖော်ပြနေသေးသည်။
ပြောသည့်အသံက Lan Kuang ၏ ဗိုလ်ကျတတ်သော သည်းမခံနိုင်စရာ ထောင်လွှားမှုနှင့် တူသောခံစားချက်ကို ပေးသည်။
သို့သော်လည်း ဖုန်းထဲက တစ်ဖက်လူမှာ Lan Kuang မဟုတ်ကြောင်း
An Chen သေချာသည်။
"မင်းက ဘယ်သူလဲ?"
"ငါ ဘယ်သူဆိုတာ အရေးမကြီးဘူး။ ငါ မင်းကို တစ်ခုပဲပြောမယ်။
သူ့ကို ငှားဖို့ မဖြစ်နိုင်ဘူး။ မင်းရဲ့အကြံကို လက်လျှော့လိုက်။ ပြီးတော့ သူ့ကို နောက်ထပ် နှောက်ယှက်ခွင့်မပြုဘူး"
"ဒါကတော့...ဘာကတိမှ မပေးနိုင်မှာ ငါစိုးတယ်"
An Chen က သူ့နှုတ်ခမ်းကိုစဥ်းလဲသည့်အပြုံးတစ်ခုအသွင် ပြုလိုက်သည်။
'ကောင်းပြီ..အဲဒီ Ran Feng Fe က
ဒီလိုနောက်ခံတစ်ခုကို ရှာထားနိုင်တယ်ပေါ့'
"ဘာဖြစ်မလဲသိချင်ရင် ကြိုးစားကြည့်"
Su Yi Mo က မျက်နှာကြောတင်းတင်းဖြင့် တုန့်ပြန်ပြီး ဖုန်းကိုဖြတ်ချလိုက်သည်။
"စောင့်နေလိုက်__" ပြီးရင် ဘယ်သူမှန်တယ် ကြည့်တာပေါ့။
An Chen ဖုန်းကို စိုက်ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်ရသည်။
သူပင်ပြော၍ မပြီးသေး..တစ်ဖက်က သူ့ကို ဖုန်းချသွားသည်။
ရင်ထဲက အုံဖွဲ့လာသည့် ဒေါသကို ဘယ်သွားထားရမည်မသိ။ ဘယ်လောက်တောင် စိတ်အတိုကြီးတိုစရာကောင်းသနည်း။
သူ ဖုန်းကို မြက်ခင်းပေါ်သို့ အားကုန်လွှဲပစ်လိုက်သော်လည်း
ဒေါသပြေရန်မလုံလောက်သေး။
သူ ကျောကိုမှီချကာ ခြေတစ်ဖက်မြှောက်၍ သူ့ရှေ့က စားပွဲကို ပြင်းပြင်းထန်ထန် ကန်မှောက်လိုက်ပြီး
ဆဲရေးလိုက်၏။
"ချီးပဲ..."
>>>>>>>>>>><<<<<<<<<<<
Zawgyi
Chapter 27
Not Allowed to Bother Him Anymore
___________________________
"ဟိုင္း..အခ်စ္။ ေသေတာ့မေသေသးပါဘူးေနာ္"
ဖုန္းေကာလ္ခ်ိတ္မိသည့္ တဒဂၤတြင္ ရက္စက္ၿပီးညွို႔တတ္ေသာအသံျဖင့္ သူ႕ကို ေမးလာသည့္ ထိုေမးခြန္းကိုၾကားလိုက္ရသည္။
တုန့္ျပန္မႈအေနျဖင့္ သူ႕မ်က္ခုံးမ်ား အလိုလိုတြန့္သြားေသာ္လည္း သူ တိတ္ေနဆဲပင္။
သူ႕ကို ျပန္ေျဖေလ့မရွိသည္ကို သတိျပဳမိၿပီး တစ္ဖက္သူက ဆက္ေျပာသည္။
"ငါ ကမ္းလွမ္းတဲ့အလုပ္ကို ျပန္စဥ္းစားေပးမလား?"
Su Yi Mo က သူ႕အၾကည့္ကို ေလာေလာဆယ္အိပ္ေပ်ာ္ေနသည့္ Ran Feng Ge အေပၚအာ႐ုံစိုက္ထားသည္။
သူ႕ကို ငွားရမ္းခ်င္သည့္ အျခားသူမ်ား ရွိေနသည္လား?
'ဤသည္မွာ နားလည္လို႔ရသည္။ ေနာက္ဆုံးတြင္ သူကား ေ႐ႊအဆင့္လူစားထိုးျဖစ္သည္။ သူ႕တြင္ ထိုသို႔ေသာ ျမင့္မားသည့္ဂုဏ္သတင္းရွိေနရာ လူအမ်ား
ေမွ်ာ္လင့္သည့္ သူ႕စြမ္းရည္ပမာဏကလည္း ေသးမည္မဟုတ္။ သို႔ေသာ္ ၾကည့္ရသည္မွာ ယခုဖုန္းဆက္သူက သူ႕ကို အလုပ္လက္ခံေအာင္ မစြမ္းေဆာင္နိုင္ခဲ့ပုံပင္။'
"မင္းကို ဒဏ္ရာရေစတဲ့အတြက္ ေတာင္းပန္ပါတယ္။ ဒါေပမဲ့ ဒီအလုပ္အတြက္ မင္းကို တကယ္လိုခ်င္တာပါ။ ၿခဳံၾကည့္ရရင္ ငါတို႔ ႏွစ္ႏွစ္ေတာင္ မိတ္ေဆြျဖစ္ခဲ့ၾကတာပဲေလ။ အဲ့ေတာ့ ငါ့ကို ခ်က္ခ်င္းႀကီးမျငင္းပါနဲ႕ ဟုတ္ၿပီလား? ဘာပဲျဖစ္ျဖစ္ မင္းက ေ႐ႊအဆင့္လူစားထိုးမဟုတ္ဘူးလား?
မတူညီတဲ့ ဇာတ္ေကာင္ႏွစ္ခုကို တစ္ၿပိဳင္တည္း သ႐ုပ္ေဆာင္ဖို႔ မင္းအတြက္ လြယ္ကူသင့္တာေပါ့။
ငါတို႔ ေသခ်ာေအာင္လုပ္ရမဲ့ တစ္ခုတည္းေသာအရာက မင္းရဲ႕အျခားအလုပ္နဲ႕ အခ်ိန္ပဋိပကၡ
တစ္စုံတရာ မျဖစ္ေစဖို႔ပဲေလ။
မင္းက တစ္ခ်ိန္မွာ အလုပ္တစ္ခုပဲလုပ္မွာဆိုၿပီး မရမကျဖစ္ေနရင္လည္း အခုအလုပ္ကို ဘာလို႔မဖ်က္လိုက္တာလဲ? ေလွ်ာ္ေၾကးေပးဖို႔ ငါကူညီမွာပါ။ ကတိေပးတယ္။ ပိုက္ဆံက ငါ့အတြက္ ျပႆနာမဟုတ္ဘူး။"
ေခၚဆိုမႈ၏ အျခားတစ္ဖက္တြင္
An Chen သည္ ေလာေလာဆယ္ ေဂါက္ကြင္း၏ ေက်ာမွီတစ္ခုတြင္ အပန္းေျဖေန၏။
သူက မ်က္လုံးကို အနည္းငယ္က်ဥ္း၍ အနီးတြင္ တစ္ပြဲကစားေနသည့္ ခပ္ျမင့္ျမင့္ပုံရိပ္တစ္ခုကို လွမ္းၾကည့္ေနသည္။
သူ႕မ်က္ဝန္းမ်ားထဲတြင္ ဖုံးကြယ္မရသည့္ အမူအရာတစ္ခုရွိေနၿပီး ေျပာမျပတတ္ေအာင္ ပိုင္စိုးလိုမႈႏွင့္ အႏၱရာယ္ရွိေသာ အနက္တစ္ခုကို ေပးစြမ္းေန၏။
"မင္း ဘာလို႔ ျပန္မေျပာတာလဲ?"
An Chen သူ႕ဖုန္းမွ ၾကားရသည့္တစ္ခုတည္းေသာအရာမွာ အသက္ရႉသံပဲျဖစ္သည္။ အခ်ိန္အေတာ္ၾကာသည့္တိုင္ေအာင္ တစ္ဖက္က တိတ္ဆိတ္ေနဆဲ။ An Chen မတ္မတ္ထိုင္၍ မေရမရာေမးလိုက္သည္။
"မင္း ငါ့ကို တကယ္စိတ္ဆိုးေနတာလား? အဲဒီတုန္းက ငါမင္းကို သက္ညွာခဲ့သားပဲ။ရွင္းရွင္းေျပာရရင္ မင္းရဲ႕ တုန့္ျပန္မႈက သိပ္ႏွေးေနတာ။
ေနာက္ၿပီး ဒဏ္ရာကလည္း တအားမနက္ပါဘူး"
တစ္ဖက္သူ၏ ရွည္လ်ားေသာေျပာစကားမွတဆင့္ မၾကာမီ Su Yi Mo ေကာက္ခ်က္တခ်ိဳ႕ ခ်လိဳက္နိုင္သည္။
တစ္- Ran Feng Ge ၏ စြမ္းရည္ကို ေတာင္းခံေနသည့္ အလုပ္ရွင္မ်ားရွိသည္။
ႏွစ္- Ran Feng Ge က ဤအလုပ္ရွင္၏ ကမ္းလွမ္းမႈကိုျငင္းပယ္ခဲ့သည္။
သုံး- Ran Feng Ge ၏ဒဏ္ရာက ဤအလုပ္ရွင္ေၾကာင့္ ျဖစ္သည္။
ေလး- ႏွစ္ေယာက္က အခ်င္းခ်င္းသိၿပီးသားျဖစ္၍ Ran Feng Ge က တိုက္ခိုက္မႈကိုတန္ျပန္ကာကြယ္ရန္ မျပင္ဆင္ခဲ့ရ။
"ေကာင္းပါၿပီ။ မင္းရဲ႕ ေဆးကုသစရိတ္ကိုလည္း ငါေပးမယ္။ ငါ အခုပဲ တစ္ေယာက္ေယာက္ကို မင္းရဲ႕ အေကာင့္ထဲ ေငြလႊဲခိုင္းလိုက္မယ္။ အရင္အေကာင့္ကိုပဲ သုံးေနတာမဟုတ္လား? တစ္သိန္းဆိုရင္ လုံေလာက္ၿပီလား?
ထားလိုက္ပါေတာ့..ႏွစ္သိန္းေပးမယ္။ ဒီအလုပ္အတြက္ ငါ့ရဲ႕စရန္ လို႔ ယူဆလိုက္။ ေက်းဇူးျပဳၿပီး ငါ့ကမ္းလွမ္းမႈကို လက္ခံစမ္းပါ။ မင္းရဲ႕ အခုအလုပ္ရွင္က ဘယ္သူလဲ? သူ႕ကိုဆက္သြယ္ဖို႔ အခ်က္အလက္ေျပာ။ ငါ သူနဲ႕ ကိုယ္တိုင္ေျပာလိုက္မယ္"
"Feng Ge..? Feng Ge..?"
An Chen သူ႕ဖုန္းကို မ်က္ႏွာေရွ႕ယူ၍ ၾကည့္လိုက္သည္။ သူ ဖုန္းမွားမေခၚလိုက္ပါဘူးေနာ္။ Ran Feng Ge ဒီတစ္ခုကို သုံးတာအတိအက်ပါပဲ။ ဘာကိစၥ တစ္ခုမွ ျပန္မေျပာရတာလဲ။
သူ ဖုန္းခ်၍ ေနာက္တစ္ႀကိမ္ျပန္ေခၚရန္အျပဳ တစ္ဖက္က ေနာက္ဆုံးတြင္ ျပန္လည္တုန့္ျပန္လာသည္။ သို႔ေသာ္ ေျပာလိုက္သူမွာ Ran Feng Ge မဟုတ္။
"ေငြနဲ႕ ကမၻာေပၚက အရာရာတိုင္းကို ဝယ္လို႔မရဘူး။ ဒါတင္မက မင္းက သူ႕ကိုဒဏ္ရာရေအာင္ လုပ္လိုက္ေသးတယ္။"
ခန့္ညားသည့္အသံက ေအးစက္မႈ အရိပ္အေငြ႕ကို သယ္ေဆာင္ထား၏။ ၄င္း၏ အထက္စီးဆန္မႈက အထင္ေသးသည့္လကၡဏာကိုပါ ေဖာ္ျပေနေသးသည္။
ေျပာသည့္အသံက Lan Kuang ၏ ဗိုလ္က်တတ္ေသာ သည္းမခံနိုင္စရာ ေထာင္လႊားမႈႏွင့္ တူေသာခံစားခ်က္ကို ေပးသည္။
သို႔ေသာ္လည္း ဖုန္းထဲက တစ္ဖက္လူမွာ Lan Kuang မဟုတ္ေၾကာင္း
An Chen ေသခ်ာသည္။
"မင္းက ဘယ္သူလဲ?"
"ငါ ဘယ္သူဆိုတာ အေရးမႀကီးဘူး။ ငါ မင္းကို တစ္ခုပဲေျပာမယ္။
သူ႕ကို ငွားဖို႔ မျဖစ္နိုင္ဘူး။ မင္းရဲ႕အႀကံကို လက္ေလွ်ာ့လိုက္။ ၿပီးေတာ့ သူ႕ကို ေနာက္ထပ္ ႏွောက္ယွက္ခြင့္မျပဳဘူး"
"ဒါကေတာ့...ဘာကတိမွ မေပးနိုင္မွာ ငါစိုးတယ္"
An Chen က သူ႕ႏႈတ္ခမ္းကိုစဥ္းလဲသည့္အၿပဳံးတစ္ခုအသြင္ ျပဳလိုက္သည္။
'ေကာင္းၿပီ..အဲဒီ Ran Feng Fe က
ဒီလိုေနာက္ခံတစ္ခုကို ရွာထားနိုင္တယ္ေပါ့'
"ဘာျဖစ္မလဲသိခ်င္ရင္ ႀကိဳးစားၾကည့္"
Su Yi Mo က မ်က္ႏွာေၾကာတင္းတင္းျဖင့္ တုန့္ျပန္ၿပီး ဖုန္းကိုျဖတ္ခ်လိဳက္သည္။
"ေစာင့္ေနလိုက္__" ၿပီးရင္ ဘယ္သူမွန္တယ္ ၾကည့္တာေပါ့။
An Chen ဖုန္းကို စိုက္ၾကည့္ကာ ပါးစပ္အေဟာင္းသားျဖစ္ရသည္။
သူပင္ေျပာ၍ မၿပီးေသး..တစ္ဖက္က သူ႕ကို ဖုန္းခ်သြားသည္။
ရင္ထဲက အုံဖြဲ႕လာသည့္ ေဒါသကို ဘယ္သြားထားရမည္မသိ။ ဘယ္ေလာက္ေတာင္ စိတ္အတိုႀကီးတိုစရာေကာင္းသနည္း။
သူ ဖုန္းကို ျမက္ခင္းေပၚသို႔ အားကုန္လႊဲပစ္လိုက္ေသာ္လည္း
ေဒါသေျပရန္မလုံေလာက္ေသး။
သူ ေက်ာကိုမွီခ်ကာ ေျခတစ္ဖက္ျမႇောက္၍ သူ႕ေရွ႕က စားပြဲကို ျပင္းျပင္းထန္ထန္ ကန္ေမွာက္လိုက္ၿပီး
ဆဲေရးလိုက္၏။
"ခ်ီးပဲ..."
>>>>>>>>>>><<<<<<<<<<<