High Boss's Husband (Complete...

By Rei-Han

3.4M 285K 23.6K

[Unicode+Zawgyi] More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39 [Unicode]
Chapter 39 [Zawgyi]
Chapter 40 [Unicode]
Chapter 40 [Zawgyi]
Chapter 41
Chapter 42 [Unicode]
Chapter 42 [Zawgyi]
Chapter 43
Chapter 44 [Unicode]
Chapter 44 [Zawgyi]
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Happy National Couple's Day
Chapter 52
Chapter 53
Chapter 55
Chapter 56
Chapter 57
Chapter 58 (Final)
Rei's
Eternal story - 1
Eternal story - 2
Eternal story - 3
Eternal Story - 4
Eternal Story - 5
Eternal Story - 6
Thadingyut GIFT
Eternal Story - 7
Eternal Story - 8
Eternal Story - 9
Eternal Story - 10
Eternal Story - 11
Eternal Story - 12
Eternal Story - 13
Eternal Story - 14
Eternal Story - 15
Eternal Story - 16
Eternal Story - 17
Eternal Story - 18
Eternal Story - 19
Eternal Story - 20
Eternal Story - 21
Eternal Story - 22
Eternal Story - Final
I wanna grow old with you

Chapter 54

29K 2.9K 374
By Rei-Han

[ Unicode ]

   
[Recommend song-Monsters(Katie sky)]

••••

မနက်အစောကြီးနိုးနေပြီး မထချင်သေးတာမို့ ကုတင်ပေါ်ငုတ်တုတ်ထိုင် စားပွဲပေါ်ကဖုန်းကိုလှမ်းယူ၊ data on လိုက်ပြီး တောင်ကြည့်မြောက်ကြည့် ကြည့်နေစဉ် IG က ဝင်လာသည့် VIDEO CALL ကြောင့် သွားပြီဟူသည့်စိတ်နဲ့ လက်ထဲကိုင်ထားသည့်ဖုန်းက ပေါင်ပေါ်ဘုတ်ခနဲ ပြုတ်ကျသည်။ မကိုင်လိုက်ရတာမို့ သတ်မှတ်ချိန်ပြည့်တော့ ဖုန်းကျသွားပြီးသိပ်မကြာ data off အမြန် မလုပ်ရသေးခင် ထပ်ဝင်လာသည်။

ဒီတစ်ခါတော့မကိုင်လို့မရတော့။ ဆံပင်တွေကိုရှုပ်အောင် လက်ထိုးဖွလိုက်၍ မျက်လုံးကိုပွတ်ကာ ခေါင်းအုံးပေါ်မှာ လှဲလိုက်သည်။ သဏ္ဍာန်လုပ် သရုပ်တူအောင် ခြေရင်းကစောင်ကိုလည်း မျက်နှာပဲဖော်ထားကာ ကောက်ခြုံလိုက်သည်။

ကိုင်လိုက်လိုက်ချင်းပေါ်လာတာက ဆူပုတ်နေသည့်မောင့်မျက်နှာနှင့် 'လွန်း' ဟူသည့် ခပ်ဆတ်ဆတ်ခေါ်သံ။

"ဒီအချိန်ကြီးထပြီးဘာလုပ်တာလဲ၊ စောစောစီးစီး ဖုန်းကိုင်နေရသလား"

"ဟီး၊ ဖုန်းသံကြားလို့နိုးလာတာ၊ မနေ့ညကလေ...internet မပိတ်လိုက်ရဘူးထင်တယ်၊ silent လည်းလုပ်မထားလိုက်ရတော့ မောင်ခေါ်တော့နိုးလာရော"

ဆင်ကွက်နင်း ကျားကွက်နင်း။ ရှိသမျှသွားကိုလည်း တဟဲဟဲဖြီးပြ၍ မျက်နှာချိုသွေးရသေးသည်။ ဒါတောင် ယုံလိုဟန်မပေါ်။ အပေါ်ပိုင်းဗလာနှင့် တဘက်တစ်ထည်နဲ့ ခေါင်းသုတ်နေတာမို့ ရေချိုးခန်းထဲက ထွက်လာတာထင်သည်။ မနေ့ကရောက်ပြီဆိုတဲ့ အဝင်ကောလ်ကလွဲရင် လွန်းကိုဖုန်းထပ်မဆက်။ သူပြောသွားသလို တကယ်အလုပ်ရှုပ်နေတာဖြစ်မည်။

တဟဲဟဲရယ်ပြနေသည့်လွန်းကို ခပ်စူးစူးကြည့်၍ တဘက်ကိုပစ်ချပြီး တင်ပလ္လင်ခွေထိုင်တော့ screen ပေါ်မှာ မောင့်မျက်နှာကရှင်းရှင်းလင်းလင်းပေါ်လာသည်။

"မျက်ကပ်မှန်တပ်ပြီးမှ ဆက်သုံး၊ ဒီတစ်ခါပါဝါတက်ရင် အဲ့မျက်လုံးလည်းကန်းတော့မှာ"

"အမြင်ကွယ်ပေမယ့် ဒီအစ်က်ိုကြီးက ညီလေးကိုတော့ ချစ်ပါတယ်နော်"

"တော်ပါ၊ စကားတတ်တိုင်းလျှောက်ပြောနေ၊ သားရော၊ သားမနိုးသေးဘူးလား"

Camera ကို သားဘက်ထိုးပြတော့ ဗိုက်ပူလေးက ပါးတွေကနှာခေါင်းကိုဖိထား၍ တခူးခူးအိပ်ပျော်လျက်သား။

"သားသားရေ...ကူးကူးလေး...ချစ်ဖေဖေကိုမလွမ်းဘူးလားကွ ဟေ"

"မျက်နှာချင်းဆိုင်ပြီး တီတီတာတာတောင်မပြောချင်တော့ဘူးပေါ့၊ ဟုတ်လား၊ နေနိုင်လိုက်တာကွာ"

တစ်ဖက်ကလူကသာ အပိုးမသေစွာ လိုက်စနေသည်။ အိပ်နေသူက တုပ်တုပ်မျှမလှုပ်။ မနေ့ညက မောင့်ကိုသတိရပြီးငိုနေကြောင်းကိုတော့ ပြောမပြဖြစ်တော့။ အလကားနေရင်း စိတ်မကောင်းမဖြစ်စေချင်။

"တစ်နာရီလောက်နေမှနှိုးတော့မယ်၊ အစောကြီးရှိသေးတာမလား"

"ခြောက်နာရီပဲရှိသေးတာပါခင်ဗျ၊ ဘာလုပ်ချင်မှန်းမသိတဲ့သူတွေသာ အစောကြီးထနေတာ"

မြန်မာစံတော်ချိန်ကိုရွတ်ပြီးပြောပြနေတာက ဆူချင်နေတာမှန်းသိသည်။ ကိုယ့်အပြစ်နဲ့ကိုယ်မလို့ တိတ်တိတ်သာနေလိုက်သည်။ ရေစတွေတင်နေသေးသည့် မျက်နှာကတစ်သက်လုံး တွေ့လာတဲ့တိုင်အောင် အခုမှအကြည့်မလွှဲချင်အောင်ဖြစ်နေသည်။

"ဒီနေ့ရောအလုပ်တွေရှုပ်ဦးမှာပေါ့"

"အင်း၊ ဒီလိုပါပဲ"

"ဘာလဲ၊ မောင့်စကားကြီးက၊ အဆင်မပြေဘူးလား"

Screen ကိုကျောပေး၍ အင်္ကျီဝတ်ရင်းဖြေနေပေမယ့် လွန်းဆိုတာထိုကဲ့သို့ ဇာမ့်ကျောပြင်ကိုကြည့်တာနဲ့ ဒီလေသံ၊ ဒီအနေအထားဘာဖြစ်နေတယ်ဆိုတာ တန်းခန့်မှန်းနိုင်သည်။

"အဆင်ကပြေတယ်လွန်းရဲ့၊ မောင့်ဘက်က ပြေတာမှတစ်ဖက်ကမ်းကိုလွန်ရော၊ တစ်ဖက်ကသာ အိုက်တင်ခံနေတာ"

"အင်၊ ဘယ်လိုအိုက်တင်ခံတာ"

"မောင်ပြောပြမယ်၊ လွန်းစဉ်းစားကြည့်၊ တရားလား မတရားလားဆိုတာ"

"ပြောကြည့်"

တိုင်ပင်ဆွေးနွေးဖို့ ဖုန်းကိုပြန်ကိုင်လိုက်ပြီးမှ

"ခဏလေး ခဏ​လေး၊ တံခါးခေါက်နေလို့"

Camera က နံရံဘက်ကိုသာလှည့်ထားတာမလို့ အခန်းတံခါးဖွင့်သံနဲ့အတူ တစ်ခုခုပြောနေသံတွေကြားရသည်။ မနက်စာစားဖို့ခေါ်တာကို လာခဲ့မယ်လို့ပြောတာလား သိပ်တော့မသေချာ။ ဒါပေမယ့် ဟုတ်ကဲ့ရှင့်ဆိုတဲ့အဆုံးသတ်က ဗမာစကားများလားလို့??

"လာပြီ၊ မောင်ပြောပြမယ်"

စိတ်အားထက်သန်စွာပါးစပ်တပြင်ပြင်ဖြင့် ပြန်ရောက်လာသည်။ လွန်းပဲစိတ််ထင်နေတာဖြစ်မှာပါ။ ဒါပေမယ့် singapore မှာလည်း မြန်မာကလူတွေအများကြီးရှိတာပဲကို။

"အဲ့လူကကွာ မောင်ကမ်းလှမ်းတာကိုလက်ခံလိုက်တယ်၊ သူသဘောတူတယ်၊ သူ့အိမ်ကိုလာတွေ့လှည့်ပါပေါ့"

"အင်း၊ အခုသူကမလုပ်နိုင်တော့ဘူးတဲ့လား"

"ဘင်ဂို! အဲ့ဒါပဲ၊ မောင်လက်နဲ့ရေးတာကို သူကခြေနဲ့လာဖျက်ချင်နေတာ၊ ရိုးရိုးဖျက်တာတောင်မဟုတ်ဘူး၊ ဗြီးဗြီးဆိုပြီး အတင်းလာဖျက်တာ"

စကားပုံနဲ့ပြောနေတာနဲ့က မအပ်စပ်။ ခဲတံပျောက်သည့်ကလေး ဆရာမကိုလာတိုင်သလို ပယ်ပယ်နှယ်နှယ်ကို လွန်းကိုရွတ်ပြနေတာ။ eco-journal တွေရဲ့ ထိပ်စီး Topic တွေမှာပါလာတတ်သည့် တည်တည်ကြည်ကြည် CEO ကြီးက ဒီတစ်ယောက်လားဟု Recording ဖမ်းပြီးမေးလိုက်ချင်သည်။

" လျော်ကြေးက 70 percent လို့လည်းပြောပြီးသား၊ အဲ့ဒါကိုမသိချင်ယောင်ဆောင်ပြီး ငြင်းနေတာ၊ တရားသလား လွန်းပြော"

စကားရှည်ကြီးပြောပြီးဟန်ဖြင့် ရေဘူးကိုဖွင့်ကာ သောက်လိုက်သေးသည်။

"ဒါပေါ့၊ လုံးဝမတရားတာအသိသာကြီး၊ လျော်ကြေးမရမချင်း ပြန်မလာခဲ့နဲ့ မောင်၊ အာ...လျော်ကြေးတင်ဘယ်ကမလဲ၊ လေယဉ်လက်မှတ်ဖိုးနဲ့ ကုန်ကျစရိတ်ပါတောင်းလာခဲ့"

မောင့်အကျင့်အတိုင်း မေးခုံတဝိုက်ကို လက်ဖမိုးနဲ့သုတ်ရင်း လက်မထောင်ပြလာသည်။

"ဟုတ်တယ်၊ လျော်ကြေးမရမချင်းပြန်မလာဘူး၊ ဒါပေမယ့် ဘယ်လိုလုပ်မလဲ၊ လွန်းကိုလွမ်းလှပြီ"

လွမ်းလှပြီဟူသည့်နောက်မှာ စကားလမ်းကြောင်းက သတိရကြောင်းတွေကိုအလိုလိုဦးတည်သွားပြန်သည်။ သုံးရက်အတွင်းပြန်လာမယ်ဟု နောက်ဆုံးပိတ်ကတိပေးပြီး အဆက်မပြတ်ခေါက်နေသည့်တံခါးသံကြောင့် ဖုန်းချသွားသည်။

မိနစ်နှစ်ဆယ်ပြည့်အောင်ပင် မပြောလိုက်ရပေမယ့် ဒိီနေ့ဖို့တော့ လုံလုံလောက်လောက်လွမ်းဖို့ ကျေနပ်သွားပြီဖြစ်သည်။ ဖုန်းကိုစားပွဲပေါ်ပြန်တင်၍ တရေးပြန်မှေးတော့ နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်သွားခဲ့ပါ၏။

အိပ်ပျော်ခြင်းရဲ့အကြောင်းတရားကို ရေးတေးတေး ရှာတွေ့သဘောပေါက်လာသလို...
ချစ်သူ....
အသံလေးတစ်ချက်ကြားလိုက်ရုံနဲ့ မိုးကုပ်စက်ဝိုင်းတစ်ခုတည်းအောက် တစ်နေရာစီက ငါတို့နှစ်ယောက်လည်း ဒီလိုမျိုးနီးကပ်သွားနိုင်တာပဲလား..။

>>>>>High Boss's Husband<<<<

ဆက်တိုက်တွေဆင့်ခေါက်နေသည့်တံခါးကိုဖွင့်လိုက်တော့ အင်္ကျီလက်ရှည်အား ဘောင်းဘီအနက်ရဲ့အပြင်ကို ကပိုကရိုမဟုတ်ဘဲ ဖြစ်သလို ထုတ်ကာ ပေါင်မုန့်တစ်လုံးလက်ကကိုင်၍ အခန်းရှေ့ရပ်နေသူက ကိုသု။ ယောက္ခထီးဟာ နည်းနည်းတော့လွန်သည်။ မနေ့ကဇာမ်တို့ရောက်ကတည်းက အိမ်ကိုပြန်မလာသလို ညနေစာစားပါဦးဟူ၍ နည်းနည်းလေးမျှ လောကွတ်မပြု။ စောဏကသာ ရဝီဟူသည့်ကောင်မလေး မနက်စာစားဖို့လာခေါ်တာ။

ဗိုက်ဟောင်းလောင်းကို ပေါင်မုန့်ရယ်၊ရေရယ်ဖြင့် အသက်ဓာတ်ဖြည့်ထားတာမို့ ထမင်းကိုပင် မမြင်ရသေး။ ဦးမာန်နိုင်ကို ရန်ကုန်အပါခေါ်ဖို့ဆုံးဖြတ်ထားတာမို့သာ မျက်နှာပြောင်ပြောင်နဲ့ အကြောတင်းနေရသည်။ အခုတော့အိမ်ရှင်က အိမ်ပေါ်မှာမရှိဘဲ ဧည့်သည်ကအိမ်ပေါ်တက်နေသလိုဖြစ်နေသည်။

"မနက်စာစားရအောင်တဲ့"

အောက်ဆင်းဖို့ကို အဖော်ညှိနေတာက သူတစ်ယောက်တည်းသွားရင် ကိုက်စားခံရမယ့်အတိုင်း။

"ပြန်လာတာတွေ့သလားကိုသု"

"ကျွန်တော် အခန်းထဲကမှမထွက်တာ၊ ဘယ်လိုသိမှာတုန်း"

ရှူးတောင်ဖြောင့်ဖြောင့်မပေါက်ရဲသူအား မေးမိတာအမှား။

"သွားမယ်သွားမယ်၊ နေဦး၊ အဲ့ဘက်ကမန်နေဂျာဆီက ခန့်မှန်းခြေ ကုန်ကျစရိတ်ကိုတောင်းကြည့်ပြီး လျော်ကြေး70ရာခိုင်နှုန်းကို အတိအကျတွက်ထားပေး ကိုသု"

"တွက်ထားပြီးပြီ၊ အခုယူမလား Boss"

ရှပ်ပြာရှပ်ပြာပေမယ့် ကိုသုက အလုပ်မှာတော့ရှေ့အကွက်ကိုကြိုမြင်သည်။ အခန်းထဲဝင်သွားပြီး ခဏကြာတော့ စာရွက်တပွေ့နဲ့ပြန်ထွက်လာသည်။ နှစ်ယောက်သား အောက်ဆင်းလာချိန်မှာ ထမင်းစားပွဲထိပ်မယ် ဦးမာန်နိုင်ကထိုင်လျက်သား။ ဘယ်အချိန်ကပြန်ရောက်လာတယ်မသိ။

"မောနင်း ဥိီးမာန်"

စားပွဲအရှည်ကြီးမှာထိုင်ခုံတွေအများကြီးရှိပါလျက် ထမင်းပြင်ပေးထားသည့်နေရာကိုမထိုင်ဘဲ ပန်းကန်ကိုဦးမာန်နိုင်ရဲ့ဘေးထောင့်ကိုရွှေ့၍ ထိုနေရာမှာဝင်ထိုင်သည်။ ဇာမ့်ကို မျက်လုံးဝင့်ကာ တစ်ချက်ကြည့်လာပေမယ့် ဘာမှမပြော။ ထမင်းကိုဆက်စားနေသည်။

"ဘယ်လိုလဲ၊ဆုံးဖြတ်ပြီးပြီလား ဦးမာန်"

သဒ္ဓါသလား၊မသဒ္ဓါသလားမသိသော်ငြား ဆီတို့ဟူးခပ်ပါးပါးအုပ်ပြီး ပါလချောင်ကြော်တင်ထားသည့် ပူပူနွေးနွေးထမင်းတစ်နပ်က တကယ်အရသာရှိပါသည်။ ဦးမာန်နိုင်က ညာဘက်လက်ကဇွန်းကိုချ၍ ဘယ်ဘက်လက်က လက်သုတ်ပုဝါကိုယူကာ နှုတ်ခမ်းတဝိုက် သပ်သပ်ရပ်ရပ်သုတ်ပြီး

"စဉ်းစားစရာမလိုသလို ဆုံးဖြတ်စရာလည်းမလ်ိုဘူး၊ နေစရာလည်းပေးခဲ့ပြီးပြီ၊ ထမင်းလည်းကျွေးခဲ့ပြီးပြီမလို့ အေးအေးဆေးဆေးပြန်လိုက်တော့ ကောင်လေး"

ကောင်လေး?? ရဲစခန်းတိုင်တဲ့ အကြမ်းနည်းနဲ့မရတော့ ဇာမ့်ကိုအနုနည်းနဲ့လာနှင်ထုတ်နေတာလား။ ခပ်ပါးပါးပြုံးရင်း ပြင်ဆင်ထားသည့်စာရွက်ကို ရှေ့ကိုချပေးလိုက်သည်။ ထမင်းစား,စားပွဲမှာ သွေးတက်အောင်မလုပ်ချင်ပေမယ့် လွန်တာရှိရင်နောင်အခါမှဝန္တာမိပါ့မယ်။

"ဒါက"

"လျော်ကြေးလေ ဦးမာန်၊ ဂဏန်းတစ်လုံးမှမလွဲစေရအောင် အတိအကျတွက်ထားတယ်၊ အဲ မူရင်းစာချုပ်မှာ နံပါတ်၃အချက် ဖောက်ဖျက်ပါက လျော်ကြေးပေးဆောင်ရမည်ကို သဘောတူပါသည်ဆိုပြီး ဦးမာန်ကိုယ်တိုင်လက်မှတ်ထိုးထားသေးတယ်နော်"

ပြတ်ပြတ်သားသားစကားလုံးတွေကို ဦးမာန်နိုင် မကြားတစ်ချက်ကြားတစ်ချက်။ Bold တင်ထားသည့် သင်္ချာဂဏန်းကိုကြည့်၍ မျက်လုံးအစုံပြူးကျယ်လာသလို ဦးနှောက်ဘဏ္ဍာတိုက်က ချက်ချင်းလက်ငင်းပူထူလာသည်။

ထောင်....သောင်း....သိန်း....သန်း.....မဟုတ်၊ ရေတွက်လို့မရတော့တဲ့သုညတွေက ဘယ်နှစ်လုံးတောင်လဲ။

"မဖြစ်နိုင်ဘူး"

"ဖြစ်နိုင်ပါတယ်ဗျ၊ မဖြစ်သေးတာပဲရှိတာ"

"မင်းတမင်အကွက်ဆင်ထားတာပဲ"

"သမင်ဖမ်းဖို့ ထောင်ချောက်ဆင်လည်း အဲ့သမင်က ဝင်လာဦးမှဖြစ်တာ၊ မဟုတ်ရင် မုဆိုးဟင်းစားဘယ်ရပါ့မလဲ"

"ငါကဘယ်တော့မှမင်းထောင်ချောက်ထဲဝင်လာမှာမဟုတ်ဘူး"

ကျစ်ကျစ်ဆုပ်သွားသည့် လက်သီးတွေကိုကြည့်၍ ထပ်ပြုံးမိသည်။ ရိုင်းစိုင်းခြင်းမဟုတ်တဲ့ တစ်စုံတစ်ခုအတွက် လိုက်လျောပေးလိုမှုမှန်း သိစေချင်သည်။ မရ။ ဒီလောက်နှင့်မရတော့။

"ကျွန်တော်နဲ့တစ်နေရာသွားရအောင်...."

သူမောင်းမယ်ဟုဆိုကာ တည်တည်ငြိမ်ငြိမ်ကားမောင်းနေသည့်သူ။ မတော်တဆဟန်ပြု၍ ထုတ်ပြလာသည့် ဓာတ်ပုံလေးကြောင့် ဒီကောင်လေးရဲ့အကြံကိုရိပ်မိနေပြီပေမယ့် နှစ်အတော်ကြာထိ အစိုင်တည်နေသည့် ဥိီးမာန်နိုင်ရဲ့မာနတို့က ခွင့်မပြု။ မြေးဖြစ်သူကို တွေ့ချင်လို့မျက်ရည်ကျမိချိန်တိုင်း သတင်းစာစက္ကူဟောင်းပေါ်က သားအဖြစ်အမွေဖြတ်စွန့်လွှတ်သည့်စာတန်းတွေက ယောကျာ်းကတိကို လှောင်ပြောင်ပြနေသယောင်။

'ချွင်းခြက်မရှိ မောင့်ကိုပဲရွေးမယ်' ဟုဆိုကာ ထိုကောင်လေးလက်ကိုဆွဲပြီး နောက််တစ်ချက်မှလှည့်မကြည့်သည့် သား။

အရာအားလုံးဘယ်ကစမှားတာလဲ။
လူ့လောကထဲရှင်သန်ရပ်တည်ဖို့ ချစ်ခြင်းမေတ္တာတရားထက် ငွေကြေးဥစ္စာကို အပြည့်အဝပေးချင်ခဲ့တဲ့သူ့စေတနာကလား။
လက်တွဲဖော်ထက် အာဏာကိုပိုမက်မောစေလိုတဲ့ သူ့မေတ္တာကလား။

သားကို ပလ္လင်ဘေးက ကြင်ယာတော်မဖြစ်စေချင်ခဲ့ဘူး။ ပလ္လင်ထက်က ဘုရင်တစ်ပါးပဲဖြစ်စေချင်ခဲ့တာ။

"ဆင်းလို့ရပြီ ဥိီးမာန်"

ကားရပ်လိုက်သည့်နေရာက ဆောက်လုပ်ရေးဂိုက်တစ်ခုခုဖြစ်မယ်ထင်ပေမယ့် ကွဲပြားခြားနားစွာပင် ကလေးကစားကွင်းတစ်ခုဖြစ်နေခဲ့သည်။ ဝင်ကြေးလက်မှတ်ဝယ်ပြီး ခေါင်းဆတ်ကာခေါ်လာတော့ ချားရဟတ်ရဲ့ရှေ့ ထိုင်ခုံတန်းမှာ ထိုင်မိကြသည်။

"ငါလျော်ကြေးပေးပြီးရင် ငါ့မျက်စိရှေ့ကထွက်သွားပေးမလား"

"ဦးမာန်သိလား"

ကစားနေသည့်ကလေးတွေကိုကြည့်ကာ အဖြေမရှိသည့်မေးခွန်းနှစ်ခုထွက်လာသည်။ ဇာမ့်မျက်လုံးတွေဟာ တည်တည်ကြည်ကြည်။ နှုတ်ခမ်းညိုတွေက ထွက်သမျှစကားလုံးတိုင်းဟာ လေးလေးနက်နက်။

"လွန်းကပြောတယ်၊ သံယောဇဉ်တွယ်ရမှာ သူသိပ်မုန်းတယ်တဲ့"

ဦးမာန်နိုင်က ဇာမ့်ကိုဆတ်ခနဲကြည့်လာပေမယ့် ဇာမ်ကတော့ ကလေးတွေကိုပဲကြည့်နေသည်။ တစ်လုံးချင်းကို အားယူပြောနေသည့်အသံတွေက သြရှသံနဲ့အတူအက်ကွဲချင်နေသည်။

သူ့အမျိုးသားလေး နာကျင်ခဲ့သည့်တစ်ဖက်ခြမ်းမှာ သူမရိပ်မိဘဲ လျစ်လျူရှုခဲ့တယ်ဆိုရင် အကြွင်းမဲ့ ယုံဖွယ်ရာမရှိ။

"ဒါပေမယ့်လေ အဲ့လိုပြောနေခဲ့တဲ့တစ်ချိန်တည်းမှာပဲ လွန်းမျက်လုံးတွေမှာ အထီးကျန်စိတ်ကိုကျွန်တော်တွေ့လိုက်ရတယ်"

မောင်သိပ်ကိုကြောက်ခဲ့တဲ့အချိန်တွေပေါ့။ ဘာအကြောင်းအရင်းမှမရှိဘဲ ကောင်းကင်ကြီးကိုမော့ကြည့်နေတတ်တဲ့ မျက်ဝန်းပြာတွေထဲ မောင့်ဝိဉာဉ်ခိုဝင်ချင်ခဲ့ဖူးတယ်။ မှိတ်ချထားတဲ့မျက်ဝန်းပြာတွေအောက်မှာ ဘယ်လိုစိတ်ဒဏ်ရာတွေရှိနေခဲ့တာလဲ မောင်ဝင်ကြည့်မိချင်ခဲ့တယ်။

"နှင်းဆီရဲရဲတွေကိုတွေ့ရင် သူမျက်နှာလွှဲတတ်တယ်၊ ပန်းမချစ်ဘူးထင်ရပေမယ့် အဲ့ပန်းလေးတွေနဲ့ပဲ စကားပြောနေတတ်ပြန်ရော"

ပန်းတွေကလွန်းစကားကိုနားလည်ပါ့မလား မောင်မေးတော့ 'အထီးကျန်မှုကိုဖျောက်ဖို့ ပန်းလေးတွေနဲ့စကားပြောရမယ်'တဲ့။ အဲ့ဒီနေ့က လွန်းအိမ်ရှေ့ကနှင်းဆီပန်းလေးတွေကို မောင် တိုးတိုးလေးပြောခဲ့တယ်။ မောင့်ချစ်သူလေးကို အထီးမကျန်စေဖို့ မောင်ကတိပေးပါတယ်ကွယ်။

"ဟက် ဦးမာန်ကရယ်ရတယ်ဗျ"

ခြောက်ကပ်ကပ်ရယ်သံအဆုံးမှာ ပတ်ဝန်းကျင်ဟာ ခဏတော့တိတ်ဆိတ်သွားသလို။

"ပစ္စည်းဥစ္စာတွေကိုသည်းကြီးမည်းကြီးလိုက်ရှာနေချိန်မှာ မိုးရေတွေထဲရပ်နေတတ်တဲ့ကောင်လေးတစ်ယောက်ကို သတိမထားမိခဲ့ဘူးမလား"

"သူက ငါ့ကို အဖေတစ်ယောက်လို့ဘယ်တုန်းကမှမသတ်မှတ်ခဲ့ဖူးဘူး"

"အဖေလို့သတ်မှတ်ဖို့အတွက် ခင်ဗျားကိုယ်တိုင်ကရော အဖေပီသအောင်နေခဲ့လို့လား"

စိတ်အစိုင်အခဲတွေက နှုတ်ဖျားဆီကထုတ်အံကျတဲ့အခါ တရားခံနဲ့တရားလိုနှစ်ယောက် အားပြိုင်ရမယ့်အစား ဇာမ့်ခါးသီးမှုတွေအောက်မှာ သွေးသားသံယောဇဉ်မရှိပါဘူးဆိုတဲ့ ဦးမာန်နိုင်က အပြစ်ရှိသူသဖွယ်သိမ်ငယ်လျက်။

"ပြောပြချင်ခဲ့တယ်၊ သားအိပ်ပျော်နေတိုင်း​ဟောက်တတ်တဲ့ အကျင့်က သူ့အဖိုးနဲ့တူတယ်ဆိုပြီး သူကိုယ်တိုင်တောင် သတိမထားမိဘဲပြောပြနေတတ်တဲ့ လွန်းမျက်ဝန်းတွေ၊

မေမေတို့နဲ့တွေ့တဲ့အချိန် မိသားစုရပြီဆိုတဲ့စိတ်နဲ့ ပျော်မြူးနေတဲ့ လွန်းမျက်ဝန်းတွေ"

"ငါ..."

ဇရာပြိုနေသော်ငြား အရေတွန့်ခြင်းအလျှင်းမရှိသည့် လက်ဖခုံပေါ်သို့ မျက်ရည်တစ်စက်ပေါက်ခနဲကြွေကျသည်။

အနှီးထုပ်ထဲက ကလေးလေး လူ့လောကထဲရောက်လာတဲ့အချိန်က သူ့ပုခုံးပေါ်ထမ်းတင်ပြီးဘယ်လောက်ပျော်ခဲ့ရဖူးသလဲ။

စကားမပြောတတ်သေးတဲ့ ကလေးလေးကို 'သားသားလေး ဘာလိုချင်လဲ' မေးတော့ ဖေ့ကလေးလေးလိုချင်ခဲ့တဲ့အရာက မိသားစုလို့ ဘာလို့စောစောမသိခဲ့ရသလဲ။

"လူတွေ သူ့အကြောင်းပြောလို့ ကျွန်တော်ဒေါသထွက်တိုင်း မှန်တာပြောတာပဲ၊ နာစရာပါလို့လားလို့ ဖျောင်းဖျတတ်သူရဲ့ အတွင်းစိတ်ထဲမှာ ဒဏ်ချက်တွေနဲ့ဗျ! ဒဏ်ချက်တွေနဲ့!"

ရှိုက်တိုးဝင်သွားသည့်အသံ။

ဘယ်သူမှမသိခဲ့ဘူး။ လွန်းဒဏ်ရာတွေကို မောင်အစားယူ ထမ်းသယ်ပေးချင်တဲ့အကြောင်း။ ဘယ်သူမှမသိခဲ့ဘူး။ အဲ့ဒီဒဏ်ရာတွေပျောက်အောင် ပန်းပင်လေးကိုမောင်ဘယ်လိုတယုတယဖြစ်ခဲ့ရတဲ့အကြောင်း။

"တောင်းပန်ပါတယ်၊ အခုပဲဖြစ်ဖြစ်အချိန်မှီသေးတာမလို့ အဖေ့မေတ္တာဆိုတဲ့အရာကို သူ့ဆီ ပေးပေးနိုင်မလား"

တောင်းပန်ပါတယ်။ ခင်ဗျားနာကျင်ရမယ့်နည်းလမ်းကိုရွေးပြီး အမှန်တရားတွေမပြောပြချင်ပေမယ့် ဒီလိုထုတ်ပြမှ ကျွန်တော် နောင်တမရမှာ။ တစ်ဘဝလုံးဖခင်မေတ္တာမရခဲ့ဘူးဆိုတဲ့ ပညတ်ချက်ကြီးကို ကျွန်တော်ချေဖျက်ပေးမှ ကျွန်တော့်ပန်းလေး အနာအဆာကင်းမှာမလို့ပါ။

"တော်ပါတော့....ကျေးဇူးပြုပြီး..."

"အချိန်ရပါသေးတယ် ဦးမာန်၊ နောက်နှစ်ရက်နေရင်ကျွန်တော်မြန်မာကိုပြန်မယ်၊ လိုက်ခဲ့မယ်မလိုက်ခဲ့ဘူးဆိုတာ ဦးမာန်ကိုယ်တိုင်ပဲဆုံးဖြတ်ပါ"

နောက်ထပ်သွေးသားရင်းချာတစ်ယောက် ဒီလောကထဲ သက်ဆင်းဝင်ရောက် လာဥိီးမည့်အကြောင်း မပြောပြဖြစ်ခဲ့တော့။

ပြစ်ချက်တွေတပွေ့တပိုက်ဖြင့် ရှိုက်ကြီးတငင်ငိုနေသည့် လူတစ်ယောက်ကိုကျောခိုင်းထွက်လာခဲ့သူမှာလည်း အပူမျက်ရည်စတွေနဲ့ရယ်။

ငယ်ငယ်က ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်။

ကမ္ဘာမြေမှာ အာပေါဓာတ်တွေကုန်ဆုံးတော့ ပန်းချစ်တဲ့ဥယျာဉ်မှူးလေးက သူ့အရေပြားကိုဖောက်၊သူ့အသားကိုထွင်းလို့ သူ့သွေးကိုဖောက်ထုတ်ပြီး ပန်းလေးတွေကို ရှင်သန်စေဖို့ ကြံရွယ်ခဲ့တယ်တဲ့။

မောင်ကတော့ ပန်းချစ်တဲ့ ဥယျာဉ်မှုးတစ်ယောက်မဟုတ်ပါဘူး။
ချစ်ရသူကို အနာအဆာကင်းစေလိုတဲ့ ဆုတောင်းလေးပဲ ပြုမိသူပါ။

ဒီဆုတောင်းလေးကြောင့် သူများမျက်ရည်ကျအောင်လုပ်မိလို့ လူဆိုးဖြစ်မယ်ဆိုရင်လည်း ကျေကျေနပ်နပ်နဲ့ မကောင်းတဲ့သူအဖြစ်ခံလိုက်ပါ့မယ်။

လွန်းစိတ်နှလုံးဒဏ်ရာကင်းမယ်ဆိုရင်ပဲ

မောင်စတေးလိုက်ရတဲ့ လူကောင်းပုဒ်မလေးအတွက်...

တန်ပါတယ်လေ....

>>>>>>High boss's Husband<<<<

I see your monsters I see your pain,tell me your problems I'll chase them away

I'll be your lighthouse I'll make it okay~

When I see your monsters, I'll stand there so brave and chase them all away ~

Note- အာပေါက ရေဓာတ်ပါဗျ။ ပထဝီ(မြေ)၊ တေဇော (မီး)၊ ဝါယော (လေ)

TBC
24August2021

[ Zawgyi]


[Recommend song-Monsters(Katie sky)]

••••

မနက္အေစာႀကီးႏိုးေနၿပီး မထခ်င္ေသးတာမို႔ ကုတင္ေပၚငုတ္တုတ္ထိုင္ စားပြဲေပၚကဖုန္းကိုလွမ္းယူ၊ data on လိုက္ၿပီး ေတာင္ၾကည့္ေျမာက္ၾကည့္ ၾကည့္ေနစဥ္ IG က ဝင္လာသည့္ VIDEO CALL ေၾကာင့္ သြားၿပီဟူသည့္စိတ္နဲ႔ လက္ထဲကိုင္ထားသည့္ဖုန္းက ေပါင္ေပၚဘုတ္ခနဲ ျပဳတ္က်သည္။ မကိုင္လိုက္ရတာမို႔ သတ္မွတ္ခ်ိန္ျပည့္ေတာ့ ဖုန္းက်သြားၿပီးသိပ္မၾကာ data off အျမန္ မလုပ္ရေသးခင္ ထပ္ဝင္လာသည္။

ဒီတစ္ခါေတာ့မကိုင္လို႔မရေတာ့။ ဆံပင္ေတြကိုရႈပ္ေအာင္ လက္ထိုးဖြလိုက္၍ မ်က္လုံးကိုပြတ္ကာ ေခါင္းအုံးေပၚမွာ လွဲလိုက္သည္။ သ႑ာန္လုပ္ သ႐ုပ္တူေအာင္ ေျခရင္းကေစာင္ကိုလည္း မ်က္ႏွာပဲေဖာ္ထားကာ ေကာက္ၿခဳံလိုက္သည္။

ကိုင္လိုက္လိုက္ခ်င္းေပၚလာတာက ဆူပုတ္ေနသည့္ေမာင့္မ်က္ႏွာႏွင့္ 'လြန္း' ဟူသည့္ ခပ္ဆတ္ဆတ္ေခၚသံ။

"ဒီအခ်ိန္ႀကီးထၿပီးဘာလုပ္တာလဲ၊ ေစာေစာစီးစီး ဖုန္းကိုင္ေနရသလား"

"ဟီး၊ ဖုန္းသံၾကားလို႔ႏိုးလာတာ၊ မေန႔ညကေလ...internet မပိတ္လိုက္ရဘူးထင္တယ္၊ silent လည္းလုပ္မထားလိုက္ရေတာ့ ေမာင္ေခၚေတာ့ႏိုးလာေရာ"

ဆင္ကြက္နင္း က်ားကြက္နင္း။ ရွိသမွ်သြားကိုလည္း တဟဲဟဲၿဖီးျပ၍ မ်က္ႏွာခ်ိဳေသြးရေသးသည္။ ဒါေတာင္ ယုံလိုဟန္မေပၚ။ အေပၚပိုင္းဗလာႏွင့္ တဘက္တစ္ထည္နဲ႔ ေခါင္းသုတ္ေနတာမို႔ ေရခ်ိဳးခန္းထဲက ထြက္လာတာထင္သည္။ မေန႔ကေရာက္ၿပီဆိုတဲ့ အဝင္ေကာလ္ကလြဲရင္ လြန္းကိုဖုန္းထပ္မဆက္။ သူေျပာသြားသလို တကယ္အလုပ္ရႈပ္ေနတာျဖစ္မည္။

တဟဲဟဲရယ္ျပေနသည့္လြန္းကို ခပ္စူးစူးၾကည့္၍ တဘက္ကိုပစ္ခ်ၿပီး တင္ပလႅင္ေခြထိုင္ေတာ့ screen ေပၚမွာ ေမာင့္မ်က္ႏွာကရွင္းရွင္းလင္းလင္းေပၚလာသည္။

"မ်က္ကပ္မွန္တပ္ၿပီးမွ ဆက္သုံး၊ ဒီတစ္ခါပါဝါတက္ရင္ အဲ့မ်က္လုံးလည္းကန္းေတာ့မွာ"

"အျမင္ကြယ္ေပမယ့္ ဒီအစ္က္ိုႀကီးက ညီေလးကိုေတာ့ ခ်စ္ပါတယ္ေနာ္"

"ေတာ္ပါ၊ စကားတတ္တိုင္းေလွ်ာက္ေျပာေန၊ သားေရာ၊ သားမႏိုးေသးဘူးလား"

Camera ကို သားဘက္ထိုးျပေတာ့ ဗိုက္ပူေလးက ပါးေတြကႏွာေခါင္းကိုဖိထား၍ တခူးခူးအိပ္ေပ်ာ္လ်က္သား။

"သားသားေရ...ကူးကူးေလး...ခ်စ္ေဖေဖကိုမလြမ္းဘူးလားကြ ေဟ"

"မ်က္ႏွာခ်င္းဆိုင္ၿပီး တီတီတာတာေတာင္မေျပာခ်င္ေတာ့ဘူးေပါ့၊ ဟုတ္လား၊ ေနႏိုင္လိုက္တာကြာ"

တစ္ဖက္ကလူကသာ အပိုးမေသစြာ လိုက္စေနသည္။ အိပ္ေနသူက တုပ္တုပ္မွ်မလႈပ္။ မေန႔ညက ေမာင့္ကိုသတိရၿပီးငိုေနေၾကာင္းကိုေတာ့ ေျပာမျပျဖစ္ေတာ့။ အလကားေနရင္း စိတ္မေကာင္းမျဖစ္ေစခ်င္။

"တစ္နာရီေလာက္ေနမွႏႈိးေတာ့မယ္၊ အေစာႀကီးရွိေသးတာမလား"

"ေျခာက္နာရီပဲရွိေသးတာပါခင္ဗ်၊ ဘာလုပ္ခ်င္မွန္းမသိတဲ့သူေတြသာ အေစာႀကီးထေနတာ"

ျမန္မာစံေတာ္ခ်ိန္ကို႐ြတ္ၿပီးေျပာျပေနတာက ဆူခ်င္ေနတာမွန္းသိသည္။ ကိုယ့္အျပစ္နဲ႔ကိုယ္မလို႔ တိတ္တိတ္သာေနလိုက္သည္။ ေရစေတြတင္ေနေသးသည့္ မ်က္ႏွာကတစ္သက္လုံး ေတြ႕လာတဲ့တိုင္ေအာင္ အခုမွအၾကည့္မလႊဲခ်င္ေအာင္ျဖစ္ေနသည္။

"ဒီေန႔ေရာအလုပ္ေတြရႈပ္ဦးမွာေပါ့"

"အင္း၊ ဒီလိုပါပဲ"

"ဘာလဲ၊ ေမာင့္စကားႀကီးက၊ အဆင္မေျပဘူးလား"

Screen ကိုေက်ာေပး၍ အက်ႌဝတ္ရင္းေျဖေနေပမယ့္ လြန္းဆိုတာထိုကဲ့သို႔ ဇာမ့္ေက်ာျပင္ကိုၾကည့္တာနဲ႔ ဒီေလသံ၊ ဒီအေနအထားဘာျဖစ္ေနတယ္ဆိုတာ တန္းခန္႔မွန္းႏိုင္သည္။

"အဆင္ကေျပတယ္လြန္းရဲ႕၊ ေမာင့္ဘက္က ေျပတာမွတစ္ဖက္ကမ္းကိုလြန္ေရာ၊ တစ္ဖက္ကသာ အိုက္တင္ခံေနတာ"

"အင္၊ ဘယ္လိုအိုက္တင္ခံတာ"

"ေမာင္ေျပာျပမယ္၊ လြန္းစဥ္းစားၾကည့္၊ တရားလား မတရားလားဆိုတာ"

"ေျပာၾကည့္"

တိုင္ပင္ေဆြးေႏြးဖို႔ ဖုန္းကိုျပန္ကိုင္လိုက္ၿပီးမွ

"ခဏေလး ခဏ​ေလး၊ တံခါးေခါက္ေနလို႔"

Camera က နံရံဘက္ကိုသာလွည့္ထားတာမလို႔ အခန္းတံခါးဖြင့္သံနဲ႔အတူ တစ္ခုခုေျပာေနသံေတြၾကားရသည္။ မနက္စာစားဖို႔ေခၚတာကို လာခဲ့မယ္လို႔ေျပာတာလား သိပ္ေတာ့မေသခ်ာ။ ဒါေပမယ့္ ဟုတ္ကဲ့ရွင့္ဆိုတဲ့အဆုံးသတ္က ဗမာစကားမ်ားလားလို႔??

"လာၿပီ၊ ေမာင္ေျပာျပမယ္"

စိတ္အားထက္သန္စြာပါးစပ္တျပင္ျပင္ျဖင့္ ျပန္ေရာက္လာသည္။ လြန္းပဲစိတ္္ထင္ေနတာျဖစ္မွာပါ။ ဒါေပမယ့္ singapore မွာလည္း ျမန္မာကလူေတြအမ်ားႀကီးရွိတာပဲကို။

"အဲ့လူကကြာ ေမာင္ကမ္းလွမ္းတာကိုလက္ခံလိုက္တယ္၊ သူသေဘာတူတယ္၊ သူ႔အိမ္ကိုလာေတြ႕လွည့္ပါေပါ့"

"အင္း၊ အခုသူကမလုပ္ႏိုင္ေတာ့ဘူးတဲ့လား"

"ဘင္ဂို! အဲ့ဒါပဲ၊ ေမာင္လက္နဲ႔ေရးတာကို သူကေျခနဲ႔လာဖ်က္ခ်င္ေနတာ၊ ႐ိုး႐ိုးဖ်က္တာေတာင္မဟုတ္ဘူး၊ ၿဗီးၿဗီးဆိုၿပီး အတင္းလာဖ်က္တာ"

စကားပုံနဲ႔ေျပာေနတာနဲ႔က မအပ္စပ္။ ခဲတံေပ်ာက္သည့္ကေလး ဆရာမကိုလာတိုင္သလို ပယ္ပယ္ႏွယ္ႏွယ္ကို လြန္းကို႐ြတ္ျပေနတာ။ eco-journal ေတြရဲ႕ ထိပ္စီး Topic ေတြမွာပါလာတတ္သည့္ တည္တည္ၾကည္ၾကည္ CEO ႀကီးက ဒီတစ္ေယာက္လားဟု Recording ဖမ္းၿပီးေမးလိုက္ခ်င္သည္။

" ေလ်ာ္ေၾကးက 70 percent လို႔လည္းေျပာၿပီးသား၊ အဲ့ဒါကိုမသိခ်င္ေယာင္ေဆာင္ၿပီး ျငင္းေနတာ၊ တရားသလား လြန္းေျပာ"

စကားရွည္ႀကီးေျပာၿပီးဟန္ျဖင့္ ေရဘူးကိုဖြင့္ကာ ေသာက္လိုက္ေသးသည္။

"ဒါေပါ့၊ လုံးဝမတရားတာအသိသာႀကီး၊ ေလ်ာ္ေၾကးမရမခ်င္း ျပန္မလာခဲ့နဲ႔ ေမာင္၊ အာ...ေလ်ာ္ေၾကးတင္ဘယ္ကမလဲ၊ ေလယဥ္လက္မွတ္ဖိုးနဲ႔ ကုန္က်စရိတ္ပါေတာင္းလာခဲ့"

ေမာင့္အက်င့္အတိုင္း ေမးခုံတဝိုက္ကို လက္ဖမိုးနဲ႔သုတ္ရင္း လက္မေထာင္ျပလာသည္။

"ဟုတ္တယ္၊ ေလ်ာ္ေၾကးမရမခ်င္းျပန္မလာဘူး၊ ဒါေပမယ့္ ဘယ္လိုလုပ္မလဲ၊ လြန္းကိုလြမ္းလွၿပီ"

လြမ္းလွၿပီဟူသည့္ေနာက္မွာ စကားလမ္းေၾကာင္းက သတိရေၾကာင္းေတြကိုအလိုလိုဦးတည္သြားျပန္သည္။ သုံးရက္အတြင္းျပန္လာမယ္ဟု ေနာက္ဆုံးပိတ္ကတိေပးၿပီး အဆက္မျပတ္ေခါက္ေနသည့္တံခါးသံေၾကာင့္ ဖုန္းခ်သြားသည္။

မိနစ္ႏွစ္ဆယ္ျပည့္ေအာင္ပင္ မေျပာလိုက္ရေပမယ့္ ဒိီေန႔ဖို႔ေတာ့ လုံလုံေလာက္ေလာက္လြမ္းဖို႔ ေက်နပ္သြားၿပီျဖစ္သည္။ ဖုန္းကိုစားပြဲေပၚျပန္တင္၍ တေရးျပန္ေမွးေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပန္အိပ္ေပ်ာ္သြားခဲ့ပါ၏။

အိပ္ေပ်ာ္ျခင္းရဲ႕အေၾကာင္းတရားကို ေရးေတးေတး ရွာေတြ႕သေဘာေပါက္လာသလို...
ခ်စ္သူ....
အသံေလးတစ္ခ်က္ၾကားလိုက္႐ုံနဲ႔ မိုးကုပ္စက္ဝိုင္းတစ္ခုတည္းေအာက္ တစ္ေနရာစီက ငါတို႔ႏွစ္ေယာက္လည္း ဒီလိုမ်ိဳးနီးကပ္သြားႏိုင္တာပဲလား..။

>>>>>High Boss's Husband<<<<

ဆက္တိုက္ေတြဆင့္ေခါက္ေနသည့္တံခါးကိုဖြင့္လိုက္ေတာ့ အက်ႌလက္ရွည္အား ေဘာင္းဘီအနက္ရဲ႕အျပင္ကို ကပိုက႐ိုမဟုတ္ဘဲ ျဖစ္သလို ထုတ္ကာ ေပါင္မုန္႔တစ္လုံးလက္ကကိုင္၍ အခန္းေရွ႕ရပ္ေနသူက ကိုသု။ ေယာကၡထီးဟာ နည္းနည္းေတာ့လြန္သည္။ မေန႔ကဇာမ္တို႔ေရာက္ကတည္းက အိမ္ကိုျပန္မလာသလို ညေနစာစားပါဦးဟူ၍ နည္းနည္းေလးမွ် ေလာကြတ္မျပဳ။ ေစာဏကသာ ရဝီဟူသည့္ေကာင္မေလး မနက္စာစားဖို႔လာေခၚတာ။

ဗိုက္ေဟာင္းေလာင္းကို ေပါင္မုန္႔ရယ္၊ေရရယ္ျဖင့္ အသက္ဓာတ္ျဖည့္ထားတာမို႔ ထမင္းကိုပင္ မျမင္ရေသး။ ဦးမာန္ႏိုင္ကို ရန္ကုန္အပါေခၚဖို႔ဆုံးျဖတ္ထားတာမို႔သာ မ်က္ႏွာေျပာင္ေျပာင္နဲ႔ အေၾကာတင္းေနရသည္။ အခုေတာ့အိမ္ရွင္က အိမ္ေပၚမွာမရွိဘဲ ဧည့္သည္ကအိမ္ေပၚတက္ေနသလိုျဖစ္ေနသည္။

"မနက္စာစားရေအာင္တဲ့"

ေအာက္ဆင္းဖို႔ကို အေဖာ္ညႇိေနတာက သူတစ္ေယာက္တည္းသြားရင္ ကိုက္စားခံရမယ့္အတိုင္း။

"ျပန္လာတာေတြ႕သလားကိုသု"

"ကြၽန္ေတာ္ အခန္းထဲကမွမထြက္တာ၊ ဘယ္လိုသိမွာတုန္း"

ရႉးေတာင္ေျဖာင့္ေျဖာင့္မေပါက္ရဲသူအား ေမးမိတာအမွား။

"သြားမယ္သြားမယ္၊ ေနဦး၊ အဲ့ဘက္ကမန္ေနဂ်ာဆီက ခန္႔မွန္းေျခ ကုန္က်စရိတ္ကိုေတာင္းၾကည့္ၿပီး ေလ်ာ္ေၾကး70ရာခိုင္ႏႈန္းကို အတိအက်တြက္ထားေပး ကိုသု"

"တြက္ထားၿပီးၿပီ၊ အခုယူမလား Boss"

ရွပ္ျပာရွပ္ျပာေပမယ့္ ကိုသုက အလုပ္မွာေတာ့ေရွ႕အကြက္ကိုႀကိဳျမင္သည္။ အခန္းထဲဝင္သြားၿပီး ခဏၾကာေတာ့ စာ႐ြက္တေပြ႕နဲ႔ျပန္ထြက္လာသည္။ ႏွစ္ေယာက္သား ေအာက္ဆင္းလာခ်ိန္မွာ ထမင္းစားပြဲထိပ္မယ္ ဦးမာန္ႏိုင္ကထိုင္လ်က္သား။ ဘယ္အခ်ိန္ကျပန္ေရာက္လာတယ္မသိ။

"ေမာနင္း ဥိီးမာန္"

စားပြဲအရွည္ႀကီးမွာထိုင္ခုံေတြအမ်ားႀကီးရွိပါလ်က္ ထမင္းျပင္ေပးထားသည့္ေနရာကိုမထိုင္ဘဲ ပန္းကန္ကိုဦးမာန္ႏိုင္ရဲ႕ေဘးေထာင့္ကိုေ႐ႊ႕၍ ထိုေနရာမွာဝင္ထိုင္သည္။ ဇာမ့္ကို မ်က္လုံးဝင့္ကာ တစ္ခ်က္ၾကည့္လာေပမယ့္ ဘာမွမေျပာ။ ထမင္းကိုဆက္စားေနသည္။

"ဘယ္လိုလဲ၊ဆုံးျဖတ္ၿပီးၿပီလား ဦးမာန္"

သဒၶါသလား၊မသဒၶါသလားမသိေသာ္ျငား ဆီတို႔ဟူးခပ္ပါးပါးအုပ္ၿပီး ပါလေခ်ာင္ေၾကာ္တင္ထားသည့္ ပူပူေႏြးေႏြးထမင္းတစ္နပ္က တကယ္အရသာရွိပါသည္။ ဦးမာန္ႏိုင္က ညာဘက္လက္ကဇြန္းကိုခ်၍ ဘယ္ဘက္လက္က လက္သုတ္ပုဝါကိုယူကာ ႏႈတ္ခမ္းတဝိုက္ သပ္သပ္ရပ္ရပ္သုတ္ၿပီး

"စဥ္းစားစရာမလိုသလို ဆုံးျဖတ္စရာလည္းမလ္ိုဘူး၊ ေနစရာလည္းေပးခဲ့ၿပီးၿပီ၊ ထမင္းလည္းေကြၽးခဲ့ၿပီးၿပီမလို႔ ေအးေအးေဆးေဆးျပန္လိုက္ေတာ့ ေကာင္ေလး"

ေကာင္ေလး?? ရဲစခန္းတိုင္တဲ့ အၾကမ္းနည္းနဲ႔မရေတာ့ ဇာမ့္ကိုအႏုနည္းနဲ႔လာႏွင္ထုတ္ေနတာလား။ ခပ္ပါးပါးၿပဳံးရင္း ျပင္ဆင္ထားသည့္စာ႐ြက္ကို ေရွ႕ကိုခ်ေပးလိုက္သည္။ ထမင္းစား,စားပြဲမွာ ေသြးတက္ေအာင္မလုပ္ခ်င္ေပမယ့္ လြန္တာရွိရင္ေနာင္အခါမွဝႏၲာမိပါ့မယ္။

"ဒါက"

"ေလ်ာ္ေၾကးေလ ဦးမာန္၊ ဂဏန္းတစ္လုံးမွမလြဲေစရေအာင္ အတိအက်တြက္ထားတယ္၊ အဲ မူရင္းစာခ်ဳပ္မွာ နံပါတ္၃အခ်က္ ေဖာက္ဖ်က္ပါက ေလ်ာ္ေၾကးေပးေဆာင္ရမည္ကို သေဘာတူပါသည္ဆိုၿပီး ဦးမာန္ကိုယ္တိုင္လက္မွတ္ထိုးထားေသးတယ္ေနာ္"

ျပတ္ျပတ္သားသားစကားလုံးေတြကို ဦးမာန္ႏိုင္ မၾကားတစ္ခ်က္ၾကားတစ္ခ်က္။ Bold တင္ထားသည့္ သခ်ၤာဂဏန္းကိုၾကည့္၍ မ်က္လုံးအစုံျပဴးက်ယ္လာသလို ဦးေႏွာက္ဘ႑ာတိုက္က ခ်က္ခ်င္းလက္ငင္းပူထူလာသည္။

ေထာင္....ေသာင္း....သိန္း....သန္း.....မဟုတ္၊ ေရတြက္လို႔မရေတာ့တဲ့သုညေတြက ဘယ္ႏွစ္လုံးေတာင္လဲ။

"မျဖစ္ႏိုင္ဘူး"

"ျဖစ္ႏိုင္ပါတယ္ဗ်၊ မျဖစ္ေသးတာပဲရွိတာ"

"မင္းတမင္အကြက္ဆင္ထားတာပဲ"

"သမင္ဖမ္းဖို႔ ေထာင္ေခ်ာက္ဆင္လည္း အဲ့သမင္က ဝင္လာဦးမွျဖစ္တာ၊ မဟုတ္ရင္ မုဆိုးဟင္းစားဘယ္ရပါ့မလဲ"

"ငါကဘယ္ေတာ့မွမင္းေထာင္ေခ်ာက္ထဲဝင္လာမွာမဟုတ္ဘူး"

က်စ္က်စ္ဆုပ္သြားသည့္ လက္သီးေတြကိုၾကည့္၍ ထပ္ၿပဳံးမိသည္။ ႐ိုင္းစိုင္းျခင္းမဟုတ္တဲ့ တစ္စုံတစ္ခုအတြက္ လိုက္ေလ်ာေပးလိုမႈမွန္း သိေစခ်င္သည္။ မရ။ ဒီေလာက္ႏွင့္မရေတာ့။

"ကြၽန္ေတာ္နဲ႔တစ္ေနရာသြားရေအာင္...."

သူေမာင္းမယ္ဟုဆိုကာ တည္တည္ၿငိမ္ၿငိမ္ကားေမာင္းေနသည့္သူ။ မေတာ္တဆဟန္ျပဳ၍ ထုတ္ျပလာသည့္ ဓာတ္ပုံေလးေၾကာင့္ ဒီေကာင္ေလးရဲ႕အႀကံကိုရိပ္မိေနၿပီေပမယ့္ ႏွစ္အေတာ္ၾကာထိ အစိုင္တည္ေနသည့္ ဥိီးမာန္ႏိုင္ရဲ႕မာနတို႔က ခြင့္မျပဳ။ ေျမးျဖစ္သူကို ေတြ႕ခ်င္လို႔မ်က္ရည္က်မိခ်ိန္တိုင္း သတင္းစာစကၠဴေဟာင္းေပၚက သားအျဖစ္အေမြျဖတ္စြန္႔လႊတ္သည့္စာတန္းေတြက ေယာက်ာ္းကတိကို ေလွာင္ေျပာင္ျပေနသေယာင္။

'ခြၽင္းျခက္မရွိ ေမာင့္ကိုပဲေ႐ြးမယ္' ဟုဆိုကာ ထိုေကာင္ေလးလက္ကိုဆြဲၿပီး ေနာက္္တစ္ခ်က္မွလွည့္မၾကည့္သည့္ သား။

အရာအားလုံးဘယ္ကစမွားတာလဲ။
လူ႔ေလာကထဲရွင္သန္ရပ္တည္ဖို႔ ခ်စ္ျခင္းေမတၱာတရားထက္ ေငြေၾကးဥစၥာကို အျပည့္အဝေပးခ်င္ခဲ့တဲ့သူ႔ေစတနာကလား။
လက္တြဲေဖာ္ထက္ အာဏာကိုပိုမက္ေမာေစလိုတဲ့ သူ႔ေမတၱာကလား။

သားကို ပလႅင္ေဘးက ၾကင္ယာေတာ္မျဖစ္ေစခ်င္ခဲ့ဘူး။ ပလႅင္ထက္က ဘုရင္တစ္ပါးပဲျဖစ္ေစခ်င္ခဲ့တာ။

"ဆင္းလို႔ရၿပီ ဥိီးမာန္"

ကားရပ္လိုက္သည့္ေနရာက ေဆာက္လုပ္ေရးဂိုက္တစ္ခုခုျဖစ္မယ္ထင္ေပမယ့္ ကြဲျပားျခားနားစြာပင္ ကေလးကစားကြင္းတစ္ခုျဖစ္ေနခဲ့သည္။ ဝင္ေၾကးလက္မွတ္ဝယ္ၿပီး ေခါင္းဆတ္ကာေခၚလာေတာ့ ခ်ားရဟတ္ရဲ႕ေရွ႕ ထိုင္ခုံတန္းမွာ ထိုင္မိၾကသည္။

"ငါေလ်ာ္ေၾကးေပးၿပီးရင္ ငါ့မ်က္စိေရွ႕ကထြက္သြားေပးမလား"

"ဦးမာန္သိလား"

ကစားေနသည့္ကေလးေတြကိုၾကည့္ကာ အေျဖမရွိသည့္ေမးခြန္းႏွစ္ခုထြက္လာသည္။ ဇာမ့္မ်က္လုံးေတြဟာ တည္တည္ၾကည္ၾကည္။ ႏႈတ္ခမ္းညိဳေတြက ထြက္သမွ်စကားလုံးတိုင္းဟာ ေလးေလးနက္နက္။

"လြန္းကေျပာတယ္၊ သံေယာဇဥ္တြယ္ရမွာ သူသိပ္မုန္းတယ္တဲ့"

ဦးမာန္ႏိုင္က ဇာမ့္ကိုဆတ္ခနဲၾကည့္လာေပမယ့္ ဇာမ္ကေတာ့ ကေလးေတြကိုပဲၾကည့္ေနသည္။ တစ္လုံးခ်င္းကို အားယူေျပာေနသည့္အသံေတြက ၾသရွသံနဲ႔အတူအက္ကြဲခ်င္ေနသည္။

သူ႔အမ်ိဳးသားေလး နာက်င္ခဲ့သည့္တစ္ဖက္ျခမ္းမွာ သူမရိပ္မိဘဲ လ်စ္လ်ဴရႈခဲ့တယ္ဆိုရင္ အႂကြင္းမဲ့ ယုံဖြယ္ရာမရွိ။

"ဒါေပမယ့္ေလ အဲ့လိုေျပာေနခဲ့တဲ့တစ္ခ်ိန္တည္းမွာပဲ လြန္းမ်က္လုံးေတြမွာ အထီးက်န္စိတ္ကိုကြၽန္ေတာ္ေတြ႕လိုက္ရတယ္"

ေမာင္သိပ္ကိုေၾကာက္ခဲ့တဲ့အခ်ိန္ေတြေပါ့။ ဘာအေၾကာင္းအရင္းမွမရွိဘဲ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ေနတတ္တဲ့ မ်က္ဝန္းျပာေတြထဲ ေမာင့္ဝိဉာဥ္ခိုဝင္ခ်င္ခဲ့ဖူးတယ္။ မွိတ္ခ်ထားတဲ့မ်က္ဝန္းျပာေတြေအာက္မွာ ဘယ္လိုစိတ္ဒဏ္ရာေတြရွိေနခဲ့တာလဲ ေမာင္ဝင္ၾကည့္မိခ်င္ခဲ့တယ္။

"ႏွင္းဆီရဲရဲေတြကိုေတြ႕ရင္ သူမ်က္ႏွာလႊဲတတ္တယ္၊ ပန္းမခ်စ္ဘူးထင္ရေပမယ့္ အဲ့ပန္းေလးေတြနဲ႔ပဲ စကားေျပာေနတတ္ျပန္ေရာ"

ပန္းေတြကလြန္းစကားကိုနားလည္ပါ့မလား ေမာင္ေမးေတာ့ 'အထီးက်န္မႈကိုေဖ်ာက္ဖို႔ ပန္းေလးေတြနဲ႔စကားေျပာရမယ္'တဲ့။ အဲ့ဒီေန႔က လြန္းအိမ္ေရွ႕ကႏွင္းဆီပန္းေလးေတြကို ေမာင္ တိုးတိုးေလးေျပာခဲ့တယ္။ ေမာင့္ခ်စ္သူေလးကို အထီးမက်န္ေစဖို႔ ေမာင္ကတိေပးပါတယ္ကြယ္။

"ဟက္ ဦးမာန္ကရယ္ရတယ္ဗ်"

ေျခာက္ကပ္ကပ္ရယ္သံအဆုံးမွာ ပတ္ဝန္းက်င္ဟာ ခဏေတာ့တိတ္ဆိတ္သြားသလို။

"ပစၥည္းဥစၥာေတြကိုသည္းႀကီးမည္းႀကီးလိုက္ရွာေနခ်ိန္မွာ မိုးေရေတြထဲရပ္ေနတတ္တဲ့ေကာင္ေလးတစ္ေယာက္ကို သတိမထားမိခဲ့ဘူးမလား"

"သူက ငါ့ကို အေဖတစ္ေယာက္လို႔ဘယ္တုန္းကမွမသတ္မွတ္ခဲ့ဖူးဘူး"

"အေဖလို႔သတ္မွတ္ဖို႔အတြက္ ခင္ဗ်ားကိုယ္တိုင္ကေရာ အေဖပီသေအာင္ေနခဲ့လို႔လား"

စိတ္အစိုင္အခဲေတြက ႏႈတ္ဖ်ားဆီကထုတ္အံက်တဲ့အခါ တရားခံနဲ႔တရားလိုႏွစ္ေယာက္ အားၿပိဳင္ရမယ့္အစား ဇာမ့္ခါးသီးမႈေတြေအာက္မွာ ေသြးသားသံေယာဇဥ္မရွိပါဘူးဆိုတဲ့ ဦးမာန္ႏိုင္က အျပစ္ရွိသူသဖြယ္သိမ္ငယ္လ်က္။

"ေျပာျပခ်င္ခဲ့တယ္၊ သားအိပ္ေပ်ာ္ေနတိုင္း​ေဟာက္တတ္တဲ့ အက်င့္က သူ႔အဖိုးနဲ႔တူတယ္ဆိုၿပီး သူကိုယ္တိုင္ေတာင္ သတိမထားမိဘဲေျပာျပေနတတ္တဲ့ လြန္းမ်က္ဝန္းေတြ၊

ေမေမတို႔နဲ႔ေတြ႕တဲ့အခ်ိန္ မိသားစုရၿပီဆိုတဲ့စိတ္နဲ႔ ေပ်ာ္ျမဴးေနတဲ့ လြန္းမ်က္ဝန္းေတြ"

"ငါ..."

ဇရာၿပိဳေနေသာ္ျငား အေရတြန္႔ျခင္းအလွ်င္းမရွိသည့္ လက္ဖခုံေပၚသို႔ မ်က္ရည္တစ္စက္ေပါက္ခနဲေႂကြက်သည္။

အႏွီးထုပ္ထဲက ကေလးေလး လူ႔ေလာကထဲေရာက္လာတဲ့အခ်ိန္က သူ႔ပုခုံးေပၚထမ္းတင္ၿပီးဘယ္ေလာက္ေပ်ာ္ခဲ့ရဖူးသလဲ။

စကားမေျပာတတ္ေသးတဲ့ ကေလးေလးကို 'သားသားေလး ဘာလိုခ်င္လဲ' ေမးေတာ့ ေဖ့ကေလးေလးလိုခ်င္ခဲ့တဲ့အရာက မိသားစုလို႔ ဘာလို႔ေစာေစာမသိခဲ့ရသလဲ။

"လူေတြ သူ႔အေၾကာင္းေျပာလို႔ ကြၽန္ေတာ္ေဒါသထြက္တိုင္း မွန္တာေျပာတာပဲ၊ နာစရာပါလို႔လားလို႔ ေဖ်ာင္းဖ်တတ္သူရဲ႕ အတြင္းစိတ္ထဲမွာ ဒဏ္ခ်က္ေတြနဲ႔ဗ်! ဒဏ္ခ်က္ေတြနဲ႔!"

ရႈိက္တိုးဝင္သြားသည့္အသံ။

ဘယ္သူမွမသိခဲ့ဘူး။ လြန္းဒဏ္ရာေတြကို ေမာင္အစားယူ ထမ္းသယ္ေပးခ်င္တဲ့အေၾကာင္း။ ဘယ္သူမွမသိခဲ့ဘူး။ အဲ့ဒီဒဏ္ရာေတြေပ်ာက္ေအာင္ ပန္းပင္ေလးကိုေမာင္ဘယ္လိုတယုတယျဖစ္ခဲ့ရတဲ့အေၾကာင္း။

"ေတာင္းပန္ပါတယ္၊ အခုပဲျဖစ္ျဖစ္အခ်ိန္မွီေသးတာမလို႔ အေဖ့ေမတၱာဆိုတဲ့အရာကို သူ႔ဆီ ေပးေပးႏိုင္မလား"

ေတာင္းပန္ပါတယ္။ ခင္ဗ်ားနာက်င္ရမယ့္နည္းလမ္းကိုေ႐ြးၿပီး အမွန္တရားေတြမေျပာျပခ်င္ေပမယ့္ ဒီလိုထုတ္ျပမွ ကြၽန္ေတာ္ ေနာင္တမရမွာ။ တစ္ဘဝလုံးဖခင္ေမတၱာမရခဲ့ဘူးဆိုတဲ့ ပညတ္ခ်က္ႀကီးကို ကြၽန္ေတာ္ေခ်ဖ်က္ေပးမွ ကြၽန္ေတာ့္ပန္းေလး အနာအဆာကင္းမွာမလို႔ပါ။

"ေတာ္ပါေတာ့....ေက်းဇူးျပဳၿပီး..."

"အခ်ိန္ရပါေသးတယ္ ဦးမာန္၊ ေနာက္ႏွစ္ရက္ေနရင္ကြၽန္ေတာ္ျမန္မာကိုျပန္မယ္၊ လိုက္ခဲ့မယ္မလိုက္ခဲ့ဘူးဆိုတာ ဦးမာန္ကိုယ္တိုင္ပဲဆုံးျဖတ္ပါ"

ေနာက္ထပ္ေသြးသားရင္းခ်ာတစ္ေယာက္ ဒီေလာကထဲ သက္ဆင္းဝင္ေရာက္ လာဥိီးမည့္အေၾကာင္း မေျပာျပျဖစ္ခဲ့ေတာ့။

ျပစ္ခ်က္ေတြတေပြ႕တပိုက္ျဖင့္ ရႈိက္ႀကီးတငင္ငိုေနသည့္ လူတစ္ေယာက္ကိုေက်ာခိုင္းထြက္လာခဲ့သူမွာလည္း အပူမ်က္ရည္စေတြနဲ႔ရယ္။

ငယ္ငယ္က ပုံျပင္ေလးတစ္ပုဒ္ၾကားဖူးတယ္။

ကမာၻေျမမွာ အာေပါဓာတ္ေတြကုန္ဆုံးေတာ့ ပန္းခ်စ္တဲ့ဥယ်ာဥ္မႉးေလးက သူ႔အေရျပားကိုေဖာက္၊သူ႔အသားကိုထြင္းလို႔ သူ႔ေသြးကိုေဖာက္ထုတ္ၿပီး ပန္းေလးေတြကို ရွင္သန္ေစဖို႔ ႀကံ႐ြယ္ခဲ့တယ္တဲ့။

ေမာင္ကေတာ့ ပန္းခ်စ္တဲ့ ဥယ်ာဥ္မႈးတစ္ေယာက္မဟုတ္ပါဘူး။
ခ်စ္ရသူကို အနာအဆာကင္းေစလိုတဲ့ ဆုေတာင္းေလးပဲ ျပဳမိသူပါ။

ဒီဆုေတာင္းေလးေၾကာင့္ သူမ်ားမ်က္ရည္က်ေအာင္လုပ္မိလို႔ လူဆိုးျဖစ္မယ္ဆိုရင္လည္း ေက်ေက်နပ္နပ္နဲ႔ မေကာင္းတဲ့သူအျဖစ္ခံလိုက္ပါ့မယ္။

လြန္းစိတ္ႏွလုံးဒဏ္ရာကင္းမယ္ဆိုရင္ပဲ

ေမာင္စေတးလိုက္ရတဲ့ လူေကာင္းပုဒ္မေလးအတြက္...

တန္ပါတယ္ေလ....

>>>>>>High boss's Husband<<<<

I see your monsters I see your pain,tell me your problems I'll chase them away

I'll be your lighthouse I'll make it okay~

When I see your monsters, I'll stand there so brave and chase them all away ~

Note- အာေပါက ေရဓာတ္ပါဗ်။ ပထဝီ(ေျမ)၊ ေတေဇာ (မီး)၊ ဝါေယာ (ေလ)

TBC
24August2021

Continue Reading

You'll Also Like

141K 5.2K 52
ငါ့အသက်ရှင်နေသ၍ ငါ့စက်ကွင်းကနေလွတ်မယ်လို့မထင်လိုက်နဲ့ ရတုမင်းပိုင် #ဥက္ကာစေတန် ဒီဝဋ်ကြွေးကြီးကျေဖို့အမြဲဆုတောင်းနေတဲ့ကျွန်တော့်ကို ကံတရားကဒီတိုင်းကြည...
343K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
169K 20.3K 21
မှာဦးမယ် လက်ပံတစ်ပွင့် မောင်ပန်ဖို့... မောင်ပန်ဖို့... လက်ပံတစ်ပွင့်တော့ ကောက်ခဲ့ပါဦး။
316K 17.5K 50
၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီး‌တွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သား‌...