When You Find Lost Love Again

By Htet-Bo

146K 11.1K 2.9K

3.6.2021 - 11.5.2022 More

Character (1)
Character (2)
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4

Part - 18

2.1K 224 83
By Htet-Bo

" ဒေါက် ဒေါက် ဒေါက် "

ရည်ရွယ်ချက်မဲ့စွာ စားပွဲခုံကို ခေါက်နေမိသည်။ လေပူတွေမှုတ်နေမိတာလည်း အကြိမ်ကြိမ် ။ ဘာအတွက်ကြောင့် သူ ဒီလိုတွေ ဖြစ်နေတာလဲမသိ။ စိတ်အလိုမကျဖြစ်နေတာတော့ အမှန်ပင်။

ဒီနေ့ ရန်း ရဲ့ အစီအစဥ် ရိုက်ကူးမယ့်နေ့ ။ အမြဲတမ်း တက်ကြွပျော်ရွှင်နေတဲ့ ရန်းက ဒီနေ့မှာတော့ သူမတူစွာ ငူငူငိုင်ငိုင်။ မတွေ့ဆုံချင်ဘူး ။ တွေ့ဆုံရမှာကို သဘောမကျဘူး ။

ရန်း အစီအစဥ် မှာ ဝန်း လာရမယ်လို့ စသိတော့ စိတ်ပျက်သွားမိသည်။ လူအများရဲ့ ​ရှေ့မှာ ပထမဦးဆုံး အကြိမ်
ချစ်ရသူနဲ့ အတူတူ ရှိခွင့်ရမယ့် အခွင့်အရေး ဆိုပေမယ့် ချစ်ရသူနဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲ မှ မဟုတ်ဘဲ ။ လူတွေက ရန်း နဲ့ ဝန်း ဆိုပြီး မြင်ကြမှာမဟုတ်ဘဲ ဝန်း နဲ့ တခြားသူကို တွဲ မြင်ကြလိမ့်မယ် ။ ဒါကို ရန်းက ဘေးကနေ ထိုင်ကြည့်နေရမယ့် ဘေးလူ။

တစ်လ လုံး ဇာတ်လမ်းတွဲအတွက် မနားမနေ အချိန်ဇယားပြည့်နေတဲ့ ဝန်းက မနက်ဖြန်ဘယ်သွားရမလဲဆိုတာကို ဒီနေ့ညလိုမှ သိရသည်။ တစ်ခါတစ်လေ များ ဘယ်သွားရမယ်တောင်မသိ ခေါ်သွားတဲ့ နေရာကို လိုက်သွားရတာမျိုးတွေ ။ ရန်းအစီအစဥ်မှာ ဝန်းတို့လာရမှာကိုတောင် ရန်း ပြောမှ ဝန်း က သိခြင်း ။
ကိုယ် သက်​​ပြင်း​မောချတော့ ဝန်းက ပြောနေကျ စကားတွေနဲ့ ဖြောင်းဖျပြန်သည်။ ​သေချာစဥ်းစားကြည့်ပြန်တော့ ဘာမှ ပတ်သက်ဆက်နွယ်ခြင်း
မရှိတဲ့ လူတစ်ယောက်အား တွေ့ဆုံရမှာ ကို ဘာ​တွေ စိတ်မောစရာလိုလို့လဲ။ အလုပ်မှာ personal ခံစားချက်ကို ထည့်မထားသင့်တာကို ရန်း သိရက်နဲ့ ဖယ်ထုတ်လို့မရအောင် သူ့အလိုလို ဝင်ဝင်လာတဲ့ ​သေးနုပ်တဲ့အတွေးတွေ။

" ကိုရှေးဆက်ရန်း "

နာမည်ခေါ်ကာ အနားရောက်လာတဲ့ ရိုက်ကွင်းမန်နေဂျာ နဲ့ ဇာတ်ညွှန်းဆရာမက ပြုံးစိစိ။

" ပထမဆုံး ဧည့်သည် လာမှာမလို့ စိတ်လှုပ်ရှားနေတာ ထင်တယ် "

ကိုယ့်ကိုယ်ကိုတောင် ဘာဖြစ်နေတာလဲ မသိတာမို့ ပြုံးသာပြ၍ အဖြေပေးလိုက်သည်။

" ဟို လာမယ့် Guest တွေက အပင်အကြောင်းကို ဆွေးနွေးရင်း သူတို့ဇာတ်လမ်းကို Promote လုပ်မှာဆိုတော့ ကိုရှေးဆက်ရန်းက ကူညီပေးပါဦးနော် "

များ​သောအား​ဖြင့် ဒီလို ကဏ္ဍ တွေကို အနုပညာရှင်တွေလာတာက သူတို့ရဲ့ အလုပ်နဲ့ပတ်သက်ပြီး လာကြေငြာကြတာဆိုတာ မင်းသားချိန်း ရဲ့ ချစ်သူဖြစ်တဲ့ ရန်း က မသိစရာလား ။ အပင်နဲ့ပတ်သက်တဲ့ အစီအစဥ်မှာ ပါဝင်တိုင်း အပင်ကို ချစ်ချင်မှ ချစ်မှာပေါ့ ။ ဝန်းဆို အပင်အကြောင်း ဘာမှမသိသလို စိတ်လည်း မဝင်စား ။ ခုလည်း သူတို့ ဇာတ်လမ်းတွဲကို promote လုပ်ဖို့ အချိန်ရော မေးခွန်း တွေရောကို ရန်း ဖတ်ထားပြီးသား။

" စိတ်ချပါ ကျွန်တော် သေချာအချိန်ပေးပါ့မယ် "

အချိန်တွေ ဖယ်ပေးထားတယ်လို့ ပြောသည့်တိုင် သူတို့မျက်နှာ အနေအထားက အီလည်လည်နဲ့ မကျေနပ်ချင် ။ ဘာတွေများ အလိုရှိနေသေးတာလဲ ။

" တခြား ဘာလုပ်ပေးရဦးမှာလဲ "

" ဟို​လေ သူတို့နှစ်ယောက်ကို ဘေးကနေ နည်းနည်း သိတယ်မလား အဟင်း ခုခေတ်က ကောင်လေးနှစ်ယောက်ချစ်ခြင်းမျိုးကို သဘောကျတယ်လေ သူတို့နှစ်ယောက်ကိုလည်း အားလုံးက စိတ်ဝင်စားနေတော့ သူတို့နှစ်ယောက်ရဲ့ ကြည်နူးတဲ့အခိုက်အတန့်လေးတွေကို မြင်ချင်နေကြတာ အဲ့ဒါ ကို​ရှေးဆက်ရန်းက ဖန်တီးပေးပါဦး "

တင်းကြပ်သွားတဲ့ ရင်ဘတ်နဲ့ အတူ ပေါင်ပေါ်က လက်သည်လည်း လက်သီးဆုပ်အသွင်သို့ ပြောင်းလဲသွားသည် ။ ဒေါသထွက်တာထက် လဲမကျသွားဖို့အတွက် အားတင်းလိုက်တာ ။

သူအခု ဘာတွေ လာပြောနေတာလဲဆိုတာ သူသိရဲ့လား ။ မင်းချစ်သူကို တခြားတစ်ယောက်နဲ့ ပျော်ပါးနေအောင် လုပ်ပေးပါလို့ လာပြောနေတာလေ။ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်တော့ အားလုံးရဲ့ မျက်နှာထားတွေက ပြုံးစိစိနဲ့ ။ သူတို့သိပ်မြင်ချင်ကြတယ်ပေါ့လေ ။ ဟက် ။ မွန်းကျပ်မှုတွေက တရိပ်ရိပ်နဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံလာသည်။ အပြင်ကို ထုတ်ပြလို့မရတာကြောင့် အသက်ရှူရတာကိုက ခက်နေသလို ။ ရန်း ဟက်ခနဲ တစ်ချက်လှောင်ရယ်လိုက်သည် ။ သူတို့တွေ သိပ်လွန်တာပဲ ။

" မလုပ်နိုင်ဘူးဆိုရင်ရော "

ကိုယ့်ချစ်သူက သူများနဲ့ ကြည်နူးနေမှာကို ထိုင်ကြည့်နေရဖို့အထိ ရှေးဆက်ရန်းက သဘောမကောင်းပါ။

" ရှင် ! အဲ... ဟို... "

တုံ့ပြန်လိုက်တဲ့ ကိုယ့်အသံမှာ ဒေါသ သံ အနည်းငယ် စွတ်သွားတယ်နဲ့ တူပါတယ် ။ အဖြေက သူတို့ထင်မှတ်ထားသလို မဟုတ်တာကြောင့်
လေထုက ငြိမ်သက်ကာ တိတ်ဆိတ်သွားပြီး ကြည်နူးတဲ့အခိုက်အတန့်တွေ ဖန်တီးခိုင်းတဲ့ သူသည်း ကိုယ့်အရှေ့တွင် ကြောင်အစွာ ။

အားလုံးရဲ့ မျက်ဝန်းတွေက ရန်း ဆီမှာ စုပုံလို့နေသည် ။ တစ်ချို့တွေက အ​ကြည့် သာမက ပါးစပ်ကပါ တိုးတိုး တိုးတိုး နှင့် ။ သူက ဘာကြီးလဲ ဒေါသထွက်စရာလိုလို့လား ဆိုတဲ့ စကားသံက ရန်း စိတ် ကို လာဆွနေသယောင်။ ဟက်! ။

" ကျွန်တော်တစ်​ယောက်ထဲနဲ့ လုပ်မယ့်အလုပ်ကို Guest တွေ လက်ခံပေးထားပြီပဲ Guest တွေ လူစိတ်ဝင်စားခံရအောင်ထိ လိုက်လုပ်​ပေးနေရဦးမှာလား အပင်အကြောင်းရိုက်ကူးတဲ့ အစီအစဥ် မှာ အပင်အကြောင်းပဲ ပြောချင်တယ် အဆင်မပြေရင် စာချုပ်ဖျက်လိုက် ကျွန်တော့်ဘက်က လျော်ကြေးပေးမယ် "

အပင်တွေကို ချစ်လို့ ဒီအလုပ်ကို လက်ခံခဲ့တာ စီးပွားရေးသိပ်ဆန်နေရင် လက်တွဲဖြုတ်ဖို့ ဝန်မလေးကြောင်း ပြောကာမှ ရိုက်ကွင်းတာဝန်ခံဆိုတဲ့ လူက ပြာပြာသလဲလဲ ။

" အာ မဟုတ်တာ ဘယ်လိုပြောလိုက်တာလဲ ကိုရှေးဆက်ရန်း ရာ ကိုရှေးဆက်ရန်း အဆင်မပြေရင် မလုပ်လို့ရပါတယ် စိတ်မဆိုးပါနဲ့ဗျာ "

ကြည့်ရှူနှုန်း များချင်တာနဲ့ပဲ ငါ့ကောင်လေးကို အသုံးချချင်နေတဲ့ လူ ။ စိတ်ပျက်စရာကောင်းတဲ့ လူ ။

" ချိန်းလာပြီ "

ရှပ်အဖြူရောင်လေး နဲ့ ဂျင်းပြာလေးကို တွဲဖက်ဝတ်ဆင်ထားတဲ့ ဝန်း က မြင်သူတိုင်း ရင်သပ်ရှူမောဖွယ် ငေးနေရတာအမှန်ပင်။ ဆွဲဆောင်မှုအပြည့်နဲ့ ခပ်မိုက်မိုက် ကောင်လေးဟာ ရန်း တို့ဆီကို တန်းတန်းမတ်မတ် လာနေသည်။ ကိုယ့်ချစ်သူကို ရန်း ကြည့်မဝ သလို ဝန်းကလည်း မိန့်မိန့်ကြီး ပြုံးကာ ရန်း တစ်ယောက်ကိုသာ ကြည့်နေသည်။

" မင်္ဂလာပါ ချိန်း "

တာဝန်ခံက နှုတ်ဆက်တော့ သူမဟုတ်တဲ့အတိုင်း မျက်နှာလေး တည်ကာ ပြန်နှုတ်ဆက်​နေသည်။ ရင့်ကျက်ယောင်ဆောင်နေတဲ့ ရန်း ရဲ့ ဝန်းငယ်။

" ဒါက ဒီအစီအစဥ်ရဲ့တင်ဆက်သူ ကိုရှေးဆက်ရန်း ပါ "

မသိသလို ဟန်ဆောင်​ကြရင်း လက်ဆွဲနှုတ်ဆက်တော့ လူရှေ့သူရှေ့မရှောင် ရန်း လက်ကို မလွတ်ပေးဘဲ အတင်းဆွဲထားသည်။

" ကိုကိုးရေ.... "

ချစ်စရာကောင်းတဲ့ ချွဲသံစူးစူးလေးကြားလိုက်ရတာနဲ့ တပြိုက်နက် လွတ်ထွက်သွားတဲ့ လက်တစ်စုံ။

" မတွေ့ရတာကြာပြီနော် ကိုကို "

ဝန်း ဘေးနား ရောက်လာတဲ့ ကောင်လေးက ဝန်းလိုပင် ရှပ်အဖြူနဲ့ ဂျင်းပြာ ကို တွဲဖက်ဝတ်ထားသည် ။ ဆင်တူ ဝတ် လာကြတာပဲ ။

" မနေ့ကတစ်ရက်ပဲ ရှိသေးတယ်လေ "

အစ်ကို့အစီအစဥ်ကို လာရမယ်ဆိုတည်းက ဝန်း စိုးရိမ်နေမိသည်။ တခြားမဟုတ် အစ်ကို့ စိတ်အခြေအနေ ကို စိုးရိမ်နေမိတာ။ လွှား နဲ့ ပတ်သက်ပြီး အရမ်း စိတ်ထဲမထားဖို့ ပြောထားခဲ့ပေမယ့် လွှားကို မြင်တာနဲ့ အစ်ကို့ မျက်လုံး အရောင်တွေက ချက်ချင်း ပြောင်းသွားသည်။

" ဟုတ်တယ်နော် ဟီး နေ့တိုင်းတွေ့နေကျ ဆိုတော့ တစ်ရက်မတွေ့ရတာကို အကြာကြီးမှတ်တာ "

စလာကတည်းက အပြုံးလေးနဲ့ ဝင်လာတဲ့ ကောင်လေးက သူများတွေ ပြောကြသလို တကယ်လည်း ချစ်ဖို့ကောင်းသည်။ ငယ်ရွယ်တဲ့ ဂုဏ်လေးနဲ့ လိုက်ဖက်စွာ လန်းဆန်းတက်ကြွနေသည်။ ဝန်း နားကပ်ကာ တီတီတာတာလေးတွေ ပြောနေတာလေးက ဘေးလူတွေတောင် အသဲယားတာ ဝန်း ဆိုရင်ရော ။

အမြဲတမ်း ဝန်း နားညီးအောင် ဆူပူတတ်ပြီး တီတီတာတာတွေ ပြောဖို့ တွန့်ဆုတ်တတ်တဲ့ ရန်း ကို ဝန်းက ကြာရင် စိတ်ကုန်သွားမလား ။

" အမယ် ကျွန်မတို့ရှေ့မှာ လာရိုပြနေတယ်ပေါ့လေ "

ပတ်ဝန်းကျင်ကို သတိထားမိတော့ အကုန်လုံးက ဝန်း နဲ့ ထိုကောင်လေးကို ကြည့်ကာ သဘောကျနေကြသည်။

" အတည်တွဲလိုက်ကြပါလား နှစ်ယောက်သား တကယ်လိုက်တယ် "

ဟုတ်တယ်။ ဝန်း နဲ့ အဲ့ကောင်လေးက တကယ်လိုက်ဖက်သည်။ ရန်း ထက် ဆာရင် အဲ့ကောင်လေးက ချစ်စရာလည်း ကောင်းသည် ။ ချွဲလည်း ချွဲတတ်သည်။ ဝန်း ကိုလည်း နားပူအောင် လုပ်မှာ မဟုတ်ဘူး ။ ဝန်း ပြောတာတွေ
ကိုလည်း လက်ခံလောက်တယ် ။

"ဟုတ်တယ် ဟုတ်တယ် ဒီနှစ်ယောက်ကိုပဲ သဘောတူတယ် တခြားသူတွေနဲ့ တွဲရိုက်မှာတောင် မမြင်ချင်တော့ဘူး ဟီးဟီး "

သူတို့က ဝန်း နဲ့ အဲ့ကောင်လေးကို ပဲ သဘောတူတာ။ ရန်း နဲ့ဆို သဘောကျမှာ မဟုတ်ဘူး ။ ရန်း နဲ့ဆို သူတို့ ဝန်းကို အားမပေးပဲ နေမှာလား ။

ဝန်း ရောက်လာထဲက အစ်ကို့ဆီကနေ အကြည့်မလွှဲရသေးပေ။ တစ်လျှောက်လုံး အစ်ကို့ကို သာကြည့်နေပေမယ့် အစ်ကိုကတော့ လွှားကို ကြည့်လိုက် ၊ သူတို့ဖြစ်ချင်တာတွေ ပြောချင်ရာတွေကို ဇွတ် ပြောနေတဲ့ သူတွေကို လိုက် ကြည့်လိုက်နဲ့ မျက်လုံးအိမ်က မငြိမ်မသက် ။ သူတို့စကားတွေက အစ်ကို့ကို အားငယ်စေတယ်ဆိုတာ ခေါင်းငုံ့သွားတဲ့ အစ်ကိုက သက်သေပင်။ ဒါကို သူတို့ သိလိမ့်မည် မဟုတ်။

" တကယ်လိုက်တာ "

" တကယ် လိုက်တာ "

" တကယ် လိုက်တာ "

" တကယ် လိုက်တာ "

တော်ပါတော့ ။ တော်ကြပါတော့ ။ ရန်း လက်နှစ်ဖက်ဖြင့် နားကို ပိတ်လိုက်ကာ ခေါင်းကို ခါးရမ်းလိုက်သည်။စိတ်ထဲကလည်း သူတို့တွေ ရပ်တန့်သွားအောင် အကြိမ်ကြိမ် ဆုတောင်းနေမိသည်။

" အစ်ကို ! "

" ဟင် "

ရန်း ပုခုံးနှစ်ဖက်ကို လှုပ်ရမ်းရင်း ခေါ်လာတာက ဝန်း ။ ဝန်းဆီကနေ အသက်ရှူသံ ပြင်းပြင်း ကို ကြားနေရတယ် ။

" နေမကောင်းရင် အိမ်ပြန်နားလိုက်ပါလား "

စိတ်ပူနေတဲ့ မျက်ဝန်းတွေကြောင့် ရန်း စိတ်သက်သာရာတစ်ခု ရသွားသလို ။
ပထမဦးဆုံး တွေ့ဆုံခြင်းမှာပင် အဓိပ္ပါယ်မဲ့တဲ့ အတွေးပေါင်းစုံတွေက ရန်းကို နှိပ်စက်လေသည်။ ။ ကျွန်တော်ချစ်တာက အစ်ကို့တစ်ယောက်ထဲကိုပဲလေ ဆိုပြီး ပြောနေတဲ့ မျက်ဝန်းတွေ ။ ဟုတ်သားပဲ။ ဝန်း က ငါရဲ့ အပိုင် ငါတစ်ယောက်ထဲ ရဲ့ အပိုင်။

"အဆင်ပြေပါတယ်...... လူစုံရင်
အစီအစဥ် စ ကြတော့မလား "

နားမလည်စွာ ဆိတ်ငြိမ်နေတဲ့ ပတ်ဝန်းကျင်က ရန်း စကားကြောင့် တစ်ဖန် လှုပ်ရှားသွားပြန်သည်။

" ဝါး.... ကိုရှေးဆက်ရန်း က အပြင်မှာ ပိုချောတယ် ဟီး "

ထိုသူကတော့ အခုမှ ရန်းကို မြင်တယ်ထင်သည်။ ဖြူစင်တဲ့ အပြုံးလေးနဲ့ သွက်သွက်လက်လက်ပင် နှုတ်ဆက်လာသည်။ ရန်း ကတော့ ဟန်ဆောင်ပြီးကို မပြုံးပြနိုင်။

" လွှားဖေဖေက ကိုရှေးဆက်ရန်း ကို အရမ်း သဘောကျတာ လွှားဖေဖေလည်း အပင်တွေ ချစ်တယ် ကိုရှေးဆက်ရန်း လိုပဲ နူးနူးညံ့ညံ့ လေး သဘောထားပြည့်ဝတယ် "

ရန်း အသံထွက်အောင် တစ်ချက် ရယ်လိုက်သည်။

" ကျွန်တော်က သဘောထား မ​​ပြည့်ဝဘူး "

" သူခိုးက ခိုးပါတယ်လို့ တော့ ဘယ်ပြောမလဲ ဟီး ကိုကို လွှားပြောတာ မှန်လား "

ဥပမာ စကားပုံတွေ အများကြီးထဲမှာမှ သူသုံးနှုန်းလိုက်တဲ့ စကားပုံကြောင့် အနှောက်အယှက် ဖြစ်ရပြန်ပြီ။ ဝန်း ကိုက သူတော်တယ်မလားဆိုတဲ့ မျက်နှာထားနဲ့ တဟီးဟီး လုပ်ပြနေသည်။

ရန်း စူးရဲစွာ ထိုကောင်လေးကို စိုက်ကြည့်လိုက်တော့ ဝန်းက " လွှားက မြန်မာစကားပုံတွေ သိပ်မသိဘူး " တဲ့ ။

" လွှား ပြောတာ မှားသွားလို့လားဟင် "

ကျစ်! အရမ်းတွေ ဖြူစင်လွန်းပြနေတာလား။

" အရမ်း မှန်တယ် နောက်ဆို စကားပုံတွေ အများကြီး သိအောင် သစ်ခက်လွှား ရဲ့ ကိုကို့ကို မေးထားနော် "

စတူဒီယို တစ်ခုလုံးလည်း ကိုကိုချည်း ထပ်နေပြီ။ ၈၆ ကြိမ်မြောက် ။ ဝန်း သက်​ပြင်းချနေတာ ၈၆ ကြိမ် ရှိသွားပြီ။

"ဟုတ် ဟီး လွှား ကိုရှေးဆက်ရန်းရဲ့ဆိုင်ကို လာလည်ဖို့ရာ မရောက်နိုင်သေးဘူး .... ကိုကို့ကိုတောင် အဖော်စပ်နေတာ အတူတူသွားမယ်လို့.... တွေ့လည်း​တွေ့ဖူးချင်လို့ ဒီအစီအစဥ်ကိုလာဖို့လည်း လွှား အေဂျင်စီကို ပြောလိုက်တာ "

" လွှား ပြောလိုက်တာ "

လွှား ပြောလိုက်တယ်ဆိုတာ အခုမှ သိရခြင်း ။ ဘယ်လိုစိတ်ကူးနဲ့များ ပြောလိုက်ရတာလဲ။

" ဟုတ် လွှား က ဒီတိုင်း ပြောကြည့်လိုက်တာ ...တကယ် လာရတယ် မိုက်တယ်နော် "

ဘယ်နေရာ မိုက်နေလို့လဲ ။ အစ်ကို စိတ်အနှောက်အယှက် ဖြစ်တာက မိုက်တာလား ။ ဝန်း အနေကျပ်တာက မိုက်တာလား ။ လွှား ရော ပျော်မယ်ထင်လို့လား။

" ဆိုင်လာခဲ့လေ ကိုကိုက သေချာ လမ်းပြပေးတတ်မှာပါ "

၈၇ ကြိမ် မြောက် ။

" ပြီးရင်လေ လွှားဖေဖေ အတွက် အမှတ်တရ လက်မှတ်ထိုးပေးနော် ဖေဖေသိရင် ပျော်သွားမှာ "

ဝန်း ပြောပြဖူးတာမလို့ သစ်ခက်လွှားအဖေက ရန်း ရဲ့ အစီအစဥ်ကို နှစ်ခြိုက်စွာ ကြည့်ရှူနေသူတစ်ဦး မှန်း ရန်း သိပြီးသားပင်။

.

" မင်္ဂလာပါခင်ဗျာ ရှင်သန်ခြင်းမိတ်ဆွေ အစီအစဥ်ကနေ ကြိုဆိုပါတယ် "

" ဒီ​နေ့မှာတော့ ကျွန်တော်တစ်ယောက်တည်း တင်ဆက်မှာမဟုတ်ဘဲ အားလုံးချစ်ကြတဲ့ အနုပညာရှင် နှစ်ဦး နဲ့ အတူ တင်ဆက်မှာဖြစ်ပါတယ် "

" ဘယ်သူတွေလည်းဆိုတော့ ..."

ကင်မရာ သမား က ရန်း ကို ရိုက်နေရင်းကနေ ဝန်းတို့ဆီ ကို ချိန်လိုက်သည်။ ဝန်း နဲ့ သစ်ခက်လွှားက အတူထိုင်ပြီး ရန်းက သူတို့နဲ့ မျက်နှာချင်းဆိုင် တစ်ဖက်ခြမ်းမှာ နေရာယူထားသည်။

" မင်္ဂလာပါ "
" မင်္ဂလာပါ ဗျ "

" တစ်ယောက်ချင်းစီ ပရိသတ်ကိုနှုတ်ဆက်ပေးပါဦး "

" မင်္ဂလာပါ ချိန်းပါ "

ဝန်း နဲ့မတူ ချိန်း ရဲ့ ပင်ကိုယ်ဟန် ခပ်ပြတ်ပြတ်။

" အားလုံးပဲ မင်္ဂလာပါ လွှားပါ သစ်ခက်လွှား "

သူသည်လည်း သူ့ချစ်စဖွယ်ဟန်လေးနဲ့ ။

" အခုလတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်​ဖြစ်နေကြလဲ "

" နောက်အပတ်ထဲမှာ ပြသမယ့်
" Meaning of Love " ဆိုတဲ့ ဇာတ်လမ်းတွဲမှာ နေ့သစ်ချိန် နေရာကနေ သရုပ်ဆောင်ထားပါတယ် လတ်တလောတော့ ဒီဇာတ်လမ်းတွဲ အတွက်ပဲ promote လုပ်ဖြစ်နေပါတယ် "

" ဟုတ် ကိုကို နဲ့တူတူပါပဲ... " Meaning of Love " ဇာတ်လမ်းတွဲမှာ ရက်မြတ်ချိန်ခါ နေရာကနေ သရုပ်ဆောင်ထားပါတယ်... နောက်အပတ် အင်္ဂါနေ့မှာ DT Series Channel ကနေ စတင်လွှင့်မှာပါ ... အချိန်က ည ၈ နာရီပါဗျ .... အားပေးကြပါဦးဗျ ....အများကြီး ချစ်ပေးကြပါဦး ဟီး "

ဟင်း....ကိုကို မပါရင် စကားမပြောတတ်​ပေဘူးလား ။

" ဝ....ချိန်း နဲ့ သစ်ခက်လွှား ရော အပင်လေးတွေကို ချစ်လားဗျ "

တခြားအကြောင်းအရာတွေကို ထပ်အကျယ်မချဲ့စေချင်တာကြောင့် လိုရင်းကိုသာ မြန်မြန် မေးလိုက်သည်။

" ဟုတ် သဘောကျတယ်... လွှား ရဲ့ ဖေဖေက အပင်လေးတွေ အရမ်းချစ်တော့ လွှားပါ ချစ်သွားတာ လွှားဖေဖေက ကိုရှေးဆက်ရန်း ရဲ့ တကယ့် အမာခံ ပရိသတ်ပါ "

" အာ... သစ်ခက်လွှားရဲ့အဖေကို ကျေးဇူးတင်တယ် ပြောပေးပါဦး "

အရမ်းများ ဝတ်ကျေတန်းကျေဆန်သွားလားမသိပေမယ့် ဒီအချိန်မှာ ရန်း အားတင်းကာ တင်ဆက်နေရတာမလို့ ပြုံးပြဖို့ပင် သိပ်ခက်သည်။

" ကိုကိုရော "

ရန်း ရဲ့ အလုပ်တွေကိုပါ ဒီကောင်လေးက ကူလုပ်နေတာပဲ။

" ကျွန်တော်လည်း ချစ်ရသူက အပင်တွေကို မြတ်နိုးတာမို့ သဘောကျပါတယ် "

ဝန်း အဖြေကြောင့် ဘောင်ဘင်ခတ်သွားသော နှလုံးသားတစ်စုံ ။ ကော့ညွတ်တက်သွားတဲ့ နှုတ်ခမ်းပါးရဲရဲလေး။

" မှတ်မှတ်ရရ ဖြစ်တဲ့ အပင်လေးတွေ ရှိ လားဗျ စိုက်ပျိုးဖူးတာဖြစ်ဖြစ် လက်ဆောင်ရတာ မျိုးဖြစ်ဖြစ်ပေါ့ "

" လွှားပြောလို့ရလား "

လက်ကလေးထောင်ကာ ခွင့်တောင်းနေတဲ့ ကောင်လေးကြောင့် ရန်း ခေါင်းငြိမ့်ပြလိုက်သည်။

" လွှား မှတ်မှတ်ရရ ရှိတာက အရင်နှစ် ဖေဖေ့မွေးနေ့တုန်းက ဖေကြီးက ဖေဖေ့ကို Forget me not ပန်းစည်းလေးပေးတာ အဲ့ဒါလေးတော့ သတိတရရှိတယ် "

" Forget Me Nots "

အပင်တွေ အများကြီးကြားထဲက သူပြောတဲ့ ပန်း လေး တွေ နဲ့ အလှဆင်ထားတဲ့ ပန်းအိုးကို ယူထုတ်လိုက်သည်။

" ဟုတ်တယ် ဒီပန်းလေး "

ကလေးလေးတွေကို လက်ခုပ်လက်ဝါးတီးကာ ပန်းအိုးလေးတွေ စိတ်ဝင်တစားကြည့်နေသည်။ စိတ်မဝင်စားတာက သူ့ဘေးက ကိုယ်တော် ။ ကိုယ်တော်ဝန်းကို ကြည့်ရတာ ပျင်းနေပြီထင်ပါရဲ့ ။ နာရီတကြည့်ကြည့်နဲ့ ပြန်ချင်နေပြီနေမှာ ။ ဝန်း က ပန်းတွေအကြောင်းစိတ်မှ မဝင်စားဘဲ ။

တစ်ချက်တစ်ချက် လူကိုကြည့်ကာ နှုတ်ခမ်း ဆူဆူပြသေးတယ် ။ သူ ပြန်ချင်နေပြီ ဆိုတဲ့ သဘော။ ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဥ်ကို ။

" သိပ်လှတဲ့ပန်းလေးပေါ့ အချစ်စစ်ကို ကိုယ်စားပြုတဲ့ ပန်းလေးမို့ ချစ်သူတွေ လက်ဆောင်ပေးဖို့ အရမ်းအဆင်ပြေသောလေးပါပဲ "

" သူက အပန်းဖျော့ ၊ ခရမ်း ၊ အဖြူ ၊ အပြာ ဆိုပြီး အရောင်လေးတွေရှိတယ် အလယ်က ဝတ်ဆံလေးတွေက အများအားဖြင့် အဝါရောင်လေးရှိတတ်တယ်"

သစ်ခက်လွှားက​တော့ ရန်း ပြောနေတာကို ခေါင်းတငြိမ့်ငြိမ့် နဲ့ စိတ်ဝင်တစား နားထောင်နေသည်။

" ပန်းတွေထဲမှာ အပြာရောင်ရှိတဲ့ မျိုးစိတ်တွေက နည်းနည်းရှားတော့ Forget Me Not မှာက ရှားတဲ့အပြာလေးကို ပိုသဘောကျကျတယ် "

" Forget Me Not ရဲ့ မြန်မာနာမည်က ဘာလဲ သိလား "

" သိဘူး "

သစ်ခက်လွှား ရဲ့ အဖြေကြောင့် အကုန်လုံးကာ ရယ်ကြသည် ။ ချစ်စရာလေး ဆိုပြီးတော့ပေါ့ ။

ကိုယ်တော်ဝန်းကတော့ ဘာမှကို ဝင်မပြော သူနဲ့ မဆိုင်သလို ။ မသိရင် သူ့ကို pause လုပ်ထားသလိုပဲ ။ အသက်ရော ရှူနေသေးရဲ့လား။

" ခင်မမေ့ပန်းတဲ့ "

" လှလိုက်တာ နာမည်လေးက "

" နာမည်လေး လှသလို အဓိပ္ပါယ်လေးကလည်း အရမ်းလှတယ် "

" ဘယ်လိုမျိုးလဲဟင် "

" အချစ်စစ်ကို ကိုယ်စားပြုတဲ့ ပန်းလေး... နာမည်အတိုင်း ဒီပန်းလေးရဲ့အဓိပ္ပါယ်ကလည်း မင်းကို မမေ့ဘူးတဲ့.... ရိုးရိုးတန်းတန်း ဆိုလိုထားတာ မဟုတ်ဘူးနော်... ချစ်ရသူက ဘယ်နေရာရောက်ရောက် ချစ်ရသူနဲ့ ဝေးသွားရင်တောင် ဘယ်တော့မှ မမေ့ဘဲ ရင်ထဲမှာ ကျန်ရစ်နေမယ်ဆိုတဲ့ သဘောပေါ့.... သစ္စာရှိခြင်းကိုလည်း ကိုယ်စားပြုတာမလို့ ဒီပန်းလေးကို သက်​သေထားပြီး လက်ဆောင်ပေးကြတာပေါ့ "

" အဓိပ္ပါယ်က လုံးဝ ရင်ထဲ ထိတယ် အဲ့ဒါကြောင့် ဖေကြီး လက်ဆောင်ပေးတုန်းက ဖေဖေ့ မျက်နှာကြီးက ဖြီးနေတာပဲ ဟီးဟီး "

ဒီတစ်ခါတော့ ရန်း ပါ ပြုံးမိသည်။

" ကိုရှေးဆက်ရန်း ဆိုင်မှာရော ဒီပန်းရောင်းလားဟင် "

" ဒီပန်းက ပန်းဆိုင်တွေရဲ့ မရှိမဖြစ်ပဲလေ "

" လွှား လာဝယ်ဦးမယ် "

ဒီနေရာမှာ ရန်းက တင်ဆက်သူပီပီ မေးခွန်းတွေ မေးပေးရမှာ ဆိုပေမယ့် ပြန်ဖြေလာမယ့် အဖြေကို မကြားချင်လို့ ပါးစပ်ကို တင်းတင်းပိတ်ထားလိုက်သည်။

" ကိုကို့ကို ပေးမလို့ "

ဟက်! ထိုကောင်လေးက အမေးမရှိလည်း အဖြေရှိတဲ့ ကောင်လေး ။

လွှား အဖြေကြောင့် ဝန်း မျက်လုံးပြူးသွားသည်။ အရင်ဆုံး အစ်ကို့ကို ကြည့်လိုက်တော့ အစ်ကိုက ပြုံးပြုံးပင်။

" လာခဲ့နော် ကျွန်တော် လက်ဆောင်ပေးပါမယ် ဒီပန်းက ချစ်သူရယ်မဟုတ်ဘူး ခင်မင်တဲ့သူတွေကိုလည်း ပေးလို့ရတယ် "

.

"ကိုရှေးဆက်ရန်း "

အစီအစဥ်ပြီးတော့ စာရွက်လေးတစ်ရွက်ကို ကိုင်ကာ ရန်း ဆီ ပြေးလာတဲ့ သစ်ခက်လွှား ။

" ဖေဖေ့အတွက် sign ထိုးပေးပါ "

ဝန်း ပြောသလို အဖေချစ်သားလေးပဲ။ Sign ထိုးပြီး ပေးတော့ " ကျေးဇူးတင်ပါတယ်ဗျ " ဆိုတာ လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ယူသည်။

ပစ္စည်းသိမ်းသူကသိမ်း ၊ ပြန်သူကပြန် နဲ့ ရိုက်ကွင်းတစ်ခုလုံး ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေကြတဲ့ အချိန် ဝန်း က ရန်းဘေးနားကို လာရပ်သည်။

" လွှား "

" ကိုကို တူတူပြန်မလား "

" မိတ်ဆက်ပေးရဦးမယ် "

" ဟင် "

လွှား ဘေးဘီယာကို ကြည့်လိုက်တော့ မသိတဲ့လူဟူ၍ တစ်​​ယောက်မှ မရှိ ကိုကိုက ဘယ်သူနဲ့ မိတ်ဆက်ပေးမလို့လဲ။

" ရှေးဆက်ရန်း က ကိုယ့်ချစ်သူပါ "

ရုတ်တရက်ဆန်သော မိတ်ဆက်မှု ၊ တုံးတိကြီး ပြောလာတဲ့ မိတ်ဆက်စကား
ကြောင့် လွှား အာစေးမိနေသည်။ ရင်ဘတ်တစ်ခုလုံး ဟာလဟင်းလင်းဖြစ်သွားသလို တစ်ကိုယ်လုံးလဲ ထူပူစွာ။

" ဟင် အာ... အာ.... "

" အခုမှ ဆုံဖြစ်တယ်နော် ဝန်း က သစ်ခက်လွှား အကြောင်း ခနခန ပြောပြလို့ သစ်ခက်လွှား ကို ရင်းနှီးနေပြီ "

ဝန်း တဲ့ ။ ဟုတ်သားပဲ ။ ကိုကို့ကို ဝန်းလို့ ခေါ်ပိုင်ခွင့်ရှိတဲ့ တစ်ဦးတည်းသောသူ ။ ဝန်း ပိုင်ရှင်က ကိုရှေးဆက်ရန်းတဲ့လား။ ကိုကို့ချစ်ရသူက အပင်ကို မြတ်နိုးတယ်ဆိုတာ ကိုရှေးဆက်ရန်း ကို ပြောနေတာပေါ့ ။

" အာ ဟုတ် ဟို ဟုတ် "

" အစထဲက မိတ်ဆက်ပေးရမှာကို နောက်ကျသွားတယ် အခုမှလည်း ဆုံဖြစ်တာဆိုတော့လေ "

" ဟုတ် အစထဲက ဟုတ်တယ်နော် အစထဲက ပြောထားရင် အာ မိတ်ဆက်ပေးထားရင် ဟုတ် တယ် "

အစကထဲကသာ သိခဲ့ရင် လွှား အပြုအမူတွေ ဆင်ခြင်ခဲ့မှာ။ လွှား က မသိဘဲ ကိုကို့ကိုတောင် ကိုရှေးဆက်ရန်းက လွှား ကို သဘောမကျဘူးထင်တယ်လို့ တိုးတိုးလေးပြောလိုက်သေးတယ် ။ သူတို့ လွှား ကို ဘယ်လိုထင်နေကြမလဲ။

" ဟို လွှား ပြန်လိုက်ဦးမယ် "

ပြန်နှုတ်ဆက်ချိန်တောင်မရ ပြေးထွက်သွားတဲ့ ကျောပြင်ငယ်။

" ဝန်း "

" အားနာစရာမှ မလိုတာ "

" ဒါပေမယ့် "

" ဖုန်းဆက်လိုက်မယ်နော် ချစ်တယ် "

လုပ်ချင်တာလုပ်သွားတဲ့ ဝန်းငယ်။
ပြေးထွက်သွားတဲ့ ဖြူလွလွကျောပြင်ငယ်။

လက်ထဲက ဘောပင်လေးကို ကြည့်ကာ အားနာမိပြန်သည်။

.

/

(Zawgyi)

" ေဒါက္ ေဒါက္ ေဒါက္ "

ရည္႐ြယ္ခ်က္မဲ့စြာ စားပြဲခုံကို ေခါက္ေနမိသည္။ ေလပူေတြမႈတ္ေနမိတာလည္း အႀကိမ္ႀကိမ္ ။ ဘာအတြက္ေၾကာင့္ သူ ဒီလိုေတြ ျဖစ္ေနတာလဲမသိ။ စိတ္အလိုမက်ျဖစ္ေနတာေတာ့ အမွန္ပင္။

ဒီေန႕ ရန္း ရဲ႕ အစီအစဥ္ ရိုက္ကူးမယ့္ေန႕ ။ အၿမဲတမ္း တက္ႂကြေပ်ာ္႐ႊင္ေနတဲ့ ရန္းက ဒီေန႕မွာေတာ့ သူမတူစြာ ငူငူငိုင္ငိုင္။ မေတြ႕ဆုံခ်င္ဘူး ။ ေတြ႕ဆုံရမွာကို သေဘာမက်ဘဴး ။

ရန္း အစီအစဥ္ မွာ ဝန္း လာရမယ္လို႔ စသိေတာ့ စိတ္ပ်က္သြားမိသည္။ လူအမ်ားရဲ႕ ေရွ႕မွာ ပထမဦးဆုံး အႀကိမ္
ခ်စ္ရသူနဲ႕ အတူတူ ရွိခြင့္ရမယ့္ အခြင့္အေရး ဆိုေပမယ့္ ခ်စ္ရသူနဲ႕ ကိုယ္နဲ႕ ႏွစ္ေယာက္ထဲ မွ မဟုတ္ဘဲ ။ လူေတြက ရန္း နဲ႕ ဝန္း ဆိုၿပီး ျမင္ၾကမွာမဟုတ္ဘဲ ဝန္း နဲ႕ တျခားသူကို တြဲ ျမင္ၾကလိမ့္မယ္ ။ ဒါကို ရန္းက ေဘးကေန ထိုင္ၾကည့္ေနရမယ့္ ေဘးလူ။

တစ္လ လုံး ဇာတ္လမ္းတြဲအတြက္ မနားမေန အခ်ိန္ဇယားျပည့္ေနတဲ့ ဝန္းက မနက္ျဖန္ဘယ္သြားရမလဲဆိုတာကို ဒီေန႕ညလိုမွ သိရသည္။ တစ္ခါတစ္ေလ မ်ား ဘယ္သြားရမယ္ေတာင္မသိ ေခၚသြားတဲ့ ေနရာကို လိုက္သြားရတာမ်ိဳးေတြ ။ ရန္းအစီအစဥ္မွာ ဝန္းတို႔လာရမွာကိုေတာင္ ရန္း ေျပာမွ ဝန္း က သိျခင္း ။
ကိုယ္ သက္ျပင္းေမာခ်ေတာ့ ဝန္းက ေျပာေနက် စကားေတြနဲ႕ ေျဖာင္းဖ်ျပန္သည္။ ေသခ်ာစဥ္းစားၾကည့္ျပန္ေတာ့ ဘာမွ ပတ္သက္ဆက္ႏြယ္ျခင္း
မရွိတဲ့ လူတစ္ေယာက္အား ေတြ႕ဆုံရမွာ ကို ဘာေတြ စိတ္ေမာစရာလိုလို႔လဲ။ အလုပ္မွာ personal ခံစားခ်က္ကို ထည့္မထားသင့္တာကို ရန္း သိရက္နဲ႕ ဖယ္ထုတ္လို႔မရေအာင္ သူ႕အလိုလို ဝင္ဝင္လာတဲ့ ေသးႏုပ္တဲ့အေတြးေတြ။

" ကိုေရွးဆက္ရန္း "

နာမည္ေခၚကာ အနားေရာက္လာတဲ့ ရိုက္ကြင္းမန္ေနဂ်ာ နဲ႕ ဇာတ္ၫႊန္းဆရာမက ၿပဳံးစိစိ။

" ပထမဆုံး ဧည့္သည္ လာမွာမလို႔ စိတ္လႈပ္ရွားေနတာ ထင္တယ္ "

ကိုယ့္ကိုယ္ကိုေတာင္ ဘာျဖစ္ေနတာလဲ မသိတာမို႔ ၿပဳံးသာျပ၍ အေျဖေပးလိုက္သည္။

" ဟို လာမယ့္ Guest ေတြက အပင္အေၾကာင္းကို ေဆြးႏြေးရင္း သူတို႔ဇာတ္လမ္းကို Promote လုပ္မွာဆိုေတာ့ ကိုေရွးဆက္ရန္းက ကူညီေပးပါဦးေနာ္ "

မ်ားေသာအားျဖင့္ ဒီလို က႑ ေတြကို အႏုပညာရွင္ေတြလာတာက သူတို႔ရဲ႕ အလုပ္နဲ႕ပတ္သက္ၿပီး လာေၾကျငာၾကတာဆိုတာ မင္းသားခ်ိန္း ရဲ႕ ခ်စ္သူျဖစ္တဲ့ ရန္း က မသိစရာလား ။ အပင္နဲ႕ပတ္သက္တဲ့ အစီအစဥ္မွာ ပါဝင္တိုင္း အပင္ကို ခ်စ္ခ်င္မွ ခ်စ္မွာေပါ့ ။ ဝန္းဆို အပင္အေၾကာင္း ဘာမွမသိသလို စိတ္လည္း မဝင္စား ။ ခုလည္း သူတို႔ ဇာတ္လမ္းတြဲကို promote လုပ္ဖို႔ အခ်ိန္ေရာ ေမးခြန္း ေတြေရာကို ရန္း ဖတ္ထားၿပီးသား။

" စိတ္ခ်ပါ ကြၽန္ေတာ္ ေသခ်ာအခ်ိန္ေပးပါ့မယ္ "

အခ်ိန္ေတြ ဖယ္ေပးထားတယ္လို႔ ေျပာသည့္တိုင္ သူတို႔မ်က္ႏွာ အေနအထားက အီလည္လည္နဲ႕ မေက်နပ္ခ်င္ ။ ဘာေတြမ်ား အလိုရွိေနေသးတာလဲ ။

" တျခား ဘာလုပ္ေပးရဦးမွာလဲ "

" ဟိုေလ သူတို႔ႏွစ္ေယာက္ကို ေဘးကေန နည္းနည္း သိတယ္မလား အဟင္း ခုေခတ္က ေကာင္ေလးႏွစ္ေယာက္ခ်စ္ျခင္းမ်ိဳးကို သေဘာက်တယ္ေလ သူတို႔ႏွစ္ေယာက္ကိုလည္း အားလုံးက စိတ္ဝင္စားေနေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ၾကည္ႏူးတဲ့အခိုက္အတန့္ေလးေတြကို ျမင္ခ်င္ေနၾကတာ အဲ့ဒါ ကိုေရွးဆက္ရန္းက ဖန္တီးေပးပါဦး "

တင္းၾကပ္သြားတဲ့ ရင္ဘတ္နဲ႕ အတူ ေပါင္ေပၚက လက္သည္လည္း လက္သီးဆုပ္အသြင္သို႔ ေျပာင္းလဲသြားသည္ ။ ေဒါသထြက္တာထက္ လဲမက်သြားဖို႔အတြက္ အားတင္းလိုက္တာ ။

သူအခု ဘာေတြ လာေျပာေနတာလဲဆိုတာ သူသိရဲ႕လား ။ မင္းခ်စ္သူကို တျခားတစ္ေယာက္နဲ႕ ေပ်ာ္ပါးေနေအာင္ လုပ္ေပးပါလို႔ လာေျပာေနတာေလ။ ေဘးပတ္ဝန္းက်င္ကို ေဝ့ဝိုက္ၾကည့္လိုက္ေတာ့ အားလုံးရဲ႕ မ်က္ႏွာထားေတြက ၿပဳံးစိစိနဲ႕ ။ သူတို႔သိပ္ျမင္ခ်င္ၾကတယ္ေပါ့ေလ ။ ဟက္ ။ မြန္းက်ပ္မႈေတြက တရိပ္ရိပ္နဲ႕ တစ္ကိုယ္လုံးကို လႊမ္းၿခဳံလာသည္။ အျပင္ကို ထုတ္ျပလို႔မရတာေၾကာင့္ အသက္ရႉရတာကိုက ခက္ေနသလို ။ ရန္း ဟက္ခနဲ တစ္ခ်က္ေလွာင္ရယ္လိုက္သည္ ။ သူတို႔ေတြ သိပ္လြန္တာပဲ ။

" မလုပ္နိုင္ဘူးဆိုရင္ေရာ "

ကိုယ့္ခ်စ္သူက သူမ်ားနဲ႕ ၾကည္ႏူးေနမွာကို ထိုင္ၾကည့္ေနရဖို႔အထိ ေရွးဆက္ရန္းက သေဘာမေကာင္းပါ။

" ရွင္ ! အဲ... ဟို... "

တုံ႕ျပန္လိုက္တဲ့ ကိုယ့္အသံမွာ ေဒါသ သံ အနည္းငယ္ စြတ္သြားတယ္နဲ႕ တူပါတယ္ ။ အေျဖက သူတို႔ထင္မွတ္ထားသလို မဟုတ္တာေၾကာင့္
ေလထုက ၿငိမ္သက္ကာ တိတ္ဆိတ္သြားၿပီး ၾကည္ႏူးတဲ့အခိုက္အတန့္ေတြ ဖန္တီးခိုင္းတဲ့ သူသည္း ကိုယ့္အေရွ႕တြင္ ေၾကာင္အစြာ ။

အားလုံးရဲ႕ မ်က္ဝန္းေတြက ရန္း ဆီမွာ စုပုံလို႔ေနသည္ ။ တစ္ခ်ိဳ႕ေတြက အၾကည့္ သာမက ပါးစပ္ကပါ တိုးတိုး တိုးတိုး ႏွင့္ ။ သူက ဘာႀကီးလဲ ေဒါသထြက္စရာလိုလို႔လား ဆိုတဲ့ စကားသံက ရန္း စိတ္ ကို လာဆြေနသေယာင္။ ဟက္! ။

" ကြၽန္ေတာ္တစ္ေယာက္ထဲနဲ႕ လုပ္မယ့္အလုပ္ကို Guest ေတြ လက္ခံေပးထားၿပီပဲ Guest ေတြ လူစိတ္ဝင္စားခံရေအာင္ထိ လိုက္လုပ္ေပးေနရဦးမွာလား အပင္အေၾကာင္းရိုက္ကူးတဲ့ အစီအစဥ္ မွာ အပင္အေၾကာင္းပဲ ေျပာခ်င္တယ္ အဆင္မေျပရင္ စာခ်ဳပ္ဖ်က္လိုက္ ကြၽန္ေတာ့္ဘက္က ေလ်ာ္ေၾကးေပးမယ္ "

အပင္ေတြကို ခ်စ္လို႔ ဒီအလုပ္ကို လက္ခံခဲ့တာ စီးပြားေရးသိပ္ဆန္ေနရင္ လက္တြဲျဖဳတ္ဖို႔ ဝန္မေလးေၾကာင္း ေျပာကာမွ ရိုက္ကြင္းတာဝန္ခံဆိုတဲ့ လူက ျပာျပာသလဲလဲ ။

" အာ မဟုတ္တာ ဘယ္လိုေျပာလိုက္တာလဲ ကိုေရွးဆက္ရန္း ရာ ကိုေရွးဆက္ရန္း အဆင္မေျပရင္ မလုပ္လို႔ရပါတယ္ စိတ္မဆိုးပါနဲ႕ဗ်ာ "

ၾကည့္ရႉႏႈန္း မ်ားခ်င္တာနဲ႕ပဲ ငါ့ေကာင္ေလးကို အသုံးခ်ခ်င္ေနတဲ့ လူ ။ စိတ္ပ်က္စရာေကာင္းတဲ့ လူ ။

" ခ်ိန္းလာၿပီ "

ရွပ္အျဖဴေရာင္ေလး နဲ႕ ဂ်င္းျပာေလးကို တြဲဖက္ဝတ္ဆင္ထားတဲ့ ဝန္း က ျမင္သူတိုင္း ရင္သပ္ရႉေမာဖြယ္ ေငးေနရတာအမွန္ပင္။ ဆြဲေဆာင္မႈအျပည့္နဲ႕ ခပ္မိုက္မိုက္ ေကာင္ေလးဟာ ရန္း တို႔ဆီကို တန္းတန္းမတ္မတ္ လာေနသည္။ ကိုယ့္ခ်စ္သူကို ရန္း ၾကည့္မဝ သလို ဝန္းကလည္း မိန့္မိန့္ႀကီး ၿပဳံးကာ ရန္း တစ္ေယာက္ကိုသာ ၾကည့္ေနသည္။

" မဂၤလာပါ ခ်ိန္း "

တာဝန္ခံက ႏႈတ္ဆက္ေတာ့ သူမဟုတ္တဲ့အတိုင္း မ်က္ႏွာေလး တည္ကာ ျပန္ႏႈတ္ဆက္ေနသည္။ ရင့္က်က္ေယာင္ေဆာင္ေနတဲ့ ရန္း ရဲ႕ ဝန္းငယ္။

" ဒါက ဒီအစီအစဥ္ရဲ႕တင္ဆက္သူ ကိုေရွးဆက္ရန္း ပါ "

မသိသလို ဟန္ေဆာင္ၾကရင္း လက္ဆြဲႏႈတ္ဆက္ေတာ့ လူေရွ႕သူေရွ႕မေရွာင္ ရန္း လက္ကို မလြတ္ေပးဘဲ အတင္းဆြဲထားသည္။

" ကိုကိုးေရ.... "

ခ်စ္စရာေကာင္းတဲ့ ခြၽဲသံစူးစူးေလးၾကားလိုက္ရတာနဲ႕ တၿပိဳက္နက္ လြတ္ထြက္သြားတဲ့ လက္တစ္စုံ။

" မေတြ႕ရတာၾကာၿပီေနာ္ ကိုကို "

ဝန္း ေဘးနား ေရာက္လာတဲ့ ေကာင္ေလးက ဝန္းလိုပင္ ရွပ္အျဖဴနဲ႕ ဂ်င္းျပာ ကို တြဲဖက္ဝတ္ထားသည္ ။ ဆင္တူ ဝတ္ လာၾကတာပဲ ။

" မေန႕ကတစ္ရက္ပဲ ရွိေသးတယ္ေလ "

အစ္ကို႔အစီအစဥ္ကို လာရမယ္ဆိုတည္းက ဝန္း စိုးရိမ္ေနမိသည္။ တျခားမဟုတ္ အစ္ကို႔ စိတ္အေျခအေန ကို စိုးရိမ္ေနမိတာ။ လႊား နဲ႕ ပတ္သက္ၿပီး အရမ္း စိတ္ထဲမထားဖို႔ ေျပာထားခဲ့ေပမယ့္ လႊားကို ျမင္တာနဲ႕ အစ္ကို႔ မ်က္လုံး အေရာင္ေတြက ခ်က္ခ်င္း ေျပာင္းသြားသည္။

" ဟုတ္တယ္ေနာ္ ဟီး ေန႕တိုင္းေတြ႕ေနက် ဆိုေတာ့ တစ္ရက္မေတြ႕ရတာကို အၾကာႀကီးမွတ္တာ "

စလာကတည္းက အၿပဳံးေလးနဲ႕ ဝင္လာတဲ့ ေကာင္ေလးက သူမ်ားေတြ ေျပာၾကသလို တကယ္လည္း ခ်စ္ဖို႔ေကာင္းသည္။ ငယ္႐ြယ္တဲ့ ဂုဏ္ေလးနဲ႕ လိုက္ဖက္စြာ လန္းဆန္းတက္ႂကြေနသည္။ ဝန္း နားကပ္ကာ တီတီတာတာေလးေတြ ေျပာေနတာေလးက ေဘးလူေတြေတာင္ အသဲယားတာ ဝန္း ဆိုရင္ေရာ ။

အၿမဲတမ္း ဝန္း နားညီးေအာင္ ဆူပူတတ္ၿပီး တီတီတာတာေတြ ေျပာဖို႔ တြန့္ဆုတ္တတ္တဲ့ ရန္း ကို ဝန္းက ၾကာရင္ စိတ္ကုန္သြားမလား ။

" အမယ္ ကြၽန္မတို႔ေရွ႕မွာ လာရိုျပေနတယ္ေပါ့ေလ "

ပတ္ဝန္းက်င္ကို သတိထားမိေတာ့ အကုန္လုံးက ဝန္း နဲ႕ ထိုေကာင္ေလးကို ၾကည့္ကာ သေဘာက်ေနၾကသည္။

" အတည္တြဲလိုက္ၾကပါလား ႏွစ္ေယာက္သား တကယ္လိုက္တယ္ "

ဟုတ္တယ္။ ဝန္း နဲ႕ အဲ့ေကာင္ေလးက တကယ္လိုက္ဖက္သည္။ ရန္း ထက္ ဆာရင္ အဲ့ေကာင္ေလးက ခ်စ္စရာလည္း ေကာင္းသည္ ။ ခြၽဲလည္း ခြၽဲတတ္သည္။ ဝန္း ကိုလည္း နားပူေအာင္ လုပ္မွာ မဟုတ္ဘူး ။ ဝန္း ေျပာတာေတြ
ကိုလည္း လက္ခံေလာက္တယ္ ။

"ဟုတ္တယ္ ဟုတ္တယ္ ဒီႏွစ္ေယာက္ကိုပဲ သေဘာတူတယ္ တျခားသူေတြနဲ႕ တြဲရိုက္မွာေတာင္ မျမင္ခ်င္ေတာ့ဘူး ဟီးဟီး "

သူတို႔က ဝန္း နဲ႕ အဲ့ေကာင္ေလးကို ပဲ သေဘာတူတာ။ ရန္း နဲ႕ဆို သေဘာက်မွာ မဟုတ္ဘူး ။ ရန္း နဲ႕ဆို သူတို႔ ဝန္းကို အားမေပးပဲ ေနမွာလား ။

ဝန္း ေရာက္လာထဲက အစ္ကို႔ဆီကေန အၾကည့္မလႊဲရေသးေပ။ တစ္ေလွ်ာက္လုံး အစ္ကို႔ကို သာၾကည့္ေနေပမယ့္ အစ္ကိုကေတာ့ လႊားကို ၾကည့္လိုက္ ၊ သူတို႔ျဖစ္ခ်င္တာေတြ ေျပာခ်င္ရာေတြကို ဇြတ္ ေျပာေနတဲ့ သူေတြကို လိုက္ ၾကည့္လိုက္နဲ႕ မ်က္လုံးအိမ္က မၿငိမ္မသက္ ။ သူတို႔စကားေတြက အစ္ကို႔ကို အားငယ္ေစတယ္ဆိုတာ ေခါင္းငုံ႕သြားတဲ့ အစ္ကိုက သက္ေသပင္။ ဒါကို သူတို႔ သိလိမ့္မည္ မဟုတ္။

" တကယ္လိုက္တာ "

" တကယ္ လိုက္တာ "

" တကယ္ လိုက္တာ "

" တကယ္ လိုက္တာ "

ေတာ္ပါေတာ့ ။ ေတာ္ၾကပါေတာ့ ။ ရန္း လက္ႏွစ္ဖက္ျဖင့္ နားကို ပိတ္လိုက္ကာ ေခါင္းကို ခါးရမ္းလိုက္သည္။စိတ္ထဲကလည္း သူတို႔ေတြ ရပ္တန့္သြားေအာင္ အႀကိမ္ႀကိမ္ ဆုေတာင္းေနမိသည္။

" အစ္ကို ! "

" ဟင္ "

ရန္း ပုခုံးႏွစ္ဖက္ကို လႈပ္ရမ္းရင္း ေခၚလာတာက ဝန္း ။ ဝန္းဆီကေန အသက္ရႉသံ ျပင္းျပင္း ကို ၾကားေနရတယ္ ။

" ေနမေကာင္းရင္ အိမ္ျပန္နားလိုက္ပါလား "

စိတ္ပူေနတဲ့ မ်က္ဝန္းေတြေၾကာင့္ ရန္း စိတ္သက္သာရာတစ္ခု ရသြားသလို ။
ပထမဦးဆုံး ေတြ႕ဆုံျခင္းမွာပင္ အဓိပ္ပါယ်မဲ့တဲ့ အေတြးေပါင္းစုံေတြက ရန္းကို ႏွိပ္စက္ေလသည္။ ။ ကြၽန္ေတာ္ခ်စ္တာက အစ္ကို႔တစ္ေယာက္ထဲကိုပဲေလ ဆိုၿပီး ေျပာေနတဲ့ မ်က္ဝန္းေတြ ။ ဟုတ္သားပဲ။ ဝန္း က ငါရဲ႕ အပိုင္ ငါတစ္ေယာက္ထဲ ရဲ႕ အပိုင္။

"အဆင္ေျပပါတယ္...... လူစုံရင္
အစီအစဥ္ စ ၾကေတာ့မလား "

နားမလည္စြာ ဆိတ္ၿငိမ္ေနတဲ့ ပတ္ဝန္းက်င္က ရန္း စကားေၾကာင့္ တစ္ဖန္ လႈပ္ရွားသြားျပန္သည္။

" ဝါး.... ကိုေရွးဆက္ရန္း က အျပင္မွာ ပိုေခ်ာတယ္ ဟီး "

ထိုသူကေတာ့ အခုမွ ရန္းကို ျမင္တယ္ထင္သည္။ ျဖဴစင္တဲ့ အၿပဳံးေလးနဲ႕ သြက္သြက္လက္လက္ပင္ ႏႈတ္ဆက္လာသည္။ ရန္း ကေတာ့ ဟန္ေဆာင္ၿပီးကို မၿပဳံးျပနိုင္။

" လႊားေဖေဖက ကိုေရွးဆက္ရန္း ကို အရမ္း သေဘာက်တာ လႊားေဖေဖလည္း အပင္ေတြ ခ်စ္တယ္ ကိုေရွးဆက္ရန္း လိုပဲ ႏူးႏူးညံ့ညံ့ ေလး သေဘာထားျပည့္ဝတယ္ "

ရန္း အသံထြက္ေအာင္ တစ္ခ်က္ ရယ္လိုက္သည္။

" ကြၽန္ေတာ္က သေဘာထား မျပည့္ဝဘူး "

" သူခိုးက ခိုးပါတယ္လို႔ ေတာ့ ဘယ္ေျပာမလဲ ဟီး ကိုကို လႊားေျပာတာ မွန္လား "

ဥပမာ စကားပုံေတြ အမ်ားႀကီးထဲမွာမွ သူသုံးႏႈန္းလိုက္တဲ့ စကားပုံေၾကာင့္ အႏွောက္အယွက္ ျဖစ္ရျပန္ၿပီ။ ဝန္း ကိုက သူေတာ္တယ္မလားဆိုတဲ့ မ်က္ႏွာထားနဲ႕ တဟီးဟီး လုပ္ျပေနသည္။

ရန္း စူးရဲစြာ ထိုေကာင္ေလးကို စိုက္ၾကည့္လိုက္ေတာ့ ဝန္းက " လႊားက ျမန္မာစကားပုံေတြ သိပ္မသိဘူး " တဲ့ ။

" လႊား ေျပာတာ မွားသြားလို႔လားဟင္ "

က်စ္! အရမ္းေတြ ျဖဴစင္လြန္းျပေနတာလား။

" အရမ္း မွန္တယ္ ေနာက္ဆို စကားပုံေတြ အမ်ားႀကီး သိေအာင္ သစ္ခက္လႊား ရဲ႕ ကိုကို႔ကို ေမးထားေနာ္ "

စတူဒီယို တစ္ခုလုံးလည္း ကိုကိုခ်ည္း ထပ္ေနၿပီ။ ၈၆ ႀကိမ္ေျမာက္ ။ ဝန္း သက္ျပင္းခ်ေနတာ ၈၆ ႀကိမ္ ရွိသြားၿပီ။

"ဟုတ္ ဟီး လႊား ကိုေရွးဆက္ရန္းရဲ႕ဆိုင္ကို လာလည္ဖို႔ရာ မေရာက္နိုင္ေသးဘူး .... ကိုကို႔ကိုေတာင္ အေဖာ္စပ္ေနတာ အတူတူသြားမယ္လို႔.... ေတြ႕လည္းေတြ႕ဖူးခ်င္လို႔ ဒီအစီအစဥ္ကိုလာဖို႔လည္း လႊား ေအဂ်င္စီကို ေျပာလိုက္တာ "

" လႊား ေျပာလိုက္တာ "

လႊား ေျပာလိုက္တယ္ဆိုတာ အခုမွ သိရျခင္း ။ ဘယ္လိုစိတ္ကူးနဲ႕မ်ား ေျပာလိုက္ရတာလဲ။

" ဟုတ္ လႊား က ဒီတိုင္း ေျပာၾကည့္လိုက္တာ ...တကယ္ လာရတယ္ မိုက္တယ္ေနာ္ "

ဘယ္ေနရာ မိုက္ေနလို႔လဲ ။ အစ္ကို စိတ္အႏွောက္အယွက္ ျဖစ္တာက မိုက္တာလား ။ ဝန္း အေနက်ပ္တာက မိုက္တာလား ။ လႊား ေရာ ေပ်ာ္မယ္ထင္လို႔လား။

" ဆိုင္လာခဲ့ေလ ကိုကိုက ေသခ်ာ လမ္းျပေပးတတ္မွာပါ "

၈၇ ႀကိမ္ ေျမာက္ ။

" ၿပီးရင္ေလ လႊားေဖေဖ အတြက္ အမွတ္တရ လက္မွတ္ထိုးေပးေနာ္ ေဖေဖသိရင္ ေပ်ာ္သြားမွာ "

ဝန္း ေျပာျပဖူးတာမလို႔ သစ္ခက္လႊားအေဖက ရန္း ရဲ႕ အစီအစဥ္ကို ႏွစ္ၿခိဳက္စြာ ၾကည့္ရႉေနသူတစ္ဦး မွန္း ရန္း သိၿပီးသားပင္။

.

" မဂၤလာပါခင္ဗ်ာ ရွင္သန္ျခင္းမိတ္ေဆြ အစီအစဥ္ကေန ႀကိဳဆိုပါတယ္ "

" ဒီေန႕မွာေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္း တင္ဆက္မွာမဟုတ္ဘဲ အားလုံးခ်စ္ၾကတဲ့ အႏုပညာရွင္ ႏွစ္ဦး နဲ႕ အတူ တင္ဆက္မွာျဖစ္ပါတယ္ "

" ဘယ္သူေတြလည္းဆိုေတာ့ ..."

ကင္မရာ သမား က ရန္း ကို ရိုက္ေနရင္းကေန ဝန္းတို႔ဆီ ကို ခ်ိန္လိုက္သည္။ ဝန္း နဲ႕ သစ္ခက္လႊားက အတူထိုင္ၿပီး ရန္းက သူတို႔နဲ႕ မ်က္ႏွာခ်င္းဆိုင္ တစ္ဖက္ျခမ္းမွာ ေနရာယူထားသည္။

" မဂၤလာပါ "
" မဂၤလာပါ ဗ် "

" တစ္ေယာက္ခ်င္းစီ ပရိသတ္ကိုႏႈတ္ဆက္ေပးပါဦး "

" မဂၤလာပါ ခ်ိန္းပါ "

ဝန္း နဲ႕မတူ ခ်ိန္း ရဲ႕ ပင္ကိုယ္ဟန္ ခပ္ျပတ္ျပတ္။

" အားလုံးပဲ မဂၤလာပါ လႊားပါ သစ္ခက္လႊား "

သူသည္လည္း သူ႕ခ်စ္စဖြယ္ဟန္ေလးနဲ႕ ။

" အခုလတ္တေလာ အႏုပညာလႈပ္ရွားမႈနဲ႕ ပတ္သက္ၿပီး ဘာေတြ လုပ္ျဖစ္ေနၾကလဲ "

" ေနာက္အပတ္ထဲမွာ ျပသမယ့္
" Meaning of Love " ဆိုတဲ့ ဇာတ္လမ္းတြဲမွာ ေန႕သစ္ခ်ိန္ ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္ လတ္တေလာေတာ့ ဒီဇာတ္လမ္းတြဲ အတြက္ပဲ promote လုပ္ျဖစ္ေနပါတယ္ "

" ဟုတ္ ကိုကို နဲ႕တူတူပါပဲ... " Meaning of Love " ဇာတ္လမ္းတြဲမွာ ရက္ျမတ္ခ်ိန္ခါ ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္... ေနာက္အပတ္ အဂၤါေန႕မွာ DT Series Channel ကေန စတင္လႊင့္မွာပါ ... အခ်ိန္က ည ၈ နာရီပါဗ် .... အားေပးၾကပါဦးဗ် ....အမ်ားႀကီး ခ်စ္ေပးၾကပါဦး ဟီး "

ဟင္း....ကိုကို မပါရင္ စကားမေျပာတတ္ေပဘူးလား ။

" ဝ....ခ်ိန္း နဲ႕ သစ္ခက္လႊား ေရာ အပင္ေလးေတြကို ခ်စ္လားဗ် "

တျခားအေၾကာင္းအရာေတြကို ထပ္အက်ယ္မခ်ဲ့ေစခ်င္တာေၾကာင့္ လိုရင္းကိုသာ ျမန္ျမန္ ေမးလိုက္သည္။

" ဟုတ္ သေဘာက်တယ္... လႊား ရဲ႕ ေဖေဖက အပင္ေလးေတြ အရမ္းခ်စ္ေတာ့ လႊားပါ ခ်စ္သြားတာ လႊားေဖေဖက ကိုေရွးဆက္ရန္း ရဲ႕ တကယ့္ အမာခံ ပရိသတ္ပါ "

" အာ... သစ္ခက္လႊားရဲ႕အေဖကို ေက်းဇူးတင္တယ္ ေျပာေပးပါဦး "

အရမ္းမ်ား ဝတ္ေက်တန္းေက်ဆန္သြားလားမသိေပမယ့္ ဒီအခ်ိန္မွာ ရန္း အားတင္းကာ တင္ဆက္ေနရတာမလို႔ ၿပဳံးျပဖို႔ပင္ သိပ္ခက္သည္။

" ကိုကိုေရာ "

ရန္း ရဲ႕ အလုပ္ေတြကိုပါ ဒီေကာင္ေလးက ကူလုပ္ေနတာပဲ။

" ကြၽန္ေတာ္လည္း ခ်စ္ရသူက အပင္ေတြကို ျမတ္နိုးတာမို႔ သေဘာက်ပါတယ္ "

ဝန္း အေျဖေၾကာင့္ ေဘာင္ဘင္ခတ္သြားေသာ ႏွလုံးသားတစ္စုံ ။ ေကာ့ၫြတ္တက္သြားတဲ့ ႏႈတ္ခမ္းပါးရဲရဲေလး။

" မွတ္မွတ္ရရ ျဖစ္တဲ့ အပင္ေလးေတြ ရွိ လားဗ် စိုက္ပ်ိဳးဖူးတာျဖစ္ျဖစ္ လက္ေဆာင္ရတာ မ်ိဳးျဖစ္ျဖစ္ေပါ့ "

" လႊားေျပာလို႔ရလား "

လက္ကေလးေထာင္ကာ ခြင့္ေတာင္းေနတဲ့ ေကာင္ေလးေၾကာင့္ ရန္း ေခါင္းၿငိမ့္ျပလိုက္သည္။

" လႊား မွတ္မွတ္ရရ ရွိတာက အရင္ႏွစ္ ေဖေဖ့ေမြးေန႕တုန္းက ေဖႀကီးက ေဖေဖ့ကို Forget me not ပန္းစည္းေလးေပးတာ အဲ့ဒါေလးေတာ့ သတိတရရွိတယ္ "

" Forget Me Nots "

အပင္ေတြ အမ်ားႀကီးၾကားထဲက သူေျပာတဲ့ ပန္း ေလး ေတြ နဲ႕ အလွဆင္ထားတဲ့ ပန္းအိုးကို ယူထုတ္လိုက္သည္။

" ဟုတ္တယ္ ဒီပန္းေလး "

ကေလးေလးေတြကို လက္ခုပ္လက္ဝါးတီးကာ ပန္းအိုးေလးေတြ စိတ္ဝင္တစားၾကည့္ေနသည္။ စိတ္မဝင္စားတာက သူ႕ေဘးက ကိုယ္ေတာ္ ။ ကိုယ္ေတာ္ဝန္းကို ၾကည့္ရတာ ပ်င္းေနၿပီထင္ပါရဲ႕ ။ နာရီတၾကည့္ၾကည့္နဲ႕ ျပန္ခ်င္ေနၿပီေနမွာ ။ ဝန္း က ပန္းေတြအေၾကာင္းစိတ္မွ မဝင္စားဘဲ ။

တစ္ခ်က္တစ္ခ်က္ လူကိုၾကည့္ကာ ႏႈတ္ခမ္း ဆူဆူျပေသးတယ္ ။ သူ ျပန္ခ်င္ေနၿပီ ဆိုတဲ့ သေဘာ။ ဒီေလာက္ စိတ္ဝင္စားစရာေကာင္းတဲ့ အစီအစဥ္ကို ။

" သိပ္လွတဲ့ပန္းေလးေပါ့ အခ်စ္စစ္ကို ကိုယ္စားျပဳတဲ့ ပန္းေလးမို႔ ခ်စ္သူေတြ လက္ေဆာင္ေပးဖို႔ အရမ္းအဆင္ေျပေသာေလးပါပဲ "

" သူက အပန္းေဖ်ာ့ ၊ ခရမ္း ၊ အျဖဴ ၊ အျပာ ဆိုၿပီး အေရာင္ေလးေတြရွိတယ္ အလယ္က ဝတ္ဆံေလးေတြက အမ်ားအားျဖင့္ အဝါေရာင္ေလးရွိတတ္တယ္"

သစ္ခက္လႊားကေတာ့ ရန္း ေျပာေနတာကို ေခါင္းတၿငိမ့္ၿငိမ့္ နဲ႕ စိတ္ဝင္တစား နားေထာင္ေနသည္။

" ပန္းေတြထဲမွာ အျပာေရာင္ရွိတဲ့ မ်ိဳးစိတ္ေတြက နည္းနည္းရွားေတာ့ Forget Me Not မွာက ရွားတဲ့အျပာေလးကို ပိုသေဘာက်က်တယ္ "

" Forget Me Not ရဲ႕ ျမန္မာနာမည္က ဘာလဲ သိလား "

" သိဘူး "

သစ္ခက္လႊား ရဲ႕ အေျဖေၾကာင့္ အကုန္လုံးကာ ရယ္ၾကသည္ ။ ခ်စ္စရာေလး ဆိုၿပီးေတာ့ေပါ့ ။

ကိုယ္ေတာ္ဝန္းကေတာ့ ဘာမွကို ဝင္မေျပာ သူနဲ႕ မဆိုင္သလို ။ မသိရင္ သူ႕ကို pause လုပ္ထားသလိုပဲ ။ အသက္ေရာ ရႉေနေသးရဲ႕လား။

" ခင္မေမ့ပန္းတဲ့ "

" လွလိုက္တာ နာမည္ေလးက "

" နာမည္ေလး လွသလို အဓိပ္ပါယ်ေလးကလည်း အရမ္းလွတယ္ "

" ဘယ္လိုမ်ိဳးလဲဟင္ "

" အခ်စ္စစ္ကို ကိုယ္စားျပဳတဲ့ ပန္းေလး... နာမည္အတိုင္း ဒီပန်းေလးရဲ႕အဓိပ္ပါယ်ကလည်း မင္းကို မေမ့ဘူးတဲ့.... ရိုးရိုးတန္းတန္း ဆိုလိုထားတာ မဟုတ္ဘူးေနာ္... ခ်စ္ရသူက ဘယ္ေနရာေရာက္ေရာက္ ခ်စ္ရသူနဲ႕ ေဝးသြားရင္ေတာင္ ဘယ္ေတာ့မွ မေမ့ဘဲ ရင္ထဲမွာ က်န္ရစ္ေနမယ္ဆိုတဲ့ သေဘာေပါ့.... သစၥာရွိျခင္းကိုလည္း ကိုယ္စားျပဳတာမလို႔ ဒီပန္းေလးကို သက္ေသထားၿပီး လက္ေဆာင္ေပးၾကတာေပါ့ "

" အဓိပ္ပါယ်က လုံးဝ ရင္ထဲ ထိတယ္ အဲ့ဒါေၾကာင့္ ေဖႀကီး လက္ေဆာင္ေပးတုန္းက ေဖေဖ့ မ်က္ႏွာႀကီးက ၿဖီးေနတာပဲ ဟီးဟီး "

ဒီတစ္ခါေတာ့ ရန္း ပါ ၿပဳံးမိသည္။

" ကိုေရွးဆက္ရန္း ဆိုင္မွာေရာ ဒီပန္းေရာင္းလားဟင္ "

" ဒီပန္းက ပန္းဆိုင္ေတြရဲ႕ မရွိမျဖစ္ပဲေလ "

" လႊား လာဝယ္ဦးမယ္ "

ဒီေနရာမွာ ရန္းက တင္ဆက္သူပီပီ ေမးခြန္းေတြ ေမးေပးရမွာ ဆိုေပမယ့္ ျပန္ေျဖလာမယ့္ အေျဖကို မၾကားခ်င္လို႔ ပါးစပ္ကို တင္းတင္းပိတ္ထားလိုက္သည္။

" ကိုကို႔ကို ေပးမလို႔ "

ဟက္! ထိုေကာင္ေလးက အေမးမရွိလည္း အေျဖရွိတဲ့ ေကာင္ေလး ။

လႊား အေျဖေၾကာင့္ ဝန္း မ်က္လုံးျပဴးသြားသည္။ အရင္ဆုံး အစ္ကို႔ကို ၾကည့္လိုက္ေတာ့ အစ္ကိုက ၿပဳံးၿပဳံးပင္။

" လာခဲ့ေနာ္ ကြၽန္ေတာ္ လက္ေဆာင္ေပးပါမယ္ ဒီပန္းက ခ်စ္သူရယ္မဟုတ္ဘူး ခင္မင္တဲ့သူေတြကိုလည္း ေပးလို႔ရတယ္ "

.

"ကိုေရွးဆက္ရန္း "

အစီအစဥ္ၿပီးေတာ့ စာ႐ြက္ေလးတစ္႐ြက္ကို ကိုင္ကာ ရန္း ဆီ ေျပးလာတဲ့ သစ္ခက္လႊား ။

" ေဖေဖ့အတြက္ sign ထိုးေပးပါ "

ဝန္း ေျပာသလို အေဖခ်စ္သားေလးပဲ။ Sign ထိုးၿပီး ေပးေတာ့ " ေက်းဇူးတင္ပါတယ္ဗ် " ဆိုတာ လက္ႏွစ္ဖက္နဲ႕ ရိုရိုေသေသ ယူသည္။

ပစၥည္းသိမ္းသူကသိမ္း ၊ ျပန္သူကျပန္ နဲ႕ ရိုက္ကြင္းတစ္ခုလုံး ကိုယ့္အလုပ္နဲ႕ ကိုယ္ ရႈပ္ေနၾကတဲ့ အခ်ိန္ ဝန္း က ရန္းေဘးနားကို လာရပ္သည္။

" လႊား "

" ကိုကို တူတူျပန္မလား "

" မိတ္ဆက္ေပးရဦးမယ္ "

" ဟင္ "

လႊား ေဘးဘီယာကို ၾကည့္လိုက္ေတာ့ မသိတဲ့လူဟူ၍ တစ္ေယာက္မွ မရွိ ကိုကိုက ဘယ္သူနဲ႕ မိတ္ဆက္ေပးမလို႔လဲ။

" ေရွးဆက္ရန္း က ကိုယ့္ခ်စ္သူပါ "

႐ုတ္တရက္ဆန္ေသာ မိတ္ဆက္မႈ ၊ တုံးတိႀကီး ေျပာလာတဲ့ မိတ္ဆက္စကား
ေၾကာင့္ လႊား အာေစးမိေနသည္။ ရင္ဘတ္တစ္ခုလုံး ဟာလဟင္းလင္းျဖစ္သြားသလို တစ္ကိုယ္လုံးလဲ ထူပူစြာ။

" ဟင္ အာ... အာ.... "

" အခုမွ ဆုံျဖစ္တယ္ေနာ္ ဝန္း က သစ္ခက္လႊား အေၾကာင္း ခနခန ေျပာျပလို႔ သစ္ခက္လႊား ကို ရင္းႏွီးေနၿပီ "

ဝန္း တဲ့ ။ ဟုတ္သားပဲ ။ ကိုကို႔ကို ဝန္းလို႔ ေခၚပိုင္ခြင့္ရွိတဲ့ တစ္ဦးတည္းေသာသူ ။ ဝန္း ပိုင္ရွင္က ကိုေရွးဆက္ရန္းတဲ့လား။ ကိုကို႔ခ်စ္ရသူက အပင္ကို ျမတ္နိုးတယ္ဆိုတာ ကိုေရွးဆက္ရန္း ကို ေျပာေနတာေပါ့ ။

" အာ ဟုတ္ ဟို ဟုတ္ "

" အစထဲက မိတ္ဆက္ေပးရမွာကို ေနာက္က်သြားတယ္ အခုမွလည္း ဆုံျဖစ္တာဆိုေတာ့ေလ "

" ဟုတ္ အစထဲက ဟုတ္တယ္ေနာ္ အစထဲက ေျပာထားရင္ အာ မိတ္ဆက္ေပးထားရင္ ဟုတ္ တယ္ "

အစကထဲကသာ သိခဲ့ရင္ လႊား အျပဳအမူေတြ ဆင္ျခင္ခဲ့မွာ။ လႊား က မသိဘဲ ကိုကို႔ကိုေတာင္ ကိုေရွးဆက္ရန္းက လႊား ကို သေဘာမက်ဘဴးထင္တယ္လို႔ တိုးတိုးေလးေျပာလိုက္ေသးတယ္ ။ သူတို႔ လႊား ကို ဘယ္လိုထင္ေနၾကမလဲ။

" ဟို လႊား ျပန္လိုက္ဦးမယ္ "

ျပန္ႏႈတ္ဆက္ခ်ိန္ေတာင္မရ ေျပးထြက္သြားတဲ့ ေက်ာျပင္ငယ္။

" ဝန္း "

" အားနာစရာမွ မလိုတာ "

" ဒါေပမယ့္ "

" ဖုန္းဆက္လိုက္မယ္ေနာ္ ခ်စ္တယ္ "

လုပ္ခ်င္တာလုပ္သြားတဲ့ ဝန္းငယ္။
ေျပးထြက္သြားတဲ့ ျဖဴလြလြေက်ာျပင္ငယ္။

လက္ထဲက ေဘာပင္ေလးကို ၾကည့္ကာ အားနာမိျပန္သည္။

.

Continue Reading

You'll Also Like

539K 48.2K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
560K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
53.9K 3K 37
မာဖီးယားေလာကတြင္ အေတာ္ဆံုးျဖစ္သလို ၊ အရက္စက္တတ္ဆံုးမာဖီးယားတစ္ဦးလည္းျဖစ္သည့္ မိုးခက္တမန္......... ခ်စ္ရသူရဲ႕သေဘာဆႏၵအရသာဆိုလ်ွင္ ဘာမဆိုလုပ္ေ...
803K 26K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...