(unicode)
ညနှစ်ချက်တီးပြီးသော်လည်း ဒေါင်းမာန် အိပ်မပျော်နိုင်သေး။ နေ့လယ်နေခင်းက ကလေးလေး ၏အားရပါးရစားသောက်နေသော မြင်ကွင်းတို့ကို ရုပ်ရှင်ပြကွက်သဖွယ့် မျက်လုံးထဲမြင်ယောင်မိနေသည်။ ပါးများဖောင်းသည်အထိ စိတ်ရှိလက်ရှိစားတတ်သော အမူအယာသည်လည်း
ဆွဲဆောင်မှုတစ်မျိုးပင်လား။ အသက် ၂၉ နှစ်
မပြည့်မှီ ရည်းစားတစ်ယောက်လောက်ထားသင့်ပြီးဟု တွေးမိသည်။ ရွာမှာ ရွာသူ၊ ရွာသားတို့ သည် အသက် ၁၇ ၊ ၁၈ အရွယ်ဆို ကလေးပင်ရနေကြပြီး။
" တော်ပြီး။ ဆက်မတွေးနဲ့တော့ ဒေါင်းမာန်၊ ဟူး... "
ဒေါင်းမာန်တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် သတိပြန်ပေးနေမိပြီး ညတာရှည်ကြာမှုကို လစ်လျူရှုလျက် ကြိုးစားအိပ်ရတော့သည်။
..............
" မေကြီး သော်လင်းကိုတွေ့မိလား "
" ရွာထဲသွားပြီးလေ "
" အော်... "
စွယ်သော်လင်းတစ်ယောက် ရွာအနှံ့ခြေဆန့်ဖြစ် သည်။ ရွာသူရွာသားတို့သည် ပွင့်လင်းပြီး စိတ် ထားကောင်းကြပေသည်ဟု သော်လင်းမြင် သည်။
မေကြီးကလည်း တစ်ခုပဲ မှာလိုက်သည်။ ထန်းတောဘက်မှလွဲ အကုန်စိတ်ကြိုက်သွားလို့ရတယ်တဲ့လေ။
" ကိုကြီးသော်လင်း ငါးသွားဖမ်းရအောင် "
" သွားစို့ ဖုတ်လူး "
"ဖုတ်လူး" ဟုခေါ်တဲ့ ယဥ်ယဥ်တူနှင့် သော်လင်းတို့နှစ်ယောက် ငါးဖမ်းရန်လယ်တောများရှိသော ရွာအရှေ့ပိုင်းသို့ ချီတတ်လာခဲ့သည်။ လမ်း၌တွေ့သော ဖုတ်လူး၏သူငယ်ချင်းများကိုလည်း တစ်ယောက်စ၊ နှစ်ယောက်စဖြင့် ခေါ်ခဲ့လိုက်ရာ ခုဆိုလျှင် သော်လင်းအပါအဝင် ကလေးအုပ်စုသည် ၈ ယောက်တိတိရှိခဲ့ပြီး။
" ကိုကြီးသော်လင်း၊ ရှေ့ကလယ်မှာ ဖမ်းရအောင် "
" အေး "
ကလေးများသည် ရွှံ့ဗွက်အလိမ်းလိမ်းတို့ လူးမ တတ်ဖြင့် ဟိုနှိုက်၊ ဒီနှိုက်ပြုနေကြသည်။ သော်လင်းလည်း အားကျမခံ ဒူးအထက် ဂျင်းပျော့ဘောင်းဘီအနီလေးကို အပေါ်ထပ်ဆွဲတင်လိုက်ပြီး ဖိနပ်ကိုချွတ်၍ လယ်ကွင်းထဲ ဆင်းလိုက်သည်။
" ဝါး...OMG ! "
ခြေထောက်တို့သည် ခြေတစ်လုံးတစ်ဝက်နီးပါးခန့် ရွှံ့ဗွက်အတွင်း နစ်ဝင်သွားလေသည်။
" ကိုကြီးသော်လင်းဖမ်းလေ ထောင့်မှာ "
" အေး "
" ဖုတ်လူး မြန်မြန်၊ မိလား "
" ဟာ... လွတ်သွားပြီး "
" ထောင့်မှာချွဲနေတယ်၊ ငါကိုဝ်ိုင်းဖမ်းပေး ဖုတ် လူး "
" ရော့... ကိုကြီးငါး "
ကလေးတစ်ယောက်ကမ်းပေးသော နှစ်လက်မကျော်ကျော်ရှိငါးကြောင့် သော်လင်းအမောပြေသွားသည်။ ယဥ်ယဥ်ကိုကြွားစရာ ငါးတစ်ကောင်ရပေပြီး။
" တော်ပြီး။ မောတယ် ပြန်ကြစို့ "
" ကိုကြီးက တစ်ကောင်ပဲရသေးတယ်လေ "
" အေးပါ။ သုံးကောင်ပြည့်ရင် ပြန်မယ် "
ဒေါင်းမာန်နွားကျောင်းလာချိန် ညီမယဥ်ယဥ်တို့အိမ်မှ ကလေးလေး၏အသံကို ကြားလိုက်သည်။ ခေါင်းကို ဘယ်ညာလှည့်ပြီး ရှာကြည်သော်လည်း မတွေ့။ မလှမ်းမကမ်းတွင် ငါးဖမ်းနေကြသည့် ကလေးတစ်စုကိုသာ တွေ့ရသည်။ အသံတွေ
ဘာတွေတောင် ကြားယောင်နေမိသည့်အထိ ထိုကလေးလေးအပေါ်သတိထားမိနေသည်ဟု တွေးလိုက်ရုံနှင့် ပြုံးမိပေသည်။ နွားများကို စားကျက်ပြင်၌ လွတ်ထားခဲ့ပြီး ငါးနှိုက်နေကြသော ကလေးအုပ်စုဘက် ထွက်ခဲ့လိုက်သည်။
" ဟေ့ကောင်တွေ ဘယ်လောက်ရပြီးလဲ "
" တစ်ဟင်းချက် "
" အကောင်ကြီးတစ်ကောင်ရပြီး "
"..........."
"............"
" ဟိုတစ်ယောက်ရော "
" တစ်ကောင် "
တစ်ကောင်ရပြီးဖြစ်ကြောင်း အားရပါးရခေါင်းလေးမော့၍ ဖြေလာသောသူကိုသေချာကြည် လိုက်လျှင် ညစ်ပတ်ပေလူးနေသော ညီမယဥ်
ယဥ်တို့အိမ်မှ ကလေးလေးဖြစ်နေသည်ကို ဒေါင်းမာန်တွေ့လိုက်ရသည်။ ညစ်ပတ်ပေလူးနေပြီး လူရုပ်ပင်ကောင်းကောင်းမပေါ်ချင်တော့အောင် ဖြစ်နေ၏။
" တတ်ခဲ့ "
".........."
" ခေါ်နေတယ်လေ၊ မကြားဘူးလား "
ခေါ်နေသည်ကိုမကြားဟန်ပြုနေသူအား အသံမာမာဖြင့် ထပ်ခေါ်လိုက်သည်။
" ငါးဖမ်း "
စကားရှည်နေသော ထိုကလေးလေးကို အင်္ကျီဂုတ်မှဆွဲပြီး ကန်သင်ရိုးပေါ်သို့ရောက်အောင်
ခေါ်ယူလိုက်သည်။
" ဘယ်ကို လာဆွဲနေတာလဲ "
" ရေသွားကူးမယ် "
" တကယ်လား "
" ဟေ့ကောင်တွေ ချောင်းမှာသွားဖမ်းမယ်၊ တတ်ခဲ့ကြ "
" ခဏ ခဏလေး "
" ဘာဖြစ်ပြန်ပြီးလဲ "
" ငါးကျန်ခဲ့ပြီး "
ကလေးလေးအရေးတယူပြေးယူလာခဲ့တဲ့
ငါးအားတွေ့ပြီးချိန်၌ ဒေါင်းမာန်အော်ရယ်(ရီ)ချင်စိတ်ကို မနည်းထိန်းတားလိုက်ရသည်။ ငါးဆို၍ လက်ဝါးလောက်ရှိလိမ့်မယ်လို့ အောက်မေ့မိသည်။ သို့သော်မြင်လိုက်ရသည်မှာ ငါး၏ပါးဟပ်၌တွဲချိတ်ထားသော နွယ်ကြိုးထက်တောင် သေးနေ၏။
စမ်းချောင်းထဲ၌ ရေချိုးသူချိုး၊ ငါးနှိုက်သူနှိုက်
ဖြင့် ရှိနေသည်။ဒေါင်းမာန်သည်လည်း ရေအစပ်သို့ဆင်းပြီး ကလေးလေးကို လူရုပ်ပြန်ပေါ်အောင် ရေကူဆေးပေးနေသည်။
" ကလေးလေး "
" ပြော လူကြီး "
" ရည်းစားရှိလား "
" ဘယ်သူလဲ၊ ယဥ်ယဥ်လား "
" ကလေးလေးကို မေးတာ "
" အများကြီးရှိတယ်၊ လူကြီးသိချင်ရင် ပြောပြမယ်လေ "
"......."
" စတာပါဗျာ။ သားက ခုမှငယ်ငယ်လေးရှိသေး တာကိုး "
မျက်နှာညိုးသွားသောလူကြီးကြောင့် သော်လင်းထပ်မစချင်တော့။ ထို့ကြောင့် စကားအရွှန်း ဖောက်ဟန်ဖြင့် စကားပြန်ပြင်လိုက်သည်။
"........"
" လူကြီး "
" ကလေးလေးကငယ်သေးပေမယ့် ကိုယ့်က မငယ်တော့ဘူးလေ "
" ဟမ် "
" ကိုယ်တို့တွေ့တာ သိပ်မကြာသေးပေမယ့် သေချာပြောနိုင်တာတစ်ခုက ကိုယ် ကလေးကို လုံးဝချစ်မိနေပြီး "
သော်လင်းအံ့သြလွန်း၍ မျက်လုံးဝိုင်းတို့ဖြင့် ဒေါင်းမာန်အား လှည့်ကြည်မိသည်။ ဒေါင်းမာန် သည်လည်း မြတ်နိုးရသော မျက်လုံးဝိုင်းဝိုင်းတို့ကိုကြည်လျက် အားတင်းကာချစ်စကားဆက်ဆိုလိုက်သည်။
" ကလေးလေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို ကိုယ်သဘောကျတယ်။ ကလေးလေးရဲ့အမူအ ရာတိုင်းကိုရော၊ ကိုယ့်ဘဝအတွက် ပထမဆုံးနဲ့ နောက်ဆုံးအချစ်ဖြစ်ရစေမယ်လို့လည်း ကတိပေးနိုင်တယ်၊ ကလေးလေးကရော ကိုယ်ကို ဘယ်လို့ ဘယ်လို့မြင်လဲ "
" ကျွန်တော် ကျွန်တော် "
" ကိုယ်ကို ချစ်လား "
(zawgyi)
ညႏွစ္ခ်က္တီးၿပီးေသာ္လည္း ေဒါင္းမာန္ အိပ္မေပ်ာ္ႏိုင္ေသး။ ေန႔လယ္ေနခင္းက ကေလးေလး ၏အားရပါးရစားေသာက္ေနေသာ ျမင္ကြင္းတို႔ကို ႐ုပ္ရွင္ျပကြက္သဖြယ့္ မ်က္လုံးထဲျမင္ေယာင္မိေနသည္။ ပါးမ်ားေဖာင္းသည္အထိ စိတ္ရွိလက္ရွိစားတတ္ေသာ အမူအယာသည္လည္း
ဆြဲေဆာင္မႈတစ္မ်ိဳးပင္လား။ အသက္ ၂၉ ႏွစ္
မျပည့္မွီ ရည္းစားတစ္ေယာက္ေလာက္ထားသင့္ၿပီးဟု ေတြးမိသည္။ ႐ြာမွာ ႐ြာသူ၊ ႐ြာသားတို႔ သည္ အသက္ ၁၇ ၊ ၁၈ အ႐ြယ္ဆို ကေလးပင္ရေနၾကၿပီး။
" ေတာ္ၿပီး။ ဆက္မေတြးနဲ႔ေတာ့ ေဒါင္းမာန္၊ ဟူး... "
ေဒါင္းမာန္တစ္ေယာက္တည္း ကိုယ့္ဘာသာကိုယ္ သတိျပန္ေပးေနမိၿပီး ညတာရွည္ၾကာမႈကို လစ္လ်ဴရႈလ်က္ ႀကိဳးစားအိပ္ရေတာ့သည္။
..............
" ေမႀကီး ေသာ္လင္းကိုေတြ႕မိလား "
" ႐ြာထဲသြားၿပီးေလ "
" ေအာ္... "
စြယ္ေသာ္လင္းတစ္ေယာက္ ႐ြာအႏွံ႔ေျခဆန္႔ျဖစ္ သည္။ ႐ြာသူ႐ြာသားတို႔သည္ ပြင့္လင္းၿပီး စိတ္ ထားေကာင္းၾကေပသည္ဟု ေသာ္လင္းျမင္ သည္။
ေမႀကီးကလည္း တစ္ခုပဲ မွာလိုက္သည္။ ထန္းေတာဘက္မွလြဲ အကုန္စိတ္ႀကိဳက္သြားလို႔ရတယ္တဲ့ေလ။
" ကိုႀကီးေသာ္လင္း ငါးသြားဖမ္းရေအာင္ "
" သြားစို႔ ဖုတ္လူး "
"ဖုတ္လူး" ဟုေခၚတဲ့ ယဥ္ယဥ္တူႏွင့္ ေသာ္လင္းတို႔ႏွစ္ေယာက္ ငါးဖမ္းရန္လယ္ေတာမ်ားရွိေသာ ႐ြာအေရွ႕ပိုင္းသို႔ ခ်ီတတ္လာခဲ့သည္။ လမ္း၌ေတြ႕ေသာ ဖုတ္လူး၏သူငယ္ခ်င္းမ်ားကိုလည္း တစ္ေယာက္စ၊ ႏွစ္ေယာက္စျဖင့္ ေခၚခဲ့လိုက္ရာ ခုဆိုလွ်င္ ေသာ္လင္းအပါအဝင္ ကေလးအုပ္စုသည္ ၈ ေယာက္တိတိရွိခဲ့ၿပီး။
" ကိုႀကီးေသာ္လင္း၊ ေရွ႕ကလယ္မွာ ဖမ္းရေအာင္ "
" ေအး "
ကေလးမ်ားသည္ ႐ႊံ႕ဗြက္အလိမ္းလိမ္းတို႔ လူးမ တတ္ျဖင့္ ဟိုႏႈိက္၊ ဒီႏႈိက္ျပဳေနၾကသည္။ ေသာ္လင္းလည္း အားက်မခံ ဒူးအထက္ ဂ်င္းေပ်ာ့ေဘာင္းဘီအနီေလးကို အေပၚထပ္ဆြဲတင္လိုက္ၿပီး ဖိနပ္ကိုခြၽတ္၍ လယ္ကြင္းထဲ ဆင္းလိုက္သည္။
" ဝါး...OMG ! "
ေျခေထာက္တို႔သည္ ေျခတစ္လုံးတစ္ဝက္နီးပါးခန္႔ ႐ႊံ႕ဗြက္အတြင္း နစ္ဝင္သြားေလသည္။
" ကိုႀကီးေသာ္လင္းဖမ္းေလ ေထာင့္မွာ "
" ေအး "
" ဖုတ္လူး ျမန္ျမန္၊ မိလား "
" ဟာ... လြတ္သြားၿပီး "
" ေထာင့္မွာခြၽဲေနတယ္၊ ငါကိုဝ္ိုင္းဖမ္းေပး ဖုတ္ လူး "
" ေရာ့... ကိုႀကီးငါး "
ကေလးတစ္ေယာက္ကမ္းေပးေသာ ႏွစ္လက္မေက်ာ္ေက်ာ္ရွိငါးေၾကာင့္ ေသာ္လင္းအေမာေျပသြားသည္။ ယဥ္ယဥ္ကိုႂကြားစရာ ငါးတစ္ေကာင္ရေပၿပီး။
" ေတာ္ၿပီး။ ေမာတယ္ ျပန္ၾကစို႔ "
" ကိုႀကီးက တစ္ေကာင္ပဲရေသးတယ္ေလ "
" ေအးပါ။ သုံးေကာင္ျပည့္ရင္ ျပန္မယ္ "
ေဒါင္းမာန္ႏြားေက်ာင္းလာခ်ိန္ ညီမယဥ္ယဥ္တို႔အိမ္မွ ကေလးေလး၏အသံကို ၾကားလိုက္သည္။ ေခါင္းကို ဘယ္ညာလွည့္ၿပီး ရွာၾကည္ေသာ္လည္း မေတြ႕။ မလွမ္းမကမ္းတြင္ ငါးဖမ္းေနၾကသည့္ ကေလးတစ္စုကိုသာ ေတြ႕ရသည္။ အသံေတြ
ဘာေတြေတာင္ ၾကားေယာင္ေနမိသည့္အထိ ထိုကေလးေလးအေပၚသတိထားမိေနသည္ဟု ေတြးလိုက္႐ုံႏွင့္ ၿပဳံးမိေပသည္။ ႏြားမ်ားကို စားက်က္ျပင္၌ လြတ္ထားခဲ့ၿပီး ငါးႏႈိက္ေနၾကေသာ ကေလးအုပ္စုဘက္ ထြက္ခဲ့လိုက္သည္။
" ေဟ့ေကာင္ေတြ ဘယ္ေလာက္ရၿပီးလဲ "
" တစ္ဟင္းခ်က္ "
" အေကာင္ႀကီးတစ္ေကာင္ရၿပီး "
"..........."
"............"
" ဟိုတစ္ေယာက္ေရာ "
" တစ္ေကာင္ "
တစ္ေကာင္ရၿပီးျဖစ္ေၾကာင္း အားရပါးရေခါင္းေလးေမာ့၍ ေျဖလာေသာသူကိုေသခ်ာၾကည္ လိုက္လွ်င္ ညစ္ပတ္ေပလူးေနေသာ ညီမယဥ္
ယဥ္တို႔အိမ္မွ ကေလးေလးျဖစ္ေနသည္ကို ေဒါင္းမာန္ေတြ႕လိုက္ရသည္။ ညစ္ပတ္ေပလူးေနၿပီး လူ႐ုပ္ပင္ေကာင္းေကာင္းမေပၚခ်င္ေတာ့ေအာင္ ျဖစ္ေန၏။
" တတ္ခဲ့ "
".........."
" ေခၚေနတယ္ေလ၊ မၾကားဘူးလား "
ေခၚေနသည္ကိုမၾကားဟန္ျပဳေနသူအား အသံမာမာျဖင့္ ထပ္ေခၚလိုက္သည္။
" ငါးဖမ္း "
စကားရွည္ေနေသာ ထိုကေလးေလးကို အက်ႌဂုတ္မွဆြဲၿပီး ကန္သင္႐ိုးေပၚသို႔ေရာက္ေအာင္
ေခၚယူလိုက္သည္။
" ဘယ္ကို လာဆြဲေနတာလဲ "
" ေရသြားကူးမယ္ "
" တကယ္လား "
" ေဟ့ေကာင္ေတြ ေခ်ာင္းမွာသြားဖမ္းမယ္၊ တတ္ခဲ့ၾက "
" ခဏ ခဏေလး "
" ဘာျဖစ္ျပန္ၿပီးလဲ "
" ငါးက်န္ခဲ့ၿပီး "
ကေလးေလးအေရးတယူေျပးယူလာခဲ့တဲ့
ငါးအားေတြ႕ၿပီးခ်ိန္၌ ေဒါင္းမာန္ေအာ္ရယ္(ရီ)ခ်င္စိတ္ကို မနည္းထိန္းတားလိုက္ရသည္။ ငါးဆို၍ လက္ဝါးေလာက္ရွိလိမ့္မယ္လို႔ ေအာက္ေမ့မိသည္။ သို႔ေသာ္ျမင္လိုက္ရသည္မွာ ငါး၏ပါးဟပ္၌တြဲခ်ိတ္ထားေသာ ႏြယ္ႀကိဳးထက္ေတာင္ ေသးေန၏။
စမ္းေခ်ာင္းထဲ၌ ေရခ်ိဳးသူခ်ိဳး၊ ငါးႏႈိက္သူႏႈိက္
ျဖင့္ ရွိေနသည္။ေဒါင္းမာန္သည္လည္း ေရအစပ္သို႔ဆင္းၿပီး ကေလးေလးကို လူ႐ုပ္ျပန္ေပၚေအာင္ ေရကူေဆးေပးေနသည္။
" ကေလးေလး "
" ေျပာ လူႀကီး "
" ရည္းစားရွိလား "
" ဘယ္သူလဲ၊ ယဥ္ယဥ္လား "
" ကေလးေလးကို ေမးတာ "
" အမ်ားႀကီးရွိတယ္၊ လူႀကီးသိခ်င္ရင္ ေျပာျပမယ္ေလ "
"......."
" စတာပါဗ်ာ။ သားက ခုမွငယ္ငယ္ေလးရွိေသး တာကိုး "
မ်က္ႏွာညိဳးသြားေသာလူႀကီးေၾကာင့္ ေသာ္လင္းထပ္မစခ်င္ေတာ့။ ထို႔ေၾကာင့္ စကားအ႐ႊန္း ေဖာက္ဟန္ျဖင့္ စကားျပန္ျပင္လိုက္သည္။
"........"
" လူႀကီး "
" ကေလးေလးကငယ္ေသးေပမယ့္ ကိုယ့္က မငယ္ေတာ့ဘူးေလ "
" ဟမ္ "
" ကိုယ္တို႔ေတြ႕တာ သိပ္မၾကာေသးေပမယ့္ ေသခ်ာေျပာႏိုင္တာတစ္ခုက ကိုယ္ ကေလးကို လုံးဝခ်စ္မိေနၿပီး "
ေသာ္လင္းအံ့ၾသလြန္း၍ မ်က္လုံးဝိုင္းတို႔ျဖင့္ ေဒါင္းမာန္အား လွည့္ၾကည္မိသည္။ ေဒါင္းမာန္ သည္လည္း ျမတ္ႏိုးရေသာ မ်က္လုံးဝိုင္းဝိုင္းတို႔ကိုၾကည္လ်က္ အားတင္းကာခ်စ္စကားဆက္ဆိုလိုက္သည္။
" ကေလးေလးရဲ႕မ်က္လုံးဝိုင္းဝိုင္းေလးေတြကို ကိုယ္သေဘာက်တယ္။ ကေလးေလးရဲ႕အမူအ ရာတိုင္းကိုေရာ၊ ကိုယ့္ဘဝအတြက္ ပထမဆုံးနဲ႔ ေနာက္ဆုံးအခ်စ္ျဖစ္ရေစမယ္လို႔လည္း ကတိေပးႏိုင္တယ္၊ ကေလးေလးကေရာ ကိုယ္ကို ဘယ္လို႔ ဘယ္လို႔ျမင္လဲ "
" ကြၽန္ေတာ္ ကြၽန္ေတာ္ "
" ကိုယ္ကို ခ်စ္လား "