သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 316K 17.8K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (17)

26.2K 3.8K 201
By OpalHawthorn28

ယွီကျွင်းချန် က လော်ဆန်း ကိုဆေးရုံကိုအတင်းခေါ်သွားပြီးသေချာစစ်ဆေးလိုက်တယ်။အဆစ်လွဲသွားတာကလွဲရင် ဘာဒဏ်ရာမှမရဘူးဆိုတာသေချာမှ လော်ဆန်း ကိုအိမ်ပြန်ပို့ဖို့ ပြင်လိုက််တယ်။လော်ဆန်း ကိုကြည့်ရတာ စိတ်အခြေနေသိပ်မကောင်းတာကြောင့် လုံလင်း တောင်ပေါ်က အဓိကစံအိမ်ဆီကိုပဲပြန်ပို့လိုက်တယ်။

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်နေရင်း
လော်ဆန်း ရေနွေးတစ်ခွက်သောက်နေတယ်။ရှောင်ခယ် ကိုရှုံးခဲ့တာကို ပြန်တွေးမိတဲ့အခါ ဒေါသကနောက်တစ်ကြိမ်အလိပ်လိုက်ထွက်လာပြန်ရော။လက်ထဲက ရေနွေးခွက်ကို ကြမ်းပြင်ပေါ် ပေါက်ခွဲလိုက်တယ်။

ယွီကျွင်းချန် ကတော့ ဒီလုပ်ရပ်ကြောင့်အတော်အံ့အားသင့်သွားတယ်။

"နောက်လေး၊ငါးရက်လောက်နေရင် ငါတို့စေ့စပ်ကြတော့မှာလေ၊ဒီလိုဒေါသထွက်နေတဲ့ စိတ်အခြေနေနဲ့ စေ့စပ်ပွဲလုပ်မလို့လား?"

"တခြားသူကိုရှုံးရင်တောင် ငါအခုလောက်ထိဖြစ်မနေဘူး။ငမိုက်သား ရှောင်ခယ် ကိုရှုံးသွားမှတော့ ငါ့ရဲ့ဂုဏ်သိက္ခာကို အများကြီးထိခိုက်သွားပြီ။ဒီကောင့်ကို အနိုင်ပြန်ပိုင်းရမယ်၊ဒီကောင် ပီတိဖြာနေတာကို ကြာကြာကြည့်မနေနိူင်ဘူး!!"

"မင်းသူ့ကိုအနိုင်ယူချင်နေသေးရင်တောင် စေ့စပ်ပွဲပြီးမှ လုပ်လို့မရဘူးလား?"

ယွီကျွင်းချန် ကသူ့ကိုစူးစူးဝါးဝါးကြည့်လိုက်တယ်။

"ချက်ချင်းကြီးတော့ မလုပ်ပါနဲ့ဉီး။ဒီလောက်ဆိုးဝါးတဲ့စိတ်အခြေအနေနဲ့တော့မင်းနဲ့မစေ့စပ်ချင်ဘူး။ငါ့စကားနားထောင်မယ်မလား?"

လော်ဆန်း အသက််ကိုပြင်းပြင်းရှူပြီး ဒေါသကိုထိန်းလိုက်တယ်။

"တောင်းပန်ပါတယ်ကွာ၊ငါ့စိတ်အခြေနေကို အကောင်းဆုံး ထိန်းထားပါ့မယ်"

မုန့်ရန် အိမ်ထဲဝင်လာတဲ့အခါ လော်ဆန်း ရဲ့အီလည်လည်မျက်နှာထားနဲ့ ယွီကျွင်းချန် ရဲ့ စိုးရိမ်ပူပန်နေတဲ့မျက်ခွက်တွေကို တန်းမြင်လိုက်ရတယ်။မုန့်ရန် တမင်တကာအပြုံးတစ်ခုဆင်မြန်းလိုက်ပြီး စကားသွားပြောလိုက်တယ်။

"ဟေးးးမင်းတို့မျက်နှာကြည့်ရတာပျော်နေကြတဲ့ပုံပဲ၊ဘာတွေများပျော်စရာတွေရှိလို့လဲ၊ငါ့ကိုလဲ ပြောပြပါလား၊ငါလဲမင်းတို့နဲ့အတူပျော်ချင်လို့"

နဂိုကတည်းကမှ အခြေနေမကောင်းတဲ့ လော်ဆန်း ကတော့ မုန့်ရန် ကိုမြင်တာနဲ့ ပိုလို့တောင် နေရထိုင်ရတာ အဆင်မပြေတော့ဘူး။မုန့်ရန် ကို ပြာကျလောက်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး အပေါ်ထပ်က သူ့အခန်းကို ပြန်သွားလိုက်တယ်။

ယွီကျွင်းချန် မတ်တပ်ထရပ်လိုက်ပြီး
လော်ဆန်းနောက်ကိုလိုက်သွားရမယ့်အစား မုန့်ရန် နဲ့စကားပြောဖို့ပြင်ဆင်လိုက်တယ်။

"မုန့်ရန် ငါမင်းကိုမေးစရာရှိတယ်"

"ငါဒီနေ့စိတ်ကောင်းဝင်နေတော့ မင်းကို စကားပြောခွင့်ပေးလိုက်ပါမယ်"

"ငါနဲ့ လော်ဆန်း ကို ကလဲ့စားချေချင်လို့ မင်း သူ့အဖေကို လက်ထပ်လိုက်တယ်ဆိုတာငါသိတယ်။မင်းအခု သူ့အဖေနဲ့လက်ထပ်လိုက်ပြီဆိုတော့ ငါတို့က..."

"မင်းတို့ကိုကလဲ့စားချေဖို့ ငါ လော်ရှို့ ကိုလက်ထပ်လိုက်တယ်လို့ပဲမင်းထင်နေတာလား?မင်းစဉ်းစားကြည့်လိုက်စမ်း လော်ဆန်း နဲ့ လော်ရှို့ ကိုယှဉ်လိုက်ရင် ဘယ်သူကပိုပြီး ဆွဲဆောင်မှုရှိလဲ၊ဘယ်သူက ပိုချမ်းသာလဲ?"

"......."

ယွီကျွင်းချန် အဖြေကို ရှင်းရှင်းလင်းလင်း သိနေပေမယ့် ထုတ်မပြောချင်ဘူး။

"အရမ်းစဉ်းစားမနေနဲ့၊အဖြေက အစကတည်းကရှင်းနေပြီသား။အထက်တန်းစားစံအိမ်တစ်လုံးကို သာမာန်ကာလျှံကာ villaလေးတစ်ခုနဲ့ ဘယ်သူကများလဲချင်မှာလဲ?"

"မင်း..မင်း...မင်း Mr.လော် ကိုကြိုက်နေတာတော့မဟုတ်ဘူးမလား?"

ယွီကျွင်းချန် တစ်ယောက် Shock ရသွားပြီ။

"ငါကြိုက်တယ်ဆိုတော့ရော၊Mr.လော် ကငါ့ထက်အသက်ကြီးတယ်ဆိုပေမယ့်၊ သူ့ကိုလူတိုင်းကလေးစားကြတယ်လေ၊ငါ မကြိုက်ဘူးဆိုမှ ထူးဆန်းနေမှာပေါ့"

"Mr.လော် ကမင်းကိုသဘောကျလို့လက်ထပ်ခဲ့တာမဟုတ်ဘူး။မင်းသူ့ကို စိတ်နှစ်ပြီးသဘောကျမနေနဲ့နော်၊အဆုံးသတ်မှာ မင်းပဲနာကျင်ရမှာ"

ယွီကျွင်းချန် ကတော့ ကြာဖြူပန်းလေးလို အကြံကောင်းဉာဏ်ကောင်းလေးတွေမုန့်ရန် ကိုပေးနေပါပြီ။

"မုန့်ရန်၊ဒီလိုတွေဆက်မလုပ်ပါနဲ့တော့၊
လော်ဆန်း က ငါနဲ့အတူမရှိရင်တောင်၊မင်းကိုလည်းပြန်လက်ခံမှာမှမဟုတ်တော့တာ။အခု မင်းက Mr.လော် နဲ့လက်ထပ်လိုက်တော့ အဆုံးသတ်ကဘယ်လိုမှကောင်းနိုင်မှာမဟုတ်ဘူး။စိတ်ချမ်းသာပျော်ရွှင်ရတဲ့ဘဝမျိုးကိုလိုချင်ရင်တော့ မင်းစိတ်ရှည်ရှည်ထားပြီးစောင့်ပေါ့။တစ်နေ့မှာ မင်းကို အပြည့်အဝချစ်ပေးနိုင်မယ့်သူတစ်ယောက်တော့ ရှိလာမယ်ဆိုတာ ငါသေချာသိနေတယ်"

ယွီကျွင်းချန် ရဲ့စကားလုံးတစ်လုံးချင်းစီတိုင်းက မုန့်ရန် အတွက် အရမ်းရယ်စရာကောင်းနေတယ်။မုန့်ရန် ၊ယွီကျွင်းချန် ရဲ့အနားကို တဖြည်းဖြည်းတိုးကပ်သွားပြီး လေသံခပ်တိုးတိုးနဲ့ပြောလိုက်တယ်။

"ငါက ငယ်ရွယ်ပြီး လှပတင့်တယ်တယ်လေ၊အဲ့တော့ Mr.လော် နဲ့ ငါက ညတိုင်းအိပ်ယာပေါ်မှာအတူတူ....၊ငါ့ကို Mr.လော် ကြိုက်လာမယ်ဆိုတာ ငါယုံတယ်။ငါMr.လော် ကိုလက်ထပ်နိုင်မယ်လို့ မင်းတို့အရင်တုန်းကတည်းကထင်မထားဘူးမလား?အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိနိူင်မှာလဲ?"

ယွီကျွင်းချန် ခဏလောက်တိတ်ဆိတ်သွားပြီး ခေါင်းစဉ်ပြောင်းပြီးဆက်ပြောတယ်။

"ငါနဲ့ လော်ဆန်း တို့စေ့စပ်ပွဲကို မင်းမလာဖို့ ငါတောင်းဆိုပါတယ်။ဘာ့ကြောင့်လဲဆိုတော့ မင်းအိမ်ရောင်းသွားတဲ့ကိစ္စရယ်၊မဂ်လာပွဲကိုမဖိတ်တာရယ်ကို ဒေါ်လေးတို့စိတ်ဆိုးနေကြတုန်းပဲ။လူရယ်စရာဖြစ်အောင်လုပ်မယ့်အစား၊မင်းဘက်ကနေရှောင်လိုက်ပါလား"

"ဒါကသိပ်တော့အဆင်မပြေဘူး။ငါ့မဂ်လာဆောင်ကိုကြတော့ မင်းက လော်ဆန်း ကိုလက်တွဲပြီးရောက်လာတယ်။ မင်းရဲ့စေ့စပ်ပွဲကို ငါမလာလို့ ဘယ်ဖြစ်ပါ့မလဲ၊ဒါတွေထားလိုက်ပါဉီး၊Mr.လော် က မင်းတို့စေ့စပ်ပွဲကို သွားချင်နေတာမဟုတ်ဘူးနော်။ငါသူ့ကိုမသွားခိုင်းရင်သူလည်းသွားမှာမဟုတ်ဘူး"

"Mr.လော် ကဘာကြောင့် မလာဘဲနေမှာလဲ?သူက လော်ဆန်း ရဲ့အဖေလေ၊သူမျက်နှာလာမပြရင် လော်ဆန်း စိတ်မကောင်းဖြစ်မှာပေါ့"

ယွီကျွင်းချန် အသေအကြေပူပန်နေပြီ။

"ငါ့မဂ်လာဆောင်ကျတော့မင်းက လော်ဆန်း နဲ့အတူတူလာတယ်။ငါ့ကိုကြတော့ မင်းတို့စေ့စပ်ပွဲကိုမတက်စေချင်ဘူး။ငါ့အဖေနဲ့ အဒေါ်တွေရဲ့ဒေါသဆိုတာ အကြောင်းပြချက်သက်သက်ပါကွာ၊မင်းရဲ့တစ်ကယ့်ရည်ရွယ်ချက်ကဘာလဲ?မင်းကိုယ်မင်းသိမှာပါ"

မုန့်ရန် အပြုံးတစ်ခုနဲ့လှည့်ထွက်သွားလိုက်ပြီး အနားယူဖို့အခန်းကို ပြန်သွားခဲ့တယ်။

"မုန့်ရန်.. "

ယွီကျွင်းချန် တကယ်စိတ်ပူနေပြီ။မုန့်ရန် ကို လော်ရှို့ နဲ့အတူတွဲပြီးပွဲတက်တာမမြင်ချင်ဘူး။အကယ်၍ လော်ရှို့ သာစေ့စပ်ပွဲကိုမလာခဲ့ရင် သူနဲ့ လော်ဆန်း ကို လော်ရှို့ သဘောမတူဘူးဆိုတာ လူတကာသိကုန်တော့မယ်။ကွယ်ရာမှာ သူ့ကိုလှော်င်ပြောင်သရော်ကြတော့မှာ......

တစ်ညနေလုံး မုန့်ရန် အိပ်နေခဲ့တယ်။ရုတ်တရက်သူ့ဘေးနားကိုတစ်စုံတစ်ယောက် ရောက်လာတာကြောင့် လန့်နိုးသွားတယ်။ထိုလူက လော်ရှို့ ဆိုတာ သိတော့မှ လော်ရှို့ ရဲ့လက်မောင်းကိုဖက်ပြီးပြန်အိပ်ပျော်သွားခဲ့တယ်။

လော်ရှို့ ကလည်း မုန့်ရန် ရဲ့ဒီအကျင့်လေးကို ကျင့်သားရနေပြီ။အိပ်ပျော်နေတဲ့ မုန့်ရန် ရဲ့မျက်နှာလေးကို တစ်ချက်ငေးကြည့်လိုက်ပြီး မီးပိတ်ကာသူလဲ အိပ်ပျော်သွားခဲ့တယ်။

ညသန်းခေါင်ယံမှာ လော်ရှို့ လန့်နိုးလာတယ်။ဒီတစ်ကြိမ်ဒီလို လန့်နိုးတာ ခေါင်းကိုက်လို့မဟုတ်ဘူး။သူ့စိတ်နှလုံးရောခန္ဓာကိုယ်ပါရုတ်တရက်ပူလောင်လာတာကြောင့်ဖြစ်တယ်။

အခုချိန်ထိ မုန့်ရန် ပေါ်မှာ သူဘာအတွေးမှမတွေးခဲ့မိဘူး။သူဟာအခုထိ သာမာန်ယောက်ကျားတစ်ဉီးလိုပါပဲ။တစ်ယောက်တည်း အိပ်ခဲ့ရတုန်းက ဒီလိုတွေတစ်ခါမှမဖြစ်ခဲ့ဖူးဘူး။သူ့နဲ့အရမ်းကိုနီးကပ်နေတဲ့

နူးညံ့ပျော့ပြောင်းတဲ့ ခန္ဓာကိုယ်လေးရယ်၊ထူးခြားတဲ့ရနံ့တစ်ချို့ရယ်ကြောင့် ဒီလိုတွေပူလောင်နေတယ်ဆိုတာသူသိတယ်။မုန့်ရန် ဆီကနေ ဘာ့ကြောင့်ဒီလိုချိုမြိန်တဲ့အနံ့တွေရနေရတာလဲဆိုတာသူမသိဘူး။ဒါပေမယ့် ဒီအနံ့ကြောင့်ပဲ ပူလောင်မှုက ပိုပြင်းပြလာတယ်။မုန့်ရန် ကရေမွှေးပညာရှင်ဖြစ်ဖို့ ရနံ့တော်တော်များများကိုရောစပ် စမ်းသပ်တတ်တယ်လို့ သူသိထားတယ်။ရေချိုးခန်းသုံးပစ္စည်းတွေကို အနံ့မရှိတာတွေသုံးသည့်တိုင် မုန့်ရန် ရေချိုးပြီးတိုင်းဒီအနံ့မျိုးလေးကို သူအမြဲရနေကြ။နေ့ခင်းဘက်မှာသိပ်မသိသာပေမယ့် အခုလို နှစ်ယောက်သားပူးကပ်နေတဲ့ ညပိုင်းအချိန်ဆိုတော့..........

လော်ရှို့ တစ်ယောက်ချွေးပြန်နေပြီ။အသက်ပြင်းပြင်းရှူလိုက်တယ်။အိပ်ရာပေါ်က ဆင်းပြီးရေချိုးခန်းထဲကို တစ်ချိုးတည်းပြေးပါလေရော......

လော်ရှို့ ဘေးနားမှာမရှိတော့တာကြောင့် မုန့်ရန် နိုးလာတယ်။ သူပြန်အိပ်ဖို့ကြိုးစားပေမယ့် အပြည့်အဝတော့အိပ်မပျော်နိုင်သေးဘူး။လော်ရှို့ တစ်ယောက် Toilet ဝင်နေတယ်ထင်ပြီး သူစောင့်နေလိုက်တယ်။

လော်ရှို့ ရေချိုးခန်းနံရံကို လက်နဲ့ထောက်ထားတယ်။စိတ်ထဲမှာတော့ နောင်တတွေပြည့်နှက်နေပြီ။တစ်စုံတစ်ယောက်အပေါ်မှာ သူဒီလို ဆန္ဒမျိုးတွေတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။မုန့်ရန် ပေါ်သူဒီလိုစိတ်တွေမထားသင့်ဘူး။ အသက်သခင်ကျေးဇူးရှင် ဖြစ်တဲ့အပြင် ငယ်ရွယ်ပြီးအပြစ်ကင်းတဲ့ဒီလိုကောင်လေးကိုမှ ပြစ်မှားမိလေချင်း.....သူ့ကို ယုံကြည်အားကိုးနေတဲ့ မုန့်ရန် ကိုတွေးမိလိုက်တိုင်း လော်ရှို့ တစ်ယောက်

မူလအကျဆုံးဇီဝကမ္မစိတ်ဆန္ဒကိုမထိန်းချုပ်နိုင်ခဲ့ပေ။ဒါကတိရစ္ဆာန်တစ်ကောင်နဲ့မကွာခြားတော့ဘူးမလား???

လော်ရှို့ စိတ်ထဲကနေ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်ပြီး ခန္ဓာကိုယ် ပူလောင်မှုသက်သာအောင် ရေချိုးပစ်လိုက်တယ်။

မုန့်ရန် အကြာကြီးစောင့်နေပေမယ့် လော်ရှို့ ကတော့ ရေချိုးခန်းထဲက ထွက်မလာသေးဘူး။ခေါင်းများကိုက်နေလို့လားဆိုပြီး စိတ်ပူသွားတာကြောင့် လော်ရှို့ ကို ရေချိုးခန်းထဲကနေသွားခေါ်ဖို့ ပြင်လိုက်တုန်းမှာပဲ လော်ရှို့ ရေချိုးခန်းထဲကနေ ပြန်ထွက်လာတယ်။

"ခေါင်းကိုက်ပြန်ပြီလား?"

သူ၊ လော်ရှို့ ကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်။

"ဘာမှမဖြစ်ဘူး၊ပြန်အိပ်တော့"

လော်ရှို့ စောင်ကိုဖယ်ပြီး မုန့်ရန် ရဲ့ဘေးမှာ ဝင်လှဲလိုက်တယ်။ မုန့်ရန် တစ်ယောက် လော်ရှို့ ရဲ့လည်ပင်းကိုဖက်ပြီး အနံ့ခံကြည့်နေတယ်။

လော်ရှို့ ကတော့ မုန့်ရန် ရဲ့ကိုယ်လုံးလေးကို ထိန်းဖက်ထားလိုက်ပြီး ကူကယ်ရာမဲ့နေပြန်တယ်။မုန့်ရန် ရဲ့နူးညံ့တဲ့မျက်နှာလေးက သူ့လည်ပင်းကိုပွတ်သပ်ပြီးအနံ့ခံနေတာကြောင့် ခုနကလေးတင် ကျဆင်းသွားတဲ့ အပူချိန်က ပြန်လည်မြင့်တက်လာပြန်တယ်။

လော်ရှို့ ခေါင်းကိုက်နေတာမဟုတ်ဘူးဆိုတာသေချာတော့မှ မုန့်ရန် တစ်ယောက် စိတ်ချလက်ချနဲ့ လော်ရှို့ ရဲ့ရင်ဘတ်ပေါ်ခေါင်းတင်ပြီးအိပ်ပျော်သွားရှာတယ်။

မုန့်ရန် ကို ဘေးဘက်မှာသေချာလှဲလျောင်းနိုင်အောင် လုပ်ပေးလိုက်ပြီး လော်ရှို့ လဲ အိပ်ပျော်သွားခဲ့တယ်။

သိပ်မကြာခင်မှာပဲ ယွီကျွင်းချန် နဲ့ လော်ဆန်း တို့ရဲ့စေ့စပ်ပွဲကျင်းပမယ့်နေ့ကိုရောက်လာခဲ့တယ်။ဒီစေ့စပ်ပွဲကို

လော်ရှို့ ပိုင်ဆိုင်တဲ့ Grand Castle Hotel မှာကျင်းပတာဖြစ်တယ်။

ဒါကစေ့စပ်ပွဲနဲ့မတူဘဲ အဖိုးကြီးချန်းရဲ့ ပါတီနဲ့ ပိုတူတယ်။လော်ဆန်း နဲ့ ယွီကျွင်းချန် တို့ရဲ့သူငယ်ချင်းတွေကလွဲရင် ကျန်တဲ့သူအကုန်လုံးက အဖိုးကြီးချန်း ဖိတ်ထားတဲ့သူတွေချည်းပဲ..........

နိုင်ငံခြားရောက်နေတဲ့ လော်ဆန်း ရဲ့အမေကတော့ စေ့စပ်ပွဲကို မလာနိူင်ခဲ့ဘူး။
ယွီကျွင်းချန် ရဲ့နောက်ခံအသိုင်းအဝိုင်းကိုသဘောမကျတာကြောင့် အခုလိုစေ့စပ်ပွဲကို စောစောစီးစီး လုပ်လိုက်တာကို သူမ သိပ်ကျေနပ်တာမဟုတ်ဘူး။ဒါပေမယ့် လော်ဆန်းပြောပြတဲ့ ယွီကျွင်းချန် ရဲ့ကောင်းတဲ့အချက်လေးတွေကိုနားထောင်ကြည့်ပြီး သူ့သားပြောတဲ့အတိုင်းသာ ယွီကျွင်းချန် ကတကယ့်လူကောင်းတစ်ယောက်ဖြစ်ရင်ဆိုတဲ့အတွေးနဲ့ သဘောထားကွဲလွဲမှုတွေကို မြိုသိပ်ထားတာဖြစ်တယ်။

Zawgyi code

ယြီကြၽင္းခ်န္ က ေလာ္ဆန္း ကိုေဆး႐ုံကိုအတင္းေခၚသြားၿပီးေသခ်ာစစ္ေဆးလိုက္တယ္။အဆစ္လြဲသြားတာကလြဲရင္ ဘာဒဏ္ရာမွမရဘူးဆိုတာေသခ်ာမွ ေလာ္ဆန္း ကိုအိမ္ျပန္ပို႔ဖို႔ ျပင္လိုက္္တယ္။ေလာ္ဆန္း ကိုၾကည့္ရတာ စိတ္အေျခေနသိပ္မေကာင္းတာေၾကာင့္ လုံလင္း ေတာင္ေပၚက အဓိကစံအိမ္ဆီကိုပဲျပန္ပို႔လိုက္တယ္။

ဧည့္ခန္းထဲက ဆိုဖာေပၚမွာထိုင္ေနရင္း
ေလာ္ဆန္း ေရေႏြးတစ္ခြက္ေသာက္ေနတယ္။ေ႐ွာင္ခယ္ ကို႐ႈံးခဲ့တာကို ျပန္ေတြးမိတဲ့အခါ ေဒါသကေနာက္တစ္ႀကိမ္အလိပ္လိုက္ထြက္လာျပန္ေရာ။လက္ထဲက ေရေႏြးခြက္ကို ၾကမ္းျပင္ေပၚ ေပါက္ခြဲလိုက္တယ္။

ယြီကြၽင္းခ်န္ ကေတာ့ ဒီလုပ္ရပ္ေၾကာင့္အေတာ္အံ့အားသင့္သြားတယ္။

"ေနာက္ေလး၊ငါးရက္ေလာက္ေနရင္ ငါတို႔ေစ့စပ္ၾကေတာ့မွာေလ၊ဒီလိုေဒါသထြက္ေနတဲ့ စိတ္အေျခေနနဲ႔ ေစ့စပ္ပြဲလုပ္မလို႔လား?"

"တျခားသူကို႐ႈံးရင္ေတာင္ ငါအခုေလာက္ထိျဖစ္မေနဘူး။ငမိုက္သား ေ႐ွာင္ခယ္ ကို႐ႈံးသြားမွေတာ့ ငါ့ရဲ႕ဂုဏ္သိကၡာကို အမ်ားႀကီးထိခိုက္သြားၿပီ။ဒီေကာင့္ကို အႏိုင္ျပန္ပိုင္းရမယ္၊ဒီေကာင္ ပီတိျဖာေနတာကို ၾကာၾကာၾကည့္မေနႏိူင္ဘူး!!"

"မင္းသူ႕ကိုအႏိုင္ယူခ်င္ေနေသးရင္ေတာင္ ေစ့စပ္ပြဲၿပီးမွ လုပ္လို႔မရဘူးလား?"

ယြီကြၽင္းခ်န္ ကသူ႕ကိုစူးစူးဝါးဝါးၾကည့္လိုက္တယ္။

"ခ်က္ခ်င္းႀကီးေတာ့ မလုပ္ပါနဲ႔ဉီး။ဒီေလာက္ဆိုးဝါးတဲ့စိတ္အေျခအေနနဲ႔ေတာ့မင္းနဲ႔မေစ့စပ္ခ်င္ဘူး။ငါ့စကားနားေထာင္မယ္မလား?"

ေလာ္ဆန္း အသက္္ကိုျပင္းျပင္း႐ွဴၿပီး ေဒါသကိုထိန္းလိုက္တယ္။

"ေတာင္းပန္ပါတယ္ကြာ၊ငါ့စိတ္အေျခေနကို အေကာင္းဆုံး ထိန္းထားပါ့မယ္"

မုန္႔ရန္ အိမ္ထဲဝင္လာတဲ့အခါ ေလာ္ဆန္း ရဲ႕အီလည္လည္မ်က္ႏွာထားနဲ႔ ယြီကြၽင္းခ်န္ ရဲ႕ စိုးရိမ္ပူပန္ေနတဲ့မ်က္ခြက္ေတြကို တန္းျမင္လိုက္ရတယ္။မုန္႔ရန္ တမင္တကာအျပဳံးတစ္ခုဆင္ျမန္းလိုက္ၿပီး စကားသြားေျပာလိုက္တယ္။

"ေဟးးးမင္းတို႔မ်က္ႏွာၾကည့္ရတာေပ်ာ္ေနၾကတဲ့ပုံပဲ၊ဘာေတြမ်ားေပ်ာ္စရာေတြ႐ွိလို႔လဲ၊ငါ့ကိုလဲ ေျပာျပပါလား၊ငါလဲမင္းတို႔နဲ႔အတူေပ်ာ္ခ်င္လို႔"

နဂိုကတည္းကမွ အေျခေနမေကာင္းတဲ့ ေလာ္ဆန္း ကေတာ့ မုန္႔ရန္ ကိုျမင္တာနဲ႔ ပိုလို႔ေတာင္ ေနရထိုင္ရတာ အဆင္မေျပေတာ့ဘူး။မုန္႔ရန္ ကို ျပာက်ေလာက္တဲ့အၾကည့္နဲ႔ၾကည့္လိုက္ၿပီး အေပၚထပ္က သူ႕အခန္းကို ျပန္သြားလိုက္တယ္။

ယြီကြၽင္းခ်န္ မတ္တပ္ထရပ္လိုက္ၿပီး
ေလာ္ဆန္းေနာက္ကိုလိုက္သြားရမယ့္အစား မုန္႔ရန္ နဲ႔စကားေျပာဖို႔ျပင္ဆင္လိုက္တယ္။

"မုန္႔ရန္ ငါမင္းကိုေမးစရာ႐ွိတယ္"

"ငါဒီေန႔စိတ္ေကာင္းဝင္ေနေတာ့ မင္းကို စကားေျပာခြင့္ေပးလိုက္ပါမယ္"

"ငါနဲ႔ ေလာ္ဆန္း ကို ကလဲ့စားေခ်ခ်င္လို႔ မင္း သူ႕အေဖကို လက္ထပ္လိုက္တယ္ဆိုတာငါသိတယ္။မင္းအခု သူ႕အေဖနဲ႔လက္ထပ္လိုက္ၿပီဆိုေတာ့ ငါတို႔က..."

"မင္းတို႔ကိုကလဲ့စားေခ်ဖို႔ ငါ ေလာ္႐ိႈ႕ ကိုလက္ထပ္လိုက္တယ္လို႔ပဲမင္းထင္ေနတာလား?မင္းစဥ္းစားၾကည့္လိုက္စမ္း ေလာ္ဆန္း နဲ႔ ေလာ္႐ိႈ႕ ကိုယွဥ္လိုက္ရင္ ဘယ္သူကပိုၿပီး ဆြဲေဆာင္မႈ႐ွိလဲ၊ဘယ္သူက ပိုခ်မ္းသာလဲ?"

"......."

ယြီကြၽင္းခ်န္ အေျဖကို ႐ွင္း႐ွင္းလင္းလင္း သိေနေပမယ့္ ထုတ္မေျပာခ်င္ဘူး။

"အရမ္းစဥ္းစားမေနနဲ႔၊အေျဖက အစကတည္းက႐ွင္းေနၿပီသား။အထက္တန္းစားစံအိမ္တစ္လုံးကို သာမာန္ကာလွ်ံကာ villaေလးတစ္ခုနဲ႔ ဘယ္သူကမ်ားလဲခ်င္မွာလဲ?"

"မင္း..မင္း...မင္း Mr.ေလာ္ ကိုႀကိဳက္ေနတာေတာ့မဟုတ္ဘူးမလား?"

ယြီကြၽင္းခ်န္ တစ္ေယာက္ Shock ရသြားၿပီ။

"ငါႀကိဳက္တယ္ဆိုေတာ့ေရာ၊Mr.ေလာ္ ကငါ့ထက္အသက္ႀကီးတယ္ဆိုေပမယ့္၊ သူ႕ကိုလူတိုင္းကေလးစားၾကတယ္ေလ၊ငါ မႀကိဳက္ဘူးဆိုမွ ထူးဆန္းေနမွာေပါ့"

"Mr.ေလာ္ ကမင္းကိုသေဘာက်လို႔လက္ထပ္ခဲ့တာမဟုတ္ဘူး။မင္းသူ႕ကို စိတ္ႏွစ္ၿပီးသေဘာက်မေနနဲ႔ေနာ္၊အဆုံးသတ္မွာ မင္းပဲနာက်င္ရမွာ"

ယြီကြၽင္းခ်န္ ကေတာ့ ၾကာျဖဴပန္းေလးလို အၾကံေကာင္းဉာဏ္ေကာင္းေလးေတြမုန္႔ရန္ ကိုေပးေနပါၿပီ။

"မုန္႔ရန္၊ဒီလိုေတြဆက္မလုပ္ပါနဲ႔ေတာ့၊
ေလာ္ဆန္း က ငါနဲ႔အတူမ႐ွိရင္ေတာင္၊မင္းကိုလည္းျပန္လက္ခံမွာမွမဟုတ္ေတာ့တာ။အခု မင္းက Mr.ေလာ္ နဲ႔လက္ထပ္လိုက္ေတာ့ အဆုံးသတ္ကဘယ္လိုမွေကာင္းႏိုင္မွာမဟုတ္ဘူး။စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရတဲ့ဘဝမ်ိဳးကိုလိုခ်င္ရင္ေတာ့ မင္းစိတ္႐ွည္႐ွည္ထားၿပီးေစာင့္ေပါ့။တစ္ေန႔မွာ မင္းကို အျပည့္အဝခ်စ္ေပးႏိုင္မယ့္သူတစ္ေယာက္ေတာ့ ႐ွိလာမယ္ဆိုတာ ငါေသခ်ာသိေနတယ္"

ယြီကြၽင္းခ်န္ ရဲ႕စကားလုံးတစ္လုံးခ်င္းစီတိုင္းက မုန္႔ရန္ အတြက္ အရမ္းရယ္စရာေကာင္းေနတယ္။မုန္႔ရန္ ၊ယြီကြၽင္းခ်န္ ရဲ႕အနားကို တျဖည္းျဖည္းတိုးကပ္သြားၿပီး ေလသံခပ္တိုးတိုးနဲ႔ေျပာလိုက္တယ္။

"ငါက ငယ္႐ြယ္ၿပီး လွပတင့္တယ္တယ္ေလ၊အဲ့ေတာ့ Mr.ေလာ္ နဲ႔ ငါက ညတိုင္းအိပ္ယာေပၚမွာအတူတူ....၊ငါ့ကို Mr.ေလာ္ ႀကိဳက္လာမယ္ဆိုတာ ငါယုံတယ္။ငါMr.ေလာ္ ကိုလက္ထပ္ႏိုင္မယ္လို႔ မင္းတို႔အရင္တုန္းကတည္းကထင္မထားဘူးမလား?အနာဂတ္မွာဘာေတြျဖစ္လာမလဲဆိုတာ ဘယ္သူသိႏိူင္မွာလဲ?"

ယြီကြၽင္းခ်န္ ခဏေလာက္တိတ္ဆိတ္သြားၿပီး ေခါင္းစဥ္ေျပာင္းၿပီးဆက္ေျပာတယ္။

"ငါနဲ႔ ေလာ္ဆန္း တို႔ေစ့စပ္ပြဲကို မင္းမလာဖို႔ ငါေတာင္းဆိုပါတယ္။ဘာ့ေၾကာင့္လဲဆိုေတာ့ မင္းအိမ္ေရာင္းသြားတဲ့ကိစၥရယ္၊မဂ္လာပြဲကိုမဖိတ္တာရယ္ကို ေဒၚေလးတို႔စိတ္ဆိုးေနၾကတုန္းပဲ။လူရယ္စရာျဖစ္ေအာင္လုပ္မယ့္အစား၊မင္းဘက္ကေနေ႐ွာင္လိုက္ပါလား"

"ဒါကသိပ္ေတာ့အဆင္မေျပဘူး။ငါ့မဂ္လာေဆာင္ကိုၾကေတာ့ မင္းက ေလာ္ဆန္း ကိုလက္တြဲၿပီးေရာက္လာတယ္။ မင္းရဲ႕ေစ့စပ္ပြဲကို ငါမလာလို႔ ဘယ္ျဖစ္ပါ့မလဲ၊ဒါေတြထားလိုက္ပါဉီး၊Mr.ေလာ္ က မင္းတို႔ေစ့စပ္ပြဲကို သြားခ်င္ေနတာမဟုတ္ဘူးေနာ္။ငါသူ႕ကိုမသြားခိုင္းရင္သူလည္းသြားမွာမဟုတ္ဘူး"

"Mr.ေလာ္ ကဘာေၾကာင့္ မလာဘဲေနမွာလဲ?သူက ေလာ္ဆန္း ရဲ႕အေဖေလ၊သူမ်က္ႏွာလာမျပရင္ ေလာ္ဆန္း စိတ္မေကာင္းျဖစ္မွာေပါ့"

ယြီကြၽင္းခ်န္ အေသအေၾကပူပန္ေနၿပီ။

"ငါ့မဂ္လာေဆာင္က်ေတာ့မင္းက ေလာ္ဆန္း နဲ႔အတူတူလာတယ္။ငါ့ကိုၾကေတာ့ မင္းတို႔ေစ့စပ္ပြဲကိုမတက္ေစခ်င္ဘူး။ငါ့အေဖနဲ႔ အေဒၚေတြရဲ႕ေဒါသဆိုတာ အေၾကာင္းျပခ်က္သက္သက္ပါကြာ၊မင္းရဲ႕တစ္ကယ့္ရည္႐ြယ္ခ်က္ကဘာလဲ?မင္းကိုယ္မင္းသိမွာပါ"

မုန္႔ရန္ အျပဳံးတစ္ခုနဲ႔လွည့္ထြက္သြားလိုက္ၿပီး အနားယူဖို႔အခန္းကို ျပန္သြားခဲ့တယ္။

"မုန္႔ရန္.. "

ယြီကြၽင္းခ်န္ တကယ္စိတ္ပူေနၿပီ။မုန္႔ရန္ ကို ေလာ္႐ိႈ႕ နဲ႔အတူတြဲၿပီးပြဲတက္တာမျမင္ခ်င္ဘူး။အကယ္၍ ေလာ္႐ိႈ႕ သာေစ့စပ္ပြဲကိုမလာခဲ့ရင္ သူနဲ႔ ေလာ္ဆန္း ကို ေလာ္႐ိႈ႕ သေဘာမတူဘူးဆိုတာ လူတကာသိကုန္ေတာ့မယ္။ကြယ္ရာမွာ သူ႕ကိုေလွာ္င္ေျပာင္သေရာ္ၾကေတာ့မွာ......

တစ္ညေနလုံး မုန္႔ရန္ အိပ္ေနခဲ့တယ္။႐ုတ္တရက္သူ႕ေဘးနားကိုတစ္စုံတစ္ေယာက္ ေရာက္လာတာေၾကာင့္ လန္႔ႏိုးသြားတယ္။ထိုလူက ေလာ္႐ိႈ႕ ဆိုတာ သိေတာ့မွ ေလာ္႐ိႈ႕ ရဲ႕လက္ေမာင္းကိုဖက္ၿပီးျပန္အိပ္ေပ်ာ္သြားခဲ့တယ္။

ေလာ္႐ိႈ႕ ကလည္း မုန္႔ရန္ ရဲ႕ဒီအက်င့္ေလးကို က်င့္သားရေနၿပီ။အိပ္ေပ်ာ္ေနတဲ့ မုန္႔ရန္ ရဲ႕မ်က္ႏွာေလးကို တစ္ခ်က္ေငးၾကည့္လိုက္ၿပီး မီးပိတ္ကာသူလဲ အိပ္ေပ်ာ္သြားခဲ့တယ္။

ညသန္းေခါင္ယံမွာ ေလာ္႐ိႈ႕ လန္႔ႏိုးလာတယ္။ဒီတစ္ႀကိမ္ဒီလို လန္႔ႏိုးတာ ေခါင္းကိုက္လို႔မဟုတ္ဘူး။သူ႕စိတ္ႏွလုံးေရာခႏၶာကိုယ္ပါ႐ုတ္တရက္ပူေလာင္လာတာေၾကာင့္ျဖစ္တယ္။

အခုခ်ိန္ထိ မုန္႔ရန္ ေပၚမွာ သူဘာအေတြးမွမေတြးခဲ့မိဘူး။သူဟာအခုထိ သာမာန္ေယာက္က်ားတစ္ဉီးလိုပါပဲ။တစ္ေယာက္တည္း အိပ္ခဲ့ရတုန္းက ဒီလိုေတြတစ္ခါမွမျဖစ္ခဲ့ဖူးဘူး။သူ႕နဲ႔အရမ္းကိုနီးကပ္ေနတဲ့

ႏူးညံ့ေပ်ာ့ေျပာင္းတဲ့ ခႏၶာကိုယ္ေလးရယ္၊ထူးျခားတဲ့ရနံ႔တစ္ခ်ိဳ႕ရယ္ေၾကာင့္ ဒီလိုေတြပူေလာင္ေနတယ္ဆိုတာသူသိတယ္။မုန္႔ရန္ ဆီကေန ဘာ့ေၾကာင့္ဒီလိုခ်ိဳၿမိန္တဲ့အနံ႔ေတြရေနရတာလဲဆိုတာသူမသိဘူး။ဒါေပမယ့္ ဒီအနံ႔ေၾကာင့္ပဲ ပူေလာင္မႈက ပိုျပင္းျပလာတယ္။မုန္႔ရန္ ကေရေမႊးပညာ႐ွင္ျဖစ္ဖို႔ ရနံ႔ေတာ္ေတာ္မ်ားမ်ားကိုေရာစပ္ စမ္းသပ္တတ္တယ္လို႔ သူသိထားတယ္။ေရခ်ိဳးခန္းသုံးပစၥည္းေတြကို အနံ႔မ႐ွိတာေတြသုံးသည့္တိုင္ မုန္႔ရန္ ေရခ်ိဳးၿပီးတိုင္းဒီအနံ႔မ်ိဳးေလးကို သူအၿမဲရေနၾက။ေန႔ခင္းဘက္မွာသိပ္မသိသာေပမယ့္ အခုလို ႏွစ္ေယာက္သားပူးကပ္ေနတဲ့ ညပိုင္းအခ်ိန္ဆိုေတာ့..........

ေလာ္႐ိႈ႕ တစ္ေယာက္ေခြၽးျပန္ေနၿပီ။အသက္ျပင္းျပင္း႐ွဴလိုက္တယ္။အိပ္ရာေပၚက ဆင္းၿပီးေရခ်ိဳးခန္းထဲကို တစ္ခ်ိဳးတည္းေျပးပါေလေရာ......

ေလာ္႐ိႈ႕ ေဘးနားမွာမ႐ွိေတာ့တာေၾကာင့္ မုန္႔ရန္ ႏိုးလာတယ္။ သူျပန္အိပ္ဖို႔ႀကိဳးစားေပမယ့္ အျပည့္အဝေတာ့အိပ္မေပ်ာ္ႏိုင္ေသးဘူး။ေလာ္႐ိႈ႕ တစ္ေယာက္ Toilet ဝင္ေနတယ္ထင္ၿပီး သူေစာင့္ေနလိုက္တယ္။

ေလာ္႐ိႈ႕ ေရခ်ိဳးခန္းနံရံကို လက္နဲ႔ေထာက္ထားတယ္။စိတ္ထဲမွာေတာ့ ေနာင္တေတြျပည့္ႏွက္ေနၿပီ။တစ္စုံတစ္ေယာက္အေပၚမွာ သူဒီလို ဆႏၵမ်ိဳးေတြတစ္ခါမွ မျဖစ္ခဲ့ဖူးဘူး။မုန္႔ရန္ ေပၚသူဒီလိုစိတ္ေတြမထားသင့္ဘူး။ အသက္သခင္ေက်းဇူး႐ွင္ ျဖစ္တဲ့အျပင္ ငယ္႐ြယ္ၿပီးအျပစ္ကင္းတဲ့ဒီလိုေကာင္ေလးကိုမွ ျပစ္မွားမိေလခ်င္း.....သူ႕ကို ယုံၾကည္အားကိုးေနတဲ့ မုန္႔ရန္ ကိုေတြးမိလိုက္တိုင္း ေလာ္႐ိႈ႕ တစ္ေယာက္

မူလအက်ဆုံးဇီဝကမၼစိတ္ဆႏၵကိုမထိန္းခ်ဳပ္ႏိုင္ခဲ့ေပ။ဒါကတိရစၧာန္တစ္ေကာင္နဲ႔မကြာျခားေတာ့ဘူးမလား???

ေလာ္႐ိႈ႕ စိတ္ထဲကေန ကိုယ့္ကိုကိုယ္ အျပစ္တင္လိုက္ၿပီး ခႏၶာကိုယ္ ပူေလာင္မႈသက္သာေအာင္ ေရခ်ိဳးပစ္လိုက္တယ္။

မုန္႔ရန္ အၾကာႀကီးေစာင့္ေနေပမယ့္ ေလာ္႐ိႈ႕ ကေတာ့ ေရခ်ိဳးခန္းထဲက ထြက္မလာေသးဘူး။ေခါင္းမ်ားကိုက္ေနလို႔လားဆိုၿပီး စိတ္ပူသြားတာေၾကာင့္ ေလာ္႐ိႈ႕ ကို ေရခ်ိဳးခန္းထဲကေနသြားေခၚဖို႔ ျပင္လိုက္တုန္းမွာပဲ ေလာ္႐ိႈ႕ ေရခ်ိဳးခန္းထဲကေန ျပန္ထြက္လာတယ္။

"ေခါင္းကိုက္ျပန္ၿပီလား?"

သူ၊ ေလာ္႐ိႈ႕ ကိုမ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္လိုက္တယ္။

"ဘာမွမျဖစ္ဘူး၊ျပန္အိပ္ေတာ့"

ေလာ္႐ိႈ႕ ေစာင္ကိုဖယ္ၿပီး မုန္႔ရန္ ရဲ႕ေဘးမွာ ဝင္လွဲလိုက္တယ္။ မုန္႔ရန္ တစ္ေယာက္ ေလာ္႐ိႈ႕ ရဲ႕လည္ပင္းကိုဖက္ၿပီး အနံ႔ခံၾကည့္ေနတယ္။

ေလာ္႐ိႈ႕ ကေတာ့ မုန္႔ရန္ ရဲ႕ကိုယ္လုံးေလးကို ထိန္းဖက္ထားလိုက္ၿပီး ကူကယ္ရာမဲ့ေနျပန္တယ္။မုန္႔ရန္ ရဲ႕ႏူးညံ့တဲ့မ်က္ႏွာေလးက သူ႕လည္ပင္းကိုပြတ္သပ္ၿပီးအနံ႔ခံေနတာေၾကာင့္ ခုနကေလးတင္ က်ဆင္းသြားတဲ့ အပူခ်ိန္က ျပန္လည္ျမင့္တက္လာျပန္တယ္။

ေလာ္႐ိႈ႕ ေခါင္းကိုက္ေနတာမဟုတ္ဘူးဆိုတာေသခ်ာေတာ့မွ မုန္႔ရန္ တစ္ေယာက္ စိတ္ခ်လက္ခ်နဲ႔ ေလာ္႐ိႈ႕ ရဲ႕ရင္ဘတ္ေပၚေခါင္းတင္ၿပီးအိပ္ေပ်ာ္သြား႐ွာတယ္။

မုန္႔ရန္ ကို ေဘးဘက္မွာေသခ်ာလွဲေလ်ာင္းႏိုင္ေအာင္ လုပ္ေပးလိုက္ၿပီး ေလာ္႐ိႈ႕ လဲ အိပ္ေပ်ာ္သြားခဲ့တယ္။

သိပ္မၾကာခင္မွာပဲ ယြီကြၽင္းခ်န္ နဲ႔ ေလာ္ဆန္း တို႔ရဲ႕ေစ့စပ္ပြဲက်င္းပမယ့္ေန႔ကိုေရာက္လာခဲ့တယ္။ဒီေစ့စပ္ပြဲကို

ေလာ္႐ိႈ႕ ပိုင္ဆိုင္တဲ့ Grand Castle Hotel မွာက်င္းပတာျဖစ္တယ္။

ဒါကေစ့စပ္ပြဲနဲ႔မတူဘဲ အဖိုးႀကီးခ်န္းရဲ႕ ပါတီနဲ႔ ပိုတူတယ္။ေလာ္ဆန္း နဲ႔ ယြီကြၽင္းခ်န္ တို႔ရဲ႕သူငယ္ခ်င္းေတြကလြဲရင္ က်န္တဲ့သူအကုန္လုံးက အဖိုးႀကီးခ်န္း ဖိတ္ထားတဲ့သူေတြခ်ည္းပဲ..........

ႏိုင္ငံျခားေရာက္ေနတဲ့ ေလာ္ဆန္း ရဲ႕အေမကေတာ့ ေစ့စပ္ပြဲကို မလာႏိူင္ခဲ့ဘူး။
ယြီကြၽင္းခ်န္ ရဲ႕ေနာက္ခံအသိုင္းအဝိုင္းကိုသေဘာမက်တာေၾကာင့္ အခုလိုေစ့စပ္ပြဲကို ေစာေစာစီးစီး လုပ္လိုက္တာကို သူမ သိပ္ေက်နပ္တာမဟုတ္ဘူး။ဒါေပမယ့္ ေလာ္ဆန္းေျပာျပတဲ့ ယြီကြၽင္းခ်န္ ရဲ႕ေကာင္းတဲ့အခ်က္ေလးေတြကိုနားေထာင္ၾကည့္ၿပီး သူ႕သားေျပာတဲ့အတိုင္းသာ ယြီကြၽင္းခ်န္ ကတကယ့္လူေကာင္းတစ္ေယာက္ျဖစ္ရင္ဆိုတဲ့အေတြးနဲ႔ သေဘာထားကြဲလြဲမႈေတြကို ၿမိဳသိပ္ထားတာျဖစ္တယ္။

Continue Reading

You'll Also Like

28.2K 2.8K 42
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
188K 34.3K 200
sequel of Book 4 Author - Goosefive
18.9K 2.8K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...
44K 7.3K 31
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...