နွေဦးလေပြေ🤍

By Adira_thu

38.9K 1.8K 191

"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... More

‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း

နွေဦးလေပြေ🤍(အပိုင်း_၈)

788 51 6
By Adira_thu

Unicode

"second yearကအရပ်ပုပုအသားဖွေးဖွေးနဲ့ကိုကြီးကနင့်ကိုလိုက်နေတာမလားနှင်းဦး"

"အာ မဟုတ်တာ
နင့်ကိုဘယ်သူပြောလဲ"

အာလူးကြော်စားနေရင်း ဆုမြတ်အမေးကြောင့် သူမမလုံမလဲဖြေလိုက်မိသည်။သေချာကြည့်မယ်ဆိုရင်သူမမျက်ဝန်းတွေဂနာမငြိမ်ဖြစ်နေတာကိုသတိထားမိမှာမလွဲပေ။
ကျောင်းမှာကမျက်လုံးတွေအများကြီးမို့ အကိုနဲ့ကိစ္စကိုဘယ်သူ့မှမသိစေချင်ပေ။
သူကိုယ်တိုင်လည်းအကို့ကိုအဖြေမှပြန်မပေးရသေးပဲ။

"ဟင်း ဟင်း ဒီနားမှာရည်းစားအနံ့တွေရတယ်နော်။
ငါ့ဘာသာတခြားကသိရရင် မလွယ်ဘူးမှတ်"

"မဟုတ်ပါဘူးဆိုနင်ကလည်း။ကိုယ့်ဘာသာ ကိုခန့်ထည်ကိုပဲအေးဆေးကြောင်နေစမ်းပါ"

ဆုမြတ်စားလက်စအာလူးကြော်ထုတ်ကိုဆောင့်ချလိုက်မိသည်။ဟုတ်တယ်လေ ဖွန်ကြောင်တယ်ဆိုပြီးနာမည်ကြီးနေတာကမိမိ။
တကယ့်တကယ် နှိုက်မြည်းနေတာဟ ဟိုအကောင်မိုးသားရောင်။

"ဟော့ဒီကအစစ်မ‌ကြီးကြောင်ချိန်တောင်မရပါဘူးဟယ်။
ဟိုအတုကောင်မိုးသားရောင်နဲ့အီနေတယ်။
အဲ့ကောင်ကဟိုနေ့ကလည်းလာကြွားသွားတယ်။
သူ့ကိုအကိုက'ကလေး'လို့ခေါ်လို့တဲ့။
အော့......မသာကောင်"

ပစ်ပစ်နှစ်နှစ်ကိုပြောချပလိုက်တယ်အေးရော။ဟုတ်တယ်လေ ကိုယ့်မှာတော့ကျောင်းရောက်ထဲက 'ဒီအကိုကြီးကတော့ငါ့အပိုင်ပဲဟေ့'လို့ကြွေးကြော်ထားတာ......
အခုတော့ ကြားလို့မှကောင်းကြသေးရဲ့လား။
ကိုယ့်သူငယ်ချင်းအရင်းကြီးဆီမှာအကြော်ခံလိုက်ရတယ်လို့။
'ခွေးကောင်လေး ဘဝအဆက်ဆက်buttonထိုင်ရစမ်းပါစေ'။

"ဟယ်....တကယ်ကြီးလား"

နှင်းဦးတကယ်ကိုမထင်ထားတာဖြစ်သည်။အကိုခန့်ထည်က အစစအရာရာပြည့်စုံပြီး စာတော်တဲ့သူမို့ သူနဲ့လိုက်ဖက်တဲ့အမျိုးသမီးတစ်ယောက်ကိုပဲ ရွေးချယ်မယ်ထင်ထားခဲ့တာ။
ပြီးတော့ ကိုခန့်ထည်သူငယ်ချင်းအကို‌တေဇာပြောတော့ သူ့မှာရည်းစားရှိသည်တဲ့။

"မိုးသားကိုနည်းနည်းဝိုင်းထိန်းကြဦးနော်။မ‌သေချာပေမယ့်ကိုခန့်ထည်မှာရည်းစားရှိတယ်လို့ငါကြားတယ်။finalကအမနဲ့တဲ့။သူတို့ကကျောင်းမှာတွဲသွားတွဲလာမရှိလို့ သိပ်မသိကြတာ ။
အကိုကတကယ်လို့မိုးသားကိုညီလေးတစ်ယောက်လိုပဲသဘောထားပြီးဆက်ဆံနေတာဆိုရင် မိုးသားခံစားရလိမ့်မယ်။"

"ဟင် တကယ်ဆိုရင်တော့မိုးသားသနားပါတယ်။
ပြောမရဘူးလေ ကိုခန့်ထည်ကလည်းသူ့ကိုညီတစ်ယောက်လိုသဘောထားပြီးချစ်နေတာလည်းဖြစ်နိုင်တာလဲ"

"ဟိတ်"
ဇက်ပိုးဆီကနာကျင်မှုနဲ့အတူ အနားရောက်လာတဲ့မျက်နှာကြောင့် ဆုမြတ်နဲ့နှင်းဦးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

'မိုးသားငါတို့ပြောနေတာတွေကြားများကြားသွားလား'

ဖြစ်နိုင်မယ်ဆိုရင်အချစ်ရေးနဲ့ပတ်သတ်ပြီးမိုးသားခံစားရမှာမလိုလားပေ။
မိုးသားက မြဲမြဲလိုလိုသွားတွေပေါ်‌‌ေအာင်ရယ်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ကောင်လေးတစ်ယောက်။
စိတ်ရင်းလည်းကောင်းပြီး အားငယ်တတ်သူမို့ ဆုမြတ်အတွက်တော့ မိုးသားကမောင်လေးတစ်ယောက်လိုပင်ချစ်ရသူဖြစ်သည်။

'နင့်မူပိုင်အပြုံးလေးအမြဲတမ်းဆွဲထားနိုင်ရင်ကောင်းမှာပဲမိုးသားရယ်'

"ငါပြောစရာရှိလို့"

ဆုမြတ်တို့နှစ်ယောက်ကြားကခုံပေါ်ဝင်ထိုင်ရင်း ပြီတီတီမျက်နှာပေးကြောင့် ‌‌ပိုက်ဆံအကုန်ခံပြီးဗေဒင်သွားမေးစရာမလို။ဘယ်သူ့အကြောင်းလဲဆိုတာ နှစ်ယောက်လုံးတန်းသိလိုက်ကြသည်။
ကိုယ့်ဘာသာဘဲမရှိရတဲ့ကြားထဲ
အမလေး....စိတ်ကင်ဆာတွေ စိတ်ကင်ဆာတွေ။

"ကိုခန့်ထည်အကြောင်းကလွဲရင်ကြိုက်တာပြော"

ပိတ်ပြောပစ်လိုက်တော့ မျက်စောင်းကြီးကဆုမြတ်ဆီရောက်လာသည်။
နှင်းဦးကတော့ ဘေးကနေရယ်ပဲရယ်နေလိုက်တော့သည်။
အဲ့နှစ်ယောက်ကတော့လေ မချစ်တာလဲမဟုတ်ပဲနဲ့ အမြဲဘုနဲ့ဘောက်။

"နင်ကလည်းဟာ ငါအတည်ပြောမလို့။အကိုနဲ့သောကြာနေ့ညနေ lotteriaမှာကြက်ကြော်စားဖို့ချိန်းထားတယ်"

"ဘာ"

"မိန်းကလေးဖြစ်ပြီး ဖြည်းဖြည်းအော်စမ်း။ငါ့နားတွေတောင်အူတယ်"

ဆုမြတ်တစ်ယောက်ဟာလေ မြင်နေရလို့သာမိန်းကလေးမှန်းသိရတာ အမူအရာ အပြုအမူ အပြောအဆို တစ်နေရာမှမိန်းကလေးနဲ့တူတာမရှိ။

"သူအရင်စချိန်းတာလား"

"ဟီး မဟုတ်ဘူး ငါအရင်စချိန်းတာ"

ထိုစပ်ဖြီးဖြီးအကောင်အား နှစ်ယောက်စလုံးမျက်စောင်းပစ်ထိုးတာ နှုတ်ခမ်းရွဲ့လိုက်မိသည်။
'ထင်သားပဲ ဒင်းပဲစပ်စလူးထနေတာ'

"သောကြာနေ့ညနေက အေရိုးဗစ်သင်တန်းအချိန်ရှိတယ်လေ နင်ကလေးခွဲမှပြီးမှာဆို‌တော့ နင်တို့အချိန်မှီပါ့မလား"

နှင်းဦးဝေပြောတာလဲဟုတ်သား။မိုးသားအဲ့ဒါကိုထည့်မစဉ်းစားမိ။မိုးသားတို့ကျောင်းက ညနေလေးနာရီကျောင်းဆင်း၍ ခြောက်နာရီအဆောင်တံခါးပိတ်သည်။
အေရိုးဗစ်သင်တန်းချိန်ရှိသောအပတ်စဉ် ဗုဒ္ဓဟူး၊သောကြာနေ့များတွင် ညနေလေးနာရီခွဲလောက်မှကျောင်းဆင်းရမည်ဖြစ်သည်။
ရေမချိုးပဲချွေးတစိုစိုနှင့် ဒီတိုင်းလိုက်သွားလို့လည်းအဆင်မပြေချေ။
ဟုတ်တယ်လေ crushနဲ့ပထမဆုံးdateမှာချွေးတရွှဲရွှဲနဲ့ဘယ်လိုအဆင်ပြေနိုင်မလိမ့်လဲ။

"အဲ့တော့ လုပ်နိုင်တာကတစ်ခုထဲ အေရိုးဗစ်အချိန်ကျောင်းပြေးရမှာပဲ"

မိုးသားဆီကထွက်လာသည့်အဖြေကြောင့် ဆုသွယ်တင်မကနှင်းဦးဝေပါအံ့ဩရသည်။

"ဟဲ့အကောင် နင်ရူးနေလား?
နင်တက်နေတဲ့ကျောင်းကိုအတန်းချိန်ပြေးလို့ရအောင် တက္ကသိုလ်များထင်နေလား။
Roll callစစ်ရင်တန်းမိမှာဟဲ့"

"အာ မသိတော့ဘူးဟာ။ဘယ်လိုပဲဖြစ်ဖြစ် ငါအဲ့အေရိုးဗစ်အချိန်လစ်မှဖြစ်မယ်။‌အဲ့တော့ နင်တို့လုပ်နိုင်တာက တီချယ်roll callမစစ်ပါစေနဲ့ဆုတောင်း။ငါကအဲ့အချိန်အဆောင်ပေါ်တက်ပြီး ရေချိုးနေမှ အချိန်ကကွက်တိဖြစ်မှာ
ဒါပဲ ငါသွားပြီ"

"ဟဲ့ ဟဲ့ နေဦးလေ"
ပြောချင်ရာပြောပြီးထွက်သွားသောအကောင်သည် နောက်သို့ဆွေစောင်းလို့တောင်လှည့်မကြည့်ခဲ့။
'မိုးသားရောင် မိုးသားရောင် ကားလမ်းတောင်ဟိန်းထက်မပါရင်မကူးရဲတဲ့ကောင်က ဘယ်ကသတ္တိတွေရနေပါလိမ့်'
________________💚________________

Zawgyi

"second yearကအရပ္ပုပုအသားေဖြးေဖြးနဲ႕ကိုႀကီးကနင့္ကိုလိုက္ေနတာမလားႏွင္းဦး"

"အာ မဟုတ္တာ
နင့္ကိုဘယ္သူေျပာလဲ"

အာလူးေၾကာ္စားေနရင္း ဆုျမတ္အေမးေၾကာင့္ သူမမလုံမလဲေျဖလိုက္မိသည္။ေသခ်ာၾကည့္မယ္ဆိုရင္သူမမ်က္ဝန္းေတြဂနာမၿငိမ္ျဖစ္ေနတာကိုသတိထားမိမွာမလြဲေပ။
ေက်ာင္းမွာကမ်က္လုံးေတြအမ်ားႀကီးမို႔ အကိုနဲ႕ကိစၥကိုဘယ္သူ႕မွမသိေစခ်င္ေပ။
သူကိုယ္တိုင္လည္းအကို႔ကိုအေျဖမွျပန္မေပးရေသးပဲ။

"ဟင္း ဟင္း ဒီနားမွာရည္းစားအနံ႕ေတြရတယ္ေနာ္။
ငါ့ဘာသာတျခားကသိရရင္ မလြယ္ဘူးမွတ္"

"မဟုတ္ပါဘူးဆိုနင္ကလည္း။ကိုယ့္ဘာသာ ကိုခန့္ထည္ကိုပဲေအးေဆးေၾကာင္ေနစမ္းပါ"

ဆုျမတ္စားလက္စအာလူးေၾကာ္ထုတ္ကိုေဆာင့္ခ်လိဳက္မိသည္။ဟုတ္တယ္ေလ ဖြန္ေၾကာင္တယ္ဆိုၿပီးနာမည္ႀကီးေနတာကမိမိ။
တကယ့္တကယ္ ႏွိုက္ျမည္းေနတာဟ ဟိုအေကာင္မိုးသားေရာင္။

"ေဟာ့ဒီကအစစ္မ‌ႀကီးေၾကာင္ခ်ိန္ေတာင္မရပါဘူးဟယ္။
ဟိုအတုေကာင္မိုးသားေရာင္နဲ႕အီေနတယ္။
အဲ့ေကာင္ကဟိုေန႕ကလည္းလာႂကြားသြားတယ္။
သူ႕ကိုအကိုက'ကေလး'လို႔ေခၚလို႔တဲ့။
ေအာ့......မသာေကာင္"

ပစ္ပစ္ႏွစ္ႏွစ္ကိုေျပာခ်ပလိုက္တယ္ေအးေရာ။ဟုတ္တယ္ေလ ကိုယ့္မွာေတာ့ေက်ာင္းေရာက္ထဲက 'ဒီအကိုႀကီးကေတာ့ငါ့အပိုင္ပဲေဟ့'လို႔ေႂကြးေၾကာ္ထားတာ......
အခုေတာ့ ၾကားလို႔မွေကာင္းၾကေသးရဲ႕လား။
ကိုယ့္သူငယ္ခ်င္းအရင္းႀကီးဆီမွာအေၾကာ္ခံလိုက္ရတယ္လို႔။
'ေခြးေကာင္ေလး ဘဝအဆက္ဆက္buttonထိုင္ရစမ္းပါေစ'။

"ဟယ္....တကယ္ႀကီးလား"

ႏွင္းဦးတကယ္ကိုမထင္ထားတာျဖစ္သည္။အကိုခန႔္ထည္က အစစအရာရာျပည့္စုံၿပီး စာေတာ္တဲ့သူမို႔ သူနဲ႕လိုက္ဖက္တဲ့အမ်ိဳးသမီးတစ္ေယာက္ကိုပဲ ေ႐ြးခ်ယ္မယ္ထင္ထားခဲ့တာ။
ၿပီးေတာ့ ကိုခန႔္ထည္သူငယ္ခ်င္းအကိုေတဇာေျပာေတာ့ သူ႕မွာရည္းစားရွိသည္တဲ့။

"မိုးသားကိုနည္းနည္းဝိုင္းထိန္းၾကဦးေနာ္။မ‌ေသခ်ာေပမယ့္ကိုခန႔္ထည္မွာရည္းစားရွိတယ္လို႔ငါၾကားတယ္။finalကအမနဲ႕တဲ့။သူတို႔ကေက်ာင္းမွာတြဲသြားတြဲလာမရွိလို႔ သိပ္မသိၾကတာ ။
အကိုကတကယ္လို႔မိုးသားကိုညီေလးတစ္ေယာက္လိုပဲသေဘာထားၿပီးဆက္ဆံေနတာဆိုရင္ မိုးသားခံစားရလိမ့္မယ္။"

"ဟင္ တကယ္ဆိုရင္ေတာ့မိုးသားသနားပါတယ္။
ေျပာမရဘူးေလ ကိုခန႔္ထည္ကလည္းသူ႕ကိုညီတစ္ေယာက္လိုသေဘာထားၿပီးခ်စ္ေနတာလည္းျဖစ္နိုင္တာလဲ"

"ဟိတ္"
ဇက္ပိုးဆီကနာက်င္မႈနဲ႕အတူ အနားေရာက္လာတဲ့မ်က္ႏွာေၾကာင့္ ဆုျမတ္နဲ႕ႏွင္းဦးတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိၾကသည္။

'မိုးသားငါတို႔ေျပာေနတာေတြၾကားမ်ားၾကားသြားလား'

ျဖစ္နိုင္မယ္ဆိုရင္အခ်စ္ေရးနဲ႕ပတ္သတ္ၿပီးမိုးသားခံစားရမွာမလိုလားေပ။
မိုးသားက ၿမဲၿမဲလိုလိုသြားေတြေပၚ‌‌ေအာင္ရယ္တတ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ေကာင္ေလးတစ္ေယာက္။
စိတ္ရင္းလည္းေကာင္းၿပီး အားငယ္တတ္သူမို႔ ဆုျမတ္အတြက္ေတာ့ မိုးသားကေမာင္ေလးတစ္ေယာက္လိုပင္ခ်စ္ရသူျဖစ္သည္။

'နင့္မူပိုင္အၿပဳံးေလးအၿမဲတမ္းဆြဲထားနိုင္ရင္ေကာင္းမွာပဲမိုးသားရယ္'

"ငါေျပာစရာရွိလို႔"

ဆုျမတ္တို႔ႏွစ္ေယာက္ၾကားကခုံေပၚဝင္ထိုင္ရင္း ၿပီတီတီမ်က္ႏွာေပးေၾကာင့္ ‌‌ပိုက္ဆံအကုန္ခံၿပီးေဗဒင္သြားေမးစရာမလို။ဘယ္သူ႕အေၾကာင္းလဲဆိုတာ ႏွစ္ေယာက္လုံးတန္းသိလိုက္ၾကသည္။
ကိုယ့္ဘာသာဘဲမရွိရတဲ့ၾကားထဲ
အမေလး....စိတ္ကင္ဆာေတြ စိတ္ကင္ဆာေတြ။

"ကိုခန႔္ထည္အေၾကာင္းကလြဲရင္ႀကိဳက္တာေျပာ"

ပိတ္ေျပာပစ္လိုက္ေတာ့ မ်က္ေစာင္းႀကီးကဆုျမတ္ဆီေရာက္လာသည္။
ႏွင္းဦးကေတာ့ ေဘးကေနရယ္ပဲရယ္ေနလိုက္ေတာ့သည္။
အဲ့ႏွစ္ေယာက္ကေတာ့ေလ မခ်စ္တာလဲမဟုတ္ပဲနဲ႕ အၿမဲဘုနဲ႕ေဘာက္။

"နင္ကလည္းဟာ ငါအတည္ေျပာမလို႔။အကိုနဲ႕ေသာၾကာေန႕ညေန lotteriaမွာၾကက္ေၾကာ္စားဖို႔ခ်ိန္းထားတယ္"

"ဘာ"

"မိန္းကေလးျဖစ္ၿပီး ျဖည္းျဖည္းေအာ္စမ္း။ငါ့နားေတြေတာင္အူတယ္"

ဆုျမတ္တစ္ေယာက္ဟာေလ ျမင္ေနရလို႔သာမိန္းကေလးမွန္းသိရတာ အမူအရာ အျပဳအမူ အေျပာအဆို တစ္ေနရာမွမိန္းကေလးနဲ႕တူတာမရွိ။

"သူအရင္စခ်ိန္းတာလား"

"ဟီး မဟုတ္ဘူး ငါအရင္စခ်ိန္းတာ"

ထိုစပ္ၿဖီးၿဖီးအေကာင္အား ႏွစ္ေယာက္စလုံးမ်က္ေစာင္းပစ္ထိုးတာ ႏႈတ္ခမ္း႐ြဲ႕လိုက္မိသည္။
'ထင္သားပဲ ဒင္းပဲစပ္စလူးထေနတာ'

"ေသာၾကာေန႕ညေနက ေအရိုးဗစ္သင္တန္းအခ်ိန္ရွိတယ္ေလ နင္ကေလးခြဲမွၿပီးမွာဆို‌ေတာ့ နင္တို႔အခ်ိန္မွီပါ့မလား"

ႏွင္းဦးေဝေျပာတာလဲဟုတ္သား။မိုးသားအဲ့ဒါကိုထည့္မစဥ္းစားမိ။မိုးသားတို႔ေက်ာင္းက ညေနေလးနာရီေက်ာင္းဆင္း၍ ေျခာက္နာရီအေဆာင္တံခါးပိတ္သည္။
ေအရိုးဗစ္သင္တန္းခ်ိန္ရွိေသာအပတ္စဥ္ ဗုဒၶဟူး၊ေသာၾကာေန႕မ်ားတြင္ ညေနေလးနာရီခြဲေလာက္မွေက်ာင္းဆင္းရမည္ျဖစ္သည္။
ေရမခ်ိဳးပဲေခြၽးတစိုစိုႏွင့္ ဒီတိုင္းလိုက္သြားလို႔လည္းအဆင္မေျပေခ်။
ဟုတ္တယ္ေလ crushနဲ႕ပထမဆုံးdateမွာေခြၽးတ႐ႊဲ႐ႊဲနဲ႕ဘယ္လိုအဆင္ေျပနိုင္မလိမ့္လဲ။

"အဲ့ေတာ့ လုပ္နိုင္တာကတစ္ခုထဲ ေအရိုးဗစ္အခ်ိန္ေက်ာင္းေျပးရမွာပဲ"

မိုးသားဆီကထြက္လာသည့္အေျဖေၾကာင့္ ဆုသြယ္တင္မကႏွင္းဦးေဝပါအံ့ဩရသည္။

"ဟဲ့အေကာင္ နင္႐ူးေနလား?
နင္တက္ေနတဲ့ေက်ာင္းကိုအတန္းခ်ိန္ေျပးလို႔ရေအာင္ တကၠသိုလ္မ်ားထင္ေနလား။
Roll callစစ္ရင္တန္းမိမွာဟဲ့"

"အာ မသိေတာ့ဘူးဟာ။ဘယ္လိုပဲျဖစ္ျဖစ္ ငါအဲ့ေအရိုးဗစ္အခ်ိန္လစ္မွျဖစ္မယ္။‌အဲ့ေတာ့ နင္တို႔လုပ္နိုင္တာက တီခ်ယ္roll callမစစ္ပါေစနဲ႕ဆုေတာင္း။ငါကအဲ့အခ်ိန္အေဆာင္ေပၚတက္ၿပီး ေရခ်ိဳးေနမွ အခ်ိန္ကကြက္တိျဖစ္မွာ
ဒါပဲ ငါသြားၿပီ"

"ဟဲ့ ဟဲ့ ေနဦးေလ"
ေျပာခ်င္ရာေျပာၿပီးထြက္သြားေသာအေကာင္သည္ ေနာက္သို႔ေဆြေစာင္းလို႔ေတာင္လွည့္မၾကည့္ခဲ့။
'မိုးသားေရာင္ မိုးသားေရာင္ ကားလမ္းေတာင္ဟိန္းထက္မပါရင္မကူးရဲတဲ့ေကာင္က ဘယ္ကသတၱိေတြရေနပါလိမ့္'
________________💚________________

Continue Reading

You'll Also Like

Gentle touch By K

General Fiction

50K 1.1K 32
It had been mere months after her eighteen birthday, when she was pulled from the safe haven of her life and forced into the fantasy the women had cr...
128K 4.4K 26
စိတ်ကူးယဉ်သက်သက်တစ်ခုသာဖြစ်ပါတယ်ဗျ။ဖတ်မယ်မဖတ်ဖူးက ငယ်လေးတို့သဘောပါဗျ Yu Ya Chi
381K 18.1K 30
ပထမဆုံး ရင်ခုန်သံ..... ပထမဆုံး အချစ်....... အရာအားလုံးပေးဆပ်ပြီးချစ်ခဲ့ရသူ သိပ်ချစ်ရပါသည် သိပ်လည်းနာကြည်းမိပါသည်.......... ...
203K 11K 43
Zaw အခ်စ္ကို ယုံဖို႔ ခတ္ခဲေနေသာ ေကာင္ေလးကို အရမ္းခ်စ္မိသြားတဲ့ ဦးက ဘယ္လိုေတြ အလိုလိုက္ၿပီး ျပန္ခ်စ္ေအာင္လုပ္မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော က...