[ Unicode ]
ပွဲစျေးက ညနေဘက်မှစတင်၍ ညအချိန်တွေထိတိုင်ဆိုတော့ နေစေးတို့လေးယောက် ညနေစောင်းတဲ့အချိန်မှာ အဆင်သင့်သွားရန်ပြင်ပြီးနည်းနည်းမှောင်ရီပျိုးချိန်မှာထွက်လာခဲ့သည်။ ဘွား နဲ့ မော့ လည်း နေစေးတို့နဲ့အတူတူသွားတာကြောင့် လေးယောက်သားလည်ပတ်ရန်ဖြစ်လာခဲ့သည်။ ခွန်စိုင်းစိတ်ထဲမှာ တောရွာရဲ့ညစျေးပွဲတော်လေးမို့ အနည်းငယ်စည်းကားဖို့ပဲမျှော်လင့်ခဲ့သော်...တကယ်တမ်းတွေ့လိုက်ရချိန်မှာ သူမထင်ထားတဲ့အထိ ပွဲစျေးလမ်းတလျှောက်စည်ကားလို့နေတော့သည်။
ပွဲစျေးတော်ဟာ အနောက်ပိုင်းရွာလူကြီးအိမ်အနီးဖြစ်တာကြောင့် နော်အဲလာသည် ဒီညမှာ နေစေးနဲ့သူမလည်ပတ်ဖို့အတွက်အလှဆုံးပြင်ဆင်ကာစောင့်နေ၏။ သူမစိတ်ထဲမှာ သူမကိုနေစေးဝင်ခေါ်၍လည်ပတ်မယ်ထင်ထားသည်။သို့သော် မှောင်ရီပင်ပျိုးနေလေပြီ နေစေးအရိပ်အယောင်မတွေ့တာကြောင့် သူမစိတ်ပျက်လက်ပျက်ဖြစ်နေရသည်။
ခမ်းကျောက်ကတော့ နော်အဲလာတွေးသလိုမတွေးထားပေ။ နေစေးဟာ ခွန်စိုင်းနဲ့ အိမ်ရှင်နဲ့ ဧည့်သည်ဆက်ဆံရေးရှိပေမယ့် ဘာကြောင့်မှန်းမသိ အဲ့ထက်ပိုနေတယ်လို့ခံစားရသည်။ ဒီနေ့ စျေးပွဲတော်မှာ ခမ်းကျောက်ဟာခွန်စိုင်းနဲ့ရင်းနှီးမှု့ရယူပြီး တဆင့်ချင်းသွားဖို့ရည်ရွယ်ထားတာကြောင့် နော်အဲလာ ကိုခေါ်ပြီးပွဲစျေးဘက်ဆီလျှောက်လာခဲ့သည်။ နော်အဲလာ နဲ့ ခမ်းကျောက်ဟာ မြို့ကြီးမှာတစ်ခါတစ်ရံဆုံဖူးပေမယ့်အရမ်းမရင်းနှီးပေ။ သို့သော် နော်အဲလာဟာ ခမ်းကျောက်ရဲ့သတင်းတစ်ချို့ကိုကြားဖူးနားဝရှိခဲ့ဖူးတာကြောင့် အခုနေမှာ ခမ်းကျောက်က ခွန်စိုင်းဆိုသော အမျိုးသားကိုဘာကြောင့်အရမ်းကပ်တွယ်ချင်နေလဲဆိုတဲ့ ရည်ရွယ်ချက်ကိုရိပ်မိသည်။
အပြင်လမ်းတွင် ခမ်းကျောက်နဲ့နော်အဲလာတို့ အတူတူလျှောက်လာရင်း နော်အဲလာသည်ခမ်းကျောက်အားစကားစလိုက်သည်။
" ကိုခမ်းကျောက် "
" ဟုတ်ကဲ့ "
" နော် သိချင်တာလေးတစ်ခုရှိလို့ မေးမိရင် ကိုခမ်းကျောက်အနေနဲ့စိတ်မဆိုးလောက်ဘူးမလား"
သူမ ဘာမေးမလဲဆိုတာသိနေတဲ့ခမ်းကျောက်ဟာပြုံးလျှက်ပင်၊
"ကျွန်တော်စိတ်မဆိုးပါဘူး မေးချင်တာရှိရင် မေးပါ "
" ဟုတ်သော်ရှိ၊မဟုတ်သော်ရှိရယ်ပါ..ကျွန်မရဲ့လွှဲမှားနေတဲ့အထင်လို့လဲငြင်းလို့ရပါတယ်၊ ရှင်..ခွန်စိုင်းကိုအရမ်းတွာ်ကပ်နေသလားလို့ "
" အဟွန်း...ဘာကိုရည်ရွယ်ပြီးမေးတာလဲလို့ပြန်မေးလို့ရမလားဗျ "
" နော် က မြို့ကြီးမှာအနေထိုင်များတာ ကိုခမ်းကျောက်သိပါတယ်၊ အဲ့ကတစ်ချို့အတွင်းသတင်းတွေကိုတောင် နော် သိဖို့မခက်ခဲ့ဘူးမဟုတ်လား "
" သေချာတာပေါ့၊ မနော်အဲလာ အတွက်ဒါကခက်ခဲမယ့်အရာမှမဟုတ်တာ "
" ပွင့်ပွင့်လင်းလင်းပြောပါဆို...ရှင်..ကိုခွန်စိုင်းဟွမ် များသဘောကျနေသလားလို့ "
နော်အဲလာပြောတဲ့ထိုစကားအဆုံး မျက်နှာတစ်ချက်ပျက်ယွင်းချင်းမရှိ၊ ပြုံးတုံ့တုံ့လုပ်ကာပင်၊
" ကျွန်တော့်ဘက်ကအဲ့လောက်သိသာသွားတာလား "
* ဒါဆို ငါထင်ထားသလို သူကဟိုဧည့်သည်ကောင်ကိုကြိုက်နေတာပေါ့..စိတ်ပျက်စရာပဲ *
စိတ်ထဲကစကားသံနှင့်ဆန့်ကျင်ဘက်ရှိနေတဲ့ နော်အဲလာက ခမ်းကျောက်အမေးကိုမှုမပျက်ပြန်ဖြေသည်။
" ရှင်ကပိရိပါတယ်၊ နော် အရင်ကရှင့်သတင်းသဲ့သဲ့မကြားမိရက် ခန့်မှန်းမိဖို့မလွယ်ကူပါဘူးရှင်"
နော်အဲလာကခမ်းကျောက်ရဲ့ထိုအချက်ကိုရှာတွေ့သွားမှာကိုခမ်းကျောက်စိတ်မပူပေ၊ သူ့အတွက်အထူးတလည်ဖုံးကွယ်ထားရမယ့်အရာလဲမဟုတ်ဘူးလေ။ နောက်ပြီး သူမနဲ့ကတလှေတည်းစီးတဲ့လူတွေတောင်ဖြစ်ချင်ဖြစ်နေမှာ ဘာစိတ်ပူစရာရှိလဲ။
" ကျွန်တော်ခန့်မှန်းတာမမှားဘူးဆိုရင် မနော်အဲလာရဲ့ စောနေစေးအပေါ်ထားတဲ့အချစ်ကလဲမလျှော့မသာပါပဲဗျာ "
အဲ့စကားကြောင့် နော်အဲလာတခဏအံသြသွားပြီးနောက်ရှက်ပြုံးလေးပြုံးရယ်ကာ၊
" နော် နဲ့ ကိုခမ်းကျောက်ကတစ်ချို့အရာတွေတူညီနေတာပဲနော် အဟင်းဟင်း "
" ဟုတ်ပါ့ဗျာ.."
အဲ့လိုနဲ့ နော်အဲလာ နဲ့ ခမ်းကျောက်တို့က ခွန်စိုင်းနဲ့နေစေးတို့ရှိလောက်မယ်နေရာဆီလျှောက်လာခဲ့သည်။ နော်အဲလာဟာ ခမ်းကျောက်ကိုကြည့်ပြီး ကောက်ကျစ်တဲ့အပြုံးတို့ပြုံး၏။ သူကယောက်ကျားလေးချင်းချစ်ကြိုက်တတ်တာကိုစိတ်ပျက်စရာလို့တွေးထားတဲ့အပြင် ဒီအရာဟာလူတိုင်းလက်ညှိုးထိုးပြီးပြစ်တင်ကဲ့ရဲ့မယ့်အရာတစ်ခုမို့ ခွန်စိုင်းဟွမ်ကိုအရှက်ခွဲဖို့အတွက် ဘာကြောင့်ခမ်းကျောက်ကိုအသုံးမချရမှာလဲ? ဒီလိုလူမျိုးနဲ့အတူပူးပေါင်းပြီး သူမချစ်တဲ့အကို့ ကိုသာ ရနိုင်မယ်ဆိုလျှင် ဘာကြောင့်တွန့်ဆုတ်နေရမည်နည်း။
တဖက်တွင် ခွန်စိုင်းတို့ဟာ ညစျေးပွဲတော်ဆိုတဲ့ နေရာရောက်လာခဲ့သည်။ ဒီပွဲတော်ကိုလည်ပတ်ဖူးတဲ့ နေစေးတို့သုံးယောက်အတွက်အထူးအဆန်းမဟုတ်သော်လည်း အခုမှပထမဦးဆုံးအကြိမ်ရောက်ဖူးတဲ့ ခွန်စိုင်းအတွက်မှာ ဆန်းကျယ်လှသည်။ ပုံမှန်ဆိုလျှင် မီးမရှိတဲ့ ဒီရွာသည် ညမမှောင်ခင်၊နေဝင်ကတည်းက မည်းမှောင်နေတတ်ပေမယ့် အခုလိုညပွဲတော်ရောက်တဲ့အခါ နေရာတိုင်းမီးတိုင်တွေအပြည့်ရှိနေပြီး တစ်လမ်းလုံးလင်းထိန်သာလို့နေ၍ စျေးတည်ခင်းထားတဲ့ ပစ္စည်းတွေမှာလဲ ဆန်းကျယ်လို့နေတော့သည်။
ပွဲစျေးမှာမူ ဒေသထွက်လက်လုပ်မုန့်များနှင့် ခေါင်ရည်အမျိုးမျိုးတို့အပြင် တခြားသော အသုံးအဆောင်တွေနှင့် လက်မှု့ဖြင့်လုပ်ထားတဲ့လှပတဲ့ကနုတ်ထွင်းအသုံးအဆောင်ပစ္စည်းတွေလဲရှိသည်။ ဒါ့အပြင် မြို့ပေါ်မှာပင်မမြင်ဖူးတဲ့ ဒီရွာရဲ့ယောက်ကျားလေးဝတ်ရိုးရာအထည်သားအကောင်းစားတွေနှင့် မိန်းကလေးဝတ်များလည်းရှိနေလေသည်။ ရွာမှာရှိတဲ့လူတိုင်းအတွက် ဒီညစျေးပွဲတော်ဟာ သုံးလတစ်ကြိမ်အမြဲရှိတယ်ဆိုသော်လည်း ထိုညမှာရောင်းချတဲ့ပစ္စည်းတွေက ထူးခြားမှု့အပြည့်မို့အမြဲသစ်ဆန်းသလို စျေးမြောက်သည်။
တောသားမြို့တတ် မဟုတ်ပဲ မြို့သားတောရောက်ဖြစ်လာတဲ့ ခွန်စိုင်းလေးတစ်ယောက်သူ့ရှေ့မှာရှိနေတဲ့ စျေးပွဲတော်ရဲ့ဆန်းပြားပုံကိုကြည့်ပြီးသဘောမကျပဲမနေနိုင်ပေ။
" အက်ဒွက် ညစျေးပွဲတော်ဆိုတာ ဒါမျိုးလား၊ ကိုယ်တို့ရန်ကုန်ထက်တောင်စည်ကားသေးတယ်"
" ခင်ဗျားတို့ရန်ကုန်က ပွဲတော်တွေကဘယ်လိုမျိုးလဲ? "
" ကိုယ်တို့ရန်ကုန်က စျေးပွဲတော်တွေကစည်ပါတယ် ဒါပေမယ့် မတူဘူး၊ ဒီရွာလေးရဲ့ ပွဲတော်ကိုပိုသဘောကျတယ် "
တကယ်ပင်နှစ်သက်ပုံရတဲ့ ခွန်စိုင်းဟာပွဲစျေးစလျှောက်ကတည်းကမျက်နှာလေးရွင်လန်း၍ပြုံးကာ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေတော့သည်။ ပထမတော့ သူကဆိုင်ခန်းတွေကိုအဝေးကနေပဲငြိမ်ငြိမ်လေးလိုက်ကြည့်ပေမယ့် နောက်တော့သူဘယ်လိုမှ စိတ်မလှုပ်ရှားပဲမနေနိုင်စွာ ဆိုင်ခန်းနားဆီးပြေးကပ်ကြည့်တော့သည်။
" အက်ဒွက် ကိုယ်ခဏလိုက်ကြည့်မယ်နော် "
" အင်း.. ဖြေးဖြေးသွား...လေ။ "
နေစေး ပြောလို့တောင်မပြီးသေး၊ ခွန်စိုင်းတစ်ယောက် ခပ်သုတ်သုတ်ပင်ဆိုင်ခန်းတစ်ခုထဲပြေးဝင်သွားချေပြီ။ နေစေးက ပြေးဝင်သွားတဲ့လူကြီးလေးကိုကြည့်ပြီးပြုံး၍ခေါင်းတခါခါနှင့်။ နောက်က ဘွားနဲ့ မော့တောင် ခွန်စိုင်းရဲ့ရိုးသားပုံကိုကြည့်ပြီးသဘောမကျပဲမနေနိုင်။
" နေစေး နောင်ကြီးခွန်စိုင်းကတကယ်ရိုးတာပဲ၊ သူမြို့သားဆိုတာရော သေချာရဲ့လား "
မော့ မေးတော့ နေစေးက ဆိုင်တစ်ဆိုင်မှာရှိတဲ့ခွန်စိုင်းကိုလှမ်းကြည့်ကာပြုံးသည်။ ဘွား ဝင်ပြောသည်။
"အဲ့တာတော့သေချာလောက်တယ်၊ နောင်ကြီးပုံစံကိုကြည့်ဦး ဖြူဖြူနုနုလေးရယ် ကျုပ်တို့လိုတောသားဆို ဒီလိုဘယ်လိုမှဖြစ်မနေဘူး၊ ရွာရဲ့အချော..နော်အဲ့လာတောင် နောင်ကြီးခွန်စိုင်းလောက်မှအသားမဖြူတာရော် "
" ဟုတ်တယ်နော့၊ ခဏနေဦး ကျုပ်လဲ နောင်ကြီးဆီအဖော်လိုက်သွားကြည့်မယ် "
ပြောပြီး မော့က ခွန်စိုင်းဆီသွားလိုက်သည်။
သူတို့နှစ်ယောက်ပြောနေပေမယ့် နေစေးက ခွန်စိုင်းကိုလှမ်းကြည့်ပြီးဘာမှဝင်မပြောပေ။ ခွန်စိုင်းက ဆိုင်ရှင်အဒေါ်ကြီးနှင့်ဟိုမေးဒီမေးလုပ်နေပြီး ပြုံးနေ၏။
ခွန်စိုင်းကိုကြည့်ပြီး သဘောတကျပြုံးနေတဲ့ နေစေးကို ဘွားက တစ်စုံတစ်ခုတွေးမိသွားရင်း ပခုံးကိုပုတ်လိုက်သည်။
" မင်းဒီတိုင်းပဲနေသွားတော့မှာလား "
အဆုံးအစမရှိပြောလာတဲ့ ဘွားဘက်ကြည့်ကာ၊
" ဘာကိုလဲ? "
" နေစေး..ကျုပ်တို့နှစ်ယောက်တွေ့ထားတဲ့ချစ်ခြင်းက ခက်ခဲတဲ့လမ်းကြောင်းတစ်ခုမှာဆိုပေမယ့် ဒီတိုင်းကြီးတော့ပြီးမသွားစေချင်ဘူး "
ဘွား ပြောချင်တဲ့အဓိပ္ပါယ်ကိုနေစေးသိလိုက်သည်။ ဒါပေမယ့် နေစေးဘက်ကရှေ့တစ်လှမ်းတိုးဖို့အတွက်က...။
" ပြီးတော့ မင်းနောင်ကြီးကိုဒီတိုင်းလွတ်မထားသင့်ဘူးနော့၊ ပြောရရင် နောင်ကြီးကအတော်လေးချောပြီးတည်ငြိမ်တယ်ရော်၊ နေရာဒေသအလိုက်နေထိုင်တတ်သေးတယ်ကွ၊ အဲ့တော့ သူ့ကိုအတော်များများကသဘောကျကြတယ်၊"
" အင်း၊ သူကရောက်တဲ့နေရာမှာနေတတ်တယ် "
" ဟုတ်တယ်၊ နောင်ကြီးကိုသဘောကျတဲ့လူတွေထဲမှာ မိန်းမ၊ယောက်ကျားအကုန်ပဲ..သူ့အနီးအနားမှာရှိနေတဲ့လူတိုင်းသူ့ကိုသဘောကျတယ်၊"
စကားကိုလှည့်ပတ်ပြောနေတဲ့ ဘွား ကို နေစေးစိတ်မရှည်စွာကြည့်လာသည်။ သူအဓိကဘာကိုရည်ရွယ်ပြီးပြောချင်နေတာလဲ?။
" မင်းသူ့အနားမှာအမြဲတမ်းအတွက်ရှိမနေရင်၊ တစ်နေ့မှာ တစ်ယောက်ယောက်ကနောင်ကြီးကိုမင်းလက်ထဲကဆွဲထုတ်သွားတဲ့အခါမှ မင်းနောင်တနဲ့မကျန်ရစ်ခဲ့နဲ့ပေါ့ကွာ "
" ........"
" ကျုပ်ပြောတာမင်းနားလည်ပါတယ် "
ထိုသို့သာပြောပြီး မော့ ဆီထွက်သွားတဲ့ ဘွားကိုကြည့်ပြီးတွေးမိသည်။ ဘွား ပြောသလိုတစ်စုံတစ်ယောက်ကသာ ခွန်စိုင်းကိုသူ့အနားကခေါ်ထုတ်သွားခဲ့ရင်? တောက်! အဲ့လိုအတွေးဝင်ယုံနဲ့တင် နေစေး မုန်းတီးမိသည်။
နေစေးရဲ့တောက်လောင်နေတဲ့ရင်ဘတ်တစ်နေရာကိုမသိတဲ့ ခွန်စိုင်းဟာ အေးချမ်းစွာပင်ပြုံးပျော်လို့ နောက်မှာရှိတဲ့နေစေးကိုလက်လှမ်းပြ၍ခေါ်လိုက်သည်။ ခွန်စိုင်းရဲ့အပြုံးလေးကနေစေးအတွက်တော့ မီးအလင်းရောင်မရှိတဲ့ လအလင်းရောင်နှင့်တူညီစွာအေးချမ်းဖွယ်အတိမို့..နေစေးရင်ဘတ်ထဲကအပူတွေကိုတခဏမေ့ဖျောက်ကာ ခွန်စိုင်းခေါ်ရာဆီလျှောက်သွားလိုက်သည်။
သဘော်ရွက်လွင့်နေတဲ့ပုံသဏ္ဍာန်ရှိသော ကျွန်းသစ်သားနဲ့ပြုလုပ်ထားတဲ့လက်မှု့ပစ္စည်းလေးကိုခွန်စိုင်းစိတ်ဝင်စားစွာကြည့်နေတော့သည်။
" ခင်ဗျားတစ်ခုခုလိုချင်ရင် ကျုပ်ကိုပြော "
" မင်းဝယ်ပေးမလို့လား "
" ဘယ်တစ်ခုလိုချင်လဲ "
"...အလကားစတာပါ၊ ကိုယ်ကဒီတိုင်းပဲလျှောက်ကြည့်တာ "
" ကျုပ်ကတော့အတည်ပြောတာ ခင်ဗျားလိုချင်တာရှိရင် ကျုပ်ကိုပြော "
" အင်းပါ ကောင်းပါပြီ "
ဝယ်ပေးမယ့်သူကဝယ်ပေးမယ်ပြောပေမယ့် ခွန်စိုင်းကတော့ အားနာတာကြောင့်ရော သူကိုယ်တိုင်လဲလိုချင်တာမရှိသေးတာကြောင့်မဝယ်ပေ။ ထိုစဥ်...။
" အကို.."
ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ သူမ နှင့် ခမ်းကျောက် ။
" အကိုတို့ကဒီမှာရောက်နေပြီပဲ ညီမငယ်မရောက်သေးမှာစိုးရိမ်နေတာရော် "
" မင်းတို့အတူပွဲလည်တာမလား? "
" အို..အကိုကတော့နောက်နေပြန်ပါပြီ၊ ညီမငယ်ကအရင်တုန်းကလိုပဲ အကိုနဲ့လည်ဖို့ရာထွက်လာတာရော် "
နေစေး မေးလိုက်တဲ့မေးခွန်းဟာ နော်အဲလာ အတွက်တော့ရင်ဖိုစရာဖြစ်သွားခဲ့သည်။ သူမစိတ်ထဲမှာ နေစေးဟာ သူမကိုခမ်းကျောက်နဲ့သဝန်တိုနေတယ်ဆိုတဲ့သဘောလို့တွက်ကာ အမြန်ငြင်းသည်။ သို့သော် တဖက်ကနေစေးရဲ့အမြင်မှာတော့ 'မင်းတို့အတူထွက်လည်တာဆို ဝေးဝေးသွားစမ်းပါ' ဆိုတဲ့သဘောနဲ့မေးခြင်းဖြစ်သည်။
ထိုသို့နှင့် နော်အဲလာသည် ခပ်တည်တည်ပဲနေစေးနဲ့ခွန်စိုင်းကြားသို့ဝင်ရပ်လိုက်ပြီးပြုံးကာ၊
" ကိုခွန်စိုင်း အနော်တို့ ရွာပွဲစျေးလည်ရတာပျော်စရာကောင်းရဲ့လားဟင်..ဒီမှာကမြို့ပေါ်မှာလိုမဟုတ်တော့ ကိုခွန်စိုင်းကိုစိတ်ပျက်စေမိမှာစိုးရိမ်သား "
" အာ မဟုတ်တာပဲဗျာ၊ ဒီရွာရဲ့ပွဲစျေးလေးက ကျွန်တော့်အတွက်တကယ်ပျော်ဖို့ကောင်းပါတယ်၊ မြို့ပေါ်ကပွဲတွေနဲ့နှိုင်းယှဥ်မပြောရင်တောင် နေရာတိုင်းမှာသူ့သဘာဝအလှနဲ့လိုက်ဖက်ညီတဲ့အတိုင်းတာတစ်ခုစီရှိပါတယ် "
" အဟင်းဟင်း..မထင်ထားဘူး ကိုခွန်စိုင်းလဲစကားအပြောချိုတာပဲနော် "
နော်အဲလာကသူမရဲ့စကားကို ခွန်စိုင်းအနေနဲ့ဒီလိုမျိုးတုန့်ပြန်လာမယ်မထင်မှတ်ထားတာကြောင့်နည်းနည်းမျက်နှာပျက်စရာဖြစ်သွားပေမယ့်ဘာမှမဟုတ်သလိုကျော်သွားလိုက်သည်။ နော်အဲလာ နဲ့ နေစေးရဲ့ဆက်ဆံရေးကဘာမှန်းမသိတဲ့ ခွန်စိုင်းသည် သူ့ရှေ့မှာ နီးကပ်စွာမြင်နေရတဲ့ နေစေးနဲ့သူမရဲ့ပုံစံကလိုက်ဖက်မှု့ရှိနေတာကြောင့် ရင်ထဲအောင့်သက်သက်ခံစားနေရသည်။ ဒီခံစားချက်ကိုမနှစ်သက်ဘူးဆိုတာတော့ သူသေချာသိသည်။
အဲ့အချိန်မှာ ခမ်းကျောက်က ခွန်စိုင်းအနားမှာနေရာယူကာပြောလာ၏။
" ကိုစိုင်း..ကျွန်တော်တို့ပွဲစျေးလျှောက်ကြရအောင်လေ၊ ကျွန်တော်လဲဒီနေ့ပွဲစျေးကိုအခုမှကြုံဖူးတာဆိုတော့ ကိုစိုင်းနဲ့အတူတူပဲပေါ့ ဟ ဟ"
" အင်း ပွဲတော်ကအခုမှအစပိုင်းပဲရှိသေးတာဆိုတော့ လည်ကြတာပေါ့ဗျာ "
အပေးအယူတည့်နေတဲ့ ခွန်စိုင်းနဲ့ ခမ်းကျောက်ကိုကြည့်ပြီး နေစေးမျက်လုံးတို့မဲမှောင်လျှက်။
" ဟာ မင်းတို့ကဒီမှာပဲရှိသေးတာလား..အော် နော်အဲလာတို့လဲရှိနေတာကိုး "
" ဟုတ်ကဲ့ကိုဘွား "
မဲမှောင်နေတဲ့မျက်နဲ့နေစေးကိုကြည့်ပြီး ဘွားကတော့သိလိုက်သည်။ မော့ ကဝင်ပြောသည်။
" ကဲ ကျုပ်တို့လဲ ပွဲစျေးဆက်လျှောက်ရအောင်လေ"
မော့ စကားအဆုံးအားလုံးကပွဲစျေးဆီဆက်လျှောက်ကြသည်။ခြောက်ယောက်သွားတဲ့အထဲမှ လေထုကသာမာန်ဆန်နေပေမယ့်ထင်သလောက်အဆင်ပြေမနေခဲ့ပေ။ ဘာကြောင့်ဆို ခမ်းကျောက်ဟာခွန်စိုင်းအနားမှာပဲကပ်နေပြီး နော်အဲလာက နေစေးအနားကမခွာတော့ပေ။
" ဝေ့ နေစေးမဟုတ်လား "
" အဖေ..ဘယ်လိုလုပ်ရောက်လာတာလဲ "
" ဒီဘက်ခဏကိစ္စရှိလို့ရော် "
လာနှုတ်ဆက်သူက နော်အဲလာအဖေ ဖြစ်သည်။
" မတွေ့တာကြာပြီ ဦးလေး "
" ဟုတ်ပါ့ကွာ..မတွေ့တာတောင်ကြာပေါ့၊ ဒီရက်ပိုင်း အနော်တစ်ယောက်ပျော်နေတယ်မှတ်တာ အကြောင်းပြချက်ကောင်းရှိနေတာပဲ "
" အို အဖေကလည်းတော်.. "
နော်အဲလာအဖေရဲ့ပြောစကားတွေကြောင့် သူမမှာရှက်ပြုံးလေးပြုံး၍နေစေးကိုကြည့်နေသော်ငြား နေစေးကတော့ သူ့မျက်စောင်းထိုးမှာရှိနေတဲ့လူကြီးလေးဆီသာအာရုံရှိသည်။ ဘွားနဲ့မော့ကဆိုင်တစ်ဆိုင်မှာဝင်စပ်စုနေတာကြောင့် နှစ်ယောက်တစ်တွဲလိုဖြစ်နေခြင်းကို နေစေးသဘောမကျတာပေ။
နေစေးတို့နှင့်မနီးမဝေးမှာရှိတဲ့ ခွန်စိုင်းသည် နေစေးအနားမှာ သူမ ရှိနေတာကိုရင်ထဲတစ်မျိုးကြီးခံစားနေရပေမယ့် သူမ က နေစေးရဲ့ချစ်သူဆိုရင် သူဘာလုပ်နိုင်မှာတဲ့လဲ ။
" အော် အဲ့တာ မနော်အဲလာအဖေပဲ "
ဘေးနားက ခမ်းကျောက်ပြောတော့ ခွန်စိုင်းကခမ်းကျောက်ကိုကြည့်လာသည်။
" ကိုခမ်းကျောက်ကသိတယ်လား "
" သိတယ်လေ၊ ကျွန်တော်နဲ့တောင်ရင်းနှီးသေးတယ်၊ ကြည့်ရတာ ကိုစောနေစေး နဲ့ မနော်အဲလာက တစ်ခုခုများလားပဲ၊ သူ့အဖေလဲသဘောကျပုံရတယ် "
"...အင်းနော် ၊ အဆင်ပြေတဲ့ပုံပဲ "
ထိုစကားကိုတော့ တဖက်မှာလူမှု့ရေးအရပြုံး၍စကားပြောနေတဲ့ နေစေးဆီလှမ်းကြည့်ကာဖြေလိုက်ခြင်းဖြစ်သည်။ ခမ်းကျောက်ကခွန်စိုင်းနဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူကာ..၊
" သူတို့အတွဲနောက်မှလာမယ်ထင်တယ် ကျွန်တော်တို့အရင်သွားရင်ရော ဘယ်လိုလဲ "
* သူတို့အတွဲ..အင်း အဲ့လိုနေမှာပါ *
" ကောင်းသားပဲ၊ ကျွန်တော်တို့အရင်လျှောက်ကြည့်မယ်လေ "
ထိုသို့ပြောကာ ခွန်စိုင်းက ခမ်းကျောက်နဲ့အတူ တဖက်လူရှူတ်စွာစည်ကားနေတဲ့ပွဲခင်းဘက်ထွက်လာလိုက်သည်။ ခွန်စိုင်းတို့ထွက်သွားတာကိုအဝေးကနေ အမှတ်တမဲ့မြင်လိုက်တဲ့ ဘွားဟာ ခွန်စိုင်းကိုနေစေးနဲ့ပဲထင်မှတ်တာကြောင့် အေးအေးဆေးဆေးနေလိုက်သည်။
ဆိုင်ခန်းလေးတွေမြင်တိုင်းစိတ်လွတ်ပေါ့ပါးစွာစကားတွေပြောရင်းပွင့်လင်းစွာရှိတဲ့ ခွန်စိုင်းရဲ့အပြုံးလေးနဲ့လှပတဲ့မျက်နှာလေးကြောင့် ခမ်းကျောက်မှာအကြည့်မလွှဲနိုင်အောင် သဘောကျရသည်။
" ကိုစိုင်း ဒီရွာလေးကိုအတော်သဘောကျပုံပဲ "
" အင်း ကျွန်တော်သွားခဲ့ဖူးတဲ့ခရီးတွေထဲ ဒီရွာလေးကိုသဘောအကျဆုံးပဲ "
" ကျွန်တော်ရောပဲ၊ ကျွန်တော်တွေ့ဖူးသမျှလူတွေထဲ ******* "
ဆက်ပြောတဲ့စကားကိုဆူညံသံတွေနဲ့မို့မကြားလိုက်ရတဲ့ ခွန်စိုင်းကပြုံး၍နားထောင်ရင်းပင် ခမ်းကျောက်အနားတိုးလာပြီး..။
" စောနကဘာပြောလိုက်တာလဲ? ကျွန်တော်မကြားလိုက်ရလို့ "
" ဘာမှမဟုတ်ပါဘူး၊ ဒီရွာလေးကိုသဘောလို့ပြောတာပါ "
" ဟုတ်လား၊ ကျွန်တော်လဲပဲသဘောကျတယ် "
ခွန်စိုင်းဟာယောက်ကျားလေးတစ်ယောက်ဖြစ်ပေမယ့် သူ့မှာဟိတ်ဟန်မရှိဘူး၊ လူတိုင်းကိုစကားပြောတဲ့အခါ တဖက်ကိုသက်တောင့်သက်သာဖြစ်စေတဲ့ခံစားချက်မျိုးရစေသည်။ ဒီအချက်လေးတွေကပဲ ခမ်းကျောက်သဘောကျမိခြင်းဖြစ်သည်။
" ကျွန်တော်တို့ဆိုင်ငယ်တစ်ဆိုင်ထိုင်ကြမလား "
" ထိုင်မယ်လေ "
အဖော်နှစ်ခါမဆွယ်ရတဲ့ လူကြီးလေးကတော့ စိတ်လွတ်လက်လွတ်သူ့အတွက်ဝမ်းနည်းစေမယ့်အတွေးတွေကိုဖယ်ရန်လျှောက်လည်နေပေမယ့်...တဖက်မှာ အရူးမီးတောက်ဖြစ်လုနီးပါးရှာနေတဲ့ နေစေးကတော့ အံတကြိတ်ကြိတ်နဲ့ဒေါသထွက်နေတော့သည်။
" ကျုပ်ကမင်းနဲ့အတူ သွားလိုက်တယ်ထင်နေတာ"
" ကျစ်! တောက်!..အဲ့တာ ဟိုကောင်ပဲဖြစ်မယ် "
နေစေး က နော်အဲလာအဖေနဲ့စကားခဏလှည့်ပြောနေတုန်းရှိသေးတယ် သူ့လူကြီးလေးကမရှိတော့တာကြောင့် ချက်ချင်းပဲ နော်အဲလာ ကိုသူ့အဖေနဲ့ထားခဲ့ပြီး ထွက်လာရှာတော့မတွေ့ပေ။ ခွန်စိုင်းကိုသူ့မျက်စိရှေ့မှာမတွေ့ရတဲ့ မိနစ်ပိုင်းတောင်သူ့ရင်ထဲမီးလိုတောက်လောင်ကာစိတ်ရှုတ်ထွေးနေတော့သည်။ ပွဲလမ်းတစ်ခုလုံးမှာလူရှုတ်ထွေးလျှက်မို့ နေစေးလိုက်ရှာဖို့ပြင်နေတုန်း နော်အဲလာရောက်လာသည်။
" အကို..ဘာဖြစ်လို့လဲဟင် "
" ခမ်းကျောက်ဆိုတဲ့ကောင်ဘယ်မှာလဲ မင်းသိလား? "
" ကိုခမ်းကျောက်လား? ညီမငယ် လည်းမသိဘူးလေအကို၊ ဘာဖြစ်လို့လဲဟင် "
ပဂတိဖြူစင်မှု့အပြည့်နှင့်ပြောလာတဲ့နော်အဲလာကို နေစေးမှာစိတ်မရှည်ဟန်..။
" ထားလိုက်တော့.."
" အို အကိုရယ် ကိုခွန်စိုင်းက ကလေးငယ်မှမဟုတ်တော့တာ၊သူ့ကိုအများကြီးလဲပူမနေပါနဲ့၊ ထပ်ပြောရရင် ကိုခမ်းကျောက်ဆိုတာလဲကောင်းတဲ့လူတစ်ယောက်ပဲလေ သမီးရည်းစားခိုးပြေးတာလဲမဟုတ်ပဲ..အဲ့ ...... "
" နော်အဲလာ!.."
နေစေးရဲ့ ပူလောင်နေတဲ့စိတ်က နော်အဲလာရဲ့စကားကြောင့်ပိုလို့ဒေါသမီးတောက်ကာ သူမအားစူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
" ခမ်းကျောက်ဆိုတဲ့ကောင်က ဘာကောင်ဆိုတာ ကျုပ်ဂရုမစိုက်ဘူး၊ ကျုပ်ဂရုစိုက်တာ ကျုပ်ဧည့်သည်လေးပဲ၊ ကျုပ်မဟုတ်တဲ့တစ်ခြားသူစိမ်းလက်ထဲမှာ ကျုပ်ဧည့်သည်လေးကိုစိတ်ချဖို့ပြောနေတာလား!? "
"....ဒါက..တောင်းပန်ပါတယ်အကို ညီမငယ်ကအဲ့လိုသဘောပြောတာမဟုတ်ပါဘူး "
အဆင်မပြေတဲ့လေထုကြားနေရခက်စွာနဲ့
ဘွား နဲ့ မော့ကဝင်ပြောသည်။
" သူတို့ ခေါင်ရည်တန်းဘက်သွားတာဖြစ်လောက်တယ်၊ ကျုပ်တို့အဲ့ဘက်တစ်ချက်သွားရှာကြည့်ရအောင်"
" အင်း "
နော်အဲလာသည် သူ့အနားမှာနေစေးရှိနေတာမှမကြာသေး ဟိုဧည့်သည်အစုတ်ပလုတ်ကိုလိုက်ရှာမယ်ဆိုတာကြောင့်အတော်လေးစိတ်ပျက်သွားပေမယ့် နေစေးအနားမှာဆက်နေချင်တော့လဲ သူမပါဝင်မှဖြစ်မည်မဟုတ်လား။
" အကို ညီမငယ်လဲ လိုက်မယ်လေ "
" မင်းကဘယ်ကိုလိုက်မှာလဲ..ကျုပ်တို့က ခေါင်ရည်ဆိုင်ဘက်သွားမှာ မင်းလိုက်လို့မသင့်ဘူး "
" အကို ဒီရွာက နော့် ကိုမသိသူဘယ်သူရှိလဲ..လာပါ ကိုခွန်စိုင်းကိုအဲ့မှာသွားရှာကြည့်ရအောင် "
နေစေးလဲ ခွန်စိုင်းကိုရှာဖို့လောနေတာနဲ့ သူမနဲ့စကားထပ်မပြောချင်တော့ပေ။
လျှောက်လမ်းပွဲစျေးညာဘက်အကျော်တွင် ဆိုင်တဲအသေးလေးတွေထိုး၍ ခေါင်ရည်ဆိုင်အတန်းလိုက်စီရီလျှက်ဖွင့်ထားသည်။ ဒီရွာတွင်တစ်ယောက်နဲ့တစ်ယောက်မသိသူမရှိတာမို့ မူးရူးရမ်းကားတတ်သူမရှိတာကြောင့် စိတ်ချရသည်။
သို့သော် အခုခါမှာ ခွန်စိုင်းတို့ဟာ လူစိမ်းဖြစ်ပြီးသိတဲ့လူမရှိတာကြောင့် ခေါင်ရည်ဆိုင်တန်းသို့ဝင်ထိုင်လိုက်ချိန်မှာ ရွာခံတစ်ချို့ရဲ့စောင့်ကြည့်ခြင်းခံရတဲ့အပြင် တစ်ချို့ မိုက်ရုပ်ပြတဲ့လူတစ်စုတို့ကလည်း ခွန်စိုင်းတို့နှစ်ယောက်အားအကဲခတ်နေလေ၏။ ခွန်စိုင်းသည် ဒီရွာဒေသရောက်ပြီးနောက် ပထမဦးဆုံးအကြိမ်လုံခြုံမှု့မရှိသလိုခံစားလိုက်ရသည်။ ခွန်စိုင်း နံဘေးမှာခမ်းကျောက်ရှိနေပေမယ့် ခွန်စိုင်းစိတ်ကိုလုံခြုံမှု့ပေးစွမ်းနိုင်ခြင်းမရှိပေ။ ဒါ့ကြောင့် သူ နေစေးမပါပဲထွက်လာခဲ့တာမှားပြီးလားလို့တောင်တွေးလိုက်မိသည်။
ဒီနေရာကလူတွေဟာ ခွန်စိုင်းထက်ခန္ဓာကိုယ်ကြီးလွန်းတာကြောင့်သူတို့ရဲ့ကြမ်းတမ်းတဲ့ရုပ်ရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါ ခွန်စိုင်းအတွက်တော့ကြောက်လန့်စရာပင်။ သေချာတွေးကြည့်လျှင် ခွန်စိုင်းဟာ ဘဘကြီးတို့အိမ်ရောက်ကတည်းက နေစေးနဲ့အတူတူရှိနေခဲ့ပြီး စိုးရိမ်မှု့နဲ့ကြောက်လန့်ခြင်းတို့ဘယ်တုန်းကမှမရှိခဲ့ပဲ အမြဲတန်းစိတ်လုံခြုံစေခဲ့သည်။ တောတွင်းတပ်သားတွေရှိတဲ့စခန်းရောက်သွားသည့်တိုင် နေစေးဟာ ခွန်စိုင်းရဲ့ ကြောက်လန့်စိတ်ကိုဖြေဖျောက်ပေးနိုင်တဲ့အထိ လုံခြုံနွေးထွေးမှု့ပေးသည်။
နေစေးကိုလွမ်းသလိုလိုရှိပြီး နေရခက်တဲ့အခြေအနေနဲ့ကြုံကာ အတွေးလွန်နေတဲ့ ခွန်စိုင်းဟာ နံဘေးကခမ်းကျောက်ကိုလုံးဝမေ့ထားသည်။
" ကိုစိုင်း..ကိုစိုင်း...! "
" ဟင်, အင်း "
" ဘာတွေတွေးနေတာလဲ ကျွန်တော်တို့မှာထားတာရောက်ပြီ "
ဘယ်အချိန်ကလာချပေးတာလဲမသိတဲ့ ခေါင်ရည်နှစ်အိုးဟာစားပွဲပေါ်တွင်ရောက်နေလေသည်။
" လာ ကျွန်တော်တို့သောက်ကြည့်ရအောင်၊ ဒီကခေါင်ရည်ကတကယ်အရသာရှိတယ် ဟိုတလောကလက်ချီပွဲတုန်းက ကျွန်တော်တစ်ခါသောက်ဖူးတယ် "
" ဟုတ်လား၊ ကျွန်တော်ကမသောက်ဘူးတော့ အဆင်ပြေပါ့မလားမသိဘူး "
" ပြေပါတယ်၊ ခေါင်ရည်ကသိပ်မမူးပါဘူး "
ပြောရင်းနဲ့ ခမ်းကျောက်က ခေါင်ရည်ကိုမြေခွက်လေးထဲထည့်ပေးလာသည်။
ပြောရရင် ခွန်စိုင်းသောက်ချင်စိတ်မရှိပေ။ ခေါင်ရည်ကသူပြောသလိုမမူးဘူးဆိုရင်တောင် ခွန်စိုင်းလိုသောက်လေ့မရှိသူအတွက်အနည်းငယ်တော့ မူးမှာမလွဲပဲ။ ခွန်စိုင်းဟာ မူးရင်အကျင့်ဆိုးရှိတယ်လို့ လွင်မိုး ပြောတာသိနေတာကြောင့် သူစိမ်းရှေ့မှာ သူမူးလို့မဖြစ်ပေ။
သို့သော် အားနာမှု့နဲ့ ခွန်စိုင်းက ခေါင်ရည်သောက်ရန်ပြင်စဥ်..။
" စိုင်းဟွမ်..."
အသံကြားတာနဲ့ချက်ချင်း လှည့်ကြည့်လိုက်တော့ တစ်မိုးအောက်တစ်ယောက်သာရှိသော ဦးဆောင်သူကြီးပင် ။ ဘာရယ်ကြောင့်မှန်းမသိ နေစေး ကိုတွေ့လိုက်ရချိန်မှာ ခွန်စိုင်းပျော်ရွင်မိသည်။ဒါက နောက်မှာပါလာတဲ့ သူမကိုမတွေ့ခင်အချိန်ထိပေါ့။
" နောင်ကြီးခွန်စိုင်းကဒီရောက်နေတာကိုး ကျုပ်တို့ဖြင့်ရှာလိုက်ရတာ "
ပြောရင်းနှင့် မော့က ခုံတစ်ခုမှာဝင်ထိုင်သည်။
ခမ်းကျောက်ဟာနေစေးရဲ့မျက်နှာအနေအထားကိုကြည့်ပြီး ဒီတစ်ကြိမ်တော့ သူကဦးအောင်လို့ ခွန်စိုင်းနံဘေးကတစ်ယောက်စာထိုင်ခုံမှာထိုင်ပြီး နေရာခုံဖယ်ပေးလိုက်သည်။ လေးယောက်ထိုင်စားပွဲဝိုင်းမှာ ခမ်းကျောက်နဲ့ခွန်စိုင်းကအတူရှိပြီး နေစေးနဲ့ နော်အဲလာကတစ်တွဲ နှင့် ဘွား နဲ့ မော့ကတော့ မျက်နှာချင်းဆိုင်မှာ တစ်ယောက်ခုံနဲ့ကိုယ်စီထိုင်နေ၏။
" ကိုယ့်ကိုလိုက်ရှာနေတာလား..ကိုယ်ကမင်းတို့လည်ဦးမယ်ထင်ဘို့ ဒီမှာခဏဝင်ထိုင်နားနေတာ "
စူပုတ်နေတဲ့နေစေးရဲ့မျက်နှာကိုကြည့်ပြီး ခွန်စိုင်းအကြောင်းပြချက်ပေးမိ၏။ ဒီကောင်လေးမျက်နှာကစိတ်များဆိုးနေသလားပဲ။?
" နော် တို့အနေနဲ့ကိုခွန်စိုင်းက ကိုခမ်းကျောက်နဲ့အတူပျောက်သွားတော့ဘာများသွားလဲလိုက်ရှာရတာပေါ့၊ ကိုခွန်စိုင်းက ဧည့်သည်လေ..အကို့ မှာကတာဝန်ရှိတယ်မဟုတ်လား "
သူမပြောလိုက်တဲ့စကားကြောင့် ခွန်စိုင်းစိတ်မကောင်းဖြစ်မိသွားသည်။ တကယ်တော့ သူမပြောတာလဲမှန်ပါတယ်လေ။ ဘာပဲဖြစ်စေ ခွန်စိုင်းကဧည့်သည်ပါပဲ ။
ခွန်စိုင်းမျက်နှာပျက်သွားတော့ နေစေး မျက်မှောင်ကျုံ့ပြီးသူမအားစိတ်ပျက်သလိုအကြည့်စူးစူးတစ်ချက်ကြည့်လိုက်သည်။ အဲ့လိုပဲ ဘွား နဲ့ မော့ကလည်းသူမရဲ့စကားတွေအတွက်စိတ်အလိုမကျပေ။ သူမဘာကြောင့် ခွန်စိုင်းကိုပဲ ပြောနေရသလဲတွေးလျှက်ပေါ့။
" မနော်အဲလာ ပြောတာဟုတ်ပါတယ်၊ ကျွန်တော်ကဧည့်သည်ဆိုတော့ တဖက်အိမ်ရှင်ကိုမကြည့်မိဘူးဖြစ်သွားတယ်၊ တောင်းပန်ပါတယ်နော်အက်ဒွက် "
စိတ်မကောင်းဖြစ်နေတဲ့အသံလေးနှင့်ပြုံး၍ပြောလာတဲ့ ခွန်စိုင်းဟာ သူနဂိုအတိုင်းပြုံးနေပေမယ့်သူ့မျက်လုံးထဲကဝမ်းနည်းမှု့တွေကိုအတိုင်းသားမြင်နေရသည်။ ခွန်စိုင်းရဲ့တောင်းပန်မှု့ကိုနော်အဲလာကြိတ်လှောင်နေပေမယ့် နေစေးကတော့ ပိုပို၍စိတ်ပျက်လာပြီး နော်အဲလာဘက်ကိုစိုက်ကြည့်ကာပင်ပြောလာသည်။
" ကျုပ်ဧည့်သည်လေးကိုလိုက်ရှာတာစိတ်ပူလို့၊ သူတစ်ခုခုဖြစ်မှာကျုပ်မလိုချင်လို့ နော်အဲလာ၊ မင်းပြောသလိုသူကဧည့်သည်တစ်ယောက်မို့ တာဝန်ကြောင့်လိုက်ရှာခဲ့တာမဟုတ်ဘူး၊ နောက်ပြီး.. "
စကားကိုဆက်မပြောပဲ ခွန်စိုင်းမျက်နှာကိုတည်ကြည်စွာကြည့်၍...။
" ကျုပ်နဲ့ စိုင်းဟွမ်ကြားမှာ တောင်းပန်ခြင်းဆိုတာမရှိဘူး၊ ခင်ဗျားကျုပ်ကိုတောင်းပန်စရာမလိုဘူး"
စကားပြောတဲ့လူကတစ်ယောက်တည်းပါပဲ။ သို့သော် သူမကိုကြည့်ပြီးပြောတဲ့လေသံနဲ့ ခွန်စိုင်းကိုကြည့်ပြီးပြောတဲ့ လေသံဟာကွာခြားနေခဲ့သည်။ နေစေးရဲ့စကားကြောင့် ခွန်စိုင်းရင်ထဲမှာစိတ်လုံခြုံမှု့နဲ့နွေးထွေးမှု့တို့အပြင် သူကငါ့ကိုဂရုစိုက်ပါလားဆိုတဲ့နှစ်ကိုယ်ကြားယုံကြည်မှု့တို့ဖြစ်ပေါ်စေသည်။
ဘွားနဲ့မော့ကတော့ နော်အဲလာကိုအားနာပေမယ့်သူမပြောတာတွေကနည်းနည်းစည်းကျော်နေတာမို့ဝင်မတားပေ။ လေထုက နော်အဲလာအပေါ်သိပ်တင်းမာနေမှန်းသိတော့ ခမ်းကျောက်ကဝင်ပြောလာသည်။
" အဟမ်း..ကိုစိုင်းကိုဒီဘက်အတူခေါ်မိတာ ကျွန်တော်ပါ အဲ့တာကြောင့်ကြားထဲက ကိုစောနေစေးကိုအလုပ်ရှုတ်စေမိရင်ကျွန်တော်ကပဲကြားထဲကတောင်းပန်ပါတယ်ဗျာ "
" အဲ့လိုမှန်းသိနေရင် နဂိုတည်းကဆင်ခြင်သင့်တယ် ခမ်းကျောက်၊ မင်းကဒီရွာမှာအသိရှိတယ် ကျုပ်ဧည့်သည်လေးက ဒီရွာမှာမျက်နှာစိမ်းပဲ၊ မင်းနဲ့သွားလာတဲ့အခါမျိုးမှာ ဘာကိုယုံကြည်လို့ကျုပ်ဧည့်သည်လေးကိုခေါ်သွားခိုင်းရမလဲကျုပ်မတွေးတတ်ဘူးပဲ "
" အာ...ဟိုလေ ..အက်ဒွက် "
ခပ်တည်တည်ပဲ အားမနာတမ်းပြောလိုက်တဲ့ နေစေးကို ခွန်စိုင်းကခေါင်းခါကာတားရ၏။ ဘွားနဲ့မော့ကတော့ လုံးဝမတားချေ။
" ဟုတ်ပါတယ်၊ ကျွန်တော်အဲ့အချက်မတွေးမိဘူးဖြစ်သွားတယ် ဟ ဟ "
မတတ်သာတဲ့အဆုံး အားလုံးနေရမခက်အောင် ခွန်စိုင်းကပြန်ဖြေပေးသည်။
" အခုအဲ့တာတွေထားလိုက်ပါတော့..ရောက်တုန်းရောက်ခိုက်လေး ကျွန်တော်တို့ခေါင်ရည်သောက်ကြည့်ရအောင်လေ၊ မနော်အဲလာက မိန်းကလေးဆိုတော့ သောက်လို့အဆင်ပြေရဲ့လားဗျ "
" အာ..ဟုတ်ကဲ့ နော် တို့ကသောက်နေကြဆိုတော့အဆင်ပြေတယ် "
" ဘွား တို့ကရော "
" ကျုပ်တို့ကတော့ စုပ်ခေါင် ပဲသောက်မယ်၊ မြေအိုးကပေါ့တယ်၊ နေစေး မင်းရော? "
ဘွား မေးတော့ နေစေးက ခွန်စိုင်းကိုလှမ်းကြည့်လိုက်တယ်။တစ်ခုခုတော့မှာလိုက်ပါ ဆိုတဲ့ပါပီမျက်လုံးလေးတွေနဲ့ ။ ဒီလူကြီးလေးကတော့လေ။
" မင်းတို့မှာတာပဲသောက်မယ် "
"ဟုတ်ပြီ၊ အဲ့တာဆို မှာကြလေ အတူတူသောက်ကြတာပေါ့ "
အဲ့တော့မှ ခွန်စိုင်းတို့ စားပွဲဝိုင်းလေးက စားသောက်ဝိုင်းနဲ့တူစွာ စည်စည်ကားကားလေးဖြစ်လာသည်။ ဘွား တို့ပြောတဲ့စုပ်ခေါင် ဆိုတဲ့အိုးလေးတွေက ဝါးပိုက်လေးတွေနဲ့ရေနွေးအဖြူကိုမှထည့်ပြီးသောက်ရတဲ့မျိုးလေး။ ခွန်စိုင်းနဲ့ ခမ်းကျောက်နဲ့ နော်အဲလာ တို့ကတော့ ရိုးရိုးခေါင်ရည်ကိုသာ မြေခွက်လေးနဲ့သောက်သည်။ အရသာကတစ်မျိုးလေးဖြစ်ပြီး အဝင်မဆိုးလှတာကြောင့် ခွန်စိုင်းအတွက်တော့အဆင်ပြေသည်။
စကားဝိုင်းမှာ များသောအားဖြင့် မော့ကစကားပြောများသည်။ မော့ က ခွန်စိုင်းကိုဟာသတွေပြောတယ် ခွန်စိုင်းကပြန်မေးရင်းရယ်သည်။
အဲ့အချိန်မှာ နံဘေးက ခမ်းကျောက်က ခွန်စိုင်းရယ်နေတဲ့မျက်နှာလေးကိုကြည့်ပြီး ကုန်သွားတဲ့ခွက်ထဲသို့ အမြဲငှဲ့ထားပေးသည်။ ဆိုးတာက အဲ့တာတွေကိုမြင်နေရတဲ့ နေစေးဟာ ခမ်းကျောက်ရဲ့ ခွန်စိုင်းပေါ်မှာမရိုးသားတဲ့အကြည့်တွေကိုပွင့်လင်းစွာတွေ့လိုက်ရခြင်းကြောင့် ခုံအောက်မှာရှိတဲ့လက်ကိုတင်းတင်းဆုတ်ထား၍ အံတကြိတ်ကြိတ်ဖြစ်နေခြင်းပင်။ ခမ်းကျောက်ကိုခွန်စိုင်းအနီးမှာရှိတာတောင် စိတ်မချတော့ပေ။
အဲ့လိုပဲ နော်အဲလာသည်လည်း နေစေးရဲ့နံဘေးဘက်ဆီပိုတိုးလို့ကပ်လာသည်။ ဒါပေမယ့် နေစေးက တတ်နိုင်သမျှ နော်အဲလာနဲ့အသားချင်းထိတွေ့ခြင်းကိုရှောင်တာကြောင့် သူမနဲ့ နေစေးကြားမှာလူတစ်ယောက်ထိုင်စာခြားနားနေပြီး သူမဆက်တိုးဖို့ရာမဝင့်မရဲပေ။
ထို့နောက်..ဘယ်လောက်မှပင်မကြာသေးတဲ့အချိန်မှာ ခွန်စိုင်းဟာ မြေအိုးတစ်လုံးရဲ့ခွက်အသေးနဲ့ဘယ်လောက်မှတောင်မသောက်ရသေးလူကြီးလေးမူးချင်နေပြီ။ ထပ်သောက်ဖို့ပြင်တဲ့အချိန်မှာ နေစေးက ခွန်စိုင်းလက်ကိုလှမ်းကိုင်ကာ..။
" တော်ပြီ၊ မသောက်နဲ့တော့၊ ခင်ဗျားမူးနေပြီ "
နူးညံ့မှု့အပြည့်ပြောတဲ့ နေစေးစကားကြောင့်ခွန်စိုင်းက အရူးလေးကိုပဲပြုံးကာ၊
" ကိုယ်မမူးပါဘူးကွာ၊ နည်းနည်းပဲထပ်သောက်မယ်လေ.."
အခုတောင်စကားပြောတာ လေးတိလေးကံနဲ့မျက်လုံးကမှေးစင်းပြီး တကယ်အရူးလေးလိုပြုံးဖီးဖီးဖြစ်နေတာကိုသောက်ချင်သေးတယ်။
" တကယ်ပြောတာခင်ဗျားမူးနေပြီ၊ ထပ်သောက်ရင်... "
" အင်းပါ.. အင်းပါ နည်းနည်းပဲ.. "
ဂလု ဂလု..။
" ဟား မိုက်တယ်..သောက်လို့ကောင်းလိုက်တာ ဟီး "
လက်တဖက်ကိုင်ထားပြီးတားနေတာတောင် ကျန်လက်တဖက်နဲ့ယူကာသောက်လိုက်တဲ့ လူကြီးလေးက အလည်လေးပဲကွာ။
ခမ်းကျောက်နဲ့ ဘွား နဲ့မော့ဟာ ခွန်စိုင်းရဲ့ပုံစံလေးကြောင့်ပြုံးစိစိနဲ့သဘောကျနေလေသည်။ နေစေးကတော့ ခွန်စိုင်းရဲ့အမူးသမားပုံလေးဖြစ်သွားမှာကိုတကယ်မကြိုက်ပေ။ ဘာလို့ဆို သူတစ်ယောက်တည်းရှေ့မှာမှမဟုတ်တာပဲ။
" နေစေး ဒီနှစ်အမဲလိုက်ပြိုင်ပွဲအတွက် ပြင်ဆင်ပြီးပြီလား"
" ကျုပ်ပြင်ဆင်နေတယ်..မင်းတို့နှစ်ယောက်ထဲကဒီတစ်ခါဘယ်သူလဲ "
" မပြောတတ်ဘူး၊ ဖြစ်နိုင်ရင် ဒီနှစ်မှာတော့ ကျုပ်သူ့ကိုဝင်မပြိုင်စေချင်ဘူးရယ်၊ ပြီးခဲ့တဲ့နှစ်က သူလက်မောင်းထိထားတာရော် "
" အဲ့တာကို သူ့အစားမင်းဝင်လဲရတာပဲလေ၊ ကျုပ်ဆီမှာ ဒူးကိုင်းလာယူလှည့် "
" ကောင်းပြီ ကျုပ်လာလိုက်မယ် "
နေစေးတို့စကားပြောဝိုင်းထဲကို နော်အဲလာဝင်မပါပေ။ ဒါပေမယ့် နေစေးတို့ပြောတာက ဒီနှစ် အမဲလိုက်ပြိုင်ပွဲအတွက်ဆိုတာသိတာကြောင့်ရင်ခုန်နေတာတော့အမှန်ပင်။
နေစေးစကားခဏလှည့်ပြောနေတာကိုအခွင့်ကောင်းယူပြီး ခေါင်ရည်အိုးကုန်တဲ့အထိ မသိမသာကြိတ်သောက်နေတဲ့လူကြီးလေးကတော့ မျက်နှာတစ်ခုလုံးရဲရဲနီလျှက် မျက်လုံးငိုက်စင်းကာရီဝေဝေဖြစ်ပြီး ရေချိန်လွန်သွားခဲ့ပြီ။
ရုတ်တရက် ခွန်စိုင်းကခပ်တည်တည်ပင်ထိုင်နေရာမှထလိုက်ပြီး နေစေးထိုင်ရာခုံဆီလျှောက်သွားတာကြောင့် စကားပြောနေတဲ့ နေစေးကလွှဲပြီး အားလုံးကခွန်စိုင်းကိုလိုက်ကြည့်နေသည်။ နော်အဲလာကလည်းသူမတို့ဆီလျှောက်လာတဲ့ ခွန်စိုင်းကိုကြည့်ပြီးကြောင်တောင်တောင်နှင့်။
ခွန်စိုင်းဟာ နေစေးထိုင်ခုံနားရောက်တော့အရင်ဆုံး နော်အဲလာကိုတစ်ချက်ကြည့်လိုက်သေးတယ်ပြီးမှ လူတစ်နေရာစာလွတ်နေတဲ့နေရာကိုကြည့်ကာရပ်နေသည်။အခုချိန် ခွန်စိုင်းဦးနှောက်ထဲစိုးမိုးထားတဲ့အတွေးတစ်ခုက ပွဲစျေးလမ်းမှာ နော်အဲလာက ခွန်စိုင်းနဲ့နေစေးကြားထဲတိုးဝင်ပြီးနေရာယူခဲ့ခြင်းဖြစ်သည်။ အဲ့တာကိုတွေးမိတော့ ခွန်စိုင်းနှုတ်ခမ်းလေးကဆူပုတ်ပုတ်လေးဖြစ်လာသည်။
ရုတ်တရက် ဘွား က နေစေးနောက်ကိုကြည့်နေတာကြောင့် နေစေးလှည့်ကြည့်လိုက်တော့ မြတ်နိုးရတဲ့လူကြီးလေးက မတ်တတ်ရပ်လို့နေသည်။
" အက်ဒွဒ်..."
" အင်း..ဘာဖြစ်လို့လဲစိုင်းဟွမ်၊ တစ်ခုခုလိုလို့လား? "
ခွန်စိုင်းကိုလှည့်ကြည့်ကာအလိုလိုက်မှု့အပြည့်နဲ့လေသံလေးကြောင့် ခွန်စိုင်းပိစိလေးဆိုးချင်လာသည်။ ဒါ့ကြောင့် ခွန်စိုင်းက နေစေးတို့နှစ်ယောက်ကြားက နေရာလွတ်ဆီလက်ညှိုးလေးထိုးကာ၊
" ကိုယ်ထိုင်ချင်...လို့ "
" ....ဟင်?..အင်း..ထိုင်လေ "
" ပြီးရော "
ခွန်စိုင်းထိုင်ချင်တယ်ပြောတာကြောင့် နေစေးကချက်ချင်းပဲသူထိုင်နေတဲ့နေရာကနေ ဘေးနည်းနည်းတိုးပေးတော့ ခွန်စိုင်းကခပ်တည်တည်ပဲတောင့်တောင့်ကြီးဝင်ထိုင်သည်။စားပွဲမှာကျန်တဲ့လူတွေကတော့ ပါးစပ်အဟောင်းသားနှင်အံသြလို့ပေါ့။
နဂိုတည်းကနှစ်ယောက်ထိုင်ခုံမို့ နော်အဲလာလည်းရှိနေပြီးသုံးယောက်ထိုင်တဲ့အခါ ထိုင်ခုံကကျပ်နေပြီးထိုင်ရတာအဆင်မပြေ။ နော်အဲလာသည်သူမတို့ကြားမှာ ဘာရည်ရွယ်ချက်နဲ့ဝင်ထိုင်လဲမသိတဲ့ ခွန်စိုင်းကိုဒေါသတွေထွက်လို့နေတော့သည်။ ခွန်စိုင်းကသူ့ခန္ဓာကိုယ်လေးကိုကျုံ့ကျုံ့လေးထိုင်ပြီး နေစေး ခါးနားကအကျီစကိုဆွဲကာ.. မျက်ဝန်းဝိုင်းကြီးတွေနဲ့ကြည့်၍..။
" ထိုင်ရတာကျပ်တယ် "
" ထိုင်ရတာကျပ်တယ်? "
" အွင်း.."
အခုနေမှာ ခွန်စိုင်းရဲ့ပုံစံလေးကတခြားလူတွေမျက်လုံးထဲဘယ်လိုမြင်နေမလဲမသိ။ နေစေးရဲ့အသားညိုတဲ့မျက်နှာမှာပဲ နားရွက်တွေရဲနေခဲ့သည်။ ခွန်စိုင်း ထိုင်ရတာအဆင်မပြေတော့ နေစေးက နော်အဲလာဘက်ကြည့်ကာ..။
" နော်အဲလာ စိတ်မရှိရင် တဖက်ခုံမှာထိုင်ပေးပါလား? အမြင်လဲမသင့်ဘူးရော် "
" ဟုတ်ကဲ့အကို.. ရပါတယ် ဟင်းဟင်း "
အပြင်မှာထိုသို့ဖြေပေမယ့် စိတ်ထဲမှာတော့ ' ထိုင်ရတာကျပ်ရင် သူများကြားထဲဘာလာလုပ်တာတုန်း!! ' လို့အကြိမ်ကြိမ်ခေါ်ဟစ်နေခဲ့သည်။ နော်အဲလာက ခမ်းကျောက်ဘက်ဆီသွားထိုင်လိုက်တော့မှကျေနပ်သွားတဲ့လူကြီးလေးက သူ့မျက်လုံးတွေကိုလက်နှစ်ဖက်နဲ့အတင်းပွတ်နေတာကြောင့်ခွန်စိုင်းက လှမ်းဆွဲကာ..၊
" မျက်လုံးတွေကိုအဲ့လိုလျှောက်မပွတ်ရဘူးလေ စိုင်းဟွမ်၊ "
" ဟင့်အင်း..မျက်လုံးစူးလို့.. "
နှုတ်ခမ်းလေးဆူကာပြောလာတဲ့ ခွန်စိုင်းဟာ နေစေးကိုကလေးလေးလိုချွဲနေ၏။ သေချာတာပေါ့ ဒါမျိုးဆို နေစေးကသိပ်သဘောကျသည်လေ။ အခုလဲပြုံးလို့။
" အဲ့လိုဆိုရင်တောင်လျှောက်မပွတ်နဲ့လေရော်..အိမ်ရောက်မှ မျက်လုံးဆေးချည်နော် "
" အွင်း..."
* အိမ်ပြန်မှဖြစ်တော့မယ် လူကြီးလေးတကယ်မူးနေပြီ *
နေစေးက ဘွားတို့ဘက်စကားလှည့်ပြောမလို့ရှိသေးတယ် ခွန်စိုင်းက နေစေးလက်မောင်းဆီခေါင်းမှီကာမျက်လုံးလေးမှိတ်ထားသည်။
" အက်ဒွဒ်.."
" အင်း..? "
" ကိုယ်အိပ်ချင်လို့.."
" ခဏနော်..ကျုပ်တို့ပြန်ကြမယ် "
" ပြီးရော.."
အဲ့တော့မှလက်မောင်းမှီရင်းငြိမ်သွားတဲ့ ခွန်စိုင်းကိုခေါင်းပြုတ်မကျစေရန် လက်နဲ့ခေါင်းကိုထိန်းထားပေးရင်း။
" အဲ့တာကို ကျုပ်တို့ပြန်တော့မယ်..ဘွား မင်းတို့လဲလည်ပတ်ပြီးပြန်လိုက်တော့နော့ "
" စိတ်မပူနဲ့ ကျုပ်တို့ကအဆင်ပြေတယ်ရော် "
" အင်း၊ ဒါဆို နော်အဲလာ ကျုပ်တို့ပြန်ခွင့်ပြုဦးနော့ "
" ... ကောင်းပါပြီအကို "
တဖက်ကိုနှုတ်ဆက်ပြီးလူကြီးလေးကိုကြည့်တော့ မှိန်းနေသည်။
" စိုင်းဟွမ် ထလေ၊ ကျုပ်တို့ပြန်ရအောင် "
" အွင်း..ပြန်မယ်လေ "
" ....အဲ့တာဆို ထလေ၊ "
" ပြန်ပါမယ်ဆို.."
" ခင်ဗျားလေးကတော့ဗျာ.."
မတတ်သာတဲ့အဆုံး..။
" ဘွား..မင်းကျုပ်ကိုတစ်ခုကူညီပေး..အရှေ့ဘက်မြင်းဇောင်းသွားပြီး ဒီနောက်ဘက်ကိုဆွဲခဲ့ပေး၊ အဆင်ပြေလား "
" ကျုပ်သွားလိုက်မယ် "
ထိုသို့နှင့် ဘွားကခပ်သုတ်သုတ်ပင် အရှေ့ဘက်မှာထားထားတဲ့မြင်းကိုသွားယူပေးသည်။
" ကိုစိုင်း တကယ်မူးသွားတာပဲ၊ "
" သူ့မှာ မူးရင်ဒီလိုအကျင့်လေးတွေရှိမယ်လို့မထင်ထားဘူး၊ ချစ်ဖို့ကောင်းတယ် "
ခမ်းကျောက်ရဲ့စကားအဆုံး နေစေးမျက်နှာလုံးဝပျက်သွားသည်။
" သူကယောက်ကျားတစ်ယောက်ပါခမ်းကျောက် မင်းအနေနဲ့အဲ့အသုံးအနှုန်းကမသင့်တော်ဘူးလို့မခံစားရဘူးလား? "
" တောင်းပန်ပါတယ်၊ ကျွန်တော်ဒီညသောက်တာများသွားပြီပဲ "
နော်အဲလာသည် ဒီညမှာ အတော်များများကိုသတိပြုမိသည်။ နေစေးသည် သူ့အကြောင်းနဲ့ပက်သတ်ပြီးပြောရင်တောင်လှည့်ကြည့်တတ်သူမဟုတ်သော်လည်း ထိုဧည့်သည်နဲ့ပက်သတ်ရင် စကားအမှားအကြည့်၊ အမှားပင်မခံနိုင်လောက်အောင်အကဲဆတ်သည်။ ဒါကပဲ သူမကိုစိတ်မချဖြစ်စေသည်။ သူမဟာ သူမချစ်တဲ့ အကို့ ကိုဒီလိုယောက်ကျားချင်းကြိုက်တတ်အောင်မြူဆွယ်တတ်တဲ့ယောက်ကျားမျိုးအနားမှာထားရမှာတောင်စိုးရိမ်လာတော့သည်။
" အက်ဒွဒ်....အက်ဒွဒ်ရေ..."
" ကျုပ်ရှိတယ်စိုင်းဟွမ်၊ "
" ခေါင်းမူးလို့..."
" မူးမှာပေါ့..ခင်ဗျားအများကြီးသောက်တာကိုး ၊ ကျုပ်စကားမှနားမထောင်ပဲလေ "
" အက်ဒွဒ်ကြီးက...ဆိုးလိုက်တာ " တဲ့လေ
ကလေးညီးသံလိုတီးတိုးလေးနဲ့ ရွတ်ဖတ်သလိုခေါ်လာတဲ့ ခွန်စိုင်းဟာတကယ့်ကလေးလေးလိုချစ်ဖို့ကောင်းသည်။ ဒါပေမယ့် ဒီအသုံးအနှုန်းကသူတစ်ယောက်ပဲသုံးမည်။ တခြားတစ်ယောက်ကိုတော့ သုံးခွင့်မပြုနိုင်ပါလေ။
ခဏကြာတော့ ဘွားပြန်ရောက်လာသည်။
" မြင်းကိုအနောက်ဘက်မှာထားပေးထားတယ်၊ ဒီနဲ့နီးနီးလေးပဲလျှောက်သွားလိုက် "
" အင်း၊ စိုင်းဟွမ် ခင်ဗျားလျှောက်နိုင်ရဲ့လား "
ထိုသို့မေးလိုက်တော့ဆတ်ခနဲ့မတ်တတ်ရပ်လာတဲ့စိုင်းဟွမ်၊ ပြီးတော့ ခေါင်းညှိမ့်ကာ၊
" လျှောက်နိုင်တာပေါ့..ဟီး "
အဲ့လိုပြောပြီးပွဲခင်းအဝင်ဘက်ကိုလျှောက်သွားလို့ နေစေးမှာတည့်မတ်ပေးရသေးသည်။ အင်း မဆိုးတော့မဆိုးဘူး အိန္ဒြေရရတကယ်လျှောက်နိုင်သေးသည်။ နေစေးလည်း ဘွားတို့ကိုနှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ အနောက်ဘက်ကုန်းကဆိုင်တဲလေးတွေကွယ်တာနဲ့မှောင်မည်းနေတာကြောင့် နေစေးမှာ ခွန်စိုင်းလဲမကျအောင်ဘေးကနေအခြေအနေကြည့်၍ထိန်းပေးနေရသည်။
သို့သော် မြင်းဆီသို့ရောက်ခါနီးနားတွင် အမူးသမားလေးကဆက်မလျှောက်ချင်တော့တာမို့ လမ်းလျှောက်နေရာမှ ငုတ်တုတ်ထိုင်နေလိုက်သည်။
" ဘာဖြစ်တာလဲစိုင်းဟွမ်? ခလုပ်တိုက်မိတာလား? "
" အက်ဒွဒ်ကြီး..."
" ပြောလေ ကျုပ်ဘာလုပ်ပေးရမလဲ "
" ကုန်းပိုး..."
" ဟင်?? "
" ကုန်းပိုးလို့..ကိုယ့်ခြေထောက်လေးတွေက လျှောက်နိုင်တော့ဝူး "
"...အဟွန်း တကယ်ကြီးလား? "
" ကုန်းပိုးချင်ဘူးလားဟင်? "
ငုတ်တုတ်လေးမော့ကြည့်လာတဲ့ လူကြီးလေးကဒီလိုချစ်စရာကောင်းတဲ့ပုံစံလေးတွေရှိနေတာကြောင့် နေစေးအူယားလာရသည်။ တကယ်ပါ စောနေစေးလိုလူမျိုးကို တစ်စုံတစ်ယောက်ကဒီလိုကုန်းပိုးခိုင်းဖို့ ဘယ်သူပြောရဲမလဲ။ ဒီလူကြီးလေးကလေ.. သူဘာလုပ်နေလဲဆိုတာရော သိပါရဲ့လား? ။
" တစ်သက်လုံးဆိုရင်တောင် ပိုးထားနိုင်ပါတယ်ဗျာ၊ တတ်ပါ.."
ပြောပြီးချက်ချင်း ခွန်စိုင်းကိုနောက်ကျောပေးထိုင်လိုက်တဲ့ နေစေးကြောင့် အမူးသမားလေးပျော်ရွင်ကာကျောကုန်းပေါ်တတ်၍ နေစေးလည်ပင်းသို့သိုင်းဖက်လာသည်။ ခွန်စိုင်းစိတ်ထဲမှာ အခုလိုအခြေအနေကိုအလွန်သဘောကျနေမိပြီး..နေစေးက ဒီလိုပုံစံမျိုးတစ်ခြားတစ်ယောက်အပေါ်အလိုက်လိုက်မှာမျိုးကိုအတွေးနဲ့ပင် မနာလိုနေမိသည်။
" အက်ဒွဒ်ကြီး..."
" ဗျာ.."
" ကိုယ်မဟုတ်ပဲတစ်ခြားတစ်ယောက်ဆိုရင်ရော မင်းကုန်းပိုးမှာလားဟင်? "
" အဟွန်း..ကျုပ်ကိုဘယ်သူကကုန်းပိုးခိုင်းရဲမှာလဲ "
" အင်းနော်..ဒါဆို ကိုယ်ကရော? "
" ခင်ဗျားကလား..၊ခင်ဗျားကတော့ မတူဘူး "
" ဘာလို့လဲ?.."
* ကျုပ်အတွက်သီးသန့်ဖြစ်တည်မှု့လေးဖြစ်နေလို့ပေါ့ဗျာ *
အဲ့အချိန်မှာ ခွန်စိုင်းတို့ကမြင်းဆီရောက်နေပြီမို့ နေစေးက သူ့ကျောကုန်းပေါ်ကနေဆင်းစေပြီး မြင်းကုန်းနှီးကိုသေချာပြင်ပြီးနေရာချနေသည်။
" မေးတာဖြေလေ..ဟင်? ဟင်လို့? "
နေစေးသွားတဲ့ဘက်ဆီလိုက်ပြီးရစ်နေတဲ့ လူကြီးလေးကိုမြတ်နိုးလွန်းလို့ရူးချင်သည်။ နေစေးဘာအဖြေမှပြန်မပေးသေးပဲ မြင်းကုန်းနှီးအဆင်ပြေတာနှင့် ရုတ်တရက်ပင် ခွန်စိုင်းခါးသေးသေးလေးက မ,ကာမြင်းပေါ်ဘေးတစ်စောင်းတင်ပေးလိုက်ပြီး ချက်ချင်းပဲ နေစေးမြင်းပေါ်တတ်လိုက်တော့ အလန့်တကြားဖြစ်သွားတဲ့ ခွန်စိုင်းက နေစေးလက်မောင်းတစ်ဖက်ကိုတင်းတင်းဖက်ထားသည်။
" အက်ဒွဒ်ကြီး!! "
" ဗျာ.."
" လူဆိုးကောင်.. !! "
" ဟားဟားဟား "
ကြောက်လန့်တကြားဖြစ်သွားတဲ့ လူကြီးလေးက နေစေးလက်မောင်းတစ်ဖက်ကိုမလွတ်ပဲ စိတ်ဆိုး၍ပွစိပွစိရွှတ်ကာ အိမ်အပြန်လမ်းကိုအစချီသည်။
မှောင်မည်းနေတဲ့တောလမ်းလေးရယ်..ပတ်ဝန်းကျင်မှာဓလေ့အလိုက်ပေါက်နေတဲ့အပင်များစွာနဲ့ပိတ်မှိန်းလို့ တောက်ပနေတဲ့ လရောင်ကတော့ပျောက်ကွယ်တဲ့နေ့ရယ်မရှိသေးတော့ ထူးလင်းနေဆဲပင်။ အဲ့အချိန်နဲ့ကိုက်ညီစွာ ရင်ခွင်ထဲကမြတ်နိုးရတဲ့လူသားလေးရဲ့ချစ်ဖို့ကောင်းမှု့တွေက နေစေး နှလုံးသားကိုအချစ်မီးလောင်ကျွမ်းစေသည်။
လေညှင်းသဲ့သဲ့တိုက်ခိုက်မှု့အရှိန်ကြောင့် တရိပ်ရိပ်တတ်လာတဲ့ ခေါင်ရည်မူးသမားလေး ခွန်စိုင်းဟာ သူ့နောက်ကျောပြင်မှာရှိနေတဲ့ ရင်ခွင်တစ်စုံကြောင့် မဲမှောင်နေတဲ့ဒီလိုနေရာကိုမှာရှိနေတာကိုပင် လုံးဝကြောက်စိတ်ရှိမနေခဲ့ပေ။ ခွန်စိုင်းသည် နေစေးနဲ့ရှိနေရတာနှင့် နေစေးဟာ သူ့ကိုတမူထူးခြားစွာဆက်ဆံတတ်ပုံလေးတွေအပြင် နူးညံ့ပြီးအလိုလိုက်ဟန်အပြည့်နဲ့စကားအပြောအဆိုလေးတွေကြောင့် ခွန်စိုင်းရင်ထဲနေရာယူလာခဲ့သည်။ ပြီးတော့ နည်းနည်းလောက်ဖြစ်ဖြစ် ဒီလူကိုပိုင်ဆိုင်ချင်မိပါ၏။
အတွေးနဲ့ထပ်တူညီမှု့တို့ကြောင့် အမြဲခက်ထန်ပြီးအေးစက်တတ်တဲ့ မျက်နှာပြင်ကိုလှည့်ကြည့်လိုက်ချိန်မှာ..သူ့အားပြန်ငုံကြည့်လာတဲ့ နေစေးမျက်နှာဟာ နူးညံ့မှု့အပြည့်နှင့်ပင်။
" အက်ဒွဒ်.."
* စကားပြောတာလေးက လျှာလေးပင်နေတုန်းပဲ၊ ကြည့်ရတာ လေတိုက်လို့ ပိုမူးလာပုံပဲ *
" အက်ဒွဒ်ကြီး! "
" အင်း "
" ဘာ အင်းလဲ..၊ ဗျာ လို့ထူးရမှာလေ "
" ......"
" ထူးလေလို့.."
" ခင်ဗျားမှ ထပ်မခေါ်သေးတာ "
" အက်ဒွဒ်ကြီး! "
" ဗျာ.."
" အဲ့လိုမှပေါ့ "
စိတ်ကျေနပ်သွားတဲ့အမူးသမားလေးကိုကြည့်ပြီးး နေစေးသဘောကျစွာသွားတန်းဖြူလေးတွေပေါ်တဲ့အထိပြုံးလိုက်သည်။ နေစေးပြုံးတာကို ငေးကြည့်နေမိတဲ့ခွန်စိုင်းဟာ ရုတ်တရက်၊
" ....??? "
" ထပ်ပြုံးပါလားဟင်? "
နေစေး ပါးပြင်နှစ်ဖက်ကို ရှည်သွယ်တဲ့လက်ဖဝါးနှစ်ဖက်နှင့်အုပ်ကိုင်ကာ ရီဝေတဲ့အကြည့်တွေနဲ့အတူ လှပတဲ့နီရဲရဲနှုတ်ခမ်းပါးလေးကအနည်းငယ်နီးကပ်လှသည်။ အခုလိုနီးကပ်လျှက်ရှိတဲ့အနေအထားမှာ နေစေးအကြည့်တွေက စတော်ဘယ်ရီလိုရဲဖူးနေတဲ့ နှုတ်ခမ်းလွှာဆီရောက်သွားတာမို့ရင်ဘတ်တစ်နေရာက စိတ်လှုပ်ရှားမှု့နဲ့အတူတံတွေးတစ်ချက်မြိုချရင်း..ခွန်စိုင်းလက်အပေါ်သို့ အုပ်ကိုင်ကာ ။
" ပြုံးပြပေးမယ်၊ ဒါပေမယ့် တစ်ခုပြန်ပေးရမယ်"
" အဲ့တာဘာလဲ "
" အဲ့တာက..."
ထိုသို့သာပြောပြီး နေစေးသည် ခွန်စိုင်းခေါင်းကိုလက်တဖက်နှင့်ဆွဲကာနှုတ်ခမ်းတစ်စုံကိုနမ်းရှိုက်မိလိုက်သည်။
နူးညံ့လွန်းတဲ့နှုတ်ခမ်းပါးလေးနဲ့ထိကပ်မိလိုက်ချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ နေစေးတခဏမျှမလှုပ်ရှားရဲပေ။ နေစေးစိတ်ထဲမှာ သူသာနမ်းရှိုက်လိုက်ရင် ဒီနှုတ်ခမ်းသားနုနုလေးပဲ့ကြွေသွားမလားစိုးထိတ်လို့နေသည်။
သို့သော် မထင်မှတ်စွာ ထိကပ်ထားတဲ့နေစေးရဲ့နှုတ်ခမ်းတွေကို စတင်နမ်းလှည့်သူမှာ ခွန်စိုင်းဖြစ်သည် ။ အမူးသမားလေး ခွန်စိုင်းဟာ ဒီအချိန်မှာ သူဘာလုပ်နေလဲဆိုတာသိရဲ့လားတောင်မသိ။ အခုချိန်မှာတော့ သူ့နှုတ်ခမ်းမှာနီးကပ်လျှက်ရှိနေတဲ့ နှုတ်ခမ်းလေးကို သူဦးစွာနမ်းလိုက်သည်။
ခွန်စိုင်းရဲ့အနမ်းကြောင့် ချုပ်ထိန်းထားတဲ့စိတ်တွေလွတ်ထွက်သွားသူမှာ နေစေးဖြစ်သည်။ တားနေတဲ့စည်းတစ်ခု၊ ခြားနေတဲ့တံတိုင်းတစ်ခု၊ ဒါ့အပြင် လက်ညှိုးထိုးကဲ့ရဲ့လောက်မယ့်ပက်ဝန်းကျင် ဒါတွေအားလုံးကို နေစေးမကြောက်ဘူး။ နေစေးကြောက်ခဲ့တာတစ်ခုက ဒီအရာတွေကို သူချစ်တဲ့ လူကြီးလေးမခံစားစေရဖို့ပဲ ။ ဒါပေမယ့် ဒီအချိန်မှာတော့ ဒါတွေက လေထုသက်သက်ဖြစ်သွားခဲ့ပြီ။
* ဒီအနမ်းကိုခင်ဗျားဘက်ကစတင်ခဲ့တာ နှစ်ကြိမ်ရှိပြီ စိုင်းဟွမ်၊ ကျုပ်က လူတစ်ယောက်ကိုသုံးကြိမ်အထိတော့ အခွင့်ရေးမပေးနိုင်ဘူး၊ အဲ့တော့ ဒီအကြိမ်မှာတင် ကျုပ်တုန့်ပြန်ပါရစေ၊ *
နေစေးအောက်နှုတ်ခမ်းကို ခွန်စိုင်းစုပ်ယူနမ်းလိုက်ပြီးတဲ့နောက် နေစေးက ခွန်စိုင်းကိုနည်းနည်းခွာစေပြီး မျက်နှာလေးကိုသေချာကြည့်သည်။ ရီဝေဝေနှင့် မှေးစင်းနေတဲ့မျက်ဝန်းတွေက သူမူးနေကြောင်းသက်သေပင်။
" ဘာလို့လဲ..ကိုယ်နမ်းတာ..မတော်လို့လားဟင်? "
" ဟား..ရူးတော့မှာပဲဗျာ..၊ "
ခုနကလိုသွားတန်းဖြူလေးတွေပေါ်တဲ့အထိပြုံးပြကာ..။
" ကောင်းပြီ ဒီဇာတ်လမ်းကို ခင်ဗျားစ,တာနော်၊ ကျုပ်နောက်ပြန်လှည့်ဖို့အစီစဥ်မရှိဘူးစိုင်းဟွမ် "
အဲ့လိုပြောပြီးနောက် နေစေးသည် သူ့လက်တစ်ဖက် ဘေးတစ်စောင်းထိုင်နေတဲ့ခွန်စိုင်းခါးသေးသေးလေးကိုဖက်ကာ ကျန်လက်တဖက်ကပါးပြင်လေးကိုအုပ်ကိုင်ကာ နူးညံ့မှု့အပြည့်နှုတ်ခမ်းလွှာကိုနမ်းရှိုက်တော့သည်။
ဖူးငုံနေတဲ့ နှုတ်ခမ်းလေးတစ်စုံကိုငုံထွေးလိုက်ချိန်မှာ ပဲ့ကြွေသွားမလား၊ သွားနဲ့ခြစ်မိသွားမလားလို့ပင် ပေါက်ပေါက်ရှာရှာစိုးရိမ်မိခဲ့သေးသည်။ နှုတ်ခမ်းအပေါ်လွှာနှင့်အောက်နှုတ်ခမ်းတို့ကိုနမ်းရှိုက်ပြီးနောက် ခံတွင်းလေးထဲလျှာတိုးဝင်တော့ အသာတကြည်ဖွင့်ပေးလာတဲ့ အမူးသမားလေးက နေစေး လည်ပင်းဆီသို့သိုင်းဖက်ကာ မိန်းမောကာပြန်နမ်းရှိုက်ပေးလာသည်။ လျှာပေါ်မှမပြယ်သေးတဲ့ခေါင်ရည်အရသာလေးက အခုချိန်မှာ နေစေးအတွက်ကိုယ်တိုင်သောက်သုံးခဲ့သည့်အလား မူးရစ်စေ၏။ ရင်ခုန်လွန်းလို့ရူးမတတ်ဖြစ်လာတဲ့ နေစေးဟာ ခွန်စိုင်းခါးလေးကိုညင်သာစွာဖက်ထားသော်လည်း လုံလောက်မှု့မရှိဘူးလို့ ခံစားနေရပြီး ပိုတင်းကျပ်စွာဖက်မိသည်။
အနမ်းတွေအစပျိုးသူကြီးဟာ ပြင်းထန်လာတဲ့ နေစေးရဲ့အနမ်းတွေကြားမှာ ကြာလာတော့အသက်ရှူပေါက်ပိတ်တဲ့ယုန်လေးလို့ ရင်ဘတ်ကိုတွန်းလာပေမယ့် မျက်လုံးမှိတ်၍စီးမြောခံစားရင်းနမ်းကောင်းနေဆဲ နေစေးကတော့ မလွတ်ခဲ့ပေ။ နောက်ဆုံး လက်လျှော့သွားတဲ့ အမူးသမားလေးဟာ နေစေး နမ်းလို့မဝခင်မှာပင် အိပ်ပျော်သွားတော့သည်။
" ဟား....ကျုပ်ခင်ဗျားကိုချစ်လွန်းလို့ရူးမတတ်ဖြစ်နေပြီဗျာ "
အိပ်ပျော်သွားတဲ့ ခွန်စိုင်းကိုရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်ထားတာမှ ကလေးတစ်ယောက်သဖွယ် ။ ခန္ဓာကိုယ်ခြင်းလဲ ကွာခြားတာကိုး ။
" နောက်တစ်ခါ ကျုပ်နဲ့နှစ်ယောက်တည်းမဟုတ်ပဲ ခင်ဗျားအရက်သေစာသောက်ခွင့်မပြုတော့ဘူးစိုင်းဟွမ်၊ "
နှဖူးလေးကိုမြတ်နိုးစွာနမ်းကာပြောလိုက်သော်လည်း ရင်ခွင်ထဲကလူကြီးလေးကတော့ကြားမယ်မထင်။ မနက်မိုးလင်းလို့သတိရတဲ့အခါ သူ့ကိုရှောင်ဖယ်မနေဖို့မျှော်လင့်ရမှာပဲ ။
_________________________________________
ခေါင်ရည်သောက်ပြီးသေအောင်ချစ်ဖို့ကောင်းနေလိုက် စိုင်းဟွမ်လေးရေ..အက်ဒွက်ကြီးတော့မသိ ကိုယ်တော့ တွေးရင်း အူယားနေရောဖဲ 🌺
#VOTE &CM PLEASE 🤙
#22 - Auguest - 2021 - 9:00 PM
#Moewathan 📚💛
_________________________________________
[ Zawgyi ]
ပြဲေစ်းက ညေနဘက္မွစတင္၍ ညအခ်ိန္ေတြထိတိုင္ဆိုေတာ့ ေနေစးတို႔ေလးေယာက္ ညေနေစာင္းတဲ့အခ်ိန္မွာ အဆင္သင့္သြားရန္ျပင္ၿပီးနည္းနည္းေမွာင္ရီပ်ိဳးခ်ိန္မွာထြက္လာခဲ့သည္။ ဘြား နဲ႕ ေမာ့ လည္း ေနေစးတို႔နဲ႕အတူတူသြားတာေၾကာင့္ ေလးေယာက္သားလည္ပတ္ရန္ျဖစ္လာခဲ့သည္။ ခြန္စိုင္းစိတ္ထဲမွာ ေတာ႐ြာရဲ႕ညေစ်းပြဲေတာ္ေလးမို႔ အနည္းငယ္စည္းကားဖို႔ပဲေမွ်ာ္လင့္ခဲ့ေသာ္...တကယ္တမ္းေတြ႕လိုက္ရခ်ိန္မွာ သူမထင္ထားတဲ့အထိ ပြဲေစ်းလမ္းတေလွ်ာက္စည္ကားလို႔ေနေတာ့သည္။
ပြဲေစ်းေတာ္ဟာ အေနာက္ပိုင္း႐ြာလူႀကီးအိမ္အနီးျဖစ္တာေၾကာင့္ ေနာ္အဲလာသည္ ဒီညမွာ ေနေစးနဲ႕သူမလည္ပတ္ဖို႔အတြက္အလွဆုံးျပင္ဆင္ကာေစာင့္ေန၏။ သူမစိတ္ထဲမွာ သူမကိုေနေစးဝင္ေခၚ၍လည္ပတ္မယ္ထင္ထားသည္။သို႔ေသာ္ ေမွာင္ရီပင္ပ်ိဳးေနေလၿပီ ေနေစးအရိပ္အေယာင္မေတြ႕တာေၾကာင့္ သူမစိတ္ပ်က္လက္ပ်က္ျဖစ္ေနရသည္။
ခမ္းေက်ာက္ကေတာ့ ေနာ္အဲလာေတြးသလိုမေတြးထားေပ။ ေနေစးဟာ ခြန္စိုင္းနဲ႕ အိမ္ရွင္နဲ႕ ဧည့္သည္ဆက္ဆံေရးရွိေပမယ့္ ဘာေၾကာင့္မွန္းမသိ အဲ့ထက္ပိုေနတယ္လို႔ခံစားရသည္။ ဒီေန႕ ေစ်းပြဲေတာ္မွာ ခမ္းေက်ာက္ဟာခြန္စိုင္းနဲ႕ရင္းႏွီးမႈ႕ရယူၿပီး တဆင့္ခ်င္းသြားဖို႔ရည္႐ြယ္ထားတာေၾကာင့္ ေနာ္အဲလာ ကိုေခၚၿပီးပြဲေစ်းဘက္ဆီေလွ်ာက္လာခဲ့သည္။ ေနာ္အဲလာ နဲ႕ ခမ္းေက်ာက္ဟာ ၿမိဳ႕ႀကီးမွာတစ္ခါတစ္ရံဆုံဖူးေပမယ့္အရမ္းမရင္းႏွီးေပ။ သို႔ေသာ္ ေနာ္အဲလာဟာ ခမ္းေက်ာက္ရဲ႕သတင္းတစ္ခ်ိဳ႕ကိုၾကားဖူးနားဝရွိခဲ့ဖူးတာေၾကာင့္ အခုေနမွာ ခမ္းေက်ာက္က ခြန္စိုင္းဆိုေသာ အမ်ိဳးသားကိုဘာေၾကာင့္အရမ္းကပ္တြယ္ခ်င္ေနလဲဆိုတဲ့ ရည္႐ြယ္ခ်က္ကိုရိပ္မိသည္။
အျပင္လမ္းတြင္ ခမ္းေက်ာက္နဲ႕ေနာ္အဲလာတို႔ အတူတူေလွ်ာက္လာရင္း ေနာ္အဲလာသည္ခမ္းေက်ာက္အားစကားစလိုက္သည္။
" ကိုခမ္းေက်ာက္ "
" ဟုတ္ကဲ့ "
" ေနာ္ သိခ်င္တာေလးတစ္ခုရွိလို႔ ေမးမိရင္ ကိုခမ္းေက်ာက္အေနနဲ႕စိတ္မဆိုးေလာက္ဘူးမလား"
သူမ ဘာေမးမလဲဆိုတာသိေနတဲ့ခမ္းေက်ာက္ဟာၿပဳံးလွ်က္ပင္၊
"ကြၽန္ေတာ္စိတ္မဆိုးပါဘူး ေမးခ်င္တာရွိရင္ ေမးပါ "
" ဟုတ္ေသာ္ရွိ၊မဟုတ္ေသာ္ရွိရယ္ပါ..ကြၽန္မရဲ႕လႊဲမွားေနတဲ့အထင္လို႔လဲျငင္းလို႔ရပါတယ္၊ ရွင္..ခြန္စိုင္းကိုအရမ္းတြာ္ကပ္ေနသလားလို႔ "
" အဟြန္း...ဘာကိုရည္႐ြယ္ၿပီးေမးတာလဲလို႔ျပန္ေမးလို႔ရမလားဗ် "
" ေနာ္ က ၿမိဳ႕ႀကီးမွာအေနထိုင္မ်ားတာ ကိုခမ္းေက်ာက္သိပါတယ္၊ အဲ့ကတစ္ခ်ိဳ႕အတြင္းသတင္းေတြကိုေတာင္ ေနာ္ သိဖို႔မခက္ခဲ့ဘူးမဟုတ္လား "
" ေသခ်ာတာေပါ့၊ မေနာ္အဲလာ အတြက္ဒါကခက္ခဲမယ့္အရာမွမဟုတ္တာ "
" ပြင့္ပြင့္လင္းလင္းေျပာပါဆို...ရွင္..ကိုခြန္စိုင္းဟြမ္ မ်ားသေဘာက်ေနသလားလို႔ "
ေနာ္အဲလာေျပာတဲ့ထိုစကားအဆုံး မ်က္ႏွာတစ္ခ်က္ပ်က္ယြင္းခ်င္းမရွိ၊ ၿပဳံးတုံ႕တုံ႕လုပ္ကာပင္၊
" ကြၽန္ေတာ့္ဘက္ကအဲ့ေလာက္သိသာသြားတာလား "
* ဒါဆို ငါထင္ထားသလို သူကဟိုဧည့္သည္ေကာင္ကိုႀကိဳက္ေနတာေပါ့..စိတ္ပ်က္စရာပဲ *
စိတ္ထဲကစကားသံႏွင့္ဆန့္က်င္ဘက္ရွိေနတဲ့ ေနာ္အဲလာက ခမ္းေက်ာက္အေမးကိုမႈမပ်က္ျပန္ေျဖသည္။
" ရွင္ကပိရိပါတယ္၊ ေနာ္ အရင္ကရွင့္သတင္းသဲ့သဲ့မၾကားမိရက္ ခန့္မွန္းမိဖို႔မလြယ္ကူပါဘူးရွင္"
ေနာ္အဲလာကခမ္းေက်ာက္ရဲ႕ထိုအခ်က္ကိုရွာေတြ႕သြားမွာကိုခမ္းေက်ာက္စိတ္မပူေပ၊ သူ႕အတြက္အထူးတလည္ဖုံးကြယ္ထားရမယ့္အရာလဲမဟုတ္ဘူးေလ။ ေနာက္ၿပီး သူမနဲ႕ကတေလွတည္းစီးတဲ့လူေတြေတာင္ျဖစ္ခ်င္ျဖစ္ေနမွာ ဘာစိတ္ပူစရာရွိလဲ။
" ကြၽန္ေတာ္ခန့္မွန္းတာမမွားဘူးဆိုရင္ မေနာ္အဲလာရဲ႕ ေစာေနေစးအေပၚထားတဲ့အခ်စ္ကလဲမေလွ်ာ့မသာပါပဲဗ်ာ "
အဲ့စကားေၾကာင့္ ေနာ္အဲလာတခဏအံၾသသြားၿပီးေနာက္ရွက္ၿပဳံးေလးၿပဳံးရယ္ကာ၊
" ေနာ္ နဲ႕ ကိုခမ္းေက်ာက္ကတစ္ခ်ိဳ႕အရာေတြတူညီေနတာပဲေနာ္ အဟင္းဟင္း "
" ဟုတ္ပါ့ဗ်ာ.."
အဲ့လိုနဲ႕ ေနာ္အဲလာ နဲ႕ ခမ္းေက်ာက္တို႔က ခြန္စိုင္းနဲ႕ေနေစးတို႔ရွိေလာက္မယ္ေနရာဆီေလွ်ာက္လာခဲ့သည္။ ေနာ္အဲလာဟာ ခမ္းေက်ာက္ကိုၾကည့္ၿပီး ေကာက္က်စ္တဲ့အၿပဳံးတို႔ၿပဳံး၏။ သူကေယာက္က်ားေလးခ်င္းခ်စ္ႀကိဳက္တတ္တာကိုစိတ္ပ်က္စရာလို႔ေတြးထားတဲ့အျပင္ ဒီအရာဟာလူတိုင္းလက္ညွိုးထိုးၿပီးျပစ္တင္ကဲ့ရဲ႕မယ့္အရာတစ္ခုမို႔ ခြန္စိုင္းဟြမ္ကိုအရွက္ခြဲဖို႔အတြက္ ဘာေၾကာင့္ခမ္းေက်ာက္ကိုအသုံးမခ်ရမွာလဲ? ဒီလိုလူမ်ိဳးနဲ႕အတူပူးေပါင္းၿပီး သူမခ်စ္တဲ့အကို႔ ကိုသာ ရနိုင္မယ္ဆိုလွ်င္ ဘာေၾကာင့္တြန့္ဆုတ္ေနရမည္နည္း။
တဖက္တြင္ ခြန္စိုင္းတို႔ဟာ ညေစ်းပြဲေတာ္ဆိုတဲ့ ေနရာေရာက္လာခဲ့သည္။ ဒီပြဲေတာ္ကိုလည္ပတ္ဖူးတဲ့ ေနေစးတို႔သုံးေယာက္အတြက္အထူးအဆန္းမဟုတ္ေသာ္လည္း အခုမွပထမဦးဆုံးအႀကိမ္ေရာက္ဖူးတဲ့ ခြန္စိုင္းအတြက္မွာ ဆန္းက်ယ္လွသည္။ ပုံမွန္ဆိုလွ်င္ မီးမရွိတဲ့ ဒီ႐ြာသည္ ညမေမွာင္ခင္၊ေနဝင္ကတည္းက မည္းေမွာင္ေနတတ္ေပမယ့္ အခုလိုညပြဲေတာ္ေရာက္တဲ့အခါ ေနရာတိုင္းမီးတိုင္ေတြအျပည့္ရွိေနၿပီး တစ္လမ္းလုံးလင္းထိန္သာလို႔ေန၍ ေစ်းတည္ခင္းထားတဲ့ ပစၥည္းေတြမွာလဲ ဆန္းက်ယ္လို႔ေနေတာ့သည္။
ပြဲေစ်းမွာမူ ေဒသထြက္လက္လုပ္မုန့္မ်ားႏွင့္ ေခါင္ရည္အမ်ိဳးမ်ိဳးတို႔အျပင္ တျခားေသာ အသုံးအေဆာင္ေတြႏွင့္ လက္မႈ႕ျဖင့္လုပ္ထားတဲ့လွပတဲ့ကႏုတ္ထြင္းအသုံးအေဆာင္ပစၥည္းေတြလဲရွိသည္။ ဒါ့အျပင္ ၿမိဳ႕ေပၚမွာပင္မျမင္ဖူးတဲ့ ဒီ႐ြာရဲ႕ေယာက္က်ားေလးဝတ္ရိုးရာအထည္သားအေကာင္းစားေတြႏွင့္ မိန္းကေလးဝတ္မ်ားလည္းရွိေနေလသည္။ ႐ြာမွာရွိတဲ့လူတိုင္းအတြက္ ဒီညေစ်းပြဲေတာ္ဟာ သုံးလတစ္ႀကိမ္အၿမဲရွိတယ္ဆိုေသာ္လည္း ထိုညမွာေရာင္းခ်တဲ့ပစၥည္းေတြက ထူးျခားမႈ႕အျပည့္မို႔အၿမဲသစ္ဆန္းသလို ေစ်းေျမာက္သည္။
ေတာသားၿမိဳ႕တတ္ မဟုတ္ပဲ ၿမိဳ႕သားေတာေရာက္ျဖစ္လာတဲ့ ခြန္စိုင္းေလးတစ္ေယာက္သူ႕ေရွ႕မွာရွိေနတဲ့ ေစ်းပြဲေတာ္ရဲ႕ဆန္းျပားပုံကိုၾကည့္ၿပီးသေဘာမက်ပဲမေနနိုင္ေပ။
" အက္ဒြက္ ညေစ်းပြဲေတာ္ဆိုတာ ဒါမ်ိဳးလား၊ ကိုယ္တို႔ရန္ကုန္ထက္ေတာင္စည္ကားေသးတယ္"
" ခင္ဗ်ားတို႔ရန္ကုန္က ပြဲေတာ္ေတြကဘယ္လိုမ်ိဳးလဲ? "
" ကိုယ္တို႔ရန္ကုန္က ေစ်းပြဲေတာ္ေတြကစည္ပါတယ္ ဒါေပမယ့္ မတူဘူး၊ ဒီ႐ြာေလးရဲ႕ ပြဲေတာ္ကိုပိုသေဘာက်တယ္ "
တကယ္ပင္ႏွစ္သက္ပုံရတဲ့ ခြန္စိုင္းဟာပြဲေစ်းစေလွ်ာက္ကတည္းကမ်က္ႏွာေလး႐ြင္လန္း၍ၿပဳံးကာ ဟိုၾကည့္ဒီၾကည့္လိုက္ၾကည့္ေနေတာ့သည္။ ပထမေတာ့ သူကဆိုင္ခန္းေတြကိုအေဝးကေနပဲၿငိမ္ၿငိမ္ေလးလိုက္ၾကည့္ေပမယ့္ ေနာက္ေတာ့သူဘယ္လိုမွ စိတ္မလႈပ္ရွားပဲမေနနိုင္စြာ ဆိုင္ခန္းနားဆီးေျပးကပ္ၾကည့္ေတာ့သည္။
" အက္ဒြက္ ကိုယ္ခဏလိုက္ၾကည့္မယ္ေနာ္ "
" အင္း.. ေျဖးေျဖးသြား...ေလ။ "
ေနေစး ေျပာလို႔ေတာင္မၿပီးေသး၊ ခြန္စိုင္းတစ္ေယာက္ ခပ္သုတ္သုတ္ပင္ဆိုင္ခန္းတစ္ခုထဲေျပးဝင္သြားေခ်ၿပီ။ ေနေစးက ေျပးဝင္သြားတဲ့လူႀကီးေလးကိုၾကည့္ၿပီးၿပဳံး၍ေခါင္းတခါခါႏွင့္။ ေနာက္က ဘြားနဲ႕ ေမာ့ေတာင္ ခြန္စိုင္းရဲ႕ရိုးသားပုံကိုၾကည့္ၿပီးသေဘာမက်ပဲမေနနိုင္။
" ေနေစး ေနာင္ႀကီးခြန္စိုင္းကတကယ္ရိုးတာပဲ၊ သူၿမိဳ႕သားဆိုတာေရာ ေသခ်ာရဲ႕လား "
ေမာ့ ေမးေတာ့ ေနေစးက ဆိုင္တစ္ဆိုင္မွာရွိတဲ့ခြန္စိုင္းကိုလွမ္းၾကည့္ကာၿပဳံးသည္။ ဘြား ဝင္ေျပာသည္။
"အဲ့တာေတာ့ေသခ်ာေလာက္တယ္၊ ေနာင္ႀကီးပုံစံကိုၾကည့္ဦး ျဖဴျဖဴႏုႏုေလးရယ္ က်ဳပ္တို႔လိုေတာသားဆို ဒီလိုဘယ္လိုမွျဖစ္မေနဘူး၊ ႐ြာရဲ႕အေခ်ာ..ေနာ္အဲ့လာေတာင္ ေနာင္ႀကီးခြန္စိုင္းေလာက္မွအသားမျဖဴတာေရာ္ "
" ဟုတ္တယ္ေနာ့၊ ခဏေနဦး က်ဳပ္လဲ ေနာင္ႀကီးဆီအေဖာ္လိုက္သြားၾကည့္မယ္ "
ေျပာၿပီး ေမာ့က ခြန္စိုင္းဆီသြားလိုက္သည္။
သူတို႔ႏွစ္ေယာက္ေျပာေနေပမယ့္ ေနေစးက ခြန္စိုင္းကိုလွမ္းၾကည့္ၿပီးဘာမွဝင္မေျပာေပ။ ခြန္စိုင္းက ဆိုင္ရွင္အေဒၚႀကီးႏွင့္ဟိုေမးဒီေမးလုပ္ေနၿပီး ၿပဳံးေန၏။
ခြန္စိုင္းကိုၾကည့္ၿပီး သေဘာတက်ၿပဳံးေနတဲ့ ေနေစးကို ဘြားက တစ္စုံတစ္ခုေတြးမိသြားရင္း ပခုံးကိုပုတ္လိုက္သည္။
" မင္းဒီတိုင္းပဲေနသြားေတာ့မွာလား "
အဆုံးအစမရွိေျပာလာတဲ့ ဘြားဘက္ၾကည့္ကာ၊
" ဘာကိုလဲ? "
" ေနေစး..က်ဳပ္တို႔ႏွစ္ေယာက္ေတြ႕ထားတဲ့ခ်စ္ျခင္းက ခက္ခဲတဲ့လမ္းေၾကာင္းတစ္ခုမွာဆိုေပမယ့္ ဒီတိုင္းႀကီးေတာ့ၿပီးမသြားေစခ်င္ဘူး "
ဘြား ေျပာခ်င္တဲ့အဓိပၸါယ္ကိုေနေစးသိလိုက္သည္။ ဒါေပမယ့္ ေနေစးဘက္ကေရွ႕တစ္လွမ္းတိုးဖို႔အတြက္က...။
" ၿပီးေတာ့ မင္းေနာင္ႀကီးကိုဒီတိုင္းလြတ္မထားသင့္ဘူးေနာ့၊ ေျပာရရင္ ေနာင္ႀကီးကအေတာ္ေလးေခ်ာၿပီးတည္ၿငိမ္တယ္ေရာ္၊ ေနရာေဒသအလိုက္ေနထိုင္တတ္ေသးတယ္ကြ၊ အဲ့ေတာ့ သူ႕ကိုအေတာ္မ်ားမ်ားကသေဘာက်ၾကတယ္၊"
" အင္း၊ သူကေရာက္တဲ့ေနရာမွာေနတတ္တယ္ "
" ဟုတ္တယ္၊ ေနာင္ႀကီးကိုသေဘာက်တဲ့လူေတြထဲမွာ မိန္းမ၊ေယာက္က်ားအကုန္ပဲ..သူ႕အနီးအနားမွာရွိေနတဲ့လူတိုင္းသူ႕ကိုသေဘာက်တယ္၊"
စကားကိုလွည့္ပတ္ေျပာေနတဲ့ ဘြား ကို ေနေစးစိတ္မရွည္စြာၾကည့္လာသည္။ သူအဓိကဘာကိုရည္႐ြယ္ၿပီးေျပာခ်င္ေနတာလဲ?။
" မင္းသူ႕အနားမွာအၿမဲတမ္းအတြက္ရွိမေနရင္၊ တစ္ေန႕မွာ တစ္ေယာက္ေယာက္ကေနာင္ႀကီးကိုမင္းလက္ထဲကဆြဲထုတ္သြားတဲ့အခါမွ မင္းေနာင္တနဲ႕မက်န္ရစ္ခဲ့နဲ႕ေပါ့ကြာ "
" ........"
" က်ဳပ္ေျပာတာမင္းနားလည္ပါတယ္ "
ထိုသို႔သာေျပာၿပီး ေမာ့ ဆီထြက္သြားတဲ့ ဘြားကိုၾကည့္ၿပီးေတြးမိသည္။ ဘြား ေျပာသလိုတစ္စုံတစ္ေယာက္ကသာ ခြန္စိုင္းကိုသူ႕အနားကေခၚထုတ္သြားခဲ့ရင္? ေတာက္! အဲ့လိုအေတြးဝင္ယုံနဲ႕တင္ ေနေစး မုန္းတီးမိသည္။
ေနေစးရဲ႕ေတာက္ေလာင္ေနတဲ့ရင္ဘတ္တစ္ေနရာကိုမသိတဲ့ ခြန္စိုင္းဟာ ေအးခ်မ္းစြာပင္ၿပဳံးေပ်ာ္လို႔ ေနာက္မွာရွိတဲ့ေနေစးကိုလက္လွမ္းျပ၍ေခၚလိုက္သည္။ ခြန္စိုင္းရဲ႕အၿပဳံးေလးကေနေစးအတြက္ေတာ့ မီးအလင္းေရာင္မရွိတဲ့ လအလင္းေရာင္ႏွင့္တူညီစြာေအးခ်မ္းဖြယ္အတိမို႔..ေနေစးရင္ဘတ္ထဲကအပူေတြကိုတခဏေမ့ေဖ်ာက္ကာ ခြန္စိုင္းေခၚရာဆီေလွ်ာက္သြားလိုက္သည္။
သေဘာ္႐ြက္လြင့္ေနတဲ့ပုံသ႑ာန္ရွိေသာ ကြၽန္းသစ္သားနဲ႕ျပဳလုပ္ထားတဲ့လက္မႈ႕ပစၥည္းေလးကိုခြန္စိုင္းစိတ္ဝင္စားစြာၾကည့္ေနေတာ့သည္။
" ခင္ဗ်ားတစ္ခုခုလိုခ်င္ရင္ က်ဳပ္ကိုေျပာ "
" မင္းဝယ္ေပးမလို႔လား "
" ဘယ္တစ္ခုလိုခ်င္လဲ "
"...အလကားစတာပါ၊ ကိုယ္ကဒီတိုင္းပဲေလွ်ာက္ၾကည့္တာ "
" က်ဳပ္ကေတာ့အတည္ေျပာတာ ခင္ဗ်ားလိုခ်င္တာရွိရင္ က်ဳပ္ကိုေျပာ "
" အင္းပါ ေကာင္းပါၿပီ "
ဝယ္ေပးမယ့္သူကဝယ္ေပးမယ္ေျပာေပမယ့္ ခြန္စိုင္းကေတာ့ အားနာတာေၾကာင့္ေရာ သူကိုယ္တိုင္လဲလိုခ်င္တာမရွိေသးတာေၾကာင့္မဝယ္ေပ။ ထိုစဥ္...။
" အကို.."
ေခၚသံေၾကာင့္လွည့္ၾကည့္လိုက္ေတာ့ သူမ ႏွင့္ ခမ္းေက်ာက္ ။
" အကိုတို႔ကဒီမွာေရာက္ေနၿပီပဲ ညီမငယ္မေရာက္ေသးမွာစိုးရိမ္ေနတာေရာ္ "
" မင္းတို႔အတူပြဲလည္တာမလား? "
" အို..အကိုကေတာ့ေနာက္ေနျပန္ပါၿပီ၊ ညီမငယ္ကအရင္တုန္းကလိုပဲ အကိုနဲ႕လည္ဖို႔ရာထြက္လာတာေရာ္ "
ေနေစး ေမးလိုက္တဲ့ေမးခြန္းဟာ ေနာ္အဲလာ အတြက္ေတာ့ရင္ဖိုစရာျဖစ္သြားခဲ့သည္။ သူမစိတ္ထဲမွာ ေနေစးဟာ သူမကိုခမ္းေက်ာက္နဲ႕သဝန္တိုေနတယ္ဆိုတဲ့သေဘာလို႔တြက္ကာ အျမန္ျငင္းသည္။ သို႔ေသာ္ တဖက္ကေနေစးရဲ႕အျမင္မွာေတာ့ 'မင္းတို႔အတူထြက္လည္တာဆို ေဝးေဝးသြားစမ္းပါ' ဆိုတဲ့သေဘာနဲ႕ေမးျခင္းျဖစ္သည္။
ထိုသို႔ႏွင့္ ေနာ္အဲလာသည္ ခပ္တည္တည္ပဲေနေစးနဲ႕ခြန္စိုင္းၾကားသို႔ဝင္ရပ္လိုက္ၿပီးၿပဳံးကာ၊
" ကိုခြန္စိုင္း အေနာ္တို႔ ႐ြာပြဲေစ်းလည္ရတာေပ်ာ္စရာေကာင္းရဲ႕လားဟင္..ဒီမွာကၿမိဳ႕ေပၚမွာလိုမဟုတ္ေတာ့ ကိုခြန္စိုင္းကိုစိတ္ပ်က္ေစမိမွာစိုးရိမ္သား "
" အာ မဟုတ္တာပဲဗ်ာ၊ ဒီ႐ြာရဲ႕ပြဲေစ်းေလးက ကြၽန္ေတာ့္အတြက္တကယ္ေပ်ာ္ဖို႔ေကာင္းပါတယ္၊ ၿမိဳ႕ေပၚကပြဲေတြနဲ႕ႏွိုင္းယွဥ္မေျပာရင္ေတာင္ ေနရာတိုင္းမွာသူ႕သဘာဝအလွနဲ႕လိုက္ဖက္ညီတဲ့အတိုင္းတာတစ္ခုစီရွိပါတယ္ "
" အဟင္းဟင္း..မထင္ထားဘူး ကိုခြန္စိုင္းလဲစကားအေျပာခ်ိဳတာပဲေနာ္ "
ေနာ္အဲလာကသူမရဲ႕စကားကို ခြန္စိုင္းအေနနဲ႕ဒီလိုမ်ိဳးတုန့္ျပန္လာမယ္မထင္မွတ္ထားတာေၾကာင့္နည္းနည္းမ်က္ႏွာပ်က္စရာျဖစ္သြားေပမယ့္ဘာမွမဟုတ္သလိုေက်ာ္သြားလိုက္သည္။ ေနာ္အဲလာ နဲ႕ ေနေစးရဲ႕ဆက္ဆံေရးကဘာမွန္းမသိတဲ့ ခြန္စိုင္းသည္ သူ႕ေရွ႕မွာ နီးကပ္စြာျမင္ေနရတဲ့ ေနေစးနဲ႕သူမရဲ႕ပုံစံကလိုက္ဖက္မႈ႕ရွိေနတာေၾကာင့္ ရင္ထဲေအာင့္သက္သက္ခံစားေနရသည္။ ဒီခံစားခ်က္ကိုမႏွစ္သက္ဘူးဆိုတာေတာ့ သူေသခ်ာသိသည္။
အဲ့အခ်ိန္မွာ ခမ္းေက်ာက္က ခြန္စိုင္းအနားမွာေနရာယူကာေျပာလာ၏။
" ကိုစိုင္း..ကြၽန္ေတာ္တို႔ပြဲေစ်းေလွ်ာက္ၾကရေအာင္ေလ၊ ကြၽန္ေတာ္လဲဒီေန႕ပြဲေစ်းကိုအခုမွႀကဳံဖူးတာဆိုေတာ့ ကိုစိုင္းနဲ႕အတူတူပဲေပါ့ ဟ ဟ"
" အင္း ပြဲေတာ္ကအခုမွအစပိုင္းပဲရွိေသးတာဆိုေတာ့ လည္ၾကတာေပါ့ဗ်ာ "
အေပးအယူတည့္ေနတဲ့ ခြန္စိုင္းနဲ႕ ခမ္းေက်ာက္ကိုၾကည့္ၿပီး ေနေစးမ်က္လုံးတို႔မဲေမွာင္လွ်က္။
" ဟာ မင္းတို႔ကဒီမွာပဲရွိေသးတာလား..ေအာ္ ေနာ္အဲလာတို႔လဲရွိေနတာကိုး "
" ဟုတ္ကဲ့ကိုဘြား "
မဲေမွာင္ေနတဲ့မ်က္နဲ႕ေနေစးကိုၾကည့္ၿပီး ဘြားကေတာ့သိလိုက္သည္။ ေမာ့ ကဝင္ေျပာသည္။
" ကဲ က်ဳပ္တို႔လဲ ပြဲေစ်းဆက္ေလွ်ာက္ရေအာင္ေလ"
ေမာ့ စကားအဆုံးအားလုံးကပြဲေစ်းဆီဆက္ေလွ်ာက္ၾကသည္။ေျခာက္ေယာက္သြားတဲ့အထဲမွ ေလထုကသာမာန္ဆန္ေနေပမယ့္ထင္သေလာက္အဆင္ေျပမေနခဲ့ေပ။ ဘာေၾကာင့္ဆို ခမ္းေက်ာက္ဟာခြန္စိုင္းအနားမွာပဲကပ္ေနၿပီး ေနာ္အဲလာက ေနေစးအနားကမခြာေတာ့ေပ။
" ေဝ့ ေနေစးမဟုတ္လား "
" အေဖ..ဘယ္လိုလုပ္ေရာက္လာတာလဲ "
" ဒီဘက္ခဏကိစၥရွိလို႔ေရာ္ "
လာႏႈတ္ဆက္သူက ေနာ္အဲလာအေဖ ျဖစ္သည္။
" မေတြ႕တာၾကာၿပီ ဦးေလး "
" ဟုတ္ပါ့ကြာ..မေတြ႕တာေတာင္ၾကာေပါ့၊ ဒီရက္ပိုင္း အေနာ္တစ္ေယာက္ေပ်ာ္ေနတယ္မွတ္တာ အေၾကာင္းျပခ်က္ေကာင္းရွိေနတာပဲ "
" အို အေဖကလည္းေတာ္.. "
ေနာ္အဲလာအေဖရဲ႕ေျပာစကားေတြေၾကာင့္ သူမမွာရွက္ၿပဳံးေလးၿပဳံး၍ေနေစးကိုၾကည့္ေနေသာ္ျငား ေနေစးကေတာ့ သူ႕မ်က္ေစာင္းထိုးမွာရွိေနတဲ့လူႀကီးေလးဆီသာအာ႐ုံရွိသည္။ ဘြားနဲ႕ေမာ့ကဆိုင္တစ္ဆိုင္မွာဝင္စပ္စုေနတာေၾကာင့္ ႏွစ္ေယာက္တစ္တြဲလိုျဖစ္ေနျခင္းကို ေနေစးသေဘာမက်တာေပ။
ေနေစးတို႔ႏွင့္မနီးမေဝးမွာရွိတဲ့ ခြန္စိုင္းသည္ ေနေစးအနားမွာ သူမ ရွိေနတာကိုရင္ထဲတစ္မ်ိဳးႀကီးခံစားေနရေပမယ့္ သူမ က ေနေစးရဲ႕ခ်စ္သူဆိုရင္ သူဘာလုပ္နိုင္မွာတဲ့လဲ ။
" ေအာ္ အဲ့တာ မေနာ္အဲလာအေဖပဲ "
ေဘးနားက ခမ္းေက်ာက္ေျပာေတာ့ ခြန္စိုင္းကခမ္းေက်ာက္ကိုၾကည့္လာသည္။
" ကိုခမ္းေက်ာက္ကသိတယ္လား "
" သိတယ္ေလ၊ ကြၽန္ေတာ္နဲ႕ေတာင္ရင္းႏွီးေသးတယ္၊ ၾကည့္ရတာ ကိုေစာေနေစး နဲ႕ မေနာ္အဲလာက တစ္ခုခုမ်ားလားပဲ၊ သူ႕အေဖလဲသေဘာက်ပဳံရတယ္ "
"...အင္းေနာ္ ၊ အဆင္ေျပတဲ့ပုံပဲ "
ထိုစကားကိုေတာ့ တဖက္မွာလူမႈ႕ေရးအရၿပဳံး၍စကားေျပာေနတဲ့ ေနေစးဆီလွမ္းၾကည့္ကာေျဖလိုက္ျခင္းျဖစ္သည္။ ခမ္းေက်ာက္ကခြန္စိုင္းနဲ႕ဒီအေျခအေနကိုအခြင့္ေကာင္းယူကာ..၊
" သူတို႔အတြဲေနာက္မွလာမယ္ထင္တယ္ ကြၽန္ေတာ္တို႔အရင္သြားရင္ေရာ ဘယ္လိုလဲ "
* သူတို႔အတြဲ..အင္း အဲ့လိုေနမွာပါ *
" ေကာင္းသားပဲ၊ ကြၽန္ေတာ္တို႔အရင္ေလွ်ာက္ၾကည့္မယ္ေလ "
ထိုသို႔ေျပာကာ ခြန္စိုင္းက ခမ္းေက်ာက္နဲ႕အတူ တဖက္လူရႉတ္စြာစည္ကားေနတဲ့ပြဲခင္းဘက္ထြက္လာလိုက္သည္။ ခြန္စိုင္းတို႔ထြက္သြားတာကိုအေဝးကေန အမွတ္တမဲ့ျမင္လိုက္တဲ့ ဘြားဟာ ခြန္စိုင္းကိုေနေစးနဲ႕ပဲထင္မွတ္တာေၾကာင့္ ေအးေအးေဆးေဆးေနလိုက္သည္။
ဆိုင္ခန္းေလးေတြျမင္တိုင္းစိတ္လြတ္ေပါ့ပါးစြာစကားေတြေျပာရင္းပြင့္လင္းစြာရွိတဲ့ ခြန္စိုင္းရဲ႕အၿပဳံးေလးနဲ႕လွပတဲ့မ်က္ႏွာေလးေၾကာင့္ ခမ္းေက်ာက္မွာအၾကည့္မလႊဲနိုင္ေအာင္ သေဘာက်ရသည္။
" ကိုစိုင္း ဒီ႐ြာေလးကိုအေတာ္သေဘာက်ပဳံပဲ "
" အင္း ကြၽန္ေတာ္သြားခဲ့ဖူးတဲ့ခရီးေတြထဲ ဒီ႐ြာေလးကိုသေဘာအက်ဆဳံးပဲ "
" ကြၽန္ေတာ္ေရာပဲ၊ ကြၽန္ေတာ္ေတြ႕ဖူးသမွ်လူေတြထဲ ******* "
ဆက္ေျပာတဲ့စကားကိုဆူညံသံေတြနဲ႕မို႔မၾကားလိုက္ရတဲ့ ခြန္စိုင္းကၿပဳံး၍နားေထာင္ရင္းပင္ ခမ္းေက်ာက္အနားတိုးလာၿပီး..။
" ေစာနကဘာေျပာလိုက္တာလဲ? ကြၽန္ေတာ္မၾကားလိုက္ရလို႔ "
" ဘာမွမဟုတ္ပါဘူး၊ ဒီ႐ြာေလးကိုသေဘာလို႔ေျပာတာပါ "
" ဟုတ္လား၊ ကြၽန္ေတာ္လဲပဲသေဘာက်တယ္ "
ခြန္စိုင္းဟာေယာက္က်ားေလးတစ္ေယာက္ျဖစ္ေပမယ့္ သူ႕မွာဟိတ္ဟန္မရွိဘူး၊ လူတိုင္းကိုစကားေျပာတဲ့အခါ တဖက္ကိုသက္ေတာင့္သက္သာျဖစ္ေစတဲ့ခံစားခ်က္မ်ိဳးရေစသည္။ ဒီအခ်က္ေလးေတြကပဲ ခမ္းေက်ာက္သေဘာက်မိျခင္းျဖစ္သည္။
" ကြၽန္ေတာ္တို႔ဆိုင္ငယ္တစ္ဆိုင္ထိုင္ၾကမလား "
" ထိုင္မယ္ေလ "
အေဖာ္ႏွစ္ခါမဆြယ္ရတဲ့ လူႀကီးေလးကေတာ့ စိတ္လြတ္လက္လြတ္သူ႕အတြက္ဝမ္းနည္းေစမယ့္အေတြးေတြကိုဖယ္ရန္ေလွ်ာက္လည္ေနေပမယ့္...တဖက္မွာ အ႐ူးမီးေတာက္ျဖစ္လုနီးပါးရွာေနတဲ့ ေနေစးကေတာ့ အံတႀကိတ္ႀကိတ္နဲ႕ေဒါသထြက္ေနေတာ့သည္။
" က်ဳပ္ကမင္းနဲ႕အတူ သြားလိုက္တယ္ထင္ေနတာ"
" က်စ္! ေတာက္!..အဲ့တာ ဟိုေကာင္ပဲျဖစ္မယ္ "
ေနေစး က ေနာ္အဲလာအေဖနဲ႕စကားခဏလွည့္ေျပာေနတုန္းရွိေသးတယ္ သူ႕လူႀကီးေလးကမရွိေတာ့တာေၾကာင့္ ခ်က္ခ်င္းပဲ ေနာ္အဲလာ ကိုသူ႕အေဖနဲ႕ထားခဲ့ၿပီး ထြက္လာရွာေတာ့မေတြ႕ေပ။ ခြန္စိုင္းကိုသူ႕မ်က္စိေရွ႕မွာမေတြ႕ရတဲ့ မိနစ္ပိုင္းေတာင္သူ႕ရင္ထဲမီးလိုေတာက္ေလာင္ကာစိတ္ရႈတ္ေထြးေနေတာ့သည္။ ပြဲလမ္းတစ္ခုလုံးမွာလူရႈတ္ေထြးလွ်က္မို႔ ေနေစးလိုက္ရွာဖို႔ျပင္ေနတုန္း ေနာ္အဲလာေရာက္လာသည္။
" အကို..ဘာျဖစ္လို႔လဲဟင္ "
" ခမ္းေက်ာက္ဆိုတဲ့ေကာင္ဘယ္မွာလဲ မင္းသိလား? "
" ကိုခမ္းေက်ာက္လား? ညီမငယ္ လည္းမသိဘူးေလအကို၊ ဘာျဖစ္လို႔လဲဟင္ "
ပဂတိျဖဴစင္မႈ႕အျပည့္ႏွင့္ေျပာလာတဲ့ေနာ္အဲလာကို ေနေစးမွာစိတ္မရွည္ဟန္..။
" ထားလိုက္ေတာ့.."
" အို အကိုရယ္ ကိုခြန္စိုင္းက ကေလးငယ္မွမဟုတ္ေတာ့တာ၊သူ႕ကိုအမ်ားႀကီးလဲပူမေနပါနဲ႕၊ ထပ္ေျပာရရင္ ကိုခမ္းေက်ာက္ဆိုတာလဲေကာင္းတဲ့လူတစ္ေယာက္ပဲေလ သမီးရည္းစားခိုးေျပးတာလဲမဟုတ္ပဲ..အဲ့ ...... "
" ေနာ္အဲလာ!.."
ေနေစးရဲ႕ ပူေလာင္ေနတဲ့စိတ္က ေနာ္အဲလာရဲ႕စကားေၾကာင့္ပိုလို႔ေဒါသမီးေတာက္ကာ သူမအားစူးစူးဝါးဝါးစိုက္ၾကည့္လိုက္သည္။
" ခမ္းေက်ာက္ဆိုတဲ့ေကာင္က ဘာေကာင္ဆိုတာ က်ဳပ္ဂ႐ုမစိုက္ဘူး၊ က်ဳပ္ဂ႐ုစိုက္တာ က်ဳပ္ဧည့္သည္ေလးပဲ၊ က်ဳပ္မဟုတ္တဲ့တစ္ျခားသူစိမ္းလက္ထဲမွာ က်ဳပ္ဧည့္သည္ေလးကိုစိတ္ခ်ဖိဳ႕ေျပာေနတာလား!? "
"....ဒါက..ေတာင္းပန္ပါတယ္အကို ညီမငယ္ကအဲ့လိုသေဘာေျပာတာမဟုတ္ပါဘူး "
အဆင္မေျပတဲ့ေလထုၾကားေနရခက္စြာနဲ႕
ဘြား နဲ႕ ေမာ့ကဝင္ေျပာသည္။
" သူတို႔ ေခါင္ရည္တန္းဘက္သြားတာျဖစ္ေလာက္တယ္၊ က်ဳပ္တို႔အဲ့ဘက္တစ္ခ်က္သြားရွာၾကည့္ရေအာင္"
" အင္း "
ေနာ္အဲလာသည္ သူ႕အနားမွာေနေစးရွိေနတာမွမၾကာေသး ဟိုဧည့္သည္အစုတ္ပလုတ္ကိုလိုက္ရွာမယ္ဆိုတာေၾကာင့္အေတာ္ေလးစိတ္ပ်က္သြားေပမယ့္ ေနေစးအနားမွာဆက္ေနခ်င္ေတာ့လဲ သူမပါဝင္မွျဖစ္မည္မဟုတ္လား။
" အကို ညီမငယ္လဲ လိုက္မယ္ေလ "
" မင္းကဘယ္ကိုလိုက္မွာလဲ..က်ဳပ္တို႔က ေခါင္ရည္ဆိုင္ဘက္သြားမွာ မင္းလိုက္လို႔မသင့္ဘူး "
" အကို ဒီ႐ြာက ေနာ့္ ကိုမသိသူဘယ္သူရွိလဲ..လာပါ ကိုခြန္စိုင္းကိုအဲ့မွာသြားရွာၾကည့္ရေအာင္ "
ေနေစးလဲ ခြန္စိုင္းကိုရွာဖို႔ေလာေနတာနဲ႕ သူမနဲ႕စကားထပ္မေျပာခ်င္ေတာ့ေပ။
ေလွ်ာက္လမ္းပြဲေစ်းညာဘက္အေက်ာ္တြင္ ဆိုင္တဲအေသးေလးေတြထိုး၍ ေခါင္ရည္ဆိုင္အတန္းလိုက္စီရီလွ်က္ဖြင့္ထားသည္။ ဒီ႐ြာတြင္တစ္ေယာက္နဲ႕တစ္ေယာက္မသိသူမရွိတာမို႔ မူး႐ူးရမ္းကားတတ္သူမရွိတာေၾကာင့္ စိတ္ခ်ရသည္။
သို႔ေသာ္ အခုခါမွာ ခြန္စိုင္းတို႔ဟာ လူစိမ္းျဖစ္ၿပီးသိတဲ့လူမရွိတာေၾကာင့္ ေခါင္ရည္ဆိုင္တန္းသို႔ဝင္ထိုင္လိုက္ခ်ိန္မွာ ႐ြာခံတစ္ခ်ိဳ႕ရဲ႕ေစာင့္ၾကည့္ျခင္းခံရတဲ့အျပင္ တစ္ခ်ိဳ႕ မိုက္႐ုပ္ျပတဲ့လူတစ္စုတို႔ကလည္း ခြန္စိုင္းတို႔ႏွစ္ေယာက္အားအကဲခတ္ေနေလ၏။ ခြန္စိုင္းသည္ ဒီ႐ြာေဒသေရာက္ၿပီးေနာက္ ပထမဦးဆုံးအႀကိမ္လုံၿခဳံမႈ႕မရွိသလိုခံစားလိုက္ရသည္။ ခြန္စိုင္း နံေဘးမွာခမ္းေက်ာက္ရွိေနေပမယ့္ ခြန္စိုင္းစိတ္ကိုလုံၿခဳံမႈ႕ေပးစြမ္းနိုင္ျခင္းမရွိေပ။ ဒါ့ေၾကာင့္ သူ ေနေစးမပါပဲထြက္လာခဲ့တာမွားၿပီးလားလို႔ေတာင္ေတြးလိုက္မိသည္။
ဒီေနရာကလူေတြဟာ ခြန္စိုင္းထက္ခႏၶာကိုယ္ႀကီးလြန္းတာေၾကာင့္သူတို႔ရဲ႕ၾကမ္းတမ္းတဲ့႐ုပ္ရည္နဲ႕ေပါင္းစပ္လိုက္တဲ့အခါ ခြန္စိုင္းအတြက္ေတာ့ေၾကာက္လန့္စရာပင္။ ေသခ်ာေတြးၾကည့္လွ်င္ ခြန္စိုင္းဟာ ဘဘႀကီးတို႔အိမ္ေရာက္ကတည္းက ေနေစးနဲ႕အတူတူရွိေနခဲ့ၿပီး စိုးရိမ္မႈ႕နဲ႕ေၾကာက္လန့္ျခင္းတို႔ဘယ္တုန္းကမွမရွိခဲ့ပဲ အၿမဲတန္းစိတ္လုံၿခဳံေစခဲ့သည္။ ေတာတြင္းတပ္သားေတြရွိတဲ့စခန္းေရာက္သြားသည့္တိုင္ ေနေစးဟာ ခြန္စိုင္းရဲ႕ ေၾကာက္လန့္စိတ္ကိုေျဖေဖ်ာက္ေပးနိုင္တဲ့အထိ လုံၿခဳံေႏြးေထြးမႈ႕ေပးသည္။
ေနေစးကိုလြမ္းသလိုလိုရွိၿပီး ေနရခက္တဲ့အေျခအေနနဲ႕ႀကဳံကာ အေတြးလြန္ေနတဲ့ ခြန္စိုင္းဟာ နံေဘးကခမ္းေက်ာက္ကိုလုံးဝေမ့ထားသည္။
" ကိုစိုင္း..ကိုစိုင္း...! "
" ဟင္, အင္း "
" ဘာေတြေတြးေနတာလဲ ကြၽန္ေတာ္တို႔မွာထားတာေရာက္ၿပီ "
ဘယ္အခ်ိန္ကလာခ်ေပးတာလဲမသိတဲ့ ေခါင္ရည္ႏွစ္အိုးဟာစားပြဲေပၚတြင္ေရာက္ေနေလသည္။
" လာ ကြၽန္ေတာ္တို႔ေသာက္ၾကည့္ရေအာင္၊ ဒီကေခါင္ရည္ကတကယ္အရသာရွိတယ္ ဟိုတေလာကလက္ခ်ီပြဲတုန္းက ကြၽန္ေတာ္တစ္ခါေသာက္ဖူးတယ္ "
" ဟုတ္လား၊ ကြၽန္ေတာ္ကမေသာက္ဘူးေတာ့ အဆင္ေျပပါ့မလားမသိဘူး "
" ေျပပါတယ္၊ ေခါင္ရည္ကသိပ္မမူးပါဘူး "
ေျပာရင္းနဲ႕ ခမ္းေက်ာက္က ေခါင္ရည္ကိုေျမခြက္ေလးထဲထည့္ေပးလာသည္။
ေျပာရရင္ ခြန္စိုင္းေသာက္ခ်င္စိတ္မရွိေပ။ ေခါင္ရည္ကသူေျပာသလိုမမူးဘူးဆိုရင္ေတာင္ ခြန္စိုင္းလိုေသာက္ေလ့မရွိသူအတြက္အနည္းငယ္ေတာ့ မူးမွာမလြဲပဲ။ ခြန္စိုင္းဟာ မူးရင္အက်င့္ဆိုးရွိတယ္လို႔ လြင္မိုး ေျပာတာသိေနတာေၾကာင့္ သူစိမ္းေရွ႕မွာ သူမူးလို႔မျဖစ္ေပ။
သို႔ေသာ္ အားနာမႈ႕နဲ႕ ခြန္စိုင္းက ေခါင္ရည္ေသာက္ရန္ျပင္စဥ္..။
" စိုင္းဟြမ္..."
အသံၾကားတာနဲ႕ခ်က္ခ်င္း လွည့္ၾကည့္လိုက္ေတာ့ တစ္မိုးေအာက္တစ္ေယာက္သာရွိေသာ ဦးေဆာင္သူႀကီးပင္ ။ ဘာရယ္ေၾကာင့္မွန္းမသိ ေနေစး ကိုေတြ႕လိုက္ရခ်ိန္မွာ ခြန္စိုင္းေပ်ာ္႐ြင္မိသည္။ဒါက ေနာက္မွာပါလာတဲ့ သူမကိုမေတြ႕ခင္အခ်ိန္ထိေပါ့။
" ေနာင္ႀကီးခြန္စိုင္းကဒီေရာက္ေနတာကိုး က်ဳပ္တို႔ျဖင့္ရွာလိုက္ရတာ "
ေျပာရင္းႏွင့္ ေမာ့က ခုံတစ္ခုမွာဝင္ထိုင္သည္။
ခမ္းေက်ာက္ဟာေနေစးရဲ႕မ်က္ႏွာအေနအထားကိုၾကည့္ၿပီး ဒီတစ္ႀကိမ္ေတာ့ သူကဦးေအာင္လို႔ ခြန္စိုင္းနံေဘးကတစ္ေယာက္စာထိုင္ခုံမွာထိုင္ၿပီး ေနရာခုံဖယ္ေပးလိုက္သည္။ ေလးေယာက္ထိုင္စားပြဲဝိုင္းမွာ ခမ္းေက်ာက္နဲ႕ခြန္စိုင္းကအတူရွိၿပီး ေနေစးနဲ႕ ေနာ္အဲလာကတစ္တြဲ ႏွင့္ ဘြား နဲ႕ ေမာ့ကေတာ့ မ်က္ႏွာခ်င္းဆိုင္မွာ တစ္ေယာက္ခုံနဲ႕ကိုယ္စီထိုင္ေန၏။
" ကိုယ့္ကိုလိုက္ရွာေနတာလား..ကိုယ္ကမင္းတို႔လည္ဦးမယ္ထင္ဘို႔ ဒီမွာခဏဝင္ထိုင္နားေနတာ "
စူပုတ္ေနတဲ့ေနေစးရဲ႕မ်က္ႏွာကိုၾကည့္ၿပီး ခြန္စိုင္းအေၾကာင္းျပခ်က္ေပးမိ၏။ ဒီေကာင္ေလးမ်က္ႏွာကစိတ္မ်ားဆိုးေနသလားပဲ။?
" ေနာ္ တို႔အေနနဲ႕ကိုခြန္စိုင္းက ကိုခမ္းေက်ာက္နဲ႕အတူေပ်ာက္သြားေတာ့ဘာမ်ားသြားလဲလိုက္ရွာရတာေပါ့၊ ကိုခြန္စိုင္းက ဧည့္သည္ေလ..အကို႔ မွာကတာဝန္ရွိတယ္မဟုတ္လား "
သူမေျပာလိုက္တဲ့စကားေၾကာင့္ ခြန္စိုင္းစိတ္မေကာင္းျဖစ္မိသြားသည္။ တကယ္ေတာ့ သူမေျပာတာလဲမွန္ပါတယ္ေလ။ ဘာပဲျဖစ္ေစ ခြန္စိုင္းကဧည့္သည္ပါပဲ ။
ခြန္စိုင္းမ်က္ႏွာပ်က္သြားေတာ့ ေနေစး မ်က္ေမွာင္က်ဳံ႕ၿပီးသူမအားစိတ္ပ်က္သလိုအၾကည့္စူးစူးတစ္ခ်က္ၾကည့္လိုက္သည္။ အဲ့လိုပဲ ဘြား နဲ႕ ေမာ့ကလည္းသူမရဲ႕စကားေတြအတြက္စိတ္အလိုမက်ေပ။ သူမဘာေၾကာင့္ ခြန္စိုင္းကိုပဲ ေျပာေနရသလဲေတြးလွ်က္ေပါ့။
" မေနာ္အဲလာ ေျပာတာဟုတ္ပါတယ္၊ ကြၽန္ေတာ္ကဧည့္သည္ဆိုေတာ့ တဖက္အိမ္ရွင္ကိုမၾကည့္မိဘူးျဖစ္သြားတယ္၊ ေတာင္းပန္ပါတယ္ေနာ္အက္ဒြက္ "
စိတ္မေကာင္းျဖစ္ေနတဲ့အသံေလးႏွင့္ၿပဳံး၍ေျပာလာတဲ့ ခြန္စိုင္းဟာ သူနဂိုအတိုင္းၿပဳံးေနေပမယ့္သူ႕မ်က္လုံးထဲကဝမ္းနည္းမႈ႕ေတြကိုအတိုင္းသားျမင္ေနရသည္။ ခြန္စိုင္းရဲ႕ေတာင္းပန္မႈ႕ကိုေနာ္အဲလာႀကိတ္ေလွာင္ေနေပမယ့္ ေနေစးကေတာ့ ပိုပို၍စိတ္ပ်က္လာၿပီး ေနာ္အဲလာဘက္ကိုစိုက္ၾကည့္ကာပင္ေျပာလာသည္။
" က်ဳပ္ဧည့္သည္ေလးကိုလိုက္ရွာတာစိတ္ပူလို႔၊ သူတစ္ခုခုျဖစ္မွာက်ဳပ္မလိုခ်င္လို႔ ေနာ္အဲလာ၊ မင္းေျပာသလိုသူကဧည့္သည္တစ္ေယာက္မို႔ တာဝန္ေၾကာင့္လိုက္ရွာခဲ့တာမဟုတ္ဘူး၊ ေနာက္ၿပီး.. "
စကားကိုဆက္မေျပာပဲ ခြန္စိုင္းမ်က္ႏွာကိုတည္ၾကည္စြာၾကည့္၍...။
" က်ဳပ္နဲ႕ စိုင္းဟြမ္ၾကားမွာ ေတာင္းပန္ျခင္းဆိုတာမရွိဘူး၊ ခင္ဗ်ားက်ဳပ္ကိုေတာင္းပန္စရာမလိုဘူး"
စကားေျပာတဲ့လူကတစ္ေယာက္တည္းပါပဲ။ သို႔ေသာ္ သူမကိုၾကည့္ၿပီးေျပာတဲ့ေလသံနဲ႕ ခြန္စိုင္းကိုၾကည့္ၿပီးေျပာတဲ့ ေလသံဟာကြာျခားေနခဲ့သည္။ ေနေစးရဲ႕စကားေၾကာင့္ ခြန္စိုင္းရင္ထဲမွာစိတ္လုံၿခဳံမႈ႕နဲ႕ေႏြးေထြးမႈ႕တို႔အျပင္ သူကငါ့ကိုဂ႐ုစိုက္ပါလားဆိုတဲ့ႏွစ္ကိုယ္ၾကားယုံၾကည္မႈ႕တို႔ျဖစ္ေပၚေစသည္။
ဘြားနဲ႕ေမာ့ကေတာ့ ေနာ္အဲလာကိုအားနာေပမယ့္သူမေျပာတာေတြကနည္းနည္းစည္းေက်ာ္ေနတာမို႔ဝင္မတားေပ။ ေလထုက ေနာ္အဲလာအေပၚသိပ္တင္းမာေနမွန္းသိေတာ့ ခမ္းေက်ာက္ကဝင္ေျပာလာသည္။
" အဟမ္း..ကိုစိုင္းကိုဒီဘက္အတူေခၚမိတာ ကြၽန္ေတာ္ပါ အဲ့တာေၾကာင့္ၾကားထဲက ကိုေစာေနေစးကိုအလုပ္ရႈတ္ေစမိရင္ကြၽန္ေတာ္ကပဲၾကားထဲကေတာင္းပန္ပါတယ္ဗ်ာ "
" အဲ့လိုမွန္းသိေနရင္ နဂိုတည္းကဆင္ျခင္သင့္တယ္ ခမ္းေက်ာက္၊ မင္းကဒီ႐ြာမွာအသိရွိတယ္ က်ဳပ္ဧည့္သည္ေလးက ဒီ႐ြာမွာမ်က္ႏွာစိမ္းပဲ၊ မင္းနဲ႕သြားလာတဲ့အခါမ်ိဳးမွာ ဘာကိုယုံၾကည္လို႔က်ဳပ္ဧည့္သည္ေလးကိုေခၚသြားခိုင္းရမလဲက်ဳပ္မေတြးတတ္ဘူးပဲ "
" အာ...ဟိုေလ ..အက္ဒြက္ "
ခပ္တည္တည္ပဲ အားမနာတမ္းေျပာလိုက္တဲ့ ေနေစးကို ခြန္စိုင္းကေခါင္းခါကာတားရ၏။ ဘြားနဲ႕ေမာ့ကေတာ့ လုံးဝမတားေခ်။
" ဟုတ္ပါတယ္၊ ကြၽန္ေတာ္အဲ့အခ်က္မေတြးမိဘူးျဖစ္သြားတယ္ ဟ ဟ "
မတတ္သာတဲ့အဆုံး အားလုံးေနရမခက္ေအာင္ ခြန္စိုင္းကျပန္ေျဖေပးသည္။
" အခုအဲ့တာေတြထားလိုက္ပါေတာ့..ေရာက္တုန္းေရာက္ခိုက္ေလး ကြၽန္ေတာ္တို႔ေခါင္ရည္ေသာက္ၾကည့္ရေအာင္ေလ၊ မေနာ္အဲလာက မိန္းကေလးဆိုေတာ့ ေသာက္လို႔အဆင္ေျပရဲ႕လားဗ် "
" အာ..ဟုတ္ကဲ့ ေနာ္ တို႔ကေသာက္ေနၾကဆိုေတာ့အဆင္ေျပတယ္ "
" ဘြား တို႔ကေရာ "
" က်ဳပ္တို႔ကေတာ့ စုပ္ေခါင္ ပဲေသာက္မယ္၊ ေျမအိုးကေပါ့တယ္၊ ေနေစး မင္းေရာ? "
ဘြား ေမးေတာ့ ေနေစးက ခြန္စိုင္းကိုလွမ္းၾကည့္လိုက္တယ္။တစ္ခုခုေတာ့မွာလိုက္ပါ ဆိုတဲ့ပါပီမ်က္လုံးေလးေတြနဲ႕ ။ ဒီလူႀကီးေလးကေတာ့ေလ။
" မင္းတို႔မွာတာပဲေသာက္မယ္ "
"ဟုတ္ၿပီ၊ အဲ့တာဆို မွာၾကေလ အတူတူေသာက္ၾကတာေပါ့ "
အဲ့ေတာ့မွ ခြန္စိုင္းတို႔ စားပြဲဝိုင္းေလးက စားေသာက္ဝိုင္းနဲ႕တူစြာ စည္စည္ကားကားေလးျဖစ္လာသည္။ ဘြား တို႔ေျပာတဲ့စုပ္ေခါင္ ဆိုတဲ့အိုးေလးေတြက ဝါးပိုက္ေလးေတြနဲ႕ေရေႏြးအျဖဴကိုမွထည့္ၿပီးေသာက္ရတဲ့မ်ိဳးေလး။ ခြန္စိုင္းနဲ႕ ခမ္းေက်ာက္နဲ႕ ေနာ္အဲလာ တို႔ကေတာ့ ရိုးရိုးေခါင္ရည္ကိုသာ ေျမခြက္ေလးနဲ႕ေသာက္သည္။ အရသာကတစ္မ်ိဳးေလးျဖစ္ၿပီး အဝင္မဆိုးလွတာေၾကာင့္ ခြန္စိုင္းအတြက္ေတာ့အဆင္ေျပသည္။
စကားဝိုင္းမွာ မ်ားေသာအားျဖင့္ ေမာ့ကစကားေျပာမ်ားသည္။ ေမာ့ က ခြန္စိုင္းကိုဟာသေတြေျပာတယ္ ခြန္စိုင္းကျပန္ေမးရင္းရယ္သည္။
အဲ့အခ်ိန္မွာ နံေဘးက ခမ္းေက်ာက္က ခြန္စိုင္းရယ္ေနတဲ့မ်က္ႏွာေလးကိုၾကည့္ၿပီး ကုန္သြားတဲ့ခြက္ထဲသို႔ အၿမဲငွဲ႕ထားေပးသည္။ ဆိုးတာက အဲ့တာေတြကိုျမင္ေနရတဲ့ ေနေစးဟာ ခမ္းေက်ာက္ရဲ႕ ခြန္စိုင္းေပၚမွာမရိုးသားတဲ့အၾကည့္ေတြကိုပြင့္လင္းစြာေတြ႕လိုက္ရျခင္းေၾကာင့္ ခုံေအာက္မွာရွိတဲ့လက္ကိုတင္းတင္းဆုတ္ထား၍ အံတႀကိတ္ႀကိတ္ျဖစ္ေနျခင္းပင္။ ခမ္းေက်ာက္ကိုခြန္စိုင္းအနီးမွာရွိတာေတာင္ စိတ္မခ်ေတာ့ေပ။
အဲ့လိုပဲ ေနာ္အဲလာသည္လည္း ေနေစးရဲ႕နံေဘးဘက္ဆီပိုတိုးလို႔ကပ္လာသည္။ ဒါေပမယ့္ ေနေစးက တတ္နိုင္သမွ် ေနာ္အဲလာနဲ႕အသားခ်င္းထိေတြ႕ျခင္းကိုေရွာင္တာေၾကာင့္ သူမနဲ႕ ေနေစးၾကားမွာလူတစ္ေယာက္ထိုင္စာျခားနားေနၿပီး သူမဆက္တိုးဖို႔ရာမဝင့္မရဲေပ။
ထို႔ေနာက္..ဘယ္ေလာက္မွပင္မၾကာေသးတဲ့အခ်ိန္မွာ ခြန္စိုင္းဟာ ေျမအိုးတစ္လုံးရဲ႕ခြက္အေသးနဲ႕ဘယ္ေလာက္မွေတာင္မေသာက္ရေသးလူႀကီးေလးမူးခ်င္ေနၿပီ။ ထပ္ေသာက္ဖို႔ျပင္တဲ့အခ်ိန္မွာ ေနေစးက ခြန္စိုင္းလက္ကိုလွမ္းကိုင္ကာ..။
" ေတာ္ၿပီ၊ မေသာက္နဲ႕ေတာ့၊ ခင္ဗ်ားမူးေနၿပီ "
ႏူးညံ့မႈ႕အျပည့္ေျပာတဲ့ ေနေစးစကားေၾကာင့္ခြန္စိုင္းက အ႐ူးေလးကိုပဲၿပဳံးကာ၊
" ကိုယ္မမူးပါဘူးကြာ၊ နည္းနည္းပဲထပ္ေသာက္မယ္ေလ.."
အခုေတာင္စကားေျပာတာ ေလးတိေလးကံနဲ႕မ်က္လုံးကေမွးစင္းၿပီး တကယ္အ႐ူးေလးလိုၿပဳံးဖီးဖီးျဖစ္ေနတာကိုေသာက္ခ်င္ေသးတယ္။
" တကယ္ေျပာတာခင္ဗ်ားမူးေနၿပီ၊ ထပ္ေသာက္ရင္... "
" အင္းပါ.. အင္းပါ နည္းနည္းပဲ.. "
ဂလု ဂလု..။
" ဟား မိုက္တယ္..ေသာက္လို႔ေကာင္းလိုက္တာ ဟီး "
လက္တဖက္ကိုင္ထားၿပီးတားေနတာေတာင္ က်န္လက္တဖက္နဲ႕ယူကာေသာက္လိုက္တဲ့ လူႀကီးေလးက အလည္ေလးပဲကြာ။
ခမ္းေက်ာက္နဲ႕ ဘြား နဲ႕ေမာ့ဟာ ခြန္စိုင္းရဲ႕ပုံစံေလးေၾကာင့္ၿပဳံးစိစိနဲ႕သေဘာက်ေနေလသည္။ ေနေစးကေတာ့ ခြန္စိုင္းရဲ႕အမူးသမားပုံေလးျဖစ္သြားမွာကိုတကယ္မႀကိဳက္ေပ။ ဘာလို႔ဆို သူတစ္ေယာက္တည္းေရွ႕မွာမွမဟုတ္တာပဲ။
" ေနေစး ဒီႏွစ္အမဲလိုက္ၿပိဳင္ပြဲအတြက္ ျပင္ဆင္ၿပီးၿပီလား"
" က်ဳပ္ျပင္ဆင္ေနတယ္..မင္းတို႔ႏွစ္ေယာက္ထဲကဒီတစ္ခါဘယ္သူလဲ "
" မေျပာတတ္ဘူး၊ ျဖစ္နိုင္ရင္ ဒီႏွစ္မွာေတာ့ က်ဳပ္သူ႕ကိုဝင္မၿပိဳင္ေစခ်င္ဘူးရယ္၊ ၿပီးခဲ့တဲ့ႏွစ္က သူလက္ေမာင္းထိထားတာေရာ္ "
" အဲ့တာကို သူ႕အစားမင္းဝင္လဲရတာပဲေလ၊ က်ဳပ္ဆီမွာ ဒူးကိုင္းလာယူလွည့္ "
" ေကာင္းၿပီ က်ဳပ္လာလိုက္မယ္ "
ေနေစးတို႔စကားေျပာဝိုင္းထဲကို ေနာ္အဲလာဝင္မပါေပ။ ဒါေပမယ့္ ေနေစးတို႔ေျပာတာက ဒီႏွစ္ အမဲလိုက္ၿပိဳင္ပြဲအတြက္ဆိုတာသိတာေၾကာင့္ရင္ခုန္ေနတာေတာ့အမွန္ပင္။
ေနေစးစကားခဏလွည့္ေျပာေနတာကိုအခြင့္ေကာင္းယူၿပီး ေခါင္ရည္အိုးကုန္တဲ့အထိ မသိမသာႀကိတ္ေသာက္ေနတဲ့လူႀကီးေလးကေတာ့ မ်က္ႏွာတစ္ခုလုံးရဲရဲနီလွ်က္ မ်က္လုံးငိုက္စင္းကာရီေဝေဝျဖစ္ၿပီး ေရခ်ိန္လြန္သြားခဲ့ၿပီ။
႐ုတ္တရက္ ခြန္စိုင္းကခပ္တည္တည္ပင္ထိုင္ေနရာမွထလိုက္ၿပီး ေနေစးထိုင္ရာခုံဆီေလွ်ာက္သြားတာေၾကာင့္ စကားေျပာေနတဲ့ ေနေစးကလႊဲၿပီး အားလုံးကခြန္စိုင္းကိုလိုက္ၾကည့္ေနသည္။ ေနာ္အဲလာကလည္းသူမတို႔ဆီေလွ်ာက္လာတဲ့ ခြန္စိုင္းကိုၾကည့္ၿပီးေၾကာင္ေတာင္ေတာင္ႏွင့္။
ခြန္စိုင္းဟာ ေနေစးထိုင္ခုံနားေရာက္ေတာ့အရင္ဆုံး ေနာ္အဲလာကိုတစ္ခ်က္ၾကည့္လိုက္ေသးတယ္ၿပီးမွ လူတစ္ေနရာစာလြတ္ေနတဲ့ေနရာကိုၾကည့္ကာရပ္ေနသည္။အခုခ်ိန္ ခြန္စိုင္းဦးေႏွာက္ထဲစိုးမိုးထားတဲ့အေတြးတစ္ခုက ပြဲေစ်းလမ္းမွာ ေနာ္အဲလာက ခြန္စိုင္းနဲ႕ေနေစးၾကားထဲတိုးဝင္ၿပီးေနရာယူခဲ့ျခင္းျဖစ္သည္။ အဲ့တာကိုေတြးမိေတာ့ ခြန္စိုင္းႏႈတ္ခမ္းေလးကဆူပုတ္ပုတ္ေလးျဖစ္လာသည္။
႐ုတ္တရက္ ဘြား က ေနေစးေနာက္ကိုၾကည့္ေနတာေၾကာင့္ ေနေစးလွည့္ၾကည့္လိုက္ေတာ့ ျမတ္နိုးရတဲ့လူႀကီးေလးက မတ္တတ္ရပ္လို႔ေနသည္။
" အက္ဒြဒ္..."
" အင္း..ဘာျဖစ္လို႔လဲစိုင္းဟြမ္၊ တစ္ခုခုလိုလို႔လား? "
ခြန္စိုင္းကိုလွည့္ၾကည့္ကာအလိုလိုက္မႈ႕အျပည့္နဲ႕ေလသံေလးေၾကာင့္ ခြန္စိုင္းပိစိေလးဆိုးခ်င္လာသည္။ ဒါ့ေၾကာင့္ ခြန္စိုင္းက ေနေစးတို႔ႏွစ္ေယာက္ၾကားက ေနရာလြတ္ဆီလက္ညွိုးေလးထိုးကာ၊
" ကိုယ္ထိုင္ခ်င္...လို႔ "
" ....ဟင္?..အင္း..ထိုင္ေလ "
" ၿပီးေရာ "
ခြန္စိုင္းထိုင္ခ်င္တယ္ေျပာတာေၾကာင့္ ေနေစးကခ်က္ခ်င္းပဲသူထိုင္ေနတဲ့ေနရာကေန ေဘးနည္းနည္းတိုးေပးေတာ့ ခြန္စိုင္းကခပ္တည္တည္ပဲေတာင့္ေတာင့္ႀကီးဝင္ထိုင္သည္။စားပြဲမွာက်န္တဲ့လူေတြကေတာ့ ပါးစပ္အေဟာင္းသားႏွင္အံၾသလို႔ေပါ့။
နဂိုတည္းကႏွစ္ေယာက္ထိုင္ခုံမို႔ ေနာ္အဲလာလည္းရွိေနၿပီးသုံးေယာက္ထိုင္တဲ့အခါ ထိုင္ခုံကက်ပ္ေနၿပီးထိုင္ရတာအဆင္မေျပ။ ေနာ္အဲလာသည္သူမတို႔ၾကားမွာ ဘာရည္႐ြယ္ခ်က္နဲ႕ဝင္ထိုင္လဲမသိတဲ့ ခြန္စိုင္းကိုေဒါသေတြထြက္လို႔ေနေတာ့သည္။ ခြန္စိုင္းကသူ႕ခႏၶာကိုယ္ေလးကိုက်ဳံ႕က်ဳံ႕ေလးထိုင္ၿပီး ေနေစး ခါးနားကအက်ီစကိုဆြဲကာ.. မ်က္ဝန္းဝိုင္းႀကီးေတြနဲ႕ၾကည့္၍..။
" ထိုင္ရတာက်ပ္တယ္ "
" ထိုင္ရတာက်ပ္တယ္? "
" အြင္း.."
အခုေနမွာ ခြန္စိုင္းရဲ႕ပုံစံေလးကတျခားလူေတြမ်က္လုံးထဲဘယ္လိုျမင္ေနမလဲမသိ။ ေနေစးရဲ႕အသားညိုတဲ့မ်က္ႏွာမွာပဲ နား႐ြက္ေတြရဲေနခဲ့သည္။ ခြန္စိုင္း ထိုင္ရတာအဆင္မေျပေတာ့ ေနေစးက ေနာ္အဲလာဘက္ၾကည့္ကာ..။
" ေနာ္အဲလာ စိတ္မရွိရင္ တဖက္ခုံမွာထိုင္ေပးပါလား? အျမင္လဲမသင့္ဘူးေရာ္ "
" ဟုတ္ကဲ့အကို.. ရပါတယ္ ဟင္းဟင္း "
အျပင္မွာထိုသို႔ေျဖေပမယ့္ စိတ္ထဲမွာေတာ့ ' ထိုင္ရတာက်ပ္ရင္ သူမ်ားၾကားထဲဘာလာလုပ္တာတုန္း!! ' လို႔အႀကိမ္ႀကိမ္ေခၚဟစ္ေနခဲ့သည္။ ေနာ္အဲလာက ခမ္းေက်ာက္ဘက္ဆီသြားထိုင္လိုက္ေတာ့မွေက်နပ္သြားတဲ့လူႀကီးေလးက သူ႕မ်က္လုံးေတြကိုလက္ႏွစ္ဖက္နဲ႕အတင္းပြတ္ေနတာေၾကာင့္ခြန္စိုင္းက လွမ္းဆြဲကာ..၊
" မ်က္လုံးေတြကိုအဲ့လိုေလွ်ာက္မပြတ္ရဘူးေလ စိုင္းဟြမ္၊ "
" ဟင့္အင္း..မ်က္လုံးစူးလို႔.. "
ႏႈတ္ခမ္းေလးဆူကာေျပာလာတဲ့ ခြန္စိုင္းဟာ ေနေစးကိုကေလးေလးလိုခြၽဲေန၏။ ေသခ်ာတာေပါ့ ဒါမ်ိဳးဆို ေနေစးကသိပ္သေဘာက်သည္ေလ။ အခုလဲၿပဳံးလို႔။
" အဲ့လိုဆိုရင္ေတာင္ေလွ်ာက္မပြတ္နဲ႕ေလေရာ္..အိမ္ေရာက္မွ မ်က္လုံးေဆးခ်ည္ေနာ္ "
" အြင္း..."
* အိမ္ျပန္မွျဖစ္ေတာ့မယ္ လူႀကီးေလးတကယ္မူးေနၿပီ *
ေနေစးက ဘြားတို႔ဘက္စကားလွည့္ေျပာမလို႔ရွိေသးတယ္ ခြန္စိုင္းက ေနေစးလက္ေမာင္းဆီေခါင္းမွီကာမ်က္လုံးေလးမွိတ္ထားသည္။
" အက္ဒြဒ္.."
" အင္း..? "
" ကိုယ္အိပ္ခ်င္လို႔.."
" ခဏေနာ္..က်ဳပ္တို႔ျပန္ၾကမယ္ "
" ၿပီးေရာ.."
အဲ့ေတာ့မွလက္ေမာင္းမွီရင္းၿငိမ္သြားတဲ့ ခြန္စိုင္းကိုေခါင္းျပဳတ္မက်ေစရန္ လက္နဲ႕ေခါင္းကိုထိန္းထားေပးရင္း။
" အဲ့တာကို က်ဳပ္တို႔ျပန္ေတာ့မယ္..ဘြား မင္းတို႔လဲလည္ပတ္ၿပီးျပန္လိုက္ေတာ့ေနာ့ "
" စိတ္မပူနဲ႕ က်ဳပ္တို႔ကအဆင္ေျပတယ္ေရာ္ "
" အင္း၊ ဒါဆို ေနာ္အဲလာ က်ဳပ္တို႔ျပန္ခြင့္ျပဳဦးေနာ့ "
" ... ေကာင္းပါၿပီအကို "
တဖက္ကိုႏႈတ္ဆက္ၿပီးလူႀကီးေလးကိုၾကည့္ေတာ့ မွိန္းေနသည္။
" စိုင္းဟြမ္ ထေလ၊ က်ဳပ္တို႔ျပန္ရေအာင္ "
" အြင္း..ျပန္မယ္ေလ "
" ....အဲ့တာဆို ထေလ၊ "
" ျပန္ပါမယ္ဆို.."
" ခင္ဗ်ားေလးကေတာ့ဗ်ာ.."
မတတ္သာတဲ့အဆုံး..။
" ဘြား..မင္းက်ဳပ္ကိုတစ္ခုကူညီေပး..အေရွ႕ဘက္ျမင္းေဇာင္းသြားၿပီး ဒီေနာက္ဘက္ကိုဆြဲခဲ့ေပး၊ အဆင္ေျပလား "
" က်ဳပ္သြားလိုက္မယ္ "
ထိုသို႔ႏွင့္ ဘြားကခပ္သုတ္သုတ္ပင္ အေရွ႕ဘက္မွာထားထားတဲ့ျမင္းကိုသြားယူေပးသည္။
" ကိုစိုင္း တကယ္မူးသြားတာပဲ၊ "
" သူ႕မွာ မူးရင္ဒီလိုအက်င့္ေလးေတြရွိမယ္လို႔မထင္ထားဘူး၊ ခ်စ္ဖို႔ေကာင္းတယ္ "
ခမ္းေက်ာက္ရဲ႕စကားအဆုံး ေနေစးမ်က္ႏွာလုံးဝပ်က္သြားသည္။
" သူကေယာက္က်ားတစ္ေယာက္ပါခမ္းေက်ာက္ မင္းအေနနဲ႕အဲ့အသုံးအႏႈန္းကမသင့္ေတာ္ဘူးလို႔မခံစားရဘူးလား? "
" ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ဒီညေသာက္တာမ်ားသြားၿပီပဲ "
ေနာ္အဲလာသည္ ဒီညမွာ အေတာ္မ်ားမ်ားကိုသတိျပဳမိသည္။ ေနေစးသည္ သူ႕အေၾကာင္းနဲ႕ပက္သတ္ၿပီးေျပာရင္ေတာင္လွည့္ၾကည့္တတ္သူမဟုတ္ေသာ္လည္း ထိုဧည့္သည္နဲ႕ပက္သတ္ရင္ စကားအမွားအၾကည့္၊ အမွားပင္မခံနိုင္ေလာက္ေအာင္အကဲဆတ္သည္။ ဒါကပဲ သူမကိုစိတ္မခ်ျဖစ္ေစသည္။ သူမဟာ သူမခ်စ္တဲ့ အကို႔ ကိုဒီလိုေယာက္က်ားခ်င္းႀကိဳက္တတ္ေအာင္ျမဴဆြယ္တတ္တဲ့ေယာက္က်ားမ်ိဳးအနားမွာထားရမွာေတာင္စိုးရိမ္လာေတာ့သည္။
" အက္ဒြဒ္....အက္ဒြဒ္ေရ..."
" က်ဳပ္ရွိတယ္စိုင္းဟြမ္၊ "
" ေခါင္းမူးလို႔..."
" မူးမွာေပါ့..ခင္ဗ်ားအမ်ားႀကီးေသာက္တာကိုး ၊ က်ဳပ္စကားမွနားမေထာင္ပဲေလ "
" အက္ဒြဒ္ႀကီးက...ဆိုးလိုက္တာ " တဲ့ေလ
ကေလးညီးသံလိုတီးတိုးေလးနဲ႕ ႐ြတ္ဖတ္သလိုေခၚလာတဲ့ ခြန္စိုင္းဟာတကယ့္ကေလးေလးလိုခ်စ္ဖို႔ေကာင္းသည္။ ဒါေပမယ့္ ဒီအသုံးအႏႈန္းကသူတစ္ေယာက္ပဲသုံးမည္။ တျခားတစ္ေယာက္ကိုေတာ့ သုံးခြင့္မျပဳနိုင္ပါေလ။
ခဏၾကာေတာ့ ဘြားျပန္ေရာက္လာသည္။
" ျမင္းကိုအေနာက္ဘက္မွာထားေပးထားတယ္၊ ဒီနဲ႕နီးနီးေလးပဲေလွ်ာက္သြားလိုက္ "
" အင္း၊ စိုင္းဟြမ္ ခင္ဗ်ားေလွ်ာက္နိုင္ရဲ႕လား "
ထိုသို႔ေမးလိုက္ေတာ့ဆတ္ခနဲ႕မတ္တတ္ရပ္လာတဲ့စိုင္းဟြမ္၊ ၿပီးေတာ့ ေခါင္းညွိမ့္ကာ၊
" ေလွ်ာက္နိုင္တာေပါ့..ဟီး "
အဲ့လိုေျပာၿပီးပြဲခင္းအဝင္ဘက္ကိုေလွ်ာက္သြားလို႔ ေနေစးမွာတည့္မတ္ေပးရေသးသည္။ အင္း မဆိုးေတာ့မဆိုးဘူး အိေႏၵျရရတကယ္ေလွ်ာက္နိုင္ေသးသည္။ ေနေစးလည္း ဘြားတို႔ကိုႏႈတ္ဆက္ၿပီး ထြက္လာခဲ့သည္။ အေနာက္ဘက္ကုန္းကဆိုင္တဲေလးေတြကြယ္တာနဲ႕ေမွာင္မည္းေနတာေၾကာင့္ ေနေစးမွာ ခြန္စိုင္းလဲမက်ေအာင္ေဘးကေနအေျခအေနၾကည့္၍ထိန္းေပးေနရသည္။
သို႔ေသာ္ ျမင္းဆီသို႔ေရာက္ခါနီးနားတြင္ အမူးသမားေလးကဆက္မေလွ်ာက္ခ်င္ေတာ့တာမို႔ လမ္းေလွ်ာက္ေနရာမွ ငုတ္တုတ္ထိုင္ေနလိုက္သည္။
" ဘာျဖစ္တာလဲစိုင္းဟြမ္? ခလုပ္တိုက္မိတာလား? "
" အက္ဒြဒ္ႀကီး..."
" ေျပာေလ က်ဳပ္ဘာလုပ္ေပးရမလဲ "
" ကုန္းပိုး..."
" ဟင္?? "
" ကုန္းပိုးလို႔..ကိုယ့္ေျခေထာက္ေလးေတြက ေလွ်ာက္နိုင္ေတာ့ဝူး "
"...အဟြန္း တကယ္ႀကီးလား? "
" ကုန္းပိုးခ်င္ဘူးလားဟင္? "
ငုတ္တုတ္ေလးေမာ့ၾကည့္လာတဲ့ လူႀကီးေလးကဒီလိုခ်စ္စရာေကာင္းတဲ့ပုံစံေလးေတြရွိေနတာေၾကာင့္ ေနေစးအူယားလာရသည္။ တကယ္ပါ ေစာေနေစးလိုလူမ်ိဳးကို တစ္စုံတစ္ေယာက္ကဒီလိုကုန္းပိုးခိုင္းဖို႔ ဘယ္သူေျပာရဲမလဲ။ ဒီလူႀကီးေလးကေလ.. သူဘာလုပ္ေနလဲဆိုတာေရာ သိပါရဲ႕လား? ။
" တစ္သက္လုံးဆိုရင္ေတာင္ ပိုးထားနိုင္ပါတယ္ဗ်ာ၊ တတ္ပါ.."
ေျပာၿပီးခ်က္ခ်င္း ခြန္စိုင္းကိုေနာက္ေက်ာေပးထိုင္လိုက္တဲ့ ေနေစးေၾကာင့္ အမူးသမားေလးေပ်ာ္႐ြင္ကာေက်ာကုန္းေပၚတတ္၍ ေနေစးလည္ပင္းသို႔သိုင္းဖက္လာသည္။ ခြန္စိုင္းစိတ္ထဲမွာ အခုလိုအေျခအေနကိုအလြန္သေဘာက်ေနမိၿပီး..ေနေစးက ဒီလိုပုံစံမ်ိဳးတစ္ျခားတစ္ေယာက္အေပၚအလိုက္လိုက္မွာမ်ိဳးကိုအေတြးနဲ႕ပင္ မနာလိုေနမိသည္။
" အက္ဒြဒ္ႀကီး..."
" ဗ်ာ.."
" ကိုယ္မဟုတ္ပဲတစ္ျခားတစ္ေယာက္ဆိုရင္ေရာ မင္းကုန္းပိုးမွာလားဟင္? "
" အဟြန္း..က်ဳပ္ကိုဘယ္သူကကုန္းပိုးခိုင္းရဲမွာလဲ "
" အင္းေနာ္..ဒါဆို ကိုယ္ကေရာ? "
" ခင္ဗ်ားကလား..၊ခင္ဗ်ားကေတာ့ မတူဘူး "
" ဘာလို႔လဲ?.."
* က်ဳပ္အတြက္သီးသန့္ျဖစ္တည္မႈ႕ေလးျဖစ္ေနလို႔ေပါ့ဗ်ာ *
အဲ့အခ်ိန္မွာ ခြန္စိုင္းတို႔ကျမင္းဆီေရာက္ေနၿပီမို႔ ေနေစးက သူ႕ေက်ာကုန္းေပၚကေနဆင္းေစၿပီး ျမင္းကုန္းႏွီးကိုေသခ်ာျပင္ၿပီးေနရာခ်ေနသည္။
" ေမးတာေျဖေလ..ဟင္? ဟင္လို႔? "
ေနေစးသြားတဲ့ဘက္ဆီလိုက္ၿပီးရစ္ေနတဲ့ လူႀကီးေလးကိုျမတ္နိုးလြန္းလို႔႐ူးခ်င္သည္။ ေနေစးဘာအေျဖမွျပန္မေပးေသးပဲ ျမင္းကုန္းႏွီးအဆင္ေျပတာႏွင့္ ႐ုတ္တရက္ပင္ ခြန္စိုင္းခါးေသးေသးေလးက မ,ကာျမင္းေပၚေဘးတစ္ေစာင္းတင္ေပးလိုက္ၿပီး ခ်က္ခ်င္းပဲ ေနေစးျမင္းေပၚတတ္လိုက္ေတာ့ အလန့္တၾကားျဖစ္သြားတဲ့ ခြန္စိုင္းက ေနေစးလက္ေမာင္းတစ္ဖက္ကိုတင္းတင္းဖက္ထားသည္။
" အက္ဒြဒ္ႀကီး!! "
" ဗ်ာ.."
" လူဆိုးေကာင္.. !! "
" ဟားဟားဟား "
ေၾကာက္လန့္တၾကားျဖစ္သြားတဲ့ လူႀကီးေလးက ေနေစးလက္ေမာင္းတစ္ဖက္ကိုမလြတ္ပဲ စိတ္ဆိုး၍ပြစိပြစိ႐ႊတ္ကာ အိမ္အျပန္လမ္းကိုအစခ်ီသည္။
ေမွာင္မည္းေနတဲ့ေတာလမ္းေလးရယ္..ပတ္ဝန္းက်င္မွာဓေလ့အလိုက္ေပါက္ေနတဲ့အပင္မ်ားစြာနဲ႕ပိတ္မွိန္းလို႔ ေတာက္ပေနတဲ့ လေရာင္ကေတာ့ေပ်ာက္ကြယ္တဲ့ေန႕ရယ္မရွိေသးေတာ့ ထူးလင္းေနဆဲပင္။ အဲ့အခ်ိန္နဲ႕ကိုက္ညီစြာ ရင္ခြင္ထဲကျမတ္နိုးရတဲ့လူသားေလးရဲ႕ခ်စ္ဖို႔ေကာင္းမႈ႕ေတြက ေနေစး ႏွလုံးသားကိုအခ်စ္မီးေလာင္ကြၽမ္းေစသည္။
ေလညွင္းသဲ့သဲ့တိုက္ခိုက္မႈ႕အရွိန္ေၾကာင့္ တရိပ္ရိပ္တတ္လာတဲ့ ေခါင္ရည္မူးသမားေလး ခြန္စိုင္းဟာ သူ႕ေနာက္ေက်ာျပင္မွာရွိေနတဲ့ ရင္ခြင္တစ္စုံေၾကာင့္ မဲေမွာင္ေနတဲ့ဒီလိုေနရာကိုမွာရွိေနတာကိုပင္ လုံးဝေၾကာက္စိတ္ရွိမေနခဲ့ေပ။ ခြန္စိုင္းသည္ ေနေစးနဲ႕ရွိေနရတာႏွင့္ ေနေစးဟာ သူ႕ကိုတမူထူးျခားစြာဆက္ဆံတတ္ပုံေလးေတြအျပင္ ႏူးညံ့ၿပီးအလိုလိုက္ဟန္အျပည့္နဲ႕စကားအေျပာအဆိုေလးေတြေၾကာင့္ ခြန္စိုင္းရင္ထဲေနရာယူလာခဲ့သည္။ ၿပီးေတာ့ နည္းနည္းေလာက္ျဖစ္ျဖစ္ ဒီလူကိုပိုင္ဆိုင္ခ်င္မိပါ၏။
အေတြးနဲ႕ထပ္တူညီမႈ႕တို႔ေၾကာင့္ အၿမဲခက္ထန္ၿပီးေအးစက္တတ္တဲ့ မ်က္ႏွာျပင္ကိုလွည့္ၾကည့္လိုက္ခ်ိန္မွာ..သူ႕အားျပန္ငုံၾကည့္လာတဲ့ ေနေစးမ်က္ႏွာဟာ ႏူးညံ့မႈ႕အျပည့္ႏွင့္ပင္။
" အက္ဒြဒ္.."
* စကားေျပာတာေလးက လွ်ာေလးပင္ေနတုန္းပဲ၊ ၾကည့္ရတာ ေလတိုက္လို႔ ပိုမူးလာပုံပဲ *
" အက္ဒြဒ္ႀကီး! "
" အင္း "
" ဘာ အင္းလဲ..၊ ဗ်ာ လို႔ထူးရမွာေလ "
" ......"
" ထူးေလလို႔.."
" ခင္ဗ်ားမွ ထပ္မေခၚေသးတာ "
" အက္ဒြဒ္ႀကီး! "
" ဗ်ာ.."
" အဲ့လိုမွေပါ့ "
စိတ္ေက်နပ္သြားတဲ့အမူးသမားေလးကိုၾကည့္ၿပီးး ေနေစးသေဘာက်စြာသြားတန္းျဖဴေလးေတြေပၚတဲ့အထိၿပဳံးလိုက္သည္။ ေနေစးၿပဳံးတာကို ေငးၾကည့္ေနမိတဲ့ခြန္စိုင္းဟာ ႐ုတ္တရက္၊
" ....??? "
" ထပ္ၿပဳံးပါလားဟင္? "
ေနေစး ပါးျပင္ႏွစ္ဖက္ကို ရွည္သြယ္တဲ့လက္ဖဝါးႏွစ္ဖက္ႏွင့္အုပ္ကိုင္ကာ ရီေဝတဲ့အၾကည့္ေတြနဲ႕အတူ လွပတဲ့နီရဲရဲႏႈတ္ခမ္းပါးေလးကအနည္းငယ္နီးကပ္လွသည္။ အခုလိုနီးကပ္လွ်က္ရွိတဲ့အေနအထားမွာ ေနေစးအၾကည့္ေတြက စေတာ္ဘယ္ရီလိုရဲဖူးေနတဲ့ ႏႈတ္ခမ္းလႊာဆီေရာက္သြားတာမို႔ရင္ဘတ္တစ္ေနရာက စိတ္လႈပ္ရွားမႈ႕နဲ႕အတူတံေတြးတစ္ခ်က္ၿမိဳခ်ရင္း..ခြန္စိုင္းလက္အေပၚသို႔ အုပ္ကိုင္ကာ ။
" ၿပဳံးျပေပးမယ္၊ ဒါေပမယ့္ တစ္ခုျပန္ေပးရမယ္"
" အဲ့တာဘာလဲ "
" အဲ့တာက..."
ထိုသို႔သာေျပာၿပီး ေနေစးသည္ ခြန္စိုင္းေခါင္းကိုလက္တဖက္ႏွင့္ဆြဲကာႏႈတ္ခမ္းတစ္စုံကိုနမ္းရွိုက္မိလိုက္သည္။
ႏူးညံ့လြန္းတဲ့ႏႈတ္ခမ္းပါးေလးနဲ႕ထိကပ္မိလိုက္ခ်ိန္မွာ စိတ္လႈပ္ရွားလြန္းလို႔ ေနေစးတခဏမွ်မလႈပ္ရွားရဲေပ။ ေနေစးစိတ္ထဲမွာ သူသာနမ္းရွိုက္လိုက္ရင္ ဒီႏႈတ္ခမ္းသားႏုႏုေလးပဲ့ေႂကြသြားမလားစိုးထိတ္လို႔ေနသည္။
သို႔ေသာ္ မထင္မွတ္စြာ ထိကပ္ထားတဲ့ေနေစးရဲ႕ႏႈတ္ခမ္းေတြကို စတင္နမ္းလွည့္သူမွာ ခြန္စိုင္းျဖစ္သည္ ။ အမူးသမားေလး ခြန္စိုင္းဟာ ဒီအခ်ိန္မွာ သူဘာလုပ္ေနလဲဆိုတာသိရဲ႕လားေတာင္မသိ။ အခုခ်ိန္မွာေတာ့ သူ႕ႏႈတ္ခမ္းမွာနီးကပ္လွ်က္ရွိေနတဲ့ ႏႈတ္ခမ္းေလးကို သူဦးစြာနမ္းလိုက္သည္။
ခြန္စိုင္းရဲ႕အနမ္းေၾကာင့္ ခ်ဳပ္ထိန္းထားတဲ့စိတ္ေတြလြတ္ထြက္သြားသူမွာ ေနေစးျဖစ္သည္။ တားေနတဲ့စည္းတစ္ခု၊ ျခားေနတဲ့တံတိုင္းတစ္ခု၊ ဒါ့အျပင္ လက္ညွိုးထိုးကဲ့ရဲ႕ေလာက္မယ့္ပက္ဝန္းက်င္ ဒါေတြအားလုံးကို ေနေစးမေၾကာက္ဘူး။ ေနေစးေၾကာက္ခဲ့တာတစ္ခုက ဒီအရာေတြကို သူခ်စ္တဲ့ လူႀကီးေလးမခံစားေစရဖို႔ပဲ ။ ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ ဒါေတြက ေလထုသက္သက္ျဖစ္သြားခဲ့ၿပီ။
* ဒီအနမ္းကိုခင္ဗ်ားဘက္ကစတင္ခဲ့တာ ႏွစ္ႀကိမ္ရွိၿပီ စိုင္းဟြမ္၊ က်ဳပ္က လူတစ္ေယာက္ကိုသုံးႀကိမ္အထိေတာ့ အခြင့္ေရးမေပးနိုင္ဘူး၊ အဲ့ေတာ့ ဒီအႀကိမ္မွာတင္ က်ဳပ္တုန့္ျပန္ပါရေစ၊ *
ေနေစးေအာက္ႏႈတ္ခမ္းကို ခြန္စိုင္းစုပ္ယူနမ္းလိုက္ၿပီးတဲ့ေနာက္ ေနေစးက ခြန္စိုင္းကိုနည္းနည္းခြာေစၿပီး မ်က္ႏွာေလးကိုေသခ်ာၾကည့္သည္။ ရီေဝေဝႏွင့္ ေမွးစင္းေနတဲ့မ်က္ဝန္းေတြက သူမူးေနေၾကာင္းသက္ေသပင္။
" ဘာလို႔လဲ..ကိုယ္နမ္းတာ..မေတာ္လို႔လားဟင္? "
" ဟား..႐ူးေတာ့မွာပဲဗ်ာ..၊ "
ခုနကလိုသြားတန္းျဖဴေလးေတြေပၚတဲ့အထိၿပဳံးျပကာ..။
" ေကာင္းၿပီ ဒီဇာတ္လမ္းကို ခင္ဗ်ားစ,တာေနာ္၊ က်ဳပ္ေနာက္ျပန္လွည့္ဖို႔အစီစဥ္မရွိဘူးစိုင္းဟြမ္ "
အဲ့လိုေျပာၿပီးေနာက္ ေနေစးသည္ သူ႕လက္တစ္ဖက္ ေဘးတစ္ေစာင္းထိုင္ေနတဲ့ခြန္စိုင္းခါးေသးေသးေလးကိုဖက္ကာ က်န္လက္တဖက္ကပါးျပင္ေလးကိုအုပ္ကိုင္ကာ ႏူးညံ့မႈ႕အျပည့္ႏႈတ္ခမ္းလႊာကိုနမ္းရွိုက္ေတာ့သည္။
ဖူးငုံေနတဲ့ ႏႈတ္ခမ္းေလးတစ္စုံကိုငုံေထြးလိုက္ခ်ိန္မွာ ပဲ့ေႂကြသြားမလား၊ သြားနဲ႕ျခစ္မိသြားမလားလို႔ပင္ ေပါက္ေပါက္ရွာရွာစိုးရိမ္မိခဲ့ေသးသည္။ ႏႈတ္ခမ္းအေပၚလႊာႏွင့္ေအာက္ႏႈတ္ခမ္းတို႔ကိုနမ္းရွိုက္ၿပီးေနာက္ ခံတြင္းေလးထဲလွ်ာတိုးဝင္ေတာ့ အသာတၾကည္ဖြင့္ေပးလာတဲ့ အမူးသမားေလးက ေနေစး လည္ပင္းဆီသို႔သိုင္းဖက္ကာ မိန္းေမာကာျပန္နမ္းရွိုက္ေပးလာသည္။ လွ်ာေပၚမွမျပယ္ေသးတဲ့ေခါင္ရည္အရသာေလးက အခုခ်ိန္မွာ ေနေစးအတြက္ကိုယ္တိုင္ေသာက္သုံးခဲ့သည့္အလား မူးရစ္ေစ၏။ ရင္ခုန္လြန္းလို႔႐ူးမတတ္ျဖစ္လာတဲ့ ေနေစးဟာ ခြန္စိုင္းခါးေလးကိုညင္သာစြာဖက္ထားေသာ္လည္း လုံေလာက္မႈ႕မရွိဘူးလို႔ ခံစားေနရၿပီး ပိုတင္းက်ပ္စြာဖက္မိသည္။
အနမ္းေတြအစပ်ိဳးသူႀကီးဟာ ျပင္းထန္လာတဲ့ ေနေစးရဲ႕အနမ္းေတြၾကားမွာ ၾကာလာေတာ့အသက္ရႉေပါက္ပိတ္တဲ့ယုန္ေလးလို႔ ရင္ဘတ္ကိုတြန္းလာေပမယ့္ မ်က္လုံးမွိတ္၍စီးေျမာခံစားရင္းနမ္းေကာင္းေနဆဲ ေနေစးကေတာ့ မလြတ္ခဲ့ေပ။ ေနာက္ဆုံး လက္ေလွ်ာ့သြားတဲ့ အမူးသမားေလးဟာ ေနေစး နမ္းလို႔မဝခင္မွာပင္ အိပ္ေပ်ာ္သြားေတာ့သည္။
" ဟား....က်ဳပ္ခင္ဗ်ားကိုခ်စ္လြန္းလို႔႐ူးမတတ္ျဖစ္ေနၿပီဗ်ာ "
အိပ္ေပ်ာ္သြားတဲ့ ခြန္စိုင္းကိုရင္ခြင္ထဲထည့္ၿပီး ေပြ႕ဖက္ထားတာမွ ကေလးတစ္ေယာက္သဖြယ္ ။ ခႏၶာကိုယ္ျခင္းလဲ ကြာျခားတာကိုး ။
" ေနာက္တစ္ခါ က်ဳပ္နဲ႕ႏွစ္ေယာက္တည္းမဟုတ္ပဲ ခင္ဗ်ားအရက္ေသစာေသာက္ခြင့္မျပဳေတာ့ဘူးစိုင္းဟြမ္၊ "
ႏွဖူးေလးကိုျမတ္နိုးစြာနမ္းကာေျပာလိုက္ေသာ္လည္း ရင္ခြင္ထဲကလူႀကီးေလးကေတာ့ၾကားမယ္မထင္။ မနက္မိုးလင္းလို႔သတိရတဲ့အခါ သူ႕ကိုေရွာင္ဖယ္မေနဖို႔ေမွ်ာ္လင့္ရမွာပဲ ။
_________________________________________
ေခါင္ရည္ေသာက္ၿပီးေသေအာင္ခ်စ္ဖို႔ေကာင္းေနလိုက္ စိုင္းဟြမ္ေလးေရ..အက္ဒြက္ႀကီးေတာ့မသိ ကိုယ္ေတာ့ ေတြးရင္း အူယားေနေရာဖဲ 🌺
#VOTE &CM PLEASE 🤙
#22 - Auguest - 2021 - 9:00 PM
#Moewathan 📚💛
_________________________________________