Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1M 152K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အေၾကာင္းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက္နက္(12)မ်ိဴး-လက်နက်(12)မျိူး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter -79
Chapter-80
about Vol-2

Chapter-64

7.3K 1.1K 51
By Neko_san_ZP

Zawgyi

ဝမ္ေဖးရန္နဲ႔႐ွလုန္ရိြန္ဟာ ေတာအတြင္းပိုင္းထဲထိဝင္လာၿပီးေနာက္မွာ 'ဟုန္'တံဆိပ္ျပားမ်ားကို ႐ွာေဖြေနခဲ့သည္၊ဟုန္ေတာအုပ္ႀကီးဟာ က်ယ္ဝန္းလွတာေၾကာင့္ ၿပိဳင္ပြဲဝင္သူေတြနဲ႔ဆံုရတာ ခက္ခဲလွသည္၊ဒါ​ေပမယ့္ ေတာအတြင္းပိုင္းေရာက္ေလေလ အႏၱရာယ္ပိုမ်ားမ်ားေလဆုိတာ သူတို႔ႏွစ္ေယာက္နားလည္တာေၾကာင့္ သတိနဲ႔သာ သြားလာလႈပ္႐ွားေနတုန္းမွာ ဝမ္ေဖးရန္ဟာ သူတို႔ကို ေစာင့္ၾကည့္ေနသည့္အဖြဲ႔႐ွိသည္ကို သတိထားမိလိုက္တာေၾကာင့္

"လုန္ရိြန္... " ဝမ္ေဖးရန္ဟာ ေဘးပတ္ဝန္းက်င္ကို သတိနဲ႔ၾကည့္ရင္း ႐ွလုန္ရိြန္ရဲ႕နာမည္ကို ေခၚလိုက္ေတာ့ ႐ွလုန္ရိြန္ဟာလည္း သူရဲ႕ေနာက္ေက်ာက လွံကို ကိုင္လိုက္ၿပီး ညာဘက္ေတာအုပ္ဘက္ကို စိုက္ၾကည့္ကာ

"ထြက္ခဲ့စမ္း" လို႔ ေအာ္ေျပာလိုက္ေတာ့ ေျခသံတခ်ိဳ႕ကုိၾကားလိုက္ရ​ေတာ့သည္၊ထို​ေနာက္ အဝါေရာင္ဆံပင္တိုနဲ႔ အနည္းငယ္ၾကည့္ေကာင္းေပမယ့္ ခက္ထန္သည့္မ်က္ႏွာနဲ႔လူဟာ ဦးေဆာင္လာၿပီး သူရဲ႕အေနာက္တြင္လည္း က်င့္ၾကံသူၿပိဳင္ပြဲဝင္ အေယာင္ငါးဆယ္ေက်ာ္ကို ေတြ႔လိုက္ရသည္၊ထိုလူကို ဝမ္ေဖးရန္တို႔သိသည္၊ ၿပိဳင္ပြဲဝင္ေတြထဲက ဒီခ်ံဴးအဆင့္အလႊာငါးျဖစ္တာ​ေၾကာင့္ ခ်င္းက်န္ကြမ္(အႀကီးအကဲခ်င္း)ေတာင္ မဆိုးေၾကာင္းေျပာလိုက္သည့္သူပင္၊ဒါေၾကာင့္လူေတြဦးေဆာင္ၿပီး ခ်က္ခ်င္းအဖြဲ႔ဖြဲ႔ႏိုင္ခဲ့တာ မဆိုးဘူးလို႔ ဆုိရမွာေပါ့၊

ထိုလူဟာ ေ႐ွ႕တက္လာၿပီး ဝမ္ေဖးရန္တို႔ကို ၾကည့္ကာ

"မင္းတို႔ရခဲ့သမ်ွ တံဆိပ္ျပားေတြ ငါ့ဆီအပ္" လို႔ ေျပာလိုက္ေတာ့ ႐ွလုန္ရိြန္ဟာ ဝမ္ေဖးရန္ကို အေနာက္ပို႔လိုက္ၿပီး သူရဲ႕သံုးခြလံွကို ဆြဲထုတ္ကာ ထိုလူကို ခ်ိန္လိုက္ၿပီး အထင္ေသးစြာေျပာလိုက္သည္၊

"တစ္ေယာက္ခ်င္းလာမလား အဖြဲ႔လိုက္လာမလား ႀကိဳက္သလိုလုပ္"

တစ္ဖက္က က်င့္ၾကံသူအဖြဲ႔ရဲ႕မ်က္ႏွာဟာ တင္းမာခက္ထန္သြားေတာ့သည္၊ဒါေပမယ့္ သူတို႔ဟာ သူတို႔ကို ဦးေဆာင္ေခၚလာသည့္ဒီခ်ံဴးအဆင့္က်င့္ၾကံသူကိုသာ ၾကည့္လိုက္သည္၊ဘာလို႔လဲဆုိေတာ့ သူတို႔ရင္ဆိုင္ေနရသည့္က်င့္ၾကံသူကလည္း ဒီခ်ံဴးအဆင့္ျဖစ္ေနသည္မလား၊

"ဟြန္႔! ေတာ္ေတာ္ေမာက္မာတဲ့သူပဲ ငါထန္မင္ကလည္း အဲ့လိုလူမ်ိဳးဆုိရင္ ႐ိုက္ခ်ိဳးခ်င္တာ" လို႔ ဒီခ်ံဴးအဆင့္က်င့္ၾကံသူထန္မင္ဟာ ေျပာလုိက္သည္၊သူအေနနဲ႔ သူတိုက္ခိုက္ရမည့္လူဟာ သူ႔ထက္ အလႊာေလးလႊာပိုမ်ားေပမယ့္ သူတို႔မွာ လူအင္အားပိုေတာင့္ၿပီး တခ်ိဳ႕က ဒီခ်ံဴးအဆင့္ဝင္ရန္လက္တစ္ကမ္းအလိုပင္ေရာက္ေနက်ၿပီ၊ဒါေၾကာင့္ စုေပါင္းတိုက္ခိုက္မယ္ဆုိရင္ ဒီႏွစ္ေယာက္ကို အရည္အတြက္နဲ႔သူတို႔ႏိုင္ႏိုင္ေခ်႐ွိသည္၊ဒါ​ေၾကာင့္ အနည္းငယ္ေၾကာက္ရြံေနသည့္သူေနာက္လိုက္ေတြကို

"ဘာမွေၾကာက္စရာမလိုဘူး ငါတုိ႔မွာ လူအင္အားပိုမ်ားတယ္ ဒီခ်ံဴးအဆင့္က်င့္ၾကံသူႏွစ္ေယာက္က ငါတို႔ရဲ႕တိုက္ခိုက္မႈကို ဘယ္ေလာက္ခံႏိုင္မွာမို႔လို႔လဲ" လို႔ ေျပာလိုက္ေတာ့ က်န္တဲ့သူေတြလည္း ထန္မင္စကားဟာ မွန္ကန္တာေၾကာင့္ သူတို႔သိုင္းဝိညာဥ္ေတြကို ထုတ္လာကာ တိုက္ခိုက္ရန္ ျပင္လိုက္သည္၊

ဝမ္ေဖးရန္ဟာလည္း အေနာက္ကိုေျခသံုးလွမ္းဆုတ္လိုက္ၿပီး သူရဲ႕ရြယ္ေဆြ႕ကို ကု႔ခ်င္းအျဖစ္ေျပာင္းလဲလိုက္ၿပီး ႐ွလုန္ရိြန္ကို ေခါင္းညိတ္ျပလိုက္သည္၊ထိုေနာက္ ေတးတစ္ပုဒ္ကို စတင္တီးခတ္ေတာ့သည္၊ကု႔ခ်င္းႀကိဳးေပၚ တီးခတ္ေနသည့္ သြယ္လ်လ်လက္ေလးေတြ​ဟာ ႏူးညံ့သိမ္ေမြ႔ကာ မထိရက္မတို႔ရက္ႏိုင္ေပမယ့္ ထြက္ေပၚလာသည့္ ေတးသံကေတာ့ ေၾကာက္စရာအလြန္ေကာင္းသည္၊

"ဘာသံလဲ! အားးးးး!" ဒီခ်ံဴးအဆင့္ေအာက္ သိုင္းအဆင့္နိမ့္သူမ်ားသည္ ထိုေတးသံဟာ သူတို႔နားကေနတစ္ဆင့္ အာရံုေၾကာကိုတိုက္ခိုက္လာသည့္ခ်ိန္မွာ အေၾကာက္တရား၊ေသျခင္းတရားကို စတင္ခံစားေနရေတာ့သည္၊ ကု႔ခ်င္းေတးသံဟာ ပတ္ဝန္းက်င္ကို ႐ိုး႐ိုးေလးပဲ ျပန္႔လြင့္ေနေပမယ့္ ထိုေတးသံမွာ ပါဝင္သည့္သံစဥ္ကေတာ့ ထင္သေလာက္မ႐ိုး႐ွင္းေပ၊

ထန္မင္ကလည္း အနည္းငယ္အာရံုေနာက္သလိုျဖစ္သြားေပမယ့့္ သူရဲ႕စိတ္ကို ျပန္ထိန္သိမ္းႏိုင္ကာ ကု႔ခ်င္းတီးခတ္ေနသည့္သူကိုၾကည့္ကာ အံ့ႀကိတ္လိုက္ၿပီး

"ေသမင္းဆြဲငင္ေတးသံလား..." မဟုတ္ဘူး ထိုေတးသံနဲခပ္ဆင္ဆင္ရံုသာ၊ေသမင္းဆြဲငင္ေတးသံက ပိုမို​ေၾကာက္စရာ​ေကာင္းလြန္းလွၿပီး ဒီခ်ံဴးအဆင့္က်င့္ၾကံသူတစ္ေယာက္ေတးခတ္ႏိုင္မည့္အရာမဟုတ္ေပ၊ၿပီးေတာ့ လက္႐ွိကု႔ခ်င္းေတးသံဟာ အနည္းငယ္႐ိုး႐ွင္းၿပီး သတ္ျဖတ္ခ်င္စိတ္မမ်ားေပ၊ေသမင္းဆြဲငင္ေတးသံဟာ ႀကိဳးတစ္ေခ်ာင္းတီးခတ္လို႔ ထြက္ေပၚလာသည့္သံစဥ္တိုင္းဟာ သတ္ျဖတ္ျခင္းမ်ားနဲ႔ျပည့္သိပ္ေနၿပီး ၾကားရသူတိုင္းကို ႐ူးသြပ္ေစခ်င္ႏိုင္သည္၊လက္႐ွိေတးသံက်ေတာ့ က်င့္ၾကံသူေတြရဲ႕အၾကားအာရံုကိုသာ ထိခိုက္ေစရံုပဲတတ္ႏိုင္သည္၊ဒါေပမယ့္လည္း သူ႔လူဆယ္ေယာက္ေက်ာ္ဟာ ေျမျပင္မွာဒူး​ေထာက္ကာ ေသြးစိမ္းမ်ား နားထဲက်ေနသည္ကိုျမင္ေတာ့ သူရဲ႕မ်က္ႏွာေၾကာဟာ ပိုမိုခက္ထန္သြားကာ

"ကု႔ခ်င္းတီးတဲ့သူကို တိုက္ခိုက္!" လို႔ အမိန္႔ေပးလိုက္ေတာ့ က်န္သည့္လူေတြဟာ ဝမ္ေဖးရန္ဆီ ခ်က္ခ်င္းဝင္ေရာက္တိုက္ခိုက္ရန္ႀကိဳးစားလာေတာ့သည္၊ဒါေပမယ့္ လွံတစ္ေခ်ာင္းဟာ ဝမ္ေဖးရန္နဲ႔သူတို႔ၾကားဝင္ေရာက္လာၿပီး

"ဘာလဲ မင္းတို႔က ငါ့ကို ေမ့ေနတာလား" လို႔ စကားသံထြက္လာၿပီးေနာက္မွာ သူတို႔ဘက္က လူသံုးေယာက္ဟာ လွံ႐ွည္ေအာက္မွာ အလံုးအရင္းခံရတာ လြင့္ထြက္လဲက်သြားေတာ့သည္၊ဒါ​ေၾကာင့္ သူတို႔အေနနဲ႔ ဒီလွံသမားကို အရင္တိုက္ခိုက္မွ ရမည္ျဖစ္ေၾကာင္းနားလည္လိုက္သည္၊

"ျမႇားသမားေတြ အေဝးကေန တိုက္ခိုက္!" လို႔ထန္မင္ဟာ အမိန္႔ေပးလိုက္ေတာ့ ျမႇားလက္နက္သိုင္းဝိညာဥ္ပိုင္ဆိုင္ထားသည့္က်င့္ၾကံသူေတြဟာ သူတို႔ေလးကို ထုတ္ကာ ဝမ္ေဖးရန္ဆီကို ခ်ိန္ကာ ပစ္လိုက္ေပမယ့္ လ်င္ျမန္ေသာအ႐ွိန္အျဖင့္ ေရာက္လာသည့္လွံ႐ွည္တစ္ေခ်ာင္းဟာ ေလထဲ ေစလႊတ္ခံလိုက္ရသည့္ ျမႇားတိုင္းကို ရပ္တန္႔ေအာင္ ႐ိုက္ခ်သြားေတာ့သည္၊

ထိုေနာက္ ထိုသံုးခြလွံဟာ ေလးကိုင္ေဆာင္သည့္က်င့္ၾကံသူေတြဘက္ကို ဦးတည္ေရာက္လာသည့္ခ်ိန္မွာေတာ့ သူတို႔မွာထြက္ေျပးရံုကလြဲ၍ မတတ္ႏိုင္ေတာ့ေပ၊လွံ႐ွည္ဟာ ေျမႀကီးေပၚစိုက္ကာ ထြက္ေပၚလာသည့္အ႐ွိန္အဝါေၾကာင့္ ထိုတဝိႈက္မွာ႐ွိသည့္ေလးကိုင္ေဆာင္သူက်င့္ၾကံသူေတြကို ထိခိုက္ကုန္​ေတာ့သည္၊

"ပုရြတ္ဆိတ္ေတြ" ႐ွလုန္ရိြန္ဟာ သူရဲ႕လွံ႐ွည္ကို သူ႔ဆီျပန္လာရန္ စိတ္ထဲကေန အမိန္႔ေပးေစခိုင္းၿပီးေနာက္မွာ ထန္မင္တို႔ဘက္ကိုလွည့္ကာ ေျပာလိုက္ေတာ့သည္၊ထန္မင္ဟာလည္း ထိုသို႔ေသာ အထင္ေသးေစာ္ကားေျပာဆုိသည့္စကားကို ပထမဆံုးအႀကိမ္ခံရတာေၾကာင့္ သူရဲ႕မ်က္ႏွာဟာေဒါသေၾကာင့္ နီညိဳေရာင္ပင္ေပါက္ေနသည္၊ထိုေနာက္ သူရဲ႕သိုင္းဝိညာဥ္ျဖစ္သည့္ က်ားျဖဴႀကီးကို ထုတ္ကာ...

"အဟမ့္ မင္းကိုယ္မင္း အရမ္းအထင္ႀကီးလြန္းတာပဲ အစြမ္းကုန္တိုက္ခိုက္က် ညီအစ္ကိုတို႔!" လို႔ ထန္မင္ဟာ အမိန္႔ေပးလိုက္ေတာ့ က်န္တဲ့သူေတြဟာလည္း ႐ွလုန္ရိြန္ဆီ ေျပးဝင္လာေတာ့သည္၊႐ွလုန္ရိြန္ဟာလည္း သူ႔ဆီ ဝင္လာသည့္သူေတြကို မ်က္လံုးေမွးစင္းၾကည့္လိုက္ၿပီး သူရဲ႕လက္ထဲက သံုးခြလွံ႐ွည္ကို သံုး၊ေလး၊ငါးပတ္ လွည့္လိုက္ၿပီးေနာက္မွာ သံုးခြလွံ႐ွည္ကေန လ်ွပ္စီးလက္သလို အျပာေရာင္လ်ွပ္စီးမ်ားထြက္ေပၚလာေတာ့သည္၊ထိုေနာက္ သူ႔ဆီ ေျပးဝင္လာသည့္ က်င့္ၾကံသူေတြဆီ သူဟာ ျပန္ေျပးဝင္သြားၿပီး စတင္တိုက္ခိုက္ေတာ့သည္၊

က်င့္ၾကံသူတိုင္းဟာ ႐ွလုန္႐ွိန္ေျပးဝင္လာသည့္ခ်ိန္မွာ ေၾကာက္လန္႔သြားေပမယ့္ သူတို႔မွာ လူအင္အားမ်ားတာေၾကာင့္ သတၱိအတင္းေမြးလိုက္ၿပီး ျပန္လည္တိုက္ခိုက္လာေပမယ့္ ထိုလွံ႐ွည္နဲ႔သူတိုလက္နက္ထိသည့္ခ်ိန္မွာ တကိုယ္လံုး က်ဥ္တက္သြားၿပီး အ႐ိုးထဲထိ လ်ွပ္စီးမ်ား စီးဆင္းသြားသလိုပင္၊မဟုတ္ဘူး သူတို႔သိုင္းဝိညာဥ္ထိပင္ နာက်င္ၾကင္တက္သြားသည္ကို ခံစားေနရသည္၊ဒါဘယ္လိုခံစားခ်က္ႀကီးလဲ! ပိုဆိုးသည္ဟာ သူတို႔က်ဥ္တက္သြားကာ အာရံုလြင့္သြားသည္ႏွင့္ ကု႔ခ်င္းေတးသံဟာ သူတို႔နားထဲဝင္ေရာက္လာကာ သူတို႔ရဲ႕အာရံုေၾကာကို စတင္တိုက္စားေတာ့သည္၊

"သူရဲ႕လက္နက္နဲ႔မထိခိုက္မိေစနဲ႔"ထန္မင္ဟာ ထိုအခ်င္းအရာကိုျမင္ေတာ့ သူ႔မွာမ်က္ေမွာင္ၾကဳတ္သြားကာ ကု႔ခ်င္းတီးခတ္သည့္လူငယ္ကိုလွမ္းၾကည့္လိုက္သည္၊ဒီႏွစ္ဦးက တကယ္ေၾကာက္ဖို႔ေကာင္းသည္၊ႏွစ္ေယာက္လံုးဟာ အခြင့္အေရးနည္းနည္းေလးေတာင္ အလြတ္မခံပါလား!

" ဒီေကာင္ လူေကာဟုတ္ရဲ႕လား" ႐ွလုန္ရိြန္ရဲ႕လွံ႐ွည္ တိုက္ခိုက္မႈကို ခံရသူတိုင္းဟာ တစ္ခ်က္ပင္မလႈပ္ႏိုင္တာျမင္ေတာ့ အကုန္လံုးဟာ စိတ္ဓာတ္က်ဆင္းလာေတာ့သည္၊ဒါကို ထန္မင္ျမင္ေတာ့ သူလည္း သူရဲ႕လက္နက္ျဖစ္သည့္ သံလက္သည္းတိုက္ခိုက္ေရးလက္နက္ကို လက္မွာဝတ္ဆင္လိုက္ၿပီးေနာက္မွာ သူဟာ ႐ွလုန္ရိြန္ဆီ ေျပးဝင္တိုက္ခိုက္ေတာ့သည္၊က်ားသားရဲသိုင္းဝိညာဥ္ပိုင္ဆိုင္ထားတာေၾကာင့္ သူရဲ႕အ႐ွိန္ဟာ သာမန္က်င့္ၾကံသူေတြထက္ ဆယ္ဆေလာက္လ်ွင္ျမန္ေနတာေၾကာင့္ ႐ွလုန္ရိြန္ကို ထိခိုက္ေအာင္တိုက္ခိုက္ႏိုင္မည္မွန္း ယုံၾကည္သည္၊ဒါေၾကာင့္ သူရဲ႕အ႐ွိန္ကို ႏွစ္ဆပိုျမႇင့္လိုက္ၿပီး တစ္ခါတည္း ႐ွလုန္ရိြန္ရဲ႕ေသေစသည့္ေနရာကို ဦးတည္တိုက္ခိုက္ရန္ ဦးတည္လာသည္၊

ဒါေပမယ့္ သူရဲ႕လက္သည္းကို ေလထဲလြဲကာ တိုက္ခိုက္ရန္ျပင္လိုက္ေပမယ့္ သံုးခြလွံ႐ွည္ဟာ တားဆီးလာေတာ့သည္၊သံုးခြလွံ႐ွည္နဲ႔သူရဲ႕လက္နက္ထိမိကာ *ရႊင္*ဆုိသည့္ အသံက်ယ္ႀကီးထြက္လာၿပီးေနာက္မွာ ထန္မင္ရဲ႕မ်က္ႏွာလည္း နာက်င္မႈေၾကာင့္ ႐ႈပ္မဲ့သြားေတာ့သည္၊ဒါေပမယ့္ သူဟာလည္း ခံႏိုင္ရည္အားျမင့္သည့္က်င့္ၾကံသူျဖစ္တာေၾကာင့္ ခ်က္ခ်င္းျပန္လည္တိုက္ခိုက္လိုက္သည္၊

ေတာအုပ္ထဲမွာ လွံ႐ွည္နဲ႔လူငယ္ဟာ တစ္ဖက္႐ွိလူ သည္းႀကီးမည္းႀကီးတိုက္ခိုက္ေနသည္ကိုေအးေဆးခုခံေနရင္း သူရဲ႕လွံ႐ွည္ကို ေလထဲမွာ တစ္ခ်က္ေဝွ့ယမ္းလိုက္ၿပီး တစ္ဖက္လူကို ခုနကတိုက္ခိုက္ေနသည့္အ႐ွိန္ထက္ ႏွစ္ဆအင္အားထည့္ကာ တိုက္ခိုက္လိုက္သည့္ခ်ိန္မွာ တစ္ဖက္က်င့္ၾကံသူဟာလည္း လက္သည္းလက္နက္နဲ႔ကာလိုက္ေတာ့သည္၊ဒါေပမယ့္ ထိုက်င့္ၾကံသူဟာ ေျခာက္လွမ္းေလာက္ အေနာက္ကို ေျခလွမ္းဆုတ္သြားကာ ေျမျပင္ေပၚ ဒူးေထာက္ကာ ေသြးတပြက္အန္သြားေတာ့သည္၊

ထန္မင္ဟာ လက္နက္ခ်အ႐ွံူးေပးလိုက္သည့္အခါမွေတာ့ ကု႔ခ်င္းေတးသံလည္း ရပ္တန္႔သြားေတာ့သည္၊ဒီႏွစ္ေယာက္က တကယ္ေၾကာက္စရာေကာင္းလိုက္တာ!

"မင္းတို႔ တံဆိပ္ျပားေတြေပး" ႐ွလုန္ရိြန္ဟာ အလံုးအရင္းနဲ႔လဲက်ေနသည့္က်င့္ၾကံသူအဖြဲ႔ကို ေျပာလိုက္ေတာ့ ထိုထဲက ေခါင္းေဆာင္ျဖစ္ဟန္ထင္ရသည့္လူဟာ သူ႔ဆီကို အထုတ္တစ္ထုတ္ပစ္ေပးလာေတာ့သည္၊ဒါေၾကာင့္ ေကာက္ယူကာ ၾကည့္လိုက္ေတာ့ တစ္ရာအထက္အရည္အတြက္မ်ားျပားသည့္တံဆိပ္ျပားမ်ားကို ေတြ႔လိုက္ရေတာ့သည္၊သူဟာ အကုန္လံုး သူ႔သိုေလွာင္လက္စြပ္ထဲ ထည့္လိုက္ၿပီး တစ္ဖက္သူရဲ႕သိုေလွာင္အိတ္ကို ျပန္ပစ္ေပးလိုက္ၿပီးေနာက္မွာေတာ့ ဝမ္ေဖးရန္နဲ႔အတူ ထိုလူေတြကို ထားခဲ့ကာ ထြက္သြားေတာ့သည္၊

"ရန္ ေရာ့ တစ္ရာ့႐ွစ္ဆယ့္ႏွစ္ခုေတာင္ ကိုယ္ ငါးခုပဲ ယူထားမယ္"လို႔ေျပာကာ ငါးခုကိုဖယ္ကာ က်န္တာေပးရန္ ရည္ရြယ္လိုက္ေပမယ့္ ဝမ္ေဖးရန္ဟာ သူရဲ႕လက္ထဲက တံဆိပ္ျပားငါးခုကို လွမ္းယူလိုက္ၿပီး ဆူပုပ္ပုပ္မ်က္ႏွာေလးျဖင့္

"ကြၽန္ေတာ္ မေက်ာ္ၾကားခ်င္ဘူး...ငါးခုပဲယူမယ္" လို႔ ေျပာလာတာေၾကာင့္ ႐ွလုန္ရိြန္လည္း လက္ခံလိုက္သည္၊ရန္သာ ေက်ာ္ၾကားသြားရင္ လူေတြအမ်ားႀကီးရဲ႕ႀကိဳက္ႏွစ္သက္မႈကို ခံရကာ စိတ္အေႏွာင့္အယွက္ျဖစ္ေနဦးမယ္ဟု ေတြးလိုက္ရင္း သေဘာတူလိုက္ျခင္းျဖစ္သည္၊

"ကိုယ္တို႔ ဂိတ္ကို သြားၾကတာေပါ့" လို႔ ႐ွလုန္ရိြန္ဟာ ေျပာလိုက္ေတာ့ ဝမ္ေဖးရန္ဟာ လက္ခံကာ ေခါင္းညိတ္ေနတုန္း႐ွိေသးသည္၊သူရဲ႕အက်ႌၾကား႐ွိ အျမဲအိပ္စက္ေနသည့္ က်ားေပါက္ေလးဟာ ခ်က္ခ်င္းႏိုးလာကာ ဝမ္ေဖးရန္ေပၚက ခုန္ခ်သြားၿပီး ေတာင္ဘက္ကိုေျပးထြက္သြားေတာ့သည္၊

"ေၾကာင္ေပါက္!!!" ဝမ္ေဖးရန္ဟာလည္း ခ်က္ခ်င္းစိတ္ပူသြားကာ က်ားေပါက္ေနာက္ကို အလ်င္စလိုလိုက္သြားေတာ့သည္၊က်ား​ေပါက္​ေလးဟာ အေကာင္ေသးသေလာက္ေတာ္ေတာ္ကို လ်င္ျမန္တာေၾကာင့္ သူ႔မွာ အ႐ွိန္ျမႇင့္ကာ လိုက္ယူရသည့္အထိပင္၊ထိုလိုနဲ႔ ႐ွလုန္ရိြန္မပါလာသည္ကို ဝမ္ေဖးရန္သတိမထားမိလိုက္ေပ၊ထိုေနာက္ က်ားေပါက္ဟာ ဂူတစ္ဂူေ႐ွ႕မွာ ေအာ္ညည္းေနသည္ကို ေတြ႔လိုက္ရေတာ့သည္၊

"ေၾကာင္ေပါက္...ဘာျဖစ္တာလဲ"

[System: နင္ေတာ့ ပြေပါက္ေတြ႔ၿပီ...ေဖးေဖးေရ]

မၾကားရတာၾကာသည့္ဥမအသံနဲ႔အတူ ပြေပါက္တိုးသည္ဟု ၾကားသည့္အခါမွာေတာ့ ဝမ္ေဖးရန္ရဲ႕မ်က္ဝန္းအေရာင္ေလးလက္ထသြားကာ

'ဘယ္လိုမ်ိဳးလဲ'

[System: အဲ့ဂူထဲဝင္သြားလိုက္... ေၾကာင္ေပါက္က မင္းအတြက္ရတနာ႐ွာေပးတာပဲ]လို႔ ေျပာလိုက္ေတာ့ သူလည္းစိတ္ေက်နပ္သြားကာ က်ားေပါက္ေလးကို ေပြ႔ခ်ီလိုက္ၿပီး ခ်ီးမြမ္းလိုက္သည္၊ထိုေနာက္ ဂူထဲကို သူဝင္သြားေတာ့သည္၊ဘာေတြနဲ႔ ဆံုေတြ႔ရမလဲ သူအရမ္းစိတ္ဝင္စားေနၿပီ!

-*-*-*-*-*-*-*-*

chapter -65ေမ်ွာ္

----------------

Unicode

ဝမ်ဖေးရန်နဲ့ရှလုန်ရွိန်ဟာ တောအတွင်းပိုင်းထဲထိဝင်လာပြီးနောက်မှာ 'ဟုန်'တံဆိပ်ပြားများကို ရှာဖွေနေခဲ့သည်၊ဟုန်တောအုပ်ကြီးဟာ ကျယ်ဝန်းလှတာကြောင့် ပြိုင်ပွဲဝင်သူတွေနဲ့ဆုံရတာ ခက်ခဲလှသည်၊ဒါ​ပေမယ့် တောအတွင်းပိုင်းရောက်လေလေ အန္တရာယ်ပိုများများလေဆိုတာ သူတို့နှစ်ယောက်နားလည်တာကြောင့် သတိနဲ့သာ သွားလာလှုပ်ရှားနေတုန်းမှာ ဝမ်ဖေးရန်ဟာ သူတို့ကို စောင့်ကြည့်နေသည့်အဖွဲ့ရှိသည်ကို သတိထားမိလိုက်တာကြောင့်

"လုန်ရွိန်... " ဝမ်ဖေးရန်ဟာ ဘေးပတ်ဝန်းကျင်ကို သတိနဲ့ကြည့်ရင်း ရှလုန်ရွိန်ရဲ့နာမည်ကို ခေါ်လိုက်တော့ ရှလုန်ရွိန်ဟာလည်း သူရဲ့နောက်ကျောက လှံကို ကိုင်လိုက်ပြီး ညာဘက်တောအုပ်ဘက်ကို စိုက်ကြည့်ကာ

"ထွက်ခဲ့စမ်း" လို့ အော်ပြောလိုက်တော့ ခြေသံတချို့ကိုကြားလိုက်ရ​တော့သည်၊ထို​နောက် အဝါရောင်ဆံပင်တိုနဲ့ အနည်းငယ်ကြည့်ကောင်းပေမယ့် ခက်ထန်သည့်မျက်နှာနဲ့လူဟာ ဦးဆောင်လာပြီး သူရဲ့အနောက်တွင်လည်း ကျင့်ကြံသူပြိုင်ပွဲဝင် အယောင်ငါးဆယ်ကျော်ကို တွေ့လိုက်ရသည်၊ထိုလူကို ဝမ်ဖေးရန်တို့သိသည်၊ ပြိုင်ပွဲဝင်တွေထဲက ဒီချူံးအဆင့်အလွှာငါးဖြစ်တာ​ကြောင့် ချင်းကျန်ကွမ်(အကြီးအကဲချင်း)တောင် မဆိုးကြောင်းပြောလိုက်သည့်သူပင်၊ဒါကြောင့်လူတွေဦးဆောင်ပြီး ချက်ချင်းအဖွဲ့ဖွဲ့နိုင်ခဲ့တာ မဆိုးဘူးလို့ ဆိုရမှာပေါ့၊

ထိုလူဟာ ရှေ့တက်လာပြီး ဝမ်ဖေးရန်တို့ကို ကြည့်ကာ

"မင်းတို့ရခဲ့သမျှ တံဆိပ်ပြားတွေ ငါ့ဆီအပ်" လို့ ပြောလိုက်တော့ ရှလုန်ရွိန်ဟာ ဝမ်ဖေးရန်ကို အနောက်ပို့လိုက်ပြီး သူရဲ့သုံးခွလံှကို ဆွဲထုတ်ကာ ထိုလူကို ချိန်လိုက်ပြီး အထင်သေးစွာပြောလိုက်သည်၊

"တစ်ယောက်ချင်းလာမလား အဖွဲ့လိုက်လာမလား ကြိုက်သလိုလုပ်"

တစ်ဖက်က ကျင့်ကြံသူအဖွဲ့ရဲ့မျက်နှာဟာ တင်းမာခက်ထန်သွားတော့သည်၊ဒါပေမယ့် သူတို့ဟာ သူတို့ကို ဦးဆောင်ခေါ်လာသည့်ဒီချူံးအဆင့်ကျင့်ကြံသူကိုသာ ကြည့်လိုက်သည်၊ဘာလို့လဲဆိုတော့ သူတို့ရင်ဆိုင်နေရသည့်ကျင့်ကြံသူကလည်း ဒီချူံးအဆင့်ဖြစ်နေသည်မလား၊

"ဟွန့်! တော်တော်မောက်မာတဲ့သူပဲ ငါထန်မင်ကလည်း အဲ့လိုလူမျိုးဆိုရင် ရိုက်ချိုးချင်တာ" လို့ ဒီချူံးအဆင့်ကျင့်ကြံသူထန်မင်ဟာ ပြောလိုက်သည်၊သူအနေနဲ့ သူတိုက်ခိုက်ရမည့်လူဟာ သူ့ထက် အလွှာလေးလွှာပိုများပေမယ့် သူတို့မှာ လူအင်အားပိုတောင့်ပြီး တချို့က ဒီချူံးအဆင့်ဝင်ရန်လက်တစ်ကမ်းအလိုပင်ရောက်နေကျပြီ၊ဒါကြောင့် စုပေါင်းတိုက်ခိုက်မယ်ဆိုရင် ဒီနှစ်ယောက်ကို အရည်အတွက်နဲ့သူတို့နိုင်နိုင်ချေရှိသည်၊ဒါ​ကြောင့် အနည်းငယ်ကြောက်ရွံနေသည့်သူနောက်လိုက်တွေကို

"ဘာမှကြောက်စရာမလိုဘူး ငါတို့မှာ လူအင်အားပိုများတယ် ဒီချူံးအဆင့်ကျင့်ကြံသူနှစ်ယောက်က ငါတို့ရဲ့တိုက်ခိုက်မှုကို ဘယ်လောက်ခံနိုင်မှာမို့လို့လဲ" လို့ ပြောလိုက်တော့ ကျန်တဲ့သူတွေလည်း ထန်မင်စကားဟာ မှန်ကန်တာကြောင့် သူတို့သိုင်းဝိညာဉ်တွေကို ထုတ်လာကာ တိုက်ခိုက်ရန် ပြင်လိုက်သည်၊

ဝမ်ဖေးရန်ဟာလည်း အနောက်ကိုခြေသုံးလှမ်းဆုတ်လိုက်ပြီး သူရဲ့ရွယ်ဆွေ့ကို ကု့ချင်းအဖြစ်ပြောင်းလဲလိုက်ပြီး ရှလုန်ရွိန်ကို ခေါင်းညိတ်ပြလိုက်သည်၊ထိုနောက် တေးတစ်ပုဒ်ကို စတင်တီးခတ်တော့သည်၊ကု့ချင်းကြိုးပေါ် တီးခတ်နေသည့် သွယ်လျလျလက်လေးတွေ​ဟာ နူးညံ့သိမ်မွေ့ကာ မထိရက်မတို့ရက်နိုင်ပေမယ့် ထွက်ပေါ်လာသည့် တေးသံကတော့ ကြောက်စရာအလွန်ကောင်းသည်၊

"ဘာသံလဲ! အားးးးး!" ဒီချူံးအဆင့်အောက် သိုင်းအဆင့်နိမ့်သူများသည် ထိုတေးသံဟာ သူတို့နားကနေတစ်ဆင့် အာရုံကြောကိုတိုက်ခိုက်လာသည့်ချိန်မှာ အကြောက်တရား၊သေခြင်းတရားကို စတင်ခံစားနေရတော့သည်၊ ကု့ချင်းတေးသံဟာ ပတ်ဝန်းကျင်ကို ရိုးရိုးလေးပဲ ပြန့်လွင့်နေပေမယ့် ထိုတေးသံမှာ ပါဝင်သည့်သံစဉ်ကတော့ ထင်သလောက်မရိုးရှင်းပေ၊

ထန်မင်ကလည်း အနည်းငယ်အာရုံနောက်သလိုဖြစ်သွားပေမယ့့် သူရဲ့စိတ်ကို ပြန်ထိန်သိမ်းနိုင်ကာ ကု့ချင်းတီးခတ်နေသည့်သူကိုကြည့်ကာ အံ့ကြိတ်လိုက်ပြီး

"သေမင်းဆွဲငင်တေးသံလား..." မဟုတ်ဘူး ထိုတေးသံနဲခပ်ဆင်ဆင်ရုံသာ၊သေမင်းဆွဲငင်တေးသံက ပိုမို​ကြောက်စရာ​ကောင်းလွန်းလှပြီး ဒီချူံးအဆင့်ကျင့်ကြံသူတစ်ယောက်တေးခတ်နိုင်မည့်အရာမဟုတ်ပေ၊ပြီးတော့ လက်ရှိကု့ချင်းတေးသံဟာ အနည်းငယ်ရိုးရှင်းပြီး သတ်ဖြတ်ချင်စိတ်မများပေ၊သေမင်းဆွဲငင်တေးသံဟာ ကြိုးတစ်ချောင်းတီးခတ်လို့ ထွက်ပေါ်လာသည့်သံစဉ်တိုင်းဟာ သတ်ဖြတ်ခြင်းများနဲ့ပြည့်သိပ်နေပြီး ကြားရသူတိုင်းကို ရူးသွပ်စေချင်နိုင်သည်၊လက်ရှိတေးသံကျတော့ ကျင့်ကြံသူတွေရဲ့အကြားအာရုံကိုသာ ထိခိုက်စေရုံပဲတတ်နိုင်သည်၊ဒါပေမယ့်လည်း သူ့လူဆယ်ယောက်ကျော်ဟာ မြေပြင်မှာဒူး​ထောက်ကာ သွေးစိမ်းများ နားထဲကျနေသည်ကိုမြင်တော့ သူရဲ့မျက်နှာကြောဟာ ပိုမိုခက်ထန်သွားကာ

"ကု့ချင်းတီးတဲ့သူကို တိုက်ခိုက်!" လို့ အမိန့်ပေးလိုက်တော့ ကျန်သည့်လူတွေဟာ ဝမ်ဖေးရန်ဆီ ချက်ချင်းဝင်ရောက်တိုက်ခိုက်ရန်ကြိုးစားလာတော့သည်၊ဒါပေမယ့် လှံတစ်ချောင်းဟာ ဝမ်ဖေးရန်နဲ့သူတို့ကြားဝင်ရောက်လာပြီး

"ဘာလဲ မင်းတို့က ငါ့ကို မေ့နေတာလား" လို့ စကားသံထွက်လာပြီးနောက်မှာ သူတို့ဘက်က လူသုံးယောက်ဟာ လှံရှည်အောက်မှာ အလုံးအရင်းခံရတာ လွင့်ထွက်လဲကျသွားတော့သည်၊ဒါ​ကြောင့် သူတို့အနေနဲ့ ဒီလှံသမားကို အရင်တိုက်ခိုက်မှ ရမည်ဖြစ်ကြောင်းနားလည်လိုက်သည်၊

"မြှားသမားတွေ အဝေးကနေ တိုက်ခိုက်!" လို့ထန်မင်ဟာ အမိန့်ပေးလိုက်တော့ မြှားလက်နက်သိုင်းဝိညာဉ်ပိုင်ဆိုင်ထားသည့်ကျင့်ကြံသူတွေဟာ သူတို့လေးကို ထုတ်ကာ ဝမ်ဖေးရန်ဆီကို ချိန်ကာ ပစ်လိုက်ပေမယ့် လျင်မြန်သောအရှိန်အဖြင့် ရောက်လာသည့်လှံရှည်တစ်ချောင်းဟာ လေထဲ စေလွှတ်ခံလိုက်ရသည့် မြှားတိုင်းကို ရပ်တန့်အောင် ရိုက်ချသွားတော့သည်၊

ထိုနောက် ထိုသုံးခွလှံဟာ လေးကိုင်ဆောင်သည့်ကျင့်ကြံသူတွေဘက်ကို ဦးတည်ရောက်လာသည့်ချိန်မှာတော့ သူတို့မှာထွက်ပြေးရုံကလွဲ၍ မတတ်နိုင်တော့ပေ၊လှံရှည်ဟာ မြေကြီးပေါ်စိုက်ကာ ထွက်ပေါ်လာသည့်အရှိန်အဝါကြောင့် ထိုတဝှိုက်မှာရှိသည့်လေးကိုင်ဆောင်သူကျင့်ကြံသူတွေကို ထိခိုက်ကုန်​တော့သည်၊

"ပုရွတ်ဆိတ်တွေ" ရှလုန်ရွိန်ဟာ သူရဲ့လှံရှည်ကို သူ့ဆီပြန်လာရန် စိတ်ထဲကနေ အမိန့်ပေးစေခိုင်းပြီးနောက်မှာ ထန်မင်တို့ဘက်ကိုလှည့်ကာ ပြောလိုက်တော့သည်၊ထန်မင်ဟာလည်း ထိုသို့သော အထင်သေးစော်ကားပြောဆိုသည့်စကားကို ပထမဆုံးအကြိမ်ခံရတာကြောင့် သူရဲ့မျက်နှာဟာဒေါသကြောင့် နီညိုရောင်ပင်ပေါက်နေသည်၊ထိုနောက် သူရဲ့သိုင်းဝိညာဉ်ဖြစ်သည့် ကျားဖြူကြီးကို ထုတ်ကာ...

"အဟမ့် မင်းကိုယ်မင်း အရမ်းအထင်ကြီးလွန်းတာပဲ အစွမ်းကုန်တိုက်ခိုက်ကျ ညီအစ်ကိုတို့!" လို့ ထန်မင်ဟာ အမိန့်ပေးလိုက်တော့ ကျန်တဲ့သူတွေဟာလည်း ရှလုန်ရွိန်ဆီ ပြေးဝင်လာတော့သည်၊ရှလုန်ရွိန်ဟာလည်း သူ့ဆီ ဝင်လာသည့်သူတွေကို မျက်လုံးမှေးစင်းကြည့်လိုက်ပြီး သူရဲ့လက်ထဲက သုံးခွလှံရှည်ကို သုံး၊လေး၊ငါးပတ် လှည့်လိုက်ပြီးနောက်မှာ သုံးခွလှံရှည်ကနေ လျှပ်စီးလက်သလို အပြာရောင်လျှပ်စီးများထွက်ပေါ်လာတော့သည်၊ထိုနောက် သူ့ဆီ ပြေးဝင်လာသည့် ကျင့်ကြံသူတွေဆီ သူဟာ ပြန်ပြေးဝင်သွားပြီး စတင်တိုက်ခိုက်တော့သည်၊

ကျင့်ကြံသူတိုင်းဟာ ရှလုန်ရှိန်ပြေးဝင်လာသည့်ချိန်မှာ ကြောက်လန့်သွားပေမယ့် သူတို့မှာ လူအင်အားများတာကြောင့် သတ္တိအတင်းမွေးလိုက်ပြီး ပြန်လည်တိုက်ခိုက်လာပေမယ့် ထိုလှံရှည်နဲ့သူတိုလက်နက်ထိသည့်ချိန်မှာ တကိုယ်လုံး ကျဉ်တက်သွားပြီး အရိုးထဲထိ လျှပ်စီးများ စီးဆင်းသွားသလိုပင်၊မဟုတ်ဘူး သူတို့သိုင်းဝိညာဉ်ထိပင် နာကျင်ကြင်တက်သွားသည်ကို ခံစားနေရသည်၊ဒါဘယ်လိုခံစားချက်ကြီးလဲ! ပိုဆိုးသည်ဟာ သူတို့ကျဉ်တက်သွားကာ အာရုံလွင့်သွားသည်နှင့် ကု့ချင်းတေးသံဟာ သူတို့နားထဲဝင်ရောက်လာကာ သူတို့ရဲ့အာရုံကြောကို စတင်တိုက်စားတော့သည်၊

"သူရဲ့လက်နက်နဲ့မထိခိုက်မိစေနဲ့"ထန်မင်ဟာ ထိုအချင်းအရာကိုမြင်တော့ သူ့မှာမျက်မှောင်ကြုတ်သွားကာ ကု့ချင်းတီးခတ်သည့်လူငယ်ကိုလှမ်းကြည့်လိုက်သည်၊ဒီနှစ်ဦးက တကယ်ကြောက်ဖို့ကောင်းသည်၊နှစ်ယောက်လုံးဟာ အခွင့်အရေးနည်းနည်းလေးတောင် အလွတ်မခံပါလား!

" ဒီကောင် လူကောဟုတ်ရဲ့လား" ရှလုန်ရွိန်ရဲ့လှံရှည် တိုက်ခိုက်မှုကို ခံရသူတိုင်းဟာ တစ်ချက်ပင်မလှုပ်နိုင်တာမြင်တော့ အကုန်လုံးဟာ စိတ်ဓာတ်ကျဆင်းလာတော့သည်၊ဒါကို ထန်မင်မြင်တော့ သူလည်း သူရဲ့လက်နက်ဖြစ်သည့် သံလက်သည်းတိုက်ခိုက်ရေးလက်နက်ကို လက်မှာဝတ်ဆင်လိုက်ပြီးနောက်မှာ သူဟာ ရှလုန်ရွိန်ဆီ ပြေးဝင်တိုက်ခိုက်တော့သည်၊ကျားသားရဲသိုင်းဝိညာဉ်ပိုင်ဆိုင်ထားတာကြောင့် သူရဲ့အရှိန်ဟာ သာမန်ကျင့်ကြံသူတွေထက် ဆယ်ဆလောက်လျှင်မြန်နေတာကြောင့် ရှလုန်ရွိန်ကို ထိခိုက်အောင်တိုက်ခိုက်နိုင်မည်မှန်း ယုံကြည်သည်၊ဒါကြောင့် သူရဲ့အရှိန်ကို နှစ်ဆပိုမြှင့်လိုက်ပြီး တစ်ခါတည်း ရှလုန်ရွိန်ရဲ့သေစေသည့်နေရာကို ဦးတည်တိုက်ခိုက်ရန် ဦးတည်လာသည်၊

ဒါပေမယ့် သူရဲ့လက်သည်းကို လေထဲလွဲကာ တိုက်ခိုက်ရန်ပြင်လိုက်ပေမယ့် သုံးခွလှံရှည်ဟာ တားဆီးလာတော့သည်၊သုံးခွလှံရှည်နဲ့သူရဲ့လက်နက်ထိမိကာ *ရွှင်*ဆိုသည့် အသံကျယ်ကြီးထွက်လာပြီးနောက်မှာ ထန်မင်ရဲ့မျက်နှာလည်း နာကျင်မှုကြောင့် ရှုပ်မဲ့သွားတော့သည်၊ဒါပေမယ့် သူဟာလည်း ခံနိုင်ရည်အားမြင့်သည့်ကျင့်ကြံသူဖြစ်တာကြောင့် ချက်ချင်းပြန်လည်တိုက်ခိုက်လိုက်သည်၊

တောအုပ်ထဲမှာ လှံရှည်နဲ့လူငယ်ဟာ တစ်ဖက်ရှိလူ သည်းကြီးမည်းကြီးတိုက်ခိုက်နေသည်ကိုအေးဆေးခုခံနေရင်း သူရဲ့လှံရှည်ကို လေထဲမှာ တစ်ချက်ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်လူကို ခုနကတိုက်ခိုက်နေသည့်အရှိန်ထက် နှစ်ဆအင်အားထည့်ကာ တိုက်ခိုက်လိုက်သည့်ချိန်မှာ တစ်ဖက်ကျင့်ကြံသူဟာလည်း လက်သည်းလက်နက်နဲ့ကာလိုက်တော့သည်၊ဒါပေမယ့် ထိုကျင့်ကြံသူဟာ ခြောက်လှမ်းလောက် အနောက်ကို ခြေလှမ်းဆုတ်သွားကာ မြေပြင်ပေါ် ဒူးထောက်ကာ သွေးတပွက်အန်သွားတော့သည်၊

ထန်မင်ဟာ လက်နက်ချအရှူံးပေးလိုက်သည့်အခါမှတော့ ကု့ချင်းတေးသံလည်း ရပ်တန့်သွားတော့သည်၊ဒီနှစ်ယောက်က တကယ်ကြောက်စရာကောင်းလိုက်တာ!

"မင်းတို့ တံဆိပ်ပြားတွေပေး" ရှလုန်ရွိန်ဟာ အလုံးအရင်းနဲ့လဲကျနေသည့်ကျင့်ကြံသူအဖွဲ့ကို ပြောလိုက်တော့ ထိုထဲက ခေါင်းဆောင်ဖြစ်ဟန်ထင်ရသည့်လူဟာ သူ့ဆီကို အထုတ်တစ်ထုတ်ပစ်ပေးလာတော့သည်၊ဒါကြောင့် ကောက်ယူကာ ကြည့်လိုက်တော့ တစ်ရာအထက်အရည်အတွက်များပြားသည့်တံဆိပ်ပြားများကို တွေ့လိုက်ရတော့သည်၊သူဟာ အကုန်လုံး သူ့သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီး တစ်ဖက်သူရဲ့သိုလှောင်အိတ်ကို ပြန်ပစ်ပေးလိုက်ပြီးနောက်မှာတော့ ဝမ်ဖေးရန်နဲ့အတူ ထိုလူတွေကို ထားခဲ့ကာ ထွက်သွားတော့သည်၊

"ရန် ရော့ တစ်ရာ့ရှစ်ဆယ့်နှစ်ခုတောင် ကိုယ် ငါးခုပဲ ယူထားမယ်"လို့ပြောကာ ငါးခုကိုဖယ်ကာ ကျန်တာပေးရန် ရည်ရွယ်လိုက်ပေမယ့် ဝမ်ဖေးရန်ဟာ သူရဲ့လက်ထဲက တံဆိပ်ပြားငါးခုကို လှမ်းယူလိုက်ပြီး ဆူပုပ်ပုပ်မျက်နှာလေးဖြင့်

"ကျွန်တော် မကျော်ကြားချင်ဘူး...ငါးခုပဲယူမယ်" လို့ ပြောလာတာကြောင့် ရှလုန်ရွိန်လည်း လက်ခံလိုက်သည်၊ရန်သာ ကျော်ကြားသွားရင် လူတွေအများကြီးရဲ့ကြိုက်နှစ်သက်မှုကို ခံရကာ စိတ်အနှောင့်အယှက်ဖြစ်နေဦးမယ်ဟု တွေးလိုက်ရင်း သဘောတူလိုက်ခြင်းဖြစ်သည်၊

"ကိုယ်တို့ ဂိတ်ကို သွားကြတာပေါ့" လို့ ရှလုန်ရွိန်ဟာ ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ လက်ခံကာ ခေါင်းညိတ်နေတုန်းရှိသေးသည်၊သူရဲ့အကျႌကြားရှိ အမြဲအိပ်စက်နေသည့် ကျားပေါက်လေးဟာ ချက်ချင်းနိုးလာကာ ဝမ်ဖေးရန်ပေါ်က ခုန်ချသွားပြီး တောင်ဘက်ကိုပြေးထွက်သွားတော့သည်၊

"ကြောင်ပေါက်!!!" ဝမ်ဖေးရန်ဟာလည်း ချက်ချင်းစိတ်ပူသွားကာ ကျားပေါက်နောက်ကို အလျင်စလိုလိုက်သွားတော့သည်၊ကျား​ပေါက်​လေးဟာ အကောင်သေးသလောက်တော်တော်ကို လျင်မြန်တာကြောင့် သူ့မှာ အရှိန်မြှင့်ကာ လိုက်ယူရသည့်အထိပင်၊ထိုလိုနဲ့ ရှလုန်ရွိန်မပါလာသည်ကို ဝမ်ဖေးရန်သတိမထားမိလိုက်ပေ၊ထိုနောက် ကျားပေါက်ဟာ ဂူတစ်ဂူရှေ့မှာ အော်ညည်းနေသည်ကို တွေ့လိုက်ရတော့သည်၊

"ကြောင်ပေါက်...ဘာဖြစ်တာလဲ"

[System: နင်တော့ ပွပေါက်တွေ့ပြီ...ဖေးဖေးရေ]

မကြားရတာကြာသည့်ဥမအသံနဲ့အတူ ပွပေါက်တိုးသည်ဟု ကြားသည့်အခါမှာတော့ ဝမ်ဖေးရန်ရဲ့မျက်ဝန်းအရောင်လေးလက်ထသွားကာ

'ဘယ်လိုမျိုးလဲ'

[System: အဲ့ဂူထဲဝင်သွားလိုက်... ကြောင်ပေါက်က မင်းအတွက်ရတနာရှာပေးတာပဲ]လို့ ပြောလိုက်တော့ သူလည်းစိတ်ကျေနပ်သွားကာ ကျားပေါက်လေးကို ပွေ့ချီလိုက်ပြီး ချီးမွမ်းလိုက်သည်၊ထိုနောက် ဂူထဲကို သူဝင်သွားတော့သည်၊ဘာတွေနဲ့ ဆုံတွေ့ရမလဲ သူအရမ်းစိတ်ဝင်စားနေပြီ!

-*-*-*-*-*-*-*-*

chapter -65မျှော်

----------------

Continue Reading

You'll Also Like

177K 26.6K 200
Book-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
1.6M 199K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
1.8M 272K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
1.5M 183K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...