နွေဦးလေပြေ🤍
Por Adira_thu
38.9K 1.8K 191
"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... Más
‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း
နွေဦးလေပြေ🤍(အပိုင်း_၆)
907 58 7
Por Adira_thu
Unicode
"ညီလေး ဟိုနေ့ကဘာလို့အတင်းပြန်ပြေးသွားတာလဲ"
Night studyအတွက်စာအုပ်ကျန်နေခဲ့လို့ပြန်ယူရာတွင် လမ်း၌အကိုနဲ့တွေ့ခြင်းဖြစ်သည်။
အကိုကအခုမှစာကျက်ဆင်းလာဟန်တူသည်။
T shirtအဝါနုလေး‌ဝတ်ကာအသားရောင်ဘောင်းဘီတိုလေးနှင့်အကိုက ‌ဝင်းဖန့်ဖန့်။
ခေါင်းလျှော်ပြီးခါစမို့ နိဂိုသေသေချာချာဖြီးလိမ်းထားသောဆံပင်တို့က ရှေ့၌ကပိုကရိုနှင့်အကိုကတမျိုးလေးကြည့်ရကောင်းသည်။
"ကျွန်တော် ကိစ္စတစ်ခုလုပ်ဖို့ရှိတာ မေ့နေလို့အကို"
မတတ်နိုင်ဘူး။ဟုတ်သော်ရှိ မဟုတ်သော်ရှိအခုမှတော့ကြည့်ကျက် ဖြီးရတော့တာပဲ။
ဟုတ်တယ်လေ။'အကိုက 'ကလေး'လို့ခေါ်လို့ရှက်ကိုးရှက်ကန်းထွက်ပြေးသွားတာ'လို့ ဖြေလို့မှမရဘဲ။
"ဒါနဲ့အကိုရော အဲ့နေ့ကစာမေးပွဲဖြေနိုင်လား"
"အင်း ဖြေနိုင်တယ်ညီလေး ဒါနဲ့ညီလေးနာမည်အရင်းပြောထားဦးလေ notice boardမှာအမှတ်စာရင်းတွေကပ်ရင်ကကည့်ရအောင်"
'ဟိုက်......သေပြီ။စာကမရပါဘူးဆို အမှတ်စာရင်းတွေကပ်ရင် သောက်ရှက်ကတော့ကွဲတော့မှာပဲ။
မိုးသားရေ မိုးသား .....မင်းကတော့ စာတော်တဲ့သူကိုမှရွေးပြီးကြိုက်ဆတ်တယ်ကွာ'
‌စာအုပ်ကြီးကိုကွယ်၍ပွစိပွစိလုပ်နေသော အကောင်ပေါက်ကိုကြည့်၍ခန့်ထည်ရယ်ချင်လာသည်။ဒီကောင်လေး သူ့နာမည်သိမှာကြောက်နေသည်ပဲ။
စာကျက်ရမှာအတော်ပျင်းတဲ့ကောင်လေး။
"အကို့ကိုပေးမသိချင်ဘူးလား ကလေးရဲ့"
"မဟုတ်ပါဘူး"
ခြေစုံရပ်ပြီး ချက်ချင်းခေါင်းခါလာသော ကောင်လေးကိုကြည့်ရင်း မနေနိုင်စွာရယ်ချမိတော့ ခန့်ထည်ကိုမျက်စောင်းထိုးလာသည်။
"ကျွန်တော့်နာမည်မိုးသားရောင်ပါ"
"အင်း အကိုမှတ်ထားလိုက်ပြီနော်။အမှတ်စာရင်းထွက်ရင်ကြည့်ရအောင်"
ပြုံးစိစိမျက်နှာပေးနဲ့အကိုထွက်သွားတော့ မိုးသားစွေ့စွေ့ခုန်ကျန်ခဲ့လေသည်။
'စောက်အကို စာမလုပ်ချင်မှန်းသိလို့ ငါ့ကိုသက်သက်ကလိသွားတာ။လိတောင်မကြိုက်တော့ဘူး'
________________💚________________
"မိုးသား နင့်ဘဲကြီးမှာကောင်မလေးရှိရင်ဘယ်လိုလုပ်မလဲ။ပြီးတော့ သူကယောက်ျားလေးချင်းစိတ်မဝင်စားဘူး‌ဆိုရင်ရော"
မိုးသားရယ်ဟိန်းထက်ရယ်ဆုမြတ်ရယ် lectureခန်းရှေ့ကခုံတွင်ထိုင်ရင်း အအေးသောက်နေစဉ် ဆုမြတ်ဆီကထွက်လာသောစကားသံကြောင့် မိုးသားလက်ထဲကအအေးခွက်ကိုသာကျစ်ကျစ်ဆုပ်ထားမိသည်။
အမှန်အတိုင်းပြောလျှင် မိုးသားထိုမေးခွန်းကိုတစ်ခါမှမစဉ်းစားမိခဲ့ဘူးပေ။
အကို့မှာလည်းရည်းစားရှိနိုင်သည်ဆိုတဲ့အချက်ကိုမိုးသားလုံးဝမေ့လျော့နေခဲ့ခြင်းပင်ဖြစ်သည်။
"ဟုတ်သားပဲနော် အကိုကဒီလောက်ပြည့်စုံနေတာ ချစ်သူလည်းရှိနေနိုင်တာပဲ"
ခေါင်းလေးငုံ့ကာမိုးသားဆိုတော့ ဟိန်းထက်ကဇက်ပိုးကိုဖြတ်ရိုက်သည်။
"အာ့ ဘာလုပ်တာလဲ"
"မင်းကို အပျော်သဘောပဲထင်လို့လွှတ်ထားပေးတာနော် အရမ်းကြီးဖီးလ်ပြမ‌နေနဲ့မိုးသား"
"ငါဘာမှမဖြစ်ပါဘူးဆို"
"ဘာမှမဖြစ်တဲ့အခွက်က ပြိုတော့မယ့်မိုးလိုလိုနဲ့"
"တော်ပါတော့ဟိန်းထက်ရယ် တဖြည်းဖြည်းချင်းပြောလည်းရပါတယ်။
ပြီးတော့မိုးသား နင်လည်းအပျော်ကနေအပျက်မဖြစ်စေနဲ့ crushရုံပဲဆိုရင်အဆင်ပြေပေမယ့် ချစ်မိသွားရင်နောက်ဆုတ်ဖို့မလွယ်ဘူး။
အဲ့ဒါကြောင့် အခုထဲကနင့်စိတ်ကိုနင်သေချာcontrolလုပ်သင့်တယ်"
"အေးပါကွာ မင်းတို့ကလည်း ငါကိုယ့်ကိုယ်ကိုထိန်း.......ထိန်း
ဟေ့ရောင်တွေ အကိုငါတို့ဘက်လာနေတယ်ကွ
အိုက်ရား ယူနီဖောင်းနဲ့ဘဲကြီးကခန့်လိုက်တာကွာ"
ဟိန်းထက် မျက်လုံးကိုစုံမှိတ်၍ လေပူကိုသာ'ဟူးခနဲ'မှုတ်ထုတ်လိုက်သည်။
နွားပလာတာကျွေးနေရ‌သလိုပဲ ဒီခွေးကောင်ကိုဘယ်လိုမှတရားချလို့မရ။
ကိုယ့်စိတ်ကိုထိန်းပါမယ်ဆိုတဲ့စကားတောင် ဖြေင့်အောင်မပြောနိုင်ဘဲ လင်ကိုတွေ့တာနဲ့ချက်ချင်းသရေသမြမြဖြစ်နေသည်မှာမြင်မကောင်း။
"Break timeလားအသေးလေးတို့"
ကော်ဖီအေးတစ်ခွက်ကိုလက်မှာကိုင်ရင်း အနားကိုရောက်လာတဲ့အကိုက တကယ်ကိုပင်ယူနီဖောင်းနဲ့လိုက်ဖက်လွန်းလှသည်။
အဖြူရောင်ရှပ်အကျီနဲ့အနက်ရောင်စတိုင်ဘောင်းဘီတွင်ပေါ်နေသည့် ခေါက်ရိုးချိုးရာများကမီးပူကိုစနစ်တကျတိုက်ခဲ့ဟန်ပေါ်သည်။
"ဟုတ်ကဲ့ အကိုတို့ရောbreakပေးပြီလား"
"အေးကွာ တီချယ်ကစာသင်ကောင်းတာနဲ့ဆက်ဝင်နေတာ အကိုတို့ကအောက်မှာဖင်လိမ်နေပြီ
ဟား ဟား"
အကို့စကားအဆုံးကျွန်တော်တို့ပါသဘောတကျရယ်ခဲ့ကြသည်။
"ဒါကျွန်တော့သူငယ်ချင်းတွေအကို ဒါကဟိန်းထက်ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ဒီဘက်ကတော့ ဆုမြတ်နွယ်တဲ့"
"အကို့နာမည်က ခန့်ထည်ဝါ။မသိတာရှိရင်မေးနော်ညီလေး‌တို့ ။ အကိုတတ်နိုင်သမျှရှင်းပြပေးမယ်။စာရောလိုက်နိုင်ကြလား"
"ဟာ အကိုကလည်း ကျွန်တော်တို့အဖွဲ့ထဲမှာ ဟိန်းထက်ကစတော်ကြီးပါနော်"
အကိုကဟိန်းထက်ဘက်ကိုလှည့်ကြည့်ရင်း
"ဟုတ်လားညီ စာတော်တော့ကောင်းတာပေါ့။မိုးသားကတော့စာပျက်ပျင်းမယ်ထင်တယ် ဟိန်းထက်ကပဲသူငယ်ချင်းကိုစာသေချာဂရုစိုက်ပေးလိုက်ပါဦး။ဒါဆို အကိုသွားဦးမယ်"
နှုတ်ဆက်ကာထွက်သွားတော့ကျောပြင်ကြီးကိုကြည့်၍မိုးသားမျက်နှာကြီးပြုံးဖြီးနေသည်မှာထိန်းမရသိမ်းမရ။
"အဟိ အကိုကငါ့ကိုစိတ်ပူနေတာပဲ။အဲ့ဒါကြောင့် မင်းကိုဂရုစိုက်ခိုင်းခဲ့တာပေါ့။
အိုက်စ်ရား ငါဒီညအိပ်ပျော်နိုင်မယ်မထင်တော့ဘူး"
ဟိန်းထက်နဲ့ဆုမြတ်သည်းမခံနိုင်တော့သည့်အဆုံး ကျောကုန်းကိုတစ်ယောက်တစ်ချက်စီရိုက်၍သာထွက်လာခဲ့တော့သည်။
ထိုညကသူနာပြုသင်တန်းကျောင်းတစ်ခုတွင် ကောင်းကင်ကြီးကိုကြည့်၍ပြုံးနေသော အမျိုးသားနှစ်ဦးအား အလင်းရောင်ဖြန့်ကျက်ပေးနေသောလမင်းကြီးအားတွေ့လတ္တံ့။
_______________💚________________
ဒီရက်ပိုင်းရေးရတာ သိပ်အားမရဘူး။
အဆင်မပြေရင်တောင်းပန်ပါတယ်နော်။
ပြီးတော့ အကြံပြုပေးလို့လည်းရပါတယ်🤍
Zawgyi
"မဟုတ်ပါဘူး"
________________💚________________
"အာ့ ဘာလုပ်တာလဲ"
"ငါဘာမှမဖြစ်ပါဘူးဆို"
ဟား ဟား"
_______________💚________________
Seguir leyendo
También te gustarán
438K 31.5K 43
ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်
126K 4.4K 26
စိတ်ကူးယဉ်သက်သက်တစ်ခုသာဖြစ်ပါတယ်ဗျ။ဖတ်မယ်မဖတ်ဖူးက ငယ်လေးတို့သဘောပါဗျ Yu Ya Chi
59.4K 1.6K 22
[SHORT STORY | COMPLETED] {In short: Your dad's new relationship is getting serious which means you have to meet his girlfriend. Little do you know i...
Alina Por ihidethisapp
Ficción General
1.5M 37.3K 75
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...