The Legendary Master's Wife (...

By Sailor_Moon_94

786K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 302
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 303

6.7K 1.3K 35
By Sailor_Moon_94


Zawgyi ver..

တင္းၾကပ္ေသာ လိုအပ္ခ်က္မ်ား

ငါးရက္ၾကာၿပီးေနာက္ ေနာက္ဆံုးတြင္ ထံုယြယ္ရႊီ က်င့္ၾကံေရးခန္းမမွ ထြက္လာခဲ့သည္ ။

ယူေ႐ွာင္မိုႏွင့္လင္းေ႐ွာင္သည္ ဤရက္မ်ားအတြင္း အနီေရာင္ကဒ္ႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားအား ေအးေအးလူလူသာ စံုစမ္းေတာ့မည္ဟု ေတြးထားၾကသည္၊ အဘယ္ေၾကာင့္ဆိုေသာ္ အနီကဒ္ရရန္ ပိုမိုလြယ္ကူေသာ နည္းလမ္းတစ္ခု ႐ွိခဲ့ပါလ်ွင္လည္း ထိုကိစၥအား တစ္ရက္အတြင္း ေဆာင္ရြက္ႏိုင္လိမ့္မည္ မဟုတ္ေသာေၾကာင့္ ထိုကိစၥအား အသဲအသန္ လိုက္လံစံုစမ္းေနစရာ မလိုအပ္ေပ ။

ထို႔ေၾကာင့္ ၎တို႔ႏွစ္ေယာက္ အခန္းတြင္းသာေအာင္းေနခဲ့ၾကၿပီး ယူေ႐ွာင္မို ေဆးေဖာ္ျခင္း၊ နယ္ေျမထဲတြင္ အျမန္ႏႈန္းေလ့က်င့္ျခင္းတို႔ျဖင့္သာ အခ်ိန္ျဖဳန္းေနခဲ့သည္မွာ ထံုယြယ္ရႊီထြက္လာသည္အထိပင္၊ ၎တို႔အခန္းမ်ားမွာ ေဘးခ်င္းကပ္ျဖစ္သျဖင့္ ထံုယြယ္ရႊီျပန္ေရာက္မေရာက္ဆိုသည္မွာလည္း အထူးအေထြ စံုစမ္းစရာမလိုေသာ ကိစၥျဖစ္သည္ ။

ထံုယြယ္ရႊီသည္ ထိုႏွစ္ေယာက္မွ အနီေရာင္ကဒ္အေၾကာင္းေမးလာေသာအခါ အနည္းငယ္ထူးဆန္းသလို ခံစားရေသာ္လည္း သူသိသမ်ွအား မႁခြင္းမခ်န္ ေျပာျပေပးေလ၏ ။

" အနီေရာင္ကဒ္အေၾကာင္းေျပာရမယ္ဆိုရင္ေတာ့ ရယူဖို႔ နည္းလမ္းႏွစ္ခု႐ွိတယ္၊ မင္းတို႔လဲသိၿပီးသာျဖစ္မွာပါ၊ ပထမနည္းလမ္းက အမွတ္တစ္ေသာင္းစုဖို႔ေလ၊ အဲ့ဒီနည္းက အရမ္းစိတ္႐ွည္ဖို႔လိုတာေၾကာင့္ ေအာင္ျမင္သြားတဲ့သူနည္းတယ္၊ အဲဒါေၾကာင့္မင္းတို႔ ဒုတိယနည္းလမ္းကို အသံုးျပဳတာ ပိုေကာင္းလိမ့္မယ္.. "

" ကြၽန္ေတာ္တို႔ ထင္သလိုပဲ ေနာက္တစ္နည္း႐ွိေနတာပါလား၊ ျမန္ျမန္ ဆက္ေျပာျပပါ.. "

" ဒုတိယနည္းလမ္းက အရမ္းၿပိဳင္ဆိုင္မႈျပင္းထန္တယ္၊ အဲဒါေၾကာင့္ စိတ္ပိုင္းဆိုင္ရာအရေတာ့ ျပင္ဆင္ထားရမယ္၊ အဲဒီနည္းလမ္းက ေက်ာင္းခြဲတစ္ရဲ႕ စမ္းသပ္စစ္ေဆးမႈပဲ "

" အဲဒါဘာလဲ "

" စမ္းသပ္စစ္ေဆးမႈဆိုတာ ေက်ာင္းခြဲတစ္မွာ က်င္းပေလ့႐ွိတဲ့ ႏွစ္ပတ္လည္ၿပိဳင္ပြဲပဲ၊ ဆုေတြလည္းရက္ရက္ေရာေရာ ေပးေလ့႐ွိတယ္၊ အႏိုင္ရ႐ွိတဲ့သူေတြက ျကိဳက္ရာဆုကိုေရြးခ်ယ္ႏိုင္ၿပီး အဲ့ဒီဆုေတြထဲမွာ အနီေရာင္ကဒ္လည္းပါတယ္၊ ဒါေပမယ့္.. "

" ဒါေပမယ့္ ဘာျဖစ္လဲ.. "

" စမ္းသပ္စစ္ေဆးပြဲရဲ႕ စည္းမ်ဥ္းေတြက အရမ္းတင္းၾကပ္ၿပီး ေတာင္းဆိုခ်က္ေတြလည္းမ်ားတယ္၊ တခ်ိဳ႕ အဆင့္ေကာင္းေကာင္းရထားတဲ့ နာမည္ႀကီးအင္အားစုကလူေတြေတာင္မွ တခါတေလ မလုပ္ေဆာင္ႏိုင္ၾကတာမ်ိဳးေတြ႐ွိတယ္ "

ယူေ႐ွာင္မို အလြန္႐ႈပ္ေထြးသြားရသည္ ။

လင္းေ႐ွာင္မွ တည္ၿငိမ္စြာေမးလိုက္သည္ ။

" ထိပ္ဆံုးငါးေယာက္ျဖစ္ဖို႔အတြက္ အထူးလိုအပ္ခ်က္ေတြ႐ွိတာလား.. "

" ဟုတ္တယ္၊ ငါၾကားဖူးသေလာက္ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက အဲဒီလိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီတဲ့သူဆိုတာ ေလးေယာက္ထက္မပိုခဲ့ဖူးဘူးတဲ့၊ တခ်ိဳ႕ဆို အဆင့္ေကာင္းေပမယ့္ လိုအပ္ခ်က္နဲ႔မကိုက္တာေၾကာင့္ ဘာမွမလုပ္ႏိုင္ခဲ့တဲ့သူေတြေတာင္႐ွိတယ္၊ ဒါေပမယ့္ ေက်ာင္းေတာ္က အဲလိုလူေတြကို ႏွစ္သိမ့္တဲ့အေနနဲ႔ ဆုေသးေသးေလးေတြေတာ့ ျပင္ဆင္ေပထားပါေသးတယ္ "

ယူေ႐ွာင္မို သူ႔ေမးေစ့သူ ျပန္ပြတ္ေနသည္ ။

" ေက်ာင္းမွာ အင္အားႀကီးအုပ္စုေတြ ဒီေလာက္မ်ားတာေတာင္ အဲဒီလိုအပ္ခ်က္ကို မျဖည့္ႏိုင္ဘူးဆိုေတာ့ ဘယ္ေလာက္မ်ားခက္ခဲလို႔ပါလိမ့္.. "

ထံုယြယ္ရႊီမွ ၎အား အျပံဳးတစ္ခုျဖင့္ အရင္တံု႔ျပန္သည္ ။

" မင္းေျပာသလိုပါပဲ၊ ေက်ာင္းမွာက သန္မာတဲ့ေက်ာင္းသားေတြ အမ်ားႀကီး႐ွိတယ္၊ အဲဒါေၾကာင့္ ႏွစ္တိုင္း ထိပ္ဆံုးေရာက္ဖို႔ ယွဥ္ၿပိဳင္ေနၾကတဲ့ ၿပိဳင္ပြဲဝင္ေတြလည္း အမ်ားႀကီးပဲ၊ ေက်ာင္းေတာ္ကလဲ အရင္တုန္းက ဒီေလာက္ စည္းကမ္းမတင္းၾကပ္ခဲ့ပါဘူး၊ ဒါေပမယ့္ ၿပိဳင္ပြဲကျပင္းထန္လာတာနဲ႔အမ်ွ မေတာ္တဆ ဒဏ္ရာရေသဆံုးသူေတြလည္း မ်ားလာတယ္ေလ၊ ဒဏ္ရာရေသဆံုးသူေတြထဲမွာ အလားအလာေကာင္းတဲ့သူေတြလည္း အမ်ားႀကီးပါသြားတာေပါ့၊ အဲဒါေၾကာင့္ ေက်ာင္းသားေတြ အခ်င္းခ်င္းသတ္ျဖတ္တာကို ကာကြယ္ႏိုင္ဖို႔အတြက္ ေက်ာင္းေတာ္က စည္းကမ္းခ်က္ေတြ တိုးျမႇင့္ခဲ့ရတယ္၊ အခုဆိုရင္ စမ္းသပ္စစ္ေဆးမႈကို ၿပီးေျမာက္ခ်င္ရင္ အဖြဲ႔လိုက္လုပ္ေဆာင္မႈကို အားထားရတယ္ "

လင္းေ႐ွာင္မွ ဝင္ေမးလိုက္သည္ ။

" ဒီႏွစ္အတြက္ စမ္းသပ္ပြဲက ဘယ္အခ်ိန္စမွာလဲ "

ထံုယြယ္ရႊီမွ သူ႔အား တစ္ခ်က္မ်ွသာၾကည့္ၿပီး ျပန္ေျဖသည္ ။

" ေနာက္ဆံုးစမ္းသပ္ပြဲ ၿပီးသြားတာ ငါးလ႐ွိၿပီဆိုေတာ့ ေနာက္ထပ္ခုနစ္လၾကာဦးမွာေပါ့၊ ဒီႏွစ္အတြက္ စာရင္းထပ္သြင္းဖို႔ေစာင့္ေနတဲ့သူေတြ အရမ္းမ်ားလိမ့္မယ္ "

ယူေ႐ွာင္မို ခိုင္မာေသာေလသံျဖင့္ ဆိုလိုက္သည္ ။

" ဘာပဲျဖစ္ျဖစ္ က်ြန္ေတာ္တို႔စမ္းၾကည့္ရမွာပဲ "

" ဒါနဲ႔.. "

ထံုယြယ္ရႊီ တစ္စံုတစ္ခု ေျပာဖို႔က်န္ခဲ့သျဖင့္ ထပ္ေျပာလာသည္ ။

" ငါတစ္ခုေျပာဖို႔ေမ့သြားလို့..၊ စမ္းသပ္ပြဲအတြက္ စာရင္းသြင္းဖို႔ကလည္း သတ္မွတ္ခ်က္ေတြ႐ွိေသးတယ္ရယ္၊ ဒါေပမယ့္ လင္းေ႐ွာင္အတြက္ေတာ့ ခက္ခဲမွာမဟုတ္ပါဘူး၊ တစ္ခုတည္းေသာ သတ္မွတ္ခ်က္က ေက်ာင္းသားအေယာက္တစ္ရာစာရင္းမွာ အဆင့္ေကာင္းေကာင္းရဖို႔ပဲ "

လင္းေ႐ွာင္မွ ထပ္ေမးလိုက္သည္ ။

" ေက်ာင္းသား အေယာက္တစ္ရာစာရင္းကို ဘယ္လိုသတ္မွတ္တာလဲ.. "

"အင္း.. အေနာက္ပိုင္းငါးဆယ္ကိုေတာ့ က်င့္ၾကံျခင္းအဆင့္နဲ႔ သတ္မွတ္ထားတယ္၊ အဲဒါေၾကာင့္ သတ္မွတ္ထားတဲ့ အဆင့္မွီတယ္ဆိုရင္ အဲဒီစာရင္းထဲ အလိုအေလ်ွာက္ ဝင္သြားလိမ့္မယ္..၊ ပထမအေယာက္ငါးဆယ္ကိုေတာ့ တိုက္ပြဲထဲကအင္အားနဲ႔ သတ္မွတ္တယ္၊ အဆင့္တက္ခ်င္ရင္ တစ္စံုတစ္ေယာက္ကို သြားစိန္ေခၚရမယ္၊ သူနဲ႔တိုက္ၿပီးႏိုင္ရင္ေတာ့ သူ႔အဆင့္ကို အစားဝင္ယူလို႔ရၿပီေပါ့ "

ယူေ႐ွာင္မို လင္းေ႐ွာင္အား တစ္ခ်က္လွမ္းၾကည့္လိုက္သည္၊ ၎မွာ အရမ္းလြယ္လြန္းသည္ဟု တကယ္ ထုတ္ေျပာပစ္လိုက္ခ်င္သည္၊ အေယာက္တစ္ရာစာရင္းအတြက္ အဆင့္သတ္မွတ္ျခင္းသည္ ေက်ာင္းခြဲႏွစ္ႏွင့္ အလြန္ဆင္တူ၏၊ အလြန္ အမွီအခိုကင္းသည္၊ သို႔ေသာ္..

ယူေ႐ွာင္မို ျပႆနာတစ္ခုအား သတိျပဳမိလိုက္သည္ ။

" အစ္ကိုအခုေျပာတဲ့ စမ္းသပ္ပြဲက တိုက္ခိုက္ေရးသမားေတြအတြက္ပဲထင္တယ္ေနာ္၊ အဲဒါဆို ေမွာ္ဆရာေတြအတြက္ကေရာ.. ဘာမွမ႐ွိဘူးလား "

သူသည္ ထံုယြယ္ရႊီအား ေခါင္းယမ္းလိုက္ပါရန္ ေမ်ွာ္လင့္ခဲ့မိေသာ္လည္း ထံုယြယ္ရႊီမွ ေခါင္းၿငိမ့္ကာ တံု႔ျပန္လိုက္သည္ ။

" ေသခ်ာေပါက္႐ွိတာေပါ့၊ ငါမေျပာရေသးတာတစ္ခု႐ွိတယ္၊ စမ္းသပ္ပြဲေတြက တိုက္ခိုက္ေရးသမားေတြအတြက္တင္ မကဘူး၊ တကယ္ေတာ့ တိုက္ခိုက္ေရးသမားနဲ႔ ေမွာ္ဆရာေတြအတြက္ စမ္းသပ္ပြဲက တစ္ခုတည္းပဲ "



ယူေ႐ွာင္မို သိပ္နားမလည္ေသးေပ ။

" ကြၽန္ေတာ္ သိပ္နားမလည္လို႔ပါ.. ေက်ာင္းခြဲတစ္တစ္ခုလံုးအတြက္ စမ္းသပ္ပြဲကတစ္ခုတည္းဆိုရင္ ေမွာ္ဆရာေတြအတြက္ သိပ္မမ်ွတသလို ျဖစ္မေနဘူးလား.. "

ထံုယြယ္ရႊီ ေခါင္းယမ္းလိုက္သည္ ။

" မင္းထင္ေနသလိုမဟုတ္ဘူး "

လင္းေ႐ွာင္မွ ဝင္ေမးသည္ ။

" အတူပူးေပါင္းၿပီးၿပိဳင္ရမွာ.. ဟုတ္တယ္ဟုတ္ "

" အဲ့သလိုေျပာလို႔ရပါတယ္၊ တိုက္ခိုက္ေရးသမားေတြနဲ႔ ေမွာ္ဆရာေတြ တစ္ေယာက္ကိုတစ္ေယာက္ မွီခိုၿပီးယွဥ္ၿပိဳင္ၾကရတယ္၊ အဲဒါေၾကာင့္ ႏွစ္စဥ္ႏွစ္တိုင္း စမ္းသပ္ပြဲကာလမွာ တိုက္ခိုက္ေရးသမားေတြက ေမွာ္ဆရာေတြနဲ႔ ယာယီစာခ်ဳပ္ခ်ဳပ္ဆိုၾကရတယ္၊ စမ္းသပ္ပြဲၿပီးဆံုးသြားတဲ့အခ်ိန္မွ စာခ်ဳပ္ပ်ယ္တယ္၊ အဲဒါေၾကာင့္ စမ္းသပ္ပြဲက တိုက္ခိုက္ေရးသမားေတြကို စမ္းသပ္ရံုတင္မဟုတ္ေတာ့ဘူး "

ယူေ႐ွာင္မို စိတ္လႈပ္႐ွားေပ်ာ္ရႊင္စြာ ေရရြတ္လိုက္သည္ ။

" ေကာင္းလိုက္တာ! "

ထို႔ေနာက္ သူသာ လင္းေ႐ွာင္ႏွင့္အတူ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္ အရာ္အခ်င္းမျပည့္မွီပါက အလြန္႐ွက္စရာေကာင္းေပလိမ့္မည္ဟု ေတြးလိုက္မိသည္ ။

ထံုယြယ္ရႊီမွ ဆက္ဆိုသည္ ။

" ငါၾကားတာ အေယာက္တစ္ရာစာရင္းမွာပါတဲ့ အင္အားႀကီးအုပ္စုက ေက်ာင္းသားေတြက စမ္းသပ္ပြဲက်င္းပဖို႔ ခုနစ္လေလာက္လိုေသးေပမယ့္ သူတို႔နဲ႔အတူစာခ်ဳပ္ခ်ဳပ္ဖို႔ အားေကာင္းတဲ့ေမွာ္ဆရာေတြကို လိုက္႐ွာေနၾကၿပီလို႔ၾကားတယ္ "

ထိုစကားအားေျပာလိုက္ျခင္းမွာ လင္းေ႐ွာင္အား သင့္ေတာ္မည္႕ေမွာ္ဆရာတစ္ေယာက္ အလ်င္အျမန္႐ွာသင့္ၿပီဟု သတိေပးလိုျခင္းမဟုတ္ေပ၊ သူသိသည္၊ လင္းေ႐ွာင္သာ ၿပိဳင္ပြဲဝင္ၿပိဳင္မည္ဆိုပါက စာခ်ဳပ္ခ်ဳပ္ဆိုမည့္ေမွာ္ဆရာမွာ ဤကမ႓ာေလာက၌ တစ္ဦးတည္းသာ႐ွိၿပီး ထိုေမွာ္ဆရာမွာ က်ိန္းေသေပါက္ ယူေ႐ွာင္မိုသာ ျဖစ္သည္ပင္ ။

........... ........



ထံုယြယ္ရႊီထြက္သြားၿပီးေနာက္ ယူေ႐ွာင္မိုတို႔ႏွစ္ေယာက္သား စမ္းသပ္ပြဲအေၾကာင္း ထပ္မေဆြးေႏြးၾကေတာ့ေပ၊ အလြန္ေစာေနေသးသျဖင့္ လင္းေ႐ွာင္ အေယာက္တစ္ရာစာရင္းသို႔ ဝင္ႏိုင္ရန္လည္း ေလာေနစရာမလိုေပ၊ သို႔ေသာ္ ယခုမွစ၍ ၎တို႔ႏွစ္ေယာက္ က်င့္ၾကံရာတြင္ တစ္ေယာက္တစ္လွည့္စီသာ သြားရေတာ့မည္ျဖစ္သည္ ။

ထို႔ေၾကာင့္ ယူေ႐ွာင္မို သူေဖာ္စပ္ထားေသာ ေဆးလံုးမ်ားကို လင္းေ႐ွာင္အား ထုတ္ေပးလိုက္သည္ ။

၎တို႔ထံ၌ အမွတ္အနည္းငယ္ က်န္ေနေသးေသာ္လည္း ဘာအလုပ္မွမလုပ္ပဲ ထိုင္ျဖဳန္းေနပါက မၾကာမီ ျပာပံုတိုးရလိမ့္မည္ျဖစ္သည္၊ ယေန႔သည္ က်င့္ၾကံေရးခန္းမသို႔သြားေရာက္ရန္ ယူေ႐ွာင္မိုအလွည့္က်သည့္ေနျဖစ္ေသာေၾကာင့္ လင္းေ႐ွာင္အား အမွတ္မ်ား႐ွာရန္အတြက္ ေဆးလံုးသြားေရာင္းခိုင္းရန္ ဆံုးျဖတ္လိုက္ရျခင္းျဖစ္သည္ ။

လင္းေ႐ွာင္လည္း အထြန္႔တက္မေနေတာ့ေပ၊ ယူေ႐ွာင္မို႔အစား သူေစ်းေရာင္းေပးခဲ့ဖူးသည္မွာ ဤသည္မွာ ပထမဆံုးအႀကိမ္မဟုတ္၊ ထို႔အျပင္ ဤေဆးလံုးမ်ားထဲမွ တစ္ဝက္ခန္႔သည္လည္း သူ႔အစာအိမ္၌သာ အဆံုးသတ္ရလိမ့္မည္ပင္ ။

ထို႔ေနာက္ ၎တို႔ႏွစ္ေယာက္ တစ္ေယာက္တစ္လမ္းစီ ထြက္လာခဲ့ၾကသည္ ။

ယူေ႐ွာင္မို က်င့္ၾကံေရးခန္းမ အနီေရာင္အပိုင္းသို႔ သြားရသည္မွာ ပထမဆံုးအႀကိမ္ျဖစ္သည္၊ သို႔ေသာ္ ယူေ႐ွာင္မို ကံမေကာင္းပါေပ၊ စက္ဝိုင္းပံုစံ အျဖဴေရာင္အေဆာက္အအံု အျပင္ဘက္၌ တန္းစီေနသူမ်ားစြာ႐ွိေနေလ၏၊ ယူေ႐ွာင္မိုလည္း စည္းကမ္းလိုက္နာစြာျဖင့္ ဝင္ေရာက္တန္းစီရန္ ျပင္လိုက္စဥ္တြင္ အေ႐ွ႕နား႐ွိ လူအုပ္ထံမွ ျငင္းခုန္ရန္ျဖစ္သံမ်ား ၾကားလိုက္ရသည္ ။

ယူေ႐ွာင္မိုသည္ ထိုကဲ့သို႔ေသာကိစၥမ်ား၌ စပ္စုေလ့မ႐ွိေသာေၾကာင့္ လ်စ္လ်ဴ႐ႈရန္ျပင္လိုက္ေသာ္လည္း ရင္းႏွီးေနေသာ မ်က္ႏွာႏွစ္ခုအားျမင္လိုက္ရေလသည္၊ ႐ုန္ရႊမ္းႏွင့္ ခ်င္က်န္းတို႔သည္ ထိုအေရးအခင္း၏ အဓိကဇာတ္ေဆာင္မ်ား ျဖစ္ဟန္တူ၏၊ ထို႔ေၾကာင့္ သိလိုစိတ္မ်ားစြာျဖင့္ အနီးအနားသို႔ ေလ်ွာက္သြားလိုက္သည္ ။

(ေယာင္ရႊမ္းကို ႐ုန္ရႊမ္းလို႔ျပင္ေရးထားပါတယ္၊ အေ႐ွ႕ပိုင္းေတြမွာ မွားေရးမိတာ ဘာသာျပန္သူကိုယ့္အမွားပါ၊ သည္းခံေပးၾကပါဦး။ )



" တစ္ဆိတ္ေလာက္ပါ.. ဘာေတြျဖစ္ေနတာလဲေျပာျပေပးပါလား "

ယူေ႐ွာင္မို အနီး႐ွိ လူငယ္တစ္ေယာက္အား လွမ္းေမးလိုက္သည္ ။

လူငယ္သည္ ယူေ႐ွာင္မိုအား မည္သူမွန္းမသိေသာ္လည္း ေက်ာင္းသားသစ္မ်ားထဲမွ တစ္ဦးျဖစ္မည္ဟု ခန္႔မွန္းမိသျဖင့္ တက္ႂကြစြာ ႐ွင္းျပေပးေလသည္ ။

" ေက်ာင္းသားသစ္ေလးႏွစ္ေယာက္ေပါ့.. ေက်ာက္တံခါးအဖြဲ႔နားမွာ မွားပီး သြားတန္းစီမိတယ္ေလ..၊ ေက်ာက္တံခါးနဲ႔ေတြ႔တာ သူတို႔ ေတာ္ေတာ္ကံဆိုးတာပဲ! ေက်ာက္တံခါးဆိုတာ သူတို႔စိတ္ထင္ရာလုပ္တတ္လြန္းလို႔ နာမည္ႀကီးေနၾကတာရယ္.. "



ေက်ာက္တံခါးအဖြဲ႔ဆိုတာဘာလဲ? ေက်ာင္းခြဲတစ္ရဲ႕ အဖြဲ႔အစည္းတစ္ခုခုမ်ားလား?

ယူေ႐ွာင္မို ဇေဝဇဝါျဖင့္ ထပ္ေမးလိုက္သည္ ။

" က်င့္ၾကံေရးခန္းမက အမ်ားပိုင္ေနရာပဲမဟုတ္လား၊ အဖြဲ႔အစည္းေတြအတြက္ ေနရာသပ္သပ္႐ွိေသးတာလား "

ထိုအခါ လူငယ္ေလးမွ ထပ္႐ွင္းျပသည္ ။

" မင္းလည္းေက်ာင္းသားအသစ္ပဲမဟုတ္လား၊ မင္းမသိတာမထူးဆန္းေတာ့ပါဘူး၊ ဒီမွာ အဖြဲ႔ေတြအတြက္ သီးသန္႔ေနရာရယ္လို႔ေတာ့ မ႐ွိပါဘူး၊ ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြက အျမဲ သူမ်ားေနရာလုၿပီး ၾကားျဖတ္တန္းစီခ်င္ၾကတယ္ေလ၊ အင္အားႀကီးတဲ့လူေတြမ႐ွိတဲ့အခ်ိန္ဆို ေက်ာက္တံခါးကေကာင္ေတြလည္း အျမဲအဲ့လိုလုပ္ေနၾကပဲ "

" ေက်ာက္တံခါးအဖြဲ႔မွာ ဘယ္လိုေနာက္ခံမ်ား႐ွိေနတာလဲ "

ယူေ႐ွာင္မိုထပ္ေမးေသာအခါ တစ္ဖက္လူငယ္မွာ ပို၍ပင္ တက္တက္ႂကြႂကြျဖင့္ ထပ္႐ွင္းျပ၏ ။

" ေက်ာက္တံခါးဆိုတာ ေက်ာင္းခြဲတစ္မွာ ေျခာက္ခုေျမာက္ အင္အားႀကီးအုပ္စုပဲ၊ အဖြဲ႔ဝင္အေယာက္တစ္ရာေက်ာ္႐ွိတယ္၊ သူတို႔ကိုစတင္ဖြဲ႔စည္းခဲ့တာ ယန္ၿမိဳ႕ေတာ္ရဲ႕ အိမ္ေတာ္ႀကီးေလးခုထဲက ခ်ိဳင္အိမ္ေတာ္ကလူေလ၊ အဲ့ဒီလူကေက်ာင္းမွာ မ႐ွိေတာ့ေပမယ့္ သူ႔ရဲ႕အာဏာနဲ႔မ်ိဳးဆက္ေတြကေတာ့ က်န္ေနခဲ့တာေပါ့၊ အခုေတာင္ ခ်ိဳင္အိမ္ေတာ္က သခင္ငယ္ေလး ခ်ိဳင္က်န္းလည္း ေရာက္လာၿပီလို႔ၾကားထားတယ္ "

ခ်ိဳင္.. ခ်ိဳင္အိမ္ေတာ္?!

မေကာင္းဆိုးရြားေတြက ေနရာအႏွံ႔ပါပဲလား!

ထို႔ေနာက္ ယူေ႐ွာင္မို ဝိုင္းအံုေနေသာလူမ်ားအား တြန္းဖယ္ကာ အခင္းျဖစ္ပြားရာ ေနရာတည့္တည့္သို႔ ဝင္ခ်သြားေတာ့သည္၊ အတြန္းခံလိုက္ရေသာသူမ်ားမွာ မ်က္ေမွာင္ၾကဳပ္လိုက္ၾကၿပီး ယူေ႐ွာင္မိုအား ေမတၱာပို႔လ်က္႐ွိၾကေလ၏၊ ဘယ္လိုေတာင္မာန္တက္ေနတဲ့အ႐ူးမ်ိဳးလဲ?! ေက်ာက္တံခါးအဖြဲ႔ရဲ႕ကိစၥကို ဒင္းက သြားဝင္႐ႈပ္ဦးမယ္ေပါ့!



" အစ္ကို႐ုန္! အစ္ကိုခ်င္! "

အေနာက္ဘက္မွ နာမည္ေခၚသံၾကားသျဖင့္ လွည့္ၾကည့္လိုက္ၾကရာ ယူေ႐ွာင္မိုအား ေတြ႔လိုက္ၾကသျဖင့္ အံ့ျသသြားၾကေလသည္၊ ထို႔ေနာက္ ယူေ႐ွာင္မိုအား ျပံဳးၾကလိုက္ၾကသည္၊ ၎တို႔ ေက်ာင္းေရာက္ၿပီးကတည္းက ေနသည့္အေဆာင္မတူသျဖင့္ မေတြ႔ၾကရသည္မွာ ရက္အနည္းငယ္႐ွိၿပီျဖစ္သည္ ။

႐ုန္ရႊမ္းမွ ျပံဳးျပရင္း ႏႈတ္ဆက္သည္ ။

" မိတ္ေဆြယူနဲ႔ အခုလို႐ွက္စရာေကာင္းတဲ့အခ်ိန္မွ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႔ရတယ္လို႔.. "

ယူေ႐ွာင္မို၏ မအံ့ျသေသာအမူအယာေၾကာင့္ အျဖစ္အပ်က္အလံုးစံုအား သိ႐ွိၿပီးေလာက္ျပီျဖစ္ေၾကာင္း ႐ုန္ရႊမ္း ခန္႔မွန္းမိလိုက္သည္ ။

ယူေ႐ွာင္မိုမွ ျပန္ေျဖသည္ ။

" ရြံ႔စရာသတၱဝါတခ်ိဳ႕ ပတ္ဝန္းက်င္ကို ဖ်က္လိုဖ်က္စီးလုပ္ေနၾကတာျမင္ေတာ့ ဒီအတိုင္းျဖတ္မသြားလိုက္ႏိုင္လို႔ပါ "

ယူေ႐ွာင္မို၏ ထိုစကားအားၾကားေသာအခါ ေက်ာက္တံခါးအဖြဲ႔မွလူမ်ား  ေဒါသထြက္လြန္းသျဖင့္ ႐ွဴး႐ွဴး႐ွား႐ွားျဖစ္ကုန္ၾကသည္၊  ထို႔ေနာက္ အသက္ႏွစ္ဆယ့္ငါးႏွစ္ခန္႔ ႐ွိပံုရေသာလူတစ္ဦးမွ လွမ္းေအာ္ဟစ္ေလ၏ ။

" မင္းဘယ္သူ႔ကို ရြံ႔စရာသတၱဝါလို႔ ေျပာတာလဲကြ! "

ယူေ႐ွာင္မို ၎ဘက္လွည့္ကာ မ်က္လံုးတစ္ခ်က္ေဝွ့ၾကည့္လိုက္သည္ ။

" ငါေျပာေနတဲ့သူအေၾကာင္းေျပာေနတာ! "

တစ္ဖက္လူ၏မ်က္လံုးမ်ားသည္ မီးထပြင့္ေတာ့မလိုပင္ ထင္မႇတ္ရသည္ ။

" ဒီေကာင္ေတာ့! မင္း ငါဘယ္သူလဲဆိုတာသိရဲ႕လား? "

" မင္းဘယ္သူလဲငါမသိဘူး၊ ဒါေပမယ့္ေသခ်ာတာေတာ့ ခ်ိဳင္က်န္းရဲ႕ေနာက္လိုက္ေခြးေတြထဲက တစ္ေကာင္ျဖစ္မွာေပါ့၊ သူဒီေန႔ပါမလာဘူးလား.. ဟင္း ႏွေျမာစရာပဲ.. သူ႔ခမ်ာ မင္းဖင္ဘယ္လိုအကန္ခံလိုက္ရလဲဆိုတာေတာင္ ၾကည့္ဖို႔အခြင့္အေရးမရလိုက္႐ွာဘူး.. "

တစ္ဖက္လူမွ မည္သို႔တံု႔ျပန္ရမည္မွန္းမသိေတာ့ေပ၊ ယခုေတာ့ ဤလူငယ္ေလးမွာ မည္သူျဖစ္ေၾကာင္း သူသိ႐ွိသြားၿပီျဖစ္သည္ ။





#18.8.2021

စာလံုးေပါင္းအမွားေလးေတြေတြ႔ရင္ အားမနာပဲ ေထာက္ျပေပးၾကပါဦး ❤

___________________







Zawgyi ver..

တင်းကြပ်သော လိုအပ်ချက်များ

ငါးရက်ကြာပြီးနောက် နောက်ဆုံးတွင် ထုံယွယ်ရွှီ ကျင့်ကြံရေးခန်းမမှ ထွက်လာခဲ့သည် ။

ယူရှောင်မိုနှင့်လင်းရှောင်သည် ဤရက်များအတွင်း အနီရောင်ကဒ်နှင့်ပတ်သက်သည့် အချက်အလက်များအား အေးအေးလူလူသာ စုံစမ်းတော့မည်ဟု တွေးထားကြသည်၊ အဘယ်ကြောင့်ဆိုသော် အနီကဒ်ရရန် ပိုမိုလွယ်ကူသော နည်းလမ်းတစ်ခု ရှိခဲ့ပါလျှင်လည်း ထိုကိစ္စအား တစ်ရက်အတွင်း ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်သောကြောင့် ထိုကိစ္စအား အသဲအသန် လိုက်လံစုံစမ်းနေစရာ မလိုအပ်ပေ ။

ထို့ကြောင့် ၎င်းတို့နှစ်ယောက် အခန်းတွင်းသာအောင်းနေခဲ့ကြပြီး ယူရှောင်မို ဆေးဖော်ခြင်း၊ နယ်မြေထဲတွင် အမြန်နှုန်းလေ့ကျင့်ခြင်းတို့ဖြင့်သာ အချိန်ဖြုန်းနေခဲ့သည်မှာ ထုံယွယ်ရွှီထွက်လာသည်အထိပင်၊ ၎င်းတို့အခန်းများမှာ ဘေးချင်းကပ်ဖြစ်သဖြင့် ထုံယွယ်ရွှီပြန်ရောက်မရောက်ဆိုသည်မှာလည်း အထူးအထွေ စုံစမ်းစရာမလိုသော ကိစ္စဖြစ်သည် ။

ထုံယွယ်ရွှီသည် ထိုနှစ်ယောက်မှ အနီရောင်ကဒ်အကြောင်းမေးလာသောအခါ အနည်းငယ်ထူးဆန်းသလို ခံစားရသော်လည်း သူသိသမျှအား မခြွင်းမချန် ပြောပြပေးလေ၏ ။

" အနီရောင်ကဒ်အကြောင်းပြောရမယ်ဆိုရင်တော့ ရယူဖို့ နည်းလမ်းနှစ်ခုရှိတယ်၊ မင်းတို့လဲသိပြီးသာဖြစ်မှာပါ၊ ပထမနည်းလမ်းက အမှတ်တစ်သောင်းစုဖို့လေ၊ အဲ့ဒီနည်းက အရမ်းစိတ်ရှည်ဖို့လိုတာကြောင့် အောင်မြင်သွားတဲ့သူနည်းတယ်၊ အဲဒါကြောင့်မင်းတို့ ဒုတိယနည်းလမ်းကို အသုံးပြုတာ ပိုကောင်းလိမ့်မယ်.. "

" ကျွန်တော်တို့ ထင်သလိုပဲ နောက်တစ်နည်းရှိနေတာပါလား၊ မြန်မြန် ဆက်ပြောပြပါ.. "

" ဒုတိယနည်းလမ်းက အရမ်းပြိုင်ဆိုင်မှုပြင်းထန်တယ်၊ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာအရတော့ ပြင်ဆင်ထားရမယ်၊ အဲဒီနည်းလမ်းက ကျောင်းခွဲတစ်ရဲ့ စမ်းသပ်စစ်ဆေးမှုပဲ "

" အဲဒါဘာလဲ "

" စမ်းသပ်စစ်ဆေးမှုဆိုတာ ကျောင်းခွဲတစ်မှာ ကျင်းပလေ့ရှိတဲ့ နှစ်ပတ်လည်ပြိုင်ပွဲပဲ၊ ဆုတွေလည်းရက်ရက်ရောရော ပေးလေ့ရှိတယ်၊ အနိုင်ရရှိတဲ့သူတွေက ကြိုက်ရာဆုကိုရွေးချယ်နိုင်ပြီး အဲ့ဒီဆုတွေထဲမှာ အနီရောင်ကဒ်လည်းပါတယ်၊ ဒါပေမယ့်.. "

" ဒါပေမယ့် ဘာဖြစ်လဲ.. "

" စမ်းသပ်စစ်ဆေးပွဲရဲ့ စည်းမျဉ်းတွေက အရမ်းတင်းကြပ်ပြီး တောင်းဆိုချက်တွေလည်းများတယ်၊ တချို့ အဆင့်ကောင်းကောင်းရထားတဲ့ နာမည်ကြီးအင်အားစုကလူတွေတောင်မှ တခါတလေ မလုပ်ဆောင်နိုင်ကြတာမျိုးတွေရှိတယ် "

ယူရှောင်မို အလွန်ရှုပ်ထွေးသွားရသည် ။

လင်းရှောင်မှ တည်ငြိမ်စွာမေးလိုက်သည် ။

" ထိပ်ဆုံးငါးယောက်ဖြစ်ဖို့အတွက် အထူးလိုအပ်ချက်တွေရှိတာလား.. "

" ဟုတ်တယ်၊ ငါကြားဖူးသလောက် လွန်ခဲ့တဲ့နှစ်တွေတုန်းက အဲဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူဆိုတာ လေးယောက်ထက်မပိုခဲ့ဖူးဘူးတဲ့၊ တချို့ဆို အဆင့်ကောင်းပေမယ့် လိုအပ်ချက်နဲ့မကိုက်တာကြောင့် ဘာမှမလုပ်နိုင်ခဲ့တဲ့သူတွေတောင်ရှိတယ်၊ ဒါပေမယ့် ကျောင်းတော်က အဲလိုလူတွေကို နှစ်သိမ့်တဲ့အနေနဲ့ ဆုသေးသေးလေးတွေတော့ ပြင်ဆင်ပေထားပါသေးတယ် "

ယူရှောင်မို သူ့မေးစေ့သူ ပြန်ပွတ်နေသည် ။

" ကျောင်းမှာ အင်အားကြီးအုပ်စုတွေ ဒီလောက်များတာတောင် အဲဒီလိုအပ်ချက်ကို မဖြည့်နိုင်ဘူးဆိုတော့ ဘယ်လောက်များခက်ခဲလို့ပါလိမ့်.. "

ထုံယွယ်ရွှီမှ ၎င်းအား အပြုံးတစ်ခုဖြင့် အရင်တုံ့ပြန်သည် ။

" မင်းပြောသလိုပါပဲ၊ ကျောင်းမှာက သန်မာတဲ့ကျောင်းသားတွေ အများကြီးရှိတယ်၊ အဲဒါကြောင့် နှစ်တိုင်း ထိပ်ဆုံးရောက်ဖို့ ယှဉ်ပြိုင်နေကြတဲ့ ပြိုင်ပွဲဝင်တွေလည်း အများကြီးပဲ၊ ကျောင်းတော်ကလဲ အရင်တုန်းက ဒီလောက် စည်းကမ်းမတင်းကြပ်ခဲ့ပါဘူး၊ ဒါပေမယ့် ပြိုင်ပွဲကပြင်းထန်လာတာနဲ့အမျှ မတော်တဆ ဒဏ်ရာရသေဆုံးသူတွေလည်း များလာတယ်လေ၊ ဒဏ်ရာရသေဆုံးသူတွေထဲမှာ အလားအလာကောင်းတဲ့သူတွေလည်း အများကြီးပါသွားတာပေါ့၊ အဲဒါကြောင့် ကျောင်းသားတွေ အချင်းချင်းသတ်ဖြတ်တာကို ကာကွယ်နိုင်ဖို့အတွက် ကျောင်းတော်က စည်းကမ်းချက်တွေ တိုးမြှင့်ခဲ့ရတယ်၊ အခုဆိုရင် စမ်းသပ်စစ်ဆေးမှုကို ပြီးမြောက်ချင်ရင် အဖွဲ့လိုက်လုပ်ဆောင်မှုကို အားထားရတယ် "

လင်းရှောင်မှ ဝင်မေးလိုက်သည် ။

" ဒီနှစ်အတွက် စမ်းသပ်ပွဲက ဘယ်အချိန်စမှာလဲ "

ထုံယွယ်ရွှီမှ သူ့အား တစ်ချက်မျှသာကြည့်ပြီး ပြန်ဖြေသည် ။

" နောက်ဆုံးစမ်းသပ်ပွဲ ပြီးသွားတာ ငါးလရှိပြီဆိုတော့ နောက်ထပ်ခုနစ်လကြာဦးမှာပေါ့၊ ဒီနှစ်အတွက် စာရင်းထပ်သွင်းဖို့စောင့်နေတဲ့သူတွေ အရမ်းများလိမ့်မယ် "

ယူရှောင်မို ခိုင်မာသောလေသံဖြင့် ဆိုလိုက်သည် ။

" ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့စမ်းကြည့်ရမှာပဲ "

" ဒါနဲ့.. "

ထုံယွယ်ရွှီ တစ်စုံတစ်ခု ပြောဖို့ကျန်ခဲ့သဖြင့် ထပ်ပြောလာသည် ။

" ငါတစ်ခုပြောဖို့မေ့သွားလို့..၊ စမ်းသပ်ပွဲအတွက် စာရင်းသွင်းဖို့ကလည်း သတ်မှတ်ချက်တွေရှိသေးတယ်ရယ်၊ ဒါပေမယ့် လင်းရှောင်အတွက်တော့ ခက်ခဲမှာမဟုတ်ပါဘူး၊ တစ်ခုတည်းသော သတ်မှတ်ချက်က ကျောင်းသားအယောက်တစ်ရာစာရင်းမှာ အဆင့်ကောင်းကောင်းရဖို့ပဲ "

လင်းရှောင်မှ ထပ်မေးလိုက်သည် ။

" ကျောင်းသား အယောက်တစ်ရာစာရင်းကို ဘယ်လိုသတ်မှတ်တာလဲ.. "

"အင်း.. အနောက်ပိုင်းငါးဆယ်ကိုတော့ ကျင့်ကြံခြင်းအဆင့်နဲ့ သတ်မှတ်ထားတယ်၊ အဲဒါကြောင့် သတ်မှတ်ထားတဲ့ အဆင့်မှီတယ်ဆိုရင် အဲဒီစာရင်းထဲ အလိုအလျှောက် ဝင်သွားလိမ့်မယ်..၊ ပထမအယောက်ငါးဆယ်ကိုတော့ တိုက်ပွဲထဲကအင်အားနဲ့ သတ်မှတ်တယ်၊ အဆင့်တက်ချင်ရင် တစ်စုံတစ်ယောက်ကို သွားစိန်ခေါ်ရမယ်၊ သူနဲ့တိုက်ပြီးနိုင်ရင်တော့ သူ့အဆင့်ကို အစားဝင်ယူလို့ရပြီပေါ့ "

ယူရှောင်မို လင်းရှောင်အား တစ်ချက်လှမ်းကြည့်လိုက်သည်၊ ၎င်းမှာ အရမ်းလွယ်လွန်းသည်ဟု တကယ် ထုတ်ပြောပစ်လိုက်ချင်သည်၊ အယောက်တစ်ရာစာရင်းအတွက် အဆင့်သတ်မှတ်ခြင်းသည် ကျောင်းခွဲနှစ်နှင့် အလွန်ဆင်တူ၏၊ အလွန် အမှီအခိုကင်းသည်၊ သို့သော်..

ယူရှောင်မို ပြဿနာတစ်ခုအား သတိပြုမိလိုက်သည် ။

" အစ်ကိုအခုပြောတဲ့ စမ်းသပ်ပွဲက တိုက်ခိုက်ရေးသမားတွေအတွက်ပဲထင်တယ်နော်၊ အဲဒါဆို မှော်ဆရာတွေအတွက်ကရော.. ဘာမှမရှိဘူးလား "

သူသည် ထုံယွယ်ရွှီအား ခေါင်းယမ်းလိုက်ပါရန် မျှော်လင့်ခဲ့မိသော်လည်း ထုံယွယ်ရွှီမှ ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်သည် ။

" သေချာပေါက်ရှိတာပေါ့၊ ငါမပြောရသေးတာတစ်ခုရှိတယ်၊ စမ်းသပ်ပွဲတွေက တိုက်ခိုက်ရေးသမားတွေအတွက်တင် မကဘူး၊ တကယ်တော့ တိုက်ခိုက်ရေးသမားနဲ့ မှော်ဆရာတွေအတွက် စမ်းသပ်ပွဲက တစ်ခုတည်းပဲ "



ယူရှောင်မို သိပ်နားမလည်သေးပေ ။

" ကျွန်တော် သိပ်နားမလည်လို့ပါ.. ကျောင်းခွဲတစ်တစ်ခုလုံးအတွက် စမ်းသပ်ပွဲကတစ်ခုတည်းဆိုရင် မှော်ဆရာတွေအတွက် သိပ်မမျှတသလို ဖြစ်မနေဘူးလား.. "

ထုံယွယ်ရွှီ ခေါင်းယမ်းလိုက်သည် ။

" မင်းထင်နေသလိုမဟုတ်ဘူး "

လင်းရှောင်မှ ဝင်မေးသည် ။

" အတူပူးပေါင်းပြီးပြိုင်ရမှာ.. ဟုတ်တယ်ဟုတ် "

" အဲ့သလိုပြောလို့ရပါတယ်၊ တိုက်ခိုက်ရေးသမားတွေနဲ့ မှော်ဆရာတွေ တစ်ယောက်ကိုတစ်ယောက် မှီခိုပြီးယှဉ်ပြိုင်ကြရတယ်၊ အဲဒါကြောင့် နှစ်စဉ်နှစ်တိုင်း စမ်းသပ်ပွဲကာလမှာ တိုက်ခိုက်ရေးသမားတွေက မှော်ဆရာတွေနဲ့ ယာယီစာချုပ်ချုပ်ဆိုကြရတယ်၊ စမ်းသပ်ပွဲပြီးဆုံးသွားတဲ့အချိန်မှ စာချုပ်ပျယ်တယ်၊ အဲဒါကြောင့် စမ်းသပ်ပွဲက တိုက်ခိုက်ရေးသမားတွေကို စမ်းသပ်ရုံတင်မဟုတ်တော့ဘူး "

ယူရှောင်မို စိတ်လှုပ်ရှားပျော်ရွှင်စွာ ရေရွတ်လိုက်သည် ။

" ကောင်းလိုက်တာ! "

ထို့နောက် သူသာ လင်းရှောင်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အရာ်အချင်းမပြည့်မှီပါက အလွန်ရှက်စရာကောင်းပေလိမ့်မည်ဟု တွေးလိုက်မိသည် ။

ထုံယွယ်ရွှီမှ ဆက်ဆိုသည် ။

" ငါကြားတာ အယောက်တစ်ရာစာရင်းမှာပါတဲ့ အင်အားကြီးအုပ်စုက ကျောင်းသားတွေက စမ်းသပ်ပွဲကျင်းပဖို့ ခုနစ်လလောက်လိုသေးပေမယ့် သူတို့နဲ့အတူစာချုပ်ချုပ်ဖို့ အားကောင်းတဲ့မှော်ဆရာတွေကို လိုက်ရှာနေကြပြီလို့ကြားတယ် "

ထိုစကားအားပြောလိုက်ခြင်းမှာ လင်းရှောင်အား သင့်တော်မည့်မှော်ဆရာတစ်ယောက် အလျင်အမြန်ရှာသင့်ပြီဟု သတိပေးလိုခြင်းမဟုတ်ပေ၊ သူသိသည်၊ လင်းရှောင်သာ ပြိုင်ပွဲဝင်ပြိုင်မည်ဆိုပါက စာချုပ်ချုပ်ဆိုမည့်မှော်ဆရာမှာ ဤကမ်ဘာလောက၌ တစ်ဦးတည်းသာရှိပြီး ထိုမှော်ဆရာမှာ ကျိန်းသေပေါက် ယူရှောင်မိုသာ ဖြစ်သည်ပင် ။

........... ........



ထုံယွယ်ရွှီထွက်သွားပြီးနောက် ယူရှောင်မိုတို့နှစ်ယောက်သား စမ်းသပ်ပွဲအကြောင်း ထပ်မဆွေးနွေးကြတော့ပေ၊ အလွန်စောနေသေးသဖြင့် လင်းရှောင် အယောက်တစ်ရာစာရင်းသို့ ဝင်နိုင်ရန်လည်း လောနေစရာမလိုပေ၊ သို့သော် ယခုမှစ၍ ၎င်းတို့နှစ်ယောက် ကျင့်ကြံရာတွင် တစ်ယောက်တစ်လှည့်စီသာ သွားရတော့မည်ဖြစ်သည် ။

ထို့ကြောင့် ယူရှောင်မို သူဖော်စပ်ထားသော ဆေးလုံးများကို လင်းရှောင်အား ထုတ်ပေးလိုက်သည် ။

၎င်းတို့ထံ၌ အမှတ်အနည်းငယ် ကျန်နေသေးသော်လည်း ဘာအလုပ်မှမလုပ်ပဲ ထိုင်ဖြုန်းနေပါက မကြာမီ ပြာပုံတိုးရလိမ့်မည်ဖြစ်သည်၊ ယနေ့သည် ကျင့်ကြံရေးခန်းမသို့သွားရောက်ရန် ယူရှောင်မိုအလှည့်ကျသည့်နေဖြစ်သောကြောင့် လင်းရှောင်အား အမှတ်များရှာရန်အတွက် ဆေးလုံးသွားရောင်းခိုင်းရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည် ။

လင်းရှောင်လည်း အထွန့်တက်မနေတော့ပေ၊ ယူရှောင်မို့အစား သူဈေးရောင်းပေးခဲ့ဖူးသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်၊ ထို့အပြင် ဤဆေးလုံးများထဲမှ တစ်ဝက်ခန့်သည်လည်း သူ့အစာအိမ်၌သာ အဆုံးသတ်ရလိမ့်မည်ပင် ။

ထို့နောက် ၎င်းတို့နှစ်ယောက် တစ်ယောက်တစ်လမ်းစီ ထွက်လာခဲ့ကြသည် ။

ယူရှောင်မို ကျင့်ကြံရေးခန်းမ အနီရောင်အပိုင်းသို့ သွားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်၊ သို့သော် ယူရှောင်မို ကံမကောင်းပါပေ၊ စက်ဝိုင်းပုံစံ အဖြူရောင်အဆောက်အအုံ အပြင်ဘက်၌ တန်းစီနေသူများစွာရှိနေလေ၏၊ ယူရှောင်မိုလည်း စည်းကမ်းလိုက်နာစွာဖြင့် ဝင်ရောက်တန်းစီရန် ပြင်လိုက်စဉ်တွင် အရှေ့နားရှိ လူအုပ်ထံမှ ငြင်းခုန်ရန်ဖြစ်သံများ ကြားလိုက်ရသည် ။

ယူရှောင်မိုသည် ထိုကဲ့သို့သောကိစ္စများ၌ စပ်စုလေ့မရှိသောကြောင့် လျစ်လျူရှုရန်ပြင်လိုက်သော်လည်း ရင်းနှီးနေသော မျက်နှာနှစ်ခုအားမြင်လိုက်ရလေသည်၊ ရုန်ရွှမ်းနှင့် ချင်ကျန်းတို့သည် ထိုအရေးအခင်း၏ အဓိကဇာတ်ဆောင်များ ဖြစ်ဟန်တူ၏၊ ထို့ကြောင့် သိလိုစိတ်များစွာဖြင့် အနီးအနားသို့ လျှောက်သွားလိုက်သည် ။

(ယောင်ရွှမ်းကို ရုန်ရွှမ်းလို့ပြင်ရေးထားပါတယ်၊ အရှေ့ပိုင်းတွေမှာ မှားရေးမိတာ ဘာသာပြန်သူကိုယ့်အမှားပါ၊ သည်းခံပေးကြပါဦး။ )



" တစ်ဆိတ်လောက်ပါ.. ဘာတွေဖြစ်နေတာလဲပြောပြပေးပါလား "

ယူရှောင်မို အနီးရှိ လူငယ်တစ်ယောက်အား လှမ်းမေးလိုက်သည် ။

လူငယ်သည် ယူရှောင်မိုအား မည်သူမှန်းမသိသော်လည်း ကျောင်းသားသစ်များထဲမှ တစ်ဦးဖြစ်မည်ဟု ခန့်မှန်းမိသဖြင့် တက်ကြွစွာ ရှင်းပြပေးလေသည် ။

" ကျောင်းသားသစ်လေးနှစ်ယောက်ပေါ့.. ကျောက်တံခါးအဖွဲ့နားမှာ မှားပီး သွားတန်းစီမိတယ်လေ..၊ ကျောက်တံခါးနဲ့တွေ့တာ သူတို့ တော်တော်ကံဆိုးတာပဲ! ကျောက်တံခါးဆိုတာ သူတို့စိတ်ထင်ရာလုပ်တတ်လွန်းလို့ နာမည်ကြီးနေကြတာရယ်.. "



ကျောက်တံခါးအဖွဲ့ဆိုတာဘာလဲ? ကျောင်းခွဲတစ်ရဲ့ အဖွဲ့အစည်းတစ်ခုခုများလား?

ယူရှောင်မို ဇဝေဇဝါဖြင့် ထပ်မေးလိုက်သည် ။

" ကျင့်ကြံရေးခန်းမက အများပိုင်နေရာပဲမဟုတ်လား၊ အဖွဲ့အစည်းတွေအတွက် နေရာသပ်သပ်ရှိသေးတာလား "

ထိုအခါ လူငယ်လေးမှ ထပ်ရှင်းပြသည် ။

" မင်းလည်းကျောင်းသားအသစ်ပဲမဟုတ်လား၊ မင်းမသိတာမထူးဆန်းတော့ပါဘူး၊ ဒီမှာ အဖွဲ့တွေအတွက် သီးသန့်နေရာရယ်လို့တော့ မရှိပါဘူး၊ ဒါပေမယ့် တစ်ချို့လူတွေက အမြဲ သူများနေရာလုပြီး ကြားဖြတ်တန်းစီချင်ကြတယ်လေ၊ အင်အားကြီးတဲ့လူတွေမရှိတဲ့အချိန်ဆို ကျောက်တံခါးကကောင်တွေလည်း အမြဲအဲ့လိုလုပ်နေကြပဲ "

" ကျောက်တံခါးအဖွဲ့မှာ ဘယ်လိုနောက်ခံများရှိနေတာလဲ "

ယူရှောင်မိုထပ်မေးသောအခါ တစ်ဖက်လူငယ်မှာ ပို၍ပင် တက်တက်ကြွကြွဖြင့် ထပ်ရှင်းပြ၏ ။

" ကျောက်တံခါးဆိုတာ ကျောင်းခွဲတစ်မှာ ခြောက်ခုမြောက် အင်အားကြီးအုပ်စုပဲ၊ အဖွဲ့ဝင်အယောက်တစ်ရာကျော်ရှိတယ်၊ သူတို့ကိုစတင်ဖွဲ့စည်းခဲ့တာ ယန်မြို့တော်ရဲ့ အိမ်တော်ကြီးလေးခုထဲက ချိုင်အိမ်တော်ကလူလေ၊ အဲ့ဒီလူကကျောင်းမှာ မရှိတော့ပေမယ့် သူ့ရဲ့အာဏာနဲ့မျိုးဆက်တွေကတော့ ကျန်နေခဲ့တာပေါ့၊ အခုတောင် ချိုင်အိမ်တော်က သခင်ငယ်လေး ချိုင်ကျန်းလည်း ရောက်လာပြီလို့ကြားထားတယ် "

ချိုင်.. ချိုင်အိမ်တော်?!

မကောင်းဆိုးရွားတွေက နေရာအနှံ့ပါပဲလား!

ထို့နောက် ယူရှောင်မို ဝိုင်းအုံနေသောလူများအား တွန်းဖယ်ကာ အခင်းဖြစ်ပွားရာ နေရာတည့်တည့်သို့ ဝင်ချသွားတော့သည်၊ အတွန်းခံလိုက်ရသောသူများမှာ မျက်မှောင်ကြုပ်လိုက်ကြပြီး ယူရှောင်မိုအား မေတ္တာပို့လျက်ရှိကြလေ၏၊ ဘယ်လိုတောင်မာန်တက်နေတဲ့အရူးမျိုးလဲ?! ကျောက်တံခါးအဖွဲ့ရဲ့ကိစ္စကို ဒင်းက သွားဝင်ရှုပ်ဦးမယ်ပေါ့!



" အစ်ကိုရုန်! အစ်ကိုချင်! "

အနောက်ဘက်မှ နာမည်ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ကြရာ ယူရှောင်မိုအား တွေ့လိုက်ကြသဖြင့် အံ့သြသွားကြလေသည်၊ ထို့နောက် ယူရှောင်မိုအား ပြုံးကြလိုက်ကြသည်၊ ၎င်းတို့ ကျောင်းရောက်ပြီးကတည်းက နေသည့်အဆောင်မတူသဖြင့် မတွေ့ကြရသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည် ။

ရုန်ရွှမ်းမှ ပြုံးပြရင်း နှုတ်ဆက်သည် ။

" မိတ်ဆွေယူနဲ့ အခုလိုရှက်စရာကောင်းတဲ့အချိန်မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတယ်လို့.. "

ယူရှောင်မို၏ မအံ့သြသောအမူအယာကြောင့် အဖြစ်အပျက်အလုံးစုံအား သိရှိပြီးလောက်ပြီဖြစ်ကြောင်း ရုန်ရွှမ်း ခန့်မှန်းမိလိုက်သည် ။

ယူရှောင်မိုမှ ပြန်ဖြေသည် ။

" ရွံ့စရာသတ္တဝါတချို့ ပတ်ဝန်းကျင်ကို ဖျက်လိုဖျက်စီးလုပ်နေကြတာမြင်တော့ ဒီအတိုင်းဖြတ်မသွားလိုက်နိုင်လို့ပါ "

ယူရှောင်မို၏ ထိုစကားအားကြားသောအခါ ကျောက်တံခါးအဖွဲ့မှလူများ  ဒေါသထွက်လွန်းသဖြင့် ရှူးရှူးရှားရှားဖြစ်ကုန်ကြသည်၊  ထို့နောက် အသက်နှစ်ဆယ့်ငါးနှစ်ခန့် ရှိပုံရသောလူတစ်ဦးမှ လှမ်းအော်ဟစ်လေ၏ ။

" မင်းဘယ်သူ့ကို ရွံ့စရာသတ္တဝါလို့ ပြောတာလဲကွ! "

ယူရှောင်မို ၎င်းဘက်လှည့်ကာ မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်သည် ။

" ငါပြောနေတဲ့သူအကြောင်းပြောနေတာ! "

တစ်ဖက်လူ၏မျက်လုံးများသည် မီးထပွင့်တော့မလိုပင် ထင်မှတ်ရသည် ။

" ဒီကောင်တော့! မင်း ငါဘယ်သူလဲဆိုတာသိရဲ့လား? "

" မင်းဘယ်သူလဲငါမသိဘူး၊ ဒါပေမယ့်သေချာတာတော့ ချိုင်ကျန်းရဲ့နောက်လိုက်ခွေးတွေထဲက တစ်ကောင်ဖြစ်မှာပေါ့၊ သူဒီနေ့ပါမလာဘူးလား.. ဟင်း နှမြောစရာပဲ.. သူ့ခမျာ မင်းဖင်ဘယ်လိုအကန်ခံလိုက်ရလဲဆိုတာတောင် ကြည့်ဖို့အခွင့်အရေးမရလိုက်ရှာဘူး.. "

တစ်ဖက်လူမှ မည်သို့တုံ့ပြန်ရမည်မှန်းမသိတော့ပေ၊ ယခုတော့ ဤလူငယ်လေးမှာ မည်သူဖြစ်ကြောင်း သူသိရှိသွားပြီဖြစ်သည် ။





#18.8.2021

စာလုံးပေါင်းအမှားလေးတွေတွေ့ရင် အားမနာပဲ ထောက်ပြပေးကြပါဦး ❤

Continue Reading

You'll Also Like

408K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...
376K 26.8K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.