#Unicode#
ထင်းရှူးမြိုင် အိမ်ရာတွင် အတော်လေး ဆူညံပွက်လော ရိုက်သွားခဲ့သည်။ ရဲကား၊ Ambulanceကားများမှာလည်း အိမ်ရာအတွင်းရှိ D-6တိုက်ခန်းရှေ့တွင် ရောက်နေကြလေသည်။ အိမ်ရာ အတွင်းရှိ နေထိုင်သူမှားမှာလည်း အတော်လေး ထိတ်လန့်သွားကြပြီး ပွစိပွစိဖြင့် ပြောနေကြလေသည်။ ရဲများမှာလည်း အိပ်ရာက နေထိုင်သူများကို ထိန်းနေရလေသည်။
ဆေးရုံ၀န်ထမ်းများဟာ သီဟကို ထမ်းစင်ဖြင့် ခေါ်၍ တိုက်ခန်းလေးထဲကနေ ထွက်လာကြလေသည်။ မြတ်မင်းကိုမှာ သီဟ လက်ကလေးကို ကိုင်၍ စိုးရိမ်နေလေသည်။ အောင်နိုင်သူနှင့် မြင့်မြတ်တို့မှာလည်း သီဟ အတွက် စိတ်ပူနေကြလေသည်။
ထို့နောက်တွင်တော့ လက်ထိပ်ခတ်လျက် ဝေယံလင်းထွန်း တစ်ယောက် ရဲနှစ်ယောက် ကာရံလျက် ထွက်လေသည်။ ဝေယံလင်းထွန်း ထွက်လာတာကို မြတ်မင်းကို မြင်တော့ ဒေါသထွက်ပြီး ဝေယံလင်းထွန်းကို သွားထိုးလိုက်လေတော့သည်။
မြတ်မင်းကို ထိုးလိုက်တာကြောင့် ဝေယံလင်းထွန်း လဲကျသွားသည်။
ရဲများက မြတ်မင်းကိုအား ထိန်းထားလိုက်လေသည်။
ဝေယံလင်းထွန်းမှာတော့ ပြုံးပြုံးလေးသာ နေနေလေသည်။
"မင်းက ပြုံးနေနိုင်သေးတာလား......ခွေးလိုကောင်" ဆိုကာ
မြတ်မင်းကိုမှာ ဝေယံလင်းထွန်းကို ထိုးမလို့ လုပ်ပေမယ့် မထိုးရပါ။ ဘာကြောင့်ဆို ရဲများက မြတ်မင်းကိုအား ထိန်းထားလို့ပင် ဖြစ်သည်။
ဒါနဲ့ ဝေယံလင်းထွန်းမှာ ကိုယ့်ဘာသာထ၍ ရဲကားထဲသို့ ၀င်ပြီး အခန့်သား ထိုင်နေလေတော့၏။
နောက်တော့ သက်ရှိုင်းကိုလည်း တိုက်ကြီးထဲက ထွက်လာလေသည်။ နှင်းလည်း နောက်ကနေ လိုက်ပါလာတာပေါ့လေ။
သက်ရှိုင်းကိုမှာ ရဲကားထဲက ဝေယံလင်းထွန်းကို တစ်ချက် ကြည့်လိုက်လေသည်။ ဝေယံလင်းထွန်းမှာ ပြုံးနေတော့၏။ ပျော်လို့ ပြုံးနေတဲ့ အပြုံးမျိုး ဖြစ်သည်။
သက်ရှိုင်းကို ကြည့်နေတုန်း ဝေယံလင်းထွန်းမှာ လှည့်လာတော့သည်။ ပြီးတော့ ရုပ်တည်ပြီး ရှေ့ပြန်လှည့်သွားလေသည်။ ပြောရရင် ရှက်ပျိုသွေးနေတဲ့ ကောင်လေးနဲ့ တူလေ၏။ နှင်းမှာတော့ သက်ရှိုင်းကိုနှင့် ဝေယံလင်းထွန်းကို ကြောင်ပြီးတော့သာ ကြည့်နေလေတော့သည်။
သက်ရှိုင်းကိုမှာ အောင်နိုင်သူနှင့် မြင့်မြတ်တို့နား သွားလိုက်လေသည်။
"အကို ကောင်လေးရဲ့ အခြေအနေက ဘယ်လိုလဲ" ဟု
သက်ရှိုင်းကို မေးလိုက်လေသည်။
"အောက်စီဂျင်တော့ ပေးထားတယ်.....ကျန်တာတော့ ဆေးရုံမှ စစ်ကြည့်ရမယ်တဲ့လေ....." ဆိုကာ မြင့်မြတ်က ပြန်ဖြေလာလေသည်။
"ဒါနဲ့ မင်းကော ထိခိုက်မိတာ မရှိဘူလား......" ဆိုပြီး အောင်နိုင်သူမှ သက်ရှိုင်းကိုအား ကြည့်ကာ ပြန်ပေးလိုက်လေသည်။
"ကျွန်တော်က ဘာမှ မဖြစ်ဘူး....... " ဟု သက်ရှိုင်းကို ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် "အကိုတို့..... ကျွန်တော် လိုက်သွားလိုက်အုန်းမယ်" လို့ မြတ်မင်းကို ပြောပြီးတော့ Ambulanceကားနဲ့ ပါသွားလေတော့သည်။
Ambulanceကားလည်း ထွက်သွားသလို၊ ရဲကားများမှာလည်း အိမ်ရာအတွင်းကနေ ထွက်သွားကြလေပြီ။ အိမ်ရာရှိ နေထိုင်သူမျမှာလည်း ကိုယ့်တိုက်ခန်းကိုယ် ပြန်ကြလေပြီ။ D-6တိုက်ခန်းရှေ့တွင် မြင့်မြတ်၊ အောင်နိုင်သူနှင့် သက်ရှိုင်းကိုသာ ကျန်ခဲ့လေသည်။ နှင်းလည်း ဘေးနားမှာ ရှိနေတော့တာပေါ့။
"အကိုတို့ ဘယ်လို ရောက်လာကြတာလဲ" ဟု သက်ရှိုင်းကို မေးလိုက်သည်။
"အော်...... မင်းက ထွက်သွားတာလဲ ကြာနေပြီကွာ.... ဘာအကြောင်းမှလည်း မကြားဘူးဆိုတော့ ငါတို့တွေက စိတ်ပူလို့ လိုက်လာခဲ့လိုက်တာ....." ဆိုပြီး အောင်နိုင်သူမှ ပြန်ဖြေလေသည်။
"ပြီးတော့ မြတ်မင်းကလည်း နေရာကို သိနေတာလေ.... မဟုတ်ဘူးလား..... အဲ့တာကြောင့် တစ်ခုခု ဖြစ်နေပြီ ထင်ပြီး ရဲမှူးကြီးဆီ အကူအညီတောင်းပြီး လာခဲ့လိုက်တာ" ဟု မြင့်မြတ်ကပါ ၀င်ပြောလေသည်။
"ဘယ်လိုလဲ...... သက်သေတွေ ရခဲ့ရဲ့လား" ဆိုပြီး မြင့်မြတ်ကဘဲ ထပ်မေးလိုက်လေသည်။
"သက်သေတွေက ကျွန်တော့်အတွက်တော့ ရခဲ့လိုက်တာပေါ့..... ရဲစခန်းအတွက်တော့ သက်သေ ဘယ်ရှိပါတော့မလဲ" ဟု
သက်ရှိုင်းကိုမှာ မျက်နှာ ညိုးငယ်စွာဖြင့် ပြောလိုက်တော့သည်။
နှင်းမှာလည်း စိတ်ပျက်သွားရလေသည်။
"အဲ့လို ဖြစ်မယ်မှန်းသိလို့ သက်သေရအောင် ကြိုစီစဉ်ထားခဲ့တာ" ဆိုပြီး အောင်နိုင်သူ ပြောလိုက်တော့ မြင့်မြတ်နှင့် သက်ရှိုင်းကိုမှာ စာနားမလည်တဲ့ ကလေးလေးလိုဖြင့် အောင်နိုင်သူကို ကြည့်နေကြလေသည်။ နှင်းလည်း စောင့်ကြည့်နေလိုက်တော့တာပေါ့။
"ဒီမှာ ပြမယ်" ဆိုပြီး အောင်နိုင်သူ တစ်ယောက် သက်ရှိုင်းကို အင်္ကျီအိတ်ကပ်ထဲက သက်ရှိုင်းကို ဖုန်းလေးကို ထုတ်လိုက်လေသည်။ ပြီးတော့ ဖုန်းကို lockဖွင့်ပြီး တစ်ဖက်သို့ လှည့်ပြလိုက်လေသည်။
မြင့်မြတ်နှင့် သက်ရှိုင်းကိုမှာ အတော်လေး အံ့ဩသွားလေသည်။ နှင်းလည်း "တော်လိုက်တာ" ဆိုပြီး အောင်နိုင်သူဘက်ကို ကြည့်ပြီး ပြောလိုက်လေတော့၏။
"Record ဖွင့်ထားတာ" ဟု မြင့်မြတ်မှ အာပြဲအောင် အော်ပြောလိုက်လေသည်။
"အင်း" လို့ အောင်နိုင်သူ ပြန်ပြောပြီး recordမှတ်ထားတာကို ရပ်လိုက်လေသည်။
"ဘယ်ချိန်က recordဖွင့်ထားတာလဲ" ဆိုပြီး မြင့်မြတ် ထပ်မေးလိုက်ပြန်သည်။
"သူ ဆိုင်မထွင်ခင် မြင့်မြတ်နဲ့ စကားပြောနေကြတဲ့ အချိန်မှာ သူ့ဖုန်းကို recordဖွင့်ပြီး ထည့်ပေးလိုက်တာဘဲလေ" ဟု
အောင်နိုင်သူ ပြန်ဖြေပြီး ဖုန်းကို သက်ရှိုင်းကိုဆီသို့ ပြန်ပေးလိုက်လေသည်။ သက်ရှိုင်းကိုလည်း ဖုန်းကို ယူပြီးတော့ အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။
"အိုး.... ကိုက တစ်ကယ့်ကို ဉာဏ်ကြီးရှင်ဘဲ" ဆိုကာ မြင့်မြတ်မှာ ချီးကျူးနေတော့၏။
"ကဲ ဆေးရုံကို လိုက်သွားကြမယ်" ဟာ အောင်နိုင်သူ ပြောလိုက်တော့ မြင့်မြတ်မှာ ကားနားသို့ သွားလိုက်လေသည်။
"ကျွန်တော် ဆိုင်ကယ်နဲ့ လာခဲ့လိုက်မယ်" လို့ ပြောပြီး သက်ရှိုင်းကိုမှာ ဆိုင်ကယ်နား သွားလိုက်လေသည်။
နှင်းကတော့ အောင်နိုင်သူတို့ ကားထဲမှာ ရောက်နေလေပြီ။ ဒီလိုနဲ့ အောင်နိုင်သူတို့ မြင့်မြတ်တို့၊ သက်ရှိုင်းကိုတို့ ဆေးရုံကို သွားလိုက်ကြလေသည်။
ဆေးရုံကို ရောက်တော့ မြင့်မြတ်တို့ ကောင်တာက nurseကို မေးပြီးတော့ သီဟ အခန်းရှိရာသို့ သွားလိုက်ကြလေသည်။ အခန်းထဲ ရောက်တော့ သီဟလက်ကို ဆုပ်ကိုင်ထားတဲ့ မြတ်မင်းကို တစ်ယောက်အား တွေ့လိုက်ရလေသည်။
"ဘယ်လိုဖြစ်သွားပြီလဲ.....မြတ်မင်း" ဟု မြင့်မြတ်ကမှ မေးလိုက်သည်။
"အဖျား ရှိနေတော့ အဖျားကျဆေး ထိုးထားတယ်တဲ့ အကို" ဟု မြတ်မင်းကိုမှ တုန်တုန်ယင်ယင်လေး ပြန်ပြောလာတော့သည်။
"တစ်ခြားကော ဘာမှမဖြစ်ဘူးလား"
"စောင့်ကြည့်ရမှာဘဲတဲ့လေ..... သတိရလာ၊မရလာဆိုတာကိုပေါ့....... ဆရာ၀န် ပြောတာကတော့ ကိုမာ ဖြစ်နိုင်တယ်တဲ့လေ"
မြတ်မင်းကိုရဲ့ အသံမှာ တုန်ရီ အက်ကွဲနေသည်။ တစ်ခါတစ်ခါပြောတိုင်း အသံက တုန်ယင်နေလေသည်။ မြင့်မြတ်နှင့် အောင်နိုင်သူတို့မှာလည်း စိတ်မကောင်း ဖြစ်လို့နေလေသည်။ သက်ရှိုင်းကိုမှာလည်း သီဟကို စိတ်ပူစွာဖြင့် ကြည့်နေတော့သည်။ နှင်းြတော့ သီဟ ဘေးနားသို့ သွားပြီး ၀မ်းနည်းစွာ ကြည့်နေလေသည်။
အခန်းလေးဟာ တိတ်ဆိတ်မှု အပြည့်ဖြင့် ပြည့်နှက်သွားလေသည်။နှင်း တစ်ယောက် အခန်းထဲမှာ နေရင် ပိုပြီးစိတ်မကောင်း ဖြစ်နေမှာ စိုးသောကြောင့် အခန်းထဲက ထွက်လာလိုက်လေသည်။ ပြီးနောက် ခြေဦးတည့်ရာ လျှောက်သွားလေတော့၏။
နှင်းမှာ လျှောက်သွားရင်း ပန်းခြံလေးကို ရောက်သွားလေသည်။ ပန်းခြံလေးထဲက ခုံတန်းလေးမှာ ထိုင်ပြီး နှင်း တစ်ယောက် ကောင်းကင်ကို မော့ကြည့်နေလေသည်။ ထိုအချိန်တွင် နှင်းကို တွေ့နေကြဖြစ်တဲ့ ကလေးလေး တစ်ယောက် ရောက်လာတော့သည်။
"မမ.....မမ.... ဘာဖြစ်နေတာလဲဟင်......" ဆိုကာ အသံပိစိကျလူဖြင့် နှင်းကို မေးလာလေသည်။
"ဘာမှမဖြစ်ပါဘူး ကလေးလေးရယ်..... အမ တွေးစရာလေး ရှိလို့ပါ"
"မမ မီးကို ပြောပြလေ....."
နှင်းမှာ ကောင်းကင်ကို မော့ကြည့်ရာကနေ ကလေးလေးကို ကြည့်လိုက်သည်။ နောက်တော့ နှင်း ကလေးလေးကို ထိုင်ခုံမှာ လာထိုင်ဖို့
ထိုင်ခုံကို ပုတ်ပြဘိုက်သည်။ ဒါနဲ့ ကလေးလေးလည်း ထိုင်လိုက်တော့၏။
"ဟူး......"
နှင်း တစ်ယောက် သက်ပြင်းချလိုက်ပြီး ငူငူငိုင်ငိုင်ဖြင့် ထိုင်နေလေသည်။
"မမ ..... ပြောပြမယ်ဆို....."
"အင်း..... အမ မှတ်ဉာဏ်တွေ ပြန်ရပြီ......."
"ယေး..... မမကလည်း ပျော်ရမယ့် ကိစ္စကို ဘာလို့ ၀မ်းနည်းနေရတာလဲ"
"အမ သတိရဖို့အတွက် လူတစ်ယောက်က ဆေးရုံပေါ်မှာ သတိလစ်နေရတယ်လေ.... ဒါပေမယ့် သူသတိရလာဖို့ နည်းလမ်း ရှိတယ်...."
"အဲ့တာ ဘာများလဲ မမ"
နှင်း ဘာမှ ပြန်မဖြေဘဲ ငြိမ်နေမိသည်။ ပြီးနောက် ဆရာကြီး၏ စကားတွေ နားထဲ ကြားယောင်လာသည်။
"မင်း မှတ်ဉာဏ်တွေ ပြန်ရဖို့အတွက် မင်းရဲ့ ဝိညာဉ်ဟာ ဟိုကောင်လေးရဲ့ ခန္ဓာကိုယ်နဲ့ ကြာကြာလေး ပေါင်းစပ်နေမှ ရမယ်။ ဒါပေမယ့် ဆိုးကျိုးတော့ရှိတယ်။ အဲ့ကောင်လေးဟာ သူ့ရဲ့ ဝိညာဉ် နုတ်ခံရသလို ဖြစ်သွားလိမ့်မယ်"
"ဒါဆို သီဟက ဘယ်လိုဖြစ်သွားမှာလဲ ဆရာ"
"ရှင်လျက်နဲ့ သေနေတဲ့ ပုံစံမျိုးနဲ့ တစ်သက်လုံး အရိုးဆွေးသွားရမှာဘဲပေါ့"
"ဆရာ ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိဘူးလား"
"ရှိတယ်.... မင်းရဲ့ ဝိညာဉ်သာ ပျောက်သွားရင် တစ်ဖက်လူက ပြန်သတိရလာလိမ့်မယ်..... ဒါပေမယ့် မင်းက ချုပ်နှောင်ထားခံရတဲ့ ဝိညာဉ် ဖြစ်နေတယ်.... အရင်ဆုံး မင်းကိုချုပ်နှောင်စေတဲ့ ပစ္စည်းကို အရင်ရှာပါ.... မင်းသာ ရှာမတွေ့ရင်တော့ အဲ့ကောင်လေးက ရှင်လျက်နဲ့ သေသလိုမျိုး တစ်သက်လုံးနေသွားရတော့မှာ"
"မမ.....မမ......မမ........" ဆိုကာ ကလေးလေးက ဆက်တိုက်ခေါ်တော့မှ နှင်းလည်း သတိပြန်လည်လာလေသည်။
"ဟင်.... ပြော ... ကလေးမ...."
"မမကို ကူညီတဲ့သူ သတိရလာမယ့် နည်းလမ်းရှိတယ်ဆို အဲ့တာ ဘာလဲလို့..... မီးကို ပြောပြလေ"
"ကလေးမလေးက အမ ပြောပြမယ့် စကားကို နားထောင်ဖို့ အရမ်းငယ်နေသေးတယ်ဆိုတော့ အမ ပြောပြလို့ မရဘူး"
"ဟုတ်ပါပြီ..... မမ..... မီးသူငယ်ချင်းတွေ ရောက်လာလို့ မီး သွားကစားတော့မယ်နော်..... သွားပြီ မမ"
ကလေးမလေးဟာ ချစ်စဖွယ်ကောင်းအောင် ပြောပြီးတော့ ပြေးသွားလေသည်။ နှင်းမှာလည်း ကလေးမလေး ပြေးသွားတာကို ငေးကြည့်နေလေသည်။ ပြီးတော့ ကောင်းကင်ပေါ်ကိုသာ မော့ကြည့်လိုက်သည်။
"သီဟက ငါ့ကို အစကနေ အဆုံးထိ ဒုက္ခခံပြီး ကူညီခဲ့တာဘဲလေ....ငါလည်း ပြန်ပြီး ကူညီပေးရမှာပေါ့..... ငါထပ်နေလို့လည်း အကျိုးရှိသွားတဲ့သူ တစ်ယောက်မှ မရှိတာ.... ငါ့အတွက်နဲ့ ၀န်လေးနေရမှာဘဲပေါ့....... နှင်းအိန္ဒြာထက် စဉ်းစားရတော့မှာပါလား"
နှင်း တစ်ယောက် ကြယ်လေးတွေ ပြည့်နေတဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်လျက်။
.........................
မနက်ခင်းထိတိုင်အောင် သီဟမှာ သတိမရလာသေးပါ။
မြတ်မင်းကိုမှာလည်း အတော်လေးကို စိတ်ပူနေရှာသည်။ ကျန်တဲ့ မြင့်မြတ်တို့၊ အောင်နိုင်သူတို့၊ သက်ရှိုင်းကိုတို့မှာ အခန်းပြင်မှာ နေ၍ အခြေအနေကို စောင့်ကြည့်နေကြလေသည်။
နှင်း တစ်ယောက် မနေ့ညက ညလုံးပေါက် ထိုင်ပြီး စဉ်းစားနေခဲ့မိသည်။ နောက်ဆုံးတော့ နှင်း ဆုံးဖြတ်ချက် ချလိုက်လေသည်။
သီဟကို ကူညီမယ် ဆိုတာကိုဘဲပေါ့။
နှင်း ဆေးရုံ၀န်းကြီး ၀င်လာလိုက်သည်။ ပြီးတော့ သီဟ ရှိနေတဲ့ အဆောင်သို့ တန်းသွားလိုက်လေသည်။ နှင်းမှာ သီဟ အခန်းရှေ့ကို ရောက်တော့ သက်ရှိုင်းကိုအား တွေ့လိုက်ရလေသည်။ နှင်း တစ်ယောက် သက်ရှိုင်းကိုကို စိုက်ကြည့်နေတော့သည်။ ပြီးမှ အခန်းထဲ ၀င်သွားလိုက်လေသည်။
နှင်း မြတ်မင်းကိုအား တွေ့လိုက်ရသည်။ မြတ်မင်းကိုမှာ သီဟရဲ့ လက်ကလေးကို ကိုင်လျက် သီဟကို တစ်စိမ့်စိမ့် ကြည့်နေလေ၏။ ကြည့်ရတာ ညက မအိပ်ခဲ့ဘူးနေမှာ။ မြတ်မင်းကိုရဲ့ မျက်လုံးတွေက အားမရှိသလို ဖြစ်နေလသည်။ ပြီးတော့ မြတ်မင်းကိုမှာ တိုးတိုးတိုးတိုး ရေရွတ်နေသေးသည်။
"ချစ်ရယ်..... ချစ် အရင်တစ်ခါ ကို့ကြောင့် ချစ် ယဉ်တိုက်မှု ဖြစ်တော့ ကို ဘယ်လောက်တောင်မှ လန့်သွားခဲ့ရလဲ သိရဲ့လား....."
နှင်းမှာ ဆေးရုံ ခုတင်ဘေးနားမှာ ရပ်ပြီး သီဟကို ကြည့်နေလေ၏။
"အဲ့တုန်းကလေ ချစ် သတိမရလာတော့ ကိုယ့်မှာ ရူးမတတ်ဘဲ ခံစားလိုက်ရတာ..... ကို အရမ်းကို ရူးမတတ်ဘဲ....... ချစ်သာ ကို့ကို ထားသွားခဲ့မယ် ဆိုရင် ကို ရူးလောက်မှာ သေချာတယ်..... ကို ချစ်ကို အရမ်းချစ်တာ ချစ်လည်း သိသားဘဲ.... ကို့ကို ချစ်ရင် မြန်မြန်လေး သတိရလာပေးပါနော်.....နော်....." ဆိုကာ မြတ်မင်းကိုမှာ သီဟရဲ့ လက်ကလေးကို ကိုင်ပြီး မျက်ရည်ရွဲလဲဖြင့် ပြောနေလေတော့၏။
နှင်းမှာ မြတ်မင်းကိုအား ကြည့်နေရင်းမှ သီဟကိုယ်ထဲသို့ ၀င်ပူးလိုက်လေသည်။
မြတ်မင်းကိုမှာ မျက်ရည်ရွဲလဲဖြင့် ပြောနေရင်းမှ သီဟကို တစ်ချက်ကြည့်လိုက်သည်။ ငုတ်တုတ်ကြီး ထထိုင်နေတဲ့ သီဟကို တွေ့လိုက်ရလေသည်။ အစကတော့ မြတ်မင်းကိုမှာ မြင်ယောက်တာလို့ ထက်မိပြီးတော့ လက်ကလေးကိုသာ ပြန်ကိုင်နေလိုက်သည်။ လက်ကလေးကို ကိုင်နေရင်း ဖယ်ထုတ်ခံလိုက်ရတာ မြင်တော့ မြတ်မင်းကိုမှာ သီဟကို တစ်ချက် ပြန်ကြည့်လိုက်တော့သည်။
"ချစ် သတိရလာပြီလား" ဆိုပြီး မြတ်မင်းကိုမှာ သီဟရဲ့ မျက်နှာကို သွားပြီး စမ်းသပ်နေလေ၏။
သီဟ ကိုယ်ထဲသို့ ရောက်နေတဲ့ နှင်းမှာ စိတ်ရှုပ်လာတာကြောင့် မြတ်မင်းကို၏ လက်ကို ဖယ်ထုတ်လိုက်လေသည်။ ပြီးတော့ သီဟ မဟုတ်ကြောင်း ပြောလိုက်သည်။
"သီဟ မဟုတ်ဘူး..... အခုက အမနှင်း"
သီဟဆီကနေ အခုလိုမျိုး စကားကြားလိုက်ရတော့ မြတ်မင်းကိုမှာ အလန့်တကြားဖြင့် အခန်းပြင် ထွက်သွားလိုက်လေသည်။ အလန့်တကြားဖြင့် အခန်းပြင်ထွက်လာတဲ့ မြတ်မင်းကိုကို မြင့်မြတ်တို့ သုံးယောက်က အထူးအဆန်းဖြင့် ကြည့်နေရှာလေသည်။
"ဘာဖြစ်လို့လဲ မြတ်မင်း သီဟ သတိရလာလို့လား" ဟု မြင့်မြတ်ကနေမှ စမေးလိုက်သည်။
"သတိတော့ ရလာပြီ ဒါပေမယ့် ထူးထူဆန်းဆန်းတွေ ပြောနေတယ် အကိုရဲ့.... အထဲ ၀င်ကြည့်ကြည့်လိုက်အုန်း"
ဒီလိုနဲ့ မြင့်မြတ်တို့ သုံးယောက်လည်း အခန်းထဲ ၀င်သွားလိုက်သည်။ အခန်းထဲရောက်တော့ သီဟကို ၀င်ပူးနေတဲ့ နှင်းက အကြောင်းစုံ ပြောပြတော့သည်။
"ဒီတော့ အခု ပြောနေတာက နှင်းပေါ့......" ဟု မြင့်မြတ်က မေးလိုက်သည်။
"ဟုတ်ပါတယ်..... အကို"
"အရင်တုန်းကလည်း ၀င်ပူးဖူးတယ်မလား" ဆိုကာ မြင့်မြတ်ကဘဲ ထပ်မေးလိုက်ပြန်သည်။
"ဟုတ်ကဲ့....... အရင်က နှစ်ခါပေါ့..... မနေ့ကတော့ နောက်ဆုံး ၀င်ပူးတာဘဲပေါ့"
"ဒါဖြင့်ရင် နှင်းက ချုပ်နှောင်ထားခံရတဲ့ ဝိညာဉ်ပေါ့လေ.... နှင်းကို လွတ်မြောက်အောင် လုပ်မှ သီဟက ပြန်နိုးလာမယ်ပေါ့" ဆိုကာ အောင်နိုင်သူ ပြောလိုက်သည်။
"ဟုတ်ပါတယ်.... သီဟနဲ့ အတူတူ သွားတွေ့ခဲ့တဲ့ ပရလောဂဆရာ ကိုယ်တိုင် ပြောခဲ့တာပါ"
"ကောင်လေး တစ်ခါ ပြောဖူးတယ် နှင်းက ချုပ်နှောင် ထားခံရတဲ့ ဝိညာဉ် ဆိုတာကိုလေ....ပြီးတေု့ အတိတ်မေ့နေတယ် ဆိုတာကိုရောပေါ့" ဆိုပြီး သက်ရှိုင်းကိုက ကြားဖြတ် ၀င်ပြောလိုက်သည်။
"ဒါဖြင့်ရင် ချုပ်နှောင်ထားခံရတဲ့ ပစ္စည်းက ဘယ်မှာ သွားရမှာလဲ....." ဟု မြတ်မင်းကို မေးလိုက်သည်။
"ဒါကတော့ လွယ်ပါတယ်.... ဝေယံလင်းထွန်းဆီမှာ နှင်းရဲ့ လက်ထပ်လက်စွပ်လေး ရှိနေခဲ့တယ်"
မနေ့က နှင်း သီဟကိုယ်ထဲ ၀င်ပူးနေချိန် အမှတ်မထင်ဘဲ တွေ့လိုက်ရလို့ မှတ်မိနေတာ ဖြစ်သည်။
"ဟုတ်တယ်.... လက်စွပ် ရှိနေတယ်" ဆိုပြီး သက်ရှိုင်းကို ဝင်ပြောလိုက်သည်။
အားလုံးက သက်ရှိုင်းကိုဘက် လှည့်ကြည့်လာလေသည်။
"မနေ့က ဝေယံလင်းထွန်း ခုန်ချမယ်လုပ်တော့.... သူ့လက်ကို ဖမ်းဆွဲလိုင်တဲ့ အချိန်မှာ လက်စွပ်လေး ၀တ်ထားတာကို တွေ့လိုက်ရတယ်..... အခုလို ပုံစံတူမျိုးပေါ့" လို့ သက်ရှိုင်းကိုမှာ လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးလေးက လက်စွပ်ကွင်းလေးကို ကိုင်ပြရင်း ပြောလိုက်တော့သည်။
"ဒါဆိုရင် ဘာကို စောင့်နေမှာလဲ..... ရဲစခန်းကို သွားကြတာပေါ့" ဟု အောင်နိုင်သူ ပြောလိုက်သည်။
"နေအုန်း ဆေးရုံက ဆင်းခွင့်မရှိသေးတဲ့ လူနာကို အပြင်ခေါ်ထုတ်သွားလို့မှ မရတာ" ဆိုပြီး မြင့်မြတ် ပြောလိုက်သည်။
"ဟုတ်သားဘဲ....." ဆိုကာ မြတ်မင်းကို ရေရွတ်လိုက်သည်။
"လုပ်ဖို့ တစ်ခုဘဲ ရှိတော့တယ်" ဟု မြင့်မြတ် ပြောလိုက်သည်။
မြင့်မြတ်မှာ အခန်းထဲက စိတ်တိုတိုဖြင့် ထွက်လာလေသည်။ အောင်နိုင်သူမှာလည်း နောက်ကနေ လိုက်လို့လာလေသည်။
"ချစ်ရယ်.... ချစ် ကို့ကို စိတ်မဆိုးပါနဲ့တော့"
"စိတ်ဆိုးနေတာ မဟုတ်ဘူး.... စိတ်တိုနေတာ...." ဟု မြင့်မြတ် အော်ပြောလိုက်သည်။ မြင့်မြတ် အော်ပြောလိုက်တာကြောင့် ဆေးရုံ အဆောင်ထဲက nurseတေ၊ လူနာစောင့်နဲ့ တာ၀န်ကျ ဆရာ၀န်တို့မှာ မြင့်မြတ်တို့ အတွဲဆီကို အာရုံစိုက်လာကြလေသည်။
"ဘာကြောင့် စိတ်တို နေရတာလည်း ကို့ကို ရှင်းပြပါအုန်း....."
"ကိုက........." လို့ ပြောပြီး မြင့်မြတ် ဘာပြောရမှန်း မသိ ဖြစ်သွားလေသည်။ ပြီးမှ ဆက်ပြောတော့သည်။
"ကိုက ချစ်မဟုတ်တဲ့ တစ်ခြား တစ်ယောက်နဲ့ သွားအိပ်တာကို ချစ်သိလို့ စိတ်တိုနေတာလေ...." ဆိုပြီး မြင့်မြတ် ပြောလိုက်တော့ ဆေးရုံဆောင်ထဲက လူတွေက တအံ့တဩ ဖြစ်သွားကြလေသည်။
"မင်းမှာ သက်သေရှိလို့လား...." ဟု အောင်နိုင်သူ အော်ပြောလိုက်သည်။
"အခုတော့ ချစ်လို့ မခေါ်ဘဲနဲ့ မင်းလို့ ပြောင်းခေါ်နေပြီပေါ့.... ဘာလဲ အဲ့တစ်ယောက်ကို ချစ်လို့ သွားခေါ်နေပြီလား"
"သက်သေမရှိဘဲနဲ့ ကိုယ့်ကို မစွပ်စွဲစမ်းပါနဲ့....."
"သက်သေ .... သက်သေ လိုသေးလို့ ကိုနဲ့ အဲ့တစ်ယောက်နဲ့ တိုက်ခန်းထဲက ထွက်လာတာ မျက်မြင်တွေ့ခဲ့တာဘဲလေ"
အခုဆိုရင် ဆေးရုံအဆောင်ထဲက သူတွေ အားလုံး မြင့်မြတ်ဆို့ အတွဲဆီမှာသာ အာရုံရနေကြလေသည်။ ထိုအချိန် မြတ်မင်းကိုနှင့် သက်ရှိုင်းကိုတို့ နှစ်ယောက်မှာ သီဟရဲ့ ခုတင်လေးကို ထုတ်လာပြီးတော့ နေက်ပေါက်ဘက်ကို ခေါ်သွားနေလေသည်။
ခုတင်လေး ထုတ်ပြီး အနောက်ပေါက်ကို သွားနေတဲ့ မြတ်မင်းတို့ကို မြင့်မြတ် တွေ့နေရလေသည်။ အမှန်တော့ မြင့်မြတ် စီစဉ်ထားခဲ့တာ ဖြစ်သည်။ သရုပ်တောင်နေစဉ် မြတ်မင်းကိုတို့ အလွယ်တကူ ထွက်သွားလို့ရအောင်ဘဲပေါ့။ အခုတော့ အစီအစဉ် အတိုင်း ဖြစ်လာခဲ့လေပြီ။
"ဒီကိစ္စကို ဟိုတစ်ယောက်နဲ့တွေ့ပြီးတော့ မျက်နှာချင်းဆိုင် ရှင်းကြတာပေါ့....သွားမယ်" ဆိုကာ မြင့်မြတ်မှာ အောင်နိုင်သူ လက်ကို ဆွဲပြီး ဆေးရုံအတောင် အပြင်သို့ ခေါ်ထုတ်သွားလေသည်။
မြင့်မြတ်တို့လည်း ထွက်သွားရော ဆေးရုံအဆောင်က သူတွေမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။ ဘာကြောင့်ဆို ဘာဆက်ဖြစ်မလဲဆိုတာ မသိရတော့လို့ဘဲပေါ့။ သိတယ်မလား။ လူတွေက တစ်ခြားသူတွေရဲ့ အတွင်းရေးဆို စိတ်၀င်စားကြတာလေ။
မြင့်မြတ်နှင့် အောင်နိုင်သူတို့မှာ အဆောင်ပြင်ကို ရောက်တော့ နှစ်ယောက်သား လက်ဝါးချင်း ရိုက်လိုက်ကြလေသည်။
"ကို သရုပ်ဆောင်တာ တော်လာသားဘဲ .... ဘာလဲ ခိုးကျင့်ထားတာလား"
"ကို့ရဲ့ ချစ်သူက ဘယ်သူလဲ.... မော်ဒယ်၊သရုပ်ဆောင် မြင့်မြတ်သူဘဲလေ....."
"ဟုတ်ပါပြီ"
နှစ်ယောက်သား ကားယူကာ အနောက်ပေါက်သို့ သွားလိုက်ကြပြီး မြတ်မင်းကိုတို့ကို သွားခေါ်လိုက်ကြလေသည်။ ဒီလိုနဲ့ သက်ရှိုင်းကိုတို့ အုပ်စု ရဲစခန်းကို ဦးတည်လိုက်ကြလေတော့၏။
တစ်ဖက်က ရဲစခန်း၏ စစ်မေးခန်းတွင်တော့ ဝေယံလင်းထွန်း တစ်ယောက် အဖေဖြစ်သူနှင့် ဖုန်းပြောနေလေသည်။
"ဟယ်လို ပါးပါး"
"ဟိတ်ကောင် ဒီတစ်ခါတော့ မင်းကို ငါမကယ်နိုင်တော့ဘူး....."
"သား သိပါတယ်.... သားလည်း အပြစ်ခံယူတော့မယ်လို့ တွေးထားပြီးသားပါ"
"အေ..... ငါမင်းကို ကူနိုင်တာဆိုလို့ မင်းရဲ့ ထောင်ချတဲ့နှစ်ကိုဘဲ လျော့ပေါ့ပေးဖို့ ပြောပေးနိုင်မယ်"
"ရပါတယ်..... အဲ့လောက်လေး လုပ်ပေးတာနဲ့တင် ကျေးဇူးတက်ရမှာပေါ့"
"မင်းဆီ ဦးမိုးကောင်းက တစ်လတစ်ခါ လာတွေ့လိမ့်မယ်"
"ဟုတ်ကဲ့ ပါးပါး"
"ပြီးတော့ မင်းကို ဆေးဖြတ်တဲ့ အထူးထောင်မှာ ထားဖို့ ငါပြောထားတယ်"
"အဲ့လောက်လည်း သားဆေးမစွဲသေးပါဘူး......"
"မင်းကို ထောင်ကထွက်လာရင် နိုင်ငံခြားပို့ပြီး ပညာသွားသင်စေချင်တာ.... မင်းကသာ အစက မသွားချင်ဘူးပြောလို့ လုပ်ငန်း ပေးလုပ်ထားတာ.... အခုကြည့် ပြဿနာတွေ ဖြစ်လာပြီမလား"
"သား ဒီတစ်ခါ တစ်ကယ် သွားပါ့မယ် ပါးပါး..... ပါးပါး ဖြစ်စေချင်တာကို သားလုပ်ပေးမယ်"
"အေ.... ဖုန်းချလိုက်တော့မယ် လိုတာတွေ ရှိရင် ဦးမိုးကောင်းဆီသာ ပြောလိုက်တော့"
"ဟုတ်ကဲ့ ပါးပါး" လို့ ဝေယံလင်းထွန်း ဖြေပြီးသည်နှင့် တစ်ဖက်က ဖုန်းချသွားသည်။
ဦးမိုးကောင်းမှာ ဝေယံလင်းထွန်း ဖခင် အကူအညီဖြင့် ဘာပြဿနာမှ မတက်တော့ပေ။
ဝေယံလင်းထွန်းလည်း ဖုန်းနံပါတ်လေးကို ဖြတ်လိုက်လေသည်။ ထိုအချိန် တံခါးလေး ဖွင့်လာတော့သည်။ ဒါနဲ့ ဝေယံလင်းထွန်းလည်း ရဲမှူးကြီး အထင်ဖြင့်
"ရော့ဖုန်းပြောလို့ ပြီးပြီ ယူသွားပြီး သိမ်းလိုက်တော့" ဟု ပြောလိုက်လေသည်။
ဒါပေမယ့် တစ်ဖက်က ဘာမှ မပြောလာပါ။ တံခါးပိတ်သံသာ ထွက်ပေါ်လာသည်။ ဒါနဲ့ ဝေယံလင်းထွန်းလည်း တံခါးဖက်လှည့်လိုက်လေသည်။
"မင်း........" ဆိုကာ ဝေယံလင်းထွန်း တစ်ယောက် သက်ရှိုင်းကိုအား လက်ညိုးထိုးကာ ပြောလိုက်တော့သည်။
"မင်း..... ဘာလာလုပ်တာလဲ"
"ခဏလောက် စကားပြောလို့ ရနိုင်မလား......." ဟု သက်ရှိုင်းကို ပြောပြီး ထိုင်ခုံမှာ ထိုင်လိုက်သည်။ ဝေယံလင်းထွန်းလည်း လိုက်ထိုင်လေသည်။
"မင်းဘာလာလုပ်တာလဲ" ဟု ဝေယံလင်းထွန်း ထပ်မေးလိုက်ပြန်သည်။
"ရဲမှူးကြီးကို သက်သေ လာပေးရင်းနဲ့ ယူစရာလည်း ရှိလို့လေ"
"အော်....." ဆိုကာ ဝေယံလင်းထွန်း အေးတိအေးစက် ပြန်ဖြေလိုက်သည်။
"ဟိုလေ......ငါနဲ့ သက်ဆိုင်တဲ့ လက်စွပ်ကလေးကို ပြန်ပေးလို့ရမလား" ဟု သက်ရှိုင်းကို ပြောလိုက်တော့ ဝေယံလင်းထွန်းမှာ လက်မှာ ၀တ်ထားတဲ့ လက်စွပ်လေးကို တစ်ချက် ကြည့်လိုက်လေသည်။
"လက်စွပ်.... ဘာလက်စွပ်လဲ"
"နှင်းရဲ့ လက်စွပ်လေးလေ"
"မင်းက ပြန်ယူချင်တယ် ဆိုမှတော့လည်း ပေးရတာပေါ့" လို့ ပြောပြီး ဝေယံလင်းထွန်းမှာ လက်စွပ်ကို ချွတ်ပြီး သက်ရှိုင်းကို လက်ထဲသို့ ထည့်ဖို့ လုပ်နေရင်းမှ ပြန်ယူထားလိုက်လေသည်။
"ဘာလုပ်တာလဲ..... လက်စွပ်ကို ပေးလေ......" ဆိုပြီး သက်ရှိုင်းကို တောင်းလိုက်သည်။
"ငါနဲ့ အပေးအယူလုပ်ရင် ပေးမယ်" ဟု ဝေယံလင်းထွန်း ပြန်ပြောလိုက်သည်။
"ဘာအပေးအယူလဲ........"
"ငါ့ကို တစ်ပတ်တစ်ခါ ထောင်၀င်စာ လာတွေ့ပေး၊ ပြီးတော့ စာလည်း ရေးပို့ပေး"
ဝေယံလင်းထွန်း၏ အပေးအယူကြောင့် သက်ရှိုင်းကို ကြောင်သွားသည်။
"ကိုယ့် မိန်းမကို သတ်ခဲ့တဲ့သူကိုတော့ ဘယ်သူက မျက်နှာချင်းဆိုင် တွေ့ချင်ပါ့မလဲ.... အခုတောင် လက်စွပ်လေးကြောင့် မနည်း အားတင်းပြီး တွေ့နေရတာ......" ဆိုပြီး သက်ရှိုင်းကိုမှာ ခေါင်းငုံ့ပြီးတော့ တိုးတိုးလေး ပြောလိုက်တော့သည်။
"ဒါဆိုရင် အပေးအယူ မလုပ်ဘူး ဆိုတဲ့ သဘောပေါ့...... ကောင်းပါပြီ" လို့ ပြောပြီး ဝေယံလင်းထွန်းမှာ လက်စွပ်လေးကို
သက်ရှိုင်းကို ရှေ့သို့ ချပေးလိုက်လေသည်။
သက်ရှိုင်းကိုမှာ လက်စွပ်လေးကို ကြည့်ပြီးတော့ ဝေယံလင်းထွန်းကို ကြည့်မိလိုက်သည်။ မနေ့ညက ခုန်ချတော့မယ့် မြင်ကွင်ကို ပြန်မြင်ယောင်လာလေသည်။
"ငါ့ကို မချစ်တဲ့ လောကကြီးမှာ ငါက ဘာလို့ ရှင်သန်နေရမှာလဲ... ငါ့ကို မချစ်တဲ့ ပါးပါးနဲ့ ငါ့ကို မချစ်တဲ့ မင်းနဲ့၊ ပြီးတော့ ငါ့ကို မချစ်တဲ့ လူတွေရှိနေတဲ့ နေရာမှာ ငါကဘာလို့ နေနေရမှာလဲ" ဆိုတဲ့
ဝေယံလင်းထွန်းရဲ့ စကားလေးရော ပြန်ကြားယောင်လာတော့တာပေါ့။
"တွေ့လို့ အဆင်မပြေသေးပေမယ့် စာတော့ ရေးပို့ပေးနိုင်တယ်.....တွေ့ဖို့ အဆင်သင့် ဖြစ်ပြီဆိုရင် လာတွေ့ပါ့မယ်" လို့ ပြောကာ သက်ရှိုင်းကို တစ်ယောက် စားပွဲပေါ်က လက်စွပ်လေး ယူပြီး သွားမလို့ ပြင်လိုက်ချိန် ဝေယံလင်းထွန်းမှာ နောက်ကနေ လှမ်းဆွဲထားတော့သည်။
ပြီးနောက် သက်ရှိုင်းကိုအား ဆွဲလိုက်ပြီး ဖက်ထားလိုက်သည်။ နောက်တော့ ဝေယံလင်းထွန်းမှာ သက်ရှိုင်းကို၏ နှုတ်ခမ်းကို နမ်းလိုက်လေတော့၏။ နမ်းပြီးသွားတော့ နှစ်ယောက်သား ပြန်ခွာလိုက်ကြသည်။
"ဆောရီး..... ငါ စိတ်အရမ်းပါသွားလို့" ဆိုကာ ဝေယံလင်းထွန်း ပြောပေမယ်ြလည်း သက်ရှိုင်းကိုမှာ တောင်တောင့်ကြီးဖြင့် အခန်းပြင် ထွက်သွားလေတော့သည်။ ဝေယံလင်းထွန်းမှာတော့ ထီပေါက်တဲ့ လူတစ်ယောက်လို ပျော်မြူးနေလေရဲ့။
သက်ရှိုင်းကိုမှာ ရှက်ကိုးရှက်ကန်းဖြင့် ရဲစခန်းထဲက ပြန်ထွက်လာလေသည်။ ဟုတ်တာပေါ့။ ပထမဆုံး ယောကျာ်းလေးက နမ်းတာ ခံခဲ့ရတာကိုး။
"လက်စွပ်ရခဲ့လား...." ဟု မြင့်မြတ်က မေးတော့ သက်ရှိုင်းကိုတစ်ယောက်
"ရတယ်.....ရတယ်..... နောက်တစ်နေရာ သွားကြမယ်" လို့ ပြာပြာသလဲ ပြောပြီးတော့ ကားထဲ ၀င်ထိုင်နေတော့၏။
နှင်းမှာ ရဲစခန်းထဲ ဘာတွေ ဖြစ်လာတာလဲဆိုတာ ရိပ်စားမိလေသည်။ ဒီလိုနဲ့ နှင်းတို့ အုပ်စု ပရလောက ဆရာဆီ ခရီးဆက်ကြလေသည်။
မြတ်မင်းကိုတို့ နှင်းရဲ့ လမ်းညွှန်မှုဖြင့် ပရလောက ဆရာကြီး အိမ်ရှေ့သို့ ရောက်နေကြလေပြီ။ အားလုံးမှာ အိမ်၀န်းထဲ မ၀င်ကြသေးဘဲ အပြင်မှာ ရပ်နေကြလေသည်။
ထို့နောက် မြတ်မင်းမှ "ဘာရပ်လုပ်နေကြမှာလဲ အိမ်ထဲကို ၀င်ကြမယ်လေ" လို့ ပြောပြီးတော့ ခြံ၀န်းထဲ ၀င်ဖို့ ခြေလှမ်း လှမ်းဖို့ပြင်လိုက်လျှင်ပင် အသံဩဩကြီး တစ်ခုက ထွက်ပေါ် လာတော့သည်။
"မဆိုင်သူတွေ မလာနဲ့ ဝိညာဉ်ချုပ်ခံထားရတဲ့ လက်စွပ်နဲ့ သက်ဆိုင်တဲ့သူတွေသာ ၀င်လာခဲ့ကြ" ဆိုသည့် အသံဟိန်းဟိန်းကြီးပင် ဖြစ်သည်။
ထိုအသံကြီးကြောင့် မြတ်မင်းကို ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ပြီးနောက် သက်ရှိူင်းကိုနှင့် နှင်းတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။ သက်ရှိုင်းကိုမှာ ဘောင်းဘီအိတ်ကပ်ထဲက လက်စွပ်ကို နှင်းလက်ထဲ ထည့်ပေးလိုက်လေသည်။ ပြီးတာနဲ့ နှစ်ယောက်သား အတူတူ ခြံ၀န်းထဲ ၀င်သွားလိုက်ကြသည်။ မြတ်မင်းကိုတို့၊ မြင့်မြတ်တို့၊ အောင်နိုင်သူမှာတော့ ခြံပြင်မှာ ကျန်ခဲ့လေတော့တာပေါ့။
သက်ရှိုင်းကိုနှင့် နှင်း နှစ်ယောက်သား ခြံ၀န်းထဲ ၀င်သွားပြီးတော့ အိမ်ကြီးထဲ ၀င်သွားလိုက်လေသည်။ အိမ်ကြီးထဲ ၀င်လိုက်တဲ့ အမွှေးကြိုင်အနံ့ ထုံသင်းလို့နေလေ၏။ သက်ရှိုင်းကိုမှာတော့ မွှန်လို့ လက်ဖြင့် ခါနေလေတော့သည်။ အိမ်ကြီး၏ ဧည့်ခန်းတွင် ဆရာကြီး၏ တပည့်က စောင့်နေလေသည်။
ဒါနဲ့ နှင်းနှင့် သက်ရှိုင်းကိုတို့မှာလည်း ဧည့်ခန်းဘက်ကို သွားလိုက်တာပေါ့။ ဧည့်ခန်းဘက်ကို ရောက်တော့ နှင်းတို့မှာ တရားရှုမှတ်နေတဲ့ ဆရာကြီးကို တွေ့လိုက်ရလေသည်။
"ကဲ...... ရှေ့မှာ ထိုင်လိုက်ကြ" ဆိုပြီး ဆရာကြီးက မျက်လုံးမှိတ်နေရင်း ပြောလာလေတော့ သက်ရှိုင်းကိုနှင့် နှင်းတို့မှာလည်း ဆရာကြီး ရှေ့တွင် ထိုင်လိုက်ကြလေသည်။
"လက်စွပ်ကလေးတွေကို ရှေ့က အဝိုင်းသေး နှစ်ဝိုင်းထဲမှာ ထည့်လိုက်"
ဆရာကြီးက ထပ်ပြောပြန်တော့ နှင်းလည်း လက်စွပ်ကလေးကို ရှေ့က အဝိုင်းကွက် ဆွဲထားတဲ့ထဲ ထည့်လိုက်သည်။ သက်ရှိုင်းကို တစ်ယောက်လည်း လည်ပင်းတွင် ဆွဲထားတဲ့ လက်စွပ်လေးကို ယူဖို့ အတွက် ဆွဲကြိုးကို အရင် ဖြုတ်နေလေသည်။ ဆွဲကြိုးကို ဖြုတ်နေရင်းမှ ဘေးဘီကို ကြည့်လိုက်တော့ သက်ရှိုင်းကိုတို့မှာ အဝိုင်းကွက် အကြီးကြီးထဲမှာ ထိုင်နေကြတာ ဖြစ်သည်။ ဆရာကြီးတော့ မပါဘူးပေါ့လေ။ သက်ရှိုင်းကို တစ်ယောက် ဆွဲကြိုးဆွဲထားတဲ့ လက်စွပ်ကလေးကို အဝိုင်းလေးထဲ မထည့်ခင် နှင်း(သီဟ) ကို တစ်ချက် ကြည့်လိုက်တော့သည်။ နှင်းမှာ သက်ရှိုင်းကိုအား လက်စွပ်ကလေး ထားဖို့ ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြနနေလေသည်။ ဒါနဲ့ သက်ရှိုင်းကိုလည်း ထည့်လိုက်ရတော့တာပေါ့။
"ကဲ....... တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် အနေအထားမှာ နေပြီး အချင်းချင်း လက်နှစ်ဖက်လုံး ကိုင်ထားကြမယ်"
ဆရာကြီးက ထပ်ပြီးပြောလာတော့ နှင်းမှာ လက်ကလေးကို
သက်ရှိုင်းကို ရှေ့သို့ ဆန့်တန်း ထုတ်လိုက်လေသည်။ သက်ရှိုင်းကိုလည်း နှင်း(သီဟ)ရဲ့ လက်ကို ရဲရဲဝံ့ဝံ့ ကိုင်လိုက်တော့တာပေါ့။
သက်ရှိုင်းကို ချက်ချင်းဘဲ အေးစိမ့်နေတာကို ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလို သက်ရှိုင်းကို တစ်ယောက် နှင်း(သီဟ)ကို စိုက်ကြည့်လိုက်တော့သည်။
"ကဲ..... နှစ်ယောက်စလုံး မျက်လုံးတွေ မှိတ်ထားပြီးတော့ ၀င်လေထွက်လေကို ရှုမှတ်ကြ"
သက်ရှိုင်းကိုနှင့် နှင်းတို့လည်း ဆရာကြီး ပြောတဲ့ အတိုင်း မျက်လုံးမှိတ်ကာ ၀င်လေ၊ထွက်လေ ရှုမှတ်လိုက်ကြလေသည်။
ဆရာကြီးမှာ နှင်းရဲ့ လက်စွပ်နှင့် သက်ရှိုင်းကို၏ လက်စွပ်တွေကို ဆေးရေဖြင့် လောင်းလိုက်လေသည်။ ပြီးနောက် ပါးစပ်က လှုပ်လှုပ် လှုပ်လှုပ်ဖြင့် ဂါထာတွေ ရေရွတ်နေတော့၏။ ဂါထာများ ရေရွတ်နေရင်းမှ
"မင်းတို့တွေ....... နှုတ်ဆက်ချိန် ငါးမိနစ်ရမယ်........ ကဲ...... တစ်ယောက်ကို တစ်ယောက် တွေးနေကြလိုက်တော့" ဆိုကာ ပြောလိုက်လေသည်။
သက်ရှိုင်းကိုနှင့် နှင်းတို့ နှစ်ယောက်မှာလည်း တစ်ယောက် အကြောင်း တစ်ယောက် တွေးနေကြလိုက်သည်။ ခဏနေတော့ ခန္ဓာကိုယ်များ ပူလာသည်ကို စတင် ခံစားရလာတော့သည်။ မကြာပါဘူး သက်ရှိုင်းကိုနှင့် နှင်း၀င်ပူးထားတဲ့ ခန္ဓာကိုယ်တို့မှာ ခေါင်းငိုက်စိုက်လျက် ဖြစ်သွားလေတော့၏။
အပြင်ဘက်တွင်တော့ မြတ်မင်းကိုတို့ သုံးယောက်မှာ စိုးရိမ်နေကြလေသည်။
"အကို အဆင်ပြေမှာပါနော်" ဟု မြတ်မင်းကို ပြောလိုက်သည်။
"အဆင်ပြေမှာပါ..... စောင့်ကြည့်ကြတာပေါ့" လို့ မြင့်မြတ်မှာ ပြောပြီးတော့ အိမ်ကြီးကို တစ်ချက် ကြည့်လိုက်လေသည်။
တစ်ဖက်တွင်တော့ သက်ရှိုင်းကိုမှာ တစ်ခြားကမ္ဘာရောက်သွားသလို ခံစားရလိုက်လေတော့၏။ ဘေးပတ်ပတ်လည်ကလည်း အဖြူရောင်တွေချည်းဘဲလေ။ ပြီးတော့ ဘာဆိုဘာမှ မရှိ။ ဒီအတိုင်း ဗလာနတ္ထိကြီး ဖြစ်နေလေသည်။
ထိုအချိန်တွင် "ကိုသက်" ဆိုသည့် ခေါ်သံကို ကြားလိုက်ရတော့
သက်ရှိုင်းကို နောက်လှည့်ကြည့်လိုက်လေသည်။ နှင်းကို တွေ့လိုက်ရလေသည်။
"နှင်း........" ဆိုကာ သက်ရှိုင်းကို လွမ်းဆွတ်တဲ့ အသံဖြင့် ခေါ်လိုက်လေသည်။
"ကိုသက်ရယ်......" လို့ ရေရွတ်ရင်း နှင်းမှာ သက်ရှိုင်းကိုရဲ့ ပါးလေးကို ကိုင်လိုက်သည်။
သက်ရှိုင်းကိုမှာလည်း မိမိပါးကို လာကိုင်သည့် နှင်းကဲ့လက်ကလေးကို ကိုင်ထားပြန်တော့သည်။
"နှင်း...... ကိုတို့ ပြန်တွေ့ကြပြီပေါ့လေ....."
"ပြန်တွေတယ် ဆိုပေမယ့်လည်း အကြာကြီးမှ မဟုတ်တာ..... ငါးမိနစ်လေးဘဲလေ....." ဟု နှင်း ငိုသံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်နော်.... ငါးမိနစ်လေးဘဲ..... ခဏလေးဘဲနော်"
"ကိုသက်...... ကိုသက် နေကောင်းအောင် နေနော်.... အစားတွေလည်း ပုံမှန်စားနော်..... "
"အင်းပါ....နှင်း"
"ပြီးတော့ ကိုသက်..... ကိုသက်နဲ့ စိတ်တူကိုယ်တူ ရှိတဲ့ သူနဲ့ ချစ်ကြိုက်သွားဖို့ နှင်း မျှော်လင့်မိတယ်"
"နှင်းရယ် ဘာလို့ အဲ့တာတွေ ပြောနေရတာလဲ..... ကိုက နှင်းကိုဘဲ....." ဆိုကာ သက်ရှိုင်းကို စကားပင် မဆုံးသေး နှင်းက ဖြတ်ပြောလိုက်သည်။
"ကိုသက်..... ကိုသက်က နှင်းကိုဘဲ တစ်သက်လုံး ချစ်နေလို့မှ မရတာ..... နှင်းက သေသွားပြီလေ.... ပြီးတော့ ကိုသက်ရဲ့ အနာဂတ်ဆိုတာလည်း ရှိသေးတယ်မလား..... ကိုသက် နှင်းကို တစ်သက်လုံး ချစ်သွားလို့ မရတော့ဘူးလေ..... ကိုသက် အချစ်သစ်ရှာပြီး ပျော်ပျော်နေပါနော်"
"ဟာ..... နှင်းကလည်းကွာ ဘာတွေ ပြောနေတာလဲ"
"နှင်း ရိပ်မိပါတယ်...... ကိုသက် ဝေယံလင်းထွန်းကို စိတ်ရောက်နေတယ်ဆိုတာ"
နှင်း စကားကြောင့် သက်ရှိုင်းကို ငြိမ်သွားသည်။
"ဟုတ်ပါတယ် ကိုသက် သူ့အပေါ်မှာ စိတ်ရှိနေတယ်ဆိုတာ"
"အဲ့တာက ခဏလေးပါဘဲကွာ.... အချိန်တစ်ခုလေးပါဘဲ"
"ကိုသက်ရယ် ကိုယ့်ကိုယ်ကို မညာပါနဲ့တော့ ကိုသက် သူ့ကို စိတ်၀င်စားနေပြီမလား"
"ကိုယ့်မိန်းမကို သတ်တဲ့သူကို ကိုက ချစ်လို့ရပါ့မလား"
"အချစ်..... အချစ်ဆိုတာ အရမ်းကို နက်ရှိုင်းလွန်းတယ်
ကိုသက်..... ချစ်မိသွားပြီဆိုရင် ဘယ်အရာမှ မတားနိုင်တော့ဘူး.... ကိုယ့်မိန်းမကို သတ်ထားတဲ့သူကိုလည်း ချစ်မိနိုင်တာဘဲ.... ကိုသက်ရယ်..... နှင်း ခွင့်လွတ်ပေးပါ့မယ်..... ကိုသက်သာ ပျော်ရွှင်ရမယ် ဆိုရင်ပေါ့လေ" ဟု ပြောရင်း နှင်း မျက်ရည်များ ကျနေလေသည်။
သက်ရှိုင်းကိုမှာတော့ မျက်ရည်များကျလျက် ငိုနေတဲ့ နှင်းကို ကြည့်ပြီး စိတ်မကောင်းလို့ နေလေသည်။ ဒါနဲ့ သက်ရှိုင်းကိုမှာ နှင်းကို သွားဖက်လိုက်လေတော့သည်။
"ကို တောင်းပန်ပါတယ်..... နှင်း..... ကို စိတ်မထိန်းနိုင်ခဲ့မိလိုက်ဘူး..... ကိုယ့်မိန်းမကို သတ်ထားတဲ့ သူကိုမှ သွားပြီး စိတ်၀င်စားမိလိမ့်မယ်လို့လည်း မထင်ခဲ့မိဘူး...... ကိုယ့်မိန်းမကို သတ်ခဲ့တဲ့သုကိုလည်း သေရာက ကယ်ခဲ့တယ်.... ပြီးတော့ ထောင်၀င်စာပါ ပို့ပြီး၊တွေ့ပေမယ်လို့တောင် ပြောခဲ့မိတယ်.....ကို ဘာတွေ ဖြစ်သွားရတာလဲ"
"အချစ်ကြောင့်ပေါ့.......အချစ်ရဲ့ စွမ်းအားတွေကြောင့်ပေါ့.... ချစ်မိသွားရင် လူတွေက မျက်မမြင် တစ်ယောက်လိုဘဲ စုံလုံးကန်းသွားကြတာ......"
"နှင်း ကို တောင်းပန်ပါတယ်....."
"မတောင်းပန်ပါနဲ့ ကိုသက်ရယ်..... ကံကြမ္မာက ဖန်တီးပေးတာလို့ဘဲ မှတ်ယူလိုက်ပေါ့...... နှင်းက ကိုသက် အတွက် စိတ်တူကိုယ်တူ(Soulmate) မိန်းမ တစ်ယောက် ဖြစ်ခဲ့ရတာနဲ့တင် ကျေနပ်နေပါပြီ....." လို့ ပြောရင်း နှင်း တစ်ယောက် ကျနေတဲ့ မျက်ရည်များကို သုတ်လိုက်တော့သည်။
"နှင်း သွားတော့မယ်..... နှင်း သီဟကိုလည်း နှုတ်ဆက်ရ အုန်းမှာမလို့ နှင်း သွားတော့မယ်နော်" ဟု ပြောရင်း နှင်းမှာ ဖက်ထားတဲ့ သက်ရှိုင်းကိုရဲ့ လက်တွေကို အသာလေး ဆွဲဖယ်လိုက်ပြီး တစ်ခြားတစ်ဖက်သို့ သွားလိုက်တော့၏။
သက်ရှိုင်းကိုမှာတော့ မချိတင်ကဲ ဖြစ်စွာ ငိုနေရင်း တစ်ယောက်ထဲ ကျန်ခဲ့လေတော့သည်။
တစ်ဖက်တွင် သီဟမှာ ယောင်လည်လည်ဖြင့် ဟိုကြည့် ဒီကြည့် လုပ်နေတော့၏။ ထိုအချိန်မှာဘဲ "သီဟ" ဆိုတဲ့ နှင်းရဲ့ ခေါ်သံကို သီဟ ကြားလိုက်ရတော့သည်။ ဒါနဲ့ သီဟမှာ နောက်ကို လှည့်ကြည့်လိုက်သည်။ နှင်းကို တွေ့လိုက်ရ၍ သီဟ ၀မ်းသာအားရဖြင့် ခေါ်လိုက်လေသည်။
"အမနှင်း....." ဆိုပြီးတော့ပေါ့။
"သီဟ.....အမ သွားကတော့မယ်....အမ ဝိညာဉ် ပျောက်ကွယ်သွားရတော့မယ်"
"သီဟက အမနှင်းကို မသွားစေချင်သေးဘူး....."
"မသွားလို့မှ မရတာ..... သွားမှ ရတော့မယ်လေ......"
"အမနှင်း စိတ်မကောင်း မဖြစ်ပါနဲ့"
"မဖြစ်ပါဘူး..... သီဟတို့တွေက စိတ်တူကိုယ်တူ(soulmate) ချစ်သူလေးတွေ ပိုင်ဆိုင်ထားကြတာဘဲနော်"
"အဲ့လိုလည်း မဟုတ်ပါဘူး အမနှင်းကလည်း"
"ဟုတ်တာပေါ့.... သီဟတို့ကို ကြည့်ရတာ ပျော်နေတာဘဲလေ......"
"အမနှင်းလည်း စိတ်တူကိုယ်တူနဲ့ ပြည့်စုံတဲ့ အကိုသက်ရှိုင်းကိုကို ပိုင်ဆိုင်ခဲ့တာဘဲ"
"အဲ့တာက အရင်ကပါ..... အခု သူလည်း စိတ်တူကိုယ်တူ နောက်တစ်ယောက်နဲ့ တွေ့နေပါပြီ"
"ဟင်.... အမနှင်း ဘာကိုပြောတာလဲ....."
နှင်းမှာ သီဟ မေးတာကို ပြန်မဖြေ။ ပြုံးပြီးတော့တာ နေနေလေသည်။
"သီဟ အမ တောင်းဆိုစရာလေး ရှိလို့"
"အင်း ရတယ်လေ..... အမနှင်း"
"အမနှင်း မရှိတော့ရင် ကိုသက်ကို လက်တွဲခေါ်သွားပေးနော်.... သူက လူရိုးလူအေးဆိုတော့ လူတောမတိုးဘူး ဖြစ်နေတယ်"
"စိတ်သာချလိုက်ပါ.... အမနှင်းရယ်..... သီဟတို့ ကူညီပေးမှာပါ"
ထိုအချိန်တွင် အသံဟိန်းဟိန်းကြီး တစ်ခု ထပ်ထွက်လာတော့သည်။
"ချုပ်နှောင်ခံ ဝိညာဉ် ထွက်သွားဖို့ အချိန်ကျပြီ" ဆိုတဲ့ အသံဘဲပေါ့။
"ကဲ..... အမ သွားရတော့မယ်ကွယ် သီဟ......."
"အင်းပါ..... အမနှင်း ကောင်းကောင်းသွားနော်"
"သီဟ သိလား....... သီဟက အမအတွက်တော့ စိတ်တူကိုယ်တူ(soulmate) သူငယ်ချင်း တစ်ယောက်လို့ ပြောရမယ်" လို့ နှင်း ပြောရင်း အလင်းတန်းဖက်ကို ဦးတည် သွားနေတော့သည်။
သီဟမှာတော့ နှင်းကို ပြုံးပြီးတော့ ကြည့်နေတုန်း အနားကို
သက်ရှိုင်းကို ရောက်ချလာလေသည်။
နှင်းမှာ အလင်းတန်းကြီးဘက် သွားရင်း မျက်ရည်များ ကျနေလေသည်။
"ကိုသက်...... ကိုသက် အနားမှာ ရှိနေချင်သေးတယ် ဆိုပေမယ့်လည်း မဖြစ်နိုင်တော့ဘူး..... နှင်း ကိုသက်ကို ပျော်ရွှင်စေချင်တယ်..... နှင်းနဲ့အတူ ရှိနေတုန်းက ပျော်ရထက် ပိုပြီး ပျော်ရွှင်ပါစေနော်..... ကိုသက် ပျော်ရင် နှင်းလည်း ပျော်ရတာပေါ့" လို့ တွေးရင်း နှင်း နောက်လှည့်ကြည့်လိုက်သည်။
သီဟနှင့် သက်ရှိုင်းကိုတို့ အတူတူ ရပ်နေကြတာကို နှင်း တွေ့လိုက်ရလေသည်။
"နှင်းလေ..... ကိုသက်ကို ပေးဆပ်ပြီးတော့ ချစ်ခဲ့ရတာ.....
ကိုသက်နဲ့ မခွဲချင်သေးဘူး.... ဒါပေမယ့်လည်း နှင်းမှ လူ့လောကကြီးထဲမှာ မနေရတော့တာ..... ကိုသက်နဲ့ ရှိစဉ်က နှင်း ပျော်ခဲ့ရပါတယ်......
နှုတ်ဆက်ခဲ့ပါတယ် ကိုသက်......" လို့ နှင်း ရေရွတ်ရင်း အလင်းတန်းကြီးထဲ လျှောက်၀င်သွားလိုက်သည်။
နှင်းလည်း လျှောက်၀င်သွားလိုက်တဲ့ အဖြူရောင် ဧရိယာကြီး တစ်ခုလုံးဟာ အလင်းခပ်စူးစူးကြီး ပေါ်လာတော့သည်။
လက်ဖြောက်တစ်ချက် အတီးမှာ သက်ရှိုင်းကို ပြန်နိုးလာလေသည်။
သက်ရှိုင်းကိုမှာ ကြောင်တောင်တောင်ဖြင့် ဘေးဘီ ဝဲယာကို ကြည့်လိုက်လေသည်။
"တစ်ကယ် သွားခဲ့ပြီဘဲ" ဟု သက်ရှိုင်းကို တိုးတိုးလေး ရေရွတ်လိုက်သည်။
နောက်မှ သက်ရှိုင်းကို သီဟကို သတိရသွားလေသည်။ သက်ရှိုင်းကိုမှာ သီဟကို လှုပ်ပြီး နိုးနေလေသည်။
"ဒီဆေးရည်လေး တိုကိလောက်" လို့ ဆရာကြီးက ခွက်ကမ်းပေးတော့ သက်ရှိုင်းကိုလည်း သီဟရဲ့ ပါးစပ်နား တေ့ကာ တိုက်လိုပိလေသည်။
ဆေးရည်တိုက်ပြီး မကြာလိုက်ပါ။ သီဟ ချက်ချင်းဘဲ နိုးလာလေတော့သည်။ သီဟ နိုးနိုးပြီးချင်း သက်ရှိုင်းကိုအား ဖက်လိုက်လေသည်။
"အင်း...... ဒီခန္ဓာကိုယ်က ဝိညာဉ်က အတော်လေး သန်မာပါ့လား..... တစ်ချို့တွေဆို အကြာကြီးနေမှ သတိရကြတာ.... ကံကောင်းလို့သာပေါ့" ဟု ဆရာကြီးက သီဟကို ကြည့်ပြီး ရေရွတ်လိုက်သည်။
"သတိရလာလို့ တော်သေးတာပေါ့" ဆိုကာ သက်ရှိုင်းကို ပြောလိုက်တော့ သီဟလည်း ဖက်ထားရာကနေ ဖယ်လိုက်တော့သည်။
"အင်း........ ဟုတ်တယ်......"
"ဆရာ လက်စွပ်က" ဆိုပြီး သက်ရှိုင်းကို ပြောလိုက်တော့ ဆရာကြီးက နှင်း ထားခဲ့တဲ့ လက်စွပ်ကလေးကို လက်ဖြင့် အုပ်လိုက်လေသည်။ ပြီးနောက် ဆရာကြီး လက်ထယ်လိုက်တော့ အမှုန့်လေး ဖြစ်သွားလေပြီ။
"ဒီလက်စွပ်က ပိုင်ရှင်နဲ့ ရှိနေရမှာ" လို့ ဆရာကြီး ပြောပြီး အပေါ်ထပ် ထသွားလေတော့၏။
သက်ရှိုင်းကိုလည်း နောက် လက်စွပ် တစ်ကွင်းကို ယူပြီး ဆွဲကြိုးမှာ ပြန်ဆွဲထားလိုက်သည်။ နောက်တော့ သီဟ နှင့် သက်ရှိုင်းကိုတို့ နှစ်ယောက် အိမ်ကြီးထဲကနေ ထွက်လိုက်ကြသည်။
ခြံ၀န်းအပြင်မှာ စောင့်နေတဲ့ မြတ်မင်းကိုတို့၊ မြင့်မြတ်တို့၊
အောင်နိုင်သူတို့မှာ သီဟနှင့် သက်ရှိုင်းကိုအား မြင်လိုက်ရတော့ ၀မ်းသာသွားရလေသည်။ သီဟမှာ မြတ်မင်းကိုဆီသို့ အပြေးလေးလာပြီး ဖက်လိုက်တော့သည်။
"အခု ဖက်နေတာက သီဟကော ဟုတ်ပါတယ်နော်" ဟု မြတ်မင်းမှ နောက်လိုက်လေသည်။
"သီဟမှ သီဟ အစစ်ပါနော်......"
"အင်းပါ..... ကိုက စတာပါ"
"ကိုမြတ် အဖွားကို ပြန်ခေါ်ပြီး တူတူနေကြရအောင်"
"အင်းပါ..... ချစ် သဘော"
"သီဟ နှင်းကော တစ်ကယ် မရှိတော့ဘူးလား....." ဟု မြင့်မြတ်က သီဟကို မေးလိုက်သည်။
မြင့်မြတ် အမေးကြောင့် အနားမှာ ရှိနေတဲ့ သက်ရှိုင်းကိုမှာ ၀မ်းနညသွားလေသည်။
"မရှိတော့ဘူး အကိုမြင့်မြတ်"
အောင်နိုင်သူမှာ သက်ရှိုင်းကို အားငယ်နေတာကို ရိပ်မိတော့
သက်ရှိုင်းကိုရဲ့ ပုခုံးလေးကို ဖက်လိုက်ပြီး "ကဲ..... ဒါဆိုလည်း ပြန်ကြတာပေါ့လို့ ပြောလိုက်လေသည်။
...............................................
နှစ်လခန့်ကြာသော်
သက်ရှိုင်းကို၏ "နှင်းသဒ္ဓါထက်" စားသောက်ဆိုင်မှ ကြိုဆိုပါသည်။
ဒီနေ့ အကိုသက်ရှိူင်းကို၏ စားသောက်ဆိုင် စဖွင့်တဲ့ နေ့ဘဲလေ။
သီဟတို့ကို အကုန်းလုံး လာဖို့ ဖိတ်ထားတော့တာပေါ့။
အကိုသက်ရှိုင်းကိုမှာ အရင်ကထက် ပိုပြီး ပျော်ပျော်နေလာတယ်လို့ ထင်မိတယ်လေ။ အော်.... ဝေယံလင်းထွန်းဆိုတဲ့ မူးယစ်ဂိုဏ်း ဘယ်လို ဖြစ်သွားလဲ သိချင်နေကြရောပေါ့။ သီဟတို့ ရုံးတက်ခဲ့ကြတယ်။
ရှေ့တစ်လက လားရှိုး ခရိုင်တရားရုံးတွင် ဖြစ်သည်။
"တရားခံဖြစ်သူ ဝေယံလင်းထွန်းကို ရုံးထုတ်ကြားနာရာတွင်အထက်ပါ သက်သေတင်သွင်းချက်အရ ပုဒ်မ၃၀၂(ခ) အရလူသတ်မှု၊ ပုဒ်မ ၃၅၇အရ နိုင်ထက်စီးနှင်းပြန်ပေးဆွဲမှု၊ မူးယစ်ဆေးသုံးစွဲမှု ပုဒ်မ၁၅၊ မူးယစ်ဆေး ဖြန်ဖြူးရောင်းချတဲ့အမှု ပုဒ်မ၂၀(က) စသည့် အမှုများ ကျူးလွန်ထားကြောင်း တွေ့ပါသည်။ ထို့ကြောင့် တရားခံ ဖြစ်သူအား မတ်လ ၅ရက် ၂၀၁၈တွင် ထောင်ဒဏ် ၁၅နှစ်ချမှတ်လိုက်သည်ဖြစ်ကြောင်း ခရိုင်တရားရုံးက ကြေငြာသည်"
တရားရုံးက ထုတ်ပြန်လိုက်တဲ့ ထောင်ဒဏ်က အရမ်းနည်းလွန်းတယ်လို့ ထင်ရတယ်။ အကိုမြင့်မြတ်အမှုတုန်းကဆို ရန်နိုင်က ထောင်ဒဏ် နှစ်၂၀တောင် ကျခဲ့တာလေ။ အခုက ပြစ်မှု လေးခုကို ၁၅နှစ်ဆိုတော့ နည်းလွန်းတာပေါ့။ အင်းပေါ့လေ။ ငွေများငွေနိုင်တဲ့ မြို့မှာ နေနေရတာ ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့်လည်း အကိုသက်ရှိုင်းကိုက အပြစ်မရှိဘူးဆိုတာ ဖော်ထုတ်နိုင်ခဲ့ပြီလေ။ အကိုသက်ရှိုင်းကိုရဲ့ မိဘနဲ့ နှင်းရဲ့ မိဘတွေကလည်း တရားခံ အစစ်ဖမ်းမိတော့ ပျော်နေတော့တာပေါ့။ ထားပါတော့လေ။
သီဟ အမနှင်း ပြောတဲ့ အကိုသက်ရှိုင်းကို နောက်တစ်ယောက် တွေ့နေပြီဆိုတာကိုလေ အနည်းငယ် ရိပ်မိပြီလို့ ထင်တယ်။
အကိုသက်ရှိုင်းကိုက ဝေယံလင်းထွန်းကို တစ်ပတ်တစ်ခါ သွားသွားတွေ့နေတယ်လေ။ ပတ်၀န်းကျင်က ပြောပေမယ့်လည်း
အကိုသက်ရှိုင်းကိုကတော့ ဂရုမစိုက်ဘူး ထင်ပါရဲ့။ ဘာလို့ ကိုယ့်မိန်းမကို သတ်တဲ့သူနဲ့ ကြိုက်ရတာလဲဆိုပြီး တွေးနေမိတယ်မလား။ အချစ်လေ။ အချစ်ကြောင့်ပေါ့။ အချစ်ဟာ ရန်လိုနေတဲ့ အရာကိုတောင် ပြေငြိမ်းသွားအောင် လုပ်နိုင်တာဘဲ။ အချစ်မှာ ဘာအကန့်အသတ်မှ မရှိဘူးတဲ့လေ။ ဒါကြောင့် အကိုသက်ရှိုင်းကိုလည်း အချစ်နွံမှာ နစ်ပြီး မျက်ကန်း တစ်ယောက်လို ဖြစ်သွားရတော့တာပေါ့။ အမနှင်းလည်း ရိပ်မိနေမယ်လို့ သီဟ ထင်တယ်။
"ချစ်..... အကိုမြင့်မြတ်တို့ လာနေပြီ သွားကြိုလိုက်အုန်း" ဟု မြတ်မင်းကို ပြောလာတော့ သီဟလည်း အသိစိတ်ပြန်၀င်လာကာ ဆိုင်အပြင်ဘက်ကို အပြေးလေး သွားလိုက်လေသည်။
"အင်း..... အကိုမြင့်မြတ်တို့လာလာ..... အယ် သားဘုံဘုံလေးလဲ ပါတာလား..... အန်တီကော အထဲကို ၀င်လေ"
သီဟမှာ မြင့်မြတ်သူတို့ကို ကြိုဆိုနေရင်း ခါးလေးထောက်ခါ ဆိုင်ရဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်လေသည်။
"အမနှင်းတော့ ကျေနပ်နေတော့မှာဘဲ" လို့ သီဟ တွေးလိုက်သည်။
.............................
"ပင်ပန်းလိုက်တာ..... အကိုသက်ရှိုင်းကို ဆိုင်မှာ ကူနေရတာနဲ့ဘဲ ညောင်းကိုက်ကုန်ပြီ ဒီညတော့ ဆိုင်မဖွင့်တော့ဘူး ထင်တယ်" ဟု သီဟ ညည်းတွားလိုက်သည်။
"ဘာလို့ မဖွင့်ရမှာလဲ အပြင်မှာ အကူအညီလာတောင်းနေတာကို ချစ်ဘဲ မြင်လိုက်တယ်ဆို"
"အင်းပါ.....အင်းပါ..... ဖွင့်ကြတာပေါ့.... ၀င်လာခိုင်းလိုက် အဲ့ဝိညာဉ်လေးကို"
သီဟ ပြောလိုက်တော့ မြတ်မင်းကို ဆိုင်တံခါးလေးကို ဖွင့်လိုက်လေသည်။
သီဟတို့လား အခုဆိုရင် အဖွားကိုလည်း ဘိုးဘွားရိပ်သာကနေ ပြန်ခေါ်ပြီး အိမ်မှာ အတူတူနေနေပြီလေ။ ပြီးတော့ cafeဆိုင်ကိုလည်း အချိန်ပြောင်းလဲပြီး ဖွင့်လိုက်ပြီလေ။ နေ့ပိုင်းမှာ မဖွင့်တော့ဘဲ ညပိုင်း သီးသန့်ဘဲ ဖွင့်လိုက်တော့တာပေါ့။ ကိုမြတ်က cafeကို လာတဲ့သူတွကို ဆိုင်အကူကောင်မလေးနဲ့ အတူတူရောင်းပြီး သီဟကတော့ ဆိုင်ကိုလာတဲ့ ဝိညာဉ်တွေကို ကြည့်ပေးရတာပေါ့။ ကံကြမ္မာက ပေးထားတာကို ဘယ်လိုမျိုး ကောင်းကောင်းအသုံးချရမလဲ ဆိုတာ သီဟ သိသွားခဲ့ပြီလေ။
သီဟမှာ ထိုင်ခုံမှာ ထိုင်နေပြီး ဝိညာဉ်လေး ၀င်အလာကို စောင့်နေလေသည်။ ဝိညာဉ်လေး ၀င်လာတာနဲ့ သီဟကနေမှ "မင်းက အတိတ်မေ့ ဝိညာဉ်မလား" ဟု မေးလိုက်သည်။
ထိုဝိညာဉ်လေးမှာတော့ သီဟကို ခေါင်းညိတ်ပြလေတော့၏။
***ပြီးပါပြီ***
နှင်းက တစ်ကယ်ဘဲ အတိတ်ကို လုံး၀ ပြန်သတိရသွားခဲ့တာလား။
××××××××××××××
Special partလေး လာပါအုန်းမယ်။ စောင့်နေပေးကြပါနော်။ ဇာတ်သိမ်းလေးကို သဘေယကျကြရဲ့လား ပြောခဲ့ပေးပါနော်။ ချက်ချင်းတင်လိုက်တာပါ။ စာလုံးပေါင်း အမှားလေးတွေပါရင် သည်းခံပေးကြပါနော်။ complete ဖြစ်သွားရင် စာပြန်စစ်ပြီး ပြန်ပြင်မှာပါ။
ကြိုးစားပြီး ရေးတင်ပေးနေပါတယ်။ အိမ်မှာနေပါ။ စာတွေဖတ်ပါ။ ကျန်းမာအောင်နေပါ။ ဂျင်းပြုတ်ရည်ကို သိပ်မသော်ကြပါနဲ့နော်။ ဂျင်းပြုတ်ရည်ကို ကြာကြာနေမှ တစ်ခါသာ သောက်ပေးပါနော်။ ဂျင်းပြုတ်ရည်က များများ သောက်ရင် ကျောက်ကပ်ပျက်စီးတတ်လို့ပါ။ ကျန်တဲ့ အချိန်တွေဆို ရေနွေးပူလေး သောက်တာတို့ ဆားရေပလုတ်ကျင်းတာတို့ လုပ်ပေးပါ။ အပြင်သွားရင် mask နှစ်ထပ်တပ်ပါနော်။ အပြင်သွားတိုင်းလည်း handgelလေး ဆောင်ထားပေးပါနော်။ အားလုံး ဘေးကင်းကြပါစေလို့။
•••••••••••••••••••••••••••••••••••••••••••••••••
#Zawgyi#
ထင္းရႉးၿမိဳင္ အိမ္ရာတြင္ အေတာ္ေလး ဆူညံပြက္ေလာ ႐ိုက္သြားခဲ့သည္။ ရဲကား၊ Ambulanceကားမ်ားမွာလည္း အိမ္ရာအတြင္းရွိ D-6တိုက္ခန္းေရွ႕တြင္ ေရာက္ေနၾကေလသည္။ အိမ္ရာ အတြင္းရွိ ေနထိုင္သူမွားမွာလည္း အေတာ္ေလး ထိတ္လန႔္သြားၾကၿပီး ပြစိပြစိျဖင့္ ေျပာေနၾကေလသည္။ ရဲမ်ားမွာလည္း အိပ္ရာက ေနထိုင္သူမ်ားကို ထိန္းေနရေလသည္။
ေဆး႐ုံ၀န္ထမ္းမ်ားဟာ သီဟကို ထမ္းစင္ျဖင့္ ေခၚ၍ တိုက္ခန္းေလးထဲကေန ထြက္လာၾကေလသည္။ ျမတ္မင္းကိုမွာ သီဟ လက္ကေလးကို ကိုင္၍ စိုးရိမ္ေနေလသည္။ ေအာင္ႏိုင္သူႏွင့္ ျမင့္ျမတ္တို႔မွာလည္း သီဟ အတြက္ စိတ္ပူေနၾကေလသည္။
ထို႔ေနာက္တြင္ေတာ့ လက္ထိပ္ခတ္လ်က္ ေဝယံလင္းထြန္း တစ္ေယာက္ ရဲႏွစ္ေယာက္ ကာရံလ်က္ ထြက္ေလသည္။ ေဝယံလင္းထြန္း ထြက္လာတာကို ျမတ္မင္းကို ျမင္ေတာ့ ေဒါသထြက္ၿပီး ေဝယံလင္းထြန္းကို သြားထိုးလိုက္ေလေတာ့သည္။
ျမတ္မင္းကို ထိုးလိုက္တာေၾကာင့္ ေဝယံလင္းထြန္း လဲက်သြားသည္။
ရဲမ်ားက ျမတ္မင္းကိုအား ထိန္းထားလိုက္ေလသည္။
ေဝယံလင္းထြန္းမွာေတာ့ ၿပဳံးၿပဳံးေလးသာ ေနေနေလသည္။
"မင္းက ၿပဳံးေနႏိုင္ေသးတာလား......ေခြးလိုေကာင္" ဆိုကာ
ျမတ္မင္းကိုမွာ ေဝယံလင္းထြန္းကို ထိုးမလို႔ လုပ္ေပမယ့္ မထိုးရပါ။ ဘာေၾကာင့္ဆို ရဲမ်ားက ျမတ္မင္းကိုအား ထိန္းထားလို႔ပင္ ျဖစ္သည္။
ဒါနဲ႔ ေဝယံလင္းထြန္းမွာ ကိုယ့္ဘာသာထ၍ ရဲကားထဲသို႔ ၀င္ၿပီး အခန႔္သား ထိုင္ေနေလေတာ့၏။
ေနာက္ေတာ့ သက္ရႈိင္းကိုလည္း တိုက္ႀကီးထဲက ထြက္လာေလသည္။ ႏွင္းလည္း ေနာက္ကေန လိုက္ပါလာတာေပါ့ေလ။
သက္ရႈိင္းကိုမွာ ရဲကားထဲက ေဝယံလင္းထြန္းကို တစ္ခ်က္ ၾကည့္လိုက္ေလသည္။ ေဝယံလင္းထြန္းမွာ ၿပဳံးေနေတာ့၏။ ေပ်ာ္လို႔ ၿပဳံးေနတဲ့ အၿပဳံးမ်ိဳး ျဖစ္သည္။
သက္ရႈိင္းကို ၾကည့္ေနတုန္း ေဝယံလင္းထြန္းမွာ လွည့္လာေတာ့သည္။ ၿပီးေတာ့ ႐ုပ္တည္ၿပီး ေရွ႕ျပန္လွည့္သြားေလသည္။ ေျပာရရင္ ရွက္ပ်ိဳေသြးေနတဲ့ ေကာင္ေလးနဲ႔ တူေလ၏။ ႏွင္းမွာေတာ့ သက္ရႈိင္းကိုႏွင့္ ေဝယံလင္းထြန္းကို ေၾကာင္ၿပီးေတာ့သာ ၾကည့္ေနေလေတာ့သည္။
သက္ရႈိင္းကိုမွာ ေအာင္ႏိုင္သူႏွင့္ ျမင့္ျမတ္တို႔နား သြားလိုက္ေလသည္။
"အကို ေကာင္ေလးရဲ႕ အေျခအေနက ဘယ္လိုလဲ" ဟု
သက္ရႈိင္းကို ေမးလိုက္ေလသည္။
"ေအာက္စီဂ်င္ေတာ့ ေပးထားတယ္.....က်န္တာေတာ့ ေဆး႐ုံမွ စစ္ၾကည့္ရမယ္တဲ့ေလ....." ဆိုကာ ျမင့္ျမတ္က ျပန္ေျဖလာေလသည္။
"ဒါနဲ႔ မင္းေကာ ထိခိုက္မိတာ မရွိဘူလား......" ဆိုၿပီး ေအာင္ႏိုင္သူမွ သက္ရႈိင္းကိုအား ၾကည့္ကာ ျပန္ေပးလိုက္ေလသည္။
"ကြၽန္ေတာ္က ဘာမွ မျဖစ္ဘူး....... " ဟု သက္ရႈိင္းကို ေပါ့ေပါ့ပါးပါးသာ ျပန္ေျဖလိုက္သည္။
ထိုအခ်ိန္တြင္ "အကိုတို႔..... ကြၽန္ေတာ္ လိုက္သြားလိုက္အုန္းမယ္" လို႔ ျမတ္မင္းကို ေျပာၿပီးေတာ့ Ambulanceကားနဲ႔ ပါသြားေလေတာ့သည္။
Ambulanceကားလည္း ထြက္သြားသလို၊ ရဲကားမ်ားမွာလည္း အိမ္ရာအတြင္းကေန ထြက္သြားၾကေလၿပီ။ အိမ္ရာရွိ ေနထိုင္သူမ်မွာလည္း ကိုယ့္တိုက္ခန္းကိုယ္ ျပန္ၾကေလၿပီ။ D-6တိုက္ခန္းေရွ႕တြင္ ျမင့္ျမတ္၊ ေအာင္ႏိုင္သူႏွင့္ သက္ရႈိင္းကိုသာ က်န္ခဲ့ေလသည္။ ႏွင္းလည္း ေဘးနားမွာ ရွိေနေတာ့တာေပါ့။
"အကိုတို႔ ဘယ္လို ေရာက္လာၾကတာလဲ" ဟု သက္ရႈိင္းကို ေမးလိုက္သည္။
"ေအာ္...... မင္းက ထြက္သြားတာလဲ ၾကာေနၿပီကြာ.... ဘာအေၾကာင္းမွလည္း မၾကားဘူးဆိုေတာ့ ငါတို႔ေတြက စိတ္ပူလို႔ လိုက္လာခဲ့လိုက္တာ....." ဆိုၿပီး ေအာင္ႏိုင္သူမွ ျပန္ေျဖေလသည္။
"ၿပီးေတာ့ ျမတ္မင္းကလည္း ေနရာကို သိေနတာေလ.... မဟုတ္ဘူးလား..... အဲ့တာေၾကာင့္ တစ္ခုခု ျဖစ္ေနၿပီ ထင္ၿပီး ရဲမႉးႀကီးဆီ အကူအညီေတာင္းၿပီး လာခဲ့လိုက္တာ" ဟု ျမင့္ျမတ္ကပါ ၀င္ေျပာေလသည္။
"ဘယ္လိုလဲ...... သက္ေသေတြ ရခဲ့ရဲ႕လား" ဆိုၿပီး ျမင့္ျမတ္ကဘဲ ထပ္ေမးလိုက္ေလသည္။
"သက္ေသေတြက ကြၽန္ေတာ့္အတြက္ေတာ့ ရခဲ့လိုက္တာေပါ့..... ရဲစခန္းအတြက္ေတာ့ သက္ေသ ဘယ္ရွိပါေတာ့မလဲ" ဟု
သက္ရႈိင္းကိုမွာ မ်က္ႏွာ ညိဳးငယ္စြာျဖင့္ ေျပာလိုက္ေတာ့သည္။
ႏွင္းမွာလည္း စိတ္ပ်က္သြားရေလသည္။
"အဲ့လို ျဖစ္မယ္မွန္းသိလို႔ သက္ေသရေအာင္ ႀကိဳစီစဥ္ထားခဲ့တာ" ဆိုၿပီး ေအာင္ႏိုင္သူ ေျပာလိုက္ေတာ့ ျမင့္ျမတ္ႏွင့္ သက္ရႈိင္းကိုမွာ စာနားမလည္တဲ့ ကေလးေလးလိုျဖင့္ ေအာင္ႏိုင္သူကို ၾကည့္ေနၾကေလသည္။ ႏွင္းလည္း ေစာင့္ၾကည့္ေနလိုက္ေတာ့တာေပါ့။
"ဒီမွာ ျပမယ္" ဆိုၿပီး ေအာင္ႏိုင္သူ တစ္ေယာက္ သက္ရႈိင္းကို အက်ႌအိတ္ကပ္ထဲက သက္ရႈိင္းကို ဖုန္းေလးကို ထုတ္လိုက္ေလသည္။ ၿပီးေတာ့ ဖုန္းကို lockဖြင့္ၿပီး တစ္ဖက္သို႔ လွည့္ျပလိုက္ေလသည္။
ျမင့္ျမတ္ႏွင့္ သက္ရႈိင္းကိုမွာ အေတာ္ေလး အံ့ဩသြားေလသည္။ ႏွင္းလည္း "ေတာ္လိုက္တာ" ဆိုၿပီး ေအာင္ႏိုင္သူဘက္ကို ၾကည့္ၿပီး ေျပာလိုက္ေလေတာ့၏။
"Record ဖြင့္ထားတာ" ဟု ျမင့္ျမတ္မွ အာၿပဲေအာင္ ေအာ္ေျပာလိုက္ေလသည္။
"အင္း" လို႔ ေအာင္ႏိုင္သူ ျပန္ေျပာၿပီး recordမွတ္ထားတာကို ရပ္လိုက္ေလသည္။
"ဘယ္ခ်ိန္က recordဖြင့္ထားတာလဲ" ဆိုၿပီး ျမင့္ျမတ္ ထပ္ေမးလိုက္ျပန္သည္။
"သူ ဆိုင္မထြင္ခင္ ျမင့္ျမတ္နဲ႔ စကားေျပာေနၾကတဲ့ အခ်ိန္မွာ သူ႔ဖုန္းကို recordဖြင့္ၿပီး ထည့္ေပးလိုက္တာဘဲေလ" ဟု
ေအာင္ႏိုင္သူ ျပန္ေျဖၿပီး ဖုန္းကို သက္ရႈိင္းကိုဆီသို႔ ျပန္ေပးလိုက္ေလသည္။ သက္ရႈိင္းကိုလည္း ဖုန္းကို ယူၿပီးေတာ့ အိတ္ကပ္ထဲ ျပန္ထည့္ထားလိုက္သည္။
"အိုး.... ကိုက တစ္ကယ့္ကို ဉာဏ္ႀကီးရွင္ဘဲ" ဆိုကာ ျမင့္ျမတ္မွာ ခ်ီးက်ဴးေနေတာ့၏။
"ကဲ ေဆး႐ုံကို လိုက္သြားၾကမယ္" ဟာ ေအာင္ႏိုင္သူ ေျပာလိုက္ေတာ့ ျမင့္ျမတ္မွာ ကားနားသို႔ သြားလိုက္ေလသည္။
"ကြၽန္ေတာ္ ဆိုင္ကယ္နဲ႔ လာခဲ့လိုက္မယ္" လို႔ ေျပာၿပီး သက္ရႈိင္းကိုမွာ ဆိုင္ကယ္နား သြားလိုက္ေလသည္။
ႏွင္းကေတာ့ ေအာင္ႏိုင္သူတို႔ ကားထဲမွာ ေရာက္ေနေလၿပီ။ ဒီလိုနဲ႔ ေအာင္ႏိုင္သူတို႔ ျမင့္ျမတ္တို႔၊ သက္ရႈိင္းကိုတို႔ ေဆး႐ုံကို သြားလိုက္ၾကေလသည္။
ေဆး႐ုံကို ေရာက္ေတာ့ ျမင့္ျမတ္တို႔ ေကာင္တာက nurseကို ေမးၿပီးေတာ့ သီဟ အခန္းရွိရာသို႔ သြားလိုက္ၾကေလသည္။ အခန္းထဲ ေရာက္ေတာ့ သီဟလက္ကို ဆုပ္ကိုင္ထားတဲ့ ျမတ္မင္းကို တစ္ေယာက္အား ေတြ႕လိုက္ရေလသည္။
"ဘယ္လိုျဖစ္သြားၿပီလဲ.....ျမတ္မင္း" ဟု ျမင့္ျမတ္ကမွ ေမးလိုက္သည္။
"အဖ်ား ရွိေနေတာ့ အဖ်ားက်ေဆး ထိုးထားတယ္တဲ့ အကို" ဟု ျမတ္မင္းကိုမွ တုန္တုန္ယင္ယင္ေလး ျပန္ေျပာလာေတာ့သည္။
"တစ္ျခားေကာ ဘာမွမျဖစ္ဘူးလား"
"ေစာင့္ၾကည့္ရမွာဘဲတဲ့ေလ..... သတိရလာ၊မရလာဆိုတာကိုေပါ့....... ဆရာ၀န္ ေျပာတာကေတာ့ ကိုမာ ျဖစ္ႏိုင္တယ္တဲ့ေလ"
ျမတ္မင္းကိုရဲ႕ အသံမွာ တုန္ရီ အက္ကြဲေနသည္။ တစ္ခါတစ္ခါေျပာတိုင္း အသံက တုန္ယင္ေနေလသည္။ ျမင့္ျမတ္ႏွင့္ ေအာင္ႏိုင္သူတို႔မွာလည္း စိတ္မေကာင္း ျဖစ္လို႔ေနေလသည္။ သက္ရႈိင္းကိုမွာလည္း သီဟကို စိတ္ပူစြာျဖင့္ ၾကည့္ေနေတာ့သည္။ ႏွင္းျေတာ့ သီဟ ေဘးနားသို႔ သြားၿပီး ၀မ္းနည္းစြာ ၾကည့္ေနေလသည္။
အခန္းေလးဟာ တိတ္ဆိတ္မႈ အျပည့္ျဖင့္ ျပည့္ႏွက္သြားေလသည္။ႏွင္း တစ္ေယာက္ အခန္းထဲမွာ ေနရင္ ပိုၿပီးစိတ္မေကာင္း ျဖစ္ေနမွာ စိုးေသာေၾကာင့္ အခန္းထဲက ထြက္လာလိုက္ေလသည္။ ၿပီးေနာက္ ေျခဦးတည့္ရာ ေလွ်ာက္သြားေလေတာ့၏။
ႏွင္းမွာ ေလွ်ာက္သြားရင္း ပန္းၿခံေလးကို ေရာက္သြားေလသည္။ ပန္းၿခံေလးထဲက ခုံတန္းေလးမွာ ထိုင္ၿပီး ႏွင္း တစ္ေယာက္ ေကာင္းကင္ကို ေမာ့ၾကည့္ေနေလသည္။ ထိုအခ်ိန္တြင္ ႏွင္းကို ေတြ႕ေနၾကျဖစ္တဲ့ ကေလးေလး တစ္ေယာက္ ေရာက္လာေတာ့သည္။
"မမ.....မမ.... ဘာျဖစ္ေနတာလဲဟင္......" ဆိုကာ အသံပိစိက်လူျဖင့္ ႏွင္းကို ေမးလာေလသည္။
"ဘာမွမျဖစ္ပါဘူး ကေလးေလးရယ္..... အမ ေတြးစရာေလး ရွိလို႔ပါ"
"မမ မီးကို ေျပာျပေလ....."
ႏွင္းမွာ ေကာင္းကင္ကို ေမာ့ၾကည့္ရာကေန ကေလးေလးကို ၾကည့္လိုက္သည္။ ေနာက္ေတာ့ ႏွင္း ကေလးေလးကို ထိုင္ခုံမွာ လာထိုင္ဖို႔
ထိုင္ခုံကို ပုတ္ျပဘိုက္သည္။ ဒါနဲ႔ ကေလးေလးလည္း ထိုင္လိုက္ေတာ့၏။
"ဟူး......"
ႏွင္း တစ္ေယာက္ သက္ျပင္းခ်လိုက္ၿပီး ငူငူငိုင္ငိုင္ျဖင့္ ထိုင္ေနေလသည္။
"မမ ..... ေျပာျပမယ္ဆို....."
"အင္း..... အမ မွတ္ဉာဏ္ေတြ ျပန္ရၿပီ......."
"ေယး..... မမကလည္း ေပ်ာ္ရမယ့္ ကိစၥကို ဘာလို႔ ၀မ္းနည္းေနရတာလဲ"
"အမ သတိရဖို႔အတြက္ လူတစ္ေယာက္က ေဆး႐ုံေပၚမွာ သတိလစ္ေနရတယ္ေလ.... ဒါေပမယ့္ သူသတိရလာဖို႔ နည္းလမ္း ရွိတယ္...."
"အဲ့တာ ဘာမ်ားလဲ မမ"
ႏွင္း ဘာမွ ျပန္မေျဖဘဲ ၿငိမ္ေနမိသည္။ ၿပီးေနာက္ ဆရာႀကီး၏ စကားေတြ နားထဲ ၾကားေယာင္လာသည္။
"မင္း မွတ္ဉာဏ္ေတြ ျပန္ရဖို႔အတြက္ မင္းရဲ႕ ဝိညာဥ္ဟာ ဟိုေကာင္ေလးရဲ႕ ခႏၶာကိုယ္နဲ႔ ၾကာၾကာေလး ေပါင္းစပ္ေနမွ ရမယ္။ ဒါေပမယ့္ ဆိုးက်ိဳးေတာ့ရွိတယ္။ အဲ့ေကာင္ေလးဟာ သူ႔ရဲ႕ ဝိညာဥ္ ႏုတ္ခံရသလို ျဖစ္သြားလိမ့္မယ္"
"ဒါဆို သီဟက ဘယ္လိုျဖစ္သြားမွာလဲ ဆရာ"
"ရွင္လ်က္နဲ႔ ေသေနတဲ့ ပုံစံမ်ိဳးနဲ႔ တစ္သက္လုံး အ႐ိုးေဆြးသြားရမွာဘဲေပါ့"
"ဆရာ ေျဖရွင္းႏိုင္မယ့္ နည္းလမ္း မရွိဘူးလား"
"ရွိတယ္.... မင္းရဲ႕ ဝိညာဥ္သာ ေပ်ာက္သြားရင္ တစ္ဖက္လူက ျပန္သတိရလာလိမ့္မယ္..... ဒါေပမယ့္ မင္းက ခ်ဳပ္ေႏွာင္ထားခံရတဲ့ ဝိညာဥ္ ျဖစ္ေနတယ္.... အရင္ဆုံး မင္းကိုခ်ဳပ္ေႏွာင္ေစတဲ့ ပစၥည္းကို အရင္ရွာပါ.... မင္းသာ ရွာမေတြ႕ရင္ေတာ့ အဲ့ေကာင္ေလးက ရွင္လ်က္နဲ႔ ေသသလိုမ်ိဳး တစ္သက္လုံးေနသြားရေတာ့မွာ"
"မမ.....မမ......မမ........" ဆိုကာ ကေလးေလးက ဆက္တိုက္ေခၚေတာ့မွ ႏွင္းလည္း သတိျပန္လည္လာေလသည္။
"ဟင္.... ေျပာ ... ကေလးမ...."
"မမကို ကူညီတဲ့သူ သတိရလာမယ့္ နည္းလမ္းရွိတယ္ဆို အဲ့တာ ဘာလဲလို႔..... မီးကို ေျပာျပေလ"
"ကေလးမေလးက အမ ေျပာျပမယ့္ စကားကို နားေထာင္ဖို႔ အရမ္းငယ္ေနေသးတယ္ဆိုေတာ့ အမ ေျပာျပလို႔ မရဘူး"
"ဟုတ္ပါၿပီ..... မမ..... မီးသူငယ္ခ်င္းေတြ ေရာက္လာလို႔ မီး သြားကစားေတာ့မယ္ေနာ္..... သြားၿပီ မမ"
ကေလးမေလးဟာ ခ်စ္စဖြယ္ေကာင္းေအာင္ ေျပာၿပီးေတာ့ ေျပးသြားေလသည္။ ႏွင္းမွာလည္း ကေလးမေလး ေျပးသြားတာကို ေငးၾကည့္ေနေလသည္။ ၿပီးေတာ့ ေကာင္းကင္ေပၚကိုသာ ေမာ့ၾကည့္လိုက္သည္။
"သီဟက ငါ့ကို အစကေန အဆုံးထိ ဒုကၡခံၿပီး ကူညီခဲ့တာဘဲေလ....ငါလည္း ျပန္ၿပီး ကူညီေပးရမွာေပါ့..... ငါထပ္ေနလို႔လည္း အက်ိဳးရွိသြားတဲ့သူ တစ္ေယာက္မွ မရွိတာ.... ငါ့အတြက္နဲ႔ ၀န္ေလးေနရမွာဘဲေပါ့....... ႏွင္းအိျႏၵာထက္ စဥ္းစားရေတာ့မွာပါလား"
ႏွင္း တစ္ေယာက္ ၾကယ္ေလးေတြ ျပည့္ေနတဲ့ မိုးေကာင္းကင္ႀကီးကို ေမာ့ၾကည့္လ်က္။
.........................
မနက္ခင္းထိတိုင္ေအာင္ သီဟမွာ သတိမရလာေသးပါ။
ျမတ္မင္းကိုမွာလည္း အေတာ္ေလးကို စိတ္ပူေနရွာသည္။ က်န္တဲ့ ျမင့္ျမတ္တို႔၊ ေအာင္ႏိုင္သူတို႔၊ သက္ရႈိင္းကိုတို႔မွာ အခန္းျပင္မွာ ေန၍ အေျခအေနကို ေစာင့္ၾကည့္ေနၾကေလသည္။
ႏွင္း တစ္ေယာက္ မေန႔ညက ညလုံးေပါက္ ထိုင္ၿပီး စဥ္းစားေနခဲ့မိသည္။ ေနာက္ဆုံးေတာ့ ႏွင္း ဆုံးျဖတ္ခ်က္ ခ်လိုက္ေလသည္။
သီဟကို ကူညီမယ္ ဆိုတာကိုဘဲေပါ့။
ႏွင္း ေဆး႐ုံ၀န္းႀကီး ၀င္လာလိုက္သည္။ ၿပီးေတာ့ သီဟ ရွိေနတဲ့ အေဆာင္သို႔ တန္းသြားလိုက္ေလသည္။ ႏွင္းမွာ သီဟ အခန္းေရွ႕ကို ေရာက္ေတာ့ သက္ရႈိင္းကိုအား ေတြ႕လိုက္ရေလသည္။ ႏွင္း တစ္ေယာက္ သက္ရႈိင္းကိုကို စိုက္ၾကည့္ေနေတာ့သည္။ ၿပီးမွ အခန္းထဲ ၀င္သြားလိုက္ေလသည္။
ႏွင္း ျမတ္မင္းကိုအား ေတြ႕လိုက္ရသည္။ ျမတ္မင္းကိုမွာ သီဟရဲ႕ လက္ကေလးကို ကိုင္လ်က္ သီဟကို တစ္စိမ့္စိမ့္ ၾကည့္ေနေလ၏။ ၾကည့္ရတာ ညက မအိပ္ခဲ့ဘူးေနမွာ။ ျမတ္မင္းကိုရဲ႕ မ်က္လုံးေတြက အားမရွိသလို ျဖစ္ေနလသည္။ ၿပီးေတာ့ ျမတ္မင္းကိုမွာ တိုးတိုးတိုးတိုး ေရ႐ြတ္ေနေသးသည္။
"ခ်စ္ရယ္..... ခ်စ္ အရင္တစ္ခါ ကို႔ေၾကာင့္ ခ်စ္ ယဥ္တိုက္မႈ ျဖစ္ေတာ့ ကို ဘယ္ေလာက္ေတာင္မွ လန႔္သြားခဲ့ရလဲ သိရဲ႕လား....."
ႏွင္းမွာ ေဆး႐ုံ ခုတင္ေဘးနားမွာ ရပ္ၿပီး သီဟကို ၾကည့္ေနေလ၏။
"အဲ့တုန္းကေလ ခ်စ္ သတိမရလာေတာ့ ကိုယ့္မွာ ႐ူးမတတ္ဘဲ ခံစားလိုက္ရတာ..... ကို အရမ္းကို ႐ူးမတတ္ဘဲ....... ခ်စ္သာ ကို႔ကို ထားသြားခဲ့မယ္ ဆိုရင္ ကို ႐ူးေလာက္မွာ ေသခ်ာတယ္..... ကို ခ်စ္ကို အရမ္းခ်စ္တာ ခ်စ္လည္း သိသားဘဲ.... ကို႔ကို ခ်စ္ရင္ ျမန္ျမန္ေလး သတိရလာေပးပါေနာ္.....ေနာ္....." ဆိုကာ ျမတ္မင္းကိုမွာ သီဟရဲ႕ လက္ကေလးကို ကိုင္ၿပီး မ်က္ရည္႐ြဲလဲျဖင့္ ေျပာေနေလေတာ့၏။
ႏွင္းမွာ ျမတ္မင္းကိုအား ၾကည့္ေနရင္းမွ သီဟကိုယ္ထဲသို႔ ၀င္ပူးလိုက္ေလသည္။
ျမတ္မင္းကိုမွာ မ်က္ရည္႐ြဲလဲျဖင့္ ေျပာေနရင္းမွ သီဟကို တစ္ခ်က္ၾကည့္လိုက္သည္။ ငုတ္တုတ္ႀကီး ထထိုင္ေနတဲ့ သီဟကို ေတြ႕လိုက္ရေလသည္။ အစကေတာ့ ျမတ္မင္းကိုမွာ ျမင္ေယာက္တာလို႔ ထက္မိၿပီးေတာ့ လက္ကေလးကိုသာ ျပန္ကိုင္ေနလိုက္သည္။ လက္ကေလးကို ကိုင္ေနရင္း ဖယ္ထုတ္ခံလိုက္ရတာ ျမင္ေတာ့ ျမတ္မင္းကိုမွာ သီဟကို တစ္ခ်က္ ျပန္ၾကည့္လိုက္ေတာ့သည္။
"ခ်စ္ သတိရလာၿပီလား" ဆိုၿပီး ျမတ္မင္းကိုမွာ သီဟရဲ႕ မ်က္ႏွာကို သြားၿပီး စမ္းသပ္ေနေလ၏။
သီဟ ကိုယ္ထဲသို႔ ေရာက္ေနတဲ့ ႏွင္းမွာ စိတ္ရႈပ္လာတာေၾကာင့္ ျမတ္မင္းကို၏ လက္ကို ဖယ္ထုတ္လိုက္ေလသည္။ ၿပီးေတာ့ သီဟ မဟုတ္ေၾကာင္း ေျပာလိုက္သည္။
"သီဟ မဟုတ္ဘူး..... အခုက အမႏွင္း"
သီဟဆီကေန အခုလိုမ်ိဳး စကားၾကားလိုက္ရေတာ့ ျမတ္မင္းကိုမွာ အလန႔္တၾကားျဖင့္ အခန္းျပင္ ထြက္သြားလိုက္ေလသည္။ အလန႔္တၾကားျဖင့္ အခန္းျပင္ထြက္လာတဲ့ ျမတ္မင္းကိုကို ျမင့္ျမတ္တို႔ သုံးေယာက္က အထူးအဆန္းျဖင့္ ၾကည့္ေနရွာေလသည္။
"ဘာျဖစ္လို႔လဲ ျမတ္မင္း သီဟ သတိရလာလို႔လား" ဟု ျမင့္ျမတ္ကေနမွ စေမးလိုက္သည္။
"သတိေတာ့ ရလာၿပီ ဒါေပမယ့္ ထူးထူဆန္းဆန္းေတြ ေျပာေနတယ္ အကိုရဲ႕.... အထဲ ၀င္ၾကည့္ၾကည့္လိုက္အုန္း"
ဒီလိုနဲ႔ ျမင့္ျမတ္တို႔ သုံးေယာက္လည္း အခန္းထဲ ၀င္သြားလိုက္သည္။ အခန္းထဲေရာက္ေတာ့ သီဟကို ၀င္ပူးေနတဲ့ ႏွင္းက အေၾကာင္းစုံ ေျပာျပေတာ့သည္။
"ဒီေတာ့ အခု ေျပာေနတာက ႏွင္းေပါ့......" ဟု ျမင့္ျမတ္က ေမးလိုက္သည္။
"ဟုတ္ပါတယ္..... အကို"
"အရင္တုန္းကလည္း ၀င္ပူးဖူးတယ္မလား" ဆိုကာ ျမင့္ျမတ္ကဘဲ ထပ္ေမးလိုက္ျပန္သည္။
"ဟုတ္ကဲ့....... အရင္က ႏွစ္ခါေပါ့..... မေန႔ကေတာ့ ေနာက္ဆုံး ၀င္ပူးတာဘဲေပါ့"
"ဒါျဖင့္ရင္ ႏွင္းက ခ်ဳပ္ေႏွာင္ထားခံရတဲ့ ဝိညာဥ္ေပါ့ေလ.... ႏွင္းကို လြတ္ေျမာက္ေအာင္ လုပ္မွ သီဟက ျပန္ႏိုးလာမယ္ေပါ့" ဆိုကာ ေအာင္ႏိုင္သူ ေျပာလိုက္သည္။
"ဟုတ္ပါတယ္.... သီဟနဲ႔ အတူတူ သြားေတြ႕ခဲ့တဲ့ ပရေလာဂဆရာ ကိုယ္တိုင္ ေျပာခဲ့တာပါ"
"ေကာင္ေလး တစ္ခါ ေျပာဖူးတယ္ ႏွင္းက ခ်ဳပ္ေႏွာင္ ထားခံရတဲ့ ဝိညာဥ္ ဆိုတာကိုေလ....ၿပီးေတု႔ အတိတ္ေမ့ေနတယ္ ဆိုတာကိုေရာေပါ့" ဆိုၿပီး သက္ရႈိင္းကိုက ၾကားျဖတ္ ၀င္ေျပာလိုက္သည္။
"ဒါျဖင့္ရင္ ခ်ဳပ္ေႏွာင္ထားခံရတဲ့ ပစၥည္းက ဘယ္မွာ သြားရမွာလဲ....." ဟု ျမတ္မင္းကို ေမးလိုက္သည္။
"ဒါကေတာ့ လြယ္ပါတယ္.... ေဝယံလင္းထြန္းဆီမွာ ႏွင္းရဲ႕ လက္ထပ္လက္စြပ္ေလး ရွိေနခဲ့တယ္"
မေန႔က ႏွင္း သီဟကိုယ္ထဲ ၀င္ပူးေနခ်ိန္ အမွတ္မထင္ဘဲ ေတြ႕လိုက္ရလို႔ မွတ္မိေနတာ ျဖစ္သည္။
"ဟုတ္တယ္.... လက္စြပ္ ရွိေနတယ္" ဆိုၿပီး သက္ရႈိင္းကို ဝင္ေျပာလိုက္သည္။
အားလုံးက သက္ရႈိင္းကိုဘက္ လွည့္ၾကည့္လာေလသည္။
"မေန႔က ေဝယံလင္းထြန္း ခုန္ခ်မယ္လုပ္ေတာ့.... သူ႔လက္ကို ဖမ္းဆြဲလိုင္တဲ့ အခ်ိန္မွာ လက္စြပ္ေလး ၀တ္ထားတာကို ေတြ႕လိုက္ရတယ္..... အခုလို ပုံစံတူမ်ိဳးေပါ့" လို႔ သက္ရႈိင္းကိုမွာ လည္ပင္းမွာ ဆြဲထားတဲ့ ဆြဲႀကိဳးေလးက လက္စြပ္ကြင္းေလးကို ကိုင္ျပရင္း ေျပာလိုက္ေတာ့သည္။
"ဒါဆိုရင္ ဘာကို ေစာင့္ေနမွာလဲ..... ရဲစခန္းကို သြားၾကတာေပါ့" ဟု ေအာင္ႏိုင္သူ ေျပာလိုက္သည္။
"ေနအုန္း ေဆး႐ုံက ဆင္းခြင့္မရွိေသးတဲ့ လူနာကို အျပင္ေခၚထုတ္သြားလို႔မွ မရတာ" ဆိုၿပီး ျမင့္ျမတ္ ေျပာလိုက္သည္။
"ဟုတ္သားဘဲ....." ဆိုကာ ျမတ္မင္းကို ေရ႐ြတ္လိုက္သည္။
"လုပ္ဖို႔ တစ္ခုဘဲ ရွိေတာ့တယ္" ဟု ျမင့္ျမတ္ ေျပာလိုက္သည္။
ျမင့္ျမတ္မွာ အခန္းထဲက စိတ္တိုတိုျဖင့္ ထြက္လာေလသည္။ ေအာင္ႏိုင္သူမွာလည္း ေနာက္ကေန လိုက္လို႔လာေလသည္။
"ခ်စ္ရယ္.... ခ်စ္ ကို႔ကို စိတ္မဆိုးပါနဲ႔ေတာ့"
"စိတ္ဆိုးေနတာ မဟုတ္ဘူး.... စိတ္တိုေနတာ...." ဟု ျမင့္ျမတ္ ေအာ္ေျပာလိုက္သည္။ ျမင့္ျမတ္ ေအာ္ေျပာလိုက္တာေၾကာင့္ ေဆး႐ုံ အေဆာင္ထဲက nurseေတ၊ လူနာေစာင့္နဲ႔ တာ၀န္က် ဆရာ၀န္တို႔မွာ ျမင့္ျမတ္တို႔ အတြဲဆီကို အာ႐ုံစိုက္လာၾကေလသည္။
"ဘာေၾကာင့္ စိတ္တို ေနရတာလည္း ကို႔ကို ရွင္းျပပါအုန္း....."
"ကိုက........." လို႔ ေျပာၿပီး ျမင့္ျမတ္ ဘာေျပာရမွန္း မသိ ျဖစ္သြားေလသည္။ ၿပီးမွ ဆက္ေျပာေတာ့သည္။
"ကိုက ခ်စ္မဟုတ္တဲ့ တစ္ျခား တစ္ေယာက္နဲ႔ သြားအိပ္တာကို ခ်စ္သိလို႔ စိတ္တိုေနတာေလ...." ဆိုၿပီး ျမင့္ျမတ္ ေျပာလိုက္ေတာ့ ေဆး႐ုံေဆာင္ထဲက လူေတြက တအံ့တဩ ျဖစ္သြားၾကေလသည္။
"မင္းမွာ သက္ေသရွိလို႔လား...." ဟု ေအာင္ႏိုင္သူ ေအာ္ေျပာလိုက္သည္။
"အခုေတာ့ ခ်စ္လို႔ မေခၚဘဲနဲ႔ မင္းလို႔ ေျပာင္းေခၚေနၿပီေပါ့.... ဘာလဲ အဲ့တစ္ေယာက္ကို ခ်စ္လို႔ သြားေခၚေနၿပီလား"
"သက္ေသမရွိဘဲနဲ႔ ကိုယ့္ကို မစြပ္စြဲစမ္းပါနဲ႔....."
"သက္ေသ .... သက္ေသ လိုေသးလို႔ ကိုနဲ႔ အဲ့တစ္ေယာက္နဲ႔ တိုက္ခန္းထဲက ထြက္လာတာ မ်က္ျမင္ေတြ႕ခဲ့တာဘဲေလ"
အခုဆိုရင္ ေဆး႐ုံအေဆာင္ထဲက သူေတြ အားလုံး ျမင့္ျမတ္ဆို႔ အတြဲဆီမွာသာ အာ႐ုံရေနၾကေလသည္။ ထိုအခ်ိန္ ျမတ္မင္းကိုႏွင့္ သက္ရႈိင္းကိုတို႔ ႏွစ္ေယာက္မွာ သီဟရဲ႕ ခုတင္ေလးကို ထုတ္လာၿပီးေတာ့ ေနက္ေပါက္ဘက္ကို ေခၚသြားေနေလသည္။
ခုတင္ေလး ထုတ္ၿပီး အေနာက္ေပါက္ကို သြားေနတဲ့ ျမတ္မင္းတို႔ကို ျမင့္ျမတ္ ေတြ႕ေနရေလသည္။ အမွန္ေတာ့ ျမင့္ျမတ္ စီစဥ္ထားခဲ့တာ ျဖစ္သည္။ သ႐ုပ္ေတာင္ေနစဥ္ ျမတ္မင္းကိုတို႔ အလြယ္တကူ ထြက္သြားလို႔ရေအာင္ဘဲေပါ့။ အခုေတာ့ အစီအစဥ္ အတိုင္း ျဖစ္လာခဲ့ေလၿပီ။
"ဒီကိစၥကို ဟိုတစ္ေယာက္နဲ႔ေတြ႕ၿပီးေတာ့ မ်က္ႏွာခ်င္းဆိုင္ ရွင္းၾကတာေပါ့....သြားမယ္" ဆိုကာ ျမင့္ျမတ္မွာ ေအာင္ႏိုင္သူ လက္ကို ဆြဲၿပီး ေဆး႐ုံအေတာင္ အျပင္သို႔ ေခၚထုတ္သြားေလသည္။
ျမင့္ျမတ္တို႔လည္း ထြက္သြားေရာ ေဆး႐ုံအေဆာင္က သူေတြမွာ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားၾကေလသည္။ ဘာေၾကာင့္ဆို ဘာဆက္ျဖစ္မလဲဆိုတာ မသိရေတာ့လို႔ဘဲေပါ့။ သိတယ္မလား။ လူေတြက တစ္ျခားသူေတြရဲ႕ အတြင္းေရးဆို စိတ္၀င္စားၾကတာေလ။
ျမင့္ျမတ္ႏွင့္ ေအာင္ႏိုင္သူတို႔မွာ အေဆာင္ျပင္ကို ေရာက္ေတာ့ ႏွစ္ေယာက္သား လက္ဝါးခ်င္း ႐ိုက္လိုက္ၾကေလသည္။
"ကို သ႐ုပ္ေဆာင္တာ ေတာ္လာသားဘဲ .... ဘာလဲ ခိုးက်င့္ထားတာလား"
"ကို႔ရဲ႕ ခ်စ္သူက ဘယ္သူလဲ.... ေမာ္ဒယ္၊သ႐ုပ္ေဆာင္ ျမင့္ျမတ္သူဘဲေလ....."
"ဟုတ္ပါၿပီ"
ႏွစ္ေယာက္သား ကားယူကာ အေနာက္ေပါက္သို႔ သြားလိုက္ၾကၿပီး ျမတ္မင္းကိုတို႔ကို သြားေခၚလိုက္ၾကေလသည္။ ဒီလိုနဲ႔ သက္ရႈိင္းကိုတို႔ အုပ္စု ရဲစခန္းကို ဦးတည္လိုက္ၾကေလေတာ့၏။
တစ္ဖက္က ရဲစခန္း၏ စစ္ေမးခန္းတြင္ေတာ့ ေဝယံလင္းထြန္း တစ္ေယာက္ အေဖျဖစ္သူႏွင့္ ဖုန္းေျပာေနေလသည္။
"ဟယ္လို ပါးပါး"
"ဟိတ္ေကာင္ ဒီတစ္ခါေတာ့ မင္းကို ငါမကယ္ႏိုင္ေတာ့ဘူး....."
"သား သိပါတယ္.... သားလည္း အျပစ္ခံယူေတာ့မယ္လို႔ ေတြးထားၿပီးသားပါ"
"ေအ..... ငါမင္းကို ကူႏိုင္တာဆိုလို႔ မင္းရဲ႕ ေထာင္ခ်တဲ့ႏွစ္ကိုဘဲ ေလ်ာ့ေပါ့ေပးဖို႔ ေျပာေပးႏိုင္မယ္"
"ရပါတယ္..... အဲ့ေလာက္ေလး လုပ္ေပးတာနဲ႔တင္ ေက်းဇူးတက္ရမွာေပါ့"
"မင္းဆီ ဦးမိုးေကာင္းက တစ္လတစ္ခါ လာေတြ႕လိမ့္မယ္"
"ဟုတ္ကဲ့ ပါးပါး"
"ၿပီးေတာ့ မင္းကို ေဆးျဖတ္တဲ့ အထူးေထာင္မွာ ထားဖို႔ ငါေျပာထားတယ္"
"အဲ့ေလာက္လည္း သားေဆးမစြဲေသးပါဘူး......"
"မင္းကို ေထာင္ကထြက္လာရင္ ႏိုင္ငံျခားပို႔ၿပီး ပညာသြားသင္ေစခ်င္တာ.... မင္းကသာ အစက မသြားခ်င္ဘူးေျပာလို႔ လုပ္ငန္း ေပးလုပ္ထားတာ.... အခုၾကည့္ ျပႆနာေတြ ျဖစ္လာၿပီမလား"
"သား ဒီတစ္ခါ တစ္ကယ္ သြားပါ့မယ္ ပါးပါး..... ပါးပါး ျဖစ္ေစခ်င္တာကို သားလုပ္ေပးမယ္"
"ေအ.... ဖုန္းခ်လိုက္ေတာ့မယ္ လိုတာေတြ ရွိရင္ ဦးမိုးေကာင္းဆီသာ ေျပာလိုက္ေတာ့"
"ဟုတ္ကဲ့ ပါးပါး" လို႔ ေဝယံလင္းထြန္း ေျဖၿပီးသည္ႏွင့္ တစ္ဖက္က ဖုန္းခ်သြားသည္။
ဦးမိုးေကာင္းမွာ ေဝယံလင္းထြန္း ဖခင္ အကူအညီျဖင့္ ဘာျပႆနာမွ မတက္ေတာ့ေပ။
ေဝယံလင္းထြန္းလည္း ဖုန္းနံပါတ္ေလးကို ျဖတ္လိုက္ေလသည္။ ထိုအခ်ိန္ တံခါးေလး ဖြင့္လာေတာ့သည္။ ဒါနဲ႔ ေဝယံလင္းထြန္းလည္း ရဲမႉးႀကီး အထင္ျဖင့္
"ေရာ့ဖုန္းေျပာလို႔ ၿပီးၿပီ ယူသြားၿပီး သိမ္းလိုက္ေတာ့" ဟု ေျပာလိုက္ေလသည္။
ဒါေပမယ့္ တစ္ဖက္က ဘာမွ မေျပာလာပါ။ တံခါးပိတ္သံသာ ထြက္ေပၚလာသည္။ ဒါနဲ႔ ေဝယံလင္းထြန္းလည္း တံခါးဖက္လွည့္လိုက္ေလသည္။
"မင္း........" ဆိုကာ ေဝယံလင္းထြန္း တစ္ေယာက္ သက္ရႈိင္းကိုအား လက္ညိဳးထိုးကာ ေျပာလိုက္ေတာ့သည္။
"မင္း..... ဘာလာလုပ္တာလဲ"
"ခဏေလာက္ စကားေျပာလို႔ ရႏိုင္မလား......." ဟု သက္ရႈိင္းကို ေျပာၿပီး ထိုင္ခုံမွာ ထိုင္လိုက္သည္။ ေဝယံလင္းထြန္းလည္း လိုက္ထိုင္ေလသည္။
"မင္းဘယလာလုပ္တာလဲ" ဟု ေဝယံလင္းထြန္း ထပ္ေမးလိုက္ျပန္သည္။
"ရဲမႉးႀကီးကို သက္ေသ လာေပးရင္းနဲ႔ ယူစရာလည္း ရွိလို႔ေလ"
"ေအာ္....." ဆိုကာ ေဝယံလင္းထြန္း ေအးတိေအးစက္ ျပန္ေျဖလိုက္သည္။
"ဟိုေလ......ငါနဲ႔ သက္ဆိုင္တဲ့ လက္စြပ္ကေလးကို ျပန္ေပးလို႔ရမလား" ဟု သက္ရႈိင္းကို ေျပာလိုက္ေတာ့ ေဝယံလင္းထြန္းမွာ လက္မွာ ၀တ္ထားတဲ့ လက္စြပ္ေလးကို တစ္ခ်က္ ၾကည့္လိုက္ေလသည္။
"လက္စြပ္.... ဘာလက္စြပ္လဲ"
"ႏွင္းရဲ႕ လက္စြပ္ေလးေလ"
"မင္းက ျပန္ယူခ်င္တယ္ ဆိုမွေတာ့လည္း ေပးရတာေပါ့" လို႔ ေျပာၿပီး ေဝယံလင္းထြန္းမွာ လက္စြပ္ကို ခြၽတ္ၿပီး သက္ရႈိင္းကို လက္ထဲသို႔ ထည့္ဖို႔ လုပ္ေနရင္းမွ ျပန္ယူထားလိုက္ေလသည္။
"ဘာလုပ္တာလဲ..... လက္စြပ္ကို ေပးေလ......" ဆိုၿပီး သက္ရႈိင္းကို ေတာင္းလိုက္သည္။
"ငါနဲ႔ အေပးအယူလုပ္ရင္ ေပးမယ္" ဟု ေဝယံလင္းထြန္း ျပန္ေျပာလိုက္သည္။
"ဘာအေပးအယူလဲ........"
"ငါ့ကို တစ္ပတ္တစ္ခါ ထိုင္၀င္စာ လာေတြ႕ေပး၊ ၿပီးေတာ့ စာလည္း ေရးပို႔ေပး"
ေဝယံလင္းထြန္း၏ အေပးအယူေၾကာင့္ သက္ရႈိင္းကို ေၾကာင္သြားသည္။
"ကိုယ့္ မိန္းမကို သတ္ခဲ့တဲ့သူကိုေတာ့ ဘယ္သူက မ်က္ႏွာခ်င္းဆိုင္ ေတြ႕ခ်င္ပါ့မလဲ.... အခုေတာင္ လက္စြပ္ေလးေၾကာင့္ မနည္း အားတင္းၿပီး ေတြ႕ေနရတာ......" ဆိုၿပီး သက္ရႈိင္းကိုမွာ ေခါင္းငုံ႔ၿပီးေတာ့ တိုးတိုးေလး ေျပာလိုက္ေတာ့သည္။
"ဒါဆိုရင္ အေပးအယူ မလုပ္ဘူး ဆိုတဲ့ သေဘာေပါ့...... ေကာင္းပါၿပီ" လို႔ ေျပာၿပီး ေဝယံလင္းထြန္းမွာ လက္စြပ္ေလးကို
သက္ရႈိင္းကို ေရွ႕သို႔ ခ်ေပးလိုက္ေလသည္။
သက္ရႈိင္းကိုမွာ လက္စြပ္ေလးကို ၾကည့္ၿပီးေတာ့ ေဝယံလင္းထြန္းကို ၾကည့္မိလိုက္သည္။ မေန႔ညက ခုန္ခ်ေတာ့မယ့္ ျမင္ကြင္ကို ျပန္ျမင္ေယာင္လာေလသည္။
"ငါ့ကို မခ်စ္တဲ့ ေလာကႀကီးမွာ ငါက ဘာလို႔ ရွင္သန္ေနရမွာလဲ... ငါ့ကို မခ်စ္တဲ့ ပါးပါးနဲ႔ ငါ့ကို မခ်စ္တဲ့ မင္းနဲ႔၊ ၿပီးေတာ့ ငါ့ကို မခ်စ္တဲ့ လူေတြရွိေနတဲ့ ေနရာမွာ ငါကဘာလို႔ ေနေနရမွာလဲ" ဆိုတဲ့
ေဝယံလင္းထြန္းရဲ႕ စကားေလးေရာ ျပန္ၾကားေယာင္လာေတာ့တာေပါ့။
"ေတြ႕လို႔ အဆင္မေျပေသးေပမယ့္ စာေတာ့ ေရးပို႔ေပးႏိုင္တယ္.....ေတြ႕ဖို႔ အဆင္သင့္ ျဖစ္ၿပီဆိုရင္ လာေတြ႕ပါ့မယ္" လို႔ ေျပာကာ သက္ရႈိင္းကို တစ္ေယာက္ စားပြဲေပၚက လက္စြပ္ေလး ယူၿပီး သြားမလို႔ ျပင္လိုက္ခ်ိန္ ေဝယံလင္းထြန္းမွာ ေနာက္ကေန လွမ္းဆြဲထားေတာ့သည္။
ၿပီးေနာက္ သက္ရႈိင္းကိုအား ဆြဲလိုက္ၿပီး ဖက္ထားလိုက္သည္။ ေနာက္ေတာ့ ေဝယံလင္းထြန္းမွာ သက္ရႈိင္းကို၏ ႏႈတ္ခမ္းကို နမ္းလိုက္ေလေတာ့၏။ နမ္းၿပီးသြားေတာ့ ႏွစ္ေယာက္သား ျပန္ခြာလိုက္ၾကသည္။
"ေဆာရီး..... ငါ စိတ္အရမ္းပါသြားလို႔" ဆိုကာ ေဝယံလင္းထြန္း ေျပာေပမယ္ၾလည္း သက္ရႈိင္းကိုမွာ ေတာင္ေတာင့္ႀကီးျဖင့္ အခန္းျပင္ ထြက္သြားေလေတာ့သည္။ ေဝယံလင္းထြန္းမွာေတာ့ ထီေပါက္တဲ့ လူတစ္ေယာက္လို ေပ်ာ္ျမဴးေနေလရဲ႕။
သက္ရႈိင္းကိုမွာ ရွက္ကိုးရွက္ကန္းျဖင့္ ရဲစခန္းထဲက ျပန္ထြက္လာေလသည္။ ဟုတ္တာေပါ့။ ပထမဆုံး ေယာက်ာ္းေလးက နမ္းတာ ခံခဲ့ရတာကိုး။
"လက္စြပ္ရခဲ့လား...." ဟု ျမင့္ျမတ္က ေမးေတာ့ သက္ရႈိင္းကိုတစ္ေယာက္
"ရတယ္.....ရတယ္..... ေနာက္တစ္ေနရာ သြားၾကမယ္" လို႔ ျပာျပာသလဲ ေျပာၿပီးေတာ့ ကားထဲ ၀င္ထိုင္ေနေတာ့၏။
ႏွင္းမွာ ရဲစခန္းထဲ ဘာေတြ ျဖစ္လာတာလဲဆိုတာ ရိပ္စားမိေလသည္။ ဒီလိုနဲ႔ ႏွင္းတို႔ အုပ္စု ပရေလာက ဆရာဆီ ခရီးဆက္ၾကေလသည္။
ျမတ္မင္းကိုတို႔ ႏွင္းရဲ႕ လမ္းၫႊန္မႈျဖင့္ ပရေလာက ဆရာႀကီး အိမ္ေရွ႕သို႔ ေရာက္ေနၾကေလၿပီ။ အားလုံးမွာ အိမ္၀န္းထဲ မ၀င္ၾကေသးဘဲ အျပင္မွာ ရပ္ေနၾကေလသည္။
ထို႔ေနာက္ ျမတ္မင္းမွ "ဘာရပ္လုပ္ေနၾကမွာလဲ အိမ္ထဲကို ၀င္ၾကမယ္ေလ" လို႔ ေျပာၿပီးေတာ့ ၿခံ၀န္းထဲ ၀င္ဖို႔ ေျခလွမ္း လွမ္းဖို႔ျပင္လိုက္လွ်င္ပင္ အသံဩဩႀကီး တစ္ခုက ထြက္ေပၚ လာေတာ့သည္။
"မဆိုင္သူေတြ မလာနဲ႔ ဝိညာဥ္ခ်ဳပ္ခံထားရတဲ့ လက္စြပ္နဲ႔ သက္ဆိုင္တဲ့သူေတြသာ ၀င္လာခဲ့ၾက" ဆိုသည့္ အသံဟိန္းဟိန္းႀကီးပင္ ျဖစ္သည္။
ထိုအသံႀကီးေၾကာင့္ ျမတ္မင္းကို ေျခလွမ္းမ်ား ရပ္တန႔္သြားေလသည္။ ၿပီးေနာက္ သက္ရွိူင္းကိုႏွင့္ ႏွင္းတို႔မွာ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကေလသည္။ သက္ရႈိင္းကိုမွာ ေဘာင္းဘီအိတ္ကပ္ထဲက လက္စြပ္ကို ႏွင္းလက္ထဲ ထည့္ေပးလိုက္ေလသည္။ ၿပီးတာနဲ႔ ႏွစ္ေယာက္သား အတူတူ ၿခံ၀န္းထဲ ၀င္သြားလိုက္ၾကသည္။ ျမတ္မင္းကိုတို႔၊ ျမင့္ျမတ္တို႔၊ ေအာင္ႏိုင္သူမွာေတာ့ ၿခံျပင္မွာ က်န္ခဲ့ေလေတာ့တာေပါ့။
သက္ရႈိင္းကိုႏွင့္ ႏွင္း ႏွစ္ေယာက္သား ၿခံ၀န္းထဲ ၀င္သြားၿပီးေတာ့ အိမ္ႀကီးထဲ ၀င္သြားလိုက္ေလသည္။ အိမ္ႀကီးထဲ ၀င္လိုက္တဲ့ အေမႊးႀကိဳင္အနံ႔ ထုံသင္းလို႔ေနေလ၏။ သက္ရႈိင္းကိုမွာေတာ့ မႊန္လို႔ လက္ျဖင့္ ခါေနေလေတာ့သည္။ အိမ္ႀကီး၏ ဧည့္ခန္းတြင္ ဆရာႀကီး၏ တပည့္က ေစာင့္ေနေလသည္။
ဒါနဲ႔ ႏွင္းႏွင့္ သက္ရႈိင္းကိုတို႔မွာလည္း ဧည့္ခန္းဘက္ကို သြားလိုက္တာေပါ့။ ဧည့္ခန္းဘက္ကို ေရာက္ေတာ့ ႏွင္းတို႔မွာ တရားရႈမွတ္ေနတဲ့ ဆရာႀကီးကို ေတြ႕လိုက္ရေလသည္။
"ကဲ...... ေရွ႕မွာ ထိုင္လိုက္ၾက" ဆိုၿပီး ဆရာႀကီးက မ်က္လုံးမွိတ္ေနရင္း ေျပာလာေလေတာ့ သက္ရႈိင္းကိုႏွင့္ ႏွင္းတို႔မွာလည္း ဆရာႀကီး ေရွ႕တြင္ ထိုင္လိုက္ၾကေလသည္။
"လက္စြပ္ကေလးေတြကို ေရွ႕က အဝိုင္းေသး ႏွစ္ဝိုင္းထဲမွာ ထည့္လိုက္"
ဆရာႀကီးက ထပ္ေျပာျပန္ေတာ့ ႏွင္းလည္း လက္စြပ္ကေလးကို ေရွ႕က အဝိုင္းကြက္ ဆြဲထားတဲ့ထဲ ထည့္လိုက္သည္။ သက္ရႈိင္းကို တစ္ေယာက္လည္း လည္ပင္းတြင္ ဆြဲထားတဲ့ လက္စြပ္ေလးကို ယူဖို႔ အတြက္ ဆြဲႀကိဳးကို အရင္ ျဖဳတ္ေနေလသည္။ ဆြဲႀကိဳးကို ျဖဳတ္ေနရင္းမွ ေဘးဘီကို ၾကည့္လိုက္ေတာ့ သက္ရႈိင္းကိုတို႔မွာ အဝိုင္းကြက္ အႀကီးႀကီးထဲမွာ ထိုင္ေနၾကတာ ျဖစ္သည္။ ဆရာႀကီးေတာ့ မပါဘူးေပါ့ေလ။ သက္ရႈိင္းကို တစ္ေယာက္ ဆြဲႀကိဳးဆြဲထားတဲ့ လက္စြပ္ကေလးကို အဝိုင္းေလးထဲ မထည့္ခင္ ႏွင္း(သီဟ) ကို တစ္ခ်က္ ၾကည့္လိုက္ေတာ့သည္။ ႏွင္းမွာ သက္ရႈိင္းကိုအား လက္စြပ္ကေလး ထားဖို႔ ယုံၾကည္ခ်က္အျပည့္ျဖင့္ ေခါင္းညိတ္ျပနေနေလသည္။ ဒါနဲ႔ သက္ရႈိင္းကိုလည္း ထည့္လိုက္ရေတာ့တာေပါ့။
"ကဲ....... တစ္ေယာက္ကို တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ အေနအထားမွာ ေနၿပီး အခ်င္းခ်င္း လက္ႏွစ္ဖက္လုံး ကိုင္ထားၾကမယ္"
ဆရာႀကီးက ထပ္ၿပီးေျပာလာေတာ့ ႏွင္းမွာ လက္ကေလးကို
သက္ရႈိင္းကို ေရွ႕သို႔ ဆန႔္တန္း ထုတ္လိုက္ေလသည္။ သက္ရႈိင္းကိုလည္း ႏွင္း(သီဟ)ရဲ႕ လက္ကို ရဲရဲဝံ့ဝံ့ ကိုင္လိုက္ေတာ့တာေပါ့။
သက္ရႈိင္းကို ခ်က္ခ်င္းဘဲ ေအးစိမ့္ေနတာကို ခံစားလိုက္ရသည္။ ခ်က္ခ်င္းဆိုသလို သက္ရႈိင္းကို တစ္ေယာက္ ႏွင္း(သီဟ)ကို စိုက္ၾကည့္လိုက္ေတာ့သည္။
"ကဲ..... ႏွစ္ေယာက္စလုံး မ်က္လုံးေတြ မွိတ္ထားၿပီးေတာ့ ၀င္ေလထြက္ေလကို ရႈမွတ္ၾက"
သက္ရႈိင္းကိုႏွင့္ ႏွင္းတို႔လည္း ဆရာႀကီး ေျပာတဲ့ အတိုင္း မ်က္လုံးမွိတ္ကာ ၀င္ေလ၊ထြက္ေလ ရႈမွတ္လိုက္ၾကေလသည္။
ဆရာႀကီးမွာ ႏွင္းရဲ႕ လက္စြပ္ႏွင့္ သက္ရႈိင္းကို၏ လက္စြပ္ေတြကို ေဆးေရျဖင့္ ေလာင္းလိုက္ေလသည္။ ၿပီးေနာက္ ပါးစပ္က လႈပ္လႈပ္ လႈပ္လႈပ္ျဖင့္ ဂါထာေတြ ေရ႐ြတ္ေနေတာ့၏။ ဂါထာမ်ား ေရ႐ြတ္ေနရင္းမွ
"မင္းတို႔ေတြ....... ႏႈတ္ဆက္ခ်ိန္ ငါးမိနစ္ရမယ္........ ကဲ...... တစ္ေယာက္ကို တစ္ေယာက္ ေတြးေနၾကလိုက္ေတာ့" ဆိုကာ ေျပာလိုက္ေလသည္။
သက္ရႈိင္းကိုႏွင့္ ႏွင္းတို႔ ႏွစ္ေယာက္မွာလည္း တစ္ေယာက္ အေၾကာင္း တစ္ေယာက္ ေတြးေနၾကလိုက္သည္။ ခဏေနေတာ့ ခႏၶာကိုယ္မ်ား ပူလာသည္ကို စတင္ ခံစားရလာေတာ့သည္။ မၾကာပါဘူး သက္ရႈိင္းကိုႏွင့္ ႏွင္း၀င္ပူးထားတဲ့ ခႏၶာကိုယ္တို႔မွာ ေခါင္းငိုက္စိုက္လ်က္ ျဖစ္သြားေလေတာ့၏။
အျပင္ဘက္တြင္ေတာ့ ျမတ္မင္းကိုတို႔ သုံးေယာက္မွာ စိုးရိမ္ေနၾကေလသည္။
"အကို အဆင္ေျပမွာပါေနာ္" ဟု ျမတ္မင္းကို ေျပာလိုက္သည္။
"အဆင္ေျပမွာပါ..... ေစာင့္ၾကည့္ၾကတာေပါ့" လို႔ ျမင့္ျမတ္မွာ ေျပာၿပီးေတာ့ အိမ္ႀကီးကို တစ္ခ်က္ ၾကည့္လိုက္ေလသည္။
တစ္ဖက္တြင္ေတာ့ သက္ရႈိင္းကိုမွာ တစ္ျခားကမာၻေရာက္သြားသလို ခံစားရလိုက္ေလေတာ့၏။ ေဘးပတ္ပတ္လည္ကလည္း အျဖဴေရာင္ေတြခ်ည္းဘဲေလ။ ၿပီးေတာ့ ဘာဆိုဘာမွ မရွိ။ ဒီအတိုင္း ဗလာနတၳိႀကီး ျဖစ္ေနေလသည္။
ထိုအခ်ိန္တြင္ "ကိုသက္" ဆိုသည့္ ေခၚသံကို ၾကားလိုက္ရေတာ့
သက္ရႈိင္းကို ေနာက္လွည့္ၾကည့္လိုက္ေလသည္။ ႏွင္းကို ေတြ႕လိုက္ရေလသည္။
"ႏွင္း........" ဆိုကာ သက္ရႈိင္းကို လြမ္းဆြတ္တဲ့ အသံျဖင့္ ေခၚလိုက္ေလသည္။
"ကိုသက္ရယ္......" လို႔ ေရ႐ြတ္ရင္း ႏွင္းမွာ သက္ရႈိင္းကိုရဲ႕ ပါးေလးကို ကိုင္လိုက္သည္။
သက္ရႈိင္းကိုမွာလည္း မိမိပါးကို လာကိုင္သည့္ ႏွင္းကဲ့လက္ကေလးကို ကိုင္ထားျပန္ေတာ့သည္။
"ႏွင္း...... ကိုတို႔ ျပန္ေတြ႕ၾကၿပီေပါ့ေလ....."
"ျပန္ေတြတယ္ ဆိုေပမယ့္လည္း အၾကာႀကီးမွ မဟုတ္တာ..... ငါးမိနစ္ေလးဘဲေလ....." ဟု ႏွင္း ငိုသံျဖင့္ ေျပာလိုက္သည္။
"ဟုတ္တယ္ေနာ္.... ငါးမိနစ္ေလးဘဲ..... ခဏေလးဘဲေနာ္"
"ကိုသက္...... ကိုသက္ ေနေကာင္းေအာင္ ေနေနာ္.... အစားေတြလည္း ပုံမွန္စားေနာ္..... "
"အင္းပါ....ႏွင္း"
"ၿပီးေတာ့ ကိုသက္..... ကိုသက္နဲ႔ စိတ္တူကိုယ္တူ ရွိတဲ့ သူနဲ႔ ခ်စ္ႀကိဳက္သြားဖို႔ ႏွင္း ေမွ်ာ္လင့္မိတယ္"
"ႏွင္းရယ္ ဘာလို႔ အဲ့တာေတြ ေျပာေနရတာလဲ..... ကိုက ႏွင္းကိုဘဲ....." ဆိုကာ သက္ရႈိင္းကို စကားပင္ မဆုံးေသး ႏွင္းက ျဖတ္ေျပာလိုက္သည္။
"ကိုသက္..... ကိုသက္က ႏွင္းကိုဘဲ တစ္သက္လုံး ခ်စ္ေနလို႔မွ မရတာ..... ႏွင္းက ေသသြားၿပီေလ.... ၿပီးေတာ့ ကိုသက္ရဲ႕ အနာဂတ္ဆိုတာလည္း ရွိေသးတယ္မလား..... ကိုသက္ ႏွင္းကို တစ္သက္လုံး ခ်စ္သြားလို႔ မရေတာ့ဘူးေလ..... ကိုသက္ အခ်စ္သစ္ရွာၿပီး ေပ်ာ္ေပ်ာ္ေနပါေနာ္"
"ဟာ..... ႏွင္းကလည္းကြာ ဘာေတြ ေျပာေနတာလဲ"
"ႏွင္း ရိပ္မိပါတယ္...... ကိုသက္ ေဝယံလင္းထြန္းကို စိတ္ေရာက္ေနတယ္ဆိုတာ"
ႏွင္း စကားေၾကာင့္ သက္ရႈိင္းကို ၿငိမ္သြားသည္။
"ဟုတ္ပါတယ္ ကိုသက္ သူ႔အေပၚမွာ စိတ္ရွိေနတယ္ဆိုတာ"
"အဲ့တာက ခဏေလးပါဘဲကြာ.... အခ်ိန္တစ္ခုေလးပါဘဲ"
"ကိုသက္ရယ္ ကိုယ့္ကိုယ္ကို မညာပါနဲ႔ေတာ့ ကိုသက္ သူ႔ကို စိတ္၀င္စားေနၿပီမလား"
"ကိုယ့္မိန္းမကို သတ္တဲ့သူကို ကိုက ခ်စ္လို႔ရပါ့မလား"
"အခ်စ္..... အခ်စ္ဆိုတာ အရမ္းကို နက္ရႈိင္းလြန္းတယ္
ကိုသက္..... ခ်စ္မိသြားၿပီဆိုရင္ ဘယ္အရာမွ မတားႏိုင္ေတာ့ဘူး.... ကိုယ့္မိန္းမကို သတ္ထားတဲ့သူကိုလည္း ခ်စ္မိႏိုင္တာဘဲ.... ကိုသက္ရယ္..... ႏွင္း ခြင့္လြတ္ေပးပါ့မယ္..... ကိုသက္သာ ေပ်ာ္႐ႊင္ရမယ္ ဆိုရင္ေပါ့ေလ" ဟု ေျပာရင္း ႏွင္း မ်က္ရည္မ်ား က်ေနေလသည္။
သက္ရႈိင္းကိုမွာေတာ့ မ်က္ရည္မ်ားက်လ်က္ ငိုေနတဲ့ ႏွင္းကို ၾကည့္ၿပီး စိတ္မေကာင္းလို႔ ေနေလသည္။ ဒါနဲ႔ သက္ရႈိင္းကိုမွာ ႏွင္းကို သြားဖက္လိုက္ေလေတာ့သည္။
"ကို ေတာင္းပန္ပါတယ္..... ႏွင္း..... ကို စိတ္မထိန္းႏိုင္ခဲ့မိလိုက္ဘူး..... ကိုယ့္မိန္းမကို သတ္ထားတဲ့ သူကိုမွ သြားၿပီး စိတ္၀င္စားမိလိမ့္မယ္လို႔လည္း မထင္ခဲ့မိဘူး...... ကိုယ့္မိန္းမကို သတ္ခဲ့တဲ့သုကိုလည္း ေသရာက ကယ္ခဲ့တယ္.... ၿပီးေတာ့ ေထာင္၀င္စာပါ ပို႔ၿပီး၊ေတြ႕ေပမယ္လို႔ေတာင္ ေျပာခဲ့မိတယ္.....ကို ဘာေတြ ျဖစ္သြားရတာလဲ"
"အခ်စ္ေၾကာင့္ေပါ့.......အခ်စ္ရဲ႕ စြမ္းအားေတြေၾကာင့္ေပါ့.... ခ်စ္မိသြားရင္ လူေတြက မ်က္မျမင္ တစ္ေယာက္လိုဘဲ စုံလုံးကန္းသြားၾကတာ......"
"ႏွင္း ကို ေတာင္းပန္ပါတယ္....."
"မေတာင္းပန္ပါနဲ႔ ကိုသက္ရယ္..... ကံၾကမၼာက ဖန္တီးေပးတာလို႔ဘဲ မွတ္ယူလိုက္ေပါ့...... ႏွင္းက ကိုသက္ အတြက္ စိတ္တူကိုယ္တူ(Soulmate) မိန္းမ တစ္ေယာက္ ျဖစ္ခဲ့ရတာနဲ႔တင္ ေက်နပ္ေနပါၿပီ....." လို႔ ေျပာရင္း ႏွင္း တစ္ေယာက္ က်ေနတဲ့ မ်က္ရည္မ်ားကို သုတ္လိုက္ေတာ့သည္။
"ႏွင္း သြားေတာ့မယ္..... ႏွင္း သီဟကိုလည္း ႏႈတ္ဆက္ရ အုန္းမွာမလို႔ ႏွင္း သြားေတာ့မယ္ေနာ္" ဟု ေျပာရင္း ႏွင္းမွာ ဖက္ထားတဲ့ သက္ရႈိင္းကိုရဲ႕ လက္ေတြကို အသာေလး ဆြဲဖယ္လိုက္ၿပီး တစ္ျခားတစ္ဖက္သို႔ သြားလိုက္ေတာ့၏။
သက္ရႈိင္းကိုမွာေတာ့ မခ်ိတင္ကဲ ျဖစ္စြာ ငိုေနရင္း တစ္ေယာက္ထဲ က်န္ခဲ့ေလေတာ့သည္။
တစ္ဖက္တြင္ သီဟမွာ ေယာင္လည္လည္ျဖင့္ ဟိုၾကည့္ ဒီၾကည့္ လုပ္ေနေတာ့၏။ ထိုအခ်ိန္မွာဘဲ "သီဟ" ဆိုတဲ့ ႏွင္းရဲ႕ ေခၚသံကို သီဟ ၾကားလိုက္ရေတာ့သည္။ ဒါနဲ႔ သီဟမွာ ေနာက္ကို လွည့္ၾကည့္လိုက္သည္။ ႏွင္းကို ေတြ႕လိုက္ရ၍ သီဟ ၀မ္းသာအားရျဖင့္ ေခၚလိုက္ေလသည္။
"အမႏွင္း....." ဆိုၿပီးေတာ့ေပါ့။
"သီဟ.....အမ သြားကေတာ့မယ္....အမ ဝိညာဥ္ ေပ်ာက္ကြယ္သြားရေတာ့မယ္"
"သီဟက အမႏွင္းကို မသြားေစခ်င္ေသးဘူး....."
"မသြားလို႔မွ မရတာ..... သြားမွ ရေတာ့မယ္ေလ......"
"အမႏွင္း စိတ္မေကာင္း မျဖစ္ပါနဲ႔"
"မျဖစ္ပါဘူး..... သီဟတို႔ေတြက စိတ္တူကိုယ္တူ(soulmate) ခ်စ္သူေလးေတြ ပိုင္ဆိုင္ထားၾကတာဘဲေနာ္"
"အဲ့လိုလည္း မဟုတ္ပါဘူး အမႏွင္းကလည္း"
"ဟုတ္တာေပါ့.... သီဟတို႔ကို ၾကည့္ရတာ ေပ်ာ္ေနတာဘဲေလ......"
"အမႏွင္းလည္း စိတ္တူကိုယ္တူနဲ႔ ျပည့္စုံတဲ့ အကိုသက္ရႈိင္းကိုကို ပိုင္ဆိုင္ခဲ့တာဘဲ"
"အဲ့တာက အရင္ကပါ..... အခု သူလည္း စိတ္တူကိုယ္တူ ေနာက္တစ္ေယာက္နဲ႔ ေတြ႕ေနပါၿပီ"
"ဟင္.... အမႏွင္း ဘာကိုေျပာတာလဲ....."
ႏွင္းမွာ သီဟ ေမးတာကို ျပန္မေျဖ။ ၿပဳံးၿပီးေတာ့တာ ေနေနေလသည္။
"သီဟ အမ ေတာင္းဆိုစရာေလး ရွိလို႔"
"အင္း ရတယ္ေလ..... အမႏွင္း"
"အမႏွင္း မရွိေတာ့ရင္ ကိုသက္ကို လက္တြဲေခၚသြားေပးေနာ္.... သူက လူ႐ိုးလူေအးဆိုေတာ့ လူေတာမတိုးဘူး ျဖစ္ေနတယ္"
"စိတ္သာခ်လိုက္ပါ.... အမႏွင္းရယ္..... သီဟတို႔ ကူညီေပးမွာပါ"
ထိုအခ်ိန္တြင္ အသံဟိန္းဟိန္းႀကီး တစ္ခု ထပ္ထြက္လာေတာ့သည္။
"ခ်ဳပ္ေႏွာင္ခံ ဝိညာဥ္ ထြက္သြားဖို႔ အခ်ိန္က်ၿပီ" ဆိုတဲ့ အသံဘဲေပါ့။
"ကဲ..... အမ သြားရေတာ့မယ္ကြယ္ သီဟ......."
"အင္းပါ..... အမႏွင္း ေကာင္းေကာင္းသြားေနာ္"
"သီဟ သိလား....... သီဟက အမအတြက္ေတာ့ စိတ္တူကိုယ္တူ(soulmate) သူငယ္ခ်င္း တစ္ေယာက္လို႔ ေျပာရမယ္" လို႔ ႏွင္း ေျပာရင္း အလင္းတန္းဖက္ကို ဦးတည္ သြားေနေတာ့သည္။
သီဟမွာေတာ့ ႏွင္းကို ၿပဳံးၿပီးေတာ့ ၾကည့္ေနတုန္း အနားကို
သက္ရႈိင္းကို ေရာက္ခ်လာေလသည္။
ႏွင္းမွာ အလင္းတန္းႀကီးဘက္ သြားရင္း မ်က္ရည္မ်ား က်ေနေလသည္။
"ကိုသက္...... ကိုသက္ အနားမွာ ရွိေနခ်င္ေသးတယ္ ဆိုေပမယ့္လည္း မျဖစ္ႏိုင္ေတာ့ဘူး..... ႏွင္း ကိုသက္ကို ေပ်ာ္႐ႊင္ေစခ်င္တယ္..... ႏွင္းနဲ႔အတူ ရွိေနတုန္းက ေပ်ာ္ရထက္ ပိုၿပီး ေပ်ာ္႐ႊင္ပါေစေနာ္..... ကိုသက္ ေပ်ာ္ရင္ ႏွင္းလည္း ေပ်ာ္ရတာေပါ့" လို႔ ေတြးရင္း ႏွင္း ေနာက္လွည့္ၾကည့္လိုက္သည္။
သီဟႏွင့္ သက္ရႈိင္းကိုတို႔ အတူတူ ရပ္ေနၾကတာကို ႏွင္း ေတြ႕လိုက္ရေလသည္။
"ႏွင္းေလ..... ကိုသက္ကို ေပးဆပ္ၿပီးေတာ့ ခ်စ္ခဲ့ရတာ.....
ကိုသက္နဲ႔ မခြဲခ်င္ေသးဘူး.... ဒါေပမယ့္လည္း ႏွင္းမွ လူ႔ေလာကႀကီးထဲမွာ မေနရေတာ့တာ..... ကိုသက္နဲ႔ ရွိစဥ္က ႏွင္း ေပ်ာ္ခဲ့ရပါတယ္......
ႏႈတ္ဆက္ခဲ့ပါတယ္ ကိုသက္......" လို႔ ႏွင္း ေရ႐ြတ္ရင္း အလင္းတန္းႀကီးထဲ ေလွ်ာက္၀င္သြားလိုက္သည္။
ႏွင္းလည္း ေလွ်ာက္၀င္သြားလိုက္တဲ့ အျဖဴေရာင္ ဧရိယာႀကီး တစ္ခုလုံးဟာ အလင္းခပ္စူးစူးႀကီး ေပၚလာေတာ့သည္။
လက္ေျဖာက္တစ္ခ်က္ အတီးမွာ သက္ရႈိင္းကို ျပန္ႏိုးလာေလသည္။
သက္ရႈိင္းကိုမွာ ေၾကာင္ေတာင္ေတာင္ျဖင့္ ေဘးဘီ ဝဲယာကို ၾကည့္လိုက္ေလသည္။
"တစ္ကယ္ သြားခဲ့ၿပီဘဲ" ဟု သက္ရႈိင္းကို တိုးတိုးေလး ေရ႐ြတ္လိုက္သည္။
ေနာက္မွ သက္ရႈိင္းကို သီဟကို သတိရသြားေလသည္။ သက္ရႈိင္းကိုမွာ သီဟကို လႈပ္ၿပီး ႏိုးေနေလသည္။
"ဒီေဆးရည္ေလး တိုကိေလာက္" လို႔ ဆရာႀကီးက ခြက္ကမ္းေပးေတာ့ သက္ရႈိင္းကိုလည္း သီဟရဲ႕ ပါးစပ္နား ေတ့ကာ တိုက္လိုပိေလသည္။
ေဆးရည္တိုက္ၿပီး မၾကာလိုက္ပါ။ သီဟ ခ်က္ခ်င္းဘဲ ႏိုးလာေလေတာ့သည္။ သီဟ ႏိုးႏိုးၿပီးခ်င္း သက္ရႈိင္းကိုအား ဖက္လိုက္ေလသည္။
"အင္း...... ဒီခႏၶာကိုယ္က ဝိညာဥ္က အေတာ္ေလး သန္မာပါ့လား..... တစ္ခ်ိဳ႕ေတြဆို အၾကာႀကီးေနမွ သတိရၾကတာ.... ကံေကာင္းလို႔သာေပါ့" ဟု ဆရာႀကီးက သီဟကို ၾကည့္ၿပီး ေရ႐ြတ္လိုက္သည္။
"သတိရလာလို႔ ေတာ္ေသးတာေပါ့" ဆိုကာ သက္ရႈိင္းကို ေျပာလိုက္ေတာ့ သီဟလည္း ဖက္ထားရာကေန ဖယ္လိုက္ေတာ့သည္။
"အင္း........ ဟုတ္တယ္......"
"ဆရာ လက္စြပ္က" ဆိုၿပီး သက္ရႈိင္းကို ေျပာလိုက္ေတာ့ ဆရာႀကီးက ႏွင္း ထားခဲ့တဲ့ လက္စြပ္ကေလးကို လက္ျဖင့္ အုပ္လိုက္ေလသည္။ ၿပီးေနာက္ ဆရာႀကီး လက္ထယ္လိုက္ေတာ့ အမႈန႔္ေလး ျဖစ္သြားေလၿပီ။
"ဒီလက္စြပ္က ပိုင္ရွင္နဲ႔ ရွိေနရမွာ" လို႔ ဆရာႀကီး ေျပာၿပီး အေပၚထပ္ ထသြားေလေတာ့၏။
သက္ရႈိင္းကိုလည္း ေနာက္ လက္စြပ္ တစ္ကြင္းကို ယူၿပီး ဆြဲႀကိဳးမွာ ျပန္ဆြဲထားလိုက္သည္။ ေနာက္ေတာ့ သီဟ ႏွင့္ သက္ရႈိင္းကိုတို႔ ႏွစ္ေယာက္ အိမ္ႀကီးထဲကေန ထြက္လိုက္ၾကသည္။
ၿခံ၀န္းအျပင္မွာ ေစာင့္ေနတဲ့ ျမတ္မင္းကိုတို႔၊ ျမင့္ျမတ္တို႔၊
ေအာင္ႏိုင္သူတို႔မွာ သီဟႏွင့္ သက္ရႈိင္းကိုအား ျမင္လိုက္ရေတာ့ ၀မ္းသာသြားရေလသည္။ သီဟမွာ ျမတ္မင္းကိုဆီသို႔ အေျပးေလးလာၿပီး ဖက္လိုက္ေတာ့သည္။
"အခု ဖက္ေနတာက သီဟေကာ ဟုတ္ပါတယ္ေနာ္" ဟု ျမတ္မင္းမွ ေနာက္လိုက္ေလသည္။
"သီဟမွ သီဟ အစစ္ပါေနာ္......"
"အင္းပါ..... ကိုက စတာပါ"
"ကိုျမတ္ အဖြားကို ျပန္ေခၚၿပီး တူတူေနၾကရေအာင္"
"အင္းပါ..... ခ်စ္ သေဘာ"
"သီဟ ႏွင္းေကာ တစ္ကယ္ မရွိေတာ့ဘူးလား....." ဟု ျမင့္ျမတ္က သီဟကို ေမးလိုက္သည္။
ျမင့္ျမတ္ အေမးေၾကာင့္ အနားမွာ ရွိေနတဲ့ သက္ရႈိင္းကိုမွာ ၀မ္းနညသြားေလသည္။
"မရွိေတာ့ဘူး အကိုျမင့္ျမတ္"
ေအာင္ႏိုင္သူမွာ သက္ရႈိင္းကို အားငယ္ေနတာကို ရိပ္မိေတာ့
သက္ရႈိင္းကိုရဲ႕ ပုခုံးေလးကို ဖက္လိုက္ၿပီး "ကဲ..... ဒါဆိုလည္း ျပန္ၾကတာေပါ့လို႔ ေျပာလိုက္ေလသည္။
...............................................
ႏွစ္လခန႔္ၾကာေသာ္
သက္ရႈိင္းကို၏ "ႏွင္းသဒၶါထက္" စားေသာက္ဆိုင္မွ ႀကိဳဆိုပါသည္။
ဒီေန႔ အကိုသက္ရွိူင္းကို၏ စားေသာက္ဆိုင္ စဖြင့္တဲ့ ေန႔ဘဲေလ။
သီဟတို႔ကို အကုန္းလုံး လာဖို႔ ဖိတ္ထားေတာ့တာေပါ့။
အကိုသက္ရႈိင္းကိုမွာ အရင္ကထက္ ပိုၿပီး ေပ်ာ္ေပ်ာ္ေနလာတယ္လို႔ ထင္မိတယ္ေလ။ ေအာ္.... ေဝယံလင္းထြန္းဆိုတဲ့ မူးယစ္ဂိုဏ္း ဘယ္လို ျဖစ္သြားလဲ သိခ်င္ေနၾကေရာေပါ့။ သီဟတို႔ ႐ုံးတက္ခဲ့ၾကတယ္။
ေရွ႕တစ္လက လားရႈိး ခ႐ိုင္တရား႐ုံးတြင္ ျဖစ္သည္။
"တရားခံျဖစ္သူ ေဝယံလင္းထြန္းကို ႐ုံးထုတ္ၾကားနာရာတြင္အထက္ပါ သက္ေသတင္သြင္းခ်က္အရ ပုဒ္မ၃၀၂(ခ) အရလူသတ္မႈ၊ ပုဒ္မ ၃၅၇အရ ႏိုင္ထက္စီးႏွင္းျပန္ေပးဆြဲမႈ၊ မူးယစ္ေဆးသုံးစြဲမႈ ပုဒ္မ၁၅၊ မူးယစ္ေဆး ျဖန္ျဖဴးေရာင္းခ်တဲ့အမႈ ပုဒ္မ၂၀(က) စသည့္ အမႈမ်ား က်ဴးလြန္ထားေၾကာင္း ေတြ႕ပါသည္။ ထို႔ေၾကာင့္ တရားခံ ျဖစ္သူအား မတ္လ ၅ရက္ ၂၀၁၈တြင္ ေထာင္ဒဏ္ ၁၅ႏွစ္ခ်မွတ္လိုက္သည္ျဖစ္ေၾကာင္း ခ႐ိုင္တရား႐ုံးက ေၾကျငာသည္"
တရား႐ုံးက ထုတ္ျပန္လိုက္တဲ့ ေထာင္ဒဏ္က အရမ္းနည္းလြန္းတယ္လို႔ ထင္ရတယ္။ အကိုျမင့္ျမတ္အမႈတုန္းကဆို ရန္ႏိုင္က ေထာင္ဒဏ္ ႏွစ္၂၀ေတာင္ က်ခဲ့တာေလ။ အခုက ျပစ္မႈ ေလးခုကို ၁၅ႏွစ္ဆိုေတာ့ နည္းလြန္းတာေပါ့။ အင္းေပါ့ေလ။ ေငြမ်ားေငြႏိုင္တဲ့ ၿမိဳ႕မွာ ေနေနရတာ ဆိုေတာ့လည္း ဘယ္တတ္ႏိုင္ပါ့မလဲ။ ဒါေပမယ့္လည္း အကိုသက္ရႈိင္းကိုက အျပစ္မရွိဘူးဆိုတာ ေဖာ္ထုတ္ႏိုင္ခဲ့ၿပီေလ။ အကိုသက္ရႈိင္းကိုရဲ႕ မိဘနဲ႔ ႏွင္းရဲ႕ မိဘေတြကလည္း တရားခံ အစစ္ဖမ္းမိေတာ့ ေပ်ာ္ေနေတာ့တာေပါ့။ ထားပါေတာ့ေလ။
သီဟ အမႏွင္း ေျပာတဲ့ အကိုသက္ရႈိင္းကို ေနာက္တစ္ေယာက္ ေတြ႕ေနၿပီဆိုတာကိုေလ အနည္းငယ္ ရိပ္မိၿပီလို႔ ထင္တယ္။
အကိုသက္ရႈိင္းကိုက ေဝယံလင္းထြန္းကို တစ္ပတ္တစ္ခါ သြားသြားေတြ႕ေနတယ္ေလ။ ပတ္၀န္းက်င္က ေျပာေပမယ့္လည္း
အကိုသက္ရႈိင္းကိုကေတာ့ ဂ႐ုမစိုက္ဘူး ထင္ပါရဲ႕။ ဘာလို႔ ကိုယ့္မိန္းမကို သတ္တဲ့သူနဲ႔ ႀကိဳက္ရတာလဲဆိုၿပီး ေတြးေနမိတယ္မလား။ အခ်စ္ေလ။ အခ်စ္ေၾကာင့္ေပါ့။ အခ်စ္ဟာ ရန္လိုေနတဲ့ အရာကိုေတာင္ ေျပၿငိမ္းသြားေအာင္ လုပ္ႏိုင္တာဘဲ။ အခ်စ္မွာ ဘာအကန႔္အသတ္မွ မရွိဘူးတဲ့ေလ။ ဒါေၾကာင့္ အကိုသက္ရႈိင္းကိုလည္း အခ်စ္ႏြံမွာ နစ္ၿပီး မ်က္ကန္း တစ္ေယာက္လို ျဖစ္သြားရေတာ့တာေပါ့။ အမႏွင္းလည္း ရိပ္မိေနမယ္လို႔ သီဟ ထင္တယ္။
"ခ်စ္..... အကိုျမင့္ျမတ္တို႔ လာေနၿပီ သြားႀကိဳလိုက္အုန္း" ဟု ျမတ္မင္းကို ေျပာလာေတာ့ သီဟလည္း အသိစိတ္ျပန္၀င္လာကာ ဆိုင္အျပင္ဘက္ကို အေျပးေလး သြားလိုက္ေလသည္။
"အင္း..... အကိုျမင့္ျမတ္တို႔လာလာ..... အယ္ သားဘုံဘုံေလးလဲ ပါတာလား..... အန္တီေကာ အထဲကို ၀င္ေလ"
သီဟမွာ ျမင့္ျမတ္သူတို႔ကို ႀကိဳဆိုေနရင္း ခါးေလးေထာက္ခါ ဆိုင္ရဲ႕ ဆိုင္းဘုတ္ကို ၾကည့္လိုက္ေလသည္။
"အမႏွင္းေတာ့ ေက်နပ္ေနေတာ့မွာဘဲ" လို႔ သီဟ ေတြးလိုက္သည္။
.............................
"ပင္ပန္းလိုက္တာ..... အကိုသက္ရႈိင္းကို ဆိုင္မွာ ကူေနရတာနဲ႔ဘဲ ေညာင္းကိုက္ကုန္ၿပီ ဒီညေတာ့ ဆိုင္မဖြင့္ေတာ့ဘူး ထင္တယ္" ဟု သီဟ ညည္းတြားလိုက္သည္။
"ဘာလို႔ မဖြင့္ရမွာလဲ အျပင္မွာ အကူအညီလာေတာင္းေနတာကို ခ်စ္ဘဲ ျမင္လိုက္တယ္ဆို"
"အင္းပါ.....အင္းပါ..... ဖြင့္ၾကတာေပါ့.... ၀င္လာခိုင္းလိုက္ အဲ့ဝိညာဥ္ေလးကို"
သီဟ ေျပာလိုက္ေတာ့ ျမတ္မင္းကို ဆိုင္တံခါးေလးကို ဖြင့္လိုက္ေလသည္။
သီဟတို႔လား အခုဆိုရင္ အဖြားကိုလည္း ဘိုးဘြားရိပ္သာကေန ျပန္ေခၚၿပီး အိမ္မွာ အတူတူေနေနၿပီေလ။ ၿပီးေတာ့ cafeဆိုင္ကိုလည္း အခ်ိန္ေျပာင္းလဲၿပီး ဖြင့္လိုက္ၿပီေလ။ ေန႔ပိုင္းမွာ မဖြင့္ေတာ့ဘဲ ညပိုင္း သီးသန႔္ဘဲ ဖြင့္လိုက္ေတာ့တာေပါ့။ ကိုျမတ္က cafeကို လာတဲ့သူတြကို ဆိုင္အကူေကာင္မေလးနဲ႔ အတူတူေရာင္းၿပီး သီဟကေတာ့ ဆိုင္ကိုလာတဲ့ ဝိညာဥ္ေတြကို ၾကည့္ေပးရတာေပါ့။ ကံၾကမၼာက ေပးထားတာကို ဘယ္လိုမ်ိဳး ေကာင္းေကာင္းအသုံးခ်ရမလဲ ဆိုတာ သီဟ သိသြားခဲ့ၿပီေလ။
သီဟမွာ ထိုင္ခုံမွာ ထိုင္ေနၿပီး ဝိညာဥ္ေလး ၀င္အလာကို ေစာင့္ေနေလသည္။ ဝိညာဥ္ေလး ၀င္လာတာနဲ႔ သီဟကေနမွ "မင္းက အတိတ္ေမ့ ဝိညာဥ္မလား" ဟု ေမးလိုက္သည္။
ထိုဝိညာဥ္ေလးမွာေတာ့ သီဟကို ေခါင္းညိတ္ျပေလေတာ့၏။
***ၿပီးပါၿပီ***
ႏွင္းက တစ္ကယ္ဘဲ အတိတ္ကို လုံး၀ ျပန္သတိရသြားခဲ့တာလား။
××××××××××××××
Special partေလး လာပါအုန္းမယ္။ ေစာင့္ေနေပးၾကပါေနာ္။ ဇာတ္သိမ္းေလးကို သေဘယက်ၾကရဲ႕လား ေျပာခဲ့ေပးပါေနာ္။ ခ်က္ခ်င္းတင္လိုက္တာပါ။ စာလုံးေပါင္း အမွားေလးေတြပါရင္ သည္းခံေပးၾကပါေနာ္။ complete ျဖစ္သြားရင္ စာျပန္စစ္ၿပီး ျပန္ျပင္မွာပါ။
ႀကိဳးစားၿပီး ေရးတင္ေပးေနပါတယ္။ အိမ္မွာေနပါ။ စာေတြဖတ္ပါ။ က်န္းမာေအာင္ေနပါ။ ဂ်င္းျပဳတ္ရည္ကို သိပ္မေသာ္ၾကပါနဲ႔ေနာ္။ ဂ်င္းျပဳတ္ရည္ကို ၾကာၾကာေနမွ တစ္ခါသာ ေသာက္ေပးပါေနာ္။ ဂ်င္းျပဳတ္ရည္က မ်ားမ်ား ေသာက္ရင္ ေက်ာက္ကပ္ပ်က္စီးတတ္လို႔ပါ။ က်န္တဲ့ အခ်ိန္ေတြဆို ေရေႏြးပူေလး ေသာက္တာတို႔ ဆားေရပလုတ္က်င္းတာတို႔ လုပ္ေပးပါ။ အျပင္သြားရင္ mask ႏွစ္ထပ္တပ္ပါေနာ္။ အျပင္သြားတိုင္းလည္း handgelေလး ေဆာင္ထားေပးပါေနာ္။ အားလုံး ေဘးကင္းၾကပါေစလို႔။