သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...
By OpalHawthorn28
2.3M 316K 17.8K
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More
Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ
Chapter(13)
25.7K 3.9K 34
By OpalHawthorn28
မုန့်ရန် တစ်ယောက်လှေကားထောင့်လေးမှာမတ်တပ်ရပ်ပြီးအောက်ထပ်ကလူတွေကိုတိတ်တဆိတ်စောင့်ကြည့်နေတယ်။
အောက်ထပ်မှာထိုင်နေသူတွေကတော့ လော်ရှို့ရဲ့ညီအစ်ကို ၃ယောက်၊ဝမ်းကွဲအစ်ကိုကြီးရယ်၊ဝမ်းကွဲညီငယ် ၂ယောက်ရယ် ပြီးတော့ သူတို့ဇနီးသည်တွေရယ်လူစုံတက်စုံပါပဲ......
အဖိုးကြီးချန်း ကတော့ ဝါစဉ်ကြီးတဲ့ဆိုတဲ့ဂုဏ်ပုဒ်နဲ့ လော်ရှို့ကိုပညာပြဖို့ကြံရွယ်ခဲ့ပေမယ့် လော်ရှို့ နဲ့စကားနည်းနည်းလောက်ပြောပြီးတဲ့အခါ ပါးစပ်ပိတ်သွားရရှာပြီ။
လော်ရှို့ရဲ့ကျောပြင်ကိုပဲမြင်နေရတာတောင် ဒီလူတွေနဲ့တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ လော်ရှို့i ရဲ့ဖိအားတွေကို မုန့်ရန် နားလည်ပေးနိုင်တယ်။
အဖိုးကြီးချန်း ရဲ့သမီးက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက လော်ရှို့ နဲ့ကွာရှင်းပြီးတာတောင် သူ့ကိုယ်သူ လော်ဆန်း ရဲ့အဖိုးဆိုတဲ့ဂုဏ်ပုဒ်နဲ့ လော်ရှို့ ရဲ့ကိစ္စအဝဝကိုဝင်စွက်ဖက်ချင်နေတုန်းပါ။လော်ရှို့က လော်ဆန်း ကို တရားဝင်အမွေဆက်ဆံသူအဖြစ်ကြေငြာတာမျိုးကို အဖိုးကြီးချန်း ကမျှော်လင့်နေတာပါ။အဖိုးကြီးက လော်ဆန်း ကို သူ့သမီးမွေးပေးထားတဲ့ လော်ရှို့ရဲ့သားလို့ပဲ အဖိုးကြီးကသိထားတာပါ။သူ့သမီးဖောက်ပြန်တဲ့အကြောင်းကို အဖိုးကြီးအခုထိမသိသေးပါဘူး။
လက်ရှိမှာ လော်ဆန်း က လော်ရှို့ ရဲ့သားအရင်းမဟုတ်မှန်းကို လော်ရှို့iရယ်၊မုန့်ရန်ရယ်၊ လော်ဆန်းအမေရယ်ပဲသိကြပါသေးတယ်။လော်ဆန်းရဲ့အမေကတော့ဒီအကြောင်းကို သူမ ကလွဲရင်ဘယ်သူမှမသိလောက်ဘူးလို့ပဲထင်နေတာပါ။လော်ဆန်း ကလော်မိသားစုရဲ့အမွေတွေကိုဆက်ဆံနိုင်တယ်ဆိုမှတော့သူမကလဲ ဒီအကြောင်းတွေကို ထုတ်ပြောနေစရာလား?
ဒါပေမယ့် လော်ရှို့ ကဒီအကြောင်းကိုဘာမှထုတ်မပြောခဲ့ဘူး။ဒါကလည်း အားပြင်းပြင်းနဲ့ရိုက်ချဖို့အခွင့်ကောင်းကိုစောင့်နေတာလို့ပဲ မုန့်ရန် ခန့်မှန်းလိုက်တယ်။အခုတော့ မုန့်ရန် ကဒီအချက်ကိုအခွင့်ကောင်းယူပြီး ချန်း မိသားစုကိုတိုက်ခိုက်ဖို့မတွေးထားပါဘူး။ချန်း မိသားစုက လော်ဆန်း ကို လော်ရှို့i ရဲ့အမွေတွေအကုန်ရအောင် အားကုန်သုံးပြီးကြိုးစားကျတော့မယ်ဆိုတာ မုန့်ရန် သိနေတယ်။ သူတို့ ပိုပြီးလောဘတကြီးနဲ့မျှော်လင့်လေ မုန့်ရန် အတွက် ပိုပျော်စရာကောင်းလေပဲ။လော်ရှို့ က ချန်း မိသားစု ကို တစ်ချက်တည်းနဲ့အမြစ်ဖြတ်နိုင်မယ့်အချိန်ကောင်းကိုစောင့်နေတာဖြစ်တယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး အခြားအကြောင်းပြချက်တွေရှိဉီးမယ်ဆိုတာ မုန့်ရန် သိပေမယ့် လော်ရှို့i ဒီကိစ္စကိုလူသိရှင်ကြားမကြေငြာခင်အထိ သူသွားမေးကြည့်လို့မရပြန်ဘူး။
လော်ရှို့ မတ်တပ်ရပ်နေတာကိုမြင်တဲ့အခါ မုန့်ရန် ချက်ချင်းအပေါ်ထပ်ကို တက်ဖို့ပြင်လိုက်တယ်။
အဖိုးကြီးချန်း က အရင်ဆုံးပြန်သွားတဲ့သူဖြစ်တယ်။အဲ့နောက် လော်ရှို့i ရဲ့ ဒုတိယညီ လော်ချီ ကသူ့ဇနီးကိုလက်ဆွဲပြီးအိမ်ကိုပြန်သွားပြီး နောက် လော်မင်း ကိုဆက်သွယ်ပြီး နောက်ထပ်ဆွေးနွေးပွဲတစ်ခု ထပ်စကြပြန်တယ်။
"အစ်ကိုကြီးကဘာတွေလျှောက်လုပ်နေတာလဲ?လော်ဆန်း နဲ့တွဲခဲ့ဖူးတဲ့ကောင်လေးကို ကောက်ကာငင်ကာကြီးလက်ထပ်လိုက်တယ်။အဖေဖြစ်သူက သားရဲ့ရည်းစားဟောင်းကိုလက်ထပ်တယ်ဆိုတော့ ဘာနဲ့တူကုန်ပြီလဲ!!!?"
"ဒီ၁၉နှစ်ပဲရှိသေးတဲ့ မုန့်ရန် က အစ်ကိုကြီးကိုပိုက်ဆံမက်လို့ လက်ထပ်တာပဲဖြစ်ရမယ်။အခုဆို မုန့်ရန် နဲ့အစ်ကိုကြီးက တရားဝင်လင်မယားတွေဖြစ်သွားပြီ၊အကယ်၍ကွာရှင်းခဲ့ရင်တောင် မုန့်ရန်က အစ်ကိုကြီးရဲ့စည်းစိမ်တစ်ဝက်ကိုရဉီးမှာတဲ့၊ဒါတွေအကုန်လုံးက လော် မိသားစုရဲ့ပိုက်ဆံတွေလေ မုန့်ရန် ကိုခွဲပေးနေစရာမလိုဘူး။ဒီစကားကြားရတာ ကျွန်တော့်နှလုံးသားထဲကနေ သွေးစိမ်းရှင်ရှင်စီးကျနေသလိုပဲ"
"အစ်ကိုကြီးကဘာတွေတွေးနေတာလဲ?ငါသူ့ကို နာမည်ကြီးတဲ့သူတွေနဲ့မိတ်ဆက်ပေးတုန်းကတော့ငါ့ကို ကိုယ့်ကိစ္စကိုယ်အာရုံစိုက်ဆိုပြီးအော်လိုက်သေးတယ်၊အခုတော့ Company သေးသေးလေးက ရှယ်ယာရှင်ပေါက်စလေးကို လက်ထပ်လိုက်တယ်"
"ဒီလိုကောင်လေးမျိုးဆိုတာ ကစားလို့ဝရင် ပိုက်ဆံနည်းနည်းပေးလိုက်ရုံပဲကို၊အစ်ကိုကြီးကသူ့ကို အတည်တကျလက်ထပ်တာကမကောင်းတာလား၊ တစ်ခုခုတော့ တစ်ခုခုပဲ?"
"သူက အစ်ကိုကြီးရဲ့တရားဝင်အကြင်လင်မယားဖြစ်သွားပြီ။ဘယ်သူသိနိုင်မလဲ၊ အနာဂတ်မှာငါတို့ကသူကိုမျက်နှာသာပေးရတော့မှာပဲ။ဒီအသက်အရွယ်ရောက်မှ ကိုယ့်သားအရွယ်ကောင်လေးကိုမျက်လိုအားရ ဆက်ဆံရမယ်ဆိုတော့ မင်းပြောကြည့်လေ ဖြစ်သင့်ရဲ့လား?"
"အခု ငါတို့ အမေ့ကို အမြန်ဆုံးပြန်ခေါ်ရမယ်။အမေသာဒီမှာရှိရင် ငါလဲ အဓိကစံအိမ်မှာသွားနေလို့ရပြီ"
"ငါအမေ့ကို ခေါ်ကြည့်ပြီးပြီ၊အမေက ချက်ချင်းကြီးတော့ပြန်မလာနိုင်သေးဘူးတဲ့။အမေကသူပြန်လာတဲ့အထိစောင့်ခိုင်းထားတယ်။ဘာတွေပဲဖြစ်နေပါစေ၊
အမေ့ကိုဖုန်းဆက်ပြီးအနှောက်ယှက်သွားပေးမနေနဲ့ဉီး။အမေပြန်လာမှ ဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲကြည့်ကြတာပေါ့"
"ဒါဆို ငါတို့က ဘာမှလုပ်စရာမရှိတော့ဘူးပေါ့၊အကြီးဆုံးအန်တီပြန်လာတာကိုပဲစောင့်ရတော့မှာပေါ့"
လော်ရှို့ ရေချိုးခန်းထဲကနေကိုယ်လက်သန့်စင်ပြီးထွက်လာတဲ့အခါ မုန့်ရန် ကသူ့ကို ကုတင်ပေါ်ကနေထိုင်ကြည့်နေတာကိုတွေ့ရတယ်။
"ဒီအထပ်မှာအခန်းလွတ်တွေအများကြီးရှိသေးတယ်။မင်းကိုယ်မင်းဖိအားပေးပြီး ငါနဲ့အတူလာအိပ်ပေးဖို့မလိုပါဘူး"
"ကျွန်တော့်ကိုယ်ကျွန်တော် ဖိအားမပေးပါဘူး၊ခင်ဗျားနဲ့ ကျွန်တော်က တရားဝင်လက်မှတ်ထိုးပြီးပြီလေ၊တစ်အိပ်ရာထဲအတူတူအိပ်တာပုံမှန်ပါပဲ၊တစ်ကယ်လို့ အိပ်ရာခွဲအိပ်တာကိုသာ လော်ဆန်း သိသွားရင် ကျွန်တော့်ကိုလှောင်ပြောင်သရော်နေတော့မှာ"
လော်ရှို့အနည်းငယ်ပင်ပန်းနေတာကြောင့်စကားထပ်များမနေတော့ဘဲ စောင်ကိုဆွဲလှန်လိုက်ပြီးဝင်အိပ်လိုက်တယ်။
မုန့်ရန် က လော်ရှို့ အရမ်းပင်ပန်းနေတာကိုမြင်တဲ့အခါအနားကိုတိုးသွားလိုက်ပြီး လော်ရှို့ရဲ့မျက်နှာကိုကြည့်ပြီးမေးလိုက်တယ်။
"ခင်ဗျားပင်ပန်းနေပြီလား?"
"အင်းးး"
လော်ရှို့တကယ်ပင်ပန်းနေပြီ။သူ့ရဲ့ဦးနှောက်နဲ့ခန္ဓာကိုယ်ကိုအမြန်အနားပေးဖို့လိုနေပြီ။နို့မို့ဆိုနောက်ရက်အနည်းငယ်အတွင်းမှာခေါင်းကိုက်လာလိမ့်မယ်။
ဒါကိုမြင်တော့ မုန့်ရန် ကသူ့ရဲ့အနားယူမှုကိုမနှောင့်ယှက်တော့ဘူး။မုန့်ရန် က remote control နဲ့headboard ကမီးတွေကိုလှမ်းပိတ်လိုက်ပြီးအိပ်ယာဘေးနှစ်ဘက်မှာရှိတဲ့မှိန်ဖျော့ဖျော့အဝါရောင်ညအိပ်မီးလုံးလေးတွေကိုပဲဖွင့်ထားလိုက်တယ်။နောက်တော့ သူလဲ လော်ရှို့ ရဲ့ဘေးမှာဝင်အိပ်လိုက်တယ်။
ချောက်ကမ်းပါးအောက်မှာဆယ့်ငါးနှစ်လောက်တစ်ယောက်တည်းနေထိုင်ပြီးနောက် မုန့်ရန် တစ်ယောက်အချိန်တိုင်းသတိအပြည့်နဲ့နေတတ်နေပြီ။သူသာသတိမရှိခဲ့ရင် မြွေ၊ပုရွတ်ဆိတ်၊အဆိပ်ရှိတဲ့အကောင်ပလောင်ဒါမှမဟုတ် တောရိုင်းတိရိစ္ဆာန်တွေရဲ့တိုက်ခိုက်တာခံရနိုင်တယ်လေ။လော်ရှို့i ရဲ့ဘေးမှာအိပ်နေရင်း လော်ရှို့ ရဲ့ကိုယ်သင်းနံ့လေးရနေရုံနဲ့တင် သူလုံခြုံနေတယ်လို့ခံစားရတယ်။ဒါကသူ့အတွက် ဆယ်ငါးနှစ်အတွင်း ပထမဆုံးအကြိမ် သက်တောင်သက်သာအိပ်စက်ရခြင်းဖြစ်တယ်။
ညသန်းခေါင်လောက်မှာ မုန့်ရန် လန့်နိုးလာခဲ့တယ်။သူ့ကိုလုံခြုံစိတ်ချမှုပေးတဲ့ သူရင်းနှီးနေတဲ့ကိုယ်သင်းနံ့လေးကိုမရတော့တာကြောင့်ဖြစ်တယ်။သူမျက်လုံးဖွင့်ကြည့်တဲ့အခါ သူဘေးနားကနေရာလေးက ဗလာဖြစ်နေတယ်။ရှာကြည့်လိုက်တော့ လော်ရှို့ မှန်နံရံဘေးက ဆိုဖာပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရတယ်။
မုန့်ရန် အိပ်ရာပေါ်ကနေထပြီး လော်ရှို့ ဆီကို
သွားပြီးမေးလိုက်တယ်။
"ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး။အိပ်ယာပေါ်သွားအိပ်တော့"
လော်ရှို့ မျက်လုံးမှိတ်ပြီးပြောလိုက်တယ်။သူလှဲနေလေ ခေါင်းကိုက်တာပိုဆိုးလာလေပဲ။သူထိုင်ရက်နဲ့အနားယူနေရတယ်။
လော်ရှို့iမပြောရင်တောင် ဒါကခေါင်းကိုက်တာကြောင့်အိပ်မရတာမှန်း မုန့်ရန် သိနေတယ်။အတိတ်ဘဝမှာတုန်းက လော်ရှို့i ရဲ့ခေါင်းကိုက်ရောဂါကအခုထက်ပိုပြင်းထန်နေတာကိုတောင် မုန့်ရန် မြင်ခဲ့ဖူးတယ်။
မုန့်ရန် တစ်ယောက်ဘေးကပ်ရပ်က အဝတ်လဲခန်းဆီပြေးသွားလိုက်ပြီး သူသယ်လာခဲ့တဲ့ခရီးဆောင်အိပ်ထဲကနေ ပစ္စည်းတစ်ချို့ကိုထုတ်ပြီး လော်ရှို့ရှိရာအခန်းဆီပြန်လာလိုက်တယ်။
ခေါင်းတွေကွဲထွက်မတတ်ဖြစ်နေတာကို လော်ရှို့ ကြိတ်မှိတ်သည်းခံနေတာဖြစ်တယ်။သူ့တစ်ကိုယ်လုံးတောင့်တင်းနေပြီးဘယ်လိုမှနေရတာမသက်သာနိုင်ဘူးဖြစ်နေတယ်။ဒီလိုမျိုးတွေဖြစ်လေ ပိုပင်ပန်းလေပဲ၊ပိုပင်ပန်းလေ ခေါင်းပိုကိုက်လေဖြစ်ပြီးသံသရာလည်နေခဲ့တယ်။
လော်ရှို့ ဒီလိုတွေခေါင်းကိုက်နေခဲ့တာ နှစ်အနည်းငယ်ကြာနေပြီ။ဆရာဝန်ကတော့ အဲ့နှစ်တွေတုန်းကဖြစ်ဖူးခဲ့တဲ့ကား accident ကြောင့်လို့အဖြေထုတ်ပေးခဲ့ပြီး အနားယူချိန်လုံလုံလောက်လောက်ရှိအောင်ကြိုးစားဖို့တိုက်တွန်းခဲ့တယ်။
ဒါကြောင့် သူ့ကို ဒဏ်ရာရခံပြီးကယ်တင်ပေးခဲ့တဲ့ မုန့်ရန် ကို သေချာစည်းကမ်းတင်းကြပ်ပြီးအနားယူခိုင်းပြီးအချိန်မှန်မှန်စစ်ဆေးကုသမှုခံယူခိုင်းတာဖြစ်တယ်။သူ့လို နာကျင်မှုမျိုးကို မုန့်ရန် ကိုမခံစားစေချင်ဘူးလေ..........
လော်ရှို့ တစ်ယောက် လော်မိသားစု company ရဲ့စီမံခန့်ခွဲခွင့်ကိုပထမဆုံးလွှဲပြောင်းယူခဲ့စဉ်အခါတုန်းက ကြိုတင်ကြံစည်ထားတဲ့ကားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တယ်။ထိုအချိန်တုန်းက သူ့ရဲ့ ဦးခေါင်းကိုထိခိုက်ခဲ့ပေမယ့်ဒဏ်ရာက သိပ်မကြာခင်သက်သာသွားခဲ့ပြီးဆရာဝန်ကလည်းအဆင်ပြေတယ်လို့ပဲပြောခဲ့တယ်။Company ကိုလက်လွှဲယူလိုက်ပြီးကတည်းက နေ့ရောညပါအလုပ်များခဲ့တယ်။တစ်ချိန်လုံး အလုပ်ကိစ္စတွေနဲ့ လုံးပန်းနေရတာကြောင့် သူ့ရဲ့အိပ်ချိန်က တစ်နေ့မှာ သုံးနာရီလောက်ပဲရှိတယ်။တစ်ခါတစ်လေဆို အိပ်ရာထဲမှာတောင် ကျကျနနအနားမယူနိုင်ဘဲကားပေါ်မှာတင် တစ်မှေးလောက်မှေးပြီး အလုပ်ပြန်လုပ်ခဲ့ရတဲ့အချိန်တွေတောင်ရှိဖူးတယ်။
ဒီလိုဆယ်နှစ်လောက်ဖြတ်သန်းခဲ့ပြီးနောက် တစ်နေ့မှာတော့ သူ့ရဲ့ခေါင်းကိုက်ရောဂါစတင်လာခဲ့တယ်။အစပိုင်းမှာသူဒါကို သိပ်ဂရုမစိုက်ခဲ့ပေမယ့် တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြင်းထန်လာတယ်။ဒါနဲ့ပဲ ဆေးရုံကိုသွားပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်။ဆရာဝန်ကသူ့ကိုဆေးတွေအများကြီးပေးခဲ့ပေမယ့် အစပိုင်းလောက်မှာတော့အဆင်ပြေနေသေးတယ်။နောက်ပိုင်းတော့ ဆေးမတိုးတော့ဘူးဖြစ်လာတယ်။ဆရာဝန်ကတော့ ခန္ဓာကိုယ် နဲ့ဉီးနှောက်ကိုအနားပေးတာလောက်ကောင်းတဲ့နည်းလမ်းမရှိတော့ဘူးလို့ နောက်ဆုံးပြောခဲ့တယ်။
နည်လမ်းမျိုးစုံသုံးပြီး ကိုယ့်ကိုကိုယ်အပန်းဖြေကြည့်တယ်။ဒါ့ကြောင့် လော်ရှို့i က ပြင်းထန်တဲ့အားကစားနည်းတွေကို နှစ်သက်သဘောကျသွားခဲ့တယ်။လှုံဆော်မှုတွေက သူ့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကို အများကြီး Relax ဖြစ်စေတယ်လို့ သူခံစားရတယ်။
လော်ရှို့ အေးမြတဲ့အနံ့အသက်ရှိတဲ့ဆေးဘက်ဝင်အနံ့တစ်ခုကို ရုတ်တရက်ရလိုက်တယ်။ဒီအနံ့ကအတော်လေးနှစ်လိုဖွယ်ကောင်းပြီးသက်တောင့်သက်သာရှိစေတယ်။သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ မုန့်ရန် က အမွှေးခဲလေးတွေထွန်းတဲ့အိုးလေးကို စားပွဲပေါ်တင်နေတာကိုတွေ့လိုက်တယ်။
"ဒါက ဘာနံ့သာအမျိုးအစားလဲ?"
"ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ အိပ်ပျော်စေတဲ့အမွှေးနံ့သာ"
မုန့်ရန် ကသူ့ကိုကြည့်ပြီးပြန်ဖြေတယ်။
လော်ရှို့မျက်လုံးတွေမှိတ်လိုက်ပြီး အမွှေးအိုးထဲကနံ့သာအနံ့ကိုသေချာရှူရှိုက်နေလိုက်တယ်။သူ့ရဲ့ခေါင်းကိုက်ရောဂါကို သက်သာစေဖို့ နည်းလမ်းမျိုးစုံသုံးခဲ့ဖူးတယ်။ရှေးခတ်ကတည်းကနေ အခုလက်ရှိအချိန်ထိ ရနံ့ကုထုံးဆိုတာ လူကုံထံလောကမှာအတော်လေးရေပန်းစားတယ်။ဒါကို အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်သူ့အတွက်ဘယ်တော့မှထိရောက်မှုမရှိခဲ့ဘူး။
သို့သော်လည်း ရနံ့ကုထုံးကသူ့အတွက်အကျိုးသက်ရောက်မှုမရှိကြောင်း လော်ရှို့ မပြောတော့ပါဘူး။ဘာကြောင့်လဲဆိုတော့သူ၊မုန့်ရန် နဲ့ အငြင်းမပွားချင်ဘူးလေ။ လော်ရှို့iက Master အဆင့်ရနံ့ကုထုံးပညာရှင်အမြောက်အမြားကို ခေါ်ပြီး ဆေးဝါးတွေနဲ့ပေါင်းစပ်ထားတဲ့ရနံ့ကုထုံးတွေကိုခံယူဖူးတယ်။မုန့်ရန် လိုရေမွှေးပညာရှင်မပြောနဲ့ Master အဆင့်ရနံ့ကုထုံးပညာရှင်တွေတောင် သူ့ကို သက်သာအောင်လုပ်မပေးနိုင်ခဲ့ဘူး။
ဒီနံ့သာရဲ့ အနံ့ကအရမ်းကောင်းတယ်လို့ လော်ရှို့i တွေးလိုက်မိတယ်။ဒီအနံ့က သူခေါင်းကိုက်နေဆဲဖြစ်နေတာတောင် သူ့ကို သက်တောင့်သက်သာ ဖြစ်စေတယ်။မုန့်ရန် က တစ်ကယ်ပါရမီရှိတယ်လို့ သူထင်တယ်။
ချောက်ကမ်းပါးအောက်မှာ ဆယ့်ငါးနှစ်ကြာအောင် ဆွံအနားမကြားဘဝနဲ့ နေခဲ့ရတဲ့ မုန့်ရန်က အရာရာကို အနံ့ခံပြီးခွဲခြမ်းစိတ်ဖြာခဲ့ရတယ်။ဆယ့်ငါးနှစ်လုံးလုံး အစားအသာက်နဲ့ ပတ်ဝန်းကျင်အနေအထားကိုအနံ့ခံအာရုံတစ်ခုတည်းပေါ်မှီခိုပြီး ရှာဖွေဆုံးဖြတ်ခဲ့ရတယ်။
မုန့်ရန် က အန္တရာယ်ရှိတဲ့တိရစ္ဆာန်တွေကိုအဝေးကနေတောင်အနံ့ခံနိုင်ပြီးအဆိပ်အတောက်တွေကိုလည်းခွဲခြားနိုင်တယ်။
ပြန်လည်မွေးဖွားလာပေမယ့် သူ့ရဲ့သာလွန်ကောင်းမွန်တဲ့အနံ့ခံနိုင်စွမ်းလေး ပျောက်မသွားတာကို မုန့်ရန် တော်တော်ကျေးဇူးတင်နေမိတယ်။အကြိမ်ကြိမ်စမ်းသပ်ကြည့်ပြီးတဲ့အခါ သူ့မှာ အရမ်းကောင်းတဲ့အနံ့ခံအာရုံရှိနေတယ်ဆိုတာ သူသေချာသိလိုက်ရတယ်။
Zawgyi code
"အင်းးး"
သွားပြီးမေးလိုက်တယ်။
"ဘာဖြစ်လို့လဲ?"
Continue Reading
You'll Also Like
46.3K 4.3K 168
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...
188K 34.3K 200
sequel of Book 4 Author - Goosefive
26.2K 4.8K 125
အိုအာဗီရဲ့မြန်မာဘာသာပြန် credit အပြည့်အစုံမပေးတာက CRမိမှာကြောက်လို့ပါ။စာရေးသူတွေရဲ့နာမည်ကိုပျက်စေလိုခြင်းအလျင်းမရှိပါ။ဝတ္ထုကို Eလိုဖတ်ချင်ပါက ကိုယ့်ဆ...
56.4K 4.2K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...