နွေဦးလေပြေ🤍

By Adira_thu

38.9K 1.8K 191

"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... More

‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း

နွေဦးလေပြေ🤍(အပိုင်း_၅)

964 57 2
By Adira_thu

Unicode

🎶နေချင်နေတာ မင်းလေးအနားမှာ......ရင်ဆိုင်မယ်အဆိုးဆုံးဒုက္ခဆိုတာ တုန်ရီနေတဲ့ချစ်သူ့လက်တို့ကိုင်ဆွဲထား........🎶

မီးပူတိုက်နေရင်း ဖုန်းဝင်လာတော့contactမှာပေါ်လာတဲ့နာမည်ကြောင့် ခန့်ထည်ပြုံးလိုက်မိသည်။

"ဟဲလို.....ညို"

"မောင်ဒီနေ့tutorialရှိတယ်မလား အဲ့ဒါကြောင့်ဖုန်းဆက်‌နှိုးတာ"

"မောင်နိုးနေပါပြီညိုရယ် အခုတောင်မီးပူတိုက်နေတာ
ညို့ချစ်သူကိုအပျင်းကြီးများထင်နေသလားဗျာ"

မောင့်ဆီကခပ်နောက်နောက်စကားကြောင့် ညိုပြုံးလိုက်မိသည်။
ဟုတ်ပါရဲ့ ညို့ချစ်သူက သိပ်ဝီရိယကောင်းတတ်တဲ့သူမျိုး။
ကျောင်းကရှစ်နာရီမှAssemblyစီရမယ်ဆိုပေမယ့် ခြောက်နာရီထဲကထကာရေမိုးချိုး မီးပူတိုက် လိုအပ်တဲ့စာအုပ်တွေထည့်ကာအဆင်သင့်အနေအထားနဲ့ရှိတတ်တဲ့မောင်။
ယူနီဖောင်းကအစစနစ်တကျဝတ်ပြီး စမတ်ကျ‌တတ်သူမို့ ညို့ချစ်သူကကျောင်းကောင်မလေးများကြားတွင်သာမကကောင်လေးအချို့ကြားတွင်လည်းရေပန်းစားသည်။

"ဒါနဲ့ မောင့်ကိုညကဖုန်းဆက်သေးတယ်
မောင့်ဖုန်းဆက်ပိတ်ထားတယ်"

"ဟုတ်တယ် မောင်စာကြည့်တာညိုဖုန်းဆက်တဲ့အချိန်နဲ့တိုးရင် အနှောက်အယှက်ဖြစ်မှာစိုးလို့စက်ပိတ်ထားတာ"

မောင့်ဆီကစကားသံအဆုံး ညိုမချင့်မရဲပြုံးလိုက်မိသည်။
ကြိုသိနေပြီးသား‌အဖြေပဲလေညိုရယ်........
မောင်နဲ့ချစ်သူသက်တမ်းငါးလကျော်လာပြီဆိုပေမယ့် တသီးတသန့်ရယ်လို့ညိုတို့အတူမရှိခဲ့ဖူး‌ေပ။
ညိုလိုအပ်တာတွေဝယ်တဲ့အခါမောင်ကဈေးကိုလိုက်ပို့တသည့်အခါလောက်တွင်သာ ညိုတို့အတူdateဖြစ်ကြသည်။
ညိုလည်းမိန်းမသားမို့ ကိုယ့်ချစ်သူကကြင်နာတာ ဂရုစိုက်တာခံချင်ပေမယ့် မောင်ကထိုအရာတွေကိုသူနှင့်မဆိုင်သည့်အလားပင်
ညို့ဆီကိုဖုန်းတောင် ပုံမှန်မဆက်ခဲ့သူဖြစ်သည်။

"ညို ဘာတွေစဉ်းစားနေတာလဲ?ညိုပြောစရာမရှိတော့ဘူးဆို မောင်ဖုန်းချလိုက်တော့မယ်နော်"

"MCQတွေသေချာသတိထားဖြေနော်မောင်
‌CommunityဆရာကMCQမေးရင် တခြားဆရာတွေနဲ့မေးခွန်းပုံစံသိပ်မတူဘူး"

ညို့စကားသံအဆုံးခန့်ထည်ပြုံးလိုက်မိသည်။ညို့ကိုသူရွေးချယ်ဖြစ်တဲ့အဓိကအချက်ကအဲ့ဒါလည်းပါသည်။ညိုကထက်မြက်သည်။တော်သည်။
သူနားမလည်သည့် တချို့ပုစ္ဆာများကိုညိုနဲ့အတူအဖြေရှာပြီး ညိုရှင်းပြသည်များကိုနားထောင်ရသည်ကိုသူနှစ်သက်သည်။

"အင်း မောင်ဖုန်းချပြီနော်"

________________💚________________

"မိုးသား သရေတွေသုတ်လိုက်ဦး....ပြီးမှဆက်ငမ်းဟုတ်ပြီလား"

ကော်ဖီအေးခွက်ကိုကိုင်ရင်း မဲ့ကာရွဲ့ကာနဲ့ပြောနေသော ဤသကောင့်သားအားလစ်လျူရှု၍ မိုးသား အကိုတို့lectureခန်းဘက်သို့သာဆက်ကြည့်နေမိတော့သည်။

"အကိုတို့ tutorialရှိတယ်ထင်တယ်နော်ဟိန်းထက်
တစ်တန်းလုံးစာကိုအသဲအသန်ကြည့်နေကြတယ်"

"ခွီး......ကိုယ့်အတွက်သာကိုယ်ပူစမ်းပါမိုးသားရာ မင်းဘဲကြီးကမင်းထက်စာတော်တယ်"

"အကိုက လုပ်နိုင်မယ်ဆိုတာသိပေမယ့်လည်း ငါစိတ်ပူတယ် ငါအကို့ကိုတကယ်ကြီးချစ်မိသွားပြီထင်တယ်"

မျက်လွှာလေးအောက်ချကာ မိုးသားဆိုတော့ ဟိန်းထက်ဆီကသက်ပြင်းချသံခပ်တိုးတိုးကြားရသည်။

"ချစ်မိသွားပြီလို့ကောက်ချက်ချဖို့အချိန်တွေအများကြီးလိုသေးတယ်မိုးသား။
ငါကတော့ မင်းကိုအခုချိန်မှာ စိတ်အများကြီးမနှစ်ထားဖို့ပဲမှာချင်တယ်"

"အေးပါကွာ ငါကစကားအဖြစ်ပြောတာပါ
ငါtoiletသွားဦးမယ် လိုက်မလား"

"မလိုက်တော့ဘူး"

________________💚________________

"ဂျောက်"

မိုးသားtoiletထဲကအထွက် ဘေစင်တွေလက်ဆေးနေသော သူကိုတွေ့၍ ခြေလှမ်းတွေအလိုအလျောက်ရပ်တန့်မိသွားသည်။
အကိုက ခုနလေးတင် သူ့သူငယ်ချင်းတွေနဲ့စာလုပ်နေကြတာပါ။
ဘယ်လိုကြောင့်toiletထဲရောက်နေတာပါလိမ့်။

ဒါမှမဟုတ် သူထွက်လာတာတွေ့၍လိုက်လာတာများလား မသိဘူး ခ်ခ်။

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေရင်း အကို့ကိုမော့ကြည့်တော့ အကိုကကိုယ့်ကိုကြောင်တောင်တောင်လေးကြည့်နေလေသည်။

'အိုက်ရား.....ဘယ်လိုလေးကြည့်နေတာလဲချစ်ဖို့ကောင်းလိုက်တာ'

"ဟိုင်း အကို"
မိုးသားလက်လေးထောင်၍နှုတ်ဆက်တော့ အကိုက'ဟက်ခနဲ'ရယ်လေသည်။

"lectureတွေလိုက်နိုင်လားကလေး"

'ဟွန့်.......စာကြပိုးတွေကိုချစ်ရတာတကယ်မလွယ်ပါလား ခုမှစ,စကားပြောတာကို စာအကြောင်းကအရင်လာတယ်။
wtf.....နေပါဦး နေပါဦး
အကိုကအခုငါ့ကိုဘယ်လိုခေါ်လိုက်တယ်။
ကလေး....ကလေးတဲ့လား။
အိုက်ရား သူ့ရှေ့ဆက်နေရင် ငါနှလုံးရောဂါရလိမ့်မယ်'

"ဟို အကို ကျွန်.....ကျွန်တော်သွားပြီနော်"

တားချိန်တောင်မရလိုက် နားရွက်တွေရဲလျက်လှစ်ခနဲပြေးထွက်သွားသော ထိုကလေးငယ်ကိုကြည့်ပြီး ခန့်ထည်ကြောင်တောင်တောင်ကျန်ခဲ့လေသည်။

"ဒီကောင်လေး မေးတာလည်းပြန်မဖြေသွားဘူး"

________________💚________________

Zawgyi

🎶ေနခ်င္ေနတာ မင္းေလးအနားမွာ......ရင္ဆိုင္မယ္အဆိုးဆုံးဒုကၡဆိုတာ တုန္ရီေနတဲ့ခ်စ္သူ႕လက္တို႔ကိုင္ဆြဲထား........🎶

မီးပူတိုက္ေနရင္း ဖုန္းဝင္လာေတာ့contactမွာေပၚလာတဲ့နာမည္ေၾကာင့္ ခန႔္ထည္ၿပဳံးလိုက္မိသည္။

"ဟဲလို.....ညို"

"ေမာင္ဒီေန႕tutorialရွိတယ္မလား အဲ့ဒါေၾကာင့္ဖုန္းဆက္‌ႏွိုးတာ"

"ေမာင္နိုးေနပါၿပီညိုရယ္ အခုေတာင္မီးပူတိုက္ေနတာ
ညို႔ခ်စ္သူကိုအပ်င္းႀကီးမ်ားထင္ေနသလားဗ်ာ"

ေမာင့္ဆီကခပ္ေနာက္ေနာက္စကားေၾကာင့္ ညိုၿပဳံးလိုက္မိသည္။
ဟုတ္ပါရဲ႕ ညို႔ခ်စ္သူက သိပ္ဝီရိယေကာင္းတတ္တဲ့သူမ်ိဳး။
ေက်ာင္းကရွစ္နာရီမွAssemblyစီရမယ္ဆိုေပမယ့္ ေျခာက္နာရီထဲကထကာေရမိုးခ်ိဳး မီးပူတိုက္ လိုအပ္တဲ့စာအုပ္ေတြထည့္ကာအဆင္သင့္အေနအထားနဲ႕ရွိတတ္တဲ့ေမာင္။
ယူနီေဖာင္းကအစစနစ္တက်ဝတ္ၿပီး စမတ္က်‌တတ္သူမို႔ ညို႔ခ်စ္သူကေက်ာင္းေကာင္မေလးမ်ားၾကားတြင္သာမကေကာင္ေလးအခ်ိဳ႕ၾကားတြင္လည္းေရပန္းစားသည္။

"ဒါနဲ႕ ေမာင့္ကိုညကဖုန္းဆက္ေသးတယ္
ေမာင့္ဖုန္းဆက္ပိတ္ထားတယ္"

"ဟုတ္တယ္ ေမာင္စာၾကည့္တာညိုဖုန္းဆက္တဲ့အခ်ိန္နဲ႕တိုးရင္ အေႏွာက္အယွက္ျဖစ္မွာစိုးလို႔စက္ပိတ္ထားတာ"

ေမာင့္ဆီကစကားသံအဆုံး ညိုမခ်င့္မရဲၿပဳံးလိုက္မိသည္။
ႀကိဳသိေနၿပီးသား‌အေျဖပဲေလညိုရယ္........
ေမာင္နဲ႕ခ်စ္သူသက္တမ္းငါးလေက်ာ္လာၿပီဆိုေပမယ့္ တသီးတသန႔္ရယ္လို႔ညိုတို႔အတူမရွိခဲ့ဖူး‌ေပ။
ညိုလိုအပ္တာေတြဝယ္တဲ့အခါေမာင္ကေဈးကိုလိုက္ပို႔တသည့္အခါေလာက္တြင္သာ ညိုတို႔အတူdateျဖစ္ၾကသည္။
ညိုလည္းမိန္းမသားမို႔ ကိုယ့္ခ်စ္သူကၾကင္နာတာ ဂ႐ုစိုက္တာခံခ်င္ေပမယ့္ ေမာင္ကထိုအရာေတြကိုသူႏွင့္မဆိုင္သည့္အလားပင္
ညို႔ဆီကိုဖုန္းေတာင္ ပုံမွန္မဆက္ခဲ့သူျဖစ္သည္။

"ညို ဘာေတြစဥ္းစားေနတာလဲ?ညိုေျပာစရာမရွိေတာ့ဘူးဆို ေမာင္ဖုန္းခ်လိဳက္ေတာ့မယ္ေနာ္"

"MCQေတြေသခ်ာသတိထားေျဖေနာ္ေမာင္
‌CommunityဆရာကMCQေမးရင္ တျခားဆရာေတြနဲ႕ေမးခြန္းပုံစံသိပ္မတူဘူး"

ညို႔စကားသံအဆုံးခန႔္ထည္ၿပဳံးလိုက္မိသည္။ညို႔ကိုသူေ႐ြးခ်ယ္ျဖစ္တဲ့အဓိကအခ်က္ကအဲ့ဒါလည္းပါသည္။ညိုကထက္ျမက္သည္။ေတာ္သည္။
သူနားမလည္သည့္ တခ်ိဳ႕ပုစာၦမ်ားကိုညိုနဲ႕အတူအေျဖရွာၿပီး ညိုရွင္းျပသည္မ်ားကိုနားေထာင္ရသည္ကိုသူႏွစ္သက္သည္။

"အင္း ေမာင္ဖုန္းခ်ၿပီေနာ္"

________________💚________________

"မိုးသား သေရေတြသုတ္လိုက္ဦး....ၿပီးမွဆက္ငမ္းဟုတ္ၿပီလား"

ေကာ္ဖီေအးခြက္ကိုကိုင္ရင္း မဲ့ကာ႐ြဲ႕ကာနဲ႕ေျပာေနေသာ ဤသေကာင့္သားအားလစ္လ်ဴရႈ၍ မိုးသား အကိုတို႔lectureခန္းဘက္သို႔သာဆက္ၾကည့္ေနမိေတာ့သည္။

"အကိုတို႔ tutorialရွိတယ္ထင္တယ္ေနာ္ဟိန္းထက္
တစ္တန္းလုံးစာကိုအသဲအသန္ၾကည့္ေနၾကတယ္"

"ခြီး......ကိုယ့္အတြက္သာကိုယ္ပူစမ္းပါမိုးသားရာ မင္းဘဲႀကီးကမင္းထက္စာေတာ္တယ္"

"အကိုက လုပ္နိုင္မယ္ဆိုတာသိေပမယ့္လည္း ငါစိတ္ပူတယ္ ငါအကို႔ကိုတကယ္ႀကီးခ်စ္မိသြားၿပီထင္တယ္"

မ်က္လႊာေလးေအာက္ခ်ကာ မိုးသားဆိုေတာ့ ဟိန္းထက္ဆီကသက္ျပင္းခ်သံခပ္တိုးတိုးၾကားရသည္။

"ခ်စ္မိသြားၿပီလို႔ေကာက္ခ်က္ခ်ဖိဳ႕အခ်ိန္ေတြအမ်ားႀကီးလိုေသးတယ္မိုးသား။
ငါကေတာ့ မင္းကိုအခုခ်ိန္မွာ စိတ္အမ်ားႀကီးမႏွစ္ထားဖို႔ပဲမွာခ်င္တယ္"

"ေအးပါကြာ ငါကစကားအျဖစ္ေျပာတာပါ
ငါtoiletသြားဦးမယ္ လိုက္မလား"

"မလိုက္ေတာ့ဘူး"

________________💚________________

"ေဂ်ာက္"

မိုးသားtoiletထဲကအထြက္ ေဘစင္ေတြလက္ေဆးေနေသာ သူကိုေတြ႕၍ ေျခလွမ္းေတြအလိုအေလ်ာက္ရပ္တန႔္မိသြားသည္။
အကိုက ခုနေလးတင္ သူ႕သူငယ္ခ်င္းေတြနဲ႕စာလုပ္ေနၾကတာပါ။
ဘယ္လိုေၾကာင့္toiletထဲေရာက္ေနတာပါလိမ့္။

ဒါမွမဟုတ္ သူထြက္လာတာေတြ႕၍လိုက္လာတာမ်ားလား မသိဘူး ခ္ခ္။

ကိုယ့္အေတြးနဲ႕ကိုယ္ၿပဳံးေနရင္း အကို႔ကိုေမာ့ၾကည့္ေတာ့ အကိုကကိုယ့္ကိုေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနေလသည္။

'အိုက္ရား.....ဘယ္လိုေလးၾကည့္ေနတာလဲခ်စ္ဖို႔ေကာင္းလိုက္တာ'

"ဟိုင္း အကို"
မိုးသားလက္ေလးေထာင္၍ႏႈတ္ဆက္ေတာ့ အကိုက'ဟက္ခနဲ'ရယ္ေလသည္။

"lectureေတြလိုက္နိုင္လားကေလး"

'ဟြန႔္.......စာၾကပိုးေတြကိုခ်စ္ရတာတကယ္မလြယ္ပါလား ခုမွစ,စကားေျပာတာကို စာအေၾကာင္းကအရင္လာတယ္။
wtf.....ေနပါဦး ေနပါဦး
အကိုကအခုငါ့ကိုဘယ္လိုေခၚလိုက္တယ္။
ကေလး....ကေလးတဲ့လား။
အိုက္ရား သူ႕ေရွ႕ဆက္ေနရင္ ငါႏွလုံးေရာဂါရလိမ့္မယ္'

"ဟို အကို ကြၽန္.....ကြၽန္ေတာ္သြားၿပီေနာ္"

တားခ်ိန္ေတာင္မရလိုက္ နား႐ြက္ေတြရဲလ်က္လွစ္ခနဲေျပးထြက္သြားေသာ ထိုကေလးငယ္ကိုၾကည့္ၿပီး ခန႔္ထည္ေၾကာင္ေတာင္ေတာင္က်န္ခဲ့ေလသည္။

"ဒီေကာင္ေလး ေမးတာလည္းျပန္မေျဖသြားဘူး"

________________💚________________

Continue Reading

You'll Also Like

Alina By ihidethisapp

General Fiction

1.5M 37.3K 75
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
203K 11K 43
Zaw အခ်စ္ကို ယုံဖို႔ ခတ္ခဲေနေသာ ေကာင္ေလးကို အရမ္းခ်စ္မိသြားတဲ့ ဦးက ဘယ္လိုေတြ အလိုလိုက္ၿပီး ျပန္ခ်စ္ေအာင္လုပ္မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော က...
2.3K 161 60
*ကံကြမ္မာကပဲတွေ့ဆုံဖို့ ဖန်တီးပေးခဲ့သလို ကံကြမ္မာကပဲခွဲခွာစေခဲ့ပြန်တယ် အချစ်ရယ်*
381K 18.1K 30
ပထမဆုံး ရင်ခုန်သံ..... ပထမဆုံး အချစ်....... အရာအားလုံးပေးဆပ်ပြီးချစ်ခဲ့ရသူ သိပ်ချစ်ရပါသည် သိပ်လည်းနာကြည်းမိပါသည်.......... ...