Unicode
TN/ ရပ်ထားမိတာကြာပါပြီ။ အင်တာနက်တွေပိတ်လိုက်တဲ့နောက် မလှည့်ဖြစ်တာလည်းပါတယ်။
Live action ထွက်မဲ့ကောင်ကို ဦးစားပေးရေးနေတာလည်းပါတယ်။
Permission တောင်းထားတာကိုစောင့်နေတာလည်းပါပါတယ်။
ဒါပေမဲ့ သွားတောင်းတဲ့ twitter acc ကိုမေ့သွားလို့ reply တောင်မသိလိုက်ရဘူး။
အခု ညီမလေးတချို့ကို ဒီတစ်ပတ်ပြန်တင်ပေးမယ်
ကတိပေးထားလို့ တင်လိုက်ပါပြီနော်။
အခုထိစောင့်နေပေးတဲ့သူတွေ ကျေးဇူးပါနော်။
_______________________
Chapter 20
"လိုက်ခဲ့"
An Chen က ဘေးမှာရပ်နေသည့် Ran Feng Ge ကို သတိပေးသည်။
"မင်း ငါ့ကို ရေပူစမ်းစိမ်ဖို့ ခေါ်တာဆိုရင်တော့ မင်းနှိပ်တဲ့ခလုတ်က အထပ်မှားသွားပြီ"
Ran Feng Ge က ခပ်မြူးမြူးပြုံးလိုက်ပြီး အောက်ဘက် ၁၅ထပ်သို့ လက်ညှိုးထိုးပြသည်။
"အဲဒါကမှ ငါတို့သွားသင့်တဲ့အထပ်"
"မင်း ရေပူစမ်းကိုစိတ်ဝင်စားမယ်လို့ ငါမထင်လိုက်ဘူး"
An Chen က တည့်တည့်လျှောက်သွားပြီး အခန်း (၂၀၁၀)၏ တံခါးကို ဖွင့်လိုက်သည်။ သူက နောက်ပြန်တစ်ချက်ကြည့်လိုက်ပြီး ခြေတစ်လှမ်းမှမလှုပ်သည့် အခြားသူကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ? ကြောက်လို့လား?"
"ဘယ်ဟုတ်ပါ့မလဲ"
Ran Feng Ge က ပေါ့ပေါ့ပါးပါးလှမ်းသည်။
အခန်းထဲက မီးရောင်မှာ မှိန်ပျပျ...သို့သော် Ran Feng Ge အတွက် ထိုမျှနှင့် အခန်း၏ဖွဲ့စည်းပုံကိုသာမက လူတစ်ယောက်ပုန်းနေနိုင်မည့် နေရာများကိုပါ မြင်ရဖို့ လုံလောက်ပါသည်။
သူ အခန်း၏ပတ်ပတ်လည်ကို တစ်ကြိမ်ကြည့်လိုက်၏။ ကြိုတင်စီမံထားသည့် လှည့်ကွက်တစ်စုံတရာ An Chen တွင်မရှိဟု ထင်ရသည်။ စိတ်အေးစေရန် ကိုယ့်ကိုယ်ကိုယ်အားပေး၍ သူအထဲသို့ ခြေချလိုက်သည်။
An Chen က တံခါးကိုပိတ်ကာ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရောက်အောင်ကြီးသည့် ပြတင်းပေါက်များ၏ အရှေ့တွင် ချထားသည့် စားပွဲဆီ လျှောက်သွားသည်။ သူက ကုလားထိုင်တစ်လုံးဆွဲထုတ်လာပြီး ပြော၏။
"ထိုင်"
Ran Feng Ge အေးအေးလူလူလှမ်းသွားလိုက်ပြီး ကုလားထိုင်တွင် စွေ့ခနဲထိုင်လိုက်သည်။
"ငါတို့ အခု ဒီရဲ့အဓိကအချက်ကို သွားလို့ရပြီလား?"
"ငါ မင်းရဲ့နောက်ခံကို စစ်ဆေးခဲ့တယ်"
An Chen က သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
သူ့နှုတ်ကို ဟလိုက်သည့်အခိုက်မှာပင် ထိုစကားလုံးများ ထွက်ကျလာ၏။
မေးငေါ့လိုက်သည့် Ran Feng Ge ရယ်သံက ချဥ်းနင်းဝင်ရောက်လာသည်။
"ငါက မင်း လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက လုပ်ပြီးပြီထင်နေတာ"
An Chen က သူ့တို့ကြားထဲက စားပွဲပေါ် တံတောင်ဖြင့်ထောက်ကာ သူ၏လက်ဝါးနှစ်ဖက်ကို အတူကပ်လိုက်သည်။ တွေးရခက်ဖွယ်အပြုံးတစ်ခုနှင့် ဖြေလာ၏။
"မှန်တယ်။ ငါ မင်းအပေါ် လွန်ခဲ့တဲ့ နှစ်နှစ်က စစ်ဆေးမှုလုပ်ခဲ့တယ်။ ပိုပြီး တိတိကျကျပြောရရင် ငါတို့မကြာခင်က စစ်ဆေးမှုလုပ်ခဲ့တာက မင်းကိုမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီဘားကိုပိုင်တဲ့ မင်းရဲ့သူငယ်ချင်းနှစ်ယောက်ကို"
"အဲဒီတော့? မင်းက ငါ့ကိုလာခြိမ်းခြောက်နေတာလား?"
Ran Feng Ge က ဂရုမစိုက်ဟန်ဖြင့်ပြောသည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး..ဘာလို့ဒီလိုမျိုးပြောရတာလဲ? ဘာဖြစ်ဖြစ်ကိစ္စမရှိဘူး။ ငါ မင်းကို နှစ်နှစ်တောင် အစ်ကိုကြီးလို့ ခေါ်ခဲ့တာပဲ"
An Chen က သူ၏အရှေ့ စားပွဲပေါ်တွင်တင်ထားသော စာရွက်များကို တွန်းပို့သည်။
"ဘယ်ဘက်က အပုံက မင်းသူငယ်ချင်းရဲ့ အချက်အလက်တွေ၊ မင်း စိတ်ဝင်စားမယ်လို့တော့မထင်ဘူး။ ညာဘက်ကအပုံကို ကြည့်ကြည့်၊ အဲဒီမှာ ငါမင်းကိုပေးချင်တဲ့အလုပ်ရဲ့ အချက်အလက်တွေပါတယ်"
Ran Feng Ge က
ကုလားထိုင်ကိုမှီ၍ လက်တစ်ဖက်ကို ၄င်း၏ နောက်ဘက်သို့ ကျော်ချလိုက်သည်။
သူက စာရွက်အထပ်လိုက်ကို တစ်ချက်ကြည့်ရန်ပင် ဒုက္ခမခံဘဲ ထိုအစားတိုက်ရိုက်မေးလိုက်သည်။
"မင်း ငါ့ကို ရိုးရိုးတန်းတန်းပဲ ဘာလို့မပေးလိုက်ရတာလဲ? ငါ့ကို လုပ်စေချင်တာကဘာလဲ?"
An Chen တစ်ဖက်အမျိုးသား၏ အနည်းငယ်ရိုင်းပျသောအမူအရာကို လျစ်လျှူရှုလိုက်သည်။ အန္တရာယ်ရှိသည့်အလင်းရောင်တစ်စ သူ့မျက်ဝန်းမှာ လက်သွားပြီး သူ့အသံကို နှိမ့်လိုက်သည်။
"မင်းကို့ ငါ့ရဲ့အစ်ကို An Mu အဖြစ်ဆက်သရုပ်ဆောင်စေချင်တယ်"
Ran Feng Ge ကတခစ်ခစ်ရယ်ပြီး တုန့်ပြန်သည်။
"စိတ်မကောင်းဘူး။ ငါ အလုပ်တစ်ခုလက်ခံပြီးသွားပြီ။ ဆိုတော့ မင်းရဲ့အလုပ်ကို လက်မခံနိုင်မှာစိုးတယ်"
"ဘေးချိတ်ထားစမ်းပါ။ ငါ မင်းကို လျှော်ကြေးအတွက်ကူညီမယ်" An Chen က မရမကဆိုသည်။
Ran Feng Ge ခါးကိုဆန့်လိုက်သည်။ တစ်ဖက်လူကိုအတုခိုး၍ သူ့တံတောင်နှစ်ဖက်ကို စားပွဲပေါ်ထောက်၍ ဖဝါးနှစ်ဖက်ကိုထပ်လိုက်သည်။ နှုတ်ခမ်းတွင် အပြုံးဆင်ရင်း သူမေးလိုက်၏။
"မင်း ငါ့ကို ဘာကြောင့်အလုပ်ပေးရတာလဲ မေးကြည့်လို့ရမလား?"
"Lan Kuang က မင်းကို စိတ်ဝင်စားနေတယ်။နေဦး..တစ်နည်းပြောရရင် မင်းသရုပ်ဆောင်ခဲ့တဲ့ An Mu ကိုစိတ်ဝင်စားတာ"
An Chen က နောက်ဆုံးတစ်ချက်ကို ဦးစားပေးပြောသည်။
"အဓိပ္ပါယ်က လွန်ခဲ့တဲ့ နှစ်နှစ်က မင်းသရုပ်ဆောင်ခဲ့တဲ့ An Mu ၊ ငါ့ရဲ့ အစ်ကိုအစစ်An Mu မဟုတ်ဘူး"
ဤသို့ဆိုလျှင် Lan Kuang က လွန်ခဲ့တဲ့နှစ်တွေမှာ သူသရုပ်ဆောင်ခဲ့သည့် ကာရိုက်တာတစ်ခုကို စိတ်ဝင်စားနေသည်ပဲ။
ထိုသည်မှာ ဘာကြောင့် An Mu က သူ့ဘေးကဆူးတစ်ချောင်းဖြစ်သည့် သူ့အစ်ကိုကို Lan Kuang နှင့်ကစားရန် ပေးဖို့မတတ်နိုင်ရသလဲဆိုသည်ပဲဖြစ်သည်။
အကြောင်းပြချက်များထဲက တစ်ခုမှာ သူသာ သူ့အစ်ကိုကို ပေးပစ်လိုက်လျှင် An Chen အနေဖြင့် ဘေးနားက နာခံမှုရှိသည့် An Mu ကို သူ့စိတ်ကြိုက်ပြုရန် မဖြစ်နိုင်တော့ပေ။
အခြားတစ်ခုမှာ သူတို့နှစ်ယောက်ကို လုံလောက်အောင်ကြာကြာထားလိုက်ပါက Lan Kuang အနေဖြင့် An Mu အစစ်ကို သေချာပေါက် ထွင်းဖောက်၍ မြင်သွားလိမ့်မည်။
"မင်းအတွက် ဘာအကျိုးရှိလို့လဲ?"
Ran Feng Ge က တည့်မေးသည်။
"အဲဒါက မင်းသိစရာမလိုပါဘူး"
An Chen က မေးခွန်းကို ကျွမ်းကျင်စွာရှောင်တိမ်းသည်။
Ran Feng Ge ပြုံးလိုက်၏။
"ငါ An Mu အဖြစ်ဟန်ဆောင်နေတုန်းက ငါနဲ့ Lan Kuang အတူရှိနေတဲ့ပုံကို ရယူဖို့ မင်း လျှို့ဝှက်စီစဥ်ခဲ့တယ်။ နောက်ပြီး အမဲလိုက်သိမ်းငှက်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သူ့အကူအညီနဲ့ မင်းရဲ့ပြိုင်ဘက်တွေကို ရှင်းထုတ်ဖို့ရည်ရွယ်နေတာ။ ဒီလိုဆို An မိသားစုရဲ့ အမွေတွေအကုန် မင်းပဲရလိမ့်မယ်။ ငါပြောတာမှန်လား?"
"မင်းက ရွှေအဆင့် လူစားထိုးဖြစ်နေတာ အံ့သြစရာမရှိတော့ပါဘူး။ မင်းရဲ့ဦးနှောက်ကလည်း ထိပ်တန်းအဆင့်ပဲကိုး"
An Chen ၏အပြုံးမှာ စိတ်မချရ။
"ငါ့ရဲ့ ရည်ရွယ်ချက်ကို မင်းသိပြီးပြီဆိုမှတော့ ငါ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံမှာလား၊ မခံဘူးလား?"
"စိတ်မဝင်စားဘူး"
Ran Feng Ge က အေးတိအေးစက်တုန့်ပြန်သည်။
"ငါပြောပြီးပြီလေ..မင်းတို့မိသားစုရဲ့ ပြဿနာတွေမှာ ထပ်ပြီး ဝင်မပါချင်တော့ဘူး။ ငါ့ကို နောက်ထပ်လာမရှာနဲ့"
သူ့စကားဆုံးကာနီးဆဲဆဲ Ran Feng Ge မသိသာလုနီးနီးအသံတစ်သံကိုကြားလိုက်ရသည်။
သူ့ထံသို့ ပြေးဝင်လာသည့် လေးတိုးသံတစ်ခုကို ခံစားလိုက်ရ၏။
အလိုအလျောက်..
ကုလားထိုင်ရောလူပါ နောက်သို့ဆုတ်ရှောင်လိုက်သည်။
An Chen ၏ မမျှော်လင့်သောတိုက်ခိုက်မှုအတွက် သူပြင်ဆင်မထားပါ။ ရှောင်လိုက်သော်လည်း စားပွဲခုံအောက်မှ ရုတ်တရက်ထွက်လာသည့် ဓားမြှောင်ဖြင့် သူ့နံဘေးကို အထိုးခံလိုက်ရသေးပေသည်။
>>>>>>>>>><<<<<<<<<<<
Zawgyi
TN/ ရပ္ထားမိတာၾကာပါၿပီ။ အင္တာနက္ေတြပိတ္လိုက္တဲ့ေနာက္ မလွည့္ျဖစ္တာလည္းပါတယ္။
Live action ထြက္မဲ့ေကာင္ကို ဦးစားေပးေရးေနတာလည္းပါတယ္။
Permission ေတာင္းထားတာကိုေစာင့္ေနတာလည္းပါပါတယ္။
ဒါေပမဲ့ သြားေတာင္းတဲ့ twitter acc ကိုေမ့သြားလို႔ reply ေတာင္မသိလိုက္ရဘူး။
အခု ညီမေလးတခ်ိဳ႕ကို ဒီတစ္ပတ္ျပန္တင္ေပးမယ္
ကတိေပးထားလို႔ တင္လိုက္ပါၿပီေနာ္။
အခုထိေစာင့္ေနေပးတဲ့သူေတြ ေက်းဇူးပါေနာ္။
_______________________
Chapter 20
"လိုက္ခဲ့"
An Chen က ေဘးမွာရပ္ေနသည့္ Ran Feng Ge ကို သတိေပးသည္။
"မင္း ငါ့ကို ေရပူစမ္းစိမ္ဖို႔ ေခၚတာဆိုရင္ေတာ့ မင္းႏွိပ္တဲ့ခလုတ္က အထပ္မွားသြားၿပီ"
Ran Feng Ge က ခပ္ျမဴးျမဴးၿပဳံးလိုက္ၿပီး ေအာက္ဘက္ ၁၅ထပ္သို႔ လက္ညွိုးထိုးျပသည္။
"အဲဒါကမွ ငါတို႔သြားသင့္တဲ့အထပ္"
"မင္း ေရပူစမ္းကိုစိတ္ဝင္စားမယ္လို႔ ငါမထင္လိုက္ဘူး"
An Chen က တည့္တည့္ေလွ်ာက္သြားၿပီး အခန္း (၂၀၁၀)၏ တံခါးကို ဖြင့္လိုက္သည္။ သူက ေနာက္ျပန္တစ္ခ်က္ၾကည့္လိုက္ၿပီး ေျခတစ္လွမ္းမွမလႈပ္သည့္ အျခားသူကို ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ? ေၾကာက္လို႔လား?"
"ဘယ္ဟုတ္ပါ့မလဲ"
Ran Feng Ge က ေပါ့ေပါ့ပါးပါးလွမ္းသည္။
အခန္းထဲက မီးေရာင္မွာ မွိန္ပ်ပ်...သို႔ေသာ္ Ran Feng Ge အတြက္ ထိုမွ်ႏွင့္ အခန္း၏ဖြဲ႕စည္းပုံကိုသာမက လူတစ္ေယာက္ပုန္းေနနိုင္မည့္ ေနရာမ်ားကိုပါ ျမင္ရဖို႔ လုံေလာက္ပါသည္။
သူ အခန္း၏ပတ္ပတ္လည္ကို တစ္ႀကိမ္ၾကည့္လိုက္၏။ ႀကိဳတင္စီမံထားသည့္ လွည့္ကြက္တစ္စုံတရာ An Chen တြင္မရွိဟု ထင္ရသည္။ စိတ္ေအးေစရန္ ကိုယ့္ကိုယ္ကိုယ္အားေပး၍ သူအထဲသို႔ ေျခခ်လိဳက္သည္။
An Chen က တံခါးကိုပိတ္ကာ ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ေရာက္ေအာင္ႀကီးသည့္ ျပတင္းေပါက္မ်ား၏ အေရွ႕တြင္ ခ်ထားသည့္ စားပြဲဆီ ေလွ်ာက္သြားသည္။ သူက ကုလားထိုင္တစ္လုံးဆြဲထုတ္လာၿပီး ေျပာ၏။
"ထိုင္"
Ran Feng Ge ေအးေအးလူလူလွမ္းသြားလိုက္ၿပီး ကုလားထိုင္တြင္ ေစြ႕ခနဲထိုင္လိုက္သည္။
"ငါတို႔ အခု ဒီရဲ႕အဓိကအခ်က္ကို သြားလို႔ရၿပီလား?"
"ငါ မင္းရဲ႕ေနာက္ခံကို စစ္ေဆးခဲ့တယ္"
An Chen က သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္သည္။
သူ႕ႏႈတ္ကို ဟလိုက္သည့္အခိုက္မွာပင္ ထိုစကားလုံးမ်ား ထြက္က်လာ၏။
ေမးေငါ့လိုက္သည့္ Ran Feng Ge ရယ္သံက ခ်ဥ္းနင္းဝင္ေရာက္လာသည္။
"ငါက မင္း လြန္ခဲ့တဲ့ႏွစ္ႏွစ္ကတည္းက လုပ္ၿပီးၿပီထင္ေနတာ"
An Chen က သူ႕တို႔ၾကားထဲက စားပြဲေပၚ တံေတာင္ျဖင့္ေထာက္ကာ သူ၏လက္ဝါးႏွစ္ဖက္ကို အတူကပ္လိုက္သည္။ ေတြးရခက္ဖြယ္အၿပဳံးတစ္ခုႏွင့္ ေျဖလာ၏။
"မွန္တယ္။ ငါ မင္းအေပၚ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က စစ္ေဆးမႈလုပ္ခဲ့တယ္။ ပိုၿပီး တိတိက်က်ေျပာရရင္ ငါတို႔မၾကာခင္က စစ္ေဆးမႈလုပ္ခဲ့တာက မင္းကိုမဟုတ္ဘူး။ ဒါေပမဲ့ အဲဒီဘားကိုပိုင္တဲ့ မင္းရဲ႕သူငယ္ခ်င္းႏွစ္ေယာက္ကို"
"အဲဒီေတာ့? မင္းက ငါ့ကိုလာၿခိမ္းေျခာက္ေနတာလား?"
Ran Feng Ge က ဂ႐ုမစိုက္ဟန္ျဖင့္ေျပာသည္။
"မဟုတ္ပါဘူး မဟုတ္ပါဘူး..ဘာလို႔ဒီလိုမ်ိဳးေျပာရတာလဲ? ဘာျဖစ္ျဖစ္ကိစၥမရွိဘူး။ ငါ မင္းကို ႏွစ္ႏွစ္ေတာင္ အစ္ကိုႀကီးလို႔ ေခၚခဲ့တာပဲ"
An Chen က သူ၏အေရွ႕ စားပြဲေပၚတြင္တင္ထားေသာ စာ႐ြက္မ်ားကို တြန္းပို႔သည္။
"ဘယ္ဘက္က အပုံက မင္းသူငယ္ခ်င္းရဲ႕ အခ်က္အလက္ေတြ၊ မင္း စိတ္ဝင္စားမယ္လို႔ေတာ့မထင္ဘူး။ ညာဘက္ကအပုံကို ၾကည့္ၾကည့္၊ အဲဒီမွာ ငါမင္းကိုေပးခ်င္တဲ့အလုပ္ရဲ႕ အခ်က္အလက္ေတြပါတယ္"
Ran Feng Ge က
ကုလားထိုင္ကိုမွီ၍ လက္တစ္ဖက္ကို ၄င္း၏ ေနာက္ဘက္သို႔ ေက်ာ္ခ်လိဳက္သည္။
သူက စာ႐ြက္အထပ္လိုက္ကို တစ္ခ်က္ၾကည့္ရန္ပင္ ဒုကၡမခံဘဲ ထိုအစားတိုက္ရိုက္ေမးလိုက္သည္။
"မင္း ငါ့ကို ရိုးရိုးတန္းတန္းပဲ ဘာလို႔မေပးလိုက္ရတာလဲ? ငါ့ကို လုပ္ေစခ်င္တာကဘာလဲ?"
An Chen တစ္ဖက္အမ်ိဳးသား၏ အနည္းငယ္ရိုင္းပ်ေသာအမူအရာကို လ်စ္လ်ႉရႈလိုက္သည္။ အႏၱရာယ္ရွိသည့္အလင္းေရာင္တစ္စ သူ႕မ်က္ဝန္းမွာ လက္သြားၿပီး သူ႕အသံကို ႏွိမ့္လိုက္သည္။
"မင္းကို႔ ငါ့ရဲ႕အစ္ကို An Mu အျဖစ္ဆက္သ႐ုပ္ေဆာင္ေစခ်င္တယ္"
Ran Feng Ge ကတခစ္ခစ္ရယ္ၿပီး တုန့္ျပန္သည္။
"စိတ္မေကာင္းဘူး။ ငါ အလုပ္တစ္ခုလက္ခံၿပီးသြားၿပီ။ ဆိုေတာ့ မင္းရဲ႕အလုပ္ကို လက္မခံနိုင္မွာစိုးတယ္"
"ေဘးခ်ိတ္ထားစမ္းပါ။ ငါ မင္းကို ေလွ်ာ္ေၾကးအတြက္ကူညီမယ္" An Chen က မရမကဆိုသည္။
Ran Feng Ge ခါးကိုဆန့္လိုက္သည္။ တစ္ဖက္လူကိုအတုခိုး၍ သူ႕တံေတာင္ႏွစ္ဖက္ကို စားပြဲေပၚေထာက္၍ ဖဝါးႏွစ္ဖက္ကိုထပ္လိုက္သည္။ ႏႈတ္ခမ္းတြင္ အၿပဳံးဆင္ရင္း သူေမးလိုက္၏။
"မင္း ငါ့ကို ဘာေၾကာင့္အလုပ္ေပးရတာလဲ ေမးၾကည့္လို႔ရမလား?"
"Lan Kuang က မင္းကို စိတ္ဝင္စားေနတယ္။ေနဦး..တစ္နည္းေျပာရရင္ မင္းသ႐ုပ္ေဆာင္ခဲ့တဲ့ An Mu ကိုစိတ္ဝင္စားတာ"
An Chen က ေနာက္ဆုံးတစ္ခ်က္ကို ဦးစားေပးေျပာသည္။
"အဓိပၸါယ္က လြန္ခဲ့တဲ့ ႏွစ္ႏွစ္က မင္းသ႐ုပ္ေဆာင္ခဲ့တဲ့ An Mu ၊ ငါ့ရဲ႕ အစ္ကိုအစစ္An Mu မဟုတ္ဘူး"
ဤသို႔ဆိုလွ်င္ Lan Kuang က လြန္ခဲ့တဲ့ႏွစ္ေတြမွာ သူသ႐ုပ္ေဆာင္ခဲ့သည့္ ကာရိုက္တာတစ္ခုကို စိတ္ဝင္စားေနသည္ပဲ။
ထိုသည္မွာ ဘာေၾကာင့္ An Mu က သူ႕ေဘးကဆူးတစ္ေခ်ာင္းျဖစ္သည့္ သူ႕အစ္ကိုကို Lan Kuang ႏွင့္ကစားရန္ ေပးဖို႔မတတ္နိုင္ရသလဲဆိုသည္ပဲျဖစ္သည္။
အေၾကာင္းျပခ်က္မ်ားထဲက တစ္ခုမွာ သူသာ သူ႕အစ္ကိုကို ေပးပစ္လိုက္လွ်င္ An Chen အေနျဖင့္ ေဘးနားက နာခံမႈရွိသည့္ An Mu ကို သူ႕စိတ္ႀကိဳက္ျပဳရန္ မျဖစ္နိုင္ေတာ့ေပ။
အျခားတစ္ခုမွာ သူတို႔ႏွစ္ေယာက္ကို လုံေလာက္ေအာင္ၾကာၾကာထားလိုက္ပါက Lan Kuang အေနျဖင့္ An Mu အစစ္ကို ေသခ်ာေပါက္ ထြင္းေဖာက္၍ ျမင္သြားလိမ့္မည္။
"မင္းအတြက္ ဘာအက်ိဳးရွိလို႔လဲ?"
Ran Feng Ge က တည့္ေမးသည္။
"အဲဒါက မင္းသိစရာမလိုပါဘူး"
An Chen က ေမးခြန္းကို ကြၽမ္းက်င္စြာေရွာင္တိမ္းသည္။
Ran Feng Ge ၿပဳံးလိုက္၏။
"ငါ An Mu အျဖစ္ဟန္ေဆာင္ေနတုန္းက ငါနဲ႕ Lan Kuang အတူရွိေနတဲ့ပုံကို ရယူဖို႔ မင္း လွ်ို႔ဝွက္စီစဥ္ခဲ့တယ္။ ေနာက္ၿပီး အမဲလိုက္သိမ္းငွက္ရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ သူ႕အကူအညီနဲ႕ မင္းရဲ႕ၿပိဳင္ဘက္ေတြကို ရွင္းထုတ္ဖို႔ရည္႐ြယ္ေနတာ။ ဒီလိုဆို An မိသားစုရဲ႕ အေမြေတြအကုန္ မင္းပဲရလိမ့္မယ္။ ငါေျပာတာမွန္လား?"
"မင္းက ေ႐ႊအဆင့္ လူစားထိုးျဖစ္ေနတာ အံ့ၾသစရာမရွိေတာ့ပါဘူး။ မင္းရဲ႕ဦးႏွောက္ကလည္း ထိပ္တန္းအဆင့္ပဲကိုး"
An Chen ၏အၿပဳံးမွာ စိတ္မခ်ရ။
"ငါ့ရဲ႕ ရည္႐ြယ္ခ်က္ကို မင္းသိၿပီးၿပီဆိုမွေတာ့ ငါ့ရဲ႕ကမ္းလွမ္းခ်က္ကို လက္ခံမွာလား၊ မခံဘူးလား?"
"စိတ္မဝင္စားဘူး"
Ran Feng Ge က ေအးတိေအးစက္တုန့္ျပန္သည္။
"ငါေျပာၿပီးၿပီေလ..မင္းတို႔မိသားစုရဲ႕ ျပႆနာေတြမွာ ထပ္ၿပီး ဝင္မပါခ်င္ေတာ့ဘူး။ ငါ့ကို ေနာက္ထပ္လာမရွာနဲ႕"
သူ႕စကားဆုံးကာနီးဆဲဆဲ Ran Feng Ge မသိသာလုနီးနီးအသံတစ္သံကိုၾကားလိုက္ရသည္။
သူ႕ထံသို႔ ေျပးဝင္လာသည့္ ေလးတိုးသံတစ္ခုကို ခံစားလိုက္ရ၏။
အလိုအေလ်ာက္..
ကုလားထိုင္ေရာလူပါ ေနာက္သို႔ဆုတ္ေရွာင္လိုက္သည္။
An Chen ၏ မေမွ်ာ္လင့္ေသာတိုက္ခိုက္မႈအတြက္ သူျပင္ဆင္မထားပါ။ ေရွာင္လိုက္ေသာ္လည္း စားပြဲခုံေအာက္မွ ႐ုတ္တရက္ထြက္လာသည့္ ဓားျမႇောင္ျဖင့္ သူ႕နံေဘးကို အထိုးခံလိုက္ရေသးေပသည္။
>>>>>>>>>><<<<<<<<<<<