မင်းရဲကျော်ထင် ဆင်တော်နဲ့ဆင်ဖမ်းသမားများကို အကဲခတ်နေသည်။ဖျင်ကြမ်းအဝတ်အထည်နှင့်ဆင်ဖမ်းပေးသည့်လုလင်ပျိုသုံးယောက်က ရိုရိုကျိုးကျိုး ဦးညွှတ်နေကြသည်။မင်းရဲကျော်ထင် ပြည်မြို့အနီးတွင်ဆင်ဖြူတော်ပေါ်သည် သတင်းရ၍ လာဖမ်းရာပြည်မြို့ရောက်တာနှင့်လုလင်ပျိုသုံးယောက်က ဆင်တော်ကိုလက်ရဖမ်းပြီး မင်းရဲကျော်ထင်ကိုဆက်သသည်။လုလင်ပျိုသုံးယောက်က ငယ်ရွယ်ပြီးလျင်မြန်သွက်လက်ပုံပေါ်သည်။
မင်းရဲကျော်ထင်ပြုံးလိုက်သည်။
'ဆင်တော်လည်းရ လူတော်လည်းရ ယနေ့တော့ကံကောင်းချက်'
မင်းရဲကျော်ထင် ထိုလူသုံးယောက်ထဲမှထူးခြားသော ကိုယ်ရှိန်ဝါရှိသည့်လုလင်ပျိုကိုမေးသည်။
"အဆွေတို့နာမည်ဘယ်လိုခေါ်သလဲ"
"ကျွန်တော်မျိုးက သတိုးပါ ဒီဘက်ကနှစ်ယောက်က သူရနဲ့သူရိန်ပါ"
လုလင်ပျိုကစိုးရွံ့ဟန်မရှိ။ရဲရင့်တည်ကြည်သည့်မျက်နှာပေါက်ရှိလေသည်။မင်းရဲကျော်ထင်သဘောကျသွားသည်။
"ကောင်းပြီ အဆွေတို့ ကိုယ်တော်နဲ့နန်းတော်လိုက်ခဲ့ ဆင်တော်ထိန်းရာထူးသူကောင်းပြုမယ်"
"ကျေးဇူးကြီးမားလှပါတယ် အရှင့်သား"
မင်းရဲကျော်ထင် ဆင်တော်အနားကိုသွားကာအကဲခတ်သည်။ဆင်တော်က ကြင်အင်လက္ခဏာကောင်းသည်။တောတွင်းဆင်နှင့်တော့မတူဘူးလို့ ထင်မိသည်။ဆင်ကထူးထူးခြားခြား အညိုရောင်သန်းသည်။အလုံးအရပ်က စစ်ထွက်ရာတွင်သုံးရန် အသင့်တော်ဆုံးဆင်မျိုးဖြစ်သည်။မင်းရဲကျော်ထင် သဘောကျကာနန်းတော်ကိုဆောင်ယူသွားလေသည်။
အင်းဝမြို့ တန်ခူးနေက ပူပြင်းလွန်းပါသည်။
ဟံသာဝတီပဲခူးနေပြည်တော်ထက်ကို သိသိသာသာပူသည်။နန်းမြို့ရိုးတစ်လျှောက်တွင် အနီရောင်တံခွန်အလံများကို မြင်နိုင်သည်။လှံရှည်ကိုင်ဆောင်ထားသည့် ကင်းတပ်တွေဟာလည်း
အရပ်လေးမျက်နှာ နန်းတော်မုခ်ဦးတွေတွင်အပြည့်။မင်းရဲကျော်ထင်ကိုမြင်ကြတော့ အစောင့်တပ်တွေကအရိုအသေပေးကာ နန်းတော်မုခ်တံခါးကိုဖွင့်ပေးသည်။
မင်းရဲကျော်ထင် နန်းတော်မြောက်အရပ်ရှိဆင်စခန်းကိုဦးတည်လေသည်။ဆင်ကိုထိန်းသိမ်းရင်း ဆင်စခန်းရှိရာကိုဗညားသတိုးတို့ဝင်လာသည်။နန်းတော်ပြသာဒ်တွေက ရွှေရောင်ဖိတ်ဖိတ်တောက်ကာခမ်းနားသည်။သူရနဲ့သူရိန် အင်းဝနန်းတော်ကို ငေးရင်းတအံ့တဩဖြစ်နေသည်။
"အင်းဝသားတွေက ထူးထူးခြားခြားတွေနှစ်သက်ကြတယ်ထင်တယ် ဗိသုကာလက်ရာတွေကား ထူးခြားပါဘိ"
"သူရ အခုချိန်ကျုပ်တို့တွေလည်း အင်းဝသားဆိုတာမေ့မနေလေနဲ့ အပြောအဆိုဆင်ခြင်စမ်းပါလေ"
"မမြင်ဖူးလို့ပြောတာပါ သူရိန်ရဲ့"
သူရက ပြုံးဖြီးဖြီးလုပ်သည်။သည်အချိန်သူရနဲ့သူရိန်တို့ကို စစ်သူကြီးတွေလို့ပြောလျှင် မည်သူမှယုံမည်မထင်။ငယ်ရွယ်သော လုလင်ပျိုအသွင်သာ ရှိသည်။အင်းဝနန်းတော်အဆောက်အအုံတွေက ရိုးရှင်းသောဟံသာဝတီနန်းဆောင်တွေနဲ့မတူ ထူးကဲလှပသည်။ကြွယ်ဝအင်အားကြီးသောနိုင်ငံ ဖြစ်တာနှင့်အညီ ရွှေရောင်တောက်သည့်စေတီပုထိုးများကိုလည်း နေရာအနှံ့ တွေ့နိုင်သေးသည်။နန်းတွင်းသူတွေသည်လည်း တစ်ပတ်လျှိုဆံထုံး ကြက်သွေးရောင်အဆင်းရှိလုံချည်တွေနှင့် လှပသည်။
ဆင်စခန်းတွင် ဆင်စုစုပေါင်းသုံးဆယ် ရှိသည်။မင်းရဲကျော်ထင်တို့ ဆင်စခန်းထဲဝင်လာတော့ မင်းသားငယ်တစ်ပါးက ခွန်အားဗလကြီးမားသည့်ဆင်ပေါ်မှ ဆင်းကာမင်းရဲကျော်ထင်အနီးကိုလျှောက်လာသည်။
"နောင်တော် ဆင်တော်ကတယ်လှပါလား"
"ဟုတ်တယ် ညီတော်မင်းရဲဗလ ဒီကလုလင်ပျိုသုံးယောက်က လက်ရဖမ်းပေးတာဘဲ"
"တယ် အရည်အချင်းရှိပေကိုး နောင်တော်ရဲ့ ကျောက်ရိုင်းတုံးတွေဆိုတော့ သွေးပေးရဦးမယ်"
"အမှန်ဘဲ ဗလ ယခုရလာတဲ့ဆင်တော်ကို
ညီထွေးလေးကိုပေးဖို့ ယဉ်အောင်သင်ကြားပါ"
"ညီထွေးလေးတော့ ပျော်နေရော့မယ်"
မင်းရဲဗလ ဗညားသတိုးတို့ကိုကြည့်ကာ ဘေးမှဆင်ထိန်းတစ်ဦးကို အမိန့်ပေးလိုက်သည်။
"အသင်တို့သုံးယောက် မြို့ရှင်ကျော်စွာနောက်လိုက်သွား မြို့ရှင်ကျော်စွာ ဆင်စခန်းမှာ
သူတို့သုံးယောက်ကိုနေရာပေးရော့"
"မှန်ပါ မင်းသား"
ဗညားသတိုးတို့ မြို့ရှင်ကျော်စွာဆိုသူနောက် ခပ်သွက်သွက် လိုက်သွားသည်။ဆင်စခန်းသည် အလွန်ကျယ်သည်။ဆင်ဦးစီးငယ်များ နေထိုင်ရာအဆောင်က တန်းလျားသဘောရှိသည်။ ကျွမ်းကျင်သောဆင်ဦးစီး ဖြစ်မှသာလျှင်
ဆင်စခန်းအတွင်းတွင် ကိုယ်ပိုင်အဆောင်ရနိုင်သည်။ပြောင်လက်နေသော ကျွန်းအဆောင်တန်းလျားသည် လူအယောက်နှစ်ဆယ်ခန့်ဆန့်သည်။ဗညားသတိုး မြို့ရှင်ကျော်စွာနေရာချပေးသည့်အတိုင်း နေရာယူသည်။
"အသင်တို့ ဒီဆင်စခန်းမှာအကြီးအကဲကကျုပ်မြို့ရှင်ကျော်စွာ အပြင်ကမင်းရဲကျော်ထင်မင်းသားက အင်းဝဘုရင်ရဲ့အကြီးဆုံးသားတော် မင်းရဲဗလမင်းသားကသားတော်အလတ် ဆင်စခန်းကိုဦးစီးနေတဲ့မင်းသားနှစ်ပါး အသင်တို့အပြစ်မပြုကြလေနဲ့ မင်းသားနှစ်ပါးကကျွမ်းကျင်လိမ္မာသူတွေကိုနှစ်သက်ပေတယ် အသင်တို့ကြိုးစားရင် သူကောင်းပြုခြင်းခံရလိမ့်မယ် သစ္စာရှိပြီးကြိုးပမ်းကြပါလေ"
"ဟုတ်ကဲ့ပါ မြို့ရှင်"
မြို့ရှင်ကျော်စွာက ဆင်ဦးစီးတွေဝတ်ရမည့်ဝတ်စုံကိုထုတ်ပေးပြီး ဆောင်တော်အပြင်ထွက်သွားသည်။
ထိုအခါမှ သူရိန်ကဗညားသတိုးကိုစကားစသည်။
"အိမ်ရှေ့မင်း"
"သတိုး ကိုယ်တော့်နာမည်ကသတိုး"
"မှန်ပါ့ သတိုး"
"သည်ဆင်စခန်းမှာရှိနေသ၍ ကျုပ်တို့မင်းရဲကျော်ထင်ရဲ့စစ်ရေးခြေလှမ်းတွေကိုသိနိုင်တယ်မလား ဘယ်အခြေအနေအထိသိပြီးသွားရင်ပဲခူးပြန်မလဲ"
"သူရိန် မင်းကရောက်လာတာတောင်နေ့မကူးသေးဘူး ပြန်ချင်နေပြီလား"
"မဟုတ်ပါဘူး သူရရဲ့သိချင်လို့ပါ"
"ကျုပ်တို့ ဟံသာဝတီကိုစစ်မက်ခင်းမခင်းကျိန်းသေရင်ပြန်မယ် သူရိန်"
"ဟုတ်ကဲ့ပါ"
_________
မင်းရဲဗလ နောင်တော်ကြီးဆောင်ယူလာသည့်ဆင်တော်ရဲ့ဦးကင်းထက်တွင် ထိုင်ကာကျုံးသွင်းနေသည်။မင်းရဲဗလ ချွန်းကိုကျွမ်းကျင်စွာပေါက်ရင်း ဟတ္တသေနင်္ဂသဘာဝကျွမ်းကျင်သည့်မင်းသားပီပီ ဆင်တော်ကိုထိန်းချုပ်နေသည်။ဆင်ကျုံးအပြင်ဘက်တွင် ဆင်ဦးစီးများ၊ဆင်ကဲများက အားပေးကာဝိုင်းကြည့်နေသည်။
မင်းရဲဗလရဲ့ချွန်းက ချွန်ထက်နေပြီးဦးကင်းကိုတစ်ချက်ပေါက်လိုက်တိုင်း သွေးတွေကဖြာထွက်လာသည်။ဆင်တော်က နာကျင်လွန်းတာကြောင့် ဒေါသတကြီးဦးကင်းပေါ်က မင်းရဲဗလကို ပြင်းပြင်းထန်ထန်ခါချသည်။ဆင်ကျုံးထဲ မဝင်ဘဲခြေဆောင့်ကာ နှာမောင်းကိုကြမ်းကြမ်းတမ်းတမ်းဝှေ့ယမ်းပြီး ဦးကင်းပေါ်ကလူကိုဆန့်ကျင်သည်။ဆင်တော်ရဲ့တစ်ကိုယ်လုံးကယမ်းခါနေပြီး ဒေါသတကြီးအော်ဟစ်ကာ ရှေ့ခြေအစုံကိုမြှောက်၍ တစ်ဟုန်ထိုးခါချလိုက်ရာမင်းရဲဗလ ဆင်ဦးကင်းထက်မှ ကျလေသည်။
မြေပြင်ပေါ်တွင်ကား မင်းရဲဗလ အကာအကွယ်မဲ့နေသည်။ဗညားသတိုး ဆင်ကျုံးဝင်းအတွင်းသို့ အသံမျိုးစုံဖြစ်ဟစ်ကြွေးကာ ခုန်ချသည်။ ပရိသတ်တွေက အသက်တောင်မရှူရဲ။ဆင်တော်က ဗညားသတိုးကိုအာရုံစိုက်မိကာ ဆင်ကျုံးဝင်းအတွင်း ဗညားသတိုးထံ တည့်တည့်ပြေးလာသည်။လွှဲယမ်းနေသည့်နှာမောင်းနှင့် ဆင်စွယ်ဖြူဖြူဖွေးဖွေးက ကြောက်မက်ဖွယ်ရာ။ဗညားသတိုး ဆင်တော်ရဲ့ဝှေ့ယမ်းနေသည့်နှာမောင်းကို အားပြုကန်ကာ ဆင်ဦးကင်းထက်ကို ခုန်တက်သည်။
ဗညားသတိုး ဆင်ဦးကင်းထက်မှနေ၍ ချွန်းဖြင့်ကျွမ်းကျင်စွာပေါက်ရင်း ဆင်ကိုထိန်းသည်။ဆင်တော်က အော်ဟစ်ရင်း ငြိမ်သက်လာသည်။ တဖြည်းဖြည်း ဆင်တော်ရဲ့လှုပ်ရှားမှုတွေလည်း ငြိမ်သက်သွားသည်။သွေးတွေက ရဲပတောင်းခတ်အောင်စီးကျနေပြီး ချွန်းကိုင်ထားသည့်ဗညားသတိုး လက်တွေပင် သွေးတို့ဖြင့်စိုစွတ်နေသည်။ဆင်တော်ကို ဆင်ကျုံးအတွင်း သွင်းနိုင်သွားသည်။ယခုအချိန်တွင် ဆင်တော်ကဗညားသတိုးရဲ့အမိန့်ကို အလုံးစုံနာခံသောအသွင်ရှိလေသည်။ကျုံးသွင်းပြီးသောအခါ ဗညားသတိုး ဆင်ပေါ်မှဆင်းသည်။
"သတိုး မင်းအပေါ်ငါ့အသက်အကြွေးတင်သွားပြီ"
"မခံယူဝံ့ပါမင်းသား"
မင်းရဲဗလ သတိုးရဲ့ဝါဖန့်သည့်အသားအရည်၊ ခံ့ညားသောမျက်နှာကို သတိထားမိသည်။ ကိုယ်ခန္ဓာကကြံ့ခိုင်ကာ ပေါ့ပါးဖျတ်လတ်သည်။ဤသတိုး၏မျက်နှာပေါက်တွင် စစ်သေနာပတိအရိပ်အယောင်များ ရနေသည်။
"လာခဲ့ သတိုး"
နားနေဆောင်တွင် မင်းရဲဗလသည်ရွှေရေတကောင်းကိုငှဲ့ကာ ရွှေခွက်ထဲသွန်ချသည်။ပြီးမှ မော့ချလိုက်သည်။ရွှေခွက်ထဲ ရေပြန်ဖြည့်ပြီးသတိုးကိုပေးသည်။သတိုး ရွှေခွက်ကိုကိုင်ကာ မင်းရဲဗလကို လေးစားစွာကြည့်သည်။
"သောက်ရော့လေ"
ရေချမ်းက သတိုး လည်ချောင်းမှတဆင့်ဝမ်းဗိုက်တစ်လျှောက် အေးမြစေသည်။
"နက်ဖြန်ခါ ညီထွေးလေးလာရော့မယ် ဆင်တော်ကိုညီထွေးလေး လက်သေချာအပ်ပါ"
"မှန်ပါ့မင်းသား"
"မင်း ငါ့အမှုတော်ထမ်းရမယ် အသင့်ဘဲလား"
"အသင့်ပါမင်းသား"
"ညီထွေးလေးကို သေချာစောင့်ကြည့်ပါ"
"အမိန့်တော်အတိုင်းပါ"
"ဟား ဟား ဟား ငါတော့လူတစ်ယောက်ရလိုက်တာဘဲ"
မင်းရဲဗလ အားရပါးရရယ်သည်။
သတိုးက ရဲစွမ်းသတ္တိနဲ့ပြည့်စုံသည်။မင်းရဲဗလသာ သေချာမြှောက်စားလျှင် မိမိဘက်တော်သားအဖြစ် အသုံးချနိုင်သည်။
ဗညားသတိုးကတော့ တိတ်တဆိတ်သာအကဲခတ်နေသည်။မင်းရဲဗလရဲ့မျက်ဝန်းတွေက ရက်စက်ဟန်ပေါ်သည်။လောဘရိပ်မြူးသည်။စစ်ရေးရာတွေကိုမသိရလေပါဘဲ နန်းတွင်းအရှုပ်တွေထဲပါသွားရင်ဖြင့် ဗညားသတိုးအတွက် ခက်ချေပြီ။
'အင်း မီးစင်ကြည့်ကရမှာဘဲ'
_________
"သတိုး မင်းသားက ဘာတွေပြောလိုက်လဲ"
"မင်းသားအငယ်ဆုံးကိုစောင့်ကြည့်ဖို့မှာလိုက်တယ် မကြာခင် အင်းဝနန်းတွင်းကြီးထူးခြားတော့မယ်ထင်တယ်"
"ကျွန်တော်မျိူး မဟုတ်ဘူး ငါတို့ဘာဆက်လုပ်ကြမလဲ"
"အင်းဝအရေးကိုကြည့်ပြီးဆုတ်ကြမယ် အင်းဝနန်းတွင်းပြိုကွဲရင် ငါတို့တွေအင်းဝကိုစစ်ချီမယ်"
"မှန်ပါ မင်းသား"
ဗညားသတိုး ဆင်တော်ဒဏ်ရာကိုဆေးသိပ်ပေးနေသည်။ဆင်တော်ကဗညားသတိုးကို နှာမောင်းဖြင့်ပွေ့ဖက်ပြီး နှစ်သိမ့်ခံနေသည်။
"ဇမ္ဗု ပင်ပန်းသွားလေပြီ"
"ဇမ္ဗု ငါကိုယ်တော်မှလွဲရင် ဘယ်သူ့အမိန့်ကိုမှမနာခံလေနဲ့"
ဇမ္ဗုဆင်တော်က နားလည်စွာနားရွက်ကြီးကိုတဖျတ်ဖျတ်ယမ်းရင်း ခေါင်းညိတ်သည်။ထိုစဉ်
ဗညားသတိုး သာယာသည့်ခြူသံကိုကြားရသည်။ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ထွက်ပေါ်လာသောခြူသံ။
'မင်းသားငယ်ရောက်လာပြီ'
ဗညားသတိုး ဇမ္ဗုဆင်တော်ဘေးတွင်ရပ်ကာ ဦးညွှတ်လိုက်သည်။မြင်ကွင်းထဲတွင် ပေါ်လာသည်က ငွေခြူလုံးလေးတွေပါဝင်သည့် ငွေခြေချင်းဝတ်ဆင်ထားသော ခြေချင်းဝတ်လေးတစ်စုံ။
'အလို လှလိုက်တာ'
ဗညားသတိုး စိတ်ထဲမှရေရွတ်မိသွားသည်။ ခြေဖမိုးလေးသည် ဗညားသတိုး၏မြင်ကွင်းထဲတွင် တင့်တယ်စွာတည်ရှိနေသည်။အင်းဝသားတွေနဲ့မတူ ဖြူဖွေးသောအသားအရည်၊အကြောအရိုးရဲ့အပြစ်အနာအဆာမရှိသည့်ခြေထောက်လေး၊ငွေခြေချင်းတွေနှင့်လိုက်ဖက်စွာ ဖြူစင်နေသောခြေဖမိုးလေးကို ဗညားသတိုးငေးကြည့်နေမိသည်။
"အသင် ငါ့မျက်နှာကိုကြည့်လို့ရပါတယ်"
ဗညားသတိုး မင်းသားငယ်ကို ကြည့်လိုက်သည်။ခေါင်းမော့လိုက်သည့်အခိုက်အတန့် ဗညားသတိုးရဲ့လောကကြီးရပ်တန့်သွားသည်။
မင်းသားငယ်ကလည်း ဗညားသတိုးကိုအကြည့်တစ်ချက်ပေးသည်။မင်းသားငယ်က နုနယ်ချောမောသည်။ဖြူဖွေးသောအသားအရည်၊နဂါးသွဲ့ကျောက်အလား ကြည်လင်နေသည့်မျက်ဝန်း၊ကော့ညွတ်သော မျက်တောင်ရှည်။
'အလို ပါးပြင်ပေါ်ကနှင်းဆီသွေး'
"အသင် ဆင်တော်ကို ငါကိုင်လို့ရမလား"
"ရ ရပါတယ် မင်းသား"
သိမ်မွေ့ရဲရင့်သည့်အသံက ဗညားသတိုး တစ်ကိုယ်လုံးကို နူးညံ့သောလေပြေလေး ဖြတ်တိုက်သွားသလို ကြည်နူးသွားစေသည်။
ဗညားသတိုး မင်းသားငယ်ကိုစူးစိုက်ကြည့်နေမိသည်။မင်းသားငယ်က မဟာအရောင် ခရမ်းပြာအသွေးရှိသည့်အဝတ်အထည်ကို ဝတ်ဆင်ထားသည်။
ခရမ်းပြာရောင်ကား တော်ဝင်အရောင်၊မဟာအရောင်၊ခမ်းနားသောအရောင်ဖြစ်သည်။
ယောကျာ်းသားတွေဟာ ခရမ်းပြာရောင်နှင့်မလိုက်ဖက်ပေမယ့် မင်းသားငယ်ရဲ့အသားအရည်နှင့်ခရမ်းပြာရောင်အသွေးက လွန်စွာလိုက်ဖက်လွန်းသည်။ဖြူသွယ်သောလက်လေးကို မြောက်ကာ ဇမ္ဗုဆင်ကိုထိလိုက်တော့ ဆင်တော်ကဒေါသတကြီးနှာမောင်းကိုဝှေ့ယမ်းကာ မင်းသားငယ်လက်ကိုပုတ်ချသည်။
ဗညားသတိုး လွန်စွာစိုးရိမ်တုန်လှုပ်သွားပြီး ဇမ္ဗုကိုအလန့်တကြား အော်လိုက်သည်။အသံကတုန်လှုပ်နေပြီး ပူလောင်မှုများစွန်းထင်းနေသည်။
"ဇမ္ဗု သခင်ငယ်ကိုမရိုမသေမပြုလေနဲ့"
မင်းသားငယ်က နောက်တစ်ကြိမ်ဆင်တော်ကိုထိရန် တွန့်ဆုတ်နေသည်။
"နန်းစောရှင်မင်းသား ဖိနပ်လေးတော့စီးသွားမှပေါ့ မင်းသားရဲ့"
အသံက ဆင်ကျုံးအဝင်တံခါးနားကပင်။အသက်အရွယ်ကြီးမြင့်သည့်အထိန်းတော်က အပြေးလေးလာကာ မင်းသားငယ် ခြေထောက်အနီး ဖိနပ်လေးချပေးသည်။မင်းသားငယ်ကပြုံးသည်။အပြုံးလေးက သန့်စင်ကာ နှစ်သက်ဖွယ်ကောင်းသည်။
"ဖိနပ်မစီးဘဲနေရတာက လွတ်လပ်ရော့တယ်"
"အမယ်ကအသက်ကြီးပါပြီ မင်းသားရယ် မင်းသားနောက်ကို ဖိနပ်ကိုင်ပြီး မလိုက်နိုင်တော့ပါဘူး"
မင်းသားငယ်က ဖိနပ်လေးကို စီးလိုက်သည်။ဖိနပ်လေးက ပိုးချည်တွေနဲ့ချုပ်ထားပြီး ရွှေချည်ဖောက်ထားသည်။ဖိနပ်လေးစီးလိုက်တော့မင်းသားငယ်ရဲ့လှပသည့်ခြေဖမိုးလေးတွေကို အလုံးစုံမမြင်ရတော့ပေ။ဗညားသတိုး နှမျောတသသ ခံစားလိုက်ရသည်။
"အသင် ဒီဆင်တော်အမည်ကဘာလဲ"
"မင်းသားငယ် ဒီဆင်တော်ကဇမ္ဗုအမည်တွင်ပါတယ်"
"ဇမ္ဗု"
နန်းစောရှင် ဆင်တော်ကိုနောက်တစ်ကြိမ် ထိကိုင်လိုက်သည်။သည်တစ်ကြိမ်တွင်တော့ ဆင်တော်ကငြိမ်သက်စွာ နန်းစောရှင်အထိကို နာခံလေသည်။
"ဇမ္ဗု တယ်လှတဲ့ဆင်ပါလား"
---------------
မင္းရဲေက်ာ္ထင္ ဆင္ေတာ္နဲ႔ဆင္ဖမ္းသမားမ်ားကို အကဲခတ္ေနသည္။ဖ်င္ၾကမ္းအဝတ္အထည္ႏွင့္ဆင္ဖမ္းေပးသည့္လုလင္ပ်ိဳသုံးေယာက္က ႐ို႐ိုက်ိဳးက်ိဳး ဦးၫႊတ္ေနၾကသည္။မင္းရဲေက်ာ္ထင္ ျပည္ၿမိဳ႕အနီးတြင္ဆင္ျဖဴေတာ္ေပၚသည္ သတင္းရ၍ လာဖမ္းရာျပည္ၿမိဳ႕ေရာက္တာႏွင့္လုလင္ပ်ိဳသုံးေယာက္က ဆင္ေတာ္ကိုလက္ရဖမ္းၿပီး မင္းရဲေက်ာ္ထင္ကိုဆက္သသည္။လုလင္ပ်ိဳသုံးေယာက္က ငယ္ရြယ္ၿပီးလ်င္ျမန္သြက္လက္ပုံေပၚသည္။
မင္းရဲေက်ာ္ထင္ၿပဳံးလိုက္သည္။
'ဆင္ေတာ္လည္းရ လူေတာ္လည္းရ ယေန႔ေတာ့ကံေကာင္းခ်က္'
မင္းရဲေက်ာ္ထင္ ထိုလူသုံးေယာက္ထဲမွထူးျခားေသာ ကိုယ္ရွိန္ဝါရွိသည့္လုလင္ပ်ိဳကိုေမးသည္။
"အေဆြတို႔နာမည္ဘယ္လိုေခၚသလဲ"
"ကြၽန္ေတာ္မ်ိဳးက သတိုးပါ ဒီဘက္ကႏွစ္ေယာက္က သူရနဲ႔သူရိန္ပါ"
လုလင္ပ်ိဳကစိုးရြံ႕ဟန္မရွိ။ရဲရင့္တည္ၾကည္သည့္မ်က္ႏွာေပါက္ရွိေလသည္။မင္းထင္ေက်ာ္စြာသေဘာက်သြားသည္။
"ေကာင္းၿပီ အေဆြတို႔ ကိုယ္ေတာ္နဲ႔နန္းေတာ္လိုက္ခဲ့ ဆင္ေတာ္ထိန္းရာထူးသူေကာင္းျပဳမယ္"
"ေက်းဇူးႀကီးမားလွပါတယ္ အရွင့္သား"
မင္းရဲေက်ာ္ထင္ ဆင္ေတာ္အနားကိုသြားကာအကဲခတ္သည္။ဆင္ေတာ္က ၾကင္အင္လကၡဏာေကာင္းသည္။ေတာတြင္းဆင္ႏွင့္ေတာ့မတူဘူးလို႔ ထင္မိသည္။ဆင္ကထူးထူးျခားျခား အညိဳေရာင္သန္းသည္။အလုံးအရပ္က စစ္ထြက္ရာတြင္သုံးရန္ အသင့္ေတာ္ဆုံးဆင္မ်ိဳးျဖစ္သည္။မင္းရဲေက်ာ္ထင္ သေဘာက်ကာနန္းေတာ္ကိုေဆာင္ယူသြားေလသည္။
အင္းဝၿမိဳ႕ တန္ခူးေနက ပူျပင္းလြန္းပါသည္။
ဟံသာဝတီပဲခူးေနျပည္ေတာ္ထက္ကို သိသိသာသာပူသည္။နန္းၿမိဳ႕႐ိုးတစ္ေလွ်ာက္တြင္ အနီေရာင္တံခြန္အလံမ်ားကို ျမင္ႏိုင္သည္။လွံရွည္ကိုင္ေဆာင္ထားသည့္ ကင္းတပ္ေတြဟာလည္း
အရပ္ေလးမ်က္ႏွာ နန္းေတာ္မုခ္ဦးေတြတြင္အျပည့္။မင္းရဲေက်ာ္ထင္ကိုျမင္ၾကေတာ့ အေစာင့္တပ္ေတြကအ႐ိုအေသေပးကာ နန္းေတာ္မုခ္တံခါးကိုဖြင့္ေပးသည္။
မင္းရဲေက်ာ္ထင္ နန္းေတာ္ေျမာက္အရပ္ရွိဆင္စခန္းကိုဦးတည္ေလသည္။ဆင္ကိုထိန္းသိမ္းရင္း ဆင္စခန္းရွိရာကိုဗညားသတိုးတို႔ဝင္လာသည္။နန္းေတာ္ျပသာဒ္ေတြက ေရႊေရာင္ဖိတ္ဖိတ္ေတာက္ကာခမ္းနားသည္။သူရနဲ႔သူရိန္ အင္းဝနန္းေတာ္ကို ေငးရင္းတအံ့တဩျဖစ္ေနသည္။
"အင္းဝသားေတြက ထူးထူးျခားျခားေတြႏွစ္သက္ၾကတယ္ထင္တယ္ ဗိသုကာလက္ရာေတြကား ထူးျခားပါဘိ"
"သူရ အခုခ်ိန္က်ဳပ္တို႔ေတြလည္း အင္းဝသားဆိုတာေမ့မေနေလနဲ႔ အေျပာအဆိုဆင္ျခင္စမ္းပါေလ"
"မျမင္ဖူးလို႔ေျပာတာပါ သူရိန္ရဲ႕"
သူရက ၿပဳံးၿဖီးၿဖီးလုပ္သည္။သည္အခ်ိန္သူရနဲ႔သူရိန္တို႔ကို စစ္သူႀကီးေတြလို႔ေျပာလွ်င္ မည္သူမွယုံမည္မထင္။ငယ္ရြယ္ေသာ လုလင္ပ်ိဳအသြင္သာ ရွိသည္။အင္းဝနန္းေတာ္အေဆာက္အအုံေတြက ႐ိုးရွင္းေသာဟံသာဝတီနန္းေဆာင္ေတြနဲ႔မတူ ထူးကဲလွပသည္။ႂကြယ္ဝအင္အားႀကီးေသာႏိုင္ငံ ျဖစ္တာႏွင့္အညီ ေရႊေရာင္ေတာက္သည့္ေစတီပုထိုးမ်ားကိုလည္း ေနရာအႏွံ႔ ေတြ႕ႏိုင္ေသးသည္။နန္းတြင္းသူေတြသည္လည္း တစ္ပတ္လွ်ိဳဆံထုံး ၾကက္ေသြးေရာင္အဆင္းရွိလုံခ်ည္ေတြႏွင့္ လွပသည္။
ဆင္စခန္းတြင္ ဆင္စုစုေပါင္းသုံးဆယ္ ရွိသည္။မင္းရဲေက်ာ္ထင္တို႔ ဆင္စခန္းထဲဝင္လာေတာ့ မင္းသားငယ္တစ္ပါးက ခြန္အားဗလႀကီးမားသည့္ဆင္ေပၚမွ ဆင္းကာမင္းရဲေက်ာ္ထင္အနီးကိုေလွ်ာက္လာသည္။
"ေနာင္ေတာ္ ဆင္ေတာ္ကတယ္လွပါလား"
"ဟုတ္တယ္ ညီေတာ္မင္းရဲဗလ ဒီကလုလင္ပ်ိဳသုံးေယာက္က လက္ရဖမ္းေပးတာဘဲ"
"တယ္ အရည္အခ်င္းရွိေပကိုး ေနာင္ေတာ္ရဲ႕ ေက်ာက္႐ိုင္းတုံးေတြဆိုေတာ့ ေသြးေပးရဦးမယ္"
"အမွန္ဘဲ ဗလ ယခုရလာတဲ့ဆင္ေတာ္ကို
ညီေထြးေလးကိုေပးဖို႔ ယဉ္ေအာင္သင္ၾကားပါ"
"ညီေထြးေလးေတာ့ ေပ်ာ္ေနေရာ့မယ္"
မင္းရဲဗလ ဗညားသတိုးတို႔ကိုၾကည့္ကာ ေဘးမွဆင္ထိန္းတစ္ဦးကို အမိန္႔ေပးလိုက္သည္။
"အသင္တို႔သုံးေယာက္ ၿမိဳ႕ရွင္ေက်ာ္စြာေနာက္လိုက္သြား ၿမိဳ႕ရွင္ေက်ာ္စြာ ဆင္စခန္းမွာ
သူတို႔သုံးေယာက္ကိုေနရာေပးေရာ့"
"မွန္ပါ မင္းသား"
ဗညားသတိုးတို႔ ၿမိဳ႕ရွင္ေက်ာ္စြာဆိုသူေနာက္ ခပ္သြက္သြက္ လိုက္သြားသည္။ဆင္စခန္းသည္ အလြန္က်ယ္သည္။ဆင္ဦးစီးငယ္မ်ား ေနထိုင္ရာအေဆာင္က တန္းလ်ားသေဘာရွိသည္။ ကြၽမ္းက်င္ေသာဆင္ဦးစီး ျဖစ္မွသာလွ်င္
ဆင္စခန္းအတြင္းတြင္ ကိုယ္ပိုင္အေဆာင္ရႏိုင္သည္။ေျပာင္လက္ေနေသာ ကြၽန္းအေဆာင္တန္းလ်ားသည္ လူအေယာက္ႏွစ္ဆယ္ခန္႔ဆန္႔သည္။ဗညားသတိုး ၿမိဳ႕ရွင္ေက်ာ္စြာေနရာခ်ေပးသည့္အတိုင္း ေနရာယူသည္။
"အသင္တို႔ ဒီဆင္စခန္းမွာအႀကီးအကဲကက်ဳပ္ၿမိဳ႕ရွင္ေက်ာ္စြာ အျပင္ကမင္းရဲေက်ာ္ထင္မင္းသားက အင္းဝဘုရင္ရဲ႕အႀကီးဆုံးသားေတာ္ မင္းရဲဗလမင္းသားကသားေတာ္အလတ္ ဆင္စခန္းကိုဦးစီးေနတဲ့မင္းသားႏွစ္ပါး အသင္တို႔အျပစ္မျပဳၾကေလနဲ႔ မင္းသားႏွစ္ပါးကကြၽမ္းက်င္လိမၼာသူေတြကိုႏွစ္သက္ေပတယ္ အသင္တို႔ႀကိဳးစားရင္ သူေကာင္းျပဳျခင္းခံရလိမ့္မယ္ သစၥာရွိၿပီးႀကိဳးပမ္းၾကပါေလ"
"ဟုတ္ကဲ့ပါ ၿမိဳ႕ရွင္"
ၿမိဳ႕ရွင္ေက်ာ္စြာက ဆင္ဦးစီးေတြဝတ္ရမည့္ဝတ္စုံကိုထုတ္ေပးၿပီး ေဆာင္ေတာ္အျပင္ထြက္သြားသည္။
ထိုအခါမွ သူရိန္ကဗညားသတိုးကိုစကားစသည္။
"အိမ္ေရွ႕မင္း"
"သတိုး ကိုယ္ေတာ့္နာမည္ကသတိုး"
"မွန္ပါ႔ သတိုး"
"သည္ဆင္စခန္းမွာရွိေနသ၍ က်ဳပ္တို႔မင္းရဲေက်ာ္ထင္ရဲ႕စစ္ေရးေျခလွမ္းေတြကိုသိႏိုင္တယ္မလား ဘယ္အေျခအေနအထိသိၿပီးသြားရင္ပဲခူးျပန္မလဲ"
"သူရိန္ မင္းကေရာက္လာတာေတာင္ေန႔မကူးေသးဘူး ျပန္ခ်င္ေနၿပီလား"
"မဟုတ္ပါဘူး သူရရဲ႕သိခ်င္လို႔ပါ"
"က်ဳပ္တို႔ ဟံသာဝတီကိုစစ္မက္ခင္းမခင္းက်ိန္းေသရင္ျပန္မယ္ သူရိန္"
"ဟုတ္ကဲ့ပါ"
_________
မင္းရဲဗလ ေနာင္ေတာ္ႀကီးေဆာင္ယူလာသည့္ဆင္ေတာ္ရဲ႕ဦးကင္းထက္တြင္ ထိုင္ကာက်ဳံးသြင္းေနသည္။မင္းရဲဗလ ခြၽန္းကိုကြၽမ္းက်င္စြာေပါက္ရင္း ဟတၱေသနဂၤသဘာဝကြၽမ္းက်င္သည့္မင္းသားပီပီ ဆင္ေတာ္ကိုထိန္းခ်ဳပ္ေနသည္။ဆင္က်ဳံးအျပင္ဘက္တြင္ ဆင္ဦးစီးမ်ား၊ဆင္ကဲမ်ားက အားေပးကာဝိုင္းၾကည့္ေနသည္။
မင္းရဲဗလရဲ႕ခြၽန္းက ခြၽန္ထက္ေနၿပီးဦးကင္းကိုတစ္ခ်က္ေပါက္လိုက္တိုင္း ေသြးေတြကျဖာထြက္လာသည္။ဆင္ေတာ္က နာက်င္လြန္းတာေၾကာင့္ ေဒါသတႀကီးဦးကင္းေပၚက မင္းရဲဗလကို ျပင္းျပင္းထန္ထန္ခါခ်သည္။ဆင္က်ဳံးထဲ မဝင္ဘဲေျခေဆာင့္ကာ ႏွာေမာင္းကိုၾကမ္းၾကမ္းတမ္းတမ္းေဝွ႔ယမ္းၿပီး ဦးကင္းေပၚကလူကိုဆန္႔က်င္သည္။ဆင္ေတာ္ရဲ႕တစ္ကိုယ္လုံးကယမ္းခါေနၿပီး ေဒါသတႀကီးေအာ္ဟစ္ကာ ေရွ႕ေျခအစုံကိုေျမႇာက္၍ တစ္ဟုန္ထိုးခါခ်လိုက္ရာမင္းရဲဗလ ဆင္ဦးကင္းထက္မွ က်ေလသည္။
ေျမျပင္ေပၚတြင္ကား မင္းရဲဗလ အကာအကြယ္မဲ့ေနသည္။ဗညားသတိုး ဆင္က်ဳံးဝင္းအတြင္းသို႔ အသံမ်ိဳးစုံျဖစ္ဟစ္ေႂကြးကာ ခုန္ခ်သည္။ ပရိသတ္ေတြက အသက္ေတာင္မ႐ွဴရဲ။ဆင္ေတာ္က ဗညားသတိုးကိုအာ႐ုံစိုက္မိကာ ဆင္က်ဳံးဝင္းအတြင္း ဗညားသတိုးထံ တည့္တည့္ေျပးလာသည္။လႊဲယမ္းေနသည့္ႏွာေမာင္းႏွင့္ ဆင္စြယ္ျဖဴျဖဴေဖြးေဖြးက ေၾကာက္မက္ဖြယ္ရာ။ဗညားသတိုး ဆင္ေတာ္ရဲ႕ေဝွ႔ယမ္းေနသည့္ႏွာေမာင္းကို အားျပဳကန္ကာ ဆင္ဦးကင္းထက္ကို ခုန္တက္သည္။
ဗညားသတိုး ဆင္ဦးကင္းထက္မွေန၍ ခြၽန္းျဖင့္ကြၽမ္းက်င္စြာေပါက္ရင္း ဆင္ကိုထိန္းသည္။ဆင္ေတာ္က ေအာ္ဟစ္ရင္း ၿငိမ္သက္လာသည္။ တျဖည္းျဖည္း ဆင္ေတာ္ရဲ႕လႈပ္ရွားမႈေတြလည္း ၿငိမ္သက္သြားသည္။ေသြးေတြက ရဲပေတာင္းခတ္ေအာင္စီးက်ေနၿပီး ခြၽန္းကိုင္ထားသည့္ဗညားသတိုး လက္ေတြပင္ ေသြးတို႔ျဖင့္စိုစြတ္ေနသည္။ဆင္ေတာ္ကို ဆင္က်ဳံးအတြင္း သြင္းႏိုင္သြားသည္။ယခုအခ်ိန္တြင္ ဆင္ေတာ္ကဗညားသတိုးရဲ႕အမိန္႔ကို အလုံးစုံနာခံေသာအသြင္ရွိေလသည္။က်ဳံးသြင္းၿပီးေသာအခါ ဗညားသတိုး ဆင္ေပၚမွဆင္းသည္။
"သတိုး မင္းအေပၚငါ႔အသက္အေႂကြးတင္သြားၿပီ"
"မခံယူဝံ့ပါမင္းသား"
မင္းရဲဗလ သတိုးရဲ႕ဝါဖန္႔သည့္အသားအရည္၊ ခံ့ညားေသာမ်က္ႏွာကို သတိထားမိသည္။ ကိုယ္ခႏၶာကႀကံ့ခိုင္ကာ ေပါ႔ပါးဖ်တ္လတ္သည္။ဤသတိုး၏မ်က္ႏွာေပါက္တြင္ စစ္ေသနာပတိအရိပ္အေယာင္မ်ား ရေနသည္။
"လာခဲ့ သတိုး"
နားေနေဆာင္တြင္ မင္းရဲဗလသည္ေရႊေရတေကာင္းကိုငွဲ႔ကာ ေရႊခြက္ထဲသြန္ခ်သည္။ၿပီးမွ ေမာ့ခ်လိုက္သည္။ေရႊခြက္ထဲ ေရျပန္ျဖည့္ၿပီးသတိုးကိုေပးသည္။သတိုး ေရႊခြက္ကိုကိုင္ကာ မင္းရဲဗလကို ေလးစားစြာၾကည့္သည္။
"ေသာက္ေရာ့ေလ"
ေရခ်မ္းက သတိုး လည္ေခ်ာင္းမွတဆင့္ဝမ္းဗိုက္တစ္ေလွ်ာက္ ေအးျမေစသည္။
"နက္ျဖန္ခါ ညီေထြးေလးလာေရာ့မယ္ ဆင္ေတာ္ကိုညီေထြးေလး လက္ေသခ်ာအပ္ပါ"
"မွန္ပါ႔မင္းသား"
"မင္း ငါ႔အမႈေတာ္ထမ္းရမယ္ အသင့္ဘဲလား"
"အသင့္ပါမင္းသား"
"ညီေထြးေလးကို ေသခ်ာေစာင့္ၾကည့္ပါ"
"အမိန္႔ေတာ္အတိုင္းပါ"
"ဟား ဟား ဟား ငါေတာ့လူတစ္ေယာက္ရလိုက္တာဘဲ"
မင္းရဲဗလ အားရပါးရရယ္သည္။
သတိုးက ရဲစြမ္းသတၱိနဲ႔ျပည့္စုံသည္။မင္းရဲဗလသာ ေသခ်ာေျမႇာက္စားလွ်င္ မိမိဘက္ေတာ္သားအျဖစ္ အသုံးခ်ႏိုင္သည္။
ဗညားသတိုးကေတာ့ တိတ္တဆိတ္သာအကဲခတ္ေနသည္။မင္းရဲဗလရဲ႕မ်က္ဝန္းေတြက ရက္စက္ဟန္ေပၚသည္။ေလာဘရိပ္ျမဴးသည္။စစ္ေရးရာေတြကိုမသိရေလပါဘဲ နန္းတြင္းအရႈပ္ေတြထဲပါသြားရင္ျဖင့္ ဗညားသတိုးအတြက္ ခက္ေခ်ၿပီ။
'အင္း မီးစင္ၾကည့္ကရမွာဘဲ'
_________
"သတိုး မင္းသားက ဘာေတြေျပာလိုက္လဲ"
"မင္းသားအငယ္ဆုံးကိုေစာင့္ၾကည့္ဖို႔မွာလိုက္တယ္ မၾကာခင္ အင္းဝနန္းတြင္းႀကီးထူးျခားေတာ့မယ္ထင္တယ္"
"ကြၽန္ေတာ္မ်ိဴး မဟုတ္ဘူး ငါတို႔ဘာဆက္လုပ္ၾကမလဲ"
"အင္းဝအေရးကိုၾကည့္ၿပီးဆုတ္ၾကမယ္ အင္းဝနန္းတြင္းၿပိဳကြဲရင္ ငါတို႔ေတြအင္းဝကိုစစ္ခ်ီမယ္"
"မွန္ပါ မင္းသား"
ဗညားသတိုး ဆင္ေတာ္ဒဏ္ရာကိုေဆးသိပ္ေပးေနသည္။ဆင္ေတာ္ကဗညားသတိုးကို ႏွာေမာင္းျဖင့္ေပြ႕ဖက္ၿပီး ႏွစ္သိမ့္ခံေနသည္။
"ဇမၺဳ ပင္ပန္းသြားေလၿပီ"
"ဇမၺဳ ငါကိုယ္ေတာ္မွလြဲရင္ ဘယ္သူ့အမိန္႔ကိုမွမနာခံေလနဲ႔"
ဇမၺဳဆင္ေတာ္က နားလည္စြာနားရြက္ႀကီးကိုတဖ်တ္ဖ်တ္ယမ္းရင္း ေခါင္းညိတ္သည္။ထိုစဉ္
ဗညားသတိုး သာယာသည့္ျခဴသံကိုၾကားရသည္။ေျခတစ္လွမ္းလွမ္းလိုက္တိုင္း ထြက္ေပၚလာေသာျခဴသံ။
'မင္းသားငယ္ေရာက္လာၿပီ'
ဗညားသတိုး ဇမၺဳဆင္ေတာ္ေဘးတြင္ရပ္ကာ ဦးၫႊတ္လိုက္သည္။ျမင္ကြင္းထဲတြင္ ေပၚလာသည္က ေငြျခဴလုံးေလးေတြပါဝင္သည့္ ေငြေျခခ်င္းဝတ္ဆင္ထားေသာ ေျခခ်င္းဝတ္ေလးတစ္စုံ။
'အလို လွလိုက္တာ'
ဗညားသတိုး စိတ္ထဲမွေရရြတ္မိသြားသည္။ ေျခဖမိုးေလးသည္ ဗညားသတိုး၏ျမင္ကြင္းထဲတြင္ တင့္တယ္စြာတည္ရွိေနသည္။အင္းဝသားေတြနဲ႔မတူ ျဖဴေဖြးေသာအသားအရည္၊အေၾကာအ႐ိုးရဲ႕အျပစ္အနာအဆာမရွိသည့္ေျခေထာက္ေလး၊ေငြေျခခ်င္းေတြႏွင့္လိုက္ဖက္စြာ ျဖဴစင္ေနေသာေျခဖမိုးေလးကို ဗညားသတိုးေငးၾကည့္ေနမိသည္။
"အသင္ ငါ႔မ်က္ႏွာကိုၾကည့္လို႔ရပါတယ္"
ဗညားသတိုး မင္းသားငယ္ကို ၾကည့္လိုက္သည္။ေခါင္းေမာ့လိုက္သည့္အခိုက္အတန္႔ ဗညားသတိုးရဲ႕ေလာကႀကီးရပ္တန္႔သြားသည္။
မင္းသားငယ္ကလည္း ဗညားသတိုးကိုအၾကည့္တစ္ခ်က္ေပးသည္။မင္းသားငယ္က ႏုနယ္ေခ်ာေမာသည္။ျဖဴေဖြးေသာအသားအရည္၊နဂါးသြဲ႕ေက်ာက္အလား ၾကည္လင္ေနသည့္မ်က္ဝန္း၊ေကာ့ၫြတ္ေသာ မ်က္ေတာင္ရွည္။
'အလို ပါးျပင္ေပၚကႏွင္းဆီေသြး'
"အသင္ ဆင္ေတာ္ကို ငါကိုင္လို႔ရမလား"
"ရ ရပါတယ္ မင္းသား"
သိမ္ေမြ႕ရဲရင့္သည့္အသံက ဗညားသတိုး တစ္ကိုယ္လုံးကို ႏူးညံ့ေသာေလေျပေလး ျဖတ္တိုက္သြားသလို ၾကည္ႏူးသြားေစသည္။
ဗညားသတိုး မင္းသားငယ္ကိုစူးစိုက္ၾကည့္ေနမိသည္။မင္းသားငယ္က မဟာအေရာင္ ခရမ္းျပာအေသြးရွိသည့္အဝတ္အထည္ကို ဝတ္ဆင္ထားသည္။
ခရမ္းျပာေရာင္ကား ေတာ္ဝင္အေရာင္၊မဟာအေရာင္၊ခမ္းနားေသာအေရာင္ျဖစ္သည္။
ေယာက်ာ္းသားေတြဟာ ခရမ္းျပာေရာင္ႏွင့္မလိုက္ဖက္ေပမယ့္ မင္းသားငယ္ရဲ႕အသားအရည္ႏွင့္ခရမ္းျပာေရာင္အေသြးက လြန္စြာလိုက္ဖက္လြန္းသည္။ျဖဴသြယ္ေသာလက္ေလးကို ေျမာက္ကာ ဇမၺဳဆင္ကိုထိလိုက္ေတာ့ ဆင္ေတာ္ကေဒါသတႀကီးႏွာေမာင္းကိုေဝွ႔ယမ္းကာ မင္းသားငယ္လက္ကိုပုတ္ခ်သည္။
ဗညားသတိုး လြန္စြာစိုးရိမ္တုန္လႈပ္သြားၿပီး ဇမၺဳကိုအလန္႔တၾကား ေအာ္လိုက္သည္။အသံကတုန္လႈပ္ေနၿပီး ပူေလာင္မႈမ်ားစြန္းထင္းေနသည္။
"ဇမၺဳ သခင္ငယ္ကိုမ႐ိုမေသမျပဳေလနဲ႔"
မင္းသားငယ္က ေနာက္တစ္ႀကိမ္ဆင္ေတာ္ကိုထိရန္ တြန္႔ဆုတ္ေနသည္။
"နန္းေစာရွင္မင္းသား ဖိနပ္ေလးေတာ့စီးသြားမွေပါ႔ မင္းသားရဲ႕"
အသံက ဆင္က်ဳံးအဝင္တံခါးနားကပင္။အသက္အရြယ္ႀကီးျမင့္သည့္အထိန္းေတာ္က အေျပးေလးလာကာ မင္းသားငယ္ ေျခေထာက္အနီး ဖိနပ္ေလးခ်ေပးသည္။မင္းသားငယ္ကၿပဳံးသည္။အၿပဳံးေလးက သန္႔စင္ကာ ႏွစ္သက္ဖြယ္ေကာင္းသည္။
"ဖိနပ္မစီးဘဲေနရတာက လြတ္လပ္ေရာ့တယ္"
"အမယ္ကအသက္ႀကီးပါၿပီ မင္းသားရယ္ မင္းသားေနာက္ကို ဖိနပ္ကိုင္ၿပီး မလိုက္ႏိုင္ေတာ့ပါဘူး"
မင္းသားငယ္က ဖိနပ္ေလးကို စီးလိုက္သည္။ဖိနပ္ေလးက ပိုးခ်ည္ေတြနဲ႔ခ်ဳပ္ထားၿပီး ေရႊခ်ည္ေဖာက္ထားသည္။ဖိနပ္ေလးစီးလိုက္ေတာ့မင္းသားငယ္ရဲ႕လွပသည့္ေျခဖမိုးေလးေတြကို အလုံးစုံမျမင္ရေတာ့ေပ။ဗညားသတိုး ႏွေမ်ာတသသ ခံစားလိုက္ရသည္။
"အသင္ ဒီဆင္ေတာ္အမည္ကဘာလဲ"
"မင္းသားငယ္ ဒီဆင္ေတာ္ကဇမၺဳအမည္တြင္ပါတယ္"
"ဇမၺဳ"
နန္းေစာရွင္ ဆင္ေတာ္ကိုေနာက္တစ္ႀကိမ္ ထိကိုင္လိုက္သည္။သည္တစ္ႀကိမ္တြင္ေတာ့ ဆင္ေတာ္ကၿငိမ္သက္စြာ နန္းေစာရွင္အထိကို နာခံေလသည္။
"ဇမၺဳ တယ္လွတဲ့ဆင္ပါလား"