#Unicode#
"သီဟ သက်သေတွေ ရလာရင် ဘယ်သူ့ဆီ အပ်မှာလဲ......" ဆိုပြီး မြင့်မြတ်မှ သီဟကို မေးလိုက်လေသည်။
မြင့်မြတ်ရဲ့ အမေးကြောင့် ဆိုင်ထဲက လူတွေက သီဟကို စိတ်၀င်တစားဖြင့် ကြည့်နေကြလေသည်။ မြင့်မြတ် မေးလိုက်တဲ့ မေးခွန်းသည် အရမ်းအရေးကြီးသည်။ ဝေယံလင်းထွန်းဆိုတာ အညတရ မူးယစ်ဂိုဏ်းချုပ်မှ မဟုတ်ဘဲ။ အထက်လူကြီးတွေနဲ့ သိနေ၊ခင်နေတဲ့ သူဘဲမလား။ မတော်လို့ သက်သေတွေကို လူမှားပေးမိတယ်ဆိုရင် စီစဉ်ထားတာတွေက သဲထဲ ရေသွန်သလို ဖြစ်ကုန်မှာပေါ့။ ပြီးတော့လည်း လူပင်ပန်းတာဘဲ အဖတ်တင် ကျန်ခဲ့မှာဘဲပေါ့။
ဒါကြောင့် သီဟလည်း တစ်ချက် ပြန်ပြီး စဉ်းစားနေတော့၏။ ထိုင်ပြီး စဉ်းစားနေရင်းမှ သီဟထရပ်လိုက်သည်။ ပြီးနောက် ကောင်တာနားကို သွားလိုက်လေသည်။ ကောင်တာနား သွားလိုက်ပြီး သီဟ တစ်ယောက် ဆိုင်မှာ ကူလုပ်ပေးနေတဲ့ ကောင်မလေးကို ခေါ်လာလေသည်။ ပြီးတော့ ထိုင်ခုံလေး ယူပြီး ထိုကောင်မလေးကို ထိုင်ခိုင်းတော့သည်။
အားလုံးမှာ ကြောင်တောင်တောင်လေးဖြင့် သီဟကို ကြည့်နေလေသည်။ အကူကောင်မလေးလည်း ကြောင်တောင်တောင် ဖြစ်လို့နေလေသည်။
"ဘာလုပ်မလို့လဲ ချစ်" ဆိုပြီး မြတ်မင်းကိုမှ မေးလိုက်ပြန်လေသည်။
သီဟမှာ ထိုအကူကောင်မလေးကို ကြည့်ပြီး
"သူဘဲ ရဲစခန်းကို သွားရမှာ" ဟု လက်ညိုးထိုးကာ ပြောလိုက်လေတော့သည်။
"ရှင်..... အကို..... ညီမက ဘာလုပ်လို့ ရဲစခန်းကို သွားရမှာလဲဟင်.... ညီမ အလုပ်တွေလည်း ပြီးအောင်လုပ်တယ်လေ..... ပြီးတော့ ပိုက်ဆံတွေလည်း မဘတ်ထားပါဘူး အကို" ဆိုပြီး ထိုအကူ ကောင်မလေးမှာ သီဟကို ပြာပြာသလဲဖြင့် ပြောလေတော့၏။
"ချစ်.... သေချာ ပြောပြလိုက်လေ" ဟု မြတ်မင်းကိုမှ သီဟအား ထပ်ပြောလိုက်ပြန်သည်။
ဒါနဲ့ သီဟမှာ ထိုအကူကောင်မလေး အနားသို့ သွားလိုက်ပြီး
"အကို တောင်းပန်ပါတယ်.... ညီမ.... အကိုက ညီမကို ရဲစခန်းကို သွားဖို့ အကူအညီတောင်းမလို့ပါ.... ခဏက ပြောချင်ဇောနဲ့ ပြောလိုက်မိလိုပါ" ဟု အားနာနာဖြင့် ပြန်ပြောလိုက်လေသည်။
ဒီတော့မှ ထိုအကူကောင်မလေးမှာ စိတ်အေးသွားရလေသည်။
"ဘာလို့ သူက ရဲစခန်းကို သွားပေးရမှာလဲ" ဟု မြင့်မြတ်က မေးလာသည်။
"အမ်....... ရဲစခန်းမှာ ဝေယံလင်းထွန်းရဲ့ နောက်ပါးစေတွေ ရှိနေနိုင်တယ်လေ.... အဲ့တာကို သီဟတို့ သတိထားရမယ်.... အကယ်၍ နောက်ပါးစေတွေသာ သီဟတို့ကို သတိထားမိသွားရင် သက်သေတွေက အထမြောက်တော့မှာ မဟုတ်ဘူးလေ"
"သီဟ ပြောတာလည်း အဓိပ္ပာယ်တော့ ရှိသား....." ဟု
အောင်နိုင်သူက သီဟရဲ့ စကားကို ၀င်၍ ထောက်ခံလေသည်။
"အကိုမြင့်မြတ်ဆီမှာ ရဲမှူးကြီးရဲ့ ပုံ ရှိတယ်မလား" ဆိုကာ သီဟ မေးလိုက်တော့ မြင့်မြတ်မှာ ဖုန်းထဲက ရဲမှူးကြီးပုံကို ရှာနေတော့သည်။
"တွေပြီ ဒီမှာဘဲ...." ဟု မြင့်မြတ် တစ်ယောက် ပြောလည်း ပြောရင်း သီဟကို ဖုန်းကမ်းပေးလိုက်လေသည်။
သီဟမှာ ဖုန်းထဲက ပုံကို ကောင်မလေးသို့ ပြလိုက်ပြီး
"အကိုတို့ ဘာလုပ်နေတယ်ဆိုတာ ညီမ တစ်စွန်းတစ်စတော့ သိမယ် ထင်တာဘဲ..... အကိုတိူ့ သက်သေရလာပြီးရင် ညီမ ဒီရဲမှူးကြီးဆီကို သွားပြီး သတင်းပေးနိုင်မလား" ဆိုပြီး သီဟကနေမှ အကူကောင်မလေးကို မေးလိုက်လေသည်။
"ရပါတယ် အကို.....အကိုတို့ ဘာလုပ်နေလဲ ဆိုတာ ညီမ သိပါတယ်..... ညီမလည်း တစ်နေရာရာကနေ ကူညီချင်နေတာ.... အခုတော့ အတော်ဘဲလို့ ပြောရမှာပေါ့...... ညီမ ကူညီပေးပါ့မယ် အကို " ဆိုပြီး ထိုအကူကောင်မလေးမှာ သီဟကို ချက်ချင်းဘဲ အဖြေ ပြန်ပေးလိုက်တော့သည်။
"အဲ့တာဆို ရပြီ.... ညီမ..... ကောင်တာကို ပြန်သွားလိုက်တော့နော်"
"ဟုတ်.... ဟုတ်...." လို့ ပြန်ပြောပြီး ထိုကောင်မလေးမှာ ကောင်တာဘက်သို့ သွားလေတော့၏။
"ဒါဆိုရင် ဒီကောင်မလေးအတွက်လည်း အစီအစဉ် ဆွဲရတော့မှာပေါ့" လို့ အောင်နိုင်သူမှ မြတ်မင်းကိုအား ကြည့်ကာ အရွှန်းဖောက်လိုက်တာကြောင့် အားလုံး ရယ်ပွဲကျသွားလေသည်။
"ဒီကောင်မလေး နောက်ဆုံးပိတ် အိတ်နဲ့လွယ်ရမယ် ဆိုတော့ သူ့အတွက် ဇာတ်ညွှန်းက ထွေထွေထူးထူးတော့ မရှိပါဘူး.... ဒါပေမယ့် တစ်ခွန်း နှစ်ခွန်းတော့ ပြောရမှာပေါ့လေ" ဟု မြတ်မင်းကိုမှ ပြောလိုက်တော့သည်။
"ကဲ...... မနက်ဖြန်လေးက တစ်ကယ့်ကို ပွဲကြီးပွဲကောင်းနေ့ဘဲပေါ့" ဟု မြတ်မင်းကိုဘဲ ထပ်ပြောလေသည်။
"ဒါပေါ့...... အပြတ်ရှင်းထုတ်ဖို့ အချိန်ဘဲပေါ့" လို့ သီဟမှာ လက်ပိုက်ရင်း ပြောလိုက်သည်။
သက်ရှိုင်းကိုမှာတော့ ဒီအုပ်စုကြီးကို ကြည့်၍ အားကျနေတော့၏။ နှင်းလည်း သီဟကို အားနာတဲ့ အကြည့်ဖြင့် ကြည့်လျက်။
..................................
သီဟတို့ တစ်သိုက် သက်သေတွေ ရလာပြီးတော့ cafeဆိုင်လေးကို ပြန်လာခဲ့လိုက်ကြလေသည်။ cafeဆိုင်ထဲသို့ ဝင်လိုက်လျှင်ပင် စိုးရိမ်တကြဖြင့် စောင့်နေတဲ့ မြတ်မင်းကိုအား တွေ့ရပေမည်။ မြတ်မင်းကို တစ်ယောက် ဆိုင်ထဲ ၀င်လာတဲ့ သီဟတို့ကို တွေ့ပြီး ၀မ်းသာသွားရလေသည်။ မြတ်မင်းကိုမှာ သီဟဆီသို့ အပြေးအလွှားလေး သွားပြီး ဖက်လိုက်တော့သည်။
"ကိုက တစ်ခုခုများ ဖြစ်နေပြီလားလို့ စိုးရိမ်နေတာ" ဆိုပြီး မြတ်မင်းကိုမှ သီဟကို ဖက်ရင်း ပြောလိုက်လေသည်။
"ဘာမှ မဖြစ်ပါဘူး..... ကိုမြတ်ကလည်း....."
"ကဲ.....ကဲ..... အလွမ်းသယ်တာ နောက်မှ လုပ်တော့..... ရဲစခန်းကို ပြေးရအုန်းမယ်လေ" ဟု မြင့်မြတ်သူက ပြောလိုက်တော့ သီဟတို့ နှစ်ယောက်သား ဖက်ထားရာကနေ ခွာလိုက်လေသည်။
ပြီးနောက် တပ်ထားတဲ့ hidden cameraနဲ့ hidden recorderတွေကို ဖြုတ်ပြီး လက်တော့ တစ်လုံးဖြင့် အလှုပ်ရှုပ်နေလေ၏။ မြတ်မ်ုးကိုမှာ သီဟတို့တွေ ယူလာတဲ့ သက်သေတွေကို တည်းဖြတ်နေလေသည်။ အောင်နိုင်သူနှင့် စကားပြောနေတဲ့ အချိန်တွေဆို အောင်နိုင်သူရဲ့ အသံကို ပြောင်းလိုက်လေသည်။ ပြီးတော့ barက အခန်းမှာလည်း အောင်နိုင်သူနှင့် မြင့်မြတ်သူတို့၏ မျက်နှာကို ဝါးထားလိုက်တော့သည်။ နောက်ပြီး barမှာ ဝေယံလင်းထွန်း ဆေးသုံးနေတဲ့ အပိုင်းလည်း ရောက်ရော ပုံကြီးချဲ့ထားလိုက်လေသည်။ ထိုကဲ့သို့ အလုပ်ရှုပ်နေတော့၏။
တစ်ဖက်က မြင့်မြတ်သူမှာလည်း အကူကောင်မလေး ရဲစခန်းကို သွားချိန်တွင် လူအများ မမှတ်မိရအောင် ရုပ်ဖြတ်ပေးနေလေသည်။
"ကဲ..... ပုဝါလေး ခေါင်းပေါ်အုပ်ပြီး မျက်မှန် တပ်လိုက်ရက် ဘယ်သူမှလည်း မသိတော့ဘူးလေ" ဆိုကာ မြင့်မြတ်မှာ အကူကောင်မလေးကို ပြင်ဆင်ပေးနေတော့၏။
တစ်ဖက်တွင်လည်း မြတ်မင်းကို တစ်ယောက် ဖြတ်ညှပ်ကပ် လုပ်လို့ ပြီးလုဆဲဆဲ အချိန်ကို ရောက်နေလေပြီ။ သက်သေတွေကို vedioလို တစ်ဖုံ၊ photo slide showလို တစ်မျိုး ဆိုပြီး ဖိုင် နှစ်ဖိုင် ပြင်ဆင်ထားတော့သည်။ ဖိုင်နှစ်ဖိုင်လည်း ပြီးသွားရော memory stickထဲကို တစ်ဖန် ပြန်ထည့်နေရသေးသည်။
ဖိုင်တွေလည်း menory stickထဲ ရောက်သွားလေပြီ။ အကူ ကောင်မလေးကလည်း ရုပ်ဖြတ်ထားတာ အရင်က မင်းသမီးတွေ အတိုင်းဘဲလေ။
"ကဲ သက်သေဖိုင်တွေက အဆင်သင့်ဖြစ်ပြီလား" ဟု မြင့်မြတ်က မေးလိုက်သည်။
"အဆင်သင့်ဘဲ....." ဆိုပြီး သီဟက memory stickကို ကိုင်ပြီး ပြောလိုက်သည်။
"ဒါဆို ရဲစခန်းကို သွားကြတာပေါ့"
ဒီလိုနဲ့ မြတ်မင်းကိုဘဲ ဆိုင်ထဲ ကျန်ခဲ့ပြီး အားလုံးမှာ ဆိုင်ပြင်သို့ ကိုယ်စီ ထွက်သွားကြလေသည်။ နှင်းလည်း အပါအ၀င်ပေါ့။ ဒါနဲ့ ကားနှစ်စီးဟာ cafeဆိုင်ကနေ ရဲစခန်းသို့ ဦးတည်လေတော့သည်။
ရဲစခန်းကို မရောက်ခင်ထိ မြင့်မြတ်သူနှင့် သီဟတို့မှာ အကူကောင်မလေးကို ဘာစကားမှ သိပ်မပြောဘဲ လိုရင်းတိုရှင်းသာ ပြောဖို့ မှာကြားနေလေသည်။ ရဲတွေဆိုတာက သိတဲ့အတိုင်းဘဲလေ။ လာတိုင်ကြားရင်တောင်မှ ဘာကိစ္စကြောင့် တိုင်ရတာလဲ၊ ဘာလို့လဲ ဆိုပြီး စကားရှည် မေးတတ်တာ မဟုတ်ပါလား။ မတော်လို့ စကားတွေ အများကြီးပြောရင်း လုပ်ထားတဲ့ ကိစ္စတွေပေါ်ကုန်ရင် ဒုက္ခရောင်ကုန်မှာဘဲပေါ့။ ဒါကြောင့် စကားအများကြီး မပြောဖို့ကို မှာကြားနေတာ ဖြစ်လေသည်။
ကားလေးဟာ ရဲစခန်းရှေ့တွင် ရပ်သွားချေပြီ။
"ညီမ ဘာမှ ကြောက်မနေနဲ့ ဒီအတိုင်း ရဲစခန်းထဲ ၀င်သွားပြီး အကို ပုံပြထားတဲ့ ရဲမှူးကြီးဆီကိုသာ ပေးစရာရှိတာ ပေးပြီး ဒီအတိုင်းသာ ပြန်ထွက်လာခဲ့လိုက်နော်" ဟု သီဟမှာ ထိုအကူကောင်မလေးကို ထပ်မှာနေလေသည်။
"ဟုတ်ကဲ့.... စိတ်ချပါ အကို" လို့ ထိုကောင်မလေး ပြန်ဖြေပြီး ရဲစခန်းထဲသို့ ရဲရဲဝံ့ဝံ့ ၀င်သွားလေတော့သည်။
အချိန်ကား ညဆယ်နာရီ ၀န်းကျင်ခန့် ရှိပြီလို့ ထင်ရသည်။ ထိုအချိန်တွင် မိန်းကလေး တစ်ဦး ၀တ်ကောင်းစားလှလေး ၀တ်ဆင်ပြီးတော့ ရဲစခန်းထဲ ၀င်လာတော့သည်။ နောက်တော့ သီဟတို့နှင့် တွေ့ခဲ့သည့် ရဲမှူးကြီးဆီသို့ တန်းတန်းမတ်မတ်သွားလိုက်ပြီးတော့ memory stickကို စားပွဲပေါ်သို့ တင်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေတော့သည်။
"ကျွန်မ မူးယစ်ဆေးဝါး ဖြန့်ဖြူးနေတဲ့ သတင်းကို ပေးချင်လို့ပါရှင့်" ဆိုပြီးတော့ပေါ့။
ရဲမှူးကြီးမှာ ကြောင်သွားသည်။ menory stickကို ကြည့်လိုက်၊ မိန်းကလေးကို ကြည့်လိုက် လုပ်နေတော့၏။
"ဒါဆို တာ၀န်ကျေလိုက်ပါအုန်းရှင့်..... ခွင့်ပြုပါအုန်း" ဆိုကာ ထိုမိန်းကလေးမှာ ထွက်သွားလေပြီ။
ရဲမှူးကြီးမှာလည်း မိန်းကလေး နောက်လိုက်သွားဖို့ ထိုက်ရာက ထလိုက်ပေမယ့်လည်း menory stickလေးကိုသာ ယူပြီး လက်တော့မှာ စိုက်ကြည့်လိုက်လေတော့၏။ ရဲမှူးကြီးမှာ အတော်လေး အံ့ဩ မှင်သက်သွားရလေတော့၏။
သီဟတို့မှာ ရဲစခန်းက အပြန် ဆိုင်အကူကောင်မလေးကို အိမ်ပြန်လိုက်ပို့ပြီး cafeဆိုင်ကို ပြန်လာလိုက်ကြလေသည်။ မြင့်မြတ်သူတို့ကော၊ အောင်နိုင်သူကော၊ သက်ရှိုင်းကိုတို့ပါ ပါတာပေါ့။ သီဟတို့ တစ်သိုက် cafeဆိုင်လေးက စားပွဲဝိုင်းလေးတွင် ထိုင်ပြီး ကော်ဖီသောက်နေကြလေတော့သည်။
"အကိုမြင့်မြတ် သရုပ်ဆောင်တာ ကောင်းချက်ဘဲ" ဟု မြတ်မင်းကိုမှ မြင့်မြတ်ကို လက်မထောင်ပြကာ ချီးကျူးလိုက်လေသည်။
"ကျွန်တော်ကောဘဲ.... အဲ့ cctvအခန်းက အမိုက်ဆုံးလို့ ထင်တယ်" ဆိုပြီး သက်ရှိုင်းကိုပါ ၀င်ပြောလေသည်။
မြင့်မြတ်မှာ မျက်နှာကြီး နီရဲပြီး ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွားလေသည်။
"အဲ့ချိန်တုန်းက ကို အတော်လေး စိတ်ထိန်းထားရတာ" ဆိုပြီး အောင်နိုင်သူက ပြောလာလေသည်။
"ကိုကလည်း သရုပ်ဆောင်ရတာကိုး..... ချစ်မှ အဲ့လိုမလုပ်ရင် သူက ဘယ်လိုလုပ်ပြီး ခေါ်တော့မှာလဲလို့" ဆိုကာ မြင့်မြတ်မှ အောင်နိုင်သူကို ရှင်းပြနေလေသည်။
"အကိုအောင်လည်း သရုပ်ဆောင်တာ တော်တာဘဲ.... တစ်ကယ့်ကို စီးပွားရေးလုပ်တဲ့သူ တူနေရောဘဲ" ဟု သီဟက အောင်နိုင်သူကို နှစ်သိမ့်ပေးနေလေသည်။
"တွေ့လား ကိုလည်း တော်ပါတယ်နော်" ဆိုပြီး အောင်နိုင်သူမှ မြင့်မြတ်ကို ကြည့်ကာ ပြောလိုက်လေသည်။
"အကိုတို့လည်း ပင်ပန်းသွားရပြီ.....ဘုံဘုံလေးကို ပစ်ထားပြီး
သီဟတို့ကို ကူညီပေးတာ ကျေးဇူးပါဘဲ....."
"မဟုတ်တာ..... ဘုံဘုံလေးက သူ့အဖွားနဲ့ နေရတာ ပျော်နေတာဘဲ.... ပြန်လိုက်ခဲ့လို့ ပြောတာတောင် မလိုက်ဘူးဘဲ ဂျီကျနေတာ.... သူ့အဖွားက အလိုလိုက်တော့လေ။ ပြီးတော့ အကိုတို့ကို ကျေးဇူးတင်စရာမလိုပါဘူး..... အကိုတို့တုန်းကလည်း သီဟနဲ့ မြတ်မင်းတို့က ကူညီပေးခဲ့တာ မဟုတ်ဘူးလား......အဲ့တော့ ကျေးဇူးတင်စရာ မလိုပါဘူးကွယ်"
"အင်းပါ..... အကို....." ဟု သီဟ ခပ်တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ကဲ..... ညလည်းမိုးချုပ်နေပြီ အကိုတို့လည်း ပြန်တော့မယ် မနက်ဖြန်မှ သတင်းကောင်းလေး နားစွင့်ကြတာပေါ့" လို့ ပြောပြီး မြင့်မြတ်နှင့် အောင်နိုင်သူမှာ ထသွားလေသည်။
"အကိုလည်းဘဲ ပြန်တော့မယ်" ဆိုပြီး သက်ရှိုင်းကိုလည်း ပြောလာလေသည်။
သီဟမှာ အားလုံးကို ဆိုင်ရှေ့ထိ လိုက်ပို့လေသည်။ ဆိုင်ရှေ့ကို ရောက်တော့ သီဟမှာ စိတ်မကောင်းစွာရပ်နေတဲ့ နှင်းကို တွေ့လိုက်ရလေသည်။
"အမနှင်း ဘာများဖြစ်လို့လဲ..... အခုချိန်က ပျော်ရမှာလေ" ဟု သီဟ ပြောလိုက်သည်။
"အင်း..... သိပါတယ်..... ဒါပေမယ့် အမ ကိုသက်နဲ့ ခွဲရတော့မှာကို စဉ်းစားမိလိုက်လို့ပါ သီဟ"
"အမနှင်းရယ် အဲ့လို မတွေးပါနဲ့....... "
"တွေးရမယ်လေ.... အမနှင်းရဲ့ ဒီဝိညာဉ်ကလည်း မကြာခင် လွတ်မြောက်သွားရတော့မှာလေ"
"အမနှင်းရယ်..... အဲ့လိုတွေ မပြောပါနဲ့လား......"
"အမ စိတ်မကောင်းလွန်းလို့ပါ......"
ထိုအချိန်တွင် "သွားတော့မယ်နော် ကောင်လေး" ဆိုပြီး ဆိုင်ကယ်ပေါ်ကနေ လှမ်းပြောလာတဲ့ အသံကို သီဟကော၊ နှင်းပါ ကြားလိုက်ရလေသည်။
"အင်း.... အကို" ဟု သီဟ ပြန်ဖြေလိုက်ချိန် ဘေးမှာ နှင်းမရှိတော့ပေ။ နှင်းမှာ သက်ရှိုင်းကို၏ ဆိုင်ကယ်ပေါ်တွင် ရောက်နေလေပြီ။
နောက်တော့ ဆိုင်ကယ်လေးဟာ ထွက်သွားလေတော့၏။
သီဟမှာ ဆိုင်ထဲသို့ တော်တော်နှင့် မ၀င်သေး။ ဆိုင်ကယ်လေးကို ငေးကြည့်နေလ၏။ သီဟက ဆိုင်ထဲ မ၀င်လာသေးတာကြောင့် မြတ်မင်းကိုက ဆိုင်ပြင်ထွက်လာလေတော့သည်။
"ဘာလို့ မ၀င်လာသေးတာလဲ ..... ချစ်" ဟု မြတ်မင်းကိုက မေးလိုက်သည်။
"အင်း .... ၀င်လာမလို့ဘဲ ဒါပေမယ့် ဆိုင်ကယ်လေး သွားတာကို ကြည့်ချင်သေးလို့လေ"
"အင်းပါ..... မချမ်းဘူးလား ချစ်"
"လေတိုက်နေတော့ နဲနဲတော့ ချမ်းတာပေါ့"
"ကိုဖက်ထားပေးရမလား......"
သီဟ "အင်း" လို့တောင် မပြောရသေးဘူး မြတ်မင်းကိုက သီဟကို ဖက်ပြီးနေလေပြီ။
"ဒီနေ့ နောက်လည်း ကျနေပြီဆိုတော့ ဆိုင်က နားနေခန်းလေးမှာဘဲ အိပ်လိုက်ကြမလား"
"အင်း...... အဲ့လိုဘဲ ကောင်းပါတယ်"
"လာ... အထဲ၀င်ရအောင်" ဆိုပြီး မြတ်မင်းကိုမှာ သီဟရဲ့ ကိုယ်လေးကို ထွေးပွေ့လိုက်လေသည်။
"ကိုမြတ်.... ရရဲ့လား ခေါင်းက ဒဏ်ရာကြီးနဲ့ ဆိုတော့ အားနည်းနေမှာပေါ့"
"အားနည်တာပေါ့လို့..... ချစ်သာ အနမ်းပေးရင် ပြန်ပြီး အားတက်လာမှာ...."
"လူလည်ကြီး အနမ်းလိုချင်ရင် လိုချင်တယ်ပေါ့.... အားနည်းတယ်တွေ လုပ်နေတယ်"
"မပေးဘူးလား.... အားယုတ်လာပြီနော်" ဆိုပြီး မြတ်မင်းကိုမှာ ယိုင်နဲ့နဲ့ ပုံစံ လုပ်ပြတော့သည်။
ဒါနဲ့ သီဟမှာ မြတ်မင်းကိုရဲ့ ပါးလေးကို အနမ်းတစ်ပွင့် ပေးလိုက်လေ၏။
"အားပြန်တက်သွားပြီ.... ဆိုင်ထဲ သွားကြမယ်" ဆိုပြီး မြတ်မင်းကိုမှာ သီဟကို ပွေ့ပြီး ဆိုင်ထဲ ၀င်သွားလေတော့သည်။
တစ်ဖက်တွင်တော့ သက်ရှိုင်းကို တစ်ယောက် တိုက်ခန်း ပြန်ရောက်ပြီး အိပ်ခန်းလေးထဲက ခုတင်ပေါ်တွင် လဲလျောင်းလိုက်တော့သည်။
"သူတို့ အတွဲလေးတွေ ကြည့်ရတာ ကြည်နူးစရာ ကောင်းလိုက်တာ" ဟု သက်ရှိုင်းကို တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"နှင်းသာ ရှိနေသေးရင်..... သူတို့အတွဲတွေလိုဘဲ ငါတို့လည်း လိက်ဖက်ညီတဲ့ အတွဲလေး ဖြစ်နေမှာ"
"ဟူ....... အခုတော့ ဖြစ်ခွင့်မရှိတော့ဘူးပေါ့လေ..... ဖြစ်ခွင့် မရှိတော့ဘူး......." လို့ ရေရွတ်ပြီး သက်ရှိုင်းကို ရေရွတ်ရင်း အိပ်ပျော်သွားလေသည်။ ပင်ပန်းတာလဲ ပါတာမလို့ တစ်ခါတည်း အိပ်ပျော်သွားလေရဲ့။
အိပ်မပျော်တဲ့ သူတစ်ဦး ရှိနေလေသည်။ ထိုသူကတော့ နှင်းပင် ဖြစ်သည်။
"ကိုသက်...... ကိုသက် အဲ့မူးယစ်ဂိုဏ်း ဝေယံလင်းထွန်းနဲ့ ပတ်သက်ခဲ့ဖူးတာလား..... နှင်းကို ဖုံးကွယ်ထားခဲ့တာလား" ဟု နှင်း ရေရွတ်လိုက်လေသည်။
......................................
နှစ်ရက်ခန့်ကြာသော်
"ဘာလို့ သတင်း မထုတ်သေးတာလဲ မသိဘူနော် ကိုမြတ်" ဟု
သီဟမှ စိတ်အလိုမကျဟန်ဖြင့် ပြောလိုက်သည်။
"အော်..... မသိစေချင်လို့ နေမှာပေါ့ ချစ်ကလည်း"
"ရဲမှူးကြီးကလည်း ဖုန်းဆက် အကြောင်းကို မကြားသေးဘူး"
"အော် အလုပ်ရှုပ်နေမှာပေါ့လို့...... စစ်ရဆေးရနဲ့ဆိုတော့ မအားတာ နေမှာပါ"
"ဖမ်းခံရတာကော သေချာရဲ့လား မသိဘူး"
"သီဟ ကိုယ်တိုင်လည်း မြင်ခဲ့တာဘဲ.... ပရိဘောဂဆိုင်ရှေ့မှာ ရဲကားတွေ အများကြီး ရပ်ထားတာကိုလေ"
"ဟူး..." သီဟ သက်ပြင်းချလိုက်သည်။
သက်သေတွေ ပေးပြီးတာတောင် သတင်းက အခုထိ မကြေငြာသေးဘူးလေ။ သီဟမှာ သက်သေတွေ ရဲလက်ထဲအပ်ပြီး နောက်နေ့ မနက်ပိုင်းတွင် ပရိဘောဂဆိုင်ရှေ့သို့ သွားပြီး အခြေအနေ စောင့်ကြည့်လေသည်။ ရဲကားတွေ ရောက်လာပြီး ပရိဘောဂဆိုင်ကို ၀င်စစ်ဆေးတာ သီဟ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရလေသည်။ ပရိဘောဂကနေ ပြန်လာပြီး မြင့်မြတ်သူတို့ ဆီကိုတောင် ဖုန်းဆက်ပြီး အကြောင်းကြားလိုက်သေးတာ။ ဘာလိုလိုနဲ့ သတင်းကြေငြာတာကို စောင့်နေရင်း နှစ်ရက်တောင် ကျော်သွားပြီလေ။
သီဟတို့မှာ ရဲမှူးကြီးက အကြောင်းမကြားတော့ နှင်းအမှု အတွက် သက်သေ ရှာမရသေးပေ။ သက်ရှိုင်းကိုလည်း သီဟတို့ဆိုင်လာလိူက်၊ စားသောက်ဆိုင် လာလိုက်နှင့် လုပ်နေလေသည်။ သက်ရှိုင်းကိုမှာ သီဟတို့ဆိုင်လာတိုင်း နှင်းပါ ပါလာလေသည်။ ဒါကြောင့်
သီဟမှာ နှင်းကို မြင်ပြီး ပိုအားနာရလေသည်။
"အကူကောင်မလေးကို ညနေ ဆိုင်မလာဖို့ ပြောပြီးပြီလား ချစ်" ဟု မြတ်မင်းကိုက သီဟကို မေးလိုက်လေသည်။
"ပြောပြီးသွားပြီ...."
"အကိုမြင့်မြတ်နဲ့.... အကိုအောင်နိုင်သူကိုရော ကိုသက်ရှိုင်းကိုအိမ် လာဖို့ ပြောပြီးသွားပြီလား"
"ပြောပြီးသွားပါပြီ..... ဘုံဘုံလေးကို ခေါ်ပြီး ညဘက်မှ လာခဲ့မယ်တဲ့လေ"
"အဲ့တာဆိုလည်း စိတ်ညစ်မနေနဲ့တော့ ပျော်ပျော်လေး နေလေ..... ဒီနေ့ အောင်ပွဲခံကြမှာကို"
"ဟုတ်ပါပြီ" ဆိုပြီး သီဟ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်လေသည်။
ဒီလိုနဲ့ ညခုနှစ်နာရီလောက် ရောက်တော့ သီဟနှင့် မြတ်မင်းကိုတို့ သက်ရှိုင်းကို အိမ်ဆီသို့ ထွက်လာခဲ့လိုက်ကြသည်။ သက်ရှိုင်းကို တိုက်ခန်းကို ရောက်တော့ သက်ရှိုင်းကိုမှာ ဘာမှ မပြင်ဆင်ရသေးပေ။ ဒါနဲ့ သီဟနှင့် မြတ်မင်းကိုတို့က ဝိုင်းပြီး ပြင်ဆင်ပေးလေသည်။ အသားကင်နှင့် ဟော့ပေါ့စားကြမှာဘဲလေ။
ပြင်ဆင်နေရင်းမှ သက်ရှိုင်းကိုက အသီးအရွက်နဲ့ အအေးတွေ မ၀ယ်ရသေးကြောင်း ပြောလာတော့သည်။ ဒါနဲ့ သက်ရှိုင်းကိုနှင့် မြတ်မင်းကိုတို့ နှစ်ယောက် သီဟကို ထားခဲ့ပြီး အပြင်သွားလေ၏။ သီဟလည်း ပြင်ဆင်စရာ ရှိတာကို ဆက်ပြီး ပြင်ဆင်နေတော့တာပေါ့။
သီဟ ပြင်ဆင်လို့ ပြီးသွားတော့ ခဏ နားတဲ့ အနေနဲ့ ဆိုဖာမှာ သွားထိုင်လိုက်လေသည်။ သီဟမှာ အိမ်ကြီးကို ဟိုကြည့်ဒီကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။ အမှန်တော့ နှင်းကို ရှာတာ ဖြစ်လေသည်။
သီဟမှာ နှင်းကို မတွေ့၍ စာရေးတဲ့အခန်းထဲ ရှိမယ် အထင်ဖြင့် သွားလိုက်သည်။ အမှန်တစ်ကယ်ပင်။ နှင်းမှာ ထိုင်ခုံမှာ ငုတ်တုတ်လေး ထိုင်နေတော့သည်။ ဒါနဲ့ သီဟလည်း နှင်း အနားသို့ သွားလိုက်လေသည်။
"အမနှင်း ဘာဖြစ်လို့လဲ..... စိတ်မကောင်း ဖြစ်နေတာလား" ဟု သီဟ မေးလိုက်သည်။
"မဟုတ်ဘူး..... သီဟ အမ တစ်ခုခုကို စဉ်းစားနေတာ...."
"ဘာတွေ စဉ်းစားနေတာလဲ အမနှင်း"
"အမ ဟိုတစ်ခေါက် ပြောတယ်လေ.... အမကို သတ်တာ ဘယ်လို သိတာလဲဆိုတော့ သတိရလာတာလို့ ပြောဖူးတယ်လေ"
"အင်း.... အမနှင်း"
"အဲ့မှာ အမ ဒီစာရေးတဲ့ အခန်းထဲမှာ တစ်ခုခု လုပ်နေခဲ့တယ်"
"ဘာကို ဆိုလိုချင်တာလဲ အမနှင်း"
"အမပြောချင်တာက အမ ဆောင်းပါးရေးမနေဘဲ တစ်ခုခု လုပ်နေခဲ့တာလို့ ပြောချင်တာ....."
"ဟုတ်လား.... ဟိုတစ်ခါ အမနှင်း သီဟကိုယ်ထဲ ၀င်ပြီး ပြန်ထွက်တုန်းကလည်း အမနှင်းက ဒီစာရေးတဲ့ အခန်းထဲမှာ တစ်ခုခု လုပ်နေခဲ့တာ.... ပြီးမှ တံခါးသံ ကြားလို့ ပြေးသွားဖွင့်တာဘဲ"
"ဟုတ်ယ်.... အမလည်း သတိရတုန်းက အဲ့လိုဘဲ"
"ဒါဆို အဖြေက လက်တော့ဆီမှာ ရှိမယ် ထင်တာဘဲ အမ......"
"လက်တော့က သီဟတို့ ဆိုင်မှာမလား"
"မဟုတ်ဘူး.... ဒီနေ့ ပြန်ပေးမယ်ဆိုပြီး လက်တော့ကို ယူလာခဲ့တယ်" လို့ ပြောပြီး သီဟမှာ ဧည့်ခန်းကို သွားပြီး လက်တော့ သွားယူလာတော့သည်။
လက်တော့ကို စာရေးတဲ့ အခန်းထဲ ယူလာလိုက်ပြီး ပါဝါဖွင့်လိုက်လေသည်။ ပါဝါပွင့်သွားတော့ သီဟမှာ ဖိုင်တစ်ခုပြီး တစ်ခု ဖွင့်လိုက်လေတော့သည်။ ဖိုင်တွေကို ဖွင့်နေရင်း သီဟမှာ record ဖိုင်လေးကို ဖွင့်ကြည့်လိုက်လေသည်။ ထိုဖိုင်ထဲမှာ အသံဖမ်းထားတာ တစ်ခုဘဲ ရှိလေသည်။ ကြာချိန်က တစ်နာရီလောက် ရှိသည်။ ဒါနဲ့ သီဟ ဖွင့်ကြည့်လိုက်တော့သည်။ အသံစုံ ရောယှက်နေပြီး ဝေဝေဝါးဝါး ဖြစ်နေတဲ့ အသံတွေ ထွက်ပေါ်လာတော့၏။
ထိုအချိန်မှာဘဲ သီဟ တစ်ယောက် တံခါးဆောင့်ကန်သံကို ကြားလိုက်ရလေတော့သည်။
သက်ရှိုင်းကိုနှင့် မြတ်မင်းကိုမှာ အသီအရွက်တွေ ၀ယ်ပြီးလို့ နောက် အအေး၀ယ်ဖို့ အတွက် ကုန်စုံဆိုင်လေးကို သွားလိုက်ကြလေသည်။ ကုန်စုံဆိုင်ထဲမှာ အအေးရွေးနေတုန်း သတင်းတစ်ခု လွင့်လာတာကို ကြားလိုက်ရလေသည်။
"အခုတင်ဆက်ပေးမယ့် သတင်းကတော့ လားရှိုးမြို့နယ်နှင့် နီးစပ်ဒေသတွေကို မူးယစ်ဆေးဖြန့်ဖြူးနေတဲ့ မူးယစ်ဂိုဏ်းချုပ် ဖမ်းဆီးခံရတဲ့ သတင်းဘဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူမှာ အသက်ငါးဆယ်နှစ်ခန့်ရှိ ဦးမိုးကောင်းဆိုသူပင် ဖြစ်သည်။
ဦးမိုးကောင်းသည် ပရိဘောဂဆိုင်ကို ဗန်းပြပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူးနေတာဘဲ ဖြစ်သည်။ မူးယစ်ဆေးဝါး လုပ်ကိုင်ရာတွင် ပူးပေါင်းခဲ့တဲ့ အထက်အရာရှိလူကြီးများလည်း ပါ၀င်သည်ဟု ပြောကြားလာသည်။ အခုတော့ စစ်မေးနေတုန်းရှိပါသေးသည်။ သတင်းက အတိအကျ သိရပါက ထပ်မံတင်ဆက်ပေးပါမည်။
သတင်းလည်း ဆုံးသွားရော မြတ်မင်းကိုနှင့် သက်ရှိုင်းကို တို့နှစ်ယောက် ပြိုင်တူ ရေရွတ်လိုက်ကြသည်။
"ချစ်......."
"ကောင်လေး........"
××××××××××××××××
အပိုင်းတိုလို့ တောင်းပန်ပါတယ်။ ချက်ချင်းတင်လိုက်တာပါ။ စာလုံးပေါင်း အမှားလေးတွေပါရင် သည်းခံပေးကြပါနော်။ complete ဖြစ်သွားရင် စာပြန်စစ်ပြီး ပြန်ပြင်မှာပါ။
ကြိုးစားပြီး ရေးတင်ပေးနေပါတယ်။ အိမ်မှာနေပါ။ စာတွေဖတ်ပါ။ ကျန်းမာအောင်နေပါ။ ဂျင်းပြုတ်ရည်ကို သိပ်မသော်ကြပါနဲ့နော်။ ဂျင်းပြုတ်ရည်ကို ကြာကြာနေမှ တစ်ခါသာ သောက်ပေးပါနော်။ ဂျင်းပြုတ်ရည်က များများ သောက်ရင် ကျောက်ကပ်ပျက်စီးတတ်လို့ပါ။ ကျန်တဲ့ အချိန်တွေဆို ရေနွေးပူလေး သောက်တာတို့ ဆားရေပလုတ်ကျင်းတာတို့ လုပ်ပေးပါ။ အပြင်သွားရင် mask နှစ်ထပ်တပ်ပါနော်။ အပြင်သွားတိုင်းလည်း handgelလေး ဆောင်ထားပေးပါနော်။ အားလုံး ဘေးကင်းကြပါစေလို့။
••••••••••••••••••••••••••••••••••••••••••••••••
#Zawgyi#
"သီဟ သက္ေသေတြ ရလာရင္ ဘယ္သူ႔ဆီ အပ္မွာလဲ......" ဆိုၿပီး ျမင့္ျမတ္မွ သီဟကို ေမးလိုက္ေလသည္။
ျမင့္ျမတ္ရဲ႕ အေမးေၾကာင့္ ဆိုင္ထဲက လူေတြက သီဟကို စိတ္၀င္တစားျဖင့္ ၾကည့္ေနၾကေလသည္။ ျမင့္ျမတ္ ေမးလိုက္တဲ့ ေမးခြန္းသည္ အရမ္းအေရးႀကီးသည္။ ေဝယံလင္းထြန္းဆိုတာ အညတရ မူးယစ္ဂိုဏ္းခ်ဳပ္မွ မဟုတ္ဘဲ။ အထက္လူႀကီးေတြနဲ႔ သိေန၊ခင္ေနတဲ့ သူဘဲမလား။ မေတာ္လို႔ သက္ေသေတြကို လူမွားေပးမိတယ္ဆိုရင္ စီစဥ္ထားတာေတြက သဲထဲ ေရသြန္သလို ျဖစ္ကုန္မွာေပါ့။ ၿပီးေတာ့လည္း လူပင္ပန္းတာဘဲ အဖတ္တင္ က်န္ခဲ့မွာဘဲေပါ့။
ဒါေၾကာင့္ သီဟလည္း တစ္ခ်က္ ျပန္ၿပီး စဥ္းစားေနေတာ့၏။ ထိုင္ၿပီး စဥ္းစားေနရင္းမွ သီဟထရပ္လိုက္သည္။ ၿပီးေနာက္ ေကာင္တာနားကို သြားလိုက္ေလသည္။ ေကာင္တာနား သြားလိုက္ၿပီး သီဟ တစ္ေယာက္ ဆိုင္မွာ ကူလုပ္ေပးေနတဲ့ ေကာင္မေလးကို ေခၚလာေလသည္။ ၿပီးေတာ့ ထိုင္ခုံေလး ယူၿပီး ထိုေကာင္မေလးကို ထိုင္ခိုင္းေတာ့သည္။
အားလုံးမွာ ေၾကာင္ေတာင္ေတာင္ေလးျဖင့္ သီဟကို ၾကည့္ေနေလသည္။ အကူေကာင္မေလးလည္း ေၾကာင္ေတာင္ေတာင္ ျဖစ္လို႔ေနေလသည္။
"ဘာလုပ္မလို႔လဲ ခ်စ္" ဆိုၿပီး ျမတ္မင္းကိုမွ ေမးလိုက္ျပန္ေလသည္။
သီဟမွာ ထိုအကူေကာင္မေလးကို ၾကည့္ၿပီး
"သူဘဲ ရဲစခန္းကို သြားရမွာ" ဟု လက္ညိဳးထိုးကာ ေျပာလိုက္ေလေတာ့သည္။
"ရွင္..... အကို..... ညီမက ဘာလုပ္လို႔ ရဲစခန္းကို သြားရမွာလဲဟင္.... ညီမ အလုပ္ေတြလည္း ၿပီးေအာင္လုပ္တယ္ေလ..... ၿပီးေတာ့ ပိုက္ဆံေတြလည္း မဘတ္ထားပါဘူး အကို" ဆိုၿပီး ထိုအကူ ေကာင္မေလးမွာ သီဟကို ျပာျပာသလဲျဖင့္ ေျပာေလေတာ့၏။
"ခ်စ္.... ေသခ်ာ ေျပာျပလိုက္ေလ" ဟု ျမတ္မင္းကိုမွ သီဟအား ထပ္ေျပာလိုက္ျပန္သည္။
ဒါနဲ႔ သီဟမွာ ထိုအကူေကာင္မေလး အနားသို႔ သြားလိုက္ၿပီး
"အကို ေတာင္းပန္ပါတယ္.... ညီမ.... အကိုက ညီမကို ရဲစခန္းကို သြားဖို႔ အကူအညီေတာင္းမလို႔ပါ.... ခဏက ေျပာခ်င္ေဇာနဲ႔ ေျပာလိုက္မိလိုပါ" ဟု အားနာနာျဖင့္ ျပန္ေျပာလိုက္ေလသည္။
ဒီေတာ့မွ ထိုအကူေကာင္မေလးမွာ စိတ္ေအးသြားရေလသည္။
"ဘာလို႔ သူက ရဲစခန္းကို သြားေပးရမွာလဲ" ဟု ျမင့္ျမတ္က ေမးလာသည္။
"အမ္....... ရဲစခန္းမွာ ေဝယံလင္းထြန္းရဲ႕ ေနာက္ပါးေစေတြ ရွိေနႏိုင္တယ္ေလ.... အဲ့တာကို သီဟတို႔ သတိထားရမယ္.... အကယ္၍ ေနာက္ပါးေစေတြသာ သီဟတို႔ကို သတိထားမိသြားရင္ သက္ေသေတြက အထေျမာက္ေတာ့မွာ မဟုတ္ဘူးေလ"
"သီဟ ေျပာတာလည္း အဓိပၸာယ္ေတာ့ ရွိသား....." ဟု
ေအာင္ႏိုင္သူက သီဟရဲ႕ စကားကို ၀င္၍ ေထာက္ခံေလသည္။
"အကိုျမင့္ျမတ္ဆီမွာ ရဲမႉးႀကီးရဲ႕ ပုံ ရွိတယ္မလား" ဆိုကာ သီဟ ေမးလိုက္ေတာ့ ျမင့္ျမတ္မွာ ဖုန္းထဲက ရဲမႉးႀကီးပုံကို ရွာေနေတာ့သည္။
"ေတြၿပီ ဒီမွာဘဲ...." ဟု ျမင့္ျမတ္ တစ္ေယာက္ ေျပာလည္း ေျပာရင္း သီဟကို ဖုန္းကမ္းေပးလိုက္ေလသည္။
သီဟမွာ ဖုန္းထဲက ပုံကို ေကာင္မေလးသို႔ ျပလိုက္ၿပီး
"အကိုတို႔ ဘာလုပ္ေနတယ္ဆိုတာ ညီမ တစ္စြန္းတစ္စေတာ့ သိမယ္ ထင္တာဘဲ..... အကိုတိူ႔ သက္ေသရလာၿပီးရင္ ညီမ ဒီရဲမႉးႀကီးဆီကို သြားၿပီး သတင္းေပးႏိုင္မလား" ဆိုၿပီး သီဟကေနမွ အကူေကာင္မေလးကို ေမးလိုက္ေလသည္။
"ရပါတယ္ အကို.....အကိုတို႔ ဘာလုပ္ေနလဲ ဆိုတာ ညီမ သိပါတယ္..... ညီမလည္း တစ္ေနရာရာကေန ကူညီခ်င္ေနတာ.... အခုေတာ့ အေတာ္ဘဲလို႔ ေျပာရမွာေပါ့...... ညီမ ကူညီေပးပါ့မယ္ အကို " ဆိုၿပီး ထိုအကူေကာင္မေလးမွာ သီဟကို ခ်က္ခ်င္းဘဲ အေျဖ ျပန္ေပးလိုက္ေတာ့သည္။
"အဲ့တာဆို ရၿပီ.... ညီမ..... ေကာင္တာကို ျပန္သြားလိုက္ေတာ့ေနာ္"
"ဟုတ္.... ဟုတ္...." လို႔ ျပန္ေျပာၿပီး ထိုေကာင္မေလးမွာ ေကာင္တာဘက္သို႔ သြားေလေတာ့၏။
"ဒါဆိုရင္ ဒီေကာင္မေလးအတြက္လည္း အစီအစဥ္ ဆြဲရေတာ့မွာေပါ့" လို႔ ေအာင္ႏိုင္သူမွ ျမတ္မင္းကိုအား ၾကည့္ကာ အ႐ႊန္းေဖာက္လိုက္တာေၾကာင့္ အားလုံး ရယ္ပြဲက်သြားေလသည္။
"ဒီေကာင္မေလး ေနာက္ဆုံးပိတ္ အိတ္နဲ႔လြယ္ရမယ္ ဆိုေတာ့ သူ႔အတြက္ ဇာတ္ၫႊန္းက ေထြေထြထူးထူးေတာ့ မရွိပါဘူး.... ဒါေပမယ့္ တစ္ခြန္း ႏွစ္ခြန္းေတာ့ ေျပာရမွာေပါ့ေလ" ဟု ျမတ္မင္းကိုမွ ေျပာလိုက္ေတာ့သည္။
"ကဲ...... မနက္ျဖန္ေလးက တစ္ကယ့္ကို ပြဲႀကီးပြဲေကာင္းေန႔ဘဲေပါ့" ဟု ျမတ္မင္းကိုဘဲ ထပ္ေျပာေလသည္။
"ဒါေပါ့...... အျပတ္ရွင္းထုတ္ဖို႔ အခ်ိန္ဘဲေပါ့" လို႔ သီဟမွာ လက္ပိုက္ရင္း ေျပာလိုက္သည္။
သက္ရႈိင္းကိုမွာေတာ့ ဒီအုပ္စုႀကီးကို ၾကည့္၍ အားက်ေနေတာ့၏။ ႏွင္းလည္း သီဟကို အားနာတဲ့ အၾကည့္ျဖင့္ ၾကည့္လ်က္။
..................................
သီဟတို႔ တစ္သိုက္ သက္ေသေတြ ရလာၿပီးေတာ့ cafeဆိုင္ေလးကို ျပန္လာခဲ့လိုက္ၾကေလသည္။ cafeဆိုင္ထဲသို႔ ဝင္လိုက္လွ်င္ပင္ စိုးရိမ္တၾကျဖင့္ ေစာင့္ေနတဲ့ ျမတ္မင္းကိုအား ေတြ႕ရေပမည္။ ျမတ္မင္းကို တစ္ေယာက္ ဆိုင္ထဲ ၀င္လာတဲ့ သီဟတို႔ကို ေတြ႕ၿပီး ၀မ္းသာသြားရေလသည္။ ျမတ္မင္းကိုမွာ သီဟဆီသို႔ အေျပးအလႊားေလး သြားၿပီး ဖက္လိုက္ေတာ့သည္။
"ကိုက တစ္ခုခုမ်ား ျဖစ္ေနၿပီလားလို႔ စိုးရိမ္ေနတာ" ဆိုၿပီး ျမတ္မင္းကိုမွ သီဟကို ဖက္ရင္း ေျပာလိုက္ေလသည္။
"ဘာမွ မျဖစ္ပါဘူး..... ကိုျမတ္ကလည္း....."
"ကဲ.....ကဲ..... အလြမ္းသယ္တာ ေနာက္မွ လုပ္ေတာ့..... ရဲစခန္းကို ေျပးရအုန္းမယ္ေလ" ဟု ျမင့္ျမတ္သူက ေျပာလိုက္ေတာ့ သီဟတို႔ ႏွစ္ေယာက္သား ဖက္ထားရာကေန ခြာလိုက္ေလသည္။
ၿပီးေနာက္ တပ္ထားတဲ့ hidden cameraနဲ႔ hidden recorderေတြကို ျဖဳတ္ၿပီး လက္ေတာ့ တစ္လုံးျဖင့္ အလႈပ္ရႈပ္ေနေလ၏။ ျမတ္မ္ုးကိုမွာ သီဟတို႔ေတြ ယူလာတဲ့ သက္ေသေတြကို တည္းျဖတ္ေနေလသည္။ ေအာင္ႏိုင္သူႏွင့္ စကားေျပာေနတဲ့ အခ်ိန္ေတြဆို ေအာင္ႏိုင္သူရဲ႕ အသံကို ေျပာင္းလိုက္ေလသည္။ ၿပီးေတာ့ barက အခန္းမွာလည္း ေအာင္ႏိုင္သူႏွင့္ ျမင့္ျမတ္သူတို႔၏ မ်က္ႏွာကို ဝါးထားလိုက္ေတာ့သည္။ ေနာက္ၿပီး barမွာ ေဝယံလင္းထြန္း ေဆးသုံးေနတဲ့ အပိုင္းလည္း ေရာက္ေရာ ပုံႀကီးခ်ဲ႕ထားလိုက္ေလသည္။ ထိုကဲ့သို႔ အလုပ္ရႈပ္ေနေတာ့၏။
တစ္ဖက္က ျမင့္ျမတ္သူမွာလည္း အကူေကာင္မေလး ရဲစခန္းကို သြားခ်ိန္တြင္ လူအမ်ား မမွတ္မိရေအာင္ ႐ုပ္ျဖတ္ေပးေနေလသည္။
"ကဲ..... ပုဝါေလး ေခါင္းေပၚအုပ္ၿပီး မ်က္မွန္ တပ္လိုက္ရက္ ဘယ္သူမွလည္း မသိေတာ့ဘူးေလ" ဆိုကာ ျမင့္ျမတ္မွာ အကူေကာင္မေလးကို ျပင္ဆင္ေပးေနေတာ့၏။
တစ္ဖက္တြင္လည္း ျမတ္မင္းကို တစ္ေယာက္ ျဖတ္ညႇပ္ကပ္ လုပ္လို႔ ၿပီးလုဆဲဆဲ အခ်ိန္ကို ေရာက္ေနေလၿပီ။ သက္ေသေတြကို vedioလို တစ္ဖုံ၊ photo slide showလို တစ္မ်ိဳး ဆိုၿပီး ဖိုင္ ႏွစ္ဖိုင္ ျပင္ဆင္ထားေတာ့သည္။ ဖိုင္ႏွစ္ဖိုင္လည္း ၿပီးသြားေရာ memory stickထဲကို တစ္ဖန္ ျပန္ထည့္ေနရေသးသည္။
ဖိုင္ေတြလည္း menory stickထဲ ေရာက္သြားေလၿပီ။ အကူ ေကာင္မေလးကလည္း ႐ုပ္ျဖတ္ထားတာ အရင္က မင္းသမီးေတြ အတိုင္းဘဲေလ။
"ကဲ သက္ေသဖိုင္ေတြက အဆင္သင့္ျဖစ္ၿပီလား" ဟု ျမင့္ျမတ္က ေမးလိုက္သည္။
"အဆင္သင့္ဘဲ....." ဆိုၿပီး သီဟက memory stickကို ကိုင္ၿပီး ေျပာလိုက္သည္။
"ဒါဆို ရဲစခန္းကို သြားၾကတာေပါ့"
ဒီလိုနဲ႔ ျမတ္မင္းကိုဘဲ ဆိုင္ထဲ က်န္ခဲ့ၿပီး အားလုံးမွာ ဆိုင္ျပင္သို႔ ကိုယ္စီ ထြက္သြားၾကေလသည္။ ႏွင္းလည္း အပါအ၀င္ေပါ့။ ဒါနဲ႔ ကားႏွစ္စီးဟာ cafeဆိုင္ကေန ရဲစခန္းသို႔ ဦးတည္ေလေတာ့သည္။
ရဲစခန္းကို မေရာက္ခင္ထိ ျမင့္ျမတ္သူႏွင့္ သီဟတို႔မွာ အကူေကာင္မေလးကို ဘာစကားမွ သိပ္မေျပာဘဲ လိုရင္းတိုရွင္းသာ ေျပာဖို႔ မွာၾကားေနေလသည္။ ရဲေတြဆိုတာက သိတဲ့အတိုင္းဘဲေလ။ လာတိုင္ၾကားရင္ေတာင္မွ ဘာကိစၥေၾကာင့္ တိုင္ရတာလဲ၊ ဘာလို႔လဲ ဆိုၿပီး စကားရွည္ ေမးတတ္တာ မဟုတ္ပါလား။ မေတာ္လို႔ စကားေတြ အမ်ားႀကီးေျပာရင္း လုပ္ထားတဲ့ ကိစၥေတြေပၚကုန္ရင္ ဒုကၡေရာင္ကုန္မွာဘဲေပါ့။ ဒါေၾကာင့္ စကားအမ်ားႀကီး မေျပာဖို႔ကို မွာၾကားေနတာ ျဖစ္ေလသည္။
ကားေလးဟာ ရဲစခန္းေရွ႕တြင္ ရပ္သြားေခ်ၿပီ။
"ညီမ ဘာမွ ေၾကာက္မေနနဲ႔ ဒီအတိုင္း ရဲစခန္းထဲ ၀င္သြားၿပီး အကို ပုံျပထားတဲ့ ရဲမႉးႀကီးဆီကိုသာ ေပးစရာရွိတာ ေပးၿပီး ဒီအတိုင္းသာ ျပန္ထြက္လာခဲ့လိုက္ေနာ္" ဟု သီဟမွာ ထိုအကူေကာင္မေလးကို ထပ္မွာေနေလသည္။
"ဟုတ္ကဲ့.... စိတ္ခ်ပါ အကို" လို႔ ထိုေကာင္မေလး ျပန္ေျဖၿပီး ရဲစခန္းထဲသို႔ ရဲရဲဝံ့ဝံ့ ၀င္သြားေလေတာ့သည္။
အခ်ိန္ကား ညဆယ္နာရီ ၀န္းက်င္ခန႔္ ရွိၿပီလို႔ ထင္ရသည္။ ထိုအခ်ိန္တြင္ မိန္းကေလး တစ္ဦး ၀တ္ေကာင္းစားလွေလး ၀တ္ဆင္ၿပီးေတာ့ ရဲစခန္းထဲ ၀င္လာေတာ့သည္။ ေနာက္ေတာ့ သီဟတို႔ႏွင့္ ေတြ႕ခဲ့သည့္ ရဲမႉးႀကီးဆီသို႔ တန္းတန္းမတ္မတ္သြားလိုက္ၿပီးေတာ့ memory stickကို စားပြဲေပၚသို႔ တင္ေပးလိုက္ၿပီး တိုးတိုးေလး ေျပာလိုက္ေလေတာ့သည္။
"ကြၽန္မ မူးယစ္ေဆးဝါး ျဖန႔္ျဖဴးေနတဲ့ သတင္းကို ေပးခ်င္လို႔ပါရွင့္" ဆိုၿပီးေတာ့ေပါ့။
ရဲမႉးႀကီးမွာ ေၾကာင္သြားသည္။ menory stickကို ၾကည့္လိုက္၊ မိန္းကေလးကို ၾကည့္လိုက္ လုပ္ေနေတာ့၏။
"ဒါဆို တာ၀န္ေက်လိုက္ပါအုန္းရွင့္..... ခြင့္ျပဳပါအုန္း" ဆိုကာ ထိုမိန္းကေလးမွာ ထြက္သြားေလၿပီ။
ရဲမႉးႀကီးမွာလည္း မိန္းကေလး ေနာက္လိုက္သြားဖို႔ ထိုက္ရာက ထလိုက္ေပမယ့္လည္း menory stickေလးကိုသာ ယူၿပီး လက္ေတာ့မွာ စိုက္ၾကည့္လိုက္ေလေတာ့၏။ ရဲမႉးႀကီးမွာ အေတာ္ေလး အံ့ဩ မွင္သက္သြားရေလေတာ့၏။
သီဟတို႔မွာ ရဲစခန္းက အျပန္ ဆိုင္အကူေကာင္မေလးကို အိမ္ျပန္လိုက္ပို႔ၿပီး cafeဆိုင္ကို ျပန္လာလိုက္ၾကေလသည္။ ျမင့္ျမတ္သူတို႔ေကာ၊ ေအာင္ႏိုင္သူေကာ၊ သက္ရႈိင္းကိုတို႔ပါ ပါတာေပါ့။ သီဟတို႔ တစ္သိုက္ cafeဆိုင္ေလးက စားပြဲဝိုင္းေလးတြင္ ထိုင္ၿပီး ေကာ္ဖီေသာက္ေနၾကေလေတာ့သည္။
"အကိုျမင့္ျမတ္ သ႐ုပ္ေဆာင္တာ ေကာင္းခ်က္ဘဲ" ဟု ျမတ္မင္းကိုမွ ျမင့္ျမတ္ကို လက္မေထာင္ျပကာ ခ်ီးက်ဴးလိုက္ေလသည္။
"ကြၽန္ေတာ္ေကာဘဲ.... အဲ့ cctvအခန္းက အမိုက္ဆုံးလို႔ ထင္တယ္" ဆိုၿပီး သက္ရႈိင္းကိုပါ ၀င္ေျပာေလသည္။
ျမင့္ျမတ္မွာ မ်က္ႏွာႀကီး နီရဲၿပီး ရွက္ကိုးရွက္ကန္းေတြ ျဖစ္သြားေလသည္။
"အဲ့ခ်ိန္တုန္းက ကို အေတာ္ေလး စိတ္ထိန္းထားရတာ" ဆိုၿပီး ေအာင္ႏိုင္သူက ေျပာလာေလသည္။
"ကိုကလည္း သ႐ုပ္ေဆာင္ရတာကိုး..... ခ်စ္မွ အဲ့လိုမလုပ္ရင္ သူက ဘယ္လိုလုပ္ၿပီး ေခၚေတာ့မွာလဲလို႔" ဆိုကာ ျမင့္ျမတ္မွ ေအာင္ႏိုင္သူကို ရွင္းျပေနေလသည္။
"အကိုေအာင္လည္း သ႐ုပ္ေဆာင္တာ ေတာ္တာဘဲ.... တစ္ကယ့္ကို စီးပြားေရးလုပ္တဲ့သူ တူေနေရာဘဲ" ဟု သီဟက ေအာင္ႏိုင္သူကို ႏွစ္သိမ့္ေပးေနေလသည္။
"ေတြ႕လား ကိုလည္း ေတာ္ပါတယ္ေနာ္" ဆိုၿပီး ေအာင္ႏိုင္သူမွ ျမင့္ျမတ္ကို ၾကည့္ကာ ေျပာလိုက္ေလသည္။
"အကိုတို႔လည္း ပင္ပန္းသြားရၿပီ.....ဘုံဘုံေလးကို ပစ္ထားၿပီး
သီဟတို႔ကို ကူညီေပးတာ ေက်းဇူးပါဘဲ....."
"မဟုတ္တာ..... ဘုံဘုံေလးက သူ႔အဖြားနဲ႔ ေနရတာ ေပ်ာ္ေနတာဘဲ.... ျပန္လိုက္ခဲ့လို႔ ေျပာတာေတာင္ မလိုက္ဘူးဘဲ ဂ်ီက်ေနတာ.... သူ႔အဖြားက အလိုလိုက္ေတာ့ေလ။ ၿပီးေတာ့ အကိုတို႔ကို ေက်းဇူးတင္စရာမလိုပါဘူး..... အကိုတို႔တုန္းကလည္း သီဟနဲ႔ ျမတ္မင္းတို႔က ကူညီေပးခဲ့တာ မဟုတ္ဘူးလား......အဲ့ေတာ့ ေက်းဇူးတင္စရာ မလိုပါဘူးကြယ္"
"အင္းပါ..... အကို....." ဟု သီဟ ခပ္တိုးတိုးေလး ျပန္ေျဖလိုက္သည္။
"ကဲ..... ညလည္းမိုးခ်ဳပ္ေနၿပီ အကိုတို႔လည္း ျပန္ေတာ့မယ္ မနက္ျဖန္မွ သတင္းေကာင္းေလး နားစြင့္ၾကတာေပါ့" လို႔ ေျပာၿပီး ျမင့္ျမတ္ႏွင့္ ေအာင္ႏိုင္သူမွာ ထသြားေလသည္။
"အကိုလည္းဘဲ ျပန္ေတာ့မယ္" ဆိုၿပီး သက္ရႈိင္းကိုလည္း ေျပာလာေလသည္။
သီဟမွာ အားလုံးကို ဆိုင္ေရွ႕ထိ လိုက္ပို႔ေလသည္။ ဆိုင္ေရွ႕ကို ေရာက္ေတာ့ သီဟမွာ စိတ္မေကာင္းစြာရပ္ေနတဲ့ ႏွင္းကို ေတြ႕လိုက္ရေလသည္။
"အမႏွင္း ဘာမ်ားျဖစ္လို႔လဲ..... အခုခ်ိန္က ေပ်ာ္ရမွာေလ" ဟု သီဟ ေျပာလိုက္သည္။
"အင္း..... သိပါတယ္..... ဒါေပမယ့္ အမ ကိုသက္နဲ႔ ခြဲရေတာ့မွာကို စဥ္းစားမိလိုက္လို႔ပါ သီဟ"
"အမႏွင္းရယ္ အဲ့လို မေတြးပါနဲ႔....... "
"ေတြးရမယ္ေလ.... အမႏွင္းရဲ႕ ဒီဝိညာဥ္ကလည္း မၾကာခင္ လြတ္ေျမာက္သြားရေတာ့မွာေလ"
"အမႏွင္းရယ္..... အဲ့လိုေတြ မေျပာပါနဲ႔လား......"
"အမ စိတ္မေကာင္းလြန္းလို႔ပါ......"
ထိုအခ်ိန္တြင္ "သြားေတာ့မယ္ေနာ္ ေကာင္ေလး" ဆိုၿပီး ဆိုင္ကယ္ေပၚကေန လွမ္းေျပာလာတဲ့ အသံကို သီဟေကာ၊ ႏွင္းပါ ၾကားလိုက္ရေလသည္။
"အင္း.... အကို" ဟု သီဟ ျပန္ေျဖလိုက္ခ်ိန္ ေဘးမွာ ႏွင္းမရွိေတာ့ေပ။ ႏွင္းမွာ သက္ရႈိင္းကို၏ ဆိုင္ကယ္ေပၚတြင္ ေရာက္ေနေလၿပီ။
ေနာက္ေတာ့ ဆိုင္ကယ္ေလးဟာ ထြက္သြားေလေတာ့၏။
သီဟမွာ ဆိုင္ထဲသို႔ ေတာ္ေတာ္ႏွင့္ မ၀င္ေသး။ ဆိုင္ကယ္ေလးကို ေငးၾကည့္ေနလ၏။ သီဟက ဆိုင္ထဲ မ၀င္လာေသးတာေၾကာင့္ ျမတ္မင္းကိုက ဆိုင္ျပင္ထြက္လာေလေတာ့သည္။
"ဘာလို႔ မ၀င္လာေသးတာလဲ ..... ခ်စ္" ဟု ျမတ္မင္းကိုက ေမးလိုက္သည္။
"အင္း .... ၀င္လာမလို႔ဘဲ ဒါေပမယ့္ ဆိုင္ကယ္ေလး သြားတာကို ၾကည့္ခ်င္ေသးလို႔ေလ"
"အင္းပါ..... မခ်မ္းဘူးလား ခ်စ္"
"ေလတိုက္ေနေတာ့ နဲနဲေတာ့ ခ်မ္းတာေပါ့"
"ကိုဖက္ထားေပးရမလား......"
သီဟ "အင္း" လို႔ေတာင္ မေျပာရေသးဘူး ျမတ္မင္းကိုက သီဟကို ဖက္ၿပီးေနေလၿပီ။
"ဒီေန႔ ေနာက္လည္း က်ေနၿပီဆိုေတာ့ ဆိုင္က နားေနခန္းေလးမွာဘဲ အိပ္လိုက္ၾကမလား"
"အင္း...... အဲ့လိုဘဲ ေကာင္းပါတယ္"
"လာ... အထဲ၀င္ရေအာင္" ဆိုၿပီး ျမတ္မင္းကိုမွာ သီဟရဲ႕ ကိုယ္ေလးကို ေထြးေပြ႕လိုက္ေလသည္။
"ကိုျမတ္.... ရရဲ႕လား ေခါင္းက ဒဏ္ရာႀကီးနဲ႔ ဆိုေတာ့ အားနည္းေနမွာေပါ့"
"အားနည္တာေပါ့လို႔..... ခ်စ္သာ အနမ္းေပးရင္ ျပန္ၿပီး အားတက္လာမွာ...."
"လူလည္ႀကီး အနမ္းလိုခ်င္ရင္ လိုခ်င္တယ္ေပါ့.... အားနည္းတယ္ေတြ လုပ္ေနတယ္"
"မေပးဘူးလား.... အားယုတ္လာၿပီေနာ္" ဆိုၿပီး ျမတ္မင္းကိုမွာ ယိုင္နဲ႔နဲ႔ ပုံစံ လုပ္ျပေတာ့သည္။
ဒါနဲ႔ သီဟမွာ ျမတ္မင္းကိုရဲ႕ ပါးေလးကို အနမ္းတစ္ပြင့္ ေပးလိုက္ေလ၏။
"အားျပန္တက္သြားၿပီ.... ဆိုင္ထဲ သြားၾကမယ္" ဆိုၿပီး ျမတ္မင္းကိုမွာ သီဟကို ေပြ႕ၿပီး ဆိုင္ထဲ ၀င္သြားေလေတာ့သည္။
တစ္ဖက္တြင္ေတာ့ သက္ရႈိင္းကို တစ္ေယာက္ တိုက္ခန္း ျပန္ေရာက္ၿပီး အိပ္ခန္းေလးထဲက ခုတင္ေပၚတြင္ လဲေလ်ာင္းလိုက္ေတာ့သည္။
"သူတို႔ အတြဲေလးေတြ ၾကည့္ရတာ ၾကည္ႏူးစရာ ေကာင္းလိုက္တာ" ဟု သက္ရႈိင္းကို တိုးတိုးေလး ေရ႐ြတ္လိုက္ေလသည္။
"ႏွင္းသာ ရွိေနေသးရင္..... သူတို႔အတြဲေတြလိုဘဲ ငါတို႔လည္း လိက္ဖက္ညီတဲ့ အတြဲေလး ျဖစ္ေနမွာ"
"ဟူ....... အခုေတာ့ ျဖစ္ခြင့္မရွိေတာ့ဘူးေပါ့ေလ..... ျဖစ္ခြင့္ မရွိေတာ့ဘူး......." လို႔ ေရ႐ြတ္ၿပီး သက္ရႈိင္းကို ေရ႐ြတ္ရင္း အိပ္ေပ်ာ္သြားေလသည္။ ပင္ပန္းတာလဲ ပါတာမလို႔ တစ္ခါတည္း အိပ္ေပ်ာ္သြားေလရဲ႕။
အိပ္မေပ်ာ္တဲ့ သူတစ္ဦး ရွိေနေလသည္။ ထိုသူကေတာ့ ႏွင္းပင္ ျဖစ္သည္။
"ကိုသက္...... ကိုသက္ အဲ့မူးယစ္ဂိုဏ္း ေဝယံလင္းထြန္းနဲ႔ ပတ္သက္ခဲ့ဖူးတာလား..... ႏွင္းကို ဖုံးကြယ္ထားခဲ့တာလား" ဟု ႏွင္း ေရ႐ြတ္လိုက္ေလသည္။
......................................
ႏွစ္ရက္ခန႔္ၾကာေသာ္
"ဘာလို႔ သတင္း မထုတ္ေသးတာလဲ မသိဘူေနာ္ ကိုျမတ္" ဟု
သီဟမွ စိတ္အလိုမက်ဟန္ျဖင့္ ေျပာလိုက္သည္။
"ေအာ္..... မသိေစခ်င္လို႔ ေနမွာေပါ့ ခ်စ္ကလည္း"
"ရဲမႉးႀကီးကလည္း ဖုန္းဆက္ အေၾကာင္းကို မၾကားေသးဘူး"
"ေအာ္ အလုပ္ရႈပ္ေနမွာေပါ့လို႔...... စစ္ရေဆးရနဲ႔ဆိုေတာ့ မအားတာ ေနမွာပါ"
"ဖမ္းခံရတာေကာ ေသခ်ာရဲ႕လား မသိဘူး"
"သီဟ ကိုယ္တိုင္လည္း ျမင္ခဲ့တာဘဲ.... ပရိေဘာဂဆိုင္ေရွ႕မွာ ရဲကားေတြ အမ်ားႀကီး ရပ္ထားတာကိုေလ"
"ဟူး..." သီဟ သက္ျပင္းခ်လိုက္သည္။
သက္ေသေတြ ေပးၿပီးတာေတာင္ သတင္းက အခုထိ မေၾကျငာေသးဘူးေလ။ သီဟမွာ သက္ေသေတြ ရဲလက္ထဲအပ္ၿပီး ေနာက္ေန႔ မနက္ပိုင္းတြင္ ပရိေဘာဂဆိုင္ေရွ႕သို႔ သြားၿပီး အေျခအေန ေစာင့္ၾကည့္ေလသည္။ ရဲကားေတြ ေရာက္လာၿပီး ပရိေဘာဂဆိုင္ကို ၀င္စစ္ေဆးတာ သီဟ ကိုယ္တိုင္ မ်က္ျမင္ေတြ႕ခဲ့ရေလသည္။ ပရိေဘာဂကေန ျပန္လာၿပီး ျမင့္ျမတ္သူတို႔ ဆီကိုေတာင္ ဖုန္းဆက္ၿပီး အေၾကာင္းၾကားလိုက္ေသးတာ။ ဘာလိုလိုနဲ႔ သတင္းေၾကျငာတာကို ေစာင့္ေနရင္း ႏွစ္ရက္ေတာင္ ေက်ာ္သြားၿပီေလ။
သီဟတို႔မွာ ရဲမႉးႀကီးက အေၾကာင္းမၾကားေတာ့ ႏွင္းအမႈ အတြက္ သက္ေသ ရွာမရေသးေပ။ သက္ရႈိင္းကိုလည္း သီဟတို႔ဆိုင္လာလိူက္၊ စားေသာက္ဆိုင္ လာလိုက္ႏွင့္ လုပ္ေနေလသည္။ သက္ရႈိင္းကိုမွာ သီဟတို႔ဆိုင္လာတိုင္း ႏွင္းပါ ပါလာေလသည္။ ဒါေၾကာင့္
သီဟမွာ ႏွင္းကို ျမင္ၿပီး ပိုအားနာရေလသည္။
"အကူေကာင္မေလးကို ညေန ဆိုင္မလာဖို႔ ေျပာၿပီးၿပီလား ခ်စ္" ဟု ျမတ္မင္းကိုက သီဟကို ေမးလိုက္ေလသည္။
"ေျပာၿပီးသြားၿပီ...."
"အကိုျမင့္ျမတ္နဲ႔.... အကိုေအာင္ႏိုင္သူကိုေရာ ကိုသက္ရႈိင္းကိုအိမ္ လာဖို႔ ေျပာၿပီးသြားၿပီလား"
"ေျပာၿပီးသြားပါၿပီ..... ဘုံဘုံေလးကို ေခၚၿပီး ညဘက္မွ လာခဲ့မယ္တဲ့ေလ"
"အဲ့တာဆိုလည္း စိတ္ညစ္မေနနဲ႔ေတာ့ ေပ်ာ္ေပ်ာ္ေလး ေနေလ..... ဒီေန႔ ေအာင္ပြဲခံၾကမွာကို"
"ဟုတ္ပါၿပီ" ဆိုၿပီး သီဟ တိုတိုတုတ္တုတ္ ျပန္ေျဖလိုက္ေလသည္။
ဒီလိုနဲ႔ ညခုႏွစ္နာရီေလာက္ ေရာက္ေတာ့ သီဟႏွင့္ ျမတ္မင္းကိုတို႔ သက္ရႈိင္းကို အိမ္ဆီသို႔ ထြက္လာခဲ့လိုက္ၾကသည္။ သက္ရႈိင္းကို တိုက္ခန္းကို ေရာက္ေတာ့ သက္ရႈိင္းကိုမွာ ဘာမွ မျပင္ဆင္ရေသးေပ။ ဒါနဲ႔ သီဟႏွင့္ ျမတ္မင္းကိုတို႔က ဝိုင္းၿပီး ျပင္ဆင္ေပးေလသည္။ အသားကင္ႏွင့္ ေဟာ့ေပါ့စားၾကမွာဘဲေလ။
ျပင္ဆင္ေနရင္းမွ သက္ရႈိင္းကိုက အသီးအ႐ြက္နဲ႔ အေအးေတြ မ၀ယ္ရေသးေၾကာင္း ေျပာလာေတာ့သည္။ ဒါနဲ႔ သက္ရႈိင္းကိုႏွင့္ ျမတ္မင္းကိုတို႔ ႏွစ္ေယာက္ သီဟကို ထားခဲ့ၿပီး အျပင္သြားေလ၏။ သီဟလည္း ျပင္ဆင္စရာ ရွိတာကို ဆက္ၿပီး ျပင္ဆင္ေနေတာ့တာေပါ့။
သီဟ ျပင္ဆင္လို႔ ၿပီးသြားေတာ့ ခဏ နားတဲ့ အေနနဲ႔ ဆိုဖာမွာ သြားထိုင္လိုက္ေလသည္။ သီဟမွာ အိမ္ႀကီးကို ဟိုၾကည့္ဒီၾကည့္ျဖင့္ တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။ အမွန္ေတာ့ ႏွင္းကို ရွာတာ ျဖစ္ေလသည္။
သီဟမွာ ႏွင္းကို မေတြ႕၍ စာေရးတဲ့အခန္းထဲ ရွိမယ္ အထင္ျဖင့္ သြားလိုက္သည္။ အမွန္တစ္ကယ္ပင္။ ႏွင္းမွာ ထိုင္ခုံမွာ ငုတ္တုတ္ေလး ထိုင္ေနေတာ့သည္။ ဒါနဲ႔ သီဟလည္း ႏွင္း အနားသို႔ သြားလိုက္ေလသည္။
"အမႏွင္း ဘာျဖစ္လို႔လဲ..... စိတ္မေကာင္း ျဖစ္ေနတာလား" ဟု သီဟ ေမးလိုက္သည္။
"မဟုတ္ဘူး..... သီဟ အမ တစ္ခုခုကို စဥ္းစားေနတာ...."
"ဘာေတြ စဥ္းစားေနတာလဲ အမႏွင္း"
"အမ ဟိုတစ္ေခါက္ ေျပာတယ္ေလ.... အမကို သတ္တာ ဘယ္လို သိတာလဲဆိုေတာ့ သတိရလာတာလို႔ ေျပာဖူးတယ္ေလ"
"အင္း.... အမႏွင္း"
"အဲ့မွာ အမ ဒီစာေရးတဲ့ အခန္းထဲမွာ တစ္ခုခု လုပ္ေနခဲ့တယ္"
"ဘာကို ဆိုလိုခ်င္တာလဲ အမႏွင္း"
"အမေျပာခ်င္တာက အမ ေဆာင္းပါးေရးမေနဘဲ တစ္ခုခု လုပ္ေနခဲ့တာလို႔ ေျပာခ်င္တာ....."
"ဟုတ္လား.... ဟိုတစ္ခါ အမႏွင္း သီဟကိုယ္ထဲ ၀င္ၿပီး ျပန္ထြက္တုန္းကလည္း အမႏွင္းက ဒီစာေရးတဲ့ အခန္းထဲမွာ တစ္ခုခု လုပ္ေနခဲ့တာ.... ၿပီးမွ တံခါးသံ ၾကားလို႔ ေျပးသြားဖြင့္တာဘဲ"
"ဟုတ္ယ္.... အမလည္း သတိရတုန္းက အဲ့လိုဘဲ"
"ဒါဆို အေျဖက လက္ေတာ့ဆီမွာ ရွိမယ္ ထင္တာဘဲ အမ......"
"လက္ေတာ့က သီဟတို႔ ဆိုင္မွာမလား"
"မဟုတ္ဘူး.... ဒီေန႔ ျပန္ေပးမယ္ဆိုၿပီး လက္ေတာ့ကို ယူလာခဲ့တယ္" လို႔ ေျပာၿပီး သီဟမွာ ဧည့္ခန္းကို သြားၿပီး လက္ေတာ့ သြားယူလာေတာ့သည္။
လက္ေတာ့ကို စာေရးတဲ့ အခန္းထဲ ယူလာလိုက္ၿပီး ပါဝါဖြင့္လိုက္ေလသည္။ ပါဝါပြင့္သြားေတာ့ သီဟမွာ ဖိုင္တစ္ခုၿပီး တစ္ခု ဖြင့္လိုက္ေလေတာ့သည္။ ဖိုင္ေတြကို ဖြင့္ေနရင္း သီဟမွာ record ဖိုင္ေလးကို ဖြင့္ၾကည့္လိုက္ေလသည္။ ထိုဖိုင္ထဲမွာ အသံဖမ္းထားတာ တစ္ခုဘဲ ရွိေလသည္။ ၾကာခ်ိန္က တစ္နာရီေလာက္ ရွိသည္။ ဒါနဲ႔ သီဟ ဖြင့္ၾကည့္လိုက္ေတာ့သည္။ အသံစုံ ေရာယွက္ေနၿပီး ေဝေဝဝါးဝါး ျဖစ္ေနတဲ့ အသံေတြ ထြက္ေပၚလာေတာ့၏။
ထိုအခ်ိန္မွာဘဲ သီဟ တစ္ေယာက္ တံခါးေဆာင့္ကန္သံကို ၾကားလိုက္ရေလေတာ့သည္။
သက္ရႈိင္းကိုႏွင့္ ျမတ္မင္းကိုမွာ အသီအ႐ြက္ေတြ ၀ယ္ၿပီးလို႔ ေနာက္ အေအး၀ယ္ဖို႔ အတြက္ ကုန္စုံဆိုင္ေလးကို သြားလိုက္ၾကေလသည္။ ကုန္စုံဆိုင္ထဲမွာ အေအးေ႐ြးေနတုန္း သတင္းတစ္ခု လြင့္လာတာကို ၾကားလိုက္ရေလသည္။
"အခုတင္ဆက္ေပးမယ့္ သတင္းကေတာ့ လားရႈိးၿမိဳ႕နယ္ႏွင့္ နီးစပ္ေဒသေတြကို မူးယစ္ေဆးျဖန႔္ျဖဴးေနတဲ့ မူးယစ္ဂိုဏ္းခ်ဳပ္ ဖမ္းဆီးခံရတဲ့ သတင္းဘဲ ျဖစ္ပါတယ္။ မူးယစ္ေဆးဝါး ျဖန႔္ျဖဴးသူမွာ အသက္ငါးဆယ္ႏွစ္ခန႔္ရွိ ဦးမိုးေကာင္းဆိုသူပင္ ျဖစ္သည္။
ဦးမိုးေကာင္းသည္ ပရိေဘာဂဆိုင္ကို ဗန္းျပၿပီး မူးယစ္ေဆးဝါး ျဖန႔္ျဖဴးေနတာဘဲ ျဖစ္သည္။ မူးယစ္ေဆးဝါး လုပ္ကိုင္ရာတြင္ ပူးေပါင္းခဲ့တဲ့ အထက္အရာရွိလူႀကီးမ်ားလည္း ပါ၀င္သည္ဟု ေျပာၾကားလာသည္။ အခုေတာ့ စစ္ေမးေနတုန္းရွိပါေသးသည္။ သတင္းက အတိအက် သိရပါက ထပ္မံတင္ဆက္ေပးပါမည္။
သတင္းလည္း ဆုံးသြားေရာ ျမတ္မင္းကိုႏွင့္ သက္ရႈိင္းကို တို႔ႏွစ္ေယာက္ ၿပိဳင္တူ ေရ႐ြတ္လိုက္ၾကသည္။
"ခ်စ္......."
"ေကာင္ေလး........"
××××××××××××××××
အပိုင္းတိုလို႔ ေတာင္းပန္ပါတယ္။ ခ်က္ခ်င္းတင္လိုက္တာပါ။ စာလုံးေပါင္း အမွားေလးေတြပါရင္ သည္းခံေပးၾကပါေနာ္။ complete ျဖစ္သြားရင္ စာျပန္စစ္ၿပီး ျပန္ျပင္မွာပါ။
ႀကိဳးစားၿပီး ေရးတင္ေပးေနပါတယ္။ အိမ္မွာေနပါ။ စာေတြဖတ္ပါ။ က်န္းမာေအာင္ေနပါ။ ဂ်င္းျပဳတ္ရည္ကို သိပ္မေသာ္ၾကပါနဲ႔ေနာ္။ ဂ်င္းျပဳတ္ရည္ကို ၾကာၾကာေနမွ တစ္ခါသာ ေသာက္ေပးပါေနာ္။ ဂ်င္းျပဳတ္ရည္က မ်ားမ်ား ေသာက္ရင္ ေက်ာက္ကပ္ပ်က္စီးတတ္လို႔ပါ။ က်န္တဲ့ အခ်ိန္ေတြဆို ေရေႏြးပူေလး ေသာက္တာတို႔ ဆားေရပလုတ္က်င္းတာတို႔ လုပ္ေပးပါ။ အျပင္သြားရင္ mask ႏွစ္ထပ္တပ္ပါေနာ္။ အျပင္သြားတိုင္းလည္း handgelေလး ေဆာင္ထားေပးပါေနာ္။ အားလုံး ေဘးကင္းၾကပါေစလို႔။