SOULMATE[Complete]

By Zayarminhtut17

3K 334 67

ဒီရဲ့၀တ္ထုလေးက If(အကယ်၍) extraရဲ့ အဆက်လေးပါ။ extraမှာ သီဟ တစ်ယောက် ဘာဖြစ်သွားလဲ မှတ်မိကြသေးတယ်မလား။ ဒီရဲ့ ၀တ္... More

A/N
နှင်းအိန္ဒြာထက်
သက်ရှိုင်းကို
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24(Final)
Special Part
ကျေးဇူးတင်လွှာ
New Season

Part 19

47 10 4
By Zayarminhtut17

#Unicode#

ဝေယံလင်းထွန်း တစ်ယောက် အိပ်မှုန်စုတ်ဖွားဖြင့် ထလာပြီးတော့ခုတင်‌ပေါ်တွင် ထိုင်နေလေသည်။ ခေါင်းကို ဘယ်ညာယိမ်းလိုက်ပြီးတော့ ဇက်နားလေးကို လက်ဖြင့် ပွတ်သပ်နေလေ၏။ အပေါ်‌ပိုင်း အ၀တ်မဲ့နေသောကြောင့် ဝေယံလင်းထွန်းမှာ ကြည့်လို့ အလွန်ကောင်းနေသည်။ ဝေယံလင်းထွန်း တစ်ယောက် ကြောင်တောင်တောင်လေး ထိုင်နေရင်းမှ ပြတင်းပေါက်ဘက်ကို ကြည့်လိုက်သည်။ ပြီးမှ ခုတင်ပေါ်ထိုင်နေရာကနေ ထလိုက်ပြီး ပြတင်းပေါက်နားကို သွားတော့သည်။

အပေါ်ပိုင်း ဗလာကျင်းနဲ့ ဘစ်တစ်ထည်လေးနဲ့လည်း
ဝေယံလင်းထွန်းမှာ အလွန်ပင် စွဲမက်စရာ ကောင်းလွန်းသည်။ မော်ဒယ်လို အရပ်အမောင်နဲ့ မင်းသားချော ချောပြီး ဘုဘောက်ပြောတတ်တဲ့သူကို ဘယ်သူက မူးယစ်ဂိုဏ်းချုပ်လို့ ထင်ပါ့မလဲ။ ဒီအတိုင်း သူဌေးသားလို့ဘဲ ထင်မိမှာ အမှန်ဘဲပေါ့။ ပြီးတော့ ဝေယံလင်းထွန်းကို ချစ်သူ တော်ချင်သပဆိုပြီး မိန်းကလေးတွေမှာ သူ့ထက်ငါ ပြိုင်လုတတ်ကြသည်။ ဒါပေမယ့် ဝေယံလင်းထွန်းကတော့ မိန်းကလေးများကို စိတ်မ၀င်စားပေ။ ဝေယံလင်းထွန်း စိတ်၀င်စားသည်က ကောင်လေးတွေဘဲလေ။ ငယ်ငယ်ချောချောလေးတွေကို ပိုပြီး စိတ်၀င်စားလေသည်။ ဒါပေမယ့်လည်း ဝေယံလင်းထွန်းမှာ တစ်ယောက်ထဲသောသူကို လိုချင်တပ်မက်တဲ့အထိ စွဲစွဲလမ်းလမ်း ချစ်ခဲ့ဖူးသည်လေ။

ဝေယံလင်းထွန်း တစ်ယောက် ပြတင်းပေါက် လိုက်ကာကို ဖွင့်ပြီးတော့ အပြင်ဘက်ကို ကြည့်ကာ အလိုမကျဟန်ဖြင့် ရေရွတ်လိုက်သည်။

"သောက်ကျက်သရေတုံး ငှက်တွေ မနက်ကလည်းက တကျွီကျွီနဲ့ အိပ်လို့ မရအောင်ကို လာလုပ်နေတယ်.... သောက်ကျက်သရေကို တုံးတယ်"

ဝေယံလင်းထွန်း ပြတင်းပေါက် လိုက်ကာကို ပြန်ပိတ်လိုက်သည်။ နောက်ပြီး ရမ်ပုလင်းတွေ ထားတဲ့ ဗီရိုနားကို သွားလိုက်တော့သည်။ ဗီရိုထဲကနေ ရမ်ပုလင်း တစ်လုံးထုတ်လိုက်ပြီး ဆိုဖာမှာ ထိုင်လိုက်လေသည်။ ရမ်ပုလင်းကို ချက်ချင်းဖွင့်ပြီး တစ်ငုံလောက် မော့သောက်လိုက်သည်။

"ဟာ.... အခုမှဘဲ ခံတွင်း ရှင်းသွားတော့တယ်" ဟု
ဝေယံလင်းထွန်း ရေရွတ်လိုက်သည်။

မနက်ခင်းတိုင်း ဝေယံလင်းထွန်း လုပ်နေကြ ဖြစ်သည်။ ဝေယံလင်းထွန်းမှာ နောက်ထပ် တစ်ငုံ ထပ်မော့လိုက်ပြန်သည်။

"ဟား..... မင်းက ငါ့ကို မရွေးချယ်ခဲ့တာကိုး...... ငါ့ကို လိုချင်တဲ့ သူ ဒီလောက် အများကြီးရှိတာကို..... ငါမင်းကို ဦးစားပေးခဲ့တာ.... မင်းက ငါ့ကို မရွေးချယ်ခဲ့ဘဲ ဘာမဟုတ်တဲ့ ကောင်မလေးကိုမှ သွားကြိုက်ရတယ်လို့ကွာ.... မင်းသာ ငါ့ကို ရွေးချယ်ခဲ့မယ်ဆိုရင် မင်းလိုချင်တာ အကုန် ငါက ဖြည့်ဆည်းပေးမှာ" ဟု ‌
ဝေယံလင်းထွန်း တစ်ယောက် မျက်နှာကျက်ကို ကြည့်ကာ တိုးတိုးလေး ပြောနေလေ၏။

နောက်ထပ် ရမ်တစ်ငုံ ထပ်မော့လိုက်ပြန်သည်။ ပြီးနောက် ရမ်ပုလင်းကို စိုက်ကြည့်နေတော့၏။

"မင်းမှ ငါ့ကို မရွေးချယ်ခဲ့တာ..... အဲ့တော့ ငါလည်း မတတ်နိုင်‌ဘူးပေါ့။ မင်းရွေးချယ်တဲ့ ကောင်မလေးက ငါ့ရှေ့တည့်တည့်မှာ လာပြီး ပိတ်နေတော့ ငါလည်း ရှင်းလိုက်ရတာပေါ့။ ပြီးတော့ မင်းကို ငါ့ဆီကနေ လုယူသွားခဲ့တာလေ....... ငါမရှိတဲ့ အချိန်မှာ ငါ့ဆီကနေ ယူသွားတာ.... ငါ မင်းကို ချစ်လို့ဘဲ လုပ်ခဲ့မိတာပါကွာ။ မင်းကို ပိုင်ဆိုင်ချင်လို့....။ မင်းနေရာမှာ အစားထိုးပေမယ့်လည်းကွာ အစားထိုးတာက ခဏဘဲ သက်ရောက်တာ.... ပြီးရင် မင်းကို လိုချင်နေတာဘဲ..... ဒါကြောင့်မလို့ ငါ မင်းလို အရွယ် ကောင်ငယ်လေးတွေနဲ့ ‌ခဏခဏတွေ့ရတာပေါ့.... အစားထိုးဖို့ အတွက်လေ" ဆိုပြီး ဝေယံလင်းထွန်း ပြောနေရင်းမှ သက်ပြင်းချလိုက်သည်။

"ဟူး......."

"အခုတော့..... မင်းလည်း လူလွတ် ဖြစ်သွားပြီပေါ့.... မင်းလည်း လူလွတ်၊ ငါလည်း လူလွတ်ဘဲပေါ့.... မင်းသိလား..... မင်းက ရမ်အရက်တွေလိုဘဲ ငါ့ကို ရူးရူးမူးမူး ဖြစ်စေတယ်..... အရမ်းကို ရူးရူးမူးမူးပေါ့.......အဲ့တာကြောင့်မလို့လဲ ငါ ရမ်အရက်တွေကိုဘဲ နေ့တိုင်း သောက်နေမိတာပေါ့" လို့ ပြောနေရင်း ဝေယံလင်းထွန်းမှာ ရမ်ပုလင်းထဲက ရမ်တွေကို ကိုယ်ပေါ်သို့ လောင်းချလိုက်တော့သည်။

ရမ်အရက်‌တွေဟာ ဝေယံလင်းထွန်းရဲ့ ရင်ဘက်နှင့် ၀မ်းဗိုက်ပေါ်မှာ ရေစက်ကလေးတွေကဲ့သို့ နေရာယူသွားကြလေသည်။ ဝေယံလင်းထွန်းမှာလဲ ကျေနပ်နေတော့၏။

"ဟား.....ဟား..... အခုမှဘဲ လန်းဆန်းသွားတော့တယ်" ဟု
ဝေယံလင်းထွန်း ပြုံးရင်း ရေရွတ်လိုက်သည်။

ထိုအချိန်မှာဘဲ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာတော့သည်။ ဒါနဲ့ ဝေယံလင်းထွန်း တစ်ယောက် ထိုင်နေရာကနေ ထပြီး တံခါးနား သွားလိုက်လေသည်။ ပြီးနောက် တံခါးကို ဖွင့်လိုက်လေသည်။ တံခါးဖွင့်ဖွင့်ချင်း ဦးမိုးကောင်း ရပ်နေတာကို မြင်လိုက်ရတော့
ဝေယံလင်းထွန်းမှာ အလိုလို မျက်မှောင်ကြုတ်သွားရလေသည်။

"ခင်ဗျား....ဘာပြောမလို့လဲ" ဟု ဝေယံလင်းထွန်း တစ်ယောက် တံခါးကိုမှီပြီး ဦးမိုးကောင်းကို မေးလိုက်လေသည်။

ဦးမိုးကောင်းမှာ ဘာမှ ပြန်မဖြေသေးဘဲ ဝေယံလင်းထွန်းကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်လေတော့သည်။

"ဘာလဲ..... ဘာဖြစ်နေလို့လဲ" ဟု ဝေယံလင်းထွန်း ထပ်မေးလိုက်ပြန်သည်။

"အဟမ်း..... ဘာမှ မဖြစ်ပါဘူး......" ဆိုပြီး ဦးမိုးကောင်း အဖြေပြန်ပေးလေတော့သည်။

"ဘာမှ မဖြစ်ဘူးဆိုလဲ..... ဘာကိစ္စလဲ ဆိုတာ ခင်ဗျား ပြောအုန်းမှာလား"

"ဟို...... သခင်ကြီးက ဖုန်းပြောချင်လို့တဲ့လေ"

"ဟုတ်လား..... အခုလား......"

"ဟုတ်ပါတယ်..... ခဏက ဦးနဲ့ ပြောနေတာ ဖုန်းပြန်ဆက်လာမယ်ပြောပေမယ့် ခုထိကို မခေါ်လာသေးဘူးလေ"

"အဲ့တာများ..... ဖုန်းထပ်ခေါ်လာတဲ့ အချိန်မှ ကျွန်တော့်ကို လာပြောပါလား" ဟု ဝေယံလင်းထွန်း စိတ်တိုတိုဖြင့် အော်ပြောလိုက်တော့၏။

"ဟို....ဟို.... ဖုန်းခေါ်လာရင် အဆင်သင့် ဖြစ်ရအောင်လို့ပါ"

"သွားတော့ဗျာ..... ဖုန်းလာမှ ပြန်လာခဲ့တော့" လို့ ပြောပြီး ဝေယံလင်းထွန်း တစ်‌ယောက် တံခါးကို ပိတ်မလို့ လုပ်တဲ့အချိန်မှာဘဲ
ဦးမိုးကောင်းရဲ့ ဖုန်းက မြည်လာလေသည်။

ဒါနဲ့ ဝေယံလင်းထွန်းလည်း ဦးမိုးကောင်းရဲ့ ဖုန်းကို ယူပြီးတော့ ဖုန်းကိုင်လိုက်ရလေသည်။

"ဟယ်လို ပါးပါး....."

"အော်.....မင်းထနေပြီလား.....ဦးမိုးကောင်းလာနိုးမှ ထတာမလား"

"မဟုတ်ရပါဘူးဗျာ..... ကျွန်တော့်ဘာသာ အစောကြီးနိုး‌နေတာပါဗျာ ပါးပါးကလည်း"

"မင်းလို နေဖင်ထိုးမှ ထတဲ့ကောင်က အစောကြီးနိုးနေတော့ ထူးဆန်းနေလို့ပါကွာ"

"ဘာလဲ.... ပါးပါးက စကားနာထိုးဖို့အတွက် ဖုန်းဆက်တာလား.... ဒါဆိုလည်း ဖုန်းချလိုက်တော့မယ်" လို့ ဝေယံလင်းထွန်းမှာ စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်တော့သည်။

"ဘာကို ဖုန်းချမှာလဲ..... ငါပြောတာ နားထောင်"

"ဟုတ်..... ပါးပါး"

"ငါ့မိတ်ဆွေ ဦးစောရမောင်က ဒီနေ့ဘဲ လားရှိုးကိုရောက်မယ်.... မင်းဆီကိုတော့ ဒီမနက်လား၊ညဘက်လား၊ သို့မဟုတ် မနက်ဖြန်လောက်မှ လာချင်လာခဲ့မယ်တဲ့.... ဒါပေမယ့် ဒီနေ့ မနက်နဲ့ ညလာမလား မသိတာကြောင့် ကြိုတင်ပြင်ဆင်ပြီး စောင့်နေ.....ကြားလား"

"ဒါဘဲမလား..... ပြောမှာက"

"‌နေအုန်း ..... ဦးစောရမောင်က သိပ်ကို အရေးကြီးတဲ့လူနော်.... သူက ငါတို့ လုပ်ငန်းကို သဘောကျရင် ရှယ်ယာအများဆုံးနဲ့ ၀င်မှာဒါကြောင့် သူနဲ့တွေ့တဲ့ အချိန်ကြရင် မူးရူးကွဲပြဲမနေဘဲနဲ့ လုပ်ငန်းအကြောင်းကို သေသေချာချာ ရှင်းပြလိုက်"

"စိတ်ချပါ ပါးပါးရာ..... ပါးပါးသား ဝေယံလင်းထွန်းပါ"

"အေ..... အရင်တစ်ခါလို မဖြစ်စေနဲ့.... ဒါဘဲ" လို့ တစ်ဖက်က ပြောပြီးတော့ ဖုန်းချသွားသည်။

ဝေယံလင်းထွန်းလည်း ဦးမိုးကောင်း ဖုန်းကို အပေါ်သို့ မြှောက်ပစ်ပြီး ပြန်ပေးလိုက်လေသည်။ ဦးမိုးကောင်းမှာတော့ ပြာယာခတ်စွာဖြင့် ဖုန်းကို ဖမ်းလိုက်လေသည်။ ဝေယံလင်းထွန်းမှာ ဦးမိုးကောင်း ဖြစ်သွားတဲ့ ပုံကို ကြည့်ပြီး သဘောကျလို့ ပြုံးကာ တံခါးကို ပိတ်လိုက်လေတော့၏။

ဝေယံလင်းထွန်း တစ်ယောက် တံခါးပိတ်ပြီးတော့ လက်တွေကို ပေါ်မြှောက် ဆန့်တန်းပြီး အညောင်းဆန့်လိုက်တော့သည်။

"ဦးစောရမောင်က အချောလေးဖြစ်ရင် သိပ်ကောင်းမှာဘဲ" လို့
ဝေယံလင်းထွန်း ရေရွတ်ပြီး ရေမိုးချိုးဖို့ အတွက် ရေချိုးခန်းထဲသို့ ၀င်သွားလိုက်လေတော့၏။

........................................

ညနေစောင်း၍ နေလုံးကြီးပင် အရှိန်အဝါ မှေးမှိန်နေလေပြီ။ ညဘက်ဆိုတော့ လမ်းမထက်တွင် ရုံးဆင်းကြသူများနှင့် ပြည့်နေလေ၏။ ပန်းခြံတွင်လည်း အပန်းလာဖြေကြတဲ့ သူများဖြင့် ပြည့်လို့နေလေသည်။ စားသောက်ဆိုင်၊ အကင်ဆိုင်၊ ဟော့ပေါ့ဆိုင်များတွင်လည်း လူများ စည်ကားသိုက်မြိုက်စွာဖြင့် ရောက်ရှိနေကြလေသည်။ အားလုံးမှာ ပျော်‌ရှင်နေကြလေသည်။

ညနေစောင်းတာတောင် မပျော်နိုင်၊ မရွှင်နိုင် ဖြစ်နေသည့် လူတစ်ယောက်ရှိသည်။ ထိုသူကတော့ ဝေယံလင်းထွန်းပင် ဖြစ်သည်။ ဖခင်ဖြစ်သူက ဧည့်သည်လာမည်ဟု ပြောသောကြောင့် ဝေယံလင်းထွန်းမှာ ဘယ်မှမသွားဘဲ အိမ်ဆိုင်လေးမှာ စောင့်နေလေသည်။ ခါတိုင်းဆိုရင် နေ့လည်ဘက်တွေကို ဂေါက်ကွင်းတို့ ရေပူ‌စမ်းတို့ သွားတတ်သည်။ ဒီနေ့တော့ ဧည့်သည်လာမည် လာနိုင်မလား မသိဘူး စောင့်နေဟု ဖခင်က မှာကြားထားတာမလို့ ဝေယံလင်းထွန်းမှာ ဆိုင်ရဲ့ ရုံးခန်းလေးမှာ တစ်နေ့လုံး ထိုင်စောင့်နေသည်မှာ ခုညနေစောင့်တဲ့ အထိပင် ဖြစ်သည်။ ဒါကြောင့် ဝေယံလင်းထွန်း တစ်ယောက် ဆိုဖာမှာ ထိုင်နေရင်း ပေါက်ကွဲလာတော့သည်။

"ဟား..... ဒီသောက်ဘိုးတော်က လာကော လာအုန်းမှာလား" ဆိုပြီး မကျေမနပ် ဖြစ်ကာ ရေရွတ်လိုက်သည်။

ပြီးနောက် ‌ဆိုဖာမှာ ထိုင်နေရာကနေ ထလိုက်ပြီး စားပွဲကို တစ်ချက် ကြည့်လိုက်လေသည်။ စားပွဲပေါ်က ရမ်ပုလင်းလေးကို
ဝေယံလင်းထွန်း တစ်ယောက် မျက်စိ ကျနေတော့သည်။
ဒါနဲ့ ဝေယံလင်းထွန်းမှာ စားပွဲပေါ်မှာ တင်ထားတဲ့ ရမ်ပုလင်းလေးကို ကျော်ပြီး ရေသန့်ဘူးကို ယူလိုက်လေသည်။ ရေသန့်ဘူးကို အဖုံး ဖွင့်လိုက်ပြီး တစ်ငုံမော့သောက်လိုက်လေသည်။

"အား..... ရေကလည်း ဘယ်လို အရသာမှန်း မသိဘူးကွာ..... မနက်ကတည်းကနေ ငါလို‌နေတာက ရမ်ဘဲ.... ရမ်အရက်ဘဲ..... တောက် အာလုပ်လေးဘဲ ကျင်းခဲ့မိတာ မှားတယ်ကွာ..... သောက်ဘိုးတော်ကလည်း ဒီနေ့ မလာရင်လည်း မလာဘူးဆိုတာ အကြောင်းကြားပါလား......" ဆိုပြီး ဝေယံလင်းထွန်း တစ်ယောက် ပြောရင်း တောက်ခေါက်ကာ ရေကို နောက်တစ်ငုံ သောက်လိုက်လေတော့၏။

ဝေယံလင်းထွန်း တစ်ယောက် ရုံးခန်းလေးထဲတွင် ပေါက်ကွဲပြီး မတင်မကျ ဖြစ်နေတဲ့ အချိန်တွင် ဝေယံလင်းထွန်း၏ 'Nine' ပရိဘောဂဆိုင်ရှေ့သို့ ကားအကောင်းစား တစ်စီး ထိုးရပ်လာတော့သည်။

ကားထဲကနေ စမတ်ကျကျ၊ အရပ်ဒေါင်ကောင်းကောင်း၊ ရုပ်ရည်ပြေပြေပြစ်ပြစ်နှင့် ခဲရောင် ၀တ်စုံ အပြည့်၀တ်ထားတဲ့ အသက်ခပ်လတ်လတ် အရွယ် တစ်ယောက် ဆင်းလာလေတော့သည်။ ထိုသူသည် လွန်စွာပင် ကြည့်လို့ကောင်းတဲ့သူ ဖြစ်သည်။ ထိုသူသည် ဆံပင်ကို တစ်ချက် ပင့်သပ်လိုက်ပြီး တပ်ထားတဲ့ မျက်မှန် အမည်းလေးကို ချွတ်လိုက်လေသည်။ ပြီးနောက် လက်တွင် ပတ်ထားတဲ့ နာရီကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။ နောက်ပြီး ထိုသူသည် ဆိုင်ထဲသို့ ဦးတည်လိုက်လေတော့၏။

ရုံးခန်းလေးထဲတွင် မတင်မကျဖြင့် မကျေနပ်နိုင် ဖြစ်နေသည့်
ဝေယံလင်းထွန်းဆီသို့ လုပ်သား တစ်ယောက် ရောက်လာလေသည်။

"ဆရာ....." ဟု ထိုလုပ်သားမှ ဝေယံလင်းထွန်းကို ခေါ်လိုက်သည်။

"ဘာလဲ.... ဟိုဘိုးတော် မလာတော့ဘူးတဲ့လား.... ကောင်းတယ်... ဒါဆို ကလပ်သွားတာပေါ့" လို့ ဝေယံလင်းထွန်း တစ်ယောက် ကိုယ်ထင်ရာတွေ ပြောပြီးတော့ ရုံးခန်းလေးထဲကနေ ၀ရုန်းသုန်းကားဖြင့် ထွက်သွားတော့သည်။ လုပ်သားမှာလည်း
ဝေယံလင်းထွန်း နောက်သို့ ပြာတိပြာယာဖြင့် လိုက်သွားလေသည်။

ဝေယံလင်းထွန်း တစ်ယောက် ရုံးခန်းကနေ ထွက်ထွက်ချင်းဘဲ ပရိဘောဂ ခင်းကျင်းထားတဲ့ နေရာတွင် လူတစ်ယောက် ရောက်နေတာကို တွေ့လိုက်ရလေသည်။ ဒါနဲ့ အနားကို ရောက်လာတဲ့ လုပ်သားကို ခပ်တိုးတိုးလေး မေးလိုက်လေသည်။

"အဲ့တာ ဘယ်သူလဲ.... ပရိဘောဂ လာ၀ယ်တဲ့သူလား"

"မဟုတ်ဘူး ဆရာ......"

"အဲ့တာဆို ဘယ်သူလဲ မြန်မြန်ပြောလေ"

"ဆရာ့ကို တွေ့ချင်တာတဲ့...... ဆရာ့ဧည့်သည်လို့ ပြောတာဘဲ......" ဆိုပြီး လုပ်သားလေးက ဝေယံလင်းထွန်းကို ခပ်တိုးတိုးလေး ပြန်ဖြေလေတော့၏။

"အဲ့တာကို အခုမှ ပြောရတာလား" ဟု ဝေယံလင်းထွန်း တိုးတိုးလေး အော်ပြောလိုက်သည်။

"ခဏက ပြောမလို့ဘဲ ဆရာက ၀ရုန်းသုန်းကားနဲ့ ထွက်သွားတာ မလို့လေ"

"ပါးစပ်ပိတ်ထား" လို့ ဝေယံလင်းထွန်း ပြောလိုက်ပြီး ပရိဘောဂ ကြည့်နေတဲ့ သူဆီသို့ ဖြေးဖြေးမှန်မှန်လေး လျှောက်သွားလိုက်တော့သည်။

ဝေယံလင်းထွန်းမှာ ထိုလူစိမ်းနားသို့ ရောက်သွားလေပြီ။ ရောက်ရောက်ချင်း ဝေယံလင်းထွန်း တစ်ယောက် ထိုလူစိမ်းကို ကြည့်ပြီးအကဲခတ်လိုက်သည်။

"ဦးစောရမောင် ဆိုတော့ အသက်ခပ်ကြီးကြီးနဲ့ အိုအိုကြီး ဖြစ်မယ် ထင်နေတာ။ အခုတွေ့ရတော့ တော်တော် ငယ်တာဘဲ။ ငါ့ထက်တော့ အသက်ကြီးမယ့် ပုံဘဲ...." ဟု ဝေယံလင်းထွန်း အတွေးထဲမှာ ပြောနေလေတော့၏။

"ဒီက ဦးစောရမောင်ပါလား" ဆိုပြီး ဝေယံလင်းထွန်းကနေပြီး တစ်ဖက်က လူစိမ်းကို စမေးလိုက်လေသည်။

တစ်ဖက်က လူစိမ်းမှာ ပရိဘောဂ ကြည့်နေရာကနေ ဝေယံလင်းထွန်းထက်သို့ လှည့်လာတော့သည်။

"ဟုတ်ပါတယ်....... ဦးစောရမောင်ပါ" ဟု တစ်ဖက်က ပြန်ဖြေလာလေ၏။

"ဟုတ်..... ကျွန်တော်က ဝေယံလင်းထွန်းပါ..... ပါပါးလည်း ခင်ဗျားကို ပြောထားမယ် ထင်တယ်.... ပြီးတော့ ခင်ဗျားလာမယ်ဆိုတာကိုလည်း ပါပါးက ပြောထားပြီးသား"

"ဟုတ်ပါတယ်..... သူ ပြောထားပါတယ်..... သားဖြစ်သူနဲ့ ဆုံရမယ်ဆိုတာကိုပေါ့"

"ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်" ဟု ပြောပြီးတော့
ဝေယံလင်းထွန်းမှ ဦးစောရမောင်ရှေ့သို့ လက်ဆန့်ထုတ်လိုက်လေသည်။

"တွေ့ရတာ ၀မ်းသာပါတယ် .... ကောင်လေး" လို့ ပြန်ပြောရင်း
ဦးစောရမောင်မှာ ဝေယံလင်းထွန်း၏ လက်ကို ဆွဲပြီး လက်ဆွဲနှုတ်ဆက်လိုက်လေတော့၏။

ဝေယံလင်းထွန်းလည်း အထိုက်အလျောက်လေး လက်ဆွဲနှုတ်ဆက်လေသည်။ ပြီးမှ လက်ကို ပြန်ဖြုတ်လိုက်ပြီး

"ဒီဘက်မှာ ရုံးခန်းက..... ရုံးခန်းမှာ အလုက်ကိစ္စ‌လေး ဆွေးနွေးကြတာပေါ့" ဟု ဝေယံလင်းထွန်း ပြောလိုက်သည်။

"ကောင်းပါပြီ" ဆိုပြီး ဦးစောရမောင်က ပြန်ဖြေတော့
ဝေယံလင်းထွန်းမှာ ရှေ့ကနေ ဦးဆောင်ပြီး ရုံးခန်းကို ခေါ်သွားတော့သည်။

ဒီလိုနဲ့ ဝေယံလင်းထွန်းနှင့် ဦးစောရမောင်တို့ နှစ်ယောက် ရုံးခန်းလေးထဲတွင် လုပ်ငန်းကိစ္စ ဆွေးနွေး‌ကြလေ၏။

ဝေယံလင်းထွန်းမှာ ဦးစောရမောင် အတွက် ရမ်အရက်ငှဲ့ပေးဖို့ ပြင်လေသည်။ ဒါကိုမှ ဦးစောမောင် တစ်ယောက် တားလိုက်လေသည်။

"တော်ပြီ ကိုက ရမ် မသောက်တတ်ဘူး..... ကိုက ဗော့ကာလိုမျိုးဘဲ သောက်တတ်တာဗျ"

ဦးစောရမောင် စကားကြောင့် ဝေယံလင်းထွန်းမှာ ပြုံးလိုက်ပြီး ရမ်အရက် ငှဲ့ဖို့ ပြင်နေတာကို ရပ်လိုက်လေသည်။ ပြီးတော့ ဆိုဖာကို နောက်မှီထိုင်လိုက်ပြီး

"ကဲ..... ဒါဆို ခင်ဗျား ဘာကို သိချင်တာလဲ" ဟု ဝေယံလင်းထွန်း ပြောလိုက်သည်။

"ဟမ်.... မင်းက ရှင်းပြရမှာ မဟုတ်ဘူးလား"

"ကျွန်တော် ရှင်းပြရမှာတော့ မှန်တယ်လေ.... ဒါပေမယ့် ခင်ဗျားက အသက်အရွယ်အရ ငယ်ငယ်လေးဘဲ ရှိသေးတာ.... ခင်ဗျားသာ အသက်ကြီးကြီးဆိုရင် ကျွန်တော်က ရှင်းပြမလို့ဘဲ။ အခု ခင်ဗျားက ကျွန်တော်နဲ့ သက်တူရွယ်တူလောက်ဘဲ.... အလွန်ဆုံးကြီး လေးငါးနှစ်လောက်ပေါ့"

"အဲ့ဒီတော့ မင်းပြောချင်တာက....." ဟု ဦးစောရမောင် ဖြတ်ပြောလိုက်သည်။

"အဲ့ဒီတော့ ပြောချင်တာက ခင်ဗျားလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်က ဘာလဲဆိုတာ ပါးပါးနဲ့ ပြောပြီးကတည်းက သိထားပြီးသားလို့ ထင်တယ်"

"သိပ်ဟုတ်တာပေါ့ ..... ငါတို့ လုပ်မယ့် လုပ်ငန်းက ခပ်သေးသေးမှ မဟုတ်ဘဲ .... တစ်ကယ့်ကို အကြီးကြီးဆိုတာ သိပ်သိတာပေါ့"

ဦးစောရမောင် စကားကို ကြားပြီး ဝေယံလင်းထွန်း တစ်ယောက် အားရကျေနပ်သွားလေသည်။

"ခင်ဗျားကို သဘောကျသွားပြီကွာ..... ခင်ဗျားက သဘောပေါက်တာ မြန်တာဘဲ" ဟု ဝေယံလင်းထွန်းမှ ပြုံးရင်း ပြောလိုက်သည်။

"ကိုက ဒုစရိုက် သမားနဲ့ အလုပ်လုပ်......"

"နိုး....နိုး....နိုး..... ဒုစရိုက်သမားလို့ မခေါ်ရဘူး" ဟု ဝေယံလင်းထွန်းမှ ဦးစောရမောင် စကားမဆုံးခင် ဖြတ်ပြောလိုက်တော့သည်။

"ဒါဆို ဒုစရိုက် သမား မဟုတ်ရင် ဘယ်လို ခေါ်ရမလဲ....."

"ဒု.... စ....ရိုက်.....ဂိုဏ်း....ချုပ်....." ဆိုကာ ဝေယံလင်းထွန်း တစ်လုံးချင်းစီ ‌ပြောပြီးတော့ ဆက်ပြောလေသည်။

"ကျွန်တော်တို့တွေက ဒုစရိုက်ကို လုပ်နေတဲ့ အညတရ ကောင်လေးမှ မဟုတ်တော့တာ။ အခုဆို အဖွဲ့အစည်းနဲ့ လုပ်နေရပြီလေ.... ဒါကြောင့် ဒုစရိုက်သမား မဟုတ်ဘူး.... ဒုစရိုက်ဂိုဏ်းချုပ်"

"ဟုတ်တာပေါ့ဗျာ..... ဒုစရိုက် ‌ဂိုဏ်းချုပ်ကြီးပေါ့"

"ကဲ...... ကောင်ပြီ ခင်ဗျား ဘာသိချင်သေးလဲ"

"ကို ပစ္စည်း ကြည့်ချင်တယ်......" ဆိုပြီး ဦးစောရမောင်မှာ
ဝေယံလင်းထွန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"ရတာပေါ့..... ကြည့်လို့ သိပ်ရတာပေါ့....." လို့ ပြောပြီးတော့
ဝေယံလင်းထွန်းမှာ ဆိုဖာကနေ ထသွားပြီး ရုံးစားပွဲနား သွားလြိက်လေသည်။ ပြီးတော့ စားပွဲ ဗီရိုတစ်ခုထဲကနေ အဖြူရောင် အထုပ်လေး ယူပြီး ဦးစောရမောင် ရှိနေတဲ့ စားပွဲဝိုင်းနားသို့ ပြန်လာလိုက်လေသည်။

ဝေယံလင်းထွန်းမှာ အဖြူရောင် အထုပ်လေးကို ဦးစောရမောင်ရှေ့သို့ ချပေးလိုက်လေသည်။ ဦးစောရမောင်မှာ အထုပ်ကို ကြည့်ပြီးတော့ ဝေယံလင်းထွန်းအား မေးလိုက်လေသည်။

"ဒါက အလေးချိန် ဘာ်လောက်လောက်ရှိသလဲ"

"အဲ့တာကတော့ ငါးဂရမ်လောက်ပေါ့"

"ဒါဖြင့် ဈေးနှုန်းကရော"

"အဲ့အထုပ်လေးက တစ်ပုံးလောက် ရှိတာပေါ့" လို့ ဝေယံလင်းထွန်းမှာ လက်ကလေးကို အဝိုင်းလေး လုပ်ပြပြီး ပြန်ဖြေလိုက်လေသည်။

ဦးစောရမောင်မှာ ငါးဂရမ် ဘိန်းဖြူထုပ်လေးကို ယူပြီး အနီးကပ် ကြည့်နေတော့သည်။ ဘိန်းဖြူထုပ်လေးကို လုံးစေ့ပတ်အောင် ကြည့်ပြီးတော့ ပြန်ချထားလိုက်သည်။

"ဒါဖြင့်ရင် ပို့ဆောင်ဖို့ကရော" ဟု ဦးစောကမောင်က မေးလိုက်သည်။

"ပို့ဆောင်ကတော့ လုံး၀ကို အကောင်းဆုံး ပို့ဆောင်ပေးမှာပါ.... အပြင်က ပရိဘောဂတွေကို တွေ့ခဲ့တယ်မလား...."

ဝေယံလင်းထွန်းက ပြန်မေးတော့ ဦးစောရမောင် ခေါင်းငြိမ့်ပြလိုက်သည်။

"အဲ့တာတွေက ပို့ဆောင်တဲ့ နေရာမှာ တစ်ကယ့်ကို ကူညီမေးမှာဘဲလေ"

"အော်..... သိပြီ..... သီပြီ.....သဘောပေါက်ပြီ" ဟု ဦးစောရမောင်က အေးအေးဆေးဆေးလေး ပြန်ဖြေလိုက်သည်။

"ခင်ဗျားရဲ့ သဘောပေါက်တာ မြန်တာကိုတော့ သဘောကျသွားပြီ"

"ခဏ.... ခဏ သဘောကျနေတယ်လို့ ပြောနေတာ.... ကို့မှာက ပိုင်ရှင်ရှိပြီးသားနော်......"

"ဟား......ဟား..... ကျွန်တော်က ခင်ဗျားရဲ့ သဘောပေါက်မြန်တာကို ပြောတာပါဗျာ..... ကျွန်တော်က ကျွန်တော့်ထက် အသက်ကြီးတဲ့သူဆို မကြိုက်ဘူး..... ငယ်ငယ်ချောချောနဲ့ ချစ်စရာလေးမှ ကြိုက်တာ‌ဗျ" ဟု ဝေယံလင်းထွန်း ရယ်ရင်း ပြန်ဖြေလိုက်သည်။

"အော်.... ကိုက စတာပါကွာ.... ဒါနဲ့ ပို့ဆောင်တဲ့ အချိန်ကြရင် ဂိတ်တွေမှာ အစစ်ဆေးခံလာရရင်ကော....."

"ဒါကတော့ မပူနဲ့ ကျွန်တော်က အကြီးပိုင်းက လူတွေတစ်ချို့နဲ့ သိတယ်လေ...... ပြောရရင် အပေးအယူပေါ့"

"အော်..... အဲ့လိုကိုး........ ကောင်းပြီလေ.... လုပ်ငန်းစပ်တူ လုပ်ကြတာပေါ့" လို့ ဦးစောရမောင် ပြောလိုက်တော့သည်။

"ဒါဆို ခင်ဗျား ဘယ်လောက်ယူမလဲ......."

"အဲ့ ကိစ္စတွေက မနက်ဖြန်ကြမှ ပြောကြတာပေါ့..... ကို အလျင်မလိုသေးပါဘူးကွာ ကောင်လေး"

"ကောင်းပြီလေ.... ဒါဆို စာချုပ်ကလည်း မနက်ဖြန်မှ လုပ်လိုက်တာပေါ့......"

"ကောင်းတာပေါ့...... မနက်ဖြန်မှ အေးအေးဆေးဆေး လုပ်လိုက်တာပေါ့"

"ဒါဆိုရင် ပါးပါးကို ဖုန်းဆက် အကြောင်းကြားပြီး ခင်ဗျားနဲ့ အဆင်ပြေပြီ‌ ဖြစ်ကြောင်း ပြောလိုက်မယ်လေ" ဟု ဝေယံလင်းထွန်း ပြောပြီးတော့ ဖုန်းထုတ်နေလေသည်။

"နေနေ..... ကို ကိုယ်တိုင်ဘဲ ပြောလိုက်ပါ့မယ်"

"ကောင်းပြီလေ..... ခင်ဗျားသဘောပါဘဲ...... ဒါဆို ကောင်းကောင်းပြန်ပါ ဦးစောရမောင်"

"ဟုတ်ပြီ" လို့ ပြောပြီး ဦးစောရမောင် ထိုင်ရာက ထရပ်လိုက်သည်။ ပြီးနောက် တံခါးဘက်သို့ သွားဖို့ ပြင်လိုက်ရင်းမှ
ဝေယံလင်းထွန်းဘက်က ပြန်လှည့်လာလေသည်။

"အမ်..... ကောင်လေး မင်းဒီည အားလား......" ဟု ဦးစောရမောင် မေးလိုက်သည်။

"အားပါတယ်.... ခင်ဗျား ဘာဖြစ်လို့ မေးတာလဲ" ဆိုပြီး
ဝေယံလင်းထွန်း ဖြေလည်းဖြေရင်း ပြန်မေးလိုက်သည်။

"ကို..... လားရှိုးမလာခဲ့ရင် ဆိုင်လေး တစ်ဆိုင်ကို လိုင်းပေါ်ကနေ သိထားတယ်.... ဒီည အလုပ်ကိစ္စကလည်း အဆင်ပြေတော့ မင်းလေးနဲ့ တစ်ဖလားတစ်ခွက်လောက် သောက်ပြီး အောင်ပွဲခံကြမလားလို့ပါ"

ဝေယံလင်းထွန်းမှာ ဦးစောရမောင် ပြောတာကို ပြန်မဖြေသေးဘဲ ခဏ စဉ်းစားနေလေသည်။ ပြီးမှ ပြန်ဖြေလေသည်။

"ရတယ်လေ..... ကျွန်တော်လည်း သောက်ချင်နေတာနဲ့ တော်ရာကျသွားတာပေါ့"

"ကောင်းပြီလေ..... သွားကြတာပေါ့....."

ဒီလိုနဲ့ ဦးစောရမောင်နှင့် ဝေယံလင်းထွန်းတို့ ရုံးခန်းကနေ တူတူထွက်လာကြပြီး ကားနားသို့ သွားလိုက်ကြလေသည်။ ကားနားသို့ ရောက်တော့ နှစ်ယောက်လုံး ကားထဲ ၀င်လိုက်ကြလေသည်။ ပြီးနောက် ကားလေးဟာ တစ်နေရာရာသို့ ထွက်သွားလေတော့သည်။

..............................

ဝေယံလင်းထွန်းနှင့် ဦးစောရမောင်တို့မှာ 'MonShine' barက vipအခန်းလေးထဲမှာ အရက်တွေ၊ ဗော့ကာတွေ ရောစပ်ကာ အောင်ပွဲခံ သောက်နေကြလေသည်။

"ချီးယားစ်..." ဆိုပြီး နှစ်ယောက်သား ပြိုင်တူ ပြောရင်း ခွက်ချင်း တိုက်လိုက်လေသည်။

ခွက်ကလေးက သေးသေးလေး ဖြစ်တာကြောင့် တစ်ငုံစာဘဲ ရှိလေသည်။ ဒါ‌ကြောင့် သောက်ပြီးတော့ ပြန်ပြီး ငှဲ့ကြတော့သည်။

"ခင်ဗျားက ဘာလုပ်ငန်း လုပ်တာလဲ" ဟု ဝေယံလင်းထွန်းမှ
ဦးစောရမောင်ကို မေးလိုက်လေသည်။

"ကိုလား..... ကိုက ကျောက်လုပ်ငန်း လုပ်တာလေ"

"ကျောက်လုပ်တဲ့ လုပ်ငန်းရှင်က ဘယ်လိုလုပ်ပြီး ဒီဘိန်းဖြူဘက်ကို ရောက်လာရတာလဲ"

"ဒါကတော့ ရိုးရှင်းပါတယ်.... အောင်မြင်ချင်တာဘဲပေါ့..... အောင်မြင်ချင်တော့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုက်ရှာရတာပေါ့"

"ဒါဖြင့် ကျွန်တော့် ပါးပါးနဲ့ တွေ့ခဲ့တယ် ဆိုပါတော့"

"ဒါပေါ့‌ဗျာ....."

"ဒါနဲ့ ခင်ဗျားအရင်က မူးယစ်ဂိုဏ်းတွေနဲ့ တွဲလုပ်ဖူးလား....."

"ဒါက ကို့ရဲ့ first timeဘဲ"

"ဒါဖြင့်ရင် သုံးကောသုံးဖူးလား"

"အရင်တုန်းကဘဲပေါ့..... အခုတော့ အိမ်ထောင်နဲ့ ဆိုတော့ ဖြတ်ထားတာပေါ့"

"သုံးချင်ရင် ပြောနော်.... ကျွန်တော် အထုပ်အသေးလေး ယူလာတာဗျ"

"တော်ပါပြီ.... ကောင်လေး သုံးချင်ရင် သုံးလေ...... ကို့ကို အားမနာနဲ့"

"ရပါပြီ...... တစ်ယောက်ထဲ သုံးရတာက မကောင်းဘူးဗျ"

"ဘာလဲ လူခေါ်ချင်တာလား..... ကို ခေါ်ပေးရမလား"

"ဒီမှာ အဲ့လို ရလို့လား"

"မသိဘူးလေ..... ဒီတက်ပလက်မှာတော့ vip serviceဆိုပြီး စာလေးနဲ့ နှိပ်စရာ ပါနေတာဘဲ"

"ဒါဆိုလည်း စမ်းကြည့်ပေါ......"

"အိုကေလေ.... ကို နှိပ်ကြည့်လိုက်မယ်..... ကောင်လေးက လူရွေးလိုက်ပေါ့" လို့ ပြောပြီး ဦးစောရ‌မောင်မှာ ထို 'Vip Service' ဆိုလေး နှိပ်လိုက်တော့သည်။

ထို 'Vip Service' နှိပ်လိုက်တာနဲ့ 'Boys or Girls' ဆိုပြီး စာလုံးလေး ပေါ်လာလေသည်။

"ကောင်လေး boyခေါ်မှာလား.... girlလား" ဟု ဦးစောရမောင်မှ လှမ်းမေးလိုက်သည်။

"Boy" ဆိုကာ ဝေယံလင်းထွန်း ပြန်ဖြေလေသည်။

ဒါနဲ့ ဦးစောရမောင်လည်း 'boys' ဆို‌တာလေးကို နှိပ်လိုက်တော့သည်။

မကြာပါဘူး။ အခန်းထဲကို ကောင်လေး လေးယောက် တံခါးဖွင့်ကာ ၀င်လာကြတော့၏။ ကောင်လေး လေးယောက်က ၀င်လာပြီး ဦးစောရမောင်နှင့် ဝေယံလင်းထွန်းတို့ ရှေ့တွင်ရပ်လိုက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ကြလေသည်။

"ကိုကြီးတို့ကို အစွမ်းကုန် စွမ်းဆောင်ပေးမယ့်... ဂျက်ကလင်းပါ"
"ကိုကြီးတို့ တစ်သက် ‌မမေ့သွားဘဲ စွဲလမ်းစေမယ့် ဂတ်ပရီပါ"
"ကိုကြီးတို့ရဲ့ စိတ်ကို ဖမ်းစားမယ့် ဖလက်ရှ်ပါ"

နောက်ဆုံး တစ်ယောက်မှာ ဆံပင်လေး ဘုတ်သိုက်ကလေးနဲ့၊ တီရှပ် အပွနှင့် ဘောင်းဘီအကျပ်လေးကို ၀တ်ထားလေသည်။ ထိုကောင်လေးမှာ ဝေယံလင်းထွန်းနားကို သွာလိုက်ပြီး ထိုင်ချလိုက်သည်။ ပြီးနောက် ထိုကောင်‌လေးရဲ့ လက်တွေက ဝေယံလင်းထွန်းရဲ့ ပေါင်းလေးကို ပွတ်သပ်ရင်း တစ်ဖြည်းဖြည်း အပေါ်သို့ တက်သွားလေသည်။ ပြီးတော့လည်း မိတ်ဆက်တော့၏။

"ကိုကြီးရဲ့ ရင်ထဲကို စွဲ‌သွားစေရအောင် ရှယ်ပြုစုပေးမယ့်
ဂျွန်နီပါ" ဆိုပြီး ထိုကောင်လေးမှာ ဝေယံလင်းထွန်း၏ မျက်နှာနား ကပ်ကာ ပြောလိုက်လေသည်။

ဝေယံလင်းထွန်းမှာ မထိန်းနိုင်တော့ဘဲ ထိုကောင်လေး၏ နှုတ်ခမ်းကို ဆွဲယူပြီး နမ်းလိုက်လေတော့၏။

ဝေယံလင်းထွန်း လုပ်ပုံကြောင့် ဦးစောရမောင် လန့်သွားလေသည်။
ဦးစောရမောင်မှာ ကျန်တဲ့ သုံးယောက်ကို အားနာနာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်တော့သည်။

"ကြည့်ရတာ ဒီတစ်ယောက်ကို ရွေးလိုက်ပြီ ထင်တယ်....."

"ကံကောင်းပါစေ ဂျွန်နီ‌" လို့ ပြောပြီးတော့ ကျန်သုံးယောက်မှာ ထွက်သွားလေသည်။

ဝေယံလင်းထွန်းလည်း နမ်းနေတာကို ရပ်လိုက်လေသည်။

"မင်းက အရမ်းကို ဆွဲဆောင်လွန်းတာဘဲ..... မင်းကို ဘယ်လိုခေါ်တာ" ဟု ဝေယံလင်းထွန်း ထိုကောင်လေးကို ကြည့်ရင်း ပြောလိုက်သည်။

"ဂျွန်နီပါ.... " လို့ ထိုကောင်လေး ပြန်ဖြေတော့ ဝေယံလင်းထွန်းမှာ ကိုက်တော့မယ့် ပုံစံ လုပ်ပြလေသည်။

ဒါနဲ့ ထိုကောင်လေးလည်း နောက်ဆုတ်လိုက်ပြီး " ဟွင်း...ကိုကြီးနော်် အရမ်းဆိုးတာဘဲ" လို့ ပြန်ပြောလိုက်လေသည်။

ဒီလိုနဲ့ သောက်ကြ၊ အမြည်းတွေ စားကြရင်းနဲ့ အချိန်က ညပင်မိုးချုပ်လာလေပြီ။ ဦးစောရမောင်မှာ ဝေယံလင်းထွန်းကို လိုက်ပိုါလေသည်။ ဝေယံလင်းထွန်းပါ မဟုတ်၊ ဆိုင်က ကောင်လေး ဂျွန်နီပါ ပါလေသည်။

"လိုက်ပို့တဲ့ အတွက် ကျေးဇူးပါ ကိုကြီး" ဟု ဂျွန်နီမှာ ဦးစောရမောင်ကို ပြောရင်း မျက်လုံးတစ်ဖက် မှိတ်ပြလိုက်လေသည်။

"ကိုကြီးဝေ..... ဒါက.... ကိုကြီးရဲ့ အိမ်လား" ဆိုပြီး ဂျွန်နီမှာ ဝေယံလင်းထွန်းကို မေးလိုက်သည်။

"ဟုတ်တာပေါ့.... ကိုနဲ့ တစ်ညလုံးရှိနေမယ့် အခန်းထဲကို သွားကြတာပေါ့"

ဒါနဲ့ ဝေယံလင်းထွန်းနှင့် ဂျွန်နီတို့သည် 'Nine' ပရိဘောဂ ဆိုင်လေးထဲသို့ ၀င်သွားလိုက်လေသည်။

ဆိုင်လေးမှာ ဝေယံလင်းထွန်း မလာသေးလို့ မသိမ်းကြသေးပေ။ ဆိုင်က လုပ်သားများမှာ ဝေယံလင်းထွန်းနှင့် ကောင်လေး တစ်ယောပ် ပါလာတာကို သိပ်မအံ့ဩကြပါ။ ဘာကြောင့်ဆို ခါတိုင်းလည်း ခေါ်လာတတ်တာမလို့ဘဲလေ။

ဝေယံလင်ထွန်းမှာ အခန်းရှိရာ အထပ်သို့ ဂျွန်နီကို ခေါ်သွားလေသည်။ အခန်းရှိတဲ့ အထပ်ကို ရောက်တော့ ဝေယံလင်းထွန်းမှာ အခန်းတံခါးလေး ဖွင့်ပြီးတော့ ဂျွန်နီကို အရင်ပေး၀င်လေသည်။
ဂျွန်နီ ၀င်ပြီးသွားတော့ ဝေယံလင်းထွန်းမှာ တံခါးကို ပိတ်ကာ လော့ချလိုက်သည်။

ဝေယံလင်းထွန်း အခန်းကို ကြည့်နေတဲ့ ဦးမိုးကောင်းမှာတော့ ခေါင်းတွင်တွင်ခါရင်း ကိုယ့်အခန်းကို သွားတော့သည်။

ဝေယံလင်းထွန်းမှာ တံခါးလော့ချပြီးတာနဲ့ ဂျွန်နီကို နမ်းလေတော့သည်။ ရုတ်တရက်ဆိုတော့ ဂျွန်နီ‌လည်း အလိုက်သင့်လေး နမ်းပေးနေရတာပေါ့။ ဝေယံလင်းထွန်းမှာ နမ်းနေရင်းမှ အင်္ကျီကြယ်သီးတွေ ဖြုတ်နေလေတော့၏။

နမ်းနေတာရပ်ပြီး ဝေယံလင်းထွန်းမှ အင်္ကျီ ကြယ်သီးကို ကုန်အောင် ဖြုတ်လိုက်လေသည်။ ထိုအချိန် ဂျွန်နီမှ ပြောလာလေသည်။

"ကိုကြီးရယ် ဘာတွေ လောနေတာလဲ....."

"ကို စိတ်မထိန်းနိုင်တော့ဘူး ကောင်လေး မင်းက အရမ်းဆွဲဆောင်လွန်းနေတယ်.... ကိုယ့်ရဲ့ ညီလေးကို ကြည့်လိုက်ပါအုန်း"

ဂျွန်နီ ဝေယံလင်းထွန်းရဲ့ အောက်ပိုင်းကို ကြည့်လိုက်သည်။ ဘောင်ဘီထဲကနေ ဖော်ထွက်သွားတော့မယ့် အလား ဖောင်းနေလေသည်။

"ကိုကြီးကလည်း နဲနဲလေး သွေးပူသွားအောင် တစ်ခုခု သောက်ကြမလားလို့"

"ဟုတ်ပြီလေ" ဟု ဝေယံလင်းထွန်းက ပြောပြီး ရမ်ပုလင်း ယူမလို့လုပ်တော့ ဂျွန်နီကို ဝေယံလင်းထွန်းကို ခုတင်ပေါ်သို့ တွန်းလိုက်လေသည်။

"ဂျွန်နီကိုပြော..... ဂျွန်နီ ထည့်ခဲ့ပေးမယ်"

"ကောင်လေး နောက်က ဗီရိုမှာ ရမ်ပုလင်းတွေ ရှိတယ်.... ခွက်လည်း ရှိတယ်" လို့ ဝေယံလင်းထွန်း ပြုံးရင်း ပြောကာ သူ့ညီလေးကို ပွတ်သပ်နေတော့၏။

ဂျွန်နီလည်း ဝေယံလင်းထွန်းကို ပြုံးပြရင်း အနောက်က ဗီရိုနား သွားလိုက်လေသည်။ ဗီရိုထဲက ရမ်ပုလင်း ထုတ်လိုက်ပြီး ခွက်နှစ်ခွက်ထဲ ထည့်လိုက်လေသည်။ ပြီးတော့ ပြန့်လှည့်ကာ ခုတင်နားသို့ လာပြီး ဝေယံလင်းထွန်းကို ခွက်တစ်ခွက် ကမ်းပေးလိုက်လေသည်။ ဝေယံလင်းထွန်းမှာ ထလာပြီး တစ်ကျိုက်ထဲ မော့သောက်ပြီး ခွက်ကို ကြမ်းပြင်သို့ ပစ်လိုက်လေသည်။ ပြီးနောက် ဂျွန်နီကို နမ်းလေတော့သည်။ နမ်းပြီး ခဏခွာတော့ ဂျွန်နီမှာ ဝေယံလင်းထွန်းကို တစ်ဖန် ပြန်တွန်းလိုက်လေသည်။ နောက်တော့ ကိုင်ထားတဲ့ ခွက်လေးထဲက ရမ်တွေကို ဝေယံလင်းထွန်း ကိုယ်ပေါ်သို့ လောင်းချလိုက်လေသည်။ ဝေယံလင်းထွန်းမှာ ရမ္မက် အခိုးအငွေ့တွေ ပြည့်နေတဲ့ မျက်လုံးဖြင့် ဂျွန်နီကို ကြည့်နေတော့၏။ ကြည့်ရင်း ကြညရင်းမှ အမြင်‌တွေ ဝေဝါးလာတော့သည်။ ဝေယံလင်းထွန်း ခေါင်းတွင်တွင် ခါလိုက်သည်။ အမြင်တွေက မှုန်ဝါးနေဆဲ။ သူ ဂျွန်နီကိုသာ ဝါးဝါးလေး မြင်နေရလေသည်။ နောက်တော့ ဝေယံလင်းထွန်းမှာ မျက်ခွံများ လေးလံလာတော့သည်။ နောက်ဆုံး ဝေယံလင်းထွန်း အမှောင်ပကတိကိုသာ မြင်ရလေတော့၏။

ဂျွန်နီမှာ ဝေယံလင်းထွန်းကို ကြည့်ပြီး တစ်ဖက်သိူ့ လှည့်လိုက်လေသည်။ ပြီးတော့ ဘောင်းဘီအိတ်ကပ်ထဲက ကြိုးမဲ့ နားကြပ်လေးကို တပ်လိုက်ပြီး ဖုန်းကိုထုတ်ကာ တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်တော့၏။ ဖုန်း၀င်သွားပြီး တစ်ဖက်က ပြောလာလေတော့သည်။

"အကိုမြင့်မြတ်........" ဆိုပြီးတော့ပေါ့။

                       ××××××××××××××

ချက်ချင်းတင်လိုက်တာပါ။ စာလုံးပေါင်း အမှားလေးတွေပါရင် သည်းခံပေးကြပါနော်။ complete ဖြစ်သွားရင် စာပြန်စစ်ပြီး ပြန်ပြင်မှာပါ။

ကြိုးစားပြီး ရေးတင်ပေးနေပါတယ်။ အိမ်မှာနေပါ။ စာတွေဖတ်ပါ။ ကျန်းမာအောင်နေပါ။ ဂျင်းပြုတ်ရည်ကို သိပ်မသော်ကြပါနဲ့နော်။ ဂျင်းပြုတ်ရည်ကို ကြာကြာနေမှ တစ်ခါသာ သောက်ပေးပါနော်။ ဂျင်းပြုတ်ရည်က များများ သောက်ရင် ကျောက်ကပ်ပျက်စီးတတ်လို့ပါ။ ကျန်တဲ့ အချိန်တွေဆို ရေနွေးပူလေး သောက်တာတို့ ဆားရေပလုတ်ကျင်းတာတို့ လုပ်ပေးပါ။ အပြင်သွားရင် mask နှစ်ထပ်တပ်ပါနော်။ အပြင်သွားတိုင်းလည်း handgelလေး ဆောင်ထားပေးပါနော်။ အားလုံး ဘေးကင်းကြပါစေလို့။

•••••••••••••••••••••••••••••••••••••••••••••••••

#Zawgyi#

ေဝယံလင္းထြန္း တစ္ေယာက္ အိပ္မႈန္စုတ္ဖြားျဖင့္ ထလာၿပီးေတာ့ခုတင္‌ေပၚတြင္ ထိုင္ေနေလသည္။ ေခါင္းကို ဘယ္ညာယိမ္းလိုက္ၿပီးေတာ့ ဇက္နားေလးကို လက္ျဖင့္ ပြတ္သပ္ေနေလ၏။ အေပၚ‌ပိုင္း အ၀တ္မဲ့ေနေသာေၾကာင့္ ေဝယံလင္းထြန္းမွာ ၾကည့္လို႔ အလြန္ေကာင္းေနသည္။ ေဝယံလင္းထြန္း တစ္ေယာက္ ေၾကာင္ေတာင္ေတာင္ေလး ထိုင္ေနရင္းမွ ျပတင္းေပါက္ဘက္ကို ၾကည့္လိုက္သည္။ ၿပီးမွ ခုတင္ေပၚထိုင္ေနရာကေန ထလိုက္ၿပီး ျပတင္းေပါက္နားကို သြားေတာ့သည္။

အေပၚပိုင္း ဗလာက်င္းနဲ႔ ဘစ္တစ္ထည္ေလးနဲ႔လည္း
ေဝယံလင္းထြန္းမွာ အလြန္ပင္ စြဲမက္စရာ ေကာင္းလြန္းသည္။ ေမာ္ဒယ္လို အရပ္အေမာင္နဲ႔ မင္းသားေခ်ာ ေခ်ာၿပီး ဘုေဘာက္ေျပာတတ္တဲ့သူကို ဘယ္သူက မူးယစ္ဂိုဏ္းခ်ဳပ္လို႔ ထင္ပါ့မလဲ။ ဒီအတိုင္း သူေဌးသားလို႔ဘဲ ထင္မိမွာ အမွန္ဘဲေပါ့။ ၿပီးေတာ့ ေဝယံလင္းထြန္းကို ခ်စ္သူ ေတာ္ခ်င္သပဆိုၿပီး မိန္းကေလးေတြမွာ သူ႔ထက္ငါ ၿပိဳင္လုတတ္ၾကသည္။ ဒါေပမယ့္ ေဝယံလင္းထြန္းကေတာ့ မိန္းကေလးမ်ားကို စိတ္မ၀င္စားေပ။ ေဝယံလင္းထြန္း စိတ္၀င္စားသည္က ေကာင္ေလးေတြဘဲေလ။ ငယ္ငယ္ေခ်ာေခ်ာေလးေတြကို ပိုၿပီး စိတ္၀င္စားေလသည္။ ဒါေပမယ့္လည္း ေဝယံလင္းထြန္းမွာ တစ္ေယာက္ထဲေသာသူကို လိုခ်င္တပ္မက္တဲ့အထိ စြဲစြဲလမ္းလမ္း ခ်စ္ခဲ့ဖူးသည္ေလ။

ေဝယံလင္းထြန္း တစ္ေယာက္ ျပတင္းေပါက္ လိုက္ကာကို ဖြင့္ၿပီးေတာ့ အျပင္ဘက္ကို ၾကည့္ကာ အလိုမက်ဟန္ျဖင့္ ေရ႐ြတ္လိုက္သည္။

"ေသာက္က်က္သေရတုံး ငွက္ေတြ မနက္ကလည္းက တကြၽီကြၽီနဲ႔ အိပ္လို႔ မရေအာင္ကို လာလုပ္ေနတယ္.... ေသာက္က်က္သေရကို တုံးတယ္"

ေဝယံလင္းထြန္း ျပတင္းေပါက္ လိုက္ကာကို ျပန္ပိတ္လိုက္သည္။ ေနာက္ၿပီး ရမ္ပုလင္းေတြ ထားတဲ့ ဗီ႐ိုနားကို သြားလိုက္ေတာ့သည္။ ဗီ႐ိုထဲကေန ရမ္ပုလင္း တစ္လုံးထုတ္လိုက္ၿပီး ဆိုဖာမွာ ထိုင္လိုက္ေလသည္။ ရမ္ပုလင္းကို ခ်က္ခ်င္းဖြင့္ၿပီး တစ္ငုံေလာက္ ေမာ့ေသာက္လိုက္သည္။

"ဟာ.... အခုမွဘဲ ခံတြင္း ရွင္းသြားေတာ့တယ္" ဟု
ေဝယံလင္းထြန္း ေရ႐ြတ္လိုက္သည္။

မနက္ခင္းတိုင္း ေဝယံလင္းထြန္း လုပ္ေနၾက ျဖစ္သည္။ ေဝယံလင္းထြန္းမွာ ေနာက္ထပ္ တစ္ငုံ ထပ္ေမာ့လိုက္ျပန္သည္။

"ဟား..... မင္းက ငါ့ကို မေ႐ြးခ်ယ္ခဲ့တာကိုး...... ငါ့ကို လိုခ်င္တဲ့ သူ ဒီေလာက္ အမ်ားႀကီးရွိတာကို..... ငါမင္းကို ဦးစားေပးခဲ့တာ.... မင္းက ငါ့ကို မေ႐ြးခ်ယ္ခဲ့ဘဲ ဘာမဟုတ္တဲ့ ေကာင္မေလးကိုမွ သြားႀကိဳက္ရတယ္လို႔ကြာ.... မင္းသာ ငါ့ကို ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ မင္းလိုခ်င္တာ အကုန္ ငါက ျဖည့္ဆည္းေပးမွာ" ဟု ‌
ေဝယံလင္းထြန္း တစ္ေယာက္ မ်က္ႏွာက်က္ကို ၾကည့္ကာ တိုးတိုးေလး ေျပာေနေလ၏။

ေနာက္ထပ္ ရမ္တစ္ငုံ ထပ္ေမာ့လိုက္ျပန္သည္။ ၿပီးေနာက္ ရမ္ပုလင္းကို စိုက္ၾကည့္ေနေတာ့၏။

"မင္းမွ ငါ့ကို မေ႐ြးခ်ယ္ခဲ့တာ..... အဲ့ေတာ့ ငါလည္း မတတ္ႏိုင္‌ဘူးေပါ့။ မင္းေ႐ြးခ်ယ္တဲ့ ေကာင္မေလးက ငါ့ေရွ႕တည့္တည့္မွာ လာၿပီး ပိတ္ေနေတာ့ ငါလည္း ရွင္းလိုက္ရတာေပါ့။ ၿပီးေတာ့ မင္းကို ငါ့ဆီကေန လုယူသြားခဲ့တာေလ....... ငါမရွိတဲ့ အခ်ိန္မွာ ငါ့ဆီကေန ယူသြားတာ.... ငါ မင္းကို ခ်စ္လို႔ဘဲ လုပ္ခဲ့မိတာပါကြာ။ မင္းကို ပိုင္ဆိုင္ခ်င္လို႔....။ မင္းေနရာမွာ အစားထိုးေပမယ့္လည္းကြာ အစားထိုးတာက ခဏဘဲ သက္ေရာက္တာ.... ၿပီးရင္ မင္းကို လိုခ်င္ေနတာဘဲ..... ဒါေၾကာင့္မလို႔ ငါ မင္းလို အ႐ြယ္ ေကာင္ငယ္ေလးေတြနဲ႔ ‌ခဏခဏေတြ႕ရတာေပါ့.... အစားထိုးဖို႔ အတြက္ေလ" ဆိုၿပီး ေဝယံလင္းထြန္း ေျပာေနရင္းမွ သက္ျပင္းခ်လိုက္သည္။

"ဟူး......."

"အခုေတာ့..... မင္းလည္း လူလြတ္ ျဖစ္သြားၿပီေပါ့.... မင္းလည္း လူလြတ္၊ ငါလည္း လူလြတ္ဘဲေပါ့.... မင္းသိလား..... မင္းက ရမ္အရက္ေတြလိုဘဲ ငါ့ကို ႐ူး႐ူးမူးမူး ျဖစ္ေစတယ္..... အရမ္းကို ႐ူး႐ူးမူးမူးေပါ့.......အဲ့တာေၾကာင့္မလို႔လဲ ငါ ရမ္အရက္ေတြကိုဘဲ ေန႔တိုင္း ေသာက္ေနမိတာေပါ့" လို႔ ေျပာေနရင္း ေဝယံလင္းထြန္းမွာ ရမ္ပုလင္းထဲက ရမ္ေတြကို ကိုယ္ေပၚသို႔ ေလာင္းခ်လိုက္ေတာ့သည္။

ရမ္အရက္‌ေတြဟာ ေဝယံလင္းထြန္းရဲ႕ ရင္ဘက္ႏွင့္ ၀မ္းဗိုက္ေပၚမွာ ေရစက္ကေလးေတြကဲ့သို႔ ေနရာယူသြားၾကေလသည္။ ေဝယံလင္းထြန္းမွာလဲ ေက်နပ္ေနေတာ့၏။

"ဟား.....ဟား..... အခုမွဘဲ လန္းဆန္းသြားေတာ့တယ္" ဟု
ေဝယံလင္းထြန္း ၿပဳံးရင္း ေရ႐ြတ္လိုက္သည္။

ထိုအခ်ိန္မွာဘဲ တံခါးေခါက္သံ တစ္ခု ထြက္ေပၚလာေတာ့သည္။ ဒါနဲ႔ ေဝယံလင္းထြန္း တစ္ေယာက္ ထိုင္ေနရာကေန ထၿပီး တံခါးနား သြားလိုက္ေလသည္။ ၿပီးေနာက္ တံခါးကို ဖြင့္လိုက္ေလသည္။ တံခါးဖြင့္ဖြင့္ခ်င္း ဦးမိုးေကာင္း ရပ္ေနတာကို ျမင္လိုက္ရေတာ့
ေဝယံလင္းထြန္းမွာ အလိုလို မ်က္ေမွာင္ၾကဳတ္သြားရေလသည္။

"ခင္ဗ်ား....ဘာေျပာမလို႔လဲ" ဟု ေဝယံလင္းထြန္း တစ္ေယာက္ တံခါးကိုမွီၿပီး ဦးမိုးေကာင္းကို ေမးလိုက္ေလသည္။

ဦးမိုးေကာင္းမွာ ဘာမွ ျပန္မေျဖေသးဘဲ ေဝယံလင္းထြန္းကို ေခါင္းအစ ေျခအဆုံး ၾကည့္လိုက္ေလေတာ့သည္။

"ဘာလဲ..... ဘာျဖစ္ေနလို႔လဲ" ဟု ေဝယံလင္းထြန္း ထပ္ေမးလိုက္ျပန္သည္။

"အဟမ္း..... ဘာမွ မျဖစ္ပါဘူး......" ဆိုၿပီး ဦးမိုးေကာင္း အေျဖျပန္ေပးေလေတာ့သည္။

"ဘာမွ မျဖစ္ဘူးဆိုလဲ..... ဘာကိစၥလဲ ဆိုတာ ခင္ဗ်ား ေျပာအုန္းမွာလား"

"ဟို...... သခင္ႀကီးက ဖုန္းေျပာခ်င္လို႔တဲ့ေလ"

"ဟုတ္လား..... အခုလား......"

"ဟုတ္ပါတယ္..... ခဏက ဦးနဲ႔ ေျပာေနတာ ဖုန္းျပန္ဆက္လာမယ္ေျပာေပမယ့္ ခုထိကို မေခၚလာေသးဘူးေလ"

"အဲ့တာမ်ား..... ဖုန္းထပ္ေခၚလာတဲ့ အခ်ိန္မွ ကြၽန္ေတာ့္ကို လာေျပာပါလား" ဟု ေဝယံလင္းထြန္း စိတ္တိုတိုျဖင့္ ေအာ္ေျပာလိုက္ေတာ့၏။

"ဟို....ဟို.... ဖုန္းေခၚလာရင္ အဆင္သင့္ ျဖစ္ရေအာင္လို႔ပါ"

"သြားေတာ့ဗ်ာ..... ဖုန္းလာမွ ျပန္လာခဲ့ေတာ့" လို႔ ေျပာၿပီး ေဝယံလင္းထြန္း တစ္‌ေယာက္ တံခါးကို ပိတ္မလို႔ လုပ္တဲ့အခ်ိန္မွာဘဲ
ဦးမိုးေကာင္းရဲ႕ ဖုန္းက ျမည္လာေလသည္။

ဒါနဲ႔ ေဝယံလင္းထြန္းလည္း ဦးမိုးေကာင္းရဲ႕ ဖုန္းကို ယူၿပီးေတာ့ ဖုန္းကိုင္လိုက္ရေလသည္။

"ဟယ္လို ပါးပါး....."

"ေအာ္.....မင္းထေနၿပီလား.....ဦးမိုးေကာင္းလာႏိုးမွ ထတာမလား"

"မဟုတ္ရပါဘူးဗ်ာ..... ကြၽန္ေတာ့္ဘာသာ အေစာႀကီးႏိုး‌ေနတာပါဗ်ာ ပါးပါးကလည္း"

"မင္းလို ေနဖင္ထိုးမွ ထတဲ့ေကာင္က အေစာႀကီးႏိုးေနေတာ့ ထူးဆန္းေနလို႔ပါကြာ"

"ဘာလဲ.... ပါးပါးက စကားနာထိုးဖို႔အတြက္ ဖုန္းဆက္တာလား.... ဒါဆိုလည္း ဖုန္းခ်လိုက္ေတာ့မယ္" လို႔ ေဝယံလင္းထြန္းမွာ စိတ္မရွည္ဟန္ျဖင့္ ျပန္ေျပာလိုက္ေတာ့သည္။

"ဘာကို ဖုန္းခ်မွာလဲ..... ငါေျပာတာ နားေထာင္"

"ဟုတ္..... ပါးပါး"

"ငါ့မိတ္ေဆြ ဦးေစာရေမာင္က ဒီေန႔ဘဲ လားရႈိးကိုေရာက္မယ္.... မင္းဆီကိုေတာ့ ဒီမနက္လား၊ညဘက္လား၊ သို႔မဟုတ္ မနက္ျဖန္ေလာက္မွ လာခ်င္လာခဲ့မယ္တဲ့.... ဒါေပမယ့္ ဒီေန႔ မနက္နဲ႔ ညလာမလား မသိတာေၾကာင့္ ႀကိဳတင္ျပင္ဆင္ၿပီး ေစာင့္ေန.....ၾကားလား"

"ဒါဘဲမလား..... ေျပာမွာက"

"‌ေနအုန္း ..... ဦးေစာရေမာင္က သိပ္ကို အေရးႀကီးတဲ့လူေနာ္.... သူက ငါတို႔ လုပ္ငန္းကို သေဘာက်ရင္ ရွယ္ယာအမ်ားဆုံးနဲ႔ ၀င္မွာဒါေၾကာင့္ သူနဲ႔ေတြ႕တဲ့ အခ်ိန္ၾကရင္ မူး႐ူးကြဲၿပဲမေနဘဲနဲ႔ လုပ္ငန္းအေၾကာင္းကို ေသေသခ်ာခ်ာ ရွင္းျပလိုက္"

"စိတ္ခ်ပါ ပါးပါးရာ..... ပါးပါးသား ေဝယံလင္းထြန္းပါ"

"ေအ..... အရင္တစ္ခါလို မျဖစ္ေစနဲ႔.... ဒါဘဲ" လို႔ တစ္ဖက္က ေျပာၿပီးေတာ့ ဖုန္းခ်သြားသည္။

ေဝယံလင္းထြန္းလည္း ဦးမိုးေကာင္း ဖုန္းကို အေပၚသို႔ ေျမႇာက္ပစ္ၿပီး ျပန္ေပးလိုက္ေလသည္။ ဦးမိုးေကာင္းမွာေတာ့ ျပာယာခတ္စြာျဖင့္ ဖုန္းကို ဖမ္းလိုက္ေလသည္။ ေဝယံလင္းထြန္းမွာ ဦးမိုးေကာင္း ျဖစ္သြားတဲ့ ပုံကို ၾကည့္ၿပီး သေဘာက်လို႔ ၿပဳံးကာ တံခါးကို ပိတ္လိုက္ေလေတာ့၏။

ေဝယံလင္းထြန္း တစ္ေယာက္ တံခါးပိတ္ၿပီးေတာ့ လက္ေတြကို ေပၚေျမႇာက္ ဆန႔္တန္းၿပီး အေညာင္းဆန႔္လိုက္ေတာ့သည္။

"ဦးေစာရေမာင္က အေခ်ာေလးျဖစ္ရင္ သိပ္ေကာင္းမွာဘဲ" လို႔
ေဝယံလင္းထြန္း ေရ႐ြတ္ၿပီး ေရမိုးခ်ိဳးဖို႔ အတြက္ ေရခ်ိဳးခန္းထဲသို႔ ၀င္သြားလိုက္ေလေတာ့၏။

........................................

ညေနေစာင္း၍ ေနလုံးႀကီးပင္ အရွိန္အဝါ ေမွးမွိန္ေနေလၿပီ။ ညဘက္ဆိုေတာ့ လမ္းမထက္တြင္ ႐ုံးဆင္းၾကသူမ်ားႏွင့္ ျပည့္ေနေလ၏။ ပန္းၿခံတြင္လည္း အပန္းလာေျဖၾကတဲ့ သူမ်ားျဖင့္ ျပည့္လို႔ေနေလသည္။ စားေသာက္ဆိုင္၊ အကင္ဆိုင္၊ ေဟာ့ေပါ့ဆိုင္မ်ားတြင္လည္း လူမ်ား စည္ကားသိုက္ၿမိဳက္စြာျဖင့္ ေရာက္ရွိေနၾကေလသည္။ အားလုံးမွာ ေပ်ာ္‌ရွင္ေနၾကေလသည္။

ညေနေစာင္းတာေတာင္ မေပ်ာ္ႏိုင္၊ မ႐ႊင္ႏိုင္ ျဖစ္ေနသည့္ လူတစ္ေယာက္ရွိသည္။ ထိုသူကေတာ့ ေဝယံလင္းထြန္းပင္ ျဖစ္သည္။ ဖခင္ျဖစ္သူက ဧည့္သည္လာမည္ဟု ေျပာေသာေၾကာင့္ ေဝယံလင္းထြန္းမွာ ဘယ္မွမသြားဘဲ အိမ္ဆိုင္ေလးမွာ ေစာင့္ေနေလသည္။ ခါတိုင္းဆိုရင္ ေန႔လည္ဘက္ေတြကို ေဂါက္ကြင္းတို႔ ေရပူ‌စမ္းတို႔ သြားတတ္သည္။ ဒီေန႔ေတာ့ ဧည့္သည္လာမည္ လာႏိုင္မလား မသိဘူး ေစာင့္ေနဟု ဖခင္က မွာၾကားထားတာမလို႔ ေဝယံလင္းထြန္းမွာ ဆိုင္ရဲ႕ ႐ုံးခန္းေလးမွာ တစ္ေန႔လုံး ထိုင္ေစာင့္ေနသည္မွာ ခုညေနေစာင့္တဲ့ အထိပင္ ျဖစ္သည္။ ဒါေၾကာင့္ ေဝယံလင္းထြန္း တစ္ေယာက္ ဆိုဖာမွာ ထိုင္ေနရင္း ေပါက္ကြဲလာေတာ့သည္။

"ဟား..... ဒီေသာက္ဘိုးေတာ္က လာေကာ လာအုန္းမွာလား" ဆိုၿပီး မေက်မနပ္ ျဖစ္ကာ ေရ႐ြတ္လိုက္သည္။

ၿပီးေနာက္ ‌ဆိုဖာမွာ ထိုင္ေနရာကေန ထလိုက္ၿပီး စားပြဲကို တစ္ခ်က္ ၾကည့္လိုက္ေလသည္။ စားပြဲေပၚက ရမ္ပုလင္းေလးကို
ေဝယံလင္းထြန္း တစ္ေယာက္ မ်က္စိ က်ေနေတာ့သည္။
ဒါနဲ႔ ေဝယံလင္းထြန္းမွာ စားပြဲေပၚမွာ တင္ထားတဲ့ ရမ္ပုလင္းေလးကို ေက်ာ္ၿပီး ေရသန႔္ဘူးကို ယူလိုက္ေလသည္။ ေရသန႔္ဘူးကို အဖုံး ဖြင့္လိုက္ၿပီး တစ္ငုံေမာ့ေသာက္လိုက္ေလသည္။

"အား..... ေရကလည္း ဘယ္လို အရသာမွန္း မသိဘူးကြာ..... မနက္ကတည္းကေန ငါလို‌ေနတာက ရမ္ဘဲ.... ရမ္အရက္ဘဲ..... ေတာက္ အာလုပ္ေလးဘဲ က်င္းခဲ့မိတာ မွားတယ္ကြာ..... ေသာက္ဘိုးေတာ္ကလည္း ဒီေန႔ မလာရင္လည္း မလာဘူးဆိုတာ အေၾကာင္းၾကားပါလား......" ဆိုၿပီး ေဝယံလင္းထြန္း တစ္ေယာက္ ေျပာရင္း ေတာက္ေခါက္ကာ ေရကို ေနာက္တစ္ငုံ ေသာက္လိုက္ေလေတာ့၏။

ေဝယံလင္းထြန္း တစ္ေယာက္ ႐ုံးခန္းေလးထဲတြင္ ေပါက္ကြဲၿပီး မတင္မက် ျဖစ္ေနတဲ့ အခ်ိန္တြင္ ေဝယံလင္းထြန္း၏ 'Nine' ပရိေဘာဂဆိုင္ေရွ႕သို႔ ကားအေကာင္းစား တစ္စီး ထိုးရပ္လာေတာ့သည္။

ကားထဲကေန စမတ္က်က်၊ အရပ္ေဒါင္ေကာင္းေကာင္း၊ ႐ုပ္ရည္ေျပေျပျပစ္ျပစ္ႏွင့္ ခဲေရာင္ ၀တ္စုံ အျပည့္၀တ္ထားတဲ့ အသက္ခပ္လတ္လတ္ အ႐ြယ္ တစ္ေယာက္ ဆင္းလာေလေတာ့သည္။ ထိုသူသည္ လြန္စြာပင္ ၾကည့္လို႔ေကာင္းတဲ့သူ ျဖစ္သည္။ ထိုသူသည္ ဆံပင္ကို တစ္ခ်က္ ပင့္သပ္လိုက္ၿပီး တပ္ထားတဲ့ မ်က္မွန္ အမည္းေလးကို ခြၽတ္လိုက္ေလသည္။ ၿပီးေနာက္ လက္တြင္ ပတ္ထားတဲ့ နာရီကို တစ္ခ်က္ ၾကည့္လိုက္ၿပီး ၿပဳံးလိုက္ေလသည္။ ေနာက္ၿပီး ထိုသူသည္ ဆိုင္ထဲသို႔ ဦးတည္လိုက္ေလေတာ့၏။

႐ုံးခန္းေလးထဲတြင္ မတင္မက်ျဖင့္ မေက်နပ္ႏိုင္ ျဖစ္ေနသည့္
ေဝယံလင္းထြန္းဆီသို႔ လုပ္သား တစ္ေယာက္ ေရာက္လာေလသည္။

"ဆရာ....." ဟု ထိုလုပ္သားမွ ေဝယံလင္းထြန္းကို ေခၚလိုက္သည္။

"ဘာလဲ.... ဟိုဘိုးေတာ္ မလာေတာ့ဘူးတဲ့လား.... ေကာင္းတယ္... ဒါဆို ကလပ္သြားတာေပါ့" လို႔ ေဝယံလင္းထြန္း တစ္ေယာက္ ကိုယ္ထင္ရာေတြ ေျပာၿပီးေတာ့ ႐ုံးခန္းေလးထဲကေန ၀႐ုန္းသုန္းကားျဖင့္ ထြက္သြားေတာ့သည္။ လုပ္သားမွာလည္း
ေဝယံလင္းထြန္း ေနာက္သို႔ ျပာတိျပာယာျဖင့္ လိုက္သြားေလသည္။

ေဝယံလင္းထြန္း တစ္ေယာက္ ႐ုံးခန္းကေန ထြက္ထြက္ခ်င္းဘဲ ပရိေဘာဂ ခင္းက်င္းထားတဲ့ ေနရာတြင္ လူတစ္ေယာက္ ေရာက္ေနတာကို ေတြ႕လိုက္ရေလသည္။ ဒါနဲ႔ အနားကို ေရာက္လာတဲ့ လုပ္သားကို ခပ္တိုးတိုးေလး ေမးလိုက္ေလသည္။

"အဲ့တာ ဘယ္သူလဲ.... ပရိေဘာဂ လာ၀ယ္တဲ့သူလား"

"မဟုတ္ဘူး ဆရာ......"

"အဲ့တာဆို ဘယ္သူလဲ ျမန္ျမန္ေျပာေလ"

"ဆရာ့ကို ေတြ႕ခ်င္တာတဲ့...... ဆရာ့ဧည့္သည္လို႔ ေျပာတာဘဲ......" ဆိုၿပီး လုပ္သားေလးက ေဝယံလင္းထြန္းကို ခပ္တိုးတိုးေလး ျပန္ေျဖေလေတာ့၏။

"အဲ့တာကို အခုမွ ေျပာရတာလား" ဟု ေဝယံလင္းထြန္း တိုးတိုးေလး ေအာ္ေျပာလိုက္သည္။

"ခဏက ေျပာမလို႔ဘဲ ဆရာက ၀႐ုန္းသုန္းကားနဲ႔ ထြက္သြားတာ မလို႔ေလ"

"ပါးစပ္ပိတ္ထား" လို႔ ေဝယံလင္းထြန္း ေျပာလိုက္ၿပီး ပရိေဘာဂ ၾကည့္ေနတဲ့ သူဆီသို႔ ေျဖးေျဖးမွန္မွန္ေလး ေလွ်ာက္သြားလိုက္ေတာ့သည္။

ေဝယံလင္းထြန္းမွာ ထိုလူစိမ္းနားသို႔ ေရာက္သြားေလၿပီ။ ေရာက္ေရာက္ခ်င္း ေဝယံလင္းထြန္း တစ္ေယာက္ ထိုလူစိမ္းကို ၾကည့္ၿပီးအကဲခတ္လိုက္သည္။

"ဦးေစာရေမာင္ ဆိုေတာ့ အသက္ခပ္ႀကီးႀကီးနဲ႔ အိုအိုႀကီး ျဖစ္မယ္ ထင္ေနတာ။ အခုေတြ႕ရေတာ့ ေတာ္ေတာ္ ငယ္တာဘဲ။ ငါ့ထက္ေတာ့ အသက္ႀကီးမယ့္ ပုံဘဲ...." ဟု ေဝယံလင္းထြန္း အေတြးထဲမွာ ေျပာေနေလေတာ့၏။

"ဒီက ဦးေစာရေမာင္ပါလား" ဆိုၿပီး ေဝယံလင္းထြန္းကေနၿပီး တစ္ဖက္က လူစိမ္းကို စေမးလိုက္ေလသည္။

တစ္ဖက္က လူစိမ္းမွာ ပရိေဘာဂ ၾကည့္ေနရာကေန ေဝယံလင္းထြန္းထက္သို႔ လွည့္လာေတာ့သည္။

"ဟုတ္ပါတယ္....... ဦးေစာရေမာင္ပါ" ဟု တစ္ဖက္က ျပန္ေျဖလာေလ၏။

"ဟုတ္..... ကြၽန္ေတာ္က ေဝယံလင္းထြန္းပါ..... ပါပါးလည္း ခင္ဗ်ားကို ေျပာထားမယ္ ထင္တယ္.... ၿပီးေတာ့ ခင္ဗ်ားလာမယ္ဆိုတာကိုလည္း ပါပါးက ေျပာထားၿပီးသား"

"ဟုတ္ပါတယ္..... သူ ေျပာထားပါတယ္..... သားျဖစ္သူနဲ႔ ဆုံရမယ္ဆိုတာကိုေပါ့"

"ဟုတ္ကဲ့ ေတြ႕ရတာ ၀မ္းသာပါတယ္" ဟု ေျပာၿပီးေတာ့
ေဝယံလင္းထြန္းမွ ဦးေစာရေမာင္ေရွ႕သို႔ လက္ဆန႔္ထုတ္လိုက္ေလသည္။

"ေတြ႕ရတာ ၀မ္းသာပါတယ္ .... ေကာင္ေလး" လို႔ ျပန္ေျပာရင္း
ဦးေစာရေမာင္မွာ ေဝယံလင္းထြန္း၏ လက္ကို ဆြဲၿပီး လက္ဆြဲႏႈတ္ဆက္လိုက္ေလေတာ့၏။

ေဝယံလင္းထြန္းလည္း အထိုက္အေလ်ာက္ေလး လက္ဆြဲႏႈတ္ဆက္ေလသည္။ ၿပီးမွ လက္ကို ျပန္ျဖဳတ္လိုက္ၿပီး

"ဒီဘက္မွာ ႐ုံးခန္းက..... ႐ုံးခန္းမွာ အလုက္ကိစၥ‌ေလး ေဆြးေႏြးၾကတာေပါ့" ဟု ေဝယံလင္းထြန္း ေျပာလိုက္သည္။

"ေကာင္းပါၿပီ" ဆိုၿပီး ဦးေစာရေမာင္က ျပန္ေျဖေတာ့
ေဝယံလင္းထြန္းမွာ ေရွ႕ကေန ဦးေဆာင္ၿပီး ႐ုံးခန္းကို ေခၚသြားေတာ့သည္။

ဒီလိုနဲ႔ ေဝယံလင္းထြန္းႏွင့္ ဦးေစာရေမာင္တို႔ ႏွစ္ေယာက္ ႐ုံးခန္းေလးထဲတြင္ လုပ္ငန္းကိစၥ ေဆြးေႏြး‌ၾကေလ၏။

ေဝယံလင္းထြန္းမွာ ဦးေစာရေမာင္ အတြက္ ရမ္အရက္ငွဲ႔ေပးဖို႔ ျပင္ေလသည္။ ဒါကိုမွ ဦးေစာေမာင္ တစ္ေယာက္ တားလိုက္ေလသည္။

"ေတာ္ၿပီ ကိုက ရမ္ မေသာက္တတ္ေတာ့ဘူး..... ကိုက ေဗာ့ကာလိုမ်ိဳးဘဲ ေသာက္တတ္တာဗ်"

ဦးေစာရေမာင္ စကားေၾကာင့္ ေဝယံလင္းထြန္းမွာ ၿပဳံးလိုက္ၿပီး ရမ္အရက္ ငွဲ႔ဖို႔ ျပင္ေနတာကို ရပ္လိုက္ေလသည္။ ၿပီးေတာ့ ဆိုဖာကို ေနာက္မွီထိုင္လိုက္ၿပီး

"ကဲ..... ခင္ဗ်ား ဘာကို သိခ်င္တာလဲ" ဟု ေဝယံလင္းထြန္း ေျပာလိုက္သည္။

"ဟမ္.... မင္းက ရွင္းျပရမွာ မဟုတ္ဘူးလား"

"ကြၽန္ေတာ္ ရွင္းျပရမွာေတာ့ မွန္တယ္ေလ.... ဒါေပမယ့္ ခင္ဗ်ားက အသက္အ႐ြယ္အရ ငယ္ငယ္ေလးဘဲ ရွိေသးတာ.... ခင္ဗ်ားသာ အသက္ႀကီးႀကီးဆိုရင္ ကြၽန္ေတာ္က ရွင္းျပမလို႔ဘဲ။ အခု ခင္ဗ်ားက ကြၽန္ေတာ္နဲ႔ သက္တူ႐ြယ္တူေလာက္ဘဲ.... အလြန္ဆုံးႀကီး ေလးငါးႏွစ္ေလာက္ေပါ့"

"အဲ့ဒီေတာ့ မင္းေျပာခ်င္တာက....." ဟု ဦးေစာရေမာင္ ျဖတ္ေျပာလိုက္သည္။

"အဲ့ဒီေတာ့ ေျပာခ်င္တာက ခင္ဗ်ားလည္း ကိုယ္လုပ္ခ်င္တဲ့ အလုပ္က ဘာလဲဆိုတာ ပါးပါးနဲ႔ ေျပာၿပီးကတည္းက သိထားၿပီးသားလို႔ ထင္တယ္"

"သိပ္ဟုတ္တာေပါ့ ..... ငါတို႔ လုပ္မယ့္ လုပ္ငန္းက ခပ္ေသးေသးမွ မဟုတ္ဘဲ .... တစ္ကယ့္ကို အႀကီးႀကီးဆိုတာ သိပ္သိတာေပါ့"

ဦးေစာရေမာင္ စကားကို ၾကားၿပီး ေဝယံလင္းထြန္း တစ္ေယာက္ အားရေက်နပ္သြားေလသည္။

"ခင္ဗ်ားကို သေဘာက်သြားၿပီကြာ..... ခင္ဗ်ားက သေဘာေပါက္တာ ျမန္တာဘဲ" ဟု ေဝယံလင္းထြန္းမွ ၿပဳံးရင္း ေျပာလိုက္သည္။

"ကိုက ဒုစ႐ိုက္ သမားနဲ႔ အလုပ္လုပ္......"

"ႏိုး....ႏိုး....ႏိုး..... ဒုစ႐ိုက္သမားလို႔ မေခၚရဘူး" ဟု ေဝယံလင္းထြန္းမွ ဦးေစာရေမာင္ စကားမဆုံးခင္ ျဖတ္ေျပာလိုက္ေတာ့သည္။

"ဒါဆို ဒုစ႐ိုက္ သမား မဟုတ္ရင္ ဘယ္လို ေခၚရမလဲ....."

"ဒု.... စ....႐ိုက္.....ဂိုဏ္း....ခ်ဳပ္....." ဆိုကာ ေဝယံလင္းထြန္း တစ္လုံးခ်င္းစီ ‌ေျပာၿပီးေတာ့ ဆက္ေျပာေလသည္။

"ကြၽန္ေတာ္တို႔ေတြက ဒုစ႐ိုက္ကို လုပ္ေနတဲ့ အညတရ ေကာင္ေလးမွ မဟုတ္ေတာ့တာ။ အခုဆို အဖြဲ႕အစည္းနဲ႔ လုပ္ေနရၿပီေလ.... ဒါေၾကာင့္ ဒုစ႐ိုက္သမား မဟုတ္ဘူး.... ဒုစ႐ိုက္ဂိုဏ္းခ်ဳပ္"

"ဟုတ္တာေပါ့ဗ်ာ..... ဒုစ႐ိုက္ ‌ဂိုဏ္းခ်ဳပ္ႀကီးေပါ့"

"ကဲ...... ေကာင္ၿပီ ခင္ဗ်ား ဘာသိခ်င္ေသးလဲ"

"ကို ပစၥည္း ၾကည့္ခ်င္တယ္......" ဆိုၿပီး ဦးေစာရေမာင္မွာ
ေဝယံလင္းထြန္းကို စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။

"ရတာေပါ့..... ၾကည့္လို႔ သိပ္ရတာေပါ့....." လို႔ ေျပာၿပီးေတာ့
ေဝယံလင္းထြန္းမွာ ဆိုဖာကေန ထသြားၿပီး ႐ုံးစားပြဲနား သြားႀလိက္ေလသည္။ ၿပီးေတာ့ စားပြဲ ဗီ႐ိုတစ္ခုထဲကေန အျဖဴေရာင္ အထုပ္ေလး ယူၿပီး ဦးေစာရေမာင္ ရွိေနတဲ့ စားပြဲဝိုင္းနားသို႔ ျပန္လာလိုက္ေလသည္။

ေဝယံလင္းထြန္းမွာ အျဖဴေရာင္ အထုပ္ေလးကို ဦးေစာရေမာင္ေရွ႕သို႔ ခ်ေပးလိုက္ေလသည္။ ဦးေစာရေမာင္မွာ အထုပ္ကို ၾကည့္ၿပီးေတာ့ ေဝယံလင္းထြန္းအား ေမးလိုက္ေလသည္။

"ဒါက အေလးခ်ိန္ ဘာ္ေလာက္ေလာက္ရွိသလဲ"

"အဲ့တာကေတာ့ ငါးဂရမ္ေလာက္ေပါ့"

"ဒါျဖင့္ ေဈးႏႈန္းကေရာ"

"အဲ့အထုပ္ေလးက တစ္ပုံးေလာက္ ရွိတာေပါ့" လို႔ ေဝယံလင္းထြန္းမွာ လက္ကေလးကို အဝိုင္းေလး လုပ္ျပၿပီး ျပန္ေျဖလိုက္ေလသည္။

ဦးေစာရေမာင္မွာ ငါးဂရမ္ ဘိန္းျဖဴထုပ္ေလးကို ယူၿပီး အနီးကပ္ ၾကည့္ေနေတာ့သည္။ ဘိန္းျဖဴထုပ္ေလးကို လုံးေစ့ပတ္ေအာင္ ၾကည့္ၿပီးေတာ့ ျပန္ခ်ထားလိုက္သည္။

"ဒါျဖင့္ရင္ ပို႔ေဆာင္ဖို႔ကေရာ" ဟု ဦးေစာကေမာင္က ေမးလိုက္သည္။

"ပို႔ေဆာင္ကေတာ့ လုံး၀ကို အေကာင္းဆုံး ပို႔ေဆာင္ေပးမွာပါ.... အျပင္က ပရိေဘာဂေတြကို ေတြ႕ခဲ့တယ္မလား...."

ေဝယံလင္းထြန္းက ျပန္ေမးေတာ့ ဦးေစာရေမာင္ ေခါင္းၿငိမ့္ျပလိုက္သည္။

"အဲ့တာေတြက ပို႔ေဆာင္တဲ့ ေနရာမွာ တစ္ကယ့္ကို ကူညီေမးမွာဘဲေလ"

"ေအာ္..... သိၿပီ..... သီၿပီ.....သေဘာေပါက္ၿပီ" ဟု ဦးေစာရေမာင္က ေအးေအးေဆးေဆးေလး ျပန္ေျဖလိုက္သည္။

"ခင္ဗ်ားရဲ႕ သေဘာေပါက္တာ ျမန္တာကိုေတာ့ သေဘာက်သြားၿပီ"

"ခဏ.... ခဏ သေဘာက်ေနတယ္လို႔ ေျပာေနတာ.... ကို႔မွာက ပိုင္ရွင္ရွိၿပီးသားေနာ္......"

"ဟား......ဟား..... ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ သေဘာေပါက္ျမန္တာကို ေျပာတာပါဗ်ာ..... ကြၽန္ေတာ္က ကြၽန္ေတာ့္ထက္ အသက္ႀကီးတဲ့သူဆို မႀကိဳက္ဘူး..... ငယ္ငယ္ေခ်ာေခ်ာနဲ႔ ခ်စ္စရာေလးမွ ႀကိဳက္တာ‌ဗ်" ဟု ေဝယံလင္းထြန္း ရယ္ရင္း ျပန္ေျဖလိုက္သည္။

"ေအာ္.... ကိုက စတာပါကြာ.... ဒါနဲ႔ ပို႔ေဆာင္တဲ့ အခ်ိန္ၾကရင္ ဂိတ္ေတြမွာ အစစ္ေဆးခံလာရရင္ေကာ....."

"ဒါကေတာ့ မပူနဲ႔ ကြၽန္ေတာ္က အႀကီးပိုင္းက လူေတြတစ္ခ်ိဳ႕နဲ႔ သိတယ္ေလ...... ေျပာရရင္ အေပးအယူေပါ့"

"ေအာ္..... အဲ့လိုကိုး........ ေကာင္းၿပီေလ.... လုပ္ငန္းစပ္တူ လုပ္ၾကတာေပါ့" လို႔ ဦးေစာရေမာင္ ေျပာလိုက္ေတာ့သည္။

"ဒါဆို ခင္ဗ်ား ဘယ္ေလာက္ယူမလဲ......."

"အဲ့ ကိစၥေတြက မနက္ျဖန္ၾကမွ ေျပာၾကတာေပါ့..... ကို အလ်င္မလိုေသးပါဘူးကြာ ေကာင္ေလး"

"ေကာင္းၿပီေလ.... ဒါဆို စာခ်ဳပ္ကလည္း မနက္ျဖန္မွ လုပ္လိုက္တာေပါ့......"

"ေကာင္းတာေပါ့...... မနက္ျဖန္မွ ေအးေအးေဆးေဆး လုပ္လိုက္တာေပါ့"

"ဒါဆိုရင္ ပါးပါးကို ဖုန္းဆက္ အေၾကာင္းၾကားၿပီး ခင္ဗ်ားနဲ႔ အဆင္ေျပၿပီ‌ ျဖစ္ေၾကာင္း ေျပာလိုက္မယ္ေလ" ဟု ေဝယံလင္းထြန္း ေျပာၿပီးေတာ့ ဖုန္းထုတ္ေနေလသည္။

"ေနေန..... ကို ကိုယ္တိုင္ဘဲ ေျပာလိုက္ပါ့မယ္"

"ေကာင္းၿပီေလ..... ခင္ဗ်ားသေဘာပါဘဲ...... ဒါဆို ေကာင္းေကာင္းျပန္ပါ ဦးေစာရေမာင္"

"ဟုတ္ၿပီ" လို႔ ေျပာၿပီး ဦးေစာရေမာင္ ထိုင္ရာက ထရပ္လိုက္သည္။ ၿပီးေနာက္ တံခါးဘက္သို႔ သြားဖို႔ ျပင္လိုက္ရင္းမွ
ေဝယံလင္းထြန္းဘက္က ျပန္လွည့္လာေလသည္။

"အမ္..... ေကာင္ေလး မင္းဒီည အားလား......" ဟု ဦးေစာရေမာင္ ေမးလိုက္သည္။

"အားပါတယ္.... ခင္ဗ်ား ဘာျဖစ္လို႔ ေမးတာလဲ" ဆိုၿပီး
ေဝယံလင္းထြန္း ေျဖလည္းေျဖရင္း ျပန္ေမးလိုက္သည္။

"ကို..... လားရႈိးမလာခဲ့ရင္ ဆိုင္ေလး တစ္ဆိုင္ကို လိုင္းေပၚကေန သိထားတယ္.... ဒီည အလုပ္ကိစၥကလည္း အဆင္ေျပေတာ့ မင္းေလးနဲ႔ တစ္ဖလားတစ္ခြက္ေလာက္ ေသာက္ၿပီး ေအာင္ပြဲခံၾကမလားလို႔ပါ"

ေဝယံလင္းထြန္းမွာ ဦးေစာရေမာင္ ေျပာတာကို ျပန္မေျဖေသးဘဲ ခဏ စဥ္းစားေနေလသည္။ ၿပီးမွ ျပန္ေျဖေလသည္။

"ရတယ္ေလ..... ကြၽန္ေတာ္လည္း ေသာက္ခ်င္ေနတာနဲ႔ ေတာ္ရာက်သြားတာေပါ့"

"ေကာင္းၿပီေလ..... သြားၾကတာေပါ့....."

ဒီလိုနဲ႔ ဦးေစာရေမာင္ႏွင့္ ေဝယံလင္းထြန္းတို႔ ႐ုံးခန္းကေန တူတူထြက္လာၾကၿပီး ကားနားသို႔ သြားလိုက္ၾကေလသည္။ ကားနားသို႔ ေရာက္ေတာ့ ႏွစ္ေယာက္လုံး ကားထဲ ၀င္လိုက္ၾကေလသည္။ ၿပီးေနာက္ ကားေလးဟာ တစ္ေနရာရာသို႔ ထြက္သြားေလေတာ့သည္။

..............................

ေဝယံလင္းထြန္းႏွင့္ ဦးေစာရေမာင္တို႔မွာ 'MonShine' barက vipအခန္းေလးထဲမွာ အရက္ေတြ၊ ေဗာ့ကာေတြ ေရာစပ္ကာ ေအာင္ပြဲခံ ေသာက္ေနၾကေလသည္။

"ခ်ီးယားစ္..." ဆိုၿပီး ႏွစ္ေယာက္သား ၿပိဳင္တူ ေျပာရင္း ခြက္ခ်င္း တိုက္လိုက္ေလသည္။

ခြက္ကေလးက ေသးေသးေလး ျဖစ္တာေၾကာင့္ တစ္ငုံစာဘဲ ရွိေလသည္။ ဒါ‌ေၾကာင့္ ေသာက္ၿပီးေတာ့ ျပန္ၿပီး ငွဲ႔ၾကေတာ့သည္။

"ခင္ဗ်ားက ဘာလုပ္ငန္း လုပ္တာလဲ" ဟု ေဝယံလင္းထြန္းမွ
ဦးေစာရေမာင္ကို ေမးလိုက္ေလသည္။

"ကိုလား..... ကိုက ေက်ာက္လုပ္ငန္း လုပ္တာေလ"

"ေက်ာက္လုပ္တဲ့ လုပ္ငန္းရွင္က ဘယ္လိုလုပ္ၿပီး ဒီဘိန္းျဖဴဘက္ကို ေရာက္လာရတာလဲ"

"ဒါကေတာ့ ႐ိုးရွင္းပါတယ္.... ေအာင္ျမင္ခ်င္တာဘဲေပါ့..... ေအာင္ျမင္ခ်င္ေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို လိုက္ရွာရတာေပါ့"

"ဒါျဖင့္ ကြၽန္ေတာ့္ ပါးပါးနဲ႔ ေတြ႕ခဲ့တယ္ ဆိုပါေတာ့"

"ဒါေပါ့‌ဗ်ာ....."

"ဒါနဲ႔ ခင္ဗ်ားအရင္က မူးယစ္ဂိုဏ္းေတြနဲ႔ တြဲလုပ္ဖူးလား....."

"ဒါက ကို႔ရဲ႕ first timeဘဲ"

"ဒါျဖင့္ရင္ သုံးေကာသုံးဖူးလား"

"အရင္တုန္းကဘဲေပါ့..... အခုေတာ့ အိမ္ေထာင္နဲ႔ ဆိုေတာ့ ျဖတ္ထားတာေပါ့"

"သုံးခ်င္ရင္ ေျပာေနာ္.... ကြၽန္ေတာ္ အထုပ္ေသးေလး ယူလာတာဗ်"

"ေတာ္ပါၿပီ.... ေကာင္ေလး သုံးခ်င္ရင္ သုံးေလ...... ကို႔ကို အားမနာနဲ႔"

"ရပါၿပီ...... တစ္ေယာက္ထဲ သုံးရတာက မေကာင္းဘူးဗ်"

"ဘာလဲ လူေခၚခ်င္တာလား..... ကို ေခၚေပးရမလား"

"ဒီမွာ အဲ့လို ရလို႔လား"

"မသိဘူးေလ..... ဒီတက္ပလက္မွာေတာ့ vip serviceဆိုၿပီး စာေလးနဲ႔ ႏွိပ္စရာ ပါေနတာဘဲ"

"ဒါဆိုလည္း စမ္းၾကည့္ေပါ......"

"အိုေကေလ.... ကို ႏွိပ္ၾကည့္လိုက္မယ္..... ေကာင္ေလးက လူေ႐ြးလိုက္ေပါ့" လို႔ ေျပာၿပီး ဦးေစာရ‌ေမာင္မွာ ထို 'Vip Service' ဆိုေလး ႏွိပ္လိုက္ေတာ့သည္။

ထို 'Vip Service' ႏွိပ္လိုက္တာနဲ႔ 'Boys or Girls' ဆိုၿပီး စာလုံးေလး ေပၚလာေလသည္။

"ေကာင္ေလး boyေခၚမွာလား.... girlလား" ဟု ဦးေစာရေမာင္မွ လွမ္းေမးလိုက္သည္။

"Boy" ဆိုကာ ေဝယံလင္းထြန္း ျပန္ေျဖေလသည္။

ဒါနဲ႔ ဦးေစာရေမာင္လည္း 'boys' ဆို‌တာေလးကို ႏွိပ္လိုက္ေတာ့သည္။

မၾကာပါဘူး။ အခန္းထဲကို ေကာင္ေလး ေလးေယာက္ တံခါးဖြင့္ကာ ၀င္လာၾကေတာ့၏။ ေကာင္ေလး ေလးေယာက္က ၀င္လာၿပီး ဦးေစာရေမာင္ႏွင့္ ေဝယံလင္းထြန္းတို႔ ေရွ႕တြင္ရပ္လိုက္ၿပီး ကိုယ့္ကိုယ္ကို မိတ္ဆက္ၾကေလသည္။

"ကိုႀကီးတို႔ကို အစြမ္းကုန္ စြမ္းေဆာင္ေပးမယ့္... ဂ်က္ကလင္းပါ"
"ကိုႀကီးတို႔ တစ္သက္ ‌မေမ့သြားဘဲ စြဲလမ္းေစမယ့္ ဂတ္ပရီပါ"
"ကိုႀကီးတို႔ရဲ႕ စိတ္ကို ဖမ္းစားမယ့္ ဖလက္ရွ္ပါ"

ေနာက္ဆုံး တစ္ေယာက္မွာ ဆံမင္ေလး ဘုတ္သိုက္ကေလးနဲ႔၊ တီရွပ္ အပြႏွင့္ ေဘာင္းဘီတိအက်ပ္ေလးကို ၀တ္ထားေလသည္။ ထိုေကာင္ေလးမွာ ေဝယံလင္းထြန္းနားကို သြာလိုက္ၿပီး ထိုင္ခ်လိုက္သည္။ ၿပီးေနာက္ ထိုေကာင္‌ေလးရဲ႕ လက္ေတြက ေဝယံလင္းထြန္းရဲ႕ ေပါင္းေလးကို ပြတ္သပ္ရင္း တစ္ျဖည္းျဖည္း အေပၚသို႔ တက္သြားေလသည္။ ၿပီးေတာ့လည္း မိတ္ဆက္ေတာ့၏။

"ကိုႀကီးရဲ႕ ရင္ထဲကို စြဲ‌သြားေစရေအာင္ ရွယ္ျပဳစုေပးမယ့္ ဂြၽန္နီပါ" ဆိုၿပီး ထိုေကာင္ေလးမွာ ေဝယံလင္းထြန္း၏ မ်က္ႏွာနား ကပ္ကာ ေျပာလိုက္ေလသည္။

ေဝယံလင္းထြန္းမွာ မထိန္းႏိုင္ေတာ့ဘဲ ထိုေကာင္ေလး၏ ႏႈတ္ခမ္းကို ဆြဲယူၿပီး နမ္းလိုက္ေလေတာ့၏။

ေဝယံလင္းထြန္း လုပ္ပုံေၾကာင့္ ဦးေစာရေမာင္ လန႔္သြားေလသည္။
ဦးေစာရေမာင္မွာ က်န္တဲ့ သုံးေယာက္ကို အားနာနာျဖင့္ ၾကည့္လိုက္ၿပီး ေျပာလိုက္ေတာ့သည္။

"ၾကည့္ရတာ ဒီတစ္ေယာက္ကို ေ႐ြးလိုက္ၿပီ ထင္တယ္....."

"ကံေကာင္းပါေစ ဂြၽန္နီ‌" လို႔ ေျပာၿပီးေတာ့ က်န္သုံးေယာက္မွာ ထြက္သြားေလသည္။

ေဝယံလင္းထြန္းလည္း နမ္းေနတာကို ရပ္လိုက္ေလသည္။

"မင္းက အရမ္းကို ဆြဲေဆာင္လြန္းတာဘဲ..... မင္းကို ဘယ္လိုေခၚတာ" ဟု ေဝယံလင္းထြန္း ထိုေကာင္ေလးကို ၾကည့္ရင္း ေျပာလိုက္သည္။

"ဂြၽန္နီပါ.... " လို႔ ထိုေကာင္ေလး ျပန္ေျဖေတာ့ ေဝယံလင္းထြန္းမွာ ကိုက္ေတာ့မယ့္ ပုံစံ လုပ္ျပေလသည္။

ဒါနဲ႔ ထိုေကာင္ေလးလည္း ေနာက္ဆုတ္လိုက္ၿပီး " ဟြင္း...ကိုႀကီးေနာ္္ အရမ္းဆိုးတာဘဲ" လို႔ ျပန္ေျပာလိုက္ေလသည္။

ဒီလိုနဲ႔ ေသာက္ၾက၊ အျမည္းေတြ စားၾကရင္းနဲ႔ အခ်ိန္က ညပင္မိုးခ်ဳပ္လာေလၿပီ။ ဦးေစာရေမာင္မွာ ေဝယံလင္းထြန္းကို လိုက္ပိုါေလသည္။ ေဝယံလင္းထြန္းပါ မဟုတ္၊ ဆိုင္က ေကာင္ေလး ဂြၽန္နီပါ ပါေလသည္။

"လိုက္ပို႔တဲ့ အတြက္ ေက်းဇူးပါ ကိုႀကီး" ဟု ဂြၽန္နီမွာ ဦးေစာရေမာင္ကို ေျပာရင္း မ်က္လုံးတစ္ဖက္ မွိတ္ျပလိုက္ေလသည္။

"ကိုႀကီးေဝ..... ဒါက.... ကိုႀကီးရဲ႕ အိမ္လား" ဆိုၿပီး ဂြၽန္နီမွာ ေဝယံလင္းထြန္းကို ေမးလိုက္သည္။

"ဟုတ္တာေပါ့.... ကိုနဲ႔ တစ္ညလုံးရွိေနမယ့္ အခန္းထဲကို သြားၾကတာေပါ့"

ဒါနဲ႔ ေဝယံလင္းထြန္းႏွင့္ ဂြၽန္နီတို႔သည္ 'Nine' ပရိေဘာဂ ဆိုင္ေလးထဲသို႔ ၀င္သြားလိုက္ေလသည္။

ဆိုင္ေလးမွာ ေဝယံလင္းထြန္း မလာေသးလို႔ မသိမ္းၾကေသးေပ။ ဆိုင္က လုပ္သားမ်ားမွာ ေဝယံလင္းထြန္းႏွင့္ ေကာင္ေလး တစ္ေယာပ္ ပါလာတာကို သိပ္မအံ့ဩၾကပါ။ ဘာေၾကာင့္ဆို ခါတိုင္းလည္း ေခၚလာတတ္တာမလို႔ဘဲေလ။

ေဝယံလင္ထြန္းမွာ အခန္းရွိရာ အထပ္သို႔ ဂြၽန္နီကို ေခၚသြားေလသည္။ အခန္းရွိတဲ့ အထပ္ကို ေရာက္ေတာ့ ေဝယံလင္းထြန္းမွာ အခန္းတံခါးေလး ဖြင့္ၿပီးေတာ့ ဂြၽန္နီကို အရင္ေပး၀င္ေလသည္။
ဂြၽန္နီ ၀င္ၿပီးသြားေတာ့ ေဝယံလင္းထြန္းမွာ တံခါးကို ပိတ္ကာ ေလာ့ခ်လိုက္သည္။

ေဝယံလင္းထြန္း အခန္းကို ၾကည့္ေနတဲ့ ဦးမိုးေကာင္းမွာေတာ့ ေခါင္းတြင္တြင္ခါရင္း ကိုယ့္အခန္းကို သြားေတာ့သည္။

ေဝယံလင္းထြန္းမွာ တံခါးေလာ့ခ်ၿပီးတာနဲ႔ ဂြၽန္နီကို နမ္းေလေတာ့သည္။ ႐ုတ္တရက္ဆိုေတာ့ ဂြၽန္နီ‌လည္း အလိုက္သင့္ေလး နမ္းေပးေနရတာေပါ့။ ေဝယံလင္းထြန္းမွာ နမ္းေနရင္းမွ အက်ႌၾကယ္သီးေတြ ျဖဳတ္ေနေလေတာ့၏။

နမ္းေနတာရပ္ၿပီး ေဝယံလင္းထြန္းမွ အက်ႌ ၾကယ္သီကို ကုန္ေအာင္ ျဖဳတ္လိုက္ေလသည္။ ထိုအခ်ိန္ ဂြၽန္နီမွ ေျပာလာေလသည္။

"ကိုႀကီးရယ္ ဘာေတြ ေလာေနတာလဲ....."

"ကို စိတ္မထိန္းႏိုင္ေတာ့ဘူး ေကာင္ေလး မင္းက အရမ္းဆြဲေဆာင္လြန္းေနတယ္.... ကိုယ့္ရဲ႕ ညီေလးကို ၾကည့္လိုက္ပါအုန္း"

ဂြၽန္နီ ေဝယံလင္းထြန္းရဲ႕ ေအာက္ပိုင္းကို ၾကည့္လိုက္သည္။ ေဘာင္ဘီထဲကေန ေဖာ္ထြက္သြားေတာ့မယ့္ အလား ေဖာင္းေနေလသည္။

"ကိုႀကီးကလည္း နဲနဲေလး ေသြးပူသြားေအာင္ တစ္ခုခု ေသာက္ၾကမလားလို႔"

"ဟုတ္ၿပီေလ" ဟု ေဝယံလင္းထြန္းက ေျပာၿပီး ရမ္ပုလင္း ယူမလို႔လုပ္ေတာ့ ဂြၽန္နီကို ေဝယံလင္းထြန္းကို ခုတင္ေပၚသို႔ တြန္းလိုက္ေလသည္။

"ဂြၽန္နီကိုေျပာ..... ဂြၽန္နီ ထည့္ခဲ့ေပးမယ္"

"ေကာင္ေလး ေနာက္က ဗီ႐ိုမွာ ရမ္ပုလင္းေတြ ရွိတယ္.... ခြက္လည္း ရွိတယ္" လို႔ ေဝယံလင္းထြန္း ၿပဳံးရင္း ေျပာကာ သူ႔ညီေလးကို ပြတ္သပ္ေနေတာ့၏။

ဂြၽန္နီလည္း ေဝယံလင္းထြန္းကို ၿပဳံးျပရင္း အေနာက္က ဗီ႐ိုနား သြားလိုက္ေလသည္။ ဗီ႐ိုထဲက ရမ္ပုလင္း ထုတ္လိုက္ၿပီး ခြက္ႏွစ္ခြက္ထဲ ထည့္လိုက္ေလသည္။ ၿပီးေတာ့ ျပန႔္လွည့္ကာ ခုတင္နားသို႔ လာၿပီး ေဝယံလင္းထြန္းကို ခြက္တစ္ခြက္ ကမ္းေပးလိုက္ေလသည္။ ေဝယံလင္းထြန္းမွာ ထလာၿပီး တစ္က်ိဳက္ထဲ ေမာ့ေသာက္ၿပီး ခြက္ကို ၾကမ္းျပင္သို႔ ပစ္လိုက္ေလသည္။ ၿပီးေနာက္ ဂြၽန္နီကို နမ္းေလေတာ့သည္။ နမ္းၿပီး ခဏခြာေတာ့ ဂြၽန္နီမွာ ေဝယံလင္းထြန္းကို တစ္ဖန္ ျပန္တြန္းလိုက္ေလသည္။ ေနာက္ေတာ့ ကိုင္ထားတဲ့ ခြက္ေလးထဲက ရမ္ေတြကို ေဝယံလင္းထြန္း ကိုယ္ေပၚသို႔ ေလာင္းခ်လိုက္ေလသည္။ ေဝယံလင္းထြန္းမွာ ရမၼက္ အခိုးအေငြ႕ေတြ ျပည့္ေနတဲ့ မ်က္လုံးျဖင့္ ဂြၽန္နီကို ၾကည့္ေနေတာ့၏။ ၾကည့္ရင္း ၾကညရင္းမွ အျမင္‌ေတြ ေဝဝါးလာေတာ့သည္။ ေဝယံလင္းထြန္း ေခါင္းတြင္တြင္ ခါလိုက္သည္။ အျမင္ေတြက မႈန္ဝါးေနဆဲ။ သူ ဂြၽန္နီကိုသာ ဝါးဝါးေလး ျမင္ေနရေလသည္။ ေနာက္ေတာ့ ေဝယံလင္းထြန္းမွာ မ်က္ခြံမ်ား ေလးလံလာေတာ့သည္။ ေနာက္ဆုံး ေဝယံလင္းထြန္း အေမွာင္ပကတိကိုသာ ျမင္ရေလေတာ့၏။

ဂြၽန္နီမွာ ေဝယံလင္းထြန္းကို ၾကည့္ၿပီး တစ္ဖက္သိူ႔ လွည့္လိုက္ေလသည္။ ၿပီးေတာ့ ေဘာင္းဘီအိတ္ကပ္ထဲက ႀကိဳးမဲ့ နားၾကပ္ေလးကို တပ္လိုက္ၿပီး ဖုန္းကိုထုတ္ကာ တစ္ေယာက္ေယာက္ကို ဖုန္းေခၚလိုက္ေတာ့၏။ ဖုန္း၀င္သြားၿပီး တစ္ဖက္က ေျပာလာေလေတာ့သည္။

"အကိုျမင့္ျမတ္........" ဆိုၿပီးေတာ့ေပါ့။

××××××××××××××

ခ်က္ခ်င္းတင္လိုက္တာပါ။ စာလုံးေပါင္း အမွားေလးေတြပါရင္ သည္းခံေပးၾကပါေနာ္။ complete ျဖစ္သြားရင္ စာျပန္စစ္ၿပီး ျပန္ျပင္မွာပါ။

ႀကိဳးစားၿပီး ေရးတင္ေပးေနပါတယ္။ အိမ္မွာေနပါ။ စာေတြဖတ္ပါ။ က်န္းမာေအာင္ေနပါ။ ဂ်င္းျပဳတ္ရည္ကို သိပ္မေသာ္ၾကပါနဲ႔ေနာ္။ ဂ်င္းျပဳတ္ရည္ကို ၾကာၾကာေနမွ တစ္ခါသာ ေသာက္ေပးပါေနာ္။ ဂ်င္းျပဳတ္ရည္က မ်ားမ်ား ေသာက္ရင္ ေက်ာက္ကပ္ပ်က္စီးတတ္လို႔ပါ။ က်န္တဲ့ အခ်ိန္ေတြဆို ေရေႏြးပူေလး ေသာက္တာတို႔ ဆားေရပလုတ္က်င္းတာတို႔ လုပ္ေပးပါ။ အျပင္သြားရင္ mask ႏွစ္ထပ္တပ္ပါေနာ္။ အျပင္သြားတိုင္းလည္း handgelေလး ေဆာင္ထားေပးပါေနာ္။ အားလုံး ေဘးကင္းၾကပါေစလို႔။

Continue Reading

You'll Also Like

343K 34.2K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
48.8K 4.6K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
76.6K 7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး