The Legendary Master's Wife (...

By Sailor_Moon_94

783K 133K 8.8K

Chapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Or... More

CHAPTER 232
CHAPTER 233
CHAPTER 234.
CHAPTER 235
CHAPTER 236
CHAPTER 237
CHAPTER 238
CHAPTER 239
CHAPTER 240
CHAPTER 241
CHAPTER 242
CHAPTER 243
CHAPTER 244
CHAPTER 245
CHAPTER 246
CHAPTER 247
CHAPTER 248
CHAPTER 249
CHAPTER 250
CHAPTER 251
CHAPTER 252
CHAPTER 253
CHAPTER 254.
CHAPTER 255
CHAPTER 256
CHAPTER 257
CHAPTER 258
CHAPTER 259
CHAPTER 260
CHAPTER 261.
CHAPTER 262
CHAPTER 263
CHAPTER 264
CHAPTER 265
CHAPTER 266
CHAPTER 267
CHAPTER 268
CHAPTER 269
CHAPTER 270
CHAPTER 271
CHAPTER 272
CHAPTER 273
CHAPTER 274
CHAPTER 275
CHAPTER 276
CHAPTER 277
CHAPTER 278
A/N
CHAPTER 279
CHAPTER 280
CHAPTER 281
CHAPTER 282
CHAPTER 283.
CHAPTER 284
CHAPTER 285
CHAPTER 286
CHAPTER 286 (ဒီတစ်ခါအတည်)
CHAPTER 287
CHAPTER 288
CHAPTER 289
CHAPTER 290 (Part1)
CHAPTER 290 (Part 2)
CHAPTER 291
CHAPTER 292
CHAPTER 293
CHAPTER 294
CHAPTER 295
CHAPTER 296
CHAPTER 297
CHAPTER 298
CHAPTER 299
CHPATER 300.
CHAPTER 301
CHAPTER 303
CHAPTER 304
CHAPTER 305
CHAPTER 306
CHAPTER 307
CHAPTER 308
CHAPTER 309
CHAPTER 310
CHAPTER 311
CHAPTER 312
CHAPTER 313
CHAPTER 314
CHAPTER 315
CHAPTER 316
CHAPTER 317
CHAPTER 318
CHAPTER 319
CHAPTER 320
Finale

CHAPTER 302

6.6K 1.4K 62
By Sailor_Moon_94


Zawgyi ver..



မီးလ်ွံအသြင္ေမွာ္ေဆးပင္

၎တို႔အား တားဆီးလိုက္သူမွာ ခရမ္းေရာင္အပိုင္းအား ေစာင့္ၾကပ္ရန္တာဝန္က်ေသာ အႀကီးအကဲတစ္ေယာက္ျဖစ္ေလသည္ ။

ထို႔ေျကာင့္ ယူေ႐ွာင္မို ႐ိုေသသမႈျဖင့္ေမးလိုက္သည္ ။

" ကြၽန္ေတာ္ ေဟာဒီကအႀကီးအကဲရဲ႕နာမည္ကို သိခြင့္႐ွိမလား.. "

" မ်ိဳး႐ိုးနာမည္ က်ိဳး၊ ငါ့ကို အႀကီးအကဲက်ိဳးလို႔ေခၚႏိုင္တယ္ "

ယူေ႐ွာင္မိုမွ ေလးစားစြာျဖင့္ ထပ္ေမးလိုက္သည္ ။

" အႀကီးအကဲက်ိဳး.. တကယ္လို႔မ်ား လူႏွစ္ေယာက္က ကဒ္တစ္ကဒ္တည္း မ်ွသံုးခ်င္တယ္ဆို ျဖစ္ႏိုင္မလား "

ျဖစ္ႏိုင္လ်ွင္ ယူေ႐ွာင္မို သူ႔ကဒ္အား ထုတ္ျပေနစရာမလိုေတာ့ေပ၊ ထို႔အျပင္ အနီေရာင္အပိုင္းသို႔လည္း လင္းေ႐ွာင္ႏွင့္အတူတူ ဆက္သြားႏိုင္မည္ျဖစ္သည္၊ သို႔ေသာ္ အႀကီးအကဲက်ိဳးမွ တံု႔ဆိုင္းမႈမ႐ွိ ျပတ္သားစြာ ျပန္ေျဖ၏ ။

" မရဘူး.. လူတစ္ေယာက္ကိုတစ္ကဒ္! မင္းတို႔ႏွစ္ေယာက္ျကားမွာ တစ္ကဒ္ပဲ႐ွိရင္ တစ္ေယာက္ပဲဝင္လို႔ရမယ္ "

အနီး႐ွိလူအမ်ားသည္ ယူေ႐ွာင္မို႔ေမးခြန္းအား ၾကားသည့္အခါ က်ိတ္ရယ္ေနၾကသည္၊ ယူေ႐ွာင္မိုကေတာ့ သူ႔ေမးခြန္းသူ ရယ္စရာေကာင္းသည္ဟု မထင္ေပ၊ ထို႔ေနာက္ ေခတၱမ်ွ ထပ္စဥ္းစားေနကာ အႀကီးအကဲအား ထပ္ေမးျပန္၏ ။

" အဲဒါဆို ကြၽန္ေတာ္တို႔ကဒ္ကိုတျခားသူဆီ ငွါးလို႔ေရာ ရႏိုင္မလား "

အႀကီးကဲက်ိဳးသည္ ေလွာင္ရယ္ေနၾကေသာ အျခားသူမ်ားအား ေအးစက္စြာေဝ့ၾကည့္ကာ အသံတိတ္ေစလိုက္သည္ ။

" အဲဒါနဲ႔ပတ္သတ္ၿပီး ဘာစည္းမ်ဥ္းမွ သတ္မွတ္ထားတာမ႐ွိဘူး "

ထိုအရာႏွင့္ပတ္သက္၍ စည္းကမ္းမထုတ္ထားရျခင္းမွာ မည္သူကမွ မိမိကဒ္အား အျခားသူထံ ငွါးေပးရေလာက္ေအာင္ထိ မတံုးအေသာေၾကာင့္ျဖစ္သည္ ။

ဤကမ႓ာေလာက၌ မိတ္ေဆြသူငယ္ခ်င္း အစစ္အမွန္ဟူ၍ မ႐ွိ၊ မိမိ၏ ေဆြမ်ိဳးသားခ်င္းပင္ မိမိအား အခ်ိန္မေရြး သစၥာေဖာက္သြားႏိုင္၏၊ ထို႔ေၾကာင့္ ေက်ာင္းေတာ္မွ ထိုအရာႏွင့္ပတ္သက္၍ စည္းကမ္းမသတ္မွတ္ထားျခင္းျဖစ္သည္၊ ထိုကဲ့သို႔ေသာလူမ်ိဳးမ်ား အမွန္တကယ္ တည္႐ွိမည္ဆိုလ်ွင္လည္း မ်ားမ်ားစားစား တည္႐ွိလိမ့္မည္မဟုတ္ေသာေၾကာင့္ပင္ ။

ယူေ႐ွာင္မို ေပ်ာ္ရႊင္သြားရသည္၊ သတ္မွတ္ထားျခင္းမ႐ွိ ဆိုသည္မွာ ဘာကိုမွကန္႔သတ္မထားဟု ဆိုလိုသည္ပင္ ။

အႀကီးအကဲ၏ စကားအား နားလည္သေဘာေပါက္သြားေသာအခါ ယူေ႐ွာင္မို သူ၏အနီေရာင္ကဒ္အား ထုတ္ယူလိုက္သည္၊  ၎ကဒ္အား ျမင္ေသာအခါ အနီး႐ွိလူမ်ားထံမွ အာေမဋိတ္သံမ်ား အလ်ွိဳအလ်ွိဳ  ထြက္ေပၚလာေတာ့၏၊ ၎တို႔၏ အၾကည့္မ်ားထဲတြင္လည္း မနာလိုမႈ၊ အားက်မႈတို႔ႏွင့္အတူ လိုအင္ေလာဘတို႔အား အထင္သား ျမင္ေတြ႔ေနရသည္ ။

အႀကီးအကဲက်ိဳးသည္လည္း အံ့ျသမွင္တက္သြားသည္မွာ အထင္အ႐ွားပင္ ။

" မင္းက..  ဟို ယူေ႐ွာင္မိုေတာ့ မဟုတ္ေလာက္ပါဘူးေနာ္၊ ေက်ာင္းသားသစ္ေတြထဲက ခ်န္ပီယံႏွစ္ေယာက္ထဲက တစ္ေယာက္ေလ၊ အဲဒါတကယ္ပဲ မင္းလား.. "

ယူေ႐ွာင္မိုလည္း အံ့ျသသြားရသည္ ။

" အႀကီးအကဲက ကြၽန္ေတာ့္ကိုသိေနတာလား "

သူအခုမွ ေက်ာင္းခြဲတစ္သို႔ေရာက္လာျခင္းျဖစ္သည္၊ မည္မ်ွ ေက်ာ္ၾကားသည္ဆိုဦးေတာ့ အႀကီးအကဲမ်ားအထိ သူ႔အားသိေနျကသည္မွာ မျဖစ္ႏိုင္ေပ ။

အႀကီးအကဲက်ိဳး၏ နဂို ေလးေလးနက္နက္အမူအယာသည္ အနည္းငယ္ ႏူးညံ့ေပ်ာ့ေျပာင္းသြားသည္ ။

" မင္းနာမည္ကိုကေတာ့ အခုဆို ေက်ာင္းခြဲတစ္ တစ္ခြင္လံုးကေတာင္ သိေနၾကေလာက္ၿပီ ထင္တယ္.. "

အၾကီးအကဲသြမ့္ခ်ီထ်န္ရဲ႕ တပည့္အသစ္စက္စက္ကေလးအေၾကာင္း ဘယ္သူကမၾကားဖူးပဲေနမွာတဲ့လဲ?

သို႔ေသာ္ သူ႔အား မွတ္မိရသည့္အေၾကာင္းအရင္းမွာ ေက်ာင္းစဝင္သည့္ေန႔က သတင္းမ်ားႏွင့္ သူ႔၏အနီေရာင္ကဒ္ေၾကာင့္ ျဖစ္သည္၊ ယူေ႐ွာင္မိုမွ ေက်ာင္းသားေဟာင္းတစ္ဦးအား အႏိုင္ယူႏိုင္ခဲ့ေၾကာင္းႏွင့္ သူ႔ထံ၌ အနီေရာင္ကဒ္႐ွိေၾကာင္း လူအေတာ္မ်ားမ်ား ၾကားသိထားၾကၿပီး ျဖစ္သည္ ။

ယူေ႐ွာင္မို ဘာလုပ္ရမွန္းမသိသျဖင့္ ေယာင္ေတာင္ေတာင္ျဖင့္သာ မိမိဆံပင္မ်ားအား ကုတ္ဖြေနမိသည္၊ ထိုအခါမွ အႀကီးအကဲက်ိဳးလည္း သတိရကာ ၎တို႔ႏွစ္ေယာက္အား ဝင္ခြင့္ေပးေလသည္ ။

ယူေ႐ွာင္မိုတို႔ႏွစ္ေယာက္ ဤတစ္ႀကိမ္တြင္လည္း တတိယေျမာက္ စၾကၤန္ဆီသို႔သာ ေလ်ွာက္သြားၾက၏၊ အတြင္းပိုင္းသို႔ ေရာက္လာေလ လူနည္းသြားေလျဖစ္သည္၊ အတြင္း၌ ယခင္အနက္ေရာင္အပိုင္း႐ွိ လူဦးေရ၏ ငါးပံုတစ္ပံုေလာက္သာ ႐ွိေပလိမ့္မည္၊ ခရမ္းေရာင္အပိုင္းအား ဝင္ေရာက္ႏိုင္သူမ်ားသည္ ေသခ်ာေပါက္ ကိုယ္တိုင္ကအင္အားႀကီးသူ သို႔မဟုတ္ အင္အားႀကီး ေနာက္ခံတစ္ခုခု႐ွိသူမ်ားသာ ျဖစ္ေပလိမ့္မည္ ။

ယူေ႐ွာင္မို စၾကၤန္လမ္းအဆံုး႐ွိ အခန္းနံပါတ္ ၄၉ဟု ေရးထိုးထားေသာ အခန္းေ႐ွ႕၌ရပ္ကာ တံခါးဖြင့္လိုက္သည္၊ အခန္းတြင္း၌ ထိုင္ဖံုႏွစ္ခု ေတြ႔ရေလ၏၊ ထို႔အျပင္ တံခါးေပၚ၌ အထူးျပဳလုပ္ထားသည့္ ေသာ့ပံုစံတစ္မ်ိဴးလည္း ပါဝင္ေသးသည္၊ အခန္းတြင္းသို႔ တျခားသူမ်ား ဝင္မလာေစလိုလ်ွင္ တံခါးေလာ့ခ်ထားလိုက္၍ ရေပသည္၊ လူနည္းနည္းႏွင့္ အခန္းမ်ားစြာ႐ွိေသာေၾကာင့္ အခန္းမေလာက္မွာေတာ့ မပူရေပ ။

ယူေ႐ွာင္မို လင္းေ႐ွာင္အား အခန္းတြင္းသို႔ တြန္းထည့္လိုက္ကာ ၎တို႔ေနာက္မွလိုက္၍ စပ္စုေနသူမ်ားအား ေ႐ွာင္႐ွားရန္အတြက္ သူပါျမန္ျမန္လိုက္ဝင္ၿပီး အခန္းတံခါးေလာ့ခ်လိုက္သည္ ။

တတိယစၾကၤန္႐ွိအခန္းမ်ားသည္ ခုနစ္မွတ္က်သင့္မည္ျဖစ္ၿပီး အနည္းငယ္ ေစ်းႀကီးသည္ဟု ခံစားရေသာ္လည္း ေပးရသည္ႏွင့္ထိုက္တန္ေသာ အက်ိဳးအျမတ္အား ရ႐ွိေလသည္ ။

ယူေ႐ွာင္မို အမွတ္ေပးေခ်လိုက္ကာ ခ်က္ခ်င္း တရားစထိုင္ေတာ့သည္၊ အမွန္တကယ္ပင္ စီးဝင္လာေသာစြမ္းအင္မ်ားသည္ အနက္ေရာင္အပိုင္းကထက္ ပိုမိုမ်ားျပားၿပီး ယူေ႐ွာင္မို လိုအပ္ေသာစြမ္းအင္စီးဆင္းႏႈန္းႏွင့္ အမွီလိုက္ႏိုင္ေလ၏၊ မ်ားျပားလြန္းသျဖင့္ စုပ္ယူ၍မႏိုင္မည္ကိုပင္ စိုးရိမ္ရသည္ ။

ထိုအရာအား ခံစားမိေသာအခါ ယူေ႐ွာင္မိုတစ္ေယာက္ အလြန္စိတ္ေက်နပ္သြားၿပီး စြမ္းအင္မ်ားအား အ႐ူးအမူး စုပ္ယူေတာ့သည္ ။

ေန႔တစ္ဝက္ၾကာၿပီးေနာက္ ယူေ႐ွာင္မို မိမိ၏ စိတ္ဝိဥာဥ္အတြင္းပိုင္းသို႔ ဝင္ေရာက္ စစ္ေဆးျကည့္လိုက္ေသာအခါ အလယ္ဗဟို႐ွိ အစိမ္းႏုေရာင္သလင္းခဲေလးသည္ အစိမ္းေရာင္သို႔ အျပည့္အဝေျပာင္းလဲေနျပီျဖစ္ေၾကာင္း ေတြ႔လိုက္ရသည္၊ ယခင္က ယူေ႐ွာင္မို ထိုအရာေလးအား အေရာင္ေျပာင္းလဲရန္ အခ်ိန္အေတာ္ၾကာ ႀကိဳးစားယူရဦးမည္ဟု ထင္မွတ္ထားခဲ့ေသာေၾကာင့္ စိတ္ထဲ၌ သိပ္မေမ်ွာ္လင့္ခဲ့ေသာ္လည္း ယခုအခါ နာရီပိုင္းအတြင္းမွာပင္ ေျပာင္းလဲလိုက္ႏိုင္ခဲ့သည္၊ ေက်ာင္းသားမ်ား ဤေနရာသို႔ အသဲအသန္လာခ်င္ေနၾကသည္မွာ မထူးဆန္းေတာ့ေပ ။

ယူေ႐ွာင္မို စြမ္းအင္မ်ားစုပ္ယူေနစဥ္အတြင္း လင္းေ႐ွာင္မွာ တရားက်င့္ၾကံျခင္းအား ရပ္တန္႔လိုက္ၿပီျဖစ္ကာ လက္ေပၚေမးတင္၍ ယူေ႐ွာင္မိုကိုသာ မ်က္ေတာင္မခပ္ ထိုင္ၾကည့္ေနခဲ့ေလသည္ ။

ဤသို႔ျဖင့္ တစ္ေန႔တာအခ်ိန္သည္ မ်က္စိတစ္မွိတ္အတြင္း ကုန္ဆံုးသြားေတာ့သည္ ။

.......... ........

ယူေ႐ွာင္မို မ်က္လံုးမ်ားဖြင့္လိုက္ေသာအခ်ိန္တြင္ တတိယေျမာက္ေန႔သို႔ပင္ ေရာက္႐ွိေနၿပီျဖစ္သည္၊ ၾကားရက္မ်ားတြင္ လင္းေ႐ွာင္မွ သူ၏ကဒ္ျဖင့္ အမွတ္မ်ားေပးေခ်၍ ယူေ႐ွာင္မို တရားက်င့္ေနစဥ္အတြင္း အေႏွာင့္အယွက္မျဖစ္ရေလရန္ ကူညီေပးထားခဲ့သည္ ။

ယူေ႐ွာင္မိုမွာ ၎အခ်က္အားသတိမျပဳမိပဲ ခုန္ေပါက္ေနေလ၏၊ ရက္အနည္းငယ္ တရားက်င့္ၾကံလိုက္ရံုျဖင့္ပင္ သူ႔ကိုယ္သူ အဆင့္ေျခာက္ အထြတ္အထိပ္အဆင့္ေရာက္ေနၿပီျဖစ္ကာ မၾကာမီ အဆင့္ေက်ာ္ျဖတ္ေတာ့မည္ဟု ခံစားေနရသည္၊ ပံုမွန္ လဝက္ခန္႔ၾကာျမင့္မည္အား ရက္အနည္းငယ္အတြင္း လုပ္ႏိုင္ခဲ့သျဖင့္ အလြန္ေပ်ာ္ရႊင္ေနေလသည္ ။

" မနက္ျဖန္က် အနီေရာင္အပိုင္းကို တူတူသြားၾကည့္ရေအာင္.. "

လင္းေ႐ွာင္မွ ျပန္ေျဖသည္ ။

" မင္းမွားေနၿပီ.. "

" ဟမ္.. "

"  တစ္ကဒ္ကို လူတစ္ေယာက္ပဲသံုးရမွာေလ.. ေမ့သြားၿပီလား "

" အာ ဟုတ္သားပဲ.. ကြၽန္ေတာ္ေမ့သြားလို႔ပါ၊ အဲဒါဆို ကြၽန္ေတာ္တို႔ ဘာဆက္လုပ္ျကမလဲဟင္ "

လင္းေ႐ွာင္မွ ျပန္မေျဖခင္ လက္ပိုက္၍ ေခတၱစဥ္းစားေနေသးသည္ ။

" နည္းလမ္းႏွစ္ခုေတာ့႐ွိတယ္.. ကိုယ္တို႔လူခြဲၿပီးက်င့္ၾကံၾကမယ္ ဒါမွမဟုတ္ ေနာက္ထပ္အနီကဒ္တစ္ခုရေအာင္ လုပ္ရမယ္ "

" ဒုတိယတစ္ခုက ပိုခက္ခဲမယ္မလား.. အနီကဒ္တစ္ကဒ္ရဖို႔ဆို ကဒ္ထဲမွာ အမွတ္တစ္ေသာင္း႐ွိရမယ္ ၿပီးေတာ့ အဲ့ထဲက႐ွစ္ရာကိုလည္း ေက်ာင္းကို ေပးရဦးမယ္၊ အရမ္းေစ်းႀကီးတာပဲ.. "

၎တင္ မကပါေပ၊ အမွတ္တစ္ေသာင္းဆိုသည္မွာ ေက်ာင္းခြဲတစ္တြင္ မျဖစ္တကာ့ မျဖစ္ႏိုင္ဆံုးအရာျဖစ္သည္၊ ေက်ာင္းသားမ်ားသည္ အမွတ္ကေလး စုမိေဆာင္းမိ႐ွိလာသည္ႏွင့္ က်င့္ၾကံေရးခန္းမသို႔လာကာ က်င့္ၾကံတတ္ျကၿပီး ႐ွာလိုက္သံုးလိုက္ျဖင့္သာ သံသရာလည္ၾကရသည္၊ အင္အားႀကီးအုပ္စု သို႔မဟုတ္ လက္မလည္ေအာင္ေစ်းေရာင္းႏိုင္ေသာသူ မဟုတ္ပါက ထိုမ်ွပမာဏအား မည္သို႔မ်ွ စုနိုင္လိမ့္မည္မဟုတ္ေပ ။

လင္းေ႐ွာင္မွ ထပ္ေျပာသည္ ။

" ေနာက္တစ္နည္းေတာ့႐ွိဦးမွာပါ.. "

ေက်ာင္းခြဲတစ္၌ အနီကဒ္ကိုင္ေဆာင္သူဦးေရမွာ အေယာက္ႏွစ္ဆယ္ပင္မျပည့္ေပ၊ ထို႔အျပင္ ႏွစ္တိုင္း သင္တန္းၿပီးဆံုးၾကေသာ ေက်ာင္းသားမ်ား႐ွိၿပီး ၎တို႔အတြင္း၌ အနီကဒ္ကိုင္ေဆာင္သူတစ္ဦးဦး မပါဝင္ဘဲ မေနေပ၊ ထို႔ေၾကာင့္ ၎တို႔ မသိေသးေသာ အနီကဒ္ရရန္ နည္းလမ္းတစ္ခုခု ႐ွိလိမ့္ဦးမည္ျဖစ္သည္၊  ။

ယူေ႐ွာင္မို လင္းေ႐ွာင္ေျပာသည့္စကားမ်ားအား နည္းလမ္းက်သည္ဟု ယူဆမိသျဖင့္ မတ္တပ္ရပ္ကာ ဆိုလိုက္သည္ ။

" အဲဒါဆိုသြားၾကမယ္ေလ၊ ထံုယြယ္ရႊီေတာ့ ဒီကိစၥကိုသိမွာပဲ၊ သူ႔ကိုသြား႐ွာၾကရေအာင္! "

ထို႔ေနာက္ ထံုယြယ္ရႊီအား႐ွာရန္ ႏွစ္ေယာက္သား က်င့္ၾကံေရးခန္းမမွ ထြက္လာခဲ့ျကသည္ ။

သို႔ေသာ္ ကံမေကာင္းစြာပင္ ထံုယြယ္ရႊီအား ႐ွာမေတြ႔ခဲ့ေပ၊ က်င့္ၾကံေရးခန္းမသို႔ဝင္သြားၿပီးကတည္းက သူေရာ ဖန္ခ်ီယြင္းေရာ ျပန္ထြက္မလာၾကေသးဟု သိရသည္၊ ထို႔ေၾကာင့္ ဘာမွမတတ္ႏိုင္ပဲ မိမိအေဆာင္သို႔သာ ျပန္လာၾကရေတာ့သည္ ။

....... .....

တစ္နာရီခန္႔ အနားယူၿပီးေသာအခါ ယူေ႐ွာင္မို ေမွာ္ေဆးပင္ျခံဝန္းသို႔ သြားရဦးမည္ကို သတိရလိုက္မိသည္၊ အရည္အခ်င္းစစ္ပြဲ၌ အႏိုင္ရ႐ွိခဲ့သည့္အတြက္ ဆုလက္ခံရယူရဦးမည္ပင္ ။

ေမွာ္ေဆးပင္ျခံဝန္းသည္ ေက်ာင္းခြဲတစ္၏ အေ႐ွ႕ေတာင္အရပ္၌ တည္႐ွိၿပီး လံုျခံဳေရးစနစ္အား ဝိဥာဥ္ေလ့က်င့္ေရးခန္းမႏွင့္ စြမ္းအင္ေလ့က်င့္ေရးခန္းမတို႔ကဲ့သို႔ အလြန္တင္းျကပ္ထားသည္၊ သူ႔အား ယူေ႐ွာင္မိုျဖစ္ေၾကာင္း စစ္ေဆးၿပီးေသာအခါ ေစာင့္ၾကပ္ေနေသာ တာဝန္က် အႀကီးအကဲမွ ေခတၱစိုက္ၾကည့္ေနၿပီး ဝင္ခြင့္ျပဳလိုက္ေလ၏ ။

" အလို႐ွိတဲ့ေမွာ္ေဆးပင္ကို ရယူၿပီးတာနဲ႔ ခ်က္ခ်င္းျပန္ထြက္လာခဲ့ဖို႔ သတိရပါ "

" ဟုတ္ကဲ့ နားလည္ပါၿပီ အႀကီးအကဲ.. "

ထို႔ေနာက္ လင္းေ႐ွာင္လက္အားဆြဲ၍ အထဲဝင္လာလိုက္သည္၊ အႀကီးအကဲက အတူမဝင္ရဘူးလို႔မွ မေျပာတာပဲ ။

ေမွာ္ေဆးပင္ျခံဝန္း အတြင္း၌မွာမူကား ႐ႈပ္ေထြးေပြလီေနကာ ေနရာတိုင္း၌ အကာအရံမ်ား ျပည့္ႏွက္ေန၏၊ ထိုအကာအရံမ်ားေအာက္တြင္ ႐ွားပါးကာ အဆင့္ျမင့္မားေသာ ေမွာ္ေဆးပင္မ်ားအား ဂရုတစိုက္ စိုက္ပ်ိဳးထားသည္ကို ေတြ႔ရသည္၊ အမ်ားစုသည္ အရည္အေသြး အလတ္စားျဖစ္ၿပီး အညံ့စားႏွင့္ အရည္အေသြးအျမင့္ဆံုး ေဆးပင္မ်ားကိုေတာ့ အနည္းအက်ဥ္းေလာက္သာ ေတြ႔႐ွိရသည္ ။

ယူေ႐ွာင္မို အဖိုးအို၏ စာၾကည့္ခန္းအတြင္း၌ အခ်ိန္အေတာ္ၾကာ ေလ့လာခြင့္ရခဲ့သည္အား အလြန္ေက်းဇူးတင္ေနမိသည္၊ သူသည္ ယခုေဆးပင္ျခံဝန္းအတြင္း႐ွိ အဆင့္႐ွစ္ႏွင့္ အဆင့္ကိုးေဆးပင္မ်ားအား အားလံုးနီးပါး သိ႐ွိေနကာ အေသးစိတ္မသိေသာ ေဆးပင္အခ်ိဳ႕႐ွိေသာ္လည္း ၎တို့၏နာမည္ေလာက္ကိုေတာ့ ခ်က္ခ်င္း ေျပာႏိုင္ေပ၏ ။

" ႏွလံုးပန္းပြင့္ေမွာ္ေဆးပင္၊ ေနဝင္ဆည္းဆာ၊ မိစၧာနတ္ဆိုးျမက္၊ စိတ္ဝိဥာဥ္ဖြင့္ေမွာ္ေဆးပင္.. "

ယူေ႐ွာင္မို ေတြ႔ျမင္ရသမ်ွေဆးပင္မ်ား၏ နာမည္မ်ား တန္းစီေရရြတ္ေနျခင္းအား မထိန္းခ်ဳပ္ႏိုင္ေပ၊ ၎တို႔အားလံုးမွာ အဆင့္႐ွစ္၊ အဆင့္ကိုးေဆးပင္မ်ားျဖစ္ၿပီး ျမင္သာျမင္ မၾကင္ရေသာေၾကာင့္ ရင္ဘတ္ထဲမွပင္ ေအာင့္တက္လာရေပ၏ ။

သိပ္မၾကာမီ သူရည္ရြယ္ထားေသာ မီးလ်ွံျမက္ေမွာ္ေဆးပင္အား ေတြ႔႐ွိလိုက္ရေလသည္ ။

မီးလ်ွံျမက္ေမွာ္ေဆးပင္သည္ တစ္ပင္လံုး ေစြးေစြးနီေသာ ျကန္အင္လကၡဏာ႐ွိသည္၊ အရြက္မ်ားသာမက ႐ိုးတံ၊ပင္စည္ႏွင့္ အျမစ္မ်ားပါမက်န္ မီးေတာက္မီးလ်ွံကဲ့သို႔ ႂကြႂကြရြရြ နီရဲလ်က္႐ွိ၏၊ ယူေ႐ွာင္မို ထိုေမွာ္ေဆးပင္ ပတ္ပတ္လည္႐ွိ တလက္လက္ ေတာက္ပေနေသာ အေရာင္အဝါမ်ားအား အကာအရံကိုထြင္းေဖာက္၍ပင္ လွမ္းျမင္ေနရသည္၊ ၎၏ အရည္အေသြးမွာ အလတ္စားအဆင့္သာ႐ွိေသာ္လည္း သူ၏စိတ္စြမ္းအင္အရည္ႏွင့္သာ စိမ္လိုက္ပါက အေကာင္းစားအရည္အေသြးသို႔ တိုးတက္ေျပာင္းလဲသြားလိမ့္မည္မွာ ေသခ်ာေပါက္ပင္ ျဖစ္သည္ ။

ထိုအရာအား စဥ္းစားမိၿပီးေသာအခါ ယူေ႐ွာင္မို အၾကီးအကဲေပးလိုက္ေသာ ဝင္ခြင့္ေက်ာက္ျပားအားထုတ္၍ အကာအရံအား ကြယ္ေပ်ာက္ေစလိုက္သည္၊ ထို႔ေနာက္ ေက်ာက္စိမ္းေသတၱာတစ္ခု ထုတ္ယူကာ မီးလ်ွံျမက္ေမွာ္ေဆးပင္အား ေပ်ာ္ရႊင္စြာ ႏႈတ္ယူသိမ္းဆည္းလိုက္ေလသည္ ။

ထို႔ေနာက္ ယူေ႐ွာင္မိုသည္ ေဆးပင္ျခံဝန္းမွ မထြက္ခြာမီ က်န္႐ွိေနေသာ ေမွာ္ေဆးပင္ေလးမ်ားအား တစ္ခ်က္ေဝ့ၾကည့္လိုက္သည္ ။

" ယူေလး အဲ့ဒါေတြေရာလိုခ်င္လား.. "

လင္းေ႐ွာင္မွ ယူေရွာင္မို႔ဦးေခါင္းေလးအား အသာအယာဖြကာ ဆိုလိုက္သည္ ။

" ေတာ္ပါၿပီ.. ကြၽန္ေတာ္ကဒီအတိုင္းပဲၾကည့္မိတာ "

ဤေဆးပင္မ်ားမွာ အလြန္ေစ်းႀကီးေသာေၾကာင့္ ယခုကဲ့သို႔အခြင့္အေရးမ်ိဳး ေနာက္တစ္ႀကိမ္ထပ္မံရ႐ွိဖို႔ရာ မေသခ်ာေပ၊ အဆင့္႐ွစ္ေဆးပင္တစ္ပင္လ်ွင္ အမွတ္ေပါင္းေထာင္ေက်ာ္တန္ေၾကး႐ွိၿပီး အဆင့္ကိုးေဆးပင္ဆိုလ်ွင္ အမွတ္ေပါင္း ႏွစ္ေထာင္သံုးေထာင္ ေက်ာ္ေပလိမ့္မည္၊ ထို႔အျပင္ သူ ဒီေနရာကိုလည္း ခဏခဏမလာႏိုင္ေပ၊ အကယ္၍ သူ႔ထံ၌သာ အေစ့မ်ား႐ွိခဲ့ပါက ေဆးပင္မ်ား၏ေစ်းႏႈန္းအား လိုက္လံစိတ္ပူေနစရာလိုမည္မဟုတ္ေပ ။

" တကယ္လို႔ မင္းလိုခ်င္တယ္ဆိုရင္ ကိုယ္.. "

ယူေ႐ွာင္မို လင္းေ႐ွာင္ပါးစပ္အား အလ်င္အျမန္လွမ္းပိတ္လိုက္ရသည္ ။

" ေတာ္ပါေတာ့.. နံရံတိုင္းမွာ နားေတြ႐ွိတယ္၊ ဒီေနရာမွာ အဲ့လိုေလ်ွာက္ေျပာေနလို႔ ဘယ္ျဖစ္မလဲ! လာပါ သြားၾကရေအာင္.. "






# 12.8.2021

မီ့ကိုခ်စ္ရင္စတားေလးေတြေပးခဲ့ၾကပါရွင္ အေရွ႕အပိုင္းေတြမွာစတားေလးေတြနည္းေနတာေတြ႕ေတာ့ စိတ္မေကာင္းလို႔ပါ မေပးခဲ့ရေသးရင္လည္းျပန္ေက်ာ္ခြၿပီးေပးခဲ့ၾကပါရွင့္ ဟီးဟီး အားလုံးကိုခ်စ္ပါတယ္ေနာ္ ❤

_____________________






Unicode ver..

မီးလျှံအသွင်မှော်ဆေးပင်

၎င်းတို့အား တားဆီးလိုက်သူမှာ ခရမ်းရောင်အပိုင်းအား စောင့်ကြပ်ရန်တာဝန်ကျသော အကြီးအကဲတစ်ယောက်ဖြစ်လေသည် ။

ထို့ကြောင့် ယူရှောင်မို ရိုသေသမှုဖြင့်မေးလိုက်သည် ။

" ကျွန်တော် ဟောဒီကအကြီးအကဲရဲ့နာမည်ကို သိခွင့်ရှိမလား.. "

" မျိုးရိုးနာမည် ကျိုး၊ ငါ့ကို အကြီးအကဲကျိုးလို့ခေါ်နိုင်တယ် "

ယူရှောင်မိုမှ လေးစားစွာဖြင့် ထပ်မေးလိုက်သည် ။

" အကြီးအကဲကျိုး.. တကယ်လို့များ လူနှစ်ယောက်က ကဒ်တစ်ကဒ်တည်း မျှသုံးချင်တယ်ဆို ဖြစ်နိုင်မလား "

ဖြစ်နိုင်လျှင် ယူရှောင်မို သူ့ကဒ်အား ထုတ်ပြနေစရာမလိုတော့ပေ၊ ထို့အပြင် အနီရောင်အပိုင်းသို့လည်း လင်းရှောင်နှင့်အတူတူ ဆက်သွားနိုင်မည်ဖြစ်သည်၊ သို့သော် အကြီးအကဲကျိုးမှ တုံ့ဆိုင်းမှုမရှိ ပြတ်သားစွာ ပြန်ဖြေ၏ ။

" မရဘူး.. လူတစ်ယောက်ကိုတစ်ကဒ်! မင်းတို့နှစ်ယောက်ကြားမှာ တစ်ကဒ်ပဲရှိရင် တစ်ယောက်ပဲဝင်လို့ရမယ် "

အနီးရှိလူအများသည် ယူရှောင်မို့မေးခွန်းအား ကြားသည့်အခါ ကျိတ်ရယ်နေကြသည်၊ ယူရှောင်မိုကတော့ သူ့မေးခွန်းသူ ရယ်စရာကောင်းသည်ဟု မထင်ပေ၊ ထို့နောက် ခေတ္တမျှ ထပ်စဉ်းစားနေကာ အကြီးအကဲအား ထပ်မေးပြန်၏ ။

" အဲဒါဆို ကျွန်တော်တို့ကဒ်ကိုတခြားသူဆီ ငှါးလို့ရော ရနိုင်မလား "

အကြီးကဲကျိုးသည် လှောင်ရယ်နေကြသော အခြားသူများအား အေးစက်စွာဝေ့ကြည့်ကာ အသံတိတ်စေလိုက်သည် ။

" အဲဒါနဲ့ပတ်သတ်ပြီး ဘာစည်းမျဉ်းမှ သတ်မှတ်ထားတာမရှိဘူး "

ထိုအရာနှင့်ပတ်သက်၍ စည်းကမ်းမထုတ်ထားရခြင်းမှာ မည်သူကမှ မိမိကဒ်အား အခြားသူထံ ငှါးပေးရလောက်အောင်ထိ မတုံးအသောကြောင့်ဖြစ်သည် ။

ဤကမ်ဘာလောက၌ မိတ်ဆွေသူငယ်ချင်း အစစ်အမှန်ဟူ၍ မရှိ၊ မိမိ၏ ဆွေမျိုးသားချင်းပင် မိမိအား အချိန်မရွေး သစ္စာဖောက်သွားနိုင်၏၊ ထို့ကြောင့် ကျောင်းတော်မှ ထိုအရာနှင့်ပတ်သက်၍ စည်းကမ်းမသတ်မှတ်ထားခြင်းဖြစ်သည်၊ ထိုကဲ့သို့သောလူမျိုးများ အမှန်တကယ် တည်ရှိမည်ဆိုလျှင်လည်း များများစားစား တည်ရှိလိမ့်မည်မဟုတ်သောကြောင့်ပင် ။

ယူရှောင်မို ပျော်ရွှင်သွားရသည်၊ သတ်မှတ်ထားခြင်းမရှိ ဆိုသည်မှာ ဘာကိုမှကန့်သတ်မထားဟု ဆိုလိုသည်ပင် ။

အကြီးအကဲ၏ စကားအား နားလည်သဘောပေါက်သွားသောအခါ ယူရှောင်မို သူ၏အနီရောင်ကဒ်အား ထုတ်ယူလိုက်သည်၊  ၎င်းကဒ်အား မြင်သောအခါ အနီးရှိလူများထံမှ အာမေဋိတ်သံများ အလျှိုအလျှို  ထွက်ပေါ်လာတော့၏၊ ၎င်းတို့၏ အကြည့်များထဲတွင်လည်း မနာလိုမှု၊ အားကျမှုတို့နှင့်အတူ လိုအင်လောဘတို့အား အထင်သား မြင်တွေ့နေရသည် ။

အကြီးအကဲကျိုးသည်လည်း အံ့သြမှင်တက်သွားသည်မှာ အထင်အရှားပင် ။

" မင်းက..  ဟို ယူရှောင်မိုတော့ မဟုတ်လောက်ပါဘူးနော်၊ ကျောင်းသားသစ်တွေထဲက ချန်ပီယံနှစ်ယောက်ထဲက တစ်ယောက်လေ၊ အဲဒါတကယ်ပဲ မင်းလား.. "

ယူရှောင်မိုလည်း အံ့သြသွားရသည် ။

" အကြီးအကဲက ကျွန်တော့်ကိုသိနေတာလား "

သူအခုမှ ကျောင်းခွဲတစ်သို့ရောက်လာခြင်းဖြစ်သည်၊ မည်မျှ ကျော်ကြားသည်ဆိုဦးတော့ အကြီးအကဲများအထိ သူ့အားသိနေကြသည်မှာ မဖြစ်နိုင်ပေ ။

အကြီးအကဲကျိုး၏ နဂို လေးလေးနက်နက်အမူအယာသည် အနည်းငယ် နူးညံ့ပျော့ပြောင်းသွားသည် ။

" မင်းနာမည်ကိုကတော့ အခုဆို ကျောင်းခွဲတစ် တစ်ခွင်လုံးကတောင် သိနေကြလောက်ပြီ ထင်တယ်.. "

အကြီးအကဲသွမ့်ချီထျန်ရဲ့ တပည့်အသစ်စက်စက်ကလေးအကြောင်း ဘယ်သူကမကြားဖူးပဲနေမှာတဲ့လဲ?

သို့သော် သူ့အား မှတ်မိရသည့်အကြောင်းအရင်းမှာ ကျောင်းစဝင်သည့်နေ့က သတင်းများနှင့် သူ့၏အနီရောင်ကဒ်ကြောင့် ဖြစ်သည်၊ ယူရှောင်မိုမှ ကျောင်းသားဟောင်းတစ်ဦးအား အနိုင်ယူနိုင်ခဲ့ကြောင်းနှင့် သူ့ထံ၌ အနီရောင်ကဒ်ရှိကြောင်း လူအတော်များများ ကြားသိထားကြပြီး ဖြစ်သည် ။

ယူရှောင်မို ဘာလုပ်ရမှန်းမသိသဖြင့် ယောင်တောင်တောင်ဖြင့်သာ မိမိဆံပင်များအား ကုတ်ဖွနေမိသည်၊ ထိုအခါမှ အကြီးအကဲကျိုးလည်း သတိရကာ ၎င်းတို့နှစ်ယောက်အား ဝင်ခွင့်ပေးလေသည် ။

ယူရှောင်မိုတို့နှစ်ယောက် ဤတစ်ကြိမ်တွင်လည်း တတိယမြောက် စင်္ကြန်ဆီသို့သာ လျှောက်သွားကြ၏၊ အတွင်းပိုင်းသို့ ရောက်လာလေ လူနည်းသွားလေဖြစ်သည်၊ အတွင်း၌ ယခင်အနက်ရောင်အပိုင်းရှိ လူဦးရေ၏ ငါးပုံတစ်ပုံလောက်သာ ရှိပေလိမ့်မည်၊ ခရမ်းရောင်အပိုင်းအား ဝင်ရောက်နိုင်သူများသည် သေချာပေါက် ကိုယ်တိုင်ကအင်အားကြီးသူ သို့မဟုတ် အင်အားကြီး နောက်ခံတစ်ခုခုရှိသူများသာ ဖြစ်ပေလိမ့်မည် ။

ယူရှောင်မို စင်္ကြန်လမ်းအဆုံးရှိ အခန်းနံပါတ် ၄၉ဟု ရေးထိုးထားသော အခန်းရှေ့၌ရပ်ကာ တံခါးဖွင့်လိုက်သည်၊ အခန်းတွင်း၌ ထိုင်ဖုံနှစ်ခု တွေ့ရလေ၏၊ ထို့အပြင် တံခါးပေါ်၌ အထူးပြုလုပ်ထားသည့် သော့ပုံစံတစ်မျိူးလည်း ပါဝင်သေးသည်၊ အခန်းတွင်းသို့ တခြားသူများ ဝင်မလာစေလိုလျှင် တံခါးလော့ချထားလိုက်၍ ရပေသည်၊ လူနည်းနည်းနှင့် အခန်းများစွာရှိသောကြောင့် အခန်းမလောက်မှာတော့ မပူရပေ ။

ယူရှောင်မို လင်းရှောင်အား အခန်းတွင်းသို့ တွန်းထည့်လိုက်ကာ ၎င်းတို့နောက်မှလိုက်၍ စပ်စုနေသူများအား ရှောင်ရှားရန်အတွက် သူပါမြန်မြန်လိုက်ဝင်ပြီး အခန်းတံခါးလော့ချလိုက်သည် ။

တတိယစင်္ကြန်ရှိအခန်းများသည် ခုနစ်မှတ်ကျသင့်မည်ဖြစ်ပြီး အနည်းငယ် ဈေးကြီးသည်ဟု ခံစားရသော်လည်း ပေးရသည်နှင့်ထိုက်တန်သော အကျိုးအမြတ်အား ရရှိလေသည် ။

ယူရှောင်မို အမှတ်ပေးချေလိုက်ကာ ချက်ချင်း တရားစထိုင်တော့သည်၊ အမှန်တကယ်ပင် စီးဝင်လာသောစွမ်းအင်များသည် အနက်ရောင်အပိုင်းကထက် ပိုမိုများပြားပြီး ယူရှောင်မို လိုအပ်သောစွမ်းအင်စီးဆင်းနှုန်းနှင့် အမှီလိုက်နိုင်လေ၏၊ များပြားလွန်းသဖြင့် စုပ်ယူ၍မနိုင်မည်ကိုပင် စိုးရိမ်ရသည် ။

ထိုအရာအား ခံစားမိသောအခါ ယူရှောင်မိုတစ်ယောက် အလွန်စိတ်ကျေနပ်သွားပြီး စွမ်းအင်များအား အရူးအမူး စုပ်ယူတော့သည် ။

နေ့တစ်ဝက်ကြာပြီးနောက် ယူရှောင်မို မိမိ၏ စိတ်ဝိဉာဉ်အတွင်းပိုင်းသို့ ဝင်ရောက် စစ်ဆေးကြည့်လိုက်သောအခါ အလယ်ဗဟိုရှိ အစိမ်းနုရောင်သလင်းခဲလေးသည် အစိမ်းရောင်သို့ အပြည့်အဝပြောင်းလဲနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်၊ ယခင်က ယူရှောင်မို ထိုအရာလေးအား အရောင်ပြောင်းလဲရန် အချိန်အတော်ကြာ ကြိုးစားယူရဦးမည်ဟု ထင်မှတ်ထားခဲ့သောကြောင့် စိတ်ထဲ၌ သိပ်မမျှော်လင့်ခဲ့သော်လည်း ယခုအခါ နာရီပိုင်းအတွင်းမှာပင် ပြောင်းလဲလိုက်နိုင်ခဲ့သည်၊ ကျောင်းသားများ ဤနေရာသို့ အသဲအသန်လာချင်နေကြသည်မှာ မထူးဆန်းတော့ပေ ။

ယူရှောင်မို စွမ်းအင်များစုပ်ယူနေစဉ်အတွင်း လင်းရှောင်မှာ တရားကျင့်ကြံခြင်းအား ရပ်တန့်လိုက်ပြီဖြစ်ကာ လက်ပေါ်မေးတင်၍ ယူရှောင်မိုကိုသာ မျက်တောင်မခပ် ထိုင်ကြည့်နေခဲ့လေသည် ။

ဤသို့ဖြင့် တစ်နေ့တာအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတော့သည် ။

.......... ........

ယူရှောင်မို မျက်လုံးများဖွင့်လိုက်သောအချိန်တွင် တတိယမြောက်နေ့သို့ပင် ရောက်ရှိနေပြီဖြစ်သည်၊ ကြားရက်များတွင် လင်းရှောင်မှ သူ၏ကဒ်ဖြင့် အမှတ်များပေးချေ၍ ယူရှောင်မို တရားကျင့်နေစဉ်အတွင်း အနှောင့်အယှက်မဖြစ်ရလေရန် ကူညီပေးထားခဲ့သည် ။

ယူရှောင်မိုမှာ ၎င်းအချက်အားသတိမပြုမိပဲ ခုန်ပေါက်နေလေ၏၊ ရက်အနည်းငယ် တရားကျင့်ကြံလိုက်ရုံဖြင့်ပင် သူ့ကိုယ်သူ အဆင့်ခြောက် အထွတ်အထိပ်အဆင့်ရောက်နေပြီဖြစ်ကာ မကြာမီ အဆင့်ကျော်ဖြတ်တော့မည်ဟု ခံစားနေရသည်၊ ပုံမှန် လဝက်ခန့်ကြာမြင့်မည်အား ရက်အနည်းငယ်အတွင်း လုပ်နိုင်ခဲ့သဖြင့် အလွန်ပျော်ရွှင်နေလေသည် ။

" မနက်ဖြန်ကျ အနီရောင်အပိုင်းကို တူတူသွားကြည့်ရအောင်.. "

လင်းရှောင်မှ ပြန်ဖြေသည် ။

" မင်းမှားနေပြီ.. "

" ဟမ်.. "

"  တစ်ကဒ်ကို လူတစ်ယောက်ပဲသုံးရမှာလေ.. မေ့သွားပြီလား "

" အာ ဟုတ်သားပဲ.. ကျွန်တော်မေ့သွားလို့ပါ၊ အဲဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဟင် "

လင်းရှောင်မှ ပြန်မဖြေခင် လက်ပိုက်၍ ခေတ္တစဉ်းစားနေသေးသည် ။

" နည်းလမ်းနှစ်ခုတော့ရှိတယ်.. ကိုယ်တို့လူခွဲပြီးကျင့်ကြံကြမယ် ဒါမှမဟုတ် နောက်ထပ်အနီကဒ်တစ်ခုရအောင် လုပ်ရမယ် "

" ဒုတိယတစ်ခုက ပိုခက်ခဲမယ်မလား.. အနီကဒ်တစ်ကဒ်ရဖို့ဆို ကဒ်ထဲမှာ အမှတ်တစ်သောင်းရှိရမယ် ပြီးတော့ အဲ့ထဲကရှစ်ရာကိုလည်း ကျောင်းကို ပေးရဦးမယ်၊ အရမ်းဈေးကြီးတာပဲ.. "

၎င်းတင် မကပါပေ၊ အမှတ်တစ်သောင်းဆိုသည်မှာ ကျောင်းခွဲတစ်တွင် မဖြစ်တကာ့ မဖြစ်နိုင်ဆုံးအရာဖြစ်သည်၊ ကျောင်းသားများသည် အမှတ်ကလေး စုမိဆောင်းမိရှိလာသည်နှင့် ကျင့်ကြံရေးခန်းမသို့လာကာ ကျင့်ကြံတတ်ကြပြီး ရှာလိုက်သုံးလိုက်ဖြင့်သာ သံသရာလည်ကြရသည်၊ အင်အားကြီးအုပ်စု သို့မဟုတ် လက်မလည်အောင်ဈေးရောင်းနိုင်သောသူ မဟုတ်ပါက ထိုမျှပမာဏအား မည်သို့မျှ စုနိုင်လိမ့်မည်မဟုတ်ပေ ။

လင်းရှောင်မှ ထပ်ပြောသည် ။

" နောက်တစ်နည်းတော့ရှိဦးမှာပါ.. "

ကျောင်းခွဲတစ်၌ အနီကဒ်ကိုင်ဆောင်သူဦးရေမှာ အယောက်နှစ်ဆယ်ပင်မပြည့်ပေ၊ ထို့အပြင် နှစ်တိုင်း သင်တန်းပြီးဆုံးကြသော ကျောင်းသားများရှိပြီး ၎င်းတို့အတွင်း၌ အနီကဒ်ကိုင်ဆောင်သူတစ်ဦးဦး မပါဝင်ဘဲ မနေပေ၊ ထို့ကြောင့် ၎င်းတို့ မသိသေးသော အနီကဒ်ရရန် နည်းလမ်းတစ်ခုခု ရှိလိမ့်ဦးမည်ဖြစ်သည်၊  ။

ယူရှောင်မို လင်းရှောင်ပြောသည့်စကားများအား နည်းလမ်းကျသည်ဟု ယူဆမိသဖြင့် မတ်တပ်ရပ်ကာ ဆိုလိုက်သည် ။

" အဲဒါဆိုသွားကြမယ်လေ၊ ထုံယွယ်ရွှီတော့ ဒီကိစ္စကိုသိမှာပဲ၊ သူ့ကိုသွားရှာကြရအောင်! "

ထို့နောက် ထုံယွယ်ရွှီအားရှာရန် နှစ်ယောက်သား ကျင့်ကြံရေးခန်းမမှ ထွက်လာခဲ့ကြသည် ။

သို့သော် ကံမကောင်းစွာပင် ထုံယွယ်ရွှီအား ရှာမတွေ့ခဲ့ပေ၊ ကျင့်ကြံရေးခန်းမသို့ဝင်သွားပြီးကတည်းက သူရော ဖန်ချီယွင်းရော ပြန်ထွက်မလာကြသေးဟု သိရသည်၊ ထို့ကြောင့် ဘာမှမတတ်နိုင်ပဲ မိမိအဆောင်သို့သာ ပြန်လာကြရတော့သည် ။

....... .....

တစ်နာရီခန့် အနားယူပြီးသောအခါ ယူရှောင်မို မှော်ဆေးပင်ခြံဝန်းသို့ သွားရဦးမည်ကို သတိရလိုက်မိသည်၊ အရည်အချင်းစစ်ပွဲ၌ အနိုင်ရရှိခဲ့သည့်အတွက် ဆုလက်ခံရယူရဦးမည်ပင် ။

မှော်ဆေးပင်ခြံဝန်းသည် ကျောင်းခွဲတစ်၏ အရှေ့တောင်အရပ်၌ တည်ရှိပြီး လုံခြုံရေးစနစ်အား ဝိဉာဉ်လေ့ကျင့်ရေးခန်းမနှင့် စွမ်းအင်လေ့ကျင့်ရေးခန်းမတို့ကဲ့သို့ အလွန်တင်းကြပ်ထားသည်၊ သူ့အား ယူရှောင်မိုဖြစ်ကြောင်း စစ်ဆေးပြီးသောအခါ စောင့်ကြပ်နေသော တာဝန်ကျ အကြီးအကဲမှ ခေတ္တစိုက်ကြည့်နေပြီး ဝင်ခွင့်ပြုလိုက်လေ၏ ။

" အလိုရှိတဲ့မှော်ဆေးပင်ကို ရယူပြီးတာနဲ့ ချက်ချင်းပြန်ထွက်လာခဲ့ဖို့ သတိရပါ "

" ဟုတ်ကဲ့ နားလည်ပါပြီ အကြီးအကဲ.. "

ထို့နောက် လင်းရှောင်လက်အားဆွဲ၍ အထဲဝင်လာလိုက်သည်၊ အကြီးအကဲက အတူမဝင်ရဘူးလို့မှ မပြောတာပဲ ။

မှော်ဆေးပင်ခြံဝန်း အတွင်း၌မှာမူကား ရှုပ်ထွေးပွေလီနေကာ နေရာတိုင်း၌ အကာအရံများ ပြည့်နှက်နေ၏၊ ထိုအကာအရံများအောက်တွင် ရှားပါးကာ အဆင့်မြင့်မားသော မှော်ဆေးပင်များအား ဂရုတစိုက် စိုက်ပျိုးထားသည်ကို တွေ့ရသည်၊ အများစုသည် အရည်အသွေး အလတ်စားဖြစ်ပြီး အညံ့စားနှင့် အရည်အသွေးအမြင့်ဆုံး ဆေးပင်များကိုတော့ အနည်းအကျဉ်းလောက်သာ တွေ့ရှိရသည် ။

ယူရှောင်မို အဖိုးအို၏ စာကြည့်ခန်းအတွင်း၌ အချိန်အတော်ကြာ လေ့လာခွင့်ရခဲ့သည်အား အလွန်ကျေးဇူးတင်နေမိသည်၊ သူသည် ယခုဆေးပင်ခြံဝန်းအတွင်းရှိ အဆင့်ရှစ်နှင့် အဆင့်ကိုးဆေးပင်များအား အားလုံးနီးပါး သိရှိနေကာ အသေးစိတ်မသိသော ဆေးပင်အချို့ရှိသော်လည်း ၎င်းတို့၏နာမည်လောက်ကိုတော့ ချက်ချင်း ပြောနိုင်ပေ၏ ။

" နှလုံးပန်းပွင့်မှော်ဆေးပင်၊ နေဝင်ဆည်းဆာ၊ မိစၧာနတ်ဆိုးမြက်၊ စိတ်ဝိဉာဉ်ဖွင့်မှော်ဆေးပင်.. "

ယူရှောင်မို တွေ့မြင်ရသမျှဆေးပင်များ၏ နာမည်များ တန်းစီရေရွတ်နေခြင်းအား မထိန်းချုပ်နိုင်ပေ၊ ၎င်းတို့အားလုံးမှာ အဆင့်ရှစ်၊ အဆင့်ကိုးဆေးပင်များဖြစ်ပြီး မြင်သာမြင် မကြင်ရသောကြောင့် ရင်ဘတ်ထဲမှပင် အောင့်တက်လာရပေ၏ ။

သိပ်မကြာမီ သူရည်ရွယ်ထားသော မီးလျှံမြက်မှော်ဆေးပင်အား တွေ့ရှိလိုက်ရလေသည် ။

မီးလျှံမြက်မှော်ဆေးပင်သည် တစ်ပင်လုံး စွေးစွေးနီသော ကြန်အင်လက္ခဏာရှိသည်၊ အရွက်များသာမက ရိုးတံ၊ပင်စည်နှင့် အမြစ်များပါမကျန် မီးတောက်မီးလျှံကဲ့သို့ ကြွကြွရွရွ နီရဲလျက်ရှိ၏၊ ယူရှောင်မို ထိုမှော်ဆေးပင် ပတ်ပတ်လည်ရှိ တလက်လက် တောက်ပနေသော အရောင်အဝါများအား အကာအရံကိုထွင်းဖောက်၍ပင် လှမ်းမြင်နေရသည်၊ ၎င်း၏ အရည်အသွေးမှာ အလတ်စားအဆင့်သာရှိသော်လည်း သူ၏စိတ်စွမ်းအင်အရည်နှင့်သာ စိမ်လိုက်ပါက အကောင်းစားအရည်အသွေးသို့ တိုးတက်ပြောင်းလဲသွားလိမ့်မည်မှာ သေချာပေါက်ပင် ဖြစ်သည် ။

ထိုအရာအား စဉ်းစားမိပြီးသောအခါ ယူရှောင်မို အကြီးအကဲပေးလိုက်သော ဝင်ခွင့်ကျောက်ပြားအားထုတ်၍ အကာအရံအား ကွယ်ပျောက်စေလိုက်သည်၊ ထို့နောက် ကျောက်စိမ်းသေတ္တာတစ်ခု ထုတ်ယူကာ မီးလျှံမြက်မှော်ဆေးပင်အား ပျော်ရွှင်စွာ နှုတ်ယူသိမ်းဆည်းလိုက်လေသည် ။

ထို့နောက် ယူရှောင်မိုသည် ဆေးပင်ခြံဝန်းမှ မထွက်ခွာမီ ကျန်ရှိနေသော မှော်ဆေးပင်လေးများအား တစ်ချက်ဝေ့ကြည့်လိုက်သည် ။

" ယူလေး အဲ့ဒါတွေရောလိုချင်လား.. "

လင်းရှောင်မှ ယူရှောင်မို့ဦးခေါင်းလေးအား အသာအယာဖွကာ ဆိုလိုက်သည် ။

" တော်ပါပြီ.. ကျွန်တော်ကဒီအတိုင်းပဲကြည့်မိတာ "

ဤဆေးပင်များမှာ အလွန်ဈေးကြီးသောကြောင့် ယခုကဲ့သို့အခွင့်အရေးမျိုး နောက်တစ်ကြိမ်ထပ်မံရရှိဖို့ရာ မသေချာပေ၊ အဆင့်ရှစ်ဆေးပင်တစ်ပင်လျှင် အမှတ်ပေါင်းထောင်ကျော်တန်ကြေးရှိပြီး အဆင့်ကိုးဆေးပင်ဆိုလျှင် အမှတ်ပေါင်း နှစ်ထောင်သုံးထောင် ကျော်ပေလိမ့်မည်၊ ထို့အပြင် သူ ဒီနေရာကိုလည်း ခဏခဏမလာနိုင်ပေ၊ အကယ်၍ သူ့ထံ၌သာ အစေ့များရှိခဲ့ပါက ဆေးပင်များ၏ဈေးနှုန်းအား လိုက်လံစိတ်ပူနေစရာလိုမည်မဟုတ်ပေ ။

" တကယ်လို့ မင်းလိုချင်တယ်ဆိုရင် ကိုယ်.. "

ယူရှောင်မို လင်းရှောင်ပါးစပ်အား အလျင်အမြန်လှမ်းပိတ်လိုက်ရသည် ။

" တော်ပါတော့.. နံရံတိုင်းမှာ နားတွေရှိတယ်၊ ဒီနေရာမှာ အဲ့လိုလျှောက်ပြောနေလို့ ဘယ်ဖြစ်မလဲ! လာပါ သွားကြရအောင်.. "






# 12.8.2021

မီ့ကိုချစ်ရင်စတားလေးတွေပေးခဲ့ကြပါရှင် အရှေ့အပိုင်းတွေမှာစတားလေးတွေနည်းနေတာတွေ့တော့ စိတ်မကောင်းလို့ပါ မပေးခဲ့ရသေးရင်လည်းပြန်ကျော်ခွပြီးပေးခဲ့ကြပါရှင့် ဟီးဟီး အားလုံးကိုချစ်ပါတယ်နော် ❤

Continue Reading

You'll Also Like

11.4K 361 28
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
408K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
653K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...