Saw Nay Say's Travel Blogger...

By moewathane

1.6M 142K 14.8K

#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော... More

Author Note 📌
Description
အပိုင်း { ၁ }
အပိုင်း { ၂ }
အပိုင်း { ၃ }
အပိုင်း { ၄ }
အပိုင်း { ၅ }
အပိုင်း { ၆ }
အပိုင်း { ၇ }
အပိုင်း { ၈ }
အပိုင်း { ၁၀ }
အပိုင်း { ၁၁ }
အပိုင်း { ၁၂ }
အပိုင်း { ၁၃ }
အပိုင်း { ၁၄ }
အပိုင်း { ၁၅ }
အပိုင်း { ၁၆ }
အပိုင်း { ၁၇ }
အပိုင်း { ၁၈ } 🌚🚫
အပိုင်း { ၁၉ }
အပိုင်း { ၂၀ }
အပိုင်း { ၂၁ }
အပိုင်း { ၂၂ } 🔞🚫
အပိုင်း { ၂၃ }
အပိုင်း { ၂၄ }
အပိုင်း { ၂၅ }
အပိုင်း { ၂၆ }
အပိုင်း { ၂၇ }
အပိုင်း { ၂၈ }
အပိုင်း { ၂၉ }
အပိုင်း { ၃၀ }
အပိုင်း { ၃၁ }
အပိုင်း { ၃၂ }
အပိုင်း { ၃၃ }
အပိုင်း { ၃၄ }
အပိုင်း { ၃၅ }
အပိုင်း { ၃၆ }
အပိုင်း { ၃၇ }
အပိုင်း { ၃၈ }
အပိုင်း { ၃၉ }
{ အပိုင်း ၄၀ } ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ💓
စာအုပ်ထပ်တိုးထုတ်ဝေခြင်း

အပိုင်း { ၉ }

39.3K 4.1K 730
By moewathane

              >>>>> [ Unicode ] <<<<<

ထိုင်း..မြန်မာနယ်စပ်ဘက်တွင်ဖြစ်သည်။ စိုင်းလုံဆိုသောသူသည် များစွာသောထူထဲတဲ့ဒီတောအုပ်ကိုအပိုင်စားယူပြီး တပ်စခန်းချကာနေလာခဲ့တာနှစ်နဲ့ချီနေလေသည်။ ဒုစရိုက်မှောင်ခိုလမ်းကြောင်းနဲ့ပက်သတ်တဲ့ကိစ္စတော်တော်များများကိုတောက်လျှောက်လုပ်လာတဲ့စိုင်းလုံဟာ သူ့လောကမှာတော့သူသာအင်အားအကြီးဆုံးဖြစ်တယ်လို့ယူဆထားသည်။

အသက် ၂၉ နှစ် အရပ် 6' ရှိ စိုင်းလုံဟာ ရှမ်းလူမျိုးဖြစ်တာကြောင့်သူ့မှာဖြူတဲ့အသားအရေရှိပြီး တောင့်ဖြောင့်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည်။ သူ့ရုပ်ရည်မှာယောက်ကျားတစ်ယောက်အနေနဲ့ကြည့်ကောင်းတယ်ဆိုသော်လည်း ညာဘက်ပါးတဖက်တွင်လက်တစ်ညှိုးစာပြတ်ရှရာ အမာရွတ်တို့ရှိလေသည်။ ထိုအမာရွတ်ဟာ သူ့ဘဝရဲ့ရှုံးနိမ့်ခြင်းလမ်းစတစ်ခုလို့ ဘယ်သူထင်မည်နည်း။

စိုင်းလုံသည် မှောင်ခိုလမ်းကြောင်းနဲ့ပက်သတ်ပြီး ထိုင်းဘက်ကနေ ဒီဘက်အထိနယ်ချဲ့ထွက်လာပြီး ဇမ်မထီဟန်မြို့..မြို့ပိုင်ထိသိမ်းသွင်းလို့ရခဲ့သည်။ မြို့ကြီး မှာ စိုင်းလုံရဲ့စျေးကွက်နဲ့ပက်သတ်ပြီး ကန့်ကွက်ရဲသူမရှိပေ ။ သို့သော် လွန်ခဲ့တဲ့နှစ်​တွေကစလို့ ဦးဆောင်သူ ဆိုတဲ့လူကြောင့်စိုင်းလုံအခက်တွေ့နေတော့သည်။

ကြမ်းတမ်းလွန်းတဲ့လူတွေဖြစ်တဲ့အလျှောက် စိုင်းလုံတို့အဖွဲ့ဟာကောက်ကျစ်ဖို့လဲ ဝန်မလေးပေ။ စိုင်းလုံဟာ အမျိုးသမီးတွေကိုလူကုန်ကူးတာနဲ့ပက်သတ်ပြီးလုပ်ဆောင်နေသူမို့ သူ့တပည့်တွေကထိုမိန်းကလေးတွေကိုစော်ကား​ခြင်းကိုလစ်လျှုရှုခဲ့သည်။ အဲ့ဒါနဲ့ပက်သတ်ပြီး လွန်ခဲ့တဲ့တစ်နှစ်က ဦးဆောင်သူဟာ စိုင်းလုံတို့တပ်စွဲတဲ့စခန်းကိုဝင်စီးကာအပြတ်ချေမှုန်းခဲ့တာကြောင့် စိုင်းလုံမှာ ပါးပေါ်ကဓားအမာရွတ်ရခဲ့ပြီး အသက်ထွက်မတတ်ထွက်ပြေးခဲ့ရသည်။

ထို့နေ့မှစ၍ ဦးဆောင်သူဟာ စိုင်းလုံအမုန်းဆုံးရန်သူကြီးတစ်ယောက်ဖြစ်လာခဲ့သည်။

" ဆရာစိုင်းလုံ "

နောက်ကခေါ်လိုက်တဲ့ အသံကြောင့်စိုင်းလုံလှည့်ကြည့်လိုက်တော့ သူ့တပည့် ဝေကြီး ဖြစ်သည်။

" ဘာထူးခြားလဲ "

" အခုလောလောဆယ်မှာ ငြိမ်းချမ်းရေးဖထီးတို့ဘက်ကပါ ကျွန်တော်တို့ကိုပိုက်စိတ်တိုက်လိုက်ရှာနေပါတယ်၊ တပ်မှာကျန်ခဲ့တဲ့မြေပုံနဲ့ပို့ရမယ့် အရေအတွက်အားလုံးက မီးထဲမှာပါသွားပါပြီ "

"ဘာ!.. တောက်! "

" ကျွန်တော်တို့ဘာဆက်လုပ်​ကြမလဲ "

ဇမ်မထီဟန်မြို့ကြီးနှင့်မှောင်ခိုလောကအတွင်းမှာ နာမည်တစ်လုံးနဲ့တောင်လွှမ်းမိုးမှု့ရှိနေတဲ့ ဦးဆောင်သူဆိုတဲ့ ထိုလူရဲ့အရှိန်အဝါက စိုင်းလုံကိုဒေါသထွက်စေသည်။

" ရှိနေတဲ့ပစ္စည်းတွေကိုသဘော်နဲ့တင်ပေးဖို့ကိစ္စခဏရပ်ဆိုင်းထားလိုက်၊ ဒီရက်တွေ ဘာလှုပ်ရှားမှု့မှမလုပ်နဲ့ဦး "

" ဟုတ်ကဲ့ ၊ ဒါနဲ့ ဆရာ ကျွန်တော်သတင်းတစ်ခုကြားထားတယ် "

" ပြော "

"ဒီလတွေမှာ လုံဝမ်ရွာမှာပွဲတော်ရောက်တော့မယ်ဆိုတော့ အဲ့ဒီကမိန်းကလေးတွေမြို့ကြီးမှာစျေးတတ်ဝယ်ကြလိမ့်မယ်ပြောတယ် "

ဝေကြီး ပြောလိုက်တော့ စိုင်းလုံကမျက်မှောင်ကျုံ့၍စဥ်းစားချင့်ချိန်နေပြီးနောက် မျက်လုံးအရောင်တောက်သွားသည်။

" ဟက်..ဦးဆောင်သူ၊ ငါစောင့်ကြည့်ဦးမယ် မင်းသိပ်ကာကွယ်ချင်တဲ့ရွာသူရွာသားတွေကိုငါ့လက်ကလွတ်နိုင်မလားဆိုတာ ဟားဟားဟား "

နေစေးကိုအလဲထိုးချင်နေတဲ့ စိုင်းလုံဟာ အရူးတစ်ယောက်လိုပင်ရယ်မောနေတော့သည်။

" ဝေကြီး နောက်နှစ်ရက်နေရင် ရုပ်ဖျက်ပြီး မြို့ကြီးဘက်သွားမယ် "

" ဟုတ်ကဲ့ ဆရာစိုင်းလုံ "

ပြောပြီးတော့ ဝေကြီးထွက်သွားသည်။စိုင်းလုံသည် သူ့အတွက်အခုချိန်မှာ အလိုချင်ဆုံးအရာပြောပါဆိုလျှင် ​စော​နေ​စေးကိုပျက်စီးသွားစေချင်တာဖြစ်သည်။

* တစ်နေ့ မင်းတန်ဖိုးအထားဆုံးအရာနဲ့ မင်းကိုငါအနိုင်ယူပြမယ်..မင်းစောင့်ကြည့်လိုက်စောနေစေး.. ငါဆိုတဲ့စိုင်းလုံက ဘယ်တော့မှ မင်းရှေ့မှာအညံ့မခံဘူး *

_______________________________________

လက်ချီပွဲကပြန်လာပြီးနောက်ပိုင်း ခွန်စိုင်းနဲ့နေစေးတို့ရဲ့ဆက်ဆံရေးဟာနည်းနည်းအဆင်ပြေလာတယ်လို့ပြောလို့ရသည်။

နေစေး ဟာ ပုံမှန်လိုပင် သူ့အကျင့်စရိုက်အတိုင်းမျက်နှာသေနဲ့​အေးစက်နေဆဲဆိုပေမယ့် ခွန်စိုင်းနဲ့စကားပြောဆိုရာမှာတော့ အနည်းငယ်နူးညံ့လာခဲ့သည်။

ဥပမာ ခွန်စိုင်းနဲ့ဘကြီးတို့စကားလက်ဆုံကြနေတဲ့အချိန်မျိုးမှာ ခွန်စိုင်းက နေစေး ကို ဘယ်အချိန်ကြည့်လိုက်ပါစေ မဆိုသလောက်အပြုံးလေးနဲ့ ခွန်စိုင်းကိုကြည့်ပြီးပြုံးပြတတ်သည်။ နေစေးဟာ လူငယ်တစ်ယောက်မို့ တခြားလူငယ်တွေကို ပေါ့ပေါ့ပါးပါးနဲ့ပြုံးပျော်နေတာကိုခွန်စိုင်းမြင်ချင်ပေမယ့် အခုလိုအနည်းငယ်ပြုံးတတ်လာတာကိုပင် ကျေးဇူးတင်ရမည်။

ထိုသို့နှင့် ခွန်စိုင်း ဤအိမ်ရောက်တာ ၇ ရက်တစ်ပတ်တောင်ရှိသွားပြီ။ ဒီရက်တွေအတွင်းမှာ ခွန်စိုင်းဟာ တခြားရွာကိုမရောက်ဖူးသော်လည်း လုံဝမ်ရွာအရှေ့ပိုင်းမှာ ရှိသမျှနေရာလေးတွေတော့ စုံအောင်ရောက်ဖူးခဲ့ပြီ။ အဲ့တာကြောင့် တခြားရွာဘက်လျှောက်လည်မယ်လို့ တွေးထားသည်။

မနက်စာစားပြီးတာနှင့် ဘကြီးက အလုပ်ရှိတာကြောင့်အပြင်ထွက်သွားပြီမို့ အိမ်တွင်ဒေါ်လေးနှစ်ယောက်နဲ့ ခွန်စိုင်းတို့ပဲရှိသည် ။ ခွန်စိုင်းဟာ ဟိုရက်က လက်ချီပွဲရိုးရာဝတ်စုံနှင့်ရတနာဗူးလေးကိုသေချာခေါက်၍ယူကာ တဖက်က နေစေး အခန်းကိုတံခါးခေါက်လိုက်သည်။

ဒေါက်..ဒေါက်..!!

" ဘယ်သူလဲ "

အေးစက်တဲ့အသံကတင်းမာသည်။ သို့သော်အရင်က ခွန်စိုင်းဆိုလျှင်အားတုန့်အားနာဖြစ်နိုင်ပေမယ့် အခုတော့မတူတော့ပေ။ ဒီကောင်လေးက ထင်သလောက်လဲမဆိုးဘူးမဟုတ်လား ။

" ကိုယ်ပါ.. "

ခွန်စိုင်းအသံပြုပြီးမကြာလိုက်..ချက်ချင်းတံခါးဖွင့်လာသည်။

" ခင်ဗျား တစ်ခုခုလိုအပ်လို့လား "

" အာ ဘာမှမလိုအပ်ပါဘူး၊ ဒီမှာ ဟိုနေ့ကဝတ်စုံလေး လာပြန်ပေးတာ၊ ကိုယ်သေချာလျှော်ဖွတ်ပေးပြီးပြီ "

​နေ​စေးသည် ခွန်စိုင်းလက်ထဲကဝတ်စုံလေးကိုတစ်ချက်ကြည့်ပြီး ကြည်လင်တောက်ပပြီးရိုးသားမှု့အပြည့်နှင့်မျက်ဝန်းညိုလေးကိုစေ့စေ့ကြည့်ကာ ပြုံး၏။

" ခင်ဗျားယူထားလိုက်ပါ၊ ဒါက ကျုပ်နဲ့မှမတန်ပဲ"

" ဘယ်လိုမတန်တာကိုပြောတာလဲ? ဒါက အက်ဒွက်ပိုင်တဲ့ပစ္စည်းလေ ကိုယ်ဘယ်လိုယူနိုင်မှာလဲ၊"

" ဒါက ခင်ဗျားအတွက်ကျုပ်ဝယ်ခဲ့ပေးတာ ကျုပ်ဝတ်လို့မတန်ဘူးရော်၊ ခင်ဗျား ပြန်သိမ်းထားလိုက်ချေနော် "

ဝတ်လို့ မတန်တာ? ...အော် မတော်တာ ၊ အဲ့လိုပြောတာဖြစ်မယ် ။ ဒါပေမယ့် ဒီဝတ်စုံက ငါတကယ်ယူလို့ရပါ့မလား ။

နေစေးကိုကြည့်ပြီးတွေဝေနေတဲ့ ခွန်စိုင်းပုံစံလေးက ဘယ်လောက်ချစ်စရာကောင်းနေလဲဆိုတာ ခွန်စိုင်းတော့မသိ၊ နေစေးကတော့ မျက်တောင်မခတ်ကြည့်နေမိသည်။

" ကောင်းပြီလေ၊ ဒါကို ကိုယ့်ကိုလက်ဆောင်ပေးတယ်လို့ သဘောထားပြီးယူလိုက်ပါ့မယ်။ ကိုယ်မပြန်ခင် မင်းအတွက်လက်ဆောင်တစ်ခုခုပြန်ထားမယ် အဲ့အခါကျရင်လက်ခံရမယ်နော် "

တဖက်ကဘာရယ်မဟုတ်ပြောလိုက်တဲ့စကားပါ၊ သို့သော်အမှန်တရားဖြစ်သည်။ ဒါပေမယ့် နေစေးအတွက်တော့ ခွန်စိုင်းပြောတဲ့အမှန်တရားနဲ့ စကားလုံးတွေက အဖိုးတန်တစ်စုံတစ်ခုပျောက်ဆုံးသွားသလိုခံစားရသည်။

" အင်းပါ "

စကားပြောနေရင်းဘမျက်နှာလေးအုံ့မှိုင်းသွားတဲ့နေစေး ကြောင့် ခွန်စိုင်းစကားပြောမှားသွားလားပြန်စဥ်းစားသည်။

" အက်ဒွက် အခန်းထဲမှာအလုပ်ရှိတာလား..တကယ်လို့မရှိရင် ကိုယ်နဲ့အတူ ခြံထောင့်သစ်ပင်အောက်က ကွပ်ပျစ်မှာထိုင်ပြီးစကားပြောရအောင်လေ၊ ကိုယ်ပျင်းလို့ "

" ကျုပ်လာခဲ့မယ် "

နေစေးက အခန်းထဲမှာ အမဲလိုက်ပွဲအတွက် မြှားလုပ်နေတာမပြီးပြတ်သေးဘူး၊ အမဲလိုက်ပွဲရာသီကနည်းနည်းလိုသေးတာကြောင့် နေစေးက ခွန်စိုင်းပြောတာကိုလက်ခံပြီးခေါင်းညှိမ့်လိုက်သည်။ ဒီမြှားမပြီးသေးလဲ ဘာအရေးလဲ၊ နောက်မှအေးဆေးလုပ်လဲရတာပဲမဟုတ်လား၊ အခုလောလောဆယ် သူ့ဧည့်သည်လေးပျင်းနေပြီ တဲ့ သူသေချာပေါက်အဖော်လုပ်ပေးသင့်သည်။

မနက်ဆယ်နာရီဝန်းကျင်မို့ အရမ်းပူတယ်မဆိုသာတဲ့အချိန် ခြံထဲကကွပ်ပျစ်လေးမှာထိုင်ရတဲ့အရသာက တကယ်ကောင်းမွန်သည်။အရိပ်ကောင်းစွာရတဲ့သစ်ပင်ကြီးအောက်မှာထိုင်ပြီး  လေညှင်းလေးတဖြူးဖြူးနဲ့တကယ်နေလို့ကောင်းပါသည်။

" အက်ဒွက် မနေ့ညက ဘဘကြီးပြောတယ်၊ ရွာပွဲတော် ရောက်တော့မယ်ဆို "

" အင်း၊ ကျုပ်တို့ရွာမှာပွဲတော်ရက်ဆို သိပ်စည်ကားတယ်၊ ခင်ဗျားတွေ့ပါလိမ့်မယ် "

" အော်.."

ခွန်စိုင်းက ဒီကိုရောက်တာ ၇ ရက်ရှိပြီ၊ ဒီကြားထဲ မေမေ့ဆီလဲ စာတစ်စောင်၊ ဖုန်းတစ်ကောတောင်မခေါ်ဖြစ်တာကြောင့် နောက်ထပ်ရက်အကြာကြီးနေလို့မဖြစ်ပေ။

" ဒါနဲ့ ပွဲတော်ရက်ရောက်ဖို့ ဘယ်နှရက်လောက်လိုသေးလဲ "

ထိုမေးခွန်းကြောင့် နေစေးက ရေနွေးကြမ်းသောက်ရာကနေရပ်တန့်သွားပြီး နက်မှောင်တဲ့မျက်ဝန်းတွေကဆွေးရိပ်သန်းကာ ခွန်စိုင်းဘက်ကိုကြည့်လာသည်။

" ဘာလို့လဲ? ခင်ဗျားပြန်တော့မလို့လား "

" အင်း ဘယ်လိုပြောရမလဲ၊ ကိုယ်ရောက်နေတာလဲ တစ်ပတ်တောင်ပြည့်ပြီဆိုတော့ အကြာကြီးဆက်နေရင် အက်ဒွက်တို့ကိုအားနာစရာကောင်းတယ်လေ "

ဒါဆိုသူပြန်တော့မှာပေါ့၊ ဒါပေမယ့် ဘာလို့လဲ? ဘာလို့ကျုပ်ခင်ဗျားပြန်မှာကိုမလိုလားတဲ့စိတ်တွေဝင်နေမိတာလဲ ။

" အက်ဒွက်..အက်ဒွက်.. "

" ....အင်း,"

" ဘယ်လိုဖြစ်တာလဲ စကားပြောနေရင်းတိတ်သွားတယ် "

နေစေးသည် ပေါင်ပေါ်တင်ထားတဲ့လက်သီးကိုကျစ်ကျစ်ဆုတ်၍ သူ့ရှေ့မှာ ပြုံးကာ ကြည့်နေတဲ့ လူကြီးလေးကိုကြည့်မိသည်။

* မပြန်ပါနဲ့ဦးလို့ တားချင်လိုက်တာခင်ဗျားရယ်*

" ကျုပ်တို့ကိုအားနာလို့ဆိုရင်တော့ မလိုအပ်ပါဘူး၊ ခင်ဗျားက ကျုပ်တို့အတွက်ဝန်ထုတ်ဝန်ပိုးမဖြစ်ဘူးရော "

" ကိုယ်သိပါတယ် "

" ခင်ဗျားဒီမှာဆက်နေပါ ကျုပ်ဒီဒေသရဲ့လှပတဲ့နေရာတွေကိုခင်ဗျားကိုလိုက်ပို့ပေးပါ့မယ် "

စိတ်ရင်းအမှန်နဲ့ပြောလာတဲ့ ကောင်လေးကြောင့် ခွန်စိုင်းသဘောကျစွာပြုံးလိုက်မိသည်။ ဒီကောင်လေးက ထုတ်မပြောပေမယ့် ခွန်စိုင်းကိုသူ့စိတ်ထဲမှာအလေးထားပေးသည်။

" ကောင်းပါပြီ ကိုယ်မင်းပြောသလိုလုပ်ပါ့မယ် "

" အင်း, "

မလိမ်ရိုးအမှန်ပြောရရင် ခွန်စိုင်းရဲ့အဖြေကနေစေးကိုပျော်ရွင်စေတာတော့အမှန်ပင်။ နေစေးသည် ခွန်စိုင်းနဲ့ဒီအခြေအနေလေးကိုသဘောကျသည်။ ဧည့်သည်တွေနဲ့ပက်သတ်လို့ သူ့စိတ်ထဲမှာအမှောင်ဖုံးနေတဲ့ အတိတ်ဆီကကိစ္စတွေကြောင့် ခွန်စိုင်း စ,ရောက်တုန်းကမကြည်ဖြူခဲ့တာတွေက အခုပြန်တွေးမိရင် သူလွန်ခဲ့တာပဲ။

ထိုစဥ် မြည်းခွာသံပြင်းပြင်းနဲ့အတူ ခြံထဲဝင်လာတဲ့ အယ်ထူး။

အယ်ထူးသည် နေစေးကိုတွေ့တာနဲ့ခေါင်းငုံ့၍အရိုအသေပေးလာသည်။

" ဘာကိစ္စထူးရှိလို့လဲ အယ်ထူး "

" အဲ့တာက..."

အယ်ထူးက ပြောလက်စ စကားကိုရပ်တန့်ကာ ခွန်စိုင်းကိုကြည့်လာတာကြောင့် ခွန်စိုင်းကအလိုက်တသိပင်။

" အာ မင်းတို့စကားပြောကြလေ..ကိုယ်အခန်းခဏသွားလိုက်ဦးမယ် "

ခွန်စိုင်း ထွက်သွားမယ်လုပ်တော့ နေစေးက ခွန်စိုင်းလက်ကိုပြန်ဆွဲကာ၊

" ကိစ္စမရှိဘူး၊ ဒီမှာပဲထိုင်နေ "

" ဟင်? ဒါပေမယ့် "

" မင်းဆက်ပြော..အယ်ထူး "

နေစေးက ခွန်စိုင်းအငြင်းစကားကိုမသိဟန်ဆောင်ကာ အယ်ထူးကိုအမိန့်ပေးတော့ ခွန်စိုင်းလဲ နေစေးအနားမှာငြိမ်ငြိမ်လေးပြန်ထိုင်နေလိုက်သည်။

"လက်ရှိစိုင်းလုံတို့တည်နေရာကို ကျွန်တော်တို့သူလျှိုတွေဆီကသတင်းရခဲ့တယ်၊ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးတွေကလည်း အဲ့ဒီမှာပဲရှိနေလောက်တယ် "

" ခူးရယ်..ဘာညွှန်ကြားချက်လုပ်နေလဲ "

" ဆရာခူးရယ်လဲ မြို့အပိုင်နဲ့ချိတ်ပြီး စုံစမ်းစစ်ဆေးနေတုန်းပါပဲ "

ကြည့်ရတာ ဒီပုံစံအတိုင်းဆို မြို့အပိုင်ကသုံးစားလို့မရလောက်ဘူး။ လွန်ခဲ့တဲ့သုံးရက်က တဖက်လူတွေရဲ့သဲလွန်စတစ်ချို့ပေးခဲ့ပြီးတာတောင်လှုပ်ရှားမှု့ကိုနှောင့်နှေးနေတုန်းဆိုရင် ဘာလို့ကိုယ့်ဘာသာဆက်မလုပ်ရမှာလဲ ။

" ကောင်းပြီ။ ငါစခန်းကိုလိုက်ခဲ့မယ် မင်းဒီမှာစောင့်"

ခွန်စိုင်းက နေစေးအနားမှာဆက်ထိုင်နေရပေမယ့် မမြင်၊မကြားလူတစ်ယောက်လိုသာ နေသည်။ စပ်စုခြင်းမရှိသလို ဝင်ပြောခြင်းလဲမရှိ။ ဒါက သူတို့အတွင်းရေးကိစ္စဆိုကတည်းက ခွန်စိုင်းကဘာမှသိမနေသင့်တဲ့လူပင် ။

" စိုင်းဟွမ် "

" ဟင်.."

" ကျုပ် စခန်းဘက်ခဏသွားဦးမယ် ကျုပ်ပြန်လာမှ ခင်ဗျားကိုတဖက်ရွာတွေဆီလိုက်ပို့ပေးမယ် "

နေစေး အဲ့လိုပြောတော့ ဘေးနားကအယ်ထူးက နေစေးကိုထူးဆန်းသလိုကြည့်တာမြင်တော့ ခွန်စိုင်းပြာပြာသလဲငြင်းသည်။

" အာ ရတယ် ရတယ်၊ ကိုယ်ကကိစ္စမရှိဘူး၊ မင်းလုပ်စရာရှိတာလုပ်ပါ "

" မဟုတ်ဘူး၊ ကျုပ်ခင်ဗျားကိုလိုက်ပို့ပေးမယ်..ကျုပ်ကိုစောင့်၊ ဘယ်သူနဲ့မှလျှောက်မသွားနဲ့ "

" ဟမ်? ..အင်းပါ ၊ ကိုယ်မသွားပါဘူး "

နေစေးက ခွန်စိုင်းကိုမယုံသလိုနဲ့တစ်ချက်ကြည့်ကာ အပေါ်ထပ်အိမ်ကြီးကိုတတ်ပြီးလိုအပ်တဲ့လက်နက်သွားယူသည်။ အယ်ထူးသည် နေစေးနောက်လိုက်အဖြစ်လုပ်လာခဲ့တာနှစ်တွေမနည်းတော့ချေ ။ သို့သော် တစ်စုံတစ်ယောက်မဆိုထားနှင့် အဖ ကိုတောင်အဲ့လိုလေသံနဲ့မပြောတဲ့နေစေးဟာ အခုသူ့ရှေ့မှာထိုင်​နေတဲ့ လူကိုနူးနူးညံ့ညံ့ပြောတာကိုကြားလိုက်ရတဲ့အခါ သူအိမ်မက်မက်နေသလားလို့တောင်ထင်မိသည်။

" ထိုင်ပါဦး.. အက်ဒွက်ကကြာဦးမှာထင်တယ် "

" ခ ခဏ! !..ဒီကနောင်ကြီးက နောင်ကြီးနေစေးကိုဘယ်လိုခေါ်လိုက်တယ် "

" ဟင်? ဘာကိုလဲ "

အယ်ထူးထပ်ပြီးမအံသြပဲမနေနိုင်တော့ပေ။ ဘယ်လိုဖြစ်နိုင်မှာလဲ 'အက်ဒွက်'ဆိုတဲ့နာမည်က ဒီနယ်တကြောမှာ အဖ ကလွဲပြီး ဘယ်သူခေါ်ရဲလို့လဲ။

" အက်ဒွက်လို့ခေါ်တာကိုပြောတာလား? ဘာဖြစ်လို့လဲ "

"ဖြစ်တာပေါ့ ဒီနယ်မပြောနဲ့ မြို့ကြီးမှာတောင် နောင်ကြီးနေ​စေးကိုဘယ်သူမှအဲ့နာမည်မခေါ်ရဲဘူး "

" ဒါပေမယ့် အဲ့နာမည်ခေါ်ဖို့ သူခွင့်ပြုထားတာလေ၊ ဘာမှမဖြစ်ပါဘူး ဒါကနာမည်လေးတစ်လုံးပါပဲ "

ဟုတ်တယ် နာမည်လေးတစ်လုံးပဲ၊ ဒါပေမယ့်အဲ့နာမည်က ဦးဆောင်သူရဲ့အမေ ပေးထားခဲ့တဲ့နာမည်။ စောနေစေးအနေနဲ့ အက်ဒွက်ဆိုတဲ့နာမည်ကိုသုံးတဲ့အချိန်ဟာ အဖွဲ့အစည်း အစည်းအဝေးကြီးတွေတတ်ရောက်ရာမှာ ရာထူးတစ်ခုအနေနဲ့သုံးသည်။ဒါ့ကြောင့်မို့ ဒီနယ်တကြောမှာ ဦးဆောင်သူကိုမမှားမလုပ်ရဲတဲ့လူတိုင်းက အက်ဒွက်ဆိုတဲ့ ရက်စက်တတ်တဲ့ဒီလူနာမည်ကို ထုတ်မခေါ်ရဲကြချေ ။

အယ်ထူးက ထိုသို့တွေးနေပေမယ့် ခွန်စိုင်းကတော့ အဲ့ဒါတွေကိုမသိပဲ အယ်ထူးဘာပြောချင်နေတာလဲဆိုတာစဥ်းစားနေတုန်းပဲ ။ ထိုစဥ် နေစေးက ညိုကြီးကိုဆွဲပြီး ခွန်စိုင်းတို့အနားရောက်လာသည်။

" စိုင်းဟွမ် တအောင့်နေ အဖ ပြန်လာရော့မယ်၊ ကျုပ်နောက်ကျမယ်၊မစောင့်နဲ့လို့ပြောပေးနော့ "

" ကိုယ်ပြောလိုက်မယ် "

နေစေးသည် သူမြည်းပေါ်တတ်သွားတဲ့အထိကို ခွန်စိုင်းကိုလှည်တပြန်ပြန်နဲ့ကြည့်ကာ စိတ်မချသလိုမျက်ဝန်းတွေကအထင်းသား။ မြည်းနဲ့အပြင်ဘက်ထွက်တော့မယ့်အချိန်မှာ ခွန်စိုင်းကရုတ်တရက်..၊

" အက်ဒွက် "

ခွန်စိုင်းခေါ်သံကြောင့် နေစေးချက်ချင်းလှည့်ကြည့်လာသည်။ တီရှပ်အပြာရောင်နဲ့ ပုဆိုးအနက်လေးဝတ်စားတဲ့လူကြီးလေးက သေးငယ်ပေမယ့် တစ်ရက်နဲ့တစ်ရက် နေစေးအတွက်အကြည်ဓာတ်လေးဖြစ်လို့လာသည်။

" လမ်းမှာဂရုစိုက်ဦးနော်၊"

မထင်မှတ်ထားတဲ့ ခွန်စိုင်းစကားကြောင့် နေစေး အံသြသွားသလို၊ ရှေ့မှာစောင့်နေတဲ့ အယ်ထူးလဲ အံအားသင့်သွားသည်။

နေစေး ၁၅ နှစ်ကတည်းက တိုက်ပွဲတွေ၊ ဒုက္ခတွေနဲ့နေသားကျလာခဲ့တယ်၊ ဒါပေမယ့် အခုလိုမျိုးတစ်စုံတစ်ယောက်ကသူ့ကိုပြောလာခဲ့ခြင်းတစ်ခါမှမရှိခဲ့တာကြောင့် နေစေးရင်ဘတ်ထဲပျော်ရွင်မှု့ကအလုံးအရင်းစို့တတ်လာခဲ့သည်။ အမြဲတမ်းပြုံးနေတတ်တဲ့ ခွန်စိုင်းမျက်နှာလေးထက်ကအပြုံးနုနုလေးဟာ ဒီတကြိမ်မှာတော့ နေစေးအတွက်တောက်ပတဲ့လမ်းပြကြယ်လေးတစ်စင်းလို တောက်ပနေ၏။

" ကျုပ် ဂရုစိုက်ပါ့မယ် "

သွားဆွယ်ဖြူဖြူလေးတွေပေါ်တဲ့အထိ၊ တောက်ပတဲ့မျက်ဝန်းလေးအောက်က မှဲ့နက်လေးထင်းလာတဲ့အထိ ပြုံးပြလာတဲ့ ခွန်စိုင်းကိုကြည့်ရင်း ဆောက်တည်ရာမဲ့လာတဲ့ နှလုံးခုန်သံကြောင့် နေစေးမှာဆက်မကြည့်နေနိုင်တော့ပဲ မြည်းဒုန်းစိုင်းစီးရင်းထွက်လာခဲ့ရသည်။ တစ်စတစ်စ,ပီပြင်လာတဲ့နှလုံးခုန်သံကြောင့် နေစေး နားနှစ်လုံးရဲရဲနီလျှက် ။

* စိုင်းဟွမ် ကျုပ်တော့ခင်ဗျားကြောင့်ရူးနေပြီထင်ပါရဲ့ဗျာ *

ခြံထဲမှာကျန်နေခဲ့တဲ့ခွန်စိုင်းစာ ထွက်သွားတဲ့နေစေးကိုကြည့်ပြီးစိတ်ထဲမှာချီးကျုးလေးစားသလို၊ သူ့အစားပင်ပန်းမိသည်။ နေစေးခဗျာ သူ့အသက်အရွယ်နဲ့မလိုက်အောင် ပုခုံးနှစ်ဖက်မှာ ထမ်းထားရတဲ့တာဝန်က သူ့ကိုဖိအားများစေတယ်။

ခွန်စိုင်းကဧည့်သည်တစ်ယောက်အနေနဲ့ နေစေး ဘာအလုပ်လုပ်လို့၊ဘာတာဝန်ယူထားရလဲမသိသော်လည်း သေချာတာကတော့ ကြီးမားတဲ့ဝန်ထုတ်ဖြစ်လောက်မှာမလွဲ ။ ဘာရယ်မဟုတ် ၊ ခွန်စိုင်း တစ်ခါတလေတွေးမိတယ်။ အပြုံးအရယ်မရှိတော့တဲ့အထိ ဒီကောင်လေးသူလျှောက်လှမ်းလာတဲ့ဘဝကဘယ်လောက်ထိတောင် ကြမ်းတမ်းခက်ထန်ခဲ့သလဲဆိုတာ ခွန်စိုင်းသိချင်မိသည်။ သေချာတာတစ်ခုကတော့ နေစေး ဘဝက ခွန်စိုင်းတို့လျှောက်ခဲ့ရတဲ့ဘဝထက်ကြမ်းတမ်းလွန်းမှာအမှန်ပဲ ။

ကွပ်ပျစ်မှာထိုင်ရင်း ခွန်စိုင်းတစ်ယောက်တည်းအတွေးလွန်နေတုန်း နောက်ဖေးချောင်ကနေ ဒေါ်လေးအဆိုင်းထွက်လာသည်။

" လူလေး.. ဘာတွေတွေးနေတုန်းကွဲ့ "

" ဒေါ်လေး.."

ဒေါ်လေးအဆိုင်းက ခွန်စိုင်းအနားမှာဝင်ထိုင်တော့ ခွန်စိုင်းက ဒေါ်လေးကိုရေနွေကြမ်းငှဲ့ပေးသည်။

" ဘာရယ်မဟုတ်ပါဘူးဒေါ်လေး၊ ကျွန်တော့်အလုပ်ကိစ္စလေးပါ "

" အင်း၊ လူလေး အလုပ်ကလဲ ဆန်းပြားသားနော့၊ ဒီလိုဒေသထိတောင်လာရတယ်ရော် "

ဒေါ်လေးပြောတော့ ခွန်စိုင်းကပြုံးသည်။

"ဟုတ်တယ်ဒေါ်လေး၊ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က ခရီးသွားရတာသဘောကျတယ်၊ ကျွန်တော်ရောက်ဖူးတဲ့လှပတဲ့​နေရာဒေသရှူခင်းတွေကို အားလုံးကိုသိစေချင်တယ်လေ "

"မင့်ပြောတာ ဒေါ်လေးတော့သိပါဘူးတော်၊ အင်း ဒေါ်လေးတို့ရွာက လူစိမ်းသိပ်မကြိုက်တော့ အဝင်အထွက်သိပ်ခက်တယ်ရော် "

ဒေါ်လေးနဲ့စကားစမည်ပြောရင်း အဲ့အကြောင်းရောက်လာတော့ ခွန်စိုင်းသည် သူများအကြောင်းစပ်စုတယ်မဟုတ်သော်ငြား နေစေးအကြောင်းတော့ သိချင်စိတ်ဖြစ်မိ၏

" ဟိုလေ..ဒေါ်လေးကိုကျွန်တော်တစ်ခုလောက်မေးကြည့်လို့ရမလားဗျ "

" မေးလေကွဲ့၊ ဘာတုန်း လူလေး "

" အက်ဒွက်က ရွာကိုဧည့်သည်လာတာသူမကြိုက်ဘူးပြောတယ် အဲ့တာဘာဖြစ်လို့လဲ ဒေါ်လေးသိလား "

" နေ..နေပါဦးလူလေး၊ လူလေး စောနကခေါ်လိုက်တာ 'အက်ဒွက်' ဟုတ်လား "

" ဟုတ်ကဲ့ဒေါ်လေး "

" အိုး.. အဲ့နာမည် လူလေးကိုဘယ်သူခေါ်ခိုင်းတုန်း၊ နေစေးသာသိရင် သိပ်စိတ်တိုနေမှာရော် "

ဒေါ်လေးရဲ့တုန့်ပြန်မှု့က ခုနကလာတဲ့ အယ်ထူးနဲ့အတူတူပဲမို့ ခွန်စိုင်းစိတ်ဝင်စားသွားသည်။

" အဲ့နာမည်ကို သူကိုယ်တိုင် ခေါ်ခိုင်းထားတာပါဒေါ်လေး "

" အလိုတော်.. ထူးထူးဆန်းဆန်း "

ဒေါ်လေးက တစ်ခုခုကိုစဥ်းစားနေတဲ့ပုံဖြင့် ရေနွေးကြမ်းကိုသောက်နေသည်။

" ဒေါ်လေး အက်ဒွက်ဆိုတဲ့နာမည်ကဘာလို့လဲ? ပြီးတော့ အက်ဒွက်က ဧည့်သည်တွေကိုဘာလို့မကြိုက်တာလဲဆိုတာ အဆင်ပြေရင်ကျွန်တော်ကိုပြောပြပေးလို့ရမလား "

ထိုအခါ ဒေါ်လေးက ခေါင်းညှိမ့်ကာ ။

" ကြည့်ရတာ နေစေးက လူလေးကိုဧည့်သည်မကြိုဆိုကြောင်းဒဲ့တိုးပြောလိုက်​​ပြီးထင်တယ်ရော်၊ သူပြောတာအတွက် လူလေးစိတ်ထဲမထားပါနဲ့ကွယ် "

" မဟုတ်တာ ကျွန်တော်စိတ်ထဲဘယ်လိုမှမထားပါဘူး၊ လူတိုင်းမှာ အကြောင်းပြချက်ရှိပါတယ်၊ အက်ဒွက်လဲအကြောင်းပြချက်ရှိလို့ပြောခဲ့တာနေမှာပါ "

" အင်း တကယ်တော့လဲ အဲ့တာက သူ့အပြစ်ချည်းပဲတော့မဟုတ်ပါဘူးကွယ်၊ အဖြစ်ကဒီလိုပါကွယ် "

နေစေးအသက် ၁၀ နှစ်အရွယ်မှာ ရွာကိုလူစိမ်းဧည့်သည်ရောက်လာခဲ့တယ်။ အဲ့ဧည့်သည်က သူ့အဖေနဲ့ညီအကိုလိုနေတဲ့သူမို့ ရွာကိုလာတဲ့အခါ နေစေးတို့မိဘတွေကအကောင်းဆုံးဧည့်သည်ကြတယ်။ ဖြစ်ချင်တော့ အဲ့ဧည့်သည်မှာ သမီးလေးတစ်ယောက်ပါလာတယ်။ နေစေးက အဲ့ကလေးမလေးကိုသူ့ညီမလေးလိုသဘောထားပြီး ချစ်ပေးရှာတယ်။ ဒီလိုနဲ့ တစ်အိမ်ထဲနေ၊ တစ်အိုးထဲစားနေတဲ့ အဲ့ဧည့်သည်က သစ္စာဖောက်ပြီး နေစေးတို့တပ်စခန်းချတဲ့နေရာမြေပုံကိုခိုးပြီး ရန်သူ့ဘက်ကိုပေးလိမ့်မယ်လို့ဘယ်သူထင်မှာလဲ ။

တစ်ရက်မှာ နေစေးတို့ တပ်စခန်းကိုတစ်ဖက်ရန်သူဘက်ကဝင်စီးပြီးသတ်ဖြတ်ခဲ့တဲ့အပြင် ရွာထဲထိပါဝင်ရောက်ပြီး အိမ်တိုင်းကိုမီးရှို့ဖျက်စီးခဲ့သည်။ အဆိုးဆုံးက ဆယ်နှစ်အရွယ်သားတစ်ယောက်ရှေ့မှာ မိခင်အစော်ကားခံရပြီးသေသွားခဲ့ရခြင်းပဲ ။အဲ့နေ့ကစပြီး နေစေးကဧည့်သည်ဆိုလျှင်ဘယ်လိုလူမျိုးမဆို မကြိုဆိုတတ်တော့ပေ။

အဒေါ်အဆိုင်းရဲ့ရှင်းပြချက်အဆုံး ခွန်စိုင်းမှာပြောစရာစကားပင်မရှိတော့လောက်အောင် ရင်ထဲစို့တတ်ပြီး မျက်ရည်ကြည်တို့ဝေ့လျှက် စိတ်မကောင်းဖြစွားရသည်။

" ဘယ်လို....ဘယ်လိုတောင်လုပ်ရက်ကြတာလဲ"

အတိတ်အကြောင်းပြန်ပြောပြနေရတဲ့ ဒေါ်လေးလဲ အဟောင်းတွေအသစ်ဖြစ်ကာ မျက်ရည်စတို့ကို သဘက်နှင့်သုတ်နေသည်။

" တကယ်တမ်းတွေးကြည့်ရင် နေစေးလေးဘဝက သိပ်သနားစရာကောင်းပါတယ်ကွယ်၊ သူခဗျာ တခြားကလေးတွေကစားနေဆဲအရွယ်မှာ သူ့အမေကိုစော်ကားခဲ့တဲ့ ရန်သူကိုသတ်ဖို့ အရွယ်နဲ့မလိုက်အောင်ရက်စက်တတ်ဖို့လေ့ကျင့်ခဲ့ရတယ်။ သူ့အမေမရှိတဲ့နောက်ပိုင်းသူ့ဘယ်တော့မှထပ်မပြုံးတော့ဘူး၊ စကားလဲသိပ်နည်းသွားတယ်ရော် "

" ....... "

" လူလေးခေါ်တဲ့ အက်ဒွက် ဆိုတဲ့နာမည်က သူ့အမေကိုယ်တိုင်ပေးခဲ့တာလေ ၊ သူ့အဖ ကလွဲရင် ဘယ်သူ့မှခေါ်ခွင့်မပေးထားဘူးရော်၊ ကြည့်ရတာ သူ လူလေးကိုသံယောဇဥ်ရှိတယ်ထင်ပါ့ရော်"

ရှင်းပြပြီးနောက် ခွန်စိုင်းနဲ့စကားခဏပြောကာ ဒေါ်လေးအဆိုင်းက အိမ်အနောက်ဘက်ဆီပြန်သွားလိုက်သည်။

ကွပ်ပျစ်မှာ ကျန်နေခဲ့တဲ့ခွန်စိုင်းသည် သူ့ကိုနေစေးပြောဖူးတဲ့ စကားကိုကြားယောင်လို့နေသည်။ အဲ့နေ့က နေစေးပြောလိုက်တဲ့စကားက သူ့ဘဝရဲ့စိတ်ဒဏ်ရာနဲ့ယှဥ်ကြည့်လျှင် ဘာမှမဟုတ်ခဲ့ဘူး။ ဒီထက်ဆိုးတဲ့စကားလုံးနဲ့သုံးနှုန်းပြီးပြောခဲ့ရင်တောင် ထိုက်တန်သေးသည်ပဲ ။

* တောင်းပန်ပါတယ် အက်ဒွက်၊ ကိုယ်မင်းအပေါ်အထင်မှားခဲ့မိတယ်။*

________________________________________

တစ်ဖက်မှာ လုံဝမ်ရွာတပ်ဂိတ်ရောက်နေပြီးဖြစ်တဲ့ စောနေစေးဟာ သူ့တာဝန်တွေကိုလစ်လပ်မှု့မရှိအောင်လုပ်ဆောင်လို့နေသည်။ အစည်းအဝေးလုပ်တဲ့စခန်းထဲသို့ဝင်လိုက်တာနဲ့အဆင်သင့်စောင့်နေတဲ့ ဗြောရယ်၊ ခူးရယ် ဘွား နဲ့ မော့ တို့က နေစေးကိုကြည့်လာသည်။

" ခူးရယ် အခြေအနေဘာထူးလဲ "

"အရင်ရက်ကကျုပ်မြို့အပိုင်ဆီသွားတော့ သူကျုပ်ကိုအတွေ့မခံပဲငြင်းခဲ့တယ်၊ မနေ့ကတွေ့တော့ ဦးဆောင်သူပြောတဲ့အတိုင်း အချက်အလက်တွေပေးခဲ့ပေမယ့် မြို့အပိုင်ဆီက လေးနက်တဲ့အဖြေမရခဲ့ဘူးရော်"

" အဲ့ခွေးမသား ဘာဖြစ်ချင်နေတာလဲ! "

" မော့.. စိတ်လျှော့ "

ခူးရယ်ရဲ့စိတ်တိုင်းမကျတဲ့စကားကိုကြားတော့ မြို့အပိုင်တွေလုပ်ရက်နဲ့ပက်သတ်ပြီးစိတ်ဆတ်တတ်တဲ့ မော့ က ဝင်ဆဲသည်။မော့ စိတ်တိုရင် ထိန်းမရမှန်းသိတော့ ဘွားကဝင်ထိန်းပေးသည်။

နေစေးကဒီအခြေအနေကိုအလေးအနက်စဥ်းစားပြီး စားပွဲပေါ်ဖြန့်ချထားတဲ့ မြို့ကြီးမြေပုံကိုကြည့်ကာ ၊

" ဒီလမ်းကြောင်းနဲ့ပက်သတ်ပြီး တရားဝင်ဖောက်ထားတာငါမကြားမိပါလား "

စားပွဲပေါ်မှာရှိနေတဲ့ မြေပုံရဲ့နေရာမှင်မှင်လမ်းလေးတစ်ခုစီလက်ညိုးထောက်ကာ နေစေးမေးတော့ အားလုံးကကြည့်သည်။

" ဒီလမ်းကြောင်းက..."

ခူးရယ်လဲ အနည်းငယ်ကြောင်အသွားသည်။ ဒီမြေပုံကို လက်ရှိ မြို့အပိုင်ဆီကသူတို့ခိုးယူလာတယ်လို့ပြောရင်မှန်မည်။ သို့သော် မြို့ကြီးမှာရှိတဲ့လမ်းကြောင်းတွေနဲ့ပက်သတ်ပြီးသူတို့အဖွဲ့မသိတဲ့လမ်းကြောင်းရယ်လို့မရှိ၊ချောင်ချိုချောင်ကြားတွေတောင်သူတို့သိသည်။ဒီလမ်းကြောင်းကဘယ်လို...?

နေစေး က​ တစ်စုံတစ်ခုတွေးမိဟန်နဲ့ပြောသည်။

" မော့..လွန်ခဲ့တဲ့ နှစ်နှစ်က ​မြို့ကြီးအနောက်ဘက်ကတောအုပ်ကိုမှတ်မိလား၊ အဲ့တာဘယ်လိုဖြစ်သွားလဲ "

" မှတ်မိတယ်၊ အဲ့တုန်းက ခွေးမသားစိုင်းလုံတို့နဲ့တိုက်ပွဲဖြစ်တုန်းက မင်း မီးရှို့ခဲ့တာမဟုတ်လား၊ အင်း သေချာကြည့်ရင် ဒီလမ်းကြောင်းကအဲ့တောအုပ်နဲ့မဝေးဘူးပဲ "

ဘွားကဝင်ဆွေးနွေးသည်။

" ငါထင်တာမမှားရင် ဒီလမ်းကြောင်းကို ငါတို့စုံစမ်းဖို့လိုနေပြီ၊ ဒီမြေပုံကို ငါတို့အခေါက်ခေါက်အခါခါကြည့်ခဲ့ပြီးပြီ၊ ဒီလမ်းကြောင်းကိုမတွေ့ခဲ့ဘူး၊ တကယ်လို့ နေစေးသာမဟုတ်ရင် ငါတို့ခုထိတွေ့ဦးမှာမဟုတ်ဘူး "

တကယ်တော့ ဇမ်မထီဟန်မြို့ဟာ မြို့အကြီးတစ်ခုပေမယ့် သူပတ်လည်မှာတောတောင်တွေနှင့် ကျောက်တောင်တွေဝန်းရံထားတာကြောင့် လူစုံသွားလာနေတဲ့နေရာတစ်ခုလို့ပြောလို့ရသည်။ ​

ဇမ်မထီဟန်မြို့တောင်ဘက်မှာရှိတဲ့ကျောက်တောင်ဆိုလျှင် ခနောက်စိမ်းထွက်တာကြောင့် ပြည်မကြီးကတရုတ်အတော်များများရဲ့စီးပွားဖြစ်ရာနေရာလို့တောင်ပြောလို့ရသည်။ ဒါကြောင့် စိုင်းလုံတို့အဖွဲ့မှာ မြို့အပိုင်ကိုပေါင်းပြီး မိန်းမငယ်လေးတွေကို လူကုန်ကူးရန်ပြန်ပေးဆွဲဖို့မခက်ခဲတာလဲဖြစ်သည်။

ဒီကိစ္စကိုဆက်လွတ်ထားလို့မဖြစ်တော့ချေ ။

" ငါတို့ မြို့ကြီးကို ကင်းလှည့်သွားမယ် "

စောနေစေးပြောတော့ ကျန်လူတွေက နေစေးကိုကြည့်လာသည်။သူတို့ရဲ့အကြည့်တွေထဲမှာ နေစေးသာဦးဆောင်၍အမိန့်ပေးလျှင် ဘယ်အရာမဆိုလုပ်ဝံ့တဲ့သွေးအပြည့်။

" ခူးရယ် "

" ဟုတ်ကဲ့"

" မင်းတပ်သားနှစ်ယောက်နဲ့ အနောက်ဘက်ခြမ်းကိုကင်းလှည့် "

" ဟုတ်ကဲ့ဦးဆောင်သူ "

ခူးရယ်ကနာခံမှု့အပြည့်နှင့် နေစေးကိုဖြေသည်။ ပြီးနောက် ။

" ဗြောရယ် နဲ့အာ်ထူး က တောင်ဘက်ခြမ်းကိုစစ်ဆေး "

" ဟုတ်ကဲ့ဦးဆောင်သူ "

ထပ်ပြီးနောက် ဆက်ပြော၏။

" ဘွား.. မင်းနဲ့ မော့ က မြောက်ဘက်ကဝင်ပေါက်ကိုတစ်ချက်စစ်ကြည့်၊ ကျုပ်အရှေ့ဘက်ခြမ်းဆီသွားမယ် "

" ကျုပ်တို့နှစ်ယောက်သွားမှာက ထားပါတော့၊ မင်းတစ်ယောက်တည်းလှုပ်ရှားမလို့လား "

နေစေးက ဒီလိုကင်းလှည့်တာလေးလောက်တော့ သူတပ်သားတွေကိုမခေါ်ချင်ပေ ။ ဦးဆောင်သူတစ်ယောက်အနေနဲ့သူ့မှာလုံလောက်တဲ့အရည်အချင်းရှိပါသည်။

" မလိုဘူး ကျုပ်တစ်ယောက်တည်းသွားမယ်၊ မှတ်ထား..တစ်ခုခုအရေးအကြောင်းရှိလာခဲ့ရင်တောင် ရွာသူရွာသားတွေရှေ့မှာရုတ်ရုတ်သဲသဲမလုပ်ပါနဲ့၊"

" နားလည်ပါပြီ "

ထိုသို့ပြောပြီးနောက်မှာ အားလုံးဟာ သူတို့ရဲ့ပြောက်ကျားဝတ်စုံတွေကိုအရပ်ဝတ်များနဲ့ လဲဝတ်ဆင်ကာ မြင်းကိုယ်စီနဲ့ထွက်လာခဲ့သည်။

စောနေစေးလဲ ထိုအတိုင်းပင် တောင်သူဦးကြီးတစ်ယောက်အသွင်သာဝတ်ဆင်၍ ထွက်လာခဲ့သည်။ လုံဝမ်ရွာတပ်ခေါင်းဆောင် စောနေစေးသည် လုံဝမ်ရွာကိုစောင့်ရှောက်ကာကွယ်ခြင်းအပြည့်ပေးသည်။ သို့ပါသော်လည်း ​ဇမ်မထီဟန်မြို့မှာရှိတဲ့ လူတွေကိုလည်းပစ်မထားပေ။ သူဟာ ဘုရားသခင်မဟုတ်သော်လည်း သူ့အမေရဲ့မွေးရပ်မြေလေးကိုတော့ လက်လှမ်းမီသလောက်ကူညီချင်သည်။

ထိုသို့နှင့် စောနေစေးတို့ မြို့ကြီးဘက်ကို ရုပ်ဖျက်၍ ကင်းလှည့်ထွက်လာခဲ့ကြသည်။

     ___________Time Skip___________

ခွန်စိုင်းနေ့လည်စာစားပြီးချိန်မှာ အိမ်မှာတစ်ယောက်တည်းပျင်းတာကြောင့် အိမ်ရှေ့ကကွပ်ပျစ်မှာထိုင်ပြီး ခရီးရဲ့အမှတ်တရတွေရေးနေခဲ့သည်။

ခွန်စိုင်း အလုပ်လုပ်နေမှန်းသိတော့ ဒေါ်လေးတို့က တခဏဘေးမှာလာကြည့်ကာ လက်ဖက်သုတ်ပန်ကန်လေးလာချပေးသည်။ သဘောကောင်းလှတဲ့ ဒေါ်လေးတို့ ဘဘကြီးတို့ကြောင့် ခွန်စိုင်း ဤအိမ်မှာတည်းခိုရတာတကယ်အဆင်ပြေလှသည်။

ခွန်စိုင်းအလုပ်လုပ်နေတုန်း အပြင်ကပြန်လာတဲ့ ချွန်းဖု နဲ့ ငဒူးတို့က စကားတပြောပြောနှင့်ဝင်လာသည်။

" ဗျို့ နောင်ကြီး ဘာလုပ်နေတုန်းဗျ "

ပြောရင်းနဲ့နှစ်ယောက်သား ခွန်စိုင်းအနားသို့ရောက်လာပြီးထိုင်ကြသည်။

"ကိုယ့်အလုပ်အတွက်စာတန်းပြင်နေတာပါ၊ ငါ့ညီတို့ဘယ်ကပြန်လာတာလဲ "

ငဒူးကပြောသည်။

"ကျုပ်တို့ယူစရာလေးရှိလို့ပြန်လာတာ..အခုပြန်သွားမှာရော် "

" ဟုတ်တယ်ဗျ..ဒါနဲ့ နောင်ကြီးအိမ်မှာနေရတာ မပျင်းဘူးလားရော် "

သူတို့ပြောတော့ ခွန်စိုင်းကပြုံးသည်။ ပျင်းလဲ ဘယ်မှမလည်တတ်ပဲ သူဘယ်ကိုသွားရမှာလဲ၊

" ပျင်းတာတော့ ပျင်းတယ်၊ဒါပေမယ့်ဘယ်လိုလုပ်မလဲ အကိုမှရွာထဲမှာ အသိမရှိပဲလေ "

" အဲ ဟုတ်သားနော့ "

ချွန်းဖုကပျော်ပျော်နေတတ်သူဆိုပေမယ့်လဲ စပ်စပ်စုစုလဲရှိသည်။ ငဒူးကတော့ ခွန်စိုင်းအတွက်လက်ဖက်သုတ်ကိုသူချည်းကြိတ်နေတော့သည်။ အခုခါမှာ ချွန်းဖု ခွန်စိုင်းကိုကြည့်ကာတစ်ခုခုစဥ်းစားရင်း၊

"ဒီလိုလုပ်ပါ့လား..ကျုပ်အနောက်ဘက်တောအုပ်မှာ အစ်ဥသီးသွားတူးမလို့ နောင်ကြီးရောလိုက်ခဲ့ပါလား "

အဟွတ်! အဟွတ်!

ချွန်းဖု စကားအဆုံး ငဒူးခဗျာ လက်ဖက်သုတ်စားရင်းတောင်သီးသည်။ ပထမတစ်ခေါက်လမ်းမီးတုတ်ထွန်းလိုက်ခဲ့လို့၊ ဒုတိယတစ်​ခေါက်ခြင်းတောင်းဆွဲခိုင်းလို့ဆိုပြီး နောင်ကြီးနေစေးဆူတာခံရပြီးပြီ၊ အခုတစ်ခေါက်တောအုပ်ဆိုလျှင်။

ချွန်းဖုပြောတော့ ခွန်စိုင်းက တတ်ကြွစွာပင်၊

" အဲ့လိုလား..ဒါဆို အကိုလဲလိုက်ခဲ့မယ်လေ၊ ရလား "

" ရ....အား! "

ငဒူးက ချွန်းဖုပေါင်ကိုလိမ်ဆွဲကာ ပြုံးဖီးဖီးနဲ့ ခွန်စိုင်းကိုဝင်ပြောသည်။

" ဒီကောင်လျှောက်ပြောနေတာ အဲ့တောအုပ်ကလမ်းကြမ်းတယ်ဗျ..နောင်ကြီးလျှောက်နိုင်မှာမဟုတ်ဘူးရော်၊ နောက်..နေကပူပူနဲ့ အိမ်မှာပဲနားနေပါနော့ "

" ဟေ့ကောင် ဟိုတလောက ဘကြီးမုံတို့အဲ့ဘက်တောလမ်းကိုပြင်လိုက်ပြီလေကွာ "

ငဒူးကပိတ်တော့ ငချွန်းက ဖော်သည်။ ငဒူး အခုချိန်မှာ ချွန်းဖုမျက်ခွက်ချည်းပိတ်ကန်ချင်စိတ်ဖြစ်နေတော့သည်။

" ဟားဟား ငချွန်း..မင်းကလဲသေချာ...လို့လား! တော်ကြာနေ နောင်ကြီးပင်ပန်းနေမှဖြင့်...."

မချိပြုံးပြုံး၍ ငဒူးတစ်ယောက် ချွန်းဖု ကိုမျက်လုံးတွေမှိတ်ပြရသည်မှာ ပိုလီယိုနဲ့ပင်တူနေပြီ ဒါကို နွားသားလေးကနားမလည်သေးဘူး။

" သေချာတာပေါ့ကွ! မင်းသိတယ်မလားငါက ရွာမှာဘယ်နေရာဘာရှိလဲ ကျွမ်းပြီးသား "

သူတို့နှစ်ယောက်စကားဝိုင်းကိုအူလည်လည်နဲ့နားထောင်နေတဲ့ခွန်စိုင်းက အပြင်သွားရမှာမို့တတ်ကြွစွာဝင်ပြောသည်။

"လမ်းကြမ်းရင်တောင် အကိုလျှောက်နိုင်တယ် ငါ့ညီတို့စိတ်မပူနဲ့..အဲ့တာဆို အကိုလိုက်ခဲ့မယ်နော်"

" ဟ လိုက်ခဲ့လို့ရတာပေါ့၊ ကျုပ်ကလမ်းကျွမ်းပြီးသားဗျ "

အပေးအယူတည့်နေတဲ့ ချွန်းဖုကိုကြည့်ပြီး ငဒူးစိတ်ထဲကကြိတ်ဆုတောင်းနေမိတော့သည်။

* လမ်းကျွမ်းတယ်ဆိုတဲ့နွားကောင်..နောင်ကြီးနေစေးပြန်လာရင် မီးပါကျွမ်းတော့မှာ *

ငဒူး မတတ်သာတဲ့အဆုံး အပြုံးချိုချိုလေးနဲ့ ခွန်စိုင်းကိုကြည့်ကာ နောက်ဆုံးခေါင်းညှိမ့်ပြီးသာခေါ်ခဲ့ရတော့သည်။ လျှောက်လည်ရမယ်ဆိုတာနဲ့ပျော်နေတဲ့ ခွန်စိုင်းဟာ နေစေး မှာထားခဲ့တာကို လုံးဝမေ့နေခဲ့သည်။

>>>>>>>>

တောထဲသွားရမှာမို့ ခွန်စိုင်းက ပုဆိုးကိုလဲကာ ဂျင်းဘောင်းဘီဝတ်၍လိုက်လာခဲ့သည်။

ခေါင်းမှာခမောက်ဝိုင်းတစ်လုံးစောင်းထားပြီး
တီရှပ်အဝါရောင်လက်တိုနှင့်အပေါ်ကအဖြူအမည်းအစင်းကြားလက်ရှည်အပါးတို့ကိုထပ်၍ ဂျင်းဘောင်းဘီအနက်ရောင်တို့ကိုဝတ်ဆင်ထားသည်။ ချွန်းဖုနဲ့ငဒူးက ကျောမှာပလိုင်းတစ်လုံးစီလွယ်ထားတာကြောင့် ခွန်စိုင်းလဲသဘောကျစွာ တစ်လုံးကောက်လွယ်ပြီးလိုက်လာခဲ့သည်။ အခုနေမှာ ခွန်စိုင်းပုံလေးကဘယ်လိုတောင်အသည်းယားစရာကောင်းနေမလဲတွေးကြည့်ရင်တောင်ချစ်ဖို့ကောင်းလှသည်။

လုံဝမ်ရွာထဲကတစ်ချို့အိမ်တွေက ခွန်စိုင်းကိုမျက်မှန်းတန်းသိဖြစ်နေပြီမို့ လမ်းမှာတွေ့တဲ့အခါ ခွန်စိုင်းကိုလှမ်းနှုတ်ဆက်တာကို ခွန်စိုင်းကလည်းအပြုံးလေးနဲ့ပင်ဖော်ရွေစွာနှုတ်ဆက်ခဲ့သေးသည်။

ထိုသို့နှင့် ခွန်စိုင်းတို့သုံးယောက် တောထဲကိုခြေဆန့်ခဲ့တော့သည်။ ကလေးတွေနဲ့အတူ ကလေးလူကြီးလုပ်နေတဲ့ခွန်စိုင်းဟာ တောထဲအဝင်လမ်းဖောက်ထားတဲ့ မြေနီရွံ့လမ်းသို့လျှောက်ရင်းလေးဘက်လေးလံကြည့်နေတော့သည်။

" နောင်ကြီး ကြည့်လျှောက်နော့၊ တစ်ခုခုထိခိုက်မယ် "

" ရပါတယ် ငဒူးရဲ့..အကိုလျှောက်တတ်တယ် "

ငဒူးမှာ ခွန်စိုင်းကိုခေါ်သာခေါ်လာရတယ် ရင်တမမနှင့်၊ သူတကယ် စောနေစေးကြီးကိုလန့်နေပြီလေ ။

" ငဒူးရာ နောင်ကြီးခွန်စိုင်းက ကလေးမှမဟုတ်တာပဲ..မင့်မလဲ ဒုက္ခနော့ နောင်ကြီး "

" ဟားဟား ဟုတ်သားပဲ "

ချွန်းဖု ရှေ့နေခေါ်တော့ ခွန်စိုင်းကသဘောတကျရယ်ရင်း ပြောသည်။ ငဒူးမှာသာ ချွန်းဖုကိုသတ်ချင်နေ၏။

* တွေ့မယ် ငဒူးကောင်..နောင်ကြီးနေစေးပြန်လာလို့မေးရင် မင့်လက်ညိုးထိုးပြစ်မယ် *

ဝါးရုံပင်များနှင့် တခြားသောစိမ်းစိုနေတဲ့အပင်ရှည်များစွာဟာ တောအုပ်အဝင်လမ်းအတွင်မှာပင် ပိတ်အောင်းလို့နေသည်။ ဖောက်ထားတဲ့မြေညီလမ်းအတိုင်းတောထဲသို့ဝင်ပြီးနောက် သူ့အလိုလိုပေါက်နေတဲ့ မှိုတွေနှင့် တခြားသောသီးပင်များ အရွက်ပင်များတွေ့လာရသည်။အဲ့အချိန်မှာ ခွန်စိုင်းတွေးမိတာက ကင်မရာပင် ။

* ငါကင်မရာတစ်လုံးလောက်ရမှာဖြစ်မယ် မဟုတ်ရင် ဒါတွေကိုအမှတ်တရမယူသွားနိုင်တာ နှမြောဖို့ကောင်းတယ် *

မှိုတွေဟာ ရှားပါးမှိုတွေဖြစ်ပြီး တချို့မှိုတွေက အဆိပ်အတောက်ဖြစ်စေသည်။ ဒါ့အပြင် တောထဲရဲ့ တောင်ကုန်းလေးတစ်ခုမှာ ပေါက်နေတဲ့ ခရမ်းညိုရောင်ပန်းလေးတွေလဲတွေ့ရသည်။ တောထဲရောက်တဲ့အခါ ခွန်စိုင်းအပင်အတော်များများတွေ့ရသည်။ သို့သော် တစ်ချို့သော်အပင်တွေဟာ ဆေးဖက်ဝင်လွန်းလို့ရှားပါးတာကို ခွန်စိုင်းသိသည်။

" ချွန်းဖု ဟိုတောင်ကုန်းပေါ်မှာပေါက်နေတဲ့အပင်ကဘာလဲ "

" အော် အဲ့တာ နတ်သမီးပန်းလေ၊ မြွေဆိပ်နဲ့ ကင်းဆိပ်ကိုနိုင်တယ်..ဒါပေမယ့် အဲ့အပင်ကိုလိုတာထက်ပိုလို့တော့မရဘူး၊ တန်ဆေး လွန်ဘေးပေါ့ဗျာ "

" အော်...၊ အဲ့တာဆို ဘာလို့မခူးကြတာလဲ "

" မရဘူးလေရော် အဲ့အပင်က သုံးခါနီးခူးမှ မဟုတ်ရင် ခဏနဲ့သေသွားရောပဲ "

" အာ အဲ့လိုလား "

ထူးထူးဆန်းဆန်ပင်တွေ့ရခဲတဲ့အပင်နဲ့ ချွန်းဖု ပြောပြတာကိုကြားပြီး ခွန်စိုင်း ပလိုင်းထဲမှာပါလာတဲ့ Notebookနဲ့ဘောပင်ကိုယူပြီးပုံကြမ်းဆွဲကာ သေချာမှတ်သားထားလိုက်သည်။

" ချွန်းဖု နဲ့ နောင်ကြီး အမြန်လာလေး၊ ကျုပ်တို့နည်းနည်းသွားဖို့လိုသေးတယ်ရော် "

" အေးပါကွ "

ခွန်စိုင်းသည် လမ်းမှာတွေ့တဲ့ အပင်တွေနဲ့ သီးပင်တွေကို ချွန်းဖုကိုတစ်ခုချင်းမေးကာမှတ်သားရင်း ငဒူးတို့ပြောတဲ့ အစ်ဥသီး တူးတဲ့နေရာဆီရောက်လာခဲ့သည်။

" ကဲ ရောက်ပြီ "

ပြောရင်းနဲ့ ငဒူး နဲ့ ချွန်းဖုက ပလိုင်းထဲက မြေတူးတဲ့ဂေါ်အသေးလေးကိုထုတ်ကာထိုင်ချလိုက်သည်။ ချွန်းဖုက သူယူလာတဲ့ရေဖူးကိုထုတ်လိုက်သည်။

ခွန်စိုင်းတို့ရောက်နေတဲ့နေရာက မြေကွက်လပ်လေးပဲဖြစ်ပြီးအပင်ငယ်လေးတွေကလွဲလို့ဘာမှမရှိတာကြောင့် ခွန်စိုင်းက အပေါ်ဘက်ကိုမော့ကြည့်၍လိုက်ရှာကာ။

" ငဒူး မင်းပြောတဲ့ အသီးပင်ကဘယ်မှာလဲ "

" ဒီမှာလေ.. "

ငဒူး လက်ညှိုးထိုးရာကိုကြည့်လက်တော့ စတော်ဘယ်ရီသီးပင်လောက်သာရှိတဲ့အပင်လေးတွေပေါက်ရာဖြစ်သည်။

" အဲ့အပင်လား "

" ဟုတ်တယ်လေ ဒါကအစ်ဦးအပင်လေ၊ ဒီမှာ ကျုပ်တူးပြမယ် "

စိတ်ဝင်တစ်စားဖြစ်သွားတဲ့ ခွန်စိုင်းက ငုတ်တုတ်လေးထိုင်ပြီး သေချာကြည့်သည်။ ချွန်းဖုကတော့ တူးတာအတော်မြန်တယ်။ ငဒူးက မြေကြီးကိုလက်နဲ့စမ်းကြည့်ပြီးမှ ထိုနေရာကိုမြေတူးဂေါ်နဲ့ထိုးပြီးကလော်လိုက်သည်။ ထိုအခါ မြေကြီးထဲမှာ ခရမ်းရောင်အညှာလေးအရင်ပေါ်လာပြီး ကွမ်းသီးနှစ်လုံးစားလောက်အသီးတစ်လုံးပါလာသည်။

" ဒီအသီးပဲ နောင်ကြီး "

" ဟမ်? "

ငဒူး ပေးတဲ့အသီးကို ခွန်စိုင်းသေချာကြည့်မိသည်။ ဒီလိုအသီးမျိုးကို ခွန်စိုင်းမမြင်ဖူးပေ။ အညှာရော၊အလုံးရောခရမ်းရောင်ဖြစ်နေတာကြောင့် ကြည့်ရတာ အဆိပ်ဖြစ်မယ့်အသီးနဲ့တောင်တူသည်။

" ဒါက တကယ်ရောစားလို့ရပါ့မလားကွာ "

ထိုသို့ပြောတော့ ချွန်းဖုက ခပ်သွက်သွက်အနားသို့ရောက်လာပြီး သူ့ရေဗူးဖွင့်ကာ ထိုအသီးကိုပြောင်စင်အောင်ဆေးလိုက်သည်။ ပြီးနောက် သူ့လက်နဲ့အရမ်း​ရောင်အခွံကိုနှစ်ခြမ်းခွဲလိုက်တော့ အထဲမှာလဲ ခရမ်းရောင်အနှစ်လုံးလေးထွက်လာသည်။

" ဒီမယ် ကြည့် ..ဒီအထဲကအသီးအရောင်ကတမျိုးဖြစ်နေပေမယ့် သိပ်စားကောင်းတာရော် "

ပြောပြောဆိုဆိုနဲ့ ချွန်းဖု က ထိုအသီးကိုပါးစပ်ထဲထည့်ပြီးစားလိုက်ပြီး အမဲရောင်အစေ့လုံးထုတ်လိုက်သည်။ အံသြစွာကြည့်နေတဲ့ ခွန်စိုင်းကို ငဒူးကရှင်းပြသည်။

" ဒီအသီးက သူ့ရာသီနဲ့သူမှ စားကောင်းတာနောင်ကြီးရဲ့၊ ဒီရက်တွေရွာမှာပွဲတော်တွေရှိလို့ ရွာသားတွေမရောက်သေးတာနော့ မဟုတ်ရင် မြေကြီးပဲကျန်မှာ၊ သူတို့ကအကုန်တူးကြတာဗျ "

" အော် အဲ့လိုလား "

"ဟုတ်တယ်..ကဲ ငချွန်း မင့်ကချည်းစားနေတယ် မြန်မြန်တူးပြီး နောင်ကြီးကိုလဲ ကျွေးလေ "

" အေးပါကွ ငါသိပါတယ် "

သူတို့နှစ်ယောက်မြေကြီးပေါ်မှာကျကျနနထိုင်ပြီးအကြိတ်အနယ်တူးနေတာမြင်တော့ ခွန်စိုင်းလဲစိတ်ဝင်စားကာ ထိုသို့မြေပေါ်တင်ပလွေချိတ်ထိုင်ပြီးဝိုင်းတူးပေးတော့သည်။ စကားပြောလိုက်၊ဟာသပြောလိုက်နဲ့အတော်လေးပျော်စရာကောင်းပါသည်။ ခဏအကြာ တူးပြီးနောက် ငချွန်းက ဖက်ရွက်အကြီးကြီးတစ်ခုကိုခွက်လုပ်ကာ အသီးတွေကိုဆေးပြီး အတူတူစားကြသည်။

ခရမ်းရောင်အသီးကိုပါးစပ်ထဲထည့်ပြီး တဖြည်းဖြည်းချင်းဝါးရင်းအရသာခံနေရင်း ရုတ်တရက် ခွန်စိုင်းမျက်လုံးတို့ပြူးကျယ်ကာသဘောတွေ့သွားသည်။

" အွင်း...စားကောင်းတယ်ကွ "

" ဒါပေါ့ဗျ..ကျုပ်တို့ရွာက မြို့ကြီးထက်ကောင်းတာတွေမှ ပေါသဗျ "

အကြွားသန်လေးချွန်းဖုက ဒီအချိန်မှာလဲ သူ့ရွာလေးကို ကြွားဖို့မမေ့ပါ။

အသီးရဲ့အရသာက စိမ်းစားဥအရသာလေးနဲ့ မြေတွင်းအောင်းအသီးမို့လားမသိ ၊ အသီးစားချိန်မှာ အေးအေးလေးဖြစ်လို့နေသည်။

" တကယ်စားကောင်းတယ်"

" နောင်ကြီးကြိုက်ရင်ထပ်စား ရော့ "

ငဒူး နဲ့ ချွန်းဖု က ခွန်စိုင်းသဘောကျမှန်းသိတော့ ကျွေးသည်။ အစ်ဥသီးတူးထားတဲ့ ပလိုင်းသုံးခြင်းက ခွန်စိုင်းတို့သုံးယောက်သားထိုင်စားတာနဲ့တင် နှစ်ခြင်းလောက်ကုန်သွားသည်။ ထိုထဲမှာ ခွန်စိုင်းအစားဆုံးပဲ ။ ထိုသို့ အဝစားပြီးနောက် ခွန်စိုင်းက တောထဲကဟိုနားဒီနားလျှောက်လည်ကြည့်ပြီး နေဝင်ခါနီးမှ အိမ်သို့သုံးယောက်သားပြန်လာခဲ့သည်။

" ဝေ့ လူလေး အဝတ်စားတွေလဲ ညစ်ပေလို့ ဘယ်ကပြန်လာတာတုန်း "

ခြံထဲဝင်ရုံရှိသေးတယ် ပြန်ရောက်နေပြီဖြစ်တဲ့ ဘကြီးက ခွန်စိုင်းကိုလှမ်းမေးလာသည်။

" ဘဘကြီး ပြန်ရောက်နေပြီလား "

" အေး ပြန်ရောက်ဆို..ကြာပေါ့ ဘကြီးလူလေးကိုမတွေ့လို့တောင် မေးနေသေးတယ်ရော်၊ ဟော့ ငဒူး နဲ့ ငချွန်း မင့်တို့ကရော ဘယ်လိုဖြစ်တုန်း "

ဘကြီးမေးတော့ ဟိုနှစ်ယောက်က စပ်ဖြီးဖြီးမျက်နှာနဲ့ရယ်ပြနေသည်။

" ကျွန်တော်လိုက်လည်ချင်တယ်ပြောလို့ သူတို့ကလိုက်ဖို့ပေးတာဘဘကြီး "

" အော်..ဘယ်တွေများလိုက်ပို့ခဲ့လို့ ဒီလောက်ပေလာရသလဲ လူလေး "

ဘကြီးမေးတာကို ချွန်းဖု ဝင်ဖြေသည်။

" အဝေးကြီးမဟုတ်ပါဘူး အဖ ရဲ့ ကျုပ်တို့ တောအုပ်ဘက် အစ်ဥသီးသွားတူးရုံပါ "

" ဟေ!.. ဒီကောင်တွေကွာ၊ လူလေးကိုတောထဲခေါ်သွားရသလားကွ၊ မတော်လမ်းမယ် တစ်ခုခုထိခိုက်မိရင် ဘယ့်နှယ်လုပ်မတုန်း "

ဘကြီးက ငဒူးနဲ့ ငချွန်းကိုဆူတော့ ခွန်စိုင်းက ရှေ့ကနေကာပေးသည်။

" ဟို အဲ့တာကသူတို့ကိုကျွန်တော်ခေါ်သွားခိုင်းလို့ပါ ဘဘကြီး၊ သူတို့ခေါ်သွားတာမဟုတ်ပါဘူး၊ အခု ဘဘကြီးညစာစားတော့မယ်မလား ကျွန်တော်အခုရေချိုးပြီးပြန်ဆင်းခဲ့မယ်နော် "

" မလောဘူး..မလောဘူး..အေးအေးဆေးဆေးချိုးနော့၊ ဒါနဲ့ အက်ဒွက်မတွေ့မိပါလား "

" အော် ဟုတ်သားပဲ၊ သူအလုပ်ကိစ္စရှိလို့ထွက်သွားတယ် ဘဘကြီး၊ နောက်ကျမှာမို့ သူ့ကိုမစောင့်နဲ့လိုမှာသွားတယ် "

"အေးအေး၊ ကဲ မင့်တို့လဲ ရေသွားချိုးချည်တော့"

" ဟုတ်ကဲ့ "

အခွင့်အရေးရတာနဲ့ ငဒူး နဲ့ ငချွန်း တို့နှစ်ယောက် တချိုးတည်းလစ်ပြေးသွားတာ အရိပ်တောင်မမြင်ရတော့ဘူး။

ခွန်စိုင်းလည်း အိမ်ပေါ်တတ်ပြီး ရေဝတ်လဲကာ ရေစည်မှာရေချိုးပြီး ညစ်ပတ်နေတဲ့အဝတ်စားတွေကိုသေချာလျှော်ဖွတ်ပြီး လှမ်းထားလိုက်သည်။ ပြီးနောက် ဘကြီး နဲ့စကားပြောရင်း ညစာစားကြသည်။ အစ်ဥသီးတွေမတရားစားထားတဲ့ ခွန်စိုင်းက ညစာထမင်းသိပ်မစားနိုင်ပေ ။

ညအချိန်ရောက်တော့ အိမ်ရှေ့ဧည့်ခန်းမှာဘကြီးနဲ့ရေနွေးကြမ်းသောက်ရင်းစကားပြောကြသည်။

" နေ့လည်က အက်ဒွက်နဲ့ပက်သတ်ပြီး အဆိုင်းလူလေးကိုကိစ္စတစ်ချို့ပြောပြတယ်ဆိုကွဲ့ "

" ဟုတ်ကဲ့ဘဘကြီး "

" အေးကွယ်၊ ဒီရက်တွေမှာ အက်ဒွက်ကြောင့် လူလေးနေရကျပ်ခဲ့ရင် ဘကြီးအားနာမိပါရဲ့ "

" အာ မဟုတ်တာဘဘကြီးရယ်၊ ကျွန်တော်အဆင်ပြေပါတယ်၊ ဧည့်သည်ဆိုပေမယ့် အိမ်သားတွေအားလုံးက ကျွန်တော့်အပေါ်မိသားစုလိုသဘောထားပေးလို့တောင် အတော်လေးအားနာနေမိတာပါ "

ခွန်စိုင်းပြောတော့ ဘကြီးကပြုံး၍ခေါင်းခါကာ.၊

" အဲ့တာမလိုပါဘူးကွယ်၊ ဘကြီးတို့က လူလေးကိုတကယ်မိသားစုလိုသတ်မှတ်ထားတာရော်။"

ထိုသို့ပြောပြီး ဘကြီးကရေနွေးတစ်ငုံသောက်၍ဆက်ပြောပြလာသည်။

" အက်ဒွက်ကတကယ်တမ်းကြည့်ရင် ပေါင်းသင်းဆက်ဆံရခက်တယ်ထင်ရပေမယ့် သိပ်သံယောဇဥ်ကြီးတတ်တဲ့ကလေးပါ၊ အဲ့တာကြောင့်လဲ သူတော်ရုံလူကိုမခင်တွယ်ဘူးရော်၊ ဘာပဲဖြစ်ဖြစ် လူလေးဒီရွာမှာနေပျော်တယ်ဆိုတော့လဲ ဘကြီးဝမ်းသာပါတယ်၊ "

" ဟုတ်ကဲ့ဘဘကြီး "

" ဒါနဲ့ ပြောရဦးမယ်..တစ်ရက်နှစ်ရက်နေရင် ဘကြီးခရီးတိုထွက်စရာရှိတယ်နော့၊ ဒီရက်တွေမှာ လူလေးကို အက်ဒွက်အဖော်ပြုပေးလိမ့်မယ် အဆင်ပြေတယ်မဟုတ်လားလို့ "

" ဟုတ်ကဲ့ အဆင်ပြေပါတယ်ဘဘကြီး၊ ကျွန်တော့်ကိုစိတ်မပူပါနဲ့၊ အိမ်မှာလဲ ချွန်းဖု နဲ့ ငဒူး တို့ရှိနေတာပဲ "

" အိမ်းး..ဒင်းတို့ရှိနေလို့ လူလေးကိုစိတ်မချဖြစ်ရတာရော်၊ ဒင်းတို့နှစ်ယောက်တည်းသာထား..အိမ်ဇောက်ထိုးကင်ထားလိမ့်မယ်ရော်"

ဘကြီးက ဟာသအနေနဲ့ပြောတော့ ခွန်စိုင်းသဘောကျစွာရယ်၏၊ တကယ်တမ်း ခွန်စိုင်းအတွက်တော့  ငဒူး နဲ့ ချွန်းဖုတို့ကတကယ်ပျော်တတ်တဲ့ကလေးတွေပါ ။ ဘကြီးနဲ့ စကားပြောပြီးအိပ်ရာဝင်ခါနီးမှ ခွန်စိုင်းဗိုက်ထဲက တစ်ရစ်ရစ်နဲ့ အောင့်သက်သက်ဖြစ်သလိုခံစားရသည်။

* ဘာလို့နာနေပါလိမ့် *

သို့သော် ခွန်စိုင်းက အများကြီးမတွေးပဲ သူ့အိပ်ခန်းဆီဝင်၍ အိပ်ပျော်အောင်အိပ်လိုက်သည်။

ထိုသို့နှင့် ညသန်းခေါ်ယံအချိန်ရောက်တဲ့အခါ ခွန်စိုင်းမှာ မ​နေနိုင်တော့ပေ။ တကိုယ်လုံးပူခြစ်ပြီး သူ့အစာအိမ်ကိုအကန်ခံရသလိုဗိုက်အောင့်တတ်ပြီးနာလာတာကြောင့် နှဖူးကချွေးတွေရွှဲရွှဲစိုလျှက် ခန္ဓာကိုယ်ကိုပုဇွန်ထုတ်ကွေးလို ကွေးကွေးလေးရှိနေသည်။

* ဗိုက်အောင့်တယ်..အားး *

ဘယ်လောက်တောင် နာနေသလဲဆိုရင် သူ့ရဲ့စကားသံတွေပင် လည်ချောင်းထဲကမထွက်ပဲအော်နေမိသည်။နာကျင်မှု့က သူ့ဗိုက်ထဲကအူတွေပြတ်သွားလားလို့တောင်ထင်မိသည်။

* အောင့်တယ်...အားး..ဘယ်လိုလုပ်ရမလဲ *

သေလောက်အောင်အောင့်နေတဲ့ ခွန်စိုင်းမှာသူ့ဗိုက်ကိုလက်နှစ်ဖက်နဲ့ဖိထားပြီး ခွေခွေလေးနေတာ သူ့ဒူးနဲ့နှဖူးနဲ့ပင်ထိတော့မည်။ သေလောက်အောင်ခံစားနေရတဲ့ဒီအချိန်မှာ သူ့စိတ်ထဲပေါ်လာသူက...၊

" အက်ဒွက်...."
_______________

မြို့ကြီးမှာကင်းပတ်လှည့်ပြီးနောက် စောနေစေးတို့ ပြန်လာတဲ့အချိန်ဟာအတော်လေးညနက်နေခဲ့ပြီဖြစ်သည်။ အရင်ကဆိုရင် နောက်ဆံတင်းစရာမလိုတဲ့ စောနေစေးဟာ စခန်းမှာဆောက်ထားတဲ့ သူ့အခန်းရှိရာမှာပဲ အိပ်လိုက်မယ်ဆိုပေမယ့် အခုတော့ အိမ်မှာနောက်ဆံတင်းစရာလူကြီးလေးရောက်နေတာကြောင့် သူပြန်မှဖြစ်မည်။

ဘွား နဲ့ မော့ က စခန်းမှာအိပ်တာကြောင့် နေစေးတစ်ယောက်တည်းပဲပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တာနဲ့တိတ်ဆိတ်စွာပင် ညိုကြီးကိုမြင်းစောင်းမှာထားပြီး အိမ်ပေါ်တတ်လာချိန်မှာ နေစေးသည် ဧည့်သည်လူကြီးလေးမျက်နှာကိုမြင်ချင်ပေမယ့် အချိန်ကညနက်နေပြီမို့ တဖက်ကသူ့အခန်းထဲသွားဖို့ပြင်လိုက်စဥ်...၊

" အက်ဒွက်..."

သေးမှင်တဲ့အသံတိုးတိုးပိစိလေးထွက်လာသံကြောင့် စောနေစေးခြေစုံရပ်တန့်သွားတော့သည်။ ထိုအသံလေးဟာတိုးလွန်းလို့ တော်ရုံလူဆိုရင်မကြားနိုင်ပေမယ့် တိုက်ပွဲတွေဆက်တိုက်နွှဲလာသူကတော့ လေတိုးသံကအစ ဘယ်အရပ်လာသလဲသိသည်မဟုတ်လား။

" အက်ဒွက်...."

နောက်တစ်ကြိမ်ကြားလိုက်တဲ့အချိန်မှာတော့ တစ်ခုခုမှားနေမှန်းသိလိုက်တဲ့နေစေးက ခွန်စိုင်းအခန်းတံခါးကိုခေါက်သည်။

" စိုင်းဟွမ်..စိုင်းဟွမ်! ဘာဖြစ်လို့လဲ..တံခါးဖွင့် "

"........"

နေစေး တံခါးခေါက်နေသော်လည်းဖွင့်မလာပဲ သူ့နာမည်ကိုသာတီးတိုးလေးရွတ်နေတဲ့ ခွန်စိုင်းကြောင့် နေစေးမျက်မှောင်ကျုံ့ကာ စိုးရိမ်လို့လာသည်။ ဒါကြောင့် နေစေးဟာ လော့ချထားတဲ့အခန်းတံခါးကို သူ့အားနဲ့ဖျက်ချိုးကာဖွင့်ပြီး ဝင်လာခဲ့သည်။

" ဟာ! .."

အခန်းထဲရောက်တော့ ကုတင်ထက်မှာ ခွေခွေလေးလူလှိမ့်ပြီးဝေဒနါခံစားနေရတဲ့ ခွန်စိုင်းကြောင့် နေစေးပြာယာခတ်သွားရသည်။ ချက်ချင်းပဲ ခွန်စိုင်းအနားသို့သွားပြီး ခန္ဓာကိုယ်လေးကိုပွေ့လိုက်ရသည်။

" စိုင်းဟွမ်..ဘာဖြစ်တာလဲ..ဟမ်!..ခင်ဗျားဘာဖြစ်လို့လဲ "

" အောင့်တယ်..ဟင့်..ဗိုက်..အ့ "

ကိုယ်တွေပူခြစ်ပြီး နှဖူးမှာရော တကိုယ်လုံးချွေးစတွေစိုရွှဲကာ ဗိုက်ကိုအတင်းဖိထားတဲ့ ခွန်စိုင်းသည်ဘယ်လောက်တောင်နာကျင်နေလဲမသိ၊ မျက်ရည်စတွေပင်ထွက်လို့နေတော့သည်။ ခွန်စိုင်းနာကျင်နေတဲ့ပုံစံလေးကိုကြည့်ပြီး နေစေး နှလုံးသားကိုတစ်ခုခုနဲ့ထိုးစိုက်သလိုခံစား​နေရသည်။ နေစေး အပြင်ဘက်ထွက်ပြီး ဘကြီးတို့ကိုခေါ်မယ့်အချိန်မှာ အခန်းထောင့်ကစားပွဲပေါ်မှာ ပန်ကန်နဲ့ထည့်ထားတဲ့ အစ်ဥသီးအခွံတွေကိုတွေ့လိုက်တာကြောင့် သိသွားသည်။

" ခင်ဗျားလေးကတော့လေ ကျုပ်စကားနားမထောင်ပြန်ဘူးပဲ.."

အစ်ဥသီးကဒီရာသီမှာ အရသာအရှိဆုံးအသီးမို့ ရွာကလူတိုင်းစားကြတယ်ဆိုပေမယ့် သူ့ဓာတ်နဲ့သူရှိသည်။ ဒီရွာမှာမွေးဒီရွာမှာကြီးတဲ့လူတွေအနေနဲ့ နှစ်တိုင်းဒီအသီးကိုထမင်းစားရေသောက်လိုစားနေကြပေမယ့် ခွန်စိုင်းလိုမြို့ပေါ်ကလူတွေအတွက်တော့ အဆင်မပြေတဲ့အသီးလို့ပြောလို့ရသည်။

ဘာဖြစ်မှန်းသိသွားတဲ့အခါ နေစေးမှာ အချိန်မဆွဲရဲ ၊ ချက်ချင်းပင် ရေနံဆီမီးအိမ်ကိုယူကာ အိမ်နောက်ဖေးဘက်မှာအသင့်ထားတဲ့ ကျွန်းသစ်နဲ့ရိုက်ထားတဲ့ ဆေးသေတ္တာပုံးဆီမွေနှောက်ရှာရတော့သည်။ အဝါရောင်ဆေးပုလင်းအရည်ကိုတွေ့တာနဲ့ ရေတစ်ခွက်ခတ်ယူကာ အပေါ်ထပ်ဆီပြန်တတ်လာခဲ့သည်။

ကုတင်ပေါ်မှာဝေဒနါခံစားနေရတဲ့ ခွန်စိုင်းတစ်ယောက် နေစေးထားခဲ့တုန်းကအတိုင်းလေးပဲ ပုံစံမပျက်ညင်းညူနေရှာသည်။ နေစေး ဟာ မီးအိမ်ကို စားပွဲပေါ်တင်ကာ ခွန်စိုင်းခန္ဓာကိုယ်လေးကိုပခုံးကိုဖက်၍ပွေ့ကာ၊

" စိုင်းဟွမ်.. ဒါလေးသောက်လိုက်..ခင်ဗျားသက်သာသွားလိမ့်မယ် "

" အက်ဒွက်...."

" အင်း၊ ကျုပ်ပြန်ရောက်ပြီ၊ အရင်ဆုံး ဆေးသောက်လိုက်နော် "

ဆေးပုလင်းကိုင်ကာပါးစပ်နားတေ့ပေးပေမယ့် ခွန်စိုင်းသည်ဗိုက်ကနာကျင်မှု့ကိုပဲအာရုံစိုက်ကာ ဆေးသောက်ရန်ပါးစပ်မဖွင့်ပေ။

" စိုင်းဟွမ်ဆေးလေးသောက်လိုက်နော်..အဲ့တာမှခင်ဗျားသက်သာမယ်ရော် "

" ......."

" ဒီဆေးရည်တငုံပဲသောက်ပါဗျာ..မဟုတ်ရင် ခင်ဗျားမသက်သာနိုင်ဘူးလေး "

နေစေး ချော့မော့ပြောနေသော်လည်း အဖျားကြီးနေတဲ့ ခွန်စိုင်းက နေစေးပွေ့ထားတဲ့အတိုင်းပင် ခွေခွေလေးရှိလို့နေပြီး ဘာမှမပြောပေ။ ဘဝမှာ တခြားတစ်ယောက်ကိုတစ်ခါမှမပြုစုဖူးတဲ့ နေစေးတစ်ယောက်ဒီအချိန်မှာ အကျပ်တွေ့နေရသည်။ ချုပ်ပြီးပါးစပ်ထဲလောင်းထည့်ပြစ်လိုက်လို့ရသော်လည်း အဲ့နည်းလမ်းကို ခွန်စိုင်းအပေါ်မသုံးချင်ပေ ။

" အက်ဒွက်....အာ့ ဗိုက်အောင့်..တယ် ဟင့် "

" အဲ့တာကြောင့်ပြောတာလေ ဒီဆေးသောက်လိုက်..ခဏဆို သက်သာပြီလေ၊ သောက်နော် "

" ဗိုက်အောင့်..တယ် အမေရေ.."

နဂိုသေးငယ်တဲ့ခန္ဓာကိုယ်လေးက အခုတော့ပုဇွန်ထုတ်လိုကွေးကွေးလေးနဲ့နေစေးရင်ခွင်ထဲမြုတ်လို့နေတော့သည်။

နေစေးသည် ခွန်စိုင်းကို ဘယ်လိုဆေးတိုက်ရမလဲကြံနေတုန်း..ဗိုက်နာလွန်းလို့ သူ့နှုတ်ခမ်းကိုပေါက်​ပြဲမတတ်ကိုက်ထားတဲ့ ခွန်စိုင်းကြောင့် နေစေးကထိုနှုတ်ခမ်း​လေးကိုဖယ်ပေးလိုက်ရသည်။

" ခင်ဗျားနှုတ်ခမ်း​လေးတွေကို အဲ့လိုလျှောက်ကိုက်နေရင် ဒဏ်ရာဖြစ်တော့မှာပဲဗျာ "

ကြံရာမရတဲ့အဆုံး နေစေးသည် အဝါရောင်ဆေးပုလင်းထဲကဆေးရည်ကိုသောက်လိုက်ပြီး ခွန်စိုင်းပါးနှစ်ဖက်ကိုဖွဖွညစ်လိုက်တော့ အနည်းငယ်ဆူထွက်လာတဲ့နှုတ်ခမ်းလေးနဲ့အတူပါးစပ်ပွင့်လာတဲ့အခါမှာ နှုတ်ခမ်းချင်းတေ့၍ဆေးပြောင်းပေးလိုက်တော့သည်။

ခွန်စိုင်းပါးစပ်ထဲဝင်လာတဲ့ဆေးရည်ကိုတစ်ငုံမြိုချပြီးနောက် အင်မတန်ခါးသက်လွန်းတဲ့ဆေးရည်ကြောင့် ခွန်စိုင်းမျက်မှောင်​လေးကျုံ့ကာ ရှိနေဆဲထိုဆေးရည်ကို လျှာနဲ့တွန်းထုတ်လာသည်။ ဖြစ်ချင်တော့ နေစေးကလည်း ဆေးရည်ထည့်ပေးနေဆဲမို့ ခွန်စိုင်းလျှာကနေစေးခံတွင်းထဲသို့ဝင်သွားပြီး လျှာချင်းထိမိသွားသည်။ ရုတ်တရက်ကြီး သူ့လျှာကိုလာထိတဲ့ ခွန်စိုင်းကြောင့် နေစေးတစ်ကိုယ်လုံးလျှပ်စီးလက်သလိုတုန်ယင်ကာ ချက်ချင်းပဲ ခွန်စိုင်းမျက်နှာအနီးကခွာပြီး သူ့ပါးစပ်ကိုလက်နဲ့အုပ်ကာရှက်သွားသည်။

* ဒါ...ဒါဘယ်လိုအခြေအနေကြီးလဲ *

စစ်ထွက်တိုက်ရင်တောင် ဒီလောက်ထိစိတ်လှုပ်ရှားမှာမဟုတ်တဲ့ စောနေစေးဟာ အခုတော့ သူ့မျက်နှာတစ်ခုလုံးပူထူပြီးအငွေ့တွေထွက်နေသလိုခံစားနေရသည်။ သူ့ရင်ဘတ်ဆီကနှလုံးခုန်သံက တာဝေးပြေးထားတဲ့လူတစ်ယောက်လိုမောဟိုက်ကာပေါက်ကွဲထွက်မတတ်ဖြစ်လို့နေတော့သည်။

* သူ...သူအခု ငါ့..ငါ့လျှာကိုလာထိလိုက်တာလား? ..တကယ်ကြီး..ထိမိလိုက်တယ်၊ ဒီလူကြီးလေးကလေ *

ဒါက မတော်တဆဆိုပေမယ့် နေစေး တစ်ယောက်သူ့မျက်နှာပေါ်ကြက်ဥတစ်လုံးကြော်လို့ရလောက်အောင်ငွေ့ထွက်လုနီးပါး အရှက်ကြီးရှက်ပြီး ရန်ခုန်သံတွေကိုလဲအဓိပ္ပါယ်ဖော်ဖို့မေ့နေခဲ့သည်။ ဘယ်လိုပြောရမလဲ.. အရှင်းဆုံးပြောရရင် ဒီခံစားချက်ကို သူနှစ်သက်နေမိသည်။

သို့သော် စိတ်လှုပ်ရှားလွန်းလို့ကျောက်ရုပ်လိုဖြစ်နေတဲ့ နေစေး ရဲ့အဖြစ်ကိုမသိတဲ့ ခွန်စိုင်းတစ်ယောက်ကတော့ ဗိုက်ထဲဆေးဝင်ပြီးသက်သာ၍ထင်၊ အသက်ရှူမှန်မှန်လေးနဲ့ စောနေစေးရင်ခွင်သို့မှီလျှက်အိပ်ပျော်သွား၏ ။

​စော​နေ​စေးသည် တခဏအကြာမှာ ပြန်အိပ်ပျော်သွားတဲ့ ခွန်စိုင်းကိုကြည့်ပြီးနောက် သူ့အကြည့်တွေက ခွန်စိုင်းနှုတ်ခမ်းလေးဆီအရောက်မှာ သူ့မျက်ဝန်းတွေမဲမှောင်လို့သွားသည်။

* သူမသက်သာလောက်သေးဘူး..ငါတစ်ငုံလောက်ထပ်တိုက်ကြည့်ရမလား? *

အဲ့လိုတွေးပြီး ထပ်တိုက်ချင်ပေမယ့်မဖြစ်ပါ၊ ထိုဆေးဓာတ်ကပြင်းတဲ့အပြင် အာနိသင်ပြတာလဲမြန်သည် ဒါ့ကြောင့် မလိုအပ်ပဲထပ်တိုက်လိုက်မယ်ဆိုရင် ခွန်စိုင်းအစာအိမ်အတွက်မကောင်းပေ။

ဒါပေမယ့် စောနေစေး က ခွန်စိုင်းကို တစ်ငုံလောက်ပဲဖြစ်ဖြစ် ဆေးထပ်တိုက်ချင်သေးပေမယ့် လက်လျှော့လိုက်သည်။ ဒါက သူတိုက်ချင်လို့မဟုတ်ပဲ ခွန်စိုင်းနေမကောင်းလို့ မတတ်သာပဲတိုက်ရတယ်လို့သူ့ကိုယ်သူဖြေသိမ့်နေတော့သည်။

ထို့နောက် စောနေစေးသည် ခွန်စိုင်းကို ကုတင်နေရာမှာသေချာပြန်တင်ပေးပြီးထရန်ပြင်လိုက်စဥ်..၊

" အက်...ဒွက်.. "

အိပ်နေရင်းတိုးတိုးလေးယောင်လာတဲ့ ခွန်စိုင်းက မျက်မှောင်လေးကျုံ့ကာ နေစေးအကျီစကိုဆွဲထားသေးသည်။ အဲ့တာကိုတွေ့တော့ စောနေစေးက သဘောကျ၍ပြုံးကာ ကုတင်အောက်ခြေမှာ ဒူးတစ်ဖက်ထောက်၍ ကုတင်ပေါ်မှာစောင်းအိပ်နေတဲ့ ခွန်စိုင်းကိုကြည့်သည်။

"စိုင်းဟွမ်..ခင်ဗျားလေးအဲ့လိုဆက်ပြုစားနေမယ်ဆိုရင်..ကျုပ်ရူးသွားတဲ့အခါ အပြစ်မဆိုနဲ့နော် "

ဒါဟာ ချစ်ခြင်းလမ်းစတစ်ခုအနေနဲ့ စောနေစေး ပထမဦးဆုံးအကြိမ်ပြောဖြစ်တဲ့စကားစုလေးပါ..သို့သော် ကြားစေချင်တဲ့ လူကြီးလေးကတော့ ကလေးငယ်တစ်ယောက်လိုအိပ်မောကျနေချေပြီ။

* ရက်တွေက လ,ဆီကိုတောင်မကူးပြောင်းသေးတဲ့အချိန်တစ်ခဏမှာ ကျုပ်နှလုံးသားတံခါးက တစ်စုံတစ်ယောက်ကြောင့် တွန်းဖွင့်စရာမလိုပဲ ခိုဝင်လို့ရနေပြီတဲ့လား ကျုပ်ဧည့်သည်လေးရာ *

________________________________________

အဖြောင့်ကြီးအက်ဒွက်က ဆေးတိုက်ရင်း
တို့ကလေးကိုအသားယူခဲ့သည်ပေါ့😝
( အမယ် သူပဲအသားယူပြီးရှက်နေသေး ဝွန့် 🌚 )

# VOTE & CM  PLEASE 🤙
# 15 - Auguest - 2021 - 4:40 PM
# MOEWATHAN 📚🍀

________________________________________

              >>>>> [ Zawgyi ] <<<<<

ထိုင္း..ျမန္မာနယ္စပ္ဘက္တြင္ျဖစ္သည္။ စိုင္းလုံဆိုေသာသူသည္ မ်ားစြာေသာထူထဲတဲ့ဒီေတာအုပ္ကိုအပိုင္စားယူၿပီး တပ္စခန္းခ်ကာေနလာခဲ့တာႏွစ္နဲ႕ခ်ီေနေလသည္။ ဒုစရိုက္ေမွာင္ခိုလမ္းေၾကာင္းနဲ႕ပက္သတ္တဲ့ကိစၥေတာ္ေတာ္မ်ားမ်ားကိုေတာက္ေလွ်ာက္လုပ္လာတဲ့စိုင္းလုံဟာ သူ႕ေလာကမွာေတာ့သူသာအင္အားအႀကီးဆုံးျဖစ္တယ္လို႔ယူဆထားသည္။

အသက္ ၂၉ ႏွစ္ အရပ္ 6' ရွိ စိုင္းလုံဟာ ရွမ္းလူမ်ိဳးျဖစ္တာေၾကာင့္သူ႕မွာျဖဴတဲ့အသားအေရရွိၿပီး ေတာင့္ေျဖာင့္တဲ့ခႏၶာကိုယ္ပိုင္ဆိုင္ထားသည္။ သူ႕႐ုပ္ရည္မွာေယာက္က်ားတစ္ေယာက္အေနနဲ႕ၾကည့္ေကာင္းတယ္ဆိုေသာ္လည္း ညာဘက္ပါးတဖက္တြင္လက္တစ္ညွိုးစာျပတ္ရွရာ အမာ႐ြတ္တို႔ရွိေလသည္။ ထိုအမာ႐ြတ္ဟာ သူ႕ဘဝရဲ႕ရႈံးနိမ့္ျခင္းလမ္းစတစ္ခုလို႔ ဘယ္သူထင္မည္နည္း။

စိုင္းလုံသည္ ေမွာင္ခိုလမ္းေၾကာင္းနဲ႕ပက္သတ္ၿပီး ထိုင္းဘက္ကေန ဒီဘက္အထိနယ္ခ်ဲ့ထြက္လာၿပီး ဇမ္မထီဟန္ၿမိဳ႕..ၿမိဳ႕ပိုင္ထိသိမ္းသြင္းလို႔ရခဲ့သည္။ ၿမိဳ႕ႀကီး မွာ စိုင္းလုံရဲ႕ေစ်းကြက္နဲ႕ပက္သတ္ၿပီး ကန့္ကြက္ရဲသူမရွိေပ ။ သို႔ေသာ္ လြန္ခဲ့တဲ့ႏွစ္​ေတြကစလို႔ ဦးေဆာင္သူ ဆိုတဲ့လူေၾကာင့္စိုင္းလုံအခက္ေတြ႕ေနေတာ့သည္။

ၾကမ္းတမ္းလြန္းတဲ့လူေတြျဖစ္တဲ့အေလွ်ာက္ စိုင္းလုံတို႔အဖြဲ႕ဟာေကာက္က်စ္ဖို႔လဲ ဝန္မေလးေပ။ စိုင္းလုံဟာ အမ်ိဳးသမီးေတြကိုလူကုန္ကူးတာနဲ႕ပက္သတ္ၿပီးလုပ္ေဆာင္ေနသူမို႔ သူ႕တပည့္ေတြကထိုမိန္းကေလးေတြကိုေစာ္ကား​ျခင္းကိုလစ္လ်ႈရႈခဲ့သည္။ အဲ့ဒါနဲ႕ပက္သတ္ၿပီး လြန္ခဲ့တဲ့တစ္ႏွစ္က ဦးေဆာင္သူဟာ စိုင္းလုံတို႔တပ္စြဲတဲ့စခန္းကိုဝင္စီးကာအျပတ္ေခ်မႈန္းခဲ့တာေၾကာင့္ စိုင္းလုံမွာ ပါးေပၚကဓားအမာ႐ြတ္ရခဲ့ၿပီး အသက္ထြက္မတတ္ထြက္ေျပးခဲ့ရသည္။

ထို႔ေန႕မွစ၍ ဦးေဆာင္သူဟာ စိုင္းလုံအမုန္းဆုံးရန္သူႀကီးတစ္ေယာက္ျဖစ္လာခဲ့သည္။

" ဆရာစိုင္းလုံ "

ေနာက္ကေခၚလိုက္တဲ့ အသံေၾကာင့္စိုင္းလုံလွည့္ၾကည့္လိုက္ေတာ့ သူ႕တပည့္ ေဝႀကီး ျဖစ္သည္။

" ဘာထူးျခားလဲ "

" အခုေလာေလာဆယ္မွာ ၿငိမ္းခ်မ္းေရးဖထီးတို႔ဘက္ကပါ ကြၽန္ေတာ္တို႔ကိုပိုက္စိတ္တိုက္လိုက္ရွာေနပါတယ္၊ တပ္မွာက်န္ခဲ့တဲ့ေျမပုံနဲ႕ပို႔ရမယ့္ အေရအတြက္အားလုံးက မီးထဲမွာပါသြားပါၿပီ "

"ဘာ!.. ေတာက္! "

" ကြၽန္ေတာ္တို႔ဘာဆက္လုပ္​ၾကမလဲ "

ဇမ္မထီဟန္ၿမိဳ႕ႀကီးႏွင့္ေမွာင္ခိုေလာကအတြင္းမွာ နာမည္တစ္လုံးနဲ႕ေတာင္လႊမ္းမိုးမႈ႕ရွိေနတဲ့ ဦးေဆာင္သူဆိုတဲ့ ထိုလူရဲ႕အရွိန္အဝါက စိုင္းလုံကိုေဒါသထြက္ေစသည္။

" ရွိေနတဲ့ပစၥည္းေတြကိုသေဘာ္နဲ႕တင္ေပးဖို႔ကိစၥခဏရပ္ဆိုင္းထားလိုက္၊ ဒီရက္ေတြ ဘာလႈပ္ရွားမႈ႕မွမလုပ္နဲ႕ဦး "

" ဟုတ္ကဲ့ ၊ ဒါနဲ႕ ဆရာ ကြၽန္ေတာ္သတင္းတစ္ခုၾကားထားတယ္ "

" ေျပာ "

"ဒီလေတြမွာ လုံဝမ္႐ြာမွာပြဲေတာ္ေရာက္ေတာ့မယ္ဆိုေတာ့ အဲ့ဒီကမိန္းကေလးေတြၿမိဳ႕ႀကီးမွာေစ်းတတ္ဝယ္ၾကလိမ့္မယ္ေျပာတယ္ "

ေဝႀကီး ေျပာလိုက္ေတာ့ စိုင္းလုံကမ်က္ေမွာင္က်ဳံ႕၍စဥ္းစားခ်င့္ခ်ိန္ေနၿပီးေနာက္ မ်က္လုံးအေရာင္ေတာက္သြားသည္။

" ဟက္..ဦးေဆာင္သူ၊ ငါေစာင့္ၾကည့္ဦးမယ္ မင္းသိပ္ကာကြယ္ခ်င္တဲ့႐ြာသူ႐ြာသားေတြကိုငါ့လက္ကလြတ္နိုင္မလားဆိုတာ ဟားဟားဟား "

ေနေစးကိုအလဲထိုးခ်င္ေနတဲ့ စိုင္းလုံဟာ အ႐ူးတစ္ေယာက္လိုပင္ရယ္ေမာေနေတာ့သည္။

" ေဝႀကီး ေနာက္ႏွစ္ရက္ေနရင္ ႐ုပ္ဖ်က္ၿပီး ၿမိဳ႕ႀကီးဘက္သြားမယ္ "

" ဟုတ္ကဲ့ ဆရာစိုင္းလုံ "

ေျပာၿပီးေတာ့ ေဝႀကီးထြက္သြားသည္။စိုင္းလုံသည္ သူ႕အတြက္အခုခ်ိန္မွာ အလိုခ်င္ဆုံးအရာေျပာပါဆိုလွ်င္ ​ေစာ​ေန​ေစးကိုပ်က္စီးသြားေစခ်င္တာျဖစ္သည္။

* တစ္ေန႕ မင္းတန္ဖိုးအထားဆုံးအရာနဲ႕ မင္းကိုငါအနိုင္ယူျပမယ္..မင္းေစာင့္ၾကည့္လိုက္ေစာေနေစး.. ငါဆိုတဲ့စိုင္းလုံက ဘယ္ေတာ့မွ မင္းေရွ႕မွာအညံ့မခံဘူး *

_______________________________________

လက္ခ်ီပြဲကျပန္လာၿပီးေနာက္ပိုင္း ခြန္စိုင္းနဲ႕ေနေစးတို႔ရဲ႕ဆက္ဆံေရးဟာနည္းနည္းအဆင္ေျပလာတယ္လို႔ေျပာလို႔ရသည္။

ေနေစး ဟာ ပုံမွန္လိုပင္ သူ႕အက်င့္စရိုက္အတိုင္းမ်က္ႏွာေသနဲ႕​ေအးစက္ေနဆဲဆိုေပမယ့္ ခြန္စိုင္းနဲ႕စကားေျပာဆိုရာမွာေတာ့ အနည္းငယ္ႏူးညံ့လာခဲ့သည္။

ဥပမာ ခြန္စိုင္းနဲ႕ဘႀကီးတို႔စကားလက္ဆုံၾကေနတဲ့အခ်ိန္မ်ိဳးမွာ ခြန္စိုင္းက ေနေစး ကို ဘယ္အခ်ိန္ၾကည့္လိုက္ပါေစ မဆိုသေလာက္အၿပဳံးေလးနဲ႕ ခြန္စိုင္းကိုၾကည့္ၿပီးၿပဳံးျပတတ္သည္။ ေနေစးဟာ လူငယ္တစ္ေယာက္မို႔ တျခားလူငယ္ေတြကို ေပါ့ေပါ့ပါးပါးနဲ႕ၿပဳံးေပ်ာ္ေနတာကိုခြန္စိုင္းျမင္ခ်င္ေပမယ့္ အခုလိုအနည္းငယ္ၿပဳံးတတ္လာတာကိုပင္ ေက်းဇူးတင္ရမည္။

ထိုသို႔ႏွင့္ ခြန္စိုင္း ဤအိမ္ေရာက္တာ ၇ ရက္တစ္ပတ္ေတာင္ရွိသြားၿပီ။ ဒီရက္ေတြအတြင္းမွာ ခြန္စိုင္းဟာ တျခား႐ြာကိုမေရာက္ဖူးေသာ္လည္း လုံဝမ္႐ြာအေရွ႕ပိုင္းမွာ ရွိသမွ်ေနရာေလးေတြေတာ့ စုံေအာင္ေရာက္ဖူးခဲ့ၿပီ။ အဲ့တာေၾကာင့္ တျခား႐ြာဘက္ေလွ်ာက္လည္မယ္လို႔ ေတြးထားသည္။

မနက္စာစားၿပီးတာႏွင့္ ဘႀကီးက အလုပ္ရွိတာေၾကာင့္အျပင္ထြက္သြားၿပီမို႔ အိမ္တြင္ေဒၚေလးႏွစ္ေယာက္နဲ႕ ခြန္စိုင္းတို႔ပဲရွိသည္ ။ ခြန္စိုင္းဟာ ဟိုရက္က လက္ခ်ီပြဲရိုးရာဝတ္စုံႏွင့္ရတနာဗူးေလးကိုေသခ်ာေခါက္၍ယူကာ တဖက္က ေနေစး အခန္းကိုတံခါးေခါက္လိုက္သည္။

ေဒါက္..ေဒါက္..!!

" ဘယ္သူလဲ "

ေအးစက္တဲ့အသံကတင္းမာသည္။ သို႔ေသာ္အရင္က ခြန္စိုင္းဆိုလွ်င္အားတုန့္အားနာျဖစ္နိုင္ေပမယ့္ အခုေတာ့မတူေတာ့ေပ။ ဒီေကာင္ေလးက ထင္သေလာက္လဲမဆိုးဘူးမဟုတ္လား ။

" ကိုယ္ပါ.. "

ခြန္စိုင္းအသံျပဳၿပီးမၾကာလိုက္..ခ်က္ခ်င္းတံခါးဖြင့္လာသည္။

" ခင္ဗ်ား တစ္ခုခုလိုအပ္လို႔လား "

" အာ ဘာမွမလိုအပ္ပါဘူး၊ ဒီမွာ ဟိုေန႕ကဝတ္စုံေလး လာျပန္ေပးတာ၊ ကိုယ္ေသခ်ာေလွ်ာ္ဖြတ္ေပးၿပီးၿပီ "

​ေန​ေစးသည္ ခြန္စိုင္းလက္ထဲကဝတ္စုံေလးကိုတစ္ခ်က္ၾကည့္ၿပီး ၾကည္လင္ေတာက္ပၿပီးရိုးသားမႈ႕အျပည့္ႏွင့္မ်က္ဝန္းညိုေလးကိုေစ့ေစ့ၾကည့္ကာ ၿပဳံး၏။

" ခင္ဗ်ားယူထားလိုက္ပါ၊ ဒါက က်ဳပ္နဲ႕မွမတန္ပဲ"

" ဘယ္လိုမတန္တာကိုေျပာတာလဲ? ဒါက အက္ဒြက္ပိုင္တဲ့ပစၥည္းေလ ကိုယ္ဘယ္လိုယူနိုင္မွာလဲ၊"

" ဒါက ခင္ဗ်ားအတြက္က်ဳပ္ဝယ္ခဲ့ေပးတာ က်ဳပ္ဝတ္လို႔မတန္ဘူးေရာ္၊ ခင္ဗ်ား ျပန္သိမ္းထားလိုက္ေခ်ေနာ္ "

ဝတ္လို႔ မတန္တာ? ...ေအာ္ မေတာ္တာ ၊ အဲ့လိုေျပာတာျဖစ္မယ္ ။ ဒါေပမယ့္ ဒီဝတ္စုံက ငါတကယ္ယူလို႔ရပါ့မလား ။

ေနေစးကိုၾကည့္ၿပီးေတြေဝေနတဲ့ ခြန္စိုင္းပုံစံေလးက ဘယ္ေလာက္ခ်စ္စရာေကာင္းေနလဲဆိုတာ ခြန္စိုင္းေတာ့မသိ၊ ေနေစးကေတာ့ မ်က္ေတာင္မခတ္ၾကည့္ေနမိသည္။

" ေကာင္းၿပီေလ၊ ဒါကို ကိုယ့္ကိုလက္ေဆာင္ေပးတယ္လို႔ သေဘာထားၿပီးယူလိုက္ပါ့မယ္။ ကိုယ္မျပန္ခင္ မင္းအတြက္လက္ေဆာင္တစ္ခုခုျပန္ထားမယ္ အဲ့အခါက်ရင္လက္ခံရမယ္ေနာ္ "

တဖက္ကဘာရယ္မဟုတ္ေျပာလိုက္တဲ့စကားပါ၊ သို႔ေသာ္အမွန္တရားျဖစ္သည္။ ဒါေပမယ့္ ေနေစးအတြက္ေတာ့ ခြန္စိုင္းေျပာတဲ့အမွန္တရားနဲ႕ စကားလုံးေတြက အဖိုးတန္တစ္စုံတစ္ခုေပ်ာက္ဆုံးသြားသလိုခံစားရသည္။

" အင္းပါ "

စကားေျပာေနရင္းဘမ်က္ႏွာေလးအုံ႕မွိုင္းသြားတဲ့ေနေစး ေၾကာင့္ ခြန္စိုင္းစကားေျပာမွားသြားလားျပန္စဥ္းစားသည္။

" အက္ဒြက္ အခန္းထဲမွာအလုပ္ရွိတာလား..တကယ္လို႔မရွိရင္ ကိုယ္နဲ႕အတူ ၿခံေထာင့္သစ္ပင္ေအာက္က ကြပ္ပ်စ္မွာထိုင္ၿပီးစကားေျပာရေအာင္ေလ၊ ကိုယ္ပ်င္းလို႔ "

" က်ဳပ္လာခဲ့မယ္ "

ေနေစးက အခန္းထဲမွာ အမဲလိုက္ပြဲအတြက္ ျမႇားလုပ္ေနတာမၿပီးျပတ္ေသးဘူး၊ အမဲလိုက္ပြဲရာသီကနည္းနည္းလိုေသးတာေၾကာင့္ ေနေစးက ခြန္စိုင္းေျပာတာကိုလက္ခံၿပီးေခါင္းညွိမ့္လိုက္သည္။ ဒီျမႇားမၿပီးေသးလဲ ဘာအေရးလဲ၊ ေနာက္မွေအးေဆးလုပ္လဲရတာပဲမဟုတ္လား၊ အခုေလာေလာဆယ္ သူ႕ဧည့္သည္ေလးပ်င္းေနၿပီ တဲ့ သူေသခ်ာေပါက္အေဖာ္လုပ္ေပးသင့္သည္။

မနက္ဆယ္နာရီဝန္းက်င္မို႔ အရမ္းပူတယ္မဆိုသာတဲ့အခ်ိန္ ၿခံထဲကကြပ္ပ်စ္ေလးမွာထိုင္ရတဲ့အရသာက တကယ္ေကာင္းမြန္သည္။အရိပ္ေကာင္းစြာရတဲ့သစ္ပင္ႀကီးေအာက္မွာထိုင္ၿပီး  ေလညွင္းေလးတျဖဴးျဖဴးနဲ႕တကယ္ေနလို႔ေကာင္းပါသည္။

" အက္ဒြက္ မေန႕ညက ဘဘႀကီးေျပာတယ္၊ ႐ြာပြဲေတာ္ ေရာက္ေတာ့မယ္ဆို "

" အင္း၊ က်ဳပ္တို႔႐ြာမွာပြဲေတာ္ရက္ဆို သိပ္စည္ကားတယ္၊ ခင္ဗ်ားေတြ႕ပါလိမ့္မယ္ "

" ေအာ္.."

ခြန္စိုင္းက ဒီကိုေရာက္တာ ၇ ရက္ရွိၿပီ၊ ဒီၾကားထဲ ေမေမ့ဆီလဲ စာတစ္ေစာင္၊ ဖုန္းတစ္ေကာေတာင္မေခၚျဖစ္တာေၾကာင့္ ေနာက္ထပ္ရက္အၾကာႀကီးေနလို႔မျဖစ္ေပ။

" ဒါနဲ႕ ပြဲေတာ္ရက္ေရာက္ဖို႔ ဘယ္ႏွရက္ေလာက္လိုေသးလဲ "

ထိုေမးခြန္းေၾကာင့္ ေနေစးက ေရေႏြးၾကမ္းေသာက္ရာကေနရပ္တန့္သြားၿပီး နက္ေမွာင္တဲ့မ်က္ဝန္းေတြကေဆြးရိပ္သန္းကာ ခြန္စိုင္းဘက္ကိုၾကည့္လာသည္။

" ဘာလို႔လဲ? ခင္ဗ်ားျပန္ေတာ့မလို႔လား "

" အင္း ဘယ္လိုေျပာရမလဲ၊ ကိုယ္ေရာက္ေနတာလဲ တစ္ပတ္ေတာင္ျပည့္ၿပီဆိုေတာ့ အၾကာႀကီးဆက္ေနရင္ အက္ဒြက္တို႔ကိုအားနာစရာေကာင္းတယ္ေလ "

ဒါဆိုသူျပန္ေတာ့မွာေပါ့၊ ဒါေပမယ့္ ဘာလို႔လဲ? ဘာလို႔က်ဳပ္ခင္ဗ်ားျပန္မွာကိုမလိုလားတဲ့စိတ္ေတြဝင္ေနမိတာလဲ ။

" အက္ဒြက္..အက္ဒြက္.. "

" ....အင္း,"

" ဘယ္လိုျဖစ္တာလဲ စကားေျပာေနရင္းတိတ္သြားတယ္ "

ေနေစးသည္ ေပါင္ေပၚတင္ထားတဲ့လက္သီးကိုက်စ္က်စ္ဆုတ္၍ သူ႕ေရွ႕မွာ ၿပဳံးကာ ၾကည့္ေနတဲ့ လူႀကီးေလးကိုၾကည့္မိသည္။

* မျပန္ပါနဲ႕ဦးလို႔ တားခ်င္လိုက္တာခင္ဗ်ားရယ္*

" က်ဳပ္တို႔ကိုအားနာလို႔ဆိုရင္ေတာ့ မလိုအပ္ပါဘူး၊ ခင္ဗ်ားက က်ဳပ္တို႔အတြက္ဝန္ထုတ္ဝန္ပိုးမျဖစ္ဘူးေရာ "

" ကိုယ္သိပါတယ္ "

" ခင္ဗ်ားဒီမွာဆက္ေနပါ က်ဳပ္ဒီေဒသရဲ႕လွပတဲ့ေနရာေတြကိုခင္ဗ်ားကိုလိုက္ပို႔ေပးပါ့မယ္ "

စိတ္ရင္းအမွန္နဲ႕ေျပာလာတဲ့ ေကာင္ေလးေၾကာင့္ ခြန္စိုင္းသေဘာက်စြာၿပဳံးလိုက္မိသည္။ ဒီေကာင္ေလးက ထုတ္မေျပာေပမယ့္ ခြန္စိုင္းကိုသူ႕စိတ္ထဲမွာအေလးထားေပးသည္။

" ေကာင္းပါၿပီ ကိုယ္မင္းေျပာသလိုလုပ္ပါ့မယ္ "

" အင္း, "

မလိမ္ရိုးအမွန္ေျပာရရင္ ခြန္စိုင္းရဲ႕အေျဖကေနေစးကိုေပ်ာ္႐ြင္ေစတာေတာ့အမွန္ပင္။ ေနေစးသည္ ခြန္စိုင္းနဲ႕ဒီအေျခအေနေလးကိုသေဘာက်သည္။ ဧည့္သည္ေတြနဲ႕ပက္သတ္လို႔ သူ႕စိတ္ထဲမွာအေမွာင္ဖုံးေနတဲ့ အတိတ္ဆီကကိစၥေတြေၾကာင့္ ခြန္စိုင္း စ,ေရာက္တုန္းကမၾကည္ျဖဴခဲ့တာေတြက အခုျပန္ေတြးမိရင္ သူလြန္ခဲ့တာပဲ။

ထိုစဥ္ ျမည္းခြာသံျပင္းျပင္းနဲ႕အတူ ၿခံထဲဝင္လာတဲ့ အယ္ထူး။

အယ္ထူးသည္ ေနေစးကိုေတြ႕တာနဲ႕ေခါင္းငုံ႕၍အရိုအေသေပးလာသည္။

" ဘာကိစၥထူးရွိလို႔လဲ အယ္ထူး "

" အဲ့တာက..."

အယ္ထူးက ေျပာလက္စ စကားကိုရပ္တန့္ကာ ခြန္စိုင္းကိုၾကည့္လာတာေၾကာင့္ ခြန္စိုင္းကအလိုက္တသိပင္။

" အာ မင္းတို႔စကားေျပာၾကေလ..ကိုယ္အခန္းခဏသြားလိုက္ဦးမယ္ "

ခြန္စိုင္း ထြက္သြားမယ္လုပ္ေတာ့ ေနေစးက ခြန္စိုင္းလက္ကိုျပန္ဆြဲကာ၊

" ကိစၥမရွိဘူး၊ ဒီမွာပဲထိုင္ေန "

" ဟင္? ဒါေပမယ့္ "

" မင္းဆက္ေျပာ..အယ္ထူး "

ေနေစးက ခြန္စိုင္းအျငင္းစကားကိုမသိဟန္ေဆာင္ကာ အယ္ထူးကိုအမိန့္ေပးေတာ့ ခြန္စိုင္းလဲ ေနေစးအနားမွာၿငိမ္ၿငိမ္ေလးျပန္ထိုင္ေနလိုက္သည္။

"လက္ရွိစိုင္းလုံတို႔တည္ေနရာကို ကြၽန္ေတာ္တို႔သူလွ်ိုေတြဆီကသတင္းရခဲ့တယ္၊ ျပန္ေပးဆြဲခံရတဲ့မိန္းကေလးေတြကလည္း အဲ့ဒီမွာပဲရွိေနေလာက္တယ္ "

" ခူးရယ္..ဘာၫႊန္ၾကားခ်က္လုပ္ေနလဲ "

" ဆရာခူးရယ္လဲ ၿမိဳ႕အပိုင္နဲ႕ခ်ိတ္ၿပီး စုံစမ္းစစ္ေဆးေနတုန္းပါပဲ "

ၾကည့္ရတာ ဒီပုံစံအတိုင္းဆို ၿမိဳ႕အပိုင္ကသုံးစားလို႔မရေလာက္ဘူး။ လြန္ခဲ့တဲ့သုံးရက္က တဖက္လူေတြရဲ႕သဲလြန္စတစ္ခ်ိဳ႕ေပးခဲ့ၿပီးတာေတာင္လႈပ္ရွားမႈ႕ကိုေႏွာင့္ေႏွးေနတုန္းဆိုရင္ ဘာလို႔ကိုယ့္ဘာသာဆက္မလုပ္ရမွာလဲ ။

" ေကာင္းၿပီ။ ငါစခန္းကိုလိုက္ခဲ့မယ္ မင္းဒီမွာေစာင့္"

ခြန္စိုင္းက ေနေစးအနားမွာဆက္ထိုင္ေနရေပမယ့္ မျမင္၊မၾကားလူတစ္ေယာက္လိုသာ ေနသည္။ စပ္စုျခင္းမရွိသလို ဝင္ေျပာျခင္းလဲမရွိ။ ဒါက သူတို႔အတြင္းေရးကိစၥဆိုကတည္းက ခြန္စိုင္းကဘာမွသိမေနသင့္တဲ့လူပင္ ။

" စိုင္းဟြမ္ "

" ဟင္.."

" က်ဳပ္ စခန္းဘက္ခဏသြားဦးမယ္ က်ဳပ္ျပန္လာမွ ခင္ဗ်ားကိုတဖက္႐ြာေတြဆီလိုက္ပို႔ေပးမယ္ "

ေနေစး အဲ့လိုေျပာေတာ့ ေဘးနားကအယ္ထူးက ေနေစးကိုထူးဆန္းသလိုၾကည့္တာျမင္ေတာ့ ခြန္စိုင္းျပာျပာသလဲျငင္းသည္။

" အာ ရတယ္ ရတယ္၊ ကိုယ္ကကိစၥမရွိဘူး၊ မင္းလုပ္စရာရွိတာလုပ္ပါ "

" မဟုတ္ဘူး၊ က်ဳပ္ခင္ဗ်ားကိုလိုက္ပို႔ေပးမယ္..က်ဳပ္ကိုေစာင့္၊ ဘယ္သူနဲ႕မွေလွ်ာက္မသြားနဲ႕ "

" ဟမ္? ..အင္းပါ ၊ ကိုယ္မသြားပါဘူး "

ေနေစးက ခြန္စိုင္းကိုမယုံသလိုနဲ႕တစ္ခ်က္ၾကည့္ကာ အေပၚထပ္အိမ္ႀကီးကိုတတ္ၿပီးလိုအပ္တဲ့လက္နက္သြားယူသည္။ အယ္ထူးသည္ ေနေစးေနာက္လိုက္အျဖစ္လုပ္လာခဲ့တာႏွစ္ေတြမနည္းေတာ့ေခ် ။ သို႔ေသာ္ တစ္စုံတစ္ေယာက္မဆိုထားႏွင့္ အဖ ကိုေတာင္အဲ့လိုေလသံနဲ႕မေျပာတဲ့ေနေစးဟာ အခုသူ႕ေရွ႕မွာထိုင္​ေနတဲ့ လူကိုႏူးႏူးညံ့ညံ့ေျပာတာကိုၾကားလိုက္ရတဲ့အခါ သူအိမ္မက္မက္ေနသလားလို႔ေတာင္ထင္မိသည္။

" ထိုင္ပါဦး.. အက္ဒြက္ကၾကာဦးမွာထင္တယ္ "

" ခ ခဏ! !..ဒီကေနာင္ႀကီးက ေနာင္ႀကီးေနေစးကိုဘယ္လိုေခၚလိုက္တယ္ "

" ဟင္? ဘာကိုလဲ "

အယ္ထူးထပ္ၿပီးမအံၾသပဲမေနနိုင္ေတာ့ေပ။ ဘယ္လိုျဖစ္နိုင္မွာလဲ 'အက္ဒြက္'ဆိုတဲ့နာမည္က ဒီနယ္တေၾကာမွာ အဖ ကလြဲၿပီး ဘယ္သူေခၚရဲလို႔လဲ။

" အက္ဒြက္လို႔ေခၚတာကိုေျပာတာလား? ဘာျဖစ္လို႔လဲ "

"ျဖစ္တာေပါ့ ဒီနယ္မေျပာနဲ႕ ၿမိဳ႕ႀကီးမွာေတာင္ ေနာင္ႀကီးေန​ေစးကိုဘယ္သူမွအဲ့နာမည္မေခၚရဲဘူး "

" ဒါေပမယ့္ အဲ့နာမည္ေခၚဖို႔ သူခြင့္ျပဳထားတာေလ၊ ဘာမွမျဖစ္ပါဘူး ဒါကနာမည္ေလးတစ္လုံးပါပဲ "

ဟုတ္တယ္ နာမည္ေလးတစ္လုံးပဲ၊ ဒါေပမယ့္အဲ့နာမည္က ဦးေဆာင္သူရဲ႕အေမ ေပးထားခဲ့တဲ့နာမည္။ ေစာေနေစးအေနနဲ႕ အက္ဒြက္ဆိုတဲ့နာမည္ကိုသုံးတဲ့အခ်ိန္ဟာ အဖြဲ႕အစည္း အစည္းအေဝးႀကီးေတြတတ္ေရာက္ရာမွာ ရာထူးတစ္ခုအေနနဲ႕သုံးသည္။ဒါ့ေၾကာင့္မို႔ ဒီနယ္တေၾကာမွာ ဦးေဆာင္သူကိုမမွားမလုပ္ရဲတဲ့လူတိုင္းက အက္ဒြက္ဆိုတဲ့ ရက္စက္တတ္တဲ့ဒီလူနာမည္ကို ထုတ္မေခၚရဲၾကေခ် ။

အယ္ထူးက ထိုသို႔ေတြးေနေပမယ့္ ခြန္စိုင္းကေတာ့ အဲ့ဒါေတြကိုမသိပဲ အယ္ထူးဘာေျပာခ်င္ေနတာလဲဆိုတာစဥ္းစားေနတုန္းပဲ ။ ထိုစဥ္ ေနေစးက ညိုႀကီးကိုဆြဲၿပီး ခြန္စိုင္းတို႔အနားေရာက္လာသည္။

" စိုင္းဟြမ္ တေအာင့္ေန အဖ ျပန္လာေရာ့မယ္၊ က်ဳပ္ေနာက္က်မယ္၊မေစာင့္နဲ႕လို႔ေျပာေပးေနာ့ "

" ကိုယ္ေျပာလိုက္မယ္ "

ေနေစးသည္ သူျမည္းေပၚတတ္သြားတဲ့အထိကို ခြန္စိုင္းကိုလွည္တျပန္ျပန္နဲ႕ၾကည့္ကာ စိတ္မခ်သလိုမ်က္ဝန္းေတြကအထင္းသား။ ျမည္းနဲ႕အျပင္ဘက္ထြက္ေတာ့မယ့္အခ်ိန္မွာ ခြန္စိုင္းက႐ုတ္တရက္..၊

" အက္ဒြက္ "

ခြန္စိုင္းေခၚသံေၾကာင့္ ေနေစးခ်က္ခ်င္းလွည့္ၾကည့္လာသည္။ တီရွပ္အျပာေရာင္နဲ႕ ပုဆိုးအနက္ေလးဝတ္စားတဲ့လူႀကီးေလးက ေသးငယ္ေပမယ့္ တစ္ရက္နဲ႕တစ္ရက္ ေနေစးအတြက္အၾကည္ဓာတ္ေလးျဖစ္လို႔လာသည္။

" လမ္းမွာဂ႐ုစိုက္ဦးေနာ္၊"

မထင္မွတ္ထားတဲ့ ခြန္စိုင္းစကားေၾကာင့္ ေနေစး အံၾသသြားသလို၊ ေရွ႕မွာေစာင့္ေနတဲ့ အယ္ထူးလဲ အံအားသင့္သြားသည္။

ေနေစး ၁၅ ႏွစ္ကတည္းက တိုက္ပြဲေတြ၊ ဒုကၡေတြနဲ႕ေနသားက်လာခဲ့တယ္၊ ဒါေပမယ့္ အခုလိုမ်ိဳးတစ္စုံတစ္ေယာက္ကသူ႕ကိုေျပာလာခဲ့ျခင္းတစ္ခါမွမရွိခဲ့တာေၾကာင့္ ေနေစးရင္ဘတ္ထဲေပ်ာ္႐ြင္မႈ႕ကအလုံးအရင္းစို႔တတ္လာခဲ့သည္။ အၿမဲတမ္းၿပဳံးေနတတ္တဲ့ ခြန္စိုင္းမ်က္ႏွာေလးထက္ကအၿပဳံးႏုႏုေလးဟာ ဒီတႀကိမ္မွာေတာ့ ေနေစးအတြက္ေတာက္ပတဲ့လမ္းျပၾကယ္ေလးတစ္စင္းလို ေတာက္ပေန၏။

" က်ဳပ္ ဂ႐ုစိုက္ပါ့မယ္ "

သြားဆြယ္ျဖဴျဖဴေလးေတြေပၚတဲ့အထိ၊ ေတာက္ပတဲ့မ်က္ဝန္းေလးေအာက္က မွဲ႕နက္ေလးထင္းလာတဲ့အထိ ၿပဳံးျပလာတဲ့ ခြန္စိုင္းကိုၾကည့္ရင္း ေဆာက္တည္ရာမဲ့လာတဲ့ ႏွလုံးခုန္သံေၾကာင့္ ေနေစးမွာဆက္မၾကည့္ေနနိုင္ေတာ့ပဲ ျမည္းဒုန္းစိုင္းစီးရင္းထြက္လာခဲ့ရသည္။ တစ္စတစ္စ,ပီျပင္လာတဲ့ႏွလုံးခုန္သံေၾကာင့္ ေနေစး နားႏွစ္လုံးရဲရဲနီလွ်က္ ။

* စိုင္းဟြမ္ က်ဳပ္ေတာ့ခင္ဗ်ားေၾကာင့္႐ူးေနၿပီထင္ပါရဲ႕ဗ်ာ *

ၿခံထဲမွာက်န္ေနခဲ့တဲ့ခြန္စိုင္းစာ ထြက္သြားတဲ့ေနေစးကိုၾကည့္ၿပီးစိတ္ထဲမွာခ်ီးက်ဳးေလးစားသလို၊ သူ႕အစားပင္ပန္းမိသည္။ ေနေစးခဗ်ာ သူ႕အသက္အ႐ြယ္နဲ႕မလိုက္ေအာင္ ပုခုံးႏွစ္ဖက္မွာ ထမ္းထားရတဲ့တာဝန္က သူ႕ကိုဖိအားမ်ားေစတယ္။

ခြန္စိုင္းကဧည့္သည္တစ္ေယာက္အေနနဲ႕ ေနေစး ဘာအလုပ္လုပ္လို႔၊ဘာတာဝန္ယူထားရလဲမသိေသာ္လည္း ေသခ်ာတာကေတာ့ ႀကီးမားတဲ့ဝန္ထုတ္ျဖစ္ေလာက္မွာမလြဲ ။ ဘာရယ္မဟုတ္ ၊ ခြန္စိုင္း တစ္ခါတေလေတြးမိတယ္။ အၿပဳံးအရယ္မရွိေတာ့တဲ့အထိ ဒီေကာင္ေလးသူေလွ်ာက္လွမ္းလာတဲ့ဘဝကဘယ္ေလာက္ထိေတာင္ ၾကမ္းတမ္းခက္ထန္ခဲ့သလဲဆိုတာ ခြန္စိုင္းသိခ်င္မိသည္။ ေသခ်ာတာတစ္ခုကေတာ့ ေနေစး ဘဝက ခြန္စိုင္းတို႔ေလွ်ာက္ခဲ့ရတဲ့ဘဝထက္ၾကမ္းတမ္းလြန္းမွာအမွန္ပဲ ။

ကြပ္ပ်စ္မွာထိုင္ရင္း ခြန္စိုင္းတစ္ေယာက္တည္းအေတြးလြန္ေနတုန္း ေနာက္ေဖးေခ်ာင္ကေန ေဒၚေလးအဆိုင္းထြက္လာသည္။

" လူေလး.. ဘာေတြေတြးေနတုန္းကြဲ႕ "

" ေဒၚေလး.."

ေဒၚေလးအဆိုင္းက ခြန္စိုင္းအနားမွာဝင္ထိုင္ေတာ့ ခြန္စိုင္းက ေဒၚေလးကိုေရေႏြၾကမ္းငွဲ႕ေပးသည္။

" ဘာရယ္မဟုတ္ပါဘူးေဒၚေလး၊ ကြၽန္ေတာ့္အလုပ္ကိစၥေလးပါ "

" အင္း၊ လူေလး အလုပ္ကလဲ ဆန္းျပားသားေနာ့၊ ဒီလိုေဒသထိေတာင္လာရတယ္ေရာ္ "

ေဒၚေလးေျပာေတာ့ ခြန္စိုင္းကၿပဳံးသည္။

"ဟုတ္တယ္ေဒၚေလး၊ ဒါေပမယ့္ ကြၽန္ေတာ္ကိုယ္တိုင္က ခရီးသြားရတာသေဘာက်တယ္၊ ကြၽန္ေတာ္ေရာက္ဖူးတဲ့လွပတဲ့​ေနရာေဒသရႉခင္းေတြကို အားလုံးကိုသိေစခ်င္တယ္ေလ "

"မင့္ေျပာတာ ေဒၚေလးေတာ့သိပါဘူးေတာ္၊ အင္း ေဒၚေလးတို႔႐ြာက လူစိမ္းသိပ္မႀကိဳက္ေတာ့ အဝင္အထြက္သိပ္ခက္တယ္ေရာ္ "

ေဒၚေလးနဲ႕စကားစမည္ေျပာရင္း အဲ့အေၾကာင္းေရာက္လာေတာ့ ခြန္စိုင္းသည္ သူမ်ားအေၾကာင္းစပ္စုတယ္မဟုတ္ေသာ္ျငား ေနေစးအေၾကာင္းေတာ့ သိခ်င္စိတ္ျဖစ္မိ၏

" ဟိုေလ..ေဒၚေလးကိုကြၽန္ေတာ္တစ္ခုေလာက္ေမးၾကည့္လို႔ရမလားဗ် "

" ေမးေလကြဲ႕၊ ဘာတုန္း လူေလး "

" အက္ဒြက္က ႐ြာကိုဧည့္သည္လာတာသူမႀကိဳက္ဘူးေျပာတယ္ အဲ့တာဘာျဖစ္လို႔လဲ ေဒၚေလးသိလား "

" ေန..ေနပါဦးလူေလး၊ လူေလး ေစာနကေခၚလိုက္တာ 'အက္ဒြက္' ဟုတ္လား "

" ဟုတ္ကဲ့ေဒၚေလး "

" အိုး.. အဲ့နာမည္ လူေလးကိုဘယ္သူေခၚခိုင္းတုန္း၊ ေနေစးသာသိရင္ သိပ္စိတ္တိုေနမွာေရာ္ "

ေဒၚေလးရဲ႕တုန့္ျပန္မႈ႕က ခုနကလာတဲ့ အယ္ထူးနဲ႕အတူတူပဲမို႔ ခြန္စိုင္းစိတ္ဝင္စားသြားသည္။

" အဲ့နာမည္ကို သူကိုယ္တိုင္ ေခၚခိုင္းထားတာပါေဒၚေလး "

" အလိုေတာ္.. ထူးထူးဆန္းဆန္း "

ေဒၚေလးက တစ္ခုခုကိုစဥ္းစားေနတဲ့ပုံျဖင့္ ေရေႏြးၾကမ္းကိုေသာက္ေနသည္။

" ေဒၚေလး အက္ဒြက္ဆိုတဲ့နာမည္ကဘာလို႔လဲ? ၿပီးေတာ့ အက္ဒြက္က ဧည့္သည္ေတြကိုဘာလို႔မႀကိဳက္တာလဲဆိုတာ အဆင္ေျပရင္ကြၽန္ေတာ္ကိုေျပာျပေပးလို႔ရမလား "

ထိုအခါ ေဒၚေလးက ေခါင္းညွိမ့္ကာ ။

" ၾကည့္ရတာ ေနေစးက လူေလးကိုဧည့္သည္မႀကိဳဆိုေၾကာင္းဒဲ့တိုးေျပာလိုက္​​ၿပီးထင္တယ္ေရာ္၊ သူေျပာတာအတြက္ လူေလးစိတ္ထဲမထားပါနဲ႕ကြယ္ "

" မဟုတ္တာ ကြၽန္ေတာ္စိတ္ထဲဘယ္လိုမွမထားပါဘူး၊ လူတိုင္းမွာ အေၾကာင္းျပခ်က္ရွိပါတယ္၊ အက္ဒြက္လဲအေၾကာင္းျပခ်က္ရွိလို႔ေျပာခဲ့တာေနမွာပါ "

" အင္း တကယ္ေတာ့လဲ အဲ့တာက သူ႕အျပစ္ခ်ည္းပဲေတာ့မဟုတ္ပါဘူးကြယ္၊ အျဖစ္ကဒီလိုပါကြယ္ "

ေနေစးအသက္ ၁၀ ႏွစ္အ႐ြယ္မွာ ႐ြာကိုလူစိမ္းဧည့္သည္ေရာက္လာခဲ့တယ္။ အဲ့ဧည့္သည္က သူ႕အေဖနဲ႕ညီအကိုလိုေနတဲ့သူမို႔ ႐ြာကိုလာတဲ့အခါ ေနေစးတို႔မိဘေတြကအေကာင္းဆုံးဧည့္သည္ၾကတယ္။ ျဖစ္ခ်င္ေတာ့ အဲ့ဧည့္သည္မွာ သမီးေလးတစ္ေယာက္ပါလာတယ္။ ေနေစးက အဲ့ကေလးမေလးကိုသူ႕ညီမေလးလိုသေဘာထားၿပီး ခ်စ္ေပးရွာတယ္။ ဒီလိုနဲ႕ တစ္အိမ္ထဲေန၊ တစ္အိုးထဲစားေနတဲ့ အဲ့ဧည့္သည္က သစၥာေဖာက္ၿပီး ေနေစးတို႔တပ္စခန္းခ်တဲ့ေနရာေျမပုံကိုခိုးၿပီး ရန္သူ႕ဘက္ကိုေပးလိမ့္မယ္လို႔ဘယ္သူထင္မွာလဲ ။

တစ္ရက္မွာ ေနေစးတို႔ တပ္စခန္းကိုတစ္ဖက္ရန္သူဘက္ကဝင္စီးၿပီးသတ္ျဖတ္ခဲ့တဲ့အျပင္ ႐ြာထဲထိပါဝင္ေရာက္ၿပီး အိမ္တိုင္းကိုမီးရွို႔ဖ်က္စီးခဲ့သည္။ အဆိုးဆုံးက ဆယ္ႏွစ္အ႐ြယ္သားတစ္ေယာက္ေရွ႕မွာ မိခင္အေစာ္ကားခံရၿပီးေသသြားခဲ့ရျခင္းပဲ ။အဲ့ေန႕ကစၿပီး ေနေစးကဧည့္သည္ဆိုလွ်င္ဘယ္လိုလူမ်ိဳးမဆို မႀကိဳဆိုတတ္ေတာ့ေပ။

အေဒၚအဆိုင္းရဲ႕ရွင္းျပခ်က္အဆုံး ခြန္စိုင္းမွာေျပာစရာစကားပင္မရွိေတာ့ေလာက္ေအာင္ ရင္ထဲစို႔တတ္ၿပီး မ်က္ရည္ၾကည္တို႔ေဝ့လွ်က္ စိတ္မေကာင္းျဖစြားရသည္။

" ဘယ္လို....ဘယ္လိုေတာင္လုပ္ရက္ၾကတာလဲ"

အတိတ္အေၾကာင္းျပန္ေျပာျပေနရတဲ့ ေဒၚေလးလဲ အေဟာင္းေတြအသစ္ျဖစ္ကာ မ်က္ရည္စတို႔ကို သဘက္ႏွင့္သုတ္ေနသည္။

" တကယ္တမ္းေတြးၾကည့္ရင္ ေနေစးေလးဘဝက သိပ္သနားစရာေကာင္းပါတယ္ကြယ္၊ သူခဗ်ာ တျခားကေလးေတြကစားေနဆဲအ႐ြယ္မွာ သူ႕အေမကိုေစာ္ကားခဲ့တဲ့ ရန္သူကိုသတ္ဖို႔ အ႐ြယ္နဲ႕မလိုက္ေအာင္ရက္စက္တတ္ဖို႔ေလ့က်င့္ခဲ့ရတယ္။ သူ႕အေမမရွိတဲ့ေနာက္ပိုင္းသူ႕ဘယ္ေတာ့မွထပ္မၿပဳံးေတာ့ဘူး၊ စကားလဲသိပ္နည္းသြားတယ္ေရာ္ "

" ....... "

" လူေလးေခၚတဲ့ အက္ဒြက္ ဆိုတဲ့နာမည္က သူ႕အေမကိုယ္တိုင္ေပးခဲ့တာေလ ၊ သူ႕အဖ ကလြဲရင္ ဘယ္သူ႕မွေခၚခြင့္မေပးထားဘူးေရာ္၊ ၾကည့္ရတာ သူ လူေလးကိုသံေယာဇဥ္ရွိတယ္ထင္ပါ့ေရာ္"

ရွင္းျပၿပီးေနာက္ ခြန္စိုင္းနဲ႕စကားခဏေျပာကာ ေဒၚေလးအဆိုင္းက အိမ္အေနာက္ဘက္ဆီျပန္သြားလိုက္သည္။

ကြပ္ပ်စ္မွာ က်န္ေနခဲ့တဲ့ခြန္စိုင္းသည္ သူ႕ကိုေနေစးေျပာဖူးတဲ့ စကားကိုၾကားေယာင္လို႔ေနသည္။ အဲ့ေန႕က ေနေစးေျပာလိုက္တဲ့စကားက သူ႕ဘဝရဲ႕စိတ္ဒဏ္ရာနဲ႕ယွဥ္ၾကည့္လွ်င္ ဘာမွမဟုတ္ခဲ့ဘူး။ ဒီထက္ဆိုးတဲ့စကားလုံးနဲ႕သုံးႏႈန္းၿပီးေျပာခဲ့ရင္ေတာင္ ထိုက္တန္ေသးသည္ပဲ ။

* ေတာင္းပန္ပါတယ္ အက္ဒြက္၊ ကိုယ္မင္းအေပၚအထင္မွားခဲ့မိတယ္။*

________________________________________

တစ္ဖက္မွာ လုံဝမ္႐ြာတပ္ဂိတ္ေရာက္ေနၿပီးျဖစ္တဲ့ ေစာေနေစးဟာ သူ႕တာဝန္ေတြကိုလစ္လပ္မႈ႕မရွိေအာင္လုပ္ေဆာင္လို႔ေနသည္။ အစည္းအေဝးလုပ္တဲ့စခန္းထဲသို႔ဝင္လိုက္တာနဲ႕အဆင္သင့္ေစာင့္ေနတဲ့ ေျဗာရယ္၊ ခူးရယ္ ဘြား နဲ႕ ေမာ့ တို႔က ေနေစးကိုၾကည့္လာသည္။

" ခူးရယ္ အေျခအေနဘာထူးလဲ "

"အရင္ရက္ကက်ဳပ္ၿမိဳ႕အပိုင္ဆီသြားေတာ့ သူက်ဳပ္ကိုအေတြ႕မခံပဲျငင္းခဲ့တယ္၊ မေန႕ကေတြ႕ေတာ့ ဦးေဆာင္သူေျပာတဲ့အတိုင္း အခ်က္အလက္ေတြေပးခဲ့ေပမယ့္ ၿမိဳ႕အပိုင္ဆီက ေလးနက္တဲ့အေျဖမရခဲ့ဘူးေရာ္"

" အဲ့ေခြးမသား ဘာျဖစ္ခ်င္ေနတာလဲ! "

" ေမာ့.. စိတ္ေလွ်ာ့ "

ခူးရယ္ရဲ႕စိတ္တိုင္းမက်တဲ့စကားကိုၾကားေတာ့ ၿမိဳ႕အပိုင္ေတြလုပ္ရက္နဲ႕ပက္သတ္ၿပီးစိတ္ဆတ္တတ္တဲ့ ေမာ့ က ဝင္ဆဲသည္။ေမာ့ စိတ္တိုရင္ ထိန္းမရမွန္းသိေတာ့ ဘြားကဝင္ထိန္းေပးသည္။

ေနေစးကဒီအေျခအေနကိုအေလးအနက္စဥ္းစားၿပီး စားပြဲေပၚျဖန့္ခ်ထားတဲ့ ၿမိဳ႕ႀကီးေျမပုံကိုၾကည့္ကာ ၊

" ဒီလမ္းေၾကာင္းနဲ႕ပက္သတ္ၿပီး တရားဝင္ေဖာက္ထားတာငါမၾကားမိပါလား "

စားပြဲေပၚမွာရွိေနတဲ့ ေျမပုံရဲ႕ေနရာမွင္မွင္လမ္းေလးတစ္ခုစီလက္ညိုးေထာက္ကာ ေနေစးေမးေတာ့ အားလုံးကၾကည့္သည္။

" ဒီလမ္းေၾကာင္းက..."

ခူးရယ္လဲ အနည္းငယ္ေၾကာင္အသြားသည္။ ဒီေျမပုံကို လက္ရွိ ၿမိဳ႕အပိုင္ဆီကသူတို႔ခိုးယူလာတယ္လို႔ေျပာရင္မွန္မည္။ သို႔ေသာ္ ၿမိဳ႕ႀကီးမွာရွိတဲ့လမ္းေၾကာင္းေတြနဲ႕ပက္သတ္ၿပီးသူတို႔အဖြဲ႕မသိတဲ့လမ္းေၾကာင္းရယ္လို႔မရွိ၊ေခ်ာင္ခ်ိဳေခ်ာင္ၾကားေတြေတာင္သူတို႔သိသည္။ဒီလမ္းေၾကာင္းကဘယ္လို...?

ေနေစး က​ တစ္စုံတစ္ခုေတြးမိဟန္နဲ႕ေျပာသည္။

" ေမာ့..လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ​ၿမိဳ႕ႀကီးအေနာက္ဘက္ကေတာအုပ္ကိုမွတ္မိလား၊ အဲ့တာဘယ္လိုျဖစ္သြားလဲ "

" မွတ္မိတယ္၊ အဲ့တုန္းက ေခြးမသားစိုင္းလုံတို႔နဲ႕တိုက္ပြဲျဖစ္တုန္းက မင္း မီးရွို႔ခဲ့တာမဟုတ္လား၊ အင္း ေသခ်ာၾကည့္ရင္ ဒီလမ္းေၾကာင္းကအဲ့ေတာအုပ္နဲ႕မေဝးဘူးပဲ "

ဘြားကဝင္ေဆြးေႏြးသည္။

" ငါထင္တာမမွားရင္ ဒီလမ္းေၾကာင္းကို ငါတို႔စုံစမ္းဖို႔လိုေနၿပီ၊ ဒီေျမပုံကို ငါတို႔အေခါက္ေခါက္အခါခါၾကည့္ခဲ့ၿပီးၿပီ၊ ဒီလမ္းေၾကာင္းကိုမေတြ႕ခဲ့ဘူး၊ တကယ္လို႔ ေနေစးသာမဟုတ္ရင္ ငါတို႔ခုထိေတြ႕ဦးမွာမဟုတ္ဘူး "

တကယ္ေတာ့ ဇမ္မထီဟန္ၿမိဳ႕ဟာ ၿမိဳ႕အႀကီးတစ္ခုေပမယ့္ သူပတ္လည္မွာေတာေတာင္ေတြႏွင့္ ေက်ာက္ေတာင္ေတြဝန္းရံထားတာေၾကာင့္ လူစုံသြားလာေနတဲ့ေနရာတစ္ခုလို႔ေျပာလို႔ရသည္။ ​

ဇမ္မထီဟန္ၿမိဳ႕ေတာင္ဘက္မွာရွိတဲ့ေက်ာက္ေတာင္ဆိုလွ်င္ ခေနာက္စိမ္းထြက္တာေၾကာင့္ ျပည္မႀကီးကတ႐ုတ္အေတာ္မ်ားမ်ားရဲ႕စီးပြားျဖစ္ရာေနရာလို႔ေတာင္ေျပာလို႔ရသည္။ ဒါေၾကာင့္ စိုင္းလုံတို႔အဖြဲ႕မွာ ၿမိဳ႕အပိုင္ကိုေပါင္းၿပီး မိန္းမငယ္ေလးေတြကို လူကုန္ကူးရန္ျပန္ေပးဆြဲဖို႔မခက္ခဲတာလဲျဖစ္သည္။

ဒီကိစၥကိုဆက္လြတ္ထားလို႔မျဖစ္ေတာ့ေခ် ။

" ငါတို႔ ၿမိဳ႕ႀကီးကို ကင္းလွည့္သြားမယ္ "

ေစာေနေစးေျပာေတာ့ က်န္လူေတြက ေနေစးကိုၾကည့္လာသည္။သူတို႔ရဲ႕အၾကည့္ေတြထဲမွာ ေနေစးသာဦးေဆာင္၍အမိန့္ေပးလွ်င္ ဘယ္အရာမဆိုလုပ္ဝံ့တဲ့ေသြးအျပည့္။

" ခူးရယ္ "

" ဟုတ္ကဲ့"

" မင္းတပ္သားႏွစ္ေယာက္နဲ႕ အေနာက္ဘက္ျခမ္းကိုကင္းလွည့္ "

" ဟုတ္ကဲ့ဦးေဆာင္သူ "

ခူးရယ္ကနာခံမႈ႕အျပည့္ႏွင့္ ေနေစးကိုေျဖသည္။ ၿပီးေနာက္ ။

" ေျဗာရယ္ နဲ႕အာ္ထူး က ေတာင္ဘက္ျခမ္းကိုစစ္ေဆး "

" ဟုတ္ကဲ့ဦးေဆာင္သူ "

ထပ္ၿပီးေနာက္ ဆက္ေျပာ၏။

" ဘြား.. မင္းနဲ႕ ေမာ့ က ေျမာက္ဘက္ကဝင္ေပါက္ကိုတစ္ခ်က္စစ္ၾကည့္၊ က်ဳပ္အေရွ႕ဘက္ျခမ္းဆီသြားမယ္ "

" က်ဳပ္တို႔ႏွစ္ေယာက္သြားမွာက ထားပါေတာ့၊ မင္းတစ္ေယာက္တည္းလႈပ္ရွားမလို႔လား "

ေနေစးက ဒီလိုကင္းလွည့္တာေလးေလာက္ေတာ့ သူတပ္သားေတြကိုမေခၚခ်င္ေပ ။ ဦးေဆာင္သူတစ္ေယာက္အေနနဲ႕သူ႕မွာလုံေလာက္တဲ့အရည္အခ်င္းရွိပါသည္။

" မလိုဘူး က်ဳပ္တစ္ေယာက္တည္းသြားမယ္၊ မွတ္ထား..တစ္ခုခုအေရးအေၾကာင္းရွိလာခဲ့ရင္ေတာင္ ႐ြာသူ႐ြာသားေတြေရွ႕မွာ႐ုတ္႐ုတ္သဲသဲမလုပ္ပါနဲ႕၊"

" နားလည္ပါၿပီ "

ထိုသို႔ေျပာၿပီးေနာက္မွာ အားလုံးဟာ သူတို႔ရဲ႕ေျပာက္က်ားဝတ္စုံေတြကိုအရပ္ဝတ္မ်ားနဲ႕ လဲဝတ္ဆင္ကာ ျမင္းကိုယ္စီနဲ႕ထြက္လာခဲ့သည္။

ေစာေနေစးလဲ ထိုအတိုင္းပင္ ေတာင္သူဦးႀကီးတစ္ေယာက္အသြင္သာဝတ္ဆင္၍ ထြက္လာခဲ့သည္။ လုံဝမ္႐ြာတပ္ေခါင္းေဆာင္ ေစာေနေစးသည္ လုံဝမ္႐ြာကိုေစာင့္ေရွာက္ကာကြယ္ျခင္းအျပည့္ေပးသည္။ သို႔ပါေသာ္လည္း ​ဇမ္မထီဟန္ၿမိဳ႕မွာရွိတဲ့ လူေတြကိုလည္းပစ္မထားေပ။ သူဟာ ဘုရားသခင္မဟုတ္ေသာ္လည္း သူ႕အေမရဲ႕ေမြးရပ္ေျမေလးကိုေတာ့ လက္လွမ္းမီသေလာက္ကူညီခ်င္သည္။

ထိုသို႔ႏွင့္ ေစာေနေစးတို႔ ၿမိဳ႕ႀကီးဘက္ကို ႐ုပ္ဖ်က္၍ ကင္းလွည့္ထြက္လာခဲ့ၾကသည္။

     ___________Time Skip___________

ခြန္စိုင္းေန႕လည္စာစားၿပီးခ်ိန္မွာ အိမ္မွာတစ္ေယာက္တည္းပ်င္းတာေၾကာင့္ အိမ္ေရွ႕ကကြပ္ပ်စ္မွာထိုင္ၿပီး ခရီးရဲ႕အမွတ္တရေတြေရးေနခဲ့သည္။

ခြန္စိုင္း အလုပ္လုပ္ေနမွန္းသိေတာ့ ေဒၚေလးတို႔က တခဏေဘးမွာလာၾကည့္ကာ လက္ဖက္သုတ္ပန္ကန္ေလးလာခ်ေပးသည္။ သေဘာေကာင္းလွတဲ့ ေဒၚေလးတို႔ ဘဘႀကီးတို႔ေၾကာင့္ ခြန္စိုင္း ဤအိမ္မွာတည္းခိုရတာတကယ္အဆင္ေျပလွသည္။

ခြန္စိုင္းအလုပ္လုပ္ေနတုန္း အျပင္ကျပန္လာတဲ့ ခြၽန္းဖု နဲ႕ ငဒူးတို႔က စကားတေျပာေျပာႏွင့္ဝင္လာသည္။

" ဗ်ိဳ႕ ေနာင္ႀကီး ဘာလုပ္ေနတုန္းဗ် "

ေျပာရင္းနဲ႕ႏွစ္ေယာက္သား ခြန္စိုင္းအနားသို႔ေရာက္လာၿပီးထိုင္ၾကသည္။

"ကိုယ့္အလုပ္အတြက္စာတန္းျပင္ေနတာပါ၊ ငါ့ညီတို႔ဘယ္ကျပန္လာတာလဲ "

ငဒူးကေျပာသည္။

"က်ဳပ္တို႔ယူစရာေလးရွိလို႔ျပန္လာတာ..အခုျပန္သြားမွာေရာ္ "

" ဟုတ္တယ္ဗ်..ဒါနဲ႕ ေနာင္ႀကီးအိမ္မွာေနရတာ မပ်င္းဘူးလားေရာ္ "

သူတို႔ေျပာေတာ့ ခြန္စိုင္းကၿပဳံးသည္။ ပ်င္းလဲ ဘယ္မွမလည္တတ္ပဲ သူဘယ္ကိုသြားရမွာလဲ၊

" ပ်င္းတာေတာ့ ပ်င္းတယ္၊ဒါေပမယ့္ဘယ္လိုလုပ္မလဲ အကိုမွ႐ြာထဲမွာ အသိမရွိပဲေလ "

" အဲ ဟုတ္သားေနာ့ "

ခြၽန္းဖုကေပ်ာ္ေပ်ာ္ေနတတ္သူဆိုေပမယ့္လဲ စပ္စပ္စုစုလဲရွိသည္။ ငဒူးကေတာ့ ခြန္စိုင္းအတြက္လက္ဖက္သုတ္ကိုသူခ်ည္းႀကိတ္ေနေတာ့သည္။ အခုခါမွာ ခြၽန္းဖု ခြန္စိုင္းကိုၾကည့္ကာတစ္ခုခုစဥ္းစားရင္း၊

"ဒီလိုလုပ္ပါ့လား..က်ဳပ္အေနာက္ဘက္ေတာအုပ္မွာ အစ္ဥသီးသြားတူးမလို႔ ေနာင္ႀကီးေရာလိုက္ခဲ့ပါလား "

အဟြတ္! အဟြတ္!

ခြၽန္းဖု စကားအဆုံး ငဒူးခဗ်ာ လက္ဖက္သုတ္စားရင္းေတာင္သီးသည္။ ပထမတစ္ေခါက္လမ္းမီးတုတ္ထြန္းလိုက္ခဲ့လို႔၊ ဒုတိယတစ္​ေခါက္ျခင္းေတာင္းဆြဲခိုင္းလို႔ဆိုၿပီး ေနာင္ႀကီးေနေစးဆူတာခံရၿပီးၿပီ၊ အခုတစ္ေခါက္ေတာအုပ္ဆိုလွ်င္။

ခြၽန္းဖုေျပာေတာ့ ခြန္စိုင္းက တတ္ႂကြစြာပင္၊

" အဲ့လိုလား..ဒါဆို အကိုလဲလိုက္ခဲ့မယ္ေလ၊ ရလား "

" ရ....အား! "

ငဒူးက ခြၽန္းဖုေပါင္ကိုလိမ္ဆြဲကာ ၿပဳံးဖီးဖီးနဲ႕ ခြန္စိုင္းကိုဝင္ေျပာသည္။

" ဒီေကာင္ေလွ်ာက္ေျပာေနတာ အဲ့ေတာအုပ္ကလမ္းၾကမ္းတယ္ဗ်..ေနာင္ႀကီးေလွ်ာက္နိုင္မွာမဟုတ္ဘူးေရာ္၊ ေနာက္..ေနကပူပူနဲ႕ အိမ္မွာပဲနားေနပါေနာ့ "

" ေဟ့ေကာင္ ဟိုတေလာက ဘႀကီးမုံတို႔အဲ့ဘက္ေတာလမ္းကိုျပင္လိုက္ၿပီေလကြာ "

ငဒူးကပိတ္ေတာ့ ငခြၽန္းက ေဖာ္သည္။ ငဒူး အခုခ်ိန္မွာ ခြၽန္းဖုမ်က္ခြက္ခ်ည္းပိတ္ကန္ခ်င္စိတ္ျဖစ္ေနေတာ့သည္။

" ဟားဟား ငခြၽန္း..မင္းကလဲေသခ်ာ...လို႔လား! ေတာ္ၾကာေန ေနာင္ႀကီးပင္ပန္းေနမွျဖင့္...."

မခ်ိၿပဳံးၿပဳံး၍ ငဒူးတစ္ေယာက္ ခြၽန္းဖု ကိုမ်က္လုံးေတြမွိတ္ျပရသည္မွာ ပိုလီယိုနဲ႕ပင္တူေနၿပီ ဒါကို ႏြားသားေလးကနားမလည္ေသးဘူး။

" ေသခ်ာတာေပါ့ကြ! မင္းသိတယ္မလားငါက ႐ြာမွာဘယ္ေနရာဘာရွိလဲ ကြၽမ္းၿပီးသား "

သူတို႔ႏွစ္ေယာက္စကားဝိုင္းကိုအူလည္လည္နဲ႕နားေထာင္ေနတဲ့ခြန္စိုင္းက အျပင္သြားရမွာမို႔တတ္ႂကြစြာဝင္ေျပာသည္။

"လမ္းၾကမ္းရင္ေတာင္ အကိုေလွ်ာက္နိုင္တယ္ ငါ့ညီတို႔စိတ္မပူနဲ႕..အဲ့တာဆို အကိုလိုက္ခဲ့မယ္ေနာ္"

" ဟ လိုက္ခဲ့လို႔ရတာေပါ့၊ က်ဳပ္ကလမ္းကြၽမ္းၿပီးသားဗ် "

အေပးအယူတည့္ေနတဲ့ ခြၽန္းဖုကိုၾကည့္ၿပီး ငဒူးစိတ္ထဲကႀကိတ္ဆုေတာင္းေနမိေတာ့သည္။

* လမ္းကြၽမ္းတယ္ဆိုတဲ့ႏြားေကာင္..ေနာင္ႀကီးေနေစးျပန္လာရင္ မီးပါကြၽမ္းေတာ့မွာ *

ငဒူး မတတ္သာတဲ့အဆုံး အၿပဳံးခ်ိဳခ်ိဳေလးနဲ႕ ခြန္စိုင္းကိုၾကည့္ကာ ေနာက္ဆုံးေခါင္းညွိမ့္ၿပီးသာေခၚခဲ့ရေတာ့သည္။ ေလွ်ာက္လည္ရမယ္ဆိုတာနဲ႕ေပ်ာ္ေနတဲ့ ခြန္စိုင္းဟာ ေနေစး မွာထားခဲ့တာကို လုံးဝေမ့ေနခဲ့သည္။

>>>>>>>>

ေတာထဲသြားရမွာမို႔ ခြန္စိုင္းက ပုဆိုးကိုလဲကာ ဂ်င္းေဘာင္းဘီဝတ္၍လိုက္လာခဲ့သည္။

ေခါင္းမွာခေမာက္ဝိုင္းတစ္လုံးေစာင္းထားၿပီး
တီရွပ္အဝါေရာင္လက္တိုႏွင့္အေပၚကအျဖဴအမည္းအစင္းၾကားလက္ရွည္အပါးတို႔ကိုထပ္၍ ဂ်င္းေဘာင္းဘီအနက္ေရာင္တို႔ကိုဝတ္ဆင္ထားသည္။ ခြၽန္းဖုနဲ႕ငဒူးက ေက်ာမွာပလိုင္းတစ္လုံးစီလြယ္ထားတာေၾကာင့္ ခြန္စိုင္းလဲသေဘာက်စြာ တစ္လုံးေကာက္လြယ္ၿပီးလိုက္လာခဲ့သည္။ အခုေနမွာ ခြန္စိုင္းပုံေလးကဘယ္လိုေတာင္အသည္းယားစရာေကာင္းေနမလဲေတြးၾကည့္ရင္ေတာင္ခ်စ္ဖို႔ေကာင္းလွသည္။

လုံဝမ္႐ြာထဲကတစ္ခ်ိဳ႕အိမ္ေတြက ခြန္စိုင္းကိုမ်က္မွန္းတန္းသိျဖစ္ေနၿပီမို႔ လမ္းမွာေတြ႕တဲ့အခါ ခြန္စိုင္းကိုလွမ္းႏႈတ္ဆက္တာကို ခြန္စိုင္းကလည္းအၿပဳံးေလးနဲ႕ပင္ေဖာ္ေ႐ြစြာႏႈတ္ဆက္ခဲ့ေသးသည္။

ထိုသို႔ႏွင့္ ခြန္စိုင္းတို႔သုံးေယာက္ ေတာထဲကိုေျခဆန့္ခဲ့ေတာ့သည္။ ကေလးေတြနဲ႕အတူ ကေလးလူႀကီးလုပ္ေနတဲ့ခြန္စိုင္းဟာ ေတာထဲအဝင္လမ္းေဖာက္ထားတဲ့ ေျမနီ႐ြံ႕လမ္းသို႔ေလွ်ာက္ရင္းေလးဘက္ေလးလံၾကည့္ေနေတာ့သည္။

" ေနာင္ႀကီး ၾကည့္ေလွ်ာက္ေနာ့၊ တစ္ခုခုထိခိုက္မယ္ "

" ရပါတယ္ ငဒူးရဲ႕..အကိုေလွ်ာက္တတ္တယ္ "

ငဒူးမွာ ခြန္စိုင္းကိုေခၚသာေခၚလာရတယ္ ရင္တမမႏွင့္၊ သူတကယ္ ေစာေနေစးႀကီးကိုလန့္ေနၿပီေလ ။

" ငဒူးရာ ေနာင္ႀကီးခြန္စိုင္းက ကေလးမွမဟုတ္တာပဲ..မင့္မလဲ ဒုကၡေနာ့ ေနာင္ႀကီး "

" ဟားဟား ဟုတ္သားပဲ "

ခြၽန္းဖု ေရွ႕ေနေခၚေတာ့ ခြန္စိုင္းကသေဘာတက်ရယ္ရင္း ေျပာသည္။ ငဒူးမွာသာ ခြၽန္းဖုကိုသတ္ခ်င္ေန၏။

* ေတြ႕မယ္ ငဒူးေကာင္..ေနာင္ႀကီးေနေစးျပန္လာလို႔ေမးရင္ မင့္လက္ညိုးထိုးျပစ္မယ္ *

ဝါး႐ုံပင္မ်ားႏွင့္ တျခားေသာစိမ္းစိုေနတဲ့အပင္ရွည္မ်ားစြာဟာ ေတာအုပ္အဝင္လမ္းအတြင္မွာပင္ ပိတ္ေအာင္းလို႔ေနသည္။ ေဖာက္ထားတဲ့ေျမညီလမ္းအတိုင္းေတာထဲသို႔ဝင္ၿပီးေနာက္ သူ႕အလိုလိုေပါက္ေနတဲ့ မွိုေတြႏွင့္ တျခားေသာသီးပင္မ်ား အ႐ြက္ပင္မ်ားေတြ႕လာရသည္။အဲ့အခ်ိန္မွာ ခြန္စိုင္းေတြးမိတာက ကင္မရာပင္ ။

* ငါကင္မရာတစ္လုံးေလာက္ရမွာျဖစ္မယ္ မဟုတ္ရင္ ဒါေတြကိုအမွတ္တရမယူသြားနိုင္တာ ႏွေျမာဖို႔ေကာင္းတယ္ *

မွိုေတြဟာ ရွားပါးမွိုေတြျဖစ္ၿပီး တခ်ိဳ႕မွိုေတြက အဆိပ္အေတာက္ျဖစ္ေစသည္။ ဒါ့အျပင္ ေတာထဲရဲ႕ ေတာင္ကုန္းေလးတစ္ခုမွာ ေပါက္ေနတဲ့ ခရမ္းညိုေရာင္ပန္းေလးေတြလဲေတြ႕ရသည္။ ေတာထဲေရာက္တဲ့အခါ ခြန္စိုင္းအပင္အေတာ္မ်ားမ်ားေတြ႕ရသည္။ သို႔ေသာ္ တစ္ခ်ိဳ႕ေသာ္အပင္ေတြဟာ ေဆးဖက္ဝင္လြန္းလို႔ရွားပါးတာကို ခြန္စိုင္းသိသည္။

" ခြၽန္းဖု ဟိုေတာင္ကုန္းေပၚမွာေပါက္ေနတဲ့အပင္ကဘာလဲ "

" ေအာ္ အဲ့တာ နတ္သမီးပန္းေလ၊ ေႁမြဆိပ္နဲ႕ ကင္းဆိပ္ကိုနိုင္တယ္..ဒါေပမယ့္ အဲ့အပင္ကိုလိုတာထက္ပိုလို႔ေတာ့မရဘူး၊ တန္ေဆး လြန္ေဘးေပါ့ဗ်ာ "

" ေအာ္...၊ အဲ့တာဆို ဘာလို႔မခူးၾကတာလဲ "

" မရဘူးေလေရာ္ အဲ့အပင္က သုံးခါနီးခူးမွ မဟုတ္ရင္ ခဏနဲ႕ေသသြားေရာပဲ "

" အာ အဲ့လိုလား "

ထူးထူးဆန္းဆန္ပင္ေတြ႕ရခဲတဲ့အပင္နဲ႕ ခြၽန္းဖု ေျပာျပတာကိုၾကားၿပီး ခြန္စိုင္း ပလိုင္းထဲမွာပါလာတဲ့ Notebookနဲ႕ေဘာပင္ကိုယူၿပီးပုံၾကမ္းဆြဲကာ ေသခ်ာမွတ္သားထားလိုက္သည္။

" ခြၽန္းဖု နဲ႕ ေနာင္ႀကီး အျမန္လာေလး၊ က်ဳပ္တို႔နည္းနည္းသြားဖို႔လိုေသးတယ္ေရာ္ "

" ေအးပါကြ "

ခြန္စိုင္းသည္ လမ္းမွာေတြ႕တဲ့ အပင္ေတြနဲ႕ သီးပင္ေတြကို ခြၽန္းဖုကိုတစ္ခုခ်င္းေမးကာမွတ္သားရင္း ငဒူးတို႔ေျပာတဲ့ အစ္ဥသီး တူးတဲ့ေနရာဆီေရာက္လာခဲ့သည္။

" ကဲ ေရာက္ၿပီ "

ေျပာရင္းနဲ႕ ငဒူး နဲ႕ ခြၽန္းဖုက ပလိုင္းထဲက ေျမတူးတဲ့ေဂၚအေသးေလးကိုထုတ္ကာထိုင္ခ်လိဳက္သည္။ ခြၽန္းဖုက သူယူလာတဲ့ေရဖူးကိုထုတ္လိုက္သည္။

ခြန္စိုင္းတို႔ေရာက္ေနတဲ့ေနရာက ေျမကြက္လပ္ေလးပဲျဖစ္ၿပီးအပင္ငယ္ေလးေတြကလြဲလို႔ဘာမွမရွိတာေၾကာင့္ ခြန္စိုင္းက အေပၚဘက္ကိုေမာ့ၾကည့္၍လိုက္ရွာကာ။

" ငဒူး မင္းေျပာတဲ့ အသီးပင္ကဘယ္မွာလဲ "

" ဒီမွာေလ.. "

ငဒူး လက္ညွိုးထိုးရာကိုၾကည့္လက္ေတာ့ စေတာ္ဘယ္ရီသီးပင္ေလာက္သာရွိတဲ့အပင္ေလးေတြေပါက္ရာျဖစ္သည္။

" အဲ့အပင္လား "

" ဟုတ္တယ္ေလ ဒါကအစ္ဦးအပင္ေလ၊ ဒီမွာ က်ဳပ္တူးျပမယ္ "

စိတ္ဝင္တစ္စားျဖစ္သြားတဲ့ ခြန္စိုင္းက ငုတ္တုတ္ေလးထိုင္ၿပီး ေသခ်ာၾကည့္သည္။ ခြၽန္းဖုကေတာ့ တူးတာအေတာ္ျမန္တယ္။ ငဒူးက ေျမႀကီးကိုလက္နဲ႕စမ္းၾကည့္ၿပီးမွ ထိုေနရာကိုေျမတူးေဂၚနဲ႕ထိုးၿပီးကေလာ္လိုက္သည္။ ထိုအခါ ေျမႀကီးထဲမွာ ခရမ္းေရာင္အညွာေလးအရင္ေပၚလာၿပီး ကြမ္းသီးႏွစ္လုံးစားေလာက္အသီးတစ္လုံးပါလာသည္။

" ဒီအသီးပဲ ေနာင္ႀကီး "

" ဟမ္? "

ငဒူး ေပးတဲ့အသီးကို ခြန္စိုင္းေသခ်ာၾကည့္မိသည္။ ဒီလိုအသီးမ်ိဳးကို ခြန္စိုင္းမျမင္ဖူးေပ။ အညွာေရာ၊အလုံးေရာခရမ္းေရာင္ျဖစ္ေနတာေၾကာင့္ ၾကည့္ရတာ အဆိပ္ျဖစ္မယ့္အသီးနဲ႕ေတာင္တူသည္။

" ဒါက တကယ္ေရာစားလို႔ရပါ့မလားကြာ "

ထိုသို႔ေျပာေတာ့ ခြၽန္းဖုက ခပ္သြက္သြက္အနားသို႔ေရာက္လာၿပီး သူ႕ေရဗူးဖြင့္ကာ ထိုအသီးကိုေျပာင္စင္ေအာင္ေဆးလိုက္သည္။ ၿပီးေနာက္ သူ႕လက္နဲ႕အရမ္း​ေရာင္အခြံကိုႏွစ္ျခမ္းခြဲလိုက္ေတာ့ အထဲမွာလဲ ခရမ္းေရာင္အႏွစ္လုံးေလးထြက္လာသည္။

" ဒီမယ္ ၾကည့္ ..ဒီအထဲကအသီးအေရာင္ကတမ်ိဳးျဖစ္ေနေပမယ့္ သိပ္စားေကာင္းတာေရာ္ "

ေျပာေျပာဆိုဆိုနဲ႕ ခြၽန္းဖု က ထိုအသီးကိုပါးစပ္ထဲထည့္ၿပီးစားလိုက္ၿပီး အမဲေရာင္အေစ့လုံးထုတ္လိုက္သည္။ အံၾသစြာၾကည့္ေနတဲ့ ခြန္စိုင္းကို ငဒူးကရွင္းျပသည္။

" ဒီအသီးက သူ႕ရာသီနဲ႕သူမွ စားေကာင္းတာေနာင္ႀကီးရဲ႕၊ ဒီရက္ေတြ႐ြာမွာပြဲေတာ္ေတြရွိလို႔ ႐ြာသားေတြမေရာက္ေသးတာေနာ့ မဟုတ္ရင္ ေျမႀကီးပဲက်န္မွာ၊ သူတို႔ကအကုန္တူးၾကတာဗ် "

" ေအာ္ အဲ့လိုလား "

"ဟုတ္တယ္..ကဲ ငခြၽန္း မင့္ကခ်ည္းစားေနတယ္ ျမန္ျမန္တူးၿပီး ေနာင္ႀကီးကိုလဲ ေကြၽးေလ "

" ေအးပါကြ ငါသိပါတယ္ "

သူတို႔ႏွစ္ေယာက္ေျမႀကီးေပၚမွာက်က်နနထိုင္ၿပီးအႀကိတ္အနယ္တူးေနတာျမင္ေတာ့ ခြန္စိုင္းလဲစိတ္ဝင္စားကာ ထိုသို႔ေျမေပၚတင္ပေလြခ်ိတ္ထိုင္ၿပီးဝိုင္းတူးေပးေတာ့သည္။ စကားေျပာလိုက္၊ဟာသေျပာလိုက္နဲ႕အေတာ္ေလးေပ်ာ္စရာေကာင္းပါသည္။ ခဏအၾကာ တူးၿပီးေနာက္ ငခြၽန္းက ဖက္႐ြက္အႀကီးႀကီးတစ္ခုကိုခြက္လုပ္ကာ အသီးေတြကိုေဆးၿပီး အတူတူစားၾကသည္။

ခရမ္းေရာင္အသီးကိုပါးစပ္ထဲထည့္ၿပီး တျဖည္းျဖည္းခ်င္းဝါးရင္းအရသာခံေနရင္း ႐ုတ္တရက္ ခြန္စိုင္းမ်က္လုံးတို႔ျပဴးက်ယ္ကာသေဘာေတြ႕သြားသည္။

" အြင္း...စားေကာင္းတယ္ကြ "

" ဒါေပါ့ဗ်..က်ဳပ္တို႔႐ြာက ၿမိဳ႕ႀကီးထက္ေကာင္းတာေတြမွ ေပါသဗ် "

အႂကြားသန္ေလးခြၽန္းဖုက ဒီအခ်ိန္မွာလဲ သူ႕႐ြာေလးကို ႂကြားဖို႔မေမ့ပါ။

အသီးရဲ႕အရသာက စိမ္းစားဥအရသာေလးနဲ႕ ေျမတြင္းေအာင္းအသီးမို႔လားမသိ ၊ အသီးစားခ်ိန္မွာ ေအးေအးေလးျဖစ္လို႔ေနသည္။

" တကယ္စားေကာင္းတယ္"

" ေနာင္ႀကီးႀကိဳက္ရင္ထပ္စား ေရာ့ "

ငဒူး နဲ႕ ခြၽန္းဖု က ခြန္စိုင္းသေဘာက်မွန္းသိေတာ့ ေကြၽးသည္။ အစ္ဥသီးတူးထားတဲ့ ပလိုင္းသုံးျခင္းက ခြန္စိုင္းတို႔သုံးေယာက္သားထိုင္စားတာနဲ႕တင္ ႏွစ္ျခင္းေလာက္ကုန္သြားသည္။ ထိုထဲမွာ ခြန္စိုင္းအစားဆုံးပဲ ။ ထိုသို႔ အဝစားၿပီးေနာက္ ခြန္စိုင္းက ေတာထဲကဟိုနားဒီနားေလွ်ာက္လည္ၾကည့္ၿပီး ေနဝင္ခါနီးမွ အိမ္သို႔သုံးေယာက္သားျပန္လာခဲ့သည္။

" ေဝ့ လူေလး အဝတ္စားေတြလဲ ညစ္ေပလို႔ ဘယ္ကျပန္လာတာတုန္း "

ၿခံထဲဝင္႐ုံရွိေသးတယ္ ျပန္ေရာက္ေနၿပီျဖစ္တဲ့ ဘႀကီးက ခြန္စိုင္းကိုလွမ္းေမးလာသည္။

" ဘဘႀကီး ျပန္ေရာက္ေနၿပီလား "

" ေအး ျပန္ေရာက္ဆို..ၾကာေပါ့ ဘႀကီးလူေလးကိုမေတြ႕လို႔ေတာင္ ေမးေနေသးတယ္ေရာ္၊ ေဟာ့ ငဒူး နဲ႕ ငခြၽန္း မင့္တို႔ကေရာ ဘယ္လိုျဖစ္တုန္း "

ဘႀကီးေမးေတာ့ ဟိုႏွစ္ေယာက္က စပ္ၿဖီးၿဖီးမ်က္ႏွာနဲ႕ရယ္ျပေနသည္။

" ကြၽန္ေတာ္လိုက္လည္ခ်င္တယ္ေျပာလို႔ သူတို႔ကလိုက္ဖို႔ေပးတာဘဘႀကီး "

" ေအာ္..ဘယ္ေတြမ်ားလိုက္ပို႔ခဲ့လို႔ ဒီေလာက္ေပလာရသလဲ လူေလး "

ဘႀကီးေမးတာကို ခြၽန္းဖု ဝင္ေျဖသည္။

" အေဝးႀကီးမဟုတ္ပါဘူး အဖ ရဲ႕ က်ဳပ္တို႔ ေတာအုပ္ဘက္ အစ္ဥသီးသြားတူး႐ုံပါ "

" ေဟ!.. ဒီေကာင္ေတြကြာ၊ လူေလးကိုေတာထဲေခၚသြားရသလားကြ၊ မေတာ္လမ္းမယ္ တစ္ခုခုထိခိုက္မိရင္ ဘယ့္ႏွယ္လုပ္မတုန္း "

ဘႀကီးက ငဒူးနဲ႕ ငခြၽန္းကိုဆူေတာ့ ခြန္စိုင္းက ေရွ႕ကေနကာေပးသည္။

" ဟို အဲ့တာကသူတို႔ကိုကြၽန္ေတာ္ေခၚသြားခိုင္းလို႔ပါ ဘဘႀကီး၊ သူတို႔ေခၚသြားတာမဟုတ္ပါဘူး၊ အခု ဘဘႀကီးညစာစားေတာ့မယ္မလား ကြၽန္ေတာ္အခုေရခ်ိဳးၿပီးျပန္ဆင္းခဲ့မယ္ေနာ္ "

" မေလာဘူး..မေလာဘူး..ေအးေအးေဆးေဆးခ်ိဳးေနာ့၊ ဒါနဲ႕ အက္ဒြက္မေတြ႕မိပါလား "

" ေအာ္ ဟုတ္သားပဲ၊ သူအလုပ္ကိစၥရွိလို႔ထြက္သြားတယ္ ဘဘႀကီး၊ ေနာက္က်မွာမို႔ သူ႕ကိုမေစာင့္နဲ႕လိုမွာသြားတယ္ "

"ေအးေအး၊ ကဲ မင့္တို႔လဲ ေရသြားခ်ိဳးခ်ည္ေတာ့"

" ဟုတ္ကဲ့ "

အခြင့္အေရးရတာနဲ႕ ငဒူး နဲ႕ ငခြၽန္း တို႔ႏွစ္ေယာက္ တခ်ိဳးတည္းလစ္ေျပးသြားတာ အရိပ္ေတာင္မျမင္ရေတာ့ဘူး။

ခြန္စိုင္းလည္း အိမ္ေပၚတတ္ၿပီး ေရဝတ္လဲကာ ေရစည္မွာေရခ်ိဳးၿပီး ညစ္ပတ္ေနတဲ့အဝတ္စားေတြကိုေသခ်ာေလွ်ာ္ဖြတ္ၿပီး လွမ္းထားလိုက္သည္။ ၿပီးေနာက္ ဘႀကီး နဲ႕စကားေျပာရင္း ညစာစားၾကသည္။ အစ္ဥသီးေတြမတရားစားထားတဲ့ ခြန္စိုင္းက ညစာထမင္းသိပ္မစားနိုင္ေပ ။

ညအခ်ိန္ေရာက္ေတာ့ အိမ္ေရွ႕ဧည့္ခန္းမွာဘႀကီးနဲ႕ေရေႏြးၾကမ္းေသာက္ရင္းစကားေျပာၾကသည္။

" ေန႕လည္က အက္ဒြက္နဲ႕ပက္သတ္ၿပီး အဆိုင္းလူေလးကိုကိစၥတစ္ခ်ိဳ႕ေျပာျပတယ္ဆိုကြဲ႕ "

" ဟုတ္ကဲ့ဘဘႀကီး "

" ေအးကြယ္၊ ဒီရက္ေတြမွာ အက္ဒြက္ေၾကာင့္ လူေလးေနရက်ပ္ခဲ့ရင္ ဘႀကီးအားနာမိပါရဲ႕ "

" အာ မဟုတ္တာဘဘႀကီးရယ္၊ ကြၽန္ေတာ္အဆင္ေျပပါတယ္၊ ဧည့္သည္ဆိုေပမယ့္ အိမ္သားေတြအားလုံးက ကြၽန္ေတာ့္အေပၚမိသားစုလိုသေဘာထားေပးလို႔ေတာင္ အေတာ္ေလးအားနာေနမိတာပါ "

ခြန္စိုင္းေျပာေတာ့ ဘႀကီးကၿပဳံး၍ေခါင္းခါကာ.၊

" အဲ့တာမလိုပါဘူးကြယ္၊ ဘႀကီးတို႔က လူေလးကိုတကယ္မိသားစုလိုသတ္မွတ္ထားတာေရာ္။"

ထိုသို႔ေျပာၿပီး ဘႀကီးကေရေႏြးတစ္ငုံေသာက္၍ဆက္ေျပာျပလာသည္။

" အက္ဒြက္ကတကယ္တမ္းၾကည့္ရင္ ေပါင္းသင္းဆက္ဆံရခက္တယ္ထင္ရေပမယ့္ သိပ္သံေယာဇဥ္ႀကီးတတ္တဲ့ကေလးပါ၊ အဲ့တာေၾကာင့္လဲ သူေတာ္႐ုံလူကိုမခင္တြယ္ဘူးေရာ္၊ ဘာပဲျဖစ္ျဖစ္ လူေလးဒီ႐ြာမွာေနေပ်ာ္တယ္ဆိုေတာ့လဲ ဘႀကီးဝမ္းသာပါတယ္၊ "

" ဟုတ္ကဲ့ဘဘႀကီး "

" ဒါနဲ႕ ေျပာရဦးမယ္..တစ္ရက္ႏွစ္ရက္ေနရင္ ဘႀကီးခရီးတိုထြက္စရာရွိတယ္ေနာ့၊ ဒီရက္ေတြမွာ လူေလးကို အက္ဒြက္အေဖာ္ျပဳေပးလိမ့္မယ္ အဆင္ေျပတယ္မဟုတ္လားလို႔ "

" ဟုတ္ကဲ့ အဆင္ေျပပါတယ္ဘဘႀကီး၊ ကြၽန္ေတာ့္ကိုစိတ္မပူပါနဲ႕၊ အိမ္မွာလဲ ခြၽန္းဖု နဲ႕ ငဒူး တို႔ရွိေနတာပဲ "

" အိမ္းး..ဒင္းတို႔ရွိေနလို႔ လူေလးကိုစိတ္မခ်ျဖစ္ရတာေရာ္၊ ဒင္းတို႔ႏွစ္ေယာက္တည္းသာထား..အိမ္ေဇာက္ထိုးကင္ထားလိမ့္မယ္ေရာ္"

ဘႀကီးက ဟာသအေနနဲ႕ေျပာေတာ့ ခြန္စိုင္းသေဘာက်စြာရယ္၏၊ တကယ္တမ္း ခြန္စိုင္းအတြက္ေတာ့  ငဒူး နဲ႕ ခြၽန္းဖုတို႔ကတကယ္ေပ်ာ္တတ္တဲ့ကေလးေတြပါ ။ ဘႀကီးနဲ႕ စကားေျပာၿပီးအိပ္ရာဝင္ခါနီးမွ ခြန္စိုင္းဗိုက္ထဲက တစ္ရစ္ရစ္နဲ႕ ေအာင့္သက္သက္ျဖစ္သလိုခံစားရသည္။

* ဘာလို႔နာေနပါလိမ့္ *

သို႔ေသာ္ ခြန္စိုင္းက အမ်ားႀကီးမေတြးပဲ သူ႕အိပ္ခန္းဆီဝင္၍ အိပ္ေပ်ာ္ေအာင္အိပ္လိုက္သည္။

ထိုသို႔ႏွင့္ ညသန္းေခၚယံအခ်ိန္ေရာက္တဲ့အခါ ခြန္စိုင္းမွာ မ​ေနနိုင္ေတာ့ေပ။ တကိုယ္လုံးပူျခစ္ၿပီး သူ႕အစာအိမ္ကိုအကန္ခံရသလိုဗိုက္ေအာင့္တတ္ၿပီးနာလာတာေၾကာင့္ ႏွဖူးကေခြၽးေတြ႐ႊဲ႐ႊဲစိုလွ်က္ ခႏၶာကိုယ္ကိုပုဇြန္ထုတ္ေကြးလို ေကြးေကြးေလးရွိေနသည္။

* ဗိုက္ေအာင့္တယ္..အားး *

ဘယ္ေလာက္ေတာင္ နာေနသလဲဆိုရင္ သူ႕ရဲ႕စကားသံေတြပင္ လည္ေခ်ာင္းထဲကမထြက္ပဲေအာ္ေနမိသည္။နာက်င္မႈ႕က သူ႕ဗိုက္ထဲကအူေတြျပတ္သြားလားလို႔ေတာင္ထင္မိသည္။

* ေအာင့္တယ္...အားး..ဘယ္လိုလုပ္ရမလဲ *

ေသေလာက္ေအာင္ေအာင့္ေနတဲ့ ခြန္စိုင္းမွာသူ႕ဗိုက္ကိုလက္ႏွစ္ဖက္နဲ႕ဖိထားၿပီး ေခြေခြေလးေနတာ သူ႕ဒူးနဲ႕ႏွဖူးနဲ႕ပင္ထိေတာ့မည္။ ေသေလာက္ေအာင္ခံစားေနရတဲ့ဒီအခ်ိန္မွာ သူ႕စိတ္ထဲေပၚလာသူက...၊

" အက္ဒြက္...."
_______________

ၿမိဳ႕ႀကီးမွာကင္းပတ္လွည့္ၿပီးေနာက္ ေစာေနေစးတို႔ ျပန္လာတဲ့အခ်ိန္ဟာအေတာ္ေလးညနက္ေနခဲ့ၿပီျဖစ္သည္။ အရင္ကဆိုရင္ ေနာက္ဆံတင္းစရာမလိုတဲ့ ေစာေနေစးဟာ စခန္းမွာေဆာက္ထားတဲ့ သူ႕အခန္းရွိရာမွာပဲ အိပ္လိုက္မယ္ဆိုေပမယ့္ အခုေတာ့ အိမ္မွာေနာက္ဆံတင္းစရာလူႀကီးေလးေရာက္ေနတာေၾကာင့္ သူျပန္မွျဖစ္မည္။

ဘြား နဲ႕ ေမာ့ က စခန္းမွာအိပ္တာေၾကာင့္ ေနေစးတစ္ေယာက္တည္းပဲျပန္လာခဲ့သည္။ အိမ္ျပန္ေရာက္တာနဲ႕တိတ္ဆိတ္စြာပင္ ညိုႀကီးကိုျမင္းေစာင္းမွာထားၿပီး အိမ္ေပၚတတ္လာခ်ိန္မွာ ေနေစးသည္ ဧည့္သည္လူႀကီးေလးမ်က္ႏွာကိုျမင္ခ်င္ေပမယ့္ အခ်ိန္ကညနက္ေနၿပီမို႔ တဖက္ကသူ႕အခန္းထဲသြားဖို႔ျပင္လိုက္စဥ္...၊

" အက္ဒြက္..."

ေသးမွင္တဲ့အသံတိုးတိုးပိစိေလးထြက္လာသံေၾကာင့္ ေစာေနေစးေျခစုံရပ္တန့္သြားေတာ့သည္။ ထိုအသံေလးဟာတိုးလြန္းလို႔ ေတာ္႐ုံလူဆိုရင္မၾကားနိုင္ေပမယ့္ တိုက္ပြဲေတြဆက္တိုက္ႏႊဲလာသူကေတာ့ ေလတိုးသံကအစ ဘယ္အရပ္လာသလဲသိသည္မဟုတ္လား။

" အက္ဒြက္...."

ေနာက္တစ္ႀကိမ္ၾကားလိုက္တဲ့အခ်ိန္မွာေတာ့ တစ္ခုခုမွားေနမွန္းသိလိုက္တဲ့ေနေစးက ခြန္စိုင္းအခန္းတံခါးကိုေခါက္သည္။

" စိုင္းဟြမ္..စိုင္းဟြမ္! ဘာျဖစ္လို႔လဲ..တံခါးဖြင့္ "

"........"

ေနေစး တံခါးေခါက္ေနေသာ္လည္းဖြင့္မလာပဲ သူ႕နာမည္ကိုသာတီးတိုးေလး႐ြတ္ေနတဲ့ ခြန္စိုင္းေၾကာင့္ ေနေစးမ်က္ေမွာင္က်ဳံ႕ကာ စိုးရိမ္လို႔လာသည္။ ဒါေၾကာင့္ ေနေစးဟာ ေလာ့ခ်ထားတဲ့အခန္းတံခါးကို သူ႕အားနဲ႕ဖ်က္ခ်ိဳးကာဖြင့္ၿပီး ဝင္လာခဲ့သည္။

" ဟာ! .."

အခန္းထဲေရာက္ေတာ့ ကုတင္ထက္မွာ ေခြေခြေလးလူလွိမ့္ၿပီးေဝဒနါခံစားေနရတဲ့ ခြန္စိုင္းေၾကာင့္ ေနေစးျပာယာခတ္သြားရသည္။ ခ်က္ခ်င္းပဲ ခြန္စိုင္းအနားသို႔သြားၿပီး ခႏၶာကိုယ္ေလးကိုေပြ႕လိုက္ရသည္။

" စိုင္းဟြမ္..ဘာျဖစ္တာလဲ..ဟမ္!..ခင္ဗ်ားဘာျဖစ္လို႔လဲ "

" ေအာင့္တယ္..ဟင့္..ဗိုက္..အ့ "

ကိုယ္ေတြပူျခစ္ၿပီး ႏွဖူးမွာေရာ တကိုယ္လုံးေခြၽးစေတြစို႐ႊဲကာ ဗိုက္ကိုအတင္းဖိထားတဲ့ ခြန္စိုင္းသည္ဘယ္ေလာက္ေတာင္နာက်င္ေနလဲမသိ၊ မ်က္ရည္စေတြပင္ထြက္လို႔ေနေတာ့သည္။ ခြန္စိုင္းနာက်င္ေနတဲ့ပုံစံေလးကိုၾကည့္ၿပီး ေနေစး ႏွလုံးသားကိုတစ္ခုခုနဲ႕ထိုးစိုက္သလိုခံစား​ေနရသည္။ ေနေစး အျပင္ဘက္ထြက္ၿပီး ဘႀကီးတို႔ကိုေခၚမယ့္အခ်ိန္မွာ အခန္းေထာင့္ကစားပြဲေပၚမွာ ပန္ကန္နဲ႕ထည့္ထားတဲ့ အစ္ဥသီးအခြံေတြကိုေတြ႕လိုက္တာေၾကာင့္ သိသြားသည္။

" ခင္ဗ်ားေလးကေတာ့ေလ က်ဳပ္စကားနားမေထာင္ျပန္ဘူးပဲ.."

အစ္ဥသီးကဒီရာသီမွာ အရသာအရွိဆုံးအသီးမို႔ ႐ြာကလူတိုင္းစားၾကတယ္ဆိုေပမယ့္ သူ႕ဓာတ္နဲ႕သူရွိသည္။ ဒီ႐ြာမွာေမြးဒီ႐ြာမွာႀကီးတဲ့လူေတြအေနနဲ႕ ႏွစ္တိုင္းဒီအသီးကိုထမင္းစားေရေသာက္လိုစားေနၾကေပမယ့္ ခြန္စိုင္းလိုၿမိဳ႕ေပၚကလူေတြအတြက္ေတာ့ အဆင္မေျပတဲ့အသီးလို႔ေျပာလို႔ရသည္။

ဘာျဖစ္မွန္းသိသြားတဲ့အခါ ေနေစးမွာ အခ်ိန္မဆြဲရဲ ၊ ခ်က္ခ်င္းပင္ ေရနံဆီမီးအိမ္ကိုယူကာ အိမ္ေနာက္ေဖးဘက္မွာအသင့္ထားတဲ့ ကြၽန္းသစ္နဲ႕ရိုက္ထားတဲ့ ေဆးေသတၱာပုံးဆီေမြေႏွာက္ရွာရေတာ့သည္။ အဝါေရာင္ေဆးပုလင္းအရည္ကိုေတြ႕တာနဲ႕ ေရတစ္ခြက္ခတ္ယူကာ အေပၚထပ္ဆီျပန္တတ္လာခဲ့သည္။

ကုတင္ေပၚမွာေဝဒနါခံစားေနရတဲ့ ခြန္စိုင္းတစ္ေယာက္ ေနေစးထားခဲ့တုန္းကအတိုင္းေလးပဲ ပုံစံမပ်က္ညင္းၫူေနရွာသည္။ ေနေစး ဟာ မီးအိမ္ကို စားပြဲေပၚတင္ကာ ခြန္စိုင္းခႏၶာကိုယ္ေလးကိုပခုံးကိုဖက္၍ေပြ႕ကာ၊

" စိုင္းဟြမ္.. ဒါေလးေသာက္လိုက္..ခင္ဗ်ားသက္သာသြားလိမ့္မယ္ "

" အက္ဒြက္...."

" အင္း၊ က်ဳပ္ျပန္ေရာက္ၿပီ၊ အရင္ဆုံး ေဆးေသာက္လိုက္ေနာ္ "

ေဆးပုလင္းကိုင္ကာပါးစပ္နားေတ့ေပးေပမယ့္ ခြန္စိုင္းသည္ဗိုက္ကနာက်င္မႈ႕ကိုပဲအာ႐ုံစိုက္ကာ ေဆးေသာက္ရန္ပါးစပ္မဖြင့္ေပ။

" စိုင္းဟြမ္ေဆးေလးေသာက္လိုက္ေနာ္..အဲ့တာမွခင္ဗ်ားသက္သာမယ္ေရာ္ "

" ......."

" ဒီေဆးရည္တငုံပဲေသာက္ပါဗ်ာ..မဟုတ္ရင္ ခင္ဗ်ားမသက္သာနိုင္ဘူးေလး "

ေနေစး ေခ်ာ့ေမာ့ေျပာေနေသာ္လည္း အဖ်ားႀကီးေနတဲ့ ခြန္စိုင္းက ေနေစးေပြ႕ထားတဲ့အတိုင္းပင္ ေခြေခြေလးရွိလို႔ေနၿပီး ဘာမွမေျပာေပ။ ဘဝမွာ တျခားတစ္ေယာက္ကိုတစ္ခါမွမျပဳစုဖူးတဲ့ ေနေစးတစ္ေယာက္ဒီအခ်ိန္မွာ အက်ပ္ေတြ႕ေနရသည္။ ခ်ဳပ္ၿပီးပါးစပ္ထဲေလာင္းထည့္ျပစ္လိုက္လို႔ရေသာ္လည္း အဲ့နည္းလမ္းကို ခြန္စိုင္းအေပၚမသုံးခ်င္ေပ ။

" အက္ဒြက္....အာ့ ဗိုက္ေအာင့္..တယ္ ဟင့္ "

" အဲ့တာေၾကာင့္ေျပာတာေလ ဒီေဆးေသာက္လိုက္..ခဏဆို သက္သာၿပီေလ၊ ေသာက္ေနာ္ "

" ဗိုက္ေအာင့္..တယ္ အေမေရ.."

နဂိုေသးငယ္တဲ့ခႏၶာကိုယ္ေလးက အခုေတာ့ပုဇြန္ထုတ္လိုေကြးေကြးေလးနဲ႕ေနေစးရင္ခြင္ထဲျမဳတ္လို႔ေနေတာ့သည္။

ေနေစးသည္ ခြန္စိုင္းကို ဘယ္လိုေဆးတိုက္ရမလဲႀကံေနတုန္း..ဗိုက္နာလြန္းလို႔ သူ႕ႏႈတ္ခမ္းကိုေပါက္​ၿပဲမတတ္ကိုက္ထားတဲ့ ခြန္စိုင္းေၾကာင့္ ေနေစးကထိုႏႈတ္ခမ္း​ေလးကိုဖယ္ေပးလိုက္ရသည္။

" ခင္ဗ်ားႏႈတ္ခမ္း​ေလးေတြကို အဲ့လိုေလွ်ာက္ကိုက္ေနရင္ ဒဏ္ရာျဖစ္ေတာ့မွာပဲဗ်ာ "

ႀကံရာမရတဲ့အဆုံး ေနေစးသည္ အဝါေရာင္ေဆးပုလင္းထဲကေဆးရည္ကိုေသာက္လိုက္ၿပီး ခြန္စိုင္းပါးႏွစ္ဖက္ကိုဖြဖြညစ္လိုက္ေတာ့ အနည္းငယ္ဆူထြက္လာတဲ့ႏႈတ္ခမ္းေလးနဲ႕အတူပါးစပ္ပြင့္လာတဲ့အခါမွာ ႏႈတ္ခမ္းခ်င္းေတ့၍ေဆးေျပာင္းေပးလိုက္ေတာ့သည္။

ခြန္စိုင္းပါးစပ္ထဲဝင္လာတဲ့ေဆးရည္ကိုတစ္ငုံၿမိဳခ်ၿပီးေနာက္ အင္မတန္ခါးသက္လြန္းတဲ့ေဆးရည္ေၾကာင့္ ခြန္စိုင္းမ်က္ေမွာင္​ေလးက်ဳံ႕ကာ ရွိေနဆဲထိုေဆးရည္ကို လွ်ာနဲ႕တြန္းထုတ္လာသည္။ ျဖစ္ခ်င္ေတာ့ ေနေစးကလည္း ေဆးရည္ထည့္ေပးေနဆဲမို႔ ခြန္စိုင္းလွ်ာကေနေစးခံတြင္းထဲသို႔ဝင္သြားၿပီး လွ်ာခ်င္းထိမိသြားသည္။ ႐ုတ္တရက္ႀကီး သူ႕လွ်ာကိုလာထိတဲ့ ခြန္စိုင္းေၾကာင့္ ေနေစးတစ္ကိုယ္လုံးလွ်ပ္စီးလက္သလိုတုန္ယင္ကာ ခ်က္ခ်င္းပဲ ခြန္စိုင္းမ်က္ႏွာအနီးကခြာၿပီး သူ႕ပါးစပ္ကိုလက္နဲ႕အုပ္ကာရွက္သြားသည္။

* ဒါ...ဒါဘယ္လိုအေျခအေနႀကီးလဲ *

စစ္ထြက္တိုက္ရင္ေတာင္ ဒီေလာက္ထိစိတ္လႈပ္ရွားမွာမဟုတ္တဲ့ ေစာေနေစးဟာ အခုေတာ့ သူ႕မ်က္ႏွာတစ္ခုလုံးပူထူၿပီးအေငြ႕ေတြထြက္ေနသလိုခံစားေနရသည္။ သူ႕ရင္ဘတ္ဆီကႏွလုံးခုန္သံက တာေဝးေျပးထားတဲ့လူတစ္ေယာက္လိုေမာဟိုက္ကာေပါက္ကြဲထြက္မတတ္ျဖစ္လို႔ေနေတာ့သည္။

* သူ...သူအခု ငါ့..ငါ့လွ်ာကိုလာထိလိုက္တာလား? ..တကယ္ႀကီး..ထိမိလိုက္တယ္၊ ဒီလူႀကီးေလးကေလ *

ဒါက မေတာ္တဆဆိုေပမယ့္ ေနေစး တစ္ေယာက္သူ႕မ်က္ႏွာေပၚၾကက္ဥတစ္လုံးေၾကာ္လို႔ရေလာက္ေအာင္ေငြ႕ထြက္လုနီးပါး အရွက္ႀကီးရွက္ၿပီး ရန္ခုန္သံေတြကိုလဲအဓိပၸါယ္ေဖာ္ဖို႔ေမ့ေနခဲ့သည္။ ဘယ္လိုေျပာရမလဲ.. အရွင္းဆုံးေျပာရရင္ ဒီခံစားခ်က္ကို သူႏွစ္သက္ေနမိသည္။

သို႔ေသာ္ စိတ္လႈပ္ရွားလြန္းလို႔ေက်ာက္႐ုပ္လိုျဖစ္ေနတဲ့ ေနေစး ရဲ႕အျဖစ္ကိုမသိတဲ့ ခြန္စိုင္းတစ္ေယာက္ကေတာ့ ဗိုက္ထဲေဆးဝင္ၿပီးသက္သာ၍ထင္၊ အသက္ရႉမွန္မွန္ေလးနဲ႕ ေစာေနေစးရင္ခြင္သို႔မွီလွ်က္အိပ္ေပ်ာ္သြား၏ ။

​ေစာ​ေန​ေစးသည္ တခဏအၾကာမွာ ျပန္အိပ္ေပ်ာ္သြားတဲ့ ခြန္စိုင္းကိုၾကည့္ၿပီးေနာက္ သူ႕အၾကည့္ေတြက ခြန္စိုင္းႏႈတ္ခမ္းေလးဆီအေရာက္မွာ သူ႕မ်က္ဝန္းေတြမဲေမွာင္လို႔သြားသည္။

* သူမသက္သာေလာက္ေသးဘူး..ငါတစ္ငုံေလာက္ထပ္တိုက္ၾကည့္ရမလား? *

အဲ့လိုေတြးၿပီး ထပ္တိုက္ခ်င္ေပမယ့္မျဖစ္ပါ၊ ထိုေဆးဓာတ္ကျပင္းတဲ့အျပင္ အာနိသင္ျပတာလဲျမန္သည္ ဒါ့ေၾကာင့္ မလိုအပ္ပဲထပ္တိုက္လိုက္မယ္ဆိုရင္ ခြန္စိုင္းအစာအိမ္အတြက္မေကာင္းေပ။

ဒါေပမယ့္ ေစာေနေစး က ခြန္စိုင္းကို တစ္ငုံေလာက္ပဲျဖစ္ျဖစ္ ေဆးထပ္တိုက္ခ်င္ေသးေပမယ့္ လက္ေလွ်ာ့လိုက္သည္။ ဒါက သူတိုက္ခ်င္လို႔မဟုတ္ပဲ ခြန္စိုင္းေနမေကာင္းလို႔ မတတ္သာပဲတိုက္ရတယ္လို႔သူ႕ကိုယ္သူေျဖသိမ့္ေနေတာ့သည္။

ထို႔ေနာက္ ေစာေနေစးသည္ ခြန္စိုင္းကို ကုတင္ေနရာမွာေသခ်ာျပန္တင္ေပးၿပီးထရန္ျပင္လိုက္စဥ္..၊

" အက္...ဒြက္.. "

အိပ္ေနရင္းတိုးတိုးေလးေယာင္လာတဲ့ ခြန္စိုင္းက မ်က္ေမွာင္ေလးက်ဳံ႕ကာ ေနေစးအက်ီစကိုဆြဲထားေသးသည္။ အဲ့တာကိုေတြ႕ေတာ့ ေစာေနေစးက သေဘာက်၍ၿပဳံးကာ ကုတင္ေအာက္ေျခမွာ ဒူးတစ္ဖက္ေထာက္၍ ကုတင္ေပၚမွာေစာင္းအိပ္ေနတဲ့ ခြန္စိုင္းကိုၾကည့္သည္။

"စိုင္းဟြမ္..ခင္ဗ်ားေလးအဲ့လိုဆက္ျပဳစားေနမယ္ဆိုရင္..က်ဳပ္႐ူးသြားတဲ့အခါ အျပစ္မဆိုနဲ႕ေနာ္ "

ဒါဟာ ခ်စ္ျခင္းလမ္းစတစ္ခုအေနနဲ႕ ေစာေနေစး ပထမဦးဆုံးအႀကိမ္ေျပာျဖစ္တဲ့စကားစုေလးပါ..သို႔ေသာ္ ၾကားေစခ်င္တဲ့ လူႀကီးေလးကေတာ့ ကေလးငယ္တစ္ေယာက္လိုအိပ္ေမာက်ေနေခ်ၿပီ။

* ရက္ေတြက လ,ဆီကိုေတာင္မကူးေျပာင္းေသးတဲ့အခ်ိန္တစ္ခဏမွာ က်ဳပ္ႏွလုံးသားတံခါးက တစ္စုံတစ္ေယာက္ေၾကာင့္ တြန္းဖြင့္စရာမလိုပဲ ခိုဝင္လို႔ရေနၿပီတဲ့လား က်ဳပ္ဧည့္သည္ေလးရာ *

________________________________________

အေျဖာင့္ႀကီးအက္ဒြက္က ေဆးတိုက္ရင္း
တို႔ကေလးကိုအသားယူခဲ့သည္ေပါ့😝
( အမယ္ သူပဲအသားယူၿပီးရွက္ေနေသး ဝြန့္ 🌚 )

# VOTE & CM  PLEASE 🤙
# 15 - Auguest - 2021 - 4:40 PM
# MOEWATHAN 📚🍀

_______________________________________

Continue Reading

You'll Also Like

92K 4K 34
-ဆုေတာင္းေတြသာအမွန္ျပည့္မယ္ဆိုရင္ ကြၽန္ေတာ့္ေဘးနားအၾကင္သူ႐ွိေနေစဖို႔ကို အပူကပ္မိမွာအမွန္ပဲ။ -ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူ...
9.4K 471 12
ဘဝဆိုတာပန်းချီကားတစ်ချပ်လိုပဲ~~ ပန်းချီကားရဲ့ လှပခြင်း ၊ သေသပ်ခြင်းဟာဆေးရောင်ခြယ်တဲ့ ပန်းချီကားပိုင်ရှင်ပေါ်မူတည်တယ် ။
292K 38.4K 29
Time based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲ...
1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.