Saw Nay Say's Travel Blogger...

By moewathane

1.5M 139K 14.5K

#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော... More

Author Note 📌
Description
အပိုင်း { ၁ }
အပိုင်း { ၂ }
အပိုင်း { ၃ }
အပိုင်း { ၄ }
အပိုင်း { ၅ }
အပိုင်း { ၆ }
အပိုင်း { ၇ }
အပိုင်း { ၉ }
အပိုင်း { ၁၀ }
အပိုင်း { ၁၁ }
အပိုင်း { ၁၂ }
အပိုင်း { ၁၃ }
အပိုင်း { ၁၄ }
အပိုင်း { ၁၅ }
အပိုင်း { ၁၆ }
အပိုင်း { ၁၇ }
အပိုင်း { ၁၈ } 🌚🚫
အပိုင်း { ၁၉ }
အပိုင်း { ၂၀ }
အပိုင်း { ၂၁ }
အပိုင်း { ၂၂ } 🔞🚫
အပိုင်း { ၂၃ }
အပိုင်း { ၂၄ }
အပိုင်း { ၂၅ }
အပိုင်း { ၂၆ }
အပိုင်း { ၂၇ }
အပိုင်း { ၂၈ }
အပိုင်း { ၂၉ }
အပိုင်း { ၃၀ }
အပိုင်း { ၃၁ }
အပိုင်း { ၃၂ }
အပိုင်း { ၃၃ }
အပိုင်း { ၃၄ }
အပိုင်း { ၃၅ }
အပိုင်း { ၃၆ }
အပိုင်း { ၃၇ }
အပိုင်း { ၃၈ }
အပိုင်း { ၃၉ }
{ အပိုင်း ၄၀ } ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ💓
စာအုပ်ထပ်တိုးထုတ်ဝေခြင်း

အပိုင်း { ၈ }

38.3K 4.6K 715
By moewathane

>>>>> [ Unicode ] <<<<<

ဒီနေ့မှာ အနောက်ဘက်ရွာက လက်ချီပွဲသွားရမှာဖြစ်သည်။ အနောက်ဘက်ရွာမှာတော့အားလုံးကပျော်ရွင်နေကြသည်။

တစ်ရက်ကနေ နှစ်ရက်နေသားကျလာတဲ့ခွန်စိုင်းဟာ သူ့အိပ်ရာထချိန်ဆိုအလိုလိုနိုးနေခဲ့ပြီဖြစ်သည်။ အိပ်ရာကနိုးတာနှင့် အညောင်းကြောဆန့်ကာ လက်သီးဆုတ်လေးနဲ့မျက်လုံးကိုပွတ်လိုက်တော့မှ မနေ့ကလက်နာထားတာကိုသတိရသွားသည်။ သို့သော် နာကျင်မှု့မရှိတော့တာကြောင့်ကြည့်လိုက်တော့ လက်ဖဝါးတွင်အဝါရောင်နည်းနည်းသန်းနေတာတွေ့လိုက်ရသည်။

* အမ်, ဘယ်လိုဖြစ်တာလဲ..ငါပဲအမြင်မှားတာလား *

သူကိုယ်တိုင်ဆေးလိမ်းထားခြင်းမရှိတာမို့ ခွန်စိုင်းက လက်ဖဝါးကိုကြည့်ပြီးနည်းနည်းတွေဝေနေ၏ ၊

* ငါစိတ်ထင်လို့ဖြစ်မှာပါ..လက်ကဒဏ်ရာကသိပ်မကြီးလို့ပျောက်သွားတာနေမှာပေါ့ *

သူ့အတွေးနဲ့သူတော့ဟုတ်နေတာပင်။ ခွန်စိုင်းသည် ဒီနေ့ အနောက်ဘက်ရွာကလက်ချီပွဲသွားရမှာကိုသတိရလိုက်တော့ အိပ်ရာဆီကထ၍စောင်နဲ့ခေါင်းအုံးကိုသပ်ရပ်စွာသိမ်းကာ ရေခွက်လေးနဲ့အပြင်ထွက်လာခဲ့သည်။ အပြင်ရောက်တော့ ခွန်စိုင်း အမှတ်တမဲ့ပင် နေစေးအခန်းဘက်ကိုကြည့်မိသွားသည်။

* စောသေးလို့ သူမနိုးသေးဘူးထင်တယ် *

ပြီးမှ အောက်ထပ်ကိုဆင်းကာရေစည်ကိုသွား၍ ကိုယ်လက်သန့်စင်လိုက်သည်။

ခွန်စိုင်းအတွေးနဲ့ဆန့်ကျင်ဘက် နေစေးဟာ အောက်ထပ်ကွပ်ပျစ်တွင် ဘကြီးနဲ့အတူ သူ့တပည့်တစ်ယောက်နဲ့စကားပြောနေသည်။

" ဒါကဦးဆောင်သူပြောတဲ့ ဝတ်စုံနဲ့​ရတနာစလွယ်ကြိုးသိုင်း ပါ "

နေစေးသည် ဟိုတနေ့ကအရှေ့တပ်စောင့်ဂိတ်ဆီသွားတော့ ဗြောရယ်ပြန်လာလျှင် မြို့ကြီးကနေ လက်ချီပွဲဝတ်စုံတစ်စုံ နှင့် ရတနာစလွယ်​ကြိုးသိုင်းဝယ်ပြီးလာပို့ရန်မှာထားတာကြောင့် အခုရောက်လာတာဖြစ်သည်။

" ဘယ်လိုလဲ ဒီတစ်ခေါက်ဟိုဘက်ဖထီးငယ်ဆီမှာအဆင်ပြေခဲ့ရဲ့လား ဗြောရယ် "

ဘကြီးကမေးတော့ ဗြောရယ် လေးစားစွာပြန်ဖြေသည်။

" အဆင်ပြေခဲ့တယ်ရော် အဖ ၊ ဖထီးငယ်ကစကားပြောလက်ပေါက်မကပ်ဘူးရော "

" အေး အဲ့လိုဆို မလိုအပ်တဲ့စကားတွေပြောနေစကားမလိုတော့ဘူးပေါ့ကွာ၊ နို့မဟုတ်ရင် ကျုပ်တို့ကစကားပြောရ သိပ်ပျင်းပဲ "

" အဲ့တာတော့အမှန်ပဲဗျို့ "

ဘကြီး နဲ့ ဗြောရယ်နဲ့စကားပြောနေတုန်းမှာ နေစေးက ဘာမှဝင်ပြောခြင်းမရှိ၊ သူစိတ်အာရုံကခွန်စိုင်းအတွက် မှာလိုက်တဲ့ဝတ်စုံနဲ့ရတနာဆီမှာပဲကျရောက်လို့​အထည်သားကို​သေချာစစ်​ဆေးနေသည်။ ဒါကိုတွေ့တော့ ဗြောရယ်ကပြောပြလာသည်။

" ဦးဆောင်သူ ဒီအထည်သားက မြို့ကြီးထဲကဆိုင်တွေထဲမှာစျေးအကြီးဆုံးနဲ့အကောင်းဆုံးပဲရော်၊ ကျုပ်ဝယ်လာတာအဆင်ပြေရဲ့လားဗျ "

နေစေးက အထည်တွေကိုကိုင်ကြည့်လိုက်ပြီးပြန်ဖြေလိုက်သည်။

" အဆင်ပြေတယ် "

နေစေးအတွက် ဝတ်စုံဟာအကောင်းဆုံးရှိပြီးသားမို့ နေစေးဟာ ခွန်စိုင်း လက်ချီပွဲ(လက်ထပ်ပွဲ)သွားဖို့အတွက်ဝတ်စုံကိုအကောင်းဆုံးဖြစ်စေချင်မိသည်။

နေစေးတို့လုံဝမ်ရွာတွင်ဓလေ့တစ်ခုလည်းရှိသည်။ ထိုအရာဟာ လက်ချီပွဲ(လက်ထပ်ပွဲ)လာရောက်သူတွေဝတ်သည့်အဝတ်အစားတွေပင်။ လက်ချီပွဲမှာဝတ်ရတဲ့အဝတ်အစားဟာ ဒီဇိုင်းပုံစံအတူတူကိုမှ ငွေကြေးချမ်းသာသူတွေဟာ အဝတ်ထည်အသားကောင်းကောင်းဝတ်စုံများဝတ်ကြပြီး ဆင်းရဲသူများမှာသင့်တင့်သလောက်သာဝတ်ကြသည်။ သို့သော် ဝတ်ကြတဲ့အကျီ၊ဘောင်းဘီနှင့် ခေါင်းပေါင်းတွေကအစ အားလုံးအတူတူတွေပဲဖြစ်သည်။

ဗြောရယ်နှင့်နေစေးတို့စကားပြောပြီးနောက် ဗြောရယ်ကတပ်စခန်းကိုပြန်သွားသည်။ ခဏအကြာ အပေါ်ထပ်ဆီကဆင်းလာတဲ့အသံနှင့်အတူ ခွန်စိုင်းရောက်လာသည်။

" လူလေး နိုးပလားကွ.."

" ဟုတ်ကဲ့ဘဘကြီး "

နေစေးတို့အနားကိုရောက်လာတဲ့ ခွန်စိုင်းဟွမ်ဆိုတဲ့ဒီလူ​ကြီးလေးဟာ ပုဆိုးလေးတွေဝတ်ရတာကိုအတော်လေးသဘောကျပုံပေါ်ပြီး တခြားလူတွေနဲ့ဆိုမျက်နှာလေးရွင်လန်းပြုံးချိုနေသလောက် နေစေးနဲ့များ မျက်နှာချင်းဆိုင်ရှိရင်တည်ငြိမ်လွန်းသည်။

ခွန်စိုင်းသည်နေစေးနဲ့မျက်နှာချင်းဆိုင်စားပွဲခုံမှာဝင်ထိုင်ပြီး လူမှု့ရေးအရ နေစေးကို ခေါင်းတစ်ချက်ညှိမ့်ကာပြုံးပြနှုတ်ဆက်လိုက်သည်။နေစေးဟာခွန်စိုင်းကိုထပ်မ​ကြည့်​တော့ဘူး​တွေးသော်လည်း သူ့ရှေ့မှာ ခွန်စိုင်းထိုင်လိုက်တဲ့အခါ အရင်ဆုံးလက်ဖဝါးဆီအကြည့်ရောက်သွားသည်။

* ဆေးကကောင်းသားပဲ *

" လူလေးနဲ့အက်ဒွက် ဒီနေ့လက်ချီပွဲသွားရမယ်နော့ "

ဘကြီးပြောတော့ ခွန်စိုင်းက နေစေးကိုလှမ်းကြည့်လိုက်ချိန်မှာ တဖက်ကနေစေးနှင့်အကြည့်ချင်းစုံမိသွား၏

" ကျွန်တော်မှတ်မိပါတယ်၊ ကျွန်တော်တို့ဘယ်အချိန်လောက်သွားရမလဲ ဘဘကြီး "

" အဆာပြေစားပြီးတာနဲ့အဝတ်စားလဲကြတော့နော့ "

" ဟုတ်ကဲ့ "

ထိုစဥ်နောက်ဖေးဆီက ဒေါ်လေးအဆိုင်းက မနက်စာအဆာပြေပြင်ဆင်ပြီးလာပို့တာကြောင့် ခွန်စိုင်းတို့စကားစပြတ်သွားသည်။ နေစေး သူ့အားစကားစတင်၍မပြောတဲ့ ထိုလူသားကိုစိတ်ထဲတနုံ့နုံ့ဖြစ်လို့နေသည်။

စားသောက်ပြီးတဲ့နောက်မှာ နေစေးသည် သူ့ရှေ့ကဝတ်စုံ နှင့် ရတနာဗူးတစ်ခုကိုယူပြီး ခွန်စိုင်းကိုပေးလိုက်သည်။

" ဒါက.."

" လက်ချီပွဲ ဝတ်စုံ "

" ကိုယ့်အတွက်လား? "

" အင်း.. လဲပြီးဆင်းလာခဲ့ချည် "

နေစေးလက်ထဲကဝတ်စုံကိုယူလိုက်ပြီး ခွန်စိုင်းအပေါ်သို့တတ်သွားသည်။

နေစေးရဲ့အပြုံးအရယ်မရှိတဲ့မျက်နှာနဲ့စကားပြောဒဲ့တိုးဆန်တဲ့ပုံစံကို ဘကြီးနဲ့ရွာသူရွာသားအားလုံးကသိတယ်ဆိုပေမယ့် မြို့ပေါ်ကဧည့်သည်လေးတစ်ယောက်ကဘယ်လိုသိနိုင်မှာလဲ၊ ထို့ကြောင့် ဘကြီးက နေစေးဘက်ကိုကြည့်ကာ ၊

" အက်ဒွက် "

" ဟုတ်ကဲ့ အဖ "

" မင်း လူလေးနဲ့သွားလာရတာအဆင်မပြေဘူးဆိုရင် လက်ချီပွဲပြန်လာပြီးနောက် ကျုပ်ချွန်းဖု နဲ့ပဲလည်ပတ်ဖို့စီစဥ်ပေးလိုက်မယ်နော့ "

" ........ "

ဘကြီး ထိုစကားပြောလိုက်တော့ နေစေးသောက်လက်စရေနွေးကြမ်းခွက်ကပါးစပ်နားမှာတင်ရပ်တန့်ကာ ဘကြီးဘက်သို့ကြည့်လာသည်။

" မလိုဘူး အဖ ၊ ကျုပ်အဆင်ပြေတယ် "

" မင်းအဆင်ပြေပေမယ့် လူလေးကြည့်ရတာ မင့်ကြောက်နေသလိုပဲကွယ် သူ့မှာအနေခက်နေပုံ "

" သူ...ကျုပ်ကိုကြောက်နေတယ်လို့ အဖ ထင်လား "

" ဟေ ..ကြောက်မကြောက်ဆိုတာထက် သူအနေခက်နေတာတော့အမှန်ပဲရော် "

ဒီလိုကျတော့လဲ နေစေးစိတ်ထဲမကောင်းပေ၊ နေစေး လည်းသိပါတယ် ခွန်စိုင်းက အိမ်သားတွေရှေ့မှာပြုံးရယ်ပြီးလွတ်လပ်သလောက် သူ့ကိုဆိုရှိန်ပြီးအနေခက်နေတတ်သည်။ ဒါကလည်း သူ့ရဲ့ပင်ကိုယ်အကျင့်ကြောင့်ဖြစ်တယ်ဆိုတာသိပေမယ့်လည်း....။

" ကျုပ်သူ့အပေါ်ကောင်းကောင်းဆက်ဆံပါတယ် အဖ "

အဲ့လိုပြောတဲ့အချိန်မှာ တစ်ချိန်က နေစေးရဲ့အတိတ်ကို​တောင် ဘ​ကြီးသတိရမိသွားသည်။

" ကောင်းပြီ..ဒီကိစ္စနောက်မှပြောကြတာပေါ့နော့၊ ဒါမဲ့ တစ်ခုတော့မှတ်ထား လူလေးက အဖ တို့ရွာလာလည်တဲ့ဧည့်သည် ၊ အချိန်တန်သူ့အိမ်သူပြန်မှာပါ၊ အဲ့တာကြောင့် မင်းစိတ်ကိုသူ့အတွက်အမှောင်မဖုံးပါနဲ့၊ လူလေးကတကယ်ကောင်းမွန်တဲ့ကလေးတစ်ယောက်ပါ "

ဘကြီးကရိုးရှင်းစွာဆုံးမစကားပြောပြီးအပေါ်တတ်သွားပေမယ့် နေစေးက ဘကြီးပြောတဲ့အထဲက 'အချိန်တန် အိမ်ပြန်သွားမယ်ဧည့်သည် ' ဆိုတဲ့စကားကိုနားထဲတဝဲလည်လည်ဖြစ်လို့နေတော့သည်။ ဘာကြောင့်မှန်းမသိ ထိုစကားက နေစေးအတွက်နားခါးလို့နေ၏ ၊

တခဏအကြာတွင် ဘကြီးက မြောက်ဘက်ပိုင်းသွားတာကြောင့် နေစေးက သူ့အဝတ်အစားတွေကိုသေသပ်စွာဝတ်ဆင်ပြီး အိမ်ရှေ့ဧည့်ခန်းမှာ ခွန်စိုင်းကိုစောင့်နေတော့သည်။

" အက်ဒွက် ကိုယ်ပြီးပြီ "

အသံကြောင့် နေစေးမတ်တတ်ရပ်ကာ ခွန်စိုင်းဘက်သို့လှည့်ကြည့်လိုက်သည်။

ဖြူဖွေးတဲ့ခွန်စိုင်းရဲ့အသားအရေနဲ့ လက်ချီပွဲရိုးရာဝတ်စုံတို့လိုက်ဖက်မှု့က နေစေးကိုတခဏမျှငေးမောသွားစေမိသည်။

အသားဖြူဖြူခန္ဓာကိုယ်လေးမှာ အနက်ရောင်နှင့်​ရွှေ​ရောင်စပ်ထား​သော အကျီလက်ရှည်လည်ဂတုံးပုံဟန်နှင့် တစ်စောင်းကျယ်သီးရွှေရောင်များပါရှိပြီး အကျီလက်ကောက်ဝတ်ရဲ့လက်လေးလုံးလောက်အကျယ်ရှိတဲ့အကျီအနားစလေးမှာ ရွှေရောင်ကနုတ်ထွင်းပုံအနုစိတ်လေးပါရှိသည်။ ဒါ့အပြင်ထိုအကျီပေါ်တွင် အလှဆင်ရမယ့်အဆင်တန်ဆာဖြစ်တဲ့ ငွေမှင်ရောင်​'ကြိုး'​လေးကိုအသုံးပြု၍ စိန်တုံးအ​သေး​လေး​တွေစီရီလျှက် စလွယ်သိုင်းကြိုး ကိုလည်း တောက်ပပြီးရိုးရှင်းစွာဝတ်ဆင်လို့ထားသည်။ ခါးတွင်ပတ်ထားသော လက်ငါးလုံးခန့်ရှိ ခါးပတ်မှာ လှပသော ရွှေရောင်ငှက်ပုံအနုစိတ်ကနုတ်ထွင်းပုံသဏ္ဍန်ရှိပြီး အလည်ဆုံမှတ်နေရာတွင် တောက်ပတဲ့စိန်လုံးတစ်လုံးအလှဆင်ထားသည်။

အကျီနဲ့တွဲရက်ဖြစ်တဲ့ အနက်ရောင်နှင့်ရွှေရောင်စပ်ထားသော ဘောင်းဘီကိုဝတ်ဆင်ထားလျှက် ခြေမျက်စိနားလောက်က လက်ငါးလုံးခန့်ရှိတဲ့နေရာမှာ အကျီလက်ကောက်ဝတ်အတိုင်းနည်းတူ ရွှေရောင်ကနုတ်ထွင်းအနုစိတ် ဆင်တူစွာချုပ်ထားသည်။

ခြေထောက်နှစ်ဖက်ရဲ့ ခြေကျင်းဝတ်နေရာမှာ ချုလုံးအသေးလေးတွေပါသော ကြိုးလေးကိုဝတ်ဆင်ထားပြီး ထိုအလုံးလေးထဲမှာ ချစ်စရာကောင်းတဲ့အသံလေးတွေက လမ်းလျှောက်လိုက်တိုင်းမြည်နေတော့သည်။ အမျိုးသားတွေခြေထောက်မှာဝတ်ရတဲ့ ထိုခြေကျင်းဝတ်ဟာ ရွှေရောင်ကနုတ်ထွင်းရှိပြီး လက်ကောက်ပုံသဏ္ဍန်နဲ့ ဝိတ်ရှိသည်။ သို့သော် လူ​ကောင်သေးငယ်တဲ့ ခွန်စိုင်းအတွက်ကို နေစေး က ထိုအရာကိုမဝတ်စေပဲ သီးသန့်အသေးလေးတစ်ခုသာမှာပေးခဲ့တာကြောင့် နည်းနည်းမိန်းမဆန်တယ်ထင်ရပေမယ့် တကယ်လိုက်ဖက်လှသည်။

ခွန်စိုင်းရဲ့ချောမောလှတဲ့မျက်နှာလေးနဲ့ပို၍လိုက်ဖက်ညီသည်မှာ ခေါင်းပေါင်းသိုးမွှေးအဖြူရောင်လေးဖြစ်သည်။ ရိုးရှင်းစွာနှင့်ကြည်ငြိမ်တဲ့ရုပ်သွင်ပြင်ရှိတဲ့ ခွန်စိုင်းပုံစံကိုကြည့်ရင်းနဲ့ပင် နေစေး မှာ အိန္ဒြေမဆည်နိုင် ။

တကယ်ပါ နေစေး ဘဝတစ်လျှောက်လုံး ဒီလောက်လှပတဲ့အမျိုးသားကိုတစ်ခါမှမတွေ့ခဲ့ဖူးချေ ။

တဖက်မှာရပ်နေတဲ့ ခွန်စိုင်းဟာလည်း သူ့ရှေ့မှာယောက်ကျားပီသစွာရပ်နေတဲ့ နေစေးရဲ့ချောမောမှု့ကြီးကိုကြည့်ပြီး မျက်တောင်မခတ်မိချေ ။ သို့သော် နေစေးက သူ့ကိုစေ့စေ့စပ်စပ်ကြည့်နေတာကြောင့် ရှက်ပြုံးပြုံးကာ သူ့ဂုတ်ပိုးလေးကိုပွတ်ကာ..၊

" ဟို.. ကိုယ်ဒီဗူးထဲမှာပါတဲ့ ချိန်းကြိုးလေးတွေကို ဝတ်စုံထဲမှာတပ်ထားတဲ့အတိုင်းပဲတပ်ခဲ့တာ၊ ကိုယ် တပ်ထားတာအဆင်ပြေရဲ့လား "

အဲ့တော့မှ နေစေးက ခွန်စိုင်းဆီကနေ မသိမသာအကြည့်လွှဲပြီး..၊

" အင်း.. "

" ဟုတ်လား၊ တော်သေးတာပေါ့၊ ကိုယ်ကမှားမှာစိုးရိမ်နေတာ "

ရတနာဗူးလေးထဲက စလွယ်ကြိုးနှင့် ခါးမှာပတ်တဲ့ကြိုးလေးရဲ့ ပမာဏစျေးတန်ဖိုးကိုမသိတဲ့ ခွန်စိုင်းဟာ ဒီဝတ်စုံဝယ်လို့ ဒီဗူးပါတာပဲအထင်နှင့်စိတ်ပေါ့ပါးစွာဝတ်လျှက်။ ခွန်စိုင်း မသိတာကို နေစေး အနေနဲ့လည်းပြောပြဖို့ အစီစဥ်မရှိချေ။

" ကျုပ်တို့သွားရအောင်၊ နောက်ကျနေမယ် "

ထိုသို့ပြောပြီး ခပ်သွက်သွက်ဆင်းသွားတဲ့နေစေးကိုသေချာကြည့်လျှင် နေစေးရဲ့နားရွက်လေးတွေရဲရဲနီနေတာတွေ့ရမည်။

ဝတ်စုံနဲ့ဖိနပ်ဟာဝမ်းဆက်မို့ ခွန်စိုင်းသည်ကြိုးသိုင်းချည်မှဝတ်လို့ရတဲ့ ထိုဖိနပ်လေးကိုကြည့်ပြီး မချည်တတ်ဖြစ်ရသည်။ သူ့ရှေ့မှာ နေစေး ကြိုးချည်သွားတာခပ်မြန်မြန်နဲ့လွယ်လှတယ်ထင်ရပေမယ့် လက်တွေ့မှာ မလုပ်တတ် ။

" သွားရအောင် "

နေစေး ပြောလိုက်တော့ ခွန်စိုင်းက ဖိနပ်စီးတဲ့နားမှာ ငုတ်တုတ်လေးထိုင်ရင်း နေစေးကိုမော့ကြည့်လာပြီး အကျီအနားစလေးကိုမသိမသာလှမ်းဆွဲလိုက်မိသည်။

" ........ "

မော့ကြည့်လာတဲ့ ခွန်စိုင်းပုံစံလေးက နေစေးအတွက်တော့ အပြစ်လုပ်ပြီး အဆူခံဖို့အသင့်ရှိနေတဲ့ယုန်လေးလိုပင် ချစ်ဖို့ကောင်းလွန်းနေတော့သည်။

"ဘာဖြစ်လို့တုန်း "

" ကိုယ်...ဖိနပ်..မချည်တတ်လို့ "

တွန့်ဆုတ်စွာပြောလာတဲ့ ခွန်စိုင်းစကားကြောင့် နေစေးကခြေထောက်ဆီကြည့်လိုက်တော့ တကယ်ပင်ဘာမှမချည်ရသေး။

" အ အပန်းမကြီးရင်လေ ကိုယ့်ကိုတစ်ခါလောက်သင်ပြပေးပါလား "

မျက်နှာလေးက ကလေးလေးလိုချစ်စရာကောင်းလွန်းနေတဲ့ ခွန်စိုင်းကြောင့် နေစေး ရင်မှာတစ်မျိုး​လေးဖြစ်ရသည်။

" သေချာလိုက်မှတ်ထား "

" အင်း အင်း ကိုယ်မှတ်ထားမယ် "

ခွန်စိုင်းက ချည်ပုံချည်နည်းပြောပြမယ်ထင်သော်လည်း နေစေးက ခွန်စိုင်းရှေ့သို့ ဒူးတစ်ဖက်ထောက်ထိုင်ကာ ဖိနပ်ကြိုးကိုကိုင်ပြီး သေချာဂရုတစိုက်ချည်ပေးလာတာမို့ အံသြသွားရသည်။

" ရ.. ရပါတယ် ကိုယ့်ဘာသာလုပ်လိုက်ပါ့မယ် "

" ဒီကြိုးလေးကို ခြေကျင်းဝတ်မှာနှစ်ပတ်ချည်ပြီး အနောက်ဘက်ကနေသိုင်းကြိုးချည်ရတယ် ပြီးမှ ဖနောင့်စွပ်ပြီးဝတ်ရတယ်၊ ဒီဖိနပ်ကြိုးမစီးဖူးတဲ့လူဆိုရင်နည်းနည်းတော့နာတယ်၊ ဂရုတော့စိုက် "

ခွန်စိုင်းပြောတာကိုနားမထောင်ပဲ ဖိနပ်ကြိုးသိုင်းပုံ ချည်ပြပြီးပြောပြလာတဲ့နေစေကြောင့် ခွန်စိုင်းမှာလက်လျှော့လိုက်ရသည်။

ဖိနပ်ဆီအာရုံရောက်နေတဲ့ နေစေး ကို ခွန်စိုင်းသေချာကြည့်မိသည်။

နီကျင်ကျင်အသားရည်နဲ့ ထွားကြိုင်းတဲ့ခန္ဓာကိုယ်အရပ်အမောင်းအပြင် ကြည့်ကောင်းတဲ့ ဒီလူငယ်လေးဟာ စကားပြောရာမှအပေါက်လမ်းကြောင်းမတတ်သော်လည်း စိတ်ထားလေးကောင်းတာ ခွန်စိုင်းသိပါသည်။
ခွန်စိုင်းတစ်​ယောက် နေစေးရဲ့မျက်တောင်ရှည်တွေကိုကြည့်ပြီး သဘောကျ၍ပြုံး၏ ၊ ခြုံငုံပြီးသာ ပြောပြရရင် စောနေစေး ဆိုတဲ့ ဒီလူငယ်ဟာ တကယ်ပင်ယောပ်ကျားပီသလှသည်။

" ​ပြီးပြီ "

ထိုသို့ပြောပြီး နေစေးက မော့အကြည့်..ခွန်စိုင်းကလည်း နေစေးကို စိုက်အကြည့်နဲ့တိုးကာ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းနီးကပ်သွားပြီးနှာခေါင်းထိပ်လေးတွေပင်ထိလုမတတ်ဖြစ်သွားတာကြောင့် နှစ်ယောက်သားကြောင်အစွာ တစ်ယောက်မျက်လုံးကိုတစ်ယောက်စိုက်ကြည့်ပြီးနောက်မှအသိဝင်လာကြပြီး အနေခက်သွားကြသည်။

" အက်...အက်ဒွက်အရင်ဆင်းနှင့်၊ ကိုယ်လိုက်ခဲ့မယ် "

" ကောင်းပြီ "

နေစေး လည်း ​နေရခက်စွာနဲ့အိမ်အောက်ဘက်ဆီထွက်လာခဲ့သည်။

ကျန်ခဲ့တဲ့ ခွန်စိုင်းတစ်ယောက်သာ ရင်ထဲမှာကမ္ဘာပျက်မတတ်ရှက်ရွံ့နေတော့သည် ။ သူ့အသက်၂၇နှစ်ရှိပြီ သူ့အခု သူခိုးလူမိဖြစ်သွားတာလား ? ဒါက အတော်လေးရှက်ဖို့ကောင်းတယ် ။

ဒုတ်..ဒုတ်..ဒုတ်..ဒုတ်..!(ရန်ခုန်သံ)

တဖက်က နေစေး လည်း အောက်ထပ်အရောက်မှာသူ့နှလုံးခုန်သံတွေကမူမမှန်တော့ချေ ။ နီးကပ်စွာတွေ့လိုက်ရတဲ့ ခွန်းစိုင်းရဲ့ချောမောလှပတဲ့မျက်နှာလေးနဲ့ တောက်ပတဲ့မျက်ဝန်းတစ်စုံက သူ့အားစိုက်ကြည့်နေတဲ့အချိန်လေးကိုတွေးမိပြီး နေစေး စိတ်တွေအစိုးမရချင်တော့ပေ ။

* ကျစ်! ဘယ်လောက်ပဲလှပပါစေ သူက ယောက်ကျားလေးတစ်ယောက်ပဲ၊ ဘာလို့ ဒီလိုဖြစ်ရတာလဲ *

ဘဝမှာတစ်ခါမှအချစ်နဲ့မတွေ့ကြုံဖူးတဲ့ နေစေးဟာ သူ့နှလုံးသားဆီက ရန်ခုန်သံကိုလစ်လျှုရှူခဲ့သည်။ အထူးသဖြင့် အမျိုးသားတစ်ယောက်ကိုရန်ခုန်မိတဲ့ သူ့ကိုယ်သူလည်း သဘောမကျပေ ။

* ကျုပ် ခင်ဗျား နဲ့ ဝေးဝေးနေမှဖြစ်တော့မယ် စိုင်းဟွမ် *

>>>>>>>> Time skip <<<<<<<<

အနောက်ဘက်ရွာတစ်ရွာလုံးဟာ ဒီနေ့မှာလုပ်တဲ့ လက်ချီပွဲ ( လက်ထပ်ပွဲ ) ကြောင့်ပျော်ရွင်စွာစကားသံတွေအတူလှုပ်လှုပ်ရှားရှားဖြစ်နေရသည်။ ဒီနေ့ပွဲတွင်ရောက်ရှိလာတဲ့အမျိုးသမီးတွေသည်လည်း သူ့ထပ်ငါအပြိုင်လှပမှု့ကိုယ်စီနဲ့ အကောင်းဆုံးအဝတ်အစားတွေနဲ့အဆင်တန်ဆာတို့ကိုဝတ်ဆင်ထားကြပြီး ယောက်ကျားသားများကလည်း သူတို့ရဲ့ဂုဏ်အရှိန်အဝါ မြင့်တတ်စေရန်အလို့ငှာ အဖိုးတန်ကျောက်တွေကိုစလွယ်သိုင်းထားကြသည်။

ဒီလက်ချီပွဲပြုလုပ်ရာနေရာသည် သတို့သားဘက်ကအိမ်တွင်ဖြစ်သည်။ သတို့သားဖြစ်သူဟာမြို့ကြီးမှာကောင်းမွန်တဲ့စီးပွားရေးအခြေခိုင်ကျနေတဲ့ လူတစ်ယောက်မို့ ရွာတွင်လဲအခြေအနေသင့်တင့်သလောက်ရှိ၏ ၊ ဒီရွာ၏ဓလေ့မှာ လက်ချီပွဲလုပ်ရင် သတို့သားအိမ်မှာသာလုပ်ခွင့်ရှိတာမို့သတို့သားအိမ်မှာ ကျင်းပကြသည်။

အနည်းငယ်ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ စားပွဲဝိုင်းအသေးလေးနှင့် လူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ဖို့အတွဲခုံလေးတွေနှင့် အုပ်စုဖွဲ့ထိုင်ရန်အတွက်လည်း ခုံ အများအပြားထားရှိလို့ထားသည်။ ထို့ကြောင့် လက်ချီပွဲကိုလူဘယ်နှယောက်လာပါစေ ထိုသို့ခုံလေးတွေရိုက်ထားတာကြောင့် လူရှုတ်ထွေးမနေပဲ သူ့နေရာနှင့်သူရှိပြီး ပျော်စရာအလွန်ကောင်းသည်။

လက်ချီပွဲ စ တော့မှာမို့အိမ်တွင်လည်းရွာရှိလူစုံသလောက်ရှိနေခဲ့ပြီဖြစ်သည်။

"အငဲ ဒီနေ့ပွဲကို နော်အဲလာ လာလောက်မလား? "

" ဘယ်သိမတုန်းတော့.."

"ပြောသံကြားတာတော့ အရှေ့ရွာက ဦးဆောင်သူ လာမယ်ဆိုတော့ ပြောမရဘူး သူလာလောက်တယ်နော့ "

သုံးယောက်တစ်တွဲခုံမှစုထိုင်နေတဲ့ လုံမပျိုများက တီးတိုးပြောစကားများပြောနေလေသည်။

လက်ချီပွဲသို့လာရောက်တဲ့ဧည့်သည်တွေကို အိမ်ရှင်တွေကလိုလေသေးမရှိဂရုစိုက်ပေးနေသည်။ ယောက်ကျားလေးတွေနှင့်မိန်းကလေးတစ်ချို့ဟာလည်း မိတ်ဖွဲ့ကာစနောက်စကားပြောနေစဥ် ခြံဝန်းရှေ့မှာရပ်လိုက်တဲ့နွားလည်းကြောင့်အားလုံးရဲ့အကြည့်ကအပြင်ဘက်ဆီ ဘယ်သူများလဲ ဆိုကာလှည့်ကြည့်ကြသည်။ ထိုသူဟာ တစ်ခြားမဟုတ် အနောက်ဘက်ရွာလူကြီးသမီးဖြစ်သူ 'နော်အဲလာ' ဖြစ်သည်။

အနောက်ဘက်ရွာလူကြီးရဲ့တစ်ဦးတည်းသောဖြစ်တဲ့ နော်အဲလာ သည် ရွာလေးရွာရဲ့အချောဆုံးအလှဆုံးမိန်းကလေးလို့ကျော်ကြားပြီး သူမရဲ့အလှဟာတကယ်ပင်ချီးကျုးလို့ထိုက်တန်သည်။

ရွာလေးရွာရှိ ယောက်ကျားလေးအများစုက နော်အဲလာ နှင့် လက်ချီ ဖို့တောင်းဆိုသူတွေမှာအများပြားရှိသည်။ သို့သော် နော်အဲလာ က မာနကြီးသည်။ အနောက်ရွာမှာ နော်အဲလာ တို့အဖေဟာပိုက်ဆံရှိလူတန်းစားတစ်ရပ်လို့ပြောရမည်။ ဒါ့ကြောင့် သူမအဖေဟာ တစ်ဦးတည်းသောသမီးမို့မျှော်လင့်ချက်ကြီးကြီးထားပြီး အမြင့်တတ်စေချင်တဲ့စိတ်နှင့် သူမရဲ့ကိုယ်ရည်ကိုယ်သွေး ၊ ပညာ ၊ စီးပွားရေးနှင့် ပေါင်းသင်းဆက်ဆံမှု့တွေကို များစွာသင်ယူစေသည် ။ ဒါကြောင့် သူမဟာ ဒီရွာလေးရွာမှာ သူမနဲ့ထိုက်တန်သူသည် ဦးဆောင်သူ ဖြစ်တဲ့ စောနေစေး တစ်ယောက်သာရှိတယ်လို့ ယူဆထားသည်။

ကျောလည်လောက်ရှိနက်မှောင်တဲ့ဆံကေသာနှင့် လှပတဲ့မျက်နှာလေးပိုင်ဆိုင်ထားတဲ့ နော်အဲလာသည် သူမရဲ့တောက်ပတဲ့မျက်ဝန်းတစ်စုံ နဲ့ အနီရောင်နှုတ်ခမ်းရဲရဲလေးတို့ဖြင့်လှပမှု့တို့ကိုဆောင်သည်။

သိုးမွှေးခေါင်းပေါင်းလေးဝတ်ပြီး ဆံပင်ကိုဖြန့်ချထားတာကြောင့် သူမပုံစံလေးကယဥ်ယဥ်လေးနဲ့လှပမှု့အပြည့်။ ဒါ့အပြင် အနီနဲ့အနက်အရောင်စပ်ထားသောလက်ချီပွဲရိုးရာဝတ်စုံ ပတ်ထမိန်ဝမ်းဆက်ကိုဝတ်ထားသောသူမဟာ ပတ္တမြားကျောက်စလွယ်သိုင်းကြိုးလေးကိုလွယ်ထားပြီး ကျော့မော့စွာပင် ခြေလှမ်းဖွဖွလှမ်း၍ ပွဲထဲရှိလူအများရဲ့အာရုံစူးစိုက်မှု့ကိုယူ၏

" အိုး နော်အဲလာ ရောက်ပြီပေါ့..လာကွယ် သမီးသူငယ်ချင်းကအပေါ်ထပ်မယ် လူကြီးတွေနဲ့စကားစမည်ပြောနေတုန်းကွဲ့ "

အိမ်ရှင်တွေက နော်အဲလာကိုတွေ့တော့ ဖော်ရွေယဥ်ကျေးစွာထွက်၍ကြိုဆိုကြသည်။ အားလုံးထဲမှာမှ အထူးအရေးပေးခံရတာမျိုးကိုကြိုက်တတ်တဲ့ နော်အဲလာ ဟာ သူမအပြုံးတို့ကိုပီပြင်စွာအလှဆုံး၍ ၊

"ရပါတယ် ဒေါ်လေး၊ သူပြင်ဆင်လို့ပြီးမှ ကျွန်မတတ်သွားလိုက်ပါ့မယ် "

​ကြွားဝါစိတ်​လေးရှိ​နေတဲ့ နော်အဲလာ က သူ့အလှတရားကိုဒီလူတွေကိုကြွားဖို့ရှိနေချင်သေးသည်။

ထိုစဥ်အပေါ်ထပ်ဆီက သတို့သမီးလောင်းလေးကလှမ်းအော်ပြောလာသည်။

" အမိုး နော်အဲလာ ရောက်ပြီဆို အထဲခေါ်ခဲ့ပေးနော့..အကိုနေစေး ရော ရောက်ပြီလား အမိုး "

" လာတော့မယ်ထင်တယ်ရော်..သူတို့မှီပါတယ် "

နော်အဲလာသည် နေစေး ဆိုတဲ့အသံကြားတာနဲ့ချက်ချင်းမျက်လုံးအရောင်တောက်ပသွားပြီးနှုတ်ခမ်းကပြုံးသွားသည်။

* အကို ရှင်ရောလာမှာလား *

စောနေစေးဟာ သူမနဲ့ငယ်စဥ်ကအရမ်းရင်းနှီးတယ်မဟုတ်ရင်တောင် ခေါ်ပြောနှုတ်ဆက်ရှိသည်။ သို့သော် နောက်ပိုင်းမှာတော့သူစိမ်းတွေထပ်ပင်စိမ်းသက်သွားတဲ့ စောနေစေး က တည်တန့်တဲ့မျက်နှာနဲ့အမှုအယာကင်းကဲ့နေရင်တောင် သူမနဲ့ထိုက်တန်သူက စောနေစေးဆိုတဲ့ ဦးဆောင်သူပဲရှိတာမို့ သူမပိုကြိုးစားရမည်မလား။

နော်အဲလာသည် နေစေးကိုစောင့်ရင်းမိန်းကလေးတွေနဲ့စကားပြောရင်း စောင့်နေလိုက်သည်။

" ဟော ပြောရင်းဆိုရင်း နေစေးတို့ရောက်ပေါ့"

မြည်းခွာသံနဲ့အတူခြံရှေ့မှာမြည်းရပ်ပြီးဆင်းလာတဲ့နေစေးသည် သူ့နောက်ကလူသားပိစိရဲ့တွယ်ဖက်ခြင်းကိုလည်းတင်းကျပ်စွာဖက်ခံထားရသေးသည်။

အကြောင်းမှာနေစေးတို့ဒီကိုလာခါနီး မြည်းလှည်း မရတာကြောင့် နေစေး မြည်းနဲ့ပဲလာခဲ့ရသည်။ သို့သော် မြို့သားအချောလေးက မြည်းစီးသေအောင်ကြောက်တတ်မှန်းဘယ်သူသိမှာလဲ ။

" စိုင်းဟွမ် ကျုပ်တို့ရောက်ပြီ "

" ဟင်, အင်း ရောက်ပြီလား "

" အင်း ရောက်ပြီ၊ ကျုပ်ဆင်းဦးမယ် "

ဆွဲဖယ်လိုက်ခြင်းမရှိပဲ နေစေးပြောလိုက်မှ သူဘာလုပ်ထားလဲသတိရသွားတဲ့ ခွန်စိုင်းဟာ ရှက်​ပြီးသူ့လက်ကိုကပြာကယာဖယ်လိုက်ပြီး ၊

" ကိုယ်..ကိုယ်တောင်းပန်ပါတယ် "

" ရပါတယ် "

နေစေး မြည်းပေါ်ကဆင်းပြီး မြည်းဇာတ်ကြိုးကိုကိုင်ကာ ခွန်စိုင်းဆင်းဖို့စောင့်ပေးနေပေမယ့် ခွန်စိုင်းမှာတော့ ကြောက်လန့်၍ ခက်ခက်ခဲခဲဆင်းလိုက်ရသည်။ မြည်းပေါ်က ကုန်းကွကွကြီး ဘယ်သူဆင်းလို့လဲ..အဲ့တာကြောင့် နေစေးက ခွန်စိုင်းမြည်းပေါ်က ဆင်းတဲ့ပုံစံကိုကြည့်ပြီး ကြိတ်ရယ်မိသည်။

" ဟူး..မောလိုက်တာ.. "

တောင်မို့တစ်ခု တတ်ရသူလိုခံစားနေရတဲ့ ခွန်စိုင်းကိုကြည့်ကာ နေစေးမျက်ဝန်းမှာပြုံးရိပ်သန်းရပြန်သည်။

* ဘယ်လိုလေးတုန်းဗျာ *

ခွန်စိုင်းအကျီကစလွယ်သိုင်း​ကြိုးတလွှဲနေရာဖြစ်နေတာမြင်တော့ နေစေးသည် ခွန်စိုင်းအနားကပ်ပြီး ပြုပြင်ပေးလာသည်။

" ရပြီ ၊ သွားမယ်.. "

" အင်း အင်း "

ဒီနေ့မှသဘောကောင်းနေတဲ့ နေစေးကြောင့် ခွန်စိုင်းနည်းနည်းအံသြနေမိသည်။ ဘာက သူ့ကိုသဘောကောင်းစေလိုက်တာလဲ? ။

*ဘာပဲဖြစ်ဖြစ် ဒီကောင်လေးနဲ့ အဆင်ပြေနေတော့လဲ မဆိုးပါဘူး *

အိမ်ဝန်းထဲဝင်တာနဲ့ ပွဲကိုလာရောက်တဲ့လူတွေအကုန်လုံးက နေစေး နဲ့ ခွန်စိုင်းကိုစပ်စုသလိုနဲ့ဝိုင်းကြည့်နေကြသည်။

ရှင်ဘုရင်လိုတည်ငြိမ်တဲ့သွင်​ပြင်ရှိ​ပြီး..အပြုံးအရယ်မရှိတဲ့မျက်နှာနှင့် တစ်သမတ်တည်းရှိတဲ့စိတ်ထားနဲ့အတူ လူတိုင်းနဲ့ရောနောစွာနေခြင်းမရှိတဲ့ နေစေးရဲ့ အရှိန်အဝါကလူတိုင်းရဲ့စိတ်ကိုလေးစားမှု့နဲ့အတူ အမှားမလုပ်ရဲတဲ့အခြေအနေတစ်ခုဖန်တီးပေးသည်။ ဒါ့အ​ပြင် နေစေးနောက်မှာလိုက်ပါလာတဲ့ ခွန်စိုင်းဟာ သူတို့အတွက်လူစိမ်းမို့အထူးအဆန်းဖြစ်နေတာဖြစ်သည်။

" နေစေးတို့လာ​ကြ​ပြီလား ၊ ကျုပ်တို့မယ် မင့်တို့ကိုစောင့်နေတာရော် "

အသက် ၆၀ အရွယ်လူကြီးတစ်ယောက်ကအိမ်ရှင်ဖြစ်ပုံရသည်။ နေစေးတို့ကိုဖော်ရွှေစွာဧည့်ကြို၏ ၊ ပြီးတော့ ထိုဦးလေးကြီးအကြည့်တွေက ခွန်စိုင်းဘက်သို့ရောက်လာတဲ့အခါ နေစေးက မိတ်ဆက်ပေးလာသည်။

" ဒါကျုပ်တို့ရွာကိုလာလည်တဲ့ ကျုပ်ဧည့်သည်"

" အိုး..ဟိုးရက်ကကြားမိပါသေး.. အဖတို့ရွာဆီ ဧည့်သည်တစ်ယောက်ရောက်လာတယ်ဆိုတာ ဒီလူငယ်လေးထင်တယ်နော့ "

ဦးလေးကြီးပြောတော့ ခွန်စိုင်းက ယဥ်ကျေးစွာဝင်နှုတ်ဆက်သည်။

" တွေ့ရတာဝမ်းသာပါတယ်ဦးကြီး ကျွန်တော်နာမည် ခွန်စိုင်းဟွမ်ပါခင်ဗျ "

" ဦး​ကြီးတို့လဲတွေ့ရတာဝမ်းသာပါတယ်ကွယ်"

ခွန်စိုင်း မိတ်ဆက်သံအဆုံး အနီးအနားမှာကိုယ်စီကိုယ်ငှထိုင်နေကြတဲ့ ရွာသူရွာသွားတွေရဲ့အကြည့်တွေဟာ အလွန်ချောမောလှပနေတဲ့ ခွန်စိုင်းဆီမှာစုပြုံလျှက် ။ စောနကထိ နော်အဲလာ ကိုအလှဆုံးလို့ထင်မှတ်ထားကြတဲ့သူတို့ဟာအနီးရှိ ယောက်ကျားပျိုတစ်ဦးဖြစ်တဲ့ ခွန်စိုင်းရဲ့တည်ငြိမ်ပြီးချောတဲ့ကောင်လေးမျိုးတွေ့လိုက်တော့ သူတို့အာရုံက ခွန်စိုင်းဆီမှာအပြည့်ရှိနေသည်။

နော်အဲလာ သည် သူမရရှိထားတဲ့အရာတစ်ခုကိုဆုံးရှုံးလိုက်ရသလိုခံစားမှု့နဲ့အတူ နေစေး ဘေးမှာရပ်နေတဲ့ တစ်စုံတစ်ယောက်ကိုမနာလိုဝန်တိုဖြစ်နေမိသည်။

နေစေးတို့မတ်တတ်ရပ်ပြီးစကားပြောနေတုန်းမှာ နော်အဲလာ က နေစေး တို့ဆီလျှောက်လာခဲ့သည်။ ရွာသူရွာသားတွေက နော်အဲလာ ဟာ နေစေးကိုကြိုက်နေမှန်းသိတာကြောင့် သူတို့လုယူချင်ရင်တောင် နေစေး ဟာ သူတို့ပြိုင်ဘက်မဖြစ်နိုင်မှန်းသိတာကြောင့်ရှေ့မတိုးရဲပေ ။ သို့သော် သူတို့မသိတာက သူမဟာ နေစေးနဲ့ဘာမှမသက်ဆိုင်တဲ့လူဆိုတာပင် ။

" အကို "

ငြိမ့်ညောင်းသိမ်မွေ့တဲ့အသံလေးနဲ့အတူ နတ်သမီးတမျှလှပမှု့တွေထင်ပေါ်နေတဲ့ နော်အဲလာသည် နေစေးကိုပြုံးကာနှုတ်ဆက်တာကြောင့် နေစေးတစ်ချက်လှည့်ကြည့်လိုက်သည်။
သို့သော် နေစေး သည် သူ့ရှေ့က သူမကိုတွေ့လိုက်တဲ့အချိန်မှာ မျက်နှာမှာအမှုအရာတစ်မျိုးဖြတ်ပြေးသွားရသည်။

" အကို မတွေ့ရတာတောင်ကြာပေါ့၊ နေကောင်းရဲ့လား "

တဖက်မိန်းကလေးက စကားပြောနေသော်လည်း ချက်ချင်းတုန့်ပြန်ခြင်းမရှိပဲ နေစေးသည် သူမကိုကြည့်ကာတိုရင်းလိုရှင်း 'အင်း'တစ်လုံးသာဖြေလိုက်သည်။

နေစေးရဲ့တုန့်ပြန်မှု့က နော်အဲလားကိုရှိုးတိုးရှန်းတန်းဖြစ်သွားစေသည်။ သူမဟာ ဒီရွာလေးရွာရဲ့ယောက်ကျားတိုင်းလက်ချီပွဲလုပ်ချင်သူအမျိုးသမီးတစ်ယောက်ဖြစ်သောကြောင့် နေစေးရဲ့အပြုအမှု့က သူ့အတွက် ရှက်စရာပင် ။ သို့သော် သူမရဲ့သိက္ခာကိုထိန်းသိမ်းဖို့အတွက်လှပတဲ့အပြုံးတစ်ခုကိုတော့ ပြုံးနေဆဲပဲ ။

နော်အဲလာ က နေစေးနဲ့စကားပြောရင်း ဘေးက ခွန်စိုင်းကိုခြေဆုံးခေါင်းဆုံးကြည့်ကာအကဲခတ်သည်။ လူတစ်ယောက်ကိုပေါ်တင်ကြည့်တာကရိုင်းတယ်ဆိုပေမယ့် နော်အဲလာကဂရုမစိုက်ပါချေ။

* ဟက် ရုပ်လေးကမဆိုးပါဘူး၊ ဒါပေမယ့် စိတ်မပူပါဘူး ဒင်းဘယ်လောက်ချောချော မိန်းကလေးမှမဟုတ်တာ၊ငါဘာစိတ်ပူစရာရှိလဲကွယ် *

လေထုက ကသိ့ကအောင့်နိုင်တဲ့အ​ခြေအနေမှာ အိမ်ရှင်က ဝင်ပြောသည်။

" အမ်, အဲ့တာဆို ထိုင်ဦးနော့..ကျုပ်အပေါ်မယ်ပြင်စရာရှိသေးလို့ "

" ကောင်းပါပြီ "

ခုံတွေအများကြီးရှိတဲ့အနက် သူမက နေစေးနဲ့အတူထိုင်ရန်အခွင့်အရေးကိုဆုတ်ကိုင်၏။

" အကို ဟိုဘက်မှာသွားထိုင်ရအောင် "

မျက်လုံးတွေအားလုံးရှေ့မှာမိန်းကလေးတစ်ယောက်ကိုငြင်းလိုက်မယ်ဆိုလျှင် ယောက်ကျားကောင်းတစ်ယောက်မဟုတ်တန်ရာကျသွားမယ်ဆိုတဲ့ စိတ်နဲ့ နေစေးက သူမကိုခေါင်းတစ်ချက်သာညှိမ့်ပြပြီး နောက်ကခွန်စိုင်းကိုကြည့်ကာ..။

" လျှောက်မသွားနဲ့.. ကျုပ်အနားမှာပဲနေ "

" အင်း, ကိုယ်မသွားပါဘူး "

ပူပန်မှု့ကင်းစွာနဲ့ပြုံးပြလာတဲ့ ခွန်စိုင်းမျက်နှာလေးက ကြည့်လိုက်တိုင်းအေးချမ်းဖွယ် ။ နော်အဲလာ သည် နေစေးရဲ့ အခုလိုမျိုးတစ်စုံတစ်ယောက်အပေါ်စိုးရိမ်တာမျိုးမတွေ့ဖူးတာကြောင့် သူမမှာ အမျိုးသားတစ်ယောက်ရလိုက်တဲ့အခွင့်အရေးအပေါ်မနာလိုဝန်တိုမိသည်။ ဒီအခွင့်အရေးက ဘာကြောင့်ငါအတွက်မဖြစ်ရတာလဲ ။

ထိုင်ခုံရွေးရာမှာ နော်အဲလာက နေစေးနဲ့နှစ်ယောက်ထိုင်ခုံဘက်ဆီကိုသာရွှေးပြီးဦးတည်သွားတာကြောင့် နေစေး မျက်မှောင်ကျုံ့ကာ နေည်အဲလာကိုအကြည့်စူးစူးတစ်ချက်ကြည့်လိုက်သည်။

* ဘယ်လိုတောင်မယဥ်ကျေးတဲ့မိန်းကလေးလဲ!နောက်မှာ စိုင်းဟွမ် ပါနေတာကိုဂရုမစိုက်တဲ့သဘောလား! *

" အကို ဒီမှာထိုင်ရအောင် "

ခွန်စိုင်းသည် သူ့ရှေ့က မိန်းကလေးနဲ့ နေစေးတို့ရဲ့ပက်သတ်မှု့ကိုမသိပါ၊ စိတ်လဲမဝင်စားပါ၊ ဒါ​ပေမယ့်အခုချိန်မှာ ခွန်စိုင်းက နေစေးတို့ဆီသို့ လာလည်တဲ့ဧည့်သည်တစ်ယောက်မို့ ဒီလက်ချီပွဲမှာအသိမရှိပေ ။ သို့သော် သူများအတွဲကိုလည်းမနှောက်ယှက်ချင်တာကြောင့် ထိုင်ခုံရှိရာဆီကြည့်လိုက်တော့ ခုံလွတ်တွေရှိနေဆဲမို့ သူတို့အတွဲကိုလစ်လျှုရှူကာ တခြားခုံမှာသွားထိုင်ရန်ပြင်လိုက်စဥ်....။

" ခင်ဗျား ဘယ်မှာထိုင်ဖို့စိတ်ကူးနေတာလဲ "

ရုတ်တရက် ခွန်စိုင်းလက်ကိုသူ့ဘက်သို့လှမ်းဆွဲကာ မေးလာတဲ့ အက်ဒွက် ။

" ဟို.. ကိုယ်က မင်းတို့နှစ်ယောက်ကိုအနှောက်ယှက်မဖြစ်စေချင်လို့ပါ "

" ဘာ.. "

ခွန်စိုင်းပြောလိုက်မှအခြေအနေဆိုးသွားသလားမပြောတတ် ၊ နေစေးမျက်မှောင်ကျုံ့ကာ ခွန်စိုင်းကိုပေါက်ထွက်မတတ်စိတ်ကြည့်နေ၏

" ကျုပ်နဲ့လာထိုင် "

" အင်းပါ "

ကိုယ့်ထက်ငယ်ပေမယ့် အတော်ဒေါသကြီးလောက်မယ့် နေစေးရဲ့ဒေါသအိုးကို ခွန်စိုင်းစိန်မခေါ်ရဲပါ ။ ခုနက ကောင်မလေးဘယ်ရောက်သွားလဲကြည့်လိုက်တော့ နှစ်ယောက်ထိုင်ခုံတစ်ခုမှာ သူမတစ်ယောက်တည်းထိုင်လို့နေသည်။

* ဒီကောင်လေး မိန်းကလေးတစ်ယောက်တည်းထားပြီး ဒီမှာလာထိုင်နေတယ်? သူ့ကိုသူများပြောမှာမစိုးရိမ်ဘူးလား? ငါတို့ရန်ကုန်ကကောင်တွေနဲ့များကွာပ *

အတွေးလွန်နေပြီး နော်အဲလာဆီအကြည့်ပို့ထားမိတဲ့ ခွန်စိုင်းကြောင့် နံဘေးမှာထိုင်နေတဲ့ နေစေးက သူ့လက်ထဲကရေနွေးကြမ်းဖန်ခွက်ကိုတင်းတင်းဆုတ်ကိုင်ထားရင်း ခွန်စိုင်းကိုဒေါသနှင့်ကြည့်နေလေသည်။

* ခင်ဗျား ဘာကြောင့်သူမကိုကြည့်နေရဲတာလဲ!*

လူတိုင်းဖြစ်ဖူးကြတယ်မဟုတ်လား ကိုယ်အတွေးထဲမှာတစ်စုံတစ်ရာကိုတွေးနေပေမယ့် အကြည့်တွေက အရာဝတ္တု ဒါမှမဟုတ် လူတစ်ယောက်ဆီပို့ထားမိတာမျိုး ဒါပေမယ့် အဲ့တာတွေကိုကြည့်နေတာလားဆိုတော့ မဟုတ်ဘူး ။ တွေးတဲ့လူကတော့ သူ့အတွေးထဲမှာမျှောနေတာပဲ ။ အခုလည်း ခွန်စိုင်းကအဲ့လိုဖြစ်နေတာ ဒါပေမယ့် နေစေးမှမသိပဲ ။

ထိုစဥ် ခပ်ငယ်ငယ်မိန်းကလေးနှစ်ဦးတို့တီးတိုးပြောသည်။

" ဒီက အကို က သိပ်ချောတာပဲရော် "

" ဟုတ်ပါ့အေ..အသားလေးများလဲဖြူလို့.. ကျုပ်ဟိုနေ့ကအမဲလိုက်တုန်းကတွေ့ခဲ့တဲ့ယုန်အတိုင်းပဲ"

( A/N မိန်းမပီသချက် 😂 )

မိန်းကလေးနှစ်ယောက်တီးတိုးပြောတာကိုကြားနေရတဲ့ခွန်စိုင်းဟာ ရိုးသားလွန်းတဲ့က​လေးမ​တွေကိုသဘောကျစွာပြုံးလိုက်မိသည်။ ထို့နောက် လက်ချီပွဲကို သူ့ရိုးရာအတိုင်းလုပ်ဆောင်သွားပြီးနောက် အားလုံးပျော်ပျော်ပါးပါးစကားဖောင်ဖွဲ့ပြော​ကြဆို​ကြ ၊ပျော်ရွင်နေကြတော့သည်။

ခွန်စိုင်းသည် ခြံဝန်းကျယ်ရဲ့ကွပ်ပျစ်အကျယ်တစ်ခုမှာထိုင်ပြီး ကခုန်နေကြတဲ့ရွာသူရွာသားများကိုကြည့်ပြီး ပြုံးရယ်နေမိတော့သည်။ ဒီအချိန်မှာ သူ့ကင်မရာထည့်ဖို့​မေ့လာတဲ့ ဦးနှောက်ကိုသာထုချင်တော့သည်။

ရိုးရာဝတ်စုံခေါင်းပေါင်းတွေနဲ့ ကခုန်နေတဲ့အထဲမှာ အဒေါ်ကြီးတွေက ခွန်စိုင်းကိုပြုံးပြကာ လက်ယက်ခေါ်ကြ၏ ၊ လက်ခုတ်တီးအားပေးနေတဲ့ ခွန်စိုင်းက သူ့ကိုယ်သူလက်ညှိုးထိုးပြတော့ အားလုံးကခေါင်းညှိမ့်ပြီးဖိတ်ခေါ်တာကြောင့် ခွန်စိုင်း နေစေးဘက်ကိုတစ်ချက်လှည့်ကြည့်မိသည်။

ဒါဟာ ရွာရဲ့ရိုးရာပျော်ပွဲရွင်ပွဲမို့ နေစေးက ခွန်စိုင်းကိုမတားပေ ။ နေစေးခွင့်ပြုတာနှင့် ခွန်စိုင်းက အမျိုးသားတွေဝိုင်းဖွဲ့ကာက​နေကြတဲ့နေရာယူလျှက် အားလုံးနဲ့နည်းတူ ခြေထောက်တွေကိုတဖက်နဲ့တဖက်ပြောင်း၍ခုန်ကာ ပျော်ရွင်စွာကခုန်နေတော့သည် ။ ခွန်စိုင်း အသက် ၂၇ ရှိခဲ့ပြီ။ ဒီနေ့လိုပျော်စရာကောင်းတဲ့နေ့ရက်မျိုးခံစားရတာ ဒီတစ်ခါပထမဦးဆုံးပဲမို့ ခွန်စိုင်းအပြုံးတွေကအသက်ဝင်လွန်းလှသည်။

လူကောင်ကြီးကြီးထွားထွားတွေကြားက ခန္ဓာကိုယ်သေးသေးလေးနှင့်ချစ်စရာကောင်းတဲ့ လူကြီးပေါက်စလေးပေါ့ ။ ထိုလူကြီးပေါက်စလေးကို ရေနွေးကြမ်းသောက်ရင်း မျက်ချေမပြတ်စောင့်ကြည့်ပြီး ဂရုစိုက်နေတဲ့ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတာတော့ လူကြီးပေါက်စလေးက သိမယ်မထင်ပေ ။

နော်အဲလာ သည် ခွန်စိုင်းမရှိတဲ့နောက် နေစေးဘက်ဆီလျှောက်လာပြီးနံဘေးမှာပြောင်းထိုင်လိုက်သည်။

" အကို..ညီမငယ်တို့စကားခဏပြောကြရအောင်"

" မင်းပြောပါ "

" ညီမငယ် အကိုနဲ့မတွေ့ရတဲ့ရက်အတွင်းမှာ အကိုသိပ်ပြောင်းလဲသွားတယ်နော်၊"

" ....... "

" မေးချင်မိပါရဲ့ အကို ၊ ညီမငယ်ဘာအပြစ်မှာပြုမိခဲ့သလဲဆိုတာ "

အရှေ့တည့်တည့်ကိုကြည့်နေတဲ့ နေစေးရဲ့မျက်နှာကို ဘေးတစ်စောင်းငေးမောကြည့်တာတောင်အတော်လေးယောက်ကျားပီသသည်။ နော်အဲလာဟာ သူမရဲ့အချစ်တွေပြည့်နက်နေတဲ့မျက်ဝန်းတို့နှင့် နေစေးကိုငေးကြည့်ကာအဖြေကိုစောင့်ဆိုင်းနေ၏

" မင်းအတွေးလွန်နေပြီရော..နော်အဲလာ မင်းအပြစ်မပြုမိသလို ကျုပ်လဲ မင်းအပေါ်ခံစားချက်နဲ့ပက်သတ်လို့ဖြူစင်တဲ့မေတ္တာသာပေးခဲ့တယ်၊ ဘာအတွက်ဖြေရှင်းချက်တောင်းနေရသလဲ ကျုပ်နားမလည်ဘူး "

" .....အကို "

သိသာနေတဲ့အဖြေတစ်ခုကိုအလိမ်မာနည်းနဲ့နှစ်ဦးနှစ်ဖက်ဘာပက်သတ်မှု့မှမရှိကြောင်း ရှင်းလင်းစွာပြောလိုက်တဲ့နေစေးကြောင့် သူမမှာခံရခက်ခက်ဖြစ်ရသည်။ နော်အဲလာ ဆိုတဲ့သူမဟာ စောနေစေးကို ချစ်ကြိုက်နေတယ်ဆိုတာ ရွာလေးရွာမှာမည်သူမသိသလဲ ။ ဒါတောင် ဘာကြောင့် မိန်းကလေးဘက်ကထုတ်ဖော်ပြောစေအောင်ဖိအားပေးရတာလဲ ။

" တစ်ချို့အရာတွေက အကိုမသိချင်ယောင်ဆောင်လို့ရပေမယ့် တဖက်လူရဲ့ခံစားချက်ကိုမမြင်ချင်ယောင်မဆောင်ပါနဲ့လားအကိုရယ် "

" ....... "

အဲ့စကားကို သူမကခံစားချက်တွေစုပြုံကာ နေစေးမျက်နှာဆီကိုပဲမှန်းမျှော်ကြည့်ရင်းပြောပေမယ့် နေစေးကတော့ မသိ၊မမြင်၊မကြားသလိုနေနေခဲ့ပြီး သူ့အရှေ့စူးစူးကိုသာ အလိုမကျသလိုမျက်မှောင်ကျုံ့ကာစိုက်ကြည့်နေပြီး အဖြေပြန်မပေးခဲ့ချေ ။

ရိုးရာပျော်ပွဲရွင်ပွဲအကစည်းဝိုင်းထဲမှာ မမောပန်းမပန်းနိုင်ကခုန်နေတဲ့ ခွန်စိုင်းသည် ဘေးတစ်ဖက်က သူလက်တွဲထားတဲ့လူရဲ့စိတ်ဝင်စားမှု့ကိုရရှိနေတာကိုတော့မသိခဲ့ပေ ။

ထိုလူနာမည်က ခမ်းကျောက် ဖြစ်သည်။ ခမ်းကျောက်ဟာ တောင်ကြီးဇာတိဖြစ်ပြီး သတို့သားနဲ့မြို့ကြီးမှာ စီးပွားဘက်စပ်တူလုပ်တဲ့သူငယ်ချင်းဖြစ်သည်။

အရပ် 6' ရှိ မဖြူမညိုအသားရောင်နှင့် ဆွဲဆောင်မှု့ရှိ​တဲ့မေးရိုးချွန်ချွန်တို့ဖြင့် ယောက်ကျားပီသတဲ့ကြွက်သားတွေဟာသရေကျဖွယ် ၊ ခမ်းကျောက်ဟာ လက်ရှိမှာ လူလွတ်တစ်ယောက်ဖြစ်ပြီး သူဟာနိုင်ငံခြားမှာကျောင်းသွားတတ်ရင်း သူ့ဘဝလက်တွဲဖော်ဟာ မိန်းမတစ်ယောက်ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုသိခဲ့ရသည်။ သို့သော် နိုင်ငံကြားလို ကျယ်ပြန့်မှု့မရှိတဲ့ နိုင်ငံ၊ဒေသနှင့် နေထိုင်ရတဲ့ပက်ဝန်းကျင်ကြောင့် ခမ်းကျောက်ဟာ ချပြထားတဲ့အနေအထားတစ်ခုမှာမရှိပေ ။

ခမ်းကျောက်သည် ခွန်စိုင်း နဲ့ နေစေး ခြံထဲစဝင်လာကတည်းက ခွန်စိုင်းကိုသတိထားမိနေခဲ့သည်။ လက်ချီပွဲရိုးရာဝတ်စုံလေးနဲ့ လှပလွန်းတဲ့ဒီအမျိုးသားဟာ ခမ်းကျောက်ရင်ထဲနေရာယူနေလေ၏ ထို့ကြောင့်ရိုးရာကပွဲကိုအသုံးချကာ အနှီးလူရဲ့လက်ကလေးကိုကိုင်ခွင့်ရခဲ့သည်။

ရွာသူရွာသားတွေနဲ့ရင်းနှီးစွာပျော်ရွင်နေတဲ့ ခွန်စိုင်းဟာ သူ့လက်ကိုကိုင်ပြီး သူ့အားငေးစိုက်ကြည့်ကာပြုံးနေတဲ့ ခမ်းကျောက်ကိုသတိမထားမိခဲ့ချေ ။ သို့သော် အပျော်လွန်နေတဲ့ ခွန်စိုင်းဟာ အဝေးတစ်နေရာမှာအေးဆေးစွာထိုင်နေတဲ့ နေစေး ကိုတော့ ပြုံးပြရင်း လက်ဝှေ့ယမ်းပြဖို့တော့မမေ့ခဲ့ပေ။ ခွန်စိုင်း စိတ်ထဲမှာ 'အက်ဒွက်က တကယ့်ရေခဲတုံး ကျောက်တိုင်လိုပဲ' ဟုဟာသဆန်ဆန်ကြိတ်တွေးနေမိသေးသည်။

ပြီးနောက် နောက်တပတ် က ဖို့ တဖက်ကခေါ်ချေပြီ။

* တောက်! *

ဆက်ကြည့်နေရင်းမှ နေစေးစိတ်ထဲဘဝင်မကျစွာဘယ်လိုမှမနေနိုင်တော့ပေ ။

နော်အဲလာသည် နေစေးကို အလှဆုံးပြုံးရယ်ပြရင်း..

" ဒါစုံတွဲတေး ပဲ အကိုနဲ့ ညီမ........"

" ခွင့်ပြုပါဦး "

သူမစကားပင်မဆုံးသေးခင်မှာ ယောက်ကျားလေးနှစ်ယောက်နှင့်မိန်းကလေးနှစ်ယောက် စုံတွဲအတူတူ က ဖို့အတွက် ခမ်းကျောက်ဟာ သူ့ရှေ့ကမိန်းကလေးဆီလက်ကမ်းရမယ့်အစား ခွန်စိုင်းလက်ကိုဆွဲဖို့ပြင်နေချိန်မှာ..ခွန်စိုင်း ခါးနောက်ဘက်ကလာတဲ့ လက်တစ်စုံ ။

" ဒီနေ့အတွက်တော်လောက်ပြီ "

" အက်ဒွက် "

ရုတ်တရက်ကြီးဘယ်အချိန်ကအနားရောက်လာလဲမသိတဲ့ နေစေးဟာ ခွန်စိုင်းခါးသိမ်သိမ်လေးကိုဖက်ကာ နှဖူးမှာကျနေတဲ့ ချွေးစတွေကို သူ့လက်ကောက်ဝတ်အကျီအနားစနဲ့သုတ်ပေး၏။

" ထပ်မကစားနဲ့တော့..ခင်ဗျား ထပ်ကစားနေရင် ဖျားလိမ့်မယ်ရော "

"ဒါပေမယ့် ဒီကညီလေးတို့ကို အားနားစရာကြီး "

ထိုသို့ပြောတော့ နေစေး က ခမ်းကျောက်ကိုစိုက်ကြည့်ကာ ၊

" ကျုပ်ဧည့်သည်လေးအစား တခြားတစ်ယောက်အစားထိုးလိုက်.. "

သူက စောနေစေး ပဲ ၊ သူက ဒီမြို့ကြီးရဲ့ဦးဆောင်သူတစ်ယောက်ကိုဘယ်သူအာခံရဲမှာလဲ ။ ခမ်းကျောက်ကသိပ်မကျေနပ်ပေမယ့် ဟိုနှစ်ယောက်က အဆင်ပြေကြောင်းပြောရှာသည်။ ခမ်းကျောက်သည် နေစေးထွေးပွေ့ထားတဲ့ ခွန်စိုင်း ခါးဆီကြည့်လိုက်တော့ ခမ်းကျောက်အပေါ်နေစေးရဲ့အကြည့်တွေက ပို၍အန္တာရယ်များလာခဲ့သည်။ ခွန်စိုင်းသည် သူ့ခါးကနေစေးလက်တွေကိုဖယ်စေချင်ပေမယ့် မပြောရဲပေ။ ခွန်စိုင်းနည်းနည်းလေးရုန်းလိုက်မှသာ နေစေးဖယ်ပေးလာသည်။

သားကောင်တွေ့ပြီးမှ လက်လွတ်ခံမှာမဟုတ်တဲ့ ခမ်းကျောက်ဟာ ဒီနေရာမှာတင်မပြီးချင်ဘူး။

" အဟမ်း.. မိတ်ဆက်ပါရစေ ကျွန်တော့်နာမည် ခမ်းကျောက်ပါ၊ ဒီက ..."

သူ့အားဖော်ရွှေစွာလာနှုတ်ဆက်သူကို ခွန်စိုင်းလည်းသဘောကောင်းစွာပြန်နှုတ်ဆက်ပေးသည်။

" ကျွန်တော့်နာမည် ခွန်စိုင်းဟွမ်ပါ"

"အဲ့တာဆို ကျွန်တော်တို့နောက်မှဆုံကြတာပေါ့ "

အစကနေအဆုံး နေစေးကိုပင်နှုတ်ဆက်မှု့မရှိတဲ့ ခမ်းကျောက်ကအကြောတင်းသည်။

" ကောင်းပါပြီ.. "

" ပြန်ရအောင် စိုင်းဟွမ် "

" အင်း ပြန်မယ်လေ "

နေစေး သည် ဘာကြောင့်မှန်းမသိ ခမ်းကျောက်ဆိုတဲ့ကောင်ရဲ့အကြည့်တွေက ခွန်စိုင်းအပေါ်တစ်မျိုးကြီးဖြစ်နေသလိုခံစားလိုက်ရတာကြောင့် စိတ်မချသလို၊ စိတ်မလုံခြုံတဲ့ခံစားမှု့မျိုးရနေ၏။

နေစေး နဲ့ ခွန်စိုင်း တို့ပြန်သွားတာကိုကြည့်နေတဲ့ နော်အဲလာသည် လူကြီးသမီး ရွာသူတစ်ယောက်ဖြစ်သလို ရက်စက်တတ်တဲ့အဆွယ်နဲ့မိန်းမတစ်ယောက်လည်းဖြစ်တာကြောင့် သူ့မျက်နှာမှာပြုံးနေသော်လည်း သူဆုတ်ထားတဲ့လက်ဖဝါးတွင်လက်သည်းချွန်ကြောင့်ရဲရဲနီနေ၏။

* အကို ဘာကြောင့်ညီမငယ်ကိုလှည့်မကြည့်ရတာလဲ!? ဘာကြောင့်လဲ *

< _____________________>

ဒီနေ့အတွက် တစ်နေကုန် လက်ချီပွဲ(လက်ထက်ပွဲ) ဆီမှာပဲ အချိန်ကုန်ခဲ့တာမို့ ခွန်စိုင်းအပြန်လမ်းမှာ အတော်လေးပင်ပန်းနေတော့သည်။ ခွန်စိုင်း ဘယ်လောက်တောင်ကခုန်ထားလဲမသိ အိမ်အပြန်လမ်းမှာ မြည်းပေါ်'မ'တင်ရသူမှာ နေစေး ပင် ။

နေဝင်ခါစ အကျချိန်မှာ မြည်းတစ်ယောက်နှင့်လူနှစ်ယောက်။ ရှေ့တွင်မောင်းနှင်နေသူ၏ ကြီးမားတဲ့ကျောပြင်ကျယ်ကြီးဟာ ဘာကြောင့်မှန်းအဖြေရှာမရစွာ ခွန်စိုင်း စိတ်ကိုလုံခြုံမှု့ရှိစေတာမို့ မှီ၍ ခါးအကျီစကိုဆုတ်ကိုင်ကာတိုက်ခတ်လာတဲ့ လေပြေညှင်းနုနုတို့ကိုခံစားနေကြတဲ့ မြင်ကွင်းက သိပ်ကိုလှပသည်။

နေစေးသည် ခွန်စိုင်းကသူ့နောက်ကျောပြင်ကို တောက်တတ်လိုကပ်မှီနေပြီး အနားယူနေတာကိုသဘောကျမိသည်။

" စိုင်းဟွမ် "

အရင်လိုပြတ်သားပြီး မာတင်းတင်းခေါ်သံမဟုတ်တော့ပဲ တောင်းဆိုစရာရှိလို့ ချွဲနေတဲ့ကလေးတစ်ယောက်အသံနဲ့ သူ့အားခေါ်တာကြောင့် ခွန်စိုင်း ထူးလိုက်သည်။

" အင်း ပြောလေ "

" ခင်ဗျား ကျုပ်နဲ့ရှိနေရင်စိတ်သက်တောင့်သက်သာမဖြစ်ဘူးလား "

" ဟင်? ဘာကိုလဲ "

" ကျုပ်လူတစ်ဖက်သားကို ခင်ဗျားတို့မြို့ပေါ်မှာလို ဘယ်လိုစကားလုံးလှလှသုံးပြီးပြောရလဲ ကျုပ်မသိဘူး၊ ကျုပ်ပြောလဲမပြောတတ်ဘူးရော်၊ ဒါပေမယ့် ကျုပ်ပြောတာတွေက ခင်ဗျားနားထဲ ခါးနိုင်ပေမယ့်...."

စကားစကိုဖြတ်ကာ မြည်းကိုရပ်ပြီး နေဝင်တဲ့ဘက်ဆီငေးကြည့်ကာဆက်ပြောသည်။

" ကျုပ်ခင်ဗျားကိုစိတ်ပူလို့ပြောတာပါဗျာ "

" ........ "

ထိုအခိုက်အတန့်လေးမှာ ခွန်စိုင်းအတွက် နေစေးရဲ့စကားလုံးတွေထဲက နွေးထွေးမှု့နဲ့ဂရုစိုက်ခြင်းတွေခံစားလိုက်ရသည်။

ခွန်စိုင်း ထင်ခဲ့တာက နေစေးသည် သူ့လာလည်တာမကြိုက်တဲ့အိမ်ရှင်တစ်ယောက်ပဲလို့ ။ ဒါပေမယ့် စကားနည်းတဲ့ နေစေးဆီက ဒီလိုစကားထွက်လာမယ်လို့ မထင်ထားခဲ့ဖူးပေ ။ ကြည့်ရတာ ခွန်စိုင်း လူတစ်ယောက်ကို အပေါ်ယံကြည့်မိပြီပဲ ဆိုကာကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။

" ကိုယ်နားလည်ပါပြီ အက်ဒွက် "

အဲ့အချိန်မှာ လှည့်ကြည့်၍ ပြုံးပြလာတဲ့ အက်ဒွက်ရဲ့အပြုံးဟာ နေဝင်ဆည်းဆာအရောင်နဲ့ထင်ဟတ်၍ သိပ်ကိုခန့်ငြားနေခဲ့သည်။

" မင်းသိလား ဒါပထမဦးဆုံးအကြိမ် မင်းကိုယ့်ကိုပြုံးပြခြင်းပဲ "

ခွန်စိုင်းစကားကြောင့် နေစေးကခွန်စိုင်းမျက်လုံးတွေကိုငေးကြည့်ကာ၊

" ကျုပ်ခင်ဗျားအပေါ်ဧည့်ဝတ်ကျေဖို့ ကြိုးစားပါ့မယ် "

* အဲ့တာကြောင့် ကျုပ်မဟုတ်တဲ့ တခြားတစ်ယောက်အနားမှာမနေပါနဲ့လားဗျာ *

ထိုစကားကိုတော့ နေစေး စိတ်ထဲကသာ ဆက်ပြောလိုက်ခြင်းဖြစ်သည်။

________________________________________

ရိုမန့်ကြမ်းကြမ်းလေးမဟုတ်​သေးတော့ ကြိုက်ကြဘူးပေါ့ ။

ဖတ်ပြီး Vote ပေးခဲ့လိုစ့် .. ကလေးဆိုးလေးတွေ အက်ဒွက်ကြီးနဲ့တိုင်မှာနော် ဝွန့် 😗👉👈

# VOTE & CM PLEASE 🤙
# 14 - Auguest - 2021 - 4:06 AM
# MOEWATHAN 📚🍀

_______________________________________

>>>>> [ Zawgyi ] <<<<<

ဒီေန႕မွာ အေနာက္ဘက္႐ြာက လက္ခ်ီပြဲသြားရမွာျဖစ္သည္။ အေနာက္ဘက္႐ြာမွာေတာ့အားလုံးကေပ်ာ္႐ြင္ေနၾကသည္။

တစ္ရက္ကေန ႏွစ္ရက္ေနသားက်လာတဲ့ခြန္စိုင္းဟာ သူ႕အိပ္ရာထခ်ိန္ဆိုအလိုလိုနိုးေနခဲ့ၿပီျဖစ္သည္။ အိပ္ရာကနိုးတာႏွင့္ အေညာင္းေၾကာဆန့္ကာ လက္သီးဆုတ္ေလးနဲ႕မ်က္လုံးကိုပြတ္လိုက္ေတာ့မွ မေန႕ကလက္နာထားတာကိုသတိရသြားသည္။ သို႔ေသာ္ နာက်င္မႈ႕မရွိေတာ့တာေၾကာင့္ၾကည့္လိုက္ေတာ့ လက္ဖဝါးတြင္အဝါေရာင္နည္းနည္းသန္းေနတာေတြ႕လိုက္ရသည္။

* အမ္, ဘယ္လိုျဖစ္တာလဲ..ငါပဲအျမင္မွားတာလား *

သူကိုယ္တိုင္ေဆးလိမ္းထားျခင္းမရွိတာမို႔ ခြန္စိုင္းက လက္ဖဝါးကိုၾကည့္ၿပီးနည္းနည္းေတြေဝေန၏ ၊

* ငါစိတ္ထင္လို႔ျဖစ္မွာပါ..လက္ကဒဏ္ရာကသိပ္မႀကီးလို႔ေပ်ာက္သြားတာေနမွာေပါ့ *

သူ႕အေတြးနဲ႕သူေတာ့ဟုတ္ေနတာပင္။ ခြန္စိုင္းသည္ ဒီေန႕ အေနာက္ဘက္႐ြာကလက္ခ်ီပြဲသြားရမွာကိုသတိရလိုက္ေတာ့ အိပ္ရာဆီကထ၍ေစာင္နဲ႕ေခါင္းအုံးကိုသပ္ရပ္စြာသိမ္းကာ ေရခြက္ေလးနဲ႕အျပင္ထြက္လာခဲ့သည္။ အျပင္ေရာက္ေတာ့ ခြန္စိုင္း အမွတ္တမဲ့ပင္ ေနေစးအခန္းဘက္ကိုၾကည့္မိသြားသည္။

* ေစာေသးလို႔ သူမနိုးေသးဘူးထင္တယ္ *

ၿပီးမွ ေအာက္ထပ္ကိုဆင္းကာေရစည္ကိုသြား၍ ကိုယ္လက္သန့္စင္လိုက္သည္။

ခြန္စိုင္းအေတြးနဲ႕ဆန့္က်င္ဘက္ ေနေစးဟာ ေအာက္ထပ္ကြပ္ပ်စ္တြင္ ဘႀကီးနဲ႕အတူ သူ႕တပည့္တစ္ေယာက္နဲ႕စကားေျပာေနသည္။

" ဒါကဦးေဆာင္သူေျပာတဲ့ ဝတ္စုံနဲ႕​ရတနာစလြယ္ႀကိဳးသိုင္း ပါ "

ေနေစးသည္ ဟိုတေန႕ကအေရွ႕တပ္ေစာင့္ဂိတ္ဆီသြားေတာ့ ေျဗာရယ္ျပန္လာလွ်င္ ၿမိဳ႕ႀကီးကေန လက္ခ်ီပြဲဝတ္စုံတစ္စုံ ႏွင့္ ရတနာစလြယ္​ႀကိဳးသိုင္းဝယ္ၿပီးလာပို႔ရန္မွာထားတာေၾကာင့္ အခုေရာက္လာတာျဖစ္သည္။

" ဘယ္လိုလဲ ဒီတစ္ေခါက္ဟိုဘက္ဖထီးငယ္ဆီမွာအဆင္ေျပခဲ့ရဲ႕လား ေျဗာရယ္ "

ဘႀကီးကေမးေတာ့ ေျဗာရယ္ ေလးစားစြာျပန္ေျဖသည္။

" အဆင္ေျပခဲ့တယ္ေရာ္ အဖ ၊ ဖထီးငယ္ကစကားေျပာလက္ေပါက္မကပ္ဘူးေရာ "

" ေအး အဲ့လိုဆို မလိုအပ္တဲ့စကားေတြေျပာေနစကားမလိုေတာ့ဘူးေပါ့ကြာ၊ နို႔မဟုတ္ရင္ က်ဳပ္တို႔ကစကားေျပာရ သိပ္ပ်င္းပဲ "

" အဲ့တာေတာ့အမွန္ပဲဗ်ိဳ႕ "

ဘႀကီး နဲ႕ ေျဗာရယ္နဲ႕စကားေျပာေနတုန္းမွာ ေနေစးက ဘာမွဝင္ေျပာျခင္းမရွိ၊ သူစိတ္အာ႐ုံကခြန္စိုင္းအတြက္ မွာလိုက္တဲ့ဝတ္စုံနဲ႕ရတနာဆီမွာပဲက်ေရာက္လို႔​အထည္သားကို​ေသခ်ာစစ္​ေဆးေနသည္။ ဒါကိုေတြ႕ေတာ့ ေျဗာရယ္ကေျပာျပလာသည္။

" ဦးေဆာင္သူ ဒီအထည္သားက ၿမိဳ႕ႀကီးထဲကဆိုင္ေတြထဲမွာေစ်းအႀကီးဆုံးနဲ႕အေကာင္းဆုံးပဲေရာ္၊ က်ဳပ္ဝယ္လာတာအဆင္ေျပရဲ႕လားဗ် "

ေနေစးက အထည္ေတြကိုကိုင္ၾကည့္လိုက္ၿပီးျပန္ေျဖလိုက္သည္။

" အဆင္ေျပတယ္ "

ေနေစးအတြက္ ဝတ္စုံဟာအေကာင္းဆုံးရွိၿပီးသားမို႔ ေနေစးဟာ ခြန္စိုင္း လက္ခ်ီပြဲ(လက္ထပ္ပြဲ)သြားဖို႔အတြက္ဝတ္စုံကိုအေကာင္းဆုံးျဖစ္ေစခ်င္မိသည္။

ေနေစးတို႔လုံဝမ္႐ြာတြင္ဓေလ့တစ္ခုလည္းရွိသည္။ ထိုအရာဟာ လက္ခ်ီပြဲ(လက္ထပ္ပြဲ)လာေရာက္သူေတြဝတ္သည့္အဝတ္အစားေတြပင္။ လက္ခ်ီပြဲမွာဝတ္ရတဲ့အဝတ္အစားဟာ ဒီဇိုင္းပုံစံအတူတူကိုမွ ေငြေၾကးခ်မ္းသာသူေတြဟာ အဝတ္ထည္အသားေကာင္းေကာင္းဝတ္စုံမ်ားဝတ္ၾကၿပီး ဆင္းရဲသူမ်ားမွာသင့္တင့္သေလာက္သာဝတ္ၾကသည္။ သို႔ေသာ္ ဝတ္ၾကတဲ့အက်ီ၊ေဘာင္းဘီႏွင့္ ေခါင္းေပါင္းေတြကအစ အားလုံးအတူတူေတြပဲျဖစ္သည္။

ေျဗာရယ္ႏွင့္ေနေစးတို႔စကားေျပာၿပီးေနာက္ ေျဗာရယ္ကတပ္စခန္းကိုျပန္သြားသည္။ ခဏအၾကာ အေပၚထပ္ဆီကဆင္းလာတဲ့အသံႏွင့္အတူ ခြန္စိုင္းေရာက္လာသည္။

" လူေလး နိုးပလားကြ.."

" ဟုတ္ကဲ့ဘဘႀကီး "

ေနေစးတို႔အနားကိုေရာက္လာတဲ့ ခြန္စိုင္းဟြမ္ဆိုတဲ့ဒီလူ​ႀကီးေလးဟာ ပုဆိုးေလးေတြဝတ္ရတာကိုအေတာ္ေလးသေဘာက်ပဳံေပၚၿပီး တျခားလူေတြနဲ႕ဆိုမ်က္ႏွာေလး႐ြင္လန္းၿပဳံးခ်ိဳေနသေလာက္ ေနေစးနဲ႕မ်ား မ်က္ႏွာခ်င္းဆိုင္ရွိရင္တည္ၿငိမ္လြန္းသည္။

ခြန္စိုင္းသည္ေနေစးနဲ႕မ်က္ႏွာခ်င္းဆိုင္စားပြဲခုံမွာဝင္ထိုင္ၿပီး လူမႈ႕ေရးအရ ေနေစးကို ေခါင္းတစ္ခ်က္ညွိမ့္ကာၿပဳံးျပႏႈတ္ဆက္လိုက္သည္။ေနေစးဟာခြန္စိုင္းကိုထပ္မ​ၾကည့္​ေတာ့ဘူး​ေတြးေသာ္လည္း သူ႕ေရွ႕မွာ ခြန္စိုင္းထိုင္လိုက္တဲ့အခါ အရင္ဆုံးလက္ဖဝါးဆီအၾကည့္ေရာက္သြားသည္။

* ေဆးကေကာင္းသားပဲ *

" လူေလးနဲ႕အက္ဒြက္ ဒီေန႕လက္ခ်ီပြဲသြားရမယ္ေနာ့ "

ဘႀကီးေျပာေတာ့ ခြန္စိုင္းက ေနေစးကိုလွမ္းၾကည့္လိုက္ခ်ိန္မွာ တဖက္ကေနေစးႏွင့္အၾကည့္ခ်င္းစုံမိသြား၏

" ကြၽန္ေတာ္မွတ္မိပါတယ္၊ ကြၽန္ေတာ္တို႔ဘယ္အခ်ိန္ေလာက္သြားရမလဲ ဘဘႀကီး "

" အဆာေျပစားၿပီးတာနဲ႕အဝတ္စားလဲၾကေတာ့ေနာ့ "

" ဟုတ္ကဲ့ "

ထိုစဥ္ေနာက္ေဖးဆီက ေဒၚေလးအဆိုင္းက မနက္စာအဆာေျပျပင္ဆင္ၿပီးလာပို႔တာေၾကာင့္ ခြန္စိုင္းတို႔စကားစျပတ္သြားသည္။ ေနေစး သူ႕အားစကားစတင္၍မေျပာတဲ့ ထိုလူသားကိုစိတ္ထဲတႏုံ႕ႏုံ႕ျဖစ္လို႔ေနသည္။

စားေသာက္ၿပီးတဲ့ေနာက္မွာ ေနေစးသည္ သူ႕ေရွ႕ကဝတ္စုံ ႏွင့္ ရတနာဗူးတစ္ခုကိုယူၿပီး ခြန္စိုင္းကိုေပးလိုက္သည္။

" ဒါက.."

" လက္ခ်ီပြဲ ဝတ္စုံ "

" ကိုယ့္အတြက္လား? "

" အင္း.. လဲၿပီးဆင္းလာခဲ့ခ်ည္ "

ေနေစးလက္ထဲကဝတ္စုံကိုယူလိုက္ၿပီး ခြန္စိုင္းအေပၚသို႔တတ္သြားသည္။

ေနေစးရဲ႕အၿပဳံးအရယ္မရွိတဲ့မ်က္ႏွာနဲ႕စကားေျပာဒဲ့တိုးဆန္တဲ့ပုံစံကို ဘႀကီးနဲ႕႐ြာသူ႐ြာသားအားလုံးကသိတယ္ဆိုေပမယ့္ ၿမိဳ႕ေပၚကဧည့္သည္ေလးတစ္ေယာက္ကဘယ္လိုသိနိုင္မွာလဲ၊ ထို႔ေၾကာင့္ ဘႀကီးက ေနေစးဘက္ကိုၾကည့္ကာ ၊

" အက္ဒြက္ "

" ဟုတ္ကဲ့ အဖ "

" မင္း လူေလးနဲ႕သြားလာရတာအဆင္မေျပဘူးဆိုရင္ လက္ခ်ီပြဲျပန္လာၿပီးေနာက္ က်ဳပ္ခြၽန္းဖု နဲ႕ပဲလည္ပတ္ဖို႔စီစဥ္ေပးလိုက္မယ္ေနာ့ "

" ........ "

ဘႀကီး ထိုစကားေျပာလိုက္ေတာ့ ေနေစးေသာက္လက္စေရေႏြးၾကမ္းခြက္ကပါးစပ္နားမွာတင္ရပ္တန့္ကာ ဘႀကီးဘက္သို႔ၾကည့္လာသည္။

" မလိုဘူး အဖ ၊ က်ဳပ္အဆင္ေျပတယ္ "

" မင္းအဆင္ေျပေပမယ့္ လူေလးၾကည့္ရတာ မင့္ေၾကာက္ေနသလိုပဲကြယ္ သူ႕မွာအေနခက္ေနပုံ "

" သူ...က်ဳပ္ကိုေၾကာက္ေနတယ္လို႔ အဖ ထင္လား "

" ေဟ ..ေၾကာက္မေၾကာက္ဆိုတာထက္ သူအေနခက္ေနတာေတာ့အမွန္ပဲေရာ္ "

ဒီလိုက်ေတာ့လဲ ေနေစးစိတ္ထဲမေကာင္းေပ၊ ေနေစး လည္းသိပါတယ္ ခြန္စိုင္းက အိမ္သားေတြေရွ႕မွာၿပဳံးရယ္ၿပီးလြတ္လပ္သေလာက္ သူ႕ကိုဆိုရွိန္ၿပီးအေနခက္ေနတတ္သည္။ ဒါကလည္း သူ႕ရဲ႕ပင္ကိုယ္အက်င့္ေၾကာင့္ျဖစ္တယ္ဆိုတာသိေပမယ့္လည္း....။

" က်ဳပ္သူ႕အေပၚေကာင္းေကာင္းဆက္ဆံပါတယ္ အဖ "

အဲ့လိုေျပာတဲ့အခ်ိန္မွာ တစ္ခ်ိန္က ေနေစးရဲ႕အတိတ္ကို​ေတာင္ ဘ​ႀကီးသတိရမိသြားသည္။

" ေကာင္းၿပီ..ဒီကိစၥေနာက္မွေျပာၾကတာေပါ့ေနာ့၊ ဒါမဲ့ တစ္ခုေတာ့မွတ္ထား လူေလးက အဖ တို႔႐ြာလာလည္တဲ့ဧည့္သည္ ၊ အခ်ိန္တန္သူ႕အိမ္သူျပန္မွာပါ၊ အဲ့တာေၾကာင့္ မင္းစိတ္ကိုသူ႕အတြက္အေမွာင္မဖုံးပါနဲ႕၊ လူေလးကတကယ္ေကာင္းမြန္တဲ့ကေလးတစ္ေယာက္ပါ "

ဘႀကီးကရိုးရွင္းစြာဆုံးမစကားေျပာၿပီးအေပၚတတ္သြားေပမယ့္ ေနေစးက ဘႀကီးေျပာတဲ့အထဲက 'အခ်ိန္တန္ အိမ္ျပန္သြားမယ္ဧည့္သည္ ' ဆိုတဲ့စကားကိုနားထဲတဝဲလည္လည္ျဖစ္လို႔ေနေတာ့သည္။ ဘာေၾကာင့္မွန္းမသိ ထိုစကားက ေနေစးအတြက္နားခါးလို႔ေန၏ ၊

တခဏအၾကာတြင္ ဘႀကီးက ေျမာက္ဘက္ပိုင္းသြားတာေၾကာင့္ ေနေစးက သူ႕အဝတ္အစားေတြကိုေသသပ္စြာဝတ္ဆင္ၿပီး အိမ္ေရွ႕ဧည့္ခန္းမွာ ခြန္စိုင္းကိုေစာင့္ေနေတာ့သည္။

" အက္ဒြက္ ကိုယ္ၿပီးၿပီ "

အသံေၾကာင့္ ေနေစးမတ္တတ္ရပ္ကာ ခြန္စိုင္းဘက္သို႔လွည့္ၾကည့္လိုက္သည္။

ျဖဴေဖြးတဲ့ခြန္စိုင္းရဲ႕အသားအေရနဲ႕ လက္ခ်ီပြဲရိုးရာဝတ္စုံတို႔လိုက္ဖက္မႈ႕က ေနေစးကိုတခဏမွ်ေငးေမာသြားေစမိသည္။

အသားျဖဴျဖဴခႏၶာကိုယ္ေလးမွာ အနက္ေရာင္ႏွင့္​ေ႐ႊ​ေရာင္စပ္ထား​ေသာ အက်ီလက္ရွည္လည္ဂတုံးပုံဟန္ႏွင့္ တစ္ေစာင္းက်ယ္သီးေ႐ႊေရာင္မ်ားပါရွိၿပီး အက်ီလက္ေကာက္ဝတ္ရဲ႕လက္ေလးလုံးေလာက္အက်ယ္ရွိတဲ့အက်ီအနားစေလးမွာ ေ႐ႊေရာင္ကႏုတ္ထြင္းပုံအႏုစိတ္ေလးပါရွိသည္။ ဒါ့အျပင္ထိုအက်ီေပၚတြင္ အလွဆင္ရမယ့္အဆင္တန္ဆာျဖစ္တဲ့ ေငြမွင္ေရာင္​'ႀကိဳး'​ေလးကိုအသုံးျပဳ၍ စိန္တုံးအ​ေသး​ေလး​ေတြစီရီလွ်က္ စလြယ္သိုင္းႀကိဳး ကိုလည္း ေတာက္ပၿပီးရိုးရွင္းစြာဝတ္ဆင္လို႔ထားသည္။ ခါးတြင္ပတ္ထားေသာ လက္ငါးလုံးခန့္ရွိ ခါးပတ္မွာ လွပေသာ ေ႐ႊေရာင္ငွက္ပုံအႏုစိတ္ကႏုတ္ထြင္းပုံသ႑န္ရွိၿပီး အလည္ဆုံမွတ္ေနရာတြင္ ေတာက္ပတဲ့စိန္လုံးတစ္လုံးအလွဆင္ထားသည္။

အက်ီနဲ႕တြဲရက္ျဖစ္တဲ့ အနက္ေရာင္ႏွင့္ေ႐ႊေရာင္စပ္ထားေသာ ေဘာင္းဘီကိုဝတ္ဆင္ထားလွ်က္ ေျခမ်က္စိနားေလာက္က လက္ငါးလုံးခန့္ရွိတဲ့ေနရာမွာ အက်ီလက္ေကာက္ဝတ္အတိုင္းနည္းတူ ေ႐ႊေရာင္ကႏုတ္ထြင္းအႏုစိတ္ ဆင္တူစြာခ်ဳပ္ထားသည္။

ေျခေထာက္ႏွစ္ဖက္ရဲ႕ ေျခက်င္းဝတ္ေနရာမွာ ခ်ဳလုံးအေသးေလးေတြပါေသာ ႀကိဳးေလးကိုဝတ္ဆင္ထားၿပီး ထိုအလုံးေလးထဲမွာ ခ်စ္စရာေကာင္းတဲ့အသံေလးေတြက လမ္းေလွ်ာက္လိုက္တိုင္းျမည္ေနေတာ့သည္။ အမ်ိဳးသားေတြေျခေထာက္မွာဝတ္ရတဲ့ ထိုေျခက်င္းဝတ္ဟာ ေ႐ႊေရာင္ကႏုတ္ထြင္းရွိၿပီး လက္ေကာက္ပုံသ႑န္နဲ႕ ဝိတ္ရွိသည္။ သို႔ေသာ္ လူ​ေကာင္ေသးငယ္တဲ့ ခြန္စိုင္းအတြက္ကို ေနေစး က ထိုအရာကိုမဝတ္ေစပဲ သီးသန့္အေသးေလးတစ္ခုသာမွာေပးခဲ့တာေၾကာင့္ နည္းနည္းမိန္းမဆန္တယ္ထင္ရေပမယ့္ တကယ္လိုက္ဖက္လွသည္။

ခြန္စိုင္းရဲ႕ေခ်ာေမာလွတဲ့မ်က္ႏွာေလးနဲ႕ပို၍လိုက္ဖက္ညီသည္မွာ ေခါင္းေပါင္းသိုးေမႊးအျဖဴေရာင္ေလးျဖစ္သည္။ ရိုးရွင္းစြာႏွင့္ၾကည္ၿငိမ္တဲ့႐ုပ္သြင္ျပင္ရွိတဲ့ ခြန္စိုင္းပုံစံကိုၾကည့္ရင္းနဲ႕ပင္ ေနေစး မွာ အိေႏၵျမဆည္နိုင္ ။

တကယ္ပါ ေနေစး ဘဝတစ္ေလွ်ာက္လုံး ဒီေလာက္လွပတဲ့အမ်ိဳးသားကိုတစ္ခါမွမေတြ႕ခဲ့ဖူးေခ် ။

တဖက္မွာရပ္ေနတဲ့ ခြန္စိုင္းဟာလည္း သူ႕ေရွ႕မွာေယာက္က်ားပီသစြာရပ္ေနတဲ့ ေနေစးရဲ႕ေခ်ာေမာမႈ႕ႀကီးကိုၾကည့္ၿပီး မ်က္ေတာင္မခတ္မိေခ် ။ သို႔ေသာ္ ေနေစးက သူ႕ကိုေစ့ေစ့စပ္စပ္ၾကည့္ေနတာေၾကာင့္ ရွက္ၿပဳံးၿပဳံးကာ သူ႕ဂုတ္ပိုးေလးကိုပြတ္ကာ..၊

" ဟို.. ကိုယ္ဒီဗူးထဲမွာပါတဲ့ခ်ိန္းႀကိဳးေလးေတြကို ဝတ္စုံထဲမွာတပ္ထားတဲ့အတိုင္းပဲတပ္ခဲ့တာ၊ ကိုယ္ တပ္ထားတာအဆင္ေျပရဲ႕လား "

အဲ့ေတာ့မွ ေနေစးက ခြန္စိုင္းဆီကေန မသိမသာအၾကည့္လႊဲၿပီး..၊

" အင္း.. "

" ဟုတ္လား၊ ေတာ္ေသးတာေပါ့၊ ကိုယ္ကမွားမွာစိုးရိမ္ေနတာ "

ရတနာဗူးေလးထဲက စလြယ္ႀကိဳးႏွင့္ ခါးမွာပတ္တဲ့ႀကိဳးေလးရဲ႕ ပမာဏေစ်းတန္ဖိုးကိုမသိတဲ့ ခြန္စိုင္းဟာ ဒီဝတ္စုံဝယ္လို႔ ဒီဗူးပါတာပဲအထင္ႏွင့္စိတ္ေပါ့ပါးစြာဝတ္လွ်က္။ ခြန္စိုင္း မသိတာကို ေနေစး အေနနဲ႕လည္းေျပာျပဖို႔ အစီစဥ္မရွိေခ်။

" က်ဳပ္တို႔သြားရေအာင္၊ ေနာက္က်ေနမယ္ "

ထိုသို႔ေျပာၿပီး ခပ္သြက္သြက္ဆင္းသြားတဲ့ေနေစးကိုေသခ်ာၾကည့္လွ်င္ ေနေစးရဲ႕နား႐ြက္ေလးေတြရဲရဲနီေနတာေတြ႕ရမည္။

ဝတ္စုံနဲ႕ဖိနပ္ဟာဝမ္းဆက္မို႔ ခြန္စိုင္းသည္ႀကိဳးသိုင္းခ်ည္မွဝတ္လို႔ရတဲ့ ထိုဖိနပ္ေလးကိုၾကည့္ၿပီး မခ်ည္တတ္ျဖစ္ရသည္။ သူ႕ေရွ႕မွာ ေနေစး ႀကိဳးခ်ည္သြားတာခပ္ျမန္ျမန္နဲ႕လြယ္လွတယ္ထင္ရေပမယ့္ လက္ေတြ႕မွာ မလုပ္တတ္ ။

" သြားရေအာင္ "

ေနေစး ေျပာလိုက္ေတာ့ ခြန္စိုင္းက ဖိနပ္စီးတဲ့နားမွာ ငုတ္တုတ္ေလးထိုင္ရင္း ေနေစးကိုေမာ့ၾကည့္လာၿပီး အက်ီအနားစေလးကိုမသိမသာလွမ္းဆြဲလိုက္မိသည္။

" ........ "

ေမာ့ၾကည့္လာတဲ့ ခြန္စိုင္းပုံစံေလးက ေနေစးအတြက္ေတာ့ အျပစ္လုပ္ၿပီး အဆူခံဖို႔အသင့္ရွိေနတဲ့ယုန္ေလးလိုပင္ ခ်စ္ဖို႔ေကာင္းလြန္းေနေတာ့သည္။

"ဘာျဖစ္လို႔တုန္း "

" ကိုယ္...ဖိနပ္..မခ်ည္တတ္လို႔ "

တြန့္ဆုတ္စြာေျပာလာတဲ့ ခြန္စိုင္းစကားေၾကာင့္ ေနေစးကေျခေထာက္ဆီၾကည့္လိုက္ေတာ့ တကယ္ပင္ဘာမွမခ်ည္ရေသး။

" အ အပန္းမႀကီးရင္ေလ ကိုယ့္ကိုတစ္ခါေလာက္သင္ျပေပးပါလား "

မ်က္ႏွာေလးက ကေလးေလးလိုခ်စ္စရာေကာင္းလြန္းေနတဲ့ ခြန္စိုင္းေၾကာင့္ ေနေစး ရင္မွာတစ္မ်ိဳး​ေလးျဖစ္ရသည္။

" ေသခ်ာလိုက္မွတ္ထား "

" အင္း အင္း ကိုယ္မွတ္ထားမယ္ "

ခြန္စိုင္းက ခ်ည္ပုံခ်ည္နည္းေျပာျပမယ္ထင္ေသာ္လည္း ေနေစးက ခြန္စိုင္းေရွ႕သို႔ ဒူးတစ္ဖက္ေထာက္ထိုင္ကာ ဖိနပ္ႀကိဳးကိုကိုင္ၿပီး ေသခ်ာဂ႐ုတစိုက္ခ်ည္ေပးလာတာမို႔ အံၾသသြားရသည္။

" ရ.. ရပါတယ္ ကိုယ့္ဘာသာလုပ္လိုက္ပါ့မယ္ "

" ဒီႀကိဳးေလးကို ေျခက်င္းဝတ္မွာႏွစ္ပတ္ခ်ည္ၿပီး အေနာက္ဘက္ကေနသိုင္းႀကိဳးခ်ည္ရတယ္ ၿပီးမွ ဖေနာင့္စြပ္ၿပီးဝတ္ရတယ္၊ ဒီဖိနပ္ႀကိဳးမစီးဖူးတဲ့လူဆိုရင္နည္းနည္းေတာ့နာတယ္၊ ဂ႐ုေတာ့စိုက္ "

ခြန္စိုင္းေျပာတာကိုနားမေထာင္ပဲ ဖိနပ္ႀကိဳးသိုင္းပုံ ခ်ည္ျပၿပီးေျပာျပလာတဲ့ေနေစေၾကာင့္ ခြန္စိုင္းမွာလက္ေလွ်ာ့လိုက္ရသည္။

ဖိနပ္ဆီအာ႐ုံေရာက္ေနတဲ့ ေနေစး ကို ခြန္စိုင္းေသခ်ာၾကည့္မိသည္။

နီက်င္က်င္အသားရည္နဲ႕ ထြားႀကိဳင္းတဲ့ခႏၶာကိုယ္အရပ္အေမာင္းအျပင္ ၾကည့္ေကာင္းတဲ့ ဒီလူငယ္ေလးဟာ စကားေျပာရာမွအေပါက္လမ္းေၾကာင္းမတတ္ေသာ္လည္း စိတ္ထားေလးေကာင္းတာ ခြန္စိုင္းသိပါသည္။
ခြန္စိုင္းတစ္​ေယာက္ ေနေစးရဲ႕မ်က္ေတာင္ရွည္ေတြကိုၾကည့္ၿပီး သေဘာက်၍ၿပဳံး၏ ၊ ၿခဳံငုံၿပီးသာ ေျပာျပရရင္ ေစာေနေစး ဆိုတဲ့ ဒီလူငယ္ဟာ တကယ္ပင္ေယာပ္က်ားပီသလွသည္။

" ​ၿပီးၿပီ "

ထိုသို႔ေျပာၿပီး ေနေစးက ေမာ့အၾကည့္..ခြန္စိုင္းကလည္း ေနေစးကို စိုက္အၾကည့္နဲ႕တိုးကာ တစ္ေယာက္နဲ႕တစ္ေယာက္မ်က္ႏွာခ်င္းနီးကပ္သြားၿပီးႏွာေခါင္းထိပ္ေလးေတြပင္ထိလုမတတ္ျဖစ္သြားတာေၾကာင့္ ႏွစ္ေယာက္သားေၾကာင္အစြာ တစ္ေယာက္မ်က္လုံးကိုတစ္ေယာက္စိုက္ၾကည့္ၿပီးေနာက္မွအသိဝင္လာၾကၿပီး အေနခက္သြားၾကသည္။

" အက္...အက္ဒြက္အရင္ဆင္းႏွင့္၊ ကိုယ္လိုက္ခဲ့မယ္ "

" ေကာင္းၿပီ "

ေနေစး လည္း ​ေနရခက္စြာနဲ႕အိမ္ေအာက္ဘက္ဆီထြက္လာခဲ့သည္။

က်န္ခဲ့တဲ့ ခြန္စိုင္းတစ္ေယာက္သာ ရင္ထဲမွာကမာၻပ်က္မတတ္ရွက္႐ြံ႕ေနေတာ့သည္ ။ သူ႕အသက္၂၇ႏွစ္ရွိၿပီ သူ႕အခု သူခိုးလူမိျဖစ္သြားတာလား ? ဒါက အေတာ္ေလးရွက္ဖို႔ေကာင္းတယ္ ။

ဒုတ္..ဒုတ္..ဒုတ္..ဒုတ္..!(ရန္ခုန္သံ)

တဖက္က ေနေစး လည္း ေအာက္ထပ္အေရာက္မွာသူ႕ႏွလုံးခုန္သံေတြကမူမမွန္ေတာ့ေခ် ။ နီးကပ္စြာေတြ႕လိုက္ရတဲ့ ခြန္းစိုင္းရဲ႕ေခ်ာေမာလွပတဲ့မ်က္ႏွာေလးနဲ႕ ေတာက္ပတဲ့မ်က္ဝန္းတစ္စုံက သူ႕အားစိုက္ၾကည့္ေနတဲ့အခ်ိန္ေလးကိုေတြးမိၿပီး ေနေစး စိတ္ေတြအစိုးမရခ်င္ေတာ့ေပ ။

* က်စ္! ဘယ္ေလာက္ပဲလွပပါေစ သူက ေယာက္က်ားေလးတစ္ေယာက္ပဲ၊ ဘာလို႔ ဒီလိုျဖစ္ရတာလဲ *

ဘဝမွာတစ္ခါမွအခ်စ္နဲ႕မေတြ႕ႀကဳံဖူးတဲ့ ေနေစးဟာ သူ႕ႏွလုံးသားဆီက ရန္ခုန္သံကိုလစ္လ်ႈရႉခဲ့သည္။ အထူးသျဖင့္ အမ်ိဳးသားတစ္ေယာက္ကိုရန္ခုန္မိတဲ့ သူ႕ကိုယ္သူလည္း သေဘာမက်ေပ ။

* က်ဳပ္ ခင္ဗ်ား နဲ႕ ေဝးေဝးေနမွျဖစ္ေတာ့မယ္ စိုင္းဟြမ္ *

>>>>>>>> Time skip <<<<<<<<

အေနာက္ဘက္႐ြာတစ္႐ြာလုံးဟာ ဒီေန႕မွာလုပ္တဲ့ လက္ခ်ီပြဲ ( လက္ထပ္ပြဲ ) ေၾကာင့္ေပ်ာ္႐ြင္စြာစကားသံေတြအတူလႈပ္လႈပ္ရွားရွားျဖစ္ေနရသည္။ ဒီေန႕ပြဲတြင္ေရာက္ရွိလာတဲ့အမ်ိဳးသမီးေတြသည္လည္း သူ႕ထပ္ငါအၿပိဳင္လွပမႈ႕ကိုယ္စီနဲ႕ အေကာင္းဆုံးအဝတ္အစားေတြနဲ႕အဆင္တန္ဆာတို႔ကိုဝတ္ဆင္ထားၾကၿပီး ေယာက္က်ားသားမ်ားကလည္း သူတို႔ရဲ႕ဂုဏ္အရွိန္အဝါ ျမင့္တတ္ေစရန္အလို႔ငွာ အဖိုးတန္ေက်ာက္ေတြကိုစလြယ္သိုင္းထားၾကသည္။

ဒီလက္ခ်ီပြဲျပဳလုပ္ရာေနရာသည္ သတို႔သားဘက္ကအိမ္တြင္ျဖစ္သည္။ သတို႔သားျဖစ္သူဟာၿမိဳ႕ႀကီးမွာေကာင္းမြန္တဲ့စီးပြားေရးအေျခခိုင္က်ေနတဲ့ လူတစ္ေယာက္မို႔ ႐ြာတြင္လဲအေျခအေနသင့္တင့္သေလာက္ရွိ၏ ၊ ဒီ႐ြာ၏ဓေလ့မွာ လက္ခ်ီပြဲလုပ္ရင္ သတို႔သားအိမ္မွာသာလုပ္ခြင့္ရွိတာမို႔သတို႔သားအိမ္မွာ က်င္းပၾကသည္။

အနည္းငယ္က်ယ္ဝန္းတဲ့ၿခံႀကီးထဲမွာ စားပြဲဝိုင္းအေသးေလးႏွင့္ လူႏွစ္ေယာက္မ်က္ႏွာခ်င္းဆိုင္ထိုင္ဖို႔အတြဲခုံေလးေတြႏွင့္ အုပ္စုဖြဲ႕ထိုင္ရန္အတြက္လည္း ခုံ အမ်ားအျပားထားရွိလို႔ထားသည္။ ထို႔ေၾကာင့္ လက္ခ်ီပြဲကိုလူဘယ္ႏွေယာက္လာပါေစ ထိုသို႔ခုံေလးေတြရိုက္ထားတာေၾကာင့္ လူရႈတ္ေထြးမေနပဲ သူ႕ေနရာႏွင့္သူရွိၿပီး ေပ်ာ္စရာအလြန္ေကာင္းသည္။

လက္ခ်ီပြဲ စ ေတာ့မွာမို႔အိမ္တြင္လည္း႐ြာရွိလူစုံသေလာက္ရွိေနခဲ့ၿပီျဖစ္သည္။

"အငဲ ဒီေန႕ပြဲကို ေနာ္အဲလာ လာေလာက္မလား? "

" ဘယ္သိမတုန္းေတာ့.."

"ေျပာသံၾကားတာေတာ့ အေရွ႕႐ြာက ဦးေဆာင္သူ လာမယ္ဆိုေတာ့ ေျပာမရဘူး သူလာေလာက္တယ္ေနာ့ "

သုံးေယာက္တစ္တြဲခုံမွစုထိုင္ေနတဲ့ လုံမပ်ိဳမ်ားက တီးတိုးေျပာစကားမ်ားေျပာေနေလသည္။

လက္ခ်ီပြဲသို႔လာေရာက္တဲ့ဧည့္သည္ေတြကို အိမ္ရွင္ေတြကလိုေလေသးမရွိဂ႐ုစိုက္ေပးေနသည္။ ေယာက္က်ားေလးေတြႏွင့္မိန္းကေလးတစ္ခ်ိဳ႕ဟာလည္း မိတ္ဖြဲ႕ကာစေနာက္စကားေျပာေနစဥ္ ၿခံဝန္းေရွ႕မွာရပ္လိုက္တဲ့ႏြားလည္းေၾကာင့္အားလုံးရဲ႕အၾကည့္ကအျပင္ဘက္ဆီ ဘယ္သူမ်ားလဲ ဆိုကာလွည့္ၾကည့္ၾကသည္။ ထိုသူဟာ တစ္ျခားမဟုတ္ အေနာက္ဘက္႐ြာလူႀကီးသမီးျဖစ္သူ 'ေနာ္အဲလာ' ျဖစ္သည္။

အေနာက္ဘက္႐ြာလူႀကီးရဲ႕တစ္ဦးတည္းေသာျဖစ္တဲ့ ေနာ္အဲလာ သည္ ႐ြာေလး႐ြာရဲ႕အေခ်ာဆုံးအလွဆုံးမိန္းကေလးလို႔ေက်ာ္ၾကားၿပီး သူမရဲ႕အလွဟာတကယ္ပင္ခ်ီးက်ဳးလို႔ထိုက္တန္သည္။

႐ြာေလး႐ြာရွိ ေယာက္က်ားေလးအမ်ားစုက ေနာ္အဲလာ ႏွင့္ လက္ခ်ီ ဖို႔ေတာင္းဆိုသူေတြမွာအမ်ားျပားရွိသည္။ သို႔ေသာ္ ေနာ္အဲလာ က မာနႀကီးသည္။ အေနာက္႐ြာမွာ ေနာ္အဲလာ တို႔အေဖဟာပိုက္ဆံရွိလူတန္းစားတစ္ရပ္လို႔ေျပာရမည္။ ဒါ့ေၾကာင့္ သူမအေဖဟာ တစ္ဦးတည္းေသာသမီးမို႔ေမွ်ာ္လင့္ခ်က္ႀကီးႀကီးထားၿပီး အျမင့္တတ္ေစခ်င္တဲ့စိတ္ႏွင့္ သူမရဲ႕ကိုယ္ရည္ကိုယ္ေသြး ၊ ပညာ ၊ စီးပြားေရးႏွင့္ ေပါင္းသင္းဆက္ဆံမႈ႕ေတြကို မ်ားစြာသင္ယူေစသည္ ။ ဒါေၾကာင့္ သူမဟာ ဒီ႐ြာေလး႐ြာမွာ သူမနဲ႕ထိုက္တန္သူသည္ ဦးေဆာင္သူ ျဖစ္တဲ့ ေစာေနေစး တစ္ေယာက္သာရွိတယ္လို႔ ယူဆထားသည္။

ေက်ာလည္ေလာက္ရွိနက္ေမွာင္တဲ့ဆံေကသာႏွင့္ လွပတဲ့မ်က္ႏွာေလးပိုင္ဆိုင္ထားတဲ့ ေနာ္အဲလာသည္ သူမရဲ႕ေတာက္ပတဲ့မ်က္ဝန္းတစ္စုံ နဲ႕ အနီေရာင္ႏႈတ္ခမ္းရဲရဲေလးတို႔ျဖင့္လွပမႈ႕တို႔ကိုေဆာင္သည္။

သိုးေမႊးေခါင္းေပါင္းေလးဝတ္ၿပီး ဆံပင္ကိုျဖန့္ခ်ထားတာေၾကာင့္ သူမပုံစံေလးကယဥ္ယဥ္ေလးနဲ႕လွပမႈ႕အျပည့္။ ဒါ့အျပင္ အနီနဲ႕အနက္အေရာင္စပ္ထားေသာလက္ခ်ီပြဲရိုးရာဝတ္စုံ ပတ္ထမိန္ဝမ္းဆက္ကိုဝတ္ထားေသာသူမဟာ ပတၱျမားေက်ာက္စလြယ္သိုင္းႀကိဳးေလးကိုလြယ္ထားၿပီး ေက်ာ့ေမာ့စြာပင္ ေျခလွမ္းဖြဖြလွမ္း၍ ပြဲထဲရွိလူအမ်ားရဲ႕အာ႐ုံစူးစိုက္မႈ႕ကိုယူ၏

" အိုး ေနာ္အဲလာ ေရာက္ၿပီေပါ့..လာကြယ္ သမီးသူငယ္ခ်င္းကအေပၚထပ္မယ္ လူႀကီးေတြနဲ႕စကားစမည္ေျပာေနတုန္းကြဲ႕ "

အိမ္ရွင္ေတြက ေနာ္အဲလာကိုေတြ႕ေတာ့ ေဖာ္ေ႐ြယဥ္ေက်းစြာထြက္၍ႀကိဳဆိုၾကသည္။ အားလုံးထဲမွာမွ အထူးအေရးေပးခံရတာမ်ိဳးကိုႀကိဳက္တတ္တဲ့ ေနာ္အဲလာ ဟာ သူမအၿပဳံးတို႔ကိုပီျပင္စြာအလွဆုံး၍ ၊

"ရပါတယ္ ေဒၚေလး၊ သူျပင္ဆင္လို႔ၿပီးမွ ကြၽန္မတတ္သြားလိုက္ပါ့မယ္ "

​ႂကြားဝါစိတ္​ေလးရွိ​ေနတဲ့ ေနာ္အဲလာ က သူ႕အလွတရားကိုဒီလူေတြကိုႂကြားဖို႔ရွိေနခ်င္ေသးသည္။

ထိုစဥ္အေပၚထပ္ဆီက သတို႔သမီးေလာင္းေလးကလွမ္းေအာ္ေျပာလာသည္။

" အမိုး ေနာ္အဲလာ ေရာက္ၿပီဆို အထဲေခၚခဲ့ေပးေနာ့..အကိုေနေစး ေရာ ေရာက္ၿပီလား အမိုး "

" လာေတာ့မယ္ထင္တယ္ေရာ္..သူတို႔မွီပါတယ္ "

ေနာ္အဲလာသည္ ေနေစး ဆိုတဲ့အသံၾကားတာနဲ႕ခ်က္ခ်င္းမ်က္လုံးအေရာင္ေတာက္ပသြားၿပီးႏႈတ္ခမ္းကၿပဳံးသြားသည္။

* အကို ရွင္ေရာလာမွာလား *

ေစာေနေစးဟာ သူမနဲ႕ငယ္စဥ္ကအရမ္းရင္းႏွီးတယ္မဟုတ္ရင္ေတာင္ ေခၚေျပာႏႈတ္ဆက္ရွိသည္။ သို႔ေသာ္ ေနာက္ပိုင္းမွာေတာ့သူစိမ္းေတြထပ္ပင္စိမ္းသက္သြားတဲ့ ေစာေနေစး က တည္တန့္တဲ့မ်က္ႏွာနဲ႕အမႈအယာကင္းကဲ့ေနရင္ေတာင္ သူမနဲ႕ထိုက္တန္သူက ေစာေနေစးဆိုတဲ့ ဦးေဆာင္သူပဲရွိတာမို႔ သူမပိုႀကိဳးစားရမည္မလား။

ေနာ္အဲလာသည္ ေနေစးကိုေစာင့္ရင္းမိန္းကေလးေတြနဲ႕စကားေျပာရင္း ေစာင့္ေနလိုက္သည္။

" ေဟာ ေျပာရင္းဆိုရင္း ေနေစးတို႔ေရာက္ေပါ့"

ျမည္းခြာသံနဲ႕အတူၿခံေရွ႕မွာျမည္းရပ္ၿပီးဆင္းလာတဲ့ေနေစးသည္ သူ႕ေနာက္ကလူသားပိစိရဲ႕တြယ္ဖက္ျခင္းကိုလည္းတင္းက်ပ္စြာဖက္ခံထားရေသးသည္။

အေၾကာင္းမွာေနေစးတို႔ဒီကိုလာခါနီး ျမည္းလွည္း မရတာေၾကာင့္ ေနေစး ျမည္းနဲ႕ပဲလာခဲ့ရသည္။ သို႔ေသာ္ ၿမိဳ႕သားအေခ်ာေလးက ျမည္းစီးေသေအာင္ေၾကာက္တတ္မွန္းဘယ္သူသိမွာလဲ ။

" စိုင္းဟြမ္ က်ဳပ္တို႔ေရာက္ၿပီ "

" ဟင္, အင္း ေရာက္ၿပီလား "

" အင္း ေရာက္ၿပီ၊ က်ဳပ္ဆင္းဦးမယ္ "

ဆြဲဖယ္လိုက္ျခင္းမရွိပဲ ေနေစးေျပာလိုက္မွ သူဘာလုပ္ထားလဲသတိရသြားတဲ့ ခြန္စိုင္းဟာ ရွက္​ၿပီးသူ႕လက္ကိုကျပာကယာဖယ္လိုက္ၿပီး ၊

" ကိုယ္..ကိုယ္ေတာင္းပန္ပါတယ္ "

" ရပါတယ္ "

ေနေစး ျမည္းေပၚကဆင္းၿပီး ျမည္းဇာတ္ႀကိဳးကိုကိုင္ကာ ခြန္စိုင္းဆင္းဖို႔ေစာင့္ေပးေနေပမယ့္ ခြန္စိုင္းမွာေတာ့ ေၾကာက္လန့္၍ ခက္ခက္ခဲခဲဆင္းလိုက္ရသည္။ ျမည္းေပၚက ကုန္းကြကြႀကီး ဘယ္သူဆင္းလို႔လဲ..အဲ့တာေၾကာင့္ ေနေစးက ခြန္စိုင္းျမည္းေပၚက ဆင္းတဲ့ပုံစံကိုၾကည့္ၿပီး ႀကိတ္ရယ္မိသည္။

" ဟူး..ေမာလိုက္တာ.. "

ေတာင္မို႔တစ္ခု တတ္ရသူလိုခံစားေနရတဲ့ ခြန္စိုင္းကိုၾကည့္ကာ ေနေစးမ်က္ဝန္းမွာၿပဳံးရိပ္သန္းရျပန္သည္။

* ဘယ္လိုေလးတုန္းဗ်ာ *

ခြန္စိုင္းအက်ီကစလြယ္သိုင္း​ႀကိဳးတလႊဲေနရာျဖစ္ေနတာျမင္ေတာ့ ေနေစးသည္ ခြန္စိုင္းအနားကပ္ၿပီး ျပဳျပင္ေပးလာသည္။

" ရၿပီ ၊ သြားမယ္.. "

" အင္း အင္း "

ဒီေန႕မွသေဘာေကာင္းေနတဲ့ ေနေစးေၾကာင့္ ခြန္စိုင္းနည္းနည္းအံၾသေနမိသည္။ ဘာက သူ႕ကိုသေဘာေကာင္းေစလိုက္တာလဲ? ။

*ဘာပဲျဖစ္ျဖစ္ ဒီေကာင္ေလးနဲ႕ အဆင္ေျပေနေတာ့လဲ မဆိုးပါဘူး *

အိမ္ဝန္းထဲဝင္တာနဲ႕ ပြဲကိုလာေရာက္တဲ့လူေတြအကုန္လုံးက ေနေစး နဲ႕ ခြန္စိုင္းကိုစပ္စုသလိုနဲ႕ဝိုင္းၾကည့္ေနၾကသည္။

ရွင္ဘုရင္လိုတည္ၿငိမ္တဲ့သြင္​ျပင္ရွိ​ၿပီး..အၿပဳံးအရယ္မရွိတဲ့မ်က္ႏွာႏွင့္ တစ္သမတ္တည္းရွိတဲ့စိတ္ထားနဲ႕အတူ လူတိုင္းနဲ႕ေရာေနာစြာေနျခင္းမရွိတဲ့ ေနေစးရဲ႕ အရွိန္အဝါကလူတိုင္းရဲ႕စိတ္ကိုေလးစားမႈ႕နဲ႕အတူ အမွားမလုပ္ရဲတဲ့အေျခအေနတစ္ခုဖန္တီးေပးသည္။ ဒါ့အ​ျပင္ ေနေစးေနာက္မွာလိုက္ပါလာတဲ့ ခြန္စိုင္းဟာ သူတို႔အတြက္လူစိမ္းမို႔အထူးအဆန္းျဖစ္ေနတာျဖစ္သည္။

" ေနေစးတို႔လာ​ၾက​ၿပီလား ၊ က်ဳပ္တို႔မယ္ မင့္တို႔ကိုေစာင့္ေနတာေရာ္ "

အသက္ ၆၀ အ႐ြယ္လူႀကီးတစ္ေယာက္ကအိမ္ရွင္ျဖစ္ပုံရသည္။ ေနေစးတို႔ကိုေဖာ္ေ႐ႊစြာဧည့္ႀကိဳ၏ ၊ ၿပီးေတာ့ ထိုဦးေလးႀကီးအၾကည့္ေတြက ခြန္စိုင္းဘက္သို႔ေရာက္လာတဲ့အခါ ေနေစးက မိတ္ဆက္ေပးလာသည္။

" ဒါက်ဳပ္တို႔႐ြာကိုလာလည္တဲ့ က်ဳပ္ဧည့္သည္"

" အိုး..ဟိုးရက္ကၾကားမိပါေသး.. အဖတို႔႐ြာဆီ ဧည့္သည္တစ္ေယာက္ေရာက္လာတယ္ဆိုတာ ဒီလူငယ္ေလးထင္တယ္ေနာ့ "

ဦးေလးႀကီးေျပာေတာ့ ခြန္စိုင္းက ယဥ္ေက်းစြာဝင္ႏႈတ္ဆက္သည္။

" ေတြ႕ရတာဝမ္းသာပါတယ္ဦးႀကီး ကြၽန္ေတာ္နာမည္ ခြန္စိုင္းဟြမ္ပါခင္ဗ် "

" ဦး​ႀကီးတို႔လဲေတြ႕ရတာဝမ္းသာပါတယ္ကြယ္"

ခြန္စိုင္း မိတ္ဆက္သံအဆုံး အနီးအနားမွာကိုယ္စီကိုယ္ငွထိုင္ေနၾကတဲ့ ႐ြာသူ႐ြာသြားေတြရဲ႕အၾကည့္ေတြဟာ အလြန္ေခ်ာေမာလွပေနတဲ့ ခြန္စိုင္းဆီမွာစုၿပဳံလွ်က္ ။ ေစာနကထိ ေနာ္အဲလာ ကိုအလွဆုံးလို႔ထင္မွတ္ထားၾကတဲ့သူတို႔ဟာအနီးရွိ ေယာက္က်ားပ်ိဳတစ္ဦးျဖစ္တဲ့ ခြန္စိုင္းရဲ႕တည္ၿငိမ္ၿပီးေခ်ာတဲ့ေကာင္ေလးမ်ိဳးေတြ႕လိုက္ေတာ့ သူတို႔အာ႐ုံက ခြန္စိုင္းဆီမွာအျပည့္ရွိေနသည္။

ေနာ္အဲလာ သည္ သူမရရွိထားတဲ့အရာတစ္ခုကိုဆုံးရႈံးလိုက္ရသလိုခံစားမႈ႕နဲ႕အတူ ေနေစး ေဘးမွာရပ္ေနတဲ့ တစ္စုံတစ္ေယာက္ကိုမနာလိုဝန္တိုျဖစ္ေနမိသည္။

ေနေစးတို႔မတ္တတ္ရပ္ၿပီးစကားေျပာေနတုန္းမွာ ေနာ္အဲလာ က ေနေစး တို႔ဆီေလွ်ာက္လာခဲ့သည္။ ႐ြာသူ႐ြာသားေတြက ေနာ္အဲလာ ဟာ ေနေစးကိုႀကိဳက္ေနမွန္းသိတာေၾကာင့္ သူတို႔လုယူခ်င္ရင္ေတာင္ ေနေစး ဟာ သူတို႔ၿပိဳင္ဘက္မျဖစ္နိုင္မွန္းသိတာေၾကာင့္ေရွ႕မတိုးရဲေပ ။ သို႔ေသာ္ သူတို႔မသိတာက သူမဟာ ေနေစးနဲ႕ဘာမွမသက္ဆိုင္တဲ့လူဆိုတာပင္ ။

" အကို "

ၿငိမ့္ေညာင္းသိမ္ေမြ႕တဲ့အသံေလးနဲ႕အတူ နတ္သမီးတမွ်လွပမႈ႕ေတြထင္ေပၚေနတဲ့ ေနာ္အဲလာသည္ ေနေစးကိုၿပဳံးကာႏႈတ္ဆက္တာေၾကာင့္ ေနေစးတစ္ခ်က္လွည့္ၾကည့္လိုက္သည္။
သို႔ေသာ္ ေနေစး သည္ သူ႕ေရွ႕က သူမကိုေတြ႕လိုက္တဲ့အခ်ိန္မွာ မ်က္ႏွာမွာအမႈအရာတစ္မ်ိဳးျဖတ္ေျပးသြားရသည္။

" အကို မေတြ႕ရတာေတာင္ၾကာေပါ့၊ ေနေကာင္းရဲ႕လား "

တဖက္မိန္းကေလးက စကားေျပာေနေသာ္လည္း ခ်က္ခ်င္းတုန့္ျပန္ျခင္းမရွိပဲ ေနေစးသည္ သူမကိုၾကည့္ကာတိုရင္းလိုရွင္း 'အင္း'တစ္လုံးသာေျဖလိုက္သည္။

ေနေစးရဲ႕တုန့္ျပန္မႈ႕က ေနာ္အဲလားကိုရွိုးတိုးရွန္းတန္းျဖစ္သြားေစသည္။ သူမဟာ ဒီ႐ြာေလး႐ြာရဲ႕ေယာက္က်ားတိုင္းလက္ခ်ီပြဲလုပ္ခ်င္သူအမ်ိဳးသမီးတစ္ေယာက္ျဖစ္ေသာေၾကာင့္ ေနေစးရဲ႕အျပဳအမႈ႕က သူ႕အတြက္ ရွက္စရာပင္ ။ သို႔ေသာ္ သူမရဲ႕သိကၡာကိုထိန္းသိမ္းဖို႔အတြက္လွပတဲ့အၿပဳံးတစ္ခုကိုေတာ့ ၿပဳံးေနဆဲပဲ ။

ေနာ္အဲလာ က ေနေစးနဲ႕စကားေျပာရင္း ေဘးက ခြန္စိုင္းကိုေျခဆုံးေခါင္းဆုံးၾကည့္ကာအကဲခတ္သည္။ လူတစ္ေယာက္ကိုေပၚတင္ၾကည့္တာကရိုင္းတယ္ဆိုေပမယ့္ ေနာ္အဲလာကဂ႐ုမစိုက္ပါေခ်။

* ဟက္ ႐ုပ္ေလးကမဆိုးပါဘူး၊ ဒါေပမယ့္ စိတ္မပူပါဘူး ဒင္းဘယ္ေလာက္ေခ်ာေခ်ာ မိန္းကေလးမွမဟုတ္တာ၊ငါဘာစိတ္ပူစရာရွိလဲကြယ္ *

ေလထုက ကသိ့ကေအာင့္နိုင္တဲ့အ​ေျခအေနမွာ အိမ္ရွင္က ဝင္ေျပာသည္။

" အမ္, အဲ့တာဆို ထိုင္ဦးေနာ့..က်ဳပ္အေပၚမယ္ျပင္စရာရွိေသးလို႔ "

" ေကာင္းပါၿပီ "

ခုံေတြအမ်ားႀကီးရွိတဲ့အနက္ သူမက ေနေစးနဲ႕အတူထိုင္ရန္အခြင့္အေရးကိုဆုတ္ကိုင္၏။

" အကို ဟိုဘက္မွာသြားထိုင္ရေအာင္ "

မ်က္လုံးေတြအားလုံးေရွ႕မွာမိန္းကေလးတစ္ေယာက္ကိုျငင္းလိုက္မယ္ဆိုလွ်င္ ေယာက္က်ားေကာင္းတစ္ေယာက္မဟုတ္တန္ရာက်သြားမယ္ဆိုတဲ့ စိတ္နဲ႕ ေနေစးက သူမကိုေခါင္းတစ္ခ်က္သာညွိမ့္ျပၿပီး ေနာက္ကခြန္စိုင္းကိုၾကည့္ကာ..။

" ေလွ်ာက္မသြားနဲ႕.. က်ဳပ္အနားမွာပဲေန "

" အင္း, ကိုယ္မသြားပါဘူး "

ပူပန္မႈ႕ကင္းစြာနဲ႕ၿပဳံးျပလာတဲ့ ခြန္စိုင္းမ်က္ႏွာေလးက ၾကည့္လိုက္တိုင္းေအးခ်မ္းဖြယ္ ။ ေနာ္အဲလာ သည္ ေနေစးရဲ႕ အခုလိုမ်ိဳးတစ္စုံတစ္ေယာက္အေပၚစိုးရိမ္တာမ်ိဳးမေတြ႕ဖူးတာေၾကာင့္ သူမမွာ အမ်ိဳးသားတစ္ေယာက္ရလိုက္တဲ့အခြင့္အေရးအေပၚမနာလိုဝန္တိုမိသည္။ ဒီအခြင့္အေရးက ဘာေၾကာင့္ငါအတြက္မျဖစ္ရတာလဲ ။

ထိုင္ခုံေ႐ြးရာမွာ ေနာ္အဲလာက ေနေစးနဲ႕ႏွစ္ေယာက္ထိုင္ခုံဘက္ဆီကိုသာေ႐ႊးၿပီးဦးတည္သြားတာေၾကာင့္ ေနေစး မ်က္ေမွာင္က်ဳံ႕ကာ ေနည္အဲလာကိုအၾကည့္စူးစူးတစ္ခ်က္ၾကည့္လိုက္သည္။

* ဘယ္လိုေတာင္မယဥ္ေက်းတဲ့မိန္းကေလးလဲ!ေနာက္မွာ စိုင္းဟြမ္ ပါေနတာကိုဂ႐ုမစိုက္တဲ့သေဘာလား! *

" အကို ဒီမွာထိုင္ရေအာင္ "

ခြန္စိုင္းသည္ သူ႕ေရွ႕က မိန္းကေလးနဲ႕ ေနေစးတို႔ရဲ႕ပက္သတ္မႈ႕ကိုမသိပါ၊ စိတ္လဲမဝင္စားပါ၊ ဒါ​ေပမယ့္အခုခ်ိန္မွာ ခြန္စိုင္းက ေနေစးတို႔ဆီသို႔ လာလည္တဲ့ဧည့္သည္တစ္ေယာက္မို႔ ဒီလက္ခ်ီပြဲမွာအသိမရွိေပ ။ သို႔ေသာ္ သူမ်ားအတြဲကိုလည္းမေႏွာက္ယွက္ခ်င္တာေၾကာင့္ ထိုင္ခုံရွိရာဆီၾကည့္လိုက္ေတာ့ ခုံလြတ္ေတြရွိေနဆဲမို႔ သူတို႔အတြဲကိုလစ္လ်ႈရႉကာ တျခားခုံမွာသြားထိုင္ရန္ျပင္လိုက္စဥ္....။

" ခင္ဗ်ား ဘယ္မွာထိုင္ဖို႔စိတ္ကူးေနတာလဲ "

႐ုတ္တရက္ ခြန္စိုင္းလက္ကိုသူ႕ဘက္သို႔လွမ္းဆြဲကာ ေမးလာတဲ့ အက္ဒြက္ ။

" ဟို.. ကိုယ္က မင္းတို႔ႏွစ္ေယာက္ကိုအေႏွာက္ယွက္မျဖစ္ေစခ်င္လို႔ပါ "

" ဘာ.. "

ခြန္စိုင္းေျပာလိုက္မွအေျခအေနဆိုးသြားသလားမေျပာတတ္ ၊ ေနေစးမ်က္ေမွာင္က်ဳံ႕ကာ ခြန္စိုင္းကိုေပါက္ထြက္မတတ္စိတ္ၾကည့္ေန၏

" က်ဳပ္နဲ႕လာထိုင္ "

" အင္းပါ "

ကိုယ့္ထက္ငယ္ေပမယ့္ အေတာ္ေဒါသႀကီးေလာက္မယ့္ ေနေစးရဲ႕ေဒါသအိုးကို ခြန္စိုင္းစိန္မေခၚရဲပါ ။ ခုနက ေကာင္မေလးဘယ္ေရာက္သြားလဲၾကည့္လိုက္ေတာ့ ႏွစ္ေယာက္ထိုင္ခုံတစ္ခုမွာ သူမတစ္ေယာက္တည္းထိုင္လို႔ေနသည္။

* ဒီေကာင္ေလး မိန္းကေလးတစ္ေယာက္တည္းထားၿပီး ဒီမွာလာထိုင္ေနတယ္? သူ႕ကိုသူမ်ားေျပာမွာမစိုးရိမ္ဘူးလား? ငါတို႔ရန္ကုန္ကေကာင္ေတြနဲ႕မ်ားကြာပ *

အေတြးလြန္ေနၿပီး ေနာ္အဲလာဆီအၾကည့္ပို႔ထားမိတဲ့ ခြန္စိုင္းေၾကာင့္ နံေဘးမွာထိုင္ေနတဲ့ ေနေစးက သူ႕လက္ထဲကေရေႏြးၾကမ္းဖန္ခြက္ကိုတင္းတင္းဆုတ္ကိုင္ထားရင္း ခြန္စိုင္းကိုေဒါသႏွင့္ၾကည့္ေနေလသည္။

* ခင္ဗ်ား ဘာေၾကာင့္သူမကိုၾကည့္ေနရဲတာလဲ!*

လူတိုင္းျဖစ္ဖူးၾကတယ္မဟုတ္လား ကိုယ္အေတြးထဲမွာတစ္စုံတစ္ရာကိုေတြးေနေပမယ့္ အၾကည့္ေတြက အရာဝတၱဳ ဒါမွမဟုတ္ လူတစ္ေယာက္ဆီပို႔ထားမိတာမ်ိဳး ဒါေပမယ့္ အဲ့တာေတြကိုၾကည့္ေနတာလားဆိုေတာ့ မဟုတ္ဘူး ။ ေတြးတဲ့လူကေတာ့ သူ႕အေတြးထဲမွာေမွ်ာေနတာပဲ ။ အခုလည္း ခြန္စိုင္းကအဲ့လိုျဖစ္ေနတာ ဒါေပမယ့္ ေနေစးမွမသိပဲ ။

ထိုစဥ္ ခပ္ငယ္ငယ္မိန္းကေလးႏွစ္ဦးတို႔တီးတိုးေျပာသည္။

" ဒီက အကို က သိပ္ေခ်ာတာပဲေရာ္ "

" ဟုတ္ပါ့ေအ..အသားေလးမ်ားလဲျဖဴလို႔.. က်ဳပ္ဟိုေန႕ကအမဲလိုက္တုန္းကေတြ႕ခဲ့တဲ့ယုန္အတိုင္းပဲ"

( A/N မိန္းမပီသခ်က္ 😂 )

မိန္းကေလးႏွစ္ေယာက္တီးတိုးေျပာတာကိုၾကားေနရတဲ့ခြန္စိုင္းဟာ ရိုးသားလြန္းတဲ့က​ေလးမ​ေတြကိုသေဘာက်စြာၿပဳံးလိုက္မိသည္။ ထို႔ေနာက္ လက္ခ်ီပြဲကို သူ႕ရိုးရာအတိုင္းလုပ္ေဆာင္သြားၿပီးေနာက္ အားလုံးေပ်ာ္ေပ်ာ္ပါးပါးစကားေဖာင္ဖြဲ႕ေျပာ​ၾကဆို​ၾက ၊ေပ်ာ္႐ြင္ေနၾကေတာ့သည္။

ခြန္စိုင္းသည္ ၿခံဝန္းက်ယ္ရဲ႕ကြပ္ပ်စ္အက်ယ္တစ္ခုမွာထိုင္ၿပီး ကခုန္ေနၾကတဲ့႐ြာသူ႐ြာသားမ်ားကိုၾကည့္ၿပီး ၿပဳံးရယ္ေနမိေတာ့သည္။ ဒီအခ်ိန္မွာ သူ႕ကင္မရာထည့္ဖို႔​ေမ့လာတဲ့ ဦးေႏွာက္ကိုသာထုခ်င္ေတာ့သည္။

ရိုးရာဝတ္စုံေခါင္းေပါင္းေတြနဲ႕ ကခုန္ေနတဲ့အထဲမွာ အေဒၚႀကီးေတြက ခြန္စိုင္းကိုၿပဳံးျပကာ လက္ယက္ေခၚၾက၏ ၊ လက္ခုတ္တီးအားေပးေနတဲ့ ခြန္စိုင္းက သူ႕ကိုယ္သူလက္ညွိုးထိုးျပေတာ့ အားလုံးကေခါင္းညွိမ့္ၿပီးဖိတ္ေခၚတာေၾကာင့္ ခြန္စိုင္း ေနေစးဘက္ကိုတစ္ခ်က္လွည့္ၾကည့္မိသည္။

ဒါဟာ ႐ြာရဲ႕ရိုးရာေပ်ာ္ပြဲ႐ြင္ပြဲမို႔ ေနေစးက ခြန္စိုင္းကိုမတားေပ ။ ေနေစးခြင့္ျပဳတာႏွင့္ ခြန္စိုင္းက အမ်ိဳးသားေတြဝိုင္းဖြဲ႕ကာက​ေနၾကတဲ့ေနရာယူလွ်က္ အားလုံးနဲ႕နည္းတူ ေျခေထာက္ေတြကိုတဖက္နဲ႕တဖက္ေျပာင္း၍ခုန္ကာ ေပ်ာ္႐ြင္စြာကခုန္ေနေတာ့သည္ ။ ခြန္စိုင္း အသက္ ၂၇ ရွိခဲ့ၿပီ။ ဒီေန႕လိုေပ်ာ္စရာေကာင္းတဲ့ေန႕ရက္မ်ိဳးခံစားရတာ ဒီတစ္ခါပထမဦးဆုံးပဲမို႔ ခြန္စိုင္းအၿပဳံးေတြကအသက္ဝင္လြန္းလွသည္။

လူေကာင္ႀကီးႀကီးထြားထြားေတြၾကားက ခႏၶာကိုယ္ေသးေသးေလးႏွင့္ခ်စ္စရာေကာင္းတဲ့ လူႀကီးေပါက္စေလးေပါ့ ။ ထိုလူႀကီးေပါက္စေလးကို ေရေႏြးၾကမ္းေသာက္ရင္း မ်က္ေခ်မျပတ္ေစာင့္ၾကည့္ၿပီး ဂ႐ုစိုက္ေနတဲ့ တစ္စုံတစ္ေယာက္ရွိေနတယ္ဆိုတာေတာ့ လူႀကီးေပါက္စေလးက သိမယ္မထင္ေပ ။

ေနာ္အဲလာ သည္ ခြန္စိုင္းမရွိတဲ့ေနာက္ ေနေစးဘက္ဆီေလွ်ာက္လာၿပီးနံေဘးမွာေျပာင္းထိုင္လိုက္သည္။

" အကို..ညီမငယ္တို႔စကားခဏေျပာၾကရေအာင္"

" မင္းေျပာပါ "

" ညီမငယ္ အကိုနဲ႕မေတြ႕ရတဲ့ရက္အတြင္းမွာ အကိုသိပ္ေျပာင္းလဲသြားတယ္ေနာ္၊"

" ....... "

" ေမးခ်င္မိပါရဲ႕ အကို ၊ ညီမငယ္ဘာအျပစ္မွာျပဳမိခဲ့သလဲဆိုတာ "

အေရွ႕တည့္တည့္ကိုၾကည့္ေနတဲ့ ေနေစးရဲ႕မ်က္ႏွာကို ေဘးတစ္ေစာင္းေငးေမာၾကည့္တာေတာင္အေတာ္ေလးေယာက္က်ားပီသသည္။ ေနာ္အဲလာဟာ သူမရဲ႕အခ်စ္ေတြျပည့္နက္ေနတဲ့မ်က္ဝန္းတို႔ႏွင့္ ေနေစးကိုေငးၾကည့္ကာအေျဖကိုေစာင့္ဆိုင္းေန၏

" မင္းအေတြးလြန္ေနၿပီေရာ..ေနာ္အဲလာ မင္းအျပစ္မျပဳမိသလို က်ဳပ္လဲ မင္းအေပၚခံစားခ်က္နဲ႕ပက္သတ္လို႔ျဖဴစင္တဲ့ေမတၱာသာေပးခဲ့တယ္၊ ဘာအတြက္ေျဖရွင္းခ်က္ေတာင္းေနရသလဲ က်ဳပ္နားမလည္ဘူး "

" .....အကို "

သိသာေနတဲ့အေျဖတစ္ခုကိုအလိမ္မာနည္းနဲ႕ႏွစ္ဦးႏွစ္ဖက္ဘာပက္သတ္မႈ႕မွမရွိေၾကာင္း ရွင္းလင္းစြာေျပာလိုက္တဲ့ေနေစးေၾကာင့္ သူမမွာခံရခက္ခက္ျဖစ္ရသည္။ ေနာ္အဲလာ ဆိုတဲ့သူမဟာ ေစာေနေစးကို ခ်စ္ႀကိဳက္ေနတယ္ဆိုတာ ႐ြာေလး႐ြာမွာမည္သူမသိသလဲ ။ ဒါေတာင္ ဘာေၾကာင့္ မိန္းကေလးဘက္ကထုတ္ေဖာ္ေျပာေစေအာင္ဖိအားေပးရတာလဲ ။

" တစ္ခ်ိဳ႕အရာေတြက အကိုမသိခ်င္ေယာင္ေဆာင္လို႔ရေပမယ့္ တဖက္လူရဲ႕ခံစားခ်က္ကိုမျမင္ခ်င္ေယာင္မေဆာင္ပါနဲ႕လားအကိုရယ္ "

" ....... "

အဲ့စကားကို သူမကခံစားခ်က္ေတြစုၿပဳံကာ ေနေစးမ်က္ႏွာဆီကိုပဲမွန္းေမွ်ာ္ၾကည့္ရင္းေျပာေပမယ့္ ေနေစးကေတာ့ မသိ၊မျမင္၊မၾကားသလိုေနေနခဲ့ၿပီး သူ႕အေရွ႕စူးစူးကိုသာ အလိုမက်သလိုမ်က္ေမွာင္က်ဳံ႕ကာစိုက္ၾကည့္ေနၿပီး အေျဖျပန္မေပးခဲ့ေခ် ။

ရိုးရာေပ်ာ္ပြဲ႐ြင္ပြဲအကစည္းဝိုင္းထဲမွာ မေမာပန္းမပန္းနိုင္ကခုန္ေနတဲ့ ခြန္စိုင္းသည္ ေဘးတစ္ဖက္က သူလက္တြဲထားတဲ့လူရဲ႕စိတ္ဝင္စားမႈ႕ကိုရရွိေနတာကိုေတာ့မသိခဲ့ေပ ။

ထိုလူနာမည္က ခမ္းေက်ာက္ ျဖစ္သည္။ ခမ္းေက်ာက္ဟာ ေတာင္ႀကီးဇာတိျဖစ္ၿပီး သတို႔သားနဲ႕ၿမိဳ႕ႀကီးမွာ စီးပြားဘက္စပ္တူလုပ္တဲ့သူငယ္ခ်င္းျဖစ္သည္။

အရပ္ 6' ရွိ မျဖဴမညိုအသားေရာင္ႏွင့္ ဆြဲေဆာင္မႈ႕ရွိ​တဲ့ေမးရိုးခြၽန္ခြၽန္တို႔ျဖင့္ ေယာက္က်ားပီသတဲ့ႂကြက္သားေတြဟာသေရက်ဖြယ္ ၊ ခမ္းေက်ာက္ဟာ လက္ရွိမွာ လူလြတ္တစ္ေယာက္ျဖစ္ၿပီး သူဟာနိုင္ငံျခားမွာေက်ာင္းသြားတတ္ရင္း သူ႕ဘဝလက္တြဲေဖာ္ဟာ မိန္းမတစ္ေယာက္ဘယ္ေတာ့မွမျဖစ္နိုင္ဘူးဆိုတဲ့အခ်က္ကိုသိခဲ့ရသည္။ သို႔ေသာ္ နိုင္ငံၾကားလို က်ယ္ျပန့္မႈ႕မရွိတဲ့ နိုင္ငံ၊ေဒသႏွင့္ ေနထိုင္ရတဲ့ပက္ဝန္းက်င္ေၾကာင့္ ခမ္းေက်ာက္ဟာ ခ်ျပထားတဲ့အေနအထားတစ္ခုမွာမရွိေပ ။

ခမ္းေက်ာက္သည္ ခြန္စိုင္း နဲ႕ ေနေစး ၿခံထဲစဝင္လာကတည္းက ခြန္စိုင္းကိုသတိထားမိေနခဲ့သည္။ လက္ခ်ီပြဲရိုးရာဝတ္စုံေလးနဲ႕ လွပလြန္းတဲ့ဒီအမ်ိဳးသားဟာ ခမ္းေက်ာက္ရင္ထဲေနရာယူေနေလ၏ ထို႔ေၾကာင့္ရိုးရာကပြဲကိုအသုံးခ်ကာ အႏွီးလူရဲ႕လက္ကေလးကိုကိုင္ခြင့္ရခဲ့သည္။

႐ြာသူ႐ြာသားေတြနဲ႕ရင္းႏွီးစြာေပ်ာ္႐ြင္ေနတဲ့ ခြန္စိုင္းဟာ သူ႕လက္ကိုကိုင္ၿပီး သူ႕အားေငးစိုက္ၾကည့္ကာၿပဳံးေနတဲ့ ခမ္းေက်ာက္ကိုသတိမထားမိခဲ့ေခ် ။ သို႔ေသာ္ အေပ်ာ္လြန္ေနတဲ့ ခြန္စိုင္းဟာ အေဝးတစ္ေနရာမွာေအးေဆးစြာထိုင္ေနတဲ့ ေနေစး ကိုေတာ့ ၿပဳံးျပရင္း လက္ေဝွ႕ယမ္းျပဖို႔ေတာ့မေမ့ခဲ့ေပ။ ခြန္စိုင္း စိတ္ထဲမွာ 'အက္ဒြက္က တကယ့္ေရခဲတုံး ေက်ာက္တိုင္လိုပဲ' ဟုဟာသဆန္ဆန္ႀကိတ္ေတြးေနမိေသးသည္။

ၿပီးေနာက္ ေနာက္တပတ္ က ဖို႔ တဖက္ကေခၚေခ်ၿပီ။

* ေတာက္! *

ဆက္ၾကည့္ေနရင္းမွ ေနေစးစိတ္ထဲဘဝင္မက်စြာဘယ္လိုမွမေနနိုင္ေတာ့ေပ ။

ေနာ္အဲလာသည္ ေနေစးကို အလွဆုံးၿပဳံးရယ္ျပရင္း..

" ဒါစုံတြဲေတး ပဲ အကိုနဲ႕ ညီမ........"

" ခြင့္ျပဳပါဦး "

သူမစကားပင္မဆုံးေသးခင္မွာ ေယာက္က်ားေလးႏွစ္ေယာက္ႏွင့္မိန္းကေလးႏွစ္ေယာက္ စုံတြဲအတူတူ က ဖို႔အတြက္ ခမ္းေက်ာက္ဟာ သူ႕ေရွ႕ကမိန္းကေလးဆီလက္ကမ္းရမယ့္အစား ခြန္စိုင္းလက္ကိုဆြဲဖို႔ျပင္ေနခ်ိန္မွာ..ခြန္စိုင္း ခါးေနာက္ဘက္ကလာတဲ့ လက္တစ္စုံ ။

" ဒီေန႕အတြက္ေတာ္ေလာက္ၿပီ "

" အက္ဒြက္ "

႐ုတ္တရက္ႀကီးဘယ္အခ်ိန္ကအနားေရာက္လာလဲမသိတဲ့ ေနေစးဟာ ခြန္စိုင္းခါးသိမ္သိမ္ေလးကိုဖက္ကာ ႏွဖူးမွာက်ေနတဲ့ ေခြၽးစေတြကို သူ႕လက္ေကာက္ဝတ္အက်ီအနားစနဲ႕သုတ္ေပး၏။

" ထပ္မကစားနဲ႕ေတာ့..ခင္ဗ်ား ထပ္ကစားေနရင္ ဖ်ားလိမ့္မယ္ေရာ "

"ဒါေပမယ့္ ဒီကညီေလးတို႔ကို အားနားစရာႀကီး "

ထိုသို႔ေျပာေတာ့ ေနေစး က ခမ္းေက်ာက္ကိုစိုက္ၾကည့္ကာ ၊

" က်ဳပ္ဧည့္သည္ေလးအစား တျခားတစ္ေယာက္အစားထိုးလိုက္.. "

သူက ေစာေနေစး ပဲ ၊ သူက ဒီၿမိဳ႕ႀကီးရဲ႕ဦးေဆာင္သူတစ္ေယာက္ကိုဘယ္သူအာခံရဲမွာလဲ ။ ခမ္းေက်ာက္ကသိပ္မေက်နပ္ေပမယ့္ ဟိုႏွစ္ေယာက္က အဆင္ေျပေၾကာင္းေျပာရွာသည္။ ခမ္းေက်ာက္သည္ ေနေစးေထြးေပြ႕ထားတဲ့ ခြန္စိုင္း ခါးဆီၾကည့္လိုက္ေတာ့ ခမ္းေက်ာက္အေပၚေနေစးရဲ႕အၾကည့္ေတြက ပို၍အႏၲာရယ္မ်ားလာခဲ့သည္။ ခြန္စိုင္းသည္ သူ႕ခါးကေနေစးလက္ေတြကိုဖယ္ေစခ်င္ေပမယ့္ မေျပာရဲေပ။ ခြန္စိုင္းနည္းနည္းေလး႐ုန္းလိုက္မွသာ ေနေစးဖယ္ေပးလာသည္။

သားေကာင္ေတြ႕ၿပီးမွ လက္လြတ္ခံမွာမဟုတ္တဲ့ ခမ္းေက်ာက္ဟာ ဒီေနရာမွာတင္မၿပီးခ်င္ဘူး။

" အဟမ္း.. မိတ္ဆက္ပါရေစ ကြၽန္ေတာ့္နာမည္ ခမ္းေက်ာက္ပါ၊ ဒီက ..."

သူ႕အားေဖာ္ေ႐ႊစြာလာႏႈတ္ဆက္သူကို ခြန္စိုင္းလည္းသေဘာေကာင္းစြာျပန္ႏႈတ္ဆက္ေပးသည္။

" ကြၽန္ေတာ့္နာမည္ ခြန္စိုင္းဟြမ္ပါ"

"အဲ့တာဆို ကြၽန္ေတာ္တို႔ေနာက္မွဆုံၾကတာေပါ့ "

အစကေနအဆုံး ေနေစးကိုပင္ႏႈတ္ဆက္မႈ႕မရွိတဲ့ ခမ္းေက်ာက္ကအေၾကာတင္းသည္။

" ေကာင္းပါၿပီ.. "

" ျပန္ရေအာင္ စိုင္းဟြမ္ "

" အင္း ျပန္မယ္ေလ "

ေနေစး သည္ ဘာေၾကာင့္မွန္းမသိ ခမ္းေက်ာက္ဆိုတဲ့ေကာင္ရဲ႕အၾကည့္ေတြက ခြန္စိုင္းအေပၚတစ္မ်ိဳးႀကီးျဖစ္ေနသလိုခံစားလိုက္ရတာေၾကာင့္ စိတ္မခ်သလို၊ စိတ္မလုံၿခဳံတဲ့ခံစားမႈ႕မ်ိဳးရေန၏။

ေနေစး နဲ႕ ခြန္စိုင္း တို႔ျပန္သြားတာကိုၾကည့္ေနတဲ့ ေနာ္အဲလာသည္ လူႀကီးသမီး ႐ြာသူတစ္ေယာက္ျဖစ္သလို ရက္စက္တတ္တဲ့အဆြယ္နဲ႕မိန္းမတစ္ေယာက္လည္းျဖစ္တာေၾကာင့္ သူ႕မ်က္ႏွာမွာၿပဳံးေနေသာ္လည္း သူဆုတ္ထားတဲ့လက္ဖဝါးတြင္လက္သည္းခြၽန္ေၾကာင့္ရဲရဲနီေန၏။

* အကို ဘာေၾကာင့္ညီမငယ္ကိုလွည့္မၾကည့္ရတာလဲ!? ဘာေၾကာင့္လဲ *

< _____________________>

ဒီေန႕အတြက္ တစ္ေနကုန္ လက္ခ်ီပြဲ(လက္ထက္ပြဲ) ဆီမွာပဲ အခ်ိန္ကုန္ခဲ့တာမို႔ ခြန္စိုင္းအျပန္လမ္းမွာ အေတာ္ေလးပင္ပန္းေနေတာ့သည္။ ခြန္စိုင္း ဘယ္ေလာက္ေတာင္ကခုန္ထားလဲမသိ အိမ္အျပန္လမ္းမွာ ျမည္းေပၚ'မ'တင္ရသူမွာ ေနေစး ပင္ ။

ေနဝင္ခါစ အက်ခ်ိန္မွာ ျမည္းတစ္ေယာက္ႏွင့္လူႏွစ္ေယာက္။ ေရွ႕တြင္ေမာင္းႏွင္ေနသူ၏ ႀကီးမားတဲ့ေက်ာျပင္က်ယ္ႀကီးဟာ ဘာေၾကာင့္မွန္းအေျဖရွာမရစြာ ခြန္စိုင္း စိတ္ကိုလုံၿခဳံမႈ႕ရွိေစတာမို႔ မွီ၍ ခါးအက်ီစကိုဆုတ္ကိုင္ကာတိုက္ခတ္လာတဲ့ ေလေျပညွင္းႏုႏုတို႔ကိုခံစားေနၾကတဲ့ ျမင္ကြင္းက သိပ္ကိုလွပသည္။

ေနေစးသည္ ခြန္စိုင္းကသူ႕ေနာက္ေက်ာျပင္ကို ေတာက္တတ္လိုကပ္မွီေနၿပီး အနားယူေနတာကိုသေဘာက်မိသည္။

" စိုင္းဟြမ္ "

အရင္လိုျပတ္သားၿပီး မာတင္းတင္းေခၚသံမဟုတ္ေတာ့ပဲ ေတာင္းဆိုစရာရွိလို႔ ခြၽဲေနတဲ့ကေလးတစ္ေယာက္အသံနဲ႕ သူ႕အားေခၚတာေၾကာင့္ ခြန္စိုင္း ထူးလိုက္သည္။

" အင္း ေျပာေလ "

" ခင္ဗ်ား က်ဳပ္နဲ႕ရွိေနရင္စိတ္သက္ေတာင့္သက္သာမျဖစ္ဘူးလား "

" ဟင္? ဘာကိုလဲ "

" က်ဳပ္လူတစ္ဖက္သားကို ခင္ဗ်ားတို႔ၿမိဳ႕ေပၚမွာလို ဘယ္လိုစကားလုံးလွလွသုံးၿပီးေျပာရလဲ က်ဳပ္မသိဘူး၊ က်ဳပ္ေျပာလဲမေျပာတတ္ဘူးေရာ္၊ ဒါေပမယ့္ က်ဳပ္ေျပာတာေတြက ခင္ဗ်ားနားထဲ ခါးနိုင္ေပမယ့္...."

စကားစကိုျဖတ္ကာ ျမည္းကိုရပ္ၿပီး ေနဝင္တဲ့ဘက္ဆီေငးၾကည့္ကာဆက္ေျပာသည္။

" က်ဳပ္ခင္ဗ်ားကိုစိတ္ပူလို႔ေျပာတာပါဗ်ာ "

" ........ "

ထိုအခိုက္အတန့္ေလးမွာ ခြန္စိုင္းအတြက္ ေနေစးရဲ႕စကားလုံးေတြထဲက ေႏြးေထြးမႈ႕နဲ႕ဂ႐ုစိုက္ျခင္းေတြခံစားလိုက္ရသည္။

ခြန္စိုင္း ထင္ခဲ့တာက ေနေစးသည္ သူ႕လာလည္တာမႀကိဳက္တဲ့အိမ္ရွင္တစ္ေယာက္ပဲလို႔ ။ ဒါေပမယ့္ စကားနည္းတဲ့ ေနေစးဆီက ဒီလိုစကားထြက္လာမယ္လို႔ မထင္ထားခဲ့ဖူးေပ ။ ၾကည့္ရတာ ခြန္စိုင္း လူတစ္ေယာက္ကို အေပၚယံၾကည့္မိၿပီပဲ ဆိုကာကိုယ့္ကိုကိုယ္အျပစ္တင္မိသည္။

" ကိုယ္နားလည္ပါၿပီ အက္ဒြက္ "

အဲ့အခ်ိန္မွာ လွည့္ၾကည့္၍ ၿပဳံးျပလာတဲ့ အက္ဒြက္ရဲ႕အၿပဳံးဟာ ေနဝင္ဆည္းဆာအေရာင္နဲ႕ထင္ဟတ္၍ သိပ္ကိုခန့္ျငားေနခဲ့သည္။

" မင္းသိလား ဒါပထမဦးဆုံးအႀကိမ္ မင္းကိုယ့္ကိုၿပဳံးျပျခင္းပဲ "

ခြန္စိုင္းစကားေၾကာင့္ ေနေစးကခြန္စိုင္းမ်က္လုံးေတြကိုေငးၾကည့္ကာ၊

" က်ဳပ္ခင္ဗ်ားအေပၚဧည့္ဝတ္ေက်ဖိဳ႕ ႀကိဳးစားပါ့မယ္ "

* အဲ့တာေၾကာင့္ က်ဳပ္မဟုတ္တဲ့ တျခားတစ္ေယာက္အနားမွာမေနပါနဲ႕လားဗ်ာ *

ထိုစကားကိုေတာ့ ေနေစး စိတ္ထဲကသာ ဆက္ေျပာလိုက္ျခင္းျဖစ္သည္။

________________________________________

ရိုမန့္ၾကမ္းၾကမ္းေလးမဟုတ္​ေသးေတာ့ ႀကိဳက္ၾကဘူးေပါ့ ။

ဖတ္ၿပီး Vote ေပးခဲ့လိုစ့္ .. ကေလးဆိုးေလးေတြ အက္ဒြက္ႀကီးနဲ႕တိုင္မွာေနာ္ ဝြန့္ 😗👉👈

# VOTE & CM PLEASE 🤙
# 14 - Auguest - 2021 - 4:06 AM
# MOEWATHAN 📚🍀

_______________________________________

Continue Reading

You'll Also Like

3.9M 414K 41
Myanmar BL
836K 84.7K 116
Zawgyi.. Rebirth ပုံစံေလးေရးမွာမို႔လို႔ အမွားပါရင္ခြင့္လႊတ္ေပးပါ.. VVက အခုမွ ႀကိဳးစားၿပီးအားထုတ္ေနရတဲ့ Author ေပါက္စေလးပါ.. ေရွ႕မွာလည္း fanfic...
1M 43.1K 55
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔