သစ္စာဖြင့်ဖန်တီးသော(complete)

Af zwealthurain1990

159K 14.4K 11.3K

ဖြစ်ရပ်မှန် Boy Love story -တည်ဆောက်ခဲ့တဲ့အရာရာတိုင်းဟာ သစ္စာနဲ့သာ ဖန်တီးဖြစ်ခဲ့မယ်ဆိုရင် ဘဝသံသရာ လည်နေသမျှ... Mere

အပိုင်း(၁)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃)
သစ္စာဖြင့်ဖန်တီးသော အပိုင်း၄
သစ္စာဖြင့်ဖန်တီးသော အပိုင်း၅
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၆)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၇)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၈)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၉)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၀)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၁)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၂)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၃)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၄)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၅)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၆)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၇)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၈)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၁၉)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၀)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၁)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၂)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၃)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၄)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၅)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၆)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၇)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၈)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၂၉)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၀)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၁)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၂)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၃)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၄)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၅)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၆)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၇)
သစ္စာဖြင့်ဖန်တီးသော အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
စာဖတ်နှုန်း(40k)ပြည့်အမှတ်တရ
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)😍
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
WP error
အပိုင်း(၆၁)
အပိုင်း(၆၂)
အဖြူ့ရဲ့လက်ရာ
အူးရဲ့လက်ရာ
အပိုင်း(၆၃)
အပိုင်း(၆၅)
70kအမှတ်တရ
Fb linkမရပါက
ဇာတ်သိမ်းပိုင်း(၆၆)
နှုတ်ဆက်ခြင်း
ဖိတ်ခေါ်ခြင်း

အပိုင်း(၆၄)

1.3K 160 177
Af zwealthurain1990

...........သစ္စာဖြင့်ဖန်တီးသော..............
real bl  story ............အပိုင်း(၆၄).......

ဖြူလွှလွှသဲသောင်ပြင်ပေါ်မှာ တစ်လှမ်းခြင်းလျှောက်နေမိသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖိနပ်မပါသည့် ခြေထောက်တွေက သဲထဲနစ်နစ်ဝင်သွားသည့် အရသာလေးကို သဘောကျလိုက်တာ။

ကမ်းခြေ...ဟုတ်သားဘဲ။
ပြာလဲ့လဲ့မိုးသားအောက်မှာ စိမ်းညှို့နေသည့် ပင်လယ်ကြီးကို မြင်နေရသည်။

အရမ်းလာချင်ခဲ့တဲ့ ပင်လယ်ကမ်းခြေကို ဇွဲရောက်နေပြီဘဲ။
ဒါပေမဲ့ ဇွဲတစ်ယောက်ထဲလား။
မဖြစ်နိုင်ပါဘူး...အဖြူလဲပါမှာပါ။

ဇွဲထက်ကို အဖြူက ပိုပြီးရောက်ဖူးချင်နေတဲ့နေရာဘဲဟာ။
သင်တန်းကပြန်လာရင် ပင်လယ်ကြီးဆီလိုက်ပို့ပါဆိုပြီး ခနခနပူဆာ နေတာ။

ဟော... ဟိုမှာ တွေ့ပြီ။
အဖြူက ပင်လယ်ကြီးကို မျက်နှာမူပြီး ဇွဲဘက်ကို ကျောခိုင်းထားသည်။

"ဟေ့.. အဖြူလေး..''

ဇွဲခေါ်သံ​ကြောင့်အဖြူက တစ်ချက်လှည့်ကြည့်လာပေမဲ့ ချက်ချင်းပြန်လှည့်သွားသည်။
ဘာကြောင့်ပါလိမ့်။

"ဟြောင့်.. လာလေကွာ... ဟိုဘက်ကိုသွားရအောင်.......''

ခေါ်လိုက်မှပင် အဖြူက ပင်လယ်ရှိရာဘက်သို့ တဖြည်းဖြည်း သွားနေ တော့သည်။

"ဟေ့..အဖြူ.. ဘယ်ကိုလဲကွ.. အူးကဒီမှာလေ.. ဟေ့... ဘာလို့ပင်လယ်ထဲ.. ဆင်းသွားတာလဲ.. မသွားရဘူးလေ.. ဟေ့... အဖြူ..အဖြူ..''

ဇွဲဘယ်လောက်အော်နေနေ အဖြူက ဂရုမစိုက်၊ သူသွားစရာရှိတဲ့အတိုင်း တရွေ့ရွေ့သွားနေသည်။
နောက်ကနေ အော်ခေါ်ရင်း ပြေးလိုက်နေပေမယ့် အဖြူရဲ့အနားကို မရောက်နိုင်ဘဲ ဖြစ်နေပြန်သည်။
ရေထဲကို တရွေ့ရွေ့ဆင်းသွားသည့် အဖြူကိုလဲ စိတ်ပူနေမိသည်။

"အဖြူရေ... အဖြူ... မသွားပါနဲ့.. အူးဒီမှာလေကွာ... အဖြူ.. အဖြူလေး... အဖြူရေ....''

အသံကုန်ဟစ်ခေါ်နေရင်း ဇောချွေးများဖြင့် လန့်နိုးသွားသည်။

"ဇွဲ... ဇွဲ.. မင်းသတိရလာပြီလား...''

စိုးရိမ်နေသည့် အသံဖြင့် မေးနေသည့် သင်တန်းက ကျောင်းသားခေါင်းဆောင် ကိုချစ်ဦး။

"ဟုတ်..အကို.. သတိရပါပြီ... ''

"တော်သေးတာ... အချိန်မှီလေးဘဲဇွဲရ... အဆောင်ရှေ့မှာ ဝုန်းခနဲလဲသံကြားလို့...ထွက်ကြည့်တော့.. မင်းကိုတွေ့တာဘဲ.. ဘယ်လိုမှလုပ်မရတဲ့အဆုံး.. ဆေးရုံပို့လိုက်တော့တာ... အခုဘယ်လိုနေသေးလဲ... သက်သာရဲ့လား...''

"သက်သာပါတယ်...အကို... ဒါနဲ့.. ကျွန်တော်... သတိလစ်သွားတာ.. ဘယ်လောက်ကြာပြီလဲ...''

"ငါးရက်ရှိပြီဇွဲ..''

"ဗျာ....''

ငါးရက်တောင်တဲ့လား။

"ဟို...ကျွန်တော့်ဆီကိုဖုန်းတွေဘာတွေများမလာဘူးလား.. ဘယ်သူမှ မဆက်သွယ်ကြဘူးလားအကို...''

"မင်းအဆောင်ရှေ့ လဲကျသွားတော့... မင်းရဲ့ဖုန်းကိုဝိုင်းရှာကြသေးတယ်...ကားထဲတွေရော ရှာပေမယ့်.. မတွေ့ဘူး... ဒါနဲဲ့မင်းတို့ရုံးကိုဘဲအကြောင်းကြားလိုက်တော့တာ.. မင်းသူငယ်ချင်းဆိုလား... ပြည့်စုံဆိုတဲ့တစ်ယောက်နဲ့တော့.. အဆက်အသွယ်ရတယ်.. သူကတဆင့် မင်းအိမ်ကိုအကြောင်းကြားထားတယ်....''

ပြည့်စုံနဲ့အဆက်အသွယ်ရတာတဲ့။
ဒါဆို အဖြူသိမှာပါ။
ငါးရက်တောင် အဆက်အသွယ်မလုပ်တဲ့ဟာ အဖြူကနေနိုင်သွားတာလား။
ဇွဲကို စိတ်မပူတော့ဘူးလား။

အရင်ကဆို ငါးရက်မပြောနဲ့ ငါးနာရီတောင် ပျောက်နေလို့မရတဲ့ အဖြူဟာ အခုတော့ ဇွဲကို ရှိတယ်လို့တောင်မထင်တော့တာလား။
ဒါမှမဟုတ် ဒီငါးရက်ကို ပြည့်စုံကဘာမှမပြောလို့ အဖြူဘာမှကိုမသိတာလား....၊ ဒါမှမဟုတ်.. ဇွဲကို ဥပက္ခာပြုထားတာလား။
တကယ်ဘဲ ပြည့်စုံနဲ့ သာယာနေကြတာလား။

ဆေးရုံရောက်သွားတာကိုရော မသိမဟုတ်၊ သိကိုသိမှာပါ။
အဖြူလေးကရော..ဇွဲဆီဖုန်းတွေဘာတွေမဆက်ဘူးလား။
ပြည့်စုံနဲ့ ဘာတွေလုပ်ပြီး ဘယ်လိုများနေနေပါလိမ့်။
မင်းတကယ်ဘဲ သူနဲ့ ပျော်နေပြီလား အဖြူလေးရာ။

စိတ်ထင်ရာ တွေးလိုက်မိသည့် အတွေးကြောင့် ရင်ဘတ်ထဲက စူးခနဲအောင့်တက်လာပြန်သည်။

"အား...''

"ဟင်...ဇွဲ... သက်သာရဲ့လား.... ဟြောင့်... သတိထားအုံး...ဟေ့.. ဟေ့.... ဟာ.. ဒုက္ခ ပါဘဲ.. ဆရာမ... ဆရာမ...''

ဇွဲကို တပ်ပေးထားသည့် နှလုံးအချက်ပြစက်ဆီမှ သတိပေးသံက ဆူညံစွာထွက်ပေါ်လာမှုနှင့်အတူ ကိုချစ်ဦးရဲ့ အလန့်တကြားအော်ခေါ်သံကို ကြားလိုက်ရသည်။

ဟင်အင်း... ခေါ်မနေပါနဲ့ဗျာ... ကျွန်တော် သေသွားပါစေတော့။
ရင်ထဲမှာ တင်းကြပ်ပြီး မခံစားနိုင်လွန်းလို့ပါဗျာ....။
ကျွန်တော့ကို လွှတ်ထားပေးကြပါဗျာ။

ပြန်သတိရရင်လဲ အဖြူလေးကိုဘဲ တမ်းတခံစားနေရမှာ။
သတိမရချင်တော့ဘူး။
မခံစားချင်တော့ဘူး။
သွားခွင့််ပြုကြပါဗျာ။

*************

မနက်မိုးလင်း အမူးပြေချိန်မှာ သိလိုက်ရသည့် အခြေအနေက ရှိုင်းအတွက် ဘဝကြီးတစ်ခုလုံး ပျက်စီးသွားစေတာပါဘဲ။

မထင်မှတ်ထားသည့်သူတစ်ယောက်ရဲ့ မထင်မှတ်ထားသည့် လုပ်ရပ်က ရှိုင်းအတွက် တကယ့် စပရိုက်အကြီးစားကြီး။

မူးနေတာကို အခွင့်ရေးယူခံရတဲ့စိတ်.....
ယုံကြည်ရဆုံး လူတစ်ယောက်ရဲ့ သစ္စာဖောက်မှု....
ချစ်ရတဲ့ အူးကို သစ္စာဖောက်မိသလို ဖြစ်စေခဲ့မှု...
စသည့် စိတ်တွေ၊ခံစားချက်တွေက ရှိုင်းရဲ့ဒေါသကို ပေါက်ကွဲ ထွက်စေခဲ့သည်။

ဘယ်နှချက်မှန်းမသိအောင် ထိုးမိတဲ့ ရှိုင်းရဲ့ လက်ချက်ကြောင့် ကိုပြည့်စုံမျက်နှာက ရစရာမရှိအောင် ယောင်ကိုင်းလို့နေပြီ။
ဟင်အင်း... ထိုးယုံနဲ့တောင်မကျေနပ်ဘူး... ဒီလူကြီးကို.. သတ်ပါသတ်ချင်နေတာ။

"ထိုးပါရှိုင်းရာ... မကျေနပ်လို့သတ်ချင်ရင်လဲ... သတ်လိုက်ပါ... ငါကျေကျေနပ်နပ်လက်ခံပါ့မယ်...''

"ခဗျားကို.. သတ်လိုက်လို့... ဒီကိစ္စတွေပြီးသွားရင်.. တကယ်သတ်ပြစ်ချင်တယ်သိလား... ကိုပြည့်စုံ... ခဗျားဘာလဲဗျာ.. ခဗျားမရှက်ဘူးလား... ကျွန်တော်မူးနေတာကိုခဗျားဒီလိုလုပ်ရက်တယ်ဗျာ... မိုက်ရိုင်းလိုက်တာ...''

ပြောလဲပြော ခံပျင်းစိတ်တို့ဖြင့် ငိုလဲငိုရင်း ပေါက်ကွဲထွက်နေသည့် ရှိုင်း။
တကယ်မထင်မှတ်ထားခဲ့တဲ့အရာက ဘဝပျက်သွားစေခဲ့ပြီလေ။

"တောင်းပန်ပါတယ်ရှိုင်းရာ... ငါမှားပါတယ်... ငါလဲမူးသွားတဲ့အချိန်.. အသိစိတ်လွတ်သွားသလို.. ဖြစ်သွားလို့ပါ...''

"ဟ.. အသိစိတ်လွတ်သွားရင်တောင်... ခဗျား..-င်ခံဖို့ကြ သိသေးတာဘဲဗျ... ခဗျားယောကျာ်းမဟုတ်ဘူးလား.. မူးလာတိုင်းခဗျား -င်ခံနေကြလားပြော...''

"မဟုတ်ဘူးရှိုင်း... မဟုတ်ဘူး.. ငါ..မင်းကိုစတွေ့ကတည်းက.. စိတ်ဝင်စားခဲ့တာ... မင်းကဇွဲကိုကြိုက်တယ်လို့..ပြောလာတော့... ငါနောက်ဆုတ်ခဲ့ပြီး... ငါကိုယ်တိုင်ဘဲ.. မင်းကို.. ဇွဲအနားပို့ပေးခဲ့တာ.. ပြီးတော့.. ငါ့ကိုယ်ငါ... ချုပ်တည်းထိန်းသိမ်းပြီး.. နေခဲ့တာပါ... ဒါပေမဲ့.. ငါ့ရဲ့မသိစိတ်ကတော့... မင်းကိုချစ်တယ်.. မင်းကိုပိုင်ဆိုင်ချင်တယ်.. တစ်နာရီ... တစ်ညတာလောက်.. ပိုင်ဆိုင်ရရင်ကို... ငါကပျော်နေမယ့်အရူးပါကွာ.. ငါအဲ့လိုရူးခဲ့လို့... ဒီလိုတွေဖြစ်ခဲ့တာပါ..''

"တော်တော့... ဆက်မပြောနဲ့တော့.. ဘယ်လိုဖြစ်နေနေ.. ခဗျားယုတ်မာတာဘဲကိုပြည့်စုံ... ခဗျားမရှက်ဘူးလား... ဟင်.. ခဗျားသူငယ်ချင်းအပေါ်မှာရော... နဲနဲမှအားမနာဘူးလား... ခဗျားဗျာ... ယောကျာ်းကြီးတန်မဲ့... ဒီလိုအောက်တန်းကြတဲ့အလုပ်ကို.. လုပ်ရက်တယ်... အခု..ခဗျားလိုချင်တဲ့... ကျွန်တော့ခန္ဓာကိုယ်ကို.. ရလိုက်ပြီ.. ကျေနပ်လား... ခဗျားကျေနပ်သွားပြီလား..ဟင်... ကျွန်တော်ကတော့.. ဘဝကြီးတစ်ခုလုံးသေသွားပြီဗျ.. သိရဲ့လား...''

"ငါသိပါတယ်.. ငါမှားခဲ့ပါတယ်.. ငါ့အမှားအတွက်.. ငါအကောင်းဆုံး.. ပေးဆပ်မှာပါ..ရှိုင်းရာ...''

"ဘာ.. ပေးဆပ်မယ်.. ဟုတ်လား... ဘယ်လိုပေးဆပ်မှာလဲ.. အူးသိသွားရင်..ဘယ်လောက်ထိခံစားသွားရမလဲသိလား... အခန့်မသင့်ရင်... အူးအသက်ပါထိခိုက်နိုင်တယ်.. အူးအဲ့လိုဖြစ်သွားရင်ရော.. ခဗျားဘယ်လိုပေးဆပ်မှာလဲ.. တောက်.. ခဗျားမျက်ခွက်ကိုမြင်ရတာကိုက.. ရွံစရာကောင်းလိုက်တာဗျာ..''

"ငါမှားပါတယ်.. ငါ..ငါ.. ဇွဲကိုလဲတောင်းပန်မှာပါ...''

"ဘာပြောတယ်... အူးကိုတောင်းပန်မယ်.. ခဗျားဘယ်လိုမျက်နှာနဲ့ အူးကိုသွားပြောမှာလဲ... ဟင်... မူးသွားလို့.. ရှိုင်းဝဏ္ဏ နဲ့အိပ်မိသွားပါတယ်...အဲ့လို့လား... အဲ့လိုပြောလိုက်လို့... အူးကယုံသွားမယ်ထင်တာလား... ကျွန်တော်ကရော်... လူမှန်းမသိအောင် မူးနေလို့.. ကိုပြည့်စုံကို..-င်ချမိပါတယ်.. သားကိုခွင့်လွှတ်ပါ.. ဆိုပြီး... သွားပြောရမှာလား... စဥ်းစဥ်းစားစားပြောစမ်းပါဗျ... အခုဘယ်လိုလုပ်ကြမလဲ... နောက်တစ်ပါတ်ဆိုအူးပြန်လာတော့မှာဗျ... ကျွန်တော်..ကျွန်တော့်ရဲ့.. ခန္ဓာကိုယ်က.. မသန့်ရှင်းတော့ဘူးဗျ... အီး...ဟီး... ရွံတယ်.. ကျွန်တော့ကိုကျွန်တော်မသတီတော့ဘူး... အား... အူးရေ.... သားကိုလာကြည့်ပါအုံးအူးရာ... သားဘဝကြီးဆုံးသွားပြီဗျ... အူးအတွက်.. အမြဲဖြူစင်နေပါ့မယ်လို့.. ကတိပေးခဲ့တဲ့အရာကို.. သားကတိမတည်နိုင်တော့ဘူးဗျ... အူးရယ်
. အီး..ဟီး...ဟီး...''

ကလေးတစ်ယောက်လို သူ့ရဲ့အူးကို အော်ခေါ်နေရင်း ငိုပွဲချနေတဲ့ ရှိုင်းကိုကြည့်ရင်း ကိုယ်ပါ ထိုင်ငိုနေမိတော့သည်။

မှားသွားခဲ့တယ်။
မှားတာမှ အကြီးကျယ်ဆုံးမှားခဲ့တာပါ။
မူးသွားလို့ဆိုတဲ့အကြောင်းပြချက်က မလုံလောက်ဘူးဆိုတာသိပါသည်။

ဒါပေမဲ့ ဒီကောင်လေးကို စပြီးခင်မင်ခွင့်ရကတည်းက ကျွန်တော် သူ့ကိုစိတ်ဝင်စားခဲ့တာပါ။
သွက်လက်ချက်ခြာပြီး နှစ်လိုဖွယ်အပြုံးပိုင်ရှင် ယာဥ်ထိန်းရဲလေးကို နေ့တိုင်းကြိတ်ချစ်နေခဲ့ရပေမယ့် ကံကြမ္မာက ကျွန်တော့်ကို အလှည့်မပေးခဲ့ပါဘူး။

ဇွဲကို စိတ်ဝင်စားမိလို့ ကူညီပေးပါဆိုပြီး ကျွန်တော့်ကို ရင်ဖွင့် အကူအညီတောင်းလာခဲ့တဲ့နေ့ကစပြီး ကျွန်တော်အသည်းတွေကွဲခဲ့ရတာ ဘယ်သူသိမလဲ။

ကိုယ်တစ်ဖက်သတ်ချစ်နေရတဲ့ သူကို ကိုယ့်သူငယ်ချင်းဆီ မရောက် ရောက်အောင် ပို့ပေးခဲ့ရတဲ့ ဝေဒနာတွေကို ဘယ်သူနားလည်ပေးမလဲ။

သူတို့နှစ်ယောက်တွဲ ပျော်ရွှင်နေတာကို မြင်ရတဲ့အချိန်တိုင်း ကျွန်တော့် မျက်နှာမှာ ဟန်ဆောင်အပြုံးတစ်ခုကိုတပ်ပြီး ဂုဏ်ယူကြောင်းတွေပြောခဲ့ရပေမဲ့ နောက်ကွယ်မှာ တစ်ယောက်ထဲ တိတ်တိတ်လေး ကြိတ်ပြီးပြိုလဲခဲ့ရတာတွေ သိနိုင်ကြရဲ့လား။

စောင့်ထိန်းခဲ့ပါတယ်၊ သည်းခံခဲ့ပါတယ်။
အဆုံးအထိ အောင့်အီးပြီး ထိုင်ကြည့်နေခဲ့ရတာ။
ဘယ်လောက်များ ခံရခက်ခဲ့သလဲ သိရဲ့လား။

တစ်ရက်လေးဘဲ... ဒီတစ်ရက်လေး.. စိတ်ကိုလွှတ်ချမိလိုက်တဲ့အချိန် အခုလိုအခြေအနေအထိ.. ဖြစ်သွားခဲ့တာဘဲ။

မှားသွားခဲ့တာမှန်ပေမဲ့ နောင်တတော့မရဘူး။
ကိုယ်တကယ်ချစ်မိတဲ့ လူတစ်ယောက်ကို ဘဝမှာ တစ်ကြိမ်လောက်တော့ ပိုင်ဆိုင်ခွင့် ရချင်မိတာအတွက် နောင်တဆိုတာမရှိဘူး။

ဒါပေမဲ့ ကြူးလွန်မိတဲ့အပြစ်အတွက်တော့ ပေးသမျှအပြစ် ကျွန်တော်အကုန် ခါးစည်းခံမယ်။
ကျွန်တော် ရှိုင်းကိုချစ်တယ်။
ရှိုင်းပေးသမျှအမိန့် နာခံဖို့အသင့်ဘဲ။

"မငိုပါနဲ့တော့ရှိုင်းရာ... ဖြစ်ခဲ့ပြီးတဲ့အရာတွေကိုခနထားပြီး... အခုလုပ်စရာရှိတာဆက်ပြီးလုပ်ကြရအောင်ပါကွာ.. နော်.. ငါ့ကိုမကျေနပ်သေးရင်... ထပ်ပြီးထိုးကွာ.. ငါခံပါ့မယ်.. ဒါပေမဲ့.. အခုတော့.. ဆေးခန်းသွားကြရအောင်လေ.. နော်..ရှိုင်း...''

"မသွားဘူး.. ဘာမှလဲမလုပ်ဘူး.. လူယုတ်မာ.. အောက်တန်းကျတဲ့ စောက်ခြောက်... ခဗျားအဲ့လောက်ခံချင်နေရင်လဲ.. မူးနေတဲ့ကျွန်တော့်ကို အကာအကွယ်လေးသုံးပေးလေဗျာ... ခဗျားမှာ ဒီရောဂါကြီးရှိနေတာသိသိကြီးနဲ့... ကျွန်တော့်အပေါ်လုပ်ရက်တယ်.. မိုက်ရိုင်းလိုက်တာဗျာ...''

"မသွားလို့မရဘူးရှိုင်း... ငါပြောပြီးပြီလေ... မင်းမကျေနပ်ရင်.. ငါ့ကိုကြိုက်တာထပ်လုပ်... အခုတော့.. ဆေးခန်းသွားမှရမယ်.. အချိန်နှောင်းသွားရင်.. ဘာမှလုပ်လို့မရတော့ဘူးကွ... ငါ့စကားနားထောင်ပါနော်.. ပြီးရင်ငါဘာမဆိုလုပ်ပေးမယ်.. သေဆိုလဲငါသေပေးမယ်ကွာ..''

"သေမယ်...ဟုတ်တယ်.. သေရမှာ.. ခဗျားကတကယ်သေသင့်တဲ့လူယုတ်မာဘဲ.. သေရမှာပေါ့.. ဒါပေမဲ့.. ဒီအတိုင်းမသေနဲ့... ခဗျားကြူးလွန်ခဲ့တဲ့အပြစ်တွေကို..တဖြည်းဖြည်းချင်းပြန်ခံစားရပြီးမှသေ.. ဒီရောဂါကြီးရဲ့ဒဏ်တွေကို တမြေ့မြေ့ခံစားပြီးမှသေ.. ''

"ကျွတ်စ်...ရှိုင်းရာ...''

"ကျွန်တော်အခုဘယ်လိုလုပ်ရမလဲ.. အူးကိုလဲအရမ်းသနားတယ်.. အား... အူးရေ.. အူးအရမ်းကြောက်တဲ့ရောဂါ.. သားဆီမှာရှိနေတော့မယ်... ဒီလိုယုတ်ညံ့တဲ့သားရဲ့ခန္ဓာကိုယ်ကို.. အူးကိုဘယ်များပေးရမလဲအူးရယ်... သားသေသွားရင်ကောင်းမယ်...''

ခံစားရခက်လိုက်တာ။
ရှိုင်းသေချင်တာဘဲသိတယ်။

သာမန် တစ်ညလောက်အတူ အိပ်မိတာကို အူးအပေါ် သစ္စာဖောက်မိသလို ခံစားရပါတယ်ဆိုမှ အခုတော့ အဲ့ဒီထက်ဆိုးတဲ့အရာက ထပ်တိုးလာခဲ့ပြန်ပြီ။

တကယ်တော့ ကိုပြည့်စုံက HIV positive​ ကြောင့် ARTဆေး သောက်နေရတာတဲ့လေ။
သူ့မှာ အဲ့ဒီရောဂါကြီးရှိမှန်း သိသိကြီးနဲ့ ရှိုင်းနဲ့ အကာအကွယ်မပါဘဲ အိပ်ခဲ့တာတဲ့။

မိုက်ရိုင်းလိုက်တာ၊ ယုတ်မာလိုက်ကြတာ။
သူကချစ်လို့၊ ပိုင်ဆိုင်ချင်လို့၊ ခနတာသာယာချင်လို့ ဆိုပေမယ့် ရှိုင်းအတွက်တော့ တစ်ဘဝစာ အညွှန့်ကျိုးသွားခဲ့ပါပြီ။

ပြီးတော့ ရှိုင်းရဲ့ အူးသေးသေးလေး။
အူးကိုအရမ်းအားနာတယ်။
သနားလဲသနားတယ်။
အရမ်းဖြူစင်တဲ့အူး။
ရှိုင်းကိုအရမ်းချစ်ပြီး အရမ်းတန်ဘိုးထားတဲ့အူး။

သန့်စင်တဲ့ ဘဝနဲ့ခန္ဓာကိုသာ ပေးချင်ပါတယ်ဆိုပြီး ပြောခဲ့တဲ့အူး။
ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ဖူးလို့ သူ့ရဲ့ အတိတ်ကိုအရမ်းကြောက်တတ်တဲ့အူး။

သနားလိုက်တာ။
အခုတော့ သူအရမ်းချစ်ရတဲ့ သူ့ရဲ့ချာတိတ်က ရောဂါဆိုးကြီးရဲ့ အရိပ်မည်းကြီးအောက်ကို ရောက်သွားပြီဆိုတာ မသိရှာသေးဘူး။

ရှိုင်း မသန့်စင်တော့ပါဘူး။
ရှိုင်းရဲ့ မသန့်ရှင်းတော့တဲ့ ခန္ဓာကို အူးကိုဘယ်လိုများ ပေးရပါ့မလဲ။

ကိုယ့်လိပ်ပြာကိုယ်မလုံတော့ဘူး။
ကြေကွဲဝမ်းနည်းတာတွေရော၊ စိတ်မသန့်တာတွေရော၊ ဒေါသအရှိန်တွေရောကြောင့် တစ်နေကုန် မူးနေအောင်သောက်ပြစ်နေမိသည်။

မူးနေရင် ခနလောက်မေ့သွားမလားလို့ သောက်မိနေပေမယ့် မေ့မသွားဘဲ အူးကိုသတိရစိတ်တွေနဲ့ ပိုပိုပြီးသာ နာကျင်ခံစားနေရတော့သည်။

အူးနဲ့ပျော်ခဲ့ရတဲ့အချိန်လေးတွေကို ဆုံးရှုံးရတော့မှာလားဗျာ။
အရမ်းချစ်တယ်အူး။
ဒါပေမယ့် မသန့်ရှင်းတော့တဲ့ ရှိုင်းရဲ့ဘဝထဲကိုတော့ အူးကို ဆွဲမခေါ်ရက်တော့တာ အမှန်ဘဲ။

မတန်တော့လို့ပါ။
အူးကအရမ်းဖြူစင်ပြီး မြင့်မြတ်တဲ့လူသားလေး။
ရှိုင်းက လူယုတ်မာတစ်ယောက်ကြောင့် အရိပ်မဲကြီးနဲ့ အောက်တန်းကျသွားတဲ့လူသား။
ဘယ်လိုမှ မထိုက်တန်တော့ဘူး။

အူးကို ဖုန်းဆက်မယ်ဆိုပြီး ဖုန်းကိုကိုင်လိုက်တိုင်း ဒီအတွေးတွေနဲ့ ခြောက်လှန့်ပြီး မဆက်ရဲတော့တာအကြိမ်ကြိမ်။

ဖုန်းscreen ပေါ်က 'နှလုံးသားထဲကအူး' ဆိုတဲ့ နံပါတ်လေးကို နှိပ်လိုက်မိပြီးမှ နောက်ကျောမလုံလို ဖုန်း ပြန်ချလိုက်ရတာ အခါခါ။

အူးရော ဘာတွေများလုပ်နေပါလိမ့် ။
ဒီနေ့အထိဆို ရှိုင်း အူးဆီကို ဖုန်းမဆက်ရဲလို့ မဆက်ဘဲနေနေခဲ့တာ ငါးရက်မြောက်ရှိသွားပြီ။
အူး ရှိုင်းကိုမလွမ်းတော့ဘူးလား၊ သတိမရတော့ဘူးလားမသိ။

အရင်ဆို ရှိုင်းဆီက မက်ဆေ့လေးတစ်စောင် ပုံမှန်မရောက်ရင်တောင် ရန်လုပ်ပြီး စိတ်ကောက်နေတတ်တဲ့အူးက အခုလောက်ကြီး ငြိမ်နေတာ ဘာလို့လဲ။

သင်တန်းနောက်ဆုံးအပါတ်မို့ စာတွေအရမ်းများပြီး အချိန်ဘဲမအားလို့လား။
ဒါမှမဟုတ် သားကိုမချစ်တော့လို့များလား အူးရယ်။

တစ်ဖက်ကကြည့်တော့လဲ အူးအခုလိုလေး နေနေတာ ကောင်းပါသည်။
တကယ်သာ ဖုန်းဆက်လာရင်လဲ ရှိုင်းမကိုင်ရဲပါဘူး။
အူးကိုအားနာတာရော၊ သနားတာရော၊ အူးအပေါ် သစ္စာမဲ့တဲ့လုပ်ရပ်မျိုး လုပ်မိတာရောကြောင့်ပါ။

အူးပြန်လာရင်ရော သားဘယ်လိုလုပ်ရမလဲ။
သားဝန်ခံရဲပါတယ်။
ဒါပေမဲ့ သားရဲ့ဝန်ခံမှုကြောင့် အူး နာကျင်ခံစားသွားရမှာတော့ မကြည့်ရက်ဘူး။

အူးမဟုတ်တဲ့ တခြားလူတစ်ယောက်နဲ့ နှီးနှောခဲ့တဲ့ ခန္ဓာကိုယ်ကြီးကိုလဲ အူးကိုမပေးချင်ဘူး။
အူးလဲ အဲ့လိုလူကို ရချင်တော့မယ်မထင်ပါဘူး။

ပိုဆိုးတာက...ပိုဆိုးတာက......
အခု ရှိုင်းကိုယ်တိုင် HIVကြိုတင်ကာကွယ်ဆေး သောက်နေရပြီလေ။

HIV positiveရှိနေတဲ့သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မိတဲ့သူတွေဟာ ဆက်ဆံပြီး ၂၄နာရီအတွင်း ဒီ pre HIVဆိုတဲ့ HIVကာကွယ်ဆေးကို ၂၈ရက်ကြာ သောက်ကြရသည်။

ဒီဆေးသောက်ပေမဲ့လဲ HIVမကူးစက်ဘူးလို့ ၁၀၀ ရာခိုင်နှုန်း အာမမခံနိုင်ပြန်ဘူး။

နောက်ခြောက်လကြာ သွေးစစ်ကြည့်မှဘဲ အဖြေကို သေချာသိရမှာပါ။
ဆိုတော့ အခုကာလအတွင်းကတော့ ရှိုင်းအတွက် တကယ့်ကို အိပ်မက်ဆိုးကာလကြီးပါဘဲ။

ဒီလိုအဖြစ်ဆိုးကြီးနဲ့ ဒီလိုညစ်ညမ်းနေတဲ့ ရှိုင်းက အူးရဲ့မျက်နှာကို ဘယ်လိုစိတ်မျိုးနဲ့ ကြည့်ရဲပါ့မလဲ။
အူးရယ်.... သားအဖြစ်တွေကို သိရဲ့လားဗျာ။

တကယ်လို့ အူးသိသွားခဲ့ရင်ရော သားကိုခွင့်လွှတ်နိုင်ပါ့မလား။
ဟင်အင်း.. အူးခွင့်လွှတ်ပေးရင်တောင် သားဘက်ကလုံးဝခွင့်လွှတ်နိုင်ဘူး။

အူးကိုအရမ်းချစ်လွန်းလို့ အူးနာကျင်ရမယ့်အလုပ်တွေကို ဘယ်တော့မှမလုပ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အခုတော့ လုပ်ရတော့မည်။

အူးနဲ့အတူနေခဲ့တဲ့ အိမ်လေးဆီကနေ ဘယ်သူမှမသိအောင် ရှိုင်းထွက်လာခဲ့လိုက်သည်။
အူးအတွက် စာလေးတစ်စောင် ရေးထားခဲ့ယုံကလွဲလို့ ရှိုင်းဘယ်ကိုထွက်သွားတယ်ဆိုတာ ဘယ်သူမှ အသိမပေးခဲ့ပါဘူး။

ဒီလောကကြီးနဲ့ ဝေးတဲ့တစ်နေရာကို သွားပါရစေ။
ဒီလိုကံကြမ္မာဆိုးတွေနဲ့ ဝေးတဲ့တစ်နေရာမှာ နေပါရစေ။

အူးပြန်လာလို့ သားမရှိတော့တဲ့ အိမ်လေးကိုတွေ့ရင် အူးသားကို လိုက်ရှာမှာလား။
သားထားခဲ့တဲ့ စာလေးကို အူးဖတ်ပြီးတဲ့နောက် သားကို လိုက်ရှာမလား၊ မရှာဘူးလား သိချင်လိုက်တာ။

အူးရယ်..... အူးအဆင်ပြေပါ့မလားမသိပေမယ့် သားက အကောင်းဆုံးလမ်းကို ရွေးခဲ့တာပါ။
သားကိုနားလည်နိုင်ပါ့မလား။

အိမ်ကထွက်လာခဲ့ပြီးနောက်ပိုင်း အရက်တွေ နေ့တိုင်းသောက်နေတယ်အူးရေ။
မိုးလင်းကနေမိုးချုပ် မှောက်နေအောင်သောက်တာဘဲ။

အိမ်က ထွက်မလာခင်ရက်တွေက
ဟိုလူယုတ်မာကြီး အခန်းရှေ့က လာလာခေါ်နေပေမယ့် လုံးဝမဖွင့်ပေးခဲ့ပါဘူး။

စဖြစ်တဲ့ရက်ကတည်းက အလုပ်လဲမသွားဘူး။
ဖုန်းလဲစက်ပိတ်ထားလိုက်တော့တယ်။
ဘယ်သူနဲ့မှလဲမတွေ့ချင်ဘူး။
စကားလဲမပြောချင်ဘူး။
ဘာမှလဲမပါတ်သတ်ချင်တော့ပါဘူး။

အူးအပါအဝင် လောကကြီးနဲ့ပါ အဆက်ပြတ်သွားချင်လိုက်တာ။
နေ့စဥ်ရက်ဆက်ဆိုလို ဆက်တိုက် အစာမစား ဘာမစားနဲ့ မထတမ်းသောက်နေမိတော့ ဗိုက်တွေပါအောင့်လာခဲ့ပြီ။
Pre HIVကိုလဲ မသောက်ဘူး။

ဖြစ်ချင်ရာဖြစ်ဗျာ။
သေသွားပါစေ။
အူးကိုမျက်နှာချင်းမဆိုင်ရဲတာနဲ့ အတော်ဘဲပေါ့။

နောက်ဆုံးလက်ကျန်ခွက်ကို မော့ချလိုက်ပြီးတော့ ဖုန်းscreenကို တစ်ချက်ဖွင့်လိုက်သည်။
နှစ်ယောက်စလုံး ယူနီဖောင်းလေးဝတ်ပြီး ရှိုင်းရဲ့ဆိုင်ကယ်ပေါ်မှာအူးကထိုင်လို့၊ ရှိုင်းက အောက်ကနေ အူးရဲ့မျက်နှာလေးကို မော့ကြည့်နေတဲ့ပုံလေးကို အမှတ်တရ ရိုက်ထားခဲ့မိတာလေး။

အဲ့ဒီအချိန်တုန်းက ရှိုင်းကိုကြည့်နေတဲ့ အူးရဲ့အပြုံးလေးက အသက်ဝင်တောက်ပလိုက်တာ။
ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ အူးကို မော့ကြည့်နေတဲ့ ရှိုင်းကလဲ ဖြူစင်လိုက်တာ။

ဓာတ်ပုံလေးကို ကြည့်နေရင်း တဖြည်းဖြည်း အမြင်တွေဝေဝါးလာသည်။
ဗိုက်ထဲက စူးအောင့်တက်လာသည့် နာကျင်မှုက အသည်းခိုက်မတတ်။

နောက်ဆုံးမျက်စိမမှတ်ခင် အူးရဲ့အပြုံးလေးကို မြင်ချင်ပါတယ်ဆို။
ဘာလို့ ရှိုင်း မျက်လုံးတွေက ဝေဝါးနေရတာလဲဗျာ။

မလုပ်ပါနဲ့..မဝါးပါနဲ့အုံး။
ဟိုမှာ အူး ပြုံးပြနေတယ်လေ။
ရှိုင်းကို ပြုံးပြနေတယ်။

အရမ်းချစ်တယ်အူးရယ်။
သားကိုခွင့်လွှတ်ပါဗျာ.....။

-------အပိုင်း(၆၅)ဆက်ရန်-----------
#သစ္စာဖြင့်ဖန်တီးသော
#ရှိုင်း&ဇွဲ
(6.8.2021 ည 8 နာရီခွဲ)

Zawgyi👇👇👇

...........သစၥာျဖင့္ဖန္တီးေသာ..............
real bl  story ............အပိုင္း(၆၄).......

ျဖဴလႊလႊသဲေသာင္ျပင္ေပၚမွာ တစ္လွမ္းျခင္းေလွ်ာက္ေနမိသည္။
ေျခတစ္လွမ္း လွမ္းလိုက္တိုင္း ဖိနပ္မပါသည့္ ေျခေထာက္ေတြက သဲထဲနစ္နစ္ဝင္သြားသည့္ အရသာေလးကို သေဘာက်လိဳက္တာ။

ကမ္းေျခ...ဟုတ္သားဘဲ။
ျပာလဲ့လဲ့မိုးသားေအာက္မွာ စိမ္းညွို႔ေနသည့္ ပင္လယ္ႀကီးကို ျမင္ေနရသည္။

အရမ္းလာခ်င္ခဲ့တဲ့ ပင္လယ္ကမ္းေျခကို ဇြဲေရာက္ေနၿပီဘဲ။
ဒါေပမဲ့ ဇြဲတစ္ေယာက္ထဲလား။
မျဖစ္နိုင္ပါဘူး...အျဖဴလဲပါမွာပါ။

ဇြဲထက္ကို အျဖဴက ပိုၿပီးေရာက္ဖူးခ်င္ေနတဲ့ေနရာဘဲဟာ။
သင္တန္းကျပန္လာရင္ ပင္လယ္ႀကီးဆီလိုက္ပို႔ပါဆိုၿပီး ခနခနပူဆာ ေနတာ။

ေဟာ... ဟိုမွာ ေတြ႕ၿပီ။
အျဖဴက ပင္လယ္ႀကီးကို မ်က္ႏွာမူၿပီး ဇြဲဘက္ကို ေက်ာခိုင္းထားသည္။

"ေဟ့.. အျဖဴေလး..''

ဇြဲေခၚသံေၾကာင့္အျဖဴက တစ္ခ်က္လွည့္ၾကည့္လာေပမဲ့ ခ်က္ခ်င္းျပန္လွည့္သြားသည္။
ဘာေၾကာင့္ပါလိမ့္။

"ေၾဟာင့္.. လာေလကြာ... ဟိုဘက္ကိုသြားရေအာင္.......''

ေခၚလိုက္မွပင္ အျဖဴက ပင္လယ္ရွိရာဘက္သို႔ တျဖည္းျဖည္း သြားေန ေတာ့သည္။

"ေဟ့..အျဖဴ.. ဘယ္ကိုလဲကြ.. အူးကဒီမွာေလ.. ေဟ့... ဘာလို႔ပင္လယ္ထဲ.. ဆင္းသြားတာလဲ.. မသြားရဘူးေလ.. ေဟ့... အျဖဴ..အျဖဴ..''

ဇြဲဘယ္ေလာက္ေအာ္ေနေန အျဖဴက ဂ႐ုမစိုက္၊ သူသြားစရာရွိတဲ့အတိုင္း တေ႐ြ႕ေ႐ြ႕သြားေနသည္။
ေနာက္ကေန ေအာ္ေခၚရင္း ေျပးလိုက္ေနေပမယ့္ အျဖဴရဲ႕အနားကို မေရာက္နိုင္ဘဲ ျဖစ္ေနျပန္သည္။
ေရထဲကို တေ႐ြ႕ေ႐ြ႕ဆင္းသြားသည့္ အျဖဴကိုလဲ စိတ္ပူေနမိသည္။

"အျဖဴေရ... အျဖဴ... မသြားပါနဲ႕.. အူးဒီမွာေလကြာ... အျဖဴ.. အျဖဴေလး... အျဖဴေရ....''

အသံကုန္ဟစ္ေခၚေနရင္း ေဇာေခြၽးမ်ားျဖင့္ လန့္နိုးသြားသည္။

"ဇြဲ... ဇြဲ.. မင္းသတိရလာၿပီလား...''

စိုးရိမ္ေနသည့္ အသံျဖင့္ ေမးေနသည့္ သင္တန္းက ေက်ာင္းသားေခါင္းေဆာင္ ကိုခ်စ္ဦး။

"ဟုတ္..အကို.. သတိရပါၿပီ... ''

"ေတာ္ေသးတာ... အခ်ိန္မွီေလးဘဲဇြဲရ... အေဆာင္ေရွ႕မွာ ဝုန္းခနဲလဲသံၾကားလို႔...ထြက္ၾကည့္ေတာ့.. မင္းကိုေတြ႕တာဘဲ.. ဘယ္လိုမွလုပ္မရတဲ့အဆုံး.. ေဆး႐ုံပို႔လိုက္ေတာ့တာ... အခုဘယ္လိုေနေသးလဲ... သက္သာရဲ႕လား...''

"သက္သာပါတယ္...အကို... ဒါနဲ႕.. ကြၽန္ေတာ္... သတိလစ္သြားတာ.. ဘယ္ေလာက္ၾကာၿပီလဲ...''

"ငါးရက္ရွိၿပီဇြဲ..''

"ဗ်ာ....''

ငါးရက္ေတာင္တဲ့လား။

"ဟို...ကြၽန္ေတာ့္ဆီကိုဖုန္းေတြဘာေတြမ်ားမလာဘူးလား.. ဘယ္သူမွ မဆက္သြယ္ၾကဘူးလားအကို...''

"မင္းအေဆာင္ေရွ႕ လဲက်သြားေတာ့... မင္းရဲ႕ဖုန္းကိုဝိုင္းရွာၾကေသးတယ္...ကားထဲေတြေရာ ရွာေပမယ့္.. မေတြ႕ဘူး... ဒါနဲဲ့မင္းတို႔႐ုံးကိုဘဲအေၾကာင္းၾကားလိုက္ေတာ့တာ.. မင္းသူငယ္ခ်င္းဆိုလား... ျပည့္စုံဆိုတဲ့တစ္ေယာက္နဲ႕ေတာ့.. အဆက္အသြယ္ရတယ္.. သူကတဆင့္ မင္းအိမ္ကိုအေၾကာင္းၾကားထားတယ္....''

ျပည့္စုံနဲ႕အဆက္အသြယ္ရတာတဲ့။
ဒါဆို အျဖဴသိမွာပါ။
ငါးရက္ေတာင္ အဆက္အသြယ္မလုပ္တဲ့ဟာ အျဖဴကေနနိုင္သြားတာလား။
ဇြဲကို စိတ္မပူေတာ့ဘူးလား။

အရင္ကဆို ငါးရက္မေျပာနဲ႕ ငါးနာရီေတာင္ ေပ်ာက္ေနလို႔မရတဲ့ အျဖဴဟာ အခုေတာ့ ဇြဲကို ရွိတယ္လို႔ေတာင္မထင္ေတာ့တာလား။
ဒါမွမဟုတ္ ဒီငါးရက္ကို ျပည့္စုံကဘာမွမေျပာလို႔ အျဖဴဘာမွကိုမသိတာလား....၊ ဒါမွမဟုတ္.. ဇြဲကို ဥပကၡာျပဳထားတာလား။
တကယ္ဘဲ ျပည့္စုံနဲ႕ သာယာေနၾကတာလား။

ေဆး႐ုံေရာက္သြားတာကိုေရာ မသိမဟုတ္၊ သိကိုသိမွာပါ။
အျဖဴေလးကေရာ..ဇြဲဆီဖုန္းေတြဘာေတြမဆက္ဘူးလား။
ျပည့္စုံနဲ႕ ဘာေတြလုပ္ၿပီး ဘယ္လိုမ်ားေနေနပါလိမ့္။
မင္းတကယ္ဘဲ သူနဲ႕ ေပ်ာ္ေနၿပီလား အျဖဴေလးရာ။

စိတ္ထင္ရာ ေတြးလိုက္မိသည့္ အေတြးေၾကာင့္ ရင္ဘတ္ထဲက စူးခနဲေအာင့္တက္လာျပန္သည္။

"အား...''

"ဟင္...ဇြဲ... သက္သာရဲ႕လား.... ေၾဟာင့္... သတိထားအုံး...ေဟ့.. ေဟ့.... ဟာ.. ဆရာမ... ဆရာမ...''

ဇြဲကို တပ္ေပးထားသည့္ ႏွလုံးအခ်က္ျပစက္ဆီမွ သတိေပးသံက ဆူညံစြာထြက္ေပၚလာမႈႏွင့္အတူ ကိုခ်စ္ဦးရဲ႕ အလန့္တၾကားေအာ္ေခၚသံကို ၾကားလိုက္ရသည္။

ဟင္အင္း... ေခၚမေနပါနဲ႕ဗ်ာ... ကြၽန္ေတာ္ ေသသြားပါေစေတာ့။
ရင္ထဲမွာ တင္းၾကပ္ၿပီး မခံစားနိုင္လြန္းလို႔ပါဗ်ာ....။
ကြၽန္ေတာ့ကို လႊတ္ထားေပးၾကပါဗ်ာ။

ျပန္သတိရရင္လဲ အျဖဴေလးကိုဘဲ တမ္းတခံစားေနရမွာ။
သတိမရခ်င္ေတာ့ဘူး။
မခံစားခ်င္ေတာ့ဘူး။
သြားခြင့္္ျပဳၾကပါဗ်ာ။

*************

မနက္မိုးလင္း အမူးေျပခ်ိန္မွာ သိလိုက္ရသည့္ အေျခအေနက ရွိုင္းအတြက္ ဘဝႀကီးတစ္ခုလုံး ပ်က္စီးသြားေစတာပါဘဲ။

မထင္မွတ္ထားသည့္သူတစ္ေယာက္ရဲ႕ မထင္မွတ္ထားသည့္ လုပ္ရပ္က ရွိုင္းအတြက္ တကယ့္ စပရိုက္အႀကီးစားႀကီး။

မူးေနတာကို အခြင့္ေရးယူခံရတဲ့စိတ္.....
ယုံၾကည္ရဆုံး လူတစ္ေယာက္ရဲ႕ သစၥာေဖာက္မႈ....
ခ်စ္ရတဲ့ အူးကို သစၥာေဖာက္မိသလို ျဖစ္ေစခဲ့မႈ...
စသည့္ စိတ္ေတြ၊ခံစားခ်က္ေတြက ရွိုင္းရဲ႕ေဒါသကို ေပါက္ကြဲ ထြက္ေစခဲ့သည္။

ဘယ္ႏွခ်က္မွန္းမသိေအာင္ ထိုးမိတဲ့ ရွိုင္းရဲ႕ လက္ခ်က္ေၾကာင့္ ကိုျပည့္စုံမ်က္ႏွာက ရစရာမရွိေအာင္ ေယာင္ကိုင္းလို႔ေနၿပီ။
ဟင္အင္း... ထိုးယုံနဲ႕ေတာင္မေက်နပ္ဘူး... ဒီလူႀကီးကို.. သတ္ပါသတ္ခ်င္ေနတာ။

"ထိုးပါရွိုင္းရာ... မေက်နပ္လို႔သတ္ခ်င္ရင္လဲ... သတ္လိုက္ပါ... ငါေက်ေက်နပ္နပ္လက္ခံပါ့မယ္...''

"ခဗ်ားကို.. သတ္လိုက္လို႔... ဒီကိစၥေတြၿပီးသြားရင္.. တကယ္သတ္ျပစ္ခ်င္တယ္သိလား... ကိုျပည့္စုံ... ခဗ်ားဘာလဲဗ်ာ.. ခဗ်ားမရွက္ဘူးလား... ကြၽန္ေတာ္မူးေနတာကိုခဗ်ားဒီလိုလုပ္ရက္တယ္ဗ်ာ... မိုက္ရိုင္းလိုက္တာ...''

ေျပာလဲေျပာ ခံပ်င္းစိတ္တို႔ျဖင့္ ငိုလဲငိုရင္း ေပါက္ကြဲထြက္ေနသည့္ ရွိုင္း။
တကယ္မထင္မွတ္ထားခဲ့တဲ့အရာက ဘဝပ်က္သြားေစခဲ့ၿပီေလ။

"ေတာင္းပန္ပါတယ္ရွိုင္းရာ... ငါမွားပါတယ္... ငါလဲမူးသြားတဲ့အခ်ိန္.. အသိစိတ္လြတ္သြားသလို.. ျဖစ္သြားလို႔ပါ...''

"ဟ.. အသိစိတ္လြတ္သြားရင္ေတာင္... ခဗ်ား..-င္ခံဖို႔ၾက သိေသးတာဘဲဗ်... ခဗ်ားေယာက်ာ္းမဟုတ္ဘူးလား.. မူးလာတိုင္းခဗ်ား -င္ခံေနၾကလားေျပာ...''

"မဟုတ္ဘူးရွိုင္း... မဟုတ္ဘူး.. ငါ..မင္းကိုစေတြ႕ကတည္းက.. စိတ္ဝင္စားခဲ့တာ... မင္းကဇြဲကိုႀကိဳက္တယ္လို႔..ေျပာလာေတာ့... ငါေနာက္ဆုတ္ခဲ့ၿပီး... ငါကိုယ္တိုင္ဘဲ.. မင္းကို.. ဇြဲအနားပို႔ေပးခဲ့တာ.. ၿပီးေတာ့.. ငါ့ကိုယ္ငါ... ခ်ဳပ္တည္းထိန္းသိမ္းၿပီး.. ေနခဲ့တာပါ... ဒါေပမဲ့.. ငါ့ရဲ႕မသိစိတ္ကေတာ့... မင္းကိုခ်စ္တယ္.. မင္းကိုပိုင္ဆိုင္ခ်င္တယ္.. တစ္နာရီ... တစ္ညတာေလာက္.. ပိုင္ဆိုင္ရရင္ကို... ငါကေပ်ာ္ေနမယ့္အ႐ူးပါကြာ.. ငါအဲ့လို႐ူးခဲ့လို႔... ဒီလိုေတြျဖစ္ခဲ့တာပါ..''

"ေတာ္ေတာ့... ဆက္မေျပာနဲ႕ေတာ့.. ဘယ္လိုျဖစ္ေနေန.. ခဗ်ားယုတ္မာတာဘဲကိုျပည့္စုံ... ခဗ်ားမရွက္ဘူးလား... ဟင္.. ခဗ်ားသူငယ္ခ်င္းအေပၚမွာေရာ... နဲနဲမွအားမနာဘူးလား... ခဗ်ားဗ်ာ... ေယာက်ာ္းႀကီးတန္မဲ့... ဒီလိုေအာက္တန္းၾကတဲ့အလုပ္ကို.. လုပ္ရက္တယ္... အခု..ခဗ်ားလိုခ်င္တဲ့... ကြၽန္ေတာ့ခႏၶာကိုယ္ကို.. ရလိုက္ၿပီ.. ေက်နပ္လား... ခဗ်ားေက်နပ္သြားၿပီလား..ဟင္... ကြၽန္ေတာ္ကေတာ့.. ဘဝႀကီးတစ္ခုလုံးေသသြားၿပီဗ်.. သိရဲ႕လား...''

"ငါသိပါတယ္.. ငါမွားခဲ့ပါတယ္.. ငါ့အမွားအတြက္.. ငါအေကာင္းဆုံး.. ေပးဆပ္မွာပါ..ရွိုင္းရာ...''

"ဘာ.. ေပးဆပ္မယ္.. ဟုတ္လား... ဘယ္လိုေပးဆပ္မွာလဲ.. အူးသိသြားရင္..ဘယ္ေလာက္ထိခံစားသြားရမလဲသိလား... အခန့္မသင့္ရင္... အူးအသက္ပါထိခိုက္နိုင္တယ္.. အူးအဲ့လိုျဖစ္သြားရင္ေရာ.. ခဗ်ားဘယ္လိုေပးဆပ္မွာလဲ.. ေတာက္.. ခဗ်ားမ်က္ခြက္ကိုျမင္ရတာကိုက.. ႐ြံစရာေကာင္းလိုက္တာဗ်ာ..''

"ငါမွားပါတယ္.. ငါ..ငါ.. ဇြဲကိုလဲေတာင္းပန္မွာပါ...''

"ဘာေျပာတယ္... အူးကိုေတာင္းပန္မယ္.. ခဗ်ားဘယ္လိုမ်က္ႏွာနဲ႕ အူးကိုသြားေျပာမွာလဲ... ဟင္... မူးသြားလို႔.. ရွိုင္းဝဏၰ နဲ႕အိပ္မိသြားပါတယ္...အဲ့လို႔လား... အဲ့လိုေျပာလိုက္လို႔... အူးကယုံသြားမယ္ထင္တာလား... ကြၽန္ေတာ္ကေရာ္... လူမွန္းမသိေအာင္ မူးေနလို႔.. ကိုျပည့္စုံကို..-င္ခ်မိပါတယ္.. သားကိုခြင့္လႊတ္ပါ.. ဆိုၿပီး... သြားေျပာရမွာလား... စဥ္းစဥ္းစားစားေျပာစမ္းပါဗ်... အခုဘယ္လိုလုပ္ၾကမလဲ... ေနာက္တစ္ပါတ္ဆိုအူးျပန္လာေတာ့မွာဗ်... ကြၽန္ေတာ္..ကြၽန္ေတာ့္ရဲ႕.. ခႏၶာကိုယ္က.. မသန့္ရွင္းေတာ့ဘူးဗ်... အီး...ဟီး... ႐ြံတယ္.. ကြၽန္ေတာ့ကိုကြၽန္ေတာ္မသတီေတာ့ဘူး... အား... အူးေရ.... သားကိုလာၾကည့္ပါအုံးအူးရာ... သားဘဝႀကီးဆုံးသြားၿပီဗ်... အူးအတြက္.. အၿမဲျဖဴစင္ေနပါ့မယ္လို႔.. ကတိေပးခဲ့တဲ့အရာကို.. သားကတိမတည္နိုင္ေတာ့ဘူးဗ်... အူးရယ္
. အီး..ဟီး...ဟီး...''

ကေလးတစ္ေယာက္လို သူ႕ရဲ႕အူးကို ေအာ္ေခၚေနရင္း ငိုပြဲခ်ေနတဲ့ ရွိုင္းကိုၾကည့္ရင္း ကိုယ္ပါ ထိုင္ငိုေနမိေတာ့သည္။

မွားသြားခဲ့တယ္။
မွားတာမွ အႀကီးက်ယ္ဆုံးမွားခဲ့တာပါ။
မူးသြားလို႔ဆိုတဲ့အေၾကာင္းျပခ်က္က မလုံေလာက္ဘူးဆိုတာသိပါသည္။

ဒါေပမဲ့ ဒီေကာင္ေလးကို စၿပီးခင္မင္ခြင့္ရကတည္းက ကြၽန္ေတာ္ သူ႕ကိုစိတ္ဝင္စားခဲ့တာပါ။
သြက္လက္ခ်က္ျခာၿပီး ႏွစ္လိုဖြယ္အၿပဳံးပိုင္ရွင္ ယာဥ္ထိန္းရဲေလးကို ေန႕တိုင္းႀကိတ္ခ်စ္ေနခဲ့ရေပမယ့္ ကံၾကမၼာက ကြၽန္ေတာ့္ကို အလွည့္မေပးခဲ့ပါဘူး။

ဇြဲကို စိတ္ဝင္စားမိလို႔ ကူညီေပးပါဆိုၿပီး ကြၽန္ေတာ့္ကို ရင္ဖြင့္ အကူအညီေတာင္းလာခဲ့တဲ့ေန႕ကစၿပီး ကြၽန္ေတာ္အသည္းေတြကြဲခဲ့ရတာ ဘယ္သူသိမလဲ။

ကိုယ္တစ္ဖက္သတ္ခ်စ္ေနရတဲ့ သူကို ကိုယ့္သူငယ္ခ်င္းဆီ မေရာက္ ေရာက္ေအာင္ ပို႔ေပးခဲ့ရတဲ့ ေဝဒနာေတြကို ဘယ္သူနားလည္ေပးမလဲ။

သူတို႔ႏွစ္ေယာက္တြဲ ေပ်ာ္႐ႊင္ေနတာကို ျမင္ရတဲ့အခ်ိန္တိုင္း ကြၽန္ေတာ့္ မ်က္ႏွာမွာ ဟန္ေဆာင္အၿပဳံးတစ္ခုကိုတပ္ၿပီး ဂုဏ္ယူေၾကာင္းေတြေျပာခဲ့ရေပမဲ့ ေနာက္ကြယ္မွာ တစ္ေယာက္ထဲ တိတ္တိတ္ေလး ႀကိတ္ၿပီးၿပိဳလဲခဲ့ရတာေတြ သိနိုင္ၾကရဲ႕လား။

ေစာင့္ထိန္းခဲ့ပါတယ္၊ သည္းခံခဲ့ပါတယ္။
အဆုံးအထိ ေအာင့္အီးၿပီး ထိုင္ၾကည့္ေနခဲ့ရတာ။
ဘယ္ေလာက္မ်ား ခံရခက္ခဲ့သလဲ သိရဲ႕လား။

တစ္ရက္ေလးဘဲ... ဒီတစ္ရက္ေလး.. စိတ္ကိုလႊတ္ခ်မိလိုက္တဲ့အခ်ိန္ အခုလိုအေျခအေနအထိ.. ျဖစ္သြားခဲ့တာဘဲ။

မွားသြားခဲ့တာမွန္ေပမဲ့ ေနာင္တေတာ့မရဘူး။
ကိုယ္တကယ္ခ်စ္မိတဲ့ လူတစ္ေယာက္ကို ဘဝမွာ တစ္ႀကိမ္ေလာက္ေတာ့ ပိုင္ဆိုင္ခြင့္ ရခ်င္မိတာအတြက္ ေနာင္တဆိုတာမရွိဘူး။

ဒါေပမဲ့ ၾကဴးလြန္မိတဲ့အျပစ္အတြက္ေတာ့ ေပးသမွ်အျပစ္ ကြၽန္ေတာ္အကုန္ ခါးစည္းခံမယ္။
ကြၽန္ေတာ္ ရွိုင္းကိုခ်စ္တယ္။
ရွိုင္းေပးသမွ်အမိန့္ နာခံဖို႔အသင့္ဘဲ။

"မငိုပါနဲ႕ေတာ့ရွိုင္းရာ... ျဖစ္ခဲ့ၿပီးတဲ့အရာေတြကိုခနထားၿပီး... အခုလုပ္စရာရွိတာဆက္ၿပီးလုပ္ၾကရေအာင္ပါကြာ.. ေနာ္.. ငါ့ကိုမေက်နပ္ေသးရင္... ထပ္ၿပီးထိုးကြာ.. ငါခံပါ့မယ္.. ဒါေပမဲ့.. အခုေတာ့.. ေဆးခန္းသြားၾကရေအာင္ေလ.. ေနာ္..ရွိုင္း...''

"မသြားဘူး.. ဘာမွလဲမလုပ္ဘူး.. လူယုတ္မာ.. ေအာက္တန္းက်တဲ့ ေစာက္ေျခာက္... ခဗ်ားအဲ့ေလာက္ခံခ်င္ေနရင္လဲ.. မူးေနတဲ့ကြၽန္ေတာ့္ကို အကာအကြယ္ေလးသုံးေပးေလဗ်ာ... ခဗ်ားမွာ ဒီေရာဂါႀကီးရွိေနတာသိသိႀကီးနဲ႕... ကြၽန္ေတာ့္အေပၚလုပ္ရက္တယ္.. မိုက္ရိုင္းလိုက္တာဗ်ာ...''

"မသြားလို႔မရဘူးရွိုင္း... ငါေျပာၿပီးၿပီေလ... မင္းမေက်နပ္ရင္.. ငါ့ကိုႀကိဳက္တာထပ္လုပ္... အခုေတာ့.. ေဆးခန္းသြားမွရမယ္.. အခ်ိန္ႏွောင္းသြားရင္.. ဘာမွလုပ္လို႔မရေတာ့ဘူးကြ... ငါ့စကားနားေထာင္ပါေနာ္.. ၿပီးရင္ငါဘာမဆိုလုပ္ေပးမယ္.. ေသဆိုလဲငါေသေပးမယ္ကြာ..''

"ေသမယ္...ဟုတ္တယ္.. ေသရမွာ.. ခဗ်ားကတကယ္ေသသင့္တဲ့လူယုတ္မာဘဲ.. ေသရမွာေပါ့.. ဒါေပမဲ့.. ဒီအတိုင္းမေသနဲ႕... ခဗ်ားၾကဴးလြန္ခဲ့တဲ့အျပစ္ေတြကို..တျဖည္းျဖည္းခ်င္းျပန္ခံစားရၿပီးမွေသ.. ဒီေရာဂါႀကီးရဲ႕ဒဏ္ေတြကို တေျမ့ေျမ့ခံစားၿပီးမွေသ.. ''

"ကြၽတ္စ္...ရွိုင္းရာ...''

"ကြၽန္ေတာ္အခုဘယ္လိုလုပ္ရမလဲ.. အူးကိုလဲအရမ္းသနားတယ္.. အား... အူးေရ.. အူးအရမ္းေၾကာက္တဲ့ေရာဂါ.. သားဆီမွာရွိေနေတာ့မယ္... ဒီလိုယုတ္ညံ့တဲ့သားရဲ႕ခႏၶာကိုယ္ကို.. အူးကိုဘယ္မ်ားေပးရမလဲအူးရယ္... သားေသသြားရင္ေကာင္းမယ္...''

ခံစားရခက္လိုက္တာ။
ရွိုင္းေသခ်င္တာဘဲသိတယ္။

သာမန္ တစ္ညေလာက္အတူ အိပ္မိတာကို အူးအေပၚ သစၥာေဖာက္မိသလို ခံစားရပါတယ္ဆိုမွ အခုေတာ့ အဲ့ဒီထက္ဆိုးတဲ့အရာက ထပ္တိုးလာခဲ့ျပန္ၿပီ။

တကယ္ေတာ့ ကိုျပည့္စုံက HIV positive ေၾကာင့္ ARTေဆး ေသာက္ေနရတာတဲ့ေလ။
သူ႕မွာ အဲ့ဒီေရာဂါႀကီးရွိမွန္း သိသိႀကီးနဲ႕ ရွိုင္းနဲ႕ အကာအကြယ္မပါဘဲ အိပ္ခဲ့တာတဲ့။

မိုက္ရိုင္းလိုက္တာ၊ ယုတ္မာလိုက္ၾကတာ။
သူကခ်စ္လို႔၊ ပိုင္ဆိုင္ခ်င္လို႔၊ ခနတာသာယာခ်င္လို႔ ဆိုေပမယ့္ ရွိုင္းအတြက္ေတာ့ တစ္ဘဝစာ အၫႊန့္က်ိဳးသြားခဲ့ပါၿပီ။

ၿပီးေတာ့ ရွိုင္းရဲ႕ အူးေသးေသးေလး။
အူးကိုအရမ္းအားနာတယ္။
သနားလဲသနားတယ္။
အရမ္းျဖဴစင္တဲ့အူး။
ရွိုင္းကိုအရမ္းခ်စ္ၿပီး အရမ္းတန္ဘိုးထားတဲ့အူး။

သန့္စင္တဲ့ ဘဝနဲ႕ခႏၶာကိုသာ ေပးခ်င္ပါတယ္ဆိုၿပီး ေျပာခဲ့တဲ့အူး။
ဒီလိုအျဖစ္ဆိုးေတြနဲ႕ ႀကဳံခဲ့ဖူးလို႔ သူ႕ရဲ႕ အတိတ္ကိုအရမ္းေၾကာက္တတ္တဲ့အူး။

သနားလိုက္တာ။
အခုေတာ့ သူအရမ္းခ်စ္ရတဲ့ သူ႕ရဲ႕ခ်ာတိတ္က ေရာဂါဆိုးႀကီးရဲ႕ အရိပ္မည္းႀကီးေအာက္ကို ေရာက္သြားၿပီဆိုတာ မသိရွာေသးဘူး။

ရွိုင္း မသန့္စင္ေတာ့ပါဘူး။
ရွိုင္းရဲ႕ မသန့္ရွင္းေတာ့တဲ့ ခႏၶာကို အူးကိုဘယ္လိုမ်ား ေပးရပါ့မလဲ။

ကိုယ့္လိပ္ျပာကိုယ္မလုံေတာ့ဘူး။
ေၾကကြဲဝမ္းနည္းတာေတြေရာ၊ စိတ္မသန့္တာေတြေရာ၊ ေဒါသအရွိန္ေတြေရာေၾကာင့္ တစ္ေနကုန္ မူးေနေအာင္ေသာက္ျပစ္ေနမိသည္။

မူးေနရင္ ခနေလာက္ေမ့သြားမလားလို႔ ေသာက္မိေနေပမယ့္ ေမ့မသြားဘဲ အူးကိုသတိရစိတ္ေတြနဲ႕ ပိုပိုၿပီးသာ နာက်င္ခံစားေနရေတာ့သည္။

အူးနဲ႕ေပ်ာ္ခဲ့ရတဲ့အခ်ိန္ေလးေတြကို ဆုံးရႈံးရေတာ့မွာလားဗ်ာ။
အရမ္းခ်စ္တယ္အူး။
ဒါေပမယ့္ မသန့္ရွင္းေတာ့တဲ့ ရွိုင္းရဲ႕ဘဝထဲကိုေတာ့ အူးကို ဆြဲမေခၚရက္ေတာ့တာ အမွန္ဘဲ။

မတန္ေတာ့လို႔ပါ။
အူးကအရမ္းျဖဴစင္ၿပီး ျမင့္ျမတ္တဲ့လူသားေလး။
ရွိုင္းက လူယုတ္မာတစ္ေယာက္ေၾကာင့္ အရိပ္မဲႀကီးနဲ႕ ေအာက္တန္းက်သြားတဲ့လူသား။
ဘယ္လိုမွ မထိုက္တန္ေတာ့ဘူး။

အူးကို ဖုန္းဆက္မယ္ဆိုၿပီး ဖုန္းကိုကိုင္လိုက္တိုင္း ဒီအေတြးေတြနဲ႕ ေျခာက္လွန့္ၿပီး မဆက္ရဲေတာ့တာအႀကိမ္ႀကိမ္။

ဖုန္းscreen ေပၚက 'ႏွလုံးသားထဲကအူး' ဆိုတဲ့ နံပါတ္ေလးကို ႏွိပ္လိုက္မိၿပီးမွ ေနာက္ေက်ာမလုံလို ဖုန္း ျပန္ခ်လိဳက္ရတာ အခါခါ။

အူးေရာ ဘာေတြမ်ားလုပ္ေနပါလိမ့္ ။
ဒီေန႕အထိဆို ရွိုင္း အူးဆီကို ဖုန္းမဆက္ရဲလို႔ မဆက္ဘဲေနေနခဲ့တာ ငါးရက္ေျမာက္ရွိသြားၿပီ။
အူး ရွိုင္းကိုမလြမ္းေတာ့ဘူးလား၊ သတိမရေတာ့ဘူးလားမသိ။

အရင္ဆို ရွိုင္းဆီက မက္ေဆ့ေလးတစ္ေစာင္ ပုံမွန္မေရာက္ရင္ေတာင္ ရန္လုပ္ၿပီး စိတ္ေကာက္ေနတတ္တဲ့အူးက အခုေလာက္ႀကီး ၿငိမ္ေနတာ ဘာလို႔လဲ။

သင္တန္းေနာက္ဆုံးအပါတ္မို႔ စာေတြအရမ္းမ်ားၿပီး အခ်ိန္ဘဲမအားလို႔လား။
ဒါမွမဟုတ္ သားကိုမခ်စ္ေတာ့လို႔မ်ားလား အူးရယ္။

တစ္ဖက္ကၾကည့္ေတာ့လဲ အူးအခုလိုေလး ေနေနတာ ေကာင္းပါသည္။
တကယ္သာ ဖုန္းဆက္လာရင္လဲ ရွိုင္းမကိုင္ရဲပါဘူး။
အူးကိုအားနာတာေရာ၊ သနားတာေရာ၊ အူးအေပၚ သစၥာမဲ့တဲ့လုပ္ရပ္မ်ိဳး လုပ္မိတာေရာေၾကာင့္ပါ။

အူးျပန္လာရင္ေရာ သားဘယ္လိုလုပ္ရမလဲ။
သားဝန္ခံရဲပါတယ္။
ဒါေပမဲ့ သားရဲ႕ဝန္ခံမႈေၾကာင့္ အူး နာက်င္ခံစားသြားရမွာေတာ့ မၾကည့္ရက္ဘူး။

အူးမဟုတ္တဲ့ တျခားလူတစ္ေယာက္နဲ႕ ႏွီးႏွောခဲ့တဲ့ ခႏၶာကိုယ္ႀကီးကိုလဲ အူးကိုမေပးခ်င္ဘူး။
အူးလဲ အဲ့လိုလူကို ရခ်င္ေတာ့မယ္မထင္ပါဘူး။

ပိုဆိုးတာက...ပိုဆိုးတာက......
အခု ရွိုင္းကိုယ္တိုင္ HIVႀကိဳတင္ကာကြယ္ေဆး ေသာက္ေနရၿပီေလ။

HIV positiveရွိေနတဲ့သူနဲ႕ အကာအကြယ္မဲ့ လိင္ဆက္ဆံခဲ့မိတဲ့သူေတြဟာ ဆက္ဆံၿပီး ၂၄နာရီအတြင္း ဒီ pre HIVဆိုတဲ့ HIVကာကြယ္ေဆးကို ၂၈ရက္ၾကာ ေသာက္ၾကရသည္။

ဒီေဆးေသာက္ေပမဲ့လဲ HIVမကူးစက္ဘူးလို႔ ၁၀၀ ရာခိုင္ႏႈန္း အာမမခံနိုင္ျပန္ဘူး။

ေနာက္ေျခာက္လၾကာ ေသြးစစ္ၾကည့္မွဘဲ အေျဖကို ေသခ်ာသိရမွာပါ။
ဆိုေတာ့ အခုကာလအတြင္းကေတာ့ ရွိုင္းအတြက္ တကယ့္ကို အိပ္မက္ဆိုးကာလႀကီးပါဘဲ။

ဒီလိုအျဖစ္ဆိုးႀကီးနဲ႕ ဒီလိုညစ္ညမ္းေနတဲ့ ရွိုင္းက အူးရဲ႕မ်က္ႏွာကို ဘယ္လိုစိတ္မ်ိဳးနဲ႕ ၾကည့္ရဲပါ့မလဲ။
အူးရယ္.... သားအျဖစ္ေတြကို သိရဲ႕လားဗ်ာ။

တကယ္လို႔ အူးသိသြားခဲ့ရင္ေရာ သားကိုခြင့္လႊတ္နိုင္ပါ့မလား။
ဟင္အင္း.. အူးခြင့္လႊတ္ေပးရင္ေတာင္ သားဘက္ကလုံးဝခြင့္လႊတ္နိုင္ဘူး။

အူးကိုအရမ္းခ်စ္လြန္းလို႔ အူးနာက်င္ရမယ့္အလုပ္ေတြကို ဘယ္ေတာ့မွမလုပ္ဘူးလို႔ ဆုံးျဖတ္ထားေပမယ့္ အခုေတာ့ လုပ္ရေတာ့မည္။

အူးနဲ႕အတူေနခဲ့တဲ့ အိမ္ေလးဆီကေန ဘယ္သူမွမသိေအာင္ ရွိုင္းထြက္လာခဲ့လိုက္သည္။
အူးအတြက္ စာေလးတစ္ေစာင္ ေရးထားခဲ့ယုံကလြဲလို႔ ရွိုင္းဘယ္ကိုထြက္သြားတယ္ဆိုတာ ဘယ္သူမွ အသိမေပးခဲ့ပါဘူး။

ဒီေလာကႀကီးနဲ႕ ေဝးတဲ့တစ္ေနရာကို သြားပါရေစ။
ဒီလိုကံၾကမၼာဆိုးေတြနဲ႕ ေဝးတဲ့တစ္ေနရာမွာ ေနပါရေစ။

အူးျပန္လာလို႔ သားမရွိေတာ့တဲ့ အိမ္ေလးကိုေတြ႕ရင္ အူးသားကို လိုက္ရွာမွာလား။
သားထားခဲ့တဲ့ စာေလးကို အူးဖတ္ၿပီးတဲ့ေနာက္ သားကို လိုက္ရွာမလား၊ မရွာဘူးလား သိခ်င္လိုက္တာ။

အူးရယ္..... အူးအဆင္ေျပပါ့မလားမသိေပမယ့္ သားက အေကာင္းဆုံးလမ္းကို ေ႐ြးခဲ့တာပါ။
သားကိုနားလည္နိုင္ပါ့မလား။

အိမ္ကထြက္လာခဲ့ၿပီးေနာက္ပိုင္း အရက္ေတြ ေန႕တိုင္းေသာက္ေနတယ္အူးေရ။
မိုးလင္းကေနမိုးခ်ဳပ္ ေမွာက္ေနေအာင္ေသာက္တာဘဲ။

အိမ္က ထြက္မလာခင္ရက္ေတြက
ဟိုလူယုတ္မာႀကီး အခန္းေရွ႕က လာလာေခၚေနေပမယ့္ လုံးဝမဖြင့္ေပးခဲ့ပါဘူး။

စျဖစ္တဲ့ရက္ကတည္းက အလုပ္လဲမသြားဘူး။
ဖုန္းလဲစက္ပိတ္ထားလိုက္ေတာ့တယ္။
ဘယ္သူနဲ႕မွလဲမေတြ႕ခ်င္ဘူး။
စကားလဲမေျပာခ်င္ဘူး။
ဘာမွလဲမပါတ္သတ္ခ်င္ေတာ့ပါဘူး။

အူးအပါအဝင္ ေလာကႀကီးနဲ႕ပါ အဆက္ျပတ္သြားခ်င္လိုက္တာ။
ေန႕စဥ္ရက္ဆက္ဆိုလို ဆက္တိုက္ အစာမစား ဘာမစားနဲ႕ မထတမ္းေသာက္ေနမိေတာ့ ဗိုက္ေတြပါေအာင့္လာခဲ့ၿပီ။
Pre HIVကိုလဲ မေသာက္ဘူး။

ျဖစ္ခ်င္ရာျဖစ္ဗ်ာ။
ေသသြားပါေစ။
အူးကိုမ်က္ႏွာခ်င္းမဆိုင္ရဲတာနဲ႕ အေတာ္ဘဲေပါ့။

ေနာက္ဆုံးလက္က်န္ခြက္ကို ေမာ့ခ်လိဳက္ၿပီးေတာ့ ဖုန္းscreenကို တစ္ခ်က္ဖြင့္လိုက္သည္။
ႏွစ္ေယာက္စလုံး ယူနီေဖာင္းေလးဝတ္ၿပီး ရွိုင္းရဲ႕ဆိုင္ကယ္ေပၚမွာအူးကထိုင္လို႔၊ ရွိုင္းက ေအာက္ကေန အူးရဲ႕မ်က္ႏွာေလးကို ေမာ့ၾကည့္ေနတဲ့ပုံေလးကို အမွတ္တရ ရိုက္ထားခဲ့မိတာေလး။

အဲ့ဒီအခ်ိန္တုန္းက ရွိုင္းကိုၾကည့္ေနတဲ့ အူးရဲ႕အၿပဳံးေလးက အသက္ဝင္ေတာက္ပလိုက္တာ။
ဆိုင္ကယ္ေပၚမွာ ထိုင္ေနတဲ့ အူးကို ေမာ့ၾကည့္ေနတဲ့ ရွိုင္းကလဲ ျဖဴစင္လိုက္တာ။

ဓာတ္ပုံေလးကို ၾကည့္ေနရင္း တျဖည္းျဖည္း အျမင္ေတြေဝဝါးလာသည္။
ဗိုက္ထဲက စူးေအာင့္တက္လာသည့္ နာက်င္မႈက အသည္းခိုက္မတတ္။

ေနာက္ဆုံးမ်က္စိမမွတ္ခင္ အူးရဲ႕အၿပဳံးေလးကို ျမင္ခ်င္ပါတယ္ဆို။
ဘာလို႔ ရွိုင္း မ်က္လုံးေတြက ေဝဝါးေနရတာလဲဗ်ာ။

မလုပ္ပါနဲ႕..မဝါးပါနဲ႕အုံး။
ဟိုမွာ အူး ၿပဳံးျပေနတယ္ေလ။
ရွိုင္းကို ၿပဳံးျပေနတယ္။

အရမ္းခ်စ္တယ္အူးရယ္။
သားကိုခြင့္လႊတ္ပါဗ်ာ.....။

-------အပိုင္း(၆၅)ဆက္ရန္-----------
#သစၥာျဖင့္ဖန္တီးေသာ
#ရွိုင္း&ဇြဲ
(6.8.2021 ည 8 နာရီခြဲ)



Fortsæt med at læse

You'll Also Like

1.6M 67.9K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.1M 56.6K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
340K 8.6K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
282K 6.9K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်