" ရှမ်းရိုးမကအိုးစည်သံ... ဗေဗေထုံလို့ညံ... ကကြိုးကဟန် ကိန္နရာမာန်... တိုးနယားဘယ်ယာရံ... ဓလေ့ထုံးစံ သွင်မူသဏ္ဍန်... ဘဝနှလုံးရွှင်ပြုံး ပျော်မဆုံးကြတာ အမှန် "
ရှေ့ကမြင်ကွင်းကိုမြင်တော့ အစ်ကိုနားထောင်နေကျ စိုင်းထီးဆိုင် သီချင်းကို သတိရမိပြန်သည်။ အစ်ကိုက တောင်ကြီးသားပီပီ ရှမ်းတို့ဋ္ဌာနေ
အကြောင်းရေးဖွဲ့ဖော်ကျူးထားတဲ့ သီချင်းတွေကို သိပ်မြတ်နိုးတာ ။
ဒီနေ့က ကလောရဲ့ နောက်ဆုံးည။
နှစ်လတာဆိုတဲ့ အချိန်ဟာ အခုကျတော့လည်း ခနတာလေးလို ။ တည်းခိုတဲ့ ဟိုတယ်ကနေ အမှတ်တရအနေတဲ့ မီးပုံပွဲလေး ကျင်းပပေးချင်ပါတယ်ဆိုပြီး နွေးထွေးစွာ ပြောလာတဲ့အခါမှာ အလုပ်ကြောင့်ပင်ပန်းထားရတဲ့ အဖွဲ့သားတွေ အကုန်လုံးက ဝမ်းသာမဆုံး တပြုံးပြုံးရယ်ပေါ့လေ။
သူတို့ပြောတဲ့မီးပုံပွဲဆိုတာ မီးလေးပုံပေးရုံမှ မဟုတ်တာ။ ချစ်စရာကောင်းတဲ့ ဒေသခံတွေရဲ့ ရိုးရာအကလေးတွေနဲ့ပါ ဖျော်ဖြေပေးသေးတာ။ ဒီလောက်အေးနေတာကို အနွေးထည်မပါဘဲ ရှမ်းရိုးရာ ဝတ်စုံလေးတွေကိုသာ ကိုယ်စီဝတ်ဆင်ထားကြကာ ရောက်လာကြတဲ့ ရှမ်းတိုင်းရင်းသား ၊ တိုင်းရင်းသူလေးတွေ။
ရှမ်းအိုးစည်ကတော့ မောရှမ်းတို့ရဲ့ ဘယ်ဓလေ့ရိုးရာပွဲမှာမဆို မပါရင် မပြည့်စုံတဲ့ တူရိယာပေါ့လေ။
ရှမ်းအိုးစည်သံနဲ လိုက်ဖက်ညီစွာ ကပြတဲ့ ဓားသိုင်းအက ဟာ တကယ်ကို အံ့သြဖွယ်ရာ။ ရိုးရာအိုးစည်သံတီးကာ စည်းချက်ညီညီ ကိန္နရီကိန္နရာ အက ကပြတဲ့အခါမှာတော့ အားလုံး ရင်သပ်ရှုမောဖွယ် ကြည့်ရှူကြရသည်။ ရှမ်းရိုးရာ အကသည် သိပ်ကိုလှပသည်။
ဘေးမှာ ထိုင်နေတဲ့ လွှားပေါက်ကတော့ မျက်တောင်ပင်မခတ် တဝါးဝါးနဲ့ လှလိုက်တာကို ပါးစပ်မချတမ်း ရွတ်ဆိုကာ အကြီးအကျယ် သဘောကျနေသည်။
တိုးနယား အက ကို ကပြတဲ့အချိန်မှာတော့ လွှားပေါက်က ဝန်း လက်မောင်းကို တင်းတင်းဆုပ်ကိုင်လာသည်။
" ကြောက်လို့လား "
ကိုယ့်လက်မောင်းကို မလွှတ်တမ်းဆုပ်ကိုင်ထားပြီး ခေါင်းတဆတ်ဆတ် ငြိမ့်ပြနေသည်။
" အဟင်း ဒါလည်း ရိုးရာအကပဲလေ တိုးနယားအကလို့ ခေါ်တယ် အထဲမှာ လူဝင်ပြီး ကတာလေ ကြောက်စရာမလိုဘူး "
တိုးနယားအကဆိုတာ တိုးနယားအကောင်ပုံတူ ဝတ်ရုံထဲမှာ လူနှစ်ယောက်လျှိုဝင်ပြီး ကပြတာဖြစ်တယ် ။ ဆင်အက ကသလိုမျိုးနဲ့ ဆင်တူသည်။
တိုးနယားကတဲ့သူတွေက လွှား ကြောက်နေမှန်းသိတော့ စနောက်ချင်လာသည်နှင့်ထင် လွှားရှေ့ နီးနီးကပ်ကပ်ကို လာကာ ကပြကြသည်။
" ကိုကို့ "
သူနဲ့အရမ်းနီးနေတော့ ပိုလန့်ပြီး ဝန်း လက်မောင်းမှာ မျက်နှာလာကပ်ထားသည်။ အကုန်လုံးက လွှား ကြောက်နေမှန်းသိတော့ ပြုံးစိစိနဲ့ ။ လွှားပေါက်ကလည်း အသည်းယားဖို့ကောင်းအောင် ကြောက်ပြနေတာကိုး။
" လွှား ကို စနေတာ ဘာမှ မဖြစ်ဘူး "
" ဟင့်အင်း စနေတာ မဟုတ်ဘူး "
ခေါင်းလေးကို ပုပ်ပေးကာ မကြောက်စေဖို့ ပြောတော့ ခေါင်းရမ်းပြကာ ငြင်းဆိုသည်။ လူဝင်နေတာကို သိပေမယ့်လည်း အကောင်လို့ပဲ ထင်ပြီးပဲ ကြောက်နေရှာတာ ။
" လွှား က မကြည့်တော့ တိုးနယားလေးက ဝမ်းနည်းတာပေါ့ လွှားကို ကပြချင်တာတဲ့ ကြည့်ပါဦး "
ကလေးတွေလို ချော့ကာပြောကြည့်တော့ မျက်လုံးလေး တစ်ဖက်က လှန်ကြည့်လာပြီး တိုးနယားကိုလည်း မြင်ရော ချက်ချင်းအကြည့်လွှဲသွားပြန်သည်။
" သွားခိုင်းလိုက်တော့ "
ဝန်းကို အရည်တွေဖွဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်ပြီး တိုးနယားကတဲ့သူတွေကို နှင်လွှတ်ခိုင်းနေသည်။ လွှား ပုံစံလေးကို ကြည့်ပြီး ရယ်လည်းရယ်ချင် သနားလည်း သနား ။
လွှားပေါက် ဖြစ်နေပုံကို ကြည့်ပြီး တအားအား ဖြစ်နေကြတဲ့ အဖွဲ့က သပ်သပ်ရှိနေသေးသည်။
အစသန်တဲ့ ပီအိုက်တို့က တိုးနယားခေါင်းနဲ့ လွှားခေါင်းကို လာထိတော့ လွှားပေါက် တစ်ယောက် ကြောက်လန့်လွန်ပြီး ဝန်း ပေါင်ပေါ်ရောက်လာသည်။
" ကိုကို့! လွှားကို ကယ်ပါဦး ! သွားခိုင်းလိုက်ပါတော့ဆို ဟင့် "
ဝန်း ရင်ခွင်ထဲ အတင်းတိုးကာ အလန့်လွန်ပြီး ငိုတော့မှ တိုးနယားကြီးလည်း အဝေးကို ထွက်သွားတော့သည်။
" သွားပြီ သွားပြီ ဟုတ်ပါ့ ကလေးက ကြောက်ပါတယ်ဆို အတင်းစနေတော့တာပဲ "
ရုတ်တရက် ပေါင်ပေါ်ရောက်ချလာတဲ့ ကိုယ်လုံးလေးကို ပြုတ်မကျအောင် ထိန်းရင်း ပါးစပ်ကလည်း တဖွဖွ အကြောက်ပြေအောင် ချော့ရသေးသည်။
" တကယ်သွားပြီလား "
" အင်း သွားပြီ "
သွားပြီ လို့ ပြောတာကို သူ့မှာ မယုံနိုင်သေး ဝန်း ရင်ခွင်ထဲကနေ ဖြေးညှင်းစွာ လှည့်ကြည့်ကာ အတည်ပြု စစ်ဆေးနေသေးသည်။ မရှိတော့တာ သေချာပြီဆိုမှ သက်ပြင်းချကာ လေတွေမှုတ်နေသည်။ တကယ့်ဟာလေး ။
" ကိုယ့်ပေါ်က ဆင်းတော့မလား "
အကောင်ပေါက်ရဲ့ အသက်ရှူသံ ပုံမှန်ဖြစ်သွားကာ ငြိမ်ကျသွားတော့ ကိုယ့်နေရာကိုယ် နေရာပြန်ယူဖို့ရန် မေးကြည့်တော့ လူကို အလန့်တကြားကြည့်လိုက် အောက်ကို ငုံ့ကြည့်လိုက် လုပ်ပြီး ဆတ်ခနဲ မတ်တပ်ထကာ တောင့်တောင့်ကြီး ရပ်နေသည်။
" ဟင် အာ အင် လွှားက လွှားက လန့် သွား လို့ အဲ့ဒါ အဟမ်း "
အဟင်း။အသိစိတ်ဝင်လာမှပဲ ရှက်တော့တာ ။ မျက်နှာလေးကို ရဲလို့ ။
" လာ ထိုင် "
ထိုင်ဆိုတော့လည်း ကုပ် ကုပ်လေး ထိုင်နေပြန်သည်။
" အမလေး အမောင်လွှားတို့များနော် အားကိုးရှိတော့ ကြောက်ပြနေလိုက်တာ "
" လွှား တကယ် ကြောက်သွားတာပါဆို "
ဒီဇိုင်နာ မသက်က နောက်တော့ ရှက်ရမ်းရမ်းပြီး ဆူပုပ်ကာ ပြန် ရန်တွေ့နေတယ် ။
" ကဲ ကဲ အားလုံးပဲ ချိန်း နဲ့ လွှား က ရှမ်းသီချင်းလေးနဲ့ ကပြဖျော်ဖြေပါမယ်တဲ့ "
" မသက် ဘာတွေလျှောက်အော်နေတာလဲ "
" မမသက် "
အာသွက်လျှာသွက် မမသက်တို့က လုပ်ချလိုက်ပြန်ပြီ။ သူလုပ်တာနဲ့ အကုန်လုံးက တဟေးဟေး နဲ့ ချိန်း နဲ့ လွှား ကို ကပါ ကပါ အော်ကြရော ။
" အော် အမှတ်တရပေါ့ လုပ်စမ်းပါ မြန်မြန် "
" ဟာ မကပါဘူး "
" လွှားလည်း မကတတ်ဘူး "
" ကတတ်စရာမလိုဘူး သွား ဒီမှာ ပရိတ်သတ်တွေ က တောင်းဆိုနေတာ "
ဝန်း နဲ့ လွှားကို အလယ်ထဲ အတင်းတွန်းပို့ပြီး ကပြဖို့ရာ စည်းလုံးညီညွှတ်စွာ အော်နေကြတာနဲ့ အားနာစွာ ခေါင်းငြိမ့်ရသည် ။
" live လွှင့်နေတာလား "
ဖုန်းတကားကားနဲ့ ကိုယ်တွေဘက်ကိုပဲ ချိန်ထားတာကြောင့်မေးကြည့်တော့ မသက်က ဟီးခနဲ ရယ်ပြသည်။
" ကြာပေါ့ ဟီး "
သက်ပြင်းမောမောတစ်ချက် ချရပြန်ပြီ။
" ဟီး ကိုကို "
ခနက သူမဟုတ်တဲ့ အတိုင်း က စိတ်လှုပ်ရှားနေတဲ့ လွှားပေါက် ။ ဝန်းကို ကြည့်ပြီး အသားလွတ် ဟီးခနဲ လာရယ်ပြနေသေးသည်။
.
ကျစ်!
ရန်း တကယ်ကို တွေ့နေမြင်နေရတာ အဆင်မပြေလာတော့ ။ ဝန်း ရဲ့ Fan တွေနဲ့ Facebook မှာ Friend လုပ်ထားမိတာက တကယ်ကို စိတ်ပျက်စရာပဲ ။ သူတို့တင်နေတဲ့ ပုံရိပ်တွေက ရန်း မျက်လုံးထဲမှာ ကန်လန့်ဆန်လိုက်တာ ။
Block ရတာလည်း များနေပြီ။
အခုလက်ရှိမှာတော့ Facebook စာမျက်နှာတစ်ခွင် ပြဲပြဲစင်အောင် ဂယက်ရိုက်နေတာကတော့ ဝန်း နဲ့ ဟိုကောင်လေးရဲ့ ပုံတွေ။
ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသော ခေါင်းစဥ်အမျိုးမျိုးရဲ့အောက်မှာ ဝန်း နဲ့ ဟိုကောင်လေးရဲ့ပုံတွေက နေရာယူထားသည်။ အရင်းအမြစ်က Live တစ်ခုကနေလာသည်။ ဝန်းတို့ဇာတ်ကားကို ပြသမယ့် ရုပ်သံရဲ့page ကနေ ပျော်ပွဲရွှင်ပွဲတစ်ခုကို live လွှင့်နေခြင်းဖြစ်သည်။
ထို live ကို ကြည့်နေတဲ့ လူပေါင်း သုံးသောင်းကျော်ထဲမှာ ရန်း တစ်ယောက်လည်း အပါအဝင် ။
မီးပုံပွဲ လုပ်နေကြတာဖြစ်လိမ့်မယ် ။ တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးပုံကြီးရဲ့ ပတ်လည်မှာ ရာသီဥတုရဲ့ အအေးဒဏ်ကို အံတုကာ မီးပုံပွဲကို ဆင်နွှဲနေကြတဲ့ သူတို့တွေ။ မျက်နှာတွေက ရွှင်လို့။ လုပ်ငန်းတာဝန်တွေပြီးဆုံးသွားပြီဆိုတဲ့ စိတ်နဲ့အတူ လွတ်လပ် ပေါ့ပါးစွာ ပျော်နေကြပုံရတယ်။ ထိုလူအုပ်ကြီးရဲ့ အလယ်မှာ မကြားရတာကြာပြီဖြစ်တဲ့ ရှမ်းအိုးစည်သံတွေရဲ့ စည်းချက်အတိုင်း မတောက်တခေါက် လိုက်ကနေတဲ့ လူသားနှစ်ဦး ။ တစ်ယောက်ကိုတစ်ယောက် အကြည်စိုက်ကာ ပြုံးပျော်လို့ ။ အားလုံးကလည်း သူတို့နှစ်ဦးကို လက်ခုက်လက်ဝါးတီးကာ အားပေးနေကြသည် ။ အားလုံးက သူတို့နှစ်ဦးကို ချစ်ကြတယ် ။ လက်ခံကြတယ် ။ သူတို့နှစ်ဦးကို နီးစပ်စေချင်ကြတယ် ။ သဘောတူကြတယ် ။ ရန်း လက်သီးတင်းတင်းဆုပ်ကာ အံကြိတ်ထားမိသည်။
" နမ်းပါဟေ့ "
" နမ်းပါ နမ်းပါ နမ်းပါ "
ဘယ်ကလေကဝက စတင်လိုက်တယ်မသိ။ နားခါးဖွယ်ရာ စကားလုံးကို ဟေးလားဝါးလား အော်ကြပြန်သည်။ ကျက်သရေ မရှိလိုက်တာ ။ Live ကြည့်ရှူနှုန်းက သုံးဆလောက်မြင့်တက်လာပြီး comment ထဲက လူမှုရေးနားမလည်တဲ့ ဟာတွေကပါ နမ်းပါ နမ်းပါ ကို အကြိမ်ရေ မြောက်များစွာ ရေးနေကြသည်။ လက်တွေ အကြောသေပါစေ ။
ကလေးဆန်တယ်ပဲ ပြောပြော စိတ်အလိုမကျမှုတွေက တဟုန်ထိုးမြင့်တက်လာတာမို့ ချက်ချင်းပင် ဝန်း ဆီ ဖုန်းခေါ်လိုက်သည်။
" ကျစ် ! ဖုန်း က လူနဲ့ အတူ မရှိဘူးလား "
ဝန်းထိုင်တဲ့နေရာမှာ တင်ထားခဲ့တဲ့ ဖုန်းလေးက တုန်ခါပြီးမီးလင်းနေတာ သုံးခါမြောက်ရှိပြီ ။ ဒီအခြေအနေကြီးကနေ လွတ်မြောက်ဖို့အတွက် ဖုန်းကို ထိုးပြကာ လူအုပ်ကြီးရဲ့ အဝေးတနေရာကို ထွက်လာခဲ့သည်။ သေချာပေါက် နှစ်ယောက် မရှိတဲ့ အစ်ကိုရဲ့ ခေါ်ဆိုမှုလေး။
" အစ်ကို "
" မကနဲ့ "
" ဟင် "
ဖုန်းကိုင်ကိုင်ချင်း ထွက်လာတဲ့ အသံက ဆူအောင့်အောင့်လေး။
" မ က နဲ့... သူနဲ့ "
" အစ်ကို live ကြည့်နေတာလား "
" အခန်းကို ပြန်လိုက်တော့ "
ခါတိုင်း ဝန်းက ပွဲတွေ မတက်ရင် လူဝင်ဆံ့အောင်နေရမယ်လေ ၊ ကိုယ့်ကိုဖိတ်ထားတဲ့ ပွဲတွေကို မသွားရင် ရိုင်းရာကျမှာပေါ့ ၊ အပေါင်းအသင်း ဆိုတာ ထားရမယ် ၊ လူ့ဘဝ ရတုန်းလေး ပျော်ပျော်ကြီးနေဦး ၊ ငါက မင်းကို သူငယ်ချင်းတွေနဲ့ လျှောက်သွားလျှောက်စား လုပ်စေချင်တာ ၊ ဆိုပြီး ဝန်း မကြိုက်တဲ့ party ပွဲတွေက အစ သွားခိုင်းပြီး တတွတ်တွတ် တရားချတတ်တဲ့ အစ်ကိုက အခုတော့ ဒီပွဲမှာ မမြင်ချင်ဘူးတဲ့။
" အဲ့လို လုပ်လို့မကောင်းဘူးလေ အစ်ကိုရဲ့ ဒါက ပျော်ပွဲရွှင်ပွဲ သက်သက်မှ မဟုတ်တာ ဒေသခံတွေက စေတနာမေတ္တာတွေနဲ့ ကျင်းပပေးတဲ့
နှုတ်ဆက်ပွဲလေးလေ "
" မင်းက အဲ့လိုပွဲတွေ မကြိုက်ဘူးလေ "
ဘယ် တူမလဲလေ ။ မကြိုက်ဘူးဆိုပြီး မနေချင်လို့ အိမ်ပြန်လို့ရတဲ့နေရာမှ မဟုတ်တာ ။ ဒီနေရာမှာ နေပြီး ဒီနေရာမှာ ကျင်းပတဲ့ ပွဲမှာ မရှိရင် အစ်ကိုပြောသလို ရိုင်းရာကျမှာပေါ့ ။ ပြီးတော့ ဒေသခံတွေရဲ့ စေတနာတွေကိုပါ စော်ကားရာ မရောက်ပေဘူးလား ။ ဒါတွေကို အစ်ကိုက ဝန်း ထက် ပိုသိပြီး ပိုနားလည်တာကို အခုကျမှ ဘာဖြစ်တာလဲ မသိ။
" မကြိုက်ပေမယ့်လည်း ကျွန်တော်ရှိနေမှ ကောင်းမှာပေါ့ အစ်ကိုရဲ့ "
" မင်းပျော်နေတာမလား "
" ဒေသခံတွေရဲ့... "
" မဟုတ်ဘူး မင်း သူနဲ့တွဲကရတာကို ပျော်နေတာ "
အစ်ကို ဘာတွေပြောနေရပြန်တာလဲ ။ ဘာကို ပျော်ရမှာလဲ ။ အစ်ကိုက ဘာမှမစဥ်းစားဘဲ စွပ်စွဲတတ်လာပြီ။
" အစ်ကိုကကွာ မဟုတ်တာတွေ တောင်းဆိုကြလို့ ကပေးရတာ "
" မလိမ်နဲ့ မင်းပျော်နေတာ "
ဝန်း အစ်ကို့ကို ဘယ်လိုရှင်းပြရတော့မလဲ ။ မဟုတ်ဘူး ငြင်းတော့လည်း လက်မခံ။
" အစ်ကိုက အစ်ကိုနဲ့မတူလိုက်တာ အဲ့လိုကြီး သဝန်မတိုရဘူးလေ အစ်ကို ပင်ပန်းမှာပေါ့ ကျွန်တော်က အစ်ကို့အပိုင်လေ အစ်ကို့တစ်ယောက်ထဲကိုပဲ ပုံအောပြီး ချစ်တဲ့ကောင်ကြီးလေဗျာ "
" ငါ့ကိုချစ်တယ်ဆို ငါ့စကားနားထောင်လေ !"
" မအော်ပါနဲ့ အချစ်ရဲ့ စိတ်လျှော့နော်
ခနနေပြီးတော့မှာ အပြီးထိနေလိုက်တော့မယ်လေနော် အားနာစရာကောင်းတယ်လေ အစ်ကိုရဲ့ "
" ငါ မင်းကို အရမ်းလွမ်းနေတယ် မင်းနဲ့စကားပြောချင်တယ် "
ရန်း တကယ် ဝန်းကို သေမတတ်လွမ်းနေပြီ။ တွေ့ရခါနီးလေ ပိုလွမ်းလေ။ ဝန်း နဲ့ စကားပြောချင်တယ် ။ ဒီလိုဝမ်းနည်းနေသလို ဖြစ်နေတဲ့ အချိန်တွေမှာ ဝန်း ကို လိုအပ်တယ် ။ ဝန်း ရဲ့ နွေးထွေးမှုတွေကို ရန်း လိုအပ်တယ် ။ အရင်နေ့တွေကလည်း ဟိုကောင်လေးကို အားနာနေတာနဲ့ ဖုန်းသေချာ မပြောခဲ့ရဘူး ။ နှစ်လ နှစ်လတောင် ရှိနေပြီ။
" ကျွန်တော်လည်း အရမ်းလွမ်းတာပေါ့မနက်ဖြန်ဆို တွေ့ရပြီလေ ကျွန်တော့်တိုက်ခန်းမှာ စောင့်နေမယ်မလားဟင်
ခနနေလို့ ပွဲပြီးရင် ဖုန်းပြန်ဆက်လိုက်မယ်လေနော် "
" ဟက် ! "
" ဟယ်လို အစ်ကို "
ဟက် ခနဲ တစ်ချက် လှောင်ရယ်သံအဆုံး ကျသွားတဲ့ ဖုန်းခေါ်ဆိုမှုလေး။ ဝန်း ပြန်ခေါ်တော့ အစ်ကိုက မကိုင်။ နောက်တစ်ကြိမ် ပြန်ခေါ်တော့ စက်ပိတ်သွားပြီ။
အစ်ကို က ကျွန်တော့်ကို မယုံတော့ဘူး။
.
" ကဲ ချိန်း ပြန်လာပြီ လုပ်ငန်းပြန်စကြမလား "
" ကျွန်တော် နည်းနည်းနားချင်လို့ "
စိတ်က ကြည်နေတာမဟုတ်တော့ လေသံနည်းနည်းမာသွားတယ်ထင်။
ဝန်း အရိပ်အကဲကို ကြည့်ပြီး တခြား လမ်းကြောင်းလွှဲသွားကြသည်။
" ကိုကို "
" ဟို လွှား က မနမ်းပါဘူး မနမ်းရအောင် လွှား ပြောလိုက်ပြီ "
အရိပ်အကဲ သိတဲ့ထဲက လွှားက ထိပ်ဆုံးကပေါ့လေ။ အခုလည်း ခုနက နမ်းပါ ကိစ္စကြောင့် ဝန်း စိတ်ညစ်သွားတယ်ဆိုပြီး ထင်လို့နေမယ်။ ဘေးမှာ လာထိုင်ပြီး ကလယ်ကလယ်နဲ့ လာပြောနေတာကြောင့် ဝန်း ပြုံးလိုက်သည်။
" ကျေးဇူးပဲ "
" ဟို ကိုကို အဆင်ပြေရဲ့လားဟင် "
" အင်း "
" အဲ့မမသက် အကျင့်မကောင်းတာနော် ကိုကို "
" ဟုတ်ပါ့ "
" ဟီး "
ဂိုဏ်းချုပ်ကြီး မသက် ကို အတင်းတုပ်ကာ နှစ်ဦးသား ရယ်လိုက်ကြသည်။ ဝန်းကိုယ်တိုင်လည်း ဘယ်လိုရယ်မိသွားသည်မသိ။
တိုးနယား က တဲ့ အကိုတွေက အားနာစကားလာဆိုတော့ သူကိုက ကြောက်တတ်တဲ့သူမလို့ပါ ဆိုပြီး သူက ပြန်အားနာကာ ထပ်တလဲလဲ တောင်းပန်နေသည်။ လွှားပေါက်မှာ ချစ်စရာ အမူအကျင့်လေးတွေအများကြီး ရှိပြန်တယ်။
နောက်ဆုံး ပွဲသိမ်းတော့ အားလုံးရတဲ့ " လတ်တီး " သီချင်းကို ဆိုပြီး နှုတ်ဆက်ညလေးကို သိမ်းလိုက်ကြသည်။ မနက်အစောထကြရမှာမို့ မိုးလင်းပေါက် နေလို့ မဖြစ်ဘူးလေ။
" ကုံးက ကုံးက ကုံးက သီချင်းသံကြားမှာ ကနေတယ်... ကုံးက ကုံးက ကုံးက သီချင်းသံကြားမှာ ကနေတယ် "
အခန်းပြန်တဲ့ လမ်းမှာလည်း သီချင်းလေး ညည်းနေသေးတယ် ။ ခနက သီချင်းဆိုကြတော့ လွှားက မရတော့ လက်ခုပ်လေးတီးပြီး လိုက်နားထောင်နေတာ ။ အခု သူနားထောင်ရင်း ရခဲ့တဲ့ အဲ့တစ်ကြောင်းပဲ ထပ်တလဲလဲ ဆိုနေတာကြောင့် ကုံးက ကနေကို မတက်ဘူး။
" သဘောကျတယ်လား "
" ဟုတ် ကောင်းတယ် ... ကလောကို ချစ်တယ် ပြန်တောင်မပြန်ချင်တော့ဘူး ဟီး "
" ဒါဆို နေခဲ့ကွာ "
" ဟင့်အင်း မနေဘူး "
" မပြန်ချင်ဘူးဆို...နေခဲ့ ထားခဲ့မှာ လွှားကို ရှမ်းအဘိုးကြီးဆီ ရောင်းစားခဲ့မယ် "
" တကယ်လား... ကိုကိုစနေတာမလား "
" စ စရာလား ရောင်းစားခဲ့မှာ "
" လွှားက ထွက်ပြေးမှာ လွှားမှာ ပိုက်ဆံပါတယ် "
" ထွက်ပြေးလို့မရဘူး လူဆိုးဂိုဏ်းက လူတွေဆီမှာ ရောင်းစားပစ်မှာ "
" ကိုကို နဲ့ မအိပ်ဘူး ကိုနေခတို့နဲ့ သွားအိပ်မှာ "
" ဟားဟား "
" မရယ်နဲ့ "
" ဟား ဟား ဟား "
" မရယ်နဲ့လို့ ကိုကို့ "
နှင်းမြူတွေဆိုင်းပြီး ချမ်းအေးလွန်းတဲ့ ညလေးတစ်ညမှာပေါ့ ၊ ကလောမြို့၏တစ်ထောင့်တစ်နေရာမှာရှိတဲ့ ဟိုတယ်လေးဆီက လမ်းလေးတစ်ခုမှာတော့ ကောင်လေးနှစ်ယောက်ရဲ့ အသံလွင်လွင်လေးတွေ ဖုံးလွှမ်းလို့တဲ့လေ။
.
" ဝုန်း "
နံရံဆီသို့ အရှိန်ပြင်းပြင်း ရိုက်ခတ်ကာ ပြုတ်ကျသွားတဲ့ Laptop လေးက ကြမ်းပြင်မှာ အက်ကွဲ ကြောင်းတွေနဲ့ ။
ပါးထက် က မျက်ရည်တွေကို ရန်း မဖယ်ရှားမိ။ ဝန်းက အဆုံးထိ ရှိနေခဲ့တယ် ။ ရန်း စကားကို ပစ်ပယ်ပြီး ဟိုကောင်လေးနဲ့ အဆုံးထိ အတူရှိနေခဲ့တာ ။ ပြီးတော့ ပြုံးနေခဲ့တယ် ။ ရန်းတစ်ယောက်ပဲ တွေ့ဖူးခဲ့တဲ့ အပြုံးတွေနဲ့ ။
.
တိုးနယား အကလေး ။ အခုခေတ် ပုံလေးတွေက သေချာရိုက်ထားတာ ထက် ရှာတာ ရှာမတွေ့လို့ ။ 1900 ဝန်းကျင်က ပုံလေး။
.
.
Zawgyi
" ရွမ္းရိုးမကအိုးစည္သံ... ေဗေဗထုံလို႔ညံ... ကႀကိဳးကဟန္ ကိႏၷရာမာန္... တိုးနယားဘယ္ယာရံ... ဓေလ့ထုံးစံ သြင္မူသ႑န္... ဘဝႏွလုံး႐ႊင္ၿပဳံး ေပ်ာ္မဆုံးၾကတာ အမွန္ "
ေရွ႕ကျမင္ကြင္းကိုျမင္ေတာ့ အစ္ကိုနားေထာင္ေနက် စိုင္းထီးဆိုင္ သီခ်င္းကို သတိရမိျပန္သည္။ အစ္ကိုက ေတာင္ႀကီးသားပီပီ ရွမ္းတို႔႒ာေန
အေၾကာင္းေရးဖြဲ႕ေဖာ္က်ဴးထားတဲ့ သီခ်င္းေတြကို သိပ္ျမတ္နိုးတာ ။
ဒီေန႕က ကေလာရဲ႕ ေနာက္ဆုံးည။
ႏွစ္လတာဆိုတဲ့ အခ်ိန္ဟာ အခုက်ေတာ့လည္း ခနတာေလးလို ။ တည္းခိုတဲ့ ဟိုတယ္ကေန အမွတ္တရအေနတဲ့ မီးပုံပြဲေလး က်င္းပေပးခ်င္ပါတယ္ဆိုၿပီး ႏြေးေထြးစြာ ေျပာလာတဲ့အခါမွာ အလုပ္ေၾကာင့္ပင္ပန္းထားရတဲ့ အဖြဲ႕သားေတြ အကုန္လုံးက ဝမ္းသာမဆုံး တၿပဳံးၿပဳံးရယ္ေပါ့ေလ။
သူတို႔ေျပာတဲ့မီးပုံပြဲဆိုတာ မီးေလးပုံေပး႐ုံမွ မဟုတ္တာ။ ခ်စ္စရာေကာင္းတဲ့ ေဒသခံေတြရဲ႕ ရိုးရာအကေလးေတြနဲ႕ပါ ေဖ်ာ္ေျဖေပးေသးတာ။ ဒီေလာက္ေအးေနတာကို အႏြေးထည္မပါဘဲ ရွမ္းရိုးရာ ဝတ္စုံေလးေတြကိုသာ ကိုယ္စီဝတ္ဆင္ထားၾကကာ ေရာက္လာၾကတဲ့ ရွမ္းတိုင္းရင္းသား ၊ တိုင္းရင္းသူေလးေတြ။
ရွမ္းအိုးစည္ကေတာ့ ေမာရွမ္းတို႔ရဲ႕ ဘယ္ဓေလ့ရိုးရာပြဲမွာမဆို မပါရင္ မျပည့္စုံတဲ့ တူရိယာေပါ့ေလ။
ရွမ္းအိုးစည္သံနဲ လိုက္ဖက္ညီစြာ ကျပတဲ့ ဓားသိုင္းအက ဟာ တကယ္ကို အံ့ၾသဖြယ္ရာ။ ရိုးရာအိုးစည္သံတီးကာ စည္းခ်က္ညီညီ ကိႏၷရီကိႏၷရာ အက ကျပတဲ့အခါမွာေတာ့ အားလုံး ရင္သပ္ရႈေမာဖြယ္ ၾကည့္ရႉၾကရသည္။ ရွမ္းရိုးရာ အကသည္ သိပ္ကိုလွပသည္။
ေဘးမွာ ထိုင္ေနတဲ့ လႊားေပါက္ကေတာ့ မ်က္ေတာင္ပင္မခတ္ တဝါးဝါးနဲ႕ လွလိုက္တာကို ပါးစပ္မခ်တမ္း ႐ြတ္ဆိုကာ အႀကီးအက်ယ္ သေဘာက်ေနသည္။
တိုးနယား အက ကို ကျပတဲ့အခ်ိန္မွာေတာ့ လႊားေပါက္က ဝန္း လက္ေမာင္းကို တင္းတင္းဆုပ္ကိုင္လာသည္။
" ေၾကာက္လို႔လား "
ကိုယ့္လက္ေမာင္းကို မလႊတ္တမ္းဆုပ္ကိုင္ထားၿပီး ေခါင္းတဆတ္ဆတ္ ၿငိမ့္ျပေနသည္။
" အဟင္း ဒါလည္း ရိုးရာအကပဲေလ တိုးနယားအကလို႔ ေခၚတယ္ အထဲမွာ လူဝင္ၿပီး ကတာေလ ေၾကာက္စရာမလိုဘူး "
တိုးနယားအကဆိုတာ တိုးနယားအေကာင္ပုံတူ ဝတ္႐ုံထဲမွာ လူႏွစ္ေယာက္လွ်ိုဝင္ၿပီး ကျပတာျဖစ္တယ္ ။ ဆင္အက ကသလိုမ်ိဳးနဲ႕ ဆင္တူသည္။
တိုးနယားကတဲ့သူေတြက လႊား ေၾကာက္ေနမွန္းသိေတာ့ စေနာက္ခ်င္လာသည္ႏွင့္ထင္ လႊားေရွ႕ နီးနီးကပ္ကပ္ကို လာကာ ကျပၾကသည္။
" ကိုကို႔ "
သူနဲ႕အရမ္းနီးေနေတာ့ ပိုလန့္ၿပီး ဝန္း လက္ေမာင္းမွာ မ်က္ႏွာလာကပ္ထားသည္။ အကုန္လုံးက လႊား ေၾကာက္ေနမွန္းသိေတာ့ ၿပဳံးစိစိနဲ႕ ။ လႊားေပါက္ကလည္း အသည္းယားဖို႔ေကာင္းေအာင္ ေၾကာက္ျပေနတာကိုး။
" လႊား ကို စေနတာ ဘာမွ မျဖစ္ဘူး "
" ဟင့္အင္း စေနတာ မဟုတ္ဘူး "
ေခါင္းေလးကို ပုပ္ေပးကာ မေၾကာက္ေစဖို႔ ေျပာေတာ့ ေခါင္းရမ္းျပကာ ျငင္းဆိုသည္။ လူဝင္ေနတာကို သိေပမယ့္လည္း အေကာင္လို႔ပဲ ထင္ၿပီးပဲ ေၾကာက္ေနရွာတာ ။
" လႊား က မၾကည့္ေတာ့ တိုးနယားေလးက ဝမ္းနည္းတာေပါ့ လႊားကို ကျပခ်င္တာတဲ့ ၾကည့္ပါဦး "
ကေလးေတြလို ေခ်ာ့ကာေျပာၾကည့္ေတာ့ မ်က္လုံးေလး တစ္ဖက္က လွန္ၾကည့္လာၿပီး တိုးနယားကိုလည္း ျမင္ေရာ ခ်က္ခ်င္းအၾကည့္လႊဲသြားျပန္သည္။
" သြားခိုင္းလိုက္ေတာ့ "
ဝန္းကို အရည္ေတြဖြဲ႕ေနတဲ့ မ်က္ဝန္းေလးေတြနဲ႕ ၾကည့္ၿပီး တိုးနယားကတဲ့သူေတြကို ႏွင္လႊတ္ခိုင္းေနသည္။ လႊား ပုံစံေလးကို ၾကည့္ၿပီး ရယ္လည္းရယ္ခ်င္ သနားလည္း သနား ။
လႊားေပါက္ ျဖစ္ေနပုံကို ၾကည့္ၿပီး တအားအား ျဖစ္ေနၾကတဲ့ အဖြဲ႕က သပ္သပ္ရွိေနေသးသည္။
အစသန္တဲ့ ပီအိုက္တို႔က တိုးနယားေခါင္းနဲ႕ လႊားေခါင္းကို လာထိေတာ့ လႊားေပါက္ တစ္ေယာက္ ေၾကာက္လန့္လြန္ၿပီး ဝန္း ေပါင္ေပၚေရာက္လာသည္။
" ကိုကို႔! လႊားကို ကယ္ပါဦး ! သြားခိုင္းလိုက္ပါေတာ့ဆို ဟင့္ "
ဝန္း ရင္ခြင္ထဲ အတင္းတိုးကာ အလန့္လြန္ၿပီး ငိုေတာ့မွ တိုးနယားႀကီးလည္း အေဝးကို ထြက္သြားေတာ့သည္။
" သြားၿပီ သြားၿပီ ဟုတ္ပါ့ ကေလးက ေၾကာက္ပါတယ္ဆို အတင္းစေနေတာ့တာပဲ "
႐ုတ္တရက္ ေပါင္ေပၚေရာက္ခ်လာတဲ့ ကိုယ္လုံးေလးကို ျပဳတ္မက်ေအာင္ ထိန္းရင္း ပါးစပ္ကလည္း တဖြဖြ အေၾကာက္ေျပေအာင္ ေခ်ာ့ရေသးသည္။
" တကယ္သြားၿပီလား "
" အင္း သြားၿပီ "
သြားၿပီ လို႔ ေျပာတာကို သူ႕မွာ မယုံနိုင္ေသး ဝန္း ရင္ခြင္ထဲကေန ေျဖးညွင္းစြာ လွည့္ၾကည့္ကာ အတည္ျပဳ စစ္ေဆးေနေသးသည္။ မရွိေတာ့တာ ေသခ်ာၿပီဆိုမွ သက္ျပင္းခ်ကာ ေလေတြမႈတ္ေနသည္။ တကယ့္ဟာေလး ။
" ကိုယ့္ေပၚက ဆင္းေတာ့မလား "
အေကာင္ေပါက္ရဲ႕ အသက္ရႉသံ ပုံမွန္ျဖစ္သြားကာ ၿငိမ္က်သြားေတာ့ ကိုယ့္ေနရာကိုယ္ ေနရာျပန္ယူဖို႔ရန္ ေမးၾကည့္ေတာ့ လူကို အလန့္တၾကားၾကည့္လိုက္ ေအာက္ကို ငုံ႕ၾကည့္လိုက္ လုပ္ၿပီး ဆတ္ခနဲ မတ္တပ္ထကာ ေတာင့္ေတာင့္ႀကီး ရပ္ေနသည္။
" ဟင္ အာ အင္ လႊားက လႊားက လန့္ သြား လို႔ အဲ့ဒါ အဟမ္း "
အဟင္း။အသိစိတ္ဝင္လာမွပဲ ရွက္ေတာ့တာ ။ မ်က္ႏွာေလးကို ရဲလို႔ ။
" လာ ထိုင္ "
ထိုင္ဆိုေတာ့လည္း ကုပ္ ကုပ္ေလး ထိုင္ေနျပန္သည္။
" အမေလး အေမာင္လႊားတို႔မ်ားေနာ္ အားကိုးရွိေတာ့ ေၾကာက္ျပေနလိုက္တာ "
" လႊား တကယ္ ေၾကာက္သြားတာပါဆို "
ဒီဇိုင္နာ မသက္က ေနာက္ေတာ့ ရွက္ရမ္းရမ္းၿပီး ဆူပုပ္ကာ ျပန္ ရန္ေတြ႕ေနတယ္ ။
" ကဲ ကဲ အားလုံးပဲ ခ်ိန္း နဲ႕ လႊား က ရွမ္းသီခ်င္းေလးနဲ႕ ကျပေဖ်ာ္ေျဖပါမယ္တဲ့ "
" မသက္ ဘာေတြေလွ်ာက္ေအာ္ေနတာလဲ "
" မမသက္ "
အာသြက္လွ်ာသြက္ မမသက္တို႔က လုပ္ခ်လိဳက္ျပန္ၿပီ။ သူလုပ္တာနဲ႕ အကုန္လုံးက တေဟးေဟး နဲ႕ ခ်ိန္း နဲ႕ လႊား ကို ကပါ ကပါ ေအာ္ၾကေရာ ။
" ေအာ္ အမွတ္တရေပါ့ လုပ္စမ္းပါ ျမန္ျမန္ "
" ဟာ မကပါဘူး "
" လႊားလည္း မကတတ္ဘူး "
" ကတတ္စရာမလိုဘူး သြား ဒီမွာ ပရိတ္သတ္ေတြ က ေတာင္းဆိုေနတာ "
ဝန္း နဲ႕ လႊားကို အလယ္ထဲ အတင္းတြန္းပို႔ၿပီး ကျပဖို႔ရာ စည္းလုံးညီၫႊတ္စြာ ေအာ္ေနၾကတာနဲ႕ အားနာစြာ ေခါင္းၿငိမ့္ရသည္ ။
" live လႊင့္ေနတာလား "
ဖုန္းတကားကားနဲ႕ ကိုယ္ေတြဘက္ကိုပဲ ခ်ိန္ထားတာေၾကာင့္ေမးၾကည့္ေတာ့ မသက္က ဟီးခနဲ ရယ္ျပသည္။
" ၾကာေပါ့ ဟီး "
သက္ျပင္းေမာေမာတစ္ခ်က္ ခ်ရျပန္ၿပီ။
" ဟီး ကိုကို "
ခနက သူမဟုတ္တဲ့ အတိုင္း က စိတ္လႈပ္ရွားေနတဲ့ လႊားေပါက္ ။ ဝန္းကို ၾကည့္ၿပီး အသားလြတ္ ဟီးခနဲ လာရယ္ျပေနေသးသည္။
.
က်စ္!
ရန္း တကယ္ကို ေတြ႕ေနျမင္ေနရတာ အဆင္မေျပလာေတာ့ ။ ဝန္း ရဲ႕ Fan ေတြနဲ႕ Facebook မွာ Friend လုပ္ထားမိတာက တကယ္ကို စိတ္ပ်က္စရာပဲ ။ သူတို႔တင္ေနတဲ့ ပုံရိပ္ေတြက ရန္း မ်က္လုံးထဲမွာ ကန္လန့္ဆန္လိုက္တာ ။
Block ရတာလည္း မ်ားေနၿပီ။
အခုလက္ရွိမွာေတာ့ Facebook စာမ်က္ႏွာတစ္ခြင္ ၿပဲၿပဲစင္ေအာင္ ဂယက္ရိုက္ေနတာကေတာ့ ဝန္း နဲ႕ ဟိုေကာင္ေလးရဲ႕ ပုံေတြ။
ၾကည္ႏူးဆြတ္ပ်ံ့ဖြယ္ေကာင္းေသာ ေခါင္းစဥ္အမ်ိဳးမ်ိဳးရဲ႕ေအာက္မွာ ဝန္း နဲ႕ ဟိုေကာင္ေလးရဲ႕ပုံေတြက ေနရာယူထားသည္။ အရင္းအျမစ္က Live တစ္ခုကေနလာသည္။ ဝန္းတို႔ဇာတ္ကားကို ျပသမယ့္ ႐ုပ္သံရဲ႕page ကေန ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခုကို live လႊင့္ေနျခင္းျဖစ္သည္။
ထို live ကို ၾကည့္ေနတဲ့ လူေပါင္း သုံးေသာင္းေက်ာ္ထဲမွာ ရန္း တစ္ေယာက္လည္း အပါအဝင္ ။
မီးပုံပြဲ လုပ္ေနၾကတာျဖစ္လိမ့္မယ္ ။ တဟုန္းဟုန္းေတာက္ေလာင္ေနတဲ့ မီးပုံႀကီးရဲ႕ ပတ္လည္မွာ ရာသီဥတုရဲ႕ အေအးဒဏ္ကို အံတုကာ မီးပုံပြဲကို ဆင္ႏႊဲေနၾကတဲ့ သူတို႔ေတြ။ မ်က္ႏွာေတြက ႐ႊင္လို႔။ လုပ္ငန္းတာဝန္ေတြၿပီးဆုံးသြားၿပီဆိုတဲ့ စိတ္နဲ႕အတူ လြတ္လပ္ ေပါ့ပါးစြာ ေပ်ာ္ေနၾကပုံရတယ္။ ထိုလူအုပ္ႀကီးရဲ႕ အလယ္မွာ မၾကားရတာၾကာၿပီျဖစ္တဲ့ ရွမ္းအိုးစည္သံေတြရဲ႕ စည္းခ်က္အတိုင္း မေတာက္တေခါက္ လိုက္ကေနတဲ့ လူသားႏွစ္ဦး ။ တစ္ေယာက္ကိုတစ္ေယာက္ အၾကည္စိုက္ကာ ၿပဳံးေပ်ာ္လို႔ ။ အားလုံးကလည္း သူတို႔ႏွစ္ဦးကို လက္ခုက္လက္ဝါးတီးကာ အားေပးေနၾကသည္ ။ အားလုံးက သူတို႔ႏွစ္ဦးကို ခ်စ္ၾကတယ္ ။ လက္ခံၾကတယ္ ။ သူတို႔ႏွစ္ဦးကို နီးစပ္ေစခ်င္ၾကတယ္ ။ သေဘာတူၾကတယ္ ။ ရန္း လက္သီးတင္းတင္းဆုပ္ကာ အံႀကိတ္ထားမိသည္။
" နမ္းပါေဟ့ "
" နမ္းပါ နမ္းပါ နမ္းပါ "
ဘယ္ကေလကဝက စတင္လိုက္တယ္မသိ။ နားခါးဖြယ္ရာ စကားလုံးကို ေဟးလားဝါးလား ေအာ္ၾကျပန္သည္။ က်က္သေရ မရွိလိုက္တာ ။ Live ၾကည့္ရႉႏႈန္းက သုံးဆေလာက္ျမင့္တက္လာၿပီး comment ထဲက လူမႈေရးနားမလည္တဲ့ ဟာေတြကပါ နမ္းပါ နမ္းပါ ကို အႀကိမ္ေရ ေျမာက္မ်ားစြာ ေရးေနၾကသည္။ လက္ေတြ အေၾကာေသပါေစ ။
ကေလးဆန္တယ္ပဲ ေျပာေျပာ စိတ္အလိုမက်မႈေတြက တဟုန္ထိုးျမင့္တက္လာတာမို႔ ခ်က္ခ်င္းပင္ ဝန္း ဆီ ဖုန္းေခၚလိုက္သည္။
" က်စ္ ! ဖုန္း က လူနဲ႕ အတူ မရွိဘူးလား "
ဝန္းထိုင္တဲ့ေနရာမွာ တင္ထားခဲ့တဲ့ ဖုန္းေလးက တုန္ခါၿပီးမီးလင္းေနတာ သုံးခါေျမာက္ရွိၿပီ ။ ဒီအေျခအေနႀကီးကေန လြတ္ေျမာက္ဖို႔အတြက္ ဖုန္းကို ထိုးျပကာ လူအုပ္ႀကီးရဲ႕ အေဝးတေနရာကို ထြက္လာခဲ့သည္။ ေသခ်ာေပါက္ ႏွစ္ေယာက္ မရွိတဲ့ အစ္ကိုရဲ႕ ေခၚဆိုမႈေလး။
" အစ္ကို "
" မကနဲ႕ "
" ဟင္ "
ဖုန္းကိုင္ကိုင္ခ်င္း ထြက္လာတဲ့ အသံက ဆူေအာင့္ေအာင့္ေလး။
" မ က နဲ႕... သူနဲ႕ "
" အစ္ကို live ၾကည့္ေနတာလား "
" အခန္းကို ျပန္လိုက္ေတာ့ "
ခါတိုင္း ဝန္းက ပြဲေတြ မတက္ရင္ လူဝင္ဆံ့ေအာင္ေနရမယ္ေလ ၊ ကိုယ့္ကိုဖိတ္ထားတဲ့ ပြဲေတြကို မသြားရင္ ရိုင္းရာက်မွာေပါ့ ၊ အေပါင္းအသင္း ဆိုတာ ထားရမယ္ ၊ လူ႕ဘဝ ရတုန္းေလး ေပ်ာ္ေပ်ာ္ႀကီးေနဦး ၊ ငါက မင္းကို သူငယ္ခ်င္းေတြနဲ႕ ေလွ်ာက္သြားေလွ်ာက္စား လုပ္ေစခ်င္တာ ၊ ဆိုၿပီး ဝန္း မႀကိဳက္တဲ့ party ပြဲေတြက အစ သြားခိုင္းၿပီး တတြတ္တြတ္ တရားခ်တတ္တဲ့ အစ္ကိုက အခုေတာ့ ဒီပြဲမွာ မျမင္ခ်င္ဘူးတဲ့။
" အဲ့လို လုပ္လို႔မေကာင္းဘူးေလ အစ္ကိုရဲ႕ ဒါက ေပ်ာ္ပြဲ႐ႊင္ပြဲ သက္သက္မွ မဟုတ္တာ ေဒသခံေတြက ေစတနာေမတၱာေတြနဲ႕ က်င္းပေပးတဲ့
ႏႈတ္ဆက္ပြဲေလးေလ "
" မင္းက အဲ့လိုပြဲေတြ မႀကိဳက္ဘူးေလ "
ဘယ္ တူမလဲေလ ။ မႀကိဳက္ဘူးဆိုၿပီး မေနခ်င္လို႔ အိမ္ျပန္လို႔ရတဲ့ေနရာမွ မဟုတ္တာ ။ ဒီေနရာမွာ ေနၿပီး ဒီေနရာမွာ က်င္းပတဲ့ ပြဲမွာ မရွိရင္ အစ္ကိုေျပာသလို ရိုင္းရာက်မွာေပါ့ ။ ၿပီးေတာ့ ေဒသခံေတြရဲ႕ ေစတနာေတြကိုပါ ေစာ္ကားရာ မေရာက္ေပဘူးလား ။ ဒါေတြကို အစ္ကိုက ဝန္း ထက္ ပိုသိၿပီး ပိုနားလည္တာကို အခုက်မွ ဘာျဖစ္တာလဲ မသိ။
" မႀကိဳက္ေပမယ့္လည္း ကြၽန္ေတာ္ရွိေနမွ ေကာင္းမွာေပါ့ အစ္ကိုရဲ႕ "
" မင္းေပ်ာ္ေနတာမလား "
" ေဒသခံေတြရဲ႕... "
" မဟုတ္ဘူး မင္း သူနဲ႕တြဲကရတာကို ေပ်ာ္ေနတာ "
အစ္ကို ဘာေတြေျပာေနရျပန္တာလဲ ။ ဘာကို ေပ်ာ္ရမွာလဲ ။ အစ္ကိုက ဘာမွမစဥ္းစားဘဲ စြပ္စြဲတတ္လာၿပီ။
" အစ္ကိုကကြာ မဟုတ္တာေတြ ေတာင္းဆိုၾကလို႔ ကေပးရတာ "
" မလိမ္နဲ႕ မင္းေပ်ာ္ေနတာ "
ဝန္း အစ္ကို႔ကို ဘယ္လိုရွင္းျပရေတာ့မလဲ ။ မဟုတ္ဘူး ျငင္းေတာ့လည္း လက္မခံ။
" အစ္ကိုက အစ္ကိုနဲ႕မတူလိုက္တာ အဲ့လိုႀကီး သဝန္မတိုရဘူးေလ အစ္ကို ပင္ပန္းမွာေပါ့ ကြၽန္ေတာ္က အစ္ကို႔အပိုင္ေလ အစ္ကို႔တစ္ေယာက္ထဲကိုပဲ ပုံေအာၿပီး ခ်စ္တဲ့ေကာင္ႀကီးေလဗ်ာ "
" ငါ့ကိုခ်စ္တယ္ဆို ငါ့စကားနားေထာင္ေလ !"
" မေအာ္ပါနဲ႕ အခ်စ္ရဲ႕ စိတ္ေလွ်ာ့ေနာ္
ခနေနၿပီးေတာ့မွာ အၿပီးထိေနလိုက္ေတာ့မယ္ေလေနာ္ အားနာစရာေကာင္းတယ္ေလ အစ္ကိုရဲ႕ "
" ငါ မင္းကို အရမ္းလြမ္းေနတယ္ မင္းနဲ႕စကားေျပာခ်င္တယ္ "
ရန္း တကယ္ ဝန္းကို ေသမတတ္လြမ္းေနၿပီ။ ေတြ႕ရခါနီးေလ ပိုလြမ္းေလ။ ဝန္း နဲ႕ စကားေျပာခ်င္တယ္ ။ ဒီလိုဝမ္းနည္းေနသလို ျဖစ္ေနတဲ့ အခ်ိန္ေတြမွာ ဝန္း ကို လိုအပ္တယ္ ။ ဝန္း ရဲ႕ ႏြေးေထြးမႈေတြကို ရန္း လိုအပ္တယ္ ။ အရင္ေန႕ေတြကလည္း ဟိုေကာင္ေလးကို အားနာေနတာနဲ႕ ဖုန္းေသခ်ာ မေျပာခဲ့ရဘူး ။ ႏွစ္လ ႏွစ္လေတာင္ ရွိေနၿပီ။
" ကြၽန္ေတာ္လည္း အရမ္းလြမ္းတာေပါ့မနက္ျဖန္ဆို ေတြ႕ရၿပီေလ ကြၽန္ေတာ့္တိုက္ခန္းမွာ ေစာင့္ေနမယ္မလားဟင္
ခနေနလို႔ ပြဲၿပီးရင္ ဖုန္းျပန္ဆက္လိုက္မယ္ေလေနာ္ "
" ဟက္ ! "
" ဟယ္လို အစ္ကို "
ဟက္ ခနဲ တစ္ခ်က္ ေလွာင္ရယ္သံအဆုံး က်သြားတဲ့ ဖုန္းေခၚဆိုမႈေလး။ ဝန္း ျပန္ေခၚေတာ့ အစ္ကိုက မကိုင္။ ေနာက္တစ္ႀကိမ္ ျပန္ေခၚေတာ့ စက္ပိတ္သြားၿပီ။
အစ္ကို က ကြၽန္ေတာ့္ကို မယုံေတာ့ဘူး။
.
" ကဲ ခ်ိန္း ျပန္လာၿပီ လုပ္ငန္းျပန္စၾကမလား "
" ကြၽန္ေတာ္ နည္းနည္းနားခ်င္လို႔ "
စိတ္က ၾကည္ေနတာမဟုတ္ေတာ့ ေလသံနည္းနည္းမာသြားတယ္ထင္။
ဝန္း အရိပ္အကဲကို ၾကည့္ၿပီး တျခား လမ္းေၾကာင္းလႊဲသြားၾကသည္။
" ကိုကို "
" ဟို လႊား က မနမ္းပါဘူး မနမ္းရေအာင္ လႊား ေျပာလိုက္ၿပီ "
အရိပ္အကဲ သိတဲ့ထဲက လႊားက ထိပ္ဆုံးကေပါ့ေလ။ အခုလည္း ခုနက နမ္းပါ ကိစၥေၾကာင့္ ဝန္း စိတ္ညစ္သြားတယ္ဆိုၿပီး ထင္လို႔ေနမယ္။ ေဘးမွာ လာထိုင္ၿပီး ကလယ္ကလယ္နဲ႕ လာေျပာေနတာေၾကာင့္ ဝန္း ၿပဳံးလိုက္သည္။
" ေက်းဇူးပဲ "
" ဟို ကိုကို အဆင္ေျပရဲ႕လားဟင္ "
" အင္း "
" အဲ့မမသက္ အက်င့္မေကာင္းတာေနာ္ ကိုကို "
" ဟုတ္ပါ့ "
" ဟီး "
ဂိုဏ္းခ်ဳပ္ႀကီး မသက္ ကို အတင္းတုပ္ကာ ႏွစ္ဦးသား ရယ္လိုက္ၾကသည္။ ဝန္းကိုယ္တိုင္လည္း ဘယ္လိုရယ္မိသြားသည္မသိ။
တိုးနယား က တဲ့ အကိုေတြက အားနာစကားလာဆိုေတာ့ သူကိုက ေၾကာက္တတ္တဲ့သူမလို႔ပါ ဆိုၿပီး သူက ျပန္အားနာကာ ထပ္တလဲလဲ ေတာင္းပန္ေနသည္။ လႊားေပါက္မွာ ခ်စ္စရာ အမူအက်င့္ေလးေတြအမ်ားႀကီး ရွိျပန္တယ္။
ေနာက္ဆုံး ပြဲသိမ္းေတာ့ အားလုံးရတဲ့ " လတ္တီး " သီခ်င္းကို ဆိုၿပီး ႏႈတ္ဆက္ညေလးကို သိမ္းလိုက္ၾကသည္။ မနက္အေစာထၾကရမွာမို႔ မိုးလင္းေပါက္ ေနလို႔ မျဖစ္ဘူးေလ။
" ကုံးက ကုံးက ကုံးက သီခ်င္းသံၾကားမွာ ကေနတယ္... ကုံးက ကုံးက ကုံးက သီခ်င္းသံၾကားမွာ ကေနတယ္ "
အခန္းျပန္တဲ့ လမ္းမွာလည္း သီခ်င္းေလး ညည္းေနေသးတယ္ ။ ခနက သီခ်င္းဆိုၾကေတာ့ လႊားက မရေတာ့ လက္ခုပ္ေလးတီးၿပီး လိုက္နားေထာင္ေနတာ ။ အခု သူနားေထာင္ရင္း ရခဲ့တဲ့ အဲ့တစ္ေၾကာင္းပဲ ထပ္တလဲလဲ ဆိုေနတာေၾကာင့္ ကုံးက ကေနကို မတက္ဘူး။
" သေဘာက်တယ္လား "
" ဟုတ္ ေကာင္းတယ္ ... ကေလာကို ခ်စ္တယ္ ျပန္ေတာင္မျပန္ခ်င္ေတာ့ဘူး ဟီး "
" ဒါဆို ေနခဲ့ကြာ "
" ဟင့္အင္း မေနဘူး "
" မျပန္ခ်င္ဘူးဆို...ေနခဲ့ ထားခဲ့မွာ လႊားကို ရွမ္းအဘိုးႀကီးဆီ ေရာင္းစားခဲ့မယ္ "
" တကယ္လား... ကိုကိုစေနတာမလား "
" စ စရာလား ေရာင္းစားခဲ့မွာ "
" လႊားက ထြက္ေျပးမွာ လႊားမွာ ပိုက္ဆံပါတယ္ "
" ထြက္ေျပးလို႔မရဘူး လူဆိုးဂိုဏ္းက လူေတြဆီမွာ ေရာင္းစားပစ္မွာ "
" ကိုကို နဲ႕ မအိပ္ဘူး ကိုေနခတို႔နဲ႕ သြားအိပ္မွာ "
" ဟားဟား "
" မရယ္နဲ႕ "
" ဟား ဟား ဟား "
" မရယ္နဲ႕လို႔ ကိုကို႔ "
ႏွင္းျမဴေတြဆိုင္းၿပီး ခ်မ္းေအးလြန္းတဲ့ ညေလးတစ္ညမွာေပါ့ ၊ ကေလာၿမိဳ႕၏တစ္ေထာင့္တစ္ေနရာမွာရွိတဲ့ ဟိုတယ္ေလးဆီက လမ္းေလးတစ္ခုမွာေတာ့ ေကာင္ေလးႏွစ္ေယာက္ရဲ႕ အသံလြင္လြင္ေလးေတြ ဖုံးလႊမ္းလို႔တဲ့ေလ။
.
" ဝုန္း "
နံရံဆီသို႔ အရွိန္ျပင္းျပင္း ရိုက္ခတ္ကာ ျပဳတ္က်သြားတဲ့ Laptop ေလးက ၾကမ္းျပင္မွာ အက္ကြဲ ေၾကာင္းေတြနဲ႕ ။
ပါးထက္ က မ်က္ရည္ေတြကို ရန္း မဖယ္ရွားမိ။ ဝန္းက အဆုံးထိ ရွိေနခဲ့တယ္ ။ ရန္း စကားကို ပစ္ပယ္ၿပီး ဟိုေကာင္ေလးနဲ႕ အဆုံးထိ အတူရွိေနခဲ့တာ ။ ၿပီးေတာ့ ၿပဳံးေနခဲ့တယ္ ။ ရန္းတစ္ေယာက္ပဲ ေတြ႕ဖူးခဲ့တဲ့ အၿပဳံးေတြနဲ႕ ။
.
တိုးနယား အကေလး ။ အခုေခတ္ ပုံေလးေတြက ေသခ်ာရိုက္ထားတာ ထက္ ရွာတာ ရွာမေတြ႕လို႔ ။ 1900 ဝန္းက်င္က ပုံေလး။