တပေါင်းလတွင် လေရူးတို့မြူး၏။မြောင်းမြမြို့တွင်ကား လေပူလေရူးများက ဝေ့ဝိုက်တိုက်ခတ်နေသည်။ကောင်းကင်တွင် ကြယ်ရောင်လရောင်မရှိ လမိုက်ညဖြစ်လေသည်။ဗညားသတိုး ညအမှောင်ကိုခို၍ခြေသံကိုလုံစေလျက် မြောင်းမြမြို့ရိုးအပြင်ရှိ တောစပ်အပြင်ကိုထွက်လိုက်သည်။ဗညားသတိုး အဲမောင်းလှံကိုကိုင်ကာ ရာဇမနုလေးတော်ကို စလွယ်သိုင်းလွယ်ထားသည်။တောစပ်ရှိမြင့်မားသောသရက်ပင်ပေါ်သို့မျောက်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာတက်သည်။သရက်ပင်ပေါ်တွင် မြဲမြံစွာနေရာယူကာ မြို့ရိုးအတွင်းသို့ အမြင်အာရုံအား အစွမ်းကုန်ဖွင့်လျက် စူးရဲစွာကြည့်သည်။
မြို့ရိုးအတွင်း မြင့်မားသောခံတပ်တစ်နေရာတွင် မြောင်းမြစားသမိန်မရူကို တွေ့ရသည်။မြောင်းမြစားက စိမ်းဖန့်သောကိုယ်ဝတ်ရုံတော်ကို ကျော့ရှင်းစွာဝတ်ထားသည်။မြို့ရိုးတစ်လျှောက်ရှိမီးတုတ်များက ဗညားသတိုးကိုရှင်းလင်းစွာမြင်နိုင်ရန် ကူညီပေးသည်။မြို့ရိုးအခြေတွင် သက်ကယ်ဓနိမိုးထားသော တဲအိမ်မြင်းဇောင်းများရှိသည်။မြို့ရိုးကိုဝန်းရံထားသော ကျုံးကရန်သူတွေ အလွယ်တကူမဝင်ရောက်နိုင်အောင်တားဆီးထားသည်။
လေရူးကငြိမ်ပြီ။အရှေ့မှအနောက်ကိုသာ တူရူတိုက်ခတ်နေသည်။ဗညားသတိုး လှံကိုမြေပြင်ပေါ်ပစ်ချလိုက်သည်။အဲမောင်းလှံသွားက မြေကိုထိုးစိုက်သွားသည်။ဗညားသတိုး ကျောပေါ်မှရာဇမနုလေးတော်ကိုကိုင်ပြီး မြှားထိပ်ကိုမီးရှို့ကာ လေးညို့တင်သည်။ဗညားသတိုးပစ်လွှတ်လိုက်သည့်မီးမြှားက ရာဇမနုလေးတော်မှလျှပ်စီးမိုးကြိုးအလား လျှင်မြန်စွာပျံသန်းကာ မြို့ရိုးအခြေရှိ တဲအိမ်ငယ်မြင်းဇောင်းများထံကျရောက်သွားပြီး မီးတောက်များစွဲလောင်လေသည်။ညအမှောင်ထဲတွင်ပင် ဗညားသတိုး၏လေးအတတ်မှာတစ်ဖက်ကမ်းခတ်ပြောင်မြောက်သည်။
ပူပြင်းခြောက်သွေ့သည့် သက်ကယ်ဓနိများမှာမီးစကျရာတွင် တဖျောက်ဖျောက်အသံမြည်ကာမီးကြီးစွဲလောင်သည်။မြောင်းမြမြို့တပ်သားများက မြို့ရိုးတံခါးကိုဖွင့်ကာ မီးစွဲလောင်ရာတဲငယ်များကိုငြိမ်းသတ်ဖို့ရာ ကြိုးပမ်းကြသည်။မြင်းများမလန့်စေရန် ထိန်းသိမ်းကြသည်။
မြင်းဟီသံများ၊လူသံများ၊ရေသံများနှင့်မြောင်းမြမြို့ခံတပ်အပြင် အခြေတွင်မြင်ကွင်းကလှုပ်ရှားနေသည်။
ဗညားသတိုး မြေပေါ်ကိုဆင်းကာ အဲမောင်းလှံကိုကိုင်လျက် ကျုံးရေပြင်ကိုဖြတ်ကူးသည်။မီးတောက်ကြီးကိုကျောခိုင်းကာ ဝရုန်းသုန်းကားအခြေအနေကိုအကာအကွယ်ယူ၍ မြို့ရိုးတံခါးမှတဆင့်ခံတပ်ထိပ်ကိုတက်သည်။ခံတပ်ထိပ်တွင်ပုန်စားဝံ့သူမြောင်းမြစားကား ငုံ့လျက်မီးတောက်ကိုကြည့်နေ၏။မီးတောင်အရောင်ကြောင့် ခံတပ်တစ်ခုလုံးကိုပင်ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
"ဟေ့ ...မြောင်းမြစား"
ဗညားသတိုးကား အဲမောင်းလှံကြီးကိုဝင့်လျက် မြောင်းမြစားထံတစ်ဟုန်ထိုးဝင်သည်။
မြောင်းမြစားကဆောင်ဓားကိုအလျင်အမြန်ထုတ်ကာအဲမောင်းလှံသွားကိုကာသည်။
"တယ် ဗညားသတိုး"
မြောင်းမြမြို့တပ်သားတချို့က မြောင်းမြမြို့စားတိုက်ခိုက်ခံရသည်ကိုမြင်သော် တိုက်ခိုက်နေကြသောလူနှစ်ယောက်ဘေးတွင် ဝန်းရံကာ ဗညားသတိုးကိုဓားများဖြင့်တိုက်ကြသည်။မြင်ကွင်းသည် ရုတ်တရက်အသွင်ပြောင်းသွားသည်။ဗညားသတိုး လက်ထဲမှအဲမောင်းလှံသည် လေကိုခွင်းကာအရှိန်နဲ့တိုက်ခိုက်သည်။လှံရိုးကိုပင်ပကတိမမြင်ရတော့။လှံသွားမှသံမဏိအရောင်ကိုသာ မီးရောင်အောက်တွင်တလက်လက်မြင်ရပေသည်။
တပ်သားငယ်များမှာ ဗညားသတိုး၏လှံတစ်ကမ်းအကွာ အနီးတွင်ပင်မနေဝံ့ကြတော့။မြောင်းမြစား အတတ်နိုင်ဆုံးကာကွယ်တိုက်ခိုက်သည်။အချိန်ကြာလာနဲ့အမျှ လျင်မြန်သွက်လက်သောလှံသွားကို ရှောင်နိုင်စွမ်းမရှိတော့ပေ။ဗညားသတိုးလက်ထဲမှ အဲမောင်းလှံသွားက မြောင်းမြစားရင်ဝကို စိုက်ဝင်သွားသည်။သွေးတို့သည်သွေးပျက်ဖွယ်စီးကျလာသည်။
"မြို့စား ကျပြီ"
"မြို့စား ကျပြီ"
"ပြေးကြဟေ့ တပ်ဆုတ်ကြ"
"မြို့ကိုစွန့်ခွာကြ"
မြောင်းမြမြို့တပ်သားများက အခြေအနေကိုကောင်းစွာသဘောပေါက်လျက် ကစဉ့်ကလျားဆုတ်ခွာပြေးကြသည်။ဗညားသတိုး အဲမောင်းလှံကိုဝင့်ကြွားစွာကိုင်လျက် မဲမဲမြင်ရာကိုထိုးဖောက်တိုက်ခိုက်သည်။ဗညားသတိုး အနီးရှိ
ရန်သူ့တပ်သားများမှာ အတုံးအရုံးလဲကျကုန်သည်။
"မြို့စားမင်းကျပြီ"ဟူသောအသံကား မြို့ရိုးတစ်လျှောက် တောမီးသဖွယ်အလျင်အမြန်ပျံ့နှံ့သွားသည်။တောစပ်တစ်လျှောက် ပုန်းခိုကာနေရာယူထားသော ဟံသာဝတီတပ်သားများသည် ညာသံပေးလျက် မြောင်းမြမြို့ရိုးကိုတိုက်ခိုက်သည်။
လုပ်ကြံသတ်ဖြတ်ခြင်းမှသည် မြို့သိမ်းတိုက်ပွဲအသွင်ပြောင်းသွားသည်။
ဓားသွားခြင်းထိသံ၊လွှားသံ၊စစ်မြင်းဟီသံ၊ရဲမက်တို့ကြွေးကျော်သံ၊အော်ဟစ်သံတို့နှင့်
တပေါင်းညလမိုက်ကား ပြင်းထန်စွာသက်ဝင်လှုပ်ရှားနေသည်။
_______
"သမိန်သံကောင်း"
"မှန်ပါ အိမ်ရှေ့မင်း"
"မြောင်းမြမြို့ကိုသိမ်းပြီးရင် ရာမညတိုင်းဆယ့်ကိုးတိုင်းကို ဟံသာဝတီနိုင်ငံတော်အဖြစ် စုစည်းနိုင်လေပြီလား"
"မှန်ပါ အိမ်ရှေ့မင်း ဟံသာဝတီရဲ့ဘုန်းတန်ခိုးဟာ ရာမညတိုင်းဆယ့်ကိုးတိုင်းမှာကျော်ကြားပျံ့နှံ့နေပါတော့မယ်"
အိမ်ရှေ့မင်းဗညားသတိုးရဲ့မျက်နှာက ငယ်ရွယ်မှုတို့ဖြင့် ရဲဝံ့တက်ကြွနေသည်။နှုတ်ခမ်းထောင့်တို့ကလည်း ရာဇမာန်ပြည့်ဝသောအပြုံးမျိုးကိုပြသသည်။ဗညားသတိုးမင်းသားကား သက်တော်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။သက်တော်ဆယ့်ခြောက်နှစ်မှာပင် လက်ရှိဟံသာဝတီပြည့်ရှင်မင်းကြီးမစွမ်းနိုင်သည့် ရာမညတိုင်းဆယ့်ကိုးတိုင်းကို ဟံသာဝတီနိုင်ငံတော်အဖြစ်ပေါင်းစည်းနိုင်ခဲ့သည်။
မြောင်းမြမြို့သည် ယမန်နေ့ညကတိုက်ပွဲမဖြစ်ခဲ့သလိုပင် ပြောင်ရှင်းသပ်ရပ်နေသည်။ဟံသာဝတီတပ်သားများက ညတွင်းချင်းအောင်ပွဲနှင့်အတူ ရှင်းလင်းကြသည်။မြောင်းမြစားအပြင် မြောင်းမြစား၏တူဖြစ်သူသမိန်မဏိသည်လည်းတိုက်ပွဲတွင်ကျသည်။
တရည်းမြို့၊ဒုန်ဝန်းမြို့တိုက်ပွဲတွင်လည်း
အိမ်ရှေ့မင်းဗညားသတိုးက ရွပ်ရွပ်ချွံချွံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
တပေါင်းလသည် နွေဦးဖြစ်လေသည်။လေရူးများက ကျုံးရေပြင်ပေါ်မှဖြတ်တိုက်ကာ ဗညားသတိုးမျက်နှာကို ပွတ်သပ်ကျီစယ်သွားသည်။
မြောင်းမြမြို့ကို အပိုင်သိမ်းနိုင်လိုက်ခြင်းကအိမ်ရှေ့မင်းဗညားသတိုးအတွက် ကြီးစွာသောအောင်ပွဲဖြစ်သည်။
ဟံသာဝတီပြည့်ရှင်ကို ပုန်စားဝံ့သောမြို့များထဲတွင်မြောင်းမြမြို့သည် အင်အားအကြီးဆုံးဖြစ်သည်။သည်လိုစစ်အင်အားကောင်းသည့် မြောင်းမြမြို့ကိုဗညားသတိုးက သွေးသောက်စစ်သည်သုံးရာထဲနဲ့သိမ်းပိုက်လိုက်နိုင်သည်။
"သမိန်သံကောင်း"
"မှန်ပါ့ အိမ်ရှေ့မင်း"
"သင်ကဤမြောင်းမြကိုစားပါလေ ကိုယ်တော် ခမည်းတော်ကိုအစီရင်ခံဖို့မြို့တော်ကိုပြန်မယ်"
"အမိန့်နာခံလျက်ပါ အိမ်ရှေ့မင်း"
"တပ်သားတွေကိုအောင်ပွဲခံဖို့သေရည်အလုံအလောက်နဲ့ မြောင်းမြမြို့ကသိမ်းပိုက်ရသမျှရွှေငွေတို့ကို တစ်ဝက်ခွဲပြီး ဆုလာဒ်အညီအမျှချီးမြှင့်ပါလေ ကျန်တစ်ဝက်ကိုတော့ တိုင်းပြည်
ပဏ္ဏာအဖြစ် ကိုယ်တော်ဆောင်ယူသွားမယ်"
"ကျေးဇူးကြီးမားလှပါတယ် အိမ်ရှေ့မင်း"
သမိန်သံကောင်း အိမ်ရှေ့မင်းဗညားသတိုးကိုဦးညွှတ်အရိုအသေပြုလေသည်။အိမ်ရှေ့မင်းဗညားသတိုး မြင်းနက်ကြီးပေါ်လွှားခနဲခုန်တက်ကာမြင်းကိုအသော့နှင်လျက်ဟံသာဝတီနန်းတော်ကိုပြန်လေသည်။
_______
ဟံသာဝတီနေပြည်တော်နန်းမြို့ရိုး၏အရှေ့မုခ်သည် ဘယ်သောအခါကမှသည်နေ့လောက်လူမစည်ကားမအုံကြွခဲ့။နန်းမြို့ရိုးတစ်လျှောက်တွင်ကြက်သွေးရောင်အလံများက ဝံ့ကြွားစွာတလွင့်လွင့်။သူရဲခို၊ရှေ့မုခ်မြို့ရိုးတွင် လူအားလုံးသည် စုရုံးရောက်ရှိနေကြသည်။အားလုံးရဲ့မျက်နှာတွင်လည်း ဂုဏ်ယူဝံ့ကြွားဟန်အပြည့်။
ဗညားသတိုးမင်းသားမြင်းနက်ကိုစီးကာ နန်းမြို့ထဲဝင်လာသည်ကို လူအများကစိတ်ဝင်တစားကြည့်နေကြသည်။ဗညားသတိုးရဲ့ဘေး
တစ်ဖက်တစ်ချက်တွင် ညာလက်ရုံးသမိန်သူရနဲ့ဘယ်လက်ရုံးသမိန်သူရိန်က မြင်းညိုကြီးကိုစီးကာဝန်းရံလိုက်ပါလာသည်။
နောက်တွင်ကား အလံတလွင့်လွင့်ကိုင်ဆောင်ထားကြသောဟံသာဝတီတပ်။
လူထုကြီးရဲ့စစ်အောင်ပွဲကြိုဆိုပုံက ကျေနပ်အားရစရာပင်။လူထုရဲ့သဲသဲလှုပ်ကြိုဆိုသံ၊ဟစ်ကြွေးကောင်းချီးပေးသံ၊စည်တီးသံ၊ခရုသင်းမှုတ်သံတို့က သောင်းသောင်းဖြဖြ။
"အိမ်ရှေ့မင်းဗညားသတိုးက မြောင်းမြစားကိုအနိုင်ယူခဲ့တာတဲ့"
"အိမ်ရှေ့မင်းလက်ထဲကအဲမောင်းလှံက စင်္ကြာအလားဆိုဘဲ"
"အိမ်ရှေ့မင်းဗညားသတိုးရှိနေသ၍ ဟံသာဝတီပြည်ကြီးအေးချမ်းနေတာဘဲ"
"ဘယ်သူပုန်စားဝံ့သလဲဟေ့ အိမ်ရှေ့မင်းဗညားသတိုးသုတ်သင်တာခံရမယ်"
ပြည်သူတွေရဲ့အသံကို ဗညားသတိုးတို့တစ်ချက်တစ်ချက် ကြားနေရသည်။
လုံမပျိုလေးတစ်သိုက်က ပန်းပွင့်လေးများကို
ဗညားသတိုးတို့လမ်းပေါ်ကြဲချသည်။ဗညားသတိုး ပန်းပွင့်တို့လာရာအရပ်ဆီ အကြည့်ပို့လိုက်သောအခါ လုံမလေးတစ်စုကရှက်ပြုံးလေးတွေနှင့်ခေါင်းလေးငုံ့သွားကြသည်။
"အိမ်ရှေ့မင်း ဒီတစ်ခါစစ်အောင်ပွဲကတော့သိပ်ကြီးကျယ်တာဗျို့ အောင်ပွဲလည်းရပြီ မရီးတော်ရဖို့ဘဲကျန်တော့တယ်"
သမိန်သူရကမြင်းဇက်ကြိုးကို ဖြေလျော့လျက် ပန်းပွင့်တို့လာရာအရပ်ဆီ မျှော်ကြည့်ရင်းခပ်ပြုံးပြုံးပြောသည်။
"သမိန်သူရ ကိုယ်တော့်အတွက်ပူမနေလေနဲ့ သမိန်သူရသာအဖြစ်ရှိအောင်စွမ်းပါလေ ကိုယ်တော်သဘောကျလေတာက စစ်ပွဲဘဲ"
ဗညားသတိုးကလည်း ပြုံးစစပြောသည်။
"တော်ပါဗျာ အရှင့်သား ဒီညသေရည်အဝတိုက်ရင်ဖြင့်် ကျွန်တော်မျိုးအတွက် လုံလောက်ပါပြီ"
"သမိန်သူရတော့ သေရည်ရူးဖြစ်တော့မှာဘဲ အိမ်ရှေ့မင်း"
"ရူးပါစေ ကိုယ်တော် ဒီညအဝတိုက်မယ်"
"အိမ်ရှေ့မင်း ကတိတည်ပါစေ ဟား ဟား"
သမိန်သူရက ဝမ်းသာအားရရယ်သည်။
မြောင်းမြကိုစစ်ချီရန် ဗျူဟာဆွဲသည့်အချိန်ထဲက အိမ်ရှေ့မင်းကသေရည်ကိုတားမြစ်ထားသည်။သည်ညတော့ စစ်အောင်ပွဲနဲ့အတူအမူးသောက်မည်။
ဗညားသတိုးနှင့်သမိန်သူရတို့သည် ငယ်စဉ်ထဲကပင် စိတ်တူကိုယ်တူသွေးသောက်များဖြစ်လေသည်။ ညီနောင်သွေးရင်းတွေနှင့်မခြား နီးကပ်သောဆက်ဆံရေး ရှိသည်။တစ်ပါးသူတို့မပြောဝံ့သော အရေးကိစ္စများကိုလည်း သမိန်သူရနှင့်သမိန်သူရိန်တို့က ပြောဝံ့သည်။
ဗညားသတိုး မြင်းကိုခပ်သွက်သွက်လေးစီးကာ နန်းတော်တွင်းကို ဝင်လေသည်။ခမည်းတော်မင်းကြီးက နန်းတော်တွင် စစ်အောင်ပွဲဂုဏ်ပြုသဘင် ကျင်းပနိုင်ရန်စီစဉ်ထားသည်။
ဗညားသတိုး မြင်းနက်ပေါ်မှဆင်းကာမြင်းဇက်ကြိုးကို သမိန်သူရိန်လက်ထဲထည့်သည်။
သမိန်သူရိန်ကမြင်းနက်ကိုဆွဲကာ မြင်းဇောင်းရှိရာအရပ်သို့ လျှောက်သွားသည်။
ဗညားသတိုး မဟာသူရနန်းဆောင်ထဲဝင်သည်။ ဗညားသတိုးရဲ့နန်းဆောင်တွင် ပြောင်လက်သောအဆင်တန်ဆာမရှိ။ရိုးရှင်းသောအခန်းပင်ဖြစ်သည်။ကြီးမားသည့်ကျွန်းသလွန်တစ်လုံး၊စစ်ဗျူဟာပေစာလိပ်များ အထပ်လိုက်တင်ထားသည့်စင်ကြီးတစ်ခု၊လက်ရာမြောက်စွာထုဆစ်ထားသော ကျွန်းစားပွဲကြီးရှိလေသည်။
ကျောပေါ်မှရာဇမနုလေးတော်ကို ကျွန်းစားပွဲပေါ်တင်သည်။ဆောင်ဓားကိုလည်း သလွန်ဘေးချသည်။လေးလံစွာဝတ်ဆင်ထားသည့်ချပ်ဝတ်တန်ဆာတို့ကို ချွတ်ကာရေချိုးဆောင်တော်ထဲဝင်လေသည်။
မြောင်းမြတိုက်ပွဲတွင် အနိုင်ရခဲ့ပေမယ့် ဗညားသတိုး ကိုယ်ခန္ဓာတွင်ဒဏ်ရာမရှိ။ဗညားသတိုးရဲ့အထိန်းတော်ကြီးဒေါနက ချပ်ဝတ်များကိုသိမ်းဆည်းသည်။ပြီးလျှင်စစ်အောင်ပွဲသဘင်၌ ဝတ်ဆင်ရန် ဝတ်လဲတော်များကို ပြင်ဆင်ပေးပြီးဆောင်တော်အပြင်ထွက်သည်။ဗညားသတိုး ဝတ်လဲတော်များကို ဝတ်ဆင်သည်။အတောင်နှစ်ဆယ်ရှည်လျားသည့် ငွေချည်ဖောက်တောင်ရှည်ပုဆိုး၊ဖြူဥသောကိုယ်ဝတ်၊ရွှေဗောင်းစလွယ်ကြိုးကိုဆင်ယင်လိုက်သောအခါ ဗညားသတိုးသည်အိမ်ရှေ့မင်းဂုဏ်ပုဒ်နဲ့လျော်ညီစွာတင့်တယ်ပေသည်။
ခေါင်းပေါင်းပဝါစကို သေသပ်စွာပေါင်းသည်။ ဆံချည်မျှင်တစ်မျှင်မျှ ပဝါစအပြင်တွင် လွတ်မနေပေ။
________
"မင်းကြီး အိမ်ရှေ့မင်း တွေ့ခွင့်တောင်းနေပါတယ်"
"ဝင်စေ"
အထိန်းတော်ကြီးက ဗညားသတိုးမင်းသားကိုဝင်စေပြီး နန်းဆောင်အပြင်ထွက်လေသည်။
"ခမည်းတော်"
"သားတော် မြောင်းမြတိုက်ပွဲသတင်းကမွှေးပျံ့လှချည်လား"
"အားလုံးရဲ့ကြိုးပမ်းမှုကြောင့်ပါ"
"နှိမ့်ချမနေလေနဲ့"
ခမည်းတော်က ဗညားသတိုး ပခုံးကိုရင်းနှီးစွာဖျစ်ညှစ်သည်။ခမည်းတော်ရဲ့မျက်နှာတွင် ရာဇမာန်မရှိ။ဖခင်တစ်ဦး၏နွေးထွေးမှုသာ နေရာယူထားသည်။
"အင်းဝဘုရင်ဟာလည်း သားတော်ဆယ့်သုံးပါးကြောင့်သိပ်မာန်ထလွန်းတယ် ခမည်းတော်ထံမှာကသားတော်တစ်ပါးထဲ"
စကားလမ်းကြောင်း မသင့်သည့်စကားကြောင့်
ဗညားသတိုးနားမလည်။
"ဘာကိုဆိုလိုပါသလဲ ခမည်းတော်"
"အင်းဝဘုရင်က ခမည်းတော်တို့ဟံသာဝတီကိုလာမတိုက်နိုင်ဘူးလို့မဆိုနိုင်ဘူး သားတော်"
"ဒါဆိုသင်းတို့စမတိုက်ခင် သားတော်တို့အင်းဝကိုစစ်ချီမယ် ခမည်းတော်"
"မလိုပေဘူး သားတော် စစ်အောင်ပွဲဂုဏ်ပြုသဘင်ပြီးလေမှ အင်းဝနန်းတော်ထဲကို လူယုံတစ်ယောက်လွှတ်ပြီး ရန်သူ့သဘောကိုထောက်လှမ်းပါလေ"
"သားတော်ကိုယ်တိုင်သွားခွင့်ပြုပါ ခမည်းတော်"
"နန်းရေးရာတွေကိုပစ်ထားမလို့လား သားတော်"
"ယခုဆို သားတော်တို့ဟံသာဝတီဟာအေးချမ်းပြီ ပြင်ပရန်ကိုသာပူနေသင့်တယ် သားတော်တစ်ဦးထဲမဟုတ်ဘူး သမိန်သူရနဲ့သမိန်သူရိန်ကိုပါ
သားတော်ခေါ်သွားမယ် စိတ်မပူလေနဲ့ ခမည်းတော် သားတော်ရဲ့အစွမ်းအစကိုယုံကြည်ပါ"
"အင်းဝဘုရင်ရဲ့သား မင်းရဲကျော်ထင်ဟာသိပ်ကိုစစ်ရေးအတတ်မှာ ကျွမ်းကျင်လေတယ် သားတော်ကိုဘေးဖြစ်စေမှာ ခမည်းတော်စိုးရိမ်တယ်"
"ခမည်းတော် ယခုသွားမှာကစစ်မြေပြင်မဟုတ်ဘူး အင်းဝနန်းတွင်းဖြစ်တယ် သားတော်ဥပါယ်နဲ့ကြိုးပမ်းပါမယ်"
"ကောင်းပြီသားတော်"
ဗညားသတိုး ခမည်းတော်ကိုဦးညွှတ်အရိုအသေပေးကာ နန်းဆောင်အပြင်ထွက်သည်။ခမည်းတော်က သားသမီးရတနာကိုသက်တော်ကြီးရင့်ခါမှရလေသည်။ဒါကြောင့်ဗညားသတိုး ငယ်စဉ်ထဲကပင်စစ်ရေးစစ်ရာကို ကြိုးစားသင်ခဲ့ရသည်။ပင်ကိုပါရမီထက်မြတ်တာရော နားလည်သဘောပေါက်နိုင်စွမ်းမြင့်မားတာကြောင့်ပါ ဆယ်နှစ်သားအရွယ်မှာပင် စစ်ချီနိုင်ခဲ့သည်။အဲမောင်းလှံကိုဗညားသတိုးလောက် ကျွမ်းကျင်စွာသုံးနိုင်သူ ဟံသာဝတီတွင်မရှိ။လေးအတတ်တွင်လည်းပြိုင်စံရှားလေသည်။
ဗညားသတိုး ဂုဏ်ပြုသဘင်ရောက်တော့ အစောင့်ရဲမက်တွေက ကိုင်ဆောင်ထားသည့်အဲမောင်းလှံရှည်များကို မြှောက်ကာ အရိုအသေပြုသည်။သဘင်ခန်းမထဲက ပွင့်အံထွက်လာသည့်တေးသံများ၊လက်ခုပ်လက်ဝါးတီးသံများ၊ကြွေးကြော်အော်ဟစ်သံများ၊ဗလုံးဗထွေးပြောသံများ၊စစ်အောင်ပွဲကြွေးကြော်သံများနှင့် ပွက်ပွက်ညံနေသည်။သမိန်သူရက သေရည်မူးကာ အပျိုတော်လေးတွေကို ကျီစယ်နေသည်။သမိန်သူရိန်ကတော့ခပ်အေးအေးနေကာ သေရည်ကိုသာသောက်နေသည်။
"အိမ်ရှေ့မင်း"
"အိမ်ရှေ့မင်းလာပြီဟေ့"
အားလုံးကဗညားသတိုးကိုမြင်ရင်ဘဲ ပိုလို့တက်ကြွလာကြသည်။ဗညားသတိုးကို ဦးညွှတ်ကာအရိုအသေပြုကြသည်။ဗညားသတိုး အားလုံးကိုလက်ဝှေ့ယမ်းပြကာ။
"လွတ်လွတ်လပ်လပ်နေပါလေ"
ဗညားသတိုး သဘင်တစ်နေရာတွင် နေရာယူကာစစ်သည်ဗိုလ်ပါများနဲ့အောင်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲသည်။သဘင်ခန်းမရဲ့အလယ်ဗဟိုတွင်ကချေသည်များက ကပြဖြော်ဖြေနေကြသည်။ကချေသည်တွေရဲ့ခြေချင်းခြူသံတွေက စည်တို၊ခွက်ခွင်းသံတွေနဲ့အပြိုင် စည်းချက်လိုက်ကာသာယာငြိမ့်ညောင်းဖွယ် သံစုံမြည်နေသည်။ပရိသတ်များဟာလည်း ကချေသည်များရဲ့အကအလှတွင်မျောကာ
လက်ခုပ်လက်ဝါးတီး အော်ဟစ်ကြွေးကြော်ကြလေရဲ့။
သေယစ်နေသည့်သမိန်သူရိန်ကလည်း သေရည်တကောင်းကိုကိုင်ကာ နန်းတွင်းသူတစ်ယောက်ကိုခါးမှဆွဲဖက်ထားသည်။ဗညားသတိုးသဘင်ပွဲတစ်ခုလုံးကို ခြုံငုံကြည့်လေသည်။လူတိုင်းမျက်နှာက အပြုံးတွေနှင့်အပျော်ကြီးပျော်နေကြသည်။
ဟံသာဝတီ သည်လိုမပျော်ခဲ့ရတာကြာလေပြီ။အင်အားဆုတ်ယုတ်လာသည့်တိုင်းပြည်ကြောင့်
ပုန်စားသောမြို့တွေကလည်းများသည်။ဗညားသတိုး နန်းတက်ရင်တော့ ခမ်းနားသည့်ဟံသာဝတီပြည်ထောင်ကိုတည်ထောင်မည်။အင်အားတောင့်တင်းအောင်လုပ်ကာ အင်းဝကိုစစ်ချီမည်။အရာအားလုံးအုပ်စိုးနိုင် သောပြည့်ရှင်မင်းတစ်ပါးဖြစ်ရန် ဗညားသတိုး ကြိုးပမ်းမည်။ယခုဆို ရည်မှန်းချက်တစ်ဝက်ရောက်ပြီ။ပုန်စားသူမြို့များကို ဗညားသတိုးသိမ်းနိုင်ခဲ့ပြီ။
အမဲဟင်းလျာနံ့၊သေရည်နံ့၊နံ့သာနံ့တွေကလည်းရောထွေးလို့ သဘင်ခန်းမကြီးက သက်ဝင်လှုပ်ရှားနေသည်။ဗညားသတိုး သေရည်ခွက်ကိုကိုင်ကာ တစ်ခွက်မော့လိုက်သည်။အောင်မြင်မှုတွေပါဝင်သည့်သေရည်က ဗညားသတိုးရင်ကိုစစ်သွေးမာန်များ ဆူဝေစေသည်။
---------------------
တေပါင္းလတြင္ ေလ႐ူးတို႔ျမဴး၏။ေျမာင္းျမၿမိဳ႕တြင္ကား ေလပူေလ႐ူးမ်ားက ေဝ့ဝိုက္တိုက္ခတ္ေနသည္။ေကာင္းကင္တြင္ ၾကယ္ေရာင္လေရာင္မရွိ လမိုက္ညျဖစ္ေလသည္။ဗညားသတိုး ညအေမွာင္ကိုခို၍ေျခသံကိုလုံေစလ်က္ ေျမာင္းျမၿမိဳ႕႐ိုးအျပင္ရွိ ေတာစပ္အျပင္ကိုထြက္လိုက္သည္။ဗညားသတိုး အဲေမာင္းလွံကိုကိုင္ကာ ရာဇမႏုေလးေတာ္ကို စလြယ္သိုင္းလြယ္ထားသည္။ေတာစပ္ရွိျမင့္မားေသာသရက္ပင္ေပၚသို႔ေမ်ာက္တစ္ေကာင္ကဲ့သို႔ ေပါ႔ပါးစြာတက္သည္။သရက္ပင္ေပၚတြင္ ၿမဲၿမံစြာေနရာယူကာ ၿမိဳ႕႐ိုးအတြင္းသို႔ အျမင္အာ႐ုံအား အစြမ္းကုန္ဖြင့္လ်က္ စူးရဲစြာၾကည့္သည္။
ၿမိဳ႕႐ိုးအတြင္း ျမင့္မားေသာခံတပ္တစ္ေနရာတြင္ ေျမာင္းျမစားသမိန္မ႐ူကို ေတြ႕ရသည္။ေျမာင္းျမစားက စိမ္းဖန္႔ေသာကိုယ္ဝတ္႐ုံေတာ္ကို ေက်ာ့ရွင္းစြာဝတ္ထားသည္။ၿမိဳ႕႐ိုးတစ္ေလွ်ာက္ရွိမီးတုတ္မ်ားက ဗညားသတိုးကိုရွင္းလင္းစြာျမင္ႏိုင္ရန္ ကူညီေပးသည္။ၿမိဳ႕႐ိုးအေျခတြင္ သက္ကယ္ဓနိမိုးထားေသာ တဲအိမ္ျမင္းေဇာင္းမ်ားရွိသည္။ၿမိဳ႕႐ိုးကိုဝန္းရံထားေသာ က်ဳံးကရန္သူေတြ အလြယ္တကူမဝင္ေရာက္ႏိုင္ေအာင္တားဆီးထားသည္။
ေလ႐ူးကၿငိမ္ၿပီ။အေရွ႕မွအေနာက္ကိုသာ တူ႐ူတိုက္ခတ္ေနသည္။ဗညားသတိုး လွံကိုေျမျပင္ေပၚပစ္ခ်လိုက္သည္။အဲေမာင္းလွံသြားက ေျမကိုထိုးစိုက္သြားသည္။ဗညားသတိုး ေက်ာေပၚမွရာဇမႏုေလးေတာ္ကိုကိုင္ၿပီး ျမႇားထိပ္ကိုမီးရႈိ႕ကာ ေလးညိဳ႕တင္သည္။ဗညားသတိုးပစ္လႊတ္လိုက္သည့္မီးျမႇားက ရာဇမႏုေလးေတာ္မွလွ်ပ္စီးမိုးႀကိဳးအလား လွ်င္ျမန္စြာပ်ံသန္းကာ ၿမိဳ႕႐ိုးအေျခရွိ တဲအိမ္ငယ္ျမင္းေဇာင္းမ်ားထံက်ေရာက္သြားၿပီး မီးေတာက္မ်ားစြဲေလာင္ေလသည္။ညအေမွာင္ထဲတြင္ပင္ ဗညားသတိုး၏ေလးအတတ္မွာတစ္ဖက္ကမ္းခတ္ေျပာင္ေျမာက္သည္။
ပူျပင္းေျခာက္ေသြ႕သည့္ သက္ကယ္ဓနိမ်ားမွာမီးစက်ရာတြင္ တေဖ်ာက္ေဖ်ာက္အသံျမည္ကာမီးႀကီးစြဲေလာင္သည္။ေျမာင္းျမၿမိဳ႕တပ္သားမ်ားက ၿမိဳ႕႐ိုးတံခါးကိုဖြင့္ကာ မီးစြဲေလာင္ရာတဲငယ္မ်ားကိုၿငိမ္းသတ္ဖို႔ရာ ႀကိဳးပမ္းၾကသည္။ျမင္းမ်ားမလန္႔ေစရန္ ထိန္းသိမ္းၾကသည္။
ျမင္းဟီသံမ်ား၊လူသံမ်ား၊ေရသံမ်ားႏွင့္ေျမာင္းျမၿမိဳ႕ခံတပ္အျပင္ အေျခတြင္ျမင္ကြင္းကလႈပ္ရွားေနသည္။
ဗညားသတိုး ေျမေပၚကိုဆင္းကာ အဲေမာင္းလွံကိုကိုင္လ်က္ က်ဳံးေရျပင္ကိုျဖတ္ကူးသည္။မီးေတာက္ႀကီးကိုေက်ာခိုင္းကာ ဝ႐ုန္းသုန္းကားအေျခအေနကိုအကာအကြယ္ယူ၍ ၿမိဳ႕႐ိုးတံခါးမွတဆင့္ခံတပ္ထိပ္ကိုတက္သည္။ခံတပ္ထိပ္တြင္ပုန္စားဝံ့သူေျမာင္းျမစားကား ငုံ႔လ်က္မီးေတာက္ကိုၾကည့္ေန၏။မီးေတာင္အေရာင္ေၾကာင့္ ခံတပ္တစ္ခုလုံးကိုပင္ရွင္းရွင္းလင္းလင္းျမင္ႏိုင္သည္။
"ေဟ့ ...ေျမာင္းျမစား"
ဗညားသတိုးကား အဲေမာင္းလွံႀကီးကိုဝင့္လ်က္ ေျမာင္းျမစားထံတစ္ဟုန္ထိုးဝင္သည္။
ေျမာင္းျမစားကေဆာင္ဓားကိုအလ်င္အျမန္ထုတ္ကာအဲေမာင္းလွံသြားကိုကာသည္။
"တယ္ ဗညားသတိုး"
ေျမာင္းျမၿမိဳ႕တပ္သားတခ်ိဳ႕က ေျမာင္းျမၿမိဳ႕စားတိုက္ခိုက္ခံရသည္ကိုျမင္ေသာ္ တိုက္ခိုက္ေနၾကေသာလူႏွစ္ေယာက္ေဘးတြင္ ဝန္းရံကာ ဗညားသတိုးကိုဓားမ်ားျဖင့္တိုက္ၾကသည္။ျမင္ကြင္းသည္ ႐ုတ္တရက္အသြင္ေျပာင္းသြားသည္။ဗညားသတိုး လက္ထဲမွအဲေမာင္းလွံသည္ ေလကိုခြင္းကာအရွိန္နဲ႔တိုက္ခိုက္သည္။လွံ႐ိုးကိုပင္ပကတိမျမင္ရေတာ့။လွံသြားမွသံမဏိအေရာင္ကိုသာ မီးေရာင္ေအာက္တြင္တလက္လက္ျမင္ရေပသည္။
တပ္သားငယ္မ်ားမွာ ဗညားသတိုး၏လွံတစ္ကမ္းအကြာ အနီးတြင္ပင္မေနဝံ့ၾကေတာ့။ေျမာင္းျမစား အတတ္ႏိုင္ဆုံးကာကြယ္တိုက္ခိုက္သည္။အခ်ိန္ၾကာလာနဲ႔အမွ် လ်င္ျမန္သြက္လက္ေသာလွံသြားကို ေရွာင္ႏိုင္စြမ္းမရွိေတာ့ေပ။ဗညားသတိုးလက္ထဲမွ အဲေမာင္းလွံသြားက ေျမာင္းျမစားရင္ဝကို စိုက္ဝင္သြားသည္။ေသြးတို႔သည္ေသြးပ်က္ဖြယ္စီးက်လာသည္။
"ၿမိဳ႕စား က်ၿပီ"
"ၿမိဳ႕စား က်ၿပီ"
"ေျပးၾကေဟ့ တပ္ဆုတ္ၾက"
"ၿမိဳ႕ကိုစြန္႔ခြာၾက"
ေျမာင္းျမၿမိဳ႕တပ္သားမ်ားက အေျခအေနကိုေကာင္းစြာသေဘာေပါက္လ်က္ ကစဉ့္ကလ်ားဆုတ္ခြာေျပးၾကသည္။ဗညားသတိုး အဲေမာင္းလွံကိုဝင့္ႂကြားစြာကိုင္လ်က္ မဲမဲျမင္ရာကိုထိုးေဖာက္တိုက္ခိုက္သည္။ဗညားသတိုး အနီးရွိ
ရန္သူ့တပ္သားမ်ားမွာ အတုံးအ႐ုံးလဲက်ကုန္သည္။
"ၿမိဳ႕စားမင္းက်ၿပီ"ဟူေသာအသံကား ၿမိဳ႕႐ိုးတစ္ေလွ်ာက္ ေတာမီးသဖြယ္အလ်င္အျမန္ပ်ံ႕ႏွံ႔သြားသည္။ေတာစပ္တစ္ေလွ်ာက္ ပုန္းခိုကာေနရာယူထားေသာ ဟံသာဝတီတပ္သားမ်ားသည္ ညာသံေပးလ်က္ ေျမာင္းျမၿမိဳ႕႐ိုးကိုတိုက္ခိုက္သည္။
လုပ္ႀကံသတ္ျဖတ္ျခင္းမွသည္ ၿမိဳ႕သိမ္းတိုက္ပြဲအသြင္ေျပာင္းသြားသည္။
ဓားသြားျခင္းထိသံ၊လႊားသံ၊စစ္ျမင္းဟီသံ၊ရဲမက္တို႔ေႂကြးေက်ာ္သံ၊ေအာ္ဟစ္သံတို႔ႏွင့္
တေပါင္းညလမိုက္ကား ျပင္းထန္စြာသက္ဝင္လႈပ္ရွားေနသည္။
_______
"သမိန္သံေကာင္း"
"မွန္ပါ အိမ္ေရွ႕မင္း"
"ေျမာင္းျမၿမိဳ႕ကိုသိမ္းၿပီးရင္ ရာမညတိုင္းဆယ့္ကိုးတိုင္းကို ဟံသာဝတီႏိုင္ငံေတာ္အျဖစ္ စုစည္းႏိုင္ေလၿပီလား"
"မွန္ပါ အိမ္ေရွ႕မင္း ဟံသာဝတီရဲ႕ဘုန္းတန္ခိုးဟာ ရာမညတိုင္းဆယ့္ကိုးတိုင္းမွာေက်ာ္ၾကားပ်ံ႕ႏွံ႔ေနပါေတာ့မယ္"
အိမ္ေရွ႕မင္းဗညားသတိုးရဲ႕မ်က္ႏွာက ငယ္ရြယ္မႈတို႔ျဖင့္ ရဲဝံ့တက္ႂကြေနသည္။ႏႈတ္ခမ္းေထာင့္တို႔ကလည္း ရာဇမာန္ျပည့္ဝေသာအၿပဳံးမ်ိဳးကိုျပသသည္။ဗညားသတိုးမင္းသားကား သက္ေတာ္ဆယ့္ေျခာက္ႏွစ္သာ ရွိေသးသည္။သက္ေတာ္ဆယ့္ေျခာက္ႏွစ္မွာပင္ လက္ရွိဟံသာဝတီျပည့္ရွင္မင္းႀကီးမစြမ္းႏိုင္သည့္ ရာမညတိုင္းဆယ့္ကိုးတိုင္းကို ဟံသာဝတီႏိုင္ငံေတာ္အျဖစ္ေပါင္းစည္းႏိုင္ခဲ့သည္။
ေျမာင္းျမၿမိဳ႕သည္ ယမန္ေန႔ညကတိုက္ပြဲမျဖစ္ခဲ့သလိုပင္ ေျပာင္ရွင္းသပ္ရပ္ေနသည္။ဟံသာဝတီတပ္သားမ်ားက ညတြင္းခ်င္းေအာင္ပြဲႏွင့္အတူ ရွင္းလင္းၾကသည္။ေျမာင္းျမစားအျပင္ ေျမာင္းျမစား၏တူျဖစ္သူသမိန္မဏိသည္လည္းတိုက္ပြဲတြင္က်သည္။
တရည္းၿမိဳ႕၊ဒုန္ဝန္းၿမိဳ႕တိုက္ပြဲတြင္လည္း
အိမ္ေရွ႕မင္းဗညားသတိုးက ရြပ္ရြပ္ခြၽံခြၽံတိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့သည္။
တေပါင္းလသည္ ေႏြဦးျဖစ္ေလသည္။ေလ႐ူးမ်ားက က်ဳံးေရျပင္ေပၚမွျဖတ္တိုက္ကာ ဗညားသတိုးမ်က္ႏွာကို ပြတ္သပ္က်ီစယ္သြားသည္။
ေျမာင္းျမၿမိဳ႕ကို အပိုင္သိမ္းႏိုင္လိုက္ျခင္းကအိမ္ေရွ႕မင္းဗညားသတိုးအတြက္ ႀကီးစြာေသာေအာင္ပြဲျဖစ္သည္။
ဟံသာဝတီျပည့္ရွင္ကို ပုန္စားဝံ့ေသာၿမိဳ႕မ်ားထဲတြင္ေျမာင္းျမၿမိဳ႕သည္ အင္အားအႀကီးဆုံးျဖစ္သည္။သည္လိုစစ္အင္အားေကာင္းသည့္ ေျမာင္းျမၿမိဳ႕ကိုဗညားသတိုးက ေသြးေသာက္စစ္သည္သုံးရာထဲနဲ႔သိမ္းပိုက္လိုက္ႏိုင္သည္။
"သမိန္သံေကာင္း"
"မွန္ပါ႔ အိမ္ေရွ႕မင္း"
"သင္ကဤေျမာင္းျမကိုစားပါေလ ကိုယ္ေတာ္ ခမည္းေတာ္ကိုအစီရင္ခံဖို႔ၿမိဳ႕ေတာ္ကိုျပန္မယ္"
"အမိန္႔နာခံလ်က္ပါ အိမ္ေရွ႕မင္း"
"တပ္သားေတြကိုေအာင္ပြဲခံဖို႔ေသရည္အလုံအေလာက္နဲ႔ ေျမာင္းျမၿမိဳ႕ကသိမ္းပိုက္ရသမွ်ေရႊေငြတို႔ကို တစ္ဝက္ခြဲၿပီး ဆုလာဒ္အညီအမွ်ခ်ီးျမႇင့္ပါေလ က်န္တစ္ဝက္ကိုေတာ့ တိုင္းျပည္
ပဏၰာအျဖစ္ ကိုယ္ေတာ္ေဆာင္ယူသြားမယ္"
"ေက်းဇူးႀကီးမားလွပါတယ္ အိမ္ေရွ႕မင္း"
သမိန္သံေကာင္း အိမ္ေရွ႕မင္းဗညားသတိုးကိုဦးၫႊတ္အ႐ိုအေသျပဳေလသည္။အိမ္ေရွ႕မင္းဗညားသတိုး ျမင္းနက္ႀကီးေပၚလႊားခနဲခုန္တက္ကာျမင္းကိုအေသာ့ႏွင္လ်က္ဟံသာဝတီနန္းေတာ္ကိုျပန္ေလသည္။
_______
ဟံသာဝတီေနျပည္ေတာ္နန္းၿမိဳ႕႐ိုး၏အေရွ႕မုခ္သည္ ဘယ္ေသာအခါကမွသည္ေန႔ေလာက္လူမစည္ကားမအုံႂကြခဲ့။နန္းၿမိဳ႕႐ိုးတစ္ေလွ်ာက္တြင္ၾကက္ေသြးေရာင္အလံမ်ားက ဝံ့ႂကြားစြာတလြင့္လြင့္။သူရဲခို၊ေရွ႕မုခ္ၿမိဳ႕႐ိုးတြင္ လူအားလုံးသည္ စု႐ုံးေရာက္ရွိေနၾကသည္။အားလုံးရဲ႕မ်က္ႏွာတြင္လည္း ဂုဏ္ယူဝံ့ႂကြားဟန္အျပည့္။
ဗညားသတိုးမင္းသားျမင္းနက္ကိုစီးကာ နန္းၿမိဳ႕ထဲဝင္လာသည္ကို လူအမ်ားကစိတ္ဝင္တစားၾကည့္ေနၾကသည္။ဗညားသတိုးရဲ႕ေဘး
တစ္ဖက္တစ္ခ်က္တြင္ ညာလက္႐ုံးသမိန္သူရနဲ႔ဘယ္လက္႐ုံးသမိန္သူရိန္က ျမင္းညိဳႀကီးကိုစီးကာဝန္းရံလိုက္ပါလာသည္။
ေနာက္တြင္ကား အလံတလြင့္လြင့္ကိုင္ေဆာင္ထားၾကေသာဟံသာဝတီတပ္။
လူထုႀကီးရဲ႕စစ္ေအာင္ပြဲႀကိဳဆိုပုံက ေက်နပ္အားရစရာပင္။လူထုရဲ႕သဲသဲလႈပ္ႀကိဳဆိုသံ၊ဟစ္ေႂကြးေကာင္းခ်ီးေပးသံ၊စည္တီးသံ၊ခ႐ုသင္းမႈတ္သံတို႔က ေသာင္းေသာင္းျဖျဖ။
"အိမ္ေရွ႕မင္းဗညားသတိုးက ေျမာင္းျမစားကိုအႏိုင္ယူခဲ့တာတဲ့"
"အိမ္ေရွ႕မင္းလက္ထဲကအဲေမာင္းလွံက စႀကၤာအလားဆိုဘဲ"
"အိမ္ေရွ႕မင္းဗညားသတိုးရွိေနသ၍ ဟံသာဝတီျပည္ႀကီးေအးခ်မ္းေနတာဘဲ"
"ဘယ္သူပုန္စားဝံ့သလဲေဟ့ အိမ္ေရွ႕မင္းဗညားသတိုးသုတ္သင္တာခံရမယ္"
ျပည္သူေတြရဲ႕အသံကို ဗညားသတိုးတို႔တစ္ခ်က္တစ္ခ်က္ ၾကားေနရသည္။
လုံမပ်ိဳေလးတစ္သိုက္က ပန္းပြင့္ေလးမ်ားကို
ဗညားသတိုးတို႔လမ္းေပၚႀကဲခ်သည္။ဗညားသတိုး ပန္းပြင့္တို႔လာရာအရပ္ဆီ အၾကည့္ပို႔လိုက္ေသာအခါ လုံမေလးတစ္စုကရွက္ၿပဳံးေလးေတြႏွင့္ေခါင္းေလးငုံ႔သြားၾကသည္။
"အိမ္ေရွ႕မင္း ဒီတစ္ခါစစ္ေအာင္ပြဲကေတာ့သိပ္ႀကီးက်ယ္တာဗ်ိဳ႕ ေအာင္ပြဲလည္းရၿပီ မရီးေတာ္ရဖို႔ဘဲက်န္ေတာ့တယ္"
သမိန္သူရကျမင္းဇက္ႀကိဳးကို ေျဖေလ်ာ့လ်က္ ပန္းပြင့္တို႔လာရာအရပ္ဆီ ေမွ်ာ္ၾကည့္ရင္းခပ္ၿပဳံးၿပဳံးေျပာသည္။
"သမိန္သူရ ကိုယ္ေတာ့္အတြက္ပူမေနေလနဲ႔ သမိန္သူရသာအျဖစ္ရွိေအာင္စြမ္းပါေလ ကိုယ္ေတာ္သေဘာက်ေလတာက စစ္ပြဲဘဲ"
ဗညားသတိုးကလည္း ၿပဳံးစစေျပာသည္။
"ေတာ္ပါဗ်ာ အရွင့္သား ဒီညေသရည္အဝတိုက္ရင္ျဖင့္္ ကြၽန္ေတာ္မ်ိဳးအတြက္ လုံေလာက္ပါၿပီ"
"သမိန္သူရေတာ့ ေသရည္႐ူးျဖစ္ေတာ့မွာဘဲ အိမ္ေရွ႕မင္း"
"႐ူးပါေစ ကိုယ္ေတာ္ ဒီညအဝတိုက္မယ္"
"အိမ္ေရွ႕မင္း ကတိတည္ပါေစ ဟား ဟား"
သမိန္သူရက ဝမ္းသာအားရရယ္သည္။
ေျမာင္းျမကိုစစ္ခ်ီရန္ ဗ်ဴဟာဆြဲသည့္အခ်ိန္ထဲက အိမ္ေရွ႕မင္းကေသရည္ကိုတားျမစ္ထားသည္။သည္ညေတာ့ စစ္ေအာင္ပြဲနဲ႔အတူအမူးေသာက္မည္။
ဗညားသတိုးႏွင့္သမိန္သူရတို႔သည္ ငယ္စဉ္ထဲကပင္ စိတ္တူကိုယ္တူေသြးေသာက္မ်ားျဖစ္ေလသည္။ ညီေနာင္ေသြးရင္းေတြႏွင့္မျခား နီးကပ္ေသာဆက္ဆံေရး ရွိသည္။တစ္ပါးသူတို႔မေျပာဝံ့ေသာ အေရးကိစၥမ်ားကိုလည္း သမိန္သူရႏွင့္သမိန္သူရိန္တို႔က ေျပာဝံ့သည္။
ဗညားသတိုး ျမင္းကိုခပ္သြက္သြက္ေလးစီးကာ နန္းေတာ္တြင္းကို ဝင္ေလသည္။ခမည္းေတာ္မင္းႀကီးက နန္းေတာ္တြင္ စစ္ေအာင္ပြဲဂုဏ္ျပဳသဘင္ က်င္းပႏိုင္ရန္စီစဉ္ထားသည္။
ဗညားသတိုး ျမင္းနက္ေပၚမွဆင္းကာျမင္းဇက္ႀကိဳးကို သမိန္သူရိန္လက္ထဲထည့္သည္။
သမိန္သူရိန္ကျမင္းနက္ကိုဆြဲကာ ျမင္းေဇာင္းရွိရာအရပ္သို႔ ေလွ်ာက္သြားသည္။
ဗညားသတိုး မဟာသူရနန္းေဆာင္ထဲဝင္သည္။ ဗညားသတိုးရဲ႕နန္းေဆာင္တြင္ ေျပာင္လက္ေသာအဆင္တန္ဆာမရွိ။႐ိုးရွင္းေသာအခန္းပင္ျဖစ္သည္။ႀကီးမားသည့္ကြၽန္းသလြန္တစ္လုံး၊စစ္ဗ်ဴဟာေပစာလိပ္မ်ား အထပ္လိုက္တင္ထားသည့္စင္ႀကီးတစ္ခု၊လက္ရာေျမာက္စြာထုဆစ္ထားေသာ ကြၽန္းစားပြဲႀကီးရွိေလသည္။
ေက်ာေပၚမွရာဇမႏုေလးေတာ္ကို ကြၽန္းစားပြဲေပၚတင္သည္။ေဆာင္ဓားကိုလည္း သလြန္ေဘးခ်သည္။ေလးလံစြာဝတ္ဆင္ထားသည့္ခ်ပ္ဝတ္တန္ဆာတို႔ကို ခြၽတ္ကာေရခ်ိဳးေဆာင္ေတာ္ထဲဝင္ေလသည္။
ေျမာင္းျမတိုက္ပြဲတြင္ အႏိုင္ရခဲ့ေပမယ့္ ဗညားသတိုး ကိုယ္ခႏၶာတြင္ဒဏ္ရာမရွိ။ဗညားသတိုးရဲ႕အထိန္းေတာ္ႀကီးေဒါနက ခ်ပ္ဝတ္မ်ားကိုသိမ္းဆည္းသည္။ၿပီးလွ်င္စစ္ေအာင္ပြဲသဘင္၌ ဝတ္ဆင္ရန္ ဝတ္လဲေတာ္မ်ားကို ျပင္ဆင္ေပးၿပီးေဆာင္ေတာ္အျပင္ထြက္သည္။ဗညားသတိုး ဝတ္လဲေတာ္မ်ားကို ဝတ္ဆင္သည္။အေတာင္ႏွစ္ဆယ္ရွည္လ်ားသည့္ ေငြခ်ည္ေဖာက္ေတာင္ရွည္ပုဆိုး၊ျဖဴဥေသာကိုယ္ဝတ္၊ေရႊေဗာင္းစလြယ္ႀကိဳးကိုဆင္ယင္လိုက္ေသာအခါ ဗညားသတိုးသည္အိမ္ေရွ႕မင္းဂုဏ္ပုဒ္နဲ႔ေလ်ာ္ညီစြာတင့္တယ္ေပသည္။
ေခါင္းေပါင္းပဝါစကို ေသသပ္စြာေပါင္းသည္။ ဆံခ်ည္မွ်င္တစ္မွ်င္မွ် ပဝါစအျပင္တြင္ လြတ္မေနေပ။
________
"မင္းႀကီး အိမ္ေရွ႕မင္း ေတြ႕ခြင့္ေတာင္းေနပါတယ္"
"ဝင္ေစ"
အထိန္းေတာ္ႀကီးက ဗညားသတိုးမင္းသားကိုဝင္ေစၿပီး နန္းေဆာင္အျပင္ထြက္ေလသည္။
"ခမည္းေတာ္"
"သားေတာ္ ေျမာင္းျမတိုက္ပြဲသတင္းကေမႊးပ်ံ႕လွခ်ည္လား"
"အားလုံးရဲ႕ႀကိဳးပမ္းမႈေၾကာင့္ပါ"
"ႏွိမ့္ခ်မေနေလနဲ႔"
ခမည္းေတာ္က ဗညားသတိုး ပခုံးကိုရင္းႏွီးစြာဖ်စ္ညႇစ္သည္။ခမည္းေတာ္ရဲ႕မ်က္ႏွာတြင္ ရာဇမာန္မရွိ။ဖခင္တစ္ဦး၏ေႏြးေထြးမႈသာ ေနရာယူထားသည္။
"အင္းဝဘုရင္ဟာလည္း သားေတာ္ဆယ့္သုံးပါးေၾကာင့္သိပ္မာန္ထလြန္းတယ္ ခမည္းေတာ္ထံမွာကသားေတာ္တစ္ပါးထဲ"
စကားလမ္းေၾကာင္း မသင့္သည့္စကားေၾကာင့္
ဗညားသတိုးနားမလည္။
"ဘာကိုဆိုလိုပါသလဲ ခမည္းေတာ္"
"အင္းဝဘုရင္က ခမည္းေတာ္တို႔ဟံသာဝတီကိုလာမတိုက္ႏိုင္ဘူးလို႔မဆိုႏိုင္ဘူး သားေတာ္"
"ဒါဆိုသင္းတို႔စမတိုက္ခင္ သားေတာ္တို႔အင္းဝကိုစစ္ခ်ီမယ္ ခမည္းေတာ္"
"မလိုေပဘူး သားေတာ္ စစ္ေအာင္ပြဲဂုဏ္ျပဳသဘင္ၿပီးေလမွ အင္းဝနန္းေတာ္ထဲကို လူယုံတစ္ေယာက္လႊတ္ၿပီး ရန္သူ့သေဘာကိုေထာက္လွမ္းပါေလ"
"သားေတာ္ကိုယ္တိုင္သြားခြင့္ျပဳပါ ခမည္းေတာ္"
"နန္းေရးရာေတြကိုပစ္ထားမလို႔လား သားေတာ္"
"ယခုဆို သားေတာ္တို႔ဟံသာဝတီဟာေအးခ်မ္းၿပီ ျပင္ပရန္ကိုသာပူေနသင့္တယ္ သားေတာ္တစ္ဦးထဲမဟုတ္ဘူး သမိန္သူရနဲ႔သမိန္သူရိန္ကိုပါ
သားေတာ္ေခၚသြားမယ္ စိတ္မပူေလနဲ႔ ခမည္းေတာ္ သားေတာ္ရဲ႕အစြမ္းအစကိုယုံၾကည္ပါ"
"အင္းဝဘုရင္ရဲ႕သား မင္းရဲေက်ာ္ထင္ဟာသိပ္ကိုစစ္ေရးအတတ္မွာ ကြၽမ္းက်င္ေလတယ္ သားေတာ္ကိုေဘးျဖစ္ေစမွာ ခမည္းေတာ္စိုးရိမ္တယ္"
"ခမည္းေတာ္ ယခုသြားမွာကစစ္ေျမျပင္မဟုတ္ဘူး အင္းဝနန္းတြင္းျဖစ္တယ္ သားေတာ္ဥပါယ္နဲ႔ႀကိဳးပမ္းပါမယ္"
"ေကာင္းၿပီသားေတာ္"
ဗညားသတိုး ခမည္းေတာ္ကိုဦးၫႊတ္အ႐ိုအေသေပးကာ နန္းေဆာင္အျပင္ထြက္သည္။ခမည္းေတာ္က သားသမီးရတနာကိုသက္ေတာ္ႀကီးရင့္ခါမွရေလသည္။ဒါေၾကာင့္ဗညားသတိုး ငယ္စဉ္ထဲကပင္စစ္ေရးစစ္ရာကို ႀကိဳးစားသင္ခဲ့ရသည္။ပင္ကိုပါရမီထက္ျမတ္တာေရာ နားလည္သေဘာေပါက္ႏိုင္စြမ္းျမင့္မားတာေၾကာင့္ပါ ဆယ္ႏွစ္သားအရြယ္မွာပင္ စစ္ခ်ီႏိုင္ခဲ့သည္။အဲေမာင္းလွံကိုဗညားသတိုးေလာက္ ကြၽမ္းက်င္စြာသုံးႏိုင္သူ ဟံသာဝတီတြင္မရွိ။ေလးအတတ္တြင္လည္းၿပိဳင္စံရွားေလသည္။
ဗညားသတိုး ဂုဏ္ျပဳသဘင္ေရာက္ေတာ့ အေစာင့္ရဲမက္ေတြက ကိုင္ေဆာင္ထားသည့္အဲေမာင္းလွံရွည္မ်ားကို ေျမႇာက္ကာ အ႐ိုအေသျပဳသည္။သဘင္ခန္းမထဲက ပြင့္အံထြက္လာသည့္ေတးသံမ်ား၊လက္ခုပ္လက္ဝါးတီးသံမ်ား၊ေႂကြးေၾကာ္ေအာ္ဟစ္သံမ်ား၊ဗလုံးဗေထြးေျပာသံမ်ား၊စစ္ေအာင္ပြဲေႂကြးေၾကာ္သံမ်ားႏွင့္ ပြက္ပြက္ညံေနသည္။သမိန္သူရက ေသရည္မူးကာ အပ်ိဳေတာ္ေလးေတြကို က်ီစယ္ေနသည္။သမိန္သူရိန္ကေတာ့ခပ္ေအးေအးေနကာ ေသရည္ကိုသာေသာက္ေနသည္။
"အိမ္ေရွ႕မင္း"
"အိမ္ေရွ႕မင္းလာၿပီေဟ့"
အားလုံးကဗညားသတိုးကိုျမင္ရင္ဘဲ ပိုလို႔တက္ႂကြလာၾကသည္။ဗညားသတိုးကို ဦးၫႊတ္ကာအ႐ိုအေသျပဳၾကသည္။ဗညားသတိုး အားလုံးကိုလက္ေဝွ႔ယမ္းျပကာ။
"လြတ္လြတ္လပ္လပ္ေနပါေလ"
ဗညားသတိုး သဘင္တစ္ေနရာတြင္ ေနရာယူကာစစ္သည္ဗိုလ္ပါမ်ားနဲ႔ေအာင္ပြဲကို ေပ်ာ္ရႊင္စြာ ဆင္ႏႊဲသည္။သဘင္ခန္းမရဲ႕အလယ္ဗဟိုတြင္ကေခ်သည္မ်ားက ကျပေျဖာ္ေျဖေနၾကသည္။ကေခ်သည္ေတြရဲ႕ေျခခ်င္းျခဴသံေတြက စည္တို၊ခြက္ခြင္းသံေတြနဲ႔အၿပိဳင္ စည္းခ်က္လိုက္ကာသာယာၿငိမ့္ေညာင္းဖြယ္ သံစုံျမည္ေနသည္။ပရိသတ္မ်ားဟာလည္း ကေခ်သည္မ်ားရဲ႕အကအလွတြင္ေမ်ာကာ
လက္ခုပ္လက္ဝါးတီး ေအာ္ဟစ္ေႂကြးေၾကာ္ၾကေလရဲ႕။
ေသယစ္ေနသည့္သမိန္သူရိန္ကလည္း ေသရည္တေကာင္းကိုကိုင္ကာ နန္းတြင္းသူတစ္ေယာက္ကိုခါးမွဆြဲဖက္ထားသည္။ဗညားသတိုးသဘင္ပြဲတစ္ခုလုံးကို ၿခဳံငုံၾကည့္ေလသည္။လူတိုင္းမ်က္ႏွာက အၿပဳံးေတြႏွင့္အေပ်ာ္ႀကီးေပ်ာ္ေနၾကသည္။
ဟံသာဝတီ သည္လိုမေပ်ာ္ခဲ့ရတာၾကာေလၿပီ။အင္အားဆုတ္ယုတ္လာသည့္တိုင္းျပည္ေၾကာင့္
ပုန္စားေသာၿမိဳ႕ေတြကလည္းမ်ားသည္။ဗညားသတိုး နန္းတက္ရင္ေတာ့ ခမ္းနားသည့္ဟံသာဝတီျပည္ေထာင္ကိုတည္ေထာင္မည္။အင္အားေတာင့္တင္းေအာင္လုပ္ကာ အင္းဝကိုစစ္ခ်ီမည္။အရာအားလုံးအုပ္စိုးႏိုင္ ေသာျပည့္ရွင္မင္းတစ္ပါးျဖစ္ရန္ ဗညားသတိုး ႀကိဳးပမ္းမည္။ယခုဆို ရည္မွန္းခ်က္တစ္ဝက္ေရာက္ၿပီ။ပုန္စားသူၿမိဳ႕မ်ားကို ဗညားသတိုးသိမ္းႏိုင္ခဲ့ၿပီ။
အမဲဟင္းလ်ာနံ႔၊ေသရည္နံ႔၊နံ႔သာနံ႔ေတြကလည္းေရာေထြးလို႔ သဘင္ခန္းမႀကီးက သက္ဝင္လႈပ္ရွားေနသည္။ဗညားသတိုး ေသရည္ခြက္ကိုကိုင္ကာ တစ္ခြက္ေမာ့လိုက္သည္။ေအာင္ျမင္မႈေတြပါဝင္သည့္ေသရည္က ဗညားသတိုးရင္ကိုစစ္ေသြးမာန္မ်ား ဆူေဝေစသည္။