Zawgyi
" ခံစားခ်က္တစ္ခုတည္းမွာပဲ ပိတ္မိေနမယ္..အဲဒီိကေနမလြတ္ေျမာက္ႏိုင္ေတာ့ဘူးဆိုရင္ ထပ္တူအေၾကာင္းအရာတစ္ခုကို ဖန္တီးၿပီး အသစ္ျဖစ္လာတဲ့ခံစားခ်က္ထဲ ႐ူပ္ေထြးေနတဲ့စိတ္အစုံကို လြတ္လပ္ခြင့္ေပးၾကည့္လိုက္ပါ "
မြန္းၾကပ္လြန္းတဲ့ အခန္းတစ္ခုတည္းမဟုတ္ဘဲ ဒီတစ္ခါေတြ႔ဆုံမူွက သူအျမဲလာေနက် ေကာ္ဖီဆိုင္ေလးမွာ ျဖစ္တယ္။
အထူးသျဖင့္ ရိေပၚနဲ႔အဆင္မေျပတဲ့အခ်ိန္မ်ိဴးဆို ဒီဆိုင္ေလးမွာေကာ္ဖီတစ္ခြက္နဲ႔ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ သူ႔စိတ္ေတြကို လြတ္လပ္ခြင့္ေပးေနက်။
ေ႐ွ႕၂ရက္က အေၾကာင္းဂြၽန္ကိုေျပာျပမိေတာ့ သူနားမလည္တဲ့စကားတစ္ခ်ိဴ႕နဲ႔ ဂြၽန္က စကားစတယ္။
နားမလည္တာထက္ ရိေပၚနဲ႔ပတ္သက္တဲ့ထပ္တူအေၾကာင္းအရာတစ္ခုကို မဖန္တီးခ်င္တာဆို ပိုမွန္ေလာက္မယ္။
သိစိတ္က အႀကိမ္ႀကိမ္ထြက္ေျပးေနေပမယ့္ မသိစိတ္က ဒီဝဲဂယက္ထဲမွာပဲ လည္ပတ္ခ်င္ေနတုန္း။
" တတ္ႏိုင္သမ်ွ ဝမ္ရိေပၚနဲ႔ မပတ္သက္မိေအာင္ေနေပးပါ မဟုတ္ရင္ ေ႐ွာင္းကိုယ့္ကိုယ့္ကို မထိန္းခ်ဴပ္ႏိုင္မွာစိုးရတယ္။ဒီလိုအျဖစ္မ်ိဴးေနာက္တစ္ႀကိမ္ ထပ္ျဖစ္ခဲ့ရင္ ေ႐ွာင္းရဲ႕က်န္းမာေရးကိုပါ ထိခိုက္လိမ့္မယ္..ဒါမွမဟုတ္ ေ႐ွာင္းမလုပ္ခ်င္ေတာ့...."
" လုပ္ႏိုင္တယ္ အဲေန႔က ..ပထမဆုံးအႀကိမ္ရိေပၚဘက္က ဆက္သြယ္တာကို ျငင္းဆန္ခဲ့တာေၾကာင့္ အဆင္မေျပျဖစ္သြား႐ုံပါ "
" ေမ့လဲသြားတဲ့အဆင့္ထိ ေတာင္လား..."
သူ မေျပာျပလဲ ဂြၽန္က ခန္႔မွန္းမိတယ္ထင္တယ္။patientတစ္ေယာက္အေနနဲ႔ ဘယ္လိုဘယ္ပုံျဖစ္ေနတယ္ဆိုတာ ဆရာဝန္ျဖစ္တဲ့ဂြၽန္က သိႏိုင္တာသိပ္ေတာ့မထူးဆန္းပါဘူး။
" ထပ္လုပ္ၾကည့္မလား အရင္တစ္ႀကိမ္လိုမ်ိဴးစိတ္ထဲမွာ ျပန္ျမင္ေယာင္ၾကည့္ရင္းနဲ႔ တစ္ခါေလာက္ျဖစ္ျဖစ္ ထိန္းခ်ဴပ္ထားႏိုင္လာေအာင္....."
တစ္ဝက္ေလာက္ထိ ေရာက္ေနတဲ့စကားကို ဂြၽန္ကဆက္မေျပာဘဲ ေ႐ွာင္က်န္႔အေျဖကိုေစာင့္ၾကည့္တယ္။
ေခါင္းငုံ႔ကာ လက္ဖဝါးႏွစ္ဖက္ကို အခ်က္းခ်င္းပြတ္တ္ိုက္ေနတဲ့ေ႐ွာင္က်န္႔ကို ၾကည့္လိုက္တာနဲ႔ တစ္ခုခုကိုေတြေဝေနမွန္း သိသာတယ္။
" ေနာက္တႀကိမ္မွ ထပ္လုပ္လို႔ရမလား ဂြၽန္..ေကာ ထိန္းထားႏိုင္မယ္မထင္ဘူး "
အဆိုးဘက္ေရာက္သြားမယ့္ စိတ္ေတြကို သူေၾကာက္တယ္။ဂြၽန္ေျပာသလို ေနာက္တစ္ႀကိမ္ထပ္ျဖစ္ရင္ ရိေပၚသာမက သူ႔ကိုပါ ထိခိုက္လာလိမ့္မယ္။
ျဖည္းျဖည္းခ်င္းသာ သြားေနရင္ ဒီtreatment က လိုတာထက္ပိုၿပီး ၾကာေနေတာ့မွာ ေသခ်ာတယ္။
" ေ႐ွာင္း အဆင္မေျပရင္မလုပ္တာပဲ ေကာင္းပါတယ္...ဒီtreatmenrရဲ႕ ပထမအဆင့္အေနနဲ႔ ဝမ္ရိေပၚမဟၾတ္တဲ့ တစ္ျခားအေၾကာင္းအရာေပၚမွာ စိတ္ႏွစ္ေပးဖို႔ လိုအပ္ပါတယ္ ဥပမာအေနနဲ႔နဲ႔ လုပ္ငန္းတစ္ခုေပၚမွာ အာ႐ုံစိုက္ေပးတာမ်ိဴးပါ ..ဒီနည္းလမ္းနဲ႔ေ႐ွာင္းအဆင္မေျပေသးဘူးဆိုရင္တစ္ျခားတစ္ခုကို ကြၽန္ေတာ္ေျပာင္းေပးလို႔ရပါတယ္"
" ဒီေလာက္ေတာ့ ေကာလုပ္ႏိုင္မွာပါ "
ဒီတစ္ေခါက္မွာ ဘာစမ္းသပ္မူွမွ မရိွခဲ့ေပမယ့္ အမ်ားဆုံးေဆြးေႏြးခဲ့တဲ့ စကားလုံးေတြက ရိေပၚနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကိုပဲ ။
အဆုံးသတ္မွာ ငယ္ငယ္ကျဖစ္ခဲ့တဲ့ ရယ္စရာဟာသေလးေတြပါ ထည့္ေျပာတတ္တဲ့ ဂြၽန္က သူ႔ထက္ေတာင္ ရင့္က်က္ေနေသးတယ္။
အျပင္မွာ ရယ္ေနေပမယ့္ စိတ္ထဲဝမ္းနည္းေနတာ သိေတာ့ ေကာ္ဖီဆိုင္ရဲ႕ အျပင္ဘက္ကိုေရာက္တဲ့အခါ ဂြၽန္ကဒီလိုေလး အားေပးစကားေျပာလာတယ္။
" ေ႐ွာင္း ဘာလို႔ဒီလိုေတြလုပ္ေနလဲဆိုတာ ကြၽန္ေတာ္မသိဘူး..ဒါေပမဲ့ဝမ္ရိေပၚက ေ႐ွာင္းအတြက္ေတာ္ေတာ္ေလးအေရးႀကီးတဲ့သူတစ္ေယာက္ဆိုတာ ခံစားလို႔ရတယ္ "
".... "
" ေ႐ွာင္း အဆင္ေျပသြားတဲ့တစ္ေန႔က်ရင္ ရိေပၚကိုအရင္လိုျပန္ၿပီး နားလည္ေပးလာႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ "
ပခုံးေပၚေရာက္လာတဲ့ လက္တစ္ဖက္ကိုၾကည့္ရင္းအသက္မပါတဲ့ အျပဳံးတစ္ခုနဲ႔ ေ႐ွာင္က်န္႔က ျပဳံးတယ္။
ပိုၿပီး ရင္းႏွီးလာတဲ့ဆက္ဆံေရးမွာ ဂြၽန္ကသူ႔ရဲ႕မိတ္ေဆြတစ္လိုပါပဲ။
" ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္ "
ဂြၽန္ထြက္သြားတာနဲ႔ လက္ထဲကဖိုင္တစ္ခ်ိဴ႕ဆီ စိတ္ကျပန္ေရာက္တယ္။ၿပီးေတည့ ေဘာင္က်ိဴးေနတဲ့ပန္းခ်ီကားတစ္ခ်ပ္ဆီကိုေရာ...
ဂြၽန္နဲ႔စကားေျပာေနတဲ့ တစ္ေလ်ွာက္လုံး ရိေပၚပုံကိုသူ႔မွာ အေသအလဲဖြက္ထားရတာအေမာ။
ဒီတစ္ေန႔အတြက္ ကုမၸဏီကိုေရာက္လာခဲ့ရတာက ဘာအတြက္လဲ...၂ရက္ေလာက္မေတြ႔ရတာနဲ႔ ဒီေကာင္ေလးကိုသတိရလာတဲ့စိတ္ေတြကို သူမထိန္းခ်ဴပ္ႏိုင္ပါ။
ေသေတာ့မွာပဲ..သူဘာေတြေလ်ွာက္လုပ္ေနမိတာလဲ?
အခုေလးတင္ ရ္ိေပၚနဲ႔တတ္ႏိုင္သမ်ွေဝးေဝးမွာ ေနဖို႔ ဂြၽန္ကမွာထားခဲ့တာမလား ။
ကိုယ့္စိတ္ကိုေတာင္ မပိုင္ေတာ့တဲ့သူ႔အျဖစ္က သိပ္ၿပီးလဲ ရယ္စရာေကာင္းေနပါလား။
မတတ္ႏိုင္ေတာ့ဘူး..ဒီတစ္ေန႔ေတာ့မေျပာမဆိုနဲ႔ေပက်င္းသြားခဲ့တဲ့ ေကာင္ေလးကို တစ္ေနကုန္ ဆူပစ္ရဦးမယ္။
အင္း...ရိေပၚကိုယ္တ္ုိင္မၾကားရဘူးဆိုေပမယ့္လည္းေပါ့။
.
.
.
.
" ဒီေန႔အတြက္ လုပ္စရာေတြဘာက်န္ေသးလဲ ဦးေလးက်ိဴး "
" ၁နာရီက်ရင္တက္ရမဲ့ အစည္းအေ၀းတစ္ခုကလဲႊရင္ က်န္တာမရိွေတာ့ဘူး အားက်န္႔ "
" အင္း..ဒါၿပီးရင္ဦးေလးက်ိဴးလည္း နားေတာ့ေလ "
တစ္ေန႔တစ္ေန႔ အစည္းအေဝးတက္လိုက္ ၊႐ုံးထိုင္လိုက္နဲ႔ ကိုယ္တ္ုင္က် နားဖို႔ေမ့ေနတဲ့ အားက်န္႔ကိုၾကည့္ရင္း ဦးေလးက်ိဴးသက္ျပင္းသာ ခ်မိေတာ့တယ္။
အခုလဲၾကည့္...အျပင္သြားဖို႔လုပ္ေနတဲ့အားက်န္႔က ေန႔လည္စာ စားဖို႔ကိုလည္း သတိရပုံမေပၚဘူး။
" အသစ္ထုတ္မဲ့ productအတြက္ သူတို႔ဘက္က ကြၽန္ေတာ္နဲ႔ကိုယ္တိုင္ ေဆြးေႏြးခ်င္တယ္ေျပာလို႔ပါ "
" ..... "
" ေန႔လည္စာကို ဆိုင္တစ္ဆိုင္မွာ ေသခ်ာေပါက္ဝင္စားလိုက္ပါမယ္ "
စိတ္ပူေနပုံရတဲ့ ဦးေလးက်ိဴးကို ေ႐ွာင္က်န္႔က ဒီလိုမ်ိဴးအေသးစိတ္တင္ျပခဲ့ရေသးတယ္။
ထုတ္မေျပာေပမယ့္ အရိပ္တၾကည့္ၾကည့္ လိုက္ၾကည့္ေနတဲ့ ဦးေလးက်ိဴးက သူ႔ကိုဆို လိုတာထက္စိတ္ပူေနတတ္တယ္။
တစ္ဖက္က လူေတြနဲ႔ခ်ိန္းဆိုထားတဲ့ အခ်ိန္ေနာက္က်ေနၿပီအို႔ ကားပါကင္ဆီ အျမန္ေနမိတုန္း ..
" ေ႐ွာင္က်န္႔ေကာ "
ေဟာက္ရြမ္း?
မန္ေနဂ်ာျဖစ္တဲ့ ေဟာက္ရြမ္းက ရိေပၚနဲ႔ပတ္သက္တဲ့ကိစၥမဟုတ္ရင္ သူ႔ဆီကိုေရာက္လာတတ္တာမဟုတ္ဘူး။
ကားတံခါးက ဖြင့္ထားရက္အေနအထား..မျဖစ္မေနေ႐ွာင္ေျပးရမဲ့အေျခအေနဆို သူဝင္သြားလိုက္လို႔ရတယ္ ။
ဒါေပမဲ့ ရိေပၚက သူ႔ကိုလိုအပ္ေနတဲ့အေျခအေနမ်ိဴးဆို ဘယ္လိုလုပ္မလဲ ၊ ဒါမွမဟုတ္ သူ႔ေၾကာင့္နဲ႔ရိေပၚတစ္ခုခုျဖစ္ေနခဲ့ရင္ေရာ ထပ္ၿပီးေ႐ွာင္ေျပးလိုက္ရမွာလား
" ေ႐ွာင္က်န္႔ေကာ "
" အင္း "
ထပ္ႁပီးေတာ့..ဒီေနရာမွာ ပိတ္မိေနတုန္းပါပဲ။
" ေျပာစရာ တစ္ခုခုရိွလို႔လား "
" ဟုတ္..ရိေပၚေလ အဲေကာင္မေန႔ကတစ္ေန႔လုံး ဘယ္ေတြေလ်ာက္သြားထားလဲမသိဘူး၊ ကြၽန္ေတာ္ျပန္ေရာက္ေတာ့ တစ္ကိုယ္လုံး ပူက်စ္ၿပီးအဖ်ားတက္ေနၿပီ "
မ်ိဴသိပ္ထားတဲ့ စိုးရိမ္စိတ္ေတြက ဒိန္းခနဲတိုးဝင္လာတယ္...
ကိုယ္ဟန္ပ်က္သြားေပမယ့္ ထပ္ေျပာလာမဲ့ေဟာက္ရြမ္းစကားကိုပဲ
ဆက္ၿပီးနားေထာင္ေနမိတယ္။
"ေဆးဝယ္ေပးထားတာလဲ မေသာက္ဘူး..ဒါေပမဲ့ေ႐ွာင္က်န္႔ေကာေျပာရင္ေတာ့ ေသာက္မယ္ထင္တယ္ အဲဒါ..တစ္ခ်က္ေလာက္ ရိေပၚကိုသြားၾကည့္ေပးလို႔ရမလား "
ေခါင္းညိမ့္မိလား မသိလိုက္ေပမယ့္ ေျပာၿပီးျပန္ထြက္သြားတဲ့ ေဟာက္ရြမ္းကေတာ့ သူ႔ဆိမွာစိတ္ခ်လက္ခ် အပ္သြားတဲ့ပုံ။
ကားထဲဝင္ၿပီး drive seatမွာ အဆင္သင့္ဝင္ထိုင္လိုက္တယ္။
ဒီေန႔အတြက္ ဦးတည္ရာကဘယ္ကိုေရာက္သြားမလဲဆိုတာ သူကိုယ္တိုင္ေတာင္ မသိႏိုင္ဘူး။
.
.
.
တစ္နာရီေလာက္ ေမာင္းလာရတဲ့ဒီလမ္ၾကားေလးက လူေျခတိတ္ၿပီး ကြန္ဒိုတစ္ခုနဲ႔တစ္ခုက လည္း အေတာ္အသင့္ကြာတယ္။
ဒီတစ္ႀကိမ္နဲ႔ဆို ဒီေနရာကိုေ႐ွာင္က်န္႔ေရာက္လာတာ တတိယအႀကိမ္ေျမာက္။
ေဟာက္ရြမ္းေရာက္လာတာ သိပ္မၾကာေသးေတာ့ အရင္ခ်ိန္ေတြေနမေကာင္းျဖစ္ရင္ တစ္ေယာက္တည္းပင္ပန္းေနမွာကို ေတြးမိၿပီး ေ႐ွာင္က်န္႔စိတ္ပူရေသးတယ္။
ထုံးစံအတိုင္း ေမ့တတ္လြန္းတဲ့ေကာင္ေလးက passward မခံထားသလို တံခါးကိုလဲေစ့႐ုံသာ ေစ့ထားတယ္။
အခန္းထဲေရာက္ေတာ့ ပုံမွန္ထက္ေအးစိမ့္ေနတဲ့ အေျခအေနက သူ႔ကိုႀကိဳတယ္။
ထင္တဲ့အတိုင္္း..အဲကြန္းဖြင့္ထားရက္နဲ႔ ဆိုဖာေပၚေကြးေကြးေလးအိပ္ေပ်ာ္ေနတဲ့ ရိေပၚပုံစံက ေ႐ွာင္က်န္႔ကို ျပာျပာသလဲျဖစ္ေစျပန္တယ္။
"ရိေပၚ "
ပခုံးႏွစ္ဖက္ကို ခပ္ဖြဖြေလးကိုင္ၿပီး လူပ္ႏိုးၾကည့္တယ္။
မ်က္ႏွာတစ္ခုလုံး ျဖဴေဖ်ာ့ေဖ်ာ့ပုံစံနဲ႔ ဆိုဖာေပၚဖိအိပ္ထားတဲ့ ပါးတစ္ဖက္ကလည္း ခပ္ေႏြးေႏြးျဖစ္ေနတုန္း။
" ရိေပၚ ထေတာ့..ဒီမွာအိပ္လို႔မရဘူး "
" က်န္႔..ေကာ "
အအိပ္ဆတ္တဲ့ ေကာင္ေလးကို ေ႐ွာင္က်န္႔ သိပ္ၾကာၾကာမႏိုးလိုက္ရဘူး။
သူ႔ကိုျမင္တာနဲ႔ ခ်က္ခ်င္းထ ထိုင္လာတဲ့ေကာင္ေလးက လည္ပင္းေပၚမ်က္ႏွာေလးအပ္လို႔ ဖက္ထားျပန္ေသးတာ။
ရိေပၚရဲ႕အသက္႐ူသံ ခပ္ေႏြးေႏြးမွာ ျပန္လည္းမဖက္ဘဲ ေျပာင္းလဲလာတဲ့သူ႔စိတ္ေတြကို ေ႐ွာင္က်န္႔ထိန္းခ်ဴပ္ေနရတယ္ ။
" ေကာ "
" အင္း "
" ကြၽန္ေတာ္ အိပ္မက္မက္တယ္သိလား "
" .... "
" အိပ္မက္ထဲမွာ ေကာက ကြၽန္ေတာ့္ကိုထားခဲ့တာ ..အျပင္မွာေတာ့အဲလိုမလုပ္ဘူးမလား ဟင္ "
ဖက္ထားတဲ့ ရိေပၚလက္ႏွစ္ဖက္က ပိုတင္းၾကပ္လာသလို ခ်က္ခ်င္း႐ုန္းထြက္တဲ့ ေ႐ွာင္က်န္႔ကလည္း အသက္႐ူႏုွန္းေတြ ျမန္လာတဲ့အထိ ။
" ေကာ "
" အိပ္ယာေပၚမွာ နားေနလိုက္ပါ...ရိေပၚစားဖို႔တစ္ခုခုလုပ္လိုက္ဦးမယ္ "
ယိုင္တိယိုင္တိုင္ ေျခလွမ္းေတြနဲ႔ မီးဖိုေခ်ာင္ဘက္ထြက္သြားတဲ့ ေ႐ွာင္က်န္႔က တစ္ခုခုျဖစ္ေနမွန္းသိေပမယ့္ ေဝးရမယ့္အေၾကာင္းေတြဆို ရိေပၚကမေတြးခ်င္ဘူး။
ႏုံးခ်ိေနတဲ့ခနၶာကိုယ္ကို အားယူထရပ္ၿပီး ေ႐ွာင္က်န္႔ေနာက္ကို
တစ္ေရြ႔ေရြ႔နဲ႔ လိုက္တယ္။
ေဘစင္ေပၚလက္ေထာက္ၿပီး ေခါင္းငုံ့ထားတဲ့ ေ႐ွာင္က်န္႔က ခဏေလးဖက္တာေတာင္ အထိမခံႏိုင္ဘူးတဲ့လား။
အဲဒီလူမ်က္ႏွာကို တည့္တည့္စိုက္ၾကည့္ၿပီး အခုေနာက္ပိုင္းခါးခါးသီးသီးျဖစ္လာရတဲ့ အေၾကာင္းေတြကိုမနားတမ္း ေမးလိုက္ခ်င္တယ္။
ကိုင္႐ိုက္ထားသလို ျဖစ္ေနတဲ့ ေျခေတာက္ေတြက ေ႐ွာင္က်န္႔ဆီ သြားဖို႔လုံးဝ အဆင္မေျပ။
ထြက္သြားခ်င္ရင္လည္း ထြက္သြားပါေစ..ဂ႐ူမစိုက္ခ်င္ေတာ့ဘူး။
အခန္းတံခါးကို ခပ္ၾကမ္းၾကမ္းေဆာင့္ပိတ္ၿပီး တစ္ခုတည္းရိွတဲ့ျပတင္းေပါက္ေဘးနား ဒူးေထာက္ရင္းဝင္ထိုင္လိုက္တယ္။
တင္းခံထားတဲ့ စိတ္ေတြအကုန္လုံးက ေ႐ွာင္က်န္႔ေ႐ွ႕ေရာက္သြားရင္ အလိုလိုၿပိဳလဲပစ္မိတာမ်ိဴး သူသိပ္မုန္းတာပဲ။
မၾကာခင္ ဘာမွမသိတဲ့ပုံစံနဲ႔ အခန္းတံခါးေခါက္ၿပီး ဝင္လာမယ့္သူကိုမျမင္ခ်င္တာေၾကာင့္ မ်က္ဝန္းတစ္စုံကိုအတင္းမိွတ္ခ်လိုက္တယ္။
ေပ်ာက္ကြယ္သြားတဲ့ အေမွာင္ေတြထဲမွာ အဲဒီလူအေပၚထားတဲ့ သံေယာစဥ္ျကိဳးေတြ အကုန္လုံးပါသြားရင္ ေကာင္းမယ္။
.
.
.
ခြမ္းခနဲ ျမည္သံတစ္ခု...
ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိတဲ့ ေ႐ွာင္က်န္႔က ျပန္႔က်ဲေနတဲ့ ဆန္ျပဳတ္ပန္းကန္ကို အလ်င္အျမန္ ေကာက္သိမ္းေနတယ္။
" ေတာင္းပန္ပါတယ္.."
" ဒါေတြကို လက္ဗလာနဲ႔သိမ္းေနရေအာင္ ခင္ဗ်ား႐ူးေနလာ.."
"ရတယ္ ေကာလုပ္ႏိုင္...."
" မေကာက္နဲ႔လို႔ ေျပာေနတယ္မလား !!..ခင္ဗ်ားတစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ "
ဖန္ကဲြစေတြကို တက္နင္းခဲ့ၿပီး ေဒါသတႀကီးနဲ႔ ေ႐ွာင္က်န္႔ကို အခန္းျပင္ဆဲြထုတ္လာတဲ့ ရိေပၚက ကိုယ့္ကိုယ့္ကိုေတာ့ ဂ႐ူမစိုက္။
ဆိုဖာေပၚအတင္းအက်ပ္ ပစ္ခ်ခံရတဲ့ေ႐ွာင္က်န္႔ကလည္း ရိေပၚရဲ႕ေျခေတာက္ ဒဏ္ရာကိုပဲ ငူငူႀကီး စိုက္ၾကည့္ေနတယ္။
" ေ႐ွာင္က်န္႔..ကြၽန္ေတာ့ကိုၾကည့္ "
" ေသြးေတြ..ရိေပၚ့မွာ ေသြးေတြ..."
" မၾကည့္နဲ႔...ဒါေတြကိုေၾကာက္လဲမေၾကာက္နဲ႔ ကြၽန္ေတာ့္ကိုပဲ ဖက္ထား "
ဖက္ထားလို႔ေျပာေပမဲ့ တကယ္တမ္း ျပန္ဖက္လိုက္ရတာက ရိေပၚကိုယ္တိုင္ပဲ။
သူေအာ္လိုက္လို႔ ေ႐ွာင္က်န္႔က လန္႔သြားတယ္ထင္တယ္။
အတင္းျဖည့္ညစ္ၿပီး အၾကည့္လဲႊေပးထားတာေတာင္ သူ႔ေျခေတာက္က ဒဏ္ရာကိုပဲ ခဏခဏလိုက္ၾကည့္ေနတယ္ ။
" ေကာကို လန္႔ေအာင္မလုပ္လိုက္သင့္ဘူး..ကြၽန္ေတာ္မွားတာပါ ...အခုေပ်ာက္သြားၿပီမို႔ စိတ္မပူပါနဲ႔ေတာ့ "
" ေကာေၾကာင့္...ေကာလုပ္လိုက္လို႔ ရိေပၚဒဏ္ရာရတာ "
" မဆိုင္လိုက္တာေကာရာ..ဘာေတြေလ်ွာက္ေျပာေနတာလဲ
ဒါမွမဟုတ္ ကြၽန္ေတာ္ထြက္သြားလိုက္ရမလား "
" မသြားနဲ႔..မင္းမွာေသြးေတြထြက္ေနတာ ဘယ္ကိုသြားမွာလဲ"
ေျပာေျပာဆိုဆိုနဲ႔ ထိုင္ရာကေန ထထြက္သြားတဲ့ေ႐ွာင္က်န္႔က တစ္ျခားေနရာကို ထြက္သြားဖို႔လုပ္ေနတာလို႔ ထင္လိုက္ေပမယ့္ ထင္မွတ္မထားတာက အခန္းတံခါးကိုေသခ်ာပိတ္ၿပီး ေသာ့့ခတ္လိုက္မယ္ဆိုတာပဲ။
ထြက္သြားမယ္ေျပာတဲ့ သူ႔စကားကို ေ႐ွာင္က်န္႔က တကယ္ႀကီးအတည္မွတ္ယူလိုက္တာလား။
ဘယ္လိုေတာင္ ကေလးဆန္ရတာလဲ...
" ေကာ "
အခန္းထဲျပန္ေရာက္လာေတာ့လည္း သူ႔အနားမလာဘဲ တစ္စုံတစ္ခုကို အသည္းအသန္လိုက္႐ွာေနျပန္တယ္။
အိပ္ခန္းထဲဝင္ၿပီး ဘာေတြ႐ွာေနလဲေတာ့မသိ ၊ ျပန္ထြက္လာေတာ့ ေဆးေသတၱာတစ္လုံးနဲ႔။
" က်န္႔ေကာ "
" ဒဏ္ရာကိုသန္႔ေပးဖို႔ ေရစိုအဝတ္သြားယူရဦးမယ္ "
ေပ်ာက္လုနီးနီးျဖစ္ေနတဲ့ ဒဏ္ရာက ႀကီးႀကီးမားမားျဖစ္တာလဲ မဟုတ္ဘူး။
ေျခဖဝါးကို လွန္ၾကည့္ေတာ့ ေသြးေတာင္ေျခာက္ေနၿပီ။
" အရမ္းနာေနလား "
" ဟင့္အင္း..မနာေတာ့ဘူး "
ဒဏ္ရာကို သန္႔႐ွင္းေပးၿပီးေတာ့ ဝါဂြမ္းစေလးထဲအရက္ျပန္တို႔ၿပီး ဖန္ကဲြစထိထားတဲ့ေဘးပတ္ပတ္လည္ကို ခပ္ဖြဖြေလး သန္႔ေပးျပန္တယ္။
မနာဘူးလို႔သည္းခံထားေပမယ့္ ဒဏ္ရာကနဲနဲ နက္ေတာ့ စပ္ကလဲ စပ္နဲ႔ မေတာ္တဆေအာ္မိသြားမွာကို ရိေပၚက သတိထားေနရတယ္။
ပတ္တီးတစ္လိပ္နဲ႔ အလုပ္႐ူပ္ေနတဲ့ေ႐ွာင္က်န္႔ပုံစံက တကယ္ကိုမွ ႏူႏူးညံညံေလး။
သူနဲ႔ေ႐ွာင္က်န္႔ ျပန္အဆင္ေျပသြားတဲ့အခ်ိန္ေတြအားလုံးက ဒဏ္ရာေတံသာ အေကာင္းဆုံးအေၾကာင္းျပခ်က္မွန္း ရိေပၚသိတာေပါ့။
" ၿပီးသြားၿပီ...ရိေပၚတစ္ခုခုလိုတာရိွရင္ေျပာလိုက္ပါ ေကာအျပင္မွာေစာင့္ေနမယ္ "
" ကြၽန္ေတာ့္နား လာထိုင္"
ထြက္သြားဖို႔ ေျခလွမ္းေတြျပင္ၿပီးမွ အနားမွာခပ္က်ဴံက်ဴံဝင္ထိုင္လာတဲ့ ေ႐ွာင္က်န္႔က လက္ေတြကိုလည္း မသိမသာဆုပ္ထားလိုက္ေသး။
" ေကာေၾကာင့္နဲ႔ ရိေပၚပင္ပန္းေနၿပီမလား..ဟုတ္တယ္မလား "
" အင္း..ခင္ဗ်ားမရိွရင္ဒီထက္ပိုၿပီး ပင္ပန္းတယ္.. ဒါေၾကာင့္မို႔ ကြၽန္ေတာ့္အနားမွာ အျမဲတမ္းရိွေနေပး "
အရည္ၾကည္တစ္ခ်ိဴ႕ ရစ္သိုင္းလာတဲ့ မ်က္ဝန္းတစ္စုံကိုလက္လ်ဴ႐ူရင္း ေအးစက္ေနတဲ့လက္ႏွစ္ဖက္ကို သူ႔လက္ေတြထဲ ေႏြးေထြးေစတယ္။
လန္႔သြားပုံရတဲ့ ကိုယ္လုံးေလးကိုလည္း ရိေပၚကျမတ္ႏိုးရပါတယ္၊၊
" ခင္ဗ်ားရိွေနေပးမယ္လို႔ ကြၽန္ေတာ္ယုံတယ္ "
ျပန္လည္ေျဖၾကားျခင္းမရိွတဲ့ စကားလုံးေတြကိုအၾကာႀကီးေစာင့္ဆိုင္းေနရလည္း ရိေပၚကတစ္သက္လုံးေစာင့္ႏိုင္တယ္။
အေၾကာင္းက သူ႔ေဘးနားမွာ ခ်စ္ရတဲ့လူသားေလးရိွေနၿပီမို႔။
အတန္ၾကာေတာ့ ေလလူိုင္းထဲကတစ္ဆင့္ ျပန္လြင့္လာတဲ့ စကားေလး တစ္ခြန္းက 'ေကာလည္း ႀကိဳးစားၾကည့္မယ္'တဲ့။
.
.
.
.
ညေနေစာင္းအခ်ိန္ ျပန္ေရာက္လာတဲ့ဒီတစ္ေန႔က သိပ္ကိုတိုေတာင္းလြန္းတယ္။
အထူးသျဖင့္ အိမ္ျပန္ဖို႔ခဲြခြာရမယ့္အခ်ိန္ေတြဆို ရိေပၚက သိပ္မုန္းပါတယ္။
ေျခေတာက္နာေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရိေပၚတစ္ေယာက္ အခုအိပ္ယာေပၚမွာ လွဲေနရတယ္။
ေရာက္လာတာ၂၄နာရီမျပည့္ေသးဘူး ျပန္ဖို႔ပဲေတြးေနတဲ့တစ္ေယာက္ကေရာ ဘာထူးလဲ။
ခုနကပဲ သူ႔ေဘးနားမွာေနေပးမယ္ဆိုၿပီး ကတိေပးထားတာမလား။
" ေကာ မသြာလို႔မရဘူးလား "
" အလုပ္ေတြက ပစ္ထားလို႔မရဘူးေလ ရိေပၚ႐ဲ႕"
" ဘာလဲအခုကြၽန္ေတာ့္ကိုက် ပစ္ထားလို႔ရတယ္ဆိုတဲ့သေဘာလား "
" မဟုတ္ပါဘူး တကယ္ေတာ့..ေကာက..."
" ခင္ဗ်ားသြားခ်င္တဲ့ေနရာသြားေတာ့...ရတယ္ပစ္ထားလိုက္ တစ္ေယာက္တည္းလဲ အဆင္ေျပတယ္ "
ေကာက္ျပန္ၿပီ...ကေလးလဲမဟုတ္ဘဲ ႏွာကစ္ေနတဲ့ဒီပုံစံက ေစာနက လူႀကီးေလးလိုစကားတတ္လြန္းတဲ့ ပုံစံနဲ႔နည္းနည္းေလးမွ မတူပါဘူး။
ေျပာပါတယ္..ဒီေကာင္ေလးကပုံစံအမ်ိဴးမ်ိဴးေျပာင္းလဲႏိုင္တယ္ဆိုတာေလ ။
" ရိေပၚ "
" ..... "
"တကယ္ေတာ့ ..ေန႔လည္ကအန္တီလင္း ဖုန္းဆက္လာတယ္ အဖြားေနမေကာင္းျဖစ္ေနတယ္တဲ့ အဲဒါ ေကာ ..ခ်ဴံခ်င္ကိုခဏသြားမွ ရမယ္ "
အဲဒီေတာ့မွ ေစာင္ပုံထဲကေန တစ္ေရြ႔ေရြ႔နဲ႔ေခါင္းေထာင္လာတဲ့ေကာင္ေလး။
ဖြာက်ဲလန္ဆံပင္ေတြနဲ႔ ျဖဴျဖဴလုံးလုံးေကာင္ေလးက တစ္ေန႔သူလုပ္ခဲ့တဲ့ အျပစ္ေတြကိုသိသြားရင္ တစ္ျခားတစ္ေယာက္ပုံစံလို ေျပာင္းလဲသြားမွာလား။
ႀကိဳးစားၾကည့္ပါမယ္ဆိုတဲ့ စကားေနာက္မွာဘယ္လိုေျပာင္းလဲျခင္းေတြပါလာမလဲ ေ႐ွာင္က်န္႔မခန္႔မွန္းႏိုင္ဘူး။
အရိွကိုအရိွတိုင္း ေတြးၿပီးလြမ္းခဲ့ရတဲ့ ဒီအခ်ိန္ေလးကိုပဲအေကာင္းဆုံးတန္ဖိုးထားၾကည့္ေတာ့မယ္။
" ေကာ "
"အင္း "
" ကြၽန္ေတာ္လဲ လိုက္မယ္ "
" ဒါေပမဲ့ အလုပ္ေတြကရိွေသး...."
" ခင္ဗ်ားျငင္းရဲျငင္းၾကည့္လိုက္...ကြၽန္ေတာ္ကေတာ့ မရ ရတဲ့နည္းနဲ႔ လိုက္မွာပဲ "
ေျပာရင္ ေျပာတဲ့အတိုင္း ရိေပၚက တဇြတ္ထိုးလုပ္တတ္တယ္။
ဒါေပမဲ့...ဒီခရီးကိုရိေပၚလိုက္လာခဲ့ရင္ အဆင္ေျပေတာ့ပါမလား။
'stress ေတြမ်ားလာရင္ ခရီးတစ္ခုခု ဒါမွမဟုတ္ ေ႐ွာင္းအတြက္ေအးခ်မ္းတဲ့ေန႐ာေတြလိုမ်ိဴးမွာ ရက္ပိုင္းေလာက္ထိ သြားေနဖို႔ အၾကံေပးခ်င္တယ္ '
ေနမေကာင္းတာထက္ သူ႔ကိုအျမဲတမ္းသတိရေနတာ ၊ လြမ္းေနတာဆိုၿပီဴ တစ္ဖြဖြေျပာတတ္တဲ့ အဖြားက တမင္တကာေခၚခိုင္းမွန္း ေ႐ွာင္က်န္႔သိတယ္။
မေရာက္တာၾကာတဲ့ ေမြးရပ္ေျမကို ခဏေလာက္အလည္သြားခ်င္တဲ့အေၾကာင္းအရင္းက ဂြၽန္ရဲ႕အၾကံေပးစကားအတိုင္း လုပ္ခ်င္ခဲ့တာမို႔။
အခုေတာ့ ဒီခရီးမွာ မျဖစ္မေနေခၚသြားရမယ့္ ေကာင္ေလးတစ္ေယာက္ပါ ပါလာေတာ့မယ္။
" အင္း..ဒီတစ္ခါေတာ့ခြင့္ျပဳေပးလိုက္မယ္...ဒါေပမဲ့ ဟိုေရာက္ရင္ေတာ့ၿငိမ္ၿငိမ္ေလးေနေပး "
........
A/N ဒီficက finalထိ ေရးၿပီးသြားပါၿပီေနာ္
.............
Unicode
" ခံစားချက်တစ်ခုတည်းမှာပဲ ပိတ်မိနေမယ်..အဲဒီိကနေမလွတ်မြောက်နိုင်တော့ဘူးဆိုရင်ထပ်တူအကြောင်းအရာတစ်ခုကို ဖန်တီးပြီး အသစ်ဖြစ်လာတဲ့ခံစားချက်ထဲ ရူပ်ထွေးနေတဲ့စိတ်အစုံကို လွတ်လပ်ခွင့်ပေးကြည့်လိုက်ပါ "
မွန်းကြပ်လွန်းတဲ့ အခန်းတစ်ခုတည်းမဟုတ်ဘဲ ဒီတစ်ခါတွေ့ဆုံမှူက သူအမြဲလာနေကျကော်ဖီဆိုင်လေးမှာ ဖြစ်တယ်။
အထူးသဖြင့်ရိပေါ်နဲ့အဆင်မပြေတဲ့အချိန်မျိူးဆို ဒီဆိုင်လေးမှာကော်ဖီတစ်ခွက်နဲ့ အချိန်တော်တော်ကြာတဲ့အထိ သူ့စိတ်တွေကို လွတ်လပ်ခွင့်ပေးနေကျ။
ရှေ့၂ရက်က အကြောင်းဂျွန်ကိုပြောပြမိတော့ သူနားမလည်တဲ့စကားတစ်ချိူ့နဲ့ ဂျွန်က စကားစတယ်။
နားမလည်တာထက်ရိပေါ်နဲ့ပတ်သက်တဲ့ထပ်တူအကြောင်းအရာတစ်ခုကို မဖန်တီးချင်တာဆို ပိုမှန်လောက်မယ်။
သိစိတ်က အကြိမ်ကြိမ်ထွက်ပြေးနေပေမယ့်မသိစိတ်က ဒီဝဲဂယက်ထဲမှာပဲ လည်ပတ်ချင်နေတုန်း။
" တတ်နိုင်သမျှ ဝမ်ရိပေါ်နဲ့ မပတ်သက်မိအောင်နေပေးပါ မဟုတ်ရင်ရှောင်းကိုယ့်ကိုယ့်ကို မထိန်းချူပ်နိုင်မှာစိုးရတယ်။ဒီလိုအဖြစ်မျိူးနောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့ရင်ရှောင်းရဲ့ကျန်းမာရေးကိုပါ ထိခိုက်လိမ့်မယ်..ဒါမှမဟုတ်ရှောင်းမလုပ်ချင်တော့...."
" လုပ်နိုင်တယ်အဲနေ့က ..ပထမဆုံးအကြိမ်ရိပေါ်ဘက်က ဆက်သွယ်တာကို ငြင်းဆန်ခဲ့တာကြောင့်အဆင်မပြေဖြစ်သွားရုံပါ "
"မေ့လဲသွားတဲ့အဆင့်ထိတောင်လား..."
သူ မပြောပြလဲ ဂျွန်က ခန့်မှန်းမိတယ်ထင်တယ်။patientတစ်ယောက်အနေနဲ့ ဘယ်လိုဘယ်ပုံဖြစ်နေတယ်ဆိုတာ ဆရာဝန်ဖြစ်တဲ့ဂျွန်က သိနိုင်တာသိပ်တော့မထူးဆန်းပါဘူး။
" ထပ်လုပ်ကြည့်မလား အရင်တစ်ကြိမ်လိုမျိူးစိတ်ထဲမှာ ပြန်မြင်ယောင်ကြည့်ရင်းနဲ့ တစ်ခါလောက်ဖြစ်ဖြစ်ထိန်းချူပ်ထားနိုင်လာအောင်....."
တစ်ဝက်လောက်ထိရောက်နေတဲ့စကားကိုဂျွန်ကဆက်မပြောဘဲရှောင်ကျန့်အဖြေကိုစောင့်ကြည့်တယ်။
ခေါင်းငုံ့ကာ လက်ဖဝါးနှစ်ဖက်ကို အချက်းချင်းပွတ်တ်ိုက်နေတဲ့ရှောင်ကျန့်ကို ကြည့်လိုက်တာနဲ့ တစ်ခုခုကိုတွေဝေနေမှန်း သိသာတယ်။
"နောက်တကြိမ်မှ ထပ်လုပ်လို့ရမလား ဂျွန်..ကော ထိန်းထားနိုင်မယ်မထင်ဘူး "
အဆိုးဘက်ရောက်သွားမယ့်စိတ်တွေကို သူကြောက်တယ်။ဂျွန်ပြောသလိုနောက်တစ်ကြိမ်ထပ်ဖြစ်ရင်ရိပေါ်သာမက သူ့ကိုပါ ထိခိုက်လာလိမ့်မယ်။
ဖြည်းဖြည်းချင်းသာ သွားနေရင်ဒီtreatment က လိုတာထက်ပိုပြီး ကြာနေတော့မှာသေချာတယ်။
"ရှောင်း အဆင်မပြေရင်မလုပ်တာပဲကောင်းပါတယ်...ဒီtreatmenrရဲ့ ပထမအဆင့်အနေနဲ့ ဝမ်ရိပေါ်မဟတြ်တဲ့ တစ်ခြားအကြောင်းအရာပေါ်မှာ စိတ်နှစ်ပေးဖို့ လိုအပ်ပါတယ်ဥပမာအနေနဲ့နဲ့ လုပ်ငန်းတစ်ခုပေါ်မှာ အာရုံစိုက်ပေးတာမျိူးပါ ..ဒီနည်းလမ်းနဲ့ရှောင်းအဆင်မပြေသေးဘူးဆိုရင်တစ်ခြားတစ်ခုကို ကျွန်တော်ပြောင်းပေးလို့ရပါတယ်"
" ဒီလောက်တော့ကောလုပ်နိုင်မှာပါ "
ဒီတစ်ခေါက်မှာ ဘာစမ်းသပ်မှူမှ မရှိခဲ့ပေမယ့်အများဆုံးဆွေးနွေးခဲ့တဲ့ စကားလုံးတွေက ရိပေါ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတော်တော်များများကိုပဲ ။
အဆုံးသတ်မှာ ငယ်ငယ်ကဖြစ်ခဲ့တဲ့ ရယ်စရာဟာသလေးတွေပါ ထည့်ပြောတတ်တဲ့ ဂျွန်က သူ့ထက်တောင်ရင့်ကျက်နေသေးတယ်။
အပြင်မှာ ရယ်နေပေမယ့်စိတ်ထဲဝမ်းနည်းနေတာ သိတော့ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကိုရောက်တဲ့အခါ ဂျွန်ကဒီလိုလေး အားပေးစကားပြောလာတယ်။
"ရှောင်း ဘာလို့ဒီလိုတွေလုပ်နေလဲဆိုတာ ကျွန်တော်မသိဘူး..ဒါပေမဲ့ဝမ်ရိပေါ်ကရှောင်းအတွက်တော်တော်လေးအရေးကြီးတဲ့သူတစ်ယောက်ဆိုတာ ခံစားလို့ရတယ်"
".... "
"ရှောင်း အဆင်ပြေသွားတဲ့တစ်နေ့ကျရင်ရိပေါ်ကိုအရင်လိုပြန်ပြီး နားလည်ပေးလာနိုင်မယ်လို့မျှော်လင့်ပါတယ်"
ပခုံးပေါ်ရောက်လာတဲ့ လက်တစ်ဖက်ကိုကြည့်ရင်းအသက်မပါတဲ့ အပြုံးတစ်ခုနဲ့ရှောင်ကျန့်က ပြုံးတယ်။
ပိုပြီး ရင်းနှီးလာတဲ့ဆက်ဆံရေးမှာ ဂျွန်ကသူ့ရဲ့မိတ်ဆွေတစ်လိုပါပဲ။
" ဒါဆို ကျွန်တော်သွားတော့မယ်"
ဂျွန်ထွက်သွားတာနဲ့ လက်ထဲကဖိုင်တစ်ချိူ့ဆီ စိတ်ကပြန်ရောက်တယ်။ပြီးတေည့ဘောင်ကျိူးနေတဲ့ပန်းချီကားတစ်ချပ်ဆီကိုရော...
ဂျွန်နဲ့စကားပြောနေတဲ့ တစ်လျှောက်လုံး ရိပေါ်ပုံကိုသူ့မှာ အသေအလဲဖွက်ထားရတာအမော။
ဒီတစ်နေ့အတွက်ကုမ္ပဏီကိုရောက်လာခဲ့ရတာက ဘာအတွက်လဲ...၂ရက်လောက်မတွေ့ရတာနဲ့ဒီကောင်လေးကိုသတိရလာတဲ့စိတ်တွေကို သူမထိန်းချူပ်နိုင်ပါ။
သေတော့မှာပဲ..သူဘာတွေလျှောက်လုပ်နေမိတာလဲ?
အခုလေးတင်ရ်ိပေါ်နဲ့တတ်နိုင်သမျှဝေးဝေးမှာနေဖို့ ဂျွန်ကမှာထားခဲ့တာမလား ။
ကိုယ့်စိတ်ကိုတောင်မပိုင်တော့တဲ့သူ့အဖြစ်က သိပ်ပြီးလဲ ရယ်စရာကောင်းနေပါလား။
မတတ်နိုင်တော့ဘူး..ဒီတစ်နေ့တော့မပြောမဆိုနဲ့ပေကျင်းသွားခဲ့တဲ့ကောင်လေးကို တစ်နေကုန်ဆူပစ်ရဦးမယ်။
အင်း...ရိပေါ်ကိုယ်တ်ိုင်မကြားရဘူးဆိုပေမယ့်လည်းပေါ့။
.
.
.
.
" ဒီနေ့အတွက်လုပ်စရာတွေဘာကျန်သေးလဲ ဦးလေးကျိူး "
" ၁နာရီကျရင်တက်ရမဲ့ အစည်းအဝေးတစ်ခုကလွှဲရင်ကျန်တာမရှိတော့ဘူး အားကျန့်"
" အင်း..ဒါပြီးရင်ဦးလေးကျိူးလည်း နားတော့လေ "
တစ်နေ့တစ်နေ့ အစည်းအဝေးတက်လိုက်၊ရုံးထိုင်လိုက်နဲ့ ကိုယ်တ်ုင်ကျ နားဖို့မေ့နေတဲ့ အားကျန့်ကိုကြည့်ရင်း ဦးလေးကျိူးသက်ပြင်းသာ ချမိတော့တယ်။
အခုလဲကြည့်...အပြင်သွားဖို့လုပ်နေတဲ့အားကျန့်ကနေ့လည်စာ စားဖို့ကိုလည်း သတိရပုံမပေါ်ဘူး။
" အသစ်ထုတ်မဲ့ productအတွက်သူတို့ဘက်က ကျွန်တော်နဲ့ကိုယ်တိုင်ဆွေးနွေးချင်တယ်ပြောလို့ပါ "
" ..... "
"နေ့လည်စာကို ဆိုင်တစ်ဆိုင်မှာသေချာပေါက်ဝင်စားလိုက်ပါမယ်"
စိတ်ပူနေပုံရတဲ့ ဦးလေးကျိူးကိုရှောင်ကျန့်က ဒီလိုမျိူးအသေးစိတ်တင်ပြခဲ့ရသေးတယ်။
ထုတ်မပြောပေမယ့်အရိပ်တကြည့်ကြည့်လိုက်ကြည့်နေတဲ့ ဦးလေးကျိူးက သူ့ကိုဆို လိုတာထက်စိတ်ပူနေတတ်တယ်။
တစ်ဖက်က လူတွေနဲ့ချိန်းဆိုထားတဲ့ အချိန်နောက်ကျနေပြီအို့ ကားပါကင်ဆီ အမြန်နေမိတုန်း ..
"ရှောင်ကျန့်ကော "
ဟောက်ရွမ်း?
မန်နေဂျာဖြစ်တဲ့ဟောက်ရွမ်းက ရိပေါ်နဲ့ပတ်သက်တဲ့ကိစ္စမဟုတ်ရင်သူ့ဆီကိုရောက်လာတတ်တာမဟုတ်ဘူး။
ကားတံခါးက ဖွင့်ထားရက်အနေအထား..မဖြစ်မနေရှောင်ပြေးရမဲ့အခြေအနေဆို သူဝင်သွားလိုက်လို့ရတယ်။
ဒါပေမဲ့ ရိပေါ်က သူ့ကိုလိုအပ်နေတဲ့အခြေအနေမျိူးဆို ဘယ်လိုလုပ်မလဲ ၊ ဒါမှမဟုတ်သူ့ကြောင့်နဲ့ရိပေါ်တစ်ခုခုဖြစ်နေခဲ့ရင်ရော ထပ်ပြီးရှောင်ပြေးလိုက်ရမှာလား
"ရှောင်ကျန့်ကော "
" အင်း "
ထပ်ပြီးတော့..ဒီနေရာမှာ ပိတ်မိနေတုန်းပါပဲ။
"ပြောစရာ တစ်ခုခုရှိလို့လား "
" ဟုတ်..ရိပေါ်လေ အဲကောင်မနေ့ကတစ်နေ့လုံး ဘယ်တွေလျောက်သွားထားလဲမသိဘူး၊ ကျွန်တော်ပြန်ရောက်တော့ တစ်ကိုယ်လုံး ပူကျစ်ပြီးအဖျားတက်နေပြီ "
မျိူသိပ်ထားတဲ့ စိုးရိမ်စိတ်တွေက ဒိန်းခနဲတိုးဝင်လာတယ်...
ကိုယ်ဟန်ပျက်သွားပေမယ့်ထပ်ပြောလာမဲ့ဟောက်ရွမ်းစကားကိုပဲ
ဆက်ပြီးနားထောင်နေမိတယ်။
"ဆေးဝယ်ပေးထားတာလဲ မသောက်ဘူး..ဒါပေမဲ့ရှောင်ကျန့်ကောပြောရင်တော့သောက်မယ်ထင်တယ်အဲဒါ..တစ်ချက်လောက်ရိပေါ်ကိုသွားကြည့်ပေးလို့ရမလား "
ခေါင်းညိမ့်မိလား မသိလိုက်ပေမယ့်ပြောပြီးပြန်ထွက်သွားတဲ့ဟောက်ရွမ်းကတော့ သူ့ဆိမှာစိတ်ချလက်ချ အပ်သွားတဲ့ပုံ။
ကားထဲဝင်ပြီး drive seatမှာ အဆင်သင့်ဝင်ထိုင်လိုက်တယ်။
ဒီနေ့အတွက်ဦးတည်ရာကဘယ်ကိုရောက်သွားမလဲဆိုတာ သူကိုယ်တိုင်တောင်မသိနိုင်ဘူး။
.
.
.
တစ်နာရီလောက်မောင်းလာရတဲ့ဒီလမ်ကြားလေးက လူခြေတိတ်ပြီး ကွန်ဒိုတစ်ခုနဲ့တစ်ခုက လည်း အတော်အသင့်ကွာတယ်။
ဒီတစ်ကြိမ်နဲ့ဆို ဒီနေရာကိုရှောင်ကျန့်ရောက်လာတာ တတိယအကြိမ်မြောက်။
ဟောက်ရွမ်းရောက်လာတာ သိပ်မကြာသေးတော့ အရင်ချိန်တွေနေမကောင်းဖြစ်ရင်တစ်ယောက်တည်းပင်ပန်းနေမှာကိုတွေးမိပြီးရှောင်ကျန့်စိတ်ပူရသေးတယ်။
ထုံးစံအတိုင်းမေ့တတ်လွန်းတဲ့ကောင်လေးက passward မခံထားသလို တံခါးကိုလဲစေ့ရုံသာစေ့ထားတယ်။
အခန်းထဲရောက်တော့ ပုံမှန်ထက်အေးစိမ့်နေတဲ့ အခြေအနေက သူ့ကိုကြိုတယ်။
ထင်တဲ့အတိုင်း..အဲကွန်းဖွင့်ထားရက်နဲ့ ဆိုဖာပေါ်ကွေးကွေးလေးအိပ်ပျော်နေတဲ့ ရိပေါ်ပုံစံကရှောင်ကျန့်ကို ပြာပြာသလဲဖြစ်စေပြန်တယ်။
"ရိပေါ် "
ပခုံးနှစ်ဖက်ကို ခပ်ဖွဖွလေးကိုင်ပြီး လူပ်နိုးကြည့်တယ်။
မျက်နှာတစ်ခုလုံး ဖြူဖျော့ဖျော့ပုံစံနဲ့ ဆိုဖာပေါ်ဖိအိပ်ထားတဲ့ ပါးတစ်ဖက်ကလည်း ခပ်နွေးနွေးဖြစ်နေတုန်း။
" ရိပေါ် ထတော့..ဒီမှာအိပ်လို့မရဘူး "
" ကျန့်..ကော "
အအိပ်ဆတ်တဲ့ကောင်လေးကိုရှောင်ကျန့်သိပ်ကြာကြာမနိုးလိုက်ရဘူး။
သူ့ကိုမြင်တာနဲ့ ချက်ချင်းထ ထိုင်လာတဲ့ကောင်လေးက လည်ပင်းပေါ်မျက်နှာလေးအပ်လို့ ဖက်ထားပြန်သေးတာ။
ရိပေါ်ရဲ့အသက်ရူသံ ခပ်နွေးနွေးမှာ ပြန်လည်းမဖက်ဘဲပြောင်းလဲလာတဲ့သူ့စိတ်တွေကိုရှောင်ကျန့်ထိန်းချူပ်နေရတယ်။
"ကော "
" အင်း "
" ကျွန်တော်အိပ်မက်မက်တယ်သိလား "
" .... "
" အိပ်မက်ထဲမှာကောက ကျွန်တော့်ကိုထားခဲ့တာ ..အပြင်မှာတော့အဲလိုမလုပ်ဘူးမလား ဟင်"
ဖက်ထားတဲ့ ရိပေါ်လက်နှစ်ဖက်က ပိုတင်းကြပ်လာသလို ချက်ချင်းရုန်းထွက်တဲ့ရှောင်ကျန့်ကလည်း အသက်ရူနှုန်းတွေ မြန်လာတဲ့အထိ ။
"ကော "
" အိပ်ယာပေါ်မှာ နားနေလိုက်ပါ...ရိပေါ်စားဖို့တစ်ခုခုလုပ်လိုက်ဦးမယ်"
ယိုင်တိယိုင်တိုင်ခြေလှမ်းတွေနဲ့ မီးဖိုချောင်ဘက်ထွက်သွားတဲ့ရှောင်ကျန့်က တစ်ခုခုဖြစ်နေမှန်းသိပေမယ့်ဝေးရမယ့်အကြောင်းတွေဆို ရိပေါ်ကမတွေးချင်ဘူး။
နုံးချိနေတဲ့ခန္ဓာကိုယ်ကို အားယူထရပ်ပြီးရှောင်ကျန့်နောက်ကို
တစ်ရွေ့ရွေ့နဲ့ လိုက်တယ်။
ဘေစင်ပေါ်လက်ထောက်ပြီးခေါင်းငုံ့ထားတဲ့ရှောင်ကျန့်က ခဏလေးဖက်တာတောင်အထိမခံနိုင်ဘူးတဲ့လား။
အဲဒီလူမျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး အခုနောက်ပိုင်းခါးခါးသီးသီးဖြစ်လာရတဲ့ အကြောင်းတွေကိုမနားတမ်းမေးလိုက်ချင်တယ်။
ကိုင်ရိုက်ထားသလို ဖြစ်နေတဲ့ခြေတောက်တွေကရှောင်ကျန့်ဆီ သွားဖို့လုံးဝ အဆင်မပြေ။
ထွက်သွားချင်ရင်လည်း ထွက်သွားပါစေ..ဂရူမစိုက်ချင်တော့ဘူး။
အခန်းတံခါးကို ခပ်ကြမ်းကြမ်းဆောင့်ပိတ်ပြီး တစ်ခုတည်းရှိတဲ့ပြတင်းပေါက်ဘေးနား ဒူးထောက်ရင်းဝင်ထိုင်လိုက်တယ်။
တင်းခံထားတဲ့ စိတ်တွေအကုန်လုံးကရှောင်ကျန့်ရှေ့ရောက်သွားရင်အလိုလိုပြိုလဲပစ်မိတာမျိူး သူသိပ်မုန်းတာပဲ။
မကြာခင်ဘာမှမသိတဲ့ပုံစံနဲ့ အခန်းတံခါးခေါက်ပြီး ဝင်လာမယ့်သူကိုမမြင်ချင်တာကြောင့်မျက်ဝန်းတစ်စုံကိုအတင်းမှိတ်ချလိုက်တယ်။
ပျောက်ကွယ်သွားတဲ့ အမှောင်တွေထဲမှာ အဲဒီလူအပေါ်ထားတဲ့ သံယောစဉ်ကြိုးတွေ အကုန်လုံးပါသွားရင်ကောင်းမယ်။
.
.
.
ခွမ်းခနဲ မြည်သံတစ်ခု...
ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ရှောင်ကျန့်က ပြန့်ကျဲနေတဲ့ ဆန်ပြုတ်ပန်းကန်ကို အလျင်အမြန်ကောက်သိမ်းနေတယ်။
"တောင်းပန်ပါတယ်.."
" ဒါတွေကို လက်ဗလာနဲ့သိမ်းနေရအောင်ခင်ဗျားရူးနေလာ.."
"ရတယ်ကောလုပ်နိုင်...."
" မကောက်နဲ့လို့ပြောနေတယ်မလား !!..ခင်ဗျားတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ "
ဖန်ကွဲစတွေကို တက်နင်းခဲ့ပြီးဒေါသတကြီးနဲ့ရှောင်ကျန့်ကို အခန်းပြင်ဆွဲထုတ်လာတဲ့ ရိပေါ်က ကိုယ့်ကိုယ့်ကိုတော့ ဂရူမစိုက်။
ဆိုဖာပေါ်အတင်းအကျပ်ပစ်ချခံရတဲ့ရှောင်ကျန့်ကလည်း ရိပေါ်ရဲ့ခြေတောက်ဒဏ်ရာကိုပဲ ငူငူကြီး စိုက်ကြည့်နေတယ်။
"ရှောင်ကျန့်..ကျွန်တော့ကိုကြည့်"
"သွေးတွေ..ရိပေါ့်မှာသွေးတွေ..."
" မကြည့်နဲ့...ဒါတွေကိုကြောက်လဲမကြောက်နဲ့ ကျွန်တော့်ကိုပဲ ဖက်ထား "
ဖက်ထားလို့ပြောပေမဲ့ တကယ်တမ်း ပြန်ဖက်လိုက်ရတာက ရိပေါ်ကိုယ်တိုင်ပဲ။
သူအော်လိုက်လို့ရှောင်ကျန့်က လန့်သွားတယ်ထင်တယ်။
အတင်းဖြည့်ညစ်ပြီး အကြည့်လွှဲပေးထားတာတောင်သူ့ခြေတောက်က ဒဏ်ရာကိုပဲ ခဏခဏလိုက်ကြည့်နေတယ်။
"ကောကို လန့်အောင်မလုပ်လိုက်သင့်ဘူး..ကျွန်တော်မှားတာပါ ...အခုပျောက်သွားပြီမို့ စိတ်မပူပါနဲ့တော့ "
"ကောကြောင့်...ကောလုပ်လိုက်လို့ ရိပေါ်ဒဏ်ရာရတာ "
" မဆိုင်လိုက်တာကောရာ..ဘာတွေလျှောက်ပြောနေတာလဲ
ဒါမှမဟုတ်ကျွန်တော်ထွက်သွားလိုက်ရမလား "
" မသွားနဲ့..မင်းမှာသွေးတွေထွက်နေတာ ဘယ်ကိုသွားမှာလဲ"
ပြောပြောဆိုဆိုနဲ့ ထိုင်ရာကနေ ထထွက်သွားတဲ့ရှောင်ကျန့်က တစ်ခြားနေရာကို ထွက်သွားဖို့လုပ်နေတာလို့ ထင်လိုက်ပေမယ့်ထင်မှတ်မထားတာက အခန်းတံခါးကိုသေချာပိတ်ပြီးသော့ခတ်လိုက်မယ်ဆိုတာပဲ။
ထွက်သွားမယ်ပြောတဲ့ သူ့စကားကိုရှောင်ကျန့်က တကယ်ကြီးအတည်မှတ်ယူလိုက်တာလား။
ဘယ်လိုတောင်ကလေးဆန်ရတာလဲ...
"ကော "
အခန်းထဲပြန်ရောက်လာတော့လည်း သူ့အနားမလာဘဲ တစ်စုံတစ်ခုကို အသည်းအသန်လိုက်ရှာနေပြန်တယ်။
အိပ်ခန်းထဲဝင်ပြီး ဘာတွေရှာနေလဲတော့မသိ ၊ ပြန်ထွက်လာတော့ဆေးသေတ္တာတစ်လုံးနဲ့။
" ကျန့်ကော "
" ဒဏ်ရာကိုသန့်ပေးဖို့ရေစိုအဝတ်သွားယူရဦးမယ်"
ပျောက်လုနီးနီးဖြစ်နေတဲ့ ဒဏ်ရာက ကြီးကြီးမားမားဖြစ်တာလဲ မဟုတ်ဘူး။
ခြေဖဝါးကို လှန်ကြည့်တော့သွေးတောင်ခြောက်နေပြီ။
" အရမ်းနာနေလား "
" ဟင့်အင်း..မနာတော့ဘူး "
ဒဏ်ရာကို သန့်ရှင်းပေးပြီးတော့ ဝါဂွမ်းစလေးထဲအရက်ပြန်တို့ပြီး ဖန်ကွဲစထိထားတဲ့ဘေးပတ်ပတ်လည်ကို ခပ်ဖွဖွလေး သန့်ပေးပြန်တယ်။
မနာဘူးလို့သည်းခံထားပေမယ့်ဒဏ်ရာကနဲနဲ နက်တော့ စပ်ကလဲ စပ်နဲ့ မတော်တဆအော်မိသွားမှာကို ရိပေါ်က သတိထားေနရတယ်။
ပတ်တီးတစ်လိပ်နဲ့ အလုပ်ရူပ်နေတဲ့ရှောင်ကျန့်ပုံစံက တကယ်ကိုမှ နူနူးညံညံလေး။
သူနဲ့ရှောင်ကျန့်ပြန်အဆင်ပြေသွားတဲ့အချိန်တွေအားလုံးက ဒဏ်ရာတေံသာ အကောင်းဆုံးအကြောင်းပြချက်မှန်း ရိပေါ်သိတာပေါ့။
" ပြီးသွားပြီ...ရိပေါ်တစ်ခုခုလိုတာရှိရင်ပြောလိုက်ပါကောအပြင်မှာစောင့်နေမယ်"
" ကျွန်တော့်နား လာထိုင်"
ထွက်သွားဖို့ခြေလှမ်းတွေပြင်ပြီးမှ အနားမှာခပ်ကျူံကျူံဝင်ထိုင်လာတဲ့ရှောင်ကျန့်က လက်တွေကိုလည်း မသိမသာဆုပ်ထားလိုက်သေး။
"ကောကြောင့်နဲ့ ရိပေါ်ပင်ပန်းနေပြီမလား..ဟုတ်တယ်မလား "
" အင်း..ခင်ဗျားမရှိရင်ဒီထက်ပိုပြီး ပင်ပန်းတယ်.. ဒါကြောင့်မို့ ကျွန်တော့်အနားမှာ အမြဲတမ်းရှိနေပေး "
အရည်ကြည်တစ်ချိူ့ ရစ်သိုင်းလာတဲ့ မျက်ဝန်းတစ်စုံကိုလက်လျူရူရင်းအေးစက်နေတဲ့လက်နှစ်ဖက်ကို သူ့လက်တွေထဲနွေးထွေးစေတယ်။
လန့်သွားပုံရတဲ့ ကိုယ်လုံးလေးကိုလည်း ရိပေါ်ကမြတ်နိုးရပါတယ်၊၊
" ခင်ဗျားရှိနေပေးမယ်လို့ ကျွန်တော်ယုံတယ်"
ပြန်လည်ဖြေကြားခြင်းမရှိတဲ့ စကားလုံးတွေကိုအကြာကြီးစောင့်ဆိုင်းနေရလည်း ရိပေါ်ကတစ်သက်လုံးစောင့်နိုင်တယ်။
အကြောင်းက သူ့ဘေးနားမှာ ချစ်ရတဲ့လူသားလေးရှိနေပြီမို့။
အတန်ကြာတော့လေလိူုင်းထဲကတစ်ဆင့်ပြန်လွင့်လာတဲ့ စကားလေး တစ်ခွန်းက 'ကောလည်း ကြိုးစားကြည့်မယ်'တဲ့။
.
.
.
.
ညနေစောင်းအချိန်ပြန်ရောက်လာတဲ့ဒီတစ်နေ့က သိပ်ကိုတိုတောင်းလွန်းတယ်။
အထူးသဖြင့်အိမ်ပြန်ဖို့ခွဲခွာရမယ့်အချိန်တွေဆို ရိပေါ်က သိပ်မုန်းပါတယ်။
ခြေတောက်နာနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိပေါ်တစ်ယောက်အခုအိပ်ယာပေါ်မှာ လှဲနေရတယ်။
ရောက်လာတာ၂၄နာရီမပြည့်သေးဘူး ပြန်ဖို့ပဲတွေးနေတဲ့တစ်ယောက်ကရော ဘာထူးလဲ။
ခုနကပဲ သူ့ဘေးနားမှာနေပေးမယ်ဆိုပြီး ကတိပေးထားတာမလား။
"ကော မသွာလို့မရဘူးလား "
" အလုပ်တွေက ပစ်ထားလို့မရဘူးလေ ရိပေါ်ရဲ့"
" ဘာလဲအခုကျွန်တော့်ကိုကျ ပစ်ထားလို့ရတယ်ဆိုတဲ့သဘောလား "
" မဟုတ်ပါဘူး တကယ်တော့..ကောက..."
" ခင်ဗျားသွားချင်တဲ့နေရာသွားတော့...ရတယ်ပစ်ထားလိုက်တစ်ယောက်တည်းလဲ အဆင်ပြေတယ်"
ကောက်ပြန်ပြီ...ကလေးလဲမဟုတ်ဘဲ နှာကစ်နေတဲ့ဒီပုံစံကစောနကလူကြီးလေးလိုစကားတတ်လွန်းတဲ့ ပုံစံနဲ့နည်းနည်းလေးမှ မတူပါဘူး။
ပြောပါတယ်..ဒီကောင်လေးကပုံစံအမျိူးမျိူးပြောင်းလဲနိုင်တယ်ဆိုတာလေ ။
" ရိပေါ် "
" ..... "
"တကယ်တော့ ..နေ့လည်ကအန်တီလင်း ဖုန်းဆက်လာတယ်အဖွားနေမကောင်းဖြစ်နေတယ်တဲ့ အဲဒါကော ..ချူံချင်ကိုခဏသွားမှ ရမယ်"
အဲဒီတော့မှစောင်ပုံထဲကနေ တစ်ရွေ့ရွေ့နဲ့ခေါင်းထောင်လာတဲ့ကောင်လေး။
ဖွာကျဲလန်ဆံပင်တွေနဲ့ ဖြူဖြူလုံးလုံးကောင်လေးက တစ်နေ့သူလုပ်ခဲ့တဲ့ အပြစ်တွေကိုသိသွားရင်တစ်ခြားတစ်ယောက်ပုံစံလိုပြောင်းလဲသွားမှာလား။
ကြိုးစားကြည့်ပါမယ်ဆိုတဲ့ စကားနောက်မှာဘယ်လိုပြောင်းလဲခြင်းတွေပါလာမလဲရှောင်ကျန့်မခန့်မှန်းနိုင်ဘူး။
အရှိကိုအရှိတိုင်းတွေးပြီးလွမ်းခဲ့ရတဲ့ ဒီအချိန်လေးကိုပဲအကောင်းဆုံးတန်ဖိုးထားကြည့်တော့မယ်။
"ကော "
"အင်း "
" ကျွန်တော်လဲ လိုက်မယ်"
" ဒါပေမဲ့ အလုပ်တွေကရှိသေး...."
" ခင်ဗျားငြင်းရဲငြင်းကြည့်လိုက်...ကျွန်တော်ကတော့ မရ ရတဲ့နည်းနဲ့ လိုက်မှာပဲ "
ပြောရင်ပြောတဲ့အတိုင်း ရိပေါ်က တဇွတ်ထိုးလုပ်တတ်တယ်။
ဒါပေမဲ့...ဒီခရီးကိုရိပေါ်လိုက်လာခဲ့ရင်အဆင်ပြေတော့ပါမလား။
'stressတွေများလာရင်ခရီးတစ်ခုခု ဒါမှမဟုတ်ရှောင်းအတွက်အေးချမ်းတဲ့နေရာတွေလိုမျိူးမှာ ရက်ပိုင်းလောက်ထိ သွားနေဖို့ အကြံပေးချင်တယ်'
နေမကောင်းတာထက်သူ့ကိုအမြဲတမ်းသတိရနေတာ ၊ လွမ်းနေတာဆိုပြီူ တစ်ဖွဖွပြောတတ်တဲ့ အဖွားက တမင်တကာခေါ်ခိုင်းမှန်းရှောင်ကျန့်သိတယ်။
မရောက်တာကြာတဲ့မွေးရပ်မြေကို ခဏလောက်အလည်သွားချင်တဲ့အကြောင်းအရင်းက ဂျွန်ရဲ့အကြံပေးစကားအတိုင်း လုပ်ချင်ခဲ့တာမို့။
အခုတော့ ဒီခရီးမှာ မဖြစ်မနေခေါ်သွားရမယ့်ကောင်လေးတစ်ယောက်ပါ ပါလာတော့မယ်။
" အင်း..ဒီတစ်ခါတော့ခွင့်ပြုပေးလိုက်မယ်...ဒါပေမဲ့ ဟိုရောက်ရင်တော့ငြိမ်ငြိမ်လေးနေပေး "
........
A/N ဒီficက finalထိရေးပြီးသွားပါပြီနော်
.............