Part.24

527 37 4
                                    


Zawgyi

ဘယ်​ခရီးကိုပဲသွားသွား အသွားထက်​ အပြန်​ကပိုပြီးအ​ရောက်​မြန်​တတ်​တယ်​တဲ့ ။
တကယ်​လည်း သူတို့nanningကို ပြန်​​ရောက်​လာခဲ့တာ သတ်​မှတ်​ထားတဲ့ အချိန်​နဲ့ကွက်​တိ ​ရောက်​​လာခဲ့တယ်​။
ပထမတစ်​​ခေါက်​ကလို ည​နေ၃နာရီမှ ​ရောက်​ခဲ့ကြတာမဟုတ်​ဘူး။

အေးစက်​​နေတဲ့အ​ခြေအ​နေကို ​ကျော်​ပြီး ကားအပြင်​ဘက်​ကို ​ရှောင်​ကျန့်​ လှမ်းကြည့်​လိုက်​တယ်​။
ရိ​ပေါ်ကိုပဲ တစ်​ချိန်​လုံး ​ငေး​နေမိလို့ထင်​ပါတယ် အိမ်​​ရောက်​​ခါနီး​နေတာ​တောင်​ နည်းနည်း​လေးမှ ​ရှောင်​ကျန့်​သတိမထားမိ။

ကျွီ

ရုတ်​တရက်​ ကားကရပ်​သွားတယ်​...
ခပ်​ကြမ်းကြမ်း ဘရိတ်​အုတ်​လိုက်​တဲ့အသံမှာ ရိ​ပေါ်က တမင်​တကာရပ်​လိုက်​မှန်း သိသာတယ်​။

" ခင်​ဗျား ဒီက​နေ ဆင်းလို့ရတယ်​မလား "

" ရိ​ပေါ်ကိစ္စရှိရင်​ သွားလိုက်​ပါ..​ကောဒီမှာပဲဆင်းလိုက်​ပါမယ်​ "

အစကတည်းက ​ရှောင်​အိမ်​​တော်​က ကားကိုယူသွားခဲ့မယ်​ဆိုရင်​ ရိ​ပေါ်ကိုဒီထက်​ကြာကြာ​ငေးခွင့်​ရမယ်​ဆိုတာ ​ရှောင်​ကျန့်​သိခဲ့သင့်​တယ်​။
အခု​တော့ မိနစ်​၃၀​လောက်​ကြာတဲ့အထိ တစ်​​ယောက်​တည်း​ခြေလျင်​​လမ်း​လျှောက်​ရဦးမယ်​။

ကားတံခါးကို ဆွဲဖွင့်​ရင်း မျက်​​မှောင်​ကြုတ်​ပြီး ကြည့်​​နေတဲ့​ကောင်​​လေးကို မသိမသာခိုးကြည့်​မိတယ်​။
တားမယ်​လို့ ထင်​ထားခဲ့တာ သူထင်​သလိုမဟုတ်​ဘူးပဲ...

" အာ့.."

တစ်​​ယောက်​တည်း ​ရေရွတ်​ရင်း ​အောက်​ကိုပြန်​ငုံ့ကြည့်​လိုက်​တယ်​။
သေ​တော့မှာပဲ ..ဘွတ်​ဖိနပ်​မဟုတ်​ဘဲ အိမ်​စီးကွင်းထိုးဖိနပ်​ကိုမှ မှားစီးလာရတယ်​လို့။နေပူကျဲကျဲ ကတ္တရားလမ်း​မ​ပေါ်မှာ ​လျှောက်​ရမှာဆို​ပေမယ့်​ ပြတ်​သွားတဲ့ဖိနပ်​ကိုလည်း ပြန်​စီးလို့ရမှာမဟုတ်​​တော့။
ဖိနပ်​ကို လမ်း​ဘေးမှာချထားခဲ့ရင်း ၁၅မိနစ်​​လောက်​ကြာတဲ့အထိ ​လမ်း​လျှောက်​လာ​တော့ ​ခြေဖဝါးနှစ်​ဖက်​ကလည်း ​တော်​​တော်​​လေးကိုကျိန်းစပ်​​နေပြီ။

Creation With You(season 1)(Completed)Where stories live. Discover now